← Chapters

အပိုင်း (၁၀၀၁-၁၀၁၀)

Vol. 11 Ch. 1001-1010

အပိုင်း (၁၀၀၁-၁၀၁၀)

Vol. 11 Ch. 1001-1010

အပိုင်း (၁၀၀၁)

“ရူးနေတဲ့သူ။”

အစပိုင်းမှာ ပင်းယန်ကို ပို့ဖို့ တင်းခံ နေခဲ့တဲ့ ဖန်ကျန်းရှီကြောင့် မုချင်းဖန်း အတော်လေးကို စိတ်ပျက် ခဲ့ရတယ်။ အခုတော့ သူမြင်နေရတဲ့ မြင်ကွင်းကြောင့် ကျောထဲတောင် စိမ့်ချမ်း သွားတယ်။

အင်အားကြီးနေ ပင်မယ့် ပြိုင်ဘက် ရှေ့မှာ အားနည်းချင်ယောင် ဆောင်နေတယ်။

ဖန်ကျန်းရှီရဲ့ ဒီနည်းလမ်းက စွန့်စားရာ ရောက်လွန်း ပေမယ့်၊ အောင်မြင် သွားတာနဲ့ အကျိုးရလဒ်က အံ့မခန်းပဲ။ ရန်ချန်လိနဲ့ ရန်ရွှယ် နှစ်ယောက်က ဓားတွေ။ ပင်းယန် တိုက်ခိုက်ခံရ ချိန်မှာ သူ့ကို ကာကွယ်မယ်လို့ အားလုံးက တွက်ဆ ထားခဲ့တယ်။ တကယ်တော့ ဖန်ကျန်းရှီက ရန်ချန်လိနဲ့ ရန်ရွှယ်ကို ကယ်တင်သွားတယ်။

ဒီကိစ္စက တူညီသယောင် ရှိပြီး လုံး၀ ကွာခြားတယ်။ ဖန်ကျန်းရှီက ဓားနှစ်လက်ကို နောက်ကနေ ထောက်ပံ့ ပေးနေတဲ့ အတွက် ဓားတွေက ပိုအစွမ်းထက် လာခဲ့ပြီ။

အင်အားကြီး ဓားနှစ်လက်က ဘယ်ညာ နှစ်ဖက်ကနေ တိုက်ခိုက်နေတယ်။ ဖန်ကျန်းရှီက နောက်တန်းကနေ လိုသလို ရွေ့ပြောင်း အားဖြည့်ပေးတယ်။ ဒီဗျူဟာမှာ သိသာ ထင်ရှားတဲ့ အားနည်းချက် တစ်ခုလဲ ရှိနေ သေးတယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အလယ်တည့်တည့်မှာ ငါးစာ ချထားတဲ့ အားနည်းချက်ပဲ။

ဘန်း။ မိစ္ဆာ ဘုရင်ရဲ့ ခန္ဒာကိုယ် ပေါက်ကွဲ ထွက်သွား ချိန်မှာတော့ ရွှေရောင် မိစ္ဆာ ပုလဲက ကောင်းကင်ပေါ်ကို လွင့်ထွက် လာတယ်။ ဖန်ကျန်းရှီက ခပ်မြန်မြန်ပဲ သိမ်းယူလိုက်တယ်။

“ဒီတော့ ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုကို သုံးပြီး သူ့နေရာသူ ပြောင်းနိုင် နေတာပဲ။ ငါ့ကို မလိုဘူး။” ကုယွိအန်းက ပေါက်ကွဲ သွားတဲ့ မိစ္ဆာ ဘုရင်ကို ကြည့်ရင်း တွေးမိတယ်။

ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုက ခန့်မှန်းလို့ မရနိုင်ဘူး။ အခု အခြေအနေမှာ ရှစ်ထောင့် ဗျူဟာက ဖန်ကျန်းရှီကို ကူညီမယ့် အစား နှောက်ယှက်ရာ ရောက်သွား လိမ့်မယ်။

“ဟမ့်။ အရှက်မရှိတဲ့ ကောင်စုတ်။ နင်က ငါ့ကို မကယ်ဘူးပေါ့။” ပင်းယန်က လှမ်းအော်တော့တယ်။

“မင်းက ဒီလောက် အင်အားကြီး နေတာပဲ။ ဘာဖြစ်လို့ ငါကယ်ဖို့ လိုမှာလဲ။”

“အမှန်ပဲ။” ပင်းယန် ခေါင်းမော့ ရင်ကော့ရင်း ပြန်ဖြေတယ်။ သူမ လက်တွေ ဝေ့ယမ်း လိုက်ချိန်မှာတော့ ရဲရဲတောက် ချီလင်လှံ ကနေ မီးလျှံကြီးတွေ ထွက်ပေါ် လာတယ်။ အဲ့ဒီ့နောက် ပင်းယန် ပြေးထွက် သွားပြန်ပြီ။

“တိုက်ခိုက်။ နတ်ဆိုး မိစ္ဆာတွေကို ငါသတ်ပြစ်မယ်။”

“…”

“..”

လူသား မဟာမိတ် တပည့်သားတွေ ကတော့ လင်းယွိဆီ ပြေးဝင်နေတဲ့ ပင်းယန်ကို ကြည့်ရင်း အတော့်ကို ပြောစရာ စကား မရှိ ဖြစ်ကုန်ကြတယ်။

သူက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးလွန်း နေတာ မဟုတ်လား။ သုခမိန် အဆင့်ကို စတုန်းပဲ ရှိသေးတာလေ။ ဒါ့အပြင် လင်းယွိက ပင်းယန် ပြေးဝင် လာတာ မြင်မြင်ချင်း နောက်ဆုတ် သွားခဲ့တယ်။

ဝုန်း။ မီးလျှံကြီးတွေ မြေပြင်ကနေ ထိုးတက်လာတယ်။

ပင်းယန်က အင်အား မကြီးပေမယ့်၊ ချီလင်လှံကို ကိုင်ထားတဲ့ အချိန်မှာတော့ သေချာပေါက် အားမနည်းခဲ့ဘူး။ လှံက မြေပြင်ပေါ် စိုက်သွား ချိန်မှာတော့ ကျောက်တုံးလေးတွေက နေရာ အနှံ့ကို ပျံထွက် ကုန်တော့တယ်။ မြေပြင် တစ်ခုလုံး မီးလောင်ခံရပြီး မည်းမှောင်သွားတယ်။

လင်းယွိ မျက်နှာကတော့ မြေကြီးထက်တောင် ပိုပြီးတော့ မည်းမှောင် နေခဲ့ပြီ။ နောက်ဆုံးတော့လဲ သူက နတ်သခင်အဆင့် ပညာရှင် တစ်ယောက်လေ။ သုခမိန် အဆင့်ကို စရောက်ကာစ လူတစ်ယောက်ကြောင့် သူက နောက်ဆုတ် ခဲ့ရတယ်။ ဘယ်လောက်တောင် အရှက်ရ စရာ ကောင်းလိုက်သလဲ။

“အရှင်။ ဘယ်သူ့ကို အရင်ဆုံး တိုက်ခိုက် ရမလဲ။” လင်းယွိက နောက်ဆုံးမှာတော့ မေးလိုက်တယ်။

“ပင်းယန်။” နန်ကုန်းမု လက်သီးကို ဆုပ်လိုက်ရင်း ပြောတော့တယ်။

“ကျွန်တော်တို့ ပင်းယန်ကို တကယ်ပဲ တိုက်ခိုက်မှာလား။” လင်းယွိ နည်းနည်းတော့ စိတ်ရှုပ်ထွေး သွားတယ်။ ဖန်ကျန်းရှီက ပင်းယန်ကို တမင်တကာ ထောင်ချောက် ဆင်ထားမှန်း သူတို့ သိကြတယ်လေ။ ဒါကို ဘာကြောင့်များ ထောင်ချောက်ထဲ ခုန်ဝင်မှာလဲ။

“ဟုတ်တယ်။” နောက်ထပ် ရှင်းမပြတော့ပဲ နန်ကုန်းမု ခေါင်းငြိမ့်လိုက်တယ်။ ပင်းယန်က တကယ့်ကို ထောင်ချောက်ကြီးပဲ။ ဒါပေမယ့် နန်ကုန်းမုမှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဖန်ကျန်းရှီက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ ဆက်တိုက် တိုက်ခိုက်စေဖို့ ဖိအား ပေးနေခဲ့တယ်လေ။

ပင်းယန်ကို မတိုက်ခိုက်ဖို့ သူတို့ ရွေးချယ်လို့ မရဘူး။ ပင်းယန်ကို မတိုက်ခိုက်ရင်၊ ဖန်ကျန်းရှီကို အညံ့ခံတာနဲ့ အတူတူပဲ။

အကြောင်းအရင်းကတော့ ရှင်းပါတယ်။ နန်ကုန်းမုက ပင်းယန်ကို သူတို့ရှေ့မှာ လမ်းပိတ်ခွင့် မပြုနိုင်ဘူးလေ။ ပင်းယန်က သူတို့ အတွက် အာရုံလွှဲ တစ်ခုပဲ။ ဒါ့အပြင် ပငန်းကို လက်လျှော့ပြီး ရန်ရွှယ်နဲ့ ရန်ချန်လိကို တိုက်ခိုက်ဖို့ လုပ်ပြန်ရင်လဲ ဖန်ကျန်းရှီက သူတို့ကို အသာစီး ရသွားလိမ့်မယ်။

တိုက်ပွဲ ခေါ်သံ ပထမဆုံး ထွက်ပေါ် လာချိန်မှာ တိုက်ခိုက်လို စိတ်က စတင် မြင့်တက်တယ်။ ဒုတိယ တိုက်ပွဲ ခေါ်သံမှာ အားကုန်ပြီး တတိယ တိုက်ပွဲ ခေါ်သံမှာတော့ မလှုပ်နိုင်အောင် ဖြစ်သွားလိမ့်မယ်။

နန်ကုန်းမုရဲ့ နည်းလမ်းကလဲ တိုက်ခိုက်မှုကို ဦးစား ပေးတယ်။ ဖန်ကျန်းရှီက သူ့ရဲ့ အားနည်းချက်ကို လှစ်ဟ ပြထားချိန်မှာ သူမတိုက်ခိုက်ပဲ ဘယ်လို နေရမှာလဲ။

“နားလည်ပါပြီ။ ဒီတစ်ကြိမ် ကျွန်တော် တိုက်ခိုက်မယ်။” လင်းယွိက နန်ကုန်းမုကို အကြောင်းအရင်း မမေးခဲ့ဘူး။ နန်ကုန်းမုရဲ့ ဆုံးဖြတ်ချက်ကို သူနားမလည်ပေမယ့်၊ တိုက်ပွဲမှာ အနိုင်ရဖို့ စည်းလုံး ရမှာကိုတော့ သူသိတယ်။

“ငါတိုက်ခိုက်မယ်။” နန်ကုန်းမု ခေါင်းခါရင်းနဲ့ ပင်းယန်ဆီ ပြေးဝင် သွားခဲ့တော့တယ်။

“ချိုးချီ တိုက်ခိုက်တာလား။”

“သူ့အရှိန်က မြန်လိုက်တာ။”

“ငါသူ့ကို သေချာတောင် မမြင်ရဘူး။”

လူသား မဟာမိတ် တပည့်သားတွေက နန်ကုန်းမု တိုက်ခိုက်ချိန်မှာ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အတွက် အံ့သြ နေကြတယ်။

“ဟမ်။ ဒီကောင် ဘာဖြစ်လို့ ဒီလောက် မြန်နေ ရတာလဲ။” ပင်းယန်လဲ အံ့အားသင့် သွားခဲ့တယ်။ ချိုးချီက မြန်ဆန်မှန်း ပထမ တစ်ခေါက် တိုက်ခိုက်တည်းက သူမ သိခဲ့တယ်။ အခု အရှိန်လောက်တော့ သူက ကြောက်စရာ မကောင်းခဲ့ဘူး။

ဒီအရှိန်နှုန်းက ဖန်ကျန်းရှီ ထက်တောင် မြန်နေသလိုပဲ။

“ပင်းယန် နောက်ဆုတ်။” ရန်ရွှယ့် အသံ ထွက်ပေါ် လာတယ်။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ နန်ကုန်းမုက မီးတောက်တွေကို လက်ဗလာနဲ့ ဖြတ်ကျော်လာရင်း ပင်းယန် အရှေ့ကို ရောက်နေခဲ့ပြီ။ သူက ပင်းယန်ရဲ့ လည်ပင်းကို ဆွဲဖြဲတော့မယ့် နတ်ဆိုး မိစ္ဆာ တစ်ယောက်လိုပဲ။

မှောင်မည်းနေတဲ့ မြူနှင်းတွေနဲ့ သေခြင်းတရား အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ လက်က လူတွေကို အသက်မရှူနိုင်အောင် ဖြစ်စေတယ်။

ပင်းယန်ကတော့ ချက်ခြင်း ဖြူဖျော့ သွားတယ်။ သူမ မလှုပ်ရှား နိုင်တော့ဘူး။ တောင်ကြီး တစ်တောင်က သူ့ခန္ဒာကိုယ်ကို လာဖိထားသလို ခံစားမိတယ်။

ဒီအချိန်မှာပဲ ရန်ရွှယ့်ရဲ့ တောင်နဲ့မြစ် ပန်းချီက ပင်းယန်ပေါ်ကို ကျရောက်လာတယ်။ သူမ တကိုယ်လုံးကို သွေးနီရောင် အလွှာ တစ်ခုက ဖုံးအုပ် သွားခဲ့ပြီ။ အနီရောင် အလင်းတန်းတွေက နန်ကုန်းမုကို မတားဆီး နိုင်ခဲ့ဘူး။

မီးခိုးတွေ လျှံထွက်နေတဲ့ လက်ကြီးက ပင်းယန် လည်ပင်းနဲ့ လက်မဝက် အကွာကို ရောက်ရှိ လာတယ်။ သွေးနီရောင် အလင်းတန်းတွေကို မီးခိုးတွေက ဖျက်ဆီး တိုက်စား သွားခဲ့ပြီ။

ဝုန်း။

ပင်းယန် နောက်ကို ခပ်မြန်မြန် လွင့်ထွက်သွားပြီး သူမ ရှေ့မှာ လေမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာတယ်။

“အဲ့တာ ဖန်ကျန်းရှီပဲ။”

“ပင်းယန်ကို ကပ်သီးလေး ကယ်နိုင်လိုက်တယ်။”

“အင်အားကြီးလိုက်တာ။”

လူသား မဟာမိတ် တပည့်သားတွေက ဖြစ်ပျက် သွားတာတွေကို ကောင်းကောင်း မမြင်ကြပေမယ့်၊ ပင်းယန် မထိခိုက်တာကိုတော့ မြင်ကြတယ်။ ဒါ့အပြင် ပေါက်ကွဲမှု အလယ်မှာ အရိပ် နှစ်ခုကလဲ တိုက်ခိုက်နေတယ်။

ဝုန်း။

ဝုန်း။

ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ဆက်တိုက် ကြားနေ ခဲ့ရပြီ။

နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြရင်း အင်အားလှိုင်းတွေကို ထုတ်လွှတ် နေခဲ့တယ်။

ဘန်း။ နောက်ဆုံးမှာတော့ အရိပ် နှစ်ခု ကွဲကွာ သွားခဲ့ပြီ။ ဖန်ကျန်းရှီက နောက်ကို ခြေသုံးလှမ်း ဆုတ်သွားခဲ့တယ်။ သူ့ခေါင်းပေါ်မှာတော့ ပြန်လည် မွေးဖွားမှု စက်ဝန်းက အရှိန်ပြင်းပြင်းနဲ့ လှည့်ပတ်နေတယ်။

ဆန့်ကျင်ဘက်မှာ ရှိနေတဲ့ နန်ကုန်းမုကလဲ ခြေသုံးလှမ်း နောက်ဆုတ် ပြီးချိန်မှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင် ခဲ့တယ်။ သူ့ရဲ့ အနက်ရောင် ဝတ်ရုံက လေအရှိန်က နောက်ကို လွင့်ထွက် သွားခဲ့ပြီ။ သွေးနီရောင် အလင်းတန်း တစ်ခုက သူ့မျက်နှာပေါ်မှာ တောက်ပလာတယ်။

“ဟဟားဟား။ ဖန်ကျန်းရှီ၊ မင်းက တကယ့်ကို အင်အားကြီးတာပဲ။” နန်ကုန်းမုက ရယ်မော နေခဲ့တယ်။ သူ့ရဲ့ ဝတ်ရုံနက်ကို ပြန်ဆွဲယူရင်း မီးခိုးငွေ့တွေကို ပိုသိပ်သည်းအောင် သူဆင့်ခေါ် လိုက်တယ်။

“တကယ်တော့ ငါက အခုထက် ပိုပြီး အင်အားကြီးတယ်။ မင်းစမ်းကြည့် ချင်လား။” ဖန်ကျန်းရှီ လက်နောက်ပြစ်ရင်း ရပ်နေခဲ့တယ်။ သူ့မျက်နှာပေါ်မှာ မီးခိုးရောင် အလင်းတန်း တစ်ခု ဖြတ်သန်း စီးဆင်းလာတယ်။

ဒါက သေခြင်းတရား အငွေ့အသက်ပဲ။ ဖန်ကျန်းရှီက ဒီအငွေ့အသက် တိုက်ခိုက်တာကို တားဆီး နိုင်ပေမယ့်၊ အားလုံးကိုတော့ အပြည့်အ၀ မဖယ်ရှား နိုင်ခဲ့ဘူး။ ချိုးချီရဲ့ တာအိုက သတ်ဖြတ်မှုကနေ ဖြစ်ပေါ်လာတဲ့ တာအို။

တခြား တာအိုတွေကို ဝါးမျို နိုင်ရုံတင် မကဘူး။ လူ့ခန္ဒာကိုယ်ကိုလဲ တိုက်စားပြစ် နိုင်တယ်။ သတ်ဖြတ်မှု အတွက် အင်အားကြီးမားတဲ့ တာအို တစ်ခုပဲ။

တစ်ကွက် နှစ်ကွက် တိုက်ခိုက် ပြီးချိန်မှာတော့ ဖန်ကျန်းရှီ ဒီတာအိုရဲ့ အလုပ်လုပ်ပုံကို နားလည် သွားခဲ့တယ်။ ရန်သူ့ စွမ်းအားကို စုပ်ယူပြီးရင် ဒီအငွေ့အသက်က ပိုပြီးတော့ အားကောင်းလာတယ်။

“ချိုးချီ”က ဖန်ကျန်းရှီရဲ့ စွမ်းအား အရင်းအမြစ်ကို တိုက်ခိုက်ချိန်မှာ စုပ်ယူသွားတယ်။ ဒါကို စိတ်ထဲ သိပ်မထားပေမယ့်၊ လစ်လျူရှုလို့ ရတဲ့ ပြဿနာ မဟုတ်ခဲ့ဘူး။

“ချိုးချီက ရုတ်တရက် အင်အားကြီး လာတာလား။” ဖန်ကျန်းရှီ စိတ်ထဲမှာ လန့်သွားတယ်။ နောက်ဆုံးတော့လဲ ချိုးချီရဲ့ အင်အားတွေကို သူခံစား မိတယ်လေ။ သူနဲ့ တစ်ယောက်ချင်း ယှဉ်နိုင်လု နီးပါးပဲ။ ဖန်ကျန်းရှီ အရင်က ချိုးချီနဲက တိုက်ခိုက်ဖူးတယ်။

တာအို ငါးခုကို သူပေါင်းစည်းပြီး သုံးလိုက်တာနဲ့ ချိုးချီ ပြန်တိုက်ခိုက်ချိန်တောင် မရခဲ့ဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး ထွက်ပြေး သွားရတယ်။

နာရီပိုင်းလေး အတွင်းမှာ ဒီလောက်ထိ အင်အား ကြီးလာတယ်လား။ ဒဏ်ရာတွေ အကုန် ပျောက်သွားရုံတင် မကဘူး စွမ်းအားကလဲ တက်လာတယ်။

ဖန်ကျန်းရှီ အစီအစဉ် ဆွဲတုန်းက ဒါကို ထည့်မတွက် ထားခဲ့မိဘူး။

ရန်ချန်လိရဲ့ နေရာမှာ သူရောက်နေ တာကြောင့်သာ မဟုတ်ရင်၊ ချိုးချီ လက်ထဲက ပင်းယန်ကို သူကယ်နိုင်မှာတောင် မဟုတ်ဘူး။

“ချိုးချီ ဘာတွေ ဖြစ်သွားတာလဲ။” သူ့ရှေ့မှာ ရှိနေသူက ချိုးချီနဲ့ တစ်ထပ်တည်း တူညီတဲ့ သေခြင်းတရား အငွေ့အသက်တွေသာ ရှိမနေခဲ့ရင်၊ ချိုးချီလို့ သူလက်ခံ နိုင်မှာ မဟုတ်ဘူး။

တာအိုတွေက တူညီနိုင်တယ်။ အငွေ့အသက်ကတော့ မတူညီ နိုင်ဘူး။ ချိုးချီမှာ တကယ်ပဲ အမြွှာ ရှိနေတာလား။ ဖန်ကျန်းရှီ စဉ်းစား နေချိန်မှာပဲ ပင်းယန်ရဲ့ အသံကို ကြားလိုက် ရတယ်။

ဝုန်း။ သွေးနီရောင် အလင်းတန်းက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး အနီရောင် လှံတွေ အဖြစ်ကို ပြောင်းလဲတယ်။ လှံမိုးတွေ ရွာကျတော့မယ့် အတိုင်းပဲ။

“ဟမ်။” ဖန်ကျန်းရှီ ချက်ခြင်း လှည့်ကြည့်မိတယ်။ ပင်းယန် ဘေးမှာ ရပ်နေတဲ့ နောက်တစ်ယောက် ရှိနေတာကို မြင်တော့ သူမျက်လုံးပြူး သွားခဲ့ပြီ။ ဒါက ရန်ချန်လိ မဟုတ်ဘူး။ လက်ရှိ အချိန် ရန်ချန်လိက လေထဲမှာ တိုက်ခိုက်နေတယ်။

“လင်းနဉ်လား။” လင်းနဉ်က သူ့ကို လှည့်ပတ်ပြီး ပင်းယန်ကို တိုက်ခိုက် လိမ့်မယ်လို့ ဖန်ကျန်းရှီ ထင်မထား ခဲ့မိဘူး။ ဘယ်အချိန်က ဖြစ်သွားတာလဲ။ အခုပဲလား။ မဖြစ်နိုင်လိုက်တာ။ သူချိုးချီနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ဒါမျိုး ဖြစ်သွားတာလား။

ခြေတစ်လှမ်း မှားသွားတာနဲ့ နောက်ခြေလှမ်းတွေလဲ မှားနိုင်တယ်။

ဖန်ကျန်းရှီက ချိုးချီရဲ့ စွမ်းအားကို လျော့တွက် ခဲ့ပြီးပြီ။ သူနဲ့ တိုက်ခိုက်ဖို့ အချိန်လဲ အတော်ကြာကြာ ယူခဲ့မိတယ်။ ဒါကြောင့် လင်းနဉ်က ပင်းယန်ကို တိုက်ခိုက်ချိန် ရသွားခဲ့တယ်။ ဒါ့အပြင် လင်းယွိကလဲ ပင်းယန်ကို အပေါ်ကနေ တိုက်ခိုက်ဖို့ လုပ်နေခဲ့တယ်။ ရန်ချန်လိရဲ့ ပြင်းထန်တဲ့ ခုခံမှုသာ မရှိရင် ပင်းယန် သေပြီး နေလောက်ပြီ။

“ဖန်ကျန်းရှီ မင်းရှုံး သွားပြီ။” နန်ကုန်းမု အသံ ထွက်ပေါ် လာတယ်။ သေခြင်း အငွေ့အသက်က ဖန်ကျန်းရှီကို လှိုင်းတွေလို လာရိုက်ခတ်တယ်။

ဘန်း။ နန်ကုန်းမုက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်တယ်။ အတားအဆီး တစ်ခုတောင် သူမကြုံခဲ့ဘူး။

ဒါက နန်ကုန်းမုကို အံ့သြသွားစေတယ်။ သူက ပင်းယန်ကို ဖန်ကျန်းရှီ မကယ်စေဖို့ တားမြစ် ချင်ရုံပဲ။ ဒါပေမယ့် သူ့ရိုက်ချက်က ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို တကယ် ထိသွားမယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။

ဘာတွေ ဖြစ်နေတာလဲ။ ဖန်ကျန်းရှီ ဘာဖြစ်လို့ သူ့ရိုက်ချက်ကို မတားဆီး တာလဲ။ အစောပိုင်းမှာ နန်ကုန်းမုက နားမလည် နိုင်ခဲ့ဘူး။

“အံ့သြ စရာ မရှိပါဘူး။”

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ၊ ဖြူဖျော့နေတဲ့ ခန္ဒာကိုယ် တစ်ခုက ကောင်းကင်ပေါ်ကို လွင့်ထွက် သွားပြီး မြေပြင်ပေါ်ကို ကျောက်တုံး တစ်တုံးလို ပြုတ်ကျလာတော့တယ်။ လင်းနဉ်။

ပင်းယန်ကို သတ်ဖို့ လုပ်နေခဲ့တဲ့ မိစ္ဆာ ဘုရင်က ပင်းယန်ရဲ့ လည်ပင်းကို မထိခင် အချိန်မှာပဲ လွင့်ထွက် သွားခဲ့တယ်။

“သူက အဲ့ဒီ့အားကို အသုံးချ သွားတာလား။” ပင်းယန်ရဲ့ ခေါင်းပေါ်မှာ ရှိနေခဲ့တဲ့ လင်းယွိက ဒီတိုက်ခိုက်မှုကို မြင်ချိန်မှာ ထိတ်လန့် သွားခဲ့တယ်။ ဘယ်လို အရူးကများ နတ်သခင် တစ်ယောက်ရဲ့ အားအင်ကို သုံးပြီး ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်မှာလဲ။

ရူးနေပြီ။ ဒီကောင် ရူးနေပြီ။ ဒီကောင် အသက်မရှင်ချင် တော့တာလား။

လင်းယွိတင် မကဘူး လူသား မဟာမိတ် တပည့်သားတွေပါ ဖန်ကျန်းရှီကို ရူးနေပြီလို့ ထင်ကုန်ကြတယ်။ ဒီတိုက်ပွဲက လူသား မျိုးနွယ်ရဲ့ ကံတရားနဲ့ သက်ဆိုင်နေတယ်။ သူတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖန်ကျန်းရှီက ပင်းယန်ကို ကယ်တင်ဖို့ အတွက် ချိုးချီရဲ့ ရိုက်ချက်ကို အသုံးချခဲ့တယ်။ အခုတော့ သူဒဏ်ရာ ရသွားခဲ့ပြီ။ တကယ်ပဲ တန်လိုကလား။

အောင်မြင်မှု တစ်ခုရဖို့ ထောင်ချီတဲ့ စတေးမှုတွေ လိုအပ်တယ်။ တိုက်ပွဲကို သွေးချွေးရင်းမှသာ အနိုင်ရနိုင်တယ်။

ဒီအရှက်မရှိတဲ့ ကောင်စုတ်က အမြဲ တကိုယ်ကောင်း ဆန်နေတဲ့ ပုံစံကို စွန့်လွှတ် လိုက်တာလား။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘာဖြစ်လို့ ဒီလို လုပ်တာလဲ။” ပင်းယန်က ဖန်ကျန်းရှီကို ကြည့်ရင်း အထိတ်တလန့် ပြောမိတယ်။ သူမရဲ့ ပါးပေါ်မှာ မျက်ရည်တွေက ဆက်တိုက် စီးကျ နေခဲ့ပြီ။ ဖန်ကျန်းရှီ မျက်နှာပေါ်က မီးခိုးရောင် အငွေ့အသက်ကိုလဲ သူမ ကောင်းကောင်း မြင်နေရတယ်။

“ကောင်မစုတ်လေး။ ဘာဖြစ်လို့ ငိုနေတာလဲ။ ငါက မင်းကို တိုက်ပွဲထဲ ဝင်ရအောင် လုပ်ပြီးမှတော့ သေချာပေါက် ဘယ်လိုလုပ် အသေခံမှာလဲ။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ ဆံပင်တွေကို ထိတွေ့ရင်း ပြောတယ်။

အပိုင်း (၁၀၀၁) ပြီး၏။

အပိုင်း (၁၀၀၂)

“လူတွေကြားက ယုံကြည်မှုနဲ့ သစ္စာ။”

“အရှက် မရှိတဲ့ ကောင်စုတ်။” ပင်းယန်ရဲ့ နှလုံးသား တစ်ခုလုံး နာကျင် နေခဲ့ပြီ။ အမှန်ပဲ။ ဒီကောင်စုတ်က အရှက်မရှိ ပင်မယ့်၊ သူ့သူငယ်ချင်း အပေါ်မှာတော့ တကယ်ကောင်းတယ်။

ရန်ရွှယ်နဲ့ သူမ အပေါ်မှာ ဘယ်တုန်းကမှ စေတနာ မပျက်ခဲ့ဘူး။ သူက တစ်ခါတစ်လေမှာ အရှက်မရှိ တုံ့ပြန် တတ်ပေမယ့်၊ သူ့ကိုယ်သူပဲ အမြဲ အပြစ်တင်လေ့ ရှိတယ်။

“စိတ်ချပါ။ ငါအဆင် ပြေပါတယ်။ ဝေ့ါ။” စကား မဆုံးခင် အချိန်မှာပဲ ဖန်ကျန်းရှီ သွေးအန်တော့တယ်။ သွေးတွေက ပင်းယန်ရဲ့ မျက်နှာပေါ်ကို ကျလာတော့တယ်။

သွေးတွေက မီးလို ပူပြင်းနေတယ်။ ဒါပေမယ့် ပင်းယန်ကတော့ ဖန်ကျန်းရှီရဲ့ လက်မောင်းထဲမှာ ပြစ်လှဲရင်း တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တယ်။

“ငါ အဆင်ပြေတယ်။ တိုက်ပွဲကို မင်းနဲ့ အတူ အနိုင်တိုက်ဖို့ လိုတယ်လေ။” ဖန်ကျန်းရှီ သွေးတေါကို သုတ်ပြစ်ရင်း ပင်းယန်ရဲ့ ကျောကို ဖွဖွလေး ပုတ်ပေးနေတယ်။

“ဟုတ်တယ်။ ငါတို့ နိုင်ရမယ်။” ပင်းယန်က အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာနေပုံပဲ။

“အနိုင်ရမယ် တဲ့လား။ ဟဟား။ ဒါကို အခုချိန်မှာ လာပြော နေသေး တယ်ပေါ့။ ကိုယ့်ကိုယ်ကို တုံးအလွန်းတယ် မထင်မိ ဘူးလား။” လင်းယွိက သူတို့ စကားကို ကြားချိန်မှာ ရယ်မောတော့တယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ စတင် ရယ်မောကြတယ်။

“ဒီလောက် ဒဏ်ရာရ ထားတာတောင် မဟုတ်တမ်း တရားတွေ ပြောနိုင်တုန်းလား။”

“လူသားတွေက ကိုယ့်အဆင့် တကယ်မသိကြတာပဲ။”

“ပြိုင်ပွဲက ငါးကွက် အတွင်း ပြီးတော့မယ်လို့ ငါထင်တယ်။”

“ငါးကွက်တဲ့လား။ သုံးကွက်တောင် ခံမှာ မဟုတ်ဘူး။”

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ဖန်ကျန်းရှီ ဒဏ်ရာရသွားတာကို မြင်ချိန်မှာတော့ အနိုင်ရဖို့ ယုံကြည်ချက်တွေ ပြင်းပြ နေခဲ့ပြီ။ နောက်ဆုံးတော့လဲ ချိုးချီရဲ့ စွမ်းအားတွေက သူတို့ ထင်ထားတာထက် အမျာကြီး သာလွန်နေခဲ့ပြီ။ သူ့စွမ်းအားနဲ့ ဖန်ကျန်းရှီ ဒဏ်ရာ ရတာ ပေါင်းလိုက်ရင် သေချာပေါက် နိုင်လိမ့်မယ်။”

“ခန်းမ ခေါင်းဆောင်မု။ အခြေအနေက ဆိုးနေပြီ။ တစ်ခုခု လုပ်ပါအုန်း။”

“ဟုတ်တယ်။ ငါတို့တွေ ဆုတ်ခွာ ရတော့မလား။”

“ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြင်ဘူးလေ။ ဖန်ကျန်းရှီ သေသွားတာနဲ့ ငါတို့တွေ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်သွားလိမ့်မယ်။”

လူသား မဟာမိတ် တပည့်သားတွေက လက်လျော့ဖို့ အသင့် ဖြစ်နေခဲ့ပြီ။ နောက်ဆုံး မျှော်လင့်ချက်က ပျောက်ကွယ် သွားခဲ့ပြီလေ။

ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းအရ ရှုံးသူက နိုင်သူနောက်ကို လိုက်ရမယ်။ အားလုံးက လိုက်ရမယ် ဆိုတာကို လိုက်နာ(နာခံ) အဖြစ် မှတ်ယူထားရ မယ်မှန်း သိကြတယ်။

လူသားတွေ အားလုံးက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အမိန့်ကို လိုက်နာရမယ်။ ဒါက သေတာနဲ့ မကွာခြားဘူး။ ဒါ့အပြင် မိစ္ဆာ နတ်ဆိုးတွေက သူတို့ စိတ်ကို ပြောင်းလဲမှာလား။ အတိတ် အချိန်တု်းကတော့ ဒါမျိုးက ဖြစ်နိုင်ချေ ရှိတယ်။

“ငါတို့ ဘယ်ကို ဆုတ်ခွာ ရမှာလဲ။” မုချင်းဖန်း မျက်မှောင်ကြုတ် သွားခဲ့တယ်။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ နည်းလမ်းကို သူကောင်းကောင်းသိတယ်။ လူသား မဟာမိတ်တွေ လက်နက်ချပြီး အညံ့ခံနေရင်တောင် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရတာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီလို လူတွေကတော့ သတ်ဖြတ်မှုမှာ အရင်ဆုံး အသတ်ခံရမယ့် သူတွေ။

မိစ္ဆာ နတ်ဆိုးတွေက ဒီလို အစွမ်းထက်တဲ့ လူတွေကို သေချာပေါက် အသက်ဆက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး။ သူတို့ နှစ်ယောက်သာ သေသွားရင်၊ လူသား မျိုးနွယ်ကလဲ အညံ့ခံ လိမ့်မယ်။

“မြူနှင်းတွေ နောက်မှာ လမ်းရှိတဲ့ ပုံပဲ။ အဲ့ဒီ့ကို သွားသင့်တယ် မဟုတ်လား။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က နောက်ဘက် မြူနှင်းတွေကို ကြည့်ရင်း ပြောလိုက်တယ်။

“မြူနှင်းတွေ။” မုချင်းဖန်းလဲ မြူတွေ နောက်ကို ကျော်ပြီး မမြင်နိုင်ခဲ့ဘူး။ ဒါပေမယ့် အထဲမှာ ရှိနေတာကိုတော့ သိခဲ့တယ်။ ပြောင်းပြန်လန်နေတဲ့ တောင်စောင်း တစ်ခု။

