အပိုင်း (၁၀၁၁-၁၀၂၀)
Vol. 11 Ch. 1011-1020
အပိုင်း (၁၀၁၁)
“ကောင်းကင် လက်ခံ မြေပုံ ၃၆ခုကို ပေါင်းစည်းခြင်း။”
“နင့်မှာ မရှိဘူးလား။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို ထူးထူးဆန်းဆန်းကြီး ကြည့်ရင်း ပြောလိုက်တယ်။ “နင့်မှာသာ မရှိရင် ဒီနေရာမှာ ငါတို့ အတူတူ သေလို့ ရပြီ။”
“ငါ့မှာ ဘယ်ရှိမလဲ။” ဖန်ကျန်းရှီ မျက်နှာသေနဲ့ ပြောလိုက်ပေမယ့်၊ နောက်ဆုံးမှာတော့ စကား တစ်ခွန်း ထပ်ပေါင်းထည့်ရင်း ပြောပြန်တယ်။ “၃၆ခုလုံး မရှိဘူး။”
“ဘယ်လောက်ရှိလဲ။” ယွင်ချင်းဝူ ထပ်မေးတယ်။
“အမ်။” ဖန်ကျန်းရှီ တွေေ၀ သွားတယ်။ အမှန်တရားကို ပြောဖို့ သူမကြောက်ပေမယ့်၊ မေးသူက ယွင်ချင်းဝူ ဖြစ်နေခဲ့တယ်။ ဒါက တစ်ဘဝတာ ကြိုးကြိုးစားစား ရှာဖွေပြီး လျှို့ဝှက်စုဆောင်း ခဲ့တဲ့ ပိုက်ဆံတွေကို ဇနီးသည် တွေ့သွားတဲ့ ခင်ပွန်း တစ်ယောက်လို ခံစားချက်ပဲ။
သူ့စိတ်ထဲမှာ အပြစ်မကင်း ဖြစ်ရတယ်။ သူတို့တွေ လက်ထပ်ထားတာ မဟုတ်လို့ ဒီလို ခံစားချက်မျိုး မရှိသင့် ပင်မယ့်၊ ယွင်ချင်းဝူ ဆီကနေ ကောင်းကင် လက်ခံ မြေပုံတွေကို အများဆုံး ရထား ခဲ့တာကြောင့် သူတွေေ၀ နေခဲ့တယ်။
ဒါ့အပြင် ဒီမြေပုံတွေက တန်ဖိုး ကြီးလွန်းတယ်။ သူ့မှာ ရှိတဲ့ အရေအတွက်ကို တစ်ယောက်ယောက်က သိချင်လာရင် ပြောပြနိုင်ဖို့ ဆိုတာ ခက်ခဲတယ်။ ကောင်းကင် လက်ခံ မြေပုံတွေက ဖန်ကျန်းရှီရဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။
အခုတော့ သူ့ရဲ့ ရန်သူတော် (မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့ အရှင်သခင် ဖြစ်ခဲ့ဖူးသူ) ယွင်ချင်းဝူကို ဒီအကြောင်း ပြောပြ ရတော့မယ်။ သူဘယ်လိုလုပ် မစိုးရိမ်ပဲ နေမလဲ။ အစောပိုင်းတုန်းက ယွင်ချင်းဝူရဲ့ တောင်းဆိုချက်ကို ပြန်တွေးမိ ပြီးချိန်မှာတော့ သူ့ကိုယ်သူ သတိကြီးလွန်း နေတယ်လို့ ဖန်ကျန်းရှီ ခံစားမိ လာတယ်။
(“ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ နင့်လက်နဲ့ ကိုယ်တိုင် ငါ့ကို သတ်ပြီး ကန်လင်း တောင်မှာ မြုပ်ပေးဖို့ပဲ။”
သေဖို့ အသင့်ဖြစ်နေတဲ့ လူတစ်ယောက် အတွက်၊ ဖန်ကျန်းရှီမှာ ကောင်းကင် လက်ခံ မြေပုံတွေ ဘယ်လောက်ရှိမှန်း အတိအကျ သိသွားရင်တောင် ဘယ်လောက်များ ကြောက်စရာ ကောင်းနိုင်မှာလဲ။
“ကောင်းပြီ ငါ့မှာ။” ဖန်ကျန်းရှီ ကန်လင်းတောင်ကနေ တစ်ခု ရခဲ့တယ်။ ယွင်ချင်းဝူဆီက ၁၃ခု၊ ကောင်းကင်တာအို ခန်းမက ၉ခု၊ ယွင်ချင်းဝူ ဆီကနေ နောက်ထပ် ထပ်လုထားတာ ၃ခု၊ ချိုးချီဆီက ၂ခု။ “စုစုပေါင်း ၂၈ခု ရှိတယ်။”
“တကယ့်ကိုပဲ ချိုးချီရဲ့ ကောင်းကင် လက်ခံ မြေပုံ ၂ခုက နင်နဲ့ ရှိနေတာပဲ။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။ အံ့သြသွားပုံ မပေါ်ဘူး။
“ချိုးချီက ကောင်းကင် လက်ခံ မြေပုံတွေကို လိုက်ရှာနေမှန်း မင်းသိတယ်လား။” ဖန်ကျန်းရှီ နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။
သူ့ရဲ့ လက်ရှိ အခြေအနေကို ကြည့်မယ် ဆိုရင်၊ ယွင်ချင်းဝူက ချိုးချီမှာ ရှိတဲ့ ကောင်းကင် လက်ခံ မြေပုံ အရေအတွက် အတိအကျကို သိနေပုံပဲ။ ဒါ့အပြင် ကောင်းကင် လက်ခံ မြေပုံတွေ စုတဲ့ ကိစ္စကို စိတ်ဝင်စားတဲ့ ပုံစံမပေါ် တော့ဘူး။
ချိုးချီ သူ့ကို လိမ်သွားတာပဲ ဖြစ်ရမယ်။ ယွင်ချင်းဝူက ချိုးချီ ပြောတာနဲ့ မတူညီပဲ ကောင်းကင် လက်ခံ မြေပုံတွေကို အစောကြီး တည်းက ထောက်လှမ်းထားပြီး အချိန် မရွေး သိမ်းလို့ ရအောင် စီစဉ်နေတာလဲ ဖြစ်နိုင်တယ်။ ယွင်ချင်းဝူမှာ နောက်ထပ် ထပ်ရှိတာ ဖြစ်နိုင်မလား။
တကယ်တော့ အများကြီး ဖြစ်နိုင်တယ်။ နောက်ဆုံးတော့လဲ ကျမ်းကောင်းကင်တောင် တိုက်ပွဲ ပြီးသွားတာ ခြောက်လတောင် ရှိခဲ့ပြီ။ ဒီအချိန် အတောတွင်းမှာ ရွှမ်းကျီး မျိုးနွယ်စုကို အသုံးချပြီး လရောင်ဖြာ နိုင်ငံတော်နဲ့ စစ်မက်လိုလား နိုင်ငံတော်ကို ယွင်ချင်းဝူ ထိန်းချုပ် ပြစ်လိုက်ပြီ။
ဒီအချက်တွေကို ကြည့်ရင်၊ ကျန်ရစ်တဲ့ ကောင်းကင် လက်ခံ မြေပုံတွေကို ယွင်ချင်းဝူ ရဖို့ မခက်ခဲနိုင်ဘူး။
“မင်းမှာ ကောင်းကင် လက်ခံ မြေပုံတွေ ရှိသေးလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။
“မရှိတော့ဘူး။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။
“မရှိတော့ဘူးလား။” ဖန်ကျန်းရှီ မယုံနိုင်ခဲ့ဘူး။
“ကောင်းကင် လက်ခံ မြေပုံက ၃၆ခုတည်း ရှိတာ၊ နင့်ဆီ ၂၈ခု ရောက်နေပြီ။ နောက်ထပ် ၈ခုပဲ ကျန်တော့တယ်။” ဖန်ကျန်းရှီကို ပြန်ဖြေမယ့် အစား ယွင်ချင်းဝူက တွေးနေခဲ့တယ်။ “၂၈ခုက နတ်သစ်ပင်ကို ခုခံဖို့ မလုံလောက်ပေမယ့်၊ နင့်ကို လွတ်အောင်တော့ လုပ်ပေးနိုင်တယ်။”
“ဘယ်လို လုပ်ရမလဲ။” ယွင်ချင်းဝူမှာ မြေပုံ မရှိတဲ့ အကြောင်း ဖန်ကျန်းရှီ မယုံခဲ့ဘူး။ ဒါပေမယ့် သူမရဲ့ နောက်ထပ် ပြောစကားကြောင့် သူ့ရဲ့ သံသယတွေကို ပြန်ဖိနှိပ် လိုက်ရတော့တယ်။ ကောင်းကင် လက်ခံ မြေပုံ ၃၆ခုလုံးကို သုံးနည်း သူမသိခဲ့ဘူးလေ။ သူတို့တွေကို ဒီအတိုင်း ကြည့်ဖို့ပဲ သူသုံးနေ ခဲ့မိတယ်။
ယွင်ချင်းဝူ အရင်က လုပ်ခဲ့ သလိုမျိုး ဗျူဟာကို သူဆင်လိုက် ရမှာလား။
ဒီလို ဗျူဟာကို ဆင်တာက အချိန် ယူရတယ်။ စစ်မြေပြင် တစ်ခု ဖန်တီးဖို့ အတွက် မြေမျက်နှာ သွင်ပြင် အခြေအနေတွေကို ပြောင်းလဲဖို့ လိုအပ်တယ်။ ဒီတော့ ဘယ်လို သုံးရမှာလဲ။ ထုတ်ပြီး နန်ကုန်းမု မျက်နှာကို ပြစ်ပေါက် ရမှာလား။
“ကောင်းကင် လက်ခံ မြေပုံတွေကို သုံးနည်း အမျိုးမျိုး ရှိတယ်။ တစ်ခုက ဗျူဟာ ဆင်တာ၊ အခုချိန် သုံးဖို့ ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ဘူး။” ယွင်ချင်းဝူ ရှင်းပြတယ်။
“ဒီတော့ ဘယ်လို နည်းနဲ့ သုံးရမလဲ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက တောက်ပ လာခဲ့တယ်။ ကောင်းကင် လက်ခံ မြေပုံ ၃၆ခုမှာ တကယ်ပဲ တခြား သုံးစရာ နည်းလမ်းရှိနေ သေးတာလား။ တကယ်ပဲ ရန်သူ့ မျက်နှာကို ပြစ်ပေါက် ရမှာလား။
“သူတို့တွေကို ပေါင်းလိုက်။”
“မဖြစ်နိုင်တာပဲ။ အပြည့်အစုံ မရှိတဲ့ မြေပုံကို ဘယ်လို ပေါင်းရမလဲ။”
“ကောင်းကင် လက်ခံ မြေပုံတွေက ကြည့်ရတာ တူပေမယ့်၊ ကွာခြားချက်တွေ ရှိတယ်။ တစ်ခုချင်းစီ တိုင်းမှာ မတူညီတဲ့ တာအိုနဲ့ နယ်မြေတွေ ပေါင်းစည်ပြီး ဖွဲ့စည်းထားတပဲ။ ဒါကြောင့် သူ့အစီအစဉ်နဲ့ သူ ရှိတယ်။ ဒီအစဉ်အတိုင်း မှန်အောင် စီနိုင်ရင်၊ အပြည့်အစုံ မရှိရင်တောင် အစိတ်အပိုင်း တစ်ခုတော့ ရနိုင်လိမ့်မယ်။” ယွင်ချင်းဝူ ရှိင်းပြတယ်။
“အဲ့ဒီ့ အစဉ်ကို ငါက ဘယ်လို သိမှာလဲ။” ဖန်ကျန်းရှီ သူကြိုးစားလို့ ရမှန်း နားလည် သွားခဲ့တယ်။ ကောင်းကင် လက်ခံ မြေပုံက ၃၆ခု ကွဲနေ ပင်မယ့်၊ သူ့မှာ ၂၈ခု ရှိနေသေးတယ်။ မပြီးပြည့်စုံရင်တောင် အရိပ်အမြွက်တော့ ရနိုင်တယ်လေ။
“တစ်ခေါက်တည်း ကြည့်ရုံနဲ့တော့ အစီအစဉ်ကို မသိနိုင်ဘူး။ ဒါပေမယ့် ကြယ်၃၆လုံး အစုနဲ့ တွက်ကြည့်လို့ ရတယ်။ ငှက်သဏ္ဍာန်ကြယ်ရဲ့ အစီအစဉ်ကိုတော့ နင်သိတယ် မလား။” ယွင်ချင်းဝူ ထပ်ပြောတယ်။
ဒါပေါ့ ဖန်ကျန်းရှီ သိတယ်လေ။ နက္ခတာရာ အပိုင်းမှာ ဒီကြယ်က အစိတ်အပိုင်း တစ်ခုပဲ။ ဒါပေမယ့် သူ့ရဲ့ အသွင်ကွဲတွေက များလွန်းလို့ စာအုပ် နည်းနည်းကို ဖတ်ရုံနဲ့တင် အပြည့်အ၀ ဘယ်နားလည် နိုင်မှာလဲ။
သေသေချာချာ လေ့လာဖို့ လိုအပ်တဲ့ အပြင် စိတ်ရှည်ဖို့လဲ လိုနေသေးတယ်။ ဖန်ကျန်းရှီက သိပ်ပြီး စိတ်ရှည်တဲ့သူ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် သူကအပေါ်ယံ နားလည် ထားပေမယ့်၊ အတွင်းကျကျ နားမလည်ပြန်ဘူး။ အကုန်လုံးကို တွက်ချက်ဖို့ အတွက်တော့ ခက်လိမ့်မယ်။
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
“ပြီးတော့ ဘာ ထပ်ရှိသေးလဲ။” ဖန်ကျန်းရှီ ဆက်မေးတယ်။
“အဲ့တာ နင့်ကိစ္စ ဖြစ်သွားပြီ။” ယွင်ချင်းဝူက အရမ်းကို တည်ငြိမ် နေခဲ့တယ်။ (ငါက သိသမျှ အကုန် နင့်ကို ပြောပြီးပြီလို့ ပြောနေတဲ့ အသွင်ပဲ။)
“..”
နှိမ့်ချပြီး သင်ယူရတာကို စိတ်ထဲ မထားပေမယ့်၊ အခုက ဒီလို လုပ်နေရမယ့် အချိန် မဟုတ်ခဲ့ဘူးလေ။ တကယ့်ကို သင်ယူ လေ့လာမှုက အရေးကြီးတယ်။
“နင့်မှာ အချိန် သိပ်မရှိဘူး။ အခုပဲ စလိုက်။ ၂၈ခုပဲ ပေါင်းဖို့ လိုမှာပါ။ ပြီးရင် ထွက်ဖို့ သိပ်ခက်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ တိတ်ဆိတ် သွားတာကို မြင်ချိန်မှာတော့ ယွင်ချင်းဝူ သတိ ပေးတော့တယ်။
“..” ဖန်ကျန်းရှီက ဆက်တိုက် တိတ်ဆိတ် နေဆဲ။
ဝုန်း။
သစ်ပင် အမြစ်က မြေပြင်ကနေ ထိုးထွက် လာပြီး ဖန်ကျန်းရှီရဲ့ ညာခြေထောက်ကို လာဆွဲတယ်။ ဖန်ကျန်းရှီ ချက်ခြင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားရတယ်။ သူ့ဘေးမှာ ရှိနေတဲ့ ယွင်ချင်းဝူလဲ သူနဲ့ မျက်နှာချင်း အပ်ပြီး အတူတူ ပြုတ်ကျ လာခဲ့တယ်။
အတော်ကြီးကို နီးကပ် နေပင်မယ့်၊ အခုချိန်မှာ ဒါတွေကို ပျော်ရွှင်နေဖို့ ဖန်ကျန်းရှီ စိတ်ကူး မရှိခဲ့ဘူး။ နန်ကုန်းမု လုပ်ထားတဲ့ ငှက်လှောင်အိမ်က အများကြီး ကျုံ့သွား ခဲ့တဲ့ အတွက် ခုန်ရှောင်ဖို့ မဖြစ်နိုင် ခဲ့ဘူး။
မဖြစ်ဘူး။ အကယ်၍ နှောင့်နှေးနေရင် သေရလိမ့်မယ်။ သူဘာများ လုပ်သင့်လဲ။ ဒီကြယ်တာရာ အကြောင်းကို သူမသိဘူး ဆိုရင်၊ တခြား ဘယ်သူ သိနိုင်မလဲ။ နေအုန်း။ တစ်ယောက်ယောက်တော့ သေချာပေါက် သိလိမ့်မယ်။ ယွင်ချင်းဝူ။
ယွင်ချင်းဝူက အသိပညာ အရမ်းကို ကြွယ်ဝမှန်း ပထမဆုံး သူ့လှေပေါ်ကို ရောက်ချိန်တည်းက သူသိခဲ့တယ်။ ယွင်ချင်းဝူက ဒီနက္ခတ် အကြောင်းကို လောကမှာ သူ့ထက် ပိုသိနိုင်တဲ့သူ ထပ်မရှိတော့ဘူး။
သူက ပါရမီရှင်ပဲ။ ဒါပေမယ့် ဒီပါရမီရှင်က ဖန်ကျန်းရှီ ကြောက်ရတဲ့ ရန်သူတော် မိစ္ဆာ နတ်ဆိုး သွေးနှော ဖြစ်နေခဲ့တယ်။ မိစ္ဆာ နတ်ဆိုးတွေရဲ့ လေးစား ရတဲ့ အရှင်သခင်။
“မင်း အဲ့ဒီ့ ကြယ်တာရာ အကြောင်း သိလား။” ယွင်ချင်းဝူ သေချာပေါက် သိမယ့် ကိစ္စကို ဖန်ကျန်းရှီ မေးရတော့တယ်။
“နည်းနည်းပေါ့။” ယွင်ချင်းဝူ မငြင်းခဲ့ဘူး။
“ဒီတော့ မြေပုံ ၃၆ခုကို အစဉ် အတိုင်း မင်းစီနိုင်တယ်မလား။” ဖန်ကျန်းရှီ မေးလိုက်ပြန်တယ်။
“စီ နိုင်တယ် ဒါပေမယ့် အားလုံး ငါ့လက်ထဲ နင်ပေးမှ ဖြစ်မှာ။ ငါမြေပုံတွေ ယူပြီး ထွက်ပြေးမှာကို နင်မကြောက်ဘူးလား။” ဖန်ကျန်းရှီနဲ့ အရမ်းကို နီးကပ်လွန်း နေတဲ့ အတွက် ယွင်ချင်းဝူရဲ့ မျက်နှာက နီရဲ နေခဲ့ပြီ။
သူမက နိုင်ငံတော် တစ်ခုကို ပျက်စီး စေနိုင်လောက်တဲ့ အလှတရား ပိုင်ရှင်ပဲ။ ဖန်ကျန်းရှီ ဒီလို မြင်ကွင်းမျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ ဖူးဘူး။ ယွင်ချင်းဝူကို ကြည့်ရင်း သူ့နှလုံးခုန်သံတွေ မြန်လာတော့တယ်။ ယွင်ချင်းဝူက အနက်ရောင် ပန်းချီကား တစ်ချပ်ပေးမှာ တောက်ပနေတဲ့ အနီစက်လေး တစ်ခုနဲ့ တူညီတယ်။
လှပပြီး ကျက်သရေ ရှိတယ်။ ဖန်ကျန်းရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား မိပြီ။ ယွင်ချင်းဝူက လှပပေမယ့်၊ ကြောက်စရာ ကောင်းလွန်းလို့ ဘယ်သူမှ သူ့အနားကို မကပ်ဝံ့ကြဘူး။ ဖြေရှင်းရ ခက်တဲ့ ပုစ္ဆာ တစ်ပုဒ်နဲ့ သူမက တူညီတယ်။
သူမကို ဖြေရှင်းပြီး သွားရင် နောက်ထပ် ပိုများပြားတဲ့ လျှို့ဝှက်ချက်တွေကို သိလာရတယ်။ ကန့်လန့်ကာ နောက်ကွယ်မှာ ဓားတစ်လက် ပုန်းအောင်း နေသလို၊ ဒီဓားက လူသတ် နိုင်စွမ်းလဲ ရျိတယ်။ ယွင်ချင်းဝူ စိတ်ထဲက အတွေးတွေကို ဖန်ကျန်းရှီ မခန့်မှန်း တတ်ဘူး။
ယွင်ချင်းဝူ ပြောတဲ့ စကားတွေကတော့ လက်တွေ့ကျတယ်။
ယွင်ချင်းဝူ ပြောထား သလိုပဲ။ ဖန်ကျန်းရှီက သူမရဲ့ ပညာဉာဏ်ကို သိရင်တောင် မြေပုံတွေကို ဒီအတိုင်း ပေးလိုက်မှာလား။ ဖန်ကျန်းရှီ မပါပဲ ထွက်ပြေး သွားလေ မလား။
အကယ်၍ သူမ ထွက်ပြေး သွားခဲ့ရင်၊ ဖန်ကျန်းရှိ အခုလို သူမကို ထိန်းချုပ် နိုင်တော့မှာ မဟုတ်ဘူး။ အကယ်၍ သူမသာ နတ်သစ်ပင်ရဲ့ ထိန်းချုပ်မှု အောက်ကနေ လွတ်အောင် ပြေးနိုင်ခဲ့ရင်၊ သေချာပေါက် ဖန်ကျန်းရှီ လက်ထဲကလဲ လွတ်မှာပဲ။
အခုချိန်မှာ ဖန်ကျန်းရှီ အကြပ်အတည်း ဆိုက်နေ ခဲ့ပြန်ပြီ။ မြေပုံတွေကို သူမဆီ မပေးရင်လဲ သူသေလိမ့်မယ်။ ပေးရင်လဲ သေမှာလဲ။
“ဒီလို ကောင်းကင် လက်ခံ မြေပုံတွေကို အစဉ်အတိုင်း စီတာအပြင် နောက်ထပ် သုံးလို့ ရတဲ့ နည်းလမ်း ထပ်ရှိသေးလား။” ဖန်ကျန်းရှီ စဉ်းစားရင်း ဆက်ပြောတယ်။ “ကောင်းကင် လက်ခံ မြေပုံတွေ မင်းလက်ထဲကို ငါသေချာပေါက် ပေးမှာမှန်း မင်းသိပါတယ်။”
“ငါသိတယ်။” ယွင်ချင်းဝူ မအံ့သြပေမယ့်၊ စိတ်ပျက် သွားပုံပဲ။ “ငါတို့က အဖွဲ့ကျနေပြီလို့ ထင်ထားမိခဲ့တာ။”
“…”
ယွင်ချင်းဝူ မျက်ဝန်းထဲက စိတ်ပျက်မှုကို ဖန်ကျန်းရှီ မြင်လိုက်ရတယ်။ ဒီလို အမူအယာာမျိုး သူမဆီမှာ ဘယ်တုန်းကမှ သူမမြင် ဖူးဘူး။ အခုချိန်မှာ သူမက မဟာတံတိုင်း အကြောင်း ပြောပြရင်း ငိုကြွေးနေတဲ့ မုန့်ကျန်းနွီလိုပဲ။
စောင့်ဆိုင်းတယ်။ အဆုံးမရှိ စောင့်ဆိုင်းတယ်။ နောက်ဆုံးမှာတော့ စိတ်ပျက် သွားခဲ့ ရတယ်။
ယွင်ချင်းဝူက သူ့ကို လှည့်စား ချင်တာ မဟုတ်မှန်း သူနဲ့ အတူတူ တိုက်ခိုက်ချင် နေတယ်လို့ ဖန်ကျန်းရှီ စိတ်ထဲ ရုတ်တရက် အတွေးဝင်လာ ခဲ့တော့တယ်။
ဒီအတွေးက ခပ်မြန်မြန်ပဲ ပြန်ပျောက်ကွယ် သွားခဲ့ပြန်တယ်။ သူ့ပြိုင်ဘက်က ယွင်ချင်းဝူ ဆိုတာ သူချက်ခြင်း ပြန်သတိရ သွားရတယ်။ ဒီအမျိုးသမီးကို သူနားမလည် နိုင်ဘူး။
“ပြော။ မင်းမှာ တခြား နည်းလမ်း သေချာပေါက် ရှိမှာပဲ။” ဖန်ကျန်းရှီ အံကြိတ်ရင်း ပြောလိုက်တယ်။ အခုချိန်မှာ သူရွေးချယ်စရာ မရှိတော့ဘူး ခြိမ်းခြောက် ရတော့မယ်။
ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကိုသာ အနီးကပ် စိုက်ကြည့် နေခဲ့တယ်။ အခုချိန်မှာ သူမရဲ့ ဝင်လေ ထွက်လေက ဖန်ကျန်းရှီကိုတောင် လာထိတွေ့တဲ့ အထိ နီးကပ် နေခဲ့ပြီ။
“နတ်ဆိုး အရှင်သခင်နဲ့ မိစ္ဆာ ဧကရီကို မင်း သေစေချင်လို့လား။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ရင်အခုန် မြန်သွား ပေမယ့် သူခြိမ်းခြောက်တယ်။
“နောက်ထပ် နည်းလမ်း မရှိပေမယ့်၊ “
“ဒါပေမယ့် ဘာဖြစ်လဲ။”
“မြေပုံတွေ ငါ့ဆီ ပေးဖို့ မလိုမယ့် နည်းလမ်း တစ်ခုတော့ ရှိတယ်။” ယွင်ချင်းဝူ တွေေ၀ နေပင်မယ့် ပြောလိုက်တယ်။
“ဘာနည်းလမ်းလဲ။” ဖန်ကျန်းရှီ မျက်ဝန်းတွေ တောက်ပ လာခဲ့ပြီ။ ယွင်ချင်းဝူ စကားတွေက တကယ့်ကို ယုံလို့ မရဘူး။
“ရှင်းပါတယ်။ ငါအရင်က ပေးခဲ့ ဖူးတဲ့ မဟူရာ ရွှေသေတ္တာထဲ ငါ့ကို ထည့်လိုက်။ အထဲမှာ ငါပေါင်းစည်းပေးမယ်။ ငါပြီးတာနဲ့ နင်သုံးလို့ ရပြီ။”
“မင်းကို သေတ္တာထဲ ထည့်ရမှာလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွား ပေမယ့် သူချက်ခြင်း နားလည်တယ်။
ယွင်ချင်းဝူကို အထဲ ထည့်ထားမယ် ဆိုရင် သူလဲ မြေပုံတွေကို ထိန်းချုပ်ဖို့ မခက်တော့ဘူး။
ဒါပေမယ့် ဒီသေတ္တာက စိတ်အာရုံ နယ်မြေငယ်လို ရှိနေတာ မဟုတ်ပဲ လုံး၀ ချိတ်ပိတ် ထားတာလေ။ အထဲမှာ အသက်ရှူဖို့ မဖြစ်နိုင်ဘူး။
အားလုံးကို အသက်ရှူစရာ လေမရှိတဲ့ နေရာမှာ အစီအစဉ် တကျ စီနိုင်ဖို့ အတွက် သူမရဲ့ စိတ်နဲ့ အသိပညာက ဘယ်လောက်ထိ ကြောက်စရာ ကောင်းအောင် အစွမ်းထက်မှာလဲ။
“စိတ်ချပါ။ ငါ လုပ်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိတယ်။ နင်သာ နင့်ကတိကို မမေ့နဲ့။ ငါသာ သေသွားရင်၊ ငါ့ခန္ဒာကိုယ်ကို ကန်လင်းတောင်မှာ မြုပ်ပေး။ ချင်းမင်ပွဲတော် ရောက်တိုင်း ဂီတ စာရွက်တွေလဲ မီးရှို့ပေး။ ဖြစ်နိုင်ရင်၊ နင်တီးခတ်တဲ့ (ကွမ်းလင်စန်း) သီချင်းကို ငါနားထောင် ချင်တယ်။” ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေက နောက်ဆုံး စကားကို ပြောချိန်မှာတော့ အထီးကျန်မှုတွေနဲ့ အပြည့် ရှိနေခဲ့တယ်။
အပိုင်း (၁၀၁၁) ပြီး၏။
အပိုင်း (၁၀၁၂)
“ကေသာနက်တို့ နှင်းသဖွယ် ဖြူဖွေး သွားသည့်တိုင်။”
..
