← Chapters

အချိန်မြစ်ကို ဆန့်ကျင်၍ ကျရှုံးခြင်းနှင့် အောင်မြင်ခြင်း (၂)

Vol. 82 Ch. 1147

အချိန်မြစ်ကို ဆန့်ကျင်၍ ကျရှုံးခြင်းနှင့် အောင်မြင်ခြင်း (၂)

Vol. 82 Ch. 1147

ဝေ့ဝူယင်ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းရင်း လခရမ်း နှင်းဆီများကို လှမ်းကြည့်လိုက်သည်။ သူ့ ငွေရောင် မျက်ဝန်းများထဲ၌ မည်သည့် ခံစားချက်မှ ရှိမနေခဲ့။

“ဟမ်...”

ဝတ်စုံဝတ် ဝေ့ဝူယင်က အံ့အားသင့်သည့် အသံတစ်ခု ပြုလိုက်သည်။

“ဒါက ထောင်ချောက်လို့ မင်း ထင်နေတာလား... ငါသာ ဆန္ဒ ရှိရင် မင်း ကပ်ဘေးမှာ ရှုံးနိမ့်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီး ရှိတယ်”

လူငယ် ဝေ့ဝူယင်က ခေါင်းကိုသာ ခါယမ်းလိုက်၏။

“ငါက မင်းစိတ်ကို လွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ထင်နေတာလား... ငါ မင်းကို ရိုးရိုးသားသား ပြောပြနေတာ ကောင်လေး... ငါ့မှာ ဘာအစီအစဉ်မှ မရှိဘူး... ကပ်ဘေး အဆုံးသတ်သွားတဲ့ အချိန်ကျ မင်းနဲ့ငါတို့ နှစ်ယောက်စလုံး သေရလိမ့်မယ်... အချိန်မြစ်က ငါတို့ကို တိုက်စားသွားလိမ့်မယ်...”

ဤတစ်ကြိမ်တွင် ဝတ်စုံဝတ် ဝေ့ဝူယင်မှာ မဂ္ဂီ အစီအရင်ကို အဆုံးသတ်ကာ သေမျိုး ဘာသာစကားဖြင့် ပြောနေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကပ်ဘေး၏ စစ်မှန်သော အချက်အလက် တစ်ခု ဖြစ်သည်မှာ ထင်ရှားလှသည်။ သို့သော်လည်း... လူငယ် ဝေ့ဝူယင်ကတော့ ဆက်လက် တိတ်ဆိတ် နေခဲ့၏။

အတန်ကြာပြီး နောက်၌ ဝတ်စုံဝတ် ဝေ့ဝူယင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်၏။

“ဒါဆိုလည်း ဘာကိုမှ လက်မခံနဲ့ပေါ့လေ... ငါ့ကို သတ်လို့ရပြီ”

သူက ဓားအား ကိုင်ထားသည့် လက်ကို ဖြေလျှော့ လိုက်သည်။ ငွေရောင် မျက်ဝန်းများ အတွင်းရှိ တိုက်ခိုက်လိုစိတ်များက ဖြည်းညင်းစွာပင် ပြေလျော့ သွား၏။ သူ့အမူအရာက တစ်ကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့စွာဖြင့် ငယ်ဘဝကို အကျိုးပြုချင်ခဲ့ကြောင်း ထင်ရှားစွာ ပေါ်လွင်နေသည်။ သူက သေဆုံးတော့မည် ဖြစ်လေရာ ရန်သူ မကောင်းဆိုးရွားများကို ဘယ်အချိန်လမ်းကြောင်းမှာ ဖြစ်ဖြစ် ဒုက္ခ ပေးခဲ့ချင်သည်။ မည်သည့် ဝေ့ဝူယင်ပဲ ဖြစ်ဖြစ် သူတို့ကို အနိုင်ယူနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

သို့သော်လည်း ဝတ်စုံဝတ် ဝေ့ဝူယင်မှာ သူ့ကိုယ်သူ သိပေသည်။ သူ့ဗီဇ အရ လှည့်စားမှု တစ်ခု ပေါ်လွင်သွားပြီးနောက်တွင် အခြားလူ တစ်ယောက်ကို မည်ကဲ့သို့ လွယ်လွယ် ယုံကြည်တော့မည်နည်း။ ယုံကြည်ရနိုင်ချေ တစ်သောင်း ရာနှုန်း ရှိလျှင်ပင် သူ ထပ်ယုံတော့မည် မဟုတ်ချေ။

“မဟုတ်ဘူး...”