အပေါ်ကနေ အောက်ကို ကြည့်ရင် ကောင်းကင်ပြာကြီးကို မြင်ရလိမ့်မယ်။ အောက်ကနေ အပေါ်ကို ကြည့်ရင် အဆုံးမဲ့ ချောက်ကြီး တစ်ခုကို မြင်ရလိမ့်မယ်။ သူတို့တွေ ဘယ်ကို ပြေးလို့ ရနိုင်မှာလဲ။ မုချင်းဖန်း တစ်ချိန်တုန်းက အဲ့ဒီ့ တောင်စောင်းကို သွားခဲ့ဖူးတယ်။ ဒါပေမယ့် ထွက်လမ်းကို မသိတဲ့ အတွက် မလွတ်မြောက် နိုင်ခဲ့ဘူး။

“အခုပဲ ဆုံးဖြတ်လိုက်ပါ။ ခန်းမ ခေါင်းဆောင်မု။ ဒီနေရာကို ခေါင်းဆောင်မုက တစ်ခေါက် ရောက်ဖူးတယ်။ ငါတို့ကို ဦးဆောင်ပေးပါ။” မျိုးနွယ်စု ခေါင်းဆောင် လောတော့တယ်။

“ပါးစပ် ပိတ်ထားစမ်း။” မာဆတ်ဆတ် အသံ တစ်ခု ထွက်ပေါ်လာတယ်။ ဒီအသံကတော့ မော့ရှန်းရှီရဲ့ အသံပဲ။

မော့ရှန်းရှီက ဒေါသတကြီးနဲ့ ထအော်တယ်။ သူ့ရဲ့ ခေါင်းတွေက မီးတောက်တော့ မလို ဖြစ်နေခဲ့ပြီ။ သည်းခံနိုင်စွမ်း အတိုင်းအတာကို ကုန်ဆုံး သွားခဲ့ပြီလေ။

“ခန်းမ ခေါင်းဆောင်မော့။ ငါ့ကို ဘာလို့ လာအော် နေတာလဲ။” မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အမူအယာက ပြောင်းလဲ သွားပေမယ့် မော့ရှန်းရှီရဲ့ ဒေါသကို သူလဲ တောင့်မခံ နိုင်ခဲ့ဘူး။

“ငါက မင်းကို အေးအေးဆေးဆေး ပြောနေပြီးသား။ ဖန်ကျန်းရှီက အားလုံး ရှေ့မှာ အစွမ်းကုန် တိုက်ခိုက် နေတဲ့သူ။ မင်းကတော့ ဆုတ်ခွာဖို့ လုပ်နေတယ်။ လူသား မဟာမိတ် အဖွဲ့ကို သစ္စာ မရှိတဲ့ လူတွေ ဖြစ်စေချင် နေတာလား။” မော့ရှန်းရှီ အံကြိတ်ရင်း လက်သီးနဲ့ ထိုးဖို့ ရွယ်လိုက်တယ်။

“မင်း။” မျိုးနွယ်စု ခေါင်းဆောင်က ဒေါသ ထွက်လွန်းလို့ ဘာမှ ပြောနိုင်တော့ဘူး။ “တောင်ကြား ခေါင်းဆောင်မော့၊ ဒီကိစ္စက သေရေး ရှင်ရေးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်နေပြီ။ သစ္စာ ရှိတာ မရှိတာတွေ ဘာလို့ ပြောနေ အုန်းမှာလဲ။ ငါတို့တွေ အခုက သစ္စာ ရှိနေရမယ့် အချိန်လား။ ငါတို့တွေ ဒီအတိုင်း အချိန်ဖြုန်းနေ ကြတော့မှာလား။ ငါတို့တွေ မလွတ်တော့ရင် ဘယ်လို လုပ်မလဲ။ လူသား မဟာမိတ် အဖွဲ့ကြီးကို ဒီနေရာမှာ ပျောက်ကွယ် သွားစေချင်တာလား။”

“အမှန်ပဲ။”

“ငါတို့တွေ ဒီနေရာမှာ ထိုင်ပြီး သေဖို့ စောင့်မနေနိုင်ဘူး။”

“အကယ်၍ ဖန်ကျန်းရှီသာ နိုင်သွားရင် အကောင်းဆုံး ဖြစ်မှာပေါ့။ ဒါပေမယ့် အခြေအနေက ကောင်းမနေဘူး။ ငါတို့တွေ ဒီအတိုင်း စောင့်နေလို့မှာ မရတာ ဟုတ်တယ်မလား။”

လူသား မဟာမိတ် တပည့်သားတွေ ခေါင်းငြိမ့်လိုက်တယ်။

“အကယ်၍ မင်းတို့ ဆုတ်ခွာချင်ရင်၊ ဆုတ်ခွာကြ။ ငါ မော့ရှန်းရှီကတော့ သေချာပေါက် မဆုတ်ခွာဘူး။” မော့ရှန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်ရင်း ပြန်ပြောတော့တယ်။ သူလက်သီးကို ဖြူဖျော့တဲ့ အထိ ဆုပ်ထားခဲ့တယ်။ သူ့ခန္ဒာကိုယ်ကနေ ပြင်းထန်တဲ့ အရှိန်အဝါတွေ ထွက်ပေါ် နေခဲ့ပြီ။

လူသား မဟာမိတ် တပည့်သားတွေက ဒီအရှိန်အဝါတွေကြောင့် မျက်နှာ ပျက်ကုန်ကြတယ်။ အားလုံးက ဆူညံသံတွေ မထွက်ဝံ့တော့ဘူး။

“ဖူရှီး တောင်ကြားသာ စောင့်ချင်တယ် ဆိုရင်၊ စောင့်ကြလေ။ ငါတို့ကတော့ မစောင့်နိုင်ဘူး။” အံကြိတ်လိုက်ရင်း ခေါင်းဆောင် တစ်ယောက်က ပြောပြန်တယ်။

“နင်တို့ သွားဝံ့ရင်၊ ငါနင့်ကို အရင် သတ်မယ်။” ဝူယွဲ့အာရဲ့ အသံ ထွက်ပေါ် လာပြီးနောက် ဝတ်ရုံနက် တပည့်သားတွေက ခေါင်းဆောင်ကို ဝန်းရံလိုက်တယ်။

“ဝူယွဲ့အာ မင်း ဘာလုပ်တာလဲ။” မျိုးနွယ်စု ခေါင်းဆောင်ရဲ့ အမူအယာက ပြောင်းလဲ သွားပြန်တယ်။

“ဘာမှ မဟုတ်ပါဘူး။ ငါမသွားခင် ဘယ်သူမှ မသွားရဘူး။” ဝူယွဲ့အာက အရမ်းကို တင်းမာ ပြတ်သား နေခဲ့တယ်။ သူမရဲ့ သတ်ဖြတ် လိုစိတ်တွေက ပြင်းထန် လွန်းနေ ခဲ့တယ်။ ကြီးမားတဲ့ ကျောက်တုံးကြီး တစ်ခု ရေကန်ထဲကို ပြုတ်ကျသွားတဲ့ အတိုင်းပဲ။

“ယွဲ့အာ။ ထားလိုက်တော့။ သူတို့တွေကို တားလဲ အသုံး မဝင်တော့ဘူး။ အားလုံးက စိတ်ပြောင်း နေကြပြီ။ သူတို့ သွားချင်ရင်၊ သွားကြပါစေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဝူယွဲ့အာရဲ့ ပုခုံးပေါ်ကို လက်တင်ထားရင်း နှစ်သိမ့်နေခဲ့တယ်။

“ဆရာ။ ဒီလို လူတွေ အတွက် ဖန်ကျန်းရှီ သူ့အသက်သူ စွန့်စား နေရတာ မတန်ဘူး။ လုံး၀ လုံး၀ မတန်ဘူး။”

“တန်လား မတန်ဘူးလား ဆိုတာ ဘယ်သူက သေချာ ပြောနိုင်မှာလဲ။ သူတို့ သွားချင် သွားပါစေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သက်ပြင်းချလိုက်တယ်။

“ကောင်းပြီ။ သွားကြစို့။” ဒါကို ကြားချိန်မှာတော့ မျိုးနွယ်စု ခေါင်းဆောင်က ချက်ခြင်း အံကြိတ်ရင်း ထွက်သွားဖို့ ပြင်တယ်။ ဒါပေမယ့် အံ့သြ စရာ ကောင်းတာကတော့ သူလှည့်ထွက် သွားချိန်မှာ လိုက်လာသူ မရှိသလောက် ဖြစ်နေတာပဲ။

“မင်းတို့တွေ အားလုံး မသွားကြဘူးလား။” မျိုးနွယ် ခေါင်းဆောင် လန့်သွားခဲ့တယ်။ အစောပိုင်းမှာ သူ့စကားကို ထောက်ခံသူတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့နောက်ကို လိုက်မယ့်သူက ငါးယောက်တောင် မပြည့်တော့ဘူး။

လူသား မဟာမိတ် တပည့်သား ထောင်ချီထဲမှာ သူအပါအဝင် ငါးယောက်သာ ထွက်ခွာတယ်။ ဘယ်လောက်တောင် လန့်စရာ ကောင်းလိုက်သလဲ။

“လီမုန့်။ မင်းတကယ်ပဲ မသွားဘူးလား။” လူအုပ်ထဲမှာ မလှုပ်မယှက် ရပ်နေတဲ့ လူငယ်လေးကို ကြည့်ရင်း မျိုးနွယ် ခေါင်းဆောင်ရဲ့ မျက်နှာတွေက နီရဲ လာတော့တယ်။ ဒါက သူကိုယ်တိုင် သင်ကြား ပေးခဲ့တဲ့ တပည့်သား။

“ဆရာ။ ကျွန်တော် မသွားဘူး။ နေခဲ့မယ်။ သေရင်တောင် တခြားသူတွေ ကျွန်တော့်နောက်မှာ ပြောဆို နေကြမှာကို အဖြစ် မခံနိုင်ဘူး။” ကောင်လေးသာ ခေါင်းကိုသာ တွင်တွင် ခါယမ်း နေခဲ့တယ်။ သူသေချာ စိတ်ဆုံးဖြတ် ထားပုံပဲ။

“ကောင်းတယ်။ အရမ်းကောင်းတယ်။ နေခဲ့ပြီး သေမှာကို စောင့်နေလိုက်။” ခေါင်းဆောင်က ဒေါသတကြီးနဲ့ နောက်မလှည့်ပဲ ထွက်ခွာ သွားတော့တယ်။

သူ့နောက်ကနေ လိုက်လာနေတဲ့ တပည့်သားတွေလဲ ခပ်မြန်မြန် ကပ်လိုက် လာကြတယ်။

မော့ရှန်းရှီကတော့ ပတ်ဝန်းကျင်ကိုသာ ကြည့်နေခဲ့တယ်။ မကြာခင်ပဲ ယင်ယန် ခန်းမ အကြီးအကဲတွေနဲ့ တပည့်သားတွေ ဆီကို သူအကြည့် ရောက်သွားခဲ့တယ်။

သူတို့ကို မေးမြန်း နေမယ့် အစား မော့ရှန်းရှီ ခေါင်းသာ ငြိမ့်ပြလိုက်တယ်။ အကြီးအကဲတွေလဲ ခေါင်းပြန်ငြိမ့်တယ်။ ဒီသေးငယ်တဲ့ အပြုအမူလေး တစ်ခုက ယင်ယန် ခန်းမ တပည့်သားနဲ့ အကြီးအကဲတွေရဲ့ စိတ်ဆုံးဖြတ်ချက်ကို သိသာစေဖို့ လုံလောက် နေခဲ့ပြီ။

ဖန်ကျန်းရှီက တောက်ဟွမ်နဲ့ တောက်ရှင်းကို သတ်ခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် ယင်ယန် ခန်းမက လူသား မဟာမိတ် အပေါ်ကို သစ္စာ ပျက်မှာ မဟုတ်ဘူး။ ထွက်ခွာမယ့် အစား နေဖို့ကိုသာ ရွေးချယ်ကြတယ်။

…

အရေးနိမ့်တဲ့ အခြေအနေနဲ့ ရင်ဆိုင် ရချိန်၊ လူသား မဟာမိတ် အဖွဲ့ထဲမှာ အခြေအတင် ဖြစ်ခဲ့တယ်။

ဒါပေမယ့် ဒီကိစ္စက မထင်မှတ် ထားရအောင် သေးငယ်နေပြီး မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်နဲ့ တပည့်သား လေးယောက်က လွဲလို့ အားလုံး နေခဲ့ဖို့ ရွေးချယ်တဲ့ ဆုံးဖြတ်ချက် အဖြစ် ပြောင်းလဲ ခဲ့တယ်။

ဒီအဖြစ် အပျက်က မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ ပြောတဲ့ လူသားတွေရဲ့ တုံးအ မိုက်မဲမှုဆိုတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဒီလို တုံးအ မိုက်မဲမှု ကြောင့်သာ လူသားတွေက တိုက်ခိုက်ရင်း လောက ခေါင်းဆောင် နေရာကို တက်လှမ်း နိုင်ခဲ့ကြတယ်။ တကယ့် ကပ်ဆိုးကြီး စတင်ချိန်မှာ လူသားတွေက မိုးဒဏ် လေဒဏ် မီးဒဏ်ကို မကြောက်တဲ့ သံသတ္တုတွေလို စည်းလုံး ကြတယ်။

အခုချိန်မှာ အားလုံး ညီညွှတ်ရတဲ့ အကြောင်းအရင်း ကတော့ ဖန်ကျန်းရှီပဲ။ သူတို့ အားလုံး အရှက်မရှိတဲ့ ကောင်စုတ်လို့ မှတ်ယူခဲ့ ဖူးသူ။ ဒီလူက သူတို့ အားလုံးရဲ့ အကြောက်တရားတွေကို ပျောက်ကွယ် စေပြီး မျှော်လင့်ချက်ကို အသက်ဝင်စေတယ်။

မျှော်လင့်ချက်က အရမ်းကို သေးငယ် နေရင်တောင် ကိစ္စ မရှိဘူး။

“ဒါက လူသား မျိုးနွယ်တွေရဲ့ အပြုအမူလား။” ပတ်ဝန်းကျင်က လူသားတွေကို ယွင်ချင်းဝူ ကြည့်နေခဲ့တယ်။ သူတို့ရဲ့ မျက်ဝန်းတွေ ထဲမှာ အကြောက်တရားကို သူမ အထင်းသား မြင်နေ ခဲ့ရတယ်။ ဒါပေမယ့် သူတို့ကတော့ နေဖို့ကိုသာ ရွေးချယ်တယ်။

သူတို့တွေ သေမှာကို ကြောက်ကြတယ်။ ဒါပေမယ့် ဆက်နေကြတယ်။

ယွင်ချင်းဝူ ပတ်ပတ်လည်က လူတွေကို ကြည့်ပြီးနောက် ပင်းယန် အနားမှာ ရှိနေသူဆီ အကြည့် ရောက်သွားပြန်တယ်။

ဒီပိန်ပိန်ပါးပါး လူငယ်က လူသား မဟာမိတ်ကို စည်းလုံးအောင် စုစည်း နိုင်ခဲ့တယ်။

ယွင်ချင်းဝူ စိတ်ထဲမှာ ကြိုတင် သိမြင်ခံစား မိတဲ့ ကိစ္စ တစ်ခု ဝင်ရောက်လာတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ဒီလူငယ်က နိုင်ငံတော်ကြီး လေးခုနဲ့ လူသား မျိုးနွယ် တစ်ခုလုံးကို စုစည်း နိုင်တော့မယ်။

“ဖန်ကျန်းရှီ နင်သိရဲ့လား။ အဲ့ဒီ့နေ့ကို ငါစောင့်နေ ခဲ့တာ။ တခြားသူတွေ အကြံအစည်တွေကို မှီခို စရာ မလိုတော့ပဲ ငါ့လက် ငါ့ခြေနဲ့ နင့်ကို တိုက်ခိုက်နိုင်မယ့်နေ့ ရောက်လာဖို့ပေါ့။ ကံမကောင်းတာက အဲ့ဒီလို အခွင့်အရေး ငါ့မှာ မရှိတော့တာပဲ။” ယွင်ချင်းဝူက စိတ်ထဲမှာ တီးတိုး ပြောနေမိတယ်။ သူက လွဲပြီး လောကကြီးမှာ တခြား အရာတွေ မရှိတော့တဲ့ အတိုင်း ဒီလူ့ကိုသာ စိုက်ကြည့်နေတယ်။

တခြား တစ်ဖက်မှာ ရှိနေတဲ့ ဖန်ကျန်းရှီကတော့ လူသား မဟာမိတ်က ကိစ္စတွေကို အာရုံ မစိုက်နိုင်ဘူး။ ချိုးချီရဲ့ အင်အားတွေက သူ့ကို စိတ်ဖိစီး စေတယ်လေ။

ဝူး။ အနက်ရောင် တောင်ပံတွေက ဖန်ကျန်းရှီရဲ့ ကျောကနေ ထိုးထွက်လာတယ်။ ရွှေရောင် အလင်းတန်းကလဲ သူ့တကိုယ်လုံးကို စီးဆင်း သွားခဲ့ပြီ။ အခုချိန်မှာ သူ့အစွမ်းတွေကို ဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး။ အစွမ်းကုန် တိုက်ခိုက်ရမယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သေတဲ့ အထိ တိုက်ခိုက်မယ်။

“သန်မာလိုက်တဲ့ အင်အား။”

“အရှင် ချိုးချီရဲ့ လက်ဝါးချက် မိပြီးတာတောင် သူက ဒီလောက်ထိ အားကောင်း နေသေးတာလား။”

“အဲ့ဒီ့ ဖန်ကျန်းရှီက လူ ဟုတ်ရော ဟုတ်သေးလား။”

မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ ဖန်ကျန်းရှီရဲ့ အရှိန်အဝါကို မြင်ချိန်မှာတော့ ချက်ခြင်း လေးနက် သွားကြတယ်။ ဖန်ကျန်းရှီမှာ တိုက်ခိုက်ဖို့ အင်အား ရှိနေသရွေ့ ဒီတိုက်ပွဲ ရလဒ်က ပြောင်းလဲ နိုင်မှန်း အားလုံး သိကြတယ်။ ဒါ့အပြင် ဒီလို အဖြစ်မျိုးက အကြိမ်ကြိမ် ဖြစ်ပြီးခဲ့ ပြီးသား။

တောင်ပိုင်း ဒေသ တိုက်ပွဲမှာ သုခမိန် ချန့်ယန်းကို ဖန်ကျန်းရှီ ရှုံးပြီလို့ အားလုံး ထင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ရလဒ်ကို သူပြောင်းပြန် လှန်နိုင်ခဲ့တယ်။

ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာလဲ ဧကရီ ပိုင်ကျစ်ကို ဖန်ကျန်းရှီ နိုင်မယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။ အထူးသဖြင့် လေဟာနယ် ဖြိုခွင်း နတ်သခင် ဆင်းသက် လာပြီး ချိန်မှာပေါ့။

သုခမိန် ဖြစ်ခါစ လူသား တစ်ယောက်က နတ်ဆိုး နတ်သခင်ကို သတ်နိုင်စွမ်း ရှိမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။ ဒါပေမယ့် ဖြစ်လာခဲ့တယ်။ သူတို့ မျက်စိ ရှေ့မှာတင် ဖြစ်ခဲ့တယ်။

သူတို့တွေ ဘယ်လောက်ပဲ မလိုလာပါစေ၊ မယုံကြည် နိုင်ပါစေ၊ ဒါက ဖြစ်ရပ်မှန်ပဲ။ ဖန်ကျန်းရှီက အံ့ဖွယ်ရာတွေကို လုပ်ဆောင်နိုင်တယ်။

“ကောင်လေး။ မင်းက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့လူ။ ငါတို့ကို စိတ်မပျက်စေနဲ့။” ရန်ချန်လိက ဖန်ကျန်းရှီ အနားကို ရောက်လာရင်း ထူးမခြားနား လေသံနဲ့ ပြောနေခဲ့တယ်။ ဂရုစိုက်နေတဲ့ အကြည့်ကတော့ သူ့မျက်နှာမှာ အထင်းသား။

“ကျန်းရှီ၊ ငါတို့ အတူတူ တိုက်ခိုက်ကြစို့။” ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ ဒဏ်ရာတွေကို မမေးခဲ့ဘူး။ သူ့သူငယ်ချင်း အကြောင်းကို သူကောင်းကောင်း သိတယ်။ ဒါ့အပြင် အဆုံးထိ သူနဲ့ အတူ တိုက်ခိုက် နိုင်မယ် ဆိုတာကိုလဲ ယုံကြည်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါလဲ နင်တို့ သုံးယောက်နဲ့ အတူ တိုက်ခိုက်ချင်တယ်။” ပင်းယန်က ရဲရဲတောက် ချီလင်လှံကို လင်းနဉ် လည်ပင်းမှာ ချိန်ရွယ်ရင်း ပြောတယ်။

“ကောင်းပြီ။ အခုက လေးယောက် သုံးယောက် တိုက်ပွဲပဲ။ ငါတို့ အသာစီး ရနေတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း လက်ဖဝါးတွေကို လငပ်ရှားလိုက်တယ်။ သူ့လက်ထဲမှာ ဓားရှည်နှစ်ချောင်း ရှိနေခဲ့ပြီ။ ဓားနှစ်လက်ကို ဘယ်ညာ ကိုင်ဆွဲရင်း အတောင်ပံတွေကို တဖျပ်ဖျပ် ခတ်ပြီး ပင်းယန်ကို လေထဲ သယ်ဆောင် သွားခဲ့တယ်။

“လေးယောက် သုံးယောက်နဲ့ အသာစီး ရနေပြီတဲ့လား။ တကယ်ပဲ ဘာပြော ရမလဲ မသိတော့ဘူး။ မင်းတို့ကောင်တွေ ဘယ်လို အသာစီး ရမလဲ မြင်ချင်လိုက်တာ။” လင်းယွိ အေးစက်စက် ပြောနေခဲ့တယ်။

အပိုင်း (၁၀၀၂) ပြီး၏။

အပိုင်း (၁၀၀၃)

“အမြင့်ကြီးက မီးအိမ် အနီလေး။”

ရေခဲပြာရောင် လှံတစ်လက်က လင်းယွိ လက်ထဲမှာ ပေါ်လာခဲ့တယ်။ လှံထိပ် အသွားက အရမ်းကို ထက်ရှလွန်းလို့၊ ရေခဲပြာရောင် အစိုင်အခဲကိုတောင် ထွင်းဖောက် မြင်နေရပြီ။ လင်းယွိ လက်နက် တစ်ခုကို သုံးတာ ပထမဆုံး အကြိမ်ပဲ။

လှံတစ်ချောင်း။

“သူ့ရဲ့ လှံက ရေခဲနဲ့ လုပ်ထားတာ။ ငါ့လှံက မီးနဲ့ လုပ်ထားတဲ့လှံ။ ငါသူ့ကို တိုက်ခိုက်မယ်။” ပင်းယန်ကတော့ လင်းယွိ လက်ထဲက လှံကို မြင်ချိန်မှာ အရမ်းတွေ စိတ်လှုပ်ရှား လာတော့တယ်။

“မင်းက သူ့ကို သွားတိုက်ခိုက် ချင်တာလား။” ပင်းယန်ရဲ့ စိတ်အား ထက်သန်မှုကို ဖန်ကျန်းရှီ မနှောက်ယှက်ချင်ဘူး။

ဒါပေမယ့် ပင်းယန်ရဲ့ အစွမ်းက သာမာန် မိစ္ဆာ ဘုရင် တစ်ယောက်ကို အနိုင်ယူဖို့တောင် မလုံလောက်သေးဘူး။ လင်းယွိလို နတ်သခင် တစ်ယောက်ကို ဘယ်လိုများ အနိုင်ယူ နိုင်မှာလဲ။ သူတို့ကြားက ကွာခြားချက် ဆိုတာ ကြီးမားလွန်းတယ်။

“ပင်းယန် မင်းသမီးနဲ့ အတူတူ တိုက်ခိုက်ဖို့ ငါဆန္ဒရှိတယ်။ မနိုင်နိုင်ရင်တောင်၊ အချိန်ဆွဲ ထားနိုင်ဖို့ ယုံကြည်ချက် ရှိတယ်။” ရန်ချန်လိ ပြောလိုက်တယ်။

“အဲ့ဒီ့ အမျိုးသမီး မိစ္ဆာမကို သုံးကွက် အတွင်း ငါအနိုင်ယူနိုင်တယ်။” ရန်ရွှယ်က လင်းနဉ်ကို ကြည့်ရင်း ပြောတယ်။

“ဒီတော့ ငါ့မှာ တခြား ရွေးချယ်စရာ ထပ်မရှိတော့ဘူးပေါ့။” ဖန်ကျန်းရှီက သူတို့ သုံးယောက်ကို ပြုံးရင်း ပြောပြန်တယ်။

“အင်း။” ရန်ရွှယ် ခေါင်းငြိမ့်လိုက်တယ်။

ရန်ချန်လိနဲ့ ပင်းယန်ကတော့ ဖန်ကျန်းရှီကို လှမ်းကြည့် နေခဲ့ကြတယ်။

“မင်းက ရွေးချယ်ချင်နေသေး တာလား။ အကယ်၍ မင်းသာ ရွေးချင်တိုင်း ရွေးလို့ ရနေရင်၊ ဒီတိုက်ပွဲကို ငါတို့ ဆက်တိုက်ခိုက်စရာ လိုနေ အုန်းမှာလား။”

နောက်ထပ် မဆွေးနွေးတော့ပဲ တိုက်ပွဲကို စတင်ခဲ့ပြီ။ ပင်းယန်က အရင်ဆုံး ထွက်သွားခဲ့တယ်။ ရန်ချန်လိကတော့ သူမ နောက်ကနေ ကပ်လိုက်လာတယ်။

ဒီတိုက်ခိုက်မှုက လင်းယွိကို အံ့သြသွားစေ ခဲ့တယ်။

သူက နတ်သခင် တစ်ယောက်။ နတ်သခင်တွေ ထဲမှာ အင်အား အကြီးဆုံး မဟုတ်ခဲ့ ပေမယ့်၊ ရှေးဟောင်း စစ်ပွဲမှာ နာမည်ကြီးခဲ့သူ။ အခုတော့ သူ့ရဲ့ လက်နက်ကို ထုတ်ပြ လိုက်တာတောင် ဘာမဟုတ်တဲ့ သုခမိန် နှစ်ယောက် လာနှောက်ယှက်တာကို ခံနေ ရသေးတယ်။

“သွားသေလိုက်။” လင်းယွိက သူ့ရဲ့ ရေခဲလှံကြီးကို မြှောက်လိုက်တယ်။ သူ့မျက်လုံးတွေက ရုတ်တရက် ပြာသွားပြီး နဖူးမှာတော့ အပြာရောင် အလင်းတန်းက တောက်ပ လာတော့တယ်။ ထက်ရှတဲ့ ရေခဲစိုင်တွေကလဲ မြေပြင်ကနေ ချက်ခြင်း မြင့်တက် လာတယ်။ ဒါတွေက သာမာန် ရေခဲတွေ မဟုတ်ခဲ့ဘူး။ ရေခဲ အစိုင်အခဲတွေပဲ။

သာမာန် ရေခဲတွေထက် ပိုပြီး အေးစက်ရုံတင် မကဘူး။ အများကြီး ပိုမာကျောတဲ့ အပြင် စီးဆင်းနေတဲ့ အပြာရောင် အလင်းတန်းတွေကလဲ သန်မာနေတယ်။

ဒီမာကျောမှုက တိုက်ခိုက်မှုကို ကောင်းကောင်း ပြောင်းလဲ နိုင်တယ်။ ပင်းယန်ကတော့ ဒါကို သတိ မထားမိတဲ့ အတွက် ချီလင်လှံကို မရပ်တန့် ခဲ့ဘူး။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက် ရတယ်။

ဒါပေမယ့် ရေခဲတွေက ကွဲအက်မသွား ခဲ့ဘူး။ ကျောက်စိုင်သားတွေလို ခိုင်မာ နေတဲ့ ရေခဲ နံရံကြီးက ပင်းယန်ကို တားဆီး ထားပြီး ချက်ခြင်း ဆိုသလို ချီလင်လှံဆီ တက်လာ တော့တယ်။

ပင်းယန်ကို ရူးရူးသွပ်သွပ် စတင် တိုက်ခိုက်တယ်။

“အခုပဲ ထွက်ခွာပါတော့ အရှင်မင်းသမီး။” ရန်ချန်လိရဲ့ တိုက်ပွဲ အတွေ့အကြုံက သာလွန် ထူးခြားတဲ့ အတွက် ဒါတွေက ကိုင်တွယ်ဖို့ မလွယ်မှန်း သူချက်ခြင်း နားလည်တယ်။ ဒါကြောင့် ပင်းယန်ကို သူချက်ခြင်း ဆွဲထုတ်တယ်။ လက်မှာတော့ အနီရောင် အဇူရာ ဒိုင်းတစ်ခုကို သူဖန်တီး လိုက်တယ်။

ဘန်း။ ရန်ချန်လိက ပင်းယန်နဲ့ အတူ လွင့်ထွက် လာတယ်။ ပင်းယန်ကို သူ့နောက်ဘက်မှာ ဆွဲကပ် ထားခဲ့ပြီး ပင်းယန်ရဲ့ ခြေထောက်တွေက မြေပြင်ပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရှိနေခဲ့တယ်။ ပင်းယန် ရပ်တန့် ပြီးနောက် ရန်ချန်လိက ဒီအခြေစိုက်မှုကို သုံးပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ် လိုက်တယ်။

သူတို့ နှစ်ယောက်စလုံး ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ လင်းယွိတောင် ဒီရလဒ်ကြောင့် အံ့သြ သွားခဲ့တယ်။

“ရန်ချန်လိ။ တိုက်ပွဲ အတွေ့အကြုံမှာ ရန်ချန်လိက အထင်ကြီးစရာ ကောင်းတာပဲ။” လင်းယွိက ကောင်းကောင်း ထိုးထွင်း သိမြင်နိုင်တယ်။ အကယ်၍ ဒီနေရာမှာ တခြားသူသာ ဖြစ်ခဲ့ရင် သေချာပေါက် မြေပြင်မှာ လိမ့်နေ လောက်ပြီ။

“ဦးလေးရန်က တကယ့်ကို အစွမ်းထက်တာပဲ။” ပင်းယန် အလန့်တကြား ပြောတယ်။

“ဟဟား။ အရှင်မင်းသမီး ငါ့ကိုသာ ယုံရင်၊ ငါ့အမိန့်ကို နာခံပြီး ကောင်းကောင်း တိုက်ခိုက်။ ဟုတ်ပြီလား။” ရန်ချန်လိက ပြုံးပြုံးကြီး ပြန်ဖြေတယ်။

“ဟုတ်ကဲ့။ အမိန့်အတိုင်း တိုက်ခိုက်မယ်။” ပင်းယန်ကို စကား နားထောင်အောင် လုပ်နိုင်သူက ရှားပါးတယ်။ ဒါပေမယ့် ရန်ချန်လိကတော့ ဒီလူတွေ ထဲက တစ်ယောက်ပဲ။ ရန်ရွှယ့်ရဲ့ အဖိုး ဖြစ်နေတာ ကြောင့်တင် မကဘူး။ အနောက်လျန် ပြည်နယ်ရဲ့ သူရဲကောင်းကြီး ဖြစ်တဲ့ သူက စစ်နတ်ဘုရား တစ်ပါးလဲ ဖြစ်နေ သေးတယ်။

ပင်းယန်လို ခေါင်းမာတဲ့ သူတောင် သူ့ကို လေးစားရတယ်။

“မင်းသားရန်ရဲ့ အကူအညီသာ ရရင် ပင်းယန်လဲ အဆင်ပြေမှာပါ။” မုချင်းဖန်းကတော့ ဒါကို မြင်တဲ့ အတွက် စိတ်အေး သွားခဲ့တယ်။

“ဟုတ်တယ်။ ရန်ချန်လိက တကယ် ထူးခြားတဲ့ သူပဲ။ မဟုတ်ရင်၊ အနောက်လျန် ပြည်နယ်ရဲ့ နယ်နိမိတ်က နှစ်ရာချီပြီး ဒီလောက်ထိ တည်မြဲနေမှာ မဟုတ်ဘူး။” မော့ရှန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

ဒါကို ကြားချိန်မှာတော့ နောက်ဘက်က တပည့်သားတွေလဲ လှုပ်ရွ လာကြတယ်။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသားရန် အကြောင်းကို မသိတဲ့သူ ဘယ်သူ ရှိမှာလဲ။

ရန်ချန်လိက မြင့်မြတ် နယ်မြေမှာ အင်အား ကြီးတဲ့သူ မဟုတ်ပေမယ့်၊ နိုင်ငံတော် လေးခုမှာတော့ ကျော်ကြားတယ်။

ဖန်ကျန်းရှီကလဲ ရန်ချန်လိကို ရွေးချယ်ပြီး တိုက်ခိုက်ခိုင်းတာ သူ့ရဲ့ ထက်မြက်မှုကြောင့်ပဲ၊

…

ပင်းယန်နဲ့ ရန်ချန်လိ တိုက်ခိုက်ပြီးနောက် ရန်ရွှယ်နဲ့ လင်းနဉ်ရဲ့ တိုက်ပွဲကြောင့် တတိယ အချီ အခြေအနေက ပြန်ပြီး ပြင်းထန် လာပြန်တယ်။

ဝုန်း။

လက်ဝါး ရိုက်ချက်ကြောင့် လင်းနဉ် နောက်ကို ခြေသုံးလှမ်း ဆုတ်သွား ခဲ့ရတယ်။ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာမှာ ထိတ်လန့်မှုက အထင်းသား ပေါ်နေခဲ့ပြီ။ သူမကို ရိုက်ခတ်ခဲ့တဲ့ အင်အားက ခန္ဒာကိုယ် အင်အား သက်သက်ပဲ။ သုခမိန် တစ်ယောက်မှာ မိစ္ဆာ ဘုရင်ကို အားချည်း သက်သက် တိုက်ခိုက်နိုင်စွမ်း ရှိနေတယ်လား။

ဒါ့အပြင် ရန်ရွှယ်က အသက် ၁၈နှစ်ပဲ ရှိသေးတယ်။ သူ့ရဲ့ အနာဂတ် အလားအလာကို လင်းယွိတောင် လန့်မိတယ်။

လူသား မျိုးနွယ်တွေက မိစ္ဆာ နတ်ဆိုးတွေထက် အားနည်းပေမယ့်၊ အရေအတွက် ကတော့ သာလွန်တယ်။ ဒါ့အပြင် သင်ကြား သင်ယူနိုင်တဲ့ အခွင့်အရေး တွေကလဲ များပြား ကြွယ်ဝတယ်။

လူသား တွေထဲမှာ ထူးခြားတဲ့ အလားအလာနဲ့ မွေးဖွား လာသူတွေက အရည်အချင်းရှိ မိစ္ဆာ နတ်ဆိုးတွေ ထက်တောင် အင်အား ကြီးမား နိုင်သေးတယ်။ ရန်ရွှယ်က သူတို့ထဲက တစ်ယောက်ပဲ။

