← Chapters

အပိုင်း (၁၀၂၁-၁၀၃၀)

Vol. 11 Ch. 1021-1030

အပိုင်း (၁၀၂၁-၁၀၃၀)

Vol. 11 Ch. 1021-1030

အပိုင်း (၁၀၂၁)

“ကောင်းကင်ယွမ်ကို တိုက်ရိုက် ဝင်ရောက်ခြင်း။”

…

ကောင်းကင်ယွမ်နဲ့ ကြယ်တွေ ကြားမှာ သုံးချီသာ ကျန်တော့ပါတယ်။

ဖန်ကျန်းရှီက အခုချိန်မှာ ပထမ အချီကို အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်ခဲ့ပြီ။ အကယ်၍ အားလုံးသာ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် နောက်ထပ် ရွေးချယ်မှု နှစ်ခု မှန်ကန်တာနဲ့ ကောင်းကင်ယွမ်ကို တိုက်ရိုက် ရောက်သွား ပါလိမ့်မယ်။

(ကောင်းကင်ယွမ်ကို တိုက်ရိုက်သွားမယ်။) ယွင်ချင်းဝူ နည်းနည်းတော့ လန့်သွား ခဲ့တယ်။ အစောပိုင်းတုန်းက ပြောခဲ့ရင်တော့ ဒီကောင် အရှက်မရှိ မျက်နှာပြောင် တိုက်ပြန်ပြီလို့ သူမ တွေးမိမှာ အမှန်ပဲ။ အခုတော့ သူမ အတွေး ပြောင်းသွား ခဲ့ပြီ။

ဖန်ကျန်းရှီက သူ့လုပ်ရပ်တွေနဲ့ သက်သေ ပြခဲ့ ပြီးပြီ။ ဒါ့အပြင် ပြီးပြည့်စုံတဲ့ ဒီဖြစ်စဉ်မှာ အမှားကို သူမ ရှာမတွေ့ ခဲ့ဘူး။

အရေးအကြီးဆုံးကတော့ သူဘယ်လို လုပ်နိုင်သွားမှန်း သူမ စဉ်းစားမရနိုင်တာပဲ။

(ဘယ်လိုများ ဒီလို ပြောင်းလဲ သွားတာလဲ။) ယွင်ချင်းဝူ ခေါင်းခြောက်အောင် စဉ်းစားချိန်တောင် မရသေးဘူး။ ဖန်ကျန်းရှီက သူမကို နောက်ထပ် ဆွဲခေါ် သွားပြန်ပြီ။

ဖန်ကျန်းရှီလဲ နောက်တစ်ခေါက် လမ်းမှန်ကို ရွေးမိပြန်တယ်။ နောက်ဆုံး တစ်ခေါက်သာ မှန်သွားရင်၊ သေချာပေါက် ကောင်းကင်ယွမ်ဆီ ရောက်ပြီ။

“မင်း မသိချင်ဘူးလား။” ဖန်ကျန်းရှီ ရုတ်တရက် လှည့်လာရင်း မေးလိုက်တယ်။ ယွင်ချင်းဝူကို မေးလိုက်တယ်။

“သိချင်တယ်။” ယွင်ချင်းဝူ အံကြိတ်ရင်း ဝန်ခံ လိုက်ပြီ။ သူမ လုံး၀ အရှုံးကို မလိုလားသလို ဘယ်လောက် လန့်နေကြောင်း ဖော်ပြရမှာ ကိုလဲ မကြိုက်ဘူး။ ဒါပေမယ့် သိချင်လွန်း နေတဲ့ အတွက် ခေါင်းငြိမ့် လိုက်မိတယ်။

ကောင်းကင်ယွမ်က အနားကို ရောက်နေပြီလေ။ သူမ ရှုံးသွားပြီ။ လုံးဝကို အနိုင်ပိုင်း ခံလိုက် ရပြီ။

“မင်း တကယ် သိချင်တာလား။” ကောင်းကင်ကို ကြည့်ပြီး အချိန်ကို တွက်ချက်ရင်း ဖန်ကျန်းရှီ ထပ်မေးတယ်။

“တကယ် သိချင်တယ်။” ယွင်ချင်းဝူ နောက်တစ်ကြိမ် ခေါင်းငြိမ့် လိုက်ပြန်တယ်။

ဒါကို ကြားချိန်မှာတော့ ဖန်ကျန်းရှီလဲ ကျေကျေနပ်နပ်ကြီး ခေါင်းငြိမ့်ရင်း ရက်ရက်ရောရော ပြောတော့တယ်။

“ကောင်းပြီလေ။ မင်းက စပ်စုချင်နေ မှတော့ ပြောပြ ရတာပေါ့။”

“အပေးအယူ မရှိတော့ဘူးလား။” ယွင်ချင်းဝူ နည်းနည်းတော့ အံ့သြ နေခဲ့တယ်။ ဖန်ကျန်းရှီကို သူမ နားလည် ထားသလောက် အရဆိုရင်၊ သူမ သိချင် နေတာကို အခွင့်ကောင်း ယူပြီး ဈေးကြီးကြီးနဲ့ ဈေးခေါ်မှာပဲလေ။

အခုတော့ ဖန်ကျန်းရှီက ဘာမှ မလိုချင်တဲ့ ပုံစံ ပေါ်နေတဲ့ အတွက် သူမ အံ့သြ နေမိတယ်။

“မင်း ငါ့ကို ဘာများ ထပ်ပေး နိုင်မှာလဲ။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို စိုက်ကြည့်ရင်း ပြောတယ်။ သူ့မျက်နှာမှာ (မင်းက ငါ့ရဲ့ ဓားစာခံ ဖြစ်နေပြီ။ မင်းမှာ ဘာမှ မရှိတော့ဘူး။ ငါ့ကို ဘာများပေးနိုင်မှာလဲ)လို့ ရေးထားသလို အထင်းသား ပေါ်နေခဲ့တယ်။

“..” ယွင်ချင်းဝူ မျက်လုံး အပြူးသား ဖြစ်သွားတယ်။ မကြာခင်မှာပဲ သူမ ပြုံးလိုက်ပြီးနောက် ပြန်ဖြေတယ်။ “ဟုတ်တယ်။ ငါက အခုချိန်မှာ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ရဲ့ ခေါင်းဆောင် မဟုတ်တော့ဘူး။ နင့်ကို ဘာများ ပေးနိုင်မှာလဲ။“

“တကယ်တော့ ပေးနိုင်တာ တစ်ခုတော့ ရှိတယ်။”

“ဘာကိုလဲ။”

“ငါ့ရှေ့မှာ ရေချိုးတာမျိုးပေါ့။ မင်းကိုယ်မင်း ပြန်ကြည့်လိုက်အုန်း။ တကိုယ်လုံး ချွေးတွေ ရွဲနစ် နေတာပဲ။ ကောင်းကင်ယွမ်ကို ဒီလိုမျိုး ဝင်တာက နတ်ဘုရားတွေကို မလေးစားရာ ရောက်လိမ့်မယ်။”

“အရှက်မရှိလိုက်တာ။” ယွင်ချင်းဝူက သူ့ကို ဆူပူတော့တယ်။ အဲ့ဒီ့နောက် သူမရှေ့မှာ စီးဆင်းနေတဲ့ ရေကန်ကို တစ်ချက် ကြည့်လိုက်တယ်။ စီးဆင်းနေတဲ့ ရေတွေက တကယ့်ကို ကြည်လင်လွန်း လှတယ်။ ယွင်ချင်းဝူကလဲ မောပန်းမှုကြောင့် တကိုယ်လုံး ချွေးတွေ စိုရွဲနေတာ အမှန်ပဲ။

“ဟဟား။ သွားကြစို့။” ဖန်ကျန်းရှီက အများကြီး စိတ်ထဲ မထားခဲ့ဘူး။ အရှေ့ကို ကြည့်ပြီးနောက် ယွင်ချင်းဝူကို ဆွဲခေါ် သွားတော့တယ်။

“စောင့်အုန်း။” ယွင်ချင်းဝူ မလှုပ်ရှား ခဲ့ဘူး။

“ဘာဖြစ်လို့လဲ။”

“နင်ပြောတာ မှန်တယ်။ ကောင်းကင်ယွမ်ကို ငါတို့ မကြာခင် ရောက်တော့မှာ၊ လက်ရှိ အခြေအနေ အတိုင်း သွားရင် နတ်ဘုရားတွေကို မလေးစားရာ ရောက်လိမ့်မယ်။”

“တကယ်ကြီးလား။” ဖန်ကျန်းရှီ အံ့သြ သွားခဲ့တယ်။ သူက ဟာသ ပြောလိုက်ပေမယ့်၊ ယွင်ချင်းဝူက တကယ်ကြီး အတည်မှတ်ပြီး သူ့ရှေ့မှာ ရေချိုးတော့မှာလား။

(ဒီလောက် လုပ်ဖို့ လိုလို့လား။ ငါ့စိတ်ကိုငါ မပြင်ဆင် ရသေးဘူး။)

“ဟုတ်တယ်။” ယွင်ချင်းဝူ နောက်ထပ် မပြောတော့ဘူး။ ရေကန်ထဲကို ခုန်ချ သွားခဲ့တယ်။ ဒါပေါ့။ ယွင်ချင်းဝူ အဝတ်အစားတွေကို မချွတ်ခဲ့ဘူး။ ဖန်ကျန်းရှီကို ကျောခိုင်းထားတဲ့ အတွက် သူမရဲ့ အမူအယာကိုတောင် သူမမြင်ခဲ့ရဘူး။

ယွင်ချင်းဝူ တကိုယ်လုံး ရေစို သွားခဲ့တဲ့ အတွက် သူမရဲ့ ပြီးပြည့်စုံတဲ့ ကောက်ကြောင်းတွေက အခုချိန်မှာ အထင်းသား ပေါ်နေခဲ့ပြီ။

“စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ။” ဖန်ကျန်းရှီကတော့ အပြည့်အ၀ မြင်ချင် နေခဲ့တယ်။

“နင်ဘယ်လို လုပ်ခဲ့လဲ ဆိုတာ ပြောပြလို့ ရပြီလား။” ယွင်ချင်းဝူ မျက်နှာ သစ်နေရင်း မေးလိုက်တယ်။ သူမ အခုချိန်မှာ မူလ အချိန်တွေကလို စိတ်အေး လက်အေး ဖြစ်နေပြီမှန်း အသံကြားရုံနဲ့ သိနိုင်တယ်။

“တကယ်တော့ အရမ်း ရိုးရှင်းပါတယ်။ ဒါက နက္ခတ်ဗေဒပဲ။” ဖန်ကျန်းရှီ ရေကန်ဘေးက ကျောက်တုံးပေါ်မှာ ထိုင်ချပြီးနောက် သူချက်ခြင်း လှဲအိပ်တော့တယ်။

ယွင်ချင်းဝူကတော့ တစ်ချက် တုန်ယင်သွားတယ်။

“နက္ခတ်ဗေဒ”

“ဟုတ်တယ်”

“ဒါပဲလား။”

“ဘာထပ် ရှိရ အုန်းမှာလဲ။ နက္ခတ်ဗေဒကို အခြေခံပြီး တွက်တာလို့ မင်းကို ပြောပြီးပြီလေ။ ကျန်တာ ကိုယ့်ဘာကိုယ် တွေးပေါ့။ မင်းက အရမ်းထက်မြက်တဲ့သူ မဟုတ်လား။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ရဲ့ အရှင်သခင်ငယ်က ဘယ်လိုများ ဒီလောက် လွယ်လွယ်လေးကိုတောင် မတွေးတတ် ရတာလဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။ ယွင်ချင်းဝူက သူ့ကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့တယ်လေ အခုတော့ ပြန်ဖိဖို့ အချိန် ကျပြီ။

“..” ယွင်ချင်းဝူကတော့ ပါးစပ် ပိတ်သွားခဲ့တယ်။ ယွင်ချင်းဝူရဲ့ ရေထဲမှာ လှုပ်ရှားမှုက ပိုပိုပြီး ပြင်းထန်လာတယ်။ သူမက ရေကို ထုရိုက်ရင်း စိတ်ရှိတိုင်း လှုပ်ရှားနေတယ်။

ဖန်ကျန်းရှီကတော့ စိတ်ထဲ သိပ်မထားဘူး။ ယွင်ချင်းဝူ ပေါက်ကွဲ နေတာကိုသာ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူကိုယ်တိုင်တောင် မသိလိုက်ပဲ ပြုံးမိသွားတယ်။

စောင်း စစ်တုရင် လက်ရေးလှ ပန်းချီ အနုပညာ လေးခု။ ဖန်ကျန်းရှီ ဒါတွေကို သိပ်နားမလည်ဘူး။ စစ်တုရင်(ကျားကွက်)တွေ အကြောင်းကို ယွင်ချင်းဝူ ပြောတဲ့ အချိန်တုန်းက ဘယ်လို လုပ်ရမလဲ ဆိုတာ သူတကယ့်ကို သဘောမပေါက်နိုင် ခဲ့ဘူး။ နက္ခတ်ဗေဒမှာလဲ မကျွမ်းကျင် ပေမယ့်၊ အနုပညာ လေးခုထက်တော့ ပိုပြီး နားလည် ပါသေးတယ်။

အရင်ဘဝမှာ နက္ခတဗေဒ အပြင် အာကာသကို လေ့လာအတဲ့ အတတ်ပညာတွေတောင် ရှိနေတယ်လေ။ ကောင်းကင်ယွမ်က ကျားစေ့ခုံရဲ့ အလယ်တည့်တည့်မှာ ရှိတယ်။ ဒါပေမယ့် နက္ခတ် အရတော့ နောက်ထပ် အဓိပ္မာယ် တစ်မျိုး ရှိနေတယ်။

မြောက်ပိုင်းကြယ်ကို ကိုယ်စားပြုတဲ့ ကောင်းကင်ကြယ်က တခြား ကြယ်တွေရဲ့ နေရာကို ရှာနိုင်ဖို့ အဓိက အချက်အချာပဲ။ ရှေးဟောင်း စာပေတွေထဲမှာ ကောင်းကင်ယွမ် ကြယ်ပွင့် အကြောင်းကို ရှေးရှေးတည်းက မှတ်တမ်းတင် ထားတယ်။

မင်းဆက် တစ်ဆက်ကို တည်ထေင်မယ့် သူက အစပိုင်းမှာ အရမ်းကို သတိထားရတယ်။ ပြက္ခဒိန်၊ အဝတ်အစား အရောင်၊ သယ်ယူရေး ပစ္စည်းတွေနဲ့ အလံတွေ အားလုံးကို ပြောင်းလဲ ရတယ်။ (ကောင်းကင်ယွမ်) ရှိတဲ့ နေရာကိုလဲ တွက်ချက်ပြီး အခြေချရ သေးတဲ့ အပြင် ကောင်းကင် ဆန္ဒကိုလဲ လေးစားရသေးတယ်။

ဒါကြောင့် ကောင်းကင်ယွမ်က ဒီလောကမှာ ဆိုရင် ကနဦး အခြေခံ အရင်းအမြစ် တစ်ခု ဖြစ်နေတာ မဆန်းဘူး။ ကြယ်တွေရဲ့ နေရာကို ချိန်ဆရင်း ကောင်းကင်ယွမ်ရဲ့ နေရာကို ဖန်ကျန်းရှီ တွက်ချက် နိုင်ခဲ့တယ်။ သူလိုအပ်တဲ့ သွားရမယ့် နေရာကိုလဲ ခန့်မှန်း နိုင်ခဲ့တယ်။

လိုတဲ့ နေရာတွေကို သေချာ ကြည့်ပြီးတဲ့နောက် သရဲတာအို မျက်လုံးတွေကို ဖွင့်ရင်း အပေါ်စီးကနေ ကြယ်၃၆လုံး တည်ရှိမှုကို သူလေ့လာ ခဲ့တယ်လေ။ ဘယ်လိုလုပ် မှားနိုင်မှာလဲ။

