← Chapters

ဝေ့ဝူယင်များ

Vol. 82 Ch. 1142

ဝေ့ဝူယင်များ

Vol. 82 Ch. 1142

ဝတ်စုံဝတ်နှင့် ကိုယ်လုံးထီး ဝေ့ဝူယင်တို့ နှစ်ယောက် အံ့အားသင့် သွားကြကာ အရှေ့တောင်ဘက်ကို လှမ်းကာ ကြည့်လိုက်လေသည်။ သူတို့ နှစ်ယောက်စလုံး၏ ငွေရောင် မျက်လုံးများက သက်ဆိုင်ရာ ကောင်းကင်ဘုံ နတ်မျက်လုံး၏ အငွေ့အသက်များနှင့် တဖျပ်ဖျပ် တောက်ပ နေခဲ့သည်။ တတိယမြောက် အသံမှာ ဝေ့ဝူယင်တို့ နှစ်ယောက်နှင့် ဆင်တူပေသည်။ သို့သော်လည်း... သဘာဝ မကျစွာပင် ရိုင်းစိုင်း ကြမ်းတမ်းမှု၊ ရန်လိုမှုများနှင့် ပြည့်နှက် နေသည်။

တတိယမြောက် ဝေ့ဝူယင်မှာလည်း ဒုတိယမြောက် တစ်ယောက်လိုပင် မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ်တုံးလုံး ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်က သူ့ တစ်ကိုယ်လုံး အမာရွတ်များနှင့် ပြည့်နှက် နေခြင်း ဖြစ်သည်။ သူ့မျက်နှာထက်တွင်ပင် အမာရွတ် အရှည်ကြီး တစ်ခု ရှိနေခဲ့ကာ ညာဘက် နဖူးမှ နေ၍ နှုတ်ခမ်းကို ဖြတ်သန်းကာ ဘယ်ဘက် မေးစေ့အထိ ရောက်‌အောင် ကန့်လန့် ဖြတ်ပိုင်းထားသည်။

ဝေ့ဝူယင်က ရှိနှင့်ပြီးသား ဖြစ်သည့် ဝေ့ဝူယင် နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့ ငွေရောင် မျက်လုံးများက ကြယ်များ ကဲ့သို့ တဖိတ်ဖိတ် တောက်ပနေသည်။ သို့သော်လည်း သူ၏ အမူအရာကတော့ ပင်ပန်း နွမ်းနယ်မှု၊ အားနည်းမှုတို့နှင့် အတူ အနည်းငယ် ညိုးလျော်နေ၏။ မည်သို့ပင် ဆိုစေကာမူ သူ၏ ရိုင်းစိုင်း ခက်ထန်သည့် စိတ်နေစိတ်ထားနှင့် ကြမ်းတမ်းသည့် သဘာဝတို့ကတော့ ထင်ရှားစွာ ပေါ်လွင် နေပေသည်။

ဝတ်စုံဝတ် ဝေ့ဝူယင်က ဖြည်းညင်းစွာ မတ်တပ်ရပ် လိုက်၏။ ယဉ်ကျေး သိမ်မွေ့ကာ ဂုဏ်သိက္ခာ ရှိသည့် သူ၏ လှုပ်ရှားမှုများက အသစ် ရောက်ရှိလာသည့် ဝေ့ဝူယင်နှင့် သိသိသာသာပင် ခြားနားလှသည်။ ဒုတိယမြောက် ကိုယ်လုံးထီး ဝေ့ဝူယင်၏ အော်ရာကတော့ လတ်ဆတ်ကာ ငယ်ရွယ်နုပျိုမှုများနှင့် ပြည့်နှက် နေသည်။ ထိုအချက်က သူတို့ကြားတွင် အသက် ကွာြခားမှုများ ရှိကြောင်း ဖော်ပြနေသည်။