အင်အားကြီး မိစ္ဆာ ဘုရင် တစ်ယောက်ကို လက်ဗလာနဲ့တင် သူတိုက်ခိုက် နိုင်နေပြီ။ ဒီအတိုင်းသာ ဆက်သွားရင်၊ မဝေးတော့တဲ့ အချိန် တစ်ခုမှာ သူက သေချာပေါက် သူရဲကောင်း ဖြစ်လာလိမ့်မယ်။

“ငါသူ့ကို သတ်ရမယ်။” လင်းယွိ စိတ်ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူမလုပ်နိုင် သေးဘူး။ ပထမဆုံး ပင်းယန်နဲ့ ရန်ချန်လိရဲ့ တိုက်ခိုက်မှုကို သူကျော်ဖြတ်ဖို့ လိုနေတယ်။

ရန်ချန်လိရဲ့ အမိန့် အတိုင်း တိုက်ခိုက် နေခဲ့တဲ့ ပင်းယန်ရဲ့ လှုပ်ရှားမှုတွေက တိကျ ပြတ်သားပြီး သေကွင်း သေကွက်ကိုချည်း ချိန်ရွယ် ထားတယ်။ ပင်းယန်ရဲ့ တိုက်ခိုက်မှု နည်းလမ်းတွေက ပရမ်းပတာ ဖြစ်နေပင်မယ့်၊ သူမရဲ့ လှုပ်ရှားမှုက ပညာသား ပါတယ်။

လင်းယွိ ဒါကို ကိုယ်တိုင် ကြုံတွေ့ နေရတာသာ မဟုတ်ရင်၊ အသက် ၁၆နှစ် အရွယ် လူသား ကောင်မလေး တစ်ယောက်က လှံသိုင်း ပညာရပ်မှာ ဒီလောက်ထိ ထူးချွန် နေနိုင်တာကို တွေးမိမှာတောင် မဟုတ်ဘူး။

ဘန်း။

လင်းယွိ နောက်ကို ခုန်ဆုတ်ရင်း သူ့ရဲ့ ပေါင်ကြားကို ရေခဲလှံနဲ့ ကာလိုက် ရတယ်။ အဲ့ဒီ့နောက် သံပရာမှုန့်တွေက သူ့ဆီကို လွင့်လာပြန်တယ်။

“သွားသေလိုက် ကောင်မစုတ်လေး။” လင်းယွိ နောက်ဆုံးမှာတော့ သည်းမခံနိုင်အောင် ဒေါသ ထွက်လာခဲ့ပြီ။ သူ့နဖူးက အပြာရောင် အလင်းတန်း ရုတ်တရက် ကြီးမားလာပြီး ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း သွားတော့တယ်။

သူဒဏ်ရာ ရမှာကို မကြောက်ဘူး။ ဂရုလဲ မစိုက်ဘူး။

ဒါပေမယ့် ဂုဏ်သိက္ခာကိုတော့ တန်ဖိုးထားတယ်။ သက်ရှိတိုင်းမှာ ဂုဏ်သိက္ခာ ရှိတယ်။ ဒါ့အပြင် ယွင်ချင်းဝူကလဲ ပြိုင်ပွဲကို အနားမှာ ကြည့်နေ သေးတယ်။ ဒီလို ဒဏ်ရာမျိုး ရစေလို့ ဘယ်လို ဖြစ်မှာလဲ။

တိုက်ပွဲက မတိုးသာ မဆုတ်သာ အခြေအနေမှာ ရပ်နေခဲ့ပြီ။

လင်းယွိက အများကြီး အားသာချက် ရှိနေပင်မယ့်၊ ရန်ချန်လိနဲ့ ပင်းယန်ကို သတ်ပြစ်ဖို့ ခက်ခဲ နေခဲ့တယ်။

…

နန်ကုန်းမုကတော့ အားလုံးကို လျစ်လျူရှု ထားခဲ့တယ်။

ဖန်ကျန်းရှီကို သူတစ်ခါမှ အကြည့် မလွှဲခဲ့ဘူး။ ဖန်ကျန်းရှီလဲ မတိုက်ခိုက်တဲ့ အတွက် သူအခုထိ မတိုက်ခိုက်ဘဲ စောင့် နေခဲ့တယ်။ ဖန်ကျန်းရှီက ဒဏ်ရာ ရထား ပြီးတဲ့သူ။

အခုချိန်မှာ ဖန်ကျန်းရှီ ဒဏ်ရာကို အခွင့်အရေး ယူပြီး သူတိုက်ခိုက်သင့်တယ်။

“မင်း အခုထိ မတိုက်ခိုက် သေးဘူးလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ငါ မင်းကို စောင့်နေတာ။” နန်ကုန်းမု ပြောတယ်။

“ဟုတ်လား။ ငါလဲ အတူတူပဲ။” ဖန်ကျန်းရှီ ဓားနှစ်လက်ကို နန်ကုန်းမု လည်ပင်းဆီ ဦးတည်ရင်း ပြောလိုက်တယ်။

“ဒီလို ဖြစ်မှာတော့၊ ငါ အရင်စပြီ။” နန်ကုန်းမု ခေါင်းငြိမ့် လိုက်တယ်။ ဖန်ကျန်းရှီလဲ နန်ကုန်းမုနဲ့ စကား ပြောမနေတော့ဘူး။ ချက်ခြင်း ဆိုသလို ပြေးထွက် လာတော့တယ်။

သူတို့ နှစ်ယောက်က အရမ်းကို မြန်ဆန်လွန်းတယ်။ လူသား မဟာမိတ် တပည့်သားတွေ သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင် ကြဘူး။ အင်အားကြီး နှစ်ယောက်ရဲ့ တိုက်ပွဲက ကြည့်ဖို့တောင် မလွယ်ကူနိုင်ဘူး။

ဖန်ကျန်းရှီရဲ့ ဓားတစ်လက်က ရေပြင်ညီ အတိုင်း လှုပ်ရှားတယ်။ နောက်ဓား တစ်လက်ကတော့ ထောင့်မှန်ကျကျ ရှိနေခဲ့တယ်။

ဝုန်း။

နန်ကုန်းမု နောက်ကို လွင့်ထွက် သွားတယ်။ နောက်ကို နှစ်လှမ်း ဆုတ်ပြီးနောက် ဖန်ကျန်းရှီ အနားကို ပြန်ခုန်ဝင် လာပြန်တယ်။

“အနီးကပ် တိုက်ခိုက် မဟုတ်လား။” ချိုးချီက နတ်ဆိုး ဆိုတာ ဖန်ကျန်းရှီ မှတ်မိတယ်။ နတ်ဆိုး မျိုးနွယ်တွေက အနီးကပ် တိုက်ခိုက်ရတာ မကြိုက်ကြဘူး။ ဒါပေမယ့် ချိုးချီကတော့ အနီးကပ် တိုက်ခိုက် ချင်နေပုံပဲ။

ဝုန်း။ ဖန်ကျန်းရှီရဲ့ ဓားတွေ လှုပ်ရှား သွားပြန်တယ်။ သူ့ဓားနှစ်လက် စလုံးက နန်ကုန်းမုဆီကို ဦးတည်လာတယ်။ ချက်ခြင်း ဆိုသလို နန်ကုန်းမု နေရာကနေ ပျောက်ကွယ် သွားတာကို သူသတိထား မိလိုက်တယ်။

သူပျောက်သွား တာလား။

ဖန်ကျန်းရှီ မခန့်မှန်းတော့ဘူး။ ခန့်မှန်းတာ မှန်ရင်တောင် လှည့်စား ခံရ နိုင်တယ်လေ။ ဒါကြောင့် သူအပေါ်ကို ချက်ခြင်း ပျံတက်တော့တယ်။ အတောင်ပံတွေကို ခတ်ရင်း လေထဲကို ထိုးတက်သွားတယ်။ ဒီအချိန်မှာပဲ မီးခိုးရောင် အငွေ့တွေက ရုတ်တရက် သူ့ခြေထောက်အောက်မှာ ပေါ်လာပြီး သူ့တကိုယ်လုံးကို ပင်လယ်ကြီးလို ဖုံးလွှမ်း ပြစ်လိုက်တယ်။

“မဖြစ်တော့ဘူး။ ဖန်ကျန်းရှီတော့ သေခြင်းတရား တာအိုထဲ ပိတ်မိသွားပြီ။”

“သူ ဒဏ်ရာလဲ ရထားတယ် မဟုတ်လား။”

“ကျေးဇူးပြုပြီး မရှုံးပါစေနဲ့။”

ဖန်ကျန်းရှီ မြူခိုးတွေထဲ ရောက်သွားတာကို မြင်လိုက်တဲ့ အတွက် လူသား မဟာမိတ် တပည့်သားတွေ စိုးရိမ် ကုန်တော့တယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ စိတ်လှုပ်ရှား နေပြီ။

“အရှင် ချိုးချီက တကယ့်ကို အင်အား ကြီးတာပဲ။”

“ဖန်ကျန်းရှီကို တိုက်ခိုက် နိုင်တာ အခုထိ မယုံနိုင်သေးဘူး။”

“အရှင် ချိုးချီသာ ရှိနေရင်၊ ဖန်ကျန်းရှီ နောက်ဆို မောက်မာ ဝံ့တော့မှာ မဟုတ်ဘူး။”

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အနိုင် ရတော့မယ့် အတိုင်း ပြုမူ နေခဲ့ကြပြီ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ အတော်လေးကို လေးလေးနက်နက် စဉ်းစား နေခဲ့တယ်။ ယွင်ချင်းဝူက အင်အား မကြီးပေမယ့်၊ ချိုးချီ ဘယ်လောက်ထိ အင်အားရှိမှန်း သူသိတယ်။

သူက ဖန်ကျန်းရှီကို ဖမ်းနိုင်မှာလား။ ယွင်ချင်းဝူ စိတ်ထဲမှာတော့ အခွင့်အရေးက အတော့်ကို နည်းပါးမှန်း တွက်ဆ မိတယ်။

ချိုးချီက ဖန်ကျန်းရှီကို နိုင်နိုင်ချေ မရှိဘူး။ အခုက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။ တစ်ခုခု လွဲမှား သွားတာလား။ ကောင်းကင် လက်ခံ မြေပုံတွေကို ချိုးချီ ရှာတွေ့ သွားတာလား။ ချိုးချီနဲ့ အများကြီး မတွေ့ရ သေးပင်မယ့်၊ ယွင်ချင်းဝူရဲ့ အကဲဖြတ် နိုင်စွမ်းက မှန်ကန် တိကျတယ်။

ဒါပေမယ့် လင်းယွိ ရန်ရွှယ်ကို မတိုက်နိုင် သလို၊ သူမလဲ ချိုးချီရဲ့ အတွေ့အကြုံတွေကို အတွင်းကျကျ မသိနိုင်ခဲ့ဘူး။ အမှောင်ထဲမှာ တစ်ခုခု ဖြစ်ခဲ့တာကိုတော့ ခံစားမိ နေတယ်။

ဝုန်း။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ ရွှေရောင် အလင်းတန်း တစ်ခုက မြူထဲကို ကျဆင်းလာတယ်။ ဒါက မိုးကောင်းကင်ကို နှစ်ခြမ်း ခွဲနိုင်တဲ့ အထိ အင်အားကြီးတဲ့ လျှပ်စီး တမ်းတွေပဲ။ ဒါပေမယ့် သေခြင်းတရား အငွေ့အသက် တွေကိုတော့ ခွဲခြမ်းနိုင်ပုံ မပေါ်ခဲ့ဘူး။

“အကယ်၍ ငါအခု အညံ့ခံမယ် ဆိုရင်၊ လောကကြီးကို မင်းနဲ့ အတူ မျှေ၀ အုပ်ချုပ်ခွင့် ရှိမှာလား။” ဖန်ကျန်းရှီက သူ့ရဲ့ စွမ်းအင် အရင်းအမြစ်တွေကို ဆက်တိုက် စုပ်ယူနေတဲ့ အငွေ့တွေကို ကြည့်ရင်း လန့်လာ မိတယ်။

“မရဘူး။” နန်ကုန်းမု ပြန်ဖြေတယ်။

“ဒါဆိုရင် သေရှင် တာအိုနဲ့ ပေါင်းလိုက်မယ်။” ဖန်ကျန်းရှီ စိတ်ပျက်သွားပုံ ပေါ်ပေမယ့်၊ အသံထွက် လာတဲ့ နေရာကို သူလှမ်းပြီး တိုက်ခိုက်တယ်။

အရောင်စုံ သံကြိုးတွေက အသံ ရှိရာ နေရာကို ပြေးဝင်သွားတယ်။ ငရဲက သေရှင် သံကြိုးတွေမှာ ပုံမှန် မဟုတ်တဲ့ အလင်းတန်းတွေလဲ ထပ်တိုး တောက်ပ နေခဲ့တယ်။ ဒီအလင်းတန်းတွေက ပြန်လည် မွေးဖွားမှု စက်ဝန်းနဲ့ ချိန်ဆက်နေတယ်။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ သံကြိုးတွေက ဖန်ကျန်းရှီဆီ ပြန်လာတယ်။ ဒါပေမယ့် သံကြိုး တစ်ခုမှာတော့ သွေးစတစ်ချို့ ကပ်ပါ လာခဲ့တယ်။ သွေးတွေက သံကြိုးမှာ တစက်စက် စီးကျလာတယ်။

“နာရဲ့လား။” ဖန်ကျန်းရှီ လှမ်းမေး ပြန်တယ်။

“မနာဘူး။” နောက်တစ်နေရာကနေ အသံ ပြန်ထွက် လာတယ်။

“ဒါဆိုရင် နောက်တစ်ခေါက် ကြိုးစားကြည့်မယ်။ ငရဲနဲ့ ပေါင်းစည်း။” ချိုးချီ သူ့ကို ပြန်ဖြေ နေတဲ့ အတွက် ဖန်ကျန်းရှီ နည်းနည်းတော့ ထူးဆန်းမိတယ်။

ချိုးချီက ရူးနေတာလား။ ရူးချင်ယောင် ဆောင်နေတာလား။

စိတ်ထဲမှာ မသေချာ ပေမယ့်၊ တိုက်ခိုက်ရမယ့် အခွင့်အရေးကိုတော့ လက်လွှတ် မခံနိုင်ဘူး။ မီးတောက်တွေက လေထဲမှာ ထွက်ပေါ် လာပြန်တော့တယ်။ အသံထွက်ခဲ့တဲ့ နေရာဆီကို ငရဲမီးတွေလို ပြေးသွားတယ်။

ဒီအချိန်မှာပဲ အနီရောင် တောက်ပနေတဲ့ တိမ်စိုင်ကြီး နှစ်ခုက ချက်ခြင်း ဆိုသလို လင်းလက် လာတော့တယ်။

မြူခိုးထဲမှာ ကြီးမားတဲ့ အနီရောင် မီးအိမ်ကြီး နှစ်ခု ရုတ်တရက် လင်းလာ သလိုပဲ။

(“ဟမ်။ ငါတို့တွေ လနှစ်သစ်ကူး ၁၅ရက်နေ့ ဉာဏ်စမ်း လာဖြေ နေရတာလား။”) ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို အရင်ဘဝက ပွဲတော်အကြောင်း တွေးမိလိုက်တယ်။

အပိုင်း (၁၀၀၃) ပြီး၏။

(ဉာဏ်စမ်း ပုစ္ဆာ။

စာလုံးကို ခန့်မှန်းခြင်း။

အရိပ်အမြွက်။ “သစ်ပင်”ကို နောက်ထပ် စာလုံး တစ်လုံးတိုး၊ အဖြေက “သစ်တော”မဟုတ်။)

တရုတ်စာလုံးမှာ သစ်ပင်နဲ့ သစ်တောက ရေးပုံရေးနည်း ဆင်တူပါတယ်။ တစ်ခုကတော့ စာလုံး ပိုပါတယ်။

အပိုင်း (၁၀၀၄)

“နန်ကုန်းမုရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်။”

ဉာဏ်စမ်း ပုစ္ဆာရဲ့ အဖြေကတော့ (အိပ်မက်)။

အခုချိန်မှာ မီးခိုးမြူတွေထဲက အနီရောင် မီးအိမ်ကြီးတွေ ပျောက်ကွယ် သွားခဲ့ပြီ။

“မင်းက ငါ့ရဲ့ ငရဲတာအိုကို ဝါးမျို နိုင်တာလား။” ဖန်ကျန်းရှီ အထိတ်တလန့် ဖြစ်သွားရင်း သူ့လက်ထဲက ဓားရှည် နှစ်လက်နဲ့ တိုက်ခိုက်ပြန်တယ်။ အလင်းတန်း နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ဓားတွေက လေထဲမှာ စက်ဝိုင်းလို လှည့်ပတ် နေခဲ့ပြီ။ ပျောက်ကွယ် သွားခဲ့တဲ့ မီးအိမ်နီကြီး နှစ်ခုကတော့ ဖန်ကျန်းရှီနဲ့ ဆယ်ပေ အကွာမှာ ပြန်ပေါ်လာခဲ့တယ်။

ဒီလို ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ အရှိန်နှုန်းကလဲ မြန်ဆန် လွန်းလှတယ်။

“အဲ့တာ ဘာကြီးလဲ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် တိုက်ခိုက် ပြန်တယ်။ ဒါပေမယ့် မီးလုံးကြီးတွေက သူနဲ့ နောက်ထပ် ဆယ်ပေ အကွာကို ရောက်သွား ခဲ့ပြန်ပြီ။ ဒီလို နီးကပ်တဲ့ အကွာအဝေးမှာတော့ မီးလုံးကြီး နှစ်လုံးရဲ့ အသွင်အစစ်ကို သူမြင်လိုက် ရပြီ။ ဒါက တကယ်တော့ မျက်ဝန်းတွေပဲ။

သွေးလို ရဲရဲနီနေတဲ့ မျက်ဝန်းတွေ။ အဇူရာ တာအိုနဲ့ မတူညီပဲ ထူးဆန်း ရှုပ်ထွေးတဲ့ ပုံရိပ်တွေက အစားထိုး ပါဝင် နေခဲ့တယ်။

“သွေးမှော် စက်ဝန်းလား။” ဖန်ကျန်းရှီ မြင်မြင်ချင်း မှတ်မိ သွားတော့တယ်။ ဒါက နန်ကုန်းဟောင် သုံးခဲ့ဖူးတဲ့ စက်ဝန်းကြီးပဲ။ ချိုးချီရဲ့ မျက်လုံးထဲမှာ သွေးမှော်စက်ကွင်းက ဘယ်လိုလုပ် ရောက်နေတာလဲ။ ထူးဆန်းလိုက်တာ။

ဖန်ကျန်းရှီ နည်းလမ်းတကျ တွေးတောရင်း လန့်နေခဲ့တယ်။ နန်ကုန်းဟောင်က ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ သေဆုံး သွားခဲ့ပြီ။ သေလူက အသက်ပြန်ရှင်နိုင် မှာလား။ သေချာပေါက် အသက်မရှင်နိုင်ဘူး။ သူသာ အသက်ပြန်ရှင် လာတာ မဟုတ်ခဲ့ရင်၊ အခု ဖြစ်ရပ်ကို ဘယ်လိုလုပ် ရှင်းပြလို့ ရနိုင်မှာလဲ။

“ဖန်ကျန်းရှီ ငါဘယ်သူလဲ သေချာကြည့်။” ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ် လာပြီး ဝတ်ရုံနက်က ဖန်ကျန်းရှီဆီကို လွင့်ထွက် လာတော့တယ်။

“မဖြစ်ဘူး။” ဒီလို လှည့်ကွက်မျိုးမှာ ဖန်ကျန်းရှီ အမိခံမှာ မဟုတ်ဘူးလေ။ ဒီဝတ်ရုံနက်ရဲ့ အောက်က ရုပ်သွင် အစစ်ကို ကြည့်ဖို့ သူ့မှာ စိတ်ကူး မရှိဘူး။ ရန်သူက ဘယ်သူပဲ ဖြစ်ဖြစ် သေချာပေါက် လက်ထဲက ဓားနဲ့ သတ်ရမယ်။

ဒါဆိုရင် အရာအားလုံး အဆင်ပြေ သွားလိမ့်မယ်။ နည်းလမ်းကလဲ ရိုးရှင်းတယ်။

တစ်ချက်လေးတောင် မတွေဝေပဲ နောက်ကို နှစ်လှမ်းဆုတ်ပြီး ဝတ်ရုံနက်ကို ဓားနဲ့ ခုတ်ပိုင်း ပြစ်လိုက်တယ်။

ဝတ်ရုံနက် အပိုင်းပိုင်း အစစ ဖြစ်သွား ပြီးချိန်မှာတော့ နောက်ကလူရဲ့ ရုပ်ကို ဖန်ကျန်းရှီ မြင်လိုက် ရပြီ။ အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ထားတဲ့ သာမာန်လူ တစ်ယောက်။ သူ့မျက်နှာပေါ်မှာ အမာရွတ် တစ်ခုလဲ ရှိနေ ခဲ့တယ်။

ဖန်ကျန်းရှီ ဆက်ပြီး မတိုက်ခိုက် နိုင်တော့ဘူး။ သူ့ရှေ့က နန်ကုန်းမုကို ကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

“နန်ကုန်းမုလား။” သူ့ရဲ့ ဇစ်မြစ်ကို လှည့်စားမယ့် အစား အခုလို ထုတ်ဖော်ပြရတဲ့ အကြောင်းအရင်းကို ဖန်ကျန်းရှီ စိတ်မဝင်စားတော့ဘူး။ အခု အဖြစ်အပျက်ကတင် သူ့ကို ထိတ်လန့်စေဖို့ လုံလောက် နေခဲ့ပြီ။

“နန်ကုန်းမု ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”

“ချိုးချီနဲ့ တိုက်ခိုက်နေတုန်း ဘာဖြစ်လို့ ရုတ်တရက် ပေါ်လာတာလဲ။”

နေစမ်းပါအုန်း။ ချိုးချီက နန်ကုန်းမုလား။ နန်ကုန်းမုက ချိုးချီပေါ့။ သူ့ရဲ့ ဦးနှောက်တွေ ပေါက်ထွက်တော့မလို ဖန်ကျန်းရှီ ခံစားနေရတယ်။ ဒါ့အပြင် နန်ကုန်းမုက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ ခေါင်းဆောင်လဲ ဖြစ်သွားခဲ့ပြီ။

အခု တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။ နန်ကုန်းမုက ဘာဖြစ်လို့ ဒီလို လုပ်ဖို့ လမ်းကို ရွေးချယ် သွားတာလဲ။

ဖန်ကျန်းရှီ စိတ်ရှုပ်ထွေး နေချိန်မှာပဲ သွေးနီရောင် မျက်ဝန်းတွေက သူ့ရှေ့ကို ရောက်လာတော့တယ်။ နီးကပ်လွန်းလို့ သွေးမှော် စက်ဝန်းကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပြီ။

ဘန်း။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ် နောက်ကို လွင့်ထွက် သွားရင်း ကောင်းကင်မှာ ဥက္ကာပျံ တစ်စင်းလို ပျံသန်း နေခဲ့တယ်။ မီးခိုးတွေထဲက လွင့်ထွက်တော့မယ့် အချိန်မှာပဲ နန်ကုန်းမု ရပ်နေခဲ့တဲ့ နေရာကို ပြန်ဆွဲခေါ် ခံရပြန်တယ်။ သွေးနီရောင် လက်သည်းချွန်ချွန်တွေက ဖန်ကျန်းရှီရဲ့ တကိုယ်လုံးကို ဆွဲထားရင်း မလှုပ်နိုင်အောင် ချုပ်ထား ခဲ့တယ်။

ဒီတစ်ခေါက် အဖြစ်အပျက်က ဖန်ကျန်းရှီကို အလစ်ဝင်တိုက်တာ အောင်မြင်တဲ့ ပထမဆုံး အကြိမ်ပဲ။ ဒါ့အပြင် သူ့မိတ်ဆွေ သူငယ်ချင်း။ ကြီးမြတ်သော ရှနိုင်ငံတော်မှာ အိမ်ရှေ့စံ မင်းသားရဲ့ အရှေ့ နန်းဆောင်ကို အတူတူ မီးရှို့ ဖူးတဲ့သူ။

“မင်းက ငါ့ကို သတ်ချင်တာလား။” နန်ကုန်းမုရဲ့ လက်သည်းချွန်ချွန်တွေက သွေးမှော်စက်ဝန်းရဲ့ စွမ်းအားမှန်း ဖန်ကျန်းရှီ သိတယ်။ ဒီအင်အားကို အရင်ကလဲ သူမြင်ဖူးတယ်။

ကောင်းကင် တာအို ခန်းမမှာ ထျန်းရှင်းကို သွေးမှော်စက်ဝန်း သုံးပြီး နန်ကုန်းဟောင် ဖမ်းဆီး ခဲ့ဖူးတယ်။ အခုတော့ အသုံးပြုသူက နန်ကုန်းမု ဖြစ်နေပြီး ဖမ်းဆီး ခံရသူကတော့ ဖန်ကျန်းရှီ။

“ဟုတ်တယ်။ ငါမင်းကို သတ်ချင်တယ်။” နန်ကုန်းမု အတည်ပြုရင်း ဖြေတယ်။

“မင်း ဝိဉာဉ် ပူးကပ် ခံနေရတာလား။ သရဲဖမ်းစားတာ ခံနေရတာလား။ ပယောဂနှင်တဲ့သူ ငါဆက်သွယ် ပေးရမလား။ ဒါမှမဟုတ် အင်းစာရွက်တွေ မီးရှို့ ပြာချ ပေးရမလား။ အကုန်လုံး လုပ်ပေးလို့ ရတယ်။” နန်ကုန်းမု သူ့ကို ရုတ်တရက် သတ်ချင်နေတဲ့ ကိစ္စကို သူတကယ် နားမလည် နိုင်ခဲ့ဘူး။

သူရူးသွား တာလား။

“ငါက ဝိဉာဉ်ပူးခံ နေရတာ မဟုတ်ဘူး။ မင်းခန္ဒာကိုယ်ထဲက နတ်သစ်ပင် သစ်သီးကို ငါလိုချင်တယ်။ နတ်ဘုရား မုခ်ဝကို ငါဖွင့်ရမယ်။ ဒါကြောင့် မင်းကို သတ်ဖို့ လိုတယ်။” နန်ကုန်းမု ပြောလိုက်တယ်။

“နတ်သစ်သီးကြောင့်လား။” ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။

ကျမ်းကောင်းကင် တောင်မှာ သစ်သီး တစ်လုံးကို သူမျိုချ ခဲ့တယ်။ အဲ့ဒီ့ သစ်သီးက နတ်ဘုရား မုခ်ဝကို ဖွင့်ဖို့ အတွက် သော့ချက်ပဲ။ နန်ကုန်းမုက သော့ကို လိုချင်တယ်။

နန်ကုန်းမု သူ့မျိုးနွယ်ဆီ ပြန်ပြီး ဘာတွေ ဖြစ်ခဲ့မှန်း ဖန်ကျန်းရှီ တကယ်ပဲ မတွေးတတ် ခဲ့ဘူး။ ဘာကြောင့်များ ရုတ်တရက် သူ့ကို သတ်ပြီး နတ်ဘုရား မုခ်ဝကို ဖွင့်ချင် ရတာလဲ။ နန်ကုန်း မျိုးနွယ်တွေရဲ့ တာဝန်ကို နားလည် သွားလို့လား။

“ဖန်ကျန်းရှီ မင်း စိတ်ချပါ။ မင်းရဲ့ မိဘတွေကို ငါ့မိဘတွေ အတိုင်း သေချာ ဂရုစိုက် ပေးပါမယ်။ ငါ ဘုရင်ဖြစ်လာ ပြီးရင်၊ သူ့တို့ကို ခမည်းတော်နဲ့ မယ်တော် အရာမှာ ထားပေးမယ်။” နန်ကုန်းမု ပြောရင်းနဲ့ သွေးနီရောင် သံကြိုးကြီး လေးခုကို ထုတ်လွှတ်လိုက်တယ်။

“ခမည်းတော်နဲ့ မယ်တော်။” ဖန်ကျန်းရှီ သံကြိုးတွေကို ခုန်ရှောင် ချင်ပေမယ့်၊ လက်သည်း ထက်ထက်တွေက သူ့ကို ဖမ်းဆွဲ ထားခဲ့တယ်။

သူလုံး၀ မလှုပ်ရှား နိုင်ခဲ့ဘူး။

ဂျိန်း။ သွေးနီရောင် သံကြိုးကြီး လေးခုက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကို ရစ်ပတ်ရင်း ကောက်ညှင်းထုပ်လို ချုပ်နှောင် ထားခဲ့ပြီ။

နှမြောစရာ ကောင်းတာကတော့ ဒီလောကမှာ ဆောင်းရာသီ ကောက်ညှင်းထုပ် ပွဲတော် မရှိတာပဲ။ မဟုတ်ရင်၊ ပွဲတော်မှာ ဖန်ကျန်းရှီ ကဗျာ ထိုင်ရေး နေမိလောက်တယ်။

“ငလူးပဲ။ နန်ကုန်းမု လက်ထဲမှာ ငါတကယ် သေရတော့မှာလား။” ဖန်ကျန်းရှီ ဒီလို အဖြစ်မျိုး ကြုံရမယ်လို့ တကယ် မတွေးမိ ခဲ့ဘူး။ ဒါ့အပြင် နန်ကုန်းမုက သူ့မိဘတွေကို ဂရုစိုက်ပေးမယ် လို့ပါ အာမခံ နေတယ်။

အခုချိန်မှာ တချို့ကိစ္စတွေက ကိုယ်တိုင်လုပ်တာပဲ ပိုကောင်းတာကို ဖန်ကျန်းရှီ နားလည်တယ်။ မိဘ၊ မိန်းမနဲ့ ကလေးတွေကို ဂရုစိုက်တဲ့ အလုပ်မျိုးက ကိုယ်တိုင်ပဲ လ ုပ်သင့်တယ်။

“နေစမ်းပါအုန်း။ မင်းက နတ်ဘုရား သစ်သီးကိုပဲ လိုချင်တာ မဟုတ်လား။ အစောတည်းက ပြောရင် ငါပေးမှာပေါ့။ ငါတို့ တိုက်ခိုက် နေစရာတောင် မလိုဘူး။” ဖန်ကျန်းရှီ ရုန်းကန်ရင်း အော်ဟစ်တယ်။

“မင်း ဒီလို ပေးလို့ မရဘူး။” နန်ကုန်းမု ခေါင်းခါလိုက်တယ်။

“မကြိုးစား ကြည့်ပဲ ဘယ်လို သိနိုင်မှာလဲ။ ငါ့ကို လွှတ်လိုက်ရင်၊ ငါကြိုးစားကြည့်လို့ ရတယ်။” ဖန်ကျန်းရှီ အရမ်း ရုန်းကန် နေရတဲ့ အတွက် ချွေးတွေ စီးကျ နေခဲ့ပြီ။

“ရတယ်။ ငါ့ဘာငါ လုပ်လိုက်လို့ ရတယ်။” နန်ကုန်းမု ခေါင်းခါတယ်။

“လူတွေကြားက ယုံကြည်မှု ဘယ်မှာလဲ။ ငါတို့က မိတ်ဆွေ သူငယ်ချင်းတွေ မဟုတ်ဘူးလား။ သူငယ်ချင်းတွေ ကြားက ယုံကြည်မှု ဘယ်မှာလဲ။ မင်းလိုချင်တဲ့ အရာကို ငါမပေးတာ ဘယ်တုန်းက ရှိဖူးလို့လဲ။ ပင်းယန် အိမ်တော်မှာ ဟော့ပေါ့ စားတာကို မှတ်မိသေးလား။ အိမ်ရှေ့စံ မင်းသားရဲ့ အိမ်တော်ကိုတောင် ငါတို့ အတူတူ မီးရှို့ ခဲ့ဖူးတယ်လေ။” ဖန်ကျန်းရှီ ဒေါသတကြီးနဲ့ ပြောတော့တယ်။

ဂျွတ်။ သူ့ကို ဆွဲနေတဲ့ ကြိုးတွေ ရပ်တန့်သွားတယ်။

“ပင်းယန် အိမ်တော်။” နန်ကုန်းမု ကောင်းကင်ကို မော့ကြည့် နေခဲ့တယ်။ သူ့ကြည့်ရတာ နာကျင် နေပုံပဲ။

မိတ်ဆွေ သူငယ်ချင်း။ ဖန်ကျန်းရှီက သူ့သူငယ်ချင်းလား။ မဖြစ်ဘူး။

ဖန်ကျန်းရှီက သူ့သူငယ်ချင်း၊ တစ်ယောက်တည်းသော သူငယ်ချင်း။

“တော်ဝင် ညီလာခံ စာမေးပွဲမှာ ငါပေးခဲ့တဲ့ ကတိကို မှတ်မိသေးလား။ မင်းရဲ့ အကိုကို ရိုက်နိုင်ဖို့ ငါကူညီခဲ့တယ်လေ။ မင်းရဲက အကိုနဲ့ တိုက်ခိုက်ပြီး ငါနိုင်ခဲ့တယ်။ မင်းကို ကတိ ပေးထားသမျှ အရာအားလုံးကို ဖြစ်လာအောင် ငါလုပ်ပေးခဲ့တယ်။ ဒါတောင် မင်းက ငါ့ကို မယုံဘူးလား။” ဖန်ကျန်းရှီ ဆက်ပြောပြန်တယ်။

အတိတ်က ကိစ္စတွေကို ထုတ်မပြော ချင်ပေမယ့်၊ အခုလို အသေဆိုးနဲ့လဲ မသေချင် ပြန်ဘူး။ ဒီလို သေသွားရရင် မကျေနပ်စရာ ကောင်းလွန်းတယ်။

နန်ကုန်းမုက သူစိတ်လွတ် နေတဲ့ အချိန်မှာ အလစ်ဝင် တိုက်ခဲ့တယ်။ ဒါ့အပြင် သွေးမှော်စက်ဝန်း ထဲကိုလဲ ဆွဲခေါ် နေသေးတယ်။

တွေးကြည့် ရုံနဲ့တင် သူ့ကျောတွေ စိမ့်ချမ်း လာခဲ့ပြန်ပြီ။

မဖြစ်ဘူး ဒီလို မသေနိုင်ဘူး။ သေရမယ် ဆိုရင်တောင်၊ သူ့ခန္ဒာကိုယ်ကို နှစ်ပေါင်း ထောင်ချီ မပုပ်မသိုးစေတဲ့ ရတနာကို ငုံပြီးမှ သေနိုင်မယ်။ တကယ်တော့ သေကို မသေချင်သေးဘူး။

“ဖန်ကျန်းရှီ ငါတို့က သူငယ်ချင်းတွေ မဟုတ်လား။” ဒီအချိန်မှာပဲ နန်ကုန်းမု မျက်ဝန်းထဲက သွေးမှော်စက်ဝန်း ရုတ်တရက် ပြင်းပြင်းထန်ထန် လည်ပတ်လာတော့တယ်။

“ဟုတ်တယ်လေ။” ဖန်ကျန်းရှီ ချက်ခြင်း ခေါင်းငြိမ့်တယ်။

“ဒါဆို ငါမင်းကို သတ်ရင် မင်းငါ့ကို အပြစ်တင်မှာလား။” နန်ကုန်းမု မေးလိုက်ပြန်တယ်။

“ဒါပေါ့။ သေချာပေါက် အပြစ်တင်ရုံတင် မကဘူး။ သစ္စာဖောက် အဖြစ်လဲ မုန်းတီးမယ်။ ကြောက်စရာ သူငယ်ချင်း လူဖြစ်ဖို့တောင် မတန်တဲ့ ကောင်အဖြစ် သတ်မှတ်အုန်းမှာ။” ဖန်ကျန်းရှီက အရူးတစ်ယောက် မဟုတ်ခဲ့ဘူး။