“ကွမ်းလင်စန်း။” ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း သူတို့ ပထမဆုံး တွေ့ဆုံခဲ့ချိန် အကြောင်းက ဖန်ကျန်းရှီ စိတ်ထဲ ဝင်ရောက် လာခဲ့တယ်။ ယွင်ချင်းဝူ အဲ့ဒီ့အချိန်တုန်းက ကွမ်းလင်စန်းကို တီးခတ် နေခဲ့တယ်။ ပျောက်ကွယ်လု နီးပါး ဖြစ်နေတဲ့ ရှေးဟောင်း သီချင်း တစ်ပုဒ်။
သူဒါကို မှတ်မိ နိုင်ပါ့မလား။ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ခဲ့ဘူး။
ယွင်ချင်းဝူ စိတ်ထဲက အတွေးတွေကို သူသေချာ မသိပေမယ့်၊ သူ့စကားတွေကို နားထောင်ရင်း နည်းနည်းတော့ တွေေ၀ သွားခဲ့တယ်။ အခုချိန်ထိ သူမရင့်ကျက် သေးတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ယွင်ချင်းဝူရဲ့ စိတ်ခံစားချက်တွေ လွှမ်းမိုးတာကို မခံရစေဖို့ အခုထက် ပိုပြတ်သား တည်ငြိမ်ဖို့ လိုအပ်နေတယ်။
ဒါပေမယ့် လောကမှာ ဘယ်လို ယောကျာ်းကများ ဒါမျိုး လုပ်နိုင်မှာလဲ။ မှင်သက်ရအောင် လှပတဲ့ အမျိုးသမီးရဲ့ ကြေကွဲနေတဲ့ မျက်ဝန်းတွေကြောင့် စိတ်မလှုပ်ရှားသူ ဘယ်သူ ရှိနိုင်မလဲ။
ဖန်ကျန်းရှီက ယွင်ချင်းဝူကို မုန်းတီးတယ်။ ဒါပေမယ့် ယွင်ချင်းဝူ သေတာကို သူထိုင်မကြည့် နိုင်ဘူး။ ဝမ်းနည်းတာကိုလဲ ထိန်းချုပ်လို့ မရနိုင်ဘူး။
သူ့လက်ထဲက ကောင်းကင် လက်ခံ မြေပုံ ၂၈ခုကို သူ့ဆီ ပေးလိုက်မယ် ဆိုရင်၊ သူလဲ စွန့်စားဖို့ မလိုတော့ဘူး မလား။ နောက်ဆုံးတော့လဲ အခုချိန်မှာ သူတို့ နှစ်ယောက်လုံးက အတူတူ တိုက်ခိုက် နေရတာလေ။
“သူ ငါ့ကိုတော့ လိမ်မှာ မဟုတ်လောက်ဘူးမလား။”
မဖြစ်ဘူး။ “သူသာ လိမ်နေခဲ့ရင် ဘယ်လို လုပ်မလဲ။”
ဖန်ကျန်းရှီ ခေါင်းခါ နေမိပြန်တယ်။ ယွင်ချင်းဝူကို ယုံကြည် ချင်ပေမယ့်၊ သူ့အကြောင်း ပြန်တွေး မိလိုက်တာနဲ့ စိတ်ခံစားချက်တွေကို ပြန်ထိန်းချုပ်လိုက်ရ ပြန်တယ်။
ယွင်ချင်းဝူက နတ်ဆိုး ဧကရာဇ်နဲ့ မိစ္ဆာ ဧကရီတို့ရဲ့ သမီးလေ။ သူ့မှာ ဖန်ကျန်းရှီကို လှည့်စားဖို့ စိတ်ကူး မရှိရင်တောင်၊ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အတွက် သူလုပ်သင့်တာကို သေချာပေါက် လုပ်မှာပဲ။ အန္တရာယ် များလွန်းတယ်။
ယွင်ချင်းဝူသာ သူ့ကို သစ္စာဖောက် သွားရင်၊ ရလဒ်ကတော့ မတွေးဝံ့ စရာပဲ။
အကယ်၍ ယွင်ချင်းဝူသာ မိစ္ဆာ နတ်ဆိုး သွေးနှော မဟုတ်ခဲ့ရင်၊ ဖန်ကျန်းရှီ သူမကို ယုံနိုင်တယ်။ ဒါပေမယ့် သူ့ဇစ်မြစ်ကြောင့် ဘာကိုမှ သေချာ မပြောနိုင်ဘူး။ ယွင်ချင်းဝူ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတွေက ရှိနေခဲ့တယ်။
ဒါ့အပြင် ဖန်ကျန်းရှီ လက်ထဲကို သူမရောက်သွား ခဲ့ရင်တောင်၊ သူမကို သတ်ဖို့ တောင်းဆိုတာက မဆန်းဘူးလေ။ အကယ်၍ သူမမှာ တခြား ရွေးချယ်စရာ ရှိနေရင်ရော၊ ဒီလို အသတ်ခံရဖို့ တောင်းဆို မှာလား။ မိစ္ဆာ နတ်ဆို တပ်ဖွဲ့တွေကို ချိုးချီ အယောင်ဆောင်ထားတဲ့ နန်ကုန်းမု အုပ်ချုပ်နေမှာ သူတကယ် ခွင့်ပြု ပေးနိုင်မှာလား။
မှန်တယ်။ ယွင်ချင်းဝူကို သူလုံး၀ အခွင့်အရေး မပေးသင့်ဘူး။
“ကောင်းပြီ။ မင်း ကောင်းကင် လက်ခံ မြေပုံ ၂၈ကို ပေါင်းစည်း ပြီးရင်၊ ငါမင်းကို အပြင်ထုတ်ပေးမယ်။ အတူတူ ပြေးကြမယ်။” ဖန်ကျန်းရှီ စိတ်ဆုံးဖြတ် လိုက်ပြီ။ သူမလုပ်ချင်ပေမယ့်၊ အခြေအနေက ဖိအား ပေးနေခဲ့ပြီ။
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
သူမ အပြစ်မတင်သလို ဝမ်းနည်းတာလဲ မရှိခဲ့ဘူး။ ဖန်ကျန်းရှီ ဒီလို ဆုံးဖြတ်ချက် ချမှာကို ကြိုသိနေတဲ့ အတိုင်း ကန်ရေပြင်လိုသာ တည်ငြိမ် နေခဲ့တယ်။ အချိန် မရှိတော့တဲ့ အတွက် အစီအစဉ်ကို စတင်ဖို့ သူဆုံးဖြတ် လိုက်တယ်။ ယွင်ချင်းဝူကို မဟူရာရွှေ သေတ္တာထဲ သူထည့်တယ်။
ဒီလို အလှည့်အပြောင်းက မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ အားလုံးကို ချက်ခြင်း ဆိုသလို အံ့အား သင့်သွား စေတယ်။
“အရှင် သခင်ငယ် ဘယ်မှာလဲ။“
“ဖန်ကျန်းရှီ အရှင်သခင်ငယ်ကို ဘာလုပ် လိုက်တာလဲ။”
“တခြား တစ်နေရာကို ပို့လိုက်တာလား။ မဖြစ်နိုင်ဘူး။ အကယ်၍ သူသာ ဒီလို လုပ်နိုင်ရင်၊ အစောကြီးတည်းက သူထွက်ပြေး လောက်ပြီ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အားလုံး ယွင်ချင်းဝူ ရုတ်တရက် ပျောက်ကွယ် သွားတဲ့ အတွက် လန့်ကုန် ကြတော့တယ်။ သူတို့တွေက ယွင်ချင်းဝူ ကို ကယ်တင်ဖို့သာ မျှော်လင့် နေခဲ့ကြတာလေ။
“ဖန်ကျန်းရှီ အရှင်သခင်ငယ်ကို ငါတို့ လက်ထဲ ပြန်ပေး။” မိစ္ဆာ နတ်ဆိုး တပ်ဖွဲကတွေက ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီကို တိုက်ခိုက်တော့တယ်။ မရေမတွက်နိုင်တဲ့ မြားတွေ လှံတွေက ဖန်ကျန်းရှီ ဆီကို ကျရောက်လာတယ်။
ဒီတစ်ကြိမ်မှာတော့ အားလုံးက နန်ကုန်းမုရဲ့ ခွင့်ပြုချက်ကို မယုံကြတော့ဘူး။ ယွင်ချင်းဝူကိုသာ သူတို့ ခေါင်းဆောင်လို့ မြင်ကြမှန်း ရှင်းလင်း သိသာ သွားခဲ့ပြီ။
ဖန်ကျန်းရှီကတော့ ဘယ်သူ့ကိုမှ ပြန်ဖြေ မနေခဲ့ဘူး။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုက သူ့ကို အခက်တွေ့ စေတယ်လေ။ ဒါတွေက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင် ပေမယ့်၊ နှောင့်နှေးအောင်တော့ လုပ်နိုင်ခဲ့တယ်။
နတ်သစ်ပင် သစ်ကိုင်းတွေကလဲ သူ့ကို တားဆီး ထားတဲ့ အတွက် တိုက်ခိုက်မှု အားလုံးကို ခုန်ရှောင်ဖို့ မဖြစ်နိုင်ခဲ့ဘူး။
ဖန်ကျန်းရှီလဲ နောက်ဆုံးမှာ အလင်းတန်း ဒိုင်းကာ တစ်ခုကို သုံးပြီး တိုက်ခိုက်မှုတွေ အားလုံးကို တားဆီး ရတော့တယ်။ ဒီလို လုပ်လိုက်တဲ့ အတွက် သူ့ရဲ့ အားအင် အရင်းအမြစ်တွေက ပိုပြီး မြန်မြန် ကုန်ဆုံးတယ်။ စိတ်အာရုံ နယ်မြေထဲမှာ စွမ်းအား အရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိနေတာကိုသာ ကျေးဇူး တင်ရတော့မယ်။
အခု အချိန်မှာ သူတောင့်ခံ ထားနိုင်သေးတယ်။ ယွင်ချင်းဝူကတော့ အခြေအနေ သိပ်မကောင်းခဲ့ဘူး။
နန်ကုန်းမုနဲ့ မိစ္ဆာ နတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကို ဖန်ကျန်းရှီ ခုခံ နေချိန်မှာ ယွင်ချင်းဝူကတော့ ဖြူဖျော့ နေခဲ့ပြီ။ ငှက်သဏ္ဍာန် ကြယ်တာရာ တွေကို အစဉ်လိုက် စုစည်းဖို့ အတွက် နက္ခတ် ဗေဒ ပညာရပ်ကို ပညာရှင် အဆင့် ရောက်အောင် တတ်ကျွမ်းဖို့ လိုအပ်တယ်။ အသက်မရှူပဲ တွက်ချက်နိုင်ဖို့ကတော့ အရမ်းကို ခက်ခဲပြန်တယ်။
ရှုပ်ထွေးတဲ့ သင်္ချာ ပုစ္ဆာကို ဆူညံနေတဲ့ နေရာမှာ တွက်ချက် ဖြေရှင်းလို့ မရသလိုပဲ။ တွက်ချက် နိုင်မယ် ဆိုရင်တောင် ပုံမှန်ထက် အချိန် ပိုကြာလိမ့်မယ်။ ယွင်ချင်းဝူလဲ အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင် နေရတယ်။
အသက်ရှူတဲ့ ကိစ္စက လူ့ခန္ဒာကိုယ်မှာ အလိုလို လုပ်ဆောင်နေတဲ့ ကိစ္စ တစ်ခု။ လေ့ကျင့်ထားသူ မဟုတ်ပဲ အချိန် အကြာကြီး အသက်အောင့်ထား ရရင် ဦးနှောက်မှာ အောက်ဆီဂျင် ပြတ်ပြီး သတိလစ် မေ့မျော သွားနိုင်တယ်။
ယွင်ချင်းဝူ တည်ငြိမ် နိုင်ရင်တောင် သူမရဲ့ ခန္ဒာကိုယ်က တောင့်ခံ နိုင်ပါ့မလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပြီ။
“မင်း လုပ်နိုင်ရဲ့လား။ မလုပ်နိုင်ရင် ငါတို့ ဘယ်လုပ် လုပ်မလဲ။” အထဲက အခြေအနေကို ဖန်ကျန်းရှီ ခံစားမိတယ်။ ယွင်ချင်းဝူက ဖြူဖျော့ နေရုံတင် မကဘူး။ တကိုယ်လုံးလဲ တုန်ယင် နေခဲ့တယ်။
သူမရှေ့မှာ ရှိနေတဲ့ ကောင်းကင် လက်ခံ မြေပုံတွေကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေရင်း အမျိုးမျိုး ရွေ့ပြောင်း နေခဲ့ပါတယ်။ အချိန်တွေက ခပ်မြန်မြန် ကုန်ဆုံး သွားခဲ့ပြီ။ လေမရှိပဲ ဘယ်လောက် ကြာကြာ နေနိုင်မှာလဲ။ ဒီမေးခွန်းက မခက်ခဲဘူး။
ဒါ့အပြင် ယွင်ချင်းဝူရဲ့ ကျင့်ကြံဆင့်က ကြယ်တာရာ စုဝေးမှု အဆင့်သာ ရှိသေးတယ်။ ဒါကြောင့် အရမ်းကြီး သန်မာသူလဲ မဟုတ်ခဲ့ပြန်ဘူး။
ဝုန်း ဝုန်း။
သွေးနီရောင် လျှပ်စီးတန်းတွေက ကောင်းကင်ကနေ ကျဆင်းလာတယ်။
ဖန်ကျန်းရှီလဲ ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေကို ဆက်တိုက် ဆိုသလို ခုန်ရှောင်ရင်း ချီလင်လှံနဲ့ အတူ သစ်ကိုင်းတွေကို ပြန်ခုတ်ချ နေခဲ့တယ်။
“ဖန်ကျန်းရှီ။ မင်း အကြာကြီး တောင့်မခံ နိုင်ပါဘူး။ ငါလိုချင်တာကို ပေးလိုက်တော့။” နန်ကုန်းမုရဲ့ အသံကို ကြားလိုက် ရပင်မယ့်၊ သူက တိုက်ခိုက်တာ မရပ်တန့်ခဲ့ဘူး။ ပိုပြီး များပြားတဲ့ သစ်ကိုင်းတွေနဲ့ အဆုံးမဲ့အောင် တိုက်ခိုက် နေခဲ့တယ်။ ဖန်ကျန်းရှီလဲ မရပ်မနား ခုခံနေ ခဲ့ရတယ်။
“မင်း မပြီးသေးဘူးလား။” အချိန်တွေ ကုန်လာ တာနဲ့ အမျှ ဖန်ကျန်းရှီလဲ ပိုပြီး ပူပန်လာတယ်။
ယွင်ချင်းဝူကတော့ အခုချိန်ထိ အဖြေ မထုတ်နိုင်သေးဘူး။ ယွင်ချင်းဝူရဲ့ လက်ဟန် အပြောင်းအလဲ နှေးသွားတာကို ကြည့်ရင်း တွက်ချက်ရ ခက်ခဲ နေတာကို ဖန်ကျန်းရှီ သတိထားမိတယ်။ အထဲကနေ ပြန်ထုတ်ပေး သင့်ပြီလား။ ဒီအတိုင်းသာ ဆက်သွားရင် ယွင်ချင်းဝူ တကယ် သေသွားနိုင်တယ်။
ဒီအချိန်မှာပဲ ယွင်ချင်းဝူ ချက်ခြင်း ပြန်လှုပ်ရှားတယ်။ လက်တစ်ဖက်က တွက်ချက်နေရင်း နောက် လက်တစ်ဖက်နဲ့ မြေပုံတွေကို အမှတ်အသား လိုက်လုပ်တယ်။
တစ်ချိန်တည်း အလုပ်အများကြီး လုပ်နိုင်တာလား။ ယွင်ချင်းဝူက တကယ့်ကို စိတ်စွမ်းအား ကောင်းတာပဲ။
ဖန်ကျန်းရှီ သူမကို အပြည့်အ၀ မယုံကြည် သေးပင်မယ့်၊ ယွင်ချင်းဝူကို အပြင်ပြန်ထုတ်ဖို့ ကိစ္စ ခဏ ရပ်ထားလိုက်တယ်။
“သူက မိစ္ဆာ နတ်ဆိုး မျိုးနွယ် သွေးနှောပဲ။ ဒီအတိုင်း မြေပုံတွေကို မပေးလိုက် နိုင်ဘူး။ သူသာ အခွင့်အရေး ရမယ် ဆိုရင်၊ မြေပုံတွေ ယူပြီး ထွက်ပြေးမှာပဲ။ ဒါမျိုး လုံး၀ အဖြစ် မခံနိုင်ဘူး။ ငါသေချာပေါက် ညှာနေလို့မ ရဘူး။” ဖန်ကျန်းရှီ သူ့ကိုယ်သူ ဆက်တိုက် သတိပေးနေ ခဲ့တယ်။
တစ်ကြိမ်တုန်းက ယွင်ချင်းဝူကို သူယုံကြည် ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက သူမ သူ့ကို လှည့်စား သွားခဲ့တယ်လေ။
ဆိုရိုးစကား ရှိတဲ့ အတိုင်း တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ရမယ်။ ယွင်ချင်းဝူကို ဖန်ကျန်းရှီ စိုးရိမ်တယ်။ အချိန်တွေက ဆက်တိုက် ကုန်ဆုံး နေခဲ့ပြန်တယ်။
ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကတော့ အရမ်းကို ပြင်းပြင်းထန်ထန် တုန်ယင် နေခဲ့ပြီ။ သူမ နှုတ်ခမ်းကို တင်းတင်း စေ့ထားရင်း တောင့်ခံ နေခဲ့တယ်။ အကူအညီ တစ်ချက်မှ မတောင်းပဲ တကိုယ်လုံး ခရမ်းရောင် ပြောင်းသွားတဲ့ အထိ စိတ်ရော ကိုယ်ပါ အားစိုက်ပြီး တွက်ချက် နေခဲ့ပြန်တယ်။
“ဒေါက် ဒေါက်။”
သူမရဲ့ နဖူးကနေ ချွေးစက်တွေက မိုးပေါက်တွေလို စီးကျနေခဲ့ပြီ။ အဖြူရောင် ဝတ်ရုံ တစ်ခုလုံးလဲ ချွေးတွေနဲ့ ရွဲနစ် နေခဲ့တယ်။
သူမရဲ့ ခန္ဒာကိုယ် ကောက်ကြောင်းတွေတောင် အခုအချိန်မှာ အထင်းသား ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီကတော့ ဒါတွေကို အာရုံ မစိုက်နိုင်သေးဘူး။
သူက အရှက်မရှိတာ မှန်ပေမယ့်၊ သူ့ရန်သူတော် ယွင်ချင်းဝူ ဖြတ်သန်း နေရတဲ့ အခက်အခဲကို သူနားလည်တယ်။
“ယွင်ချင်းဝူ။ မင်းက ဘာဖြစ်လို့ ယွင်ချင်းဝူ ဖြစ်နေရတာလဲ။ ဘာဖြစ်လို့ နတ်ဆိုး မိစ္ဆာ သွေးနှော ဖြစ်နေရတာလဲ။ ဒီလိုသာ မဟုတ်ခဲ့ရင်၊ ငါတို့တွေ သူငယ်ချင်း ဖြစ်နိုင်တာပဲလေ။” ဖန်ကျန်းရှီ အံကြိတ်ရင်း သူ့လက်ထဲက လှံကို ဝေ့ယမ်းလိုက် ပြန်တြယ်။
ဒီအတွေးက ရီချင်စရာ ကောင်းတယ်။ ယွင်ချင်းဝူ အရင်တုန်းက သူ့ကို လှည့်စားခဲ့တယ်။ ယွင်ချင်းဝူကို စိတ်ပူပေးနေ စရာ ဘာအကြောင်းမှ မရှိဘူး။ ဒါ့အပြင် ယွင်ချင်းဝူကို သတ်ဖို့တောင် သူအလောတကြီး လုပ်ခဲ့သေးတယ်။ အခုချိန်မှာတော့ သူ့စိတ်နှလုံးတွေက နှောက်ကျ နေခဲ့တယ်။
ယွင်ချင်းဝူ ဒီလို အခြေအနေ ရောက်နေတာ သူကြောင့် ဖြစ်နေလို့လား။ ဒါမဟုတ် သူ့ရဲ့ သေရေး ရှင်ရေးက သူ့အပေါ် မူတည် နေလို့များလား။
ယွင်ချင်းဝူသာ မရှိရင်၊ ဒီမြေပုံတွေကို သူဘယ်လို ပေါင်းစည်း နိုင်မှာလဲ။ သူဘယ်လိုလုပ် အသက်ရှင်နိုင် မှာလဲ။ ရုတ်တရက် သူအတွေး ဝင်လာခဲ့တယ်။
အမှန်ပဲ။ အခုလို အခြေအနေမျိုးက သူက ယွင်ချင်းဝူရဲ့ မဟာမိတ်ပဲ။ ယွင်ချင်းဝူ အောင်မြင်ရင်၊ သူအသက်ရှင်မယ်။ ယွင်ချင်းဝူသာ ကျရှုံးခဲ့ရင် သူသေလိမ့်မယ်။ အခုလို သူ့အသက်ကို ယွင်ချင်းဝူ လက်ထဲ အပ်ထား ရမယ်လို့ သူတကယ့်ကို မထင်ခဲ့ မိဘူး။
ဟာသပဲ။ သူတို့က ပြိုင်ဘက်တွေလေ။
“ငါက ယောကျာ်းပဲ အမျိုးသမီး တစ်ယောက် ကယ်တင်ပေးတာကို စောင့်နေလို့ ဘယ်ဖြစ်မလဲ။ ဒါ့အပြင် ငါ့ကို ကယ်နေတဲ့ သူက ငါသေချာပေါက် သတ်ရမယ့်သူ ဖြစ်နေသးတယ်။” ဖန်ကျန်းရှီရဲ့ စိတ်တွေ တုန်လှုပ်လာတယ်။
သူ့ကိုယ်သူ ဆုံးဖြတ်ချက် အမှား တစ်ခု ချမိသလို ခံစားရတယ်။ ယွင်ချင်းဝူကို သေတ္တာထဲ မထည့်သင့်ဘူး။ တကယ် တွက်ချက် ရမယ် ဆိုရင်တောင် သူပဲ တွက်ချက် နေတဲ့သူ ဖြစ်သင့်တယ်။
ဒီနက္ခတ်တွေ အကြောင်းကို သူသေချာ မသိပေမယ့်၊ ကြိုးစား ကြည့်လို့ ရတယ်လေ။ တာအို နိယာမကို သူနားလည်ထားတဲ့ အစွမ်းအစနဲ့ ဆိုရင်၊ သူအောင်မြင် နိုင်တာပဲ။ ဖန်ကျန်းရှီ ဒါကို တွေးမိတဲ့ အချိန်မှာပဲ သေတ္တာထဲမှာ ရှိနေခဲ့တဲ့ ယွင်ချင်းဝူ ချက်ခြင်း ဒူးထောက်လျက်သား ကျသွားခဲ့တယ်။
သူသေတော့မှာလား။
ဖန်ကျန်းရှီ လန့်သွားရ ပြန်တယ်။ ယွင်ချင်းဝူကို အထဲက ပြန်ထုတ်ပေးဖို့ သူပြင်လိုက် မိတယ်။ ဒီတိုင်း အသေမခံ နိုင်ဘူး။ အကယ်၍ ယွင်ချင်းဝူ သေရမယ် ဆိုရင်၊ သူ့ဓားအောက်မှာပဲ သေရမယ်။ မဟုတ်ရင် တရားမျှတမှာ မဟုတ်ဘူး။
ယွင်ချင်းဝူကို အပြင်ထုတ်ပေးဖို့ သူလုပ်နေ ချိန်မှာပဲ ယွင်ချင်းဝူက ရုတ်တရက် ထရပ်လာခဲ့တယ်။ သူမ မနားတမ်း တုန်ယင်နေတယ်။
အရမ်းကို ခက်ခက်ခဲခဲ ရုန်းကန် နေခဲ့တဲ့ အတွက် သူမရဲ့ နှုတ်ခမ်းတွေတောင် ပြာနှမ်း နေခဲ့ပြီ။ ချွေးတွေကတော့ ကြမ်းပြင်မှာ ရေလို အိုင်နေခဲ့တယ်။ ဒါ့အပြင် ယွင်ချင်းဝူရဲ့ ဆံပင်တွေ အားလုံး အနက်ရောင်ကနေ မီးခိုးရောင်၊ နောက်ဆုံးမှာတော့ နှင်းလို ဖြူသွားတာကို တွေ့ လိုက်ရတယ်။
သူ့ဆံပင်တွေ အချိန်တိုလေး အတွင်းမှာ ဒီလို ဖြူသွားတာလား။ ထူးဆန်းလိုက်တာ။ ဒါ့အပြင် အထဲကို သူဝင်တာ ၁၅ မိနစ်တောင် မပြည့်သေးဘူး။
“ယွင်ချင်းဝူ။ မင်း ဒီလောက်ထိ အလုပ်ကြိုးစားဖို့ လိုလို့လား။” ဖန်ကျန်းရှီ နှလုံးသား တစ်ခုလုံး နာကျင်လာတယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူ သူ့လက်နှစ်ဖက်ကို သုံးပြီး မြေပုံတွေကို ပေါင်းစည်းနေတာ မြင်လိုကရတယ်။
ခဏလေး စောင့်ရမယ်။ ယွင်ချင်းဝူ အောင်မြင်တော့မယ်။
ခဏတာပဲ အညှာအတာ မရှိ မမြင်ချင်ယောင် ဆောင်ပြီး ဒီအတိုင်း ပြစ်ထားလိုက်ရင် အောင်မြင်နိုင်တယ်။ ပြီးမှ ပြန်လွှတ်ရုံပဲ။
မဖြစ်ဘူး။ ယွင်ချင်းဝူက သေတော့မယ်။ သူမ ရေဓာတ် ခမ်းခြောက်နေပြီ။ နောက်ထပ် ထပ်စောင့်လိုက်ရင်၊ သေချာပေါက် သေသွားလိမ့်မယ်။
“အား ငလူးပဲ။ ငါဒီတိုင်းတော့ ကြည့်မနေ နိုင်ဘူး။” ဖန်ကျန်းရှီ ဟိန်းဟောက်ပြီးနောက် သူ့ရင်ဘတ်ကို လက်နဲ့ ဖိချ လိုက်တော့တယ်။
“ထွက်လာစမ်း။”
အပိုင်း (၁၀၁၂) ပြီး၏။
အပိုင်း (၁၀၁၃)
“ကွမ်းလင်စန်း ပန်းချီ။”
မှန်သလား။ မှားသလား။ ဒီမေးခွန်းတွေကို ဖန်ကျန်းရှီ မတွေးနိုင်တော့ဘူး။ အခုချိန် သူ့စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိတယ်။ ရလဒ်က ဘယ်လိုပဲ ဖြစ်လာပါစေ။ အနာဂတ်မှာ ဘယ်လို ကိစ္စတွေပဲ ရှိပါစေ၊ အနည်းဆုံးတော့ အခုချိန်မှာ ယွင်ချင်းဝူကို သူ့မျက်စိရှေ့မှာ အသေမခံ နိုင်ဘူး။
ဝူး။ ဖန်ကျန်းရှီ သူ့ရင်ဘတ်သူ ဖိလိုက်ချိန်မှာပဲ ယွင်ချင်းဝူက သူ့ရှေ့ကို ရောက်လာတော့တယ်။ ယွင်ချင်းဝူ အပြင် ကောင်းကင် လက်ခံ မြေပုံ ၂၈ခုလဲ အပြင်ကို ရောက်လာတယ်။
ဒါပေမယ့် ကောင်းကင် လက်ခံ မြေပုံတွေက ငွေရောင် အလင်းတန်းတွေ အပြည့် တောက်ပရင်း နေရာမှာတင် မြင်ကွင်း အမျိုးမျိုး ပြောင်းလဲ နေခဲ့တယ်။
တောတောင် ရေမြေ သစ်ပင် ပန်းမာန်၊ သားရဲကောင်၊ ငှက်တွေနဲ့ မီးလျှံတွေ လျှပ်စီးတွေ အားလုံးက ဆက်တိုက် ဆိုသလို ပြောင်းလဲရင်း တောက်ပ နေခဲ့ပြီ။
“အဲ့တာက ဘာကြီးလဲ။”
“အဲ့ဒီ့ အလင်းတန်းတွေ ဘာဖြစ်လို့ ပေါ်လာတာလဲ။”
“အရှင် သခင်ငယ်ရဲ့ ဆံ ဆံပင်တွေ ဖြူ။”
ရုတ်တရက် အလှည့်အပြောင်းကြောင့် ဖန်ကျန်းရှီကို ချက်ခြင်း သေစေ ချင်နေကြတဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ မယုံနိုင် ဖြစ်ကုန် ကြတော့တယ်။ ယွင်ချင်ဝူ ပြန်ပေါ် လာချိန်မှာ ဆံပင်တွေ ဖွေးဖွေး ဖြူသွားခဲ့ပြီ။ ဒါ့အပြင် သူမရဲ့ နှုတ်ခမ်းကလဲ အဆိပ် မိထားသလို ပြာနှမ်း နေခဲ့တယ်။
“ဖန်ကျန်းရှီ ဒီကောင် ဘာလုပ် လိုက်တာလဲ။”
“အရှင် သခင်ငယ်ရဲ့ ဒဏ်ရာတွေက ဘာကြောင့် ဒီလောက်တောင် ပြင်းထန် သွားရတာလဲ။”
ချက်ခြင်း ဆိုသလို မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ စိုးရိမ် ပူပန်ပြီး ဒေါသ ထွက်ကုန်တော့တယ်။ ဒီအချိန်မှာပဲ ယွင်ချင်းဝူရဲ့ ရှေ့က မြင်ကွင်း ပြောင်းလဲ နေတာ ရပ်တန့် သွားခဲ့ပြီ။ အချိန်တွေကလဲ ယွင်ချင်းဝူရဲ့ လက်လှုပ်ရှားမှုနဲ့ အတူ ရပ်တန့် သွားခဲ့တယ်။
လောက တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက် သွားပြီး ငွေရောင် အလင်းတန်းက တဖြည်းဖြည်းချင်းစီ ကျယ်ပြန့် လာခဲ့တယ်။ ပန်းချီကားလိပ်ကြီး တစ်ခုလို စတင်ပြီး ကျယ်ပြန့်လာတယ်။
ဝုန်း။
မှောင်မည်းနေတဲ့ ကောင်းကင် တစ်ခွင်လုံးကို လျှပ်စီး တန်းတွေက လာရိုက်ခတ်တယ်။ ဒါက အနီနဲ့ အနက်ရောင် နှစ်ခု ရောယှက်နေတဲ့ ပန်းချီကား တစ်ချပ်ပဲ။ ပန်းချီရဲ့ အလယ်မှာတော့ လှိုင်းကြက်ခွပ်လေးတွေ ထနေတဲ့ ရေကန် တစ်ကန် ရှိနေခဲ့တယ်။
ရေကန်က မှန်တစ်ချပ်လို အေးချမ်း နေတယ်။ ပန်းချီကားထဲမှာ တောင်တန်းတွေ၊ သစ်ပင်တွေ ပန်းတွေ ရှိနေရုံတင် မကပဲ ပျံဝဲနေတဲ့ ငှက်တွေပါ ထပ်ရှိ နေသေးတယ်။
ဒီပန်းချီ ကားချပ်ထဲမှာ ရှိသမျှ အရာ အားလုံးက အသက်ဝင် နေတယ်။ သားရဲကောင် ဟိန်းဟောက်သံတွေလဲ ထွက်ပေါ် နေပြီး ငှက်တွေကလဲ ကောင်းကင်မှာ ပျံသန်းနေတယ်။ ဒါ့အပြင် တစ်ချို့ သားရဲကောင် တွေကတော့ ရေကန်ရေကိုတောင် လာသောက် နေကြသေးတယ်။
ဖူး။ အားလုံး ပန်းချီကို အာရုံစိုက်နေ ချိန်မှာပဲ ယွင်ချင်းဝူရဲ့ မျက်နှာ တစ်ခုလုံး ရုတ်တရက် နီရဲ သွားပြီး သွေးအန်တော့တယ်။
“နှလုံးသွေးတွေလား။” ဖန်ကျန်းရှီ ကြက်သေသေ သွားမိတယ်။ စွမ်းအင်တွေ အများကြီး ကုန်ဆုံး သွားခဲ့ရင်၊ နှလုံးသွေးတွေ အန်ထုတ်မိ နိုင်မှန်း ဖန်ကျန်းရှီသိတယ်။
ဒါအခု ယွင်ချင်းဝူ ဖြစ်နေတဲ့ ကိစ္စပဲ။ သူမရဲ့ ဆံပင်တွေက လုံး၀ ဖြူဖွေး သွားခဲ့ပြီ။ ယွင်ချင်းဝူ မဟူရာ ရွှေသေတ္တာထဲမှာ ကုန်ဆုံးခဲ့တဲ့ စွမ်းအားတွေက ကြောက်စရာ ကောင်းလွန်းတယ်။ ဒါပေမယ့် သူမ အောင်မြင် ခဲ့တယ်။
များပြားလှတဲ့ ဖိအားတွေ အောက်မှာ အချိန်တိုလေးအတွင်း ကောင်းကင် လက်ခံ မြေပုံ ၂၈ခုကို ပေါင်းစည်း နိုင်ခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အသိစိတ်က သူ့ကို သတိပေး နေခဲ့တယ်။ ယွင်ချင်းဝူ လက်ထဲက ပန်းချီကားကို ချက်ခြင်း ဆွဲလုလိုက်။ ပန်းချီကားသာ ယွင်ချင်းဝူနဲ့ အတူတူ ဆက်ရှိ နေရင် ဘာတွေ ဖြစ်လာနိုင်မလဲ တွေးမရဘူး။
ဖန်ကျန်းရှီ ဆွဲလုဖို့ အတွေး ဝင်လာပေမယ့်၊ မလုပ်ဖြစ် ခဲ့ဘူး။ နေရာမှာတင် ရပ်ရင်း ယွင်ချင်းဝူနဲ့ ပန်းချီကားကို ကြည့်နေခဲ့တယ်။
ယွင်ချင်းဝူကတော့ သူမ ချစ်မြတ်နိုးတဲ့ အရာ တစ်ခုကို လေ့လာ နေတဲ့ အတိုင်း ပန်းချီကားကို ဂရုတစိုက် ကိုင်တွယ် နေခဲ့တယ်။ အခုချိန်မှာ သူမက ဆံပင်ဖြူသွား တာကိုတောင် ဂရု မစိုက်ခဲ့ဘူး။
စိတ်နဲ့ ခန္ဒာကိုယ်ကို ဒီပန်းချီကားထဲမှာသာ နှစ်မြုပ်ထားတယ်။ အခုချိန်မှာ ဘယ်အရာကမျှ သူမကို အာရုံ ပျံ့လွင့်အောင် မလုပ်နိုင်ပုံပဲ။
“အရှင် သခင်ငယ် ဘာလို့ ဒီလောက်တောင် အာရုံ စိုက်နေတာလဲ။”
“ပန်းချီကားက အသက်ဝင် နေတယ်။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး ယွင်ချင်းဝူကိုသာ ကြည့်နေ ခဲ့ကြတယ်။
“အဲ့တာက။” နန်ကုန်းမုရဲ့ သွေးနီရောင် မျက်ဝန်းတွေလဲ ပန်းချီကားထဲက သစ်ပင်ကြီးကို မြင်ချိန်မှာ လန့်သွားပုံ ပေါ်တယ်။ ဒီအချိန်မှာ ယွင်ချင်းဝူက ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ သူမရဲ့ မျက်ဝန်းလှလှ တွေက ပုံမှန် အတိုင်းသာ တည်ငြိမ် နေခဲ့တယ်။
ဒါပေမယ့် သူမ ကြာရှည် တောင့်မထား နိုင်ခဲ့ဘူး။