လူငယ် ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်၏။ သူ၏ တုန့်ပြန်မှုက ဝတ်စုံဝတ် ဝေ့ဝူယင်ကို အနည်းငယ် မျက်မှောင်ကြုတ် သွားစေခဲ့သည်။

“ကျုပ် ဆိုလိုချင်တာက ခင်ဗျားရဲ့ အတုအယောင် ခွဲထွက်မှုနဲ့ အတူ ဖျားယောင်း သွေးဆောင်မှုက ကျုပ် အတွေးတွေကို ညစ်ညမ်းစေလုနီးပါး ဖြစ်သွားတယ်လို့ ပြောတာ”

"...”

ဝတ်စုံဝတ် ဝေ့ဝူယင်မျာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ သူက ဘာကို ဆိုလိုသနည်း။ အတုအယောင် ခွဲထွက်မှု ဆိုသည်က အဘယ်နည်း။

“ကျုပ်တို့တွေ ဘာလို့ မတူကြသလဲ ဆိုတာ ကျုပ် နားလည်တယ်... ဘာဖြစ်လို့ ကျုပ်က အသက် ခြောက်ဆယ်နဲ့ ဒီနေရာမှာ ရပ်နေနိုင်လဲ... ခင်ဗျားကရော အသက် တစ်ရာနှစ်ဆယ့် ရှစ်နှစ်မှာ ဘာလို့ ဒီနေရာကို ရောက်နေခဲ့တာလဲ... နောက်ပြီး ဒီတစ်ယောက်က ဘာဖြစ်လို့...”

ဝေ့ဝူယင်က ခရမ်းရောင် နှင်းဆီများနှင့် အတူ ကခုန်နေသည့် ငွေရောင် နှင်းဆီကို လှမ်းကြည့် လိုက်သည်။

“အများကြီး ထိခိုက်ခံစားခဲ့ရတာလဲ ဆိုတာ ကျုပ်သိတယ်”

"ဟဟ.... တကယ်ပေါ့... မင်း တကယ်ပဲ သိတယ်ပေါ့... မင်းရဲ့ ကျင့်ကြံခြင်းက ဘာလို့ ပိုပြီး အခြေခိုင်မာတာလဲ သိလား... မင်းက ပိုကောင်းတဲ့ ကံကြမ္မာတွေကို ရခဲ့လို့ပဲ... တိုင်လျဲ့ ပြီးတဲ့နောက် မင်း ဘဝမှာ ဆုံးရှုံးခဲ့ရတာ မရှိလို့ပဲ... ဟုတ်တယ်မလား”

ဝတ်စုံဝတ် ဝေ့တူယင်က အရူး တစ်ယောက်လိုမျိုး အော်ဟစ် ရယ်မောလိုက်သည်။ ဆုံးရှုံးရမှု၊ နာကျင်မှု၊ ဒေါသတို့နှင့် အတူ သူ့ ငွေရောင် မျက်ဝန်းများထဲမှ မိစ္ဆာစိတ်ကို ဝေ့ဝူယင် ရှင်းလင်းစွာပင် မြင်နေရသည်။

ဝေ့ဝူယင် ထပ်မံ ရှင်းပြရန် စိတ်မပါတော့ချေ။ သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ ချက်ချင်း ဆိုသလိုပင် ဝတ်စုံဝတ် ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွားကာ ကျင့်ကြံခြင်း အခြေခံက လျှင်မြန်စွာ လျော့ကျ လာခဲ့သည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူက လောကသခင် အဆင့် အထိ ကျဆင်း သွား၏။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်လုံးများထဲတွင် လက်ခံမှု အလင်းတန်း တစ်ချို့ ပေါ်လာခဲ့သည်။