သူသာ မေတ္တာရှင်ကြီး လေသံနဲ့ ပြန်ဖြေလိုက်ရင်၊ နန်ကုန်းမု တန်းသတ်မှာကို သိနေခဲ့တယ်။

“သစ္စာဖောက်။ လူဖြစ်ဖို့တောင် မတန်တဲ့ကောင်။ မဟုတ်ဘူး။ ငါ နန်ကုန်းမုက ဒီလို လူမျိုး မဟုတ်ဘူး။ ငါ ငါက ဒီလို လုပ်ဖို့ တွန်းအားပေး ခံရတာ။” နန်ကုန်းမုရဲ့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။

နန်ကုန်းမုက အရမ်းကို စိတ်မတည် မငြိမ်ဖြစ်နေပြီး ဝမ်းနည်း ပူဆွေးမှုတွေ အပြည့်နဲ့ နာကျင်နေတယ်။

နန်ကုန်းမုရဲ့ အနောက်ဘက်မှာ ကြီးမားတဲ့ အဖြူရောင် သစ်ပင်ကြီး တစ်ပင်လဲ ပေါ်လာခဲ့ပြီ။

တောက်ပတဲ့ သစ်သီး တစ်ချို့က မြင့်မြတ်ထည်ဝါတဲ့ ရောင်စဉ်တွေနဲ့ တောက်ပနေတယ်။

“ဒါက နတ်သစ်ပင်လား။ သစ်သီးတွေတောင် သီးနေပြီ။ နန်ကုန်းမုက နတ်သစ်ပင် စွမ်းအားနဲ့ ပေါင်းစည်း ထားတာပဲ။ ဒီသစ်သီးတွေက ကြည့်ရတာ။” ဖန်ကျန်းရှီ ရပ်တန့် သွားခဲ့တယ်။ နန်ကုန်းမု နောက်ဘက်က သစ်သီး တစ်လုံးမှာ ထူးထူးဆန်းဆန်း မီးခိုးရောင် အလင်းတန်းတွေ တောက်ပနေတယ်။

သေခြင်းတရား အငွေ့အသက်ကလဲ လွှမ်းခြုံ ထားသေးတယ်။ ဒါက ချိုးချီ ပိုင်ဆိုင်တဲ့ အရာပဲ။ နန်ကုန်းမုက ချိုးချီကို သတ်လိုက်တာလား။

“ဟုတ်တယ်။ ငါ ချိုးချီကို သတ်လိုက်တယ်။ ချင်းရှန်းကိုလဲ သတ်ခဲ့သေးတယ်။ ပြီးတော့ ငါ့အဖေ။ ဒါ့အပြင် ငါ့ နှလုံးသားက ငါ့အကိုရဲ့ နှလုံးသား။ ဖန်ကျန်းရှီ၊ ဒီအခြေအနေမှာတောင် မင်းက ငါ့သူငယ်ချင်း ဖြစ်နေအုန်းမှာလား။” နန်ကုန်းမု ခေါင်းမော့ကြည့်ရင်း မေးလိုက်တယ်။

“ငါတို့က တစ်သက်လုံး သူငယ်ချင်းတွေပဲ။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေပြီးနောက် တွေးနေခဲ့တယ်။

“မင်းသတ်ခဲ့တဲ့ သူတွေထဲမှာ နှစ်ယောက်က နတ်ဆိုးတွေ။ နန်ကုန်းဟောင်က သူ့နှလုံး မင်းကို ပေးခဲ့တာ မင်းကို ကယ်တင် ချင်လို့ပဲ။ ကိုယ့်ကိုယ်ကို အပြစ် မတင်သင့်ဘူး။”

“ဒါဆို ငါ့အဖေကရော။” နန်ကုန်းမု အဖြေကို အရမ်း သိချင် နေခဲ့တယ်။

“ဒီတော့ မင်းအိပ်မက်က မင်းအဖေလို လူမျိုး ဖြစ်လာဖို့လား။” ဖန်ကျန်းရှီ ပြန်မေးလိုက်တယ်။

“မဟုတ်ဘူး။ ငါ့အိပ်မက်က။”

“ဒါဆိုရင် ရပြီ။ ကိုယ့်ကိုယ်ကို အရမ်း ဖိအား မပေးနဲ့။ မင်းက လူကောင်း တစ်ယောက်၊ ငါလဲ လူကောင်းပဲ။ ဒါ့အပြင် ငါတို့က သူငယ်ချင်းတွေ၊ မင်းငါ့ကို မသတ်သင့်ဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“အမှန်ပဲ။ ငါတို့က သူငယ်ချင်းတွေ။ ငါ မင်းကို မသတ်သင့်ဘူး။ မင်းကို မသတ်နိုင်ဘူး။ မင်းက ငါ့ရဲ့ တစ်ယောက်တည်းသော သူငယ်ချင်း။ ဒါပေမယ့် ငါ ငါကလေ နန်ကုန်း မျိုးနွယ် ဖြစ်နေတယ်။ နန်ကုန်းမျိုးနွယ်ရဲ့ တစ်ယောက်တည်း မျိုးဆက်။ ငါ့မှာ လုပ်ငန်း တာဝန် ရှိနေတယ်။ ငါ့အဖေနဲ့ ငါ့အကိုက သေသွားပြီ။ ငါက ရန်ဧကရာဇ်ရဲ့ တစ်ယောက်တည်းသော ဆက်ခံသူပဲ။ သူတို့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ ငါ ဘာလုပ်ရမလဲ။ ငါဘာလုပ် ရမလဲ။” နန်ကုန်းမု အမူအယာ ပြောင်းလဲ သွားပြီးနောက် သူ့ဘာသူ စကားတွေ ပြောနေတော့တယ်။

ဖန်ကျန်းရှီရဲ့ ချုပ်နှောင်ထားတဲ့ သံကြိုးတွေ လျော့ရဲ လာတာကို ခံစားမိတယ်။ နောက်ဆုံးတော့ သူလှုပ်ရှားနိုင်ပြီ။ နတ်ဘုရားတွေ ပေးတဲ့ အခွင့်အရေးပဲ။

ဒီအခွင့်အရေးကိုသာ ကောင်းကောင်း အသုံးမချနိုင်ရင်၊ ကိုယ့်ကိုယ်ကို တုတ်နဲ့ရိုက် သတ်မိလိမ့်မယ်။

“ဖွင့်။” ပြန်လည် မွေးဖွားမှု စက်ဝန်းက အရမ်းကို မြန်မြန်ဆန်ဆန် လှည့်ပတ်ရင်း ဖန်ကျန်းရှီ ခန္ဒာကိုယ်ထဲကို ဝင်ရောက်တယ်။ အဲ့ဒီ့နောက် တောက်ပတဲ့ ရောင်စဉ် ငါးခုက သူ့ခန္ဒာကိုယ်မှာ ဓားသွားတွေလို တောက်ပ လာခဲ့ပြီ။

အနက်ရောင် တောင်ပံတွေကလဲ ချက်ခြင်း ကြီးမားလာပြီး သူ့လက်မောင်း တစ်ခုလုံးက ကြွက်သားတွေလဲ တောင့်တင်း တုတ်ခိုင် လာတော့တယ်။

ဝုန်း။ သံကြိုးကြီး လေးခုစလုံး ချက်ခြင်း ပြတ်ထွက်ကုန်တယ်။ ဖန်ကျန်းရှီကတော့ ဒီအခွင့်အရေးကို သုံးပြီး အနီရောင် လက်သည်းကြီးတွေကို ဓားနဲ့ ခုတ်ပိုင်းပြစ်တယ်။

စက္ကန့်ပိုင်းလေး အတွင်း သူအမိအရ လုပ်ရားတယ်။

ဒါပေမယ့် အစောပိုင်းမှာ ငြိမ်သက်သွားတဲ့ နန်ကုန်းမုကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။ အချုပ်အနှောင်ထဲက ဖန်ကျန်းရှီ လွတ်ထွက် သွားတာကို ကြည့်ရင်း သူ့မျက်လုံးတွေက ပိုရဲရဲနီ လာတော့တယ်။

နန်ကုန်းမု တစ်ကိုယ်လုံးကို သတ်ဖြတ်လို စိတ်တွေက ဖုံးလွှမ်း သွားခဲ့ပြီ။

သူ့နောက်ဘက်က အဖြူရောင် သစ်ပင်ကြီးလဲ ရုတ်တရက် ဆိုသလို ကြည်လင် ပြတ်သား လာတော့တယ်။ တကယ့် သစ်ပင် အစစ်ကြီး ပေါက်ရောက် လာတဲ့ အတိုင်း မားမား မတ်မတ်နဲ့ ရပ်တည် နေခဲ့ပြီ။

အပိုင်း (၁၀၀၄) ပြီး၏။

အပိုင်း (၁၀၀၅)

“သူငယ်ချင်း။ သေခြင်းတရားက ခွဲခွာချိန် အထိ။”

နန်ကုန်းမုက သတိ ပြန်ဝင် လာခဲ့ပြီ။ ဒါပေမယ့် အံ့သြ စရာ ကောင်းလောက်အောင်ပဲ နန်ကုန်းမုက မအော်ဟစ်ခဲ့ဘူး။ (မင်းလိမ်နေတာလို့)လို့လဲ မပြောခဲ့ဘူး။ သွေးနီရောင် မျက်ဝန်းတွေနဲ့သာ ငြိမ်ငြိမ်သက်သက် ကြည့်နေခဲ့တယ်။

သူဒေါသ ထွက်ပြီး စိတ်ပျက်တဲ့ပုံ မပေါ်ဘဲ ဝိဉာဉ်လွင့်နေတဲ့ အတိုင်းသာ ရှိနေခဲ့တယ်။

“အခုတော့ ငါတို့တွေ အနှောင်အဖွဲ့ မရှိပဲ တိုက်ခိုက် နိုင်ပြီ။” နန်ကုန်းမုက ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်း အေးအေးဆေးဆေး ပြောတယ်။

“နတ်သစ်သီးလေး တစ်လုံး အတွက်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ငါက ငါ့ရဲ့ လုပ်ငန်း တာဝန် အတွက် တိုက်ခိုက်နေတာ။ ဧကရာဇ်ရန်ရဲ့ မျိုးဆက် တစ်ယောက် ဖြစ်တဲ့ ငါ့အတွက် လုပ်သင့်တဲ့ တာဝန် ဝတ္တရားကို လုပ်နေတာ။” နန်ကုန်းမု အလေးအနက် ပြောတယ်။

“ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

နန်ကုန်းမုရဲ့ အပြုအမူကို သူနောက်ထပ် စောဒက တက်မနေတော့ဘူး။ နန်ကုန်းမုရဲ့ အပြုအမူတွေကြောင့် သူ့စိတ်ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့ ရတော့မှာ မဟုတ်မှန်း သူသိလိုက်ပြီ။

“ငါတိုက်ခိုက် တော့မယ်။” နန်ကုန်းမု နောက်တစ်ကြိမ် ပြောတယ်။

“လာလေ။” ဖန်ကျန်းရှီ ဓားနှစ်လက်ကို ရှေ့မှာ ကာဆီး လိုက်ရင်း တိုက်ခိုက်ဖို့ အသင့်ပြင်တယ်။ အခုချိန်မှာ ဘာမှ ဆွေးနွေးဖို့ မလိုတော့ဘူး။

ဖန်ကျန်းရှီ နန်ကုန်းမုနဲ့ တကယ် ရန်သူ မဖြစ်ချင်ဘူး။ ဒီလောကကြီးမှာ သူ့အတွက် သူငယ်ချင်း များများ စားစား မရှိခဲ့ဘူးလေ။ နန်ကုန်းမုက သူ့သူငယ်ချင်းတွေ ထဲက တစ်ယောက်ပဲ။

သစ်သီးလုံး တစ်လုံး အတွက်နဲ့ အခုတော့ ဒီလို ဖြစ်နေရပြီ။ ဒီသစ်သီး တစ်လုံးက နန်ကုန်းမုကို ကယ်တင်နိုင်မယ် ဆိုရင်၊ သူ့ခန္ဒာကိုယ်ထဲက ထုတ်ပေးချင်ပါတယ်။ ဒါပေမယ့် အစာချေပြီးသား သစ်သီးကို သူထွေးထုတ်လို့ မရနိုင်တော့ဘူး။ ဖန်ကျန်းရှီ ပြန်ထွေးထုတ် ချင်ပေမယ့်၊ မလုပ်နိုင်ခဲ့ဘူး။

သစ်သီးက သူ့ရဲ့ အစာအိမ် ထဲမှာ ရှိနေတာ မဟုတ်ပဲ စိတ်အာရုံ နယ်မြေထဲမှာ ရှိနေတဲ့ အတွက် ထုတ်ဖို့ ပိုခက်ခဲ နေခဲ့တယ်။

တကယ်တော့ သူ့ရဲ့ နှလုံးသားထဲမှာ သစ်သီးက ရှိနေခဲ့တာလေ။ သူ့နှလုံးသားကို အပေါက်ဖောက် ရမှာလား။

သူ့ရဲ့ စိတ်အာရုံ နယ်မြေက ပျက်စီး သွားခဲ့တဲ့ အတွက် အဆုံးမဲ့ လောကကို အစားထိုးထား ခဲ့ရတယ်။ ဒါကြောင့် ပေးဆပ်ရမယ့် တန်ဖိုးက ကြီးမားလွန်း လှတယ်။

ဒါ့အပြင် သူ အဆုံးထိ ပေးဆပ် ပြီးရင်တောင် နန်ကုန်းမုက အရင်လို ပြန်ဖြစ် နိုင်မလား ဆိုတာ မသေချာဘူး။ နန်ကုန်းမုက နတ်သစ်သီးကို လိုချင်ရုံတင် မကဘူး။ နတ်ဘုရား မုခ်ဝကိုပါ ဖွင့်ချင် နေသေးတယ်။ ဒါ့အပြင် လောက သခင်လဲ ဖြစ်ဖို့ ကြံစည်နေတယ်။

ဝူး။ ဒီအချိန်မှာ ဓားအလင်းတန်း နှစ်ခုက ဖန်ကျန်းရှီကို လာရိုက်ခတ်တယ်။ အစိမ်းရောင် အလင်းတန်းနဲ့ အပြာရောင် အလင်းတန်း။

နန်ကုန်းမု သူ့မျက်နှာကို ထုတ်ပြပြီးချိန် တည်းက ဓားနှစ်လက်ကို သူထုတ်ယူ လိုက်ပြီးသား။ ဓားရှည် တစ်လက် ဓားတိုတစ်လက်။ ဖန်ကျန်းရှီ ဒီဓားနှစ်လက်ကို မှတ်မိတယ်။

တကယ်တော့ နန်ကုန်းမုရဲ့ နည်းလမ်းကိုလဲ သူက တုပနိုင်တယ်။ ဓားကို သုံးပြီး ချက်ခြင်း ဆိုသလို ကြက်ခြေခတ် ခုတ်ချလိုက်တယ်။

ဝုန်း။ အလင်းတန်း နှစ်ခုကို ဖန်ကျန်းရှီ ခုန်ရှောင်ရင်း နန်ကုန်းမုကို ဓားနဲ့ ထိုးလိုက်တယ်။

အလင်းတန်းတွေက ကောင်းကင်ကနေ မြူခိုးထဲကို ကျရောက်လာတယ်။ မီးခိုးရောင် မိုးကြိုး တိမ်တိုက်ကြီးက အခုချိန်မှာ အလင်းရောင်တွေ တောက်ပ နေခဲ့ပြီ၊

မြူခိုးတွေရဲ့ အမြင်မှာတော့ မုချင်းဖန်း မော့ရှန်းရှီနဲ့ တပည့်သားတွေ အားလုံးက စိတ်ရှုပ်ထွေးမှု အပြည့်နဲ့သာ ကြည့်နေခဲ့တယ်။ သေခြင်းတရား အငွေ့အသက်တွေ ပါဝင်နေတဲ့ ဒီနေရာကြီး တစ်ခုလုံးက ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေခဲ့ပြီ။ သူတို့တွေရဲ့ အစွမ်းနဲ့ ဒီနေရာကို ဝင်လို့ မရနိုင်ခဲ့ဘူး။ အပြင်ဘက်ကနေသာ ဒါတွေကို ကြည့်နေဖို့ တတ်နိုင်ခဲ့တယ်။

“လှုပ်ရှားမှု ရှိနေသရွေ့၊ တိုက်ပွဲက ဆက်ဖြစ် နေမှာပဲ။”

“ဟုတ်တယ်။ ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်။”

“ဖန်ကျန်းရှီ နိုင်မှ ဖြစ်မယ်။”

လူသား မဟာမိတ် တပည့်သားတွေ ဖန်ကျန်းရှီ နိုင်ဖို့ လေးလေးနက်နက် မျှော်လင့်ခဲ့တာ ပထမဆုံး အကြိမ်ပဲ။ အရင်အချိန်တွေ တုန်းက ဖန်ကျန်းရှီကို သူတို့ အမြင်မကြည် ခဲ့ကြဘူး။

“နောက်ဆုံးတော့လဲ အရှင် ချိုးချီရဲ့ သေခြင်းတရား အငွေ့အသက်တွေ ဖုံးလွှမ်း ခံလိုက် ရပြီးပြီလေ။ ဖန်ကျန်းရှီ အသက်ရှင်ဖို့ အခွင့်အရေး ရှိအုန်းမှာလား။”

“မဖြစ်နိုင်တာပဲ။“

“ဒီကောင် သေချာပေါက် သေမှာ ”

မိစ္ဆာ နတ်ဆိုးမျိုးနွယ်တွေနဲ့ လူသား မဟာမိတ် တပည့်သားတွေရဲ့ တုံ့ပြန်မှုက လုံးဝကို ကွာခြား နေခဲ့တယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ ဖန်ကျန်းရှီ အသက် မရှင်နိုင်တော့ဘူးလို့ အပြည့်အ၀ ယုံကြည် နေခဲ့ပြီ။

ဒီအချိန်မှာပဲ သွေးမိုးတွေ ကောင်းကင်ပေါ်က ကျဆင်းလာတော့တယ်။ သွေးနီရောင် အလင်းတန်းတွေက ကြည်လင်တဲ့ သွေးစက်တွေနဲ့ ရောနှောပြီး တောက်ပ နေခဲ့ပြီ။

“အား။” စူးရှတဲ့ အော်ဟစ်သံကြီး တစ်ခုကို သွေးမိုးတွေထဲမှာ ကြားလိုက် ရတယ်။

ဒါက ကြည့်နေသူတွေ အားလုံးကို အာရုံ ပြောင်းသွား စေခဲ့ပြီ။ တစ်ဖက် နေရာမှာ ရပ်နေတဲ့ လူတစ်ယောက် ရှိနေတယ်။ သူက ပိန်ပါးပေမယ့်၊ ပြိုင်ဘက်ကင်း အေးစက်မှုကို ပိုင်ဆိုင်ထားပြီး မောက်မာတဲ့ အရှိန်အဝါတွေလဲ အပြည့် ရှိနေခဲ့တယ်။ သူကိုင်ဆောင်ထားတဲ့ ငွေရောင် ယပ်တောင်မှာတော့ သွေးတွေ တစက်စက် စီးကျနေတယ်။

“အဲ့တာ ရန်ရွှယ်ပဲ။”

“သွေးတွေက။”

“လင်းနဉ်။ မိစ္ဆာ ဘုရင် လင်းနဉ်ရဲ့ သွေးတွေ။”

ကြည့်နေသူတွေ အားလုံး မကြာခင်မှာပဲ ရန်ရွှယ့် ဘေးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး လဲကျနေတဲ့ အမျိုးသမီးကို မြင်လိုက် ရတော့တယ်။

လင်းနဉ်ရဲ့ မျက်နှာတစ်ခုလုံးက စက္ကူထက်တောင် ဖြူဖျော့ နေခဲ့ပြီ။ အခုချိန်မှာ ဖြူဖျော့ရုံတင် မကပဲ သူ့အသားအရေက ခရမ်းရောင် ပြောင်းနေခဲ့တယ်။

ဒါ့အပြင် အရိုးထိ နက်ရှိုင်းတဲ့ ပြတ်ရှ ဒဏ်ရာ တစ်ခုလဲ ရှိနေခဲ့တယ်။

“ရန်ရွှယ်က လင်းနဉ်ကို အနိုင်ယူ လိုက်တာလား။”

“ရန်ရွှယ်က အင်အားကြီးလိုက်တာ။ သူ့အသက်က ၁၈နှစ်ပဲ ရှိသေးတယ်။ လင်းနဉ်က မိစ္ဆာ ဘုရင်တွေထဲမှာ ဧကရီ ပိုင်ကျစ် နီးပါး အင်အားကြီးတဲ့သူ။”

လူသား မဟာမိတ် တပည့်သားတွေလန့်ကုန်ကြတယ်။

မိစ္ဆာနတ်ဆိုး တပ်ဖွဲ့တွေလဲ မယုံနိုင်ခဲ့ဘူး။ ရန်ရွှယ်က လင်းနဉ်ကို အချိန်တိုလေး အတွင်းမှာ အနိုင်ယူ နိုင်ခဲ့တယ်လေ။

“ငါ ငါးကွက်တိတိ တိုက်ခိုက် လိုက်ရတယ်။ ငါထင်ထားတာထက် နှေးနေ သေးတာပဲ။ ငါက ကောင်းကောင်း အင်အား မကြီးသေးဘူး။” ရန်ရွှယ် ခေါင်းခါရင်း ပြောနေခဲ့တယ်။

ဝူး။ လင်းနဉ်ရဲ့ ခေါင်းက ကောင်းကင်ပေါ်ကို လွင့်ထွက်လာတယ်။

ငွေရောင် ယပ်တောင်နဲ့ ခေါင်းကို ဆက်ထားတဲ့ ကြားထဲမှာ သေးမျှင်လှတဲ့ ကြိုးတွေ ရှိနေတာကိုတော့ ဘယ်သူမှ မမြင်နိုင် ခဲ့ဘူး။

ဝူး လင်းနဉ်ရဲ့ ခန္ဒာကိုယ်က မြေပြင်ကို ကျသွားပြီးနောက် ရွှေရောင် ပုလဲက ရန်ရွှယ့် ခြေရင်းကို လိမ့်လာတော့တယ်။

ဘန်း။ ရန်ရွှယ် ခြေထောက်ကို မြှောက်ရင်း မိစ္ဆာ ပုလဲကို နင်းချေ ပြစ်တယ်။

ဒီမြင်ကွင်းကြောင့် အားလုံး မျက်လုံး ပြူးသွား ခဲ့ရပြီ။ အနီးမှာ ရှိနေတဲ့ ပင်းယန်ကတော့ ထအော်တော့တယ်။

“နှမြောစရာ ကောင်းလိုက်တာ။ နင်ငါ့ကို ပေးလိုက်ရင် ပိုကောင်းမှာကို။ ဦးလေးရန် ကိုယ့်မြေးကို သေချာဂရု စိုက်အုန်း။ သူက အရမ်းတွေ ဖြုန်းတီး နေတာပဲ။ ဖြုန်းတီး နေတာက ရှက်စရာ ကောင်းတယ်။” ပင်းယန် အရမ်းကို မကျေမနပ် ဖြစ်နေခဲ့တယ်။

“ရပါတယ်။ ရန်မိသားစုမှာ ငွေကြေးက ပြည့်စုံ နေတာပဲ။ ဖြုန်းတီးလဲ ဘာမှ မဖြစ်ဘူး။” ရန်ရွှယ်ကို ချစ်ခင်မှု အပြည့်နဲ့ ကြည့်လိုက်ရင်း ရန်ချန်လိ ခေါင်းခါတယ်။

“…” ပင်းယန်ကတော့ နောက်ထပ် ဘာမှ ဆက်မပြောနိုင်တော့ဘူး။

မိစ္ဆာ ပုလဲက ငွေနဲ့ လဲလို့ မရဘူးလေ။ မင်းသားရန်က တုံးချင်ယောင် ဆောင်နေတာလား တကယ်ပဲ တုံးသွားတာလား ဆိုတာတော့ ပင်းယန် မခန့်မှန်း နိုင်ဘူး။

နောက်ဆုံးမှာတော့လဲ မင်းသားရန်ကို ရူးနေတဲ့ သူလို့ ပြောမိရင် ပြောသူက အရူးထင် ခံရမှာပဲလေ။

“မင်းသမီးလေး သတိထား။” အခုချိန်မှာတော့ တလေးတစား အခေါ်အဝေါ်တွေ ရန်ချန်လိ သုံးမနေ နိုင်တော့ဘူး။ လင်းယွိနဲ့ တိုက်ခိုက်ရတာ စိတ်ဖိစီးမှု များလွန်းလှတယ်။

ဝုန်း။ ပင်းယန်ရဲ့ ခန္ဒာကိုယ် ချက်ခြင်း နောက်ကို လွင့်ထွက် လာတယ်။

သူမ ရပ်နေခဲ့တဲ့ နေရာမှာတော့ ရေခဲ တွင်းနက်ကြီး တစ်ခု ဖြစ်နေခဲ့ပြီ။

“ဟူး။” ပင်းယန် နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့တယ်။ “ငါ ရေခဲ ကျောက်ရုပ် ဖြစ်တော့မလို့ပဲ။ တကယ်သာ ကျောက်တုံး ဖြစ်သွားခဲ့ရင် အသက်ဆက်ရှင် နိုင်မလား သိချင်လိုက်တာ။”

“အသက်ရှင်မလား။” ပင်းယန်ရဲ့ မေးခွန်းကို ကြားချိန်မှာတော့ လင်းယွိ ပြန်မဖြေပဲ မနေနိုင်တော့ဘူး။ “ငါ့ရဲ့ ရေခဲတွေနဲ့ အေးခဲ ခံလိုက်ရရင်၊ မင်းရဲ့ ခန္ဒာကိုယ်က ဆယ်စက္ကန့် အတွင်းမှာပဲ ကျောက်ရုပ် ဖြစ်သွားလိမ့်မယ်။ တစ်သက်လုံး ပြန်ထွက် လာတော့မှာ မဟုတ်ဘူး။”

“ဒီလောက် အင်အားကြီးတယ်လား။” ပင်းယန် ကြောက်လန့်တဲ့ ပုံစံနဲ့ ပြောနေခဲ့တယ်။

ဒါပေမယ့် လင်းယွိကတော့ ပင်းယန်ကို ပြန်မဖြေခဲ့ဘူး။ သူက စကားပြောချင်မှ ပြောတယ်လေ။ အခုချိန်မှာ လင်းနဉ်က သေဆုံး သွားခဲ့ပြီ။ ရန်ရွှယ် သူ့ကို လာတိုက်ခိုက်ဖို့ အချိန် တစ်ခုပဲ လိုတော့တာကို သူသိတယ်။

သုံးယောက် တစ်ယောက် တိုက်ပွဲ၊ လင်းယွိလဲ အခုလောက်ထိ အသာစီး ရနိုင်တော့မှာ မဟုတ်ဘူး။

လင်းယွိ ငြိမ်သက် သွားတာကို မြင်ချိန်မှာတော့ ပင်းယန် ပြုံးလိုက်တယ်။ ရန်ရွှယ့်ကို သူလှမ်းပြောတယ်။

“ဟေး ရန်ရွှယ်။ နင် ကိစ္စ ပြတ်ရင်၊ ငါ့ကို လာကူညီအုန်း။ သုံးယောက် တစ်ယောက် တိုက်ပွဲ ဆိုရင် ငါတို့ သူ့ကို သတ်နိုင်တယ်။” ပင်းယန်ကတော့ ယုံကြည်ချက် အပြည့် ရှိနေခဲ့တယ်။

“ခဏ စောင့်နေအုန်း။”

ရန်ရွှယ့် အဖြေကတော့ ပင်းယန် မျှော်လင့် ထားသလို မဖြစ်ခဲ့ဘူး။ ရန်ရွှယ်လဲ ရောက်မလာခဲ့ဘူး။ လင်းနဉ်ကို သတ်ပြီးတဲ့နောက် ရန်ရွှယ်က သေခြင်း အငွေ့အသက်ထဲကို ချက်ခြင်း ပြေးတက် သွားခဲ့တယ်။

“..” ပင်းယန်က နောက်ထပ် ပြောစရာ စကား မရှိ ဖြစ်သွား ခဲ့ရပြန်ပြီ။

“မင်းသမီး။ ငါတို့ ကိုယ့်ဘာကိုယ် တိုက်ခိုက်ရမယ်။” ရန်ချန်လိက ပင်းယန် ခံစား နေရတာကို နားလည် နိုင်တယ်။ ဒါပေမယ့် ရန်ရွှယ် ဒီလို ရွေးချယ်မှာမှန်း သူသိပြီးသား။ သူ့မြေးအဓိက ထားတဲ့ ကိစ္စကို သူနားလည်တယ်။ ဘယ်သူ့ကို အလေးသာလဲ ဆိုတာလဲ သူသိတယ်။

အချိန်က ၂နှစ်တောင် ရှိတော့မယ်။

ကြီးမြတ်သောရှ နိုင်ငံတော် တော်ဝင်ညီလာခံ စာမေးပွဲကြီး ပြီးချိန်မှာ ရန်ရွှယ်က အနောက်လျန် ပြည်နယ်ကို ပြန်လာပြီး ၂နှစ်နီးပါး နေခဲ့တယ်။ နန်းတော် အပြင်ကို သူထွက်တဲ့ အချိန်က ရှားပါးလွန်းတယ်။

ဒီအချိန် အတွင်းမှာ သူ့မြေးက အတော်လေး ပိန်ပါး သွားခဲ့သလို နာမည် တစ်ခုကို ခဏခဏ ရေရွတ် နေတာလဲ သူကြားခဲ့ရတယ်။

ဖန်ကျန်းရှီ။

သာမာန် နာမည်လေး တစ်ခု။

ဒါပေမယ့် ၂နှစ် အချိန်အတွင်းမှာ ပြတင်းပေါက်ကို ငေးကြည့်ရင်း မြောက်ပိုင်းဒေသကို ရွာငယ်လေး ဆီကို ဦးတည်ပြီး ဒီနာမည်ကို ခဏကို ရန်ရွှယ် မကြာခဏ ပြောလေ့ ရှိတယ်။

ဖန်ကျန်းရှီရဲ့ နာမည် ကြီးမြတ်သော ရှနိုင်ငံတော်မှာ နောက်တစ်ကြိမ် ပေါ်မလာခင် အထိ ဒီအတိုင်း နေ့စဉ် ရက်ဆက် ဆက်သွားခဲ့တယ်။ ညည့်နက် သန်းခေါင်ယံကြီးမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို သူရှင်းရှင်းလင်းလင်းကြီး မှတ်မိနေသေးတယ်။

အဲ့ဒီ့ သန်းခေါင်ယံမှာ ရန်ရွှယ်က သူ့အခန်း တံခါးကို တွန်းဖွင့်ပြီး သူ့ရှေ့မှာ ဒူးထောက်ခဲ့တယ်။

“အဖိုး။ ကျွန်တော် မြောက်ပိုင်းဒေသ တောင်ပေါ်ရွာကို သွားချင်တယ်။”

“မြောက်ပိုင်းဒေသ တောင်ပေါ်ရွာ။”

“မှန်ပါတယ်။ အခုချက်ခြင်း သွားဖို့ လိုပါတယ်။ ရန်တိမ်မြင်း တပ်ဖွဲ့ကိုလဲ အဖိုးဆီက ငှားချင်ပါတယ်။ ကျေးဇူးပြုပြီး သဘောတူပေးပါ။”

“ရွှယ်အာ။ ဒီ၁၈နှစ် လုံးလုံး မင်းငါ့ကို ဘယ်တုန်းကမှ ဒီလို မတောင်းဆို ခဲ့ဖူးဘူး။ မင်း အသက် ၈နှစ် အရွယ်၊ မင်းမယ်တော် ဆုံးပါး ခဲ့ချိန် ကတောင် မင်းတည်ငြိမ် နေခဲ့တယ်။ အခုချိန်မှာ ဘာကြောင့် ဒီလို လုပ်ရတာလဲ။”

“အမေ့ အတွက် ကျွန်တော်ကိုယ်တိုင် လက်စားချေ နိုင်တယ်။ ဒါပေမယ့် ကျွန်တော် အခု လုပ်မယ့် ကိစ္စက အနောက်ပိုင်း လျန် ရန်မိသားစု အတွက် အရှင်မင်းမြတ် အပြစ်ပေးစေမယ့် ကိစ္စပဲ။ ဒါကြောင့် ကျွန်တော်။”

“ဖန်ကျန်းရှီ အတွက်လား။”

“မှန်ပါတယ်။”

“သူက တကယ် ဘယ်သူများလဲ။”

“ကျွန်တော့် သူငယ်ချင်းပါ။”

“သူငယ်ချင်း။ ဘယ်လောက် ရင်းနှီးတဲ့ သူငယ်ချင်းလဲ။”

“ကျွန်တော့် အသက်ကိုတောင် လိုလိုလားလား စတေးဖို့ အသင့်ဖြစ် စေတဲ့ သူငယ်ချင်းပါ။”

“ဟဟား။ ရွှယ်အာ။ မိုက်မဲလိုက်တဲ့ ငါ့မြေး။ တချို့ ကိစ္စတွေက ယုံကြည်လို့ မရနိုင်ဘူး။ မင်းရဲ့ အသက်ကို သူ့အတွက် စတေး ချင်ပေမယ့်၊ သူကတော့ သူ့အသက်ကို မင်းအတွက် စတေးမှာ မဟုတ်ဘူး။”

“မဟုတ်ဘူး။ ကျွန်တော့် အတွက် သူ့ အသက်ကို သေချာပေါက် စတေးမယ့် သူလို့ ကျွန်တော် ယုံကြည်တယ်။”

“မင်း။ တကယ်ပဲ ဒီလို ထင်တာလား။”

“အခိုင်အမာကို ယုံကြည်ပါတယ်။”

“ကောင်းပြီ။ ဖန်ကျန်းရှီက မင်း အတွက် သူ့အသက်ကို စတေးမယ် ဆိုတာ ငါမယုံပေမယ့်၊ ဒီတစ်ခေါက်တော့ ငါမင်းကို ကူညီ လိုက်မယ်။ နောက်ဆုံးတော့လဲ ငါ့မြေး ပထမဆုံး တောင်းဆိုတဲ့ ကိစ္စပဲလေ။ ဒါက ရန်တိမ် မြင်းတပ်ဖွဲ့ရဲ့ အမိန့်ပြား။ တပ်ဖွဲ့ကို ငါထိန်းကွပ် ချိန်တည်းက ငါနဲ့ အတူတူ ရှိလာခဲ့တာ။ ဒီနေ့တော့ မင်းကို လွှဲအပ်လိုက်မယ်။”

“ကျွန်တော့်ကို အပ်တယ်။“

“ဟုတ်တယ်။ ဒီနေ့ကနေ စတင်ပြီး မင်းက အနောက်လျန် ပြည်နယ် ရန်မိသားစုရဲ့ တစ်ယောက်တည်းသော ဆက်ခံသူပဲ။ မင်းရဲ့ လုပ်ရပ်တွေက ရန်မိသားစုကို ကိုယ်စားပြုတယ်။ ငါ ရန်ချန်လိ ဒီအမိန့်ပြားကို တိုင်တည်ပြီး ပြောဝံ့တယ်။ မြင့်မြတ် နယ်မြေက လွဲပြီး လောကတခွင် ကြိုက်တဲ့ နေရာကို မင်းသွားနိုင်တယ်။ ရန်မြို့တော်လဲ အပါအဝင်ပဲ။”

“အဖိုး။”

“သွား။ သွားပြီး မင်းလုပ်ချင်တာကို လုပ်။”

“အမိန့် အတိုင်းပါ။”

“..”