“ယွင်ချင်းဝူ။ မင်းကတော့လေ။” ယွင်ချင်းဝူ လဲကျသွားတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ လှမ်းပြီး ဖမ်းဆွဲတယ်။ ပန်းချီကားကို ယူမယ့် အစား၊ ယွင်ချင်းကိုသာ မြေပြင်နဲ့ မထိအောင် သူထိန်းထား လိုက်တယ်။
ယွင်ချင်းဝူရဲ့ ချွေးတွေ သူ့ကို လာထိပေမယ့်၊ သူဂရုမစိုက်ခဲ့ဘူး။ ယွင်ချင်းဝူရဲ့ ရေခဲလို အေးစက်နေခဲ့ ခန္ဒာကိုယ်ကိုသာ ဖေးမထားခဲ့တယ်။ ရုတ်တရက် ယွင်ချင်းဝူ ပြုံးလိုက်တယ်။ ဆည်းဆာ အလှကို ခံစား နေသလို နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကြည်နူးတဲ့ အပြုံးနဲ့ သူမ ပြုံးနေခဲ့ပါတယ်။
အဲ့ဒီ့နောက် ပန်းချီကားကို သူမ ဆုပ်ကိုင်ရင်း ဖန်ကျန်းရှီ လက်ထဲ ထည့်ပေးတယ်။
“နောက် ဆုံးတော့ ငါတို့ တိုက်ခိုက်နိုင်ပြီ။”
“ဟုတ်တယ်။ ငါတို့တွေ တစ်ဖက်တည်း တိုက်ခိုက်နိုင်ပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း သူ့ရဲ့ စွမ်းအား အရင်းအမြစ်ကို ယွင်ချင်းဝူဆီ လွှဲပြောင်း ပေးတယ်။
“ကျေးဇူး တင်ပါတယ်။”
“ဘာလို့ ငါ့ကို ကျေးဇူးတင် နေတာလဲ။ ငါက မင်းကို ကျေးဇူး တင်သင့်တာပါ။”
“အင်း။ နင်မှန်တယ်။ နင်ငါ့ကို ကျေးဖူး တင်သင့်တယ်။ ဒါဆို ငါတို့ နောက်ထပ် အပေးအယူ တစ်ခု ထပ်လုပ်လို့ ရလား။”
“ပြော။”
“ဒီ ပန်းချီကို ကွမ်းလင်စန်း ပန်းချီလို့ နာမည် ပေးချင်တယ်။ အဆင် ပြေမလား။”
“ကွမ်းလင်စန်း ပန်းချီ။” ဖန်ကျန်းရှီ တစ်ချက် တုန်ယင်သွားတယ်။ ယွင်ချင်းဝူရဲ့ မျှော်လင့်ချက် အပြည့် မျက်ဝန်းတွေကို ကြည့်ရင်း ခေါင်းကို ခပ်မြန်မြန် ငြိမ့်လိုက်မိတယ်။ “ကောင်းပြီ။ ကွမ်းလင်စန်း ပန်းချီလို့ ခေါ်ကြမယ်။”
“ငါ ငါတကယ်ပဲ နောက်တစ်ခေါက် ကြည့်ချင်ပါတယ်။” ယွင်ချင်းဝူ မျက်လုံးတွေ ပိတ်သွားပြီးနောက် သူမရဲ့ အသံလဲ ရပ်တန့် သွားတော့တယ်။
ဖန်ကျန်းရှီလဲ စကား ဆက်မပြောတော့ဘူး။
ယွင်ချင်းဝူရဲ့ နှလုံးက ခုန်ေ သေးပင်မယ့်၊ အသက်ရှူသံတွေက အရမ်းကို နှေးနေခဲ့ပြီ။ ယွင်ချင်းဝူ ဒီမိန်းမကတော့လေ။
ကွမ်းလင်းစန်း ပန်းချီကားကို ရပြီးတဲ့နောက်၊ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ပေးမယ့် အစား သူ့ကို ပေးခဲ့တယ်။
ယွင်ချင်းဝူရဲ့ စိတ်ကို သူတကယ်ပဲ နားမလည် နိုင်ခဲ့ဘူး။ သူ ရူးသွားတာလား။
အခုလို လွတ်မြောက်ရမယ့် ရွှေရောင် အခွင့်အရေးကို ဘာလို့ အသုံးမချတာလဲ။ အကယ်၍ သူမသာ ထွက်ပြေးချင်ရင်၊ ဖန်ကျန်းရှီတောင် လိုက်ဖမ်း နိုင်မှာ မဟုတ်ဘူး။
ကွမ်းလင်စန်း ပန်းချီကားကို သုံးပြီး ကျောက်တုံး နန်းတော်ကသာ သူမ ထွက်သွား ခဲ့ရင်၊ မဟာနွံအိုင်ကိုသာ ရောက်သွား ခဲ့ရင်၊ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက သူတို့ တပ်ဖွဲ့ကြီးကိုလဲ ပြန်ထိန်းကွပ် နိုင်လိမ့်မယ်။
သူမ ဘာဖြစ်လို့ ဒီလို မလုပ်ခဲ့တာလဲ။ အခုလို နောက်မှာ နေခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သူမ သိသင့်တယ်။ သေခြင်းတရားကို သူမ ရင်ဆိုင် ရမှာပဲ။
ကွမ်းလင်းစန်း ပန်းချီကားကို ဖန်ကျန်းရှီ ကိုင်ထားရင်း၊ အားလုံး ပြီးဆုံးပြီး ယွင်ချင်းဝူ သေနိုင်တဲ့ အကြောင်းကို တွေးနေ ခဲ့တယ်။
ထက်မြက်လှတဲ့ ယွင်ချင်းဝူက ဒါကို မစဉ်းစား မိဘူးလား။
မဟူရာရွှေ သေတ္တာထဲမှာ ခေါင်းသုံးတာ လွန်ပြီး ငတုံး ဖြစ်သွားတာလား။
ဖန်ကျန်းရှီ မသေချာခဲ့ဘူး။ ယွင်ချင်းဝူက ကြောက်စရာ ကောင်းလောက်အောင် ထက်မြက်လွန်းတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရင်ခွင်ထဲမှာ လှဲလျောင်းနေခဲ့ ရပြီ။ ဒီတော့ သူမကို ကာကွယ်ရမယ်။
“ကွမ်းလင်စန်း ပန်းချီ။” ပန်းချီကားကို သူတစ်ချက် ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် ပန်းချီကားကို သူထိတွေ့ရင်း ခံစားမိတယ်။ ဒီနေရာက သီးခြား ဖြစ်တည်တဲ့ နေရာ ဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး။ ဒါမှမဟုတ် လူ့နှလုံးသားနဲ့ မသက်ဆိုင်တဲ့ သီးခြား နယ်မြေ တစ်ခုလို့ ခေါ်သင့်သလား။
သီးခြား နယ်မြေတွေက မပြီးပြည့်စုံဘူး။ တစ်ခုခု အမြဲ လိုအပ်နေတယ်။ ဒီခံစားချက် အကြောင်း တွေးမိချိန်မှာ ဖန်ကျန်းရှီ တုန်ယင် သွားပြန်တယ်။
“တိုက်ခိုက်။” နန်ကုန်းမုရဲ့ အသံ ထွက်ပေါ် လာတယ်။ “မုရှန်း၊ အရှင်သခင်ငယ်ကို မင်း ပြန်မလိုချင်ဘူးလား။ ဘာကို စောင့်နေကြတာလဲ။”
“အရှင် သခင်ငယ်ကို ပြန်ခေါ်ရမယ်။” မုရှန်းနဲ့ တခြားသူတွေ အားလုံး ဒါကို ကြားချိန်မှာ မျက်လုံးပြူး သွားတော့တယ်။ အဲ့ဒီ့နောက် သူတို့ မျက်ဝန်းတွေ တောက်ပလာတယ်။ အမှန်ပဲ။ ဒါ သူတို့ စောင့်နေတဲ့ အခွင့်အရေးလေ။
“တိုက်ခိုက်ကြ။”
“အရှင် သခင်ငယ်ကို ပြန်ခေါ်။”
“ဖန်ကျန်းရှီကို သတ်ကြ။”
မုရှန်းနဲ့ နတ်သခင် နှစ်ယောက် တပ်ဖွဲ့တွေကို ဦးဆောင်ပြီး တိုကခိုကတော့တယ်။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို လှောင်ပိတ်ထားခဲ့တဲ့ သစ်ကိုင်းတွေလဲ အခုချိန်မှာတော့ မုရှန်းနဲ့ သူ့လူတွေ ဝင်ရောက် နိုင်ဖို့ လုံလောက်တဲ့ အထိ လမ်းပွင့် သွားခဲ့ပြီ။
နန်ကုန်းမုက ငြိမ်ငြိမ်လေး ထိုင်ကြည့် မနေနိုင်တော့ဘူး။ ဖန်ကျန်းရှီ လက်ထဲမှာ ရှိနေတဲ့ ပန်းချီက သူမျှော်လင့် နေတဲ့ အရာ ဟုတ်မဟုတ် မသေချာပေမယ့်၊ တိုက်ပွဲကို အမြန်ဆုံး ပြီးအောင် လုပ်ဖို့ လိုတယ်။ ကိစ္စတွေ အားလုံး ချောမွေ့ စေဖို့ ဖန်ကျန်းရှီကို အမြန်ဆုံး သတ်ရမယ်။
ဝုန်း။
ဝုန်း။
“…”
အနီရောင် လျှပ်စီးတန်းတွေက ဖန်ကျန်းရှီ ဆီကို ကျရောက်လာတယ်။ မရေမတွက် နိုင်တဲ့ သစ်ကိုင်းခက်တွေက ဖန်ကျန်းရှီကို ဒေါသတကြီးနဲ့ တိုက်ခိုက်နေခဲ့ပြီ။
နန်ကုန်းမုက လုံးဝကို ရူးသွပ် နေခဲ့တယ်။
ဓားတစ်လက်လို ထက်ရှလွန်းတဲ့ သစ်ကိုင်းတွေက ယွင်ချင်းဝူရဲ့ အသက်ကိုတောင် ပဓာန မထားခဲ့ဘူး။
သူ့ဆီ ပြေးဝင်လာနေတဲ့ နတ်သခင်နဲ့ တပ်ဖွဲ့တွေကို ကြည့်ရင်း ဖန်ကျန်းရှီ ပြုံးလိုက်တယ်။
ထောင်သောင်းချီတဲ့ စစ်သည်တော်တွေ ရှေ့မှာ မတုန်မလှုပ် အကြောက်အလန့် ကင်းကင်းနဲ့ ရပ်တည် နိုင်ဖို့က အားလုံးရဲ့ အိပ်မက်ပဲ။
အံ့သြစရာ အိပ်မက်ကို ခံစားနေဖို့ ဖန်ကျန်းရှီမှာ အချိန် အများကြီး မရှိခဲ့ဘူး။ ဒီစစ်သည်တော်တွေနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လို စိတ်အခြေအနေမျိုး ရှိသင့်လဲ ဆိုတာကိုသာ သူသိချင် နေခဲ့တယ်။ အခုချိန်မှာ ဒီစိတ် အခြေအနေကို သူနားလည် နိုင်ခဲ့ပြီ။
အကြောက်အလန့် ကင်းရမယ်။
“ကွမ်းလင်စန်း ပန်းချီကား ဘယ်လောက်ထိ အင်အားကြီးလဲ ကြည့်ကြရအောင်။” ဖန်ကျန်းရှီက ပန်းချီကားကို ခေါင်းပေါ် ပြစ်မြှောက်ရင်း တွေး နေခဲ့တယ်။ သူ့ခေါင်းပေါ်မှာ ကြီးမားတဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးလဲ ရုတ်တရက် ပေါ်ထွက် လာတယ်။
ငါးရောင်ခြယ် အလင်းတန်းတွေက ပြန်လည် မွေးဖွားမှု စက်ကွင်းကြီးပေါ်မှာ တောက်ပ နေခဲ့ပြီ။
ပြန်လည် မွေးဖွားမှု စက်ကွင်းနဲ့ ကွမ်းလင်စန်း ပန်းချီကို ပေါင်းစပ်ရမယ်။
မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်၊ ပန်းချီကို ဖန်ကျန်းရှီ ထိမိချိန်တည်းက နားလည် သွားခဲ့တယ်။ ဒီပန်းချီကားက နယ်မြေ တစ်ခုပဲ။ နယ်မြေတစ်ခုရဲ့ စွမ်းအားက ကမ္ဘာလောက စွမ်းအင် အရင်းအမြစ်နဲ့ တူညီတယ်။
ဝူး။ ကွမ်းလင်စန်း ပန်းချီနဲ့ ပြန်လည်မွေးဖွားမှု စက်ကွင်း ပေါင်းစည်း သွားချိန်မှာတော့ အလင်းတန်း ငါးခုက မျက်စိကန်း လုမတတ် တောက်ပ လာတော့တယ်။ စက်ကွင်းကြီးက အသက်ဝင်လာတဲ့ အတိုင်း ငွေဖြူရောင် အလင်းတန်းတွေက အပြည့် လင်းလက်လာခဲ့တယ်။
ဒါ့အပြင် ပြန်လည် မွေးဖွားမှု စက်ကွင်းပေါ်မှာ အပြောင်းအလဲတွေ ထပ်ဖြစ်လာခဲ့တယ်။ တောင်တန်းတွေ၊ ရေကန်ကြီးနဲ့ ငှက်တွေ သားရဲကောင်တွေ အားလုံးက ပြန်လည် မွေးဖွားမှု စက်ကွင်းပေါ်မှာ ပေါ်လားခဲ့တယ်။
ဖန်ကျန်းရှီနဲ့ ခေါင်းနဲ့ မျက်ဝန်းက တောက်ပလွန်းတဲ့ အလင်းတန်းတွေကြောင့် မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ တစ်ခဏတာ အမြင်ကွယ်သွား ခဲ့တယ်။
“ငါ့လမ်းကို လာပိတ်တဲ့ လူတွေ အားလုံး သေရမယ်။” ဖန်ကျန်းရှီရဲ့ ရဲရဲတောက် ချီလင်လှံက လှုပ်ရှား သွားပြီးနောက် ပြန်လည် မွေးဖွားမှု စက်ကွင်းကလဲ ပြင်းပြင်းထန်ထန် လှည့်ပတ်တော့တယ်။
ဖန်ကျန်းရှီနဲ့ ပြန်လည် မွေးဖွားမှု စက်ကွင်းက တစ်သားတည်း ဖြစ်သွားပြီး စွမ်းအင်တွေလဲ ပေါင်းစည်း သွားခဲ့တယ်။
ရွှေရောင် မီးပွားလေး တစ်ခုက တောက်ပလာပြီး ထောင်ချီတဲ့ အလင်းတန်းတွေ အသွင်ကို ပြောင်းလဲတယ်။ အသံပေါင်းစုံလဲ လေထဲကို ပျံ့လွင့်လာတယ်။ တောင်ပေါ်က လေတိုးသံ၊ ပင်လယ်လှိုင်း ရိုက်ခတ်သံ၊ မိုးကြိုးမုန်တိုင်း အသံနဲ့ သားရဲကောင်တွေရဲ့ အော်ဟစ်သံတွေကို အားလုံး ကြားနေ ခဲ့ရတယ်။
“ဘာဖြစ်တာလဲ။” ဖန်ကျန်းရှေ့ကို ရောက်သွားတဲ့ မုရှန်းက ရွှေရောင် အလင်းတန်းကို မြင်ချိန်မှာ မတုံ့ပြန် နိုင်ခဲ့ဘူး။
ချက်ခြင်း ဆိုသလို သူ့ခန္ဒာကိုယ်ကြီးက တောင်ကြီး တစ်လုံး အသွင်ကို ကြီးမား လာတော့တယ်။ ခန္ဒာကိုယ် တစ်ခုလုံး အနက်ရောင် အကြေးခွံတွေ ပြည့်နှက် နေပြီး၊ သံသတ္တု အလင်းတန်းတွေလို တောက်ပ နေခဲ့တယ်။ ဒါက မုရှန်းရဲ့ တကယ့် အသွင် အစစ်ပဲ။
မုရှန်းက မမြင်ရတဲ့ အန္တရာယ်ကို ခံစားမိတယ်။ ရွှေရောင် အလင်းတန်းက မျက်စိ ကျိန်းရုံတင် မကဘူး။ အရမ်းလဲ ထက်ရှလွန်းတယ်။ ရွှေရောင် အလင်းတန်း သူ့ဆီကို ရောက်လာ ချိန်မှာတော့ မုရှန်းက ပါးစပ်ဟရင်း ဝါးမျို ပြစ်တော့တယ်။ အခုချိန်မှာ သူ့ခန္ဒာကိုယ်က ရွှေရောင် ပင်လယ်ကြီး တစ်ခုလို ပြောင်းလဲ နေခဲ့ပြီ။
အပိုင်း (၁၀၁၃) ပြီး၏။
အပိုင်း (၁၀၁၄)
“စိတ်ပျက်မှုကြောင့် ရူးသွပ်သွားခြင်း။”
“မဖြစ်ဘူး။” မုရှန်း မကျေမနပ်နဲ့ အော်ဟစ်လိုက်တယ်။
ရွှေရောင် အလင်းတန်းတွေရဲ့ စွမ်းအားတွေကို သူခံစားမိတယ်။ သူထွက်ပြေးချင်ပေမယ့်၊ သူတို့တွေ အားလုံးက သူ့ခန္ဒာကိုယ်ကို ဖုံးအုပ်ထားပြီး အပိုင်းပိုင်း ဖြတ်ပြစ်နေတယ်။
ပုရွက်ဆိတ် အကောင်းပေါင်း သောင်းနဲ့ ချီပြီး သူ့ခန္ဒာကိုယ်ကို စားသုံးနေတဲ့ အတိုင်းပဲ။
မုရှန်းရဲ့ ခန္ဒာကိုယ်က အကြေးခွံတွေ ကွာကျ လာပြီးနောက် သူ့အသားတွေကိုတောင် မြင်နေ ခဲ့ရပြီ။ အဲ့ဒီ့နောက် သူ့အသားတွေ ကွဲထွက်ကုန်ပြီး အရိုးတွေကို မြင်ရတယ်။ ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။
နောက်ဆုံးမှာတော့ သူ့အရိုးတွေတောင် ကွဲထွက် သွားတော့တယ်။ မုရှန်းက မိစ္ဆာ မျိုးနွယ် နတ်သခင် တစ်ယောက်၊ အရမ်းကို အရိုးမာတဲ့သူ။
ဝုန်း။ မုရှန်းရဲ့ အရိုးတွေ ကွဲထွက် သွားပြီးနောက် သူ့ခန္ဒာကိုယ်က ပေါက်ကွဲ ထွက်သွားတော့တယ်။ မိစ္ဆာပုလဲ ထွက်လာမယ့် အစား၊ အဖြူရောင် အမှုန့်တွေသာ လေထဲမှာ ကျန်ရစ်တယ်။
“…”
“…”
သူ့နောက်မှာ ရှိနေခဲ့တဲ့ နတ်သခင် နှစ်ယောက်ကတော့ နေရာမှာတင် ရပ်နေရင်း မလှုပ်နိုင်တော့ဘူး။
နတ်သခင် တစ်ယောက်က တိုက်ခိုက်မှု တစ်ခုကြောင့် သေသွား ခဲ့ရပြီ။
ဒါ့အပြင် အကြွင်းအကျန်တောင် မရှိတော့ဘူး။ ရွှေရောင် အလင်းတန်းတွေက သူ့ကို ဝါးမျို သွားခဲ့တယ်။ နတ်သခင် နှစ်ယောက် အရမ်းကို ကြောက်လန့် နေခဲ့၇ပြီ။
သူတို့တွေက သန်မာတဲ့ ပြိုင်ဘက်ကိုသာ မတွေ့ရရင် ကိုယ့်ကိုယ်ကို ကောင်းကောင်း ခုခံ ကာကွယ် နိုင်သူတွေ။ ရှေးဟောင်း စစ်မြေပြင်မှာတောင် အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ရှားပါး သန်မာသူတွေ။ အခုက ရှေးဟောင်း စစ်မြေပြင်မှာတောင် မဟုတ်ဘူး။
လက်ရှိ လောကကြီးကလဲ ရှေးဟောင်း စစ်မြေပြင်လောက် မရက်စက် တော့သလို မိုးမြေ စွမ်းအားတွေလဲ ကင်းမဲ့ပြီး အားနည်း နေခဲ့တယ်။ ဒီလောကကြီးကို အုပ်ချုပ်လွှမ်းမိုး နိုင်မယ်လို့ သူတို့ကိုယ် သူတို့ တွေးထင် ခဲ့ကြတယ်။
ဒါပေမယ့် အခုချိန်မှာတော့ သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ပြီ။ လေဟာနယ် ဖြိုခွင်း နတ်သခင်က ရောက်ရောက်ချင်း သေဆုံးခဲ့တယ်။ တခြား နတ်သခင်တွေရဲ့ သေဆုံးမှုက ဒီအတိုင်း တိုက်ဆိုင်မှု သက်သက် ဆိုရင်၊ သူတို့ရှေ့မှာ ဖြစ်သွားခဲ့တဲ့ မြင်ကွင်းကို ဘယ်လို ရှင်းပြရမှာလဲ။
မုရှန်းကို ဖန်ကျန်းရှီ သတ်လိုက်တာက တိုက်ဆိုင်မှုလား။ သူက အရမ်း အင်အားကြီးလိုက်တာ။
လူသား တစ်ယောက်က နတ်သခင် တစ်ယောက်ကို ခုခံ နိုင်စွမ်း မရှိအောင် လုပ်နိုင်ပြီး ဒီလောက် လွယ်လွယ်လေး သတ်ပြစ် နိုင်ခဲ့မယ် ဆိုတာ ကိုယ်တိုင်သာ မမြင်ရရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။
ဒါ့အပြင် ဒီလို ဖြစ်တည်မှုမျိုးက ဖန်ကျန်းရှီ တစ်ယောက်တည်း မဟုတ်ခဲ့ပြန်ဘူး။
သူ့နောက်မှာ နတ်သစ်ပင် အသွင်ပြောင်း နေတဲ့ ချိုးချီလဲ ရှိနေခဲ့သေးတယ်။ သူလဲ ရုတ်တရက်ကြီး အင်အားကြီးလာ ခဲ့သူပဲ။ ဖန်ကျန်းရှီလို သူလဲ လင်းယွိကို တစ်ချက်တည်းနဲ့ အသေသတ် နိုင်ခဲ့တယ်။
ချိုးချီက နတ်သခင်တွေထဲမှာ အထူး အဆန်းကောင် ဖြစ်နေခဲ့တဲ့ အတွက် ဒါကို လက်ခံလို့ ရပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မိုးမြေ စွမ်းအား အရင်းအမြစ်တွေ ဘာမှရှိ မနေတဲ့ လူသား တစ်ယောက်လေ။ ဒါကို ဘယ်လိုများ လက်ခံရမှာလဲ။
နတ်သခင် နှစ်ယောက်က အရမ်းကို ကြောက်နေ ခဲ့ပြီ။ ဘဝမှာ ပထမဆုံး အနေနဲ့ ဒီလောကရဲ့ အန္တရာယ်တွေကို ခံစားမိ ခဲ့တာပဲ။ ဒါကြောင့် သူတို့တွေ နေရာမှာ အမြစ်တွယ်သလို ရပ်နေ မိခဲ့တယ်။ ဒီအချိန်မှာပဲ သူတို့ ရှေ့ကို လူတစ်ယောက် ရောက်လာခဲ့တယ်။ အဲ့ဒီ့လူက သူ့လက်ထဲမှာ အမျိုးသမီး တစ်ယောက်ကို ချီထားသေးတယ်။
“ဖန်ကျန်းရှီလား။” နတ်သခင်တွေ ဖန်ကျန်းရှီကို ရှင်းရှင်းလင်းလင်း မမြင်ကြဘူး။ အရောင်ငါးရောင် ပေါင်းစည်း တောက်ပပြီး ငွေရောင် မီးပွားတွေ ဖြာထွက်နေတဲ့ မျက်ဝန်းတစ်စုံကိုသာ သူတို့ မြင်လိုက်ရတယ်။ ဒီမျက်ဝန်းတွေက သူတို့ကို ကျောချမ်းစေတယ်။
“ပြေးတော့။” ယွင်ချင်းဝူကို ကယ်တင် ချင်ကြပေမယ့်၊ နတ်သခင်တွေ သူတို့ကိုယ် သူတို့ အန္တရာယ်ကြားထဲ အရောက်မခံ နိုင်ခဲ့ဘူး။
အကယ်၍ သူတို့သာ သေသွားမယ် ဆိုရင်၊ သူတို့တွေ ဘာမှ မဟုတ်ဘဲ ဖြစ်သွားလိမ့်မယ်။ ရှေးဟောင်း စစ်မြေပြင်ကို ကြုံဖူးခဲ့တဲ့ နတ်သခင်တွေက မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေကို တွေ့မြင်ခဲ့တယ်။ သူတို့ရဲ့ ဘဝကို ဘယ်လို ကောင်းကောင်း မွန်မွန် အသက်ရှင်သန်ရမလဲ သိပြီးသား။ သူတိုကတွေ မျက်လုံးချင်းတောင် မဆုံကြတော့ဘူး။
အတူတူ ဆုံးဖြတ်ချက် ချပြီးတဲ့နောက် ပြေးကြတော့တယ်။ ဝုန်း။ မြေပြင် တစ်ခုလုံး အက်ကွဲကုန်ပြီ။
ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီရဲ့ ရဲရဲတောက် ချီလင်လှံက သူတို့ဆီကို ရောက်လာခဲ့တယ်။ မြေပြင်ပေါ်မှာ ကြီးမားတဲ့ အပေါက်ကြီး တစ်ပေါက်လဲ ဖြစ်ပေါ် လာတယ်။
ကျောက်တုံးတွေက လွင့်ထွက် လာပြန်း နတ်သခင်တွေရဲ့ ကျောကို လာရိုက်ခတ်တယ်။
ဒီကျောက်တုံးတွေက ဘာမှ မဟုတ်ပေမယ့်၊ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှု စွမ်းအားနဲ့ အရှိန်နှုန်းကြောင့် ဓားတွေလို အစွမ်းထက်ကုန် ကြတယ်။ နတ်သခင် နှစ်ယောက်လဲ ကျောကော့ သွားခဲ့ရပြီ။ သူတို့တွေ မြေပြင်ပေါ်ကို လဲကျလု နီးပါး ဖြစ်သွားခဲ့တယ်။ သူတို့တွေသာ အတွေ့အကြုံ မကြွယ်၀ သူတွေ ဖြစ်ခဲ့ရင်၊ မြေကြီးနဲ့ မျက်နှာ အပ်နေလောက်ပြီ။
ဒါက ဖန်ကျန်းရှီရဲ့ ကျောက်တုံးလေး တစ်တုံး သက်သက်ပဲ။ သူတို့ရဲ့ မျက်နှာကိုသာ ဒီကျောက်တုံး လာထိရင် ဘာတွေ ဖြစ်ကုန်မလဲ။ နတ်သခင်တွေ တွေးတောင် မတွေးဝံ့ခဲ့ဘူး။ သူတို့တွေ ထွက်မပြေးရင် မုရှန်းလို ဖြစ်သွားနိုင်တယ်။
“ထွက်ပြေးတဲ့သူတွေ အကုန်သေရမယ်။” နတ်သခင် နှစ်ယောက် လှောင်အိမ်ထဲက ထွက်တော့မယ့် အချိန်မှာပဲ အေးစက်တဲ့ အသံ တစ်သံကို ကြားလိုက် ရတယ်။
“ဟမ်။” နတ်သခင်တွေ တေင့်တင်း သွားတယ်။ အစောပိုင်းတုန်းက သူတို့တွေလဲ ချိုးချီလို လေးစားခံရတဲ့ နတ်ဆိုး မိစ္ဆာ နတ်သခင်တွေ ဖြစ်ခဲ့တယ်။ အခုတော့ သူတို့က ကျားစေ့လေးတွေ ဖြစ်ကုန်ကြပြီ။ ဒါ့အပြင် တခြားသူ သတ်တာ အလွယ်လေး ခံရနိုင်တဲ့ ကျားစေ့တွေ။
နတ်သခင် နှစ်ယောက် အရမ်းကို မကျေမနပ် ဖြစ်နေခဲ့ရတယ်။ သူတို့တွေ အာကာသထဲမှာ နှစ်ပေါင်းထောင်ချီပြီး ချိတ်ပိတ် ခံခဲ့ရတယ်။ သူတို့တွေ ပြန်ဆင်းသက် လာပြီးချိန်မှာ လူတွေရဲ့ လေးစား ကြောက်ရွံ့မှုကိုလဲ ရရှိခဲ့တယ်။ အခုတော့ ဒီလို အဆုံးသတ် ရတော့မှာလား။
ဘာကြောင့်များလဲ။ သူတို့တွေ သေချာပေါက် နိုင်ရမယ့် တိုက်ပွဲကို တိုက်ခိုက် ရမှာလေ။ ယွင်ချင်းဝူ သူတို့ကို ဖိတ်ခေါ်ချိန်တုန်းက သူမ သတိကြီးလွန်း နေတယ်လို့ သူတို့ ထင်ခဲ့ဖူးတယ်။ လူသား မဟာမိတ် အဖွဲ့ကို သတ်ဖို့ နတ်သခင်တွေ ဒီလောက် ခေါ်လာစရာ လိုလိုလား။ အပိုတွေ။
အရင်တုန်းက သူတို့ရဲ့ အတွေးတွေ အားလုံး အခုချိန်မှာ ပြောင်းလဲ သွားခဲ့ရပြီလေ။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ နတ်သခင် သုံးယောက် သေသွားခဲ့ပြီ။ ယွင်ချင်းဝူကတော့ ဆံပင်တွေ ဖွေးဖွေးဖြူသွား ခဲ့ပြီး အစေခံ ဖြစ်သွား ခဲ့ရတယ်။ ဒီရလဒ်ကို ဘယ်သူတွေးခဲ့ မိမှာလဲ။
အခု အချိန်ထိတောင် နတ်သခင် နှစ်ယောက် ဖြစ်နေတာတွေကို သေချာ နားမလည် နိုင်သေးဘူး။ သိပ်မကြာခင် အချိန်မှာပဲ သူတို့ ခန္ဒာကိုယ်တွေကို ထွင်းဖောက်ရင်း အနီရောင် သစ်ကိုင်းတွေ ပေါ်လာတော့တယ်။ သစ်ကိုင်းတွေက သူတို့ရဲ့ ရင်ဘတ်တွေကို ဓားတွေလို ထွင်းဖောက်ရင်း စွမ်းအားတွေကို စုပ်ယူ ပြစ်တယ်။ သူတို့တွေ အားနည်းသထက် နည်းလာခဲ့ပြီ။
“ရက်စက်လိုက်တာ။”
“ချိုးချီ။ မင်းကို ဘယ်တော့မှ ငါခွင့်မလွှတ်ဘူး။”
နတ်သခင် နှစ်ယောက်ရဲ့ ခန္ဒာကိုယ် အသွေးအသားတွေက သစ်ကိုင်းခြောက်တွေလို ညှိုးရော် ခြောက်သွေ့ သွားခဲ့ပြီ။
သူတို့ ရင်ဘတ်ကို ဖောက်သွားခဲ့တဲ့ သစ်ကိုင်း နီနီတွေမှာတော့ သွေးတွေက တစက်စက် စီးကျ နေခဲ့တယ်။ ဒီမြင်ကွင်းက မြင်ရသူတွေကို တုန်လှုပ် စေနိုင်တယ်။
ဒီအချိန်မှာပဲ အသံ တစ်သံနဲ့ အတူ သစ်ကိုင်းတွေ အက်ကွဲသွားတာကို မြင်လိုက်ရတယ်။ မီးလျံတွေ တောက်လောင်နေတဲ့ လှံတစ်ချောင်းက သစ်ကိုင်းတွေကို ခုတ်ချ ပြစ်နေတယ်။
“ဖန်ကျန်းရှီလား။” နတ်သခင် ကျိုးသွားတဲ့ အနီရောင် သစ်ကိုင်းကို ကြည့်ရင်း တုန်ယင် သွားတယ်။ ဖန်ကျန်းရှီက သူ့ကို ကယ်လိုက်တာလား။ ဘာကြောင့်လဲ။ သနားလို့လား။ ယွင်ချင်းဝူနဲ့ အပေးအယူ လုပ်ထားလို့လား။ ဒီအချိန်မှာပဲ လှံက သူ့လည်ပင်းကို လာစိုက်တယ်။
“…” နတ်သခင် မျက်လုံး ပြူးသွားခဲ့တယ်။ ဒီတော့ ဖန်ကျန်းရှီက သူ့ကို ကယ်ချင်တာ မဟုတ်ခဲ့ဘူး။ သူကိုယ်တိုင် သတ်ဖို့ သစ်ကိုင်းကို ရှင်းလိုက်တာပေါ့။
သူအတွေး လွန်သွားခဲ့ပြီ။ နတ်သခင် အခုချိန်မှာ သူ့ကိုယ်သူ အပြစ်တင်ချင် နေတယ်။ ကိစ္စတွေက ဘာမှ ပြောစရာ မလိုပဲ သူသေတော့မှာကို သူသိတယ်။ ရွှေရောင် အလင်းတန်းက သူ့လည်ပင်းကို ထိုးဖောက်ပြီးနောက် ခန္ဒာကိုယ်ကို ဖျက်စီးပြစ်လိုက်တယ်။
ဝုန်း။ နောက်ထပ် နတ်သခင် တစ်ယောက် သေသွား ခဲ့ပြန်ပြီ။
မျက်စိတစ်မှိတ် အချိန် အတွင်းမှာပဲ နတ်သခင် နှစ်ယောက် သေသွားခဲ့ရတယ်။
ဒါ့အပြင် နောက်ထပ် နတ်သခင်ကလဲ သစ်ကိုင်းခြောက် အသွင် ပြောင်းနေခဲ့ပြီ။ ဆောင်းရာသီမှာ လေကြမ်းကြောင့် ညှိုးသွားတဲ့ ပန်းတစ်ပွင့်လို အသွင်နဲ့ တစ်ခဏချင်း အရွယ်ကျုံ့လာ နေခဲ့တယ်။
“…”
“…”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ မျက်လုံး အပြူးသား နဲ့သာ ရပ်ကြည့် နေခဲ့တယ်။ အခြေအနေ တွေက ကြောက်စရာ ကောင်းလွန်းလို့ သေချာ မတွေးနိုင်တော့ဘူး။ သေပြီ။ အားလုံး သေကုန်ပြီ။ နတ်သခင် သုံးယောက် သူတို့ရှေ့မှာ သေသွားခဲ့ပြီ။
မကြာခင် အချိန်တုန်းကပဲ သူတို့ရှေ့မှာ ရပ်နေခဲ့တဲ့ နတ်သခင် သုံးယောက်က ဖန်ကျန်းရှီကို သတ်ပြစ်ဖို့ လှောင်အိမ်ထဲ ဝင်သွား ခဲ့တာလေ။ ဘယ်လိုလုပ် ဒီလို အဆုံးသတ် ကုန်ကြတာလဲ။ ဖန်ကျန်းရှီကတော့ မထိမခိုက်ပဲ ရှိနေခဲ့တယ်။
နတ်သခင် သုံးယောက်မှာ နှစ်ယောက်က ဖန်ကျန်းရှီ လက်ချက်နဲ့ သေဆုံးခဲ့တယ်။ တစ်ယောက်ကတော့ ချိုးချီ လက်ချက်နဲ့ သေဆုံးတယ်။
ဘာကြောင့် ဒီလိုတွေ ဖြစ်ကုန် ကြတာလဲ။ သူတို့တွေ ဘယ်တုန်းကမှ ဒီလောက်အထိ ကူကယ်ရာ မမဲ့ဖူးဘူး။ ယွင်ချင်းဝူ ဦးဆောင် ခဲ့ချိန်မှာ ဝမ်းနည်းစရာတွေ ကြုံခဲ့ ရပေမယ့်၊ အခုလောက်ထိ မျှော်လင့်ချက် မရှိ မဖြစ်ခဲ့ဘူး။
နတ်သခင် သုံးယောက် သေဆုံး သွားတာထက် သူတို့ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံး သွားသလို ခံစားချက်က တကိုယ်လုံးကို ပျံ့နှလံ့လာတယ်။