သူက ငယ်ရွယ်သည့် ဝေ့ဝူယင်ကို မျက်နှာမူလိုက်ကာ ဆေဘာရိုးကို ဆုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်လိုက်သည်။ ရှုံးနိမ့်မှုနှင့် သေဆုံးမှုတို့ကို လက်ခံထားပြီး ဖြစ်သော်လည်း သူက သည်အတိုင်း အရှုံးပေးရန် ဆန္ဒ မရှိပါချေ။ သူက ကြယ်တာရာ ဝိညာဉ် လေးခုကို လှည့်ပတ် လိုက်၏။ ထိုအခိုက်၌ အသိစိတ် ကင်းမဲ့နေသည့်တိုင် ၎င်းတို့မှာ အလွန် အစွမ်းထက်နေကြဆဲ ဖြစ်သည်။

အလွန် ပြင်းထန်သည့် အော်ရာနှင့် အတူ သုံးဆယ့်ကိုး စင်တီမီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေ လေးခု ထွက်ပေါ်လာခဲ့သည်။ နှစ်ခုက ထျန်းတျန် အတွင်းတွင် ဖြစ်ကာ တစ်ခုကတော့ အသိစိတ် ပင်လယ်ထဲတွင် ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ သူ့ နှလုံးသား အတွင်း တည်ရှိနေ၏။ ၎င်းတို့မှာ အလွန် ပြင်းထန်သည့် စွမ်းအားနှင့် တုန်ခါ နေကြ၏။

ယုံကြည်ချက် ရှိသည့် အလင်တန်းများက သူ့ ငွေရောင် မျက်ဝန်းများ အတွင်း ပေါ်ထွက် လာခဲ့သည်။ ချိပ်ပိတ် နယ်မြေ၌ ဆိုလျှင် ၎င်းမှာ ဒဏ္ဍာရီများထဲတွင်သာ ရှိနိုင်သည့် အုတ်မြစ်မျိုး ဖြစ်သည်။ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ ပံ့ပိုးမှုကို ရရှိထားသည့် ထျန်းရှောင်လော့ ပင်လျှင် လောကသခင် အဆင့်တွင် ခြောက်စင်တီမီတာ ကြယ်တာရာ အမြုတေကိုသာ ပိုင်ဆိုင်ထားသည်။

“မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ‌ရောက်ခဲ့ပြီးတဲ့နောက် ကျုပ် ပထမဆုံး ဘာတွေးသလဲ ဆိုတာ ခင်ဗျား သိလား...”

လူငယ် ဝေ့ဝူယင်က ရှေ့ကို ခြေတစ်လှမ်း တိုးရင်း တည်ငြိမ်စွာ မေးလိုက်သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။

“ခန့်မှန်းကြည့်ရအောင်... အဲဒီနေရာမှာ သူတော်စင်တွေရဲ့ အဆင့် မရှိဘူး ဆိုပြီးတော့လား...”

သူ့ဘဝတွင် သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိရန်မှာ ဦးစားပေး ရည်ရွယ်ချက် တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း အချိန်တိူင်း ထိုအဆင့်က သူနှင့် အလွန်တရာ အလှမ်းကွာဝေးနေသည်ကိုသာ တွေ့ရှိခဲ့ရသည်။

ဝေ့ဝူယင်က ခေါင်းကို ခါယမ်းလိုက်၏။

“ကျုပ် ပထမဆုံး အတွေးက ဒီနေရာက ငါ့အပိုင် လို့ပဲ”