ဝေ့ဝူယင်တို့ နှစ်ယောက် ဘေးချင်းယှဉ်ရပ်ရင်း အမာရွတ် ဝေ့ဝူယင်ကို စိတ်ဝင်တစား လှမ်းကြည့် နေကြသည်။ သူတို့ နှစ်ယောက်စလုံး ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ ပြန်လည် ရရှိကြပြီး ဖြစ်လေရာ ယုံကြည်မှုက အမြင့်မားဆုံး ဒီဂရီကို ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် နည်းနည်းလေးမျှ မကြောက်ကြချေ။ သို့သော်လည်း ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်နှာထက်တွင်တော့ မျက်မှောင် တစ်ခုက မသိမသာ ဖြစ်ပေါ်နေ၏။

“နောက်ထပ် လောကီတစ္ဆေ တစ်ယောက်လား...”

သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ကိုယ်လုံးထီး ဝေ့ဝူယင်က ဝတ်စုံဝတ် ဝေ့ဝူယင်ကို တစ်ချက် စောင်းကြည့် လိုက်သည်။ ထို့နောက် အမာရွတ် ဝေ့ဝူယင်ထံကို ပြန်လည် အကြည့် ပို့လွှတ်လိုက်၏။ သူ့ နှလုံးသားကတော့ မသိမသာပင် တုန်ရီနေသည်။ ထိုအရာက မည်ကဲ့သို့ ကပ်ဘေးမျိုးနည်း။ ထိုဝေ့ဝူယင်မှာ သူ့ထက် ပိုကြီးပုံ ရသည်။ မည်သည့် အသက်တွင် ထိုဒဏ်ရာများကို ရခဲ့သနည်း။ သူက ဘာတွေ ရင်ဆိုင်ခဲ့ရသနည်း။ သူ ကိုယ်တိုင်ရော ထိုကဲ့သို့ ကြုံတွေ့ရမည်လော။

"ဘယ်လို သောက်နေရာကို ငါ ရောက်လာတာလဲ...”

အမာရွတ် ဝေ့ဝူယင်က မေးလိုက်၏။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများက ဟိုဟိုသည်သည် ရွေ့လျား သွားသည်။ ခရမ်းရောင် နှင်းဆီပင်များကို တွေ့လိုက်ရသော အခိုက်တွင်တော့ သူ့ မျက်နှာက သိမ်မွေ့မှု၊ တမ်းတမှုများနှင့် ပြည့်နှက် သွား၏။

“နတ်ဆိုးတောင်တန်း...”

နောက်ဆုံးတွင်မှ သူက ဝေ့ဝူယင်တို့ နှစ်ယောက်ကို ကြည့်လိုက်သည်။ အံ့အားသင့်သည့် အငွေ့အသက် တစ်ချို့ သူ့ မျက်ဝန်းများထဲတွင် ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။ သူက နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိပဲ ဝေ့ဝူယင်တို့ နှစ်ယောက်ဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။

သူ၏ ကျင့်ကြံခြင်း အခြေခံက လျှင်မြန်စွာပင် ပြန်လည် မြင့်တက် လာနေခဲ့၏။

“ဆိုတော့ မင်းတို့ နှစ်ယောက်က မတူညီတဲ့ လောကက ငါ့ရဲ့ လောကီတစ္ဆေတွေ‌ပေါ့လေ... နှစ်ယောက်တောင် တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဝိရောဓိ စွမ်းအင်က တစ်ခုခုတော့ တစ်ခုခုပဲ”

“...”

“ဘာပဲ ဖြစ်ဖြစ်လေ...”

အမာရွတ် ဝေ့ဝူယင်က ဒူးထောက်ချလိုက်သည်။ ထို့နောက် လခရမ်း နှင်းဆီပွင့်ကလေးများကို မြတ်နိုးစွာ ကိုင်တွယ် လိုက်၏။

“မင်းတို့ထဲက ဘယ်သူပဲ ဖြစ်ဖြစ် စချင်တဲ့ အချိန်ကျရင်ပြော”

ထိုအခိုက်၌ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ သေမျိုး အကန့်အသတ်ကို ကျော်ဖြတ်ကာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။

“...”