အဲ့ဒီ့နေ့က ရန်ရွှယ့် အမူအယာနဲ့ သူ့မျက်ဝန်းထဲက အလင်းရောင်တွေကို ရန်ချန်လိ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ။ သူ့မြေးက တခြားသူ တစ်ယောက် ဖြစ်သွားသလို ခံစားမိတဲ့ အထိ ပြောင်းလဲ သွားခဲ့တယ်။

ရန်ရွှယ့်ကို ရန်တိမ် မြင်းတပ်ဖွဲ့ ပေးအပ် လိုက်ပင်မယ့်၊ ရန်ရွှယ် ပြောတာကိုတော့ သူမယုံခဲ့ဘူး။ တစ်ယောက် အတွက် တစ်ယောက် အသက်စွန့် ဝံ့တဲ့ သူငယ်ချင်းတွေ တဲ့လား။

သူအသက်ရှင်လာတာ နှစ်ပေါင်း များစွာ ကြာမြင့်နေပြီ ဖြစ်ပေမယ့်၊ ဒီလို သူငယ်ချင်းမျိုး ရှိဖူးတယ်လို့ ပြောဖို့ ယုံကြည်ချက် မရှိခဲ့ဘူး။

ယင်ယန် ခန်းမမှာ ရန်ရွှယ့် အသက်ကို ကယ်တင်ဖို့ ဖန်ကျန်းရှီ သူ့အသက်နဲ့ မလဲလှယ်ခင် အထိ။ တောင်စဉ် ကိုးသွယ်က အလယ်အိုးကြီးထဲကို ပြစ်ထည့်ပြီး ဆေးလုံးကြို ခံရတဲ့ အချိန်အထိ သူစောင့်ကြည့် ခဲ့တယ်။ အဲ့ဒီ့ အချိန်မှသာ ရန်ရွှယ် အမှန်တွေကို ပြောခဲ့မှန်း သူနားလည် သွားတယ်။

“ရွှယ်အာ။ ဖန်ကျန်းရှီနဲ့ အတတူ တိုက်ခိုက်ပြီး ချိုးချီကို အနိုင်ယူလိုက်၊ အဖိုး မင်းအတွက် ဂုဏ်ယူတယ်။” ရန်ချန်လိရဲ့ မျက်ဝန်းတွေက ပြောရင်း အနီရောင် အလင်းတန်းတွေ တောက်ပ လာခဲ့ပြီ။ သူစိတ်သက်သာ ရသွားပုံပဲ။

သူ့မြေး ရင့်ကျက်လာတာကို သိမြင်သွားတဲ့ အဖိုး တစ်ယောက်ရဲ့ စိတ်သက်သာရာ ရမှုလဲ ဖြစ်တယ်။

ဝူး။

အဝေး နေရာမှာတော့ ရန်ချန်လိ စိတ်ထဲက အတွေးတွေကို ရန်ရွှယ် မကြားနိုင်ခဲ့ဘူး။ သူ့ရှေ့က အငွေ့တွေကိုသာ စိုက်ကြည့်ရင်း လှုပ်ရှား နေခဲ့တယ်။ သွေးနီရောင် တောက်ပနေတဲ့ မျက်ဝန်းတွေက အရမ်းကို လျင်လျင်မြန်မြန် လှုပ်ရှားရင်း အကဲခတ် နေခဲ့တယ်။

ခန္ဒာကိုယ် တစ်ခုလုံးကို သွေးနီရောင် အလင်းတန်းတွေနဲ့ လွှမ်းခြုံပြစ်ရင်း သေခြင်းတရား အငွေ့အသက်တွေထဲ ပြေးဝင်သွားတယ်။

အပိုင်း (၁၀၀၅) ပြီး၏။

အပိုင်း (၁၀၀၆)

“ဒဏ္ဍာရီ။”

..

“သူတကယ်ပဲ ဝင်သွားတယ်။”

“သူက သုခမိန်အဆင့်ပဲ ရှိသေးတာလေ။”

“ရန်ရွှယ်က လင်းနဉ်ကို သတ်နိုင်ပေမယ့်၊ သူ့ရဲ့ ကျင့်ကြံဆင့်ကို ကြည့်မယ် ဆိုရင် အပြင်ကနေ စောင့်နေ သင့်တယ်။ သူဒီလို ပြေးဝင်သွားတာ သေရမှာ မကြောက်ဘူးလား။”

မိစ္ဆာ နတ်ဆိုးတွေ ကတော့ ရန်ရွှယ် ပြေးဝင် သွားတာကို မြင်ချိန်မှာ မျက်လုံး ပြူးသွား ကြတော့တယ်။ သူက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။ သူတို့ အတွက်တော့ သေခြင်းတရား အငွေ့အသက်ဆိုတာ သေမင်း နယ်မြေပဲ။ အထဲမှာ တစ်မိနစ် နေနိုင်ရင်တောင် ကံကောင်း။

ဒါတောင် ရန်ရွှယ်ကတော့ ဝင်သွားခဲ့ပြီ။ သူတကယ် သေမှာကို မကြောက်တာလား။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ တင်မကဘူး။ လူသား မဟာမိတ် တပ်ဖွဲ့တွေ အားလုံးပါ မျက်လုံး ပြူးနေခဲ့တယ်။ အထဲက အခြေအနေတွေ မရှင်းလင်းဘူး။ လင်းယွိကို အရင်ဆုံး သတ်ဖို့ လုပ်သင့်တာလေ။

လင်းယွိ သေသွားခဲ့ရင်၊ ဖန်ကျန်းရှီက ချိုးချီကို အနိုင်မယူ နိုင်ရင်တောင် လူသား မျိုးနွယ် အတွက် မျှော်လင့်ချက် အရိပ်အယောင် ရှိနေသေးတယ်။ ဖန်ကျန်းရှီကို အနိုင်ယူဖို့ အတွက် ချိုးချီ သေချာပေါက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမှာပဲလေ။

နောက်ဆုံးတော့လဲ ချိုးချီကို သုံးယောက် ပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်၊ အောင်မြင်နိုင်ချေ ၄၀% ရှိတယ်လေ။

“ရန်ရွှယ်က လောလွန်းတယ်။ ချိုးချီကို သေခြင်း အငွေ့အသက် တွေထဲမှာ အနိုင်ယူဖို့ အတွက် ဒီလို ဝင်သွားတာ မဖြစ်သင့်တာပဲ။”

“ဟုတ်တယ်။ သူက ငယ်ရွယ်ပြီး အလောကြီး လွန်းတယ်။”

“ကံမကောင်း လိုက်တာ၊ ဒီတိုက်ပွဲကို လှည့်ပြောင်း နိုင်တော့မယ့် အခွင့်အရေးက သူ့လက်ထဲမှာ ပျောက်ကွယ် သွားတော့မှာပဲ။” လူသား မဟာမိတ်အဖွဲ့က လူတွေ သက်ပြင်း ချလိုက်မိတယ်။

“အဖိုးကြီးမု မင်း နောက်ထပ် ဘာမှ မပြောတော့ဘူးလား။” မော့ရှန်းရှီက မုချင်းဖန်းကို မေးလိုက်တယ်။ အခုချိန်မှာ မုချင်းဖန်းက တိတ်ဆိတ် နေခဲ့တယ်လေ။

“ငါ ဘာပြော ရမှာလဲ။” မုချင်းဖန်း မေးလိုက်တယ်။

“ရန်ရွှယ့် လုပ်ရပ်တွေကိုလေ။”

“ဟူး။ ငါ့မှာ ပြောစရာမှ မရှိပဲ။ အံ့သြစရာမှ မရှိတာ။” မုချင်းဖန်း ခေါင်းခါလိုက်တယ်။ ရန်ရွှယ် နည်းနည်း အလျင်လို နေတာကို သူသိတယ်။

ဒါပေမယ့် ဘာဖြစ်လဲ။

ရန်ရွှယ်က အလောကြီးတယ်။ ဖန်ကျန်းရှီလဲ အတူတူပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရန်ရွှယ့် အသက်ကို ကယ်တင်နိုင်ဖို့ ယင်ယန် ခန်းမထဲကို ဖန်ကျန်းရှီ ထိုးဖောက် ဝင်ရောက် ခဲ့တယ်။ သူ့လုပ်ရပ်က အရမ်း မြန်ဆန်လွန်းလို့ တခြားသူတွေတောင် ဆွံ့အ ကုန်တဲ့ အထိပဲ။

မိတ်ဆွေ သူငယ်ချင်းတွေ။

သေခြင်းတရား အငွေ့အသက်ထဲ ဝင်ရောက် ပျောက်ကွယ် သွားသူကို ကြည့်ရင်း မုချင်းဖန်း စိတ်ထဲမှာ သက်ပြင်း ချနေမိတယ်။ လောကကြီးမှာ တကယ်ပဲ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ရှိတယ်။

“မင်း မအံ့သြဘူးလား။” မုချင်းဖန်း ပြန်ဖြေတဲ့ စကားကြောင့် မော့ရှန်းရှီ တွေးတောပြီးမှ ပြန်မေးခဲ့တယ်။ ဒါပေမယ့် သူမကြာခင်ပဲ ပြုံးလိုက်ပြန်တယ်။ “ဟဟား။ ဟုတ်တာပဲ။ ဖန်ကျန်းရှီက အထဲမှာ ပိတ်မိနေပြီး ရန်ရွှယ်က ပြေးဝင် သွားတာဆိုတော့ မင်း ဘယ်လိုလုပ် အံ့သြ မလဲ။”

“ဟုတ်တယ်။ သူက ရန်ရွှယ် ဖြစ်နေတာပဲလေ။” ဝူယွဲ့အာလဲ သက်ပြင်း ချလိုက်မိတယ်။

…

ရန်ရွှယ်ကတော့ အပြင်ဘက်မှာ ပြောနေတဲ့ စကားသံတွေကို မကြားနိုင်ခဲ့ဘူး။

သူ့ခန္ဒာကိုယ်ကို အဇူရာ တာအို သံချပ်ကာက ဖုံးလွှမ်း ထားခဲ့ပြီ။ သေခြင်းတရား အငွေ့အသက်ကို သူထိုးဖောက်ပြီး ချက်ခြင်း အထဲကို ပြေးဝင် သွားခဲ့တယ်။

“ငါ့ကို စောင့်။ ငါ့ကို စောင့်နေ။” ရန်ရွှယ်ရဲ့ မျက်ဝန်းတွေက သွေးနီရောင် တောက်ပ လာပြီးနောက် သူ့ရဲ့ သံချပ်ကာကို သေခြင်းတရား အငွေ့အသက်တွေက စတင် တိုက်စားတော့တယ်။ ဒါကို ရန်ရွှယ် စိတ်ထဲ မထားနိုင်ခဲ့ဘူး။

သူ့စိတ်ထဲမှာ ကိစ္စ တစ်ခုသာ ရှိတယ်။ ဖန်ကျန်းရှီ ဆီကို အချိန်တို အတွင်း အမြန်ဆုံး ရောက်နိုင်ဖို့ပဲ။

ဝူး။ သေခြင်းတရား အငွေ့အသက်တွေရဲ့ အလယ်ကို ရန်ရွှယ် ရောက်သွား ခဲ့ပြီ။ တိုက်ပွဲ အခြေအနေကြောင့် သေခြင်းတရား အငွေ့အသက်တွေက ဒီနေရာမှာ ပါးလွှာ နေခဲ့တယ်။

အလယ်မှာ ရှိနေသူ နှစ်ယောက်ကို ရန်ရွှယ် ချက်ခြင်း သတိ ထားမိ သွားခဲ့တယ်။

“ရှာတွေ့ပြီ။” ချက်ခြင်း ဆိုသလို အပြာရောင် လူရိပ်ဆီကို သူပြေးဝင် သွားတယ်။ ဒါက ဖန်ကျန်းရှီမှန်း သူသိတယ်လေ။

ဒါပေမယ့် လမ်းတစ်ဝက်မှာပဲ သူမျက်လုံး ပြူးသွား ခဲ့ရတယ်။

“နန်ကုန်းမုလား။”

“အမ်။ ရန်ရွှယ်။” ရန်ရွှယ့် အသံကို ကြားလိုက်တဲ့ အတွက် ဖန်ကျန်းရှီ ချက်ခြင်း လှည့်ကြည့်မိတယ်။

“ချိုးချီ ဘယ်ရောက် သွားတာလဲ။” ဝတ်ရုံနက် ဝတ်ထားပြီး မီးခိုးရောင် အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ နန်ကုန်းမုကို ကြည့်ရင်း ရန်ရွှယ် ပြောတော့တယ်။

သူလဲ ဖန်ကျန်းရှီလိုပဲ ဒီမြင်ကွင်းကို မယုံကြည် ခဲ့ဘူး။ ဒါကို မဖြစ်နိုင်တဲ့ ကိစ္စလို့သာ တွေးထင် ခဲ့တယ်။

“နန်ကုန်းမုက ချိုးချီ။ ချိုးချီက နန်ကုန်းမု။” ဖန်ကျန်းရှီ လှမ်းအော်ရင်း ရှင်းပြတယ်။

“ငါသိပြီ။ တိုက်ခိုက်ကြစို့။” ရန်ရွှယ် ခေါင်းငြိမ့်လိုက်တယ်။

ဖန်ကျန်းရှီက ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီလေ။ ချိုးချီက နန်ကုန်းမုပဲ။ သူဘယ်လောက်ပဲ ငြင်းချင် ပါစေ၊ ဖန်ကျန်းရှီ ပြောတဲ့ အမှန်တရားကို ယုံကြည်ဖို့သာ ရွေးချယ် လိုက်တယ်။

“ရန်ရွှယ် သွားတော့။ ဒီနေရာမှာ မင်း တစ်မိနစ်တောင် နေနိုင်မှာ မဟုတ်ဘူး။” နန်ကုန်းမုက ရန်ရွှယ့်ရဲ့ အနီရောင် သံချပ်ကာကို ကြည့်ရင်း ပြောလိုက်တယ်။

“တစ်မိနစ်က အချိန်လောက် ပါတယ်။” ရန်ရွှယ်ကတော့ ဒါတွေကို ဂရုစိုက် နေပုံ မပေါ်ဘူး။ ငွေရောင် ယပ်တောင်ကို သုံးရင်း သေခြင်းတရား အငွေ့အသက်တွေကို တားဆီး လိုက်ပြန်တယ်။

“အင်း။ တစ်မိနစ်က အချိန် လောက်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

အစောပိုင်း တုန်းက ရန်ရွှယ့်ကို ချက်ခြင်း ပြန်ထွက်သွား စေချင်ပေမယ့်၊ သူအခုတော့ ထုတ်မပြောတော့ဘူး။ ရန်ရွှယ် သွားမှာ မဟုတ်မှန်း သူသိနေခဲ့တယ်။ သူမသွား မှတော့၊ တောင်းဆိုနေဖို့ မလိုတော့ဘူးလေ။

“ငါ အရင် တိုက်ခိုက်မယ်။” ချက်ခြင်း ဆိုသလို နန်ကုန်းမုဆီကို ရန်ရွှယ် ပြေးဝင် လာတော့တယ်။

“မင်းတို့ နှစ်ယောက်စလုံးမှာ အချိန် သိပ်မရှိ တော့ဘူး။ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင်တော့ အခွင့်အရေး နည်းနည်း ရှိလိမ့်မယ်။” နန်ကုန်းမုက ဓားနှစ်လက်ကို ဝေ့ယမ်းရင်း ပြောတယ်။ သူ့ရဲ့ ဓားအလင်းတန်း နှစ်ခုက ရန်ရွှယ့်ဆီကို ပြေးဝင် သွားခဲ့ပြီ။

ဒီပုံမှန် တိုက်ခိုက်မှု တစ်ခုက အရမ်းကို အရှိန်မြန် လွန်းတယ်။ အစိမ်းနဲ့ အပြာ အလင်းတန်း နှစ်ခုက ရန်ရွှယ့်ကို အရှေ့နဲ့ အနောက်ကနေ တိုက်ခိုက်တယ်။

ရန်ရွှယ်ကတော့ ခုန်မရှောင် ခဲ့ဘူး။ သူ့နောက်မှာ ဖန်ကျန်းရှီ ရှိနေတဲ့ အတွက် အရှေ့ကနေ ကာဆီး တိုက်ခိုက် ခဲ့တယ်။

ရန်ရွှယ် ခန့်မှန်း ထားတဲ့ အတိုင်း အလင်းတန်း နှစ်ခုက ရန်ရွှယ့်ကို ထိတော့မယ့် အချိန်မှာပဲ တောက်ပတဲ့ သံကြိုးတွေက လျှပ်စီး လက်သလို အရှိန်နှုန်းနဲ့ ထွက်လာခဲ့တယ်။ ဒါတွေက ငရဲ သေရှင် သံကြိုးတွေပဲ။

ဝုန်း။ ကျယ်လောင်တဲ့ သံကြိုး အသံတွေနဲ့ အတူ ဓားအလင်းတန်းတွေ ပျောက်ကွယ် သွားတော့တယ်။

“တိုက်ခိုက်။”

“ခုတ်ချ။”

ချက်ခြင်းဆိုသလို ဟိန်းဟောက်ရင်း ငွေရောင် ယပ်တောင်ကို သုံးပြီး နန်ကုန်းမုကို ရန်ရွှယ် ခုတ်ချလိုက်တယ်။

တောက်ပတဲ့ အနီရောင် အလင်းတန်းက ကြီးမားတဲ့ ဓားကြီး တစ်လက် အသွင် လေထဲမှာ ပြောင်းလဲ သွားတယ်။ ဓားသွား ပေါ်မှာ အနီရောင် ငရဲသံကြိုး တစ်ခုလဲ ရှိနေသေးတယ်။

“ဟမ်။” နန်ကုန်းမု တောင့်တင်း သွားခဲ့ရပြီ။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် မတွေ့တာ အချိန် အတော်ကြာ နေပြီမှန်း သူသိတယ်။ ဒါ့အပြင် သူတို့ရဲ့ ကျင့်ကြံဆင့်မှာ ကွာခြားချက်က အများကြီး ရှိနေ သေးတယ်။

ဒါတောင်မှ သူတို့ နှစ်ယောက် ကောင်းကောင်း ပေါင်းစည်း တိုက်ခိုက် နိုင်တယ်လား။ ဘာကြောင့်များလဲ။ တစ်ယောက်ကို တစ်ယောက် ယုံကြည် နေလို့လား။

နန်ကုန်းမု ခပ်မြန်မြန် နောက်ဆုတ်တယ်။ ဒါပေမယ့် ကြီးမားတဲ့ အနီရောင် ဓားကြီးကတော့ သူ့ခေါင်းပေါ်မှာ ရောက်နေခဲ့ပြီ။

“ငါ ခွဲပြစ်ရမယ်။” နန်ကုန်းမု သူ့ဓားနှစ်လက်ကို ဝေ့ယမ်းရင်း ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

ဒီအချိန်မှာပဲ အေးစက်တဲ့ အသံကို သူထပ်ကြား ရပြန်တယ်။

“အဇူရာတွေ ပေါင်းစည်း။”

ကြီးမားတဲ့ အနီရောင် ဓားကြီးက ရွှေရောင် အလင်းတန်းတွေ ရုတ်ချည်း ထွက်ပေါ် လာပြီး အသက်ဝင်လာ ခဲ့တယ်။ သူ့ရဲ့ ထက်ရှလွန်းတဲ့ ဓားသွားက လေဟာနယ်ကိုတောင် ကွဲထွက် သွားစေတယ်။

နန်ကုန်းမု တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါ နေခဲ့ပြီ။ အနီရောင် ဓားကြီး ကွဲထွက်မယ့် အစား သူ့လက်ထဲမှာ ရှိနေတဲ့ အပြာရောင်ဓားက နှစ်ပိုင်း ကျိုးသွား ခဲ့တယ်။

ဝေါ့။

နန်ကုန်းမု သွေးတပွက် အန်ထွက်တယ်။ သူဒဏ်ရာ ရသွားခဲ့ပြီ။ ဒါက သူ့အတွက် ပြဿနာ မဟုတ်သေးဘူး။ အခုချိန်မှာ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ အတူတူ ပေါင်းစည်းပြီး တိုက်ခိုက် နိုင်နေတဲ့ အချက်ကို သူပို အာရုံစိုက်မိ နေတယ်။

ဒီလောက် အင်အား ကွာခြား နေတာတောင် တိုက်ကွက် တစ်ခုချင်းစီတိုင်းမှာ ပြီးပြည့်စုံအောင် ပေါင်းစည်း နိုင်တယ်။ ဒါ့အပြင် ထူးခြားတဲ့ ရလဒ်ကိုလဲ ရအောင် လုပ်နိုင်နေတယ်။

ဒါဘာကြောင့်များလဲ။

ယုံကြည်မှု။ သူငယ်ချင်း မိတ်ဆွေ တွေကြားက ယုံကြည်မှု ဆိုတာ တကယ့်ကို အင်အားကြီးတာလား။

နန်ကုန်းမု အမြဲတမ်း သူ့ဘဝနဲ့ ရင်းပြီး ယုံလို့ ရမယ့် သူငယ်ချင်း တစ်ယောက်ကို လိုချင်ခဲ့တယ်။ တကယ်တော့ အဲ့ဒီ့လူကို ရှာတွေ့ ပြီလို့တောင် သူထင်ခဲ့တာ။ သိပ်မကြာခင် အချိန်ကပဲ ဒါကို လက်လွှတ်ဖိုက သူဆုံးဖြတ် ခဲ့တယ်။

သူ့သူငယ်ချင်းနဲ့ သူတို့ရဲ့ ရင်းနှီးမှုကို စွန့်လွှတ် ခဲ့တယ်။ သူ့ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဧကရာဇ် ရန်ရဲ့ သွေးတွေကြောင့် သူလုပ်ဆောင် ရမယ့် တာဝန် ဝတ္တရား အတွက် သူငယ်ချင်းကို စွန့်လွှတ် ခဲ့တယ်။

“ဟဟားဟာ။” နန်ကုန်းမု တကိုယ်လုံး တုန်ယင်တဲ့ အထိ ရယ်မောလိုက်တယ်။ အရမ်းကို အူလှိုက်သည်းလှိုက် ရယ်မော နေပြီး နာကျင်နေတဲ့ သူ့မျက်နှာက ရှုံ့မဲ့ နေခဲ့ပြီ။

ဘာတွေများ မှားသွားတာလဲ။ သူတကယ်ပဲ မှားသွားတာလား။

အသံတွေက ခေါင်းထဲမှာ ထပ်ခါထပ်ခါ ထွက်ပေါ် လာတယ်။

ဖန်ကျန်းရှီတဲ့ ပထမဆုံး တွေ့ခဲ့တဲ့ အချိန်ကို သူပြန်တွေး မိတယ်။ တိုက်ပွဲ စင်မြင့်မှာ တိုက်ခိုက် ခဲ့တာကို ပြန်မြင်ယောင် လာတယ်။ ဘဝမှာ တကယ်ပဲ သူငယ်ချင်းကောင်းကို သူတွေ့ခဲ့ ဖူးတယ်။

အခုချိန်မှာ သူက ဖန်ကျန်းရှီ ဘေးမှာ ရပ်ရင်း မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို တိုက်ခိုက်မယ့်သူ တစ်ယောက် ဖြစ်နေ ခဲ့ရမှာ။ အခုတော့ ဒါတွေက ဖြစ်မလာ နိုင်တော့ဘူး။

သူက ရွေးချယ် ခဲ့ပြီးပြီ။ သူ့ သူငယ်ချင်းတွေ အားလုံးကို အဆုံးရှုံး ခံပြီး တစ်ဘဝတာ အထီးကျန် စေမယ့် ဆုံးဖြတ်ချက်ကို ချခဲ့ပြီးပြီ။ အခုချိန်မှာ ပြန်လမ်းမဲ့တဲ့ နေရာကို သူရောက်နေခဲ့ပြီလေ။

နောက်ပြန် မလှည့်ဘူး။ ရွေးချယ် ခဲ့တာ အတွက် နောင်တ မရဘူး။ ဒါက သူ့စရိုက်ပဲ။

တစ်ကြိမ်တစ်ခါ သစ္စာဖောက် နိုင်ပေမယ့် နှစ်ကြိမ် နှစ်ခါတော့ မလုပ်နိုင်ဘူး။ နန်ကုန်းမုက သစ္စာဖောက်ဖို့ ရွေးချယ် ခဲ့ပြီးပြီ။ သူ့သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီး မှုကို သစ္စာ ဖောက်ခဲ့တယ်။ ဒါကြောင့် နောက်ထပ် စိတ်မပြောင်းတော့ဘူး။ ဒီလမ်းက အမှောင်ထုနဲ့ ပြည့်နေရင်တောင် သူဆက်လျှောက်မယ်။

“ငါ့ သူငယ်ချင်းတွေကို သစ္စာဖောက်ဖို့ ငါရွေးချယ် ခဲ့ပြီးပြီ။ ဒီတော့ ငါ့မိသားစုကို သစ္စာမဖောက် နိုင်ဘူး။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် မင်းတို့ ဒီနေ့ သေရမယ်။” နန်ကုန်းမု အော်ဟစ်လိုက်တယ်။

အရမ်းကို ထူထပ်တဲ့ အနီရောင် အလင်းတန်းက သူ့ခန္ဒာကိုယ်မှာ ထွက်ပေါ် လာခဲ့ပြီ။

ဝုန်း။ အနီရောင် မိုးကြိုးကြီးတွေ ထွက်ပေးလာတယ်။ နန်ကုန်းမုရဲ့ ခေါင်းပေါ်ကို ထိုးတက် သွားပြီး ရှုပ်ထွေးလှတဲ့ သင်္ကေတ ရှစ်ခု ပါဝင်တဲ့ သွေးမှော် စက်ဝန်း အဖြစ်ကို ပြောင်းလဲ သွားတယ်။

အရပ် ရှစ်မျက်နှာ သွေးမှော် စက်ကွင်း။ ဒီအချိန်မှာပဲ နန်ကုန်းမု ခန္ဒာကိုယ်ကနေ အဖြူရောင် အကိုင်းအခက်တွေ ထွက်ပေါ် လာတယ်။

အကိုင်းအခက်တွေက ခပ်မြန်မြန် ကြီးထွားလာပြီး သွေးမှော်စက်ဝန်းကို ထိမယ့် အထိ မြင့်မားလာခဲ့တယ်။

“သွေးမှော် စက်ဝန်းနဲ့ နတ်သစ်ပင်လား။” ဖန်ကျန်းရှီ တောင့်တင်း သွားတယ်။ ဒီမြင်ကွင်းက အရမ်းကို ထူးဆန်းလွန်းတယ်။ ဒါ့အပြင် သူ့အရင် ဘဝမှာ ဒီလို ဒဏ္ဍာရီမျိုး ရှိတာကို မမှတ်မိဘူး။ မှတ်တမ်း တင်မထားတာလား။

ဒီဘဝနဲ့ အရင် ဘဝက ဘယ်လို ဆက်နွယ်နေမှန်း မသိပေမယ့်၊ ဒဏ္ဍာရီ တွေကတော့ တူညီတယ်။ ဥပမာ အားဖြင့် ကျောက်ပြားပေါ်က ကြယ်တာရာ ကပ်ဆိုးကြီးက နွီဝါး မယ်တော် ဒဏ္ဍာရီနဲ့ တူညီတယ်။

“နေစမ်းပါအုန်း။”

အတွေးတစ်ခုက ဖန်ကျန်းရှီ ခေါင်းထဲကို ဝင်လာတယ်။ အမှန်ပဲ အရင်ဘဝက ဒဏ္ဍာရီတွေ ဒီဘဝမှာ ပြန်ကြားရတာ တူညီ ပေမယ့်၊ ထပ်တူတော့ ကျမနေခဲ့ဘူး။ သေးငယ်တဲ့ ကွာခြားချက် လေးတွေက ဖန်ကျန်းရှီကို အတွေး အမြင်သစ် ဝင်လာ စေတယ်။

နတ်ဘုရား သစ်ပင်။

နတ်ဘုရား သစ်ပင်တွေ အကြောငး ဖန်ကျန်းရှီ စိတ်ထဲကို ဆက်တိုက် ဝင်ရောက် လာတယ်။ မှတ်တမ်းတွေ ထဲမှာ နတ်သစ်ပင် ငါးမျိုး ရှိတယ်။ ပထမ တစ်ခုက (မသေမျိုး သစ်ပင်)။ ပင်လယ်နဲ့ တောင်တန်း ပေလွှာ ထဲက မှတ်တမ်း။

ဒဏ္ဍာရီ အရ တောင်ပိုင်းဒေသ မသေမျိုး နိုင်ငံ(နတ်ပြည်)မှာ မသေမျိုး သစ်ပင် ပေါက်ရောက်တယ်။ အဲ့ဒီ့က သစ်သီးတွေကို စားနိုင်ရင် မသေမျိုး ဖြစ်လာလိမ့်မယ်။ ဒါက ချဲ့ကားလွန်းတဲ့ ကိစ္စတွေပဲ။

ဒါပေမယ့် လက်ရှိ အချိန်မှာ ပြန်တွေး ကြည့်လိုက်မယ် ဆိုရင် ဘယ်လို ဖြစ်သွား မလဲ။

(နတ်သစ်ပင်ရဲ့ သစ်သီးတွေက လူတစ်ယောက်ကို အစွမ်းထက် စေပြီး သုခမိန် တစ်ယောက် ဖြစ်လာ စေနိုင်တယ်။ သက်တမ်းလဲ ပိုရှည်ပြီး စွမ်းအားလဲ မြင့်တက် လာလိမ့်မယ်။)

ဒါက နန်ကုန်းမုရဲ့ နတ်သစ်ပင်နဲ့ သက်ဆိုင်နေတယ်။

အစောပိုင်းမှာ နန်ကုန်းမုနဲ့ နန်ကုန်းဟောင်ရဲ့ စွမ်းအားတွေက နတ်သစ်သီးကို စားသုံး ပြီးချိန်မှာ ချက်ခြင်း တိုးတက်လာပြီး ပြန်လည် မွေးဖွားမှု အဆင့်ကနေ သုခမိန် အဆင့်ကို ရောက်ကုန် ကြတယ်။

ဒါ့အပြင် နတ်သစ်ပင်နဲ့ ပတ်သက်တဲ့ တခြား မှတ်တမ်း တစ်ခုလဲ ရှိသေးတယ်။

အရှေ့ပင်လယ်မှာ ပေါက်ရောက်တဲ့ နတ်သစ်ပင် အကြောင်းကို နေနတ်သမီးက သူ့သား အတွက် ခူးယူ လာခဲ့ဖူးတယ်။

အဲ့ဒီ့ သစ်ပင်က လူ့ပြည်၊ နတ်ပြည်နဲ့ ငရဲပြည်ကို ဆက်နွယ် ထားတယ်။ ဒါပေမယ့် ဟို့ရီက နတ်သစ်ပင်ပေါ်မှာ ရပ်ပြီး နေမင်းကို မြှားနဲ့ ပြစ်ချ ပြီးချိန် မှာတော့ ဆက်နွယ်မှုက ပျက်စီးသွားခဲ့တယ်။

အခု ဘဝနဲ့ ပြန်ဆက်စပ်ပြီး တွေးကြည့်ရင် ဒါကလဲ နန်ကုန်းမုရဲ့ နတ်သစ်ပင်နဲ့ တူညီချက်တွေ ရှိနေပြန်တယ်။

ဒါပေမယ့် သွေးမှော်စက်ဝန်းက ဘာကို ဆိုလို တာလဲ။ နန်ကုန်းမုက နတ်သစ်ပင်နဲ့ သွေးမှော် စက်ဝန်းကို ဘာဖြစ်လို့ ပေါင်းစည်း ထားတာလဲ။

ဖန်ကျန်းရှီ မတွေးဆ နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါက အခြေအနေကို ကြောက်စရာ ကောင်းအောင် လှည့်ပြောင်း နိုင်မယ့် ကိစ္စ ဖြစ်မယ်လို့ စိတ်ထဲမှာ ထင်နေ ခဲ့တယ်။

သွေးမှော် စက်ဝန်း။ ဧကရာဇ်ရန်။

နန်ကုန်းဟောင်နဲ့ ဧကရီ ပိုင်ကျစ်လဲ ကျမ်းကောင်းကင် တောင်မှာ တစ်ခုကို ပြောခဲ့ ကြတယ်။

နတ်သစ်ပင်က မဟာ စစ်ပွဲကြီး ပြီးချိန်မှာ စိုက်ပျိုးခဲ့တာ၊ ဧကရာဇ်ရန်ရဲ့ မျိုးဆက်တွေပဲ ထိန်းချုပ် နိုင်တယ်။ ဒါက အလွယ်လေး နားလည် နိုင်တဲ့ ကိစ္စပဲ။

ဖန်ကျန်းရှီ နားမလည် နိုင်တာကတော့ သွေးမှော်စက်ဝန်းက ဘာတွေကို ဆက်စပ် ပေးနေတာလဲ။

အပိုင်း (၁၀၀၆) ပြီး၏။

အပိုင်း (၁၀၀၇)

“အခြေအနေ အလှည့်အပြောင်း၊ လင်းယွိရဲ့ သေဆုံးမှု။”

ဖန်ကျန်းရှီက သွေးမှော်စက်ဝန်း ဘယ်လောက်ထိ အင်အားကြီးမှန်း သိတယ်။ အထင်ကြီးစရာ တိုက်ခိုက်ရေး စွမ်းအားတွေ ရှိနေရုံတင် မကဘူး။ သူတစ်ပါးရဲ့ စွမ်းအားကို ဝါးမျိုပြီး ကိုယ်ပိုင် စွမ်းအား ဖြစ်အောင် ပြောင်းလဲ နိုင်တယ်။

ဒီလို ဒဏ္ဍာရီမျိုး အရင်က ရှိခဲ့ဖူးလား။ ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ နန်ကုန်းမုရဲ့ နတ်သစ်ပင်က သွေးမှော်စက်ဝန်းနဲ့ လုံး၀ ပေါင်းစည်း သွားခဲ့ပြီ။

ဝူး။ လေလှိုင်းတွေက လောက တခွင်လုံးကို တုန်ခါ သွားစေတယ်။ မိုးကောင်းကင်နဲ့ မြေကြီး ပေါင်းစပ် သွားသလိုပဲ။ လောကကြီး တစ်ခုလုံးက တိတ်ဆိတ် သွားပြီး သစ်ပင်ကြီးသာ အထင်အရှား ကျန်ရစ်တော့တယ်။

သွေးမှော်စက်ဝန်းက ကောင်းကင်မှာ အနီရောင် အလင်းတန်းတွေ ဖြာထွက်နေရင်း သစ်ကိုင်း ဖြူဖြူတွေကို နီရဲအောင် လုပ်နေခဲ့တယ်။