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်လုံးများက အင်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်း သွား၏။ အံ့အားသင့်မှု အငွေ့အသက် တစ်ချို့နှင့် အတူ သူက ဆေဘာဓားဦးကို အောက်စိုက်လိုက်သည်။ မျက်လွှာကို ချလိုက်၏။ ထို့နောက်တွင်တော့ လေးနက်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဝေ့ဝူယင်၏ ကြယ်တာရာ အမြုတေများက လျှင်မြန်စွာ ပေါ်လာခဲ့ကာ ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစားကို ထုတ်ဖော် ပြသလာကြသည်။ ၎င်းတို့၏ အရှိန်အဝါက တစ်ခဏချင်းပင် သုံးဆယ့်ကိုး စင်တီမီတာ ရှိသည့် ကြယ်တာရာ အမြုတေများကို ဖုံးလွှမ်းသွား၏။

မကြာခင်မှာပင် ဝေ့ဝူယင်တို့ နှစ်ယောက် မျက်နှာချင်း ဆိုင်မိကြပြီ ဖြစ်သည်။ အသက်အရွယ် ကွာခြားချက် ရှိသည့်တိုင် သူတို့၏ အရပ်များက အတူတူပင် ဖြစ်သည်။

“ငါ သဘောပေါက်ပြီ... မင်း မှန်တယ်... ငါက ငါ့ရဲ့ ကိုယ်ပိုင် ကန့်သတ်ချက်တွေနဲ့ မင်းကို ကန့်သတ် နေခဲ့မိတာပဲ”

ဝတ်စုံဝတ် ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ လူငယ် ဝေ့ဝူယင်က လက်ကို ဖြည်းညင်းစွာ ရှေ့ဆန့်ထုတ်ကာ သူ့ခေါင်းထက်ကို တင်လိုက်သည်။ အချိန်မြစ်အတွင်းရှိ ပုံရိပ်ယောင်များသာ ဖြစ်သည့်တိုင် သူတို့၏ စွမ်းအားများက နဂိုအတိုင်း အပြည့်အဝ ရှိနေပေသည်။

အလွန် သန်မာ ပြင်းထန်သည့ အဂ္ဂိရတ် ဧဒင် အင်အားများမှာ ဝေ့ဝူယင်၏ မျက်လုံးများ အတွင်းမှ စိမ့်ထွက်လာကာ အသက်ကြီးသည့် ဝေ့ဝူယင်၏ ဒွါရပေါက်များထဲ စိမ့်ဝင် သွားကြသည်။ ရွေးချယ်ဖို့... အဘယ်ကြောင့် ရွေးချယ်ရမည်နည်း။

ဝေ့ဝူယင်မှာ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက်၏ ဗီဇမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။သူ၏ ကျင့်ကြံခြင်းနှလုံးသားက ခိုင်မာသည်။ သူက စွန့်စားရသည်ကို နှစ်ခြိုက်သော်လည်း ဘဝကို သေချာ ရေရာမှု၊ ပြင်ဆင်မှုများနှင့်သာ ထုဆစ်လိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ကြယ်တာရာ ဝါးမြိုသူ ထန်ဂူကို ရင်ဆိုင်ရင်း ပျက်စီးနေသည့် ကြယ်တာရာ နယ်မြေ တစ်ခုတွင် သူ ကျန်ရစ်ခဲ့သည်။ ပိုင်လင်ကို ချန်ထားရန် သူ ဆန္ဒ မရှိခဲ့။ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ကို လှည့်စားကာ ဂြိုဟ်တစ်ခုလုံးကို ခိုးယူခဲ့သည်။ စစ်မြေပြင်တွင် ကောင်းချီးခံ တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် ပါရမီရှင် တစ်ယောက်၏ အမဲလိုက်မှုမှ ထွက်ပြေခဲ့သည်။ သေမျိုး အဆင့်ဖြင့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းကို စိန်ခေါ်ခဲ့သည်။ ကောင်းကင် တာအို၏ လျှို့ဝှက်ချက်များကို ဆုပ်ကိုင်ရဲခဲ့သည်။ တစ်နာရီမျှ တွေ့ခဲ့ရသော မိန်းမ တစ်ယောက် အတွက် အစစ်အမှန် မွေးဖွားခြင်းကို စိန်ခေါ်ခဲ့သည်။