“ငါ သိပြီ။ ကောင်းကင်ယွမ်ရဲ့ တည်နေရာကို နင်က တွက်ချက်ပြီး နေရာကို သရဲတာအိုနဲ့ ရှာလိုက်တာ မဟုတ်လား။” အချိန် အကြာကြီး တိတ်ဆိတ် နေပြီးတဲ့နောက် ယွင်ချင်းဝူ ရုတ်တရက် ပြောလာတော့တယ်။

နက္ခတ်တာရာတွေက ကြယ်တွေကို အခြေခံ ထားတယ်။ ဖန်ကျန်းရှီက စကားလုံး တစ်ချို့ကိုသာ ပြောလိုက်ပေမယ့် ယွင်ချင်းဝူကတော့ ချက်ခြင်း နားလည် သွားခဲ့တယ်။ ဒါပေမယ့် သူမ အမှန်တရားကို သိပြီးတာတောင် လန့်နေတာတော့ အမှန်ပဲ။

ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ နီးပါး လန့်နေခဲ့တယ်။

(ငါ့ကို လာနောက် နေတာလား။ သူက ဒီလိုကြီး သိသွားတယ်ပေါ့။” ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေကို ဖန်ကျန်းရှီ စူးစိုက်ပြီး ကြည့်တယ်။ အဲ့ဒီ့နောက် သူမရဲ့ မျက်နှာ လှလှတွေကို ကြည့်ပြီးတဲ့နောက် အောက်ကို ဆက်ကြည့်တယ်။

“အမ်။”

“မင်း ကိုယ့်ကိုယ်ကို မတော်တဆ ပြမိ နေသလိုပဲ။”

“..” ယွင်ချင်းဝူကတော့ တောင့်တင်း သွားခဲ့တယ်။ နှင်းလို ဖြူဖွေးနေတဲ့ မျက်နှာက ရဲရဲနီ သွားတယ်။ အဲ့ဒီ့နောက် သူမ ဆက်ပြောတယ်။ “ဖန်ကျန်းရှီ နင် နင် အရှက်မရှိတဲ့ ကောင်။”

…

ယွင်ချင်းဝူ အဝတ်အစား အခြောက်တွေ ပြန်လဲ ပြီးတဲ့နောက် ဖန်ကျန်းရှီ ရှေ့မှာ ရပ်နေခဲ့တယ်။ ဒါပေမယ့် သူမ မျက်နှာတွေ နီရဲ နေတာတော့ မပျောက်သေးဘူး။ ဖန်ကျန်းရှီလဲ အခုချိန်မှာ ပါးစပ်ပိတ် နေခဲ့တယ်။

“သူက သူ့ဘာသူ လှည့်လာတာလေ။ ငါ့က ဘာဖြစ်လို့ အပြစ်တင် ခံရမှာလဲ။”

“မိန်းမတွေက ထူးဆန်းတယ်။”

သူ့ကိုယ်သူ မသန့်စင်တဲ့ အတွေးတွေ မဝင်လာအောင် အချိန်မှီ ထိန်းချုပ်နိုင် ခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် သူလဲ ဒီကိစ္စကနေ အကျိုးအမြတ် ယူမိတာမျိုး ဖြစ်လာနိုင်တာပေါ့။

“သွားကြစို့။ ကောင်းကင်ယွမ်ကို ဝင်ပြီးရင်၊ ကိုယ့်စကားကိုယ်တည်။ ကျန်တဲ့ ကောင်းကင်လက်ခံ မြေပုံ ၈ခု ရှိတဲ့ နေရာကို ပြောပြ။” ဖန်ကျန်းရှီက ယွင်ချင်းဝူ လက်ကို အရင်လို ကိုင်လိုက်တယ်။

“ဒါကို စိတ်ပူဖို့ မလိုပါဘူး။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း မျက်နှာ တစ်ဖက် လွှဲသွားခဲ့တယ်။ ဒါပေမယ့် သူ့လက်ကိုတော့ ကိုင်ခွင့် ပြုထားဆဲ။

ဖန်ကျန်းရှီလဲ နောက်ထပ် မေးခွန်း မထုတ်တော့ဘူး။ ယွင်ချင်းဝူ အကြောင်းကို ကောင်းကောင်း သိတယ်လေ။ သူမက ကိုယ့်စကားကိုယ် တည်တဲ့သူ။

ဒီနေရာမှာတော့ ယွင်ချင်းဝူက အမှန်တရား ဘက်တော်သား သူရဲကောင်း တစ်ယောက်လိုပဲ။ ဖန်ကျန်းရှီကတော့ ဘယ်တော့မှ ကတိမတည်တဲ့ လူတစ်ယောက်။ ဒီလို လုပ်ရတာကိုလဲ သူကြိုက်တယ်လေ။

(အဖြူဖြစ်ဖြစ် အမည်းဖြစ်ဖြစ်၊ ကြွက်ကောင်းကောင်း ဖမ်းနိုင်တဲ့ ကြောင်က တော်တဲ့ ကြောင်ပဲ။) တိန့်ရှောင်ဖိန်ရဲ့ ခံယူချက်ကို ရှင်းလင်းခဲ့တဲ့ စကား တစ်ခုပါ။ ရလဒ်ကောင်းသာ ထွက်နိုင်တဲ့ ဘယ်နည်းလမ်း မဆို နည်းလမ်းကောင်းလို့ သတ်မှတ်နိုင်တယ်။

(ဒီစကားကို မကြိုက်ဘူးလား။ ဒါဆိုရင် ငါ့ကို လာကိုက်လေ။) ဒါကတော့ ဖန်ကျန်းရှီရဲ့ စိန်ခေါ်မှုပဲ။

“ကောင်းကင်ယွမ်။ အလယ်တည့်တည့်က နေရာ။ ရှုပ်ထွေးပြီး ထူးဆန်းတဲ့ နေရာကို ဝင်ဖို့ သွားရမှာတောင် သူက ရေချိုးပြီး အဝတ်အစား လဲလိုက် သေးတယ်။ ငါက နည်းနည်းလောက် ပိုမျှော်လင့် မိရုံပါပဲ။ ကောင်းကင်ယွမ်ထဲမှာ ဘာတွေ ရှိနေနိုင်လဲ။” သူ့ရှေ့က ဂူကိုးလုံးကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးနေမိတယ်။ ဒီဂူထဲမှာ တစ်ခုက ကောင်းကင်ယွမ်ဆီ တိုက်ရိုက်ရအောင် ပို့ပေးမှာမှန်း သူသိတယ်လေ။

အထဲကိုတော့ သူဘာမှ မမြင်နိုင် ခဲ့ဘူး။ အကယ်၍ သူသာ မှန်မယ်ဆိုရင် အထဲမှာ အတားဆီး တစ်ခုတော့ ရှိနေလိမ့်မယ်။ သရဲတာအိုနဲ့တောင် ထွင်းဖောက် မမြင်နိုင်တဲ့ အထိ အင်အားကြီးတဲ့ အရာတစ်ခု ရှိနေလိမ့်မယ်။

(အထဲမှာ တကယ် ဘာရှိ နေမှာလဲ။)

သူဖျက်ဆီးခဲ့တဲ့ ကျောက်ဖျာမှာတော့ ကောင်းကင်ကို ဖာထေးတဲ့ အကြောင်း မှတ်တမ်းတင်ထားတယ်။ မြေပြင်မှာတော့ အာကာသထဲက ကျောက်တုံးတွေ သံကြိုးတွေ ရှိနေတယ်။ ဒါတွေ အားလုံးက ကျောက်တုံး နန်းတော်ထဲမှာ ရောက်နေရတာ သေချာပေါက် ချိတ်ဆက်မှု ရှိနေလိမ့်မယ်။

ဒဏ္ဍာရီ အရဆိုရင် နွီဝါး မယ်တော်က ကောင်းကင် ကပ်ဆိုးကြီးကို တိုက်ခိုက် ပြီးတဲ့နောက် အာကာသ အပြင်ဘက်ကို ချိတ်ပိတ်ခဲ့တယ်။

ဘယ်သူက ဒီအရာတွေကို ပြန်ခေါ်နိုင်တဲ့ အစွမ်း ရှိမှာလဲ။ အရေးအကြီးဆုံး ကတော့ ဒီအထဲကို ဝင်လာတဲ့ နတ်သခင်တွေ အားလုံးက ဒါတွေကို မသိဘူး။ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အတိုင်းသာ သူတို့ တုံ့ပြန်ကြတယ်။

အာကာသထဲမှာ ရှိနေတဲ့ ဒီအရာတွေကို ရှေးဟောင်း တိုက်ပွဲရဲ့ နတ်သခင်တွေ မသိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ့အပြင် ထူးဆန်းတဲ့ စွမ်းအားတွေလဲ ဒီနေရာမှာ ရှိနေ သေးတယ်။

မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေက ဖန်ကျန်းရှီကို သိလိုစိတ် ပြင်းပြလာစေခဲ့ ပါတယ်။

ကောင်းကင်ယွမ်ထဲကို ဝင်နိုင်ရင် သူရှာနေတဲ့ အဖြေကို ရနိုင်လောက်တယ်။ ဖန်ကျန်းရှီ စိတ်လှုပ်ရှား နေတာကို ထိန်းမရတော့ဘူး။ ကပ်ဆိုးကြီးရဲ့ လျှို့ဝှက်ချက်ကို သူသိရတော့မယ်လေ။

“လာ အထဲကို သွားကြစို့။” ယွင်ချင်းဝူရဲ့ လက်ကို ဖန်ကျန်းရှီ ဆွဲခေါ် သွားတော့တယ်။ ယွင်ချင်းဝူကတော့ အခုချိန်မှာ ဖန်ကျန်းရှီ အရွေးမှန်တာကို မအံ့သြတော့ဘူး။

ရှေးဟောင်း လက်ရေးမူထဲမှာ ကျောက်တုံး နန်းတော် အကြောင်း ဘာမှ မပါခဲ့တဲ့ အတွက် ယွင်ချင်းဝူလဲ အထဲမှာ ဘာရှိမလဲ သိချင်နေတယ်။

လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ဒီနန်းတော်ကို သူမရှာဖွေ ခဲ့တာ သတိလက်လွတ် နေခဲ့လို့ မဟုတ်ဘူး။ တည်ငြိမ်မှုကို လိုလား ခဲ့လို့ပဲ။ ယွင်ချင်းဝူက အားလုံးကို ပြီးပြည့်စုံအောင် အစီအစဉ် ဆွဲပြီးမှသာ လှုပ်ရှားလေ့ ရှိတယ်။ တစ်ယောက်တည်း အကုန်လုံး စီစဉ် ရတဲ့ အတွက် သူမ အရမ်းကို ပင်ပန်းရတာတော့ အမှန်ပဲ။

သူမ အတွက် အလုပ်လုပ် ပေးဖို့ နတ်သခင်တွေကို သိမ်းသွင်း ဖြောင်းဖျရတယ်။ သားရဲကောင် စစ်တပ်တွေကိုလဲ လျှို့ဝှက် လေ့ကျင့်ရတယ်။ ဒါ့အပြင် ကောင်းကင် လက်ခံ မြေပုံတွေကိုလဲ စုံစမ်းရ သေးတယ်။ သူမ ထမ်းထားရတဲ့ ဝန်ထုပ် ဝန်ပိုးက တကယ့်ကို ကြီးမားလွန်းလှတယ်။

ဒါကြောင့် မှတ်တမ်း မှတ်ရာ အပြည့်ရှိတဲ့ အရာတွေ အတွက် အချိန် ပိုသုံးပြီး ထူးဆန်းတဲ့ မဟူရာ နန်းတော်ဆီ မလာဖြစ် ခဲ့ဘူး။ နတ်ဘုရား အရင်းအမြစ် အကြောင်း သတင်းတွေ ထွက်မလာခင် အထိ သူမ ဒီနေရာ အကြောင်းကို မတွေးခဲ့ဘူး။

ဒဏ္ဍာရီအကြောင်း သတင်း ကြားလိုက် ရချိန်မှာ တိုက်ပွဲ အလှည့်အပြောင်းကို တကယ် ဖန်တီးနိုင်မယ့် အရာကိုမှ လျစ်လျူရှုခဲ့ မိတယ်လို့ သူမ စိတ်ထဲ ရုတ်တရက် အတွေးဝင်လာ ခဲ့တယ်။ ဒါကြောင့် သူမ လာရောက်တယ်။

နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့ကြီး၊ နတ်သခင် ၇ယောက်နဲ့ သားရဲကောင် စစ်တပ်ကိုပါ အတူတူ ခေါ်လာတယ်။ ခြိမ်းခြောက်နိုင်တဲ့ အရှိန်အဝါ အပြည့်ကို သူမ ထုတ်ဖော်ခဲ့တယ်။ ဒါပေမယ့် အရှုံးကိုတော့ မမျှော်လင့် ထားခဲ့မိဘူး။

မဖြစ်နိုင်တဲ့ အခြေအနေတွေ အောက်မှာ ဖန်ကျန်းရှီက သူမကို ဖမ်းဆီး နိုင်ခဲ့တယ်။ နတ်သခင် လေးယောက်တောင် သူမကို မကာကွယ် နိုင်ခဲ့ဘူး။ အဲ့ဒီ့နောက် အခြေအနေတွေက ထိန်းချုပ် မရနိုင်အောင် ဖြစ်လာပြီး နတ်ဆိုး မိစ္ဆာ စစ်တပ်တွေကို သူမ အုပ်ချုပ်ခွင့် အာဏာ စွန့်လွှတ် ခဲ့ရတယ်။

အားလုံးက ပရမ်းပတာတွေ ဖြစ်ကုန်တယ်။

အခြေအနေတွေက ဆက်တိုက် ပြောင်းလဲ နေတဲ့ အပြင် ချိုးချီ အဖြစ် အယောင်ဆောင် ထားတဲ့ နန်ကုန်းမုကလဲ မိစ္ဆာ နတ်ဆိုး စစ်တပ်တွေကို အုပ်ချုပ် နေခဲ့ပြီ။ ဒါ့အပြင် နတ်သစ်ပင်ကို သူ့ခန္ဒာကိုယ်လို သုံးပြီး ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးနေ သေးတယ်။

လူသား မဟာမိတ် အဖွဲ့နဲ့ သူက စစ်ပွဲကို စချင်နေတဲ့ အပြင် နတ်သခင်တွေကိုလဲ သတ်ပြစ်ခဲ့တယ်။ အခုချိန်မှာ သူက ပိုပိုပြီး သန်မာလာအောင် နည်းလမ်း ပေါင်းစုံ သုံးနေခဲ့သေးတယ်။

အပိုင်း (၁၀၂၁) ပြီး၏။

အပိုင်း (၁၀၂၂)

“အမှန်တရားက ချောမွေ့ပြီး နူးညံ့တယ်။”

..