“သွေးမှော်စက်ဝန်း ပျောက်ကွယ် သွားတာလား။” ဖန်ကျန်းရှီ တောင့်တင်း သွြးတယ်။ အခုချိန်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို သူရှင်းရှင်းလင်းလင်း မတွေးနိုင် သေးဘူး။ ဒါကြောင့် အတွေး ရပ်မရ ဖြစ်နေခဲ့တယ်။ သွေးမှော် စက်ဝန်း ပျောက်ကွယ် သွားချိန်မှာ နတ်သစ်ပင်ကလဲ ရဲရဲနီ သွားခဲ့ပြီ၊

အသက်စွမ်းအားကို ထည့်သွင်း လိုက်တာလား။ ဒါပဲ ဖြစ်မယ်။ သွေးမှော် စက်ဝန်းက နန်ကုန်းမုနဲ့ နတ်သစ်ပင်ကို ပေါင်းစည်းပေးတဲ့ ကြားခံနယ်ပဲ။ နတ်သစ်ပင်ရဲ့ စွမ်းအားကို ကိုယ်ပိုင် စွမ်းအား ဖြစ်အောင် ပြောင်းလဲ ပေးနိုင်တာပဲ ဖြစ်ရမယ်။

“မဖြစ်တော့ဘူး။ ဆိုးဝါးတဲ့ ကိစ္စတွေ စတော့မယ်။” ဖန်ကျန်းရှီ ဒါကို တွက်ထုတ် မိသွားခဲ့တယ်။ ဒါက ဒဏ္ဍာရီနဲ့ မဆိုင်ဘူး။ သီးခြား ဖြစ်တည်နေတဲ့ အရာပဲ။

ဘာကြောင့်လဲ ဆိုတော့ သွေးမှော်စက်ဝန်း မရှိရင်၊ နတ်သစ်ပင်က သာမာန် နတ်သစ်ပင် တစ်ခုပဲ။ သစ်သီးတွေကို ထုတ်လုပ် နိုင်ပေမယ့်၊ တခြားသူတွေကိုတော့ မထိန်းချုပ်နိုင်ဘူး။ သွေးမှော် စက်ဝန်းနဲ့ ပေါင်းစည်း ပြီးချိန်မှာတော့ သူက လုံး၀ ကွာခြားသွားတယ်။

ဒီနှစ်ခုသာ လူတစ်ယောက်ရဲ့ ရှေ့မှာ တစ်ချိန်တည်း ပေါ်လာခဲ့ရင်၊ သူ့ကို နတ်သစ်ပင် နတ်ဘုရားလို့ တွေးထင် မိမှာပဲ။

ပြေးရမယ်။

ဒီအတွေးက ဖန်ကျန်းရှီ စိတ်ထဲကို ချက်ခြင်း ဝင်ရောက်လာတယ်။ အခုချိန်မှာ နန်ကုန်းမုက သူသိထားခဲ့တဲ့ နန်ကုန်းမု မဟုတ်တော့ဘူး။ အခုချိန်မှာ ဖန်ကျန်းရှီနဲ့ ယှဉ်နိုင်တဲ့ အထိ အင်အား ကြီးနေခဲ့ပြီ။

နန်ကုန်းမုသာ နတ်သစ်ပင်ကို ထိန်းချုပ်နေရင် ဘယ်လောက်ထိ အင်အား ပိုကောင်း လာနိုင်မလဲ။

ဝုန်း။

သွေးနီရောင် မိုးကြိုးက နတ်သစ်ပင်ရဲ့ ပင်စည်ကို လာရိုက်ခတ်တယ်။ နတ်သစ်ပင် တစ်ခုလုံးကို လျှပ်စီးတန်းတွေ ဝန်းရံ သွားခဲ့ပြီ။

နန်ကုန်းမုက လုံး၀ ပျောက်ကွယ် သွားပြီး သူ့ခန္ဒာကိုယ် တစ်ခုလုံးက ကြီးမားတဲ့ အနီရောင် နတ်သစ်ပင်ကြီးနဲ့ ပေါင်းစည်း သွားခဲ့တယ်။

ဂျိန်း။

သစ်ကိုင်း အခက်တွေက သွေးတွေ တစက်စက် စီးကျနေတဲ့ အသွင် ပေါ်လာခဲ့တယ်။ လူ့လက်မောင်း တွေအတိုင်း အကိုင်းတွေက လှုပ်ယမ်း နေခဲ့တယ်။

“ငါဘာလုပ် သင့်လဲ။ ပြေးရတော့မလား။” ဖန်ကျန်းရှီ နည်းနည်းတော့ တွေေ၀ သွားခဲ့တယ်။ သူပြေးချင် ပေမယ့် အပြင်ဘက်မှာ လူသား မဟာမိတ် အဖွဲ့ ရှိနေတာကြောင့် မလုပ်နိုင်ခဲ့ဘူး။

ဝူး။ ဖန်ကျန်းရှီ တွေေ၀ နေချိန်မှာပဲ အကိုင်းအခက် တစ်ခုက လေဟာနယ်ကို ဖြတ်သန်းလာရင်း သူ့ကို တိုက်ခိုက်တယ်။ အနက်ရောင် အက်ကွဲကြောင်းတွေ ကောင်းကင်မှာ ဖြစ်ပေါ် လာခဲ့ပြီ။

“ငါကြိုးစား ကြည့်မှ ဖြစ်မယ်။” အနည်းဆုံးတော့ နတ်သစ်ပင်နဲ့ ပေါင်းစည်းထားတဲ့ နန်ကုန်းမု ဘယ်လောက် အစွမ်းထက် နေမလဲ သိရအောင် စမ်းကြည့် သင့်တယ်လို့ ဖန်ကျန်းရှီ အတွေး ဝင်လာတယ်။ နောက်ဆုံးတော့လဲ မနိုင်နိုင်ရင်တောင် ထွက်ပြေးလို့ တော့ ရနိုင်တယ် မဟုတ်လား။

ဖန်ကျန်းရှီ ချက်ခြင်း ဆိုသလို ဓားနှစ်လက်နဲ့ ပြေးဝင်လာတော့တယ်။ အနီရောင် အလင်းတန်းက ဓားနှစ်လက်မှာ စီးဝင်လာတယ်။ သူ့ဓားတွေက ရဲရဲနီ သွားခဲ့ပြီ။

“အဇူရာ ပေါင်းစည်း။”

ဟိန်းဟောက်သံနဲ့ အတူ ဓားနှစ်လက်က သစ်ကိုင်းတွေကို လာရိုက်ခတ်တယ်။ ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးလဲ ထွက်ပေါ် လာတယ်။

ဖန်ကျန်းရှီက သစ်ကိုင်းခက်တွေ အစား စိန်ထက် မာကျောတဲ့ အရာနဲ့ ရိုက်ခံ လိုက်ရသလို ခံစား မိနေခဲ့တယ်။ ဒါပေမယ့် အရင်ဘ၀ မှတ်တမ်းတွေအရ စိန်ထက် မာတဲ့အရာ မရှိခဲ့ဘူး။ ဒီကိစ္စက ကသိကအောင့် ဖြစ်ရလွန်းတယ်။

ချွမ်း။ ဖန်ကျန်းရှီရဲ့ ဓားက နှစ်ပိုင်း ကျိုးသွားခဲ့ပြီ။

“…” ဖန်ကျန်းရှီနဲ့ ရန်ရွှယ် နှစ်ယောက်စလုံး ကျိုးသွားတဲ့ ဓားကိုသာ ကြည့်နေခဲ့တယ်။ နှစ်ယောက်စလုံး အခုချိန်မှာ ပိုအရေးကြီးတဲ့ ကိစ္စ ရှိနေမှန်း သိကြတယ်။ နန်ကုန်းမုကို ဘယ်မှာမှ ရှာမရဘူး။

သစ်ကိုင်းတွေကလဲ မာလွန်းနေတယ်။ ဖန်ကျန်းရှီက လမင်း နန်းဆောင်က (ဝူကွမ်း)လိုမျိုး သစ်ကိုင်းနဲ့ ရိုက်ခံရရင် ငတုံးဖြစ်သွား မှာပေါ့။ ဒါ့အပြင် ဒီနေရာမှာ လနတ်သမီး ချန်အယ်လဲ ရှိမနေခဲ့ဘူး။

နန်ကုန်းမုကိုတော့ အခုချိန်မှာ ဖန်ကျန်းရှီ စိတ်မဝင်စားဘူး။

“ငါတို့ ပြေးကြတော့မလား။” ဖန်ကျန်းရှီ လှမ်းမေးတယ်။

“ပြေးလို့ ရမှာလား။” ရန်ရွှယ် ပြန်ဖြေတယ်။

“ရနိုင်ပါတယ်။” ဖန်ကျန်းရှီ ပြန်ပြော ပြန်တယ်။

“သိပြီ။” ရန်ရွှယ် ချက်ခြင်း နားလည်တယ်။

ဖန်ကျန်းရှီက နန်ကုန်းမု သူ့ရဲ့ ဇစ်မြစ် အစစ်ကို ထုတ်ပြဖို့ အတွက် မြှားခေါ်နေတယ်။ နန်ကုန်းမုသာ ပေါ်မလာရင် သူတို့ ဆက်တိုက်ခိုက်လို့ မရဘူးလေ။

“နန်ကုန်းမု။ ငါတို့ ခဏလောက် ဆုတ်ခွာ သွားအုန်းမယ်။ ငါတို့ကို စောင့်နေ။ ပြန်လာခဲ့မယ်။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

“..” သစ်ပင်နီကြီးက တိတ်ဆိတ်နေဆဲ။

“..” ရန်ရွှယ်လဲ တိတ်ဆိတ်ေ နခဲ့တယ်။

“သူပြန် မဖြေမှတော့ သဘောတူတယ်လို့ မှတ်လိုက်တော့မယ်။ ရန်ရွှယ် သွားကြစို့။” ဖန်ကျန်းရှီ ထွက်ပြေးဖို့ အသင့်ပြင် လိုက်တယ်။

“ဖန်ကျန်းရှီ မင်း ငါနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ် လိုက်ပြီ ထင်ထားတာ၊ မင်းထွက်ပြေးမယ် ဆိုတာ ငါမယုံနိုင်ဘူး။” နန်ကုန်းမုရဲက အသံကို ကြားလိုက် ရတယ်။

တစ်ချိန်တည်းမှာပဲ သစ်ကိုင်းတွေ ကြားမှာ ခေါင်းတစ်လုံး ပေါ်လာတာကို မြင်လိုက်ရတယ်။ နန်ကုန်းမုက သစ်ပင်နီထဲကနေ ခေါင်းထွက် နေခဲ့တယ်။ အခုချိန်မှာ သူက လူတစ်ယောက်လို အမူအယာ ရုပ်သွင် အသားအရောင် မရှိတော့ဘူး။ မျက်လုံးနီနီတွေနဲ့ သစ်ပင်သေ တစ်ပင်လို ရှိနေခဲ့တယ်။

“သူထွက်လာပြီပဲ။ ဒီတော့ သစ်ကိုင်းတွေထဲ ပုန်းနေတာပေါ့။” ဖန်ကျန်းရှီ မျှော်လင့်ချက် ပြန်ရှိ လာပေမယ့်၊ သစ်ကိုင်းခက်တွေ အများကြီး လမ်းမှာ ပိတ်ဆို့ နေတဲ့ အတွက် သူစိတ်ပျက် သွားခဲ့ရတယ်။

နန်ကုန်းမုက ဖန်ကျန်းရှီ ထင်ထားသလို ထွက်လာခဲ့တယ်။ ဒါပေမယ့် အဇူရာ တာအိုနဲ့တောင် မချိုးဖောက် နိုင်တဲ့ သစ်ပင် အသွင်ကို ပြောင်းနေတော့ သူဘယ်လိုလုပ် တိုက်ခိုက် ရမှာလဲ။

“ဖန်ကျန်းရှီ မင်းငါ့ကို ထွက်လာ စေချင်မှန်း သိတယ်။ အခု ငါဒီမှာ ရှိနေပြီ။ မင်းလာဝံ့လား။” နန်ကုန်းမု လှမ်းပြောတယ်။

သူ့စကား ဆုံးတာနဲ့ နောက်ထပ် သစ်ကိုင်း နှစ်ခုက ဖန်ကျန်းရှီနဲ့ ရန်ရွှယ့်ဆီကို ရောက်လာတော့တယ်။ နန်ကုန်းမုက သူတို့ နှစ်ယောက်ကို တားဆီးချင်တာ အသိသာကြီးပဲ။ သစ်ကိုင်းတွေက သူတို့ကို တိုက်ခိုက်ပေမယ့်၊ သူတို့ ခုန်ရှောင်နိုင်တယ်။

ဆုံးဖြတ်ချက် ချပြီးတဲ့နောက် အပြာရောင် အလင်းတန်းက တောက်ပလာပြီး နောက်ထပ် နေရာ တစ်ခုမှာ ဖန်ကျန်းရှီ ပေးလာတော့တယ်။ နန်ကုန်းမု တိုက်ခိုက်တာကို သူအလွယ်လေး ရှောင်နိုင်တယ်။ ဒါပေမယ့် ရန်ရွှယ့် အတွက်တော့ အခက်အခဲက စတင်ပြီး။ သစ်ကိုင်းတွေ သူ့ကို ရိုက်မိတာနဲ့ ချက်ခြင်း ဆိုသလို သူ့လက်မှာ ဒဏ်ရာ ဒဏ်ရာတွေ ပေါ်လာတော့တယ်။

“ငါ့ဓားတွေက အဆင်မပြေဘူး။ ခြေရာမဲ့ ဓားသာ မရှိရင် အကိုင်းတွေကို ဖြတ်နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ သူ့ဓားတွေကို ပြစ်လိုက်တယ်။ လင်းယွမ် မျှော်စင်မှာ ဓားတွေ အများကြီးကို လုလာပြီးနောက် ဓား အလက်၂၀ကျော် ကျိုးအောင် သုံးခဲ့ ပြီးပြီ။

သူ့ရဲ့ ခြေရာမဲ့ဓားကို ဖန်ကျန်းရှီ လွမ်းနေ ခဲ့တယ်။ အခုချိန်မှာ နတ်ဆိုး မျိုးနွယ်ကို ခြောက်လှန့်ဖို့ ဓားကို မြောက်ရွာမှာ သူထား ခဲ့ရတယ်။ မြင့်မြတ် နယ်မြေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ သူ့ဓားက ရောက်နေ ခဲ့ပြီ။

တွေးနေ ချိန်မှာပဲ နောက်ထပ် သစ်ကိုင်း ရှစ်ခုက ထပ်ရောက်လာခဲ့တယ်။ ခြောက်ခုက ဖန်ကျန်းရှီကို တိုက်ခိုက်ပြီး နှစ်ခုက ရန်ရွှယ်ကို တိုက်ခိုက်တယ်။

“မဖြစ်တော့ဘူး။ ရန်ရွှယ် ထိန်းနိုင်မှာ မဟုတ်ဘူး။ ငါ ကြံမှ ရတော့မယ်။” ဖန်ကျန်းရှီ အခုချိန်မှာ မတွေဝေဝံ့တော့။ ဒီအတိုင်းသာ ဆက်သွားနေရင် သူတို့ နှစ်ယောက်လုံး သေသွားလိမ့်မယ်။ သေချာပေါက် ဆုတ်ခွာရမယ်။ အနည်းဆုံး သေခြင်းတရား အငွေ့အသက်ရဲ့ အပြင်ဘက်ကို ရောက်အောင် သွားရမယ်။

“သေရှင် သံကြိုးတွေ။”

ကြီးမားတဲ့ သံကြိုးကြီး တစ်ချို့ မြေပြင်ကနေ ပေါ်လာပြီး နန်ကုန်းမုရဲ့ ခေါင်းကို တိုက်ခိုက်တယ်။ နန်ကုန်းမုက မရှောင်ရှား ခဲ့ဘူး။ သစ်ကိုင်းတွေကသာ တိုက်ခိုက်မှုကို ကာဆီး နေတယ်။

ဝုန်း။ ဝုန်း။

ဒီအခွင့်အရေးကို သုံးပြီး ရန်ရွှယ့်ကို ဆွဲရင်း နှုတ်တောင် မဆက်တော့ပဲ ဖန်ကျန်းရှီ ပြေးထွက် ခဲ့တယ်။ ပြေးရမယ့် အချိန်မှာ နှုတ်ဆက်တယ် ဆိုတာ အရေးမပါတဲ့ ကိစ္စပဲလေ။

“မင်းတို့ နှစ်ယောက် ထွက်သွားရင်တောင် လူသား မဟာမိတ် အဖွဲ့ ရှိနေသေးတယ်။” နန်ကုန်းမုရဲ့ မျက်လုံးနီနီတွေက ပိုတောက်ပလာတယ်။

သစ်ကိုင်းတွေ ဖန်ကျန်းရှီနဲ့ ရန်ရွှယ့်ဆီ မိုးရွာသလို ရွာကျ လာခဲ့ပြီ။ မရေမတွက်နိုင်တဲ့ သစ်ကိုင်းတွေက သစ်ပင်နီကြီး တစ်ခုလုံးကို ယိမ်းထိုး လှုပ်ရှား စေတဲ့ အထိ ကြမ်းတမ်း နေခဲ့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ လွတ်အောင် ပြေးနိုင် ခဲ့တယ်။

ဖန်ကျန်းရှီက သူ့ကိုယ်သူ ထွက်ပြေးတဲ့ နေရာမှာ ဒုတိယ အတော်ဆုံး ထုတ်ပြောခဲ့ရင်၊ ပထမ နေရာကို ဘယ်သူ ယူဝံ့မှာလဲ။

ဝုန်း။ ဖန်ကျန်းရှီကတော့ သေခြင်း အငွေ့အသက် နယ်နိမိတ် အစွန်း အထိ ထွက်ပြေးရင်း သူ့ရဲ့ ပြေးနိုင်စွမ်းကို ထုတ်ပြ နေခဲ့တယ်။

ခက်ခဲတဲ့ လှုပ်ရှားမှု မဟုတ်ပေမယ့်၊ လူသား မဟာမိတ်နဲ့ နတ်ဆိုး တပ်ဖွဲ့တွေကတော့ အခုချိန်မှာ မျက်လုံး အပြူးသား ဖြစ်နေခဲ့ ရပြီ။

“သူတို့ ထွက်လာပြီ။”

“ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ ထွက်လာပြီလား။”

“နှစ်ယောက်က လက်ချင်းတွဲထားတယ်။”

“မင်း ဘာတွေ ကြည့်နေတာလဲ။ အဲ့တာ အရေးကြီးလို့လား။”

“အမ် သူတို့ ဘာလို့ ပြေးလာတာလဲ။ နိုင်လားလို့လား။ ဒီတော့ ချိုးချီ ရှုံးသွားတာလား။ ဒါပေမယ့် အငွေ့တွေက ဘာလို့ မပျောက် သေးတာလဲ။”

“သစ်ပင်ကြီး။”

“အထဲမှာ သစ်ပင်ကြီး ရှိနေတယ်။”

အပြင်က ကြည့်နေသူတွေ အားလုံး အနီရောင် သစ်ကိုင်းတွေကို မြင်ချိန်မှာတော့ သရဲ တွေ့သလို ထိတ်လန့် ကနု်တော့တယ်။

“ဖန်ကျန်းရှီ။” လင်းယွိလဲ လန့်သွားတယ်။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ထွက်ပြေးလာတဲ့ နေရာက တိုက်တိုက်ဆိုင်ဆိုင် သူ့အနောက်ဘက် ဖြစ်နေခဲ့တယ်။ ဒါ့အပြင် နှစ်ယောက်က ဖြတ်ပြေးသွားတာ မြန်လွန်းလို့ မြေလျှိုး မိုးပျံ နေသလိုပဲ။

ဒါက တိုက်ဆိုင်တာလား။

လင်းယွိ မယုံနိုင်ဘူး။

တိုက်ဆိုင်မှု ဖြစ်ရင်တောင် အခုချိန်မှာ သူဆုံးဖြတ်ချက် ချပြီး လှုပ်ရှားရမယ်။ ဖန်ကျန်းရှီရဲ့ စွမ်းအားကို သူမြင်ခဲ့ ပြီးသား၊ ဖန်ကျန်းရှီက သူ့ထက် ပိုပြီးတော့ အစွမ်းထက်တယ်။

“အင်း။ တိုက်ဆိုင်လိုကတာ။” လင်းယွိ သူ့ရှေ့မှာ ရပ်နေတာကို မြင်လိုက် ရတဲ့ အတွက် သူအံ့သြ သွားခဲ့တယ်။

“နေရာပြောင်းမယ်။”

“ဘာကြီး။” လင်းယွိ မတုံ့ပြန် နိုင်ခင် အချိန်မှာပဲ အင်အားကြီး တစ်ခုက သူ့ကို ဆွဲခေါ်သွားတာ ခံစား လိုက်ရတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီနဲ့ ရန်ရွှယ့် နေရာမှာ သူရောက်သွား ခြ့တယ်။

ဒါက အရေးမကြီးဘူး။ အခုချိန်မှာ အနီရောင် အကိုင်းတွေ သူ့ခေါင်းပေါ်ကို မိုးရွာသလို ကျလာတာ သူမြင်နေရတဲ့ ကိစ္စက ပိုအရေးကြီးတယ်။

“သစ်ကိုင်းကြီးတွေလား။” ဒီအနီရောင် သစ်ပင်က ဘာမှန်း မသိပေမယ့်၊ ခုခံဖို့ အသင့် ပြင်လိုက်တယ်။ အပြာရောင် ရေခဲစိုင် တွေကို သူဆင့်ခေါ်တယ်။

ဖန်ကျန်းရှီ နေရာပြောင်းရတဲ့ ရည်ရွယ်ချက်ကိုတော့ သူအကြမ်းဖျင်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် သစ်ကိုင်းတွေကို ဖန်ကျန်းရှီ ဘာဖြစ်လို့ ဒီလောက် ကြောက်နေလဲ သူနားမလည် နိုင်ဘူး။ ဒီအချိန်မှာပဲ သစ်ကိုင်းတွေက သူ့အပေါ်ကို ပြုတ်ကျလာတော့တယ်။

“..”

လင်းယွိ ချက်ခြင်း မျက်လုံး ပြူးသွားတယ်။ သစ်ကိုင်းက သူ့ရဲ့ ရေခဲ ဒိုင်းကာကို ဖျက်စီးပြီး သူ့ခန္ဒာကိုယ်ကို ဖောက်ထွက်တယ်။ ဒါ့အပြင် သူ့ရဲ့ စွမ်းအား အရင်းအမြစ်ကိုလဲ စုပ်ယူတယ်။ သူ့စွမ်းအားတွေ အကုန် ရေခဲ အရည်ပျော်သလို ပျောက်ကွယ် နေခဲ့ပြီ။ သစ်ကိုင်းတွေက သူ့အစွမ်းကို စုပ်ယူနေတယ်။

“မဖြစ်ဘူး။” လင်းယွိ ပြေးချင်ပေမယ့်၊ နောက်ကျလွန်း သွားခဲ့ပြီ။ သူ့တကိုယ်လုံးက အသွေးအသားတွေ ခြောက်ကပ်ကုန်တယ်။ သစ်ပင် အတွက် မြေသြဇာ အဖြစ်ကို ပြောင်းလဲ သွားတဲ့ အတိုင်းပဲ။

ဘန်း။ လင်းယွိ ခန္ဒာကိုယ်က ဆွေးမြေ့နေတဲ့ သစ်ကိုင်းခြောက်လို အမှုန့် ဖြစ်ပြီး ပျောက်ကွယ် သွားတော့တယ်။

“…”

“…”

လူသားတွေရော မိစ္ဆာတွေပါ လင်းယွိ အဖြစ်ကို မြင်လိုက်ကြတယ်။

သူသေသွားပြီ။ နတ်ဆိုး မျိုးနွယ်ရဲ့ ပညာရှင် တစ်ယောက် သေသွားပြီ။ အားလုံး ရှေ့မှာ အနီရောင် သစ်ကိုင်းတွေ ရိုက်တာ ခံရပြီး သေသွားခဲ့တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

လောကတစ်ခုလုံး တိတ်ဆိတ် သွားခဲ့တယ်။

မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ကျောက်ရုပ်တွေလို ရှိနေခဲ့ပြီ။ တည်ငြိမ်နေခဲ့တဲ့ ယွင်ချင်းဝူနဲ့ နတ်သခင် သုံးယောက်လုံးလဲ အရမ်းကို လန့်နေခဲ့တယ်။

အပိုင်း (၁၀၀၇) ပြီး၏။

အပိုင်း (၁၀၀၈)

“အလစ်ဝင်တိုက်သူလား။”

..

အခြေအနေက ထူးဆန်းလွန်းတယ်။ သူက နတ်သခင် တစ်ယောက်လေ။ အဲ့ဒီ့ သစ်ကိုင်းတွေက ဘာတွေလဲ။ သေခြင်းတရား အငွေ့အသက်ထဲကနေ ဘာဖြစ်လို့ ထွက်လာတာလဲ။

ဂျိန်း။ ဂျလုံး။

မိုးခြိမ်းသံတွေ ထွက်ပေါ်လာတယ်။

မီးခိုးရောင် သေမင်း အငွေ့အသက်တွေက ဖြည်းဖြည်းချင်း မှိန်ဖျော့လာတယ်။ လင်းယွိ ပိုင်ဆိုင်တဲ့ အပြာရောင် အငွေ့အသက်တွေကို ဝိုးတဝါး မြင်လာရတယ်။

အပြာရောင် အလင်းတန်းက သစ်ကိုင်းတွေမှာ ဖြည်းဖြည်းချင်း စီးဆင်း နေခဲ့ပြီ။ ရေခဲလွှာတွေက သစ်ကိုင်းတွေကို ဖုံးအုပ် ထားတဲ့ အတိုင်းပဲ။ နောက်ဆုံးမှာတော့ သေခြင်းတရား အငွေ့အသက် လုံးဝကို ပျောက်ကွယ် သွားခဲ့တော့တယ်။

ကြီးမားတဲ့ အနီရောင် သစ်ပင်ကြီးက လူသား မဟာမိတ်နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့ ရှေ့မှာ ပေါ်လာတယ်။ မတူညီတဲ့ အရောင်နဲ့ သစ်သီးတွေကလဲ သစ်ပင်ကြီးပေါ်မှာ ရှိနေခဲ့တယ်။

အနီ၊ မီးခိုး၊ အပြာ။ သစ်သီး တစ်လုံး ချင်းစီတိုင်းမှာ မတူညီတဲ့ သဏ္ဍာန်တွေနဲ့ အရောင်တွေက စီးဆင်းနေတယ်။ သစ်သီး တစ်လုံး ချင်းစီတိုင်းက အရမ်းကို မြင့်မြတ်တဲ့ အရှိန်အဝါတွေ ဖြာထွက် နေခဲ့တယ်။ ဒါပေမယ့် ဝတ်ရုံနက် ဝတ်ထားတဲ့ ခေါင်းတစ်လုံးကတော့ သေခြင်းတရား အငွေ့အသက်တွေနဲ့ ဖုံးလွှမ်း နေခဲ့တဲ့ အတွက် ဘယ်သူမှန်း မပြောနိုင်ခဲ့ဘူး။

ဒီမြင်ကွင်းက အားလုံးကို တုန်လှုပ်စေတယ်။

“အရှင် ချိုးချီက သစ်ပင် ဖြစ်သွားတာလား။”

“မဖြစ်နိုင်ဘူး။ ဒါဆိုရင် အရှင် လင်းယွိက အရှင်ချိုးချီ သတ်တာကို ခံလိုက် ရတာလား။”

“မဟုတ်ဘူး။ ဖန်ကျန်းရှီကို သတ်တာလေ။ ဖန်ကျန်းရှီက နေရာ လဲသွားတာ။”

အတိအကျ ဖြစ်နေတာတွေကို ဘယ်သူမှ မသိကြပေမယ့် ဝတ်ရုံကိုတော့ သူတို့ မှတ်မိကြတယ်။

“နန်ကုန်းမု။ ဒီတော့ မင်း အစီအစဉ်နဲ့ မင်းတာဝန်က တစ်သက်လုံး အရိပ်ထဲ ပုန်းအောင်းပြီး ချိုးချီ အဖြစ် နေနေဖို့လား။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

“ဘာဖြစ်တယ်။”

“နန်ကုန်းမု။”

“ဘယ်က နန်ကုန်းမုလဲ။”

“နန်ကုန်းမျိုးနွယ်က နန်ကုန်းဟောင်ရဲ့ ညီလား။”

လူသား မဟာမိတ် တပည့်သားတွေ အားလုံး ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာ မျက်လုံးပြူး သွားခဲ့တယ်။

ဖန်ကျန်းရှီက ဒီသစ်ပင်ကို နန်ကုန်းမု လုပ်တယ်လို့ ပြောနေတာလား။ နန်ကုန်းမုက ဘယ်အချိန်မှာ နန်းတော်ထဲ ဝင်လာပြီး သစ်ပင်အဖြစ် ပြောင်းသွားတာလဲ။

နန်ကုန်းမုက ချိုးချီကို သတ်ခဲ့တာလား။ မဟုတ်ဘူး။ တစ်ခုခုတော့ လွဲနေပြီ။ နန်ကုန်းမုသာ ချိုးချီကို တကယ် သတ်ခဲ့ရင် ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က ပျော်နေရမှာပေါ့။ ဒီလောက် ကြောက်လန့် တကြား ဘာလို့ ထွက်ပြေး နေမှာလဲ။

“နန်ကုန်းမုက။” မော့ရှန်းရှီ ဖြူဖျော့ သွားခဲ့ပြန်တယ်။ ကြောက်စရာ အတွေးက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့ပြီ။ ဒီအတွေးကို သူကိုယ်တိုင်တောင် မယုံနိုင်ခဲ့ဘူး။

“ရွှယ်အာ။ ဘာဖြစ်လို့လဲ။” ရန်ချန်လိ စိတ်ခံစားချက် မကောင်းတဲ့ အတွက် မေးလိုက်တယ်။

“အဖိုး။ ချိုးချီက နန်ကုန်းမုပဲ။” ရန်ရွှယ် ရှင်းပြတယ်။”

“ဘာဖြစ်တယ်။” ရန်ချန်လိ လန့်သွားခဲ့တယ်။

“ချိုးချီက နန်ကုန်းမုလား။ ဒီတော့ အဲ့တာက နတ်သစ်ပင်ပေါ့။ နန်ကုန်းမျိုးနွယ်ရဲ့ နတ်သစ်ပင်။” မုချင်းဖန်းက ကြီးမားတဲ့ သစ်ပင်ကြီးကို ကြည့်ရင်း မျက်လုံးတွေ ပြူးသွားခဲ့တယ်။ ရန်ရွှယ်နဲ့ ရန်ချန်လိ စကားကြောင့် သူလဲ အားလုံးကို တွေးဆ မိသွားခဲ့ပြီလေ။

နတ်သစ်ပင် အနီရောင် ပြောင်းသွားခဲ့တယ်။ ကျမ်းကောင်းကင် တောင်မှာလို အဖြူရောင် သစ်ပင် မဟုတ်တော့ဘူး။ဒ ါပေမယ့် သွေးနီရောင် ပန်းပွင့်တွေကတော့ မပြောင်းလဲ ခဲ့ဘူး။ ဒါ့အပြင် နန်ကုန်းမုက နတ်သစ်ပင်နဲ့ ပေါင်းစည်း သွားခဲ့ပြီ။

အရာအားလုံး အတိအကျ ဖြစ်နေတာတွေက မုချင်းဖန်းကို တစ်ခုခု လွဲသလို ခံစား ရစေတယ်။

ဘာကြောင့် နန်ကုန်းမုက နတ်သစ်ပင်နဲ့ ပေါင်းစည်း သွားခဲ့ရတာလဲ။” မုချင်းဖန်း နားမလည် ခဲ့ဘူး။ ဧကရာဇ်ရန် စိုက်ပျိုးခဲ့တဲ့ နတ်သစ်ပင်က နယ်မြေ သုံးခုကို ဆက်နွယ်ထားတယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ အရာ ဖြစ်လိုက်မလဲ။

“သွေးမှော် စက်ဝန်းကို သုံးပြီး နတ်သစ်ပင်နဲ့ သူပေါင်းလိုက်တာ။” ဖန်ကျန်းရှီ ပြောတယ်။ မုချင်းဖန်းရဲ့ သံသယကို ဖြေရှင်းပေးချင်လို့ ပြောတာ မဟုတ်ခဲ့ဘူး။ မုချင်းဖန်းက ဒီလောကရဲ့ သမိုင်းတွေကို သူ့ထက် ပိုနားလည်တာကြောင့် ပြောလိုက်တာပဲ။

“သွေးမှော် စက်ဝန်းကို သုံးပြီး နတ်သစ်ပင်နဲ့ ပေါင်းစည်း လိုက်တာလား။” မုချင်းဖန်း ကြားကြားချင်း အရမ်းကို လန့်သွားခဲ့တယ်။ သူခန့်မှန်း ခဲ့ပေမယ့် အမှန် ဖြစ်လာတာကိုတော့ မယုံနိုင်ခဲ့ဘူး။

မုချင်းဖန်းနဲ့ ဖန်ကျန်းရှီ ပြောတဲ့ စကားကို မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ ကြားကြားတယ်။ ဒါကြောင့် သစ်ပင်နီ အနားကို သူတို့ လုံး၀ မကပ်ကြဘူး။ လင်းယွိ သေသွားတာကိုလဲ အားလုံး မျက်မြင် ဖြစ်တဲ့ အတွက် သူတို့ ပိုလန့်ကြတယ်။

“နန်ကုန်းမုက အရှင် ချိုးချီပေါ့။”

“သူက လူသား မဟုတ်လား။”

“လူသား တစ်ယောက်က နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ကို ဦးဆောင်နေရင် ဘာတွေ ဆက်ဖြစ် လာမှာလဲ။”

“ငါတို့တော့ အသုံးချ ခံလိုက် ရပြီ။”

တပ်ဖွဲ့တွေ အရမ်းကို ဒေါသ ထွက်နေခဲ့တယ်။

နန်ကုန်းမု ဘယ်လောက်ပဲ အင်အား ကြီးနေပါစေ၊ ဖန်ကျန်းရှီကို သူသတ်နိုင်ရင်တောင် သူက လူသား တစ်ယောက်ပဲ။ မိစ္ဆာ နတ်ဆိုးတွေက လူသား တစ်ယောက်ကို ဘယ်တော့မှ ဦးဆောင်ခွင့် ပြုမှာ မဟုတ်ဘူး။

“ဖန်ကျန်းရှီ မင်း မသေခင် ငါ့ကို ဒီလို ထောင်ချောက် ဆင်နေမယ် ဆိုတာ ငါတကယ့်ကို မယုံနိုင်ဘူး။ လင်းယွိကို ငါသတ်မိအောင် မင်း တမင်တကာ လုပ်လိုက်ပြီး တခြားသူတွေ ယုံအောင် လှည့်စားတာ မဟုတ်လား။ ဒါမှမဟုတ် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အရူးတွေလို့ မင်းထင်နေတာလား။” နန်ကုန်းမုရဲ့ အသံက ထွက်ပေါ် လာပြီးနောက် လက်တစ်ဖက်လဲ သစ်ပင် ထဲကနေ ထွက်လာတော့တယ်။