ထိုအရာများမှာ အမာရွတ် ဝေ့ဝူယင်နှင့် ဝတ်စုံဝတ် ဝေ့ဝူယင်တို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သည့် အရာများ ဖြစ်ကြသည်။ အကျိုးဆက် အနေဖြင့် အနန္တ ကုန်းမြေတိုက်ကြီးတွင် သူတို့ကိုယ် သူတို့ ရှုံးနိမ့်ခဲ့ကြသည်။

ဝေ့ဝူယင်မှာ လွတ်မြောက်ရာလမ်းကိုသာ ရှာဖွေခဲ့သည် မဟုတ်ချေ။ သူက အကြီးကျယ်ဆုံးသော အနာဂတ် အတွက် အကောင်းဆုံး လမ်းကြောင်းကို ဖောက်ခဲ့ခြင်း ဖြစ်သည်။ သူ့ထံတွင် နောင်တတို့ မရှိခဲ့။

ဝေ့ဝူယင် လောကီ ပြန်လည် မွေးဖွားသူကိုပင် ကျေးဇူးတင်သလို ခံစားလိုက်ရသည်။ အကယ်၍ ထိုပုဂ္ဂိုလ်သာ မရှိပါက သူ သူတို့ထဲမှ ဘယ်သူ့ကိုမှ အဆုံးသတ်နိုင်လိမ့်မည် မထင်ချေ။

အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် သူက စွန့်စားရဲသည်။ အကြီးမားဆုံး အကျိုးအမြတ်တို့ကို ဆောင်ကျဉ်းရဲသည်။ ယခု၌ အသက်ကြီးသည့် ဝေ့ဝူယင်သည် သေမျိုး အဆင့်သို့ ပြန်လည် လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့် ရွေးချယ်ရမည်နည်း။ သူ နှစ်ခုစလုံးကို ယူနိုင်ပေသည်။

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်ဝန်းထဲမှ အလင်းရောင်မှာ ဖြည်းညင်းစွာပင် မှေးမှိန်သွားခဲ့၏။ သူ့ နှုတ်ခမ်းထက်တွင်တော့ ခပ်ရေးရေး အပြုံးကလေး တစ်ခု ရှိနေခဲ့သည်။

နောက်ဆုံးသော အခိုက်အတန့်၌ သူ့ နှုတ်ခမ်းထံမှ စကားလုံး အချို့ တီးတိုး ထွက်ပေါ်လာ၏။ ဝေ့ဝူယင် သူ့ ကိုယ်သူ အချိန် အကြာကြီး စိုက်ကြည့် နေမိသည်။ ထို့နောက်တွင်တော့ သူက ကြယ်တာရာ အင်အားကို ထုတ်လွှတ်ကာ သူ၏ နောက်ဆုံး လက်ကျန် အသက် အင်အားလေးကို ချုပ်ငြိမ်းပေးလိုက်သည်။

“ကျုပ် လုပ်ပါ့မယ်....”

ထိုအရာက သူ၏ တုန့်ပြန်မှု...။ သေဆုံးသွားသည့် ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးလေးက ငြိမ်းချမ်း သွားခဲ့၏။

မြေကြီး စွမ်းအင် အလင်းတန်းများမှာ ဝေ့ဝူယင်၏ အလောင်းကို လွှမ်းခြုံသွားကာ မြေကြီး အတွင်း ဖြည်းညင်းစွာ ဆွဲယူ သွားခဲ့သည်။ ထို့နောက်တွင်တော့ ဒုတိယမြောက် ငွေရောင် နှင်းဆီ တစ်ပွင့်မှာ လခရမ်း နှင်းဆီများ အကြားတွင် ထွက်ပေါ်လာခဲ့သည်။

လေပြည်တစ်ချက် ဝှေ့သွားတိုင်း သူတို့မှာ ပျော်ရွှင်စွာ ကခုန် နေခဲ့ကြလေတော့သည်။

***

All Chapters