နတ်သခင်တွေကို စိတ်ပျက်တယ်။ ချိုးချီကို စိတ်ပျက်တယ်။ သူတို့ရဲ့ အနာဂတ်ကို စိတ်ကုန်တယ်။ တကယ်တော့ အခုချိန်မှာ သူတို့ အသက်ကိုတောင် သူတို့ ဂရုမစိုက်တော့ဘူး။
ချက်ခြင်းဆိုသလို နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ အားလုံး ဖန်ကျန်းရှီ လက်ထဲက အမျိုးသမီးကို လှမ်းကြည့် မိကြတယ်။ ယွင်ချင်းဝူ။
သူတို့ရဲ့ အရှင်သခင်ငယ်။ သူတို့ရဲ့ ဧကရီငယ်က ဆံပင်တွေ ဖွေးဖွေးဖြူ သွားခဲ့ပြီ။
“အရှင်သခင်ငယ် တကယ်ပဲ ဘာတွေ ဖြစ်သွား ခဲ့တာလဲ။“
“ငါတို့ကို သူတကယ်ပဲ ထားသွား တော့မှာလား။”
“ဖန်ကျန်းရှီက အရှင်သခင်ငယ်ကို ခေါ်သွားတဲ့သူ။ ငါတို့ရဲ့ မျှော်လင့်ချက်ကို ဖျက်စီးခဲ့တာ သူပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရှင်သခင်ငယ်ကို ကယ်ရမယ်။”
“ဟုတ်တယ်။ ဖန်ကျန်းရှီကို သတ်ပြီး အရှင်သခင်ငယ်ကို ပြန်ကယ်။တင်။”
စိတ်ပျက်မှုက အားလုံး အတွက် ရိုက်ချက်ပြင်းထန် ခဲ့တယ်။ အရာအားလုံး ကျရှုံးတော့မယ်လို့ သူတို့တွေ အတွေးဝင်ခဲ့တယ်။ အခုချိန်မှာ ဒီအတွေးတွေ အားလုံးကို စိတ်ဓာတ် ပြင်းပြမှုက အစားထိုး သွားခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ ဒီလို အရှုံးကို မလိုချင် ကြလို့ပဲ။
သူတို့ရဲ့ မျှော်လင့်ချက်ကို ပြန်လိုချင်တယ်။ သူတို့ရဲ့ အရှင်သခင်ငယ်ကို ပြန်လိုချင်တယ်။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ရေလှိုင်းတွေလို တိုးဝင် လာတော့တယ်။ သူတို့တွေ ဖန်ကျန်းရှီ ဆီကို ဝံပုလွေ အုပ်တွေလို အသွင်နဲ့ ပြေးဝင်လာ ခဲ့ကြတယ်။
“ဟမ်။” သူ့ဆီကို သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ပြေးလာနေတဲ့ တပ်ဖွဲ့ကြီးကို ဖန်ကျန်းရှီ ကြည့်မိတယ်။ ဒီလို အရှိန်အဝါမျိုးက သာမန် တပ်ဖွဲ့တွေ ရှိသင့်တဲ့ အရာ မဟုတ်ဘူး။
ကျော်ကြားတဲ့ တိုက်ပွဲကြီးတွေမှာ အင်အား နည်းသူတွေက အင်အားကြီးသူတွေကို အနိုင်ရခဲ့တဲ့ သာဓကတွေ အများကြီးရှိတယ်။ သုံးနိုင်ငံခေတ် ကမ်းပါးနီ တိုက်ပွဲ။ မင်မင်းဆက် ပေါ်ယန်တိုက်ပွဲတို့လို တိုက်ပွဲကြီးတွေပေါ့။
ဒီတိုက်ပွဲကြီးတွေက သဘာဝ၊ လူအင်အားနဲ့ အကြံအစည်တွေ အားလုံး ပေါင်းစည်းပြီး အနိုင်ရခဲ့တာတွေ။ အံ့သြစရာ ကောင်းပေမယ့်၊ သတ္တိဗျတ္တိနဲ့တော့ မဆိုင်ခဲ့ဘူး။ လောကမှာ အရဲရဲင့်ဆုံး တိုက်ပွဲလို့ ဆိုလို့ ရနိုင်တဲ့ တိုက်ပွဲ တစ်ခုတော့ ရှခဲ့တယ်။
“ပန်ချန်းတိုက်ပွဲ။” ရှန်းအာနဲ့ လျှိုပန်းတို့ တိုက်ခိုက်ခဲ့တဲ့ ခေတ်က တိုက်ပွဲကြီး။
လျှိုပန်းက စစ်သည်တော် ငါးသိန်းခြောက်သောင်းရှိတဲ့ တပ်ဖွဲ့ကြီးကို ဦးဆောင် ထားပေမယ့်၊ ရှန်းယွီကတော့ စစ်သည်တော် သုံးသောင်းသာ ရှိခဲ့တယ်။ တကယ့်ကို များပြားလှတဲ့ ကွာဟမှုပဲ။
ရှန်းယွီရဲ့ ပညာသားသာ ဗျူဟာခင်း တိုက်ခိုက်ခဲ့မှုကြောင့် အောင်မြင်ခဲ့တာ မှန်ပေမယ့်၊ အဓိက အရေးကြီးတာက သတ္တိ။ ရှန်းယွီရဲ့ သတ္တိနဲ့ စစ်သည်တော် သုံးသောင်းရဲ့ ရဲစွမ်းသတ္တိတွေကြောင့် လျှို့ပန်းဘဝမှာ အဆိုးဝါးဆုံး အရှုံးကို ကြုံတွေ့ ခဲ့ရတယ်။ သူ့ရဲ့ စစ်သည်တော် ငါးသိန်းခြောက်သောင်းက မရေမတွက်နိုင်အောင် သေဆုံးပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်။
နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ကြီးကို ကြည့်ရင်း ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ရဲစွမ်းသတ္တိ ဆိုတဲ့ စကားလုံးကို အလိုလို တွေးမိလိုက်တယ်။ ဒီသတ္တိက နန်ကုန်းမုနဲ့ သေဆုံးသွားတဲ့ နတ်သခင် သုံးယောက်ကြောင့် ဖြစ်လာတာ မဟုတ်ခဲ့ဘူး။
ယွင်ချင်းဝူ (သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်)ကြောင့် ဖြစ်လာ ခဲ့တာပဲ။ အားလုံးက အသက်ကို ရင်းပြီး တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။
“ဟူး။ ယွင်ချင်းဝူ။” ဖန်ကျန်းရှီ ဖြူဖျော့နေတဲ့ ယွင်ချင်းဝူကို ကြည့်လိုက်မိတယ်။
“တိုက်ခိုက်။” နတ်ဆိုး စစ်သည်တော်ရဲ့ လှံတစ်ချောင်းက ဖန်ကျန်းရှီဆီကို ရောက်လာခဲ့တယ်။
ဖန်ကျန်းရှီက တိုက်ခိုက်မှုကို ပြန်ခုခံ လိုက်တဲ့ အတွက် စစ်သည်တော်က ပြာကျသွားခဲ့တယ်။ သူ့ရဲ့ မျက်ဝန်းတွေထဲမှာ မကျေနပ်မှုကို မတွေ့ရပဲ စိတ်သက်သာရာ ရသွားတာကိုသာ ဖန်ကျန်းရှီ မြင်လိုက်ရတယ်။
“တိုက်ခိုက်။” နတ်ဆိုး မိစ္ဆာ စစ်သည်တော်တွေ အားလုံးက ဖန်ကျန်းရှီဆီကို ဘက်ပေါင်းစုံကနေ ပြေးဝင် လာနေခဲ့တယ်။ တစ်ယောက်ချင်းစီတိုင်းကလဲ ရူးရူးသွပ်သွပ် တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။
အပိုင်း (၁၀၁၄) ပြီး၏။
အပိုင်း (၁၀၁၅)
“မတူညီတဲ့ မျိုးနွယ်တွေမှာ မတူညီတဲ့ အတွေးတွေ ရှိကြတယ်။”…
…
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ရူးသွပ်ကုန်တယ်။ အခုချိန်မှာ သူတို့တွေက လေထဲကို ဒေါသတကြီးနဲ့ ဟိန်းဟောက်နေတဲ့ ဝံပုလွေ တွေလိုပဲ။ စစ်သည်တော်တွေ အားလုံးက ဖန်ကျန်းရှီ ဆီကို ပြေးဝင် လာတော့တယ်။
ဖန်ကျန်းရှီရဲက ရဲရဲတောက် ချီလင်လှံကို သုံးရင်း စစ်သည်တော်တွေကို ဆက်တိုက် ခုတ်ချ နေခဲ့တယ်။ တစ်ချို့ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြတယ်။ တစ်ချို့ကတော့ သေကုန်ကြတယ်။ ဒါက လုံးဝကို ရူးသွပ်နေတဲ့ သတ်ဖြတ်မှုကြီးပဲ။
အော်ဟစ် ဟိန်းဟောက်သံတွေကို အားလုံး ဆက်တိုက် ကြားနေရတယ်။ မြေပြင်မှာတော့ သွေးတွေက ရေလို အိုင်နေခဲ့ပြီ။ မြေပြင်ကတော့ လုံး၀ ရဲရဲနီ နေခဲ့တယ်။
ဖန်ကျန်းရှီနဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ တပ်ဖွဲ့က ဆက်တိုက် တိုက်ခိုက် နေချိန်မှာပဲ နတ်သစ်ပင်ကနေ သစ်သီးတွေ စတင် သီးပွင့် လာတော့တယ်။
အနီ၊ အပြာ၊ အစိမ်း၊ အနက်နဲ့ အဖြူ အသီးပေါင်းစုံ ထွက်ပေါ် လာခဲ့ပြီ။
“ရပ် ရပ်စမ်း။ အဲ့တာ ငါ့မျိုးနွယ်က လူတွေ။” အားနည်း ဖျော့တော့တဲ့ အသံ တစ်သံကို ကြားလိုက် ရတယ်။ ဒါကေတာ့ ယွင်ချင်းဝူရဲ့ အသံပဲ။ သူမက အခုချိန်ထိ အသိမဝင် သေးဘူး။ သူမရှေ့မှာ ဖြစ်နေတာတွေ အားလုံးကို မြင်နေပင်မယ့်၊ အိပ်မက် မက်နေတယ်လို့သာ ထင်မြင် နေခဲ့ပြန်တယ်။
ဖန်ကျန်းရှီရဲ့ တကိုယ်လုံးက တုန်ယင် လာတယ်။ သူ့ဆီ ပြေးဝင်လာတဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက များပြားလွန်း နေတဲ့ အတွက် ဖန်ကျန်းရှီလဲ သူ့အတွက် အခွင့်အရေး ကို ရှာတွေ့ သွားခဲ့ပြီ။ ဝင်ပေါက်က သိပ်မကြီးတဲ့ အတွက် လူအများကြီး မဝင်ရောက် နိုင်ခဲ့ဘူး။
နန်ကုန်းမုက ဘာကြောင့်များ လှောင်အိမ်ကို အပြည့်အ၀ မဖွင့်တာလဲ။ နတ်သစ်ပင်ကြီးက ဆက်တိုက် ဆိုသလို အသီးတွေ သီးနေတာကို ဖန်ကျန်းရှီ သတိထားမိ သွားခဲ့တယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အလောင်းတွေက သစ်ပင်နဲ့ ထိတွေ့ချိန် တိုင်းမှာ ခမ်းခြောက်ပြီး မြေသြဇာ အဖြစ် ပြောင်းလဲ သွားကြတယ်။
“နန်ကုန်းမု။” နန်ကုန်းမုက နတ်ဆိုး မိစ္ဆာ စစ်သည်တော်တွေ ဝင်ရောက်လာရင် သူ့ကို သတ်မယ်လို့ ဖန်ကျန်းရှီ သေချာပေါက် တွေးထားခဲ့တယ်။ အခုတော့ သူခန့်မှန်းတာ မှားသွားတဲ့ ပုံပဲ။ နနန်ကုန်းမုရဲ့ အတွေးတွေကို ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
နန်ကုန်းမုက သူ့ကို အသုံးချပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ စွမ်းအားကို စုပ်ယူနေမှန်းတော့ ဖန်ကျန်းရှီ သိတယ်။
“တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ် မနေနဲ့တော့။” ယွင်ချင်းဝူက အရမ်းကို နာနာကျင်ကျင်နဲ့ ပြောနေခဲ့တယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်ကြ။”
နတ်ဆိုး မိစ္ဆာ မျိုးနွယ် စစ်သည်တော်တွေကတော့ ဖန်ကျန်းရှီဆီကို ပြေးဝင် နေတာ မရပ်တန့် ခဲ့ဘူး။ လှံတွေ မြားတွေလဲ ဖန်ကျန်းရှီဆီကို ဆက်တိုက် ရောက်လာ နေခဲ့တယ်။
အခု အချိန် ယွင်ချင်းဝူရဲ့ ပြောစရားကို ဘယ်သူမှ မကြားနိုင် ခဲ့ဘူး။ သူတို့ စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိတယ်။
ဖန်ကျန်းရှီကို သတ်ပြီး ယွင်ချင်းဝူ သေရမယ်။
ချီလင်လှံက တိုက်ခိုက်မှု အားလုံးကို ခုခံရင်း ကောင်းကင် တစ်ခုလုံးကို ရွေရောင် ဖြာနေစေတယ်။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ ဒီတိုက်ခိုက်မှုရဲ့ ရလဒ်ကြောင့် ကောင်းကင်ပေါ်ကို လွင့်ထွက် ကုန်တယ်။ သူတို့ ခန္ဒာကိုယ်တွေ တစ်ခုနဲ့ တစ်ခု တိုက်မိကြရင်း ဂူဝင်ပေါက်ကို ပိတ်ဆို့ သွားခဲ့တယ်။
“ငါ မသေဘူးလား။”
“ငါ ဒဏ်ရာလဲ မရဘူး။”
“ဖန်ကျန်းရှီကို ငါခုခံ နိုင်လိုက်တာလား။”
မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ အားလုံးက သေဖို့ စိတ်အဆင်သင့် ပြင်ထားကြပြီးသား။ ဒါပေမယ့် သူတို့ မသေဆုံးကြဘူး။ ဒါက အားလုံး အတွက်တော့ တကယ့်ကို အံ့သြစရာ တစ်ခုပဲ။ သူတို့တွေ မြေပြင်က ထရပ် ချင်ပေမယ့်၊ အရိုးတွေ ကျိုးကျေပြီး မထနိုင် တော့တာကို ခံစား မိကြတယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီကတော့ နန်ကုန်းမုကို ကြည့်နေခဲ့တယ်။ နန်ကုန်းမု ဝင်ပေါက်ကို ဘာဖြစ်လို့ ကျယ်ကျယ်မဖွင့်မှန်း သူနားလည် သွားခဲ့ပြီလေ။ အတင်းထိုးဖောက်ပြီး ထွက်အောင် လုပ်နေတာပဲ။
နန်ကုန်းမုကတော့ နတ်သခင် သုံးယောက်ကို ထိန်းချုပ်ထားပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အထဲ ဝင်လာအောင် မြားခေါ်တယ်။ တကယ့်ကို အံ့သြစရာ အစီအစဉ်ကြီးပဲ။ အကယ်၍ ဖန်ကျန်းရှီသာ နတ်သစ်ပင် သစ်ကိုင်းတွေကို ထိုးဖောက် မထွက်နိုင် ခဲ့ရင် နန်ကုန်းမုရဲ့ အစီအစဉ် အတိုင်းသာ လိုက်လုပ် ရလိမ့်မယ်။ ဒါမှမဟုတ် နတ်ဆိုး မိစ္ဆာ စစ်သည်တော်တွေ အားလုံးကို သူသတ်ပြစ်ရမယ်။
နန်ကုန်းမုကတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အပြည့်အ၀ လက်စားချေနိုင် သွားလိမ့်မယ်။ ဒါ့အပြင် ဖန်ကျန်းရှီကိုလဲ သတ်နိုင်လိမ့်မယ်။
ဖန်ကျန်းရှီ မောပန်းပြီး သေသွားရင်တောင် နန်ကုန်းမုက စိတ်ထဲ မထားဘူး။ ယွင်ချင်းဝူနဲ့ ပတ်သက်တဲ့ ကိစ္စ အတွက်တော့ အားလုံး ဖန်ကျန်းရှီ အပြစ်လို့ ပုံချလို့ ရနိုင်တယ်။
“ထိုင်စောင့်နေပြီး အကျိုးအမြတ်တွေ ရိတ်သိမ်းမှာလား။ စိတ်မကောင်းလိုက်တာ။” ဖန်ကျန်းရှီ လှည့်ပြီးတော့ ပြေးတော့တယ်။
“ဟမ်။ ထွက်ပြေးမလို့လား။” နန်ကုန်းမုက အနီရောင် နတ်သစ်ပင်ထဲကနေ ကြည့်ရင်း ပြောနေခဲ့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ အနီရောင် သစ်ကိုင်းတွေ ကောင်းကင်ကနေ ကျဆင်း လာတော့တယ်။
ဖန်ကျန်းရှီကို တိုက်ခိုက်မယ့် အစား ကြီးမားတဲ့ သစ်ကိုင်းကြီးတွေက ဖန်ကျန်းရှီရဲ့ လမ်းကို ဝင်ရောက်လာပြီး သွေးနီရောင် ကွန်ယက် အဖြစ် ချိတ်ဆက် သွားခဲ့တယ်။
“နန်ကုန်းမု။ မင်းငါ့ကို မတားဆီး နိုင်ပါဘူး။” နန်ကုန်းမုရဲ့ အကြံကို ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ ရဲရဲတောက် ချီလင်လှံကို မြှောက်လိုက်ရင်း ကွန်ယက်တွေကို ဖန်ကျန်းရှီ ခုတ်ချတော့တယ်။
“ဖန်ကျန်းရှီ။ နတ်သစ်ပင်ရဲ့ ခုခံစစ်ကို မင်းချိုးဖောက်နိုင်မှာ မဟုတ်ဘူး။ အခု ချက်ခြင်း လက်လျော့လိုက်။” နန်ကုန်းမုရဲ့ အေးစက်စက် အသံ ထွက်ပေါ်လာတယ်။ သူက နတ်သစ်ပင်ရဲ့ ခုခံနိုင်စွမ်းကို အရမ်း ယုံကြည်ချက် ရှိနေတယ်။
ဒါပေမယ့် သူ့စကား ဆုံးသွားချိန်မှာပဲ အပေါက် တစ်ပေါက်က နတ်သစ်ပင်ရဲ့ ကွန်ယက်မှာ ပေါ်ထွက် လာခဲ့ပြီ။ ဒီအပေါက်လေးက သေးငယ်ပင်မယ့်၊ ထပ်ချဲ့လို့ ရသေးတယ်။
သစ်ကိုင်းပေါင်း ရှစ်ခု ကိုးခုကို သူချိုးချ ပြစ်လိုက်တယ်။
သစ်ကိုင်းတွေထဲကနေ ရဲရဲနီနေတဲ့ သွေးတွေလဲ စီးကျလာတယ်။ ဒါပေမယ့် ဒီသွေးတွေက ထူးထူးခြားခြား ပူပြင်းမှုတွေနဲ့ တောက်လောင်နေတယ်။
“ဒါက ပွင့်သွားတာလား။”
“ဖန်ကျန်းရှီက အရှင်ချိုးချီရဲ့ သစ်ကိုင်းတွေကို ထိုးဖောက် နိုင်တယ်ပေါ့။”
“အင်အား ကြီးလိုက်တာ။”
မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ တိုးဝင် ချင်ပေမယ့်၊ သူတို့တွေ လှောင်အိမ် အထဲကို မဝင်နိုင်ခဲ့ဘူး။
“မဖြစ်နိုင်တာပဲ။” နန်ကုန်းမုရဲ့ အသံက အေးစက် နေပင်မယ့်၊ မယုံနိုင်မှုတွေနဲ့လဲ ပြည့်နှက် နေသေးတယ်။ သူ့ရဲ့ လက်တွေကို ဝေ့ယမ်း လိုက်ချိန်မှာတော့ နောက်ထပ် သစ်မြစ်တွေက မြေကြီးထဲကနေ ထွက်လာတော့တယ်။
နောက်ထပ် နံရံကြီးတစ်ခုလဲ ထွက်ပေါ်လာတယ်။
ဒီနံရံကြီးရဲ့ အထူက သွေးနီရောင် ကွန်ယက်ထက် နှစ်ဆ ပိုထူတယ်။ သစ်ကိုင်းတွေကလဲ အရမ်းကို ထူထပ်လွန်းတယ်။
“နန်ကုန်းမု ကွမ်းလင် ပန်းချီကား အကြောင်းကို မင်းကြားဖူးလား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ကြည့်ရင်း မေးလိုက်တယ်။ အဲ့ဒီ့နောက် ချီလင်လျံကို ကျစ်ကျစ်ပါအောင် သူဆုပ်ကိုင်လိုက်တယ်။
မရေမတွက်နိုင်တဲ့ ရွှေရောင် အလင်းတန်းတွေက ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲကနေ ထွက်ပေါ် လာခဲ့ပြီ။ သူ့ရဲ့ ခေါင်းပေါ်က ပြန်လည် မွေးဖွားမှု စက်ဝန်းပေါ်မှာ ရွှေနဲ့ ငွေရောင် အကွင်းတွေ ပေါ်လာတော့တယ်။
ငွေရောင် အလင်းတန်းက အထဲကနေ ထွက်ပေါ် လာပြီး ရွှေရောင် အလင်းတန်းကတော့ အထဲကို စီးဝင်သွားတယ်။ ဒီမြင်ကွင်းက မိုးမြေ နှစ်ခု ပေါင်းစည်း သွားသလိုပဲ။
ဖန်ကျန်းရှီ စတင် လှုပ်ရှားချိန်မှာ နန်ကုန်းမုကို တစ်ချက်တောင် မကြည့်တော့ပဲ အရှေ့က အနီရောင် သစ်ကိုင်းကိုသာ ဓားနဲ့ ခုတ်ချလိုက်တယ်။ ရွှေရောင်နဲ့ ငွေရောင် အလင်းတန်းတွေ ပေါင်းစည်းပြီး ကြည်လင်နေတဲ့ လှံတစ်ချောင်းကလဲ အသစ် ထပ်ပြီး ဖြစ်ပေါ်လာတယ်။
“ထိုးဖောက်မယ်။”
“မင်း ထိုးဖောက် နိုင်မှာ မဟုတ်ဘူး။”
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်နဲ့ အတူ လှံက အနီရောင် နံရံကြီးကို ဖောက်ထွက်တယ်။ သွေးတွေကတော့ သစ်ကိုင်းတွေထဲကနေ ဆက်တိုက် စီးကျ နေခဲ့ပြီ။ ဒါက အဆုံးသတ် မဟုတ်သေးဘူး။
ဖန်ကျန်းရှီလဲ သူ့လှံတွေကို လှုပ်ရှားနေတာ မရပ်တန့် ခဲ့ဘူး။ ဆက်တိုက် ဆိုသလို ရှေ့ကို သူဆက်သွား နေခဲ့တယ်။
“မ မဖြစ်နိုင်တာပဲ။” သွေးတွေက နန်ကုန်းမုရဲ့ ပါးစပ်ကနေ ဆက်တိုက် စီးကျလာနေခဲ့တယ်။ ကြောက်စရာ သွေးနီရောင် မြူခိုးတွေက မြေပြင်မှာ ရှိနေတဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ဖုံးအုပ်သွားတယ်။
“အား။”
“အဲ့တာ ဘာကြီးလဲ။”
“ငါ အသက် မရှူနိုင်ဘူး။”
အော်ဟစ်သံတွေ ထွက်ပေါ် လာပြီးနောက် မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေက အမှုန့် ဖြစ်ကုန် ကြတော့တယ်။ ဖန်ကျန်းရှီက နန်ကုန်းမုကို တစ်ချက် လှမ်းကြည့်တယ်။ အဲ့ဒီ့နောက် မြေပြင်က ရုန်းကန်နေသူတွေကို ထပ်ကြည့်မိပြန်တယ်။
ဒါက သူ့မျိုးနွယ်ရဲ့ သူတွေ မဟုတ်ခဲ့ဘူး။ မတူညီတဲ့ မျိုးနွယ်စုတွေမှာ မတူညီတဲ့ အတွေးတွေ ရှိတယ်။ အခုချိန်မှာတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အတွက် သူဘာမှ ခံစားချက် ရှိမနေသင့်ဘူးလေ။ ဒါပေမယ့် အခုချိန်မှာ သူလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။
အမှန်ပဲ။ မိစ္ဆာ နတ်ဆိုးတွေက လူသားတွေ မဟုတ်ကြပေမယ့်၊ သူတို့တွေမှာ အသက်ရှိတယ်။ ဖန်ကျန်းရှီ စကား ပြောချင်ပေမယ့်၊ သူလဲ အစောပိုင်းမှာ သတ်ဖြတ် ခဲ့တဲ့ အတွက် စကားသံ ထွက်မလာခဲ့ဘူး။ အသက်တွေ အများကြီး သူ့လက်ထဲမှာ ပျောက်ဆုံး ခဲ့ရတယ်။
အလောင်းတွေ မြေခပြီး မြေပြင်မှာ သွေးချောင်းစီးခဲ့တယ်။ အကယ်၍ ယွင်ချင်းဝူ အသံကိုသာ သူမကြားခဲ့ဘူး ဆိုရင် သေချာပေါက် ဆက်ပြီး သတ်ဖြတ် နေမိမှာပဲ။ အရာအားလုံးက ဖန်ကျန်းရှီကို ပြောနေခဲ့တယ်။ သူလဲ နန်ကုန်းမုလို အများကြီး သတ်ဖြတ် ခဲ့ပြီးပြီ။ တကယ်တော့ အချိန်တိုလေး အတွင်းမှာတင် သူ့လက်ထဲ မိစ္ဆာ နတ်ဆိုး စစ်သည်တော် ရာနဲ့ ချီပြီး သေဆုံး ခဲ့တယ်။
ဖန်ကျန်းရှီ သူ့နှုတ်ခမ်းတွေ သွေးထွက်တဲ့ အထိ ကိုက်ထားမိ ခဲ့တယ်။ သူက သွေးဆာတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ဘူအများကြိးကို သတ်ဖြတ် ခဲ့ပြီးပြီ။
တောင်ပိုင်းဒေသ တိုက်ပွဲ၊ မြင့်မြတ် နယ်မြေ၊ သွေးအရိပ် မြို့တော်၊ နေရာ အားလုံးမှာ သူ့ဓားနဲ့ အသက်တွေ အများကြီးကို သတ်ဖြတ်ခြ့တယ်။ ဒါက သူလုပ်ချင်တဲ့ အရာ မဟုတ်ပေမယ့်၊ သူတကယ်ပဲ လုပ်ခဲ့တာတော့ အမှန်ပဲ။ မိစ္ဆာနတ်ဆိုးနဲ့ လူသားတွေကိုတောင် သူသတ်ခဲ့မိတယ်။
တိုက်ပွဲကြီး။ လူသားတွေ ကြားက တိုက်ပွဲ၊ နတ်ဆိုးနဲ့ မိစ္ဆာတွေ ကြားက တိုက်ပွဲ၊ တိုက်ပွဲတွေက တကယ့်ကို များလွန်းလှတယ်။
နိုင်ငံတော် တစ်ခုကို ထူထောင် နိုင်ဖို့ အတွက် အားလုံးက တတ်နိုင်သလောက် လုပ်ကြတယ်။ တိုက်ပွဲတွေက သွေးချောင်းစီးပြီး အလောင်းတွေ တောင်လို ပုံစေတယ်။
“ငါတို့ ဘာဖြစ်လို့များ တိုက်ခိုက် နေကြတာလဲ။” ဖန်ကျန်းရှီ ဒီလို ဘဝမျိုးနဲ့ မနေနိုင်ဘူး။ အေးချမ်းတဲ့ ဘဝမှာ နေဖို့ကိုသာ သူလိုလားတယ်။
ဥပမာ အားဖြင့် အိမ်အကြီးကြီး တစ်လုံးမှာ စည်းစိမ် ရတနာ အပြည့်နဲ့ နူးညံ့ သိမ်မွေ့ပြီး ဟင်းကောင်းကောင်း ချက်တတ်တဲ့ ဇနီးသည်ကို ပိုင်ဆိုင် ထားတာမျိုးပေါ့။ ဟုတ်တယ်။ ပင်လယ်ကြီး အနီးနားက တောင်ပေါ်မှာ ရှိနေတဲ့ အိမ်ကြီးရက္ခိုင်ကို ပိုင်ရမယ် ဆိုရင် ပိုလို့တောင် ကောင်းအုန်းမယ်။
စာအုပ်တွေထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိတယ်ဆိုရင် မိန်းမလှလေး တစ်ယောက် ရော ရှိနိုင်မလားတဲ့။ ဒီစကားကို သူအရင်တုန်းက ကြားခဲ့ဖူးတယ်။ အခုတော့ အားလုံးက အလိမ်အညာတွေ သက်သက်ပဲ။
အသက် ခြောက်နှစ် အရွယ်တည်းက ဖန်ကျန်းရှီ အများကြီး ကြိုးစားခဲ့တယ်။ အသက် ၁၅နှစ်မှာ တာအို နိယာမ စာမေးပွဲကို စဖြေခဲ့ပြီး နိုင်ငံတော် အဆင့် ချန်ပီယံ အဆင့်ကို ၇ခဲ့တယ်။
ဒါက လွတ်လပ် ပျော်ရွှင်တဲ့ ကျောင်းတော်သား တစ်ယောက်ရဲ့ ဘ၀ ဖြစ်သင့်တာ မဟုတ်လား။ ဘာကြောင့်များ နိုင်ငံတော်ကို ပုန်ကန်မှု ကိစ္စတွေ အတွက် တောင်ပိုင်း ဒေသမှာ သွားရှင်း နေခဲ့ ရတာလဲ။ မိစ္ဆာ နတ်ဆိုး လူသား မျိုးနွယ်စု သုံးခုကြားက တိုက်ပွဲတွေမှာလဲ ခဏခဏ ဝင်ပါ နေရသေးတယ်။
ဒေါသထွက်စရာ ကောင်းလိုက်တာ။
ဒီလို ဘဝမျိုးက သူလိုချင်တဲ့ ဘ၀ မဟုတ်ခဲ့ဘူး။ သူလိုချင်တဲ့ အေးချမ်းတဲ့ ဘဝက ဘယ်မှာလဲ။
နေစမ်းပါအုန်း။ သူ အတွေးလွန် သွားတာလား။
ဖန်ကျန်းရှီ အတွေးတွေကို ရပ်လိုက်ပြီး ယွင်ချင်းဝူနဲ့ နန်ကုန်းမုကို ကြည့်လိုက်တယ်။
“သာမာန် ဘဝမှာ နေဖို့ ငါ့အတွက် ဒီလောက်တောင် ခက်နေလား။”
“သာမာန် ဘဝတဲ့။”
“သူဘာတွေ လာပြော နေတာလဲ။”
ဖန်ကျန်းရှီရဲ့ စကားကို ကြာခးျိန်မှာတော့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ တွေးရ ခက်ကုန်တယ်။ ရုတ်တရက်ကြီး ဘာတွေ လာပြော နေတာလဲ။
အခုချိန်က သူတို့ကို သတ်ဖို့ပဲ အဓိက လုပ်ရမှာ မဟုတ်လား။ ဘာဖြစ်လို့ အတွေးတွေ ပြောင်းသွားတာလဲ။
သူတို့ ဘယ်လောက်ပဲ တွေးမရပါစေ၊ ဖန်ကျန်းရှီကတော့ လှောင်ချိင့်ထဲက လွတ်သွား ခဲ့ပြီ။ သူတို့တွေ သွေးနီရောင် မြူနှင်းတွေ အကြောင်း မေးလို့လဲ မရပြန်ဘူး။
အားလုံးက အမိန့်ကို နာခံ ရမယ့် စစ်သည်တော်တွေပဲ။ ဒါက ယွင်ချင်းဝူ ချမှတ်ထား ခဲ့တဲ့ စည်းမျဉ်း။ သူတို့တွေ ပြောင်းလဲလို့ မရနိုင်ဘူး။ သူတို့ရဲ့ အရှင်ချိုးချီကို မုန်းတီး နေရင်တောင် သူ့အမိန့်တွေကိုတော့ ပြန်မေးခွန်းထုတ်လို့ မရဘူး။ ဒါကြောင့် ယွင်ချင်းဝူကို ပြန်ကယ်တင်ဖို့သာ သူတို့ အာရုံ စိုက်နေခဲ့တယ်။
ဖန်ကျန်းရှီက အပြင်ကို ရောက်သွားခဲ့ပြီ။ သူတို့မှာ အခွင့်အရေး ရှိတယ်။ လှောင်ချိုင့် တစ်ခုလုံးကို အဘက်ဘက်ကနေ ဝန်းရံ ထားပြီး ဖြစ်တဲ့ အတွက် သူတို့တွေ ဖန်ကျန်းရှီကို စောင့်ဖမ်းဖို့ပဲ လိုတော့မယ်။
“တိုက်ခိုက်ကြ။”
“သူ့ကို မလွတ်စေနဲ့။”
“အရှင် သခင်ငယ်ကို ရအောင် ပြန်ခေါ်။”
လှိုင်းလုံးကြီးတွေ အသွင်နဲ့ တပ်ဖွဲ့တွေက ဖန်ကျန်းရှီဆီ ပြေးဝင်လာတယ်။
ဝုန်း။ မြေပြင် တစ်ခုလုံး တုန်ခါ သွားတယ်။ ချက်ခြင်း ဆိုသလို မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဖန်ကျန်းရှီကို ဝါးမျို ပြစ်လိုက်ပြီ။ သူ့ကို လွတ်မြောက်စေဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး။
“သတ်ကြ။”
“သူ့ကို အခုသတ်။”
“ဖန်ကျန်းရှီကို မလွတ်စေနဲ့။”
အပိုင်း (၁၀၁၅) ပြီး၏။
အပိုင်း (၁၀၁၆)
“မဟူရာ ကျောက်တုံး နန်းတော်ရဲ့ လျှို့ဝှက်ချက်။”
..