ဒီမြင်ကွင်းက ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် အစောပိုင်းမှာ စကား ပြောနေခဲ့တဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေကတော့ အသံတိတ် သွားခဲ့ပြီ။

“ဟုတ်တယ်။ ဖန်ကျန်းရှီက နေရာလဲတဲ့ ကောင်းကင်တာအိုကို သုံးပြီး အရှင် လင်းယွိ အသတ်ခံရအောင် လုပ်သွားတာ။”

“ဒီကိစ္စက မတော်တဆပဲ။”

“ဖန်ကျန်းရှီက အရှက်မရှိတဲ့ကောင်။ သူက ငါတို့ကို လာပြီး သွေးခွဲနေတာပဲ။ ယုံလို့ မဖြစ်ဘူး။”

ဖန်ကျန်းရှီ ဒီလို လုပ်ရပ်မျိုးတွေ အကြိမ်ကြိမ် လုပ်ခဲ့ ဖူးတဲ့ အတွက် အခုချိန်မှာ သူ့စကားကို ဘယ်သူမှ မယုံကြဘူး။

“ဒါပေမယ့် ဒီသစ်ပင်က နန်ကုန်းတွေရဲ့ သစ်ပင်နဲ့ တပုံစံတည်းပဲ။ ဒါကို ဘယ်လို ရှင်ပြမလဲ။” မိစ္ဆာ တစ်ယောက်က မေးတယ်။

“တစ်ခုက အဖြူ၊ တစ်ခုက အနီ၊ ဘာတူလို့လဲ။” နောက်မိစ္ဆာ တစ်ယောက် ပြောတယ်။

“မင်းမှန်တယ်။ ဒီသစ်ပင်က နန်ကုန်း သစ်ပင်။ ဒါပေမယ့် အခုတော့ ငါ ချိုးချီရဲ့ အပိုင် ဖြစ်နေပြီ။ နန်ကုန်းထျန်းနဲ့ နန်ကုန်းဟောင် နှစ်ယောက် စလုံးက ငါ့လက်ထဲမှာ သေသွားပြီ။” နန်ကုန်းမု အတည်ပြုတယ်။

“နားလည်ပြီ။” နတ်သခင် သုံးယောက် ခေါင်းငြိမ့်လိုက်တယ်။ ချိုးချီရဲ့ စွမ်းအားတွေ အကြောင်းကို သူတို့ သိထားပြီးသား။ ချိုးချီက တခြားသူရဲ့ စွမ်းအားကို စုပ်ယူနိုင်တယ်။

“မိစ္ဆာနဲ့ နတ်ဆိုး နတ်သခင်တွေ သိပြီးတဲ့ ကိစ္စ ဖြစ်နေမှတော့ ဒါက ပြဿနာ မရှိပါဘူး။”

“ဟုတ်တယ်။ နန်ကုန်းမုက ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ သေသွားခဲ့ ပြီးပြီပဲ။ နန်ကုန်းဟောင်နဲ့ နန်ကုန်းထျန်းပဲ အသက်ရှင်တယ်။ နန်ကုန်းဟောင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ ဆိုတော့ သူ့ကို အလွယ်လေး သတ်ပြီး အစွမ်း စုပ်ယူ နိုင်မှာပဲ။”

“ဒီတော့ နန်ကုန်းဟောင်နဲ့ နန်ကုန်းထျန်းကို အရှင် ချိုးချီ သတ်နိုင်ပြီပေါ့။”

နတ်သခင် သုံးယောက် ခေါင်းငြိမ့်တာကို မြင်ချိန်မှာတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေလဲ အမြင် ပြန်ပြောင်း သွားကြတယ်။

နတ်သခင်တွေမှာ ဒီကိစ္စကို ယုံကြည်ရတဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုလဲ ရှိနေသေးတယ်။

အခု သူတို့ရဲ့ စွမ်းအား အဆင့်အတန်းက ချိုးချီကို မယှဉ်နိုင်ဘူး။ သူ့ကို မယှဉ်နိုင်မှတော့ သူပြောသမျှ ယုံတာ အကောင်းဆုံးပဲပေါ့။

“ဒီတော့ မင်းက တကယ် ဝန်မခံဘူးပေါ့။” နန်ကုန်းမု ဝတ်ရုံ ပြန်ဝတ်တာ မြင်ပြီးတည်းက ဒါမျိုး ဖြစ်လာမယ်မှန်း ဖန်ကျန်းရှီ ထင်ထား ပြီးသား။

(မင်း ဝန်မခံမခြင်း မင်းကို ရိုက်ပြစ်မယ်)လို့ သူပြောလိုက်ချင်တယ်။

ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး။

အခုချိန် သူ့လက်ထဲမှာ ခြေရာမဲ့ဓား မရှိတဲ့ အတွက် သစ်ကိုင်းတွေကို မခုတ်နိုင် ဖြစ်နေခဲ့တယ်။ နန်ကုန်းမုကို ဘယ်လိုများ ထိခိုက်အောင် လုပ်နိုင်မှာလဲ။ အခုချိန်မှာ ငြင်းခုန် နေဖို့လဲ အကျိုးမရှိဘူးလေ။

အခုချိန်မှာ မုချင်းဖန်းနဲ့ မော့ရှန်းရှီ ဘယ်လို ပြောမလဲ ဆိုတာကိုသာ စောင့်ကြည့် ရတော့မယ်။ သူတို့တွေက သူ့ကို ယုံကြည်ဖို့ပဲ လိုမယ်။

“ဖန်ကျန်းရှီ၊ ချိုးချီက နန်ကုန်းမု ဆိုတာ သေချာရဲ့လား။” မော့ရှန်းရှီရဲ့ အသံ ထွက်ပေါ်လာတယ်။

“…” ဖန်ကျန်းရှီ တစ်ခဏတာ ဆွံ့အ သွားတယ်။ “တောင်ကြား ခေါင်းဆောင်မော့။ လူကြီး ဖြစ်နေလို့ ဆိုပြီး ခင်ဗျားကို ကျွန်တော် မရိုက်ဝံ့ဘူးလို့ မထင်နဲ့နော်။ အခု မေးတဲ့ မေးခွန်းက မေးသင့်လား။ မေးခွန်းလို့တောင် ပြောဖို့ တန်ရဲ့လား။”

“ငါ့ကို ရိုက်မယ်တဲ့လား။ ရတာပေါ့။ အရင်ဆုံး နန်ကုန်းမုကို အနိုင်တိုက်လိုက်အုန်း။” မော့ရှန်းရှီကတော့ အေးအေးဆေးဆေး ပြန်ပြောတယ်။ သူဒေါသ မထွက်ခဲ့ဘူး။

“ခန်းမ ခေါင်းဆောင်မု နတ်သစ်ပင်ကို ဘယ်လို ဖျက်စီးရမလဲ သိလား။” ဖန်ကျန်းရှီ လှမ်းမေးတယ်။

“နတ်သစ်ပင် အကြောင်းကို ငါသိပ်မသိဘူး။” မုချင်းဖန်း ခေါင်းခါတယ်။ “တကယ်တော့ နတ်သစ်ပင် အကြောင်း ကိစ္စ တော်တော်များများကို တခြားသူ ဆီကနေ ငါသိလာတာ။ ဒါပေမယ့်။”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“သူက သေသွားပြီ။”

“သေသွားပြီ။”

“ဟုတ်တယ်။ သူက လင်းယွမ် မျှော်စင်ရဲ့ အရင် ခေါင်းဆောင်။”

“လင်းယွမ် မျှော်စင်ကလား။”

“ဟုတ်တယ်။ သူတို့ မျှော်စင်မှာ နတ်သစ်ပင် အကြောင်း အချက်အလက်တွေ ရှိတယ်။ ဒါပေမယ့် ငါကြည့်ခွင့် မရလိုက်ဘူး။”

“..” ဖန်ကျန်းရှီ နောက်တကြိမ် ပြောစရာ စကား မရှိ ဖြစ်သွား ရပြန်တယ်။ ဒီတော့ ဘာမှ မရပဲ အချိန်ဖြုန်းမိ ပြန်ပြီ။ နန်ကုန်းမုကို ဒီနေရာမှာ စောင့်ခိုင်းပြီး လင်းယွမ် မျှော်စင်မှာ အချက်အလက် သွားရှာမယ်လို့ ပြောထားလို့မှ မရပဲ။

“ဒီပြဿနာတွေ အရေးမကြီးဘူး။ ဒါက သစ်ပင်ပဲ မလား။ ငါတို့က လေးယောက်တောင် ရှိနေတာ။ လေးယောက် တစ်ယောက်ဆို နိုင်မှာပါ။” ရန်ချန်လိ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“ဟုတ်တယ် တိုက်ခိုက်ကြစို့။” ပင်းယန် ဝင်ပြောတယ်။

“တိုက်ခိုက်မယ်။ ငလူးပဲ။” ဖန်ကျန်းရှီ စကား မဆုံးခင် အချိန်မှာ ရန်ချန်လိနဲ့ ပင်းယန်က အရှေ့ကို ပြေးထွက် သွားခဲ့ပြီ။

ပင်းယန်က ရန်ချန်လိနဲ့ ဆိုရင် ယုံကြည်ချက် အပြည့်ပဲ။ ဒါပေမယ့် အခုချိန်မှာ ယုံကြည်ချက် ရှိဖို့ အချိန်ကောင်း မဟုတ်သေးဘူး။

အနီရောင် သစ်ကိုင်း တစ်ချို့က ရန်ချန်လိနဲ့ ပင်းယန်ဆီကို ရောက်လာပြီး တိုက်ခိုက်တယ်။

“ခန်းမ ခေါင်းဆောင်မု။ ဒီကနေ ထွက်ဖို့ လမ်းရှိလား။” ဖန်ကျန်းရှီ ချွေးပျံနေခဲ့ပြီ။ ရန်ချန်လိနဲ့ ပင်းယန်ကို သူ့ရဲ့ ကောင်းကင်တာအိုနဲ့ ဆွဲခေါ်ပြီး နောက်ပြန်ပို့ရင်း သူလှမ်းအော်တယ်။

“ဘာဖြစ်တယ်။” မုချင်းဖန်း မျက်စိလည် သွားတယ်။

“ထွက်လမ်း ရှိလားလို့။”

“ငါ မသေချာဘူး။” မုချင်းဖန်း အမှန်အတိုင်း ပြန်ဖြေတယ်။ အစောပိုင်းမှာ သူရှာခဲ့ပေမယ့်၊ ထွက်လမ်းကို မတွေ့ခဲ့ဘူး။

အစောပိုင်းက ထွက်သွားသူတွေ ကတော့ အခုထိ ပြန်မလာသေးဘူး။

တကယ်တော့ ထွက်လမ်းသာ မရှိရင် သူတို့ ပြန်လာ လောက်တယ်။ အချိန် အတော်ကြာ အထိ ပြန်မလာ သေးတာကတော့ ထူးဆန်းနေတယ်။

“မသေချာဘူးပေါ့။” ဖန်ကျန်းရှီ အော်ဆဲ ချင်လာတယ်။

“ဟုတ်တယ်။ တောင်စောင်း ရှိပေမယ့်၊ အဲ့ဒီ့ တောင်စောင်းက ကောင်းကင်နဲ့ ဆက်နေတာ။” မုချင်းဖန်း သူ တွေ့ခဲ့တာကို ပြောတယ်။

“တောင်စောင်းလား။” ဖန်ကျန်းရှီ ဆက်မေးဖို့ ပြင်ချိန်မှာပဲ ပင်းယန်နဲ့ ရန်ချန်လိ နှစ်ယောက်ကို အဆုံးထိ မပို့ရသေးမှန်း သတိ ရသွားတယ်။

တကယ်တော့ ပင်းယန်နဲ့ ရန်ချန်လိကို နေရာပြောင်းရင်း သစ်ကိုင်းတွေနဲ့ လွတ်အောင် လုပ်ပေး နေပင်မယ့်၊ သစ်ကိုင်းတွေက များလွန်းလှတယ်။

မဖြစ်ဘူး။ ဒီအတိုင်း ဆက်သွားနေရင် ဒီနှစ်ယောက် သေကုန်လိမ့်မယ်။

နန်ကုန်းမုက အခုချက်ခြင်း ရန်ချန်လိနဲ့ ပင်းယန်ကို သတ်ဖို့ စိတ်ကူး မရှိမှန်း သူသိတယ်။ ထောင်ချောက် တစ်ခု သူဖန်တီး နေပုံပဲ။ နှစ်ယောက်ကို ပိတ်လှောင်ဖို့ အတွက် သူလုပ်နေတယ်။

ရည်ရွယ်ချက်ကတော့ ဖန်ကျန်းရှီ လာကယ်စေဖို့ပဲ ဖြစ်ရမယ်။

အခုချိန် သူဘာလုပ်ရမလဲ။ တိုက်ခိုက်ရင် နိုင်မှာ မဟုတ်ဘူး။ နောက်ဆုတ်ရင်လဲ တောင်စောင်းပဲ ရှိမယ်။ ဒါ့အပြင် လူသား မဟာမိတ် တပည့်သားတွေက မြန်မြန် ပြေးနိုင်မှာ မဟုတ်ဘူး။

ရုတ်တရက် ဆိုသလို သုံးနိုင်ငံခေတ်က အခြေအနေကို ရောက်သွားသလို သူ့ကိုယ်သူ ထင်မှတ် မိလာတယ်။

လျိုပေ့က ကျင်းကျိုး ဒေသမှာ အန္တရာယ် ကြုံခဲ့ရပြီး ချောင်ချောင်း လိုက်ဖမ်းတာကို ခံခဲ့ ရတယ်။ ဒါပေမယ့် လူတစ်သောင်းကို ဦးဆောင်ခဲ့ ရတာကြောင့် ပြေးမလွတ်ခဲ့ဘူး။

(ငါအခု လျိုပေ့ အခြေအနေမှာ ရောက်နေပြီလား။

ဒါပေမယ့် ငါ့ရဲ့ ကျောက်ကျစ်လုံက ဘယ်မှာလဲ။ အကြံပေး ကျူးကောလျန့်ရော ဘယ်မှာလဲ။ ငါ့ရဲ့ ကွမ်းယွင်ချန်နဲ့ ညီနောင်ကောင်း ကျန်းယီတဲ့ရော ဘယ်မှာလဲ)

နေစမ်းပါအုန်း ငါ့ကိုငါ လျိုပေ့လို့ မထင်ဘူး။

ဒါက ရှန်းယွီပဲ။ နေရာစုံကနေ အလစ်ဝင်တိုက်တဲ့ ရှန်းယွိ။ ဒါပေမယ့် ငါ့ရဲ့ ယွိကျီးကရော။)

သူ့ရှေ့က ပင်းယန်နဲ့ စိုးရိမ်နေတဲ့ ဝူယွဲ့အာ၊ နောက်ဆုံးမှာတော့ ယွင်ချင်းဝူဆီ အကြည့်ရောက် သွားတော့တယ်။

နောက်ဆုံးတော့ ငါ့မှာ တကယ့်ကို ယွိကျီးရှိနေပုံပဲ။

အပိုင်း (၁၀၀၈) ပြီး၏။

အပိုင်း (၁၀၀၉)

“စည်းလုံးမှု။”

သုံးနိုင်ငံခေတ် ကဗျာတွေထဲက စာကြောင်း တစ်ခုကို ဖန်ကျန်းရှီ စိတ်ထဲ သတိရ သွားခဲ့တယ်။ ဒါက သူ့ရဲ့ အကြိုက်ဆုံး စာကြောင်းပဲ။

(ရှန်းယွီရဲ့ အမှတ်တရတွေကို ဒီနေ့မှာ ချီးမြှောက်ခဲ့။ ရှုံးနိမ့်ပြီးနောက် ချန်ကျန်းမြစ်ကို ဖြတ်မယ့် အစား သေဖို့ကိုသာ သူရွေးချယ်။)

ဒီစာကြောင်းမှာ ငြင်းခုန်စရာ ဘာမှ မရှိပေမယ့်၊ အကယ်၍ ချန်ကျန်းမြစ်ကိုသာ ဖြတ်သန်း ခဲ့မယ် ဆိုရင်၊ သူအင်အား ပြန်စုစည်းပြီး နိုင်ငံ တည်ထောင်နိုင်မလား ဆိုတာ ဘယ်သူမှ မသေချာ ခဲ့ဘူး။ နောက်ဆုံးတော့လဲ အဲ့ဒီ့ခေတ်မှာ လျှိုပန်းက တိုက်ပွဲကို သိသိသာသာ အသာစီး ရနေခဲ့တယ်။

ဒါပေမယ့် သူသေချာတဲ့ အကြောင်းအရာ တစ်ခုလဲ ရှိနေသေးတယ်။ ရှန်းယွီက သူရဲကောင်း တစ်ယောက် သူ့ရဲ့ ဘ၀ တစ်လျှောက်လုံးက အရမ်းကို ချောမွေ့ လွန်းတယ်။ ဒါကြောင့် အကြီးအကျယ် ရှုံးနိမ့်ပြီးနောက် အမှန်တရားကို လက်ခံပြီး ပြန်တည်ထောင်နိုင်ဖို့ ခက်ခဲ ခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူနဲ့ မတူညီဘူး။ သူ့အတွက် ရှုံးနိမ့်မှု ဆိုတာ ပုံမှန်ပဲ။ ထွက်ပြေးတယ် ဆိုတာကလဲ ပုံမှန်ပဲ။ ရှန်းယွီနဲ့ ယွိကျီး တို့က ဒဏ္ဍာရီ တစ်ခု ဖြစ်ခဲ့တယ်။

ဖန်ကျန်းရှီ အတွက်တော့ တကယ့် ယွိကျီး မရှိပေမယ့်၊ သူ့နေရာကို ဝင်နိုင်သူတော့ ရှိတယ်။ အဲ့တာကတော့ ယွင်ချင်းဝူပဲ။ သူများတွေကို နားလည်အောင် ရှင်းပြဖို့ ခက်ပေမယ့်၊ စကားလုံး တစ်ချို့နဲ့ ရှင်းပြလို့ ရတယ်။

(အတူတူ သေ၊ အတူတူ ရှင်။)

“ခန်းမခေါင်းဆောင်မု၊ လူသား မဟာမိတ် တပည့်သားတွေနဲ့ အရင်ဆုံး ထွက်သွားပြီး ယွင်ချင်းဝူကို ချန်ထားခဲ့။” ဖန်ကျန်းရှီက မုချင်းဖန်းကို ပြောလိုက်ပြီးနောက် ရန်ချန်လိနဲ့ ပင်းယန်ကို နောက်ဘက် အတင်း ဆွဲခေါ်လိုက်တယ်။

“အရင် သွားရမှာလား။” မုချင်းဖန်း လန့်သွားခဲ့တယ်။

“ဟုတ်တယ်။ ချက်ခြင်းသွား။ ထွက်လမ်း ရှိမရှိ သေချာ အတည်ပြု။” ဖန်ကျန်းရှီက မုချင်းဖန်းကို ရှင်းပြဖို့ အချိန် မရှိခဲ့ဘူး။

“ကောင်းပြီ။ ဒါပေမယ့် ယွင်ချင်းဝူက။” မုချင်းဖန်း မေးချင်ပေမယ့် ဒီလို လုပ်ရတဲ့ အကြောင်းအရင်းကို နားမလည် နိုင်ခဲ့ဘူး။ ဒါပေမယ့် မုချင်းဖန်း နောက်ဆုံးမှာတော့ သူ့စကားလုံးတွေကို မျိုချ လိုက်တော့တယ်။ အခုချိန်မှာ သူလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဖန်ကျန်းရှီကို ယုံကြည်ဖို့ပဲ။

အခုချိန်မှာ ဖန်ကျန်းရှီကို ယုံဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။

“ဆုတ်ခွာမယ်။” အမိန့် ထွက်ပေါ် လာတယ်။ လူသား မဟာမိတ် တပည့်သားတွေက တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ တကယ်ပဲ ထွက်လမ်း မရှိတော့ရင်၊ သူတို့ ဘယ်ကို ဆုတ်ခွာ ရမှာလဲ။

အားလုံး တောင်စောင်းကနေ အတူတူ ခုန်ချ ကြရင်တော့ တစ်မျိုး ပြောင်းသွား နိုင်တယ်။

“မင်းတို့ အားလုံး ဘာကို စောင့်နေတာလဲ။ ပြေးကြတော့လေ။” မော့ရှန်းရှီကတော့ မုချင်းဖန်းထက် အများကြီး လိုရင်းရောက်အောင် ပြောတတ်တယ်။ ဒါ့အပြင် ပြောပြီးပြီးချင်း သူပြေးတော့တယ်။ သူပြေးတာ အရမ်းကို မြန်လွန်း တဲ့အပြင် လုံးဝကို နောက်လှည့် မကြည့်ခဲ့ဘူး။

“..”

မုချင်းဖန်းက ပြောစရာ စကား မရှိတော့အောင် ဖြစ်သွားပေမယ့် မော့ရှန်းရှီကို ကျေးဇူး တင်နေရတယ်။ ဘာကြောင့်လဲ ဆိုတော့ လူသား မဟာမိတ် တပည့်သားတွေ အားလုံး အသိ ဝင်လာ ကြလို့ပဲ။ မော့ရှန်းရှီတောင် ပြေးပြီဆိုရင် သူတို့က ဘာဖြစ်လို့ နောက်မှာ နေရမှာလဲ။

တပည့်သားတွေ အားလုံး တောင်စောင်းကို အရူးတွေလို ပြေးကြတော့တယ်။

“တောင်ကြား ခေါင်းဆောင်မော့ ပြေးတာ ဒီလောက် မြန်တယ်လား။” မော့ရှန်းရှီ ဦးဆောင်ပြီး ပြေးတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ ပြောမိတော့တယ်။ လက်ရှိ အချိန်မှာ ဖန်ကျန်းရှီ လိုက်လျော ညီထွေ ဖြစ်အောင် လုပ်နိုင်ဖို့ လိုအပ်တယ်။

နန်ကုန်းမုက စွမ်းအား အထွတ်အထိပ်မှာ ရောက်နေခဲ့ပြီ။ နတ်သစ်ပင်နဲ့ ပေါင်းစည်း သွားတဲ့ အပြင် မိစ္ဆာ နတ်ဆိုး မျိုးနွယ် နတ်သခင် သုံးယောက်ကလဲ သူ့ကို ယုံကြည် နေသေးတယ်။ တပ်ဖွဲ့တွေကလဲ သူ့ကို ထောက်ပံ့ထားတယ်။

လက်ရှိ အခြေအနေကို ကြည့်ရင်၊ ဖန်ကျန်းရှီ နိုင်နိုင်ချေ အရမ်းကို နည်းနေခဲ့ပြီ။ ရိုးရိုး မိစ္ဆာ တစ်ကောင်နဲ့ မိစ္ဆာ ဘုရင်ရဲ့ တိုက်ပွဲမှာ ရှုံးသူ သေမယ် ဆိုတဲ့ လောင်းကြေး ထပ်သလိုပဲ။ ရလဒ် အရ မိစ္ဆာ ဘုရင် ရှုံးသွားပြီ။

ဒါပေမယ့် မိစ္ဆာ ဘုရင်က တကယ် သေမယ်လို့ ထင်ခဲ့ရင် ထင်တဲ့သူက တုံးအလွန်းရာ ရောက်သွား လိမ့်မယ်။

ဖန်ကျန်းရှီလဲ လက်ရှိ အခြေအနေကို ကြုံနေ ခဲ့ရတယ်။ နန်ကုန်းမုက အရမ်းကို အင်အားကြီးလွန်း နေပြီ။ လေးယောက် တစ်ယောက် တိုက်ပွဲမှာတောင် သူသေချာပေါက် နိုင်လိမ့်မယ်။ ဒါ့အပြင် သူ့နောက်ခံ အင်အားကလဲ ကောင်းလွန်းနေတယ်။

နန်ကုန်းမုသာ ချိုးချီ ဖြစ်နေမှန်း သိခဲ့ရင် ဖန်ကျန်းရှီလဲ ဒီအစီအစဉ်ကို လက်ခံမိမှာ မဟုတ်ဘူး။ မိစ္ဆာ နတ်ဆိုးတွေက လူသား တစ်ယောက်ရဲ့ အမိန့်ကို နားခံမှာ မဟုတ်ဘူးလေ။

ဖန်ကျန်းရှီ စစချင်း ထုတ်ပြောချိန်တုန်းက ပြောင်းလဲ သွားခဲ့တဲ့ အားလုံးရဲ့ အမူအယာကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ မျိုးနွယ်စုတွေ ကြားမှာ ရှိနေတဲ့ အငြိုးအတေးက လွယ်လွယ် မပျောက်နိုင်ဘူး။

နန်ကုန်းမုနဲ့ ဖန်ကျန်းရှီရဲ့ သဘောတူညီချက်မှာ ဟာကွက်တွေ အများကြီး ရှိနေခဲ့တယ်။

“သူတို့ကို ထွက်မပြေး စေနဲ့။”

“လိုက်ကြ။”

“လိုက်ဖမ်းပြီး သတ်ကြ။”

လူသား မဟာမိတ် အဖွဲ့ ပြေးသွားတာ မြင်ချိန်မှာတော့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက လှုပ်ရှားကြတော့တယ်။ သူတို့တွေ ဒီအတိုင်း ကြည့်မနေ နိုင်ဘူးလေ။

မိစ္ဆာ ဘုရင် တစ်ချို့ရဲ့ ဦးဆောင်မှု အောက်မှာ အားလုံးက လူသား မဟာမိတ် တပည့်သားတွေကို လိုက်ဖမ်းဖို့ ပြေးကြတော့တယ်။

“ရပ်စမ်း။ မဟုတ်ရင် ယွင်ချင်းဝူကို ငါသတ်လိုက်မယ်။” ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ လည်ပင်းကို လက်နဲ့ ညှစ်ထားရင်း ပြောတယ်။

“အရှင် သခင်ငယ်။”

“ဧကရီငယ်။”

မိစ္ဆာ နတ်ဆိုးတွေ အားလုံး လန့်ကုန်ကြတယ်။ ဒါပေမယ့် သူတို့တွေ မရပ်ကြဘူး။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို ဝိုင်းထားလိုက်ကြတယ်။ နန်ကုန်းမုကို သူတို့ လှမ်းကြည့်ကြတယ်။

နန်ကုန်းမုရဲ့ အမိန့်ကို အားလုံးက စောင့်ဆိုင်း နေကြပြီ။ ယွင်ချင်းဝူက ကျောက်တုံး နန်းတော် အပြင်ဘက်မှာ ရှင်းရှင်းလင်းလင်း အမိန့် ချထားခဲ့ ပြီးသား။

“ဟဟား။ ဖန်ကျန်းရှီ နင်ဒီနည်းလမ်းကို ထပ်သုံးတာ ငါမယုံနိုင်ဘူး။ အပြင်က နည်းလမ်းကို အထဲမှာ နောက်တစ်ကြိမ် ထပ်သုံးတယ်ပေါ့။” ယွင်ချင်းဝူက ဖမ်းစီး ခံရထားပြီး လည်ပင်းညှစ်ခံ နေရပင်မယ့် မကြောက်လန့် ခဲ့ဘူး။

ပင်းယန်၊ ရန်ချန်လိနဲ့ ရန်ရွှယ်တို့ကိုလဲ ဖန်ကျန်းရှီက အနားကို ဆွဲခေါ် ထားခဲ့တယ်။ အားလုံးကလဲ သူ ယွင်ချင်းဝူကို သုံးပြီး ခြိမ်းခြောက်နေတာ နားမလည် နိုင်ကြဘူး။ ဒါက အသုံးဝင်မှာလား။

အသုံးဝင်မယ် ဆိုရင်၊ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ အစောကြီးတည်းက ဆုတ်ခွာ သွားခဲ့ပြီ။

“ဖန်ကျန်းရှီ မင်းက ငါ့ကို အရှင်သခင်ငယ်နဲ့ ခြိမ်းခြောက် ချင်နေတာလား။ ငါပြောခဲ့တာကို မင်းမမှတ်မိဘူး ထင်တယ်။ ငါက အရှင်သခင်ငယ်ကို ကယ်တင်ဖို့ လုပ်နေတာ၊ မင်းခြိမ်းခြောက်တာကို ခံမှာ မဟုတ်ဘူး။” နန်ကုန်းမု ပြောလိုက်တယ်။

“ငါသိသားပဲ။ မင်းက ယွင်ချင်းဝူနဲ့ ခြောက်လို့ ကြောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် လူသား မျိုးနွယ် တစ်ခုလုံးကို သုံးမယ် ဆိုရင်ရော ဘယ်လို ဖြစ်သွားမလဲ။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို မလွှတ်ပဲ ပြောတယ်။

“မင်းဘာကို ဆိုလိုချင်တာလဲ။” နန်ကုန်းမုရဲ့ မျက်လုံးတွေ ရဲရဲနီ လာခဲ့ပြီ။

“နန်ကုန်းမု။ သေချာ စဉ်းစားကြည့်။ မင်းတကယ်ပဲ လူသား မဟာမိတ် အဖွဲ့ အားလုံးကို သတ်ဖို့ အမိန့် ချချင်လား။ မင်း ဒီလို လုပ်လိုက်ရင်၊ မင်းရဲ့ တာဝန်ကို အောင်မြင်နိုင်မယ် ထင်လား။ မင်းလိုချင်တာ ငါသိတယ်။ ငါက ယွင်ချင်းဝူနဲ့ အတူ နောက်မှာ နေနေမှာပဲ။” ဖန်ကျန်းရှီ သူ့ရင်ဘတ်သူ လက်ညှိုးထိုးပြရင်း ပြေတယ်။

“မင်းက ယွင်ချင်းဝူနဲ့ နောက်မှာ နေမယ်။” နန်ကုန်းမုရဲ့ လက်တစ်ဖက်က အနီရောင် သစ်ပင် အပြင်ကို ထွက်လာခဲ့တယ်။

“ဟုတ်တယ်။ မင်း ယွင်ချင်းဝူကို မကယ်ချင်ဘူးလား။ ငါက ရှေ့မတိုးဘူး။ ယွင်ချင်းဝူလဲ ရှေ့မတိုးဘူး။ ဒါက မင်းသူ့ကို ကယ်တင်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား။”

ယွင်ချင်းဝူကို ကယ်တင်ဖို့ နန်ကုန်းမုမှာ စိတ်ကူး မရှိမှန်း ဖန်ကျန်းရှီ သိတယ်။

လူသား မျိုးနွယ် တစ်ခုလုံးကို မသတ်နိုင်မှန်းလဲ သူနားလည်တယ်။ သူလှုပ်ရှားမှာ မဟုတ်ဘူး။ နန်ကုန်းမုရဲ့ မျက်နှာကို မြင်လိုက်ချိန်တည်းက ဒါကို ဖန်ကျန်းရှီ နားလည် သွားခဲ့ပြီ။ နန်ကုန်းမုက လူသား မျိုးနွယ် ခေါင်းဆောင် ဖြစ်ချင်တယ်။ နန်ကုန်း မိသားစုရဲ့ တာဝန်ကို ပြီးမြောက်ချင်တယ်။ သူက လူသားတွေ အားလုံးကို ဘယ်လို သတ်နိုင်မှာလဲ။ ဖန်ကျန်းရှီ လောင်းကြေး ထပ်လိုက်တယ်။

နန်ကုန်းမုက သေချာပေါက် လူသား မဟာမိတ်ကို လွှတ်ပေးမယ်လို့ သူလောင်းတယ်။

သူတို့ကို လွှတ်ဖို့ အတွက် နန်ကုန်းမုလဲ အကြောင်း အရင်း တစ်ခု လိုအပ်လိမ့်မယ်။ ဒီအကြောင်းအရင်း ကိုလဲ ဖန်ကျန်းရှီ ပေးထားပြီးသား။ ဒါကတော့ ယွင်ချင်းဝူပဲ။

ဖန်ကျန်းရှီ သူ့အရင် ဘဝက ကဗျာ အတိုင်း စစ်မြေပြင်မှာ နေပြီး သေခြင်းတရားကို ယွင်ချင်းဝူနဲ့ အတူ ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့လိုက်တယ်။

“အရှင် ချိုးချီ။ အရှင်သခင်ငယ်က။”

“လူသား မဟာမိတ် လက်ထဲကနေ အရှင်သခင်ငယ်ကို အရှင်ချိုးချီ ကယ်တင်ပေးဖို့ မျှော်လင့်ပါတယ်။”

“ကျေးဇူးပြုပြီး ကယ်တင်ပေးပါ။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကတော့ စိတ်လှုပ်ရှား နေကြပြီ။ ယွင်ချင်းဝူ သူတို့တွေကို ပြန်ဦးဆောင်မယ့် နေ့ကို အားလုံးက မျှော်လင့် နေကြတယ်။

“ဖန်ကျန်းရှီ ကြည့်ရတာ မင်း တစ်ခုခုကို မေ့နေပုံပဲ။” နန်ကုန်းမုက လူသား မဟာမိတ်ကို ကြည့်ရင်း လက်သီး ဆုပ်လိုက်တယ်။

“မမေ့ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ငါမင်းကို ဘယ်လို ယုံရမလဲ။” နန်ကုန်းမု မေးတယ်။

“မင်း ငါ့ကို ယုံဖို့ပဲ ရွေးစရာ ရှိတယ်။”

ဒါက ပညာသား ပါတဲ့ စကား တွေပဲ။ ဖန်ကျန်းရှီနဲ့ နန်ကုန်းမု နှစ်ယောက်သာ ဒါကို နားလည်နိုင်တယ်။

နန်ကုန်းမု မေးနေတာကို ဖန်ကျန်းရှီ နားလည်တယ်။ နန်ကုန်းမုက လူသား မျိုးနွယ်ကို ကယ်တင်ဖို့ အကြောင်းအရင်း တစ်ခု လိုပေမယ့်၊ ယွင်ချင်းဝူ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို ပြန်ဦးဆောင်မယ့် ကိစ္စကိုတော့ မလိုအပ် ခဲ့ဘူး။

ဒါကြောင့် နန်ကုန်းမုက ယွင်ချင်းဝူကို အလောင်းပဲ လိုချင်တယ်။

“အရှက် မရှိတဲ့ ကောင်စုတ်၊ နင်တို့ ဘာတွေ ပြောနေတာလဲ။” ပင်းယန် မေးတယ်။

“မင်း အရင်သွား။” ဖန်ကျန်းရှီက ပြန်မဖြေခဲ့ဘူး။

“ပြိုင်ပွဲ မပြီးသေးပဲ ငါက ဘယ်လို သွားရမှာလဲ။”

“မင်းသမီး၊ အရှင် မင်းသမီး။ ဖန်ကျန်းရှီရဲ့ စကားကို နားထောင်ပြီး သွားကြစို့။” ရန်ချန်လိက ဝင်ပြောတယ်။ ဖန်ကျန်းရှီက သေချာပေါက် စွန့်စားနေမှန်း သူနားလည် နိုင်တယ်။ ဆုတ်ခွာတာက အခုချိန်မှာ အရမ်းကို အန္တရာယ် များလွန်းလှတယ်။

တကယ်တော့ လူသား မဟာမိတ် တိုက်ခိုက်ဖို့ ရွေးချယ်တာထက် ဆုတ်ခွာနိုင် စေဖို့ ဖန်ကျန်းရှီက အချိန်ဆွဲ ပေး နေတာပဲ။ အားလုံးကို အရှုပ်အထွေး ဖြစ်အောင် သူဖန်တီး နေတယ်။

