ကွဲလွဲမှုများ
Vol. 82 Ch. 1139
အဂ္ဂိရတ် တိုက်ပွဲ အတွင်း၌ ဝေ့ဝူယင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ချင်ကူးယဉ်ကို တစ်ချိန်လုံး ထောက်လှမ်းကာ သူမ၏ ခြေလှမ်းများ အတိုင်း အတိအကျ လိုက်လှမ်းခဲ့သည်။ ထိုနည်းဖြင့် သူက သရေရလဒ်ကို ထွက်ပေါ်စေခဲ့ကာ မရေမတွက်နိုင်သော လူများကို ဆွံ့အ စေခဲ့သည်။ တစ်ချိန်တည်း၌ ထိုရလဒ်မှာ စည်းလုံးမှုနှင့် ကံကြမ္မာတို့၏ လက္ခဏာ တစ်ရပ်လည်း ဖြစ်ခဲ့ပေသည်။
ထာဝရ မင်းသားလေးနှင့် ထာဝရ နတ်မိမယ်လေး ဆိုသည့် ဘွဲ့များက ပိုမို၍ ခိုင်မာ စည်ပင်လာကာ သန်းပေါင်း များစွာသော လူများမှာ သူတို့၏ ဖူးစာကို အမြင့်မားဆုံး ကောင်းကင်တိုင် ဟစ်ကြွေးခဲ့ကြသည်။
“ထာဝရရဲ့ နဂါးနဲ့ ဖီးနစ်...”
သူတို့က အော်ဟစ်ခဲ့ကြသည်။
“ဖူးစာဖက်တဲ့ နတ်စုံတွဲ...”
ထိုကဲ့သို့ ခေါ်ခဲ့ကြသည်။ သူတို့ နှစ်ယောက်စလုံး သမိုင်းတစ်ခေတ်ကို ပြဌာန်းမည့် ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ ဝေ့ဝူယင် ချင်ကူးယဉ်နှင့် စကားပြောခဲ့သည်။ သူ၏ စကားလုံးတိုင်းက မိန်းကလေး၏ အထင်ကြီးမှုကို ရယူ နိုင်ခဲ့သည်ချည်း ဖြစ်သည်။ ထို့နောက်တွင်တော့ ဝေ့ဝူယင်နှင့် ချင်ကူးယဉ်တို့ နှစ်ယောက် လျှို့ဝှက်စွာ စေ့စပ် ခဲ့ကြသည်။
ဒုတိယမြောက် အနေဖြင့် အနန္တ ဆန်းကြယ် မျှော်စင်နှင့် အာကာသ ဂိတ်တံခါး တည်ရှိမှု အကြောင်း သူ သိလာရသည်။ သို့သော်လည်း... ၎င်း၏ ရည်ရွယ်ချက်ကိုတော့ မသိခဲ့ရချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ ဖန်တီးကာ ချင်ကူးယဉ်၏ ပြဿနာကို ဖြေရှင်းပေးခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းကို တိုးတက် စေခဲ့သည်။
နောက်ပိုင်းတွင်တော့ ချင်ကူးယဉ် ပျောက်ကွယ်သွားခဲ့သည်။ အနန္တ ဆန်းကြယ် မျှော်စင် အတွင်းရှိ ဂိတ်တံခါးမှာ တစ်ကြိမ်တစ်ခါသာ အသုံးပြု နိုင်လေရာ အပြီး ပိတ်သိမ်း သွားခဲ့သည်။ ချင်ကူးယဉ် ပျောက်ကွယ်သွားပြီး နောက်မှ ချင်ကူးယွင်က ထိုဂိတ်တံခါး၏ အကြောင်း အပြည့်အစုံနှင့် ရည်ရွယ်ချက်တို့ကို ပြောပြခဲ့တော့သည်။ ဝေ့ဝူယင်မှာ ကိုယ်တိုင် မဝင်ခဲ့မိသည့် အတွက် နောင်တရနေမိတော့သည်။
အဂ္ဂိရတ် တိုက်ပွဲ အပြီးမှ စတင်၍ ဝေ့ဝူယင်မှာ သူ ခြားနားသည့် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေကြောင်း သတိထားမိလာခဲ့သည်။ ဥပမာအားဖြင့် သူ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးထဲကို မဝင်ရောက်ခဲ့ချေ။ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ လက်ရှိ ဘဝနှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း အခြေခံကို လျှင်မြန်စွာ တိုးတက်လာအောင် ကြိုးပမ်းခဲ့သည်။ သူက အခြေခံ အုတ်မြစ် တစ်ခုချင်းစီကို အကန့်အသတ်ထိ ရောက်အောင် ကျင့်ကြံခြင်း မပြု။ သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိရန်သာ လောနေခဲ့သည်။