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ဖန်ကျန်းရှီကို အရမ်း သတ်ချင် နေကြပြီ။ ဒါပေမယ့် အားလုံးရဲ့ အလယ်မှာ ရုတ်တရက် ဖန်ကျန်းရှီကို မတွေ့တော့တဲ့ အတွက် သူတို့တွေ တစ်ခုခု လွဲနေတာကို ချက်ခြင်း နားလည် သွားခဲ့ကြတယ်။
နန်ကုန်းမုကတော့ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူ လုံး၀ ပျောက်ကွယ် သွားတာကို မြင်ခဲ့တဲ့ အတွက် မျက်လုံး အပြူးသား ဖြစ်နေ ခဲ့ရပြီ။ သူတို့တွေ တကယ်ကြီး ပျောက်သွားတာလား။
“အယုတ်တမာကောင်။” နန်ကုန်းမု ဒေါသ တကြီးနဲ့ ဟိန်းဟောက် လိုက်တယ်။ ဖန်ကျန်းရှီက သေချာပေါက် မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ လက်ထဲမှာ အလွယ်လေး သေမယ့်သူ မဟုတ်မှန်း သူသိတယ်။ ဖြစ်နိုင်ချေကတော့ တစ်ခုပဲ ရှိတယ်။
ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုကို သုံးပြီး မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ဝန်းရံနေတဲ့ ပတ်ဝန်းကျင်ကို ဖောက်ထွက် သွားတာပဲ။ မိစ္ဆာ နတ်ဆိုးတွေက များလွန်းတယ်။
ဒီလို ရှုပ်ထွေးနေတဲ့ နေရာကြီးမှာ ဖန်ကျန်းရှီ လွတ်မြောက်ဖို့ ဆိုတာ အလွယ်လေးပဲ။
“သူ ဘယ်ရောက် သွားတာလဲ။”
“သေသွားတာလား။”
“မဖြစ်ဘူး။ ဖန်ကျန်းရှီက အရှင်သခင်ငယ်နဲ့ ထွက်ပြေး သွားပြီပဲ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ နန်ကုန်းမုရဲ့ စကားသံကို ကြားချိန်မှာ သတိ ပြန်ဝင် လာခဲ့ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ဖန်ကျန်းရှီ လေထဲမှာ ပျောက်သွား ခဲ့ပြီလေ။
“ဖန်ကျန်းရှီ မင်းမလွတ် စေရဘူး။” နန်ကုန်းမုရဲ့ မျက်ဝန်းတွေထဲက သွေးတွေ စီးကျ လာပြီးနောက် သွေးနီရောင် သစ်ပင်ကြီးလဲ သူ့ခန္ဒာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားတော့တယ်။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အားလုံးကို သတ်ဖို့ အတွက် သူမစောင့်နိုင် တော့ဘူး။ အခုချိန်မှာတော့ သူသတ်ချင် နေရင်တောင် သတ်လို့ မရသေးပြန်ဘူး။ လူသား မဟာမိတ် အဖွဲ့ကို ရင်ဆိုင် တိုက်ခိုက်ဖို့ အတွက် သူတို့ကို အသုံးချမှ ဖြစ်မယ်။
အစောပိုင်းတုန်းက သူသေချာပေါက် နိုင်မယ်လို့ တွက်ထား ခဲ့ပေမယ့်၊ အခုတော့ ဖန်ကျန်းရှီက လွတ်အောင် ထွက်ပြေး သွားခဲ့ပြီ။
ဒါ့အပြင် ယွင်ချင်းဝူကိုပါ ခေါ်သွား ခဲ့သေးတယ်။ ဒါမျိုးကို နန်ကုန်းမု ဘယ်လိုလုပ် သည်းခံ နိုင်မှာလဲ။
“ဒီကောင် ထွက်ပြေးတာလား။ ငါရော ထွက်ပြေး ရမလား။” နန်ကုန်းမုက ဒေါသ ထွက်နေချိန်မှာပဲ သူ့ခေါင်းပေါ်ကနေ အသံ တစ်သံ ထွက်လာတာကို ကြားလိုက်ရ တော့တယ်။ ဒီရုတ်တရက် ထွက်လာတဲ့ အသံကြောင့် သူ့တကိုယ်လုံး တုန်ယင် သွားခဲ့ရပြီ၊
“ဘာဖြစ်တာလဲ။” ဒီအသံကို နန်ကုန်းမု မှတ်မိတယ်။ သူတစ်ချက်တောင် မော့မကြည့်ပဲ ချက်ခြင်း နောက်ကို ခုန်ဆုန်လိုက်တယ်။ ဒါပေမယ့် သူ့ညာဘက် လက်မောင်း တစ်ခုလုံးကတော့ နာကျင် နေခဲ့ပြီ။ ရဲရဲတောက် ချီလင်လှံက သူ့လက်မောင်းကို ဖောက်သွား ခဲ့တယ်။
သွေးတွေ သူ့လက်မောင်းကနေ ချက်ခြင်း စီးကျလာပြီးနောက် မိုးပြာရောင် အလင်းတန်းတွေနဲ့ လွှမ်းခြုံထားတဲ့ လူတစ်ယောက်က သူ့ခေါင်းပေါ်ကို ရောက်လာတော့တယ်။
“ငါမသေဘူးလား။ နောက်တစ်ကြိမ် တွေ့ကြစို့။”
“..”
“နောက်တစ်ကြိမ် တွေ့မယ်။” နန်ကုန်းမုကတော့ ပျောက်ကွယ် သွားပြီး ဖြစ်တဲ့ အပြာရောင် အလင်းတန်းကို ကြည့်ရင်း စိတ်မထိန်းနိုင် ဖြစ်နေခဲ့တယ်။ တကယ့်ကို အန္တရာယ် များခဲ့တာပဲ။ ဖန်ကျန်းရှီရဲ့ လှံက သူ့ကို ကပ်သီးလေး လွဲချော် သွားခြ့တယ်။
အကယ်၍ သူသာ စပ်စုလိုစိတ်ကြောင့် အပေါ်ကို မော့ကြည့် ခဲ့မိရင်၊ ဖန်ကျန်းရှီရဲ့ လှံက သူ့လက်မောင်း အစား ခေါင်းခွံကို ဖောက်သွား လိမ့်မယ်။ နန်ကုန်းမု တွေးရင်း ကျောချမ်း သွားခဲ့တယ်။
အလစ်ဝင်တိုက်တဲ့ ကိစ္စမှာတော့ ဖန်ကျန်းရှီက တကယ့်ကို ပညာရှင် အစစ်ပဲ။ တစ်ခေါက် မအောင်မြင်ရင် သူက နောက်တစ်ခေါက် တိုက်ခိုက်လိမ့်မယ်။
“ဖန်ကျန်းရှီ မင်းမပြောင်းလဲ သေးဘူးပဲ။” နန်ကုန်းမု အံကြိတ်ရင်း တွေးလိုက်မိတယ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီ ပြန်လာတော့မှာ မဟုတ်ဘူး။
“သူ့ကို လိုက်ဖမ်း။”
“အမိန့် အတိုင်းပါ။”
…
အဝေး တစ်နေရာက ကျောက်တုံးကြီး နောက်မှာတော့ အပြာရောင် အလင်းတန်း တစ်ခု တောက်ပလာပြီး ဖန်ကျန်းရှီလဲ ပြန်ပေါ်လာခဲ့တယ်။ ယွင်ချင်းဝူကို ပွေ့ချီလိုက်ပြီးနောက် အနောက်ကို သူဆုတ်ခွာတယ်။
မုချင်းဖန်း၊ မော့ရှန်းရှှီနဲ့ တခြားသူတွေက ထွက်သွားခဲ့တာ အချိန် တစ်ခု ရှိနေခဲ့ပြီ။ ဒါ့အပြင် သူ့ကို ဘယ်လို သင်္ကေတမှလဲ သဲလွန်စ မချန်ခဲ့ဘူး။ ဒါကြောင့် သူတို့တွေ တောင်စောင်းမှာ ရှိမနေတော့ပဲ တခြား နေရာကို ရောက်သွားတာ ဖြစ်နိုင်လိမ့်မယ်။
သူ့နောက်ဘက်မှာ ထွက်လမ်း ရှိလိမ့်မယ်။
ဖန်ကျန်းရှီ တွေးတော တွက်ချက် နေချိန်မှာပဲ အစောပိုင်းတုန်းက နန်ကုန်းမုကို ကပ်သီးလေး လွဲချော် သွားခဲ့တဲ့ ကိစ္စ အတွက် စိတ်ထဲ နှမြော နေမိတယ်။ အကယ်၍ နန်ကုန်းမုသာ တစ်စက္ကန့်လောက် နောက်ကျ သွားခဲ့မယ် ဆိုရင် သူအောင်မြင် မှာပဲ။ သူက အခုထိ သေနေ့ မစေ့သေးတာလား။
နန်ကုန်း ဘိုးဘေးတွေရဲ့ စောင့်ရှောက်မှုကြောင့်လား ဆိုတာကိုတော့ ဖန်ကျန်းရှီ မသိခဲ့ဘူး။ ဒါပေမယ့် နန်ကုန်းမုက တကယ် အင်အားကြီး လွန်းတဲ့ အတွက်၊ သူ့ကို တစ်ချက် တိုက်ခိုက်ရုံနဲ့ မသေတာတော့ အမှန်ပဲ။ ဒါ့အပြင် အစောပိုင်း တိုက်ပွဲမှာ နန်ကုန်းမုက နတ်သခင် တစ်ယောက်ရဲ့ စွမ်းအားကို စုပ်ယူ လိုက်တဲ့ အတွက် စွမ်းအားက လိုက်မမှီအောင် ကြီးမား သွားပြန်တယ်။
ကွမ်းလင်စန်း ပန်းချီကို ရထားပေမယ့် နန်ကုန်းမုကို တိုက်ရိုက် မသတ်နိုင်သေးဘူး။ ဖန်ကျန်းရှီ ရလဒ်ကို နှမြော နေပင်မယ့်၊ အနာဂတ်မှာတော့ သူ့အတွက် အခွင့်အရေး ထပ်ရှိနိုင် သေးတယ်လေ။
“လိုအပ်ရင် တံတားကို ဖြတ်ရမှာပဲ။” ဖန်ကျန်းရှီ တွေးရင်းနဲ့ နောက်ကို ပြေးတော့တယ်။ လက်တစ်ဖက်က ယွင်ချင်းဝူကို ချီထားပြီး လက်တစ်ဖက်မှာတော့ ချီလင်လှံကို သူဆွဲကိုင်ထားတယ်။ သူ့အရှိန်နှုန်းက အရမ်းကို မြန်ဆန်လွန်းတယ်။
မကြာခင်မှာပဲ မုချင်းဖန်း ပြောခဲ့တဲ့ ပြောင်းပြန် တောင်စောင်းကြီးကို သူတွေ့လိုက် ရပြီ။
ငွေရောင် ရေတံခွန် တစ်ခု ရှိနေတဲ့ တောင်စောင်းပဲ။ ဒါပေမယ့် ရေတံခွန်က ကောင်းကင်ပေါ်ကို ထိုးတက်နေတယ်။
“တောင်စောင်းကို ပုံမှန်ဆို ခုန်ချ ရမှာ မဟုတ်လား။” ဘေးပတ်လည်ကို ကြည့်လိုက် ချိန်မှာတော့ ခြေရာတွေ အများကြီးကို သူတွေ့လိုက် ရတော့တယ်။ ဒါက လူသား မဟာမိတ် အဖွဲ့က လူတွေရဲက ခြေရာတွေပဲ ဖြစ်လိမ့်မယ်။
ခြေရာတွေက လွဲပြီး တခြား အမှတ်အသားတွေကို မတွေ့ရဘူး။ တောင်စောင်း အစွန်း အဝေး နေရာမှာတော့ တောင်တွေ အများကြီး
လေထဲ လွင့်မျော နေတာကို တွေ့ရတယ်။ မြင်ကွင်းက လှပလွန်း ပေမယ့်၊ ထိုင်ကြည့်နေဖို့ ဖန်ကျန်းရှီမှာ အချိန် မရှိခဲ့ဘူး။
မုချင်းဖန်း ချန်ရစ် ထားခဲ့မယ့် သဲလွန်စတွေကို ရှာဖို့ ဖန်ကျန်းရှီ လိုနေတယ်လေ။ ဒါပေမယ့် သူဘာမှ မတွေ့ခဲ့ဘူး။ တောင်စောင်း ဘေးမှာတော့ ရေအိုင်ငယ်လေး တစ်ခုကို သူတွေ့လိုက် ရတယ်။
“ရေတွေလား။” တိမ်တွေ ဖုံးနေတဲ့ တောင်စောင်းကို ဖန်ကျန်းရှီ ကြည့်မိတယ်။ “တောင်က ခုန်ချမယ့် အစား ရေထဲ ခုန်ချရမှာလား။”
ဒါက ခန့်မှန်းရ ခက်တဲ့ ကိစ္စပဲ။ သူမြင်ရ သလောက် အရ ဆိုရင် ဒီရေတံခွန်မှာ အဆုံး ရှိပုံမပေါ်ဘူး။ တောင်စောင်းက ပြောင်းပြန် ဖြစ်နေပြီး ရေတံခွန်က အပေါ်ကို စီးနေတယ်။ လက်ရှိ အခြေအနေကို ကြည့်မယ် ဆိုရင် ရေတံခွန်က မိုးမြေ နှစ်ခုကို ချိတ်ဆက်ထားတဲ့ ကြိုးတစ်ခု လိုပဲ။ နောက်ထပ် နေရာ တစ်ခုဆီ ရောက်ဖို့ ဆက်ထားတဲ့ လမ်းလဲ ဖြစ်နိုင်တယ်။
ဒီအချိန်မှာပဲ သူ့ရဲ့ မဟူရာ ရွှေတောင်ပံတွေကို ဖြန့်ထုတ်ဖို့ ဖန်ကျန်းရှီ ဆုံးဖြတ် လိုက်တော့တယ်။ ဒါဆိုရင် သူပြုတ်မကျ နိုင်တော့ဘူး။
“ငါ့တကိုယ်လုံးက သွေးတွေ စွန်းနေ မှတော့ ယွင်ချင်းဝူနဲ့ အတူတူ ရေချိုးလိုက်ရအောင်။” ဖန်ကျန်းရှီ အော်ရင်းနဲ့ ရေတံခွန်ထဲ ခုန်ဝင် လိုက်တယ်။ ရေတွေက နည်းနည်းတော့ အေးတယ်။
ကြည်လင် နေတဲ့ ရေတွေက ကြယ်တွေလိုလဲ ငွေရောင် အမှုန်အမွှားတွေနဲ့ တောက်ပ နေသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ဒီကိစ္စ မဟုတ်ခဲ့ဘူး။ အရေး အကြီးဆုံးကတော့ မဟူရာ ရွှေတောင်ပံတွေ ရုတ်တရက် ပြန်ဝင် သွားတာပဲ။
“ဘာ ဖြစ်တာလဲ။” ပျံသန်းဖို့ လုပ်မယ် ဆိုရင် အတောင်ပံတွေ လိုအပ်တယ်။ ဒါပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ခဲ့ဘူး။ ရေတံခွန် ပတ်လည်က လေထုထဲမှာ ချည်နှောင် ခံလိုက် ရပြီး တကိုယ်လုံးက စွမ်းအင်တွေ ပျောက်ဆုံး သွားသလို သူခံစားရတယ်။
သူ့ကို ရေတံခွန်က ရစ်ပတ်ပြီး ကောင်းကင်ဆီ ပြစ်လွှတ်နေတဲ့ ဒီမြင်ကွင်းက ထူးဆန်းလွန်းလှတယ်လေ။
“ငါ ဘယ်လောကကို ရောက်သွားတာလဲ။ ငါ့ရဲ့ စွမ်းအား အရင်းအမြစ် ဘာဖြစ်လို့ ချိတ်ပိတ် ခံရတာလဲ။” မွေးတည်းက ဒါမျိုးကို ဖန်ကျန်းရှီ မကြုံဖူးဘူး။ ဒါ့အပြင် ရေတံခွန်ထဲမှာ သူလွတ်လွတ်လပ်လပ် အသက်ရှူနေ နိုင်သေးတယ်။ ယွင်ချင်းဝူကလဲ အေးအေးဆေးဆေး ရှိနေဆဲပဲ။
မဟူရာ ကျောက်တုံး နန်းတော်ထဲမှာ လျှို့ဝှက်ချက်ကြီး တစ်ခု သေချာပေါက် ရှိနေလိမ့်မယ်လို့ ဖန်ကျန်းရှီ စိတ်ထဲက ခံစားမိ နေတယ်။ လျှို့ဝှက်ချက်ကြီး ရှိနေရုံတင် မကဘူး။ အင်အားကြီးတဲ့ အရာ တစ်ခုခုလဲ မြုပ်နှံထားတာ ဖြစ်နိုင်တယ်။
နန်းတော်ထဲကို သူဝင်လာ ချိန်တည်းက စကြဝဠာ လေဟာနယ်ထဲက ကျောက်တုံးတွေကို သူမြင်ခဲ့တဲ့ အတွက် ဒါကို ခန့်မှန်း မိတယ်။ ဒါ့အပြင် ကြီးမားတဲ့ သံကြိုးကြီး ကိုးခုကိုလဲ ဖြတ်ကျော် လာခဲ့ ရတဲ့ အတွက် နန်းတော်က သာမာန် မဟုတ်မှန်း သူသေချာပြောနိုင် နေတယ်။
မိစ္ဆာ နတ်ဆိုး စစ်တပ်တွေ ရောက်လာ ခဲ့တာကြောင့် သူလဲ နန်းတော်ကို သေချာ မလေ့လာ ရတော့ပဲ တိုက်ခိုက်ဖို့ကို ဦးစား ပေးခဲ့ရတယ်။ အခုချိန်မှာတော့ ထူးဆန်းတဲ့ အင်အားကို သူနောက်တစ်ကြိမ် ကြုံရပြန်ပြီ။ တကယ့်ကို ထူးဆန်း လွန်းတယ်။
ခိုင်မာတဲ့ သက်သေတွေကိုတော့ အခုချိန်ထိ သူရှာမတွေ့ သေးဘူး။ ဘယ်သူက နန်းတော်ကို ဆောက်ခဲ့တာလဲ။ ဘာကြောင့် ဒီကို ရောက်လာ တာလဲ။
ကျောက်ဖြာပေါ်မှာ ထွင်းထားတဲ့ စကားလုံးတွေကတော့ ပိုပြီးတော့တောင် ထူးဆန်းသေးတယ်။ ကောင်းကင်ကို ဖာထေးပြီးတဲ့ နောက်မှ ဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလဲ ရေးထားတယ်။ ဒီတော့ ကောင်းကင် ကပ်ဘေးကြီး ပြီးတဲ့ အချိန် အသက်ရှင် ခဲ့သူ တစ်ယောက်ယောက် ရေးခဲ့တာပဲ သေချာပေါက် ဖြစ်လိမ့်မယ်။
အဲ့ဒီ့လူက ဘယ်လို အသက်ရှင်ပြီး စကြဝဠာ လောကထဲ ရောက်နေတာလဲ။ ခန့်မှန်းဖို့ ခက်ခဲလွန်းတယ်။
ဒါ့အပြင် ကောင်းကင်တာအို တောင်ခြေဆီ နန်းတော်ကြီးက ရုတ်တရက ကျလာခဲ့တဲ့ အချိန်ကို တွက်ကြည့်ရင် သေချာပေါက် စကြဝဠာထဲက ဆိုတာ သိနိုင်တယ်။
ကောင်းကင် ကပ်ဆိုးကြီးကို ဖြေရှင်းပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ အရာက ဘယ်လိုလုပ် ကမ္ဘာမြေ ပြင်ပကို ရောက်သွား ခဲ့ရတာလဲ။ မေးခွန်းတွေက များလွန်းလို့ ဖန်ကျန်းရှီတောင် ရူးချင်လာတယ်။
ဝုန်း။ ရေပွက်သံက ဖန်ကျန်းရှီ နားထဲကို ဝင်ရောက်လာတယ်။ ရေတံခွန်က ရေတွေကြောင့် ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ပေါ်က ချွေးတွေ သွေးတွေ အကုန်လုံး သန့်ရှင်း စင်ကြယ် သွားခဲ့ပြီ။
ရေမိုးချိုး သန့်စင်လိုက်တဲ့ အတိုင်းပဲ။
ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက ရုတ်တရက် တောက်ပ လာပြန်တယ်။ ဒီရေတံခွန်က တခြား နေရာ တစ်ခုကို ဦးတည်နေလား ဆိုတာ သူမသေချာပေမယ့်၊ မြင့်မြတ် နေရာ တစ်ခုကို မဝင်ရောက်ခင် ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲရတာကိုတော့ သူသိတယ်။ ဒါက မြင့်မြတ်တဲ့ နေရာကို လေးစားသမှု ပြုတာပဲ။
မိုးရွာစေဖို့ ဘိုးဘေးတွေကို ပူဇော်ကန်တော့တာနဲ့လဲ တူညီတယ်။
အားလုံး အတွက် တူညီ နေတာကတော့ မြင့်မြတ်တဲ့ နေရာတွေကို မဝင်ခင် အခမ်းအနားတွေကို မစတင်ခင် အချိန်မှာ သေချာပေါက် သန့်စင်နေရမယ် ဆိုတာပဲ။
“မြင့်မြတ်တဲ့ နေရာ။ ဟုတ်တယ်။ ဒီရေတံခွန်က မြင့်မြတ်တဲ့ နေရာတစ်ခုကို ဦးတည် နေတာလား။” ဖန်ကျန်းရှီ ခန့်မှန်းမိ ပြန်တယ်။ ဒီခန့်မှန်းချက်ကြောင့် သူ့စိတ်ထဲ မေးခွန်းတွေ ထပ်ရောက်လာတယ်။
မဟူရာ နန်းတော်က စကြဝဠာကြီးထဲမှာ မူလ ရှိခဲ့တဲ့ အရာ ဖြစ်ခဲ့ရင်၊ မြင့်မြတ်တဲ့ နေရာက ဘာဖြစ်နိုင်မလဲ။ ရှေးစစ်ပွဲက နတ်သခင်တွေထက် ပိုပြီး မြင့်မြတ်တဲ့ အရာ ရှိနိုင်လား။ ခန့်မှန်းဖို့က ခက်လွန်းတယ်။ ဖန်ကျန်းရှီလဲ ဆက်မစဉ်းစားတော့ဘူး။
…
ကောင်းကင်နဲ့ ချိတ်ဆက်နေတဲ့ ရေတံခွန်ကြီးက အဆုံးမဲ့တဲ့ အသွင်ရှိတယ်။
ဖန်ကျန်းရှီရဲ့ စွမ်းအင်တွေလဲ ရေတံခွန်ထဲမှာတော့ ချိတ်ပိတ် ခံထားရပြီ။ အားသုံးလို့ မရတဲ့ အတွက် ယွင်ချင်းဝူကို ရေစီးထဲ မျောပါ မသွားအောင် ဖက်ထားဖို့သာ တတ်နိုင်ခဲ့တယ်။ သူတို့တွေက အရှိန်ပြင်းပြင်းနဲ့ အပေါ်ကို တက်နေတာလဲ မဟုတ်ခဲ့ပြန်ဘူး။
အချိန် အတော်ကြီး ကြာပြီးတဲ့နောက် ရေနဲ့ သန့်စင်ခံထားရတဲ့ သူတို့ရဲ့ အသားအရေတွေ ပူနွေး ချောမွေ့ လာတာကို ဖန်ကျန်းရှီ ခံစား မိလိုက်တယ်။ ရုတ်တရက် ဆိုသလို သူ့ပတ်ပတ်လည်က ရေတွေလဲ စီးဆင်းနှုန်း မြန်ဆန်လာတယ်။ အဲ့ဒီ့နောက် ရေအိုင်တစ်ခုထဲကို ရုတ်တရက် ပြုတ်ကျသွားပြီး သူ့ခန္ဒာကိုယ်ထဲကို အားအင်တွေ ပြန်ရောက်လာတာ ခံစား လိုက်ရတော့တယ်။
“ဝူး ဝွတ်။” ယွင်ချင်းဝူရဲ့ နှာခေါင်းနဲ့ ပါးစပ်ထဲကနေ လေပူဖောင်းတွေ ချက်ခြင်း ထွက်လာတယ်။
သူမ ရုန်းကန်ရင်း ရေတွေ မဝင်အောင် ခုခံ နေပုံပဲ။
“ငါတို့တွေ ရေတံခွန်ထဲက နောက်ဆုံးတော့ ထွက်လာနိုင်ပြီ။” ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ ခန္ဒာကိုယ်က အပြောင်းအလဲကို ခံစားမိတယ်။ သူ ချက်ခြင်း ဆိုသလို ရေကန်ပေါ်ကို ရောက်အောင် ကူးခတ်တော့တယ်။ ကူးခတ် နေချိန်မှာပဲ တစ်ခုခု လွဲနေတာကို သူသတိ ထားမိ သွားပြန်တယ်။ ဒီရေကန်က အဆုံးမရှိ သလိုပဲ။
သူအပေါ်ကို ပိုပြီး ကူးခတ် လေလေ၊ ရေတွေက ပိုအေးစက်ပြီး မှောင်မိုက် လာလေပဲ။
“မဟုတ်ဘူး။ အပေါ်က အောက်။ အောက်က အပေါ်။” ဖန်ကျန်းရှီ နားလည်သွားတယ်။ ဒီလောကရဲ့ စည်းမျဉ်းတွေက ဘယ်တော့မှ မပြောင်းလဲဘူး။
အစောပိုင်းတုန်းက သူ့ရဲ့ အလိုလို သိစိတ်ကြောင့် ရေမျက်နှာပြင်ပေါ်ကို ရောက်အောင် ကူးခတ်မိတယ်။ တကယ်တော့ အပေါ်ကို တက်ဖို့ သူလုပ်လေ ပိုပြီး နစ်ဝင်လေပဲ။
ဒါကို နားလည် သွားတဲ့ အတွက် အောက်ဘက်ကို ရောက်အောင် ကူးခတ် ပြန်တယ်။
သူ့ရဲ့ ကျင့်ကြံဆင့်ကြောင့် ရေထဲမှာ တစ်နာရီကျော် အသက်မရှူရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။
ဒါပေမယ့် ယွင်ချင်းဝူကတော့ ရေမွမ်း နေခဲ့ပြီ။ သူမ ပါးစပ်ထဲ ရေတွေ ဆက်တိုက် ဝင်နေတဲ့ အတွက် မျက်နှာက ခရမ်းရောင် ပြောင်းသွားပြီး ရုန်းကန်နေ ခဲ့ရတယ်။
သူမ ပါးစပ် ဖွင့်ပြီးလဲ စကား ပြောနေသေးတယ်။ ဖန်ကျန်းရှီ ရှင်းရှင်းလင်းလင်း မကြားရပေမယ့်၊ တွက်ချက် နေတာကိုတော့ သူသိတယ်။
“ယွင်ချင်းဝူ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား။ သေတ္တာထဲက အကြောင်းတွေ အိပ်မက်မက်ပြီး တွက်ချက် နေတာလား။” ဒီလို ဖြစ်နိုင်ချေ များမှန်း ဖန်ကျန်းရှီ သိတယ်။
ယွင်ချင်းဝူက အခုချိန်မှာ မျောနေတဲ့ အတွက် အသိစိတ် ဝင်သေးမှာ မဟုတ်ဘူး။
မဖြစ်တော့ဘူး။