ဒီအချိန်မှာ ယွင်ချင်းဝူက ဘာများ လုပ်နိုင်မှာလဲ။ ကိစ္စတွေက သူမ မထိန်းနိုင်တဲ့ အခြေအနေကို ရောက်နေ ခဲ့ပြီ။ ကွမ်းလင်ပန်းချီကားကို ယူပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေဆီ ထွက်ပြေး သင့်ပေမယ့်၊ ကိစ္စတွေက ဒီလောက် မရိုးရှင်းခဲ့ဘူး။

ကွမ်းလင် ပန်းချီကားရဲ့ စွမ်းအားတွေကို သူမ ဘယ်လောက်ထိ သုံးနိုင်မလဲ ဆိုတာ သူမ မသိသလို နတ်ဆိုး မိစ္ဆာ မျိုးနွယ်ဆီ ပြန်ပြီး ဘာလုပ်ရမယ်မှန်းလဲ မသိခဲ့ဘူး။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ သေချာပေါက် တိုက်ခိုက် ကြမှာပဲ။ နန်ကုန်းမုက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ထိန်းချုပ် နိုင်ဖို့ အတွက် အများကြီး ကြိုးစား ထားခဲ့တယ်။ ဒါကြောင့် အမိန့်အာဏာကို သူအလွယ်လေး ပြန်ပေးမှာ မဟုတ်ဘူး။

ရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ တိုက်ပွဲကိုတော့ ရှောင်လွှဲ မရနိုင်ပြန်ဘူး။

ယွင်ချင်းဝူ ဒီလို ကိစ္စမျိုးကို မဖြစ်ချင် ပေမယ့်၊ ဖန်ကျန်းရှီနဲ့ အတူတူ အလုပ်တွဲလုပ် ရတာက သူမ အတွက် အကျိုးရှိနိုင်မယ့် တစ်ခုတည်းသော အရာ ဖြစ်နေတယ်လေ။ မြွေပွေး ခါးပိုက်ပိုက်ထားသလို ဖြစ်နေပင်မယ့်ပေါ့။

ဒါပေါ့။ သူမ နည်းစနစ် တကျလဲ တွေးတော ထားသေးတယ်။ နည်းလမ်း ကျကျ တွေးတာတွေ မရှိရင်တောင် သူမ အမြဲတမ်း ဖိနှိပ် ထားခဲ့တဲ့ အတွင်း စိတ်ဆန္ဒကြောင့် စိတ်လှုပ်ရှား နေမိတော့ အမန်ပဲ။

သူမ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အရှင်သခင်ငယ် ဖြစ်နေတဲ့ အတွက် ကိုယ့်စိတ်ဆန္ဒတွေကို အမြဲတမ်း လျစ်လျူရှု ခဲ့ရတယ်။ အခုချိန်မှာတော့ သူမမှာ အကြောင်းပြချက် ကောင်းကောင်း ရှိနေခဲ့ပြီ။ ဒါကြောင့် နောက်ထပ် အပြစ်မကင်းသလို မခံစား ရတော့ဘူး။ အကယ်၍ သူမနဲ့ ဖန်ကျန်းရှီသာ တစ်ရက်လောက် အတူတူ အလုပ် လုပ်ဖြစ်ခဲ့ရင် ဘာတွေ ဖြစ်လာမလဲ တကယ် သိချင်တယ်။

ဒီအတွေးက သူမကို အားအင်သစ်တွေ တိုးပွားစေတယ်။ ဒါကြောင့်သာ မဟူရာ ရွှေသေတ္တာထဲမှာ တောင့်ခံ နိုင်ခဲ့တာပဲ။ ပြင်းထန်တဲ့ စွဲလမ်းမှု တစ်ခုလို့လဲ ဆိုလို့ ရနိုင်တယ်။ ဒီခံစားချက်က သူမရဲ့ နှလုံးသားထဲမှာ မီးလို လောင်ကျွမ်းပြီး အားနည်းတဲ့ ခန္ဒာကိုယ်ကို သန်မာ လာစေတယ်။ ဖန်ကျန်းရှီနဲ့ အတူတူ ပူးပေါင်း နိုင်ဖို့ အတွက် သူမ အသက်ကိုတောင် ရင်းပြီး အစွမ်းကုန် ကြိုးစားခဲ့တယ်။

တစ်ခေါက်ပဲ ဖြစ်နိုင်ရင်တောင် ကိစ္စ မရှိဘူး။

အခုချိန်မှာတော့ သူမရဲ့ ဆုတောင်းတွေ ပြည့်သွား ခဲ့ပြီ။ ဒါ့အပြင် နန်ကုန်းမုရဲ့ လက်ထဲကနေ ဖန်ကျန်းရှီနဲ့ အတူတူ လွတ်လာ ခဲ့သေးတယ်။ ကောင်းကင် ကြယ် ၃၆လုံး ဗျူဟာကို အတူတူ ဖြေရှင်း ခဲ့ပြီးတော့ ကောင်းကင်ယွမ်ကို ဝင်ရတော့မယ်။ ယွင်ချင်းဝူ တကယ်ပဲ ပျော်ရွှင် နေမိတယ်။

စကားနဲ့ ပြောပြလို့ မရနိုင်အောင်ကို သူမ ပျော်ရွှင် နေတယ်။ ဒါပေမယ့် ကောင်းကင်ယွမ်ထဲကို ရောက်သွားရင် သူနဲ့ ဖန်ကျန်းရှီ နောက်တစ်ခေါက် ရန်သူတွေ ပြန်ဖြစ် သွားမှာကိုလဲ ကြောက်နေမိတယ်။

ဒီအခိုက် အတန့်လေးကို နောက်ထပ် နည်းနည်းလောက် ဆွဲထားချင်တယ်။ ဒါကြောင့် ကောင်းကင်ယွမ်ကို ဝင်ဖို့ သူမ မလောခဲ့ဘူး။ အဲ့ဒီ့အစား ဖန်ကျန်းရှီကို အချိန်တွေ အခွင့်အရေးတွေ အပြည့်အ၀ ပေးခဲ့တယ်။ နောက်ဆုံး အချီမှာတောင် ရေချိုး အဝတ်အစားလဲဖို့ အကြောင်းပြချက် ပေးပြီး ရပ်တန့်ခဲ့တာ ဒါတွေကြောင့်ပဲ။

သူမ သူ့ရဲ့ ခံစားချက်တွေကို တိုက်ရိုက် မပြောပြ နိုင်ဘူး။

“ကျေးဇူးတင်ပါတယ်။” ယွင်ချင်းဝူ ခေါင်းမော့ရင်း ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ သူ့လက်ကိုလဲ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်။

ယွင်ချင်းဝူရဲ့ အား အပြောင်းလဲကို ဖန်ကျန်းရှီကတော့ မခံစား မိဘူး။ သူက ကောင်းကင်ယွမ်ကို ရောက်ဖို့သာ ဆက်တိုက် အာရုံစိုက်နေ ခဲ့တယ်။ ယွင်ချင်းဝူရဲ့ ကျေးဇူးတင် စကားကြောင့် နည်းနည်း အံ့သြ မိတာတော့ အမှန်ပဲ။

“သူက ငါ့ကို ကျေးဇူးတင် နေတာလား။” ယွင်ချင်းဝူရဲ့ အပြုအမူကို သူနည်းနည်းတော့ စပ်စုချင်တယ်။

“ဘာဖြစ်လို့ ကျေးဇူးလာတင် နေတာလဲ။ ငါသူ့ကို အပြတ်အသတ် အနိုင်ယူ လိုက်လို့လား။”

(ဒါမှမဟုတ် ရေကန်ထဲမှာ သူ့ကို ကြည့်လိုက်မိလို့ ကျေးဇူး တင်တာလား။

မိန်းမတွေက တကယ့်ကို ထူးဆန်းတာပဲ။)

ယွင်ချင်းဝူကို မေးလိုက် ချင်ပေမယ့်၊ သူကတော့ နောက်ထပ် ပြောပြမယ့် ပုံစံ မရှိခဲ့ဘူး။ သူတို့ရဲ့ မျက်စိရှေ့မှာ အလင်းရောင်ကို လှမ်းမြင် လိုက်ရတယ်။ မှောင်မိုက်နေတဲ့ ဂူကြီးကလဲ တဖြည်းဖြည်း လင်းသထက် လင်းလာ ခဲ့ပြီ။ ဂူထွက်ပေါက်ကို ရောက်တော့မှာာပဲ။

ကောင်းကင်ယွမ်။ ကြယ် ၃၆လုံးရဲ့ အလယ်ဗဟို။

(ဒီနေရာကြီးက မဟူရာ ကျောက်တုံး နန်းတော်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်း ထားတဲ့ နေရာပဲ။ ဒီနေရာမှာ တကယ်ပဲ ဘာများ ရှိနေမှာလဲ။)

ဖန်ကျန်းရှီ ပတ်ဝန်းကျင်ကို သေချာ ကြည့်တယ်။ အသေးစိတ် တစ်ခုကိုတောင် မချန်ထား ခဲ့ဘူး။ ပတ်ဝန်းကျင်ကို ကြည့်ရင်း သူ့မျက်လုံးတွေက ပြူးသထက် ပြူးလာခဲ့တယ်။ ယွင်ချင်းဝူတောင်မှ ဖန်ကျန်းရှီကို မကြည့်တော့ပဲ ကောင်းကင်ယွမ်ကို ကြည့်နေခဲ့ပြီ။

ဒီနေရာမှာ သစ်တောတွေ မရှိတော့ဘူး။ ရေကန်တွေ ရေစီးသံတွေလဲ မရှိတော့တဲ့ အပြင် ပန်းပင်တွေ သစ်ပင်တွေတောင် အကုန် ပျောက်ကွယ် သွားပြီ။ အနက်ရောင် ကျောက်တုံးတွေ အပြည့် အဆင့်ဆင့် ထပ်နေကြပြီး ကောင်းကင်မှာတော့ အနက်ရောင် သံကြိုးတွေ ရှိနေခဲ့တယ်။

အရေး အကြီးဆုံးကတော့ ကောင်းကင်မှာ မျက်စိကျိန်းလောက်စရာ ကြယ်တွေလဲ အပြည့် ရှိနေ ခဲ့တာပဲ။ ကြယ်တစ်လုံး ချင်းစီတိုင်းက တလက်လက် တောက်ပ နေကြတယ်။

“စကြဝဠာ နဂါးငွေ့တန်းကြီးလား။” ဖန်ကျန်းရှီ စိတ်ထဲကို ဒီအတွေးက အရင်ဆုံး ဝင်ရောက်လာတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကို စိတ်ထဲက ချက်ခြင်း ပြန်ငြင်းလိုက် မိတယ်။ ဒီနေရာက နဂါးငွေ့တန်း မဖြစ်နိုင်ဘူးလေ။

ကြယ်တွေနဲ့ အနက်ရောင် သံကြိုးတွေက နတ်သခင်တွေကို ချိတ်ပိတ်ထားတဲ့ နေရာမှာ ရှိနေတယ်။ အခု သူ့ခေါင်းပေါ်မှာ ရှိနေတဲ့ ကောင်းကင်ကြီးကတော့ ကျောက်တုံးနက်တွေ မရှိဘူး။

“ဒါတွေက ကြယ်အစစ်တွေ မဟုတ်ဘူး။ ကြယ်လို လင်းနေတဲ့ ရတနာတွေ။” အဝေးကို ကောင်းကောင်း မြင်နိုင်တဲ့ မျက်လုံးတွေကြောင့် ဒီအရာတွေရဲ့ ဇစ်မြစ်ကို သူသိသွားခဲ့တယ်။

ဒါပေမယ့် ဒီကျောက်မျက် ရတနာတွေက အရမ်းကို ကောင်းကောင်း မွန်မွန် ဖြတ်တောက်ပြီး အရောင်တင် ထားတာ အမှန်ပဲ။

ကျောက်မျက်ရတနာတွေ အားလုံးက တပုံစံတည်း တူညီနေတဲ့ အပြင် ပြုလုပ်ထားတဲ့ ပစ္စည်းကလဲ တူညီတယ်။ ဒါကြောင့် ကောင်းကင်က ကြယ်တွေနဲ့ တူညီ နေခဲ့တာပဲ။ ထူးခြားလွန်းတယ်။

“ကောင်းကင်မှာ ကျောက်မျက်ရတနာ တစ်သောင်း ရှိနေတာလား။”

“မဟုတ်ဘူး တစ်သောင်း မကဘူး။ များလိုက်တာ။”

ဖန်ကျန်းရှီကတော့ မျက်လုံးနဲ့ အရေအတွက်ကို ရေတွက်နေရင်း မျက်လုံးက ပြူးသထက် ပြူးလာခဲ့တယ်။

“ပိုက်ဆံတွေ။”

“ရတနာတွေ။”

“ရတနာတွေ အများကြီး ဆိုရင် ပိုက်ဆံတွေလဲ အများကြီး ရမယ်။”

ဒါတွေ အားလုံးကိုသာ သူယူသွား နိုင်ရင် ရန်မြို့တော် တစ်ခုလုံးကိုတောင် ဝယ်လို့ ရနိုင်တယ်။

“သာမာန် ဘဝ။ ဒါ ငါလိုချင်တဲ့ သာမာန် ဘဝပဲ။” ဖန်ကျန်းရှီကတော့ အိပ်မက်တွေနဲ့ နီးကပ်လာတဲ့ အတိုင်း ပျော်နေမိတယ်။

“ဖန်ကျန်းရှီ ဒီနေရာက ဂူသချိုင်းကြီးနဲ့ တူတယ်။” ဖန်ကျန်းရှီက ကျောက်မျက် ရတနာတွေကို ဘယ်လို ယူရမလဲလို့ စဉ်းစား နေချိန်မှာပဲ ယွင်ချင်းဝူ အသံကို ကြားလိုက် ရတော့တယ်။

“ဂူကြီးလား။” ပတ်ပတ်လည်ကို ကြည့်ပြီး မကြာခင်မှာပဲ အလယ်မှာ ဂူသချိုင်းကြီး တစ်ခု ရှိနေတာကို ဖန်ကျန်းရှီ မြင်သွားတော့တယ်။

ဒီဂူကြီးက မဟူရာရောင် ကျောက်တုံးတွေနဲ့ လုပ်ထားတာ ဖြစ်တဲ့ အတွက် တည်နေရာကို ရှာဖို့ ခက်လွန်းတယ်။ တစ်ချက်တည်း ကြည့်ရုံနဲ့ မတွေ့နိုင်ဘူး။ အရေးအကြီးဆုံး ကတော့ ဘာနာမည်မှ ရှိမနေ ခဲ့တာပဲ။

အရမ်းကို ချောမွေ့ နေပြီး ဘာအရောင်မှလဲ မရှိဘူး။ အနက်ရောင် ဂူကြီးက အလယ်တည့်တည့်မှာ ထူးထူးဆန်းဆန်းကြီးသာ ရှိနေခဲ့တယ်။

“အခေါင်းက ဘယ်မှာလဲ။” ဖန်ကျန်းရှီ အလိုလို မေးလိုက် မိတယ်။ ပုံမှန် ဂူဖောက် ဇာတ်လမ်းတွေ အရဆိုရင် အခေါင်း တစ်ခုက ဒီလို အချိန်မျိုးမှာ ရုတ်တရက် ပေါ်လာတတ်တယ်လေ။

ဂူရဲ့ မှတ်တမ်း ကျောက်တုံး နောက်က ရုတ်တရက် ထွက်လာ တတ်သလို လေထဲမှာလဲ တွဲလောင်း ဖြစ်နေတတ်တယ်။ ဒါ့အပြင် ထောင်ချောက်တွေလဲ ဆက်တိုက် ပွင့်သွားတာတောင် ရှိတတ်သေး။ ဒါကြောင့် ဖန်ကျန်းရှီလဲ အတွေ့အကြုံ ကြွယ်ဝနေတဲ့ သူတစ်ယောက်လိုမျိုး ဖယောင်းတိုင် တစ်ချောင်းကို ထုတ်ယူလိုက်တယ်။

အရှေ့ကို လျှောက်သွားရင်း ဖယောင်းတိုင်ကို ထွန်းပြီးတော့ အော်ဟစ်တယ်။

“လူသားက ဖယောင်းတိုင် ထွန်းတယ်။ သရဲက ဖယောင်းတိုင်ကို ငြိမ်းပြစ်တယ်။

ဒါပေမယ့် ပတ်ပတ်လည်ကို ကြည့်ပြီးတဲ့နောက် ဘာအခေါင်းမှ ရှိမနေတာကို တွေ့လိုက် ရတော့တယ်။

“ဘယ်လိုကြီးလဲ။”

“ဒီလို ဖြစ်နေမှတော့ ငါက ဘယ်ဂူကို သွားဖောက် ရမှာလဲ။”

ဖန်ကျန်းရှီ စိတ်မဝင်စားတော့တဲ့ အချိန်မှာပဲ ယွင်ချင်းဝူကတော့ နောက်တစ်ခုကို တွေ့သွား ပြန်တယ်။ ရုတ်တရက် ဖန်ကျန်းရှီကို ဆွဲခေါ်တယ်။

“ကျောက်တုံးတွေ နောက်ကို ကြည့်လိုက်။”