မိစ္ဆာစစ်ပွဲ လောကနယ်မြေထံ ဦးတည်နေသည့် ဂိတ်တံခါးကိုတော့ သူက ကျူးဟိုင်နှင့် စုမေ့တို့ကိုသာ စေလွှတ်ခဲ့သည်။ သူကတော့ ပခုံးပေါ် လှိုင်းတံပိုးများလို ပိကျလာသည့် ဒုတိယမြောက် ကပ်ဘေးအား ရင်ဆိုင်ရန်သာ အာရုံစိုက် နေခဲ့သည်။ ၎င်းက သူ ကိုယ်တိုင် ပထမဆုံး အကြိမ် အဖြစ် ရင်ဆိုင်ရမည့် ကပ်ဘေး ဖြစ်ပေသည်။
ယုံကြည်ချက် တစ်ချို့ အားနည်းနေခဲ့သည့်တိုင် သူ့ကျင့်ကြံခြင်း နှလုံးသားကတော့ ကြောက်မက်ဖွယ် ကောင်းအောင် ခိုင်မာနေဆဲ၊ မျှော်လင့်ချက်များနှင့် ရှင်သန်နေဆဲ ဖြစ်သည်။
“ငါ ရွှယ်ရီဖေးနဲ့ ဘယ်တုန်းကမှ မဆုံခဲ့ဘူး...”
ဝေ့ဝူယင် နောက်ထပ် အပြောင်းအလဲ တစ်ခုကိုလည်း သတိထားမိလာခဲ့သည်။ သူ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးကို ဘယ်တုန်းကမှ မသွားခဲ့ချေ။ ထို့အစား အာဏာရှင် အဖွဲ့သားများကိုသာ စေလွှတ်ကာ ရင်းမြစ်များကို သိမ်းယူခဲ့သည်။ အင်ပါယာကို လက်အောက်ခံစေခဲ့သည်။
ဤဝေ့ဝူယင်မှာ ဘယ်တော့မှ ပြင်ပ အရေး ကိစ္စများကို ဂရုမစိုက်ခဲ့။ ငရဲ၏ ကပ်ဘေးများသာလျှင် သူ့အတွက် တစ်ခုတည်းသော ရင်ဆိုင်စရာလို သဘောထားကာ ပြုမူခဲ့သည်။ သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိရေးမှာ သူ၏ ရည်ရွယ်ချက် ဖြစ်သည်။ ကောင်းချီးခံများနှင့်လည်း သူ ဘယ်တုန်းကမှ ရင်ဆိုင်ခြင်း မပြုခဲ့ချေ။
သို့သော်လည်း... ယခုလက်ရှိ ဝေ့ဝူယင်ကတော့ ကျင့်ကြံခြင်း အဆင့် တစ်ခုချင်းစီကို ဖြည်းဖြည်းနှေးနှေးနှင့် အခြေခံ ခိုင်မာအောင် ကျင့်ကြံသည်။ ပြင်ပ အရေးကိစ္စများကို ကိုယ်တိုင် ဝင်ပါကာ သီအိုရီများကို အတည်ပြုခဲ့သည်။ ကောင်းချီးခံများကို ချေမှုန်းကာ ကမ္မတန်ဖိုးများကိုပင် စုဆောင်းခဲ့သေးသည်။
“ဒီဝေ့ဝူယင်က ဘယ်သူ့ကိုမှ မကြောက်ဘူး... အချိန်နဲ့ပဲ ပြိုင်နေတာ”
အလွန် ကြာမြင့်စွာ တိတ်ဆိတ်ပြီး နောက်တွင် ဘုရင်၏ အသံက ပထမဆုံး အကြိမ် အဖြစ် ထွက်ပေါ် လာခဲ့သည်။ အိုရီ၊ ဧဒင်နှင့် ခရာတိုတို့ကတော့ မကြာခဏ ဆိုသလို ထင်ရာစိုင်းသည့် မှတ်ချက်များကို ပြောဆို တတ်သည်။
အချိန်ကာလ ယန္တရား ဆက်လက် စီးဆင်းနေခြင်းနှင့် အတူ မိစ္ဆာ စစ်ပွဲ လောကနယ်မြေ၏ ပြိုင်ပွဲမှာလည်း အဆုံးသတ်သို့ ရောက်ခဲ့သည်။ လင်းမင်မှာ တစ်ဦးတည်းသော ဒြပ်စင် ရွေးချယ်ခံ ဖြစ်လာခဲ့သည်။ ဤစကြဝဠာရှိ ဝေ့ဝူယင်မှာ အလွန့်ကို အားနည်းပေသည်။ တူညီသည့် အသက်၊ တူညီသည့် ကျင့်ကြံခြင်း အခြေခံချင်း ယှဉ်ပြိုင်ရပါက ဝေ့ဝူယင် သူ့ကို လက်တစ်ချောင်းတည်းဖြင့်ပင် သတ်ပစ်နိုင်သည်။
“လုံချန် အသက်ရှင်နေတုန်းပဲ...”