ယွင်ချင်းဝူသာ အသက်မအောင့်ထား နိုင်ရင်၊ ရေကန်ပေါ် ရောက်တဲ့ထိ တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ သူမ စိတ်လွတ် သွားခဲ့ရင်၊ ပါးစပ် ဖွင့်ပြီး ထပ်တွက်ချက် လိမ့်မယ်။ ရေတွေကလဲ ရေနစ်သလို ပါးစပ်ထဲ ဝင်မှာပဲ။
ရေနစ်နေတာ အသိဝင်သွား ရင်တော့ နောက်ထပ် နည်းနည်း တောင့်ခံ နိုင်လိမ့်မယ်။ ဒါပေမယ့် ကြောက်လန့်တကြား အသက်ရှူ ကြပ်သွားရင်တော့ အချိန်တို အတွင်း သေဆုံး ရမှာပဲ။
အပိုင်း (၁၀၁၆) ပြီး၏။
အပိုင်း (၁၀၁၇)
“ကျားစေ့ခုံ”
အချိန်က အရမ်းကို နည်းပါး နေတဲ့ အတွက် ဖန်ကျန်းရှီလဲ တခြား ဘာကိုမှ ထပ်ပြီး မတွေးနိုင် ခဲ့ဘူး။ အမျိုးသမီး တစ်ယောက် ရေနစ်နေတဲ့ အချိန်မှာ ဘာလုပ်သင့်မှန်း ယောကျာ်းတိုင်း သိတယ်။ ဒါကြောင့် ချက်ခြင်း ယွင်ချင်းဝူနဲ့ နှုတ်ခမ်းချင်း သူတေ့လိုက်တော့တယ်။ သူက အသက်ကို ကယ်နေတာ။ အရမ်းကြီး စိတ်ဖိစီး နေဖို့ မလိုအပ်ဘူး။
ယွင်ချင်းဝူနဲ့ ပါးစပ်ပွင့် လာတဲ့ အချိန်မှာပဲ သူ့ရင်ကို အခုန်မြန်စေတဲ့ ခံစားချက် တစ်ခုကို ဖန်ကျန်းရှီ ခံစား လိုက်ရတယ်။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ သတိလစ် နေတဲ့ အဆင့်ကို သူလျော့တွက် မိသွားခဲ့တာ အမှန်ပဲ။ အခုလို အချိန်မှာ ယွင်ချင်းဝူက သတိ ပြန်လည် လာသင့်ပြီလေ။ ကိစ္စတွေကတော့ သူထင်သလို မရိုးရှင်း ခဲ့ဘူး။
ယွင်ချင်းဝူရဲ့ ပါးစပ်ထဲ လေမှုတ်သွင်းလိုက ချိန်မှာပဲ သူ့ဝမ်းဗိုက် တစ်ခုလုံး ခြေထောက်နဲ့ အထိုးခံ လိုက်ရသလို နာကျင်သွားပြီး အသက်ရှူ ရပ်မတတ် ဖြစ်သွား ခဲ့ရတော့တယ်။ လူတစ်ယောက်ကို အားသုံးပြီး နမ်းရတာ တကယ့်ကို မလွယ်တာပဲ။ ရေကန် အောက်ခြေကို ရောက်အောင် နာကျင်မှုကို သည်းခံပြီး သူကူးခတ် လာခဲ့တယ်။
ဒါ့အပြင် ယွင်ချင်းဝူ ဆက်တိုက် ရိုက်ပုတ် တာကိုလဲ သူခံ နေရသေးတယ်။ ဗိုက်၊ ပုခုံး လက်မောင်းနဲ့ ပေါင်တွေ အားလုံးကို ယွင်ချင်းဝူ ဘယ်လောက်တောင် ကန်ကျောက် ရိုက်နှက်ခဲ့လဲ ဆိုတာ သူတွေးလို့တောင် မရခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူကို သူလုံး၀ အကန်မခံမယ့် နေရာ တစ်ခုတော့ ရှိတယ်။
လူတစ်ယောက်က ရေကူးနေတဲ့ အချိန်မှာ ခြေထောက် နှစ်ဖက်ကို စေ့ထားဖို့ ဖြစ်နိုင်မလား။ သေချာပေါက် လုံး၀ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ယွင်ချင်းဝူရဲ့ ခါးကို လက်တစ်ဖက်နဲ့ ဖက်ထားရင်း ပေါင်ကိုလဲ နောက်လက် တစ်ဖက်နဲ့ ချုပ်ထားခဲ့တယ်။
ယွင်ချင်းဝူကတော့ ပင်ကိုယ် သိစိတ်ကြောင့် ဆက်တိုက် ပိုပြီး ရုန်းကန် နေခဲ့ပြီ။
ဘန်း။ ဖန်ကျန်းရှီ လည်ပင်းကို အရိုက်ခံလိုက် ရတယ်။
“ငလူး။” ဖန်ကျန်းရှီ ပါးစပ်ကို ဖွင့်ပြီး ကျိန်ဆဲ မိလိုက်တဲ့ အတွက် ရေတွေက ပါးစပ်ထဲကို ချက်ခြင်း ဝင်လာတော့တယ်။ မဖြစ်ဘူး။ သူသေရတော့မှာလား။
လူတွေ ရေနစ်တဲ့ သူကို ကယ်တင်ရင်း သေကုန်တဲ့ အကြောင်း သတင်းတွေ အများကြီး သူဖတ်ဖူးတယ်။ ဒီဇာတ်သိမ်းက အတော့်ကို မကောင်းဘူး။ ဖန်ကျန်းရှီလဲ မသေချင်ပေမယ့် ယွင်ချင်းဝူကိုလဲ တစ်ယောက်တည်း ပြစ်မထားနိုင် ပြန်ဘူး။
တခြား နည်းလမ်း မရှိတော့တဲ့ အတွက် ယွင်ချင်းဝူကို ဆွဲဆိတ်လိုက်တယ်။ ယွင်ချင်းဝူရဲ့ ပေါင်ကို နာနာလေး သူဆွဲဆိတ်ရင်း နိုးလာအောင် ကြိုးစားနေတယ်။ အခုချိန်မှာ ဒါက သူစဉ်းစားမိတဲ့ အကောင်းဆုံး နည်းလမ်းပဲ။
ရလဒ်ကတော့ မဆိုးလှဘူး။ ယွင်ချင်းဝူ ဆက်ပြီး မရုန်းကန်တော့ပဲ မျက်လုံး နည်းနည်းတော့ ပွင့်လာခဲ့တယ်။
လှပ နက်မှောင်တဲ့ မျက်ဝန်းတွေထဲမှာ စိတ်ပျက်နေတဲ့ အကြည့်ကို သူတွေ့ရတယ်။ အလုပ်ကိစ္စ မပြီးမြောက် သေးတဲ့ အတွက် စိတ်ပျက် နေပုံပဲ။ အဲ့ဒီ့နောက် ယွင်ချင်းဝူ ရုတ်တရက် မျက်လုံးပြူးသွားတယ်။
“ဝူး ဝူး။” ယွင်ချင်းဝူ ပါးစပ် ဖွင့်လိုက် ပေမယ့် ရေတွေက လည်ချောင်းထဲ တိုးဝင် လာခဲ့တာကြောင့် သူမ မျက်နှာပြာနှမ်း သွားတယ်။
ဖန်ကျန်းရှီလဲ နောက်တစ်ခေါက် သူမကို လေမှုတ်သွင်းပေးရ ပြန်ရပြန်တယ်။
ယွင်ချင်းဝူက ချက်ခြင်း တောင့်တင်း သွားပြီးနောက် ဖန်ကျန်းရှီ ရင်ဘတ်ကို ပြန်ထုတယ်။ အရင်က ရုန်းကန် နေသလောက်တော့ အားမကောင်းတော့ဘူး။ သူမ ရုန်းကန် နေတာကို ရပ်တန့်ပြီး ဖန်ကျန်းရှီကို နမ်းခွင့် ပြုထားလိုက်တယ်။ ဒါ့အပြင် ဖန်ကျန်းရှီရဲ့ ခါးကိုတောင် လက်နဲ့ ပြန်ဖက် ထားသေးတယ်။
ဖူး။ ဖန်ကျန်းရှီလဲ ရုတ်တရက် ပတ်ဝန်းကျင်က လင်းလက် သွားပြီး လေရှူ နိုင်တာကို ခံစားမိ လိုက်တယ်။ သူတို့တွေ ကန်ထဲက ထွက်လာ နိုင်ပြီ။
အစပိုင်းမှာ နေရာမှားပြီး ကူးခတ် မိတာ ကြောင့်သာ မဟုတ်ရင်၊ ဒီလောက် ရုန်းကန် နေရမှာ မဟုတ်ဘူး။ ကံကောင်းပေလို့ မသေမပျောက်ပဲ ရေကန်ထဲက ထွက်လာနိုင်ခဲ့တယ်။
“အင်း။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို တွန်းထုတ်ဖို့ လုပ်တယ်။
“ငါမင်းအသက်ကို ကယ်ပြီးပြီ။ ဒီတော့ ကောင်းကင် လက်ခံ မြေပုံတွေကို ပေါင်းပေးတဲ့ အကြွေး ကျေပြီ မလား။” ဖန်ကျန်းရှီ နှုတ်ခမ်းကို ပြန်ခွာရင်း ပြောလိုက်တယ်။
“အရှက် မရှိလိုက်တာ။” ယွင်ချင်းဝူ ပြန်အော်တယ်။ သူမရဲ့ ဆံပင်ဖြူဖြူတွေက စိုစွတ် နေခဲ့တဲ့ အတွက် အခုချိန်မှာ ပိုပြီးတော့တောင် တောက်ပ နေပြန်တယ်။ ဖန်ကျန်းရှီ တစ်ခဏတာ မှင်သက် သွားခဲ့တယ်။
ယွင်ချင်းဝူရဲ့ ဆံပင်ဖြူဖြူတွေနဲ့ ကိုယ်ကပ်နေတဲ့ ဝတ်ရုံဖြူက လိုက်ဖက်လွန်းလှတယ်။ အကယ်၍ သူမ ခေါင်းပေါ်မှာ အဖြူရောင် မြူနှင်း စက်ကွင်း တစ်ခုသာ ရှိနေရင် သေချာပေါက် နတ်မိမယ်နဲ့ တူနေလိမ့်မယ်။
“နင် ငါ့ကို လွှတ်လို့ ရပြီလား။” ဖန်ကျန်းရှီ ငေးနေတာကို မြင်တဲ့ ယွင်ချင်းဝူလဲ ရှက်သွေး ဖြာသွားခဲ့တယ်။ ဖန်ကျန်းရှီက သူမရဲ့ ပေါင်ကို အရမ်း တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်လေ။ ဒါက မသင့်တော်တဲ့ ကိစ္စပဲ။
“အဟွတ် ဟွတ်။” ဖန်ကျန်းရှီလဲ နီရဲနေတဲ့ မျက်နှာနဲ့ ချက်ခြင်း လှည့်ထွက်သွားပြီး ဆွဲထားတာကို လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် တစ်ခုခု လွဲနေတာကို သူသတိ ထားမိ သွားပြန်ပြီ။
ယွင်ချင်းဝူသာ သူ့ကို နောက်ကနေ အလစ်ဝင်တိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီအတွေး ဝင်လာ ချိန်မှာပဲ ဖန်ကျန်းရှီ နောက်ပြန် လှည့်ပြီး ယွင်ချင်းဝူကို သတိကြီးကြီးနဲ့ စောင့်ကြည့် နေတော့တယ်။
တခြား တစ်ဖက်က ယွင်ချင်းဝူလဲ မျက်လုံး ပြူးနေတယ်။ ဖန်ကျန်းရှီ ချက်ခြင်း လှည့်ထွက် သွားခဲ့တဲ့ အတွက် ဒီအရှက်မရှိတဲ့ ကောင်စုတ်ရဲ့ လူကြီးလူကောင်း ဆန်တဲ့ အပြုအမူကြောင့် သူမ လန့်သွား ခဲ့တယ်လေ။ ဒါပေမယ့် သူမ မှားသွားခဲ့တယ်။ ဖန်ကျန်းရှီက ပြန်လှည့်လာပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့ နေပြန်ပြီ။
တကယ့်ကို အရှက်မရှိတဲ့ ကောင်စုတ်ပဲ။
ယွင်ချင်းဝူ သက်ပြင်းချလိုက် မိတယ်။ သူမ ဒေါသ မထွက်တော့ဘူး။ အခုချိန်မှာ ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေကို အတော်ကြီး ကျင့်သား ရနေခဲ့ပြီလေ။
“ဒီတော့ ငါတို့တွေ ကျေးဇူးကြွေး ထပ်မရှိတော့ဘူး မလား။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် သတိပေးတယ်။
“နင့်အပေါ်ပဲ မူတည်တာပေါ့။” ယွင်ချင်းဝူ ရေကန်ထဲကနေ ဖြည်းဖြည်းချင်း ကူးသွားတယ်။ သူမက တကယ့်ကို နတ်မိမယ် တစ်ပါး အသွင်နဲ့ လှပလွန်းနေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပြုံးနေခဲ့ပြန်တယ်။
ယွင်ချင်းဝူရဲ့ အကျင့်ကို သူကောင်းကောင်းကြီး သိတယ်။ ယွင်ချင်းဝူ သတိ ပြန်ဝင်လာတဲ့ အတွက် သူစိတ်သက်သာရ မိတာတော့ အမှန်ပဲ။ အနည်းဆုံးတော့ သူမသေဘူးလေ။
“နင် ငါ့ရဲ့ လည်ဆွဲကို လုသွားတယ် မလား။ ငါ့ကို ခဏလောက် ပြန်ပေးလို့ ရမလား။” ယွင်ချင်းဝူ ရေကန်ဘေးကို လျှောက်သွားရင်း ပြောတယ်။
“ဘာလုပ်ဖို့လဲ။ မြေပုံတွေကို မင်းဆက်ပေးတဲ့ ကျေးဇူးလဲ ငါပြန်ဆပ် ပြီးပြီ။ ဒါကို ဘာလို့ ပြန်ပေး ရမှာလဲ။”
“အထဲမှာ ငါ့အဝတ်အစားတွေ ရှိတယ်။”
“အာ။” ဖန်ကျန်းရှီ လည်ဆွဲ တစ်ခုကို ကြည့်လိုက် ချိန်မှာတော့ အထဲမှာ အဝတ်တွေ ရှိနေတာကို သူနားလည် သွားခဲ့တယ်။ ဟုတ်တယ်။ ဒါ့အပြင် တခြား အရာတွေလဲ ရှိနေသေးတယ်။ သူမြင် နေရတာတွေကို စကားနဲ့ ပြောလို့ မရနိုင်ဘူး။
…
ယွင်ချင်းဝူ ကျောက်တုံးနောက်ဘက် ဝင်ပြီး အဝတ်လဲနေ ချိန်မှာတော့ ဖန်ကျန်းရှီက ပတ်ပတ်လည်ကို လိုက်စူးစမ်း နေခဲ့တယ်။
ဒီနေရာကြီးက တကယ့်ကို ပုံပြင်ထဲက စိတ်ကူးယဉ် နေရာပဲ။ ရေတသွင်သွင် စီးဆင်းနေတဲ့ ရေကန်ကြီး၊ စိမ်းစိုတဲ့ သစ်ပင်တွေနဲ့ နေရာ အနှံ့ ပွင့်ဖူးနေတဲ့ ပန်းရောင်စုံတွေ အပြည့် ရှိနေခဲ့တယ်။ ပြောင်းပြန် ဖြစ်နေတဲ့ ရေတံခွန်တွေ သစ်ပင်တွေ ဘာမှ မရှိတော့ဘဲ လှပလွန်း နေတယ်။
ဖန်ကျန်းရှီကို အံ့သြ စေတဲ့ အရာကတော့ နောက်ထပ် ခြေရာတွေ မတွေ့ တော့တာပဲ။
လူသား မဟာမိတ် အဖွဲ့က ဒီနေရာကို ရောက်မလာဘူးလား။
မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ တောင်စောင်းကနေ ခုန်ချမယ့် အထိ တုံးမယ့် သူတွေတော့ မဟုတ်လောက်ဘူးလေ။ ဒါ့အပြင် တောင်စောင်းဘေးမှာ ရေကန်လေးတွေ ရှိနေတာကို သူမြင်ခဲ့တယ်။ ဒီတော့ အားလုံးက ကောင်းကင်ပေါ်ကို ရေတံခွန်နဲ့ အတူ တက်လာ ခဲ့လောက်မှာပဲ။
အခုတော့ ဘာဖြစ်လို့ ခြေရာတွေ မရှိတော့ ပြန်တာလဲ။ ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ ယွင်ချင်းဝူက အဝတ်အစား လဲပြီး ကျောက်တုံး နောက်ကနေ ပြန်ထွက်လာတယ်။
အပြာရောင် အရိပ်တွေ ပြေးနေတဲ့ အဖြူရောင် ဝတ်ရုံ ဝတ်ထားပြီး အပြာရောင် ခါးစည်းကို စည်းထား ခဲ့တယ်။ သူမရဲ့ အလှတရားက နိုင်ငံတော် တစ်ခုလုံးကိုတောင် ပြောင်းပြန် လှန်ပြစ် နိုင်လောက်တယ်။
ကံမကောင်းစွာနဲ့ပဲ ယွင်ချင်းဝူက ပြုံးမနေခဲ့ဘူး။ အရမ်း ဖြူဖျော့ အားနည်းလွန်းလို့ လေတိုက်ရင်တောင် လဲတော့မလို ဖြစ်နေခဲ့တယ်။
သူ့ရှေ့မှာ ရှိနေတဲ့ အားနည်းသူလေးက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ မျှော်လင့်ချက် ရောင်ခြည်မှန်း ဖန်ကျန်းရှီ သိတယ်။ ယွင်ချင်းဝူက ထက်မြက်လွန်းတယ်။
“ငါ ပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ပြီးပြီ။ ငါမှန်းတာ မမှားလို့ ကတော့ ဒါက သေချာပေါက် ကျားစေ့ တစ်စေ့ပဲ။” ယွင်ချင်းဝူ ပြောရင်း ထိုင်ချလိုက်တယ်။ သူမ တကိုယ်လုံးကတော့ တုန်ယင် နေခဲ့ပြီ။
ယွင်ချင်းဝူက တကယ့်ကို အားနည်းလွန်းတယ်။ မတ်တပ်တောင် မရပ်တော့တဲ့ အပြင် နဖူးမှာတောင် ချွေးစတွေ အပြည့် ဖြစ်နေခဲ့တယ်။
“ကျားစေ့။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ပတ်ဝန်းကျင်က လှပတဲ့ သစ်ပင်တွေနဲ့ မြူခိုးတွေကို သူသေချာ ပြန်ကြည့်မိတယ်။
“လောကကြီးက ကျားခုံ တစ်ခုပဲ။ လူတွေကတော့ ကျားစေ့တွေ။” ယွင်ချင်းဝူ အေးအေးဆေးဆေး ပြောတယ်။
“ဒီတော့။”
“လူသား မဟာမိတ် အဖွဲ့က တခြား ကျားစေ့တွေ နေရာမှာ ရောက်နေလိမ့်မယ်။” ယွင်ချင်းဝူ ပြန်ဖြေတယ်။
“ဒီတော့ ဒါက စစ်ဗျူဟာကြီး တစ်ခုပေါ့။”
“အင်း။ ပုံစံ တူပါတယ်။ သာမန် ဗျူဟာတွေနဲ့တော့ ကွာတာပေါ့။ ဒါကို ကောင်းကင် ကြယ်ပွင့် ၃၆ခု ဗျူဟာလို့ ခေါ်လိမ့်မယ်။ ကျားခုံက လောကကြီး တစ်ခု အသွင်ကို ဆောင်ထားပြီး တောင်တန်းတွေက ကျားစေ့တွေ ရေတံခွန်ကတော့ အထဲကို ဝင်တဲ့လမ်း။ အထဲကို ဝင်လာရင် မတူညီတဲ့ ကျားစေ့တွေ ဖြစ်ကုန်လိမ့်မယ်။”
“မင်းက ဒါကို ဘယ်လို သိနေတာလဲ။” ဖန်ကျန်းရှီ အထိတ်တလန့် ပြန်မေးမိတယ်။
လူသား မဟာမိတ် အကြောင်းကို သူတွေးနေတဲ့ အချိန်မှာပဲ ယွင်ချင်းဝူကတော့ အားလုံးကို သိသွား ခဲ့ပြီ။ တကယ်ကြီးလား။ သူနဲ့ ယွင်ချင်းဝူကြးက ဒီလောက်တောင် ကွာခြား နေတာလား။
သူမကို သူခဏခဏ ဖမ်းမိတယ်။ ဒါကြောင့် သူမယုံနိုင်ဘူး။
“နန်ကုန်းမုနဲ့ တိုက်ခိုက် နေတဲ့ အချိန်တုန်းက ပြောင်းပြန် ဖြစ်နေတဲ့ တောင်တွေကို နင်မှတ်မိ သေးလား။” ယွင်ချင်းဝူ မေးလိုက်တယ်။
“..” ဖန်ကျန်းရှီရဲ့ နှှုတ်ခမ်းတွေ တစ်ချက် တုန်ယင် သွားတယ်။
“အဲ့ဒီ့တောင်တွေက ကြယ် ၃၆လုံး အသွင်နဲ့ ရှိနေ ကြတာပဲ။ ငါသေချာ ကြည့်ပြီးပြီ။ ငါတို့ အခုချိန် တောင်တစ်လုံးပေါ် ရောက်နေတာ ဖြစ်လိမ့်မယ်။ ငါမှတ်မိတာသာ မှန်မယ် ဆိုရင်၊ နန်ကုန်းမုလဲ ဒါကို သိထားတယ်။”
“..” ဖန်ကျန်းရှီကတော့ ယုံသည် မယုံသည် ဘာမှ မှတ်ချက် မပေးခဲ့ဘူး။ ယွင်ချင်းဝူက သေချာပေါက် အမှန်ကို ပြောနေတာပဲ။ ဒီကိစ္စတွေမှာ ယွင်ချင်းဝူက သူ့ထက် ပိုသာတာ သူဝန်ခံတယ်။
ရှုခင်းကို သူကြည့်နေတဲ့ အချိန် ယွင်ချင်းဝူကတော့ သူတို့ နောက်ထပ် ရောက်မယ့် နေရာကို တွက်ချက် နေပြီ။
ဘယ်လောက်တောင် မတရား လိုက်သလဲ။
ယွင်ချင်းဝူ တောမှန်း သိပေမယ့်၊ သူမနဲ့ အနီးကပ် ထိတွေ့လေ ဘယ်လောက် ထူးချွန်မှန်း ပိုပြီး နားလည်လေပဲ။
ဖန်ကျန်းရှီ နောက်ထပ် စကား မပြောနိုင်တော့ဘူး။ ယွင်ချင်းဝူကလဲ သူ့ကို မလောသလို တိတ်ဆိတ် နေခဲ့တယ်။ ထိုင်နေရင်း ဖြည်းဖြည်းချင်းသာ အသက်ရှူ နေတယေ်။
“ဒီ ဗျူဟာ အကြောင်း မင်းသိမှတော့ ထွက်ပေါက်ကိုလဲ မင်းသိသင့်တယ် မဟုတ်လား။” အချိန် အတော်ကြာ တိတ်ဆိတ် နေပြီးတဲ့နောက် ဖန်ကျန်းရှီ မေးလိုက်တယ်။
“အခုထိတော့ မသိသေးဘူး။”
“မသိသေးဘူး။”
“ဟုတ်တယ်။ ငါတို့ အခု ရောက်နေတဲ့ နေရာ အတိအကျကို ငါမသိလို့ ထွက်ပေါက်ကိုလဲ မပြောတတ်ဘူး။ နည်းနည်း ကြိုးစားပြီး အမှားလုပ်ဖို့ လိုတယ်။”
“ဘယ်လိုလုပ်မှာလဲ။”
“ငါ ခန့်မှန်းတာသာ မှန်မယ် ဆိုရင်၊ ကျားစေ့ တစ်စေ့ ချင်းစီတိုင်းက သူနဲ့ ဆက်သွယ်နေတဲ့ နေရာ ရှိလိမ့်မယ်။ ငါတိုက နေရာကို ရှာပြီး တခြား ကျားစေ့ဆီ ဝင်နိုင်ရင် ရပြီ။ ကောင်းကင်ယွမ် ဘယ်မှာ ရှိလဲ သိဖို့ သုံးခေါက် စမ်းကြည့်ဖို့ လိုတယ်။”
“ကောင်းကင်ယွမ် ဟုတ်လား။“
“ဟုတ်တယ်။ ဒီကျားစေ့ခုံကို လုပ်ဖို့ ကြယ် ၁၃ခုကို သုံးထားတယ်။ ကြယ်ကိုးခုက ကျားစေ့ခုံပေါ်မှာ အလယ်မှာတော့ ကောင်းကင်ယွမ် ရှိတယ်။ ကောင်းကင်ယွမ်ကို ရှာနိုင်ရင် ထွက်ပေါက်ကို တွေ့ပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
ဖန်ကျန်းရှီကတော့ တိတ်ဆိတ် နေတုန်းပဲ။
ငလူး။ ကျားစေ့ခုံမှာ ကြယ်ကိုးခု သဏ္ဍာန် ရှိတာကို သူသိတာပဲ။ ဒါ့အပြင် ရေပြင်ညီမျဉ်း ၁၉ခု ဒေါင်လိုက်မျဉ်း ၁၉ခု၊ ထိစပ်တဲ့ နေရာပေါင်း ၃၆၁ခု ရှိတာကိုလဲ သိတယ်။ ဒီချိတ်ဆက်မှုတွေကို ကြယ်တွေနဲ့ ယှဉ်လိုက်ရင် ဘယ်လိုတောင် ရှုပ်ထွေး များပြား လိုက်လေမလဲ။
ဒါတောင် ယွင်ချင်းဝူက ထွက်ပေါက်ကို တွေ့ဖို့ သုံးခေါက်ပဲ စမ်းကြည့် ရမယ်တဲ့။ သောက်ရမ်း ဉာဏ်ကောင်းလွန်း နေတာလား။ တုံးလွန်း နေတာလား။
“နတ်ဆိုး အရှင်သခင် ယွင်ချင်းဝူက ဒီလောက် အားနည်းနေမယ် ဆိုတာ ငါမယုံနိုင်ဘူး။” ဖန်ကျန်းရှီ ရုတ်တရက် ထရယ်တော့တယ်။
“ဟမ်။” ယွင်ချင်းဝူကတော့ စိတ်ရှုပ်ထွေး နေတဲ့ ပုံနဲ့ ပြန်ကြည့်ပြန်တယ်။
“ကောင်းကင် ကြယ်တာရာ ၃၆ခု ဗျူဟာကို မင်းသိနေမှတော့ ဘာဖြစ်လို့ သုံးခေါက် ကြိုးစားပြီး အချိန်ဖြုန်း နေရမှာလဲ။ ငါသာ မမှားရင်၊ ယွင်ချင်းဝူက မိစ္ဆာ နတ်ဆိုး မျိုးနွယ် တပ်ဖွဲ့တွေနဲ့ စပြီး စမ်းနေ လောက်ပြီ။ သုံးကြိမ် လုပ်နေရင်၊ နန်ကုန်းမုကို ရှုံးသွားမှာပေါ့။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“နင်ပြောချင်တာက။”
“ငါသာ လုပ်မယ် ဆိုရင်၊ နှစ်ခေါက်တည်းနဲ့ အပြီးသတ် နိုင်တယ်။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောနေခဲ့တယ်။
အပိုင်း (၁၀၁၇) ပြီး၏။
အပိုင်း (၁၀၁၈)
“ချဲ့ကားထားသော ခြောက်ပြစ်ကင်း သဲလဲစင် သရုပ်ဆောင် စွမ်းရည်။”
..