နာမည်မဲ့ ဂူကျောက်တုံးတွေရဲ့ နောက်ကို လက်ညှိုးထိုးပြရင်း ယွင်ချင်းဝူ ပြောတယ်။

“အနောက်မှာလား။ အခေါင်းတစ်ခု အနောက်မှာ ရှိနေတယ်လို့ မင်းပြောချင်တာလား။” ဂူတွေကို ဖောက်ရတာ ဖန်ကျန်းရှီ စိတ်ဝင်စားတယ်။ ဒါကြောင့် အနောက်ကို ကြည့်လိုက်တယ်။

သူ့နေရာကနေ အနက်ရောင် ပစ္စည်း တစ်ခုကို ဝိုးတဝါး မြင်နေခဲ့ရပါတယ်။

လေးထောင့် သေတ္တာ ဖြစ်ပေမယ့်၊ ကျောက်တုံး တစ်တုံးလို အသွင် ရှိနေတယ်။ မသင်္ကာစရာ ပစ္စည်း တစ်ခုပဲ။

ဖန်ကျန်းရှီကတော့ ဒီပုံမှန် မဟုတ်တဲ့ ပုံစံကြောင့် လုံး၀ လျစ်လျူရှု မထားခဲ့ဘူး။

ဂူတစ်ခုမှာ ဒီနေရာက အရမ်းကို အရေးပါတယ်။ အရေးမကြီးတဲ့ ပစ္စည်းတွေကို အနားမှာ လာထားတာမျိုး မဖြစ်နိုင်ဘူး။ ကျောက်တုံးတွေ ရုတ်တရက် ပြုတ်ကျ လာတာတောင် ဖြစ်နိုင်သေးတယ်။

ဖြစ်နိုင်ချေက နှစ်ခု ရှိတယ်။ ရတနာ တစ်ု ရှိနေတာ ဒါမှမဟုတ် အတားအဆီး စက်ကိရိယာ ရှိနေတာမျိုး ဖြစ်နိုင်တယ်။

ဖန်ကျန်းရှီ စိတ်ထဲမှာတော့ ရတနာ တစ်ခု ရှိစေချင်တာ အမှန်ပဲ။ ခေါင်းပေါ်မှာ ကျောက်မျက်ရတနာတွေ အများကြီး ရှိနေတယ်လေ။ ဒါကြောင့် ဒီနေရာမှာ ရတနာ ထပ်မရှိတာ ဘယ်လို ဖြစ်နိုင်မှာလဲ။

ရတနာတွေကို အာရုံစိုက် နေတဲ့ အတွက် အခုချိန်မှာ ပဟေဠိတွေ ဖြေဖို့ကို လျစ်လျူရှု ထားတော့တယ်။ ဒီအချိန်မှာပဲ ယွင်ချင်းဝူရဲ့ အသံ ထပ်ထွက် လာခဲ့ပြန်ပြီ။

“ဒီ နန်းတော်ထဲမှာ ဘာဖြစ်လို့ ဂူတစ်ခု ရှိနေတာလဲ။ ကောင်းကင်ယွမ်ထဲမှာ နာမည် မရှိတဲ့ ဂူတစ်ခု အတွက် ကြယ်၃၆လုံး ဗျူဟာကို ဘယ်သူက ခင်းထားတာလဲ။” ယွင်ချင်းဝူက ရတနာတွေကို စိတ်မဝင်စား ခဲ့ဘူး။

ဒါ့အပြင် သူမက ပဟေဠိကို အဖြေရှာချင် နေသေးတယ်။ ဒါပေမယ့် အရှေ့ကို ဆက်မလျှောက် ခဲ့ဘူး။ ဂူတစ်ခုက မလုံခြုံတာကို သူမ သိတယ်လေ။

“ဟုတ်တယ်။ ဒီနေရာမှာ ဘာဖြစ်လို့ ဂူရှိနေတာလဲ။” ဖန်ကျန်းရှီက ပြောရင်းနဲ့ ရှေ့ဆက် သွားခဲ့တယ်။ သူက အခုချိန်မှာ အရှိန်မြှင့်ပြီး ကျောက်တုံးကြီ ရောက်အောင် ပြေးတယ်။

“သတိထား။”

“…”

ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ သူ့ခန္ဒာကိုယ်က စက္ကန့်ပိုင်ေးလး အတွင်းမှာ လှုပ်ရှားသွားပြီး ကြောက်လန့်နေတဲ့ ကြောင်ကလေး တစ်ကောင်လို လေထဲကို ပျံတက် သွားတော့တယ်။ ဒါပေမယ့် မြေပြင်ပေါ်ကို ပြန်ကျ လာချိန်မှာတော့ ဘာအန္တရာယ်မှ မရှိခဲ့ဘူး။

“..” ဖန်ကျန်းရှီ ယွင်ချင်းဝူကို ပြန်လှည့်ကြည့်တယ်။

“..” ယွင်ချင်းဝူကလဲ ဖန်ကျန်းရှီကို ပြန်စိုက်ကြည့်တယ်။ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် မျက်လုံးပြူးကြီး တွေနဲ့ ကြည့်နေကြတာ နည်းနည်းတော့ ကသိကအောက် ဖြစ်စရာပဲ။

“ငါ ဘာကို သတိ ထားရမှာလဲ။” အတော်ကြာ စောင့်နေပြီးတဲ့ နောက် ဖန်ကျန်းရှီ မေးလိုက်တော့တယ်။

“ဂူကြီး ဖြစ်နေလို့ ထောင်ချောက်တွေ ရှိနိုင်တယ်လေ။ အဲ့တာကြောင့် သတိထားဖို့ ပြောတာပါ။” ယွင်ချင်းဝူက မျက်နှာ တစ်ခုလုံး နီရဲ သွားခဲ့ပြန်တယ်။

“လူစွန့်စားတွေက ကိစ္စကြီးတွေ လုပ်နေတဲ့ အချိန် ငကြောက်တွေကတော့ သေချင်နောကတယ်။ ငါက ဘာကို ကြောက်နေ ရမှာလဲ။” ယွင်ချင်းဝူကို စူးစူရဲရဲ တစ်ချက် စိုက်ကြည့်ပြီးနောက် ဖန်ကျန်းရှီလဲ ကျောက်တုံးဆီကို ပြန်သွားတော့တယ်။ လမ်းမှာ ဘာမှ မဖြစ်ခဲ့ဘူး။

ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ဂူရှေ့ကို ရောက်သွားတော့တယ်။

“…” ယွင်ချင်းဝူရဲ့ နှုတ်ခမ်းတွေကတော့ တုန်ယင် နေခဲ့ပြီ။ ဒီနေရာမှာ ဘာဖြစ်လို့ ဒီလောက်တောင် လုံခြုံနေမှန်း သူမ မတွေးတတ်တော့ဘူး။

(ငါပဲ အတွေးလွန် နေတာလား။)

“ယို့။ ရတနာပဲ။” သူမ တွေးနေချိန်မှာ ဖန်ကျန်းရှီရဲ့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အသံကြီးကို ကြားလိုက် ရတော့တယ်။

သူမ ချက်ခြင်း လှည့်ကြည့် မိတယ်။ ဖန်ကျန်းရှီက ကျောက်တုံး တစ်တုံးကို လက်ထဲမှာ ကိုင်ထားပြီး ဖွင့်နေပြီ။ တကယ်တော့ အဲ့တာက ကျောက်တုံး သေတ္တာလေး တစ်ခုပဲ။ ဒါ့အပြင် သေတ္တာပေါ်မှာ ထူးဆန်းတဲ့ သရဖူ တစ်ခုလဲ ရှိနေ သေးတယ်။

ကြေးနဲ့ လုပ်ထားတဲ့ ဒီသရဖူပေါ်မှာ နဂါးခေါင်းကိုလဲ ထွင်းထုထားတယ်။ သရဖူက မကြီးမား ပေမယ့် ရှေးကျတဲ့ အရှိန်အဝါတွေ အပြည့်ပဲ။

(နဂါးခေါင်းလား။) ယွင်ချင်းဝူတောင် မျက်လုံး ပြူးသွားခဲ့တယ်။ အဲ့ဒီ့နောက် သူမ ကြောက်စရာ တစ်ခုခုကို သတိရ သွားတဲ့ အတိုင်း အမူအယာ ချက်ခြင်း ပြောင်းလဲ သွားတယ်။

ဒီအချိန်မှာပဲ မြေပြင်က ကျောက်တုံးနက်တွေ ချက်ခြင်း ဆိုသလို အလင်းရောင်တွေ တောက်ပလာတယ်။

ရွှေရောင် အလင်းတန်းတွေက ရွှေရောင် အလင်းမျှင်လေးတွေ အဖြစ်ကို ပြောင်းလဲတယ်။ မြေပြင် တစ်ခုလုံး ရွှေရောင်တွေ တောက်ပ နေခဲ့ပြီ။ အရေးအကြီးဆုံး ကတော့ နာမည်မဲ့ ဂူပေါ်မှာ ရွှေရောင် သင်္ကေတတွေ ပေါ်လာတာပဲ။ သွေးတွေလို အရာတွေက စတင်ပြီး စီးကျလာတယ်။

“တောက်။”

“တောက်။”

“..”

အားကောင်းတဲ့ နှလုံးခုန်သံတွေကို ယွင်ချင်းဝူ ကြားနေရတယ်။

“သတိထား။” ဒီအသံက သူမရဲ့ ကိုယ်ပိုင် နှလုံးခုန်သံလား တခြားသူရဲ့ အသံလား သေချာ မသိပေမယ့်၊ အန္တရာယ်ကိုတော့ ခံစားမိတယ်။ တစ်ခုခုက သူမကို စိုက်ကြည့်နေတယ်။

သူမေ ပြောပြီး မကြာခင် အချိန်မှာပဲ တကိုယ်လုံး ပေါ့ပါး သွားတာကို သူမ ခံစား လိုက်ရတယ်။ တစ်စုံတစ်ယောက်က သူမကို မြေပြင်ကနေ ဆွဲမြှောက် လိုက်တယ်လေ။ အရမ်းကို မြန်ဆန်လွန်းလို့ မြင်တောင် မမြင် လိုက်ရဘူး။

အခုချိန်မှာ လက်မောင်း တစ်စုံက သူ့ကို ထွေးဖက် ထားမှန်း ယွင်ချင်းဝူ သိလိုက် ရတယ်။

“ငါ ငါ့ကို လွှတ်။” ယွင်ချင်းဝူ ပြင်းပြင်းထန်ထန် ရုန်းကန် ပေမယ့် အသုံး မဝင်နိုင်ဘူး။

“ဘယ်လိုလုပ် လွှတ်ရမှာလဲ။ ဒီတစ်ခေါက် မင်းငါ့ကို တင်းတင်းကြပ်ကြပ် ကိုင်ထားသင့်တယ်။ ငါက မင်းကို ဒီလို အချိန်မှာ အခွင့်ကောင်း ယူမယ်များ ထင်နေတာလား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ပြန်ပြောတယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူ တင်ပါးကို အရိုက်ခံလိုက် ရပြန်တော့တယ်။

“..” ဖန်ကျန်းရှီ အရမ်းကို အရှက်မရှိတာ သိပေမယ့်၊ အရိုးထဲ အထိ အရှက်မရှိ ဖြစ်နေမယ်လို့ မထင်ထား ခဲ့မိဘူး။

“စိတ်လျှော့။ ငါက ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့သူ မဟုတ်ဘူး။ မင်းကို ဘယ်တုန်းကမှ ခိုးကြောင်ခိုးဝှက် အသားမယူဘူး။ ပေါ်တင်ပဲ လုပ်တာ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“..” အခုချိန်မှာ ယွင်ချင်းဝူက ဘာများ ပြောနိုင် တော့မှာလဲ။

စိတ်ထဲမှာ သူမ ခံစားချက်တွေကို ဖုံးကွယ်ဖို့ စကားလုံးတွေ အများကြီးကို စဉ်းစား မိပေမယ့်၊ ဘယ်စကားလုံးကမှ ခံစားချက်ကို ထုတ်ဖော် မပြနိုင်ခဲ့ဘူး။ အရှက်ရှတယ်။ ဒေါသထွက်တယ်။ ကူကယ်ရာမဲ့တယ်။

မရေမတွက်နိုင်တဲ့ ခံစားချက်တွေက သူမရဲ့ စိတ်ထဲကို ဖြတ်သန်း ဝင်ရောက် လာပြီး အရမ်းကို စိတ်ရှုပ်ထွေး နေခဲ့တယ်။ သူမ ဒါကို သဘောကျသလို တစ်ချိန်တည်းမှာပဲ မုန်းတီး မိပြန်တယ်။ ဒီလို အစွန်းနှစ်ဖက် ဖြစ်နေတဲ့ ခံစားချက်တွေက သူမကို မုန်တိုင်းတစ်ခု မွှေသလို တိုက်ခတ် နေခဲ့တယ်။

ခံစားချက်တွေကို ထုတ်ဖော်ရင်း ဒေါသ ထွက်ချင်ပေမယ့်၊ စကားလုံးတွေက မလုံလောက် ခဲ့ဘူး။

ယွင်ချင်းဝူ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရင်း မျက်နှာက အရမ်းကို နီရဲ နေခဲ့ပြီ။ ဒီလို နီရဲ နေတဲ့ မျက်နှာကလဲ အရမ်းကို ချစ်စရာ ကောင်းလွန်းတယ်။

အကြောင်းအရင်း တစ်ချို့ကြောင့် အခုချိန်မှာ ဘာကိုမှ မငဲ့ကွက်ပဲ စိတ်ထဲ ရှိသမျှ အားလုံး ထုတ်ဖော်သင့်တယ်လို့ ခံစားမိ လိုက်တယ်။

သူမရဲ့ တည်ငြိမ်မှုတွေ ယဉ်ကျေးတဲ့ အမူအကျင့်တွေ အားလုံးကို လက်လွှတ် ပြစ်လိုက် ချင်ပြီ။ ဘယ်တုန်းကမှ လူယဉ်ကျေး တစ်ယောက်လို မပြုမူတဲ့ ဖန်ကျန်းရှီလို အရှက်မရှိတဲ့ ကောင်စုတ်ကို သူ့အတိုင်း ရင်ဆိုင် လိုက်ချင်တယ်။

“အရှက် မရှိတဲ့ ကောင်စုတ်။ နင် ဒီလောက် အတင့်ရဲ နေရင် ငါရေကန်ထဲမှာ ရှိနေတဲ့ အချိန်တုန်းက အခုလို ဘာဖြစ်လို့ အနားကို မလာခဲ့တာလဲ။ ငကြောက်ကောင်။ နင်က တကယ့်ကို သူရဲဘောကြောင်တဲ့ ကောင်ပဲ။ နင်တကယ်ပဲ ယောကျာ်းစစ်ရင် ငါနဲ့ အိပ်။”

“..” ယွင်ချင်းဝူရဲ့ ခါးကို ဖက်ထားတဲ့ ဖန်ကျန်းရှီရဲ့ လက်တွေ တောင့်တင်း သွားတော့တယ်။ ထူးဆန်းတဲ့ မျက်နှာကြီးနဲ့ သူတွေးနေမိတယ်။ (သူနဲ့ အိပ်တဲ့လား။ ဒီကောင်မလေး ကတော့လေ။)

ဝုန်း။ ဖန်ကျန်းရှီ တောင့်တင်း နေချိန်မှာပဲ မြေပြင်ကနေ ထွက်လာတဲ့ ရွှေရောင် အလင်းတန်းတွေ အားလုံးက ယွင်ချင်းဝူနဲ့ သူ့ကို လှိုင်းတွေလို ဖုံးအုပ် သွားတော့တယ်။

အပိုင်း (၁၀၂၂) ပြီး၏။

အပိုင်း (၁၀၂၃)

“အလကား စေတနာတွေ။”

…

ကြီးမားတဲ့ လှိုင်းလုံးကြီးတွေက ထူးဆန်းလှတယ်။ သူတို့တွေ ပေါ်လာတာနဲ့ ရွှေရောင် အလင်းတန်းတွေ အားလုံးက တစ်နေရာတည်းမှာ စုစည်း သွားခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေက တဖြည်းဖြည်း ရုပ်လုံး ပေါ်လာ နေခဲ့ပြီ။