အိုရီက သုန်မှုန်စွာဖြင့် ထောက်ပြ၏။ မိစ္ဆာစစ်ပွဲ လောကနယ်မြေမှ ထွက်ခွာလာပြီး နောက်တွင် လုံချန်မှာ ဝေ့ဝူယင် ဆက်လက် ထိပ်တိုက်တွေ့နေတုန်း ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ခွန်အားက များစွာ ကွာခြားခြင်း မရှိလှချေ။ ဤဝေ့ဝူယင်မှာ လုံချန်ကို အထူးတလှယ် ဂရုစိုက်ခြင်း မပြုသလို အနာဂတ်တွင် ခြိမ်းခြောက်လာနိုင်ကြောင်းလည်း ထည့်မတွက်ချေ။ သူက ထိုကောင်းချီးခံ၏ ဒရမ်မာ ဇာတ်လမ်းများ၊ မောင်းမဆောင်များနှင့် ကင်းကင်းနေသည်။ ဘယ်လို ကိစ္စတွေပဲ ဖြစ်ဖြစ် ကျင့်ကြံခြင်း တစ်ခုတည်းကို အာရုံစိုက်ကာ ငရဲ၏ ကပ်ဘေးများ အတွက် ပြင်ဆင်သည်။ သူ့အတွက် တစ်ခုတည်းသော ပန်းတိုင်က အသက်ရှင်သန် လွတ်မြောက်မှု ဖြစ်သည်။
ဒြပ်စင်ကောင်းကင် နန်းတော် အတွင်း အရှိန်အဟုန် ပြင်းစွာ မြင့်တက်လာခဲ့သည့် လင်းမင် ပင်လျှင် ဤဝေ့ဝူယင်၏ အာရုံကို မဖမ်းစားနိုင်ခဲ့ချေ။
ကျင့်ကြံမှု အပေါ် အာရုံစိုက်ရင်း ဝေ့ဝူယင် အသက် ငါးဆယ့်လေးနှစ် ပြည့်သွားခဲ့သည်။ ဒုတိယမြောက် ကပ်ဘေး မလာခင် သူ့ထံတွင် အချိန် နှစ်ဆယ့်ငါးနှစ် ကျန်ရှိနေဆဲ ဖြစ်သည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချမိသည်။ သူ အသက် ငါးဆယ့်လေးနှစ်တုန်းက ထာဝရ ကြယ်တာရာ နယ်မြေမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူနှင့် ပိုင်လင်တို့ နှစ်ယောက် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် စွန့်စားခန်းများ ဖွင့်နေကြပြီ ဖြစ်သည်။
သို့သော်လည်း... ဤဝေ့ဝူယင်ကတော့ ထာဝရ ကြယ်တာရာ နယ်မြေတွင်ပင် သောင်တင် နေခဲ့သည်။ လက်ရှိ အသက်သို့ အရောက်တွင်တော့ သူက ထာဝရ ကြယ်တာရာ နယ်မြေရှိ သက်ရှိ အားလုံးထက် သာလွန်ကာ လျှို့ဝှက် ဝိညာဉ် အဆင့်ကို တက်လှမ်းခဲ့သည်။
မတူခြားနားသည့် ဘဝ အတွေ့အကြုံတို့ကို ဖြတ်သန်းရင်း ဝေ့ဝူယင်မှာ အသစ်အသစ်သော အရာများကို သင်ယူနိုင်ခဲ့သည်။ ထိုဝေ့ဝူယင် အဖြစ် နေထိုင်ရင်း ကျင့်စဉ်၊ အစီအရင်၊ ဝင်္ကပါနှင့် ဖော်စပ်နည်း အသစ်များကိုပါ ကျွမ်းကျင်လာခဲ့သည်။ အကျိုးအမြတ်များမှာ မခန့်မှန်းနိုင်အောင် များပြားခဲ့ပေသည်။
ဝေ့ဝူယင် မကြာသေးခင်ကမှ အသက် ခြောက်ဆယ် ပြည့်ခဲ့သည်။ ပစ္စုပ္ပန် အချိန်သို့ ရောက်ရှိရန်ကလည်း ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း အိုရီနှင့် ခရာတိုတို့ထံမှ နာကျင် ငြီးတွားသံများကို သူ ကြားရသည်။ ဧဒင်နှင့် ဘုရင်တို့ကတော့ လုံးဝ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း... သူတို့ အလွန်တရာ တုန်လှုပ် နေကြကြောင်း ဝိညာဉ်မှ တစ်ဆင့် သူ ခံစားနိုင်ပေသည်။မည်သို့ပင် ဆိုစေကာမူ... ကြယ်တာရာ ဝိညာဉ် လေးခုလုံး သန်မာစွာနေထိုင်ဖို့သာ သူ မျှော်လင့်နိုင်ပေသည်။
ဤသို့ဖြင့် နာရီမှ မိနစ်၊ မိနစ်မှ စက္ကန့်... လျှင်မြန်စွာ ရွေ့လျားရင်း ပစ္စုပ္ပန် အချိန်သို့ ရောက်ရှိလာခဲ့တော့သည်။
ခရက်...