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာကာ ရေပြင်ညီမျဉ်း တစ်ခုနီးပါး အထိ ဖြစ်လာခဲ့သည်။

“မင်း အသက် ဘယ်နှစ်နှစ်လဲ...”

သူက မေးလိုက်၏။

“ဟမ်...”

အမာရွတ် ဝေ့ဝူယင်၏ ဘယ်ဘက် မျက်ခုံးက အပေါ်သို့ အနည်းငယ် မြင့်တက်သွားကာ ဝတ်စုံဝတ် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူက အဖြေပေးလိုက်၏။

“ဒီနှစ်ဆိုရင် တစ်ရာ နှစ်ဆယ့် ရှစ်နှစ်...”

“...”

ဝတ်စုံဝတ် ဝေ့ဝူယင်က ကိုယ်လုံးထီး ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်သည်။ မဟုတ်သေး... ကိုယ်လုံးထီး ဝေ့ဝူယင်က နှစ်ယောက် ဖြစ်နေသည်။ ငယ်ရွယ်သည့် ဝေ့ဝူယင်ဟု သုံးလျှင် ပိုမှန် ပေလိမ့်မည်။ တဖြည်းဖြည်းနှင့် သူ့ မျက်ဝန်းများထဲတွင် မသေချာ၊ မရေရာသည့် အငွေ့အသက်များ ဖြစ်ပေါ် လာခဲ့၏။

အမာရွတ် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံက လျှို့ဝှက် အာဏာရှင် တတိယ အဆင့်၊ သေမျိုး တစ်ပိုင်း အရှင် အဆင့်တွင် ရပ်တန့်သွား၏။ သို့သော်လည်း သူက လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထကာ လျှို့ဝှက် တာအို၏ မဟာစွမ်းအား တစ်စိတ်တစ်ပိုင်းကို ဆုပ်ကိုင် ထားနိုင်ခဲ့ပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိရန် လက်တစ်ကမ်းမျှသာ လိုပေတော့သည်။

“လောကီတစ္ဆေဆိုတာ ဘာလဲ...”

ငယ်ရွယ်သည့် ဝေ့ဝူယင်က သိလိုစိတ်ကို ထိန်းမထားနိုင်တော့ပဲ မေးလိုက်၏။ ကြယ်တာရာ ဝိညာဉ်များ မည်သည့် အရာကို ဆင့်ခေါ်ခဲ့ကြောင်း မသိသော်လည်း... ရှင်းလင်းစွာပင် တစ်ခုခုက လွဲချော် နေခဲ့ပြီ ဖြစ်သည်။

အမာရွတ် ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက ကြီးကျယ် ခမ်းနားသည့် တစ်စုံတစ်ရာ အတွက် ပြင်ဆင်သည့် အလား ပခုံးနှင့် လည်ပင်းတို့ကို လေ့ကျင့်ခန်း လုပ်လိုက်သည်။ ပြီးနောက်... ငယ်ရွယ်သည့် ဝေ့ဝူယင်ဘက်ကို လှည့်ကြည့်လိုက်၏။

“မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက ခုထိ မြင့်တက် မလာသေးဘူး... တစ်ယောက် အစား နှစ်ယောက် ပေါ်လာတာ ပြဿနာ တစ်ခုခု ရှိနေလို့လား”

ထို့နောက် သူက ဝတ်စုံဝတ် ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်သည်။ တစ်ယောက်က မြေကြီး ရှ့န်ထို အဆင့် ဖြစ်နေပြီး နောက်တစ်‌ယောက်က သေမျိုး အဆင့်တွင်သာ ရှိနေသေးသည်ကို သူ စိတ်ရှုပ်ထွေးနေပုံ ပေါ်လေသည်။

“...”

ဝေ့ဝူယင် နေရာတွင်ပင် ရပ်နေမိ၏။ အခြေအနေက တိုက်ပွဲ တစ်ခုဆီကို ဦးတည် နေကြောင်း သိသော်လည်း မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ပျက်ဖြစ်နေကြောင်း နည်းနည်းမျှ နားမလည်နိုင်သေးချေ။

“ဒီဝေ့ဝူယင်က အသက် ခြောက်ဆယ်ပဲ ရှိသေးတယ်”

ဝတ်စုံဝတ် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။

"ဘာလဲ...”