မူး။ သားရဲကောင် အော်သံကျယ်ကြီးကို ကြားလိုက် ရတယ်။ အဲ့ဒီ့နောက် သံသတ္တုလို အကြေးခွံတွေက ရွှေရောင် အလင်းတန်း အောက်မှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတယ်။

ကျယ်ပြန့် ရှေးကျလှတဲ့ အရှိန်အဝါတွေက လောက တစ်ခွင်ကို ဖုံးလွှမ်း သွားတယ်။

“အဲ့တာ ဘာကြီးလဲ။” အစောပိုင်းတုန်းက စက်ကိရိယာ တစ်ခုခု ပေါ်လာလိမ့်မယ်လို့ ဖန်ကျန်းရှီ ထင်ထားခဲ့တယ်။ ဒါပေမယ့် ဟိန်းဟောက်သံကို သူကြားလိုက် ရတယ်လေ။ မဟူရာ ကျောက်တုံး နန်းတော်ထဲမှာ သားရဲကောင် ရှိနေတာပဲ။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်ထဲက တစ်ခုခုလား။

ဒီလို ဖြစ်ရင်တော့ အံ့သြစရာ ကောင်းလွန်းတယ်။ အကယ်၍ မိစ္ဆာတွေသာ နေရာ အနှံ့မှာ ရှိနေရင် လူသားတွေ ဘယ်လိုများ အသက်ရှင် နိုင်တော့မှာလဲ။ အရေး အကြီးဆုံးကတော့ မိစ္ဆာကောင်သာ ရှိနေရင် မဟူရာ ကျောက်တုံး နန်းတော်က မိစ္ဆာ နယ်မြေလို့ အတည်ပြုနိုင် ပြီပဲ။ မိစ္ဆာ ဂူတောင် ဖြစ်နိုင်သေးတယ်။

ဖန်ကျန်းရှီလဲ ရွှေရောင် အလင်းတန်းတွေ အောက်က မိစ္ဆာကို အတည်ပြုကြည့် ချင်တယ်။ ဒါပေမယ့် ရွှေရောင် မြူခိုးတွေက ထူထပ်လွန်း နေတဲ့ အတွက် အထဲမှာ ဘာရှိနေမှန်း သေချာ မပြောနိုင် ခဲ့ဘူး။ အကြေးခွံတွေကိုသာ မြင်နေရတယ်။

အရေးကြီးတဲ့ အချိန်မှာမှ သူလဲ အန္တရာယ် အငွေ့အသက်ကို ခံစား မိသွားတယ်။ ကြောက်စရာ ကောင်းလွန်းတဲ့ တည်ရှိမှု တစ်ခုက သူ့တကိုယ်လုံးကို ဖိနှိပ် ခြိမ်းခြောက် နေသလို နားရွက်တွေတောင် စတင် နာကျင် လာတော့တယ်။ ဒီခံစားချက်က သူ့မှာ ခံစားရတာ ရှားပါတယ်။

လက်ရှိ အခြေအနေမှာ သူ့ကိုယ်သူ အင်အားကြီးလှပြီလို့ ဖန်ကျန်းရှီက သတ်မှတ် ထားခဲ့တယ်လေ။ တော်ရုံ အနှောက်အယှက်တွေက သူ့ကို မကြောက်လန့်စေဘူး။

(ဘယ်လို မိစ္ဆာမျိုးက ငါ့ကို ခြိမ်းခြောက်နိုင်မှာလဲ။)

ဖန်ကျန်းရှီ စိတ်ထဲမှာ ထူးဆန်းနေ မိပေမယ့်၊ နားရွက်တွေ နာကျင် လွန်းတဲ့ အတွက် ခေါင်းကို တစ်ဖက် အလိုလို စောင်းလိုက် မိတယ်။

အဲ့ဒီ့နောက် သူ့ရဲ့ ဆံပင်နဲ့ မျက်လုံးနားကနေ ဖြတ်သွားတဲ့ လက်သည်း တစ်ခုကို သူမြင်လိုက် ရတော့တယ်။ ဒီလက်သည်းက အလင်းတန်း တစ်ခုလို မြန်ဆန်တယ်။

“ကောင်စုတ်လေး။ ငါ့ရှေ့မှာ မင်းက ဘယ်လိုများ ပျံသန်းနေဝံ့တာလဲ။” မာကျောပြီး မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့အသံ တစ်သံကို သူကြားလိုက် ရတော့တယ်။

ဖန်ကျန်းရှီ အောက်ကို ပြုတ်ကျလာတယ်။

ဒီအသံကို ကြားလိုက် ရချိန်မှာ တောင်ကြီးနဲ့ ဖိခံထားရတဲ့ မျောက်လို သူ့ကိုယ်သူ ထင်မှတ်မိသွား ခဲ့တယ်။ (အနောက်အရပ်သို့ ခရီး သွားချင်းထဲက စွန်းဝူခုန်းလို။)

ဝုန်း။ ဖန်ကျန်းရှီလဲ ယွင်ချင်းဝူနဲ့ အတူတူ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ သူ့ရဲ့ မဟူရာ ရွှေတောင်ပံတွေတောင် ကြီးမားတဲ့ ဖိအားကြောင့် နည်းနည်း ကျုံ့သွားခဲ့တယ်။

အများကြီး မနာပေမယ့်၊ မာနကို ထိပါးသလို ခံစား မိတာတော့ အမှန်ပဲ။

“အဲ့တာ ဘာကောင်ကြီးလဲ။”

“ဘာဖြစ်လို့ ဒီလောက်တောင် အင်အား ကြီးနေတာလဲ။”

ဖန်ကျန်းရှီ မြေပြင်ပေါ်က ပြန်ထ လာပြီးနောက် ချီလင်လှံကို သုံးရင်း မြူခိုးထဲက ပုံရိပ်ကို ချက်ခြင်း ထိုးချ လိုက်တယ်။ မီးလှံတွေ လျှံထွက် လာခဲ့ပြီ။

ရွှေရောင် အလင်းတန်းက ရုတ်တရက် တောက်ပ လာပြီးနောက် အပြာ၊ အနီ၊ အနက်၊ ငွေရောင်နဲ့ အစိမ်းရောင် အလင်းတန်းတွေက ထပ်မံ ပေါ်ထွက် လာခဲ့တယ်။

ငါးရောင်ခြယ် အလင်းတန်းက ရွှေရောင် အလင်းတန်းနဲ့ ပေါင်းစည်းပြီးနောက် ကောင်းကင် တစ်ခွင်လုံး ငါးရောင်ခြယ် မီးတောက်တွေ ဖုံးလွှမ်း သွားခဲ့ ပြန်တယ်။

မူ။ နောက်ထပ် သားရဲကောင် အော်သံ ထွက်ပေါ် လာပြီးနောက် မြူခိုးတွေထဲက ပုံရိပ်ကို ပိုပြီး မြင်သာလာခဲ့တယ်။ ခြေထောက် လေးခုစလုံးကလဲ မီးလျှံတွေနဲ့ အပြည့် ဖုံးကွယ်ထားတယ်။

“အမ်။ ချီလင် အသေးလေးလား။” မီးထဲက အရိပ်ကို မြင်တဲ့ အချိန် တည်ကြည်လှတဲ့ အသံက နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။ ဒါပေမယ့် သူ သက်ပြင်း ချလိုက်ပြီးနောက် ဆက်ပြောတယ်။

“ချီလင် အသေးလေးရဲ့ သွေးစက် တစ်စက်ပါပဲ။ ဟမ့်။ ပြန်လည်မွေးဖွားမှု တာအို ခြောက်ခုထဲက ငါးခုကို တတ်ထားတယ်။ ကောင်စုတ်လေး။ မင်းက တော်တာပဲ။”

ဝုန်း။

သူတို့တွေ အသံကြားနေ ရချိန်မှာပဲ ချီလင်လှံက ရွှေရောင် မြူခိုးထဲက ပုံရိပ်ကို သွားပြီး ထိုးမိတယ်။ ပြင်းထန်တဲ့ အရှိန်အဝါတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ခပ်မြန်မြန် ပျံ့နှံ့ လာခဲ့ပြန်ပြီ။

တဝီဝီ မြည်သံတွေက မြေပြင် တစ်ခုလုံးကို တုန်ခါ သွားစေခဲ့တယ်။ လှိုင်းလိုအရာတွေက နေရာ အနှံ့ကို ပျံ့သွားပြီးနောက် ရွှေရောင် မြူခိုးတွေကို နည်းနည်း ပါးသွား စေခဲ့တယ်။

အထဲမှာ ရှိနေတဲ့ အရာကိုတော့ အကြမ်းဖျင်း မြင်နေ ခဲ့ရပြီ။

တကိုယ်လုံး ရွှေရောင် အလင်းတန်းနဲ့ တောက်ပနေတဲ့ ဒီသတ္တဝါက သတ္တုလို အကြေးခွံတွေကို ပိုင်ဆိုင်ထားတယ်။ ကြီးမားတဲ့ ဦးဂျို နှစ်ခုက သူ့ခေါင်းမှာ ထိုးထွက်နေပြီး ကြီးမား ရှည်လျားတဲ့ နှှုတ်ခမ်းမွှေး နှစ်ခုကလဲ လေထဲမှာ လွင့်မျော နေသေးတယ်။ ကြီးမားတဲ့ လက်သည်း လေးခုကတော့ ရွှေရောင် မြူခိုးလုံး တစ်ခုကို ကိုင်ထားပြီး ရွှေရောင် မျက်ဝန်းတွေကတော့ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို ကြည့်နေခဲ့တယ်။ ဒီသတ္တဝါက အေးစက်ပြီး မောက်မာတယ်။

“နဂါးလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့ရတယ်။

အရင်တုန်းက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ပန်းချီတွေနဲ့ တိုင်လုံးတွေမှာ နဂါးကို မြင်ဖူးခဲ့တယ်။

ဒါပေါ့။ ဧကရာဇ် လင်းမုပိုင် နဂါးစိမ်း မျက်လုံးကို သုံးတဲ့ အချိန်နဲ့ သူ့ရဲ့ ခြေရာမဲ့ဓား ဓားကွက်ခင်းတဲ့ အချိန်တွေမှာ ခရမ်းရောင် နဂါး ပြောင်းတာတွေကိုပါ သူတွေ့ဖူးခဲ့တယ်။

သူ့ဓားကွက်က နဂါးသတ် ဓားကွက်။

ဒါပေမယ့် သူအရင်က တွေ့ဖူးခဲ့သမျှ နဂါး အသွင်တွေ အားလုံးက အရိပ်အယောင်တွေ အသွင်တူတွေ ချည်းပဲ။

သူ့ရှေ့မှာ ရှိနေတဲ့ သတ္တဝါကြီးကတော့ တကယ့် နဂါး အစစ်။

(ငါ မျက်စိတွေ အမြင်မှားနေတာလား။

ဒီလောကမှာ နဂါးတွေ တကယ် ရှိနေတာလား။ ဒါ့အပြင် ဘယ်ကမှန်း မသိ မဟူရာ နန်းတော်ထဲကို ရုတ်တရက် ရောက်လာတယ်။)

“တောင်းပန်ပါတယ်။ ကောင်းကောင်း မမြင်ရလို့ မျက်နှာ သွားသစ် လိုက်အုန်းမယ် တာ့တာ။” ဖန်ကျန်းရှီ သေချာ မြင်ပြီးတဲ့နောက် ယွင်ချင်းဝူကို ဆွဲပြီး ဝင်ပေါက်ဆီကို လှည့်ထွက် တော့တယ်။

“ကောင်စုတ်လေး။ ဒီနေရာကို မင်းရောက်လာပြီးပြီ။ သွားချင်းတိုင်သွား လာချင်တိုင်း လာလို့ ရအောင် မင်းအိမ်က အိမ်သာများ မှတ်နေလား။” ရွှေရောင် နဂါးကြီးက ချက်ခြင်း ဆိုသလို ဝင်ပေါက်ဆီ ရောက်သွားပြီး ပိတ်ရပ် နေတော့တယ်။

သူ့ရဲ့ အရှိန်နှုန်းက ဖန်ကျန်းရှီ ထပ်တောင် မြန်သေးတယ်။

“ဟဟား။” ဖန်ကျန်းရှီ ရပ်တန့်ရင်း ရယ်ပြလိုက်တယ်။

“ဒီလောက် နဂါး အကြီးကြီးဆီ ရောက်လာမယ်လို့ မထင်မှတ် မိဘူး။ တစ်ခုလောက် မေးပါရစေ၊ အိမ်သာသုံးခ ဘယ်လောက် ပေးရမလဲ။”

“ကောင်စုတ်လေး မင်းက အတော် လည်တာပဲ။ ငါက ပိုက်ဆံ မလိုချင်ဘူး။ မင်းဆီက ကောင်းကင် လက်ခံ မြေပုံ ၂၈ခုကို ငါ့ဆီ ပေးလိုက်ရင် သွားလို့ရမယ်။” နဂါးကြီးက ပြုံးနေခဲ့တယ်။ ဒါပေမယ့် သူ့အပြုံးက ကျောချမ်းစရာ ကောင်းတယ်။ လက်သည်းချွန်ချွန်တွေနဲ့ နှုတ်ခမ်းမွှေးတွေ အားလုံးက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။

“ဘာ မြေပုံတွေလဲ တစ်ခါမှ မကြားဖူးဘူး။” ဖန်ကျန်းရှီ မျက်လုံးပြူး သွားခဲ့တယ်။

(ဒီနဂါးက ကောင်းကင် လက်ခံ မြေပုံ ၂၈ခု အကြောင်းကို သိနေတယ်လား။ အရေအတွက် အတိအကျကိုတောင် တစ်ချက်တည်း ကြည့်ရုံနဲ့ ပြောနိုင် နေသေးတယ်။ ကြောက်စရာ ကောင်းလိုက်တာ။)

သူ့ မြေပုံတွေ အကြောင်း ဒီနဂါး ဘယ်လို သိနေလဲ ဖန်ကျန်းရှီ မတွေးတတ် ခဲ့ဘူး။ ဒါပေမယ့် အပြစ်ကင်းစင်တဲ့ လူတစ်ယောက်တောင်မှ တန်ဖိုးကြီးလွန်းတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင်ထားရင် ကွပ်မျက် ခံရတတ်တာကို သူသိတယ်။

“ဒီနဂါးက နင့်ကို ကွမ်းလင် ပန်းချီအကြောင်း ပြောနေတာပဲ။ ကောင်းကင်လက်ခံ မြေပုံ ၂၈ကို ငါပေါင်းပေးထားတဲ့ ပန်းချီက နင့်လက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။” ယွင်ချင်းဝူက အချိန်ကိုက် ထောက်ပြတယ်။

“…” ဖန်ကျန်းရှီ တောင့်တင်း သွားတော့တယ်။

(ဒီကိစ္စ ငါဘယ်လို ရှင်းရမလဲ။

ဝက်ကလေး ဝက်ကလေး နှာခေါင်းပေါက် နှစ်ပေါက် ရှိတဲ့ ဝက်ကလေး။ နှာရည်တွေကြောင့် နှာခေါင်းတွေ အေးနေပြီ။ မျက်လုံး နက်နက်တွေနဲ့ ဝက်ကလေး ဘယ်လောက် ဝေးဝေးကို ကြည့်ပါစေ ကောင်းကင် အဆုံးကို မင်းမမြင်နိုင်။ ဝက်ကလေး ဝက်ကလေး မင်းနားရွက်တွေက အရမ်း အရမ်းကြီးတယ်။

ဝက်နဲ့ တူတဲ့ အဖွဲ့သား ကို ဘယ်လို ဥပမာ ပြရမလဲ။)

ဖန်ကျန်းရှီ နာမည်ကိုတော့ ထုတ်မပြောခဲ့ဘူး။ ယွင်ချင်းဝူရဲ့ ဉာဏ်ရည်က သောက်ကျိုးနဲ မြင့်လွန်း လှတယ်လေ။ ဖန်ကျန်းရှီ ကျိန်ဆဲ ချင်လာတယ်။

ငလူးပဲ။

နဂါးတစ်ကောင် ရုတ်တရက် ပေါ်လာပြီး သူ့မှာ ရှိသမျှ မြေပုံတွေ အားလုံးကို တောင်းနေတယ်။

(သေလိုက်ပါတော့။ ဒီနဂါးက မကောင်းဆိုးဝါးလား။)

ဒါ့အပြင် သူ့ဘေးမှာ ရှိနေတဲ့ ယွင်ချင်းဝူကလဲ အရေးကြီး အချိန်မှာမှ သူ့ကို နောက်ကျောက ဓားနဲ့ ထိုးသွားတယ်။ ကိစ္စတွေ ပြောင်းလဲတာ မြန်ဆန်လွန်းလိုက်တာ။ ဖန်ကျန်းရှီ အပြောင်းအလဲတွေကို လိုက်မှီနိုင်ဖို့ အချိန် နည်းနည်း လိုနေခဲ့တယ်။

“အိုး။ ဒီတော့ ကွမ်းလင် ပန်းချီကားကို လိုချင်တာလား။ ရှိသားပဲ။ ဒါပေမယ့် အခုချိန်ထိ အိမ်သာ မဝင်ရသေးဘူး။ ကိစ္စ ပြီးတော့မှ လွှဲပေးလို့ ရမလား။” ဖန်ကျန်းရှီလဲ လမ်းမှာ ပိတ်နေတဲ့ နဂါးကို အပြစ်ကင်းစင် ဖြူစင်ရိုးသားပြီး တုံးအတဲ့ ပုံစံလေးနဲ့ ကြည့်ရင်း ပြောလိုက်တယ်။

“ရတယ် ငါမလောဘူး။” ရွှေရောင် နဂါးက ခေါင်းငြိမ့်လိုကတယ်။

“ဒါဆိုရင် ဖြတ်သန်းခွင့် ပြုမလား။”

“မရဘူး။ ကိစ္စပြီးမှ သွားရမယ်။

“..”