ထို့နောက်တွင်တော့ အချိန်မှာ အေးခဲ သွားခဲ့တော့၏။ လေထု၊ အလင်း၊ မြေဆွဲအား၊ မန်နာ အရာအားလုံး ရပ်တန့် သွားခဲ့သည်။
ငရဲမှ လွဲ၍ ဘာကိုမှ မကြောက်သည့် ခန္ဓာကိုယ်ထဲ၌ နေထိုင်ရင်း ဝေ့ဝူယင် အသက်ရှူ သွားသလို ခံစားလိုက်ရသည်။
“ဒါက အချိန်လား...”
ယခင်ကလည်း ကောင်းကင်တာအို၏ အချိန်အေးခဲမှုမျိုးကို သူ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ အချိန် လှည့်စားမှု သက်သက်သာ ဖြစ်ကြောင်း ဝေ့ဝူယင် အမြဲခံစားခဲ့ရသည်။ ယခုတစ်ကြိမ်ကတော့ လုံးဝ ခြားနားပေသည်။
အချိန်က နှေးသွားခြင်း မဟုတ်ချေ။ သင့်အနေဖြင့် ဂဏန်း သင်္ချာကို တစ်မှ အသင်္ချေအထိ ရေတွက်မည် ဆိုလျှင်ပင် အချိန်က မူလ အတိုင်း ရှိနေဆဲ ဖြစ်သည်။ စက္ကန့်မှာ စက္ကန့် ဖြစ်နေဆဲ ဖြစ်ကာ မိနစ်မှာလည်း မိနစ် ဖြစ်နေဆဲ ဖြစ်သည်။ ထို့အတူ ရာစုနှစ်များသည်လည်း ရာစုနှစ်များ အတိုင်း ရှည်ကြာနေဆဲပင်။
ဝေ့ဝူယင်မှာ ပစ္စုပ္ပန်ထီးထီး၌ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ အတိတ် မရှိ၊ အနာဂတ် မရှိ၊ နှေးကွေးခြင်း မရှိ။ လှည့်စားခြင်း မရှိ။ အကြွင်းမဲ့ တစ်ချိန်တည်းသော ပစ္စုပ္ပန်တွင်သာ သောင်တင် နေခဲ့ခြင်း ဖြစ်သည်။
“ဆိုတော့ ဒါက ပစ္စုပ္ပန် အချိန် စွမ်းအင်ပေါ့”
“ရား...”