အမာရွတ် ဝေ့ဝူယင်က ငယ်ရွယ်သည့် ဝေ့ဝူယင်ကို အံ့သြစွာဖြင့် လှမ်းကြည့် လိုက်သည်။

“ခြောက်ဆယ် ဟုတ်လား... ခွေးသူတောင်းစားလေးတွေက ငါ့ မြေကြီး ခြေချခြင်းကို ဘာရှုပ်ပြန်တာလဲကွာ... သူတို့ကြောင့် ငါ အဆင့် မတက်နိုင်ခဲ့ရင်... ငါကျိန်တယ်... မင်းတို့ကို မသေမချင်း အမှုန့်ကျိတ်ပြီး သေးနဲ့ အရည်ဖျော်ပစ်မယ်”

အံကို တကျွိကျွိ မြည်အောင် ကျိတ်ရင်း အမာရွတ် ဝေ့ဝူယင်က သူ့ ကျင့်ကြံခြင်း ဝိညာဉ်များကို ကျိန်ဆဲ လိုက်၏။

အခြား တစ်ဖက်တွင်တော့ ဝတ်စုံဝတ် ဝေ့ဝူယင်က ငယ်ရွယ်သည့် ဝေ့ဝူယင်ကို ကြည့်ရင်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း လိုက်သည်။

“ငယ်ငယ်တုန်းက ငါ့ကို ပြန်မြင်ရလိမ့်မယ်လို့ ထင်မထားဘူး... ဟား ဟား... သောက်ချီးထုပ် အချိန်မြစ်... ဟား ဟား...”

သူက စတင်ကာ ရယ်မောလိုက်၏။

“ဟား... ဟား...”

ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့သည့် အလား အချိန်နှင့် အမျှ သူ့၏ ရယ်မောသံက ပိုမို၍ ကျယ်လောင်လာသည်။

“ဟား... ဟား... ဟား...”

ဝတ်စုံဝတ် ဝေ့ဝူယင်မှာ မိနစ်အနည်းငယ် ကြာသည် အထိ မျက်ရည်များ ကျအောင် ဆက်လက် ရယ်မော နေခဲ့သည်။ သူ၏ ပုံစံက ရုတ်ချည်း ရူးသွပ်သွားသလိုပင်။

သို့သော်လည်း... မကြာခင်မှာပင် သူက ရယ်မောမှုကို ရပ်တန့် လိုက်၏။ ချက်ချင်းပင် သူ့ မျက်ဝန်းများထဲမှ ရူးသွပ်မှုများက ပျောက်ကွယ်သွားကာ လက်ခံမှု၊ ပျော်ရွှင်မှုတို့က ပြန်လည် အစားထိုး လာခဲ့သည်။

အမာရွတ် ဝေ့တူယင်က မျက်မှောင်ကြုတ် လိုက်၏။ စူးရှ ထက်မြက်သည့် ဝိညာဉ် အလင်းတန်းများမှာ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ငယ်ရွယ်သည့် ဝေ့ဝူယင်မှာ တဒင်္ဂမျှ မျက်စိကန်းသွားသလို ခံစားလိုက်ရသည်။ ပြန်လည် မြင်နိုင်သော အခိုက်၌ အမာရွတ် ဝေ့ဝူယင်မှာ သေခြင်းတရားလို တိတ်ဆိတ်နေခဲ့၏။ သူ၏ မျက်နှာထက်တွင်တော့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အမူအရာ တစ်ခု ရှိနေခဲ့သည်။ သူက အေးစက်စွာပင် ပြောလိုက်၏။

“ဒါပေမဲ့ ဒါက ငါ့ရဲ့ မြေကြီး ခြေချခြင်းပဲ”

“ကိစ္စမရှိဘူး... မင်းကျရှုံးပြီးပြီ”