“နှစ်ခေါက်တည်းနဲ့ ရမယ် ဟုတ်လား။” ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ ယွင်ချင်းဝူ မယုံနိုင် ဖြစ်သွားခဲ့တယ်။ အဲ့ဒီ့နောက် သူမ ခေါင်းခါလိုက်တယ်။
“ဆုံမှတ်ပေါင်း ၃၆၁ခုကို နှစ်ခေါက်တည်းနဲ့ အောင်မြင်အောင် လုပ်မယ်တဲ့လား။ ဒါက ဖြစ်နိုင်ချေ ၁၈၀ နဲ့ ညီမျှတာပဲ။ ငါတော့ ရနိုင်မယ် မထင်ဘူး။”
“မင်း ငါ့ကို မယုံဘူးလား။ ဒါဆိုရင် လောင်းကြေး ထပ်မလား။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“ကောင်းပြီလေ။ ဘာနဲ့ လောင်းမလဲ။” ဖန်ကျန်းရှီ ဒီလို ပြောလာမယ်မှန်း ယွင်ချင်းဝူ သိတယ်။ ဒါကြောင့် သူမ ချက်ခြင်း ခေါင်းငြိမ့်တယ်။
“ကျန်တဲ့ ကောင်းကင် လက်ခံ မြေပုံ ၈ခု။ အကယ်၍ မင်းရှုံးရင် သူတို့ ဘယ်မှာလဲ ဆိုတာ ပြောပြ။”
“နင်ရှုံးရင်ရော။”
“ရဲရဲတောက် ချီလင်လှံကို ပေးမယ်။ ကြီးမြတ်သော ရှနိုင်ငံရဲ့ မဟာ ရတနာ ဆယ်ခုထဲက တိုက်ခိုက်ရေး စွမ်းအား အကောင်းဆုံး ရတနာ။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို အနိုင်ရတော့မယ့် လူတစ်ယောက် ပုံစံနဲ့ ကြည့်ရင်း ပြောလိုက်တယ်။
ယွင်ချင်းဝူကတော့ ပြုံးနေခဲ့တယ်။
တောက်ပတဲ့ အလင်းတန်း တစ်ခုက သူမရဲ့ မျက်နှာပေါ်မှာ ဖြတ်ပြေး သွားခဲ့ပြီ။ (တစ်ချက်ပြုံး လိုက်ရုံနဲ့ တစ်လောကလုံးကို မှင်သက် သွားစေနိုင်) ဆိုတဲ့ စကားပုံထဲက အပြုံးအတိုင်းပဲ။
ရဲရဲတောက် ချီလင်လှံ့ အကောင်းဆုံး ရတနာ တစ်ခု ဖြစ်နေပင်မယ့်၊ ယွင်ချင်းဝူ အတွက်တော့ အသုံးဝင်တဲ့ အရာ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် ချီလင်လှံက ပင်းယန်ရဲ့ လက်နက်။ ချီလင်လျံကို သုံးပြီး ဒီလို လောင်းကြေး ထပ်နေတာက ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ စရိုက်ကို အထင်ကြီးစရာ ကောင်းလောက်အောင် သိသာ စေတာပဲ။
“ကွမ်းလင် ပန်းချီကားကို ငါလိုချင်တယ်။ နင်ရှုံးရင် ပန်းချီကား ငါ့ကိုပေး။” ယွင်ချင်းဝူက တည့်ပဲ ပြောလိုက်တယ်။
“မဖြစ်ဘူး။ ဒါက ကောင်းကင် လက်ခံ မြေပုံ ၂၈ခုကို ပေါင်းစည်းထားတာ။ လောင်းကြေးက လုံး၀ မတရားဘူး။” ဖန်ကျန်းရှီ တန်းငြင်းတော့တယ်။
“ငါက ပေါင်းထားပေးတဲ့ သူလေ။”
“ငါက မင်းအသက်ကို ကယ်ပေးခဲ့ ပြီးပြီ။ အကြွေးလဲ ကျေပြီ။”
“အရှက် မရှိလိုက်တာ။” ယွင်ချင်းဝူ တစ်ခဏတာ စဉ်းစားပြီးနောက် ပြန်ပြောတယ်။ “ငါ့ ခမည်းတော်ရဲ့ မဟူရာ ရွှေတောင်ပံတွေကို သုံးပြီး လောင်းမယ်။”
“မပေးနိုင်ဘူး။ ဒီအတောင်ပံတွေက ငါ့အတွက် အသုံးဝင်တယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက် ပြန်တယ်။
“ဒီတော့ နင်ရှုံးမှာ ကြောက်နေတာလား။”
“ငါ ကြောက်မယ်များ ထင်နေတာလား။” ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို ယွင်ချင်းဝူ စကားနှိုက်တာကို သတိ ထားမိသွားတယ်။ ကံမကောင်းရင် သေချာပေါက် လှည့်စား ခံရနိုင်တယ်လေ။
“ကောင်းပြီ။ မဟူရာ ရွှေတောင်ပံတွေ သုံးပြီး လောင်းမယ်။ ငါက ဘယ်လိုလုပ် ရှုံးမှာလဲ။” ဖန်ကျန်းရှီလဲ ဆက်မငြင်းတော့ပဲ ယွင်ချင်းဝူ ပြောတာကို လက်ခံ လိုက်တယ်။
ယွင်ချင်းဝူရဲ့ မျက်ဝန်းထဲမှာ နောက်ထပ် အလင်းတန်း တစ်ချို့ လက်သွာ းပြန်တယ်။
ဖန်ကျန်းရှီက တကယ်ပဲ ကောင်းကင်ရွှမ်ရဲ့ တည်နေရာကို နှစ်ခေါက်တည်းနဲ့ တွက်ချက် နိုင်မှာလား။ မဖြစ်နိုင်တာပဲ။ သူဘယ်လိုလုပ် လုပ်နိုင်မှာလဲ။
ဖန်ကျန်းရှီက တွက်ချက်တဲ့ နေရာမှာ သူမလောက် မတော်မှန်း ယွင်ချင်းဝူ ကောင်းကောင်းကြီး သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အရမ်းကို ယုံကြည့်ချက် ရှိနေတာတော့ အမှန်ပဲ။
“ကောင်းပြီ။ စကြစို့။” ဖန်ကျန်းရှီ ဘယ်လိုလုပ်မလဲ ဆိုတာ ယွင်ချင်းဝူ တကယ် သိချင် နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ မတွေေ၀ ခဲ့ဘူး။ ညှိနှိုင်းပြီးပြီဆိုတော့ အစွမ်း ပြချိန် တန်ပြီ။ ဒါပေါ့။ ပထမဆုံး ကျားစေ့တွေ ကြားက ချိတ်ဆက်မှုကို ရှာရမယ်။
ပတ်ဝန်းကျင် တစ်ခုလုံးကို သေချာ လေ့လာ ကြည့်ဖို့ အချိန် နည်းနည်းလောက် လိုမယ်လို့ သူတွေး ထားမိ ခဲ့တယ်။ ဒါပေမယ့် သူမှန်းတာ မှားသွား ခဲ့တာပဲ။ ယွင်ချင်းဝူက သူ့ဘေးမှာ ရှိနေတယ်လေ။
ယွင်ချင်းဝူရဲ့ ဉာဏ်ပညာနဲ့ ဆိုရင်၊ ဒီပတ်ဝန်းကျင်က အမှားအယွင်းတွေ ချိတ်ဆက်မှုတွေကို တွေ့ဖို့ မခက်ဘူး။
၁၅မိနစ် ကြာပြီးနောက် ယွင်ချင်းဝူက သစ်တော တစ်နေရာကို လက်ညှိုးထိုး လိုကတယ်။ အဲ့ဒီ့နေရာမှာ ဂူပေါက် ကိုးခု အစီလိုက် ရှိနေခဲ့တယ်လေ။
“အဲ့ဒီ့ နေရာက ချိတ်ဆက်ထားတဲ့ နေရာပဲ ဖြစ်လိမ့်မယ်။” ယွင်ချင်းဝူ ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်ပြီးနောက် ဖန်ကျန်းရှီကို မေးတော့တယ်။
“ငါတို့ ဘယ်ဂူထဲကို ဝင်ရမလဲ။”
“ပထမ တစ်ခုက စမ်းကြည့်ရုံပဲ။ ဘယ်တစ်ခုထဲ ဝင်ဝင် ရတယ်။” ဖန်ကျန်းရှီ သက်ပြင်းချရင်း ဂူအဝကို ဖုံးနေတဲ့ သစ်ပင်တွေကို ကြည့်လိုက် မိတယ်။
ယွင်ချင်းဝူက ပစ္စည်း ရှာနေတဲ့ နေရာမှာ သေလောက်အောင် တော်တာပဲ။ ယွင်ချင်းဝူ ကြောင့်သာ မဟုတ်ရင်၊ ဒီလို ပုန်းကွယ်နေတဲ့ နေရာကို သူသတိ ထားမိဖို့ ခက်လိမ့်မယ်။ ရှာနိုင်ရင်တောင် အချိန်တော့ ယူရမှာပဲ။
ကိစ္စတွေက ယွင်ချင်းဝူနဲ့ သာဆိုရင် လွယ်ကူကုန်တယ်။ ဒါက သူ့ကို ကယ်ထားတဲ့ အကျိုးကျေးဇူး များလား။
“ကောင်းပြီ။ ငါ ဒီတစ်ခုကို ရွေးမယ်။” ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီရဲ့ ကြုံရာရွေး အတွေးအခေါ်ကို သိပ်ပြီး စိတ်ထဲ ထားတဲ့ ပုံမပေါ်ခဲ့ဘူး။ အဲ့ဒီ့အစား အနီးဆုံး ဂူထဲကို ဝင်သွားခဲ့တယ်။
ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ နောက်ကနေ ကပ်လိုက်လာတယ်။ ဂူတစ်ခုလုံးက မှောင်မိုက် စိုစွတ် နေပင်မယ့် အန္တရာယ် မရှိခဲ့ဘူး။ ချက်ခြင်း ဆိုသလို အလင်းတန်း တစ်ခုကို ဂူရဲ့ တခြား အစွန်း တစ်ဖက်မှာ တွေ့လိုက် ရတော့တယ်။
“ငါတို့ ရောက်ပြီ။” ယွင်ချင်းဝူက ပြောပြီးပြီးချင်း တခြား ကျားစေ့ဆီ ရောက်အောင် ဝင်လိုက်တော့တယ်။
“အင်း။” ဖန်ကျန်းရှီလဲ ခေါင်းငြိမ့်ရင်း ဂူအပြင်ကို ထွက်လာတယ်။
နေရာ အသစ်မှာ ရှိနေတဲ့ မြင်ကွင်းက သူတို့ အရင်က ရှိခဲ့တဲ့ နေရာနဲ့ အရမ်းကို တူညီလွန်းတယ်။ ရေစီးနေတာကိုတောင် သူကြားရတယ်။
အကယ်၍ သူသာမှန်မယ် ဆိုရင် နောက်ထပ် ရေကန် တစ်ကန်လဲ သူအခု ရောက်လာတဲ့ နေရာမှာ ရှိနေလိမ့်မယ်။
အခုချိန်မှာ သူလုပ်ဖို့ လိုတာက တွက်ချက်ဖို့ပဲ။
“ငါတို့ လာတဲ့ နေရာမှာ ရေစီးသံက အနောက်တောင် အရပ်ကနေ ကြားရတယ်။ ယွင်ချင်းဝူနဲ့ ငါက အနောက်တောင်ဘက်ကို ရောက်ခဲ့တာပဲ ဖြစ်လိမ့်မယ်။” ဖန်ကျန်းရှီက ပတ်ဝန်းကျင်ကို ကြည့်ချင်ယောင် ဆောင်ရင်း ဂူဝင်ပေါက် တစ်ခုကို အမှတ်အသား ချလိုက်တယ်။
အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်ရာက် လာပြန်တယ်။
ယွင်ချင်းဝူလဲ သေချာပေါက် တွက်ချက် နေမှာပဲ။ ဖန်ကျန်းရှီနဲ့ ယှဉ်လိုက်ရင် သူမ တွက်ချက် နေတာက ပိုပြီးတော့ သိသာတယ်။ ရေစီးသံကို နားထောင် နေရုံတင် မကဘူး လက်ပေါ်မှာလဲ တစ်ခုခု ဆွဲပြီး တွက်နေ သေးတယ်။
ဖန်ကျန်းရှီလဲ ခပ်မြန်မြန် လှမ်းကြည့်လိုက်တယ်။ အတိအကျကိုတော့ သူမတွေ့ ရဘူး။ အစက်သေးသေး လေးတွေ ချထားတာကိုသာ သူတွေ့ လိုက်ရတယ်။
“နင် သိပြီလား။” အချိန် အတော်ကြာ တွက်ချက် ပြီးနောက် ယွင်ချင်းဝူ လှမ်းမေးတယ်။
“ငါ တွက်ပြီးတာ ကြာပြီ။ ငါနဲ့ လိုက်ခဲ့။” ဖန်ကျန်းရှီ ခေါင်းမော့ ရင်ကော့ရင်း ပြောလိုက်တယ်။
“ဒီလောက်တောင် မြန်တယ်လား။” ယွင်ချင်းဝူ မယုံနိုင်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။ သူမက ကိုယ့်ကိုယ်ကို တွက်ချက် အဖြေထုတ်တဲ့ နေရာမှာ အရမ်း ပါရမီ ပါတဲ့ သူလို့ သတ်မှတ် ထားခဲ့တာလေ။
ဖန်ကျန်းရှီက သူ့ထက် အပြတ်အသတ် သာနေတာကို သူမ ယုံနိုင်မှာလား။ ယွင်ချင်းဝူ မယုံပေမယ့်၊ ခေါင်းငြိမ့်ပြတယ်။ တခြား လမ်းတွေ ချိတ်ဆက် ထားတာတွေကို သူမ လှမ်းကြည့်တယ်။ အစောပိုင်း အတွေ့ အကြုံကြောင့် အခုချိန်မှာ သူမက အများကြီး ပိုမြန် နေခဲ့ပြီ။
ဆယ်မိနစ် မပြည့်ခင် အချိန်မှာပဲ နောက်ထပ် ဂူ ကိုးလုံး ရှိနေတဲ့ နေရာကို သူတို့ ရောက်သွား ခဲ့တယ်။ အစောပိုင်းတုန်းက ဂူတွေ ရှိနေတဲ့ ပုံစံနဲ့ ဒီတစ်ခုက တစ်ထပ်တည်းပဲ။ ကြယ် ၃၆လုံး ဗျူဟာ။ ကျားစေ့ခုံ ပေါ်မှာ ရှိနေတဲ့ ကျားစေ့တွေ တစ်ထပ်တည်း တူသလို အားလုံးက တူညီနေတယ်။
“ဘယ်တစ်ခုကို ရွေးရမလဲ။” ယွင်ချင်းဝူ မေးလိုက်တယ်။
“ဒုတိယ တစ်ခုပဲပေါ့။” ဖန်ကျန်းရှီ ပြောရင်း ချက်ခြင်း အထဲကို ဝင်သွား ခဲ့တယ်။
“ဒုတိယ တစ်ခုကို သွားမှာလား။” ယွင်ချင်းဝူ မျက်မှောင်ကြုံ့ သွားခဲ့တယ်။ သူမ တွက်ချက် ထားသလောက် အရဆိုရင် ၇ ၈ ၉ ဂူတွေက ဖြစ်နိုင်ချေ ပိုများတယ်လေ။ ဘာဖြစ်လို့ အရှေ့ပိုင်းကို ရွေးတာလဲ။ သူမ တွက်ချက်တာ မှားသွားလို့လား။
ယွင်ချင်းဝူ ကိုယ့်ကိုယ်ကို မေးခွန်း ထုတ်မိတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အ၀ မရှိတဲ့ အတွက် ဖန်ကျန်းရှီကို သံသယ မဝင်ခဲ့ဘူး။ ဖန်ကျန်းရှီနဲ့သာ အတူတူ လျှောက်သွားတော့တယ်။
မကြာခင်မှာပဲ တတိယ နေရာကို ရောက်သွား ခဲ့ပြီ။
ဒီနေရာမှာ ရေစီးနေတဲ့ အသံက အရှေ့တောင်ဘက်ကို ပြောင်းသွားတယ်။
“..” ဖန်ကျန်းရှီ ဒီအသံကို နားထောင်ရင်း တစ်ချက် တွန့်သွား ခဲ့တယ်။ အကယ်၍ သူကြားတာသာ မမှားရင်တော့ သူတော့ မှားရွေးမိပြီ။
ဒါက ပင်ကိုယ် သိစိတ်ပဲ။ ကံကြမ္မာ နတ်သမီးက သူ့ကို မျက်နှာသာ တကယ် မပေးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဒါတွေကို စိတ်ထဲ မထားပါဘူး။ ဂူကိုးခုကို ကြုံရာ ရွေးလိုက်လို့ ဒါမျိုး ဖြစ်လာတာ ပုံမှန်ပဲ။ တစ်ချက်တည်း ရွေးပြီး မှန်သွားရင်တောင် အံသြ ရအုန်းမယ်။
“နင်တော့ မှားသွားပြီ ထင်တယ်။” ယွင်ချင်းဝူလဲ ရေစီးသံကို သတိထား မိတဲ့ အတွက် ပြောတော့တယ်။
“မင်း မှန်တယ်။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။
“ရေစီးသံက အရှေ့တောင်ဘက်က ဖြစ်နေတယ်။ ငါတို့တွေ တကယ်က အနောက်တောင်ကို သွားရမှာ။” ယွင်ချင်းဝူလဲ ဖန်ကျန်းရှီ မှားတာကို သက်သေ ပြဖို့ လုပ်တယ်။ ဖန်ကျန်းရှီကတော့ မျက်နှာတွေ နီရဲ နေခဲ့ပြီ။
ငလူးပဲ။ ယွင်ချင်းဝူက အရမ်းကို ထက်မြက်လွန်းတယ်။ သူ့အမှားကို ဒီလို လာထောက်ပြ နေမှာတော့ သူဘာလုပ် သင့်လဲ။ အေးဆေး နေရမှာလား။ ဖန်ကျန်းရှီက အရမ်း အရမ်းကို အေးဆေးတယ်။
“ငါတို့တွေ အနောက်တောင်က အရှေ့တောင်ကို သွားမယ် ဆိုရင်ရော ဘယ်လိုလဲ။”
“နင် ဘာပြောချင်တာလဲ။” ယွင်ချင်းဝူ ပြန်မေးတယ်။
“ပထမ ကျားစေ့ ရှိခဲ့တာ အရှေ့တောင်၊ ဒုတိယ ကျားစေ့ကို သွားတော့ အနောက်တောင်ကို ရောက်တယ်။ ဒါက ငါတို့ရဲ့ အမှားပဲ။ ငါ တွက်ချက်တာ မှန်သွား ပေလို့ ငါတို့တွေ အရှေ့တောင်ကို ပြန်ရောက် လာရတာ။ အခုတော့ ကောင်းကင်ယွမ်နဲ့ ခြေတစ်လှမ်း ပိုနီး သွားပြီ။ မင်း နားလည်လား။” ဖန်ကျန်းရှီ အလေးအနက် ရှင်းပြတယ်။
“..” ယွင်ချင်းဝူ စကားပြောဖို့ စပေမယ့် နောက်ဆုံးမှာတော့ သူမ ခေါင်းငြိမ့် လိုက်တော့တယ်။ “အင်း ဆက်လျှောက် ရအောင်။”
“ဟုတ်တယ်။ မင်း ငါ့ကို ယုံကြည်သင့်တယ်။” ဖန်ကျန်းရှီ သူ့ရင်ဘတ်သူ ပုတ်ရင်း အာမခံတယ်။
ယွင်ချင်းဝူကတော့ ဘာမှ မပြောတော့ဘူး။ နောက်တစ်ခေါက် တွက်ချက်ရင်း လက်ဖဝါးပေါ်မှာ ရေးမှန် နေပြန်တယ်။ တစ်ခဏတာ လျှောက်လာပြီးနောက် ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေက ပြန်တောက်ပ လာတယ်။
“သုံးခေါက် ကြိုးစား ပြီးတော့ သူဖြေရှင်း နိုင်သွားပြီလား။” ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေ တောက်ပ လာတာ မြင်ချိန်မှာတော့ ခန့်မှန်း လိုက်မိတော့တယ်။
(အခုချိန်မှာ သူသိထားတာကို မေးဖို့ အချိန် တန်ပြီပဲ။)
ဖန်ကျန်းရှီလဲ လျှောက်လာရင်း ယွင်ချင်းဝူကို မေးဖို့ ကြံတော့တယ်။ မကြာခင်မှာ သူတို့တွေ ရေကန်နားကို ရောက်လာခဲ့ပြီ။
“မင်း ချွေးတွေ အရမ်း ထွက်နေတယ်။ ငါ ဒီမှာ စောင့်နေခဲ့မယ်။ နောက်တစ်ခေါက် ရေထပ်ချိုးချင်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။
“ရတယ် မလိုဘူး။ နန်ကုန်းမုက ကောင်းကင်ယွမ်ရဲ့ နေရာကို တွက်ချက်ပြီး နေလောက်ပြီ။ ငါ နောက်ထပ် တောင့်ခံ နိုင်ပါသေးတယ်။”
“ကောင်းပြီ။ ဒါဆို မြန်မြန် လုပ်ရအောင်။” ဖန်ကျန်းရှီ မငြင်းပယ် ခဲ့ဘူး။
“အင်း။” ယွင်ချင်းဝူလဲ ခေါင်းငြိမ့်ရင်း သူ့နောက်ကို ကပ်လိုက်လာတယ်။ မကြာခင်မှာပဲ ဂူပေါက် ကိုးခုကို သူတို့ တွေ့သွားပြန်တယ်။
“မင်းလဲ တွက်ချက် ပြီးပြီလား။” ယွင်ချင်းဝူ ဆီက အဖြေကို သိအောင် ဖန်ကျန်းရှီ ကြိုးစား ချင်ပေမယ့် ယွင်ချင်းဝူက ဂူတွေကိုတောင် ကြည့်မနေ ခဲ့ဘူး။
“ဒီလိုပါပဲ။”
“ဘာလဲ မင်းက အဖြေကို မပြတ်မသား လုပ်ချင် နေတာလား။ ငါကပဲ အလျော့ပေးလိုက်ပါမယ်။ ငါနဲ့ အဖြေကို လဲမလား။ ဒါဆိုရင် သုံးခေါက်တည်းနဲ့ မင်း အဖြေ မှန်နိုင်မလား ဆိုတာကို အတည်ပြု ကြည့်လို့ ရတာပေါ့။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“ငါနဲ့ အဖြေ လဲချင်တာလား။” ယွင်ချင်းဝူ နည်းနည်းတော့ လန့်သွားခြ့တယ်။
“ဟုတ်တယ်။ ငါက မင်းကို ကူညီနေတာ မင်းသိသင့်တယ်။” ဖန်ကျန်းရှီ မျက်စပြစ်ရင်း ပြောလိုက်တယ်။ “ငါက မင်းကို တိုးတက်အောင် ကူညီပေးနေတာလေ။ ကျေးဇူးတင်လိုက်။”
“ကျေးဇူးပဲ။ ငါတော့ မလိုဘူး။” ယွင်ချင်းဝူက တောင့်ခံ ထားနိုင်ခဲ့တယ်။ သူမ တစ်ချက်တောင် မပြုံးပဲ လက်ခါ ပြတယ်။
“ဟူး။ ကြည့်ရတာ မင်းက ကိုယ့်ကိုယ်ကို တိုးတက်အောင် တကယ့်ကို မသင်ကြား ချင်တဲ့ သူပဲ။” ဖန်ကျန်းရှီ ှနှမြော တသမှု အပြည့်နဲ့ သက်ပြင်း ချလိုက်တယ်။ ဒါပေါ့။ တကယ်က သူကျိန်ဆဲ ချင်နေတာ။
ငလူးပဲ။ လုံး၀ လှည့်စားလို့ မရဘူး။ ဖန်ကျန်းရှီရဲ့ ခြောက်ပြစ်ကင်း သဲလဲစင် သရုပ်ဆောင် စွမ်းရည်နဲ့ လှည့်စား မခံရတဲ့ သူ ဘယ်လိုများ ရှိနိုင်တာလဲ။
ယွင်ချင်းဝူ က တကယ့်ကို အရူးလုပ်ဖို့ ခက်လွန်းတယ်။ ဖန်ကျန်းရှီလဲ သူရဲ့ သရုပ်ဆောင်မှုကို ချဲ့ကားလွန်းတာမျိုး မလုပ်ပဲ သဘာ၀ ကျကျ သရုပ်ဆောင် ရမယ်။
ဒါပေမယ့် အခုလို အချိန်တို အတွင်းမှာ ယွင်ချင်းဝူကို လှည့်စားဖို့ နည်းလမ်း မတွေးတောနိုင်အောင် ခက်ခဲ လွန်းနေခဲ့တယ်။ တစ်ခါတစ်လေမှာ ချဲ့ကား ပြောဆိုရတာက ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စပဲ။ ဂူကိုးခုထဲမှာ ဘယ်တစ်ခုကို ရွေးရမလဲ။
ထားလိုက်တော့။ ကြုံရာရွေးမယ်။ ဒီတစ်ခေါက်မှာ ကံကောင်းပြီး အရှေ့တောင်ဘက်က ရေစီး နေတာကို ပြန်ရောက် နိုင်တယ်။
“တတိယ တစ်ခု။” ဖန်ကျန်းရှီ လက်ညှိုးထိုး လိုက်ပြီးနောက် ယွင်ချင်းဝူကိုပါ ဆွဲခေါ်တော့တယ်။
အပိုင်း (၁၀၁၈) ပြီး၏။
အပိုင်း (၁၀၁၉)
“ငါတို့ အတွေးတွေ။ စက်ဝိုင်းလို ပတ်လည် လှည့်နေခြင်း။
…
“တတိယ တစ်ခုကို ဝင်မှာလား။” ယွင်ချင်ဝူ ရပ်တန့် သွားခဲ့တယ်။
“မဟုတ်ဘူး။ ပြောတာ မှားလို့။ စတုတ္ထ တစ်ခုကို သွားမှာ။” ဖန်ကျန်းရှီက ယွင်ချင်းဝူရဲ့ စကားကြောင့် ချက်ခြင်း နေရာ ပြန်ပြောင်း လိုက်တော့တယ်။
“နင် သေချာ ရဲ့လား။” ယွင်ချင်းဝူက ဖန်ကျန်းရှီ်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေ ခဲ့ပင်မယ့် သူမ လိုက်လာခဲ့တယ်။
“ဒါပေါ့။” ဖန်ကျန်းရှီကတော့ ပျော်နေခဲ့ပြီ။ သူ့ရဲ့ သရုပဆောင် စွမ်းရည်က တကယ် ကောင်းတာပဲ။ လူတစ်ယောက်ကို စကား တစ်ချို့နဲ့တင် လှည့်စား လိုက်နိုင်တယ်။ ဒါက သရုပ်ဆောင် ပညာရပ်မှာ ပါရမီရှင် ဖြစ်နေပြီလို့ သူ့ကိုယ်သူတောင် ထင်လာစေတယ်။
အရှေ့တောင် အရပ်က ရေတွေရေ၊ ငါလာပြီ။
ဂူထဲကို ဖြတ်သန်း နေချိန်မှာပဲ ကြည်လင်လှတဲ့ ရေစီးသံကို ကြားလိုက် ရတော့တယ်။ ဒါပေမယ့် အနောက်တောင် အရပ်က ရေစီးသံ ဖြစ်နေခဲ့ပြန်ပြီ။ အနောက်တောင် ဘာဖြစ်လို့ အနောက်တောင်ဘက်လဲ။
ဖန်ကျန်းရှီ လုံး၀ မျက်လုံး ပြူးနေခဲ့တယ်။ ယွင်ချင်းဝူက ဂူပေါက် မှားတာကို ဘာဖြစ်လို့ မပြောတာလဲ။
“ဘာဖြစ်လို့ ရေတွေက အနောက်တောင် ကနေ စီးနေပြန်တာလဲ။” ယွင်ချင်းဝူ ပြုံးပြလိုက်တယ်။
“ဟုတ်သားပဲ။ ရေတွေ ဘာဖြစ်လို့ အနောက်တောင်ကနေ စီးနေတာလဲ။” ဖန်ကျန်းရှီ နောက်တစ်ခေါက် မေးလိုက်တယ်။
“ငါတို့တွေ မူလ နေရာကို တစ်ပတ်လည်ပြီး ပြန်ရောက်လာတာ မဟုတ်ဘူးလား။” ယွင်ချင်းဝူက ပြုံးပြုံးကြီး မေးလိုက်တယ်။
“ဟုတ်တယ်။ ငါတို့တွေ စက်ဝိုင်းလို သွားနေတာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့် လိုက်တယ်။
“စက်ဝိုင်းလို သွားနေတာလား။ ဘယ်လိုကြီးလဲ။”
“ဟုတ်တယ်။ ကောင်းကင် ကြယ် ၃၆လုံးကို တောင်တွေ စဉ်သလို စီထားတာလေ။ တွေးကြည့်လိုက်။ ဘယ်လိုလုပ် အထဲကို တန်းဝင်လို့ ရမှာလဲ။”
“အဲ့ဒီ့တော့။”
“ဒီတော့ ဝင်ဖို့ လမ်း အမှန်က စက်ဝိုင်းလို သွား၇တာပဲ။ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့တောင်၊ အနောက်တောင်။ ဒီလို သွားမှပဲ ငါတို့တွေ အထဲကို ရောက်လိမ့်မယ်။” ဖန်ကျန်းရှီက တစ်ချက်လေးတောင် တွေေ၀ မနေခဲ့ဘူး။
“ငါသိပြီ။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။
သူမက ဖန်ကျန်းရှီကို တကယ် ယုံကြည်ပြီး ဘာမှ မေးခွန်း ထုတ်စရာ မရှိတဲ့ အတိုင်းသာ ပြုမူ နေခဲ့တယ်။
“ကောင်းပြီ။ မြန်မြန် သွားကြမယ်။” ဖန်ကျန်းရှီ နောက်ထပ် ရှင်းမပြတော့ဘူး။ တစ်ခေါက် ရှင်းပြလေ။ အမှား တစ်ခု ပိုတွေ့လေပဲ။
တစ်ခဏတာ ကြာပြီးတဲ့နောက် နောက်တစ်နေရာကို သူတို့ ရောက်သွား ခဲ့ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ ရေစီးသံကို အနောက်မြောက် အရပ်ကနေ သူတို့ ကြားရတယ်။
“အနောက်မြောက်ကနေ ရေစီးသံ ကြားရပြီ။ နင်ဒါကို ဘယ်လို ပြောပြမလဲ။” ယွင်ချင်းဝူက ပါးစပ်ကို လက်နဲ့ အုပ်ပြီး ရယ်နေရင်း မေးတယ်။
“ဟုတ်တယ်။ ဒီ အနောက်မြောက်က။” ဖန်ကျန်းရှီ နောက်ထပ် သည်းမခံ နိုင်တော့ဘူး။ ခုနကတင် သူရှင်းပြ ထားခဲ့တာလေ။ ဘာဖြစ်လို့ အခုတော့ အနောက်မြောက်ကို ရောက်သွား ပြန်တာလဲ။ တကယ်ကြီးက ဘာဖြစ်လို့ သူဒီလောက်တောင် ကံဆိုး နေတာလဲ။
“ဆက်ပြောလေ။” ယွင်ချင်းဝူကတော့ ရယ်ရင်း ဆက်မေးနေတယ်။
“ငါတို့က စက်ဝိုင်းလို သွားနေတာကြောင့် အာရုံတွေ ထွေပြား နိုင်တယ်။ မဟုတ်ရင် ဘာဖြစ်လို့ ဒီလို ကြားနေ ရမှာလဲ။” ဖန်ကျန်းရှီ ဦးနှောက်ကို အရည်ညှစ်ပြီး အဖြေကို ရလာအောင် လုပ်နေခဲ့တယ်။
“ငါ နင့်ကို ယုံမယ်များ မှတ်နေလား။” ဒါပေါ့။ ယွင်ချင်းဝူက သူ့ကို မယုံခဲ့ဘူး။
“မင်း ငါ့ကို ယုံယုံ မယုံယုံ ငါဂရု မစိုက်ဘူး။ ငါသွားတဲ့ လမ်းက သေချာပေါက် မှန်တယ်။” ဖန်ကျန်းရှီကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ငြင်းနေခဲ့တယ်။ ဒီနေရာမှာ ဘယ်သူမှ မရှိဘူးလေ။ ဘယ်သူ မြင်မှာကို ကြောက်နေ ရမှာလဲ။
သူမှန်တယ် ထင်နေသရွေ့ သေချာပေါက် မှန်တယ်။ ယွင်ချင်းဝူ ဘယ်လောက်ပဲ သူ့ကို မေးခွန်း ထုတ်ပါစေ၊ သူကတော့ မှန်တယ်။ ဒါက ဖန်ကျန်းရှီရဲ့ ခံယူချက်ပဲ။
“ဒီတော့ နင်က ကလိမ်ကျနေတာပေါ့။” ယွင်ချင်းဝူလဲ ဖန်ကျန်းရှီ ပြောချင်တာကို နားလည် သွားခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အကြံဆိုးတွေကို ယွင်ချင်းဝူ ခန့်မှန်း မိပြီးသား။ သုံးခေါက် တိတိ သူလမ်းမှား ပြီးပြီလေ။ ဒါပေမယ့် ဘယ်လို အကြောင်းပြချက်တွေ ပေးမလဲ သိချင်တာကြောင့် ဒီအတိုင်း စောင့်ကြည့်ခဲ့တယ်။
“ဘာ ကလိမ်ကျ ရမှာလဲ။ ငါက နာမည်နဲ့ လိုက်အောင် ရိုးသားတဲ့သူ။” ဖန်ကျန်းရှီ တစ်စက်လေးတောင် အရှက်မရှိပဲ ပြောနေခဲ့တယ်။
“ဒါပေမယ့် နင် နေရာမှားတယ်လေ။”
“မမှားပါဘူး။”
“ဒါဆိုရင် အနောက်မြောက်က ရေသံ ကြားရတာကို ရှင်းပြ။”
“စက်ဝိုင်းလို သွားနေ ရလို့လေ။”
“…” ယွင်ချင်းဝူ ပါးစပ်ပိတ် သွားခဲ့တယ်။
အရှက်မရှိတဲ့ ကိစ္စမှာတော့ ယွင်ချင်းဝူ ကိုယ်တိုင်တောင် ဖန်ကျန်းရှီကို ဦးထုပ်ချွတ်ပြီး အလေးပြုချင် လောက်တဲ့ အထိ ဆရာကျလွန်းတယ်။
သူပြောတဲ့ စကားတိုင်းကို ယွင်ချင်းဝူ သေချာပေါက် မယုံဘူးလေ။ ဒါပေမယ့် အခုချိန်မှာ သူက သူအမှန် လုပ်နေတဲ့ အတွက် သူမလဲ မငြင်းနိုင် ခဲ့ဘူး။ အခုချိန်မှာ သူမက ဘာလုပ် ရမှာလဲ။
“လိုချင်တဲ့ နေရာကို ရောက်ဖို့ ဆက်သွားရအောင်။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို လောတယ်။
“နေစမ်းပါအုန်း။ ငါတို့တွေ သွားချင်တဲ့ နေရာကို မကြာခင် ရောက်တော့မယ်လို့ နင်ပြောချင် တာလား။”
“ဟုတ်တယ်။”
“ဘယ်လောက်လောက် အချိန် ကြာမှာလဲ။”
“သုံးနာရီကနေ ငါးနာရီလောက်။ ဒါမှမဟုတ်ရင် ငါးရက်လောက်ပေါ့။ ငါတို့ ဒီတောင်ပေါ်မှာ အစာရေစာတွေ အားလုံး ရနိုင်တာပဲ။ ငတ်မသေပါဘူး။” ဖန်ကျန်းရှီ အေးဆေး ပြောတယ်။
“နင်ပြောတော့ နန်ကုန်းမုလဲ ကောင်းကင်ယွမ်ကို ရှာနေတယ်ဆို။” ယွင်ချင်းဝူ ပြန်သတိ ပေးတယ်။