“ကံကြမ္မာ နတ်သမီးရေ။ နဂါး တစ်ကောင်က ဒီလောက် ဟာသဉာဏ်ကောင်း နေတာကို လက်ခံ ရမှာလား။ ငါကြားဖူး ခဲ့တဲ့ အေးစက် ကြမ်းတမ်းတယ် ဆိုတာတွေက ဘယ်ရောက် သွားပြီလဲ။ သူက အင်အားကြီးပေမယ့်၊ ဒီလောက်တောင် သဘောကောင်းတဲ့ နဂါး ဖြစ်နေတာလား။”

“နေစမ်းပါအုန်း။”

“သဘောကောင်းတဲ့ နဂါး။”

သူ့ရှေ့က နဂါးကို ကြည့်ရင်း ပေါ်ပေါ်လာချင်း လက်သည်းနဲ့ ကုတ်ဆွဲဖို့ လုပ်ပြီး တိုက်ခိုက်တဲ့ အချိန်မှာ တုံ့ပြန်ခဲ့တဲ့ ပုံစံတွေကို ပြန်တွေးမိတယ်။ ကြည့်ရတာ ဒီနဂါးက အတော်လေး သဘောကောင်းပုံပဲ။

နည်းနည်းလေးတောင် မရက်စက်ဘူး။ တိုက်ခိုက်တဲ့ အချိန်တိုင်း တန်ပြန် တိုက်ခိုက်လို့ ရအောင် အခွင့်ရေး ပေးတယ်။ အစောပိုင်းတုန်းက ပြုတ်ကျအောင် ဟိန်းဟောက်တာက လွဲပြီး သူ့ကို အန္တရာယ် မပေးသေးဘူး။

အရေး အကြီးဆုံး ကတော့ သူပြောသမျှ စကားတွေ အားလုံးကို အိမ်သာတက်ဖို့ အပါအဝင် ဖော်ဖော်ရွေရွေကြီး ပြန်ဖြေ နေတာပဲ။

(ဒီပုံစံက မဟုတ်သေးပါဘူး။ ဒေါသကြီးတဲ့ ဒဏ္ဍာရီလာ နဂါးကြီးတွေက ဘယ်ရောက် သွားတာလဲ။)

“ကောင်စုတ်လေး မင်းဘာမင်း အိမ်သာတက်မလား။ မင်းတင်ပါးကို နာနာရိုက်ပြီး အိမ်သာထဲ ပြစ်ထည့် ပေးရမလား။” ရွှေရောင် နဂါးကြီးက ဖန်ကျန်းရှီရဲ့ အမူအယာ ဆက်တိုက် ပြောင်းလဲ နေတာကို ကြည့်ရင်း ပြောတယ်။

“..”

(ဒီတော့ ပုံမှန် ပုံစံ ပြန်လာပြီပေါ့။ ကြမ်းတမ်းပြီး စကားကို တည့်တိုး ပြောတယ်။ သဘောကောင်းတဲ့ နဂါးက ဘယ်ရောက် သွားပြီလဲ။)

ဖန်ကျန်းရှီ သူ့လက်ထဲက ချီလင်လျံကို ခပ်တင်းတင်း ကိုင်လိုက်တယ်။

အနောက်ပိုင်းမှာ နဂါးစီးသူလို့ ခေါ်တဲ့ အခေါ်အဝေါ် တစ်ခု ရှိတယ်။ အခုချိန်မှာ ဘ၀ အကြောင်းတွေ ပြန်တွေးနေဖို့ မကောင်းပေမယ့်၊ အရှေ့ပိုင်းက ဘိုးဘေးတွေ ဆီမှာ သင်ကြားလိုက်ရင် နဂါးသတ် သမားတစ်ယောက် ဖြစ်လာနိုင်တယ်။

ဖန်ကျန်းရှီက လောင်ကြေးကြီးကြီး ထပ်ဖို့ စဉ်းစား နေချိန်မှာပဲ ယွင်ချင်းဝူက ရုတ်တရက် ထပြောတယ်။

“ရွှေရောင် ခန္ဒာကိုယ်နဲ့ လက်လေးဖက်ကို ပိုင်ဆိုင် ထားတဲ့ အပြင် ကောင်းကင် လက်ခံ မြေပုံတွေ အကြောင်းကိုလဲ သိနေသေးတယ်။ ဒီလို စူးရှလွန်းတဲ့ အာရုံခံနိုင်စွမ်းနဲ့ နဂါး အရှင်သခင်ရဲ့ နာမည်က (ရွှမ်ယွမ်)များလား။” ယွင်ချင်းဝူ ပြောရင်းနဲ့ ဖန်ကျန်းရှီ ရှေ့မှာ ပိတ်ရပ်တယ်။

“ဟင်။” နဂါးရဲ့ မျက်ဝန်းထဲမှာ အလင်းတန်း တစ်ခု တောက်ပ သွားပြီးနောက် ယွင်ချင်းဝူ အနားကို သူ့ခေါင်းက ကပ်လာတော့တယ်။

ဖန်ကျန်းရှီကတော့ မလှုပ်ရှား ခဲ့ဘူး။ သူမက သူ့ကို နောက်ကျော ဓားနဲ့ ထိုးမှတော့ သူလဲ ပြန်လုပ် ရမယ်လေ။ နည်းနည်းလေးတောင် စိတ်ထဲ အပြစ်မရှိသလို မထင်မိဘူး။ သူ့ကို တစ်ခေါက် သစ္စာဖောက်တဲ့ သူကို အခါတစ်ရာ ပြန်သစ္စာဖောက် နိုင်တယ်။

“ကလေးမလေး မင်းအနံ့က ထူးဆန်းလိုကတာ။ ငါ့တို့ မျိုးနွယ် တစ်ခုနဲ့ တူတဲ့ အနံ့ ရနေရုံတင် မကဘူး။ ငါမုန်းတဲ့ အနံ့လဲ ရတယ်။“ ရွှေရောင် နဂါးကြီးက လေထဲကို ထိုးတက်သွားရင်း တိမ်တွေပေါ်မှာ လမ်းလျှောက်တယ်။

“နဂါး အရှင်သခင် ကျွန်မ မေးခွန်းကို မဖြေရ သေးဘူး။” ယွင်ချင်းဝူ ဆက်ပြောတယ်။

“ငါက မင်း မေးခွန်းကို ဘာဖြစ်လို့ ဖြေရမှာလဲ။”

“ကျွန်မ မေးခွန်းကို လိုလိုလားလား ဖြေပေးမယ် ဆိုရင် အရှင့်မေးခွန်းကိုလဲ ကျွန်မ ပြန်ဖြေပေး နိုင်ပါတယ်။” ယွင်ချင်းဝူကတော့ အေးဆေး တည်ငြိမ် နေခဲ့တယ်။

“ဟဟား။ မင်းလို ကလေးက ဘာသိမှာလဲ။” ရွှေရောင် နဂါးကြီး နည်းနည်းတော့ အံ့သြ သွားပေမယ့် တစ်ချက်ကြည့်ပြီး ငြင်းပယ်တယ်။

“အရှင် နဂါး မသိတဲ့ ကိစ္စ အကုန်လုံးကို ကျွန်မ သိတယ်။” ယွင်ချင်းဝူက ယုံကြည်ချက် အပြည့် ရှိနေခဲ့တယ်။

“အိုး။” ရွှေရောင် နဂါးကြီးက ယွင်ချင်းဝူကို လေးလေးနက်နက် ပြန်ကြည့်တယ်။ “ကောင်းပြီ။ မင်းကို အခွင့်အရေး ပေးလိုက်မယ်။ အကယ်၍ ငါ့မေးခွန်း သုံးခုကို မင်းဖြေ နိုင်မယ် ဆိုရင် မင်းရဲ့ မေးခွန်းတွေကိုလဲ ငါဖြေပေးမယ်။ ဒါပေမယ့် ငါ့မေးခွန်းကို မဖြေနိုင်ရင် ငါမင်းကို သတ်မယ်။”

“ကျေးဇူးပြုပြီး မေးပါ။” ယွင်ချင်းဝူ ပြန်ဖြေတယ်။ နဂါးရဲ့ စကားတွေကို သူက စိတ်ထဲ မထားခဲ့ဘူး။

“ကလေးမလေး မင်းက အတော် သတ္တိ ရှိတာပဲ။ ပထမဆုံး မေးခွန်းနဲ့ မင်းကို စမ်းသပ်မယ်။ လူသား မိစ္ဆာ နတ်ဆိုးနဲ့ နတ်တွေကြား ကွာခြားချက်က ဘာလဲ။” နဂါးက ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“ကွာခြားချက် မရှိဘူး။” ယွင်ချင်းဝူ တစ်ချက်လေးတောင် မစဉ်းစားပဲ ဖြေလိုက်တယ်။

“အိုး။ မင်းအဖြေကို ရှင်းပြ ပါအုန်း။”

“နတ်ဘုရား ဆိုတာ လူသား၊ မိစ္ဆာနဲ့ နတ်ဆိုးတွေ အင်အားကြီး လာတဲ့ အချိန်မှာ သတ်မှတ်တဲ့ အခေါ်အဝေါ်။ လူသား တစ်ယောက်ကနေ နတ်ဘုရား ဖြစ်နိုင်သလို မိစ္ဆာ နတ်ဆိုးတွေလဲ နတ်ဘုရား ဖြစ်လာနိုင်တယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှိပြီး လေးစားခံရဖို့ ထိုက်တန် သရွေ့၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို နောက်မျိုးဆက်တွေက မှတ်တမ်း တင်ထားပြီး ကိုးကွယ် ကြတယ်။ သူ့ကို နတ်ဘုရားအဖြစ် သတ်မှတ်တယ်။ ဒါကြောင့် ကွာခြားချက် မရှိဘူး။” ယွင်ချင်းဝူ စဉ်းစဉ်းစားစား ပြန်ဖြေတယ်။

“မင်းရဲ့ အသက်အရွယ်နဲ့ ဒီလောက် ပညာရှိမယ်လို့ မထင်ခဲ့ မိဘူး။ ငါ့စိတ်ထဲက အဖြေနဲ့ ကွာခြားပေမယ့်၊ လက်ခံ နိုင်ပါတယ်။”

“ကျေးဇူးတင်ပါတယ် နဂါး အရှင်သခင်င။”

“…” ဖန်ကျန်းရှီကတော့ မျက်လုံး ပြူးနေဆဲပဲ။ သဘောကောင်းတဲ့ နဂါးကြီးက ဒီလောက် အလွယ်လေး လက်လွှတ်ပေးမယ်လို့ မထင်ထား မိဘူးလေ။

“မမှန်တဲ့ အဖြေကိုတောင် မှန်တယ်လို့ သတ်မှတ်တာလား။”

“ဒါဆိုရင် ငါလဲ ဖြေလို့ ရတာပဲ လွယ်လွန်းတယ်။”

ပေါက်ကရတွေ ပြောတဲ့ နေရာမှာ သူက ယွင်ချင်းဝူထက် တော်တယ်လေ။

“မင်း အခုချိန်မှာ ငါ့ကို ကျေးဇူးတင်ဖို့ မလိုသေးဘူး။ နောက်ထပ် မေးခွန်း နှစ်ခုကို မင်းဖြေဖို့ လိုသေးတယ်။ တစ်ခုမှားသွား တာနဲ့ ငါမင်းကို သတ်မယ်။” နဂါးက ခေါင်းခါရင်း ယွင်ချင်းဝူရဲ့ လေးစားမှု ပြတဲ့ အမူအယာကို ငြင်းပယ်တယ်။

“ဒုတိယ မေးခွန်းကို ငါမေးမယ်။”

“နေပါအုန်း။” ဖန်ကျန်းရှီ အချိန်ကိုက် ဝင်တားတယ်။ အခုချိန်မှာ ယွင်ချင်းဝူကို သစ္စာဖောက်ပြီး နောက်ကျောက ဓားနဲ့ ထိုးဖို့ သူဆုံးဖြတ် ထားပြီးပြီ။ ဒီလို အခွင့်ကောင်းကို သူဘယ်လိုများ လက်လွှတ်မှာလဲ။

အရင်ဘဝမှာလဲ ဒီလို ဇာတ်လမ်းတွေ အများကြီး ရှိခဲ့တယ်လေ။

“သစ်ခုတ် သမားကြီး ရွှေပုဆိန် ကျသွားတာလား ငွေပုဆိန် ကျသွားတာလား။”

အရူးတောင်မှ သံပုဆိန် ကျသွားမှန်း သိနိုင်တဲ့ ကိစ္စကို တမင် မေးကြတာလေ။

“အိုး။ မင်းက ဘာလုပ်ချင်လို့လဲ။”

“ဒုတိယ မေးခွန်းကို ကျွန်တော် ဖြေချင်တယ်။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို တစ်ချက် ကြည့်ရင်း သူမ ရှေ့မှာ ဝင်ရောက်တယ်။

“ဟဟား။ စိတ်ဝင်စားစရာပဲ။ ဒုတိယ မေးခွန်းကို မင်းဖြေလိုက်။ မင်းရဲ့ ဉာဏ်ပညာကို ဒုတိယ မေးခွန်းနဲ့ စမ်းသပ်မယ်။ အရမ်းကို ရှင်းပါတယ်။ ကြီးမြတ်သော ရှနိုင်ငံတော်မှာ သုခမိန် စစ်နတ် တစ်ပါး ရှိခဲ့ဖူးတယ်။ သူ့နာမည်က မုန့်ထျန်း။ သူဘယ်လို သေခဲ့လဲ ဆိုတာ ငါ့ကို ပြောပြ။”

အပိုင်း (၁၀၂၃) ပြီး၏။

အပိုင်း (၁၀၂၄)

“အရှက်မရှိတဲ့ စုံတွဲ။”

…

ရွှေရောင် နဂါးကြီးက မေးခွန်း မေးပြီးတဲ့နောက် ဖန်ကျန်းရှီကို တိတ်တဆိတ်နဲ့သာ ကြည့်နေ ခဲ့တော့တယ်။