ဝတ်စုံဝတ် ဝေ့ဝူယင်က အင်္ကျီလက်ကို အနည်းငယ် မတင်ရင်း ပြောလိုက်၏။ ထို့နောက် သူက ငယ်ရွယ်သည့် ဝေ့ဝူယင်ဘက်ကို လှည့်ကာ ရှင်းပြလိုက်သည်။

“လောကီတစ္ဆေဆိုတာက အချိန်မြစ်ရဲ့ ကိုယ်ပွားပဲ... ဝိရောဓိ စွမ်းအားနဲ့ သီးခြား အချိန်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မတူကွဲပြားတဲ့ မင်းကိုယ်တိုင်ပဲ”

“ဒါက မဖြစ်သင့်ဘူး မလား... ဘယ်လိုလုပ်ပြီး သူက ဒီလောက် ငယ်ရတာလဲ”

အမာရွတ် ဝေ့ဝူယင်က ဇဝေဇဝါဖြင့် ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများက သွေးရောင်ဖြင့် စွန်းထင်နေကာ ကြွယ်ဝသည့် သွေးမျိုးဆက် စွမ်းအင်များက လှိုင်းများသဖွယ် ထွက်ပေါ်နေသည်။ သို့သော်လည်း ငယ်ရွယ်သည့် ဝေ့ဝူယင်ကတော့ မည်သည့် ဖိအားကိုမှ မခံစားရပါချေ။ ၎င်းတို့က အထင်ကြီးစရာ ကောင်းလှသော်လည်း သူ့ကိုတော့ ဘာမှ မလုပ်နိုင်ချေ။

ဝတ်စုံဝတ် ဝေ့ဝူယင်က အမာရွတ် ဝေ့ဝူယင်ကို လျစ်လျူကာ ငယ်ရွယ်သည့် ဝေ့ဝူယင်ကိုသာ ဆက်လက် ရှင်းပြ လိုက်သည်။

“အစစ်အမှန် ဝိညာဥ်ကို အချိန် ဥပဒေသနဲ့ ပဲ့တင်ထပ်ဖို့ မကြိုးစားသေးသရွေ့ အချိန်မြစ်ကို မင်း ရင်ဆိုင်ဖူးမျာ မဟုတ်ဘူး... ဒါပေမဲ့ မင်း ထွက်ပေါ်လာတဲ့ပုံ ထောက်ရင် မင်းရဲ့ ကျင့်ကြံခြင်း ဝိညာဉ်တွေက သာမည ဖြစ်စဉ်တွေကို မုန်းတဲ့ပုံပဲ... ဒီလိုပါပဲလေ... အဲဒီကောင်လေးတွေက ငါ့တို့ စွမ်းရည်ထက် ကျော်လွန်နေတဲ့ ပြဿနာတွေကို အမြဲ ဖန်တီးနေကြတာပဲ”

အမာရွတ် ဝေ့ဝူယင်၏ မျက်နှာက မလိုမကျ ဖြစ်ခြင်းများနှင့် ပြည့်နှက်နေကာ အသက်ရှူ လိုက်ရင်း ဒေါသ အငွေ့အသက်များ ပါဝင်နေခဲ့၏။ ဝေ့ဝူယင် သူ့ကို လှမ်းကြည့်လိုက်မိသည်။ ထိုဝေ့ဝူယင်က အဘယ်‌ကြောင့် ထိုကဲ့သို့ ဖြစ်နေကြောင်း သူ နားမလည်နိုင်ချေ။ သို့သော်လည်း... သူ့ထံတွင် မေးစရာ ရှိလေရာ သိမ်မွေ့ပုံ ပေါ်သည့် ဝေ့ဝူယင်ဘက်ကိုသာ ပြန်လှည့် လိုက်၏။

“ကျုပ်တို့ အားလုံးက လောကီ တစ္ဆေတွေလား... ဒါမှမဟုတ် ကျုပ်နဲ့ ခင်ဗျားပဲလား”

***

All Chapters