“အမ်။” ဖန်ကျန်းရှီ တစ်ချက် မျက်လုံး ပြူးသွားပြီးနောက် ပြန်ဖြေတယ်။ “နန်ကုန်းမုက ငါ့လောက် ဉာဏ်မထက်ဘူး။ ငါမတွေ့ခင် အဲ့ဒီ့ နေရာကို သူရောက်မယ်လို့ ငါတော့ မယုံဘူး။”
“သူက နင့်လောက် ဉာဏ်မထက်ပေမယ့်၊ ငါသိထား သလောက် အရဆိုရင် ဗျုဟာတွေကို ရှင်းတဲ့ နေရာမှာ နန်ကုန်း မျိုးနွယ်တွေက အတော်လေး တော်တယ်။” ယွင်ချင်းဝူ ဆက်ပြောတယ်။
“အဲ့ဒီ့တော့။”
“ငါ တွက်ချက် ထားသလောက် အရဆိုရင်၊ ကောင်းကင်ယွမ် ရှိနေတဲ့ နေရာကို ၂နာရီ အတွင်း နန်ကုန်းမု တွေ့လိမ့်မယ်။ ငါတို့ကတော့ တစ်နာရီ အချိန်ဖြုန်းလောက်ပြီ။” ယွင်ချင်းဝူ ပြောတယ်။
“ဒီတော့ ငါတို့မှာ တစ်နာရီပဲ ရှိတော့တယ်လို့ ပြောချင်တာလား။”
“ဟုတ်တယ်။”
“စိတ်ချပါ။ တစ်နာရီနဲ့ ကောင်းကင်ယွမ် ရှိတဲ့ နေရာကို ငါတို့ ရောက်နိုင်ပါတယ်။”
“ငါတို့ မရောက်ရင်ရော။”
“မရောက်ရင်။”
“တစ်နာရီ အတွင်း နင်မရောက်နိုင်ရင်၊ ငါဦးဆောင်မယ်။ နင်ငါ့ကို မဟူရာ ရွှေတောင်ပံလဲ ပြန်ပေးရမယ်။” ယွင်ချင်းဝူက နောက်တစ်ခေါက် အပေးအယူ စလာပြန်တယ်။
“တစ်နာရီတဲ့လား။”
ယွင်ချင်းဝူ ပြောချင်တာကို ဖန်ကျန်းရှီ သိတယ်။ တစ်နာရီ အတွင်းမှာ သူလဲ ကောင်းကင်းယွမ် ရှိတဲ့ နေရာကို မရောက်နိုင်ဘူး။ နန်ကုန်းမု အရင် ရောက်သွားတာလဲ ဖြစ်နိုင်တယ်။ ဒါမျိုးကို သူအဖြစ် မခံနိုင်ဘူး။
ဒါပေမယ့် နည်းနည်းလောက် အမှား လုပ်ပြီးတဲ့နောက် အခုဗျူဟာက ဘယ်လောက် ကြောက်စရာ ကောင်းပြီး ခမ်းနားလဲ ဆိုတာ သူနားလည် သွားခဲ့တယ်။
ကျားစေ့ တစ်ခုချင်းစီ တိုင်းမှာ ဂူကိုးခု ရှိတယ်။
ဆုံမှတ် ၃၆၁ခုနဲ့ ရွေးချယ်စရာ ကိုးခုစီ ရှိတယ်။ ဘယ်လောက် ရှုပ်မလဲ ဆိုတာ တွက်ကြည့်ရုံနဲ့တင် ခေါင်းကိုက် သွားနိုင်တယ်။
ကံတရား။
ဒီနေရာမှာ ကံကောင်းဖို့ မျှော်လင့် ထားပေမယ့်၊ ကံတရားက သူ့ကို မျက်နှာသာ မပေးခဲ့ဘူး။
ဘယ်သူကမှ ဒီဗျူဟာကို မဖောက်ထွက် နိုင်ဘူး ဆိုရင် သူဘာလုပ် သင့်သလဲ။
တကယ်ပဲ အရှုံးကို လက်ခံ လိုက်ရမှာလား။ ဖန်ကျန်းရှီ အရှုံးကို လက်ခံဖို့ တွေးမိ ပေမယ့်၊ နောက်တစ်နာရီ ကြိုးစားချိန် ရှိသေးတယ်လေ။
သေချာပေါက် လုပ်နိုင်မှာ။ သေချာပေါက် လုပ်နိုင်မှာ။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ဆက်တိုက် နှစ်သိမ့် ပေးပြီးတဲ့နောက် ခရီးစဖို့ တွေးတော့တယ်။ ပထမဆုံး ဒုတိယ ဂူပေါက်ကို ရွေးတုန်းက အနောက်တောင်ကို ရောက်သွားတယ်။ တတိယ ဂူပေါက်ကို ရွေးတော့ အရှေ့တောင်ကို ရောက်တယ်။ တတိယကို ရွေးတော့ အရှေ့တောင်ကို ရောက်ပြန်တယ်။ စတုတ္ထမှာတော့ အနောက်တောင်။ ကိုးခုမြောက်ကတော့ အနောက်တောင်။ ဒီတော့
ဘယ်လို သဲလွန်စကို ရှာရမလဲ။ ဒါတွေနဲ့ သဲလွန်စ ရှာလို့ မရနိုင်ဘူး။ ရေစီးသံကို နားထောင်ပြီး လမ်းအမှန်ကို ရှာလို့ ရနိုင်မယ် ဆိုတာလဲ ဖန်ကျန်းရှီ မယုံဘူးလေ။ ဒါက များလွန်းတယ်။ ဒါပေမယ့် ရေစီးတဲ့ နေရာကို ကြည့်ပြီး တစ်ခုကိုတော့ သိနိုင်တယ်။
ယွင်ချင်းဝူသာ ရေစီးသံ တစ်ခုတည်းကို အရမ်း အာရုံမစိုက် ခဲ့ရင်၊ တခြား သဲလွန်စတွေ ရှိနိုင်တယ် မဟုတ်လား။ သဲလွန်စတွေ ဘယ်မှာလဲ။ ဖန်ကျန်းရှီ သူ့ခေါင်း တစ်ခုလုံး ပေါက်ကွဲ ထွက်တော့မလို ခံစား နေခဲ့ရတယ်။ သူက တကယ့်ကို တွက်ချက်တဲ့ နေရာမှာ မတော်ဘူး။
ခက်လိုက်တာ။ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်လဲ။
ထားလိုက်တော့။ အဖြေကို မစဉ်းစား နိုင်ရင် ဒီအတိုင်း ဆက်သွား ရမယ်။
“စာအုပ်ပေါင်း တစ်သောင်းကို ဖတ်တာထက် မိုင်ပေါင်း တစ်သောင်းကို ခရီးနှင်တာက ပိုကောင်းတယ်။” ခရီးသွားရင်း အမြင်သစ်တွေလဲ ရလာ နိုင်တယ်လေ။ ဒီလို စိတ်ကူးစိတ်သန်းတွေသာ ရှိနေရင် ဘယ်သူမှ အသုံးမဝင် မဖြစ်တော့ဘူး။
ဖန်ကျန်းရှီမှာ စိတ်ကူး စိတ်သန်းတွေ ရှိတယ်။ ယွင်ချင်းဝူက သူ့ထက် တွက်ချက်တဲ့ နေရာမှာ အများကြီး တော်တာကို သိပေမယ့်၊ သူ့မှာ စိတ်ကူးစိတ်သန်းတွေ ရှိနေသေးတယ်။
“မင်းပြောတာကို ငါသဘောတူတယ်။ သွားကြစို့။” ယွင်ချင်းဝကို ဆွဲခေါ်ပြီး ဂူတစ်ခုထဲ ပြေးဝင်လိုက်တယ်။
“မလုပ်နိုင်လဲ အတင်း ဖိအား မပေးပါနဲ့။” ယွင်ချင်းဝူ ပြုံးပြုံးကြီးနဲ့ ပြောပြန်တယ်။
“တစ်နာရီက လုံလောက်တာထက် ပိုပါတယ်။“ ဖန်ကျန်းရှီကတော့ လုံးဝကို ငြင်းဆိုနေတယ်။
…
သူတို့တွေ ဆက်သွားကြတယ်။ ဖန်ကျန်းရှီ နောက်တစ်ခေါက် စက်ဝိုင်းလို လှည့်နေ မိပြန်ပြီ။ သူတို့တွေ တောင်နဲ့ မြစ်တွေကို ဖြတ်ရင်း တနေရာပြီး တစ်နေရာကို ဖြတ်လာကြတယ်။ ဒါပေမယ့် စက်ဝိုင်းလို လှည့်နေ မိတုန်းပဲ။
တစ်ခေါက်တုန်းက သူအမှတ်အသား လုပ်ခဲ့တဲ့ နေရာကို ပြန်ရောက် လာတာလဲ ရှိဖူးတယ်။ အမှတ်အသားကို သူမမြင်ချင်ယောင် ဆောင်သွားခဲ့တယ်။
ယွင်ချင်းဝူကတော့ သူ့ကို မတားခဲ့ဘူး။ သူ့အနောက်ကနေသာ ကပ်လိုက် နေခဲ့တယ်။ အချိန်တွေက တဖြည်းဖြည်းချင်း ကုန်ဆုံး သွားခဲ့ပြီ။
နာရီဝက် ကြာပြီးတဲ့နောက် ဖန်ကျန်းရှီ ရပ်တန့် လိုက်တော့တယ်။ တောင်တွေနဲ့ တစ်ထပ်တည်း တူညီနေတဲ့ ရေကန်တွေကို သူကြည့်မိတယ်။
တကယ်ပဲ ဘာ သဲလွန်စမှ မရှိအောင် လျှောက်သွား နေရမှာလား။ အချိန် ပြည့်သွားရင် ယွင်ချင်းဝူ လှောင်တာလဲ ခံရအုန်းမယ်။
မဖြစ်ဘူး။ အသေပဲ ခံမယ် အလှောင်တော့ မခံဘူး။
အခုချိန်မှာ လမ်းကြောင်းတွေကို သေချာ တွေးဖို့ အချိန် ရောက်လာပြီးလို့ ဖန်ကျန်းရှီ ခံစားမိတယ်။ ဒီလို ပတ်လည် လှည့်ရင်း အတွေ့အကြုံတွေ သူရခဲ့တယ်လေ။ အခုချိန်က အတွေ့အကြုံတွေကို အသုံးချဖို့ အချိန်ပဲ။
ယွင်ချင်းဝူက သုံးကြိမ် ကြိုးစားပြီး တွက်ချက် နိုင်ရင်၊ သူက အခေါက် သုံးဆယ် ကြိုးစားပြီး ဘာလို့ မတွက်ချက် နိုင်ရမှာလဲ။
သူတကယ် မလုပ်နိုင်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
မဖြစ်ဘူး။ သေချာပေါက် တွက်နိုင်ရမယ်။ ဒီဆုံမှတ် ၃၆၁ခုကို သေချာပေါက် နိုင်အောင် လုပ်ရမယ်။
နေစမ်းပါအုန်း ဆုံမှတ်တွေ အပြင် နောက်ထပ် အရေးကြီး ကိစ္စ တစ်ခု ရှိသေးတယ်။ ကြယ်ကိုးပွင့်ပဲ။
ကြယ်ကိုးပွင့်ရဲ့ အလယ်မှာ ကောင်းကင်ယွမ် ရှိတယ်။
ဒါကြောင့် ကြယ်တစ်ပွင့်ကို နေရာမှန်အောင် တွက်နိုင်ရင်၊ ကောင်းကင်ယွမ်ကို သေချာပေါက် ရှာနိုင်မှာပဲ။
“ဟုတ်တယ်။ ကြယ်တပွင့်ကို နေရာ ရှာရမယ်။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ အရမ်းကို တောက်ပ လာခဲ့ပြီ။
ကောင်းကင်ယွမ် ရှိတဲ့ နေရာကို တွက်ရတာ ခက်ခဲလွန်းတယ်။ ဒါပေမယ့် ကြယ်တစ်ပွင့်ရဲ့ နေရာကို တွက်ဖို့တော့ သူကြိုးစား ခဲ့တာတွေနဲ့ လုံလောက်တယ်။ သူက အရှေ့တောင်၊ အနောက်မြောက်၊ အနောက်၊ အရှေ့၊ တောင်အရပ် အားလုံးကို ရောက်ခဲ့ ပြီးပြီ။ သူရှိခဲ့တဲ့ နေရာတွေကို တွေးကြည့်ရင်း ကြယ်ကိုးလုံး ရှိတဲ့ နေရာကို သူတွက်ချက် တော့တယ်။
“အခုချိန်မှာ စတွက်နေတာ နောက်ကျလွန်း မနေဘူးလား။” ယွင်ချင်းဝူက သတိပေးတယ်။
“လုံး၀ နောက်မကျဘူး။” ဖန်ကျန်းရှီ ပြန်ဖြေလိုက်တယ်။
“ဟဟား။ အရိပ်အမြွက်လေး ပေးဖို့ လိုသေးလား။” ဖန်ကျန်းရှီ အနားမှာ လာထိုင်ရင်း ယွင်ချင်းဝူ ပြောတယ်။
“မလိုဘူး။”
အခုချိန်မှာ ယွင်ချင်းဝူ အရိပ်အမြွက် ပြောပြမှာကို ဖန်ကျန်းရှီ မယုံဘူးလေ။ အာရုံလွှဲတာလဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် ယွင်ချင်းဝူ ပြောပြရင်တောင် သူနားမလည် နိုင်တာလဲ ဖြစ်နိုင်သေးတယ်။ သူတို့ ကြားမှာ အသိပညာ ကွာခြားချက်က တကယ့်ကို များလွန်း လှတယ်လေ။
မူလတန်း ကလေး တစ်ယောက်က ပါမောက္ခကို နေလမ်းကြောင်း လှည့်ပတ်ပုံ အကြောင်း မေးရသလိုပဲ။ ပါမောက္ခက စိတ်ရှည်ရှည် ရှင်းပြရင်တောင် ကလေးက နားလည်မှာ မဟုတ်ဘူး။ ပညာရှင် စကားလုံးတွေလဲ ပါနေအုန်းမယ်။
နေစမ်းပါအုန်း နေလမ်းကြောင်း အကြောင်း ပြောမယ် ဆိုရင် ကောင်းကင်ကြယ် ၃၆ခု ဗျူဟာက ကောင်းကင်ကြယ်တွေ မဟုတ်လား။ ဒီတော့ ကြယ်တွေကို သုံးပြီး ဆောက်ထားတဲ့ ကျားစေ့ခုံက ဂြိုဟ်ကိုးလုံး လှည့်တာနဲ့ တူမသွားဘူးလား။
“ငါ နားလည်ပြီ။” ဖန်ကျန်းရှီ ရုတ်တရက် ပြုံးလိုက်တော့တယ်။
အပိုင်း (၁၀၁၉) ပြီး၏။
အပိုင်း (၁၀၂၀)
“အလှည့်အပြောင်း။”
..
ကြယ်အလင်းတန်းတွေနဲ့ အတူ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက စတင် တောက်ပလာတော့တယ်။ သူ့မျက်ဝန်းထဲမှာ စကြဝဠာကြီး တစ်ခုလုံး စီးဆင်းနေသလို လင်းလက် လာခဲ့ပြီ။
ရွှေရောင် သင်္ကေတတွေကလဲ သူ့ခန္ဒာကိုယ် တစ်ခုလုံးမှာ စီးဆင်း လာခဲ့တယ်။ သူ့သွေးကြောတွေနဲ့ ရောနှောပြီး ခန္ဒာကိုယ် နေရာ အနှံ့မှာ စတင် ပေါ်ထွက် လာတယ်။ ဒါတွေက တာအိုတွေပဲ။ အရာအားလုံး ဖြစ်တည်မှု တာအိုတွေ။ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေရင်း အမူအယာ ပြောင်းလဲ သွားခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အရှိန်အဝါတွေ ဘယ်လောက်တောင် သန်မာနေမှန်း သူမ ကောင်းကောင်း ခံစားမိတယ်။
“ဒီတော့ အဲ့တာတွေက အရှက်မရှိတဲ့ ကောင်စုတ် နားလည်ထားတဲ့ တာအိုတွေပေါ့။ များလိုက်တာ။” ယွင်ချင်းဝူက များပြားလှတဲ့ ရွှေရောင် သင်္ကေတတွေကို ကြည့်ရင်း ပြောနေခဲ့တယ်။
တာအို တစ်ခုကို နားလည်ဖို့ ဘယ်လောက် ခက်ခဲမှန်း သူမ သိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ နားလည်မှုကတော့ သူမ တွေးတောင် မတွေးဝံ့တဲ့ အနေအထားမှာ ရောက်နေခဲ့ပြီ။ မျက်စိနဲ့ မြင်နေရတဲ့ နေရာတွေမှာတင် တာအိုက အခု ၂၀၀၀ ကျော် ရှိနေခဲ့တယ်လေ။
အခုချိန်မှာ တာအိုတွေကို ထုတ်သုံးဖို့ လိုနေတာ ရှိလို့လား။ ကောင်းကင် ဗျူဟာကို တွက်ချက်တဲ့ အချိန် တာအို အရေအတွက်နဲ့ ဘာမှ လုပ်မရတာကို ယွင်ချင်းဝူ သိတယ်လေ။
“ကောင်းပြီ။ သွားကြစို့။” ယွင်ချင်းဝူ စိတ်ရှုပ်နေ ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ စကားသံ ထွက်ပေါ် လာတော့တယ်။
“နင် အဖြေရ သွားပြီလား။” ယွင်ချင်းဝူ သိလိုစိတ် အပြည့်နဲ့ မေးတယ်။ ချက်ခြင်း ထမရပ်ဘူး။
“ဟုတ်တယ်။ အပြည့်အ၀ အဖြေ ထုတ်နိုင် သွားပြီ။ အခုကနေ စပြီး ကောင်းကင်ယွမ် ဆီကို သွားကြမယ်။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောပြန်တယ်။
ယွင်ချင်းဝူကတော့ ထူးဆန်းတဲ့ အမူအယာနဲ့သာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ နောက်ကို တစ်နာရီခွဲ တိတိ လိုက်ပြီးတဲ့နောက် ဒီဗျူဟာ အကြောင်း နကန်း တစ်လုံးတောင် ဖန်ကျန်းရှီ မသိမှန်း သူမ နားလည်တယ်။
ဒီလို လူက ဘယ်လိုများ ဗျူဟာကို ဖြေရှင်း နိုင်မှာလဲ။
စာမတတ်တဲ့ လူတစ်ယောက်က ကြုံရာ စာအုပ် တစ်ခုကို တစ်ရက် ဖတ်ပြီးတဲ့နောက် တာအို နိယာမ စာမေးပွဲကို ဝင်ဖြေမယ်လို့ ကြေညာ လိုက်သလိုပဲ။ ဒါ့အပြင် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်စေရမယ်လို့လဲ ကြိမ်းဝါးသေးတယ်။
ဘယ်သူက ယုံမှာလဲ။ ယွင်ချင်းဝူကတော့ မယုံဘူး။
ဖန်ကျန်းရှီ အရမ်းကို တက်ကြွ နေတဲ့ အတွက် သူမလဲ နောက်ထပ် မပြောတော့ပဲ စောင့်ကြည့် နေခဲ့တယ်။ ကတိပေးထားတဲ့ အချိန်ထဲမှာ နာရီ ဝက်ကျန်သေးတယ် မဟုတ်လား။
(ဒီအရှက် မရှိတဲ့ ကောင်စုတ် ဘာလှည့်ကွက်တွေ သုံးအုန်းမလဲ ကြည့်ရ သေးတာပေါ့။)
ယွင်ချင်းဝူ ထရပ်ရင်း ဖြေတယ်။ “သွားကြစို့။”
“ငါ မြန်မြန် သွားမှာ မလို့ မျက်ခြေမပြတ် စေနဲ့။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ဆွဲခေါ် လာရင်း ပြောတယ်။
“ငါ နင့်နောက်ကို ကပ်လိုက် နေပါတယ်။” ယွင်ချင်းဝူကတော့ ခါးသက်သက် ပြုံးနေမိတယ်။ လမ်းတစ်လျှောက်လုံးမှာ ဖန်ကျန်းရှီက သူ့ကို အတင်း ဆွဲခေါ် နေခဲ့တာလေ။ သူမလဲ ရွေးစရာ မရှိပဲ ကပ်လိုက် ရတာပေါ့။
“ကောင်းပြီ။ သေချာလိုက်ခဲ့။”
“..”
“နည်းနည်း ကပ်အုန်း။”
…
ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူတို့လဲ နောက်ထပ် ကျားစေ့တွေဆီ သွားဖို့ ဂူပေါက် ကိုးခုနေရာကို ရောက်လာပြန်တယ်။
“ဒီတစ်ခေါက် ဘယ်ဂူကို ရွေးမလဲ။” ယွင်ချင်းဝူ မေးလိုက်တယ်။
“၇ခုမြောက်။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။
“သေချာရဲ့လား။” ယွင်ချင်းဝူ တည်ငြိမ် နေပင်မယ့် လန့်သွားခဲ့တယ်။ သူမ တွက်ထား ခဲ့တာလဲ ၇ခု မြောက်ပဲလေ။ ဒီကောင်စုတ် ရမ်းတုတ်ရင်း မှန်သွားတာလား။
ယွင်ချင်းဝူ လန့်သွားပေမယ့် တည်တည်ငြိမ်ငြိမ်သာ တုံ့ပြန်ခဲ့တယ်။ မလိုအပ်တဲ့ ဘယ်လို လှုပ်ရှားမှုမျိုး ကိုမှ မလုပ်ခဲ့ဘူး။
“ဒါပေါ့။” ဖန်ကျန်းရှီ ပြန်ဖြေရင်း ယွင်ချင်းဝူကို ဆွဲခေါ် လာခဲ့တယ်။
မျက်တောင် တစ်ခတ် အတွင်းမှာာပဲ နောက်တစ်နေရာကို ရောက်လာ ခဲ့ပြန်ပြီ။ နေရာ ပုံစံကတော့ အတူတူပဲ။ ရေသံကတော့ တောင်အရပ်မှာ ရှိနေခဲ့တယ်။ ဖန်ကျန်းရှီလဲ ပြုံးလိုက်တယ်။ သူခန့်မှန်းတာ မှန်သွားပြီ။
ဖန်ကျန်းရှီ ပျော်ပျော်ကြီး သီချင်း စဆိုတော့တယ်။ “ကန်သာယာ ကန်သာယာ မြစ်ကြီး အသွင် ပြောင်းလို့သာ။ အိပ်မက်ကို ကျေး ကျေးဇူးတင်။ ငါကတော့ ပျော်ပျော်ကြီး သီဆိုနေ။ အတောင်ပံသာ ငှားလိုက်ရင် နေမင်း အထိ ပျံတက်မယ်လေ။”
“အဲ့တာ ဘာသီချင်းကြီးလဲ။” ယွင်ချင်းဝူကတော့ ဒီသီချင်းကို ဘယ်တုန်းကမှ မကြားဖူးတဲ့ အတွက် ထူးဆန်း နေမိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အရမ်းကို ပျော်ပျော်ကြီး သီချင်း ဆိုတာနေ အသိအမှတ် ပြုရမှာတော့ အမှန်ပဲ။
“ဖားပြုတ်လေ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။
ယွင်ချင်းဝူကတော့ စိတ်ရှုပ် သွားခဲ့တယ်။
ဖန်ကျန်းရှီလဲ မရှင်းပြ ခဲ့ဘူး။ သီချင်းဆိုရင်း ယွင်ချင်းဝူကို ဂူကိုးပေါက်ဆီ ဆွဲခေါ် လာပြန်တယ်။
“တစ်ခေါက် မှန်ပြီးပြီ။ နင်နောက်တစ်ခေါက် ဘယ်လို မှန်းမလဲ။” ယွင်ချင်းဝူ လေးလေးနက်နက် မေးတယ်။ ဒီတစ်ခေါက်မှာတော့ ဖန်ကျန်းရှီ မမှန် လောက်ဘူးလို့ သူမ ထင်နေခဲ့တယ်လေ။ ဒါပေမယ့် နောက်တစ်ခေါက် သူမကို အံ့သြ စေဖို့လဲ မသိစိတ်က မျှော်လင့် နေမိပြန်တယ်။ ဒီခံစားချက်က ရှုပ်ထွေး လွန်းတယ်။
“ပထမ တစ်ခု။” ဖန်ကျန်းရှီ ပြောရင်း ဆွဲခေါ် သွားတယ်။
“..” ယွင်ချင်းဝူ အရင်လို မတည်ငြိမ် နိုင်တော့ဘူး။ သူမ လက်ဖဝါးတွေ ချွေးစို နေခဲ့ပြီ။ ဖန်ကျန်းရှီ နှစ်ခေါက် ဆက်တိုက် မှန်သွားပြီ။ ဒါ့အပြင် ကိုးခုထဲက တစ်ခုကို မှန်အောင် ရွေးနိုင်တာပဲ။
မဖြစ်နိုင် လိုက်တာ။ ပထမ တစ်ခေါက် မှန်တာကို တိုက်ဆိုင်မှုလို့ လက်ခံ နိုင်ပေမယ့်၊ ဒုတိယ တစ်ခေါက်ကိုတော့ မရဘူး။ လုံး၀ မဖြစ်နိုင်ဘူး။
တစ်နာရီ အတွင်းမှာ ဒါကို သူဘယ်လိုများ နားလည် သွားရတာလဲ။ ဆုံမှတ်ပေါင်း ၃၆၁ခုကို ရွေးချယ်စရာက ကိုးခု ရှိနေတာလေ။
ယွင်ချင်းဝူ သုံးခေါက်တည်းနဲ့ မှန်အောင် တွက်နိုင်မယ် ဆိုတာက ဂူထဲ မဝင်ခင် အပြင်တည်းက လေ့လာ ထားခဲ့လို့ပဲ။
ဒါ့အပြင် သုံးခေါက် ကြိုးစား ရမယ် ဆိုတာက သူမ ရောက်နေတဲ့ နေရာကို အတိအကျ သိရအောင် တွက်ချက်နိုင်မှာကို ပြောချင်ခဲ့တာ။ ကောင်းကင်ယွမ် နေရာကို သုံးခေါက်တည်းနဲ့ သိနိုင်မယ်လို့ ပြောချင်တာ မဟုတ်ခဲ့ဘူး။
နန်ကုန်းမုလဲ နှစ်နာရီ အချိန်အတွင်းမှာ ရအောင် တွက်နိုင်မှာကို သူမ သေချာသိတယ်။ နန်ကုန်းမု အပြင်ဘက်မှာ ဗျူဟာကို လေ့လာထားမှန်း သူမ မြင်ခဲ့တယ်လေ။
ဖန်ကျန်းရှီကတော့ ထူးခြားတယ်။
အပြင်ဘက်မှာ ဘာမှ မလေ့လာခဲ့ပဲ နန်ကုန်းမုကို တိုက်ခိုက်ဖို့သာ သူလုပ်ခဲ့တယ်။ ဒီလို လူက ဘယ်လိုများ ဗျူဟာကို တွက်နိုင်မှာလဲ။ ဖြစ်ကိုမဖြစ် နိုင်တဲ့ ကိစ္စပဲ။
ဗျူဟာတွေကို အရမ်း ကျွမ်းကျင်တဲ့ မော့ရှန်းရှီလို လူတောင် မလေ့လာထားရင် နှစ်နာရီ အတွင်း တွက်နိုင်မှာ မဟုတ်ဘူး။ ဒီဗျူဟာက ရှုပ်ထွေး လွန်းတယ်လေ။
“တိုက်ဆိုင်တာပဲ ဖြစ်ရမယ်။ ဖြစ်နိုင်ချေက နည်းလွန်းတယ်လေ။” ယွင်ချင်းဝူ ကိုယ့်ကိုယ်ကို နှစ်သိမ့် နေခဲ့တယ်။
ရေစီးသံတွေကို တောင်အရပ်ကနေ ထပ်ကြား လိုက်ရတယ်။
“ဟဟား။ ဟား။” ဖန်ကျန်းရှီ အူလှိုက် သည်းလှိုက် ရယ်မောရင်း ဖားပြုတ်လေး သီချင်းကို ဆိုပြန်တယ်။
“အံ့ဖွယ်တွေကို ငါယုံကြည် လာ လာ့ လာ့လာ။”
“..”
ဖန်ကျန်းရှီ သီချင်းဆိုရင်း ဂူကိုးပေါက်ကို တွေ့သွားပြန်တယ်။
“ဒီတစ်ခေါက် ဘာကို ရွေးမလဲ။” ယွင်ချင်းဝူ ဂူတွေကို မကြည့်ပဲ ပတ်ဝန်းကျင်ကို အကြည့်လွှဲ ထားခဲ့တယ်။ ဖန်ကျန်းရှီက သူမ အကြည့်ကြောင့် ဂူတွေကို မှန်အာင် ရွေးနိုင် နေတယ်လို့ သူမ သံသယ ဝင်နေခဲ့လို့ပဲ။
မဟုတ်ရင် ဘာဖြစ်လို့ ကပ်လိုက် ခိုင်းမှာလဲ။ ဟုတ်တယ်။ ဒီလိုပဲ ဖြစ်လိမ့်မယ်။ သူမ ဘယ်လောက်ပဲ တည်ငြိမ် နေပါစေ၊ ဖန်ကျန်းရှီ အနားကို အရမ်း ကပ်နေရင်၊ သူက သေချာပေါက် တစ်ခုခုကို ခန့်မှန်း မိမှာပဲ။
သူမဆီက ဘယ်လို သဲလွန်စမှ မရစေ ရဘူး။ သေချာပေါက် ထူးထူးဆန်းဆန်းတွေ လုပ်ရမယ်။
“ဟဟား။ သီချင်းလေးက အရမ်းကောင်းတော့ ငါ ကချင်လာပြီ။ ငါနင့်ကို ကပြမယ်လေ။”
“ကပြမယ်။” ဖန်ကျန်းရှီကတော့ အထူးအဆန်း မြင်သလို ကြည့်နေခဲ့တယ်။
ယွင်ချင်းဝူ ဘာလုပ်ချင် နေတာလဲ။ သူ့သီချင်းက ကဖို့ ကောင်းလို့လား။
“ဟုတ်တယ်။ ငါ။”
“မလုပ်နဲ့ သွားကြစို့။” ယွင်ချင်းဝူကို တားလိုက်ပြီး ဖန်ကျန်းရှီ ဆွဲခေါ် လာတယ်။
“၈ခုမြောက် ဂူလား။” ယွင်ချင်းဝူ တကိုယ်လုံး တုန်ယင် သွားတယ်။
“ဘာဖြစ်လို့လဲ။ လွဲနေလို့လား။”
“မ မဟုတ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။ သူမရဲ့ ခံစားချက်တွေက အရမ်းကို ရှုပ်ထွေး နေခဲ့ပြီ။ ဖန်ကျန်းရှီ နောက်တစ်ခေါက် မှန်သွား ပြန်ပြီလေ။
သုံးခေါက် ဆက်တိုက် မှန်အောင် ဘယ်လိုတောင် ဖြစ်နိုင် ရတာလဲ။ ဖြစ်နိုင်ချေတွေကို မသိပေမယ့်၊ မဖြစ်နိုင်မှန်းတော့ သိတယ်။ အမှန်တရားကတော့ သူမကို ခါးသီးအောင် လုပ်နေပြီ။
ဖန်ကျန်းရှီက မယုံနိုင်စရာ ကောင်းလောက်အောင် လုပ်ပြ နေတာပဲ။ ယွင်ချင်းဝူနဲ့ နောက်တစ်နေရာကို ရောက်သွား ချိန်မှာလဲ သူမှန်အောင် ရွေးချယ် ခဲ့တယ်။ လေးကြိမ်မြောက် မှန်တယ်။ ငါးကြိမ်မြောက် ထပ်မှန်တယ်။ ခြောက်ကြိမ်မြောက်လဲ မှန်သွားတယ်။
…
ဖန်ကျန်းရှီ ဘယ်နှစ်ခေါက် မှန်နေမှန်းတောင် ယွင်ချင်းဝူ မရေမတွက် နိုင်တော့ဘူး။ ဒါပေမယ့် လုံး၀ မတူတော့တဲ့ နေရာကို ရောက်နေမှန်းတော့ ပြောနိုင်တယ်။
ရှုခင်းက ထပ်တူညီ နေပင်မယ့်၊ ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကတော့ ပြောင်းလဲ နေတယ်။ သိပ်ပြီး မထင်ရှား ပေမယ့်၊ ကြယ်တွေကိုတော့ လူတိုင်း ကောင်းကောင်း မြင်နိုင်တယ်လေ။
“ကြယ်တွေရဲ့ နေရာကို အရှက်မရှိတဲ့ ကောင်စုတ် တွေ့သွားတာပဲ။” ယွင်ချင်းဝူ ငြိမ်ငြိမ်လေး မရပ်နိုင် တော့ဘူး။ မောပန်း နေတာကြောင့် မဟုတ်ပဲ ဖန်ကျန်းရှီရဲ့ လုပ်နိုင်စွမ်းကို မယုံနိုင် ဖြစ်နေတာကြောင့် သူမ တုန်လှုပ် နေခဲ့တယ်။
“ဘယ်လိုများ လုပ်လိုက်တာလဲ။”
ကြယ်တွေ နေရာတောင် မကြည့်လာတဲ့ ဘာသဲလွန်စမှ မရှိတဲ့ သူက ဘယ်လိုများ အဖြေကို တွေ့ သွားတာလဲ။
အစတည်းက ဒီဗျူဟာ အကြောင်းကို သိနေပြီး မသိချင်ယောင် ဆောင်နေတာလား။ မဖြစ်နိုင်ဘူး။ ယွင်ချင်းဝူ ခေါင်းထပ်ခါ မိတယ်။ ဖန်ကျန်းရှီက ဟန်ဆောင်နေစရာ မလိုအပ် ခဲ့ဘူးလေ။ ဟန်ဆောင် နေမယ် ဆိုရင် အစတည်းက လောင်းကြေး ထပ်ခဲ့မှာ မဟုတ်ဘူး။
“ကြယ်ရဲ့ နေရာကို ငါတွေ့ပြီ။ ကောင်းကင်ယွမ်ကို မကြာခင် ရောက်တော့မယ် မဟုတ်လား ယွင်ချင်းဝူ။” ဖန်ကျန်းရှီက ခေါင်းမော့ကြည့်ရင်း မေးလိုက်တယ်။
“အင်း ထင်တာပဲ။” ယွင်ချင်းဝူ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်ရင်း ပြောတယ်။ ဒါပေမယ့် စိတ်ထဲမှာ မေးခွန်းတွေ ပြည့်နှက် နေတာကြောင့် ဖြောင့်ဖြောင့်တန်းတန်း မဖြေနိုင် ခဲ့ဘူး။
ကိုယ့်ကိုယ်ကိုလဲ တည်ငြိမ်အောင် မလုပ်နိုင် ခဲ့ဘူး။ သူမ ရှုံးတော့မယ်လို့ အာရုံတွေ ကြိုရနေတယ်။ ဒါ့အပြင် အကြောင်းအရင်းကို မသိပဲ ရှုံးရတော့မယ်။
ပြီးရင် ဖန်ကျန်းရှီကို မြေပုံ ရှစ်ခုရဲ့ တည်နေရာ ပြောပြ လိုက်ရမယ်။
မဖြစ်ဘူး။
ကြယ်တွေကို ဖန်ကျန်းရှီ ရှာတွေ့ ရင်တောင် ကောင်းကင်ယွမ်ရဲ့ နေရာကိုတော့ တွေ့ နိုင်မှာ မဟုတ်ဘူး မလား။
ကောင်းကင်ယွမ်ကို မရောက်ခင် သုံးချီ ကျန်သေးတယ်။ နောက်ထပ် တိုက်ဆိုင်တာတွေ ရှိတော့မှာ မဟုတ်ဘူး။ သူသေချာပေါက် အမှားလုပ်မိ မှာပဲ။
“သွားကြစို့။” ယွင်ချင်းဝူ ချွေးပျံနေတာကို ကြည့်ရင်း ဖန်ကျန်းရှီကတော့ ပျော်နေခဲ့ပြီ။ သူသီချင်းကို ပိုပြီး ကျယ်ကျယ်လောင်လောင် အော်ဆိုတော့တယ်။
ယွင်ချင်းဝူကတော့ မြေပြင်မှာ အမြစ်တွယ် နေတဲ့ အတိုင်း ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို မကြားနိုင် ဖြစ်နေ ခဲ့တယ်။
နောက်ဆုံးမှာတော့ သတိ လက်လွတ် ဖြစ်နေတဲ့ ယွင်ချင်းဝူကို ဖန်ကျန်းရှီက ၇ခုမြောက် ဂူပေါက်ဆီ ဆွဲခေါ် သွားခဲ့တော့တယ်။
“-ျီးပဲ။ ဒီကောင် နောက်တစ်ခေါက် မှန်တော့မှာလား။” ယွင်ချင်းဝူ တုန်ယင်တဲ့အသံနဲ့ ခပ်တိုးတိုး ပြောမိတယ်။ သူမရဲ့ နဖူးမှာတော့ ချွေးတွေ သီးနေခဲ့ပြီ။
အပိုင်း (၁၀၂၀) ပြီး၏။