ဖန်ကျန်းရှီက ဒါကို ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ အခြေအနေ အရသာ သူလုပ်ဆောင် ရတာပဲ။ လူသား မဟာမိတ်ကို ဦးဆောင်ဖို့ ဖန်ကျန်းရှီမှာ အတွေး ရှိနေမှတော့၊ သူ့ဆုံးဖြတ်ချက်ကို ဘာကြောင့်များ သံသယ ဝင်နေရအုန်းမှာလဲ။

သူနားမလည် နိုင်ပေမယ့်၊ လိုက်လုပ်နိုင်တယ်။ ဒါက သံမဏိသွေး စစ်သည်တော် တစ်ယောက်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ပဲ။ စစ်သည်တော် တစ်ယောက်က စစ်မြေပြင်မှာ မွေးဖွားပြီး စစ်မြေပြင်မှာ ရှင်သန်တယ်။

“အဖိုး၊ အရင်သွား။” ရန်ရွှယ် ပြောတယ်။

“မဖြစ်ဘူး ရန်ရွှယ်၊ မင်းက ဖန်ကျန်းရှီရဲ့ သူငယ်ချင်းတင် မကဘူး။ ရန်မိသားစုရဲ့ မျိုးဆက်။ မင်းက စစ်သည်တော် တစ်ယောက်။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ အမိန့်ကို လိုက်နာရမယ်။” သူ့မြေးရဲ့ အတွေးကို သိတဲ့ ရန်ချန်လိက ချက်ခြင်း ပြောတယ်။

“အဖိုး။”

“ရွှယ်။ အရင်သွား။ ငါ့ကို ယုံ၊” ဖန်ကျန်းရှီ ပြောလိုက်တယ်။ ရန်ရွှယ်က သူ့ကို ဘယ်တော့မှ ခွဲခွာသွားမှာ မဟုတ်မှန်း သူသိပေမယ့်၊ သူ့အနားမှာ နေခိုင်းလို့ မဖြစ်ဘူး။

“သေရင် အတူတူ သေမယ်။” ရန်ရွှယ် ပြောတယ်။

“ငါတို့ အတူတူ အသက်ရှင် ရအုန်းမယ်။” ဖန်ကျန်းရှီလဲ ပြတ်ပြတ်သားသား ပြန်ဖြေတယ်။

“ငါတို့ အသက်ရှင် နိုင်မှာလား။”

“ငါကြိုးစား ကြည့်မယ်။”

“ကောင်းပြီ။ နားလည်ပြီ။” ရန်ရွှယ် မပြောတော့ဘူး။ အဖြေကို သူသိသွား ခဲ့ပြီ။ ချက်ခြင်း ဆိုသလို သူလှည့်ပြီး ပြေးတော့တယ်။

“..” ပင်းယန် မျက်လုံးပြူးသွားတယ်။

ခုနကပဲ အတူတူ သေမယ် ရှင်မယ် ပြောနေပြီး ရန်ရွှယ်က ဘာဖြစ်လို့ ဒီလောက် မြန်မြန် ပြေးသွားတာလဲ။

“ငါ့ကို စောင့်အုန်း။” ပင်းယန် အော်ရင်း အမှီ လိုက်တော့တယ်။

“ပင်းယန် နေအုန်း။” ဖန်ကျန်းရှီ စိတ်ထဲ အတွေး တစ်ခု ဝင်လာတဲ့ အတွက် သူချက်ခြင်း ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုကို သုံးပြီး ပြန်ဆွဲခေါ်တယ်။

“..” ပင်းယန်ကတော့ စိတ်တွေ ရှုပ်နေခဲ့ပြီ။ သူမ ပြေးဖို့ ဆုံးဖြတ် ပြီးကာမှ ဖန်ကျန်းရှီက ပြန်ဆွဲ ခေါ်တယ်လေ။ သူဘာလုပ် တာလဲ။ သူမ လုပ်စရာ စိတ်ဝင်စား စရာ ကိစ္စ ရှိသေးလို့လား။ တွေးရုံနဲ့တင် ကြက်သီး မွေးညင်းတွ ထလာတော့တယ်။

“ဘာလဲ ငါ့ကို မလွှတ်နိုင်တော့လို့ ပြန်ခေါ်တာလား။ ငါဘယ်လောက် ထက်မြက်မှန်း နားလည်သွားပြီး အကူအညီ လိုလာလို့လား။” ပင်းယန် မျှော်လင့်တကြီးနဲ့ မေးတော့တယ်။

“မင်းရဲ့ ထက်မြက်မှုကို ငါမလိုပါဘူး။ ချီလင်လှံကို လိုလို ပြန်ခေါ်တာ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“…” ပင်းယန်က ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။

“…” ဖန်ကျန်းရှီလဲ ပင်းယန်ကို ပြန်စိုက်ကြည့်တယ်။

အရာ အားလုံးက အခုချိန်မှာ တိတ်ဆိတ် သွားခဲ့ပြီ။

အဲ့ဒီ့နောက် တောက်ပနေတဲ့ အနီရောင် ချီလင်လှံက ဖန်ကျန်းရှီ ဆီကို ရောက်လာတော့တယ်။ ပင်းယန်ကတော့ ဒေါသတကြီးနဲ့ ပွစိပွစိသာ ရေရွတ်နေခဲ့တယ်။

“ငါတို့တွေ လိုက်မဖမ်းဘူးလား။” မုရှန်းနဲ့ တခြား နတ်သခင်တွေ မေးတယ်။

“စောင့်မယ်။” နန်ကုန်းမု တစ်ခွန်းသာ ပြန်ဖြေတယ်။

“…” နတ်သခင် သုံးယောက်က နားမလည် နိုင်ပေမယ့်၊ လင်းယွိ သေသွားတဲ့ ပုံစံကို ပြန်တွေးမိချိန် မှာတော့ ပါးစပ်ပိတ် သွားကြတော့တယ်။

အခုချိန်မှာ ယွင်ချင်းဝူက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို နားနဲ့ ကပ်ထားရင်း ရှိနေခဲ့တယ်။

“နင်ငါနဲ့ အတူတူ သေချင်လို့လား။” ယွင်ချင်းဝူရဲ့ အသံခပ်တိုးတိုး ထွက်ပေါ် လာတယ်။ သူမရဲ့ အသံကို ဖန်ကျန်းရှီ တစ်ယောက်တည်းသာ ကြားရတယ်။

“ဟဟား။” ဖန်ကျန်းရှီ ပြုံးလိုက်ပြီးနောက် ယွင်ချင်းဝူရဲ့ နားနားကို ကပ်လာခဲ့တယ်။ “အိပ်မက် မက်နေလိုက်။”

အပိုင်း (၁၀၀၉) ပြီး၏။

အပိုင်း (၁၀၁၀)

“ပြီးပြည့်စုံတဲ့ ကောင်းကင်လက်ခံ မြေပုံ ၃၆ခု။”

….

ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်က တုန်ယင်သွားခဲ့တယ်။ သူမက ဖန်ကျန်းရှီနဲ့ အရမ်းကို နီးကပ်လွန်း နေတဲ့ အတွက် တခြား ဘယ်သူမှ သူမ စကားကို မကြားနိုင်ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်ရပ်က သူမ အတွက်တော့ ထူးဆန်းနေ ခဲ့တယ်။

သူတမင်တကာ လုပ်တာလား။ ယွင်ချင်းဝူ ခေါင်းခါ လိုက်မိတယ်။

ဖန်ကျန်းရှီ သူ့ကို ဘယ်လောက် မုန်းတီးနေမှန်း သူမသိတယ်။ ဒါ့အပြင် သူမ တွက်ချက်မှု အရ၊ သူတို့ နှစ်ယောက်စလုံး အသက်ရှင်နိုင်ချေ မရှိဘူး။ ဒါက ယွင်ချင်းဝူရဲ့ အတွေးပဲ။

ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ် တုန်ယင် နေတာကို သတိ ထားမိခဲ့တယ်။ သူ့ရဲ့ အပြုအမူက အရမ်း နီးကပ်လွန်း နေတာကိုလဲ သဘောပေါက် သွားခဲ့ပြီ။

ဘာဖြစ်လို့ ငါဒီလောက် အနားကို ကပ်မိ သွားတာလဲ။ သူ့ကို မုန်းနေ သင့်တာလေ။ ဖန်ကျန်းရှီကတော့ အရောင် တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ နီရဲနေတဲ့ ယွင်ချင်းဝူကို နောက်ထပ် အနားကပ် လာအောင် ဆွဲယူ လိုက်ပြန်တယ်။

ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်က ဖန်ကျန်းရှီကို အများကြီး ထိတွေ့ နေခဲ့ပြီ။

“မင်း ဘာတွေ လာကြည့်နေတာလဲ။ အခု မင်းက ငါ့အစေခံ ဖြစ်စေပြီ။” ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ အမူအယာကို မကြည့်တော့ပဲ ခပ်တည်တည် ပြန်ဖြေတယ်။

ယွင်ချင်းဝူကတော့ ထူးထူးခြားခြား တိတ်ဆိတ် သွားခဲ့တယ်။ သူမ နောက်ထပ် မပြောတော့ပဲ အစေခံ တစ်ယောက်လိုသာ ပြုမူနေခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ရင်ဘက် ပေါ်မှာ သူမက အနားကပ်ရင်း လှဲနေခဲ့တယ်။

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူရဲ့ အဝေးမှာ ရှိနေတဲ့ အတွက် သူတို့ စကား ပြောတာကို မကြားနိုင်ခဲ့ဘူး။ ဖန်ကျန်းရှီက ယွင်ချင်းဝူကို အကျပ်ကိုင် နေတာသာ မြင်ခဲ့တယ်။

“ရွံစရာ ကောင်းလိုက်တာ။”

“အရှင် သခင်ငယ်ကို ဘယ်လိုများ ဒီလို လုပ်နိုင်တာလဲ။”

“ငါသာ သူ့ကို ဖမ်းမိရင်၊ အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခုတ်ပြစ်မယ်။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ယွင်ချင်းဝူကို နတ်ဘုရား တစ်ပါးလို ကိုးကွယ်ကြတယ်။ ဒါကြောင့် သူခိုး တစ်ယောက်ရဲ့ လက်ထဲမှာ ဒီလို ပုံစံ ဖြစ်နေတာကို သူတို့ ဘယ်လိုများ သည်းခံ နိုင်မှာလဲ။

ကံမကောင်း စွာနဲ့ပဲ သူတို့က ဖန်ကျန်းရှီကို မယှဉ်နိုင် ခဲ့ဘူး။

ယွင်ချင်းဝူကို ဘယ်လောက်ပဲ ကယ်တင် ချင်ပါစေ ကူကယ်ရာ မဲ့နေသလို ခံစား နေမိတယ်။ နန်ကုန်းမုရဲ့ အမိန့် မရှိဘဲ သူတို့ မလှုပ်ရှား ဝံ့ကြဘူး။ အချိန်တွေက ခပ်မြန်မြန် ကုန်ဆုံး သွားခဲ့ပြီ။

လူသား မဟာမိတ် အဖွဲ့က ဝူယွဲ့အာနဲ့ မုချင်းဖန်းတို့ အပါအဝင် အားလုံး မြင်ကွင်းရှေ့က ပျောက်ကွယ် သွားတော့တယ်။ ယွင်ချင်းဝူနဲ့ ဖန်ကျန်းရှီ နှစ်ယောက်တည်းသာ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေနဲ့ အတူတူ ကျန်ရစ်တယ်။

“ဖန်ကျန်းရှီ အခု လူသား မဟာမိတ် အဖွဲ့ ထွက်သွားပြီ။ ငါလိုချင်တာကို မင်း ပေးသင့်ပြီ မဟုတ်လား။” နန်ကုန်းမု ပြောလိုက်တယ်။

“အခုတော့ မင်းက သစ်ပင်ကြီး ဖြစ်နေပြီ။ မင်းက ငါ့ထပ် ပိုမြန်မြန် ပြေးနိုင်မယ် ထင်လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ထင်တာပဲ။” နန်ကုန်းမုကတော့ ဖန်ကျန်းရှီရဲ့ မေးခွန်းကြောင့် မအံ့သြခဲ့ဘူး။ မျက်နှာသေနဲ့သာ ပြန်ဖြေတယ်။

“ဒါဆိုရင် စမ်းကြည့်လိုက်လေ။”

ဝုန်း။

ဖန်ကျန်းရှီရဲ့ စကား ဆုံးတာနဲ့ မရေမတွက် နိုင်အောင် များပြားလွန်း လှတဲ့ သစ်ကိုင်းတွေ မြေကြီးထဲက ထိုးထွက်လာ တော့တယ်။ တကယ်တော့ သစ်ကိုင်းတွေ မဟုတ်ခဲ့ဘူး။ သစ်မြစ်တွေပဲ။ မြေအောက် အမြစ်တွေ။

“ဒီတော့ အမြစ်တွေ ရှိနေတာပေါ့။” ဖန်ကျန်းရှီ အံ့သြ သွားပေမယ့် မရပ်တန့် ခဲ့ဘူး။ အရမ်းကို မြန်မြန် သူခုန်ရှောင် နေခဲ့တယ်။ ယွင်ချင်းဝူကို သယ်ဆောင်ရင်း ခုန်ရှောင်နေချိန် မှာပဲ သစ်မြစ်တွေက ငှက်လှောင်အိမ်လို အသွင်ပေါ် လာမှန်း သူသတိ ထားမိ သွားခဲ့တယ်။

“ငါတို့ မလွတ်နိုင်ဘူး။” ယွင်ချင်းဝူရဲ့ အသံကို ကြားလိုက် ရတယ်။

“ဒါပေမယ့် ငါ မင်းနဲ့ မသေချင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။ သူက အမှန်တွေကိုသာ ပြောနေခဲ့တယ်။ လုပ်စရာ ကိစ္စတွေ သူ့မှာ အများကြီး ရှိနေသေးတယ်လေ။

ဥပမာ အားဖြင့် ပင်းယန်ဆီကနေ ပုလဲတွေ အပြည့်နဲ့ အခန်း တစ်ခန်း ရစရာ ရှိသေးတယ်။ ဒါ့အပြင် လူပျိုရည်တောင် မပျက်သေးဘူး။ ဒါ့အပြင် တခြား တစ်ခုကိုလဲ သူသိဖို့ လိုသေးတယ်။ ချီကူယန်ရော ပြန်နိုးထ နိုင်ပြီလား။

“တစ်ချို့ ကိစ္စတွေက နင်လုပ်ချင်ရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး။” ယွင်ချင်းဝူက သေခြင်း ရှင်ခြင်း အကြောင်းကို သိပ်ပြီးတော့ ဂရု မစိုက်တဲ့ လူတစ်ယောက်။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ ပြိုင်ဘက်က နန်ကုန်းမု ဖြစ်မှန်း သူသိနေခဲ့တယ်။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ နန်ကုန်းမုကို ယုံဖို့ ရွေးချယ်ကြတယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဒီကိစ္စက မယုံနိုင်စရာ ကောင်းလွန်းတယ်။ ဒါပေမယ့် အမှန်တရားက အမှန်တရားပဲ။ ယွင်ချင်းဝူက နန်ကုန်းမု နတ်သစ်ပင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိမှန်းလဲ သိနေခဲ့တယ်။

“ဒီတော့ မင်းက ဒီနေရာမှာ သေချင်တာလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“မသေချင်ရင်တောင် ငါဘာလုပ်လို့ ရနိုင်မှာလဲ။” ယွင်ချင်းဝူ ခါးသက်သက် ပြုံးပြတယ်။

“နန်ကုန်းမုရဲ့ စိတ်အကြံအစည်ကို မင်း အဖြေမရှာ နိုင်ဘူးဆိုတာ ငါမယုံဘူး။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို နန်ကုန်းမု အသုံးချတာ မင်းမြင်ချင် နေတာလား။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဒီတော့ နင်က ငါ့ကို အကူအညီ တောင်းချင်တာလား။”

“နတ်သစ်ပင် အကြောင်း မင်းသိထားတာ အကုန်ပြောပြ။ လင်းယွမ် မျှော်စင်မှာ မှတ်တမ်းတွေ ရှိရင်၊ မင်းဆီမှာလဲ မှတ်တမ်းတွေ ရှိမှာပဲ။” ယွင်ချင်းဝူ ဘယ်လို လူစားမျိုးလဲ ဆိုတာ ဖန်ကျန်းရှီ သေချာပေါက် မမေ့ခဲ့ဘူး။

လင်းယွမ် မျှော်စင် ခေါင်းဆောင်ဟောင်းက နတ်သစ်ပင် အကြောင်းကို သိခဲ့တယ် ဆိုတဲ့ အကြောင်း မုချင်းဖန်းဆီကနေ ကြားပြီးချိန်တည်းက နောက်ထပ် သိနိုင်မယ့် လူတစ်ယောက်ကို သူအတည်ပြု ပြီးခဲ့ပြီ။ ယွင်ချင်းဝူ အပြင် နောက်ထပ် ဘယ်သူများ ထပ်ရှိ နိုင်အုန်းမလဲ။

ယွင်ချင်းဝူက နတ်ဆိုး အရှင်သခင်ငယ် ဖြစ်နေတဲ့ အပြင် ဒီလောကက ချီမန့် အနုပညာနဲ့ သမိုင်းစာအုပ်တွေ အားလုံးကို သူဖတ်ပြီး ခဲ့ပြီ။

အသိပညာ အကြောင်း ပြောမယ် ဆိုရင်၊ ယွင်ချင်းဝူကို ဒီလောကမှာ ယှဉ်နိုင်သူ မရှိဘူး။

“ဟဟား။” ယွင်ချင်းဝူ တစ်ကိုယ်လုံး တုန်ခါတဲ့ အထိ ရယ်မော နေခဲ့တယ်။ သူမ အရယ်ရပ် သွားချိန်မှာတော့ ဖန်ကျန်းရှီကို တစ်ခွန်း ပြောတယ်။

“အိပ်မက်မက် နေလိုက်။”

ဝုန်း။ ဝုန်း။ သွေးနီရောင် မိုးကြိုးတွေက ချက်ခြင်း မြေပြင်ပေါ်ကို ကျရောက်လာတယ်။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူရဲ့ ပတ်ပတ်လည်ကို သစ်ကိုင်းတွေက ဝန်းရံ ထားခဲ့ပြီ။ ယွင်ချင်းဝူနဲ့ သူရှိနေခဲ့တဲ့ နေရာက ဆက်တိုက် ဆိုသလို ကျုံ့လာ နေခဲ့တယ်။

“ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ မင်းသိထားတာ ငါ့ကို ပြောပြရင် ငါတို့ အတူတူ ထွက်သွားလို့ ရလိမ့်မယ်။ ဒီလို ဆိုရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီက နောက်ထပ် ခုန်မရှောင် နိုင်တော့ဘူး။ ချီလင်လှံကို သုံးပြီး ပြန်တိုက်ခိုက် ခုခံ နေခဲ့ရတယ်။

ကံကောင်း စွာနဲ့ပဲ ချီလင်လှံက သစ်ကိုင်းတွေကို ခုခံထားနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် တစ်ခဏတာ တာပဲ။

တကယ်ကြီးလား။ သူ တွက်ချက်တာ မှားသွား ခဲ့ပြီလား။ ယွင်ချင်းဝူက အမြဲတမ်း သေဖို့ အသင့် ဖြစ်နေတာလား။

ယွင်ချင်းဝူကို အသုံးချပြီး နန်ကုန်းမု အတွက် နည်းလမ်း ရှာပေးတာက သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် မဟုတ်ခဲ့ဘူး။ ယွင်ချင်းဝူ သူ့အတွက် လွတ်လမ်း ရှာပေး နိုင်ဖို့ကိုလဲ သူမျှော်လင့် ထားခဲ့တယ်။

နှစ်ဖက် စလုံးမှာ တူညီတဲ့ အကျိုး အမြတ်သာ ရှိနေခဲ့ရင်၊ ရန်သူ စစ်စစ်ကြီး ဖြစ်နေပါစေ၊ ယာယီ မဟာမိတ် ဖြစ်လာနိုင်တယ်။

ဖန်ကျန်းရှီက နန်ကုန်းမုရဲ့ အကြောင်းကို သွယ်ဝိုက်ပြီး ပြောပြ ခဲ့ပြီးသား။ အခုချိန်မှာ သူနဲ့ ယွင်ချင်းဝူက တစ်လှေတည်းစီး တစ်ခရီးတည်း သွားသူတွေ ဖြစ်နေခဲ့ပြီ။ နန်ကုန်းမုက သူမကို သေချာပေါက် သတ်မှာပဲ။

ဒါကြောင့် အခုချိန်မှာ ယွင်ချင်းဝူက ဖန်ကျန်းရှီ ဘက်မှာ ရှိနေသင့်တယ်။ သူမမျှော်လင့် ထားခဲ့မိတာ ကတော့ ယွင်ချင်းဝူက သူနဲ့ အတူတူ သေဖို့ ဆုံးဖြတ် လိုက်တာကိုပဲ။

“ငါက အခု နင့် အစေခံ ဖြစ်နေပြီ။ နင် ငါ့ကို ဘယ်လောက်ပဲ အနိုင်ကျင့်ကျင့် ငါကတော့ ဘာမှ ပြောမှာ မဟုတ်ဘူး။” ယွင်ချင်းဝူ အေးအေးဆေးဆေး ပြောတယ်။

“…”

“နင်အရင်တုန်းက ဒီလို စကားမျိုး ပြောခဲ့ဖူးတယ်။ ငါနင့်ကို ယုံမယ်များ ထင်နေတာလား။ နင်က ငါ့ကို အသုံးချ ပြီးရင်တောင်၊ ငါက နင့်အစေခံ ဖြစ်နေအုန်းမှာပဲ။ နင်နဲ့ အတူတူ သေဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။“

“ဒီတော့ နတ်သစ်ပင်ကို ကိုယ်တွယ်ဖို့ နည်းလမ်း မင်းသိ နေတာလား။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပ လာတော့တယ်။

“ရှိတယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။

“အပေး အယူကို ပြောစမ်း။” ဖန်ကျန်းရှီ တည့်ပဲ မေးလိုက်တော့တယ်။

“အရှက်မရှိတဲ့ လူသားတွေနဲ့ ဘယ်တော့မှ အပေးအယူ မလုပ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“ငါ့ရဲ့ လေးစားမှုကို ပြဖို့ နတ်ဆိုး အရှင်သခင် ရှိတဲ့ နေရာကို ပြောပြမယ်။ ဒါဆိုရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီ သူ့ဝှက်ဖဲကို ထုတ်သုံးတော့တယ်။

မြောက်ပိုင်း ဒေသ တောင်ပေါ်ရွာကို အန္တရာယ်ကြားထဲ ရောက်စေချင်လို့ သူပြောတာ မဟုတ်ဘူး။ ယွင်ချင်းဝူမှာ မြောက်ပိုင်းရွာကို တိုက်ခိုက်စေဖို့ အမိန့်အာဏာ မရှိမှန်း သူသိလိုက်လို့ပဲ။

“ခမည်းတော် ဘယ်မှာမှန်း ငါသိတယ်။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလိုက်တယ်။

“မင်းသိတယ်လား။” ဖန်ကျန်းရှီ အံ့သြ သွားခဲ့ပြန်တယ်။

“နင် ဖန်ကျန်းရှီ ဆိုတ ထုတ်ပြ ပြီးတည်းက ငါသိပြီးသား။ ခမည်းတော်က သေချာပေါက် မြောက်ပိုင်းဒေသ တောင်ပေါ်ရွာမှာ ရှိနေမှာပဲ။” ယွင်ချင်းဝူ ချက်ခြင်း ပြောတယ်။

“ကောင်းပြီ။ အပေးအယူကို ပြောင်းရအောင်။ နတ်ဆိုး အရှင်သခင်ကို ၂နှစ် အသက်ရှင်ခွင့် ပေးမယ်လို့ ငါပြောခဲ့တယ်။ ဒါပေမယ့် အခုပဲ သွေးမြို့တော်ဆီ ပြန်လွှတ်ပေးမယ်။”

ယွင်ချင်းဝူက တိတ်ဆိတ် သွားခဲ့ပြန်တယ်။ သူမ တွေးတောနေမှန်း သူသိတယ်။ တစ်ချို့ လူတွေက သူတို့ မိသားစုကို ဂရုမစိုက် ကြပေမယ့်၊ ယွင်ချင်းဝူကတော့ အရမ်းကို ဂရုစိုက်တယ်။ ဒီနေရာမှာ ယွင်ချင်းဝူနဲ့ ဖန်ကျန်းရှီက တူညီတယ်။ ဒါပေါ့ ယွင်ချင်းဝူက လူသား မဟုတ်ပေမယ့်၊ မိစ္ဆာ နတ်ဆိုး သွေးနှော ဖြစ်နေခဲ့တယ်လေ။

“ငါသာ ဒီမှာ သေသွားခဲ့ရင်၊ နတ်ဆိုး အရှင်သခင်လဲ အသက်ရှင် နိုင်မှာ မဟုတ်ဘူး။ နန်ကုန်းမုက သူ့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်သလို မင်းအမေ မိစ္ဆာ ဧကရီ ကိုလဲ။”

“နတ်သစ်ပင်ကို ရင်ဆိုင်ဖို့ နည်းလမ်း ငါပြောပြ နိုင်တယ်။ ဒါပေမယ့် ခမည်းတော်ရဲ့ အသက်အပြင် နောက်ထပ် ကိစ္စ တစ်ခုလဲ ထပ်ထည့်မယ်။” ယွင်ချင်းဝူ စိတ်ဆုံးဖြတ် လိုက်ပြီ။

“ပြော။” ဖန်ကျန်းရှီ ပျော်သွားခဲ့တယ်။

“နင် လွတ်သွားရင်၊ တခြားသူတွေ လက်ထဲမှာ ငါ့ကို မထားခဲ့နဲ့။ ငါ့ကို နင်ကိုယ်တိုင် သတ်ပေး။ ပြီးရင် ငါ့ရဲ့ ကူချင်း(တူရိယာ)နဲ့ အတူ ကန်လင်းတောင် အောက်မှာ မြုပ်ပေးပါ။ အုတ်ဂူမှာ ငါ့နာမည် အပြည့်အစုံကို မရေးနဲ့ (ဝူ)တစ်လုံးပဲ ရေးပဲ။ ချင်းမင် ပွဲတော်(တစ္ဆေပွဲတော်) ရောက်တိုင်း ငါ့အတွက် ရှေးဟောင်း ဂီတ စာရွက်တွေကို မီးရှို့ပေး။” ယွင်ချင်းဝူရဲ့ စကား တစ်ခွန်း ချင်းစီတိုင်းက အရမ်းကို လေးနက်တဲ့ အပြင် နောက်ဆုံး စကားကို ပြောချိန်မှာ အသနား ခံတဲ့ အရိပ်အယောင်တွေလဲ ပါဝင် နေခဲ့တယ်။

“မင်းကို လွှတ်ပေးဖို့ မတောင်းဆို ဘူးလား။”

“ဟင့်အင်း။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။

“ဘာလို့လဲ။”

“မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ နင်နဲ့ လူသား မဟာမိတ် အဖွဲ့က ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ငါလဲ တစ်သက်လုံး ဓားစာခံ ဘဝနဲ့ မနေနိုင်ဘူး။ နင့်လက်ထဲမှာပဲ သေချင်တယ်။” ယွင်ချင်းဝူ အေးအေးဆေးဆေး ပြောနေခဲ့တယ်။

ဖန်ကျန်းရှီ တစ်ချက် တုန်ယင်သွားတယ်။ အကယ်၍ သူသာ ယွင်ချင်းဝူ ဖြစ်မယ် ဆိုရင်။ သေချာပေါက် အလွတ်ပေးဖို့ တောင်းဆိုမှာပဲ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ဘာကြောင့် မတောင်းဆို ခဲ့လဲ။

သူအလွတ် ပေးမှာ မဟုတ်မှန်း သူမ သိနေခဲ့လိုကလား။ ထူးထူးဆန်းဆန်း ယွင်ချင်းဝူရဲ့ လည်ပင်းကို သူတစ်ချက် လွှတ်ပေး မိသွားခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူပြန်ပြီး တင်းတင်းကြပ်ကြပ် ပြန်ဆွဲညှစ်လိုက် ပြန်တယ်။ အမှန်ပဲ။ သူအလွတ် မပေးနိုင်ဘူး။

သူနဲ့ လူသား မဟာမိတ် အဖွဲ့ နှစ်ခုလုံးက ယွင်ချင်းဝူကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူမက တကယ့်ကို ခြိမ်းခြောက်မှုကြီးပဲ။ အကယ်၍ ယွင်ချင်းဝူကို သူမသတ်ခဲ့ရင်တောင် တစ်သက်တာလုံး အကျဉ်းချထား မိလိမ့်မယ်။

မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် တစ်သက်လုံး မလွတ်မြောက် နိုင်အောင် ပိတ်နှောင် ထားမိ လိမ့်မယ်။

ယွင်ချင်းဝူက သူမ ဘဝကို ဒီလို မရှင်သန် ချင်ဘူး။ ဒါကြောင့် ဖန်ကျန်းရှီရဲ့ လက်ထဲမှာ သေဖို့သာ တောင်းဆိုခဲ့တယ်။ ယွင်ချင်းဝူ ဘာကြောင့် သူ့ခန္ဒာကိုယ်ကို ကန်လင်းတောင်မှာ မြုပ်ချင်ရလဲ ဆိုတာကိုတော့ နားမလည် နိုင်ခဲ့ဘူး။

သူ့ဘဝက သူရေးထိုးချင်တဲ့ (ဝူ)ဆိုတဲ့ စကားလုံးလို ရိုးရှင်း ခဲ့လို့လား။

“နင် ကတိ ပေးနိုင်လား။” ယွင်ချင်းဝူရဲ့ အသံက ဖန်ကျန်းရှီရဲ့ အတွေးကို လာနှောင့်ယှက်တယ်။

“ကောင်းပြီ။ ကတိပေးတယ်။” ဖန်ကျန်းရှီက ချီလင်လှံကို သုံးပြီး သစ်ကိုင်းကို ခုခံရင်း ပြောလိုက်တယ်။ ချက်ခြင်း ဆိုသလို မီးလျှံတွေ ချီလင်လှံက ထွက်ပေါ် လာပြီး သစ်ကိုင်း တစ်ချို့ကို ကွဲထွက် သွားစေခဲ့တယ်။

“ရှေးဟောင်း စာပေတွေထဲမှာ မှတ်တမ်း တင်ထားသလောက် အရဆိုရင်၊ နတ်သစ်ပင်က ဧကရာဇ်ရန် ကိုယ်တိုင် စိုက်ခဲ့တဲ့ သစ်ပင်။” ဖန်ကျန်းရှီရဲ့ ကတိစကားကို ကြားပြီး ချိန်မှာတော့ ယွင်ချင်းဝူ ပြုံးပြရင်း ပြောတော့တယ်။

“ဒါပေမယ့် အစေ့ကိုတော့ ဧကရာဇ်ရန် ဖန်တီး ခဲ့တာ မဟုတ်ခဲ့ဘူး။”

“နွီဝါး မယ်တော် ဖန်တီး ခဲ့တာလား။” ဖန်ကျန်းရှီ ခန့်မှန်း လိုက်တယ်။

“နွီဝါး မယ်တော်က ဧကရာဇ်ရန်ကို ပေးခဲ့တာ မှန်ပေမယ့်၊ သူဖန်တီး ခဲ့တာ မဟုတ်ဘူး။ ဆွဲနုတ်ခဲ့တာ။”

“ဆွဲနုတ်ခဲ့တာလား။”

“ဟုတ်တယ် စာထဲမှာတော့ နုတ်ခဲ့တဲ့ နေရာကို မပြောထားခဲ့ဘူး။ ဒါပေမယ့် ခန့်မှန်းချက် တစ်ချို့တော့ ရှိတယ်။”

“ခန့်မှန်းချက်တွေ ရှိတယ်လား။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ရှေးဟောင်း စာအုပ် တစ်ခုရဲ့ ခန့်မှန်းချက်လို့ ပြောလိုက်ရင်၊ ဒီအဖြစ်အပျက်က သက်သေသက်ကာရ မရှိဘူးလို့ ဆိုလို ချင်တာပဲ။ ဒါကို မျှော်လင့်ထားလို့ ရနိုင်ပါတယ်။

နောက်ဆုံးတော့လဲ ရှေးဟောင်း သမိုင်းကြောင်းတွေကို ရန်ဟွမ်ခေတ် အထိသာ နောက်ကြောင်း ပြန်လိုက်လို့ ရနိုင်တယ်လေ။ သူ့ထက် စောတဲ့ ခေတ်တွေကတော့ ရှေးကျလွန်း သွားခဲ့ပြီ။

“အင်း။ စာထဲမှာ ပြောတာကတော့ နတ်သစ်ပင်ဆီက စွမ်းအားကို ယူလာတယ်လို့ ပြောထားတယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။

“ဒါက နတ်သစ်ပင်ကို ရင်ဆိုင်ဖို့ နည်းလမ်းနဲ့ ဆိုင်လို့လား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို စကား ဖြတ်ပြောတယ်။ အခြေအနေက အရမ်းကို ပြင်းထန် လွန်းနေတဲ့ အတွက် သမိုင်းကြောင်း အကုန်ကို နားထောင်ဖို့ လိုအပ် မနေခဲ့ဘူး။

“ဆိုင်တယ်။”

“ဒါဆိုရင် လိုရင်းကို ဖြတ်ပြော။”

“ကောင်းပြီ။ နွီဝါး မယ်တော်က ကောင်းကင် လက်ခံ မြေပုံ ၃၆ခုကို ချန်ထားခဲ့မှန်း နင်သိတယ်မလား။ အခုချိန်မှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာလို့ ခေါ်တာတွေလေ။” ယွင်ချင်းဝူ ရှင်းပြတယ်။

“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ။ မင်း ဘာကို ပြောချင်တာလဲ။” ဖန်ကျန်းရှီ စိတ်ထဲမှာ အတွေးပေါ် လာပေမယ့်၊ အပြည့်အဝတော့ နားမလည် နိုင်ခဲ့ဘူး။

“ကောင်းကင် လက်ခံ မြေပုံ ၃၆ခုက နတ်သစ်ပင်ကို ထိန်းချုပ် နိုင်တယ်။” ယွင်ချင်းဝူ တိုက်ရိုက်ပဲ ပြောတော့တယ်။

“မင်းပြောတာ အဓိပ္မာယ် ရှိပေမယ့်၊ ငါ့မှာ မြေပုံတွေ မရှိဘူး။” ဖန်ကျန်းရှီ အခုချိန်မှာတော့ ယွင်ချင်းဝူကို တကယ် ညှစ်သတ် ချင်နေပြီ။

သူဘာမှ မပြောခဲ့ရင် အကောင်းသား။

ကောင်းကင် လက်ခံ မြေပုံ ၃၆ခုတဲ့။

(မိုးနတ်မင်းကြီးရေ၊ မြေပုံတွေ ငါ့ကို ပြစ်ချပေးပါ)လို့ သူဆုတောင်း ရမှာလား။

အပိုင်း (၁၀၁၀) ပြီး၏။

All Chapters