ဖန်ကျန်းရှီလဲ နဂါးကြီးကို ပြန်ကြည့်နေတယ်။ အဝေးကနေ ကြည့်မယ် ဆိုရင်တော့ ဒီမြင်ကွင်းက အတော့်ကို စိတ်နှလုံး နွေးထွေးစေတဲ့ မြင်ကွင်း တစ်ခုပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အခုချိန်မှာ လေထဲကို ခုန်ပျံပြီး နဂါးကြီးကို ဥတွေ ဆွဲညှစ်ပြစ်ချင် နေပြီ။

“အသိပညာတဲ့လား။”

“ဒါက ဘာအသိ ပညာလဲ။”

သုခမိန် စစ်နတ် မုန့်ထျန်း သေတုန်းက သူတောင် မမွေး သေးဘူး။ ဒါ့အပြင် ကြီးမြတ်သော ရှနိုင်ငံတော်ကြီး ကလဲ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ သေဆုံးမှု မှတ်တမ်းတွေကို အရမ်း တင်းကြပ်ထားတယ်။

သုခမိန် စစ်နတ် မုန့်ထျန်းက နတ်ဆိုး အရှင်သခင် စစ်ခုန်ကို အမိဖမ်းနိုင်ဖို့ သွေးအရိပ် မြို့တော်ကို တစ်ချက်တည်းနဲ့ နှစ်ခြမ်း ခွဲပြစ်ခဲ့တယ်။ ဒီအကြောင်းအရာ တစ်ခုကိုသာ လူတိုင်း သိကြတယ်လေ။ တခြား ကိစ္စတွေကိုလဲ ဖန်ကျန်းရှီ တက်ယ မသိဘူး။

သုခမိန် လောကထဲကို ဝင်ချိန်မှာလဲ မုန့်ထျန်း အကြောင်း ဘာမှတ်တမ်းကိုမှ မတွေ့ခဲ့ဘူး။ သူချန်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ ဓားတစ်လက်ပဲ။ ဒီတော့ သုခမိန် စစ်နတ် မုန့်ထျန်းက ဘယ်လို သေသွားလဲ ဆိုတာ သူဘယ်လို သိမှာလဲ။ ကံဆိုးလိုက်တာ။

ယွင်ချင်းဝူရဲ့ အလှည့်တုန်းက ဆွေးနွေးတဲ့ မေးခွန်းကိုသာ ဖြေခဲ့ရတယ်။ အဖြေ မဟုတ်တဲ့ အဖြေနဲ့လဲ မှန်သွားသေးတယ်။ ဒါပေမယ့် သူ့အလှည့်မှာတော့ ကွက်လပ်ဖြည့်ပါ ဆိုပြီး ဖြေနေရပြီ။

အဖြေက တစ်ခုပဲ ရှိနိုင်မယ်။

(လောကကြီးက တကယ့်ကို မတရားပါလား။)

တစ်ခဏတော စောင့်ဆိုင်း နေပြီးတဲ့နောက် ရွှေရောင် နဂါးကြီးလဲ ဖန်ကျန်းရှီ ဘာမှ ပြောမှာ မဟုတ်မှန်း နားလည် သွားခဲ့တယ်။ အဲ့ဒီ့နောက် သူစိတ်မရှည် လက်မရှည်နဲ့ မေးတော့တယ်။

“မင်း မဖြေနိုင်ဘူး မဟုတ်လား။”

ဖန်ကျန်းရှီ တကယ်ပဲ ပြန်ဖြေ ချင်တယ်။ ဒါပေမယ့် သုခမိန် စစ်နတ် မုန့်ထျန်း သေခဲ့တဲ့ ပုံစံကို သူမသိဘူးလဲ။ သူက ကျုးကောခုန့်မင်လို ပြန်မွေးဖွား လာတဲ့ သူလဲ မဟုတ်ဘူး။ သူဘာသူ ကြိုးစားရင်း အလုပ် ဖြစ်လာ ခဲ့တာ ချည်းပဲ။ အခုချိန်မှာ ကိစ္စတွေက အရမ်းကို ခရီးရောက်နေပြီ သူနောက်ပြန် လှည့်လို့ မရတော့ဘူး။

(ကိုယ့်ဘာကိုယ် ဇာတ်လမ်းဆင်လိုက်။ အသက်ကြီးပြီး သေသွားတယ် ပြောမလား။ ခေါင်းမာလို့ သေသွားတယ် ပြောမလား။ ရေသီးပြီး သေတယ် ပြောရမလား။)

ဘယ်တစ်ခုကမှ အဖြေမှန် မဟုတ်ခဲ့ဘူး။ နဂါးကြီးက မေးလာမှတော့ သူအဖြေကို သိပြီးသား ဖြစ်ရမယ်။ ဒါကြောင့် ကြုံရာကျပန်း အဖြေကို ဖြေရင် သူသေရလိမ့်မယ်။

“နေစမ်းပါအုန်း။”

“သူက သုခမိန် စစ်နတ် မုန့်ထျန်းကို ဘယ်လိုများ သိနေ ရတာလဲ။”

ရုတ်တရက် ယွင်ချင်းဝူကို ဖန်ကျန်းရှီ လှည့်ကြည့်လိုက်တယ်။ ယွင်ချင်းဝူလဲ သူ့ကို ပြန်ကြည့်နေမှန်း ဖန်ကျန်းရှီ သတိ ထားမိသွားတယ်။ သူမက ရေပြင်လို တည်ငြိမ် နေဆဲပဲ။

သူမရဲ့ အမူအယာ အရတော့ (မေးခွန်းကို ဖြေလိုက်လေ။ ဖြေနိုင်ရင် ဖြေလိုက်စမ်းပါ။)လို့ ပြောနေ သလိုပဲ။

“အရိပ်အမြွက်လေး ပေးနိုင်မလား။” ဖန်ကျန်းရှီက ရွှေရောင် နဂါးကြီးကို လှမ်းမေးတယ်။

“..”

“..”

နဂါးကြီးလဲ တစ်ခဏတာ ရပ်တန့် သွားခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာ အရိပ်အမြွက် လာတောင်းမယ်လို့ မထင်ခဲ့ မိဘူးလေ။ ဆရာက တပည့်ကို စမ်းသပ်နေတယ်လို့များ ဒီကောင်လေး ထင်နေတာလား။

“ဟဟား။” နဂါးကြီးက အူလှိုက်သည်းလှိုက် ရယ်မောနေတဲ့ အတွက် သူ့ဘေးက ရွှေရောင် မြူနှင်းတွေတောင် စတင် တုန်ခါလာ ခဲ့တယ်။ ဖန်ကျန်းရှီက သူ့ကို ဒေါသ ထွက်အောင် လုပ်လွန်းလို့ သူရယ်နေ ခဲ့ရတာပဲ။ “ကောင်စုတ်လေး မင်းက တကယ့်ကို သတ္တိ ရှိတာပဲ။ ငါက မင်းကို မေးခွန်း မေးတာတောင် မင်းက အရိပ်အမြွက်ကို ပြန်မေးဝံ့ သေးတယ်။ စိတ်ဝင်စား စရာပဲ။ ငါမင်းကို ပြောလိုက်မယ်။ ဘာအရိပ်အမြွက်မှ မရှိဘူး။ မင်း ငါ့မေးခွန်းကို မဖြေနိုင်ရင် သေရမယ်။”

“ဒါ လွန်တာပဲ။” ဖန်ကျန်းရှီ နည်းနည်းတော့ ဆွံ့အ သွားခဲ့တယ်။ သဘောကောင်းတဲ့ နဂါးလို့ သူထင်ခဲ့ ပေမယ့် အဆုံးသတ် မှာတော့ သူ့ကို သတ်ဖို့ပဲ ဆက်တိုက် ပြောနေ ခဲ့တယ်။

“မြန်မြန် ဖြေစမ်း။”

“နေပါအုန်း။ ဘာများ လောနေတာလဲ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

ယွင်ချင်းဝူနဲ့ နဂါးကြီးလဲ ပါးစပ်ပိတ်သွား ခဲ့တယ်။ ဖန်ကျန်းရှီက ယွင်ချင်းဝူ အနားကို လာကပ်ပြီး သူမ လက်မောင်းကို လာပုတ်တယ်။ အရိပ်အမြွက်ကို သူလိုချင် နေတယ်လေ။

ယွင်ချင်းဝူကတော့ ဘာကိုမှ မမြင်တဲ့ အတိုင်းသာ ဟန်ဆောင် နေခဲ့တယ်။ သူမ ခေါင်းကိုတောင် တခြား တစ်ဖက်လွှဲ သွားသေးတယ်။

“မင်းလဲ အဖြေကို မသိဘူး မလား။” ဖန်ကျန်းရှီ သူ့ကို စပြီးတော့ စကားနှိုက်တော့တယ်။

“ငါက ဘယ်လိုလုပ် အဖြေကို သိမှာလဲ။” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“ငါ မယုံဘူး။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြန်ပြောတယ်။

“..” ယွင်ချင်းဝူ ပြန်မဖြေ ခဲ့ဘူး။

တခြား တစ်ဖက်မှာတော့ ရွှေရောင် နဂါးကြီးက စိတ်မရှည် ဖြစ်လာခြ့တယ်။ အရင် အချိန်တွေ တုန်းက လူလည်တွေ လူလိမ်တွေကို သူတွေ့ဖူးတယ်။ ဒါပေမယ့် အခုလို ပြောင်ပြောင်တင်းတင်းကြီး သူများကို အကူအညီ တောင်းနေတာမျိုးတော့ မတွေ့ဖူးဘူး။

သူ့ကို မျက်လုံး ကန်းနေတယ်များ ထင်နေတာလား။

အရေးအကြီးဆုံး ကတော့ စာခိုးချဖို့ လုပ်တာ မအောင်မြင်ခဲ့တဲ့ ပုံစံပဲ။

မူး။ နဂါးကြီးက ဒေါသတကြီးနဲ့ အော်လိုက်တယ်။ သူ့ရဲ့ အမြီးကြီးကို သုံးပြီး ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို ရိုက်ချတယ်။

ဖန်ကျန်းရှီ အထိတ်တလန့်နဲ့ ယွင်ချင်းဝူကို ချီပြီးနောက် ဂူနောက်ဘက်ကို ပြေးတော့တယ်။

“မင်းတို့ မဖြေရင် နှစ်ယောက်လုံး သေရမယ်။” နဂါးကြီး နောက်ဆုံးမှာတော့ သတိ ပေးလိုက်ပြီ။

“မင်း ကြားတယ် မဟုတ်လား။ ငါမဖြေနိုင်ရင် မင်းလဲ သေရလိမ့်မယ်။ ငါတို့ နှစ်ယောက်က တစ်လှေတည်း စီးတဲ့သူတွေ ဖြစ်နေမှတော့ အရိပ်အမြွက်လေး ပြောပြလေ။ ဒီမှာ သေချင်လို့လား။” ဖန်ကျန်းရှီ ချက်ခြင်း သိမ်းသွင်းတော့တယ်။

“..” ယွင်ချင်းဝူကတော့ တကယ့်ကို ဘာပြော ရမယ်မှန်း မသိတော့ဘူး။

ဒီလို အရှက်မရှိတဲ့ ကိစ္စမှာတော့ ဖန်ကျန်းရှီက သူ့ထက် အများကြီး အများကြီးကို သာတယ်။

သူမကို စပြီးတော့ ပြဿနာ တက်စေချင်တာ ဖန်ကျန်းရှီလေ။ အဆုံးသတ်မှာတော့ ကိုယ့်ရှူးကိုယ်ပတ် သွားခဲ့တယ်။ ဒီလို အချိန်မှာတောင် သူမှန်သလိုလိုနဲ့ အရိပ်အမြွက် လာတောင်း နေသေးတယ်။

လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိ လုပ်နိုင် ရတာလဲ။

ယွင်ချင်းဝူ ဘာမှ မပြောနိုင်သလို သူ့ကို ဘာမှလဲ မလုပ်နိုင် ခဲ့ဘူး။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက သူ့ကို ပြဿနာထဲ အောင်အောင် မြင်မြင် ဆွဲခေါ် နိုင်ခဲ့ ပြန်ပြီလေ။

ကူကယ်ရာ မဲ့နေတဲ့ အတွက် သူမလဲ ဖန်ကျန်းရှီ လက်ပေါ်မှာ စာလုံး တစ်ချို့ ရေးလိုက်တော့တယ်။

“သတ်သေတယ်။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တောက်ပ လာတော့တယ်။ အဲ့ဒီ့နောက် ရွှေရောင် နဂါးကြီး ဘက်ကို လှည့်ပြီးတော့ ရပ်ဖို့ အချက်ပြတယ်။

“မုန့်ထျန်းက သူ့ကိုယ်သူ သတ်သေတာ။”

“ဟမ်း။” နဂါးကြီးရဲ့ အမြီးလဲ ရပ်တန့် သွားတယ်။ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို ကြည့်ရင်း သူ့ရဲ့ ရွှေရောင် အရှိန်အဝါတွေ ဖြည်းဖြည်းချင်း တည်ငြိမ် သွားခဲ့ပြီ။

“သုခမိန် စစ်နတ် မုန့်ထျန်းက တကယ့်ကို အင်အားကြီးတဲ့သူ။ သူက ဘယ်လိုလုပ် သူ့ကိုယ်သူ သတ်သေမှာလဲ။”

“အားနာပေမယ့်၊ ဒါက မေးခွန်းထဲမှာ မပါဘူး။ မဖြေနိုင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ငြင်းပယ်တယ်။

ရွှေရောင် အလင်းတန်းတွေက ချက်ခြင်း ဆိုသလို ပြင်းပြင်းထန်ထန် ပြန်တောက်ပ လာပြန်ပြီ။

“နဂါး အရှင်သခင် စိတ်မရှိရင် တတိယ မေးခွန်းကို မေးပါ။ ကျွန်မ ဖြေပါမယ်။” ယွင်ချင်းဝူ နောက်ဆုံးမှာတော့ ဝင်ပြောတော့တယ်။

“တတိယ မေးခွန်း မေးရတော့မှာလား။”

“မှန်ပါတယ်။ နဂါး အရှင်သခင်က အရှင့် စိတ်ထဲက မေးခွန်းတွေကို ကျွန်မတို့ ဖြေနိုင်မလားလို့ စမ်းသပ်နေမှန်း ကျွန်မ သိပါတယ်။ ပထမ မေးခွန်း နှစ်ခုက ကျွန်မတို့ရဲ့ အသိပညာကို စမ်းသပ်တာပဲ။ ဒါကြောင့် တတိယ မေးခွန်းကသတ္တိနဲ့ အင်အားကို စမ်းသပ်တာပဲ ဖြစ်ပါလိမ့်မယ်။ အင်အားကို မြင်ပြီးပြီမလို့ သတ္တိကို စမ်းကြည့်ဖို့ အချိန် တန်ပါပြီ။” ယွင်ချင်းဝူက ရွှေရောင် နဂါးကြီးရဲ့ ဆုံးဖြတ်ချက်ကို သိနေခဲ့တယ်။

“ဟဟား မင်းက စိတ်ကို ကစားတဲ့ နေရာမှာ တော်တာပဲ။ ကောင်းပြီ။ မင်းအကြံ ပေးတဲ့ အတိုင်းပဲပေါ့။ မုန့်ထျန်းက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတာလဲ ဖြေ။” ယွင်ချင်းဝူရဲ့ စကားကို ကြားချိန်မှာ ရယ်မောရင်းနဲ့ နဂါးကြီးက ပြောတော့တယ်။

“အရမ်းကို ရိုးရှင်းပါတယ်။ သူသေဖို့ လိုလို့။” ယွင်ချင်းဝူ အခိုင်အမာ ပြောတယ်။

“ဆက်ပြော။”

“ဧကရာဇ် စစ်ခုန်ကို မုန့်ထျန်းက တစ်ချက်တည်းနဲ့ သတ်ပြီးတဲ့နောက် နတ်ဆိုး မျိုးနွယ်တွေကို ထိခိုက်စေပြီး လူသားတွေ အတွက် တောက်ပတဲ့ အနာဂတ်ကို ဆောင်ယူ ပေးခဲ့တယ်။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မျှော်လင့်ချက်တွေကို ပြန်ပြီး လင်းလက် လာအောင် သူစွမ်းဆောင် ခဲ့တယ်။”