ရုတ်တရက် ခရာတို၏ ဟိန်းသံက အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာကာ ကမ္ဘာလောက၏ အခြေခံ တစ်ခုလုံးကို တုန်ခါ သွားစေခဲ့၏။ ထိုဟိန်းဟောက်သံက အချိန် ဥပဒေသ မျိုးစေ့ကို တုန်ခါ သွားစေခဲ့ကာ စက္ကန့်နှင့် အမျှ ပိုမို၍ ကြီးထွားလာစေခဲ့သည်။ ၎င်းမှာ ပြုစုပျိုးထောင် ခံနေရခြင်းပင် ဖြစ်လေသည်။
ရုတ်တရက်... နေရာတိုင်း၌ တေက်လောင်နေသည့် မီးခိုးရောင် အလင်းတန်းများကို ဝေ့ဝူယင် တွေ့လိုက်ရသည်။ ၎င်းတို့က မျက်စိမြင်နိုင်သည့် တစ်ဆုံး ကျယ်ပြန့်လွန်းလှကာ ပင်လယ်ထဲမှ ရေသူမလေးများလို လှပစွာ ကခုန် နေကြသည်။ တစ်ချိန်တည်း၌ ထိုမြင်ကွင်းမှာ စကြဝဠာ အတွင်းမှ လျှို့ဝှက် ဆန်းကြယ်မှုများကို လှစ်ဟာ ပြသနေယောင် ထင်ရ၏။
ဝေ့ဝူယင် လက်ကို ဆန့်ထုတ် လိုက်မိသည်။ သူ၏ အသွေးအသားလက်က မူလ အရောင်အဆင်း ပျောက်ကွယ်ကာ စိမ်းပြာရောင်၊ မီးခိုးရောင်များဖြင့် စတင် တောက်ပလာသည်။
“ငါ့လက်က... မဟုတ်မှ လွဲရော ဒါက ငါ့ ဝိညာဉ်လား”
ဝေ့ဝူယင် တွေးလိုက်မိ၏။ မကြာခင်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ စိမ်းပြာရောင်၊ မီးခိုးရောင်များ ရောယှက်နေသည့် ရုပ်တု တစ်ခုလို ဖြစ်နေကြာင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ သူ့ထံတွင် မျက်နှာ မရှိချေ။ တည်ရှိမှု မှန်သမျှက ဝေဝါးကာ မထင်မရှား ဖြစ်နေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ... ကောင်လေးတွေ... ငါ့ကို ပြောကြပါဦးဟ”
ဝေ့ဝူယင် ဆက်သွယ်ဖို့ ကြိုးစားလိုက်သည့်တိုင် ကြယ်တာရာ ဝိညာဉ်များကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူ မီးခိုးရောင် အလင်းတန်းများ အကြားတွင်ပင် ဦးတည်ရာမဲ့ ရွေ့လျား နေခဲ့၏။ ထိုထူးဆန်းသော တည်ရှိမှုတို့က သူ့ကို ငြင်းဆန်ခြင်း မပြုသလို တိုက်ခိုက်ခြင်းလည်း မပြုချေ။ ကခုန်ပြီးရင်းသာ ကခုန် နေခဲ့သည်။
စောင့်ဆိုင်းနေသည့် တစ်ချိန်တည်းတွင်ပင် အချိန် ဥပဒေသ မျိုးစေ့က ဖြည်းညင်းစွာ ကြီးထွား လာနေကြောင်း ဝေ့ဝူယင် သတိထားမိနေခဲ့၏။ စစ်မြေပြင်မှ ရရှိခဲ့သည့် ကျင့်ကြံခြင်း အချက်အလက်များ အရ ဆိုလျှင် ဖန်တီးထားသည့် စစ်မျိုးစေ့များကို ဥပဒေသများ ဖြစ်လာအောင် ပြုစုပျိုးထောင်၍ မရဟု ဆိုသည်။ သို့သော်လည်း... သူ့ ဥပဒေသ မျိုးစေ့ အားလုံးမှာ သဘာဝ အတိုင်း ဖြစ်ပေသည်။ အချိန် ဥပဒေသ မျိုးစေ့သာ အပြည့်အဝ ရင့်မှည့်သွားပါက မည်ကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်လာမည်ကို သူ တွေးလိုက်မိ၏။
“မလုပ်နဲ့...”
ရုတ်တရက် အိုရီ၊ ဧဒင်၊ ဘုရင်နှင့် ခရာတိုတို့ထံမှ အသံတစ်ခု ပြိုင်တူ ထွက်ပေါ်လာ၏။ သူတို့က သူ့ကို စကားပြောနေခြင်း မဟုတ်သော်လည်း နက်ရှိုင်းသည့် စွမ်းအား တစ်ခုက သူ့ကို ဝိညာဉ် အထိ တုန်ခါ သွားစေခဲ့သည်။
ဝေ့ဝူယင် နောက်ကို ပြန်ကြည့်လိုက်ရာ အေးခဲ နေသည့် ဝေ့ဝူယင် တစ်ယောက်ကို တွေ့လိုက်ရ၏။ မျက်မှောင်ကြုတ် လိုက်ရင်း သူ့ မျက်လုံးများထဲ၌ မသေချာ မရေရာသည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။
ဝေ့ဝူယင် နောက်ထပ် စစ်ဆေးရန် ဟန်ပြင်လိုက်စဉ်မှာပင် အေးခဲနေသည့် ဝေ့ဝူယင်၏ မျက်လုံးများမှာ အတိတ် ပါဝင်နေသည့် အချိန် စွမ်းအင်များနှင့် တောက်လောင် လာခဲ့တော့သည်။ ထို့နောက်တွင်တော့ ကမ္ဘာလောကကြီး တစ်ခုလုံး ပြိုကျ သွားခဲ့တော့၏။
***