“ကောင်းပြီ။ ဆက်ပြော။”

“ကြီးမြတ်သော ရှနိုင်ငံတော်က မုန့်ထျန်းကို စစ်တပ်ကြီး ကွပ်ကဲခိုင်းပြီး သွေးအရိပ်မြို့တော်ကို ကျူးကျော်ရင်း နတ်ဆိုး မျိုးနွယ်တွေကို သတ်ဖြတ်ခိုင်းတယ်။ တစ်ခေါက်တည်းနဲ့ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကို သုတ်သင် စေချင်တယ်။ ဒါပေမယ့် မုန့်ထျန်းက မလုပ်နိုင် ခဲ့ဘူး။”

“ဘာဖြစ်လို့ မလုပ်ရတာလဲ။ ငါသိသလောက် အရဆိုရင် မုန့်ထျန်းက ကြင်နာတတ်တဲ့ သူမဟုတ်ဘူး။”

“မိစ္ဆာတွေက တောင်တန်းတွေထဲမှာ နေနေလို့ပဲ။ မုန့်ထျန်းက ဘယ်လောက်ပဲ သန်မာပါစေ မျိုးနွယ်စု နှစ်ခုလုံးရဲ့ ပညာရှင်တွေကိုတော့ အကုန် သတ်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ မိစ္ဆာ မျိုးနွယ်ကို သူတိုက်ခိုက် ခဲ့ရင် ရလဒ် နှစ်ခုပဲ ထွက်လာ နိုင်မှာကို သူသိတယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အင်အား ပေါင်းစည်းပြီး လူသားမျိုးနွယ်ကို အလစ်ဝင်တိုက်တာ (ဒါမှမဟုတ်) နတ်ဆိုးနဲ့ လူသားတွေ တိုက်ခိုက် နေချိန် မိစ္ဆာတွေက လူသားတွေကို ဝင်တိုက်ခိုက်တာ တစ်ခုတော့ ဖြစ်လာမှာပဲ။ ဘယ်ဖြစ်ရပ်ကမှ လူသား မျိုးနွယ် အတွက် ကောင်းမွန် နိုင်မှာ မဟုတ်ဘူး။ ကပ်သာဆိုက်သွား ခဲ့ရင် လူသား မျိုးနွယ်တွေက တစ်သက်လုံး သီးခြား နေရလိမ့်မယ်။ ”

“ဒါဆိုရင် သူက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတာလဲ။“

“အကယ်၍ သူသာ သီးခြား နေမယ် ဆိုရင် လောကကြီးရဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မယ်လို့ မုန့်ထျန်း ထင်ခဲ့တယ်။ ဒါပေမယ့် ဧကရာဇ် တစ်ပါးရဲ့ ရည်မှန်းချက် ကြီးမားလာခဲ့တာနဲ့ သူ့ပန်းတိုင်ကို ဘယ်အရာကမှ တားမရ နိုင်ဘူး ဆိုတာကို မသိခဲ့ဘူး။ ဧကရာဇ်က သူ့မိသားစုတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့တယ်။ မုန့်ထျန်းလဲ မငြင်းပယ် နိုင်ခဲ့ဘူး။ ဒါကြောင့် အကြပ်အတည်း အခြေအနေက လွတ်မြောက်နိုင်ဖို့နဲ့ သူ့ကလေးတွေ လုံခြုံစေဖို့ သူ့ကိုယ်သူ သတ်သေခဲ့တယ်။ ဒါကို ကြီးမြတ်သော ရှနိုင်ငံတော် သမိုင်းမှာ မှတ်တမ်း တင်မထားဘူး။ သက်သေပြစရာလဲ ဘာမှ မရှိဘူး။”

“မင်းတကယ်ပဲ ဒါတွေကို သိနေတာလား။”

“အရှင်နဂါးသခင်။ ဒီစမ်းသပ်ချက်ကို ကျွန်မ အောင်မြင်သွားပြီလား။” ယွင်ချင်းဝူ ရှေ့ကို တစ်လှမ်း တိုးလာရင်း ပြောလိုက်တယ်။

သူမဘေးမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကို တစ်ချက် လှမ်းကြည့်တယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာမှာ အရှက်တရားကို တွေ့ရမလားလို့ မျှော်လင့်ခဲ့ပေမယ့် စိတ်ပျက် သွားခဲ့ရပြန်တယ်။

ဖန်ကျန်းရှီက လုံးဝကို အရှက်မရခဲ့ဘူး။ ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်း ရှေ့ကို တစ်လှမ်း တိုးလာခဲ့တယ်။ ဖြစ်ခဲ့တာတွေ ပြီးပါစေတော့ ဆိုတဲ့ အတိုင်း ပြုမူနေခဲ့တယ်။ တစ်ခေါက်ပြီးတာနဲ့ အဆုံးသတ်ပြီ။

အတိတ်အကြောင်း ငြင်းခုန်နေတာက ဘာများ အသုံးဝင်မှာလဲ။

“ကောင်းပြီ။ အခု စစ်ဆေးတာကို အောင်မြင်ပြီဆိုတော့ ရတနာတွေ အားလုံး ငါ့ကို ပေး။” ဖန်ကျန်းရှီ လက်ဖြန့်ရင်း တောင်းလိုက်တယ်။

“ရတနာတွေ။” နဂါးကြီး ပြန်မေးတယ်။

“ဘာရတနာမှ မရှိဘူးလို့ ပြောချင်တာလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

အရမ်းကို ကောင်းမွန် နေခဲ့တဲ့ အခြေအနေက အခုချိန်မှာ ပျက်စီး သွားခဲ့ပြန်ပြီ။ ရွှေရောင်နဂါးကြီး ဒေါသ ထွက်လာတယ်။

(လူသား တစ်ယောက်က နဂါးကို ဘယ်လိုများ ရတနာ လာတောင်း ဝံ့တာလဲ။

နဂါးရဲ့ အကြိုက်ဆုံး အရာက ဘာဆိုတာတောင် မသိဘူးလား။)

ဖန်ကျန်းရှီလဲ အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ မေးခွန်းကို ဖြေနိုင်ဖို့ သူအများကြီး ကြိုးစားခဲ့တယ်။ အနည်းဆုံးတော့ ဘောလုံးကြီး အရွယ် ညလင်းပုလဲ ရမယ်လို့ သူထင်ထားခဲ့တာ။ ရတနာတွေ တောင်လို ပုံပြီး မပေးရင်တောင် သူ့အတွက် အဆင်ပြေတယ်။

ဒါပေမယ့် ဘာမှ မရှိဘူးတဲ့။ နဂါးက တကိုယ်ကောင်း ဆန်လိုက်တာ။

သူဒေါသတွေကို ပေါက်ကွဲတော့မယ့် အချိန်မှာပဲ ယွင်ချင်းဝူက သူ့ကို မရပ်မနား မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း ကြည့်နေမှန်း သတိ ထားမိသွားတယ်။ သူမရဲ့ မျက်ဝန်းတွေထဲ မီးတွေ တောက်လောင် နေသလိုပဲ။

(ဘာလို့ မျက်တောင် ခတ်ပြ နေတာလဲ။ ဘာကို ပြောချင်တာလဲ။ ငါ့ကို အထာလာပေး နေတာလား။)

ဖန်ကျန်းရှီ ခေါင်းခါပြလိုက်တယ်။ သူမ ပြောတာကို နားမလည်တဲ့ အကြောင်း ပြန်ပြတယ်။ သူမကို တိုက်ရိုက် ပြောစေချင်တယ်။

ယွင်ချင်းဝူက နာမည်မရှိတဲ့ ဂူကို လက်ညှိုးထိုး ပြတယ်။

“ဒီဂူလား။” ဖန်ကျန်းရှီ မေးခွန်းတွေကို စဉ်းစားပြီးနောက် မျက်လုံးပြူး သွားတော့တယ်။

(ဒီနေရာက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဂူလို့ ပြောချင်တာလား။”

(မဖြစ်နိုင်ဘူး။ သမိုင်းက ဘယ်လောက်ပဲ လျှို့ဝှက် ထားပါစေ။ အာကသထဲတော့ ပျံတက် မသွားနိုင်ဘူးလေ။)

(နေစမ်းပါအုန်း ဒီဂူက မုန့်ထျန်းရဲ့ ဂူမဟုတ်ရင် ဘယ်သူ့ဂူလဲ။)

“အရှင်နဂါးသခင်၊ အခုချိန်မှာ ငါ့မေးခွန်းကို ဖြေသင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီ တစ်ခဏတာ ဆက်တိုက် မျက်တောင် တဖျပ်ဖျပ် ခတ်ပြီးနောက် ပြောလိုက်တယ်။ ယွင်ချင်းဝူကတော့ သူ့စကားကို ဖန်ကျန်းရှီ အပြည့်အ၀ နားလည်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ရွှေရောင်နဂါးကြီးကို နောက်တစ်ကြိမ်မေးတယ်။

နဂါးကြီးက လေထဲကို ပျံတက်သွားရင်း ယွင်ချင်းနောက်ကို ရောက်လာတယ်။

“မင်း မေးခွန်း တစ်ခုပဲ မေးလို့ ရမယ်။”

“မေးခွန်း အတူတူပါပဲ။ နောက်ဆုံး နာမည်က ရွှမ်ယွမ်လား။” ယွင်ချင်းဝူ မအံ့သြခဲ့ဘူး။ ပုံမှန် အတိုင်းသာ ပြန်မေးတယ်။

“ကောင်မလေး။ ဒီမေးခွန်း မေးမှာ သေချာပြီလား။” နဂါးကြီးကတော့ မဖြေချင်တဲ့ ပုံစံ ပြနေခဲ့တယ်။

“ဟုတ်ပါတယ်။”

“ကောင်စုတ်လေး မင်းငါ့ရဲ့ မေးခွန်း အဖြေတွေကို ဖြေနိုင် ခဲ့မှတော့ အခုချိန်မှာ မင်းမေးခွင့် ရှိတယ်လို့ ငါယုံတယ်။ အကယ်၍ တခြား မေးခွန်း ထပ်ရှိရင် ငါဖြေနိုင်တယ်။”

“မေးလို့ ရတယ်လား။” ဖန်ကျန်းရှီ နည်းနည်းတော့ မျက်လုံး ပြူးသွားခဲ့တယ်။

“ဒါပေါ့။ ရတနာတွေ အကြောင်းလဲ မေးလို့ ရတယ်။ ဒီနန်းတော်ထဲမှာ ရတနာ ဘယ်နားရှိလဲ ဆိုတာမျိုးပေါ့။”

“ဟဟား။” ဖန်ကျန်းရှီ ရယ်တယ်။

“ဟ။“ နဂါးကြီးလဲ ရယ်တယ်။ သူ့သွားစွယ်တွေက အလင်းတန်းထဲမှာ ကြောက်စရာ ကောင်းအောင် တောက်ပလာခဲ့တယ်။

“ဖန်ကျန်းရှီ ငါေ့မးခွန်းက တကယ့်ကို အရေးကြီးတယ်။” ယွင်ချင်းဝူ နဂါးကြီး ဉာဏ်ဆင်နေတာကို သိတဲ့ အတွက် ဖန်ကျန်းရှီကို သတိပေးတယ်။

“နဂါး နာမည်က ရတနာနတွေထက် အရေးကြီးတယ်လား။” ဖန်ကျန်းရှီ ပက်ခနဲ ပြန်ပြော မိပေမယ့် ရုတ်တရက် ဆိုသလို အရင်ဘဝက ကလေးသီချင်း တစ်ပုဒ်ကို စိတ်ထဲမှာ သတိရ သွားတော့တယ်။

(ခေါင်းမှာဂျို၊ နောက်ဘက်မှာ အမြီး၊ ရွှမ်ယွမ်။ နဂါးလေး ရွှမ်ယွမ်)

ဒါကဘယ်လိုလုပ် အရေးကြီးမှာလဲ။ မဟုတ်သေးဘူး လွဲနေပြီ။ ယွင်ချင်းဝူက နဂါးရဲ့ နာမည်ကို ရွှမ်ယွမ် ဟုတ်မဟုတ် မေးတယ်။ ရှဟို့၊ တုန်ဖန်း၊ ရှီးမန်တွေ မပြောဘူး။

ယွင်ချင်းဝူရဲ့ အကြောင်းအရင်းကို ဖန်ကျန်းရှီ သေချာ မသိပေမယ့် ဒီနဂါးမှာ သေချာပေါက် သူ့ဇာတ်လမ်း ရှိနေလိမ့်မယ်။

(ရွှမ်ယွမ် နာမည်နဲ့ နဂါး။)

ဖန်ကျန်းရှီ နာမည်မဲ့ အုတ်ဂူနဲ့ ကျောက်တုံးတွေ နောက်ဆုံးမှာတော့ အပေါ်က သံကြိုးတွေကို မော့ကြည့်မိတယ်။ ထူးဆန်းမှုတွေက များလိုက်တာ။ အားလုံး အတွက် သင့်တော်တဲ့ အဖြေက ရှိနေပုံပဲ။ တကယ့် နဂါး အစစ်လဲ ရှိနေသေးတယ်။

ယွင်ချင်းဝူရဲ့ မေးခွန်းက တကယ့်ကို အရေးကြီးတယ်။

“တကယ်တော့ ကျွန်တော် သိချင်တာက နှစ်ပေါင်း ထောင်သောင်းချီအောင် နေရာ တစ်ခုမှာ ပိတ်မိသလို ဂူသချိုင်းမှာ စောင့်ကြပ်နေတဲ့ ရွှေရောင် နဂါးကြီးရဲ့ နောက်နာမည်ပဲ။ သူက လောကကြီးမှာ ဖြစ်သမျှ အရာ အားလုံးကို သိနေတဲ့ ပုံစံလဲ ရှိတယ်။ သူ့နာမည်က ရွှမ်ယွမ် ဟုတ်မဟုတ် သိချင်တယ်။” ဖန်ကျန်းရှီ ဖြည်းဖြည်းချင်းပြောတယ်။

“ဟဟား။” နဂါးကြီး ရယ်နေတာ ရပ်သွားပြီး မြေပြင်က မြူခိုးတွေ အများကြီး အပေါ်ကို ထိုးတက် လာတော့တယ်။

“အရှက်မရှိလိုက်တဲ့ စုံတွဲ။ မင်းတို့က လူတိုင်း ရှာနေတဲ့ ရတနာကို မလိုချင်ပဲ ငါ့နာမည်ကိုမှ သိချင်နေ ကြတယ်ပေါ့။ သေလိုက်ပါတော့လား။”

အပိုင်း (၁၀၂၄) ပြီး၏။

အပိုင်း (၁၀၂၅)

“ကစားသမား ခံစားချက်ကို အသက်သွင်း။ နဂါးပုလဲကို ရှာဖွေ။”

..

ရွှေရောင် နဂါးကြီးက ဒေါသ ထွက်လာတဲ့ အတွက် သူ့ရဲ့ နဂါး လက်သည်းတွေ ထဲကနေ ပေါက်ကွဲသံတွေလဲ ဆက်တိုက် ပေါ်လာခဲ့တယ်။ ယွင်ချင်းဝူရဲ့ မေးခွန်းက သူ့နှလုံးသား ဒဏ်ရာကို ဆွလိုက် မိပုံပဲ။

ဒါပေမယ့် တစ်ခဏတာ ဒေါသ ထွက်ပြီးနောက် စိတ်ပြန်ငြိမ် သွားခဲ့တယ်။ ရွှေရောင် မျက်ဝန်းတွေက ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို စိုက်ကြည့်တယ်။

“မင်းတို့ နှစ်ယောက်စလုံးက ဒီနေရာကို ဝင်လာ နိုင်မှတော့ သေချာပေါက် သူမတူတဲ့ စွမ်းရည်တွေ ရှိနေမှာပဲ။ ကောင်းပြီ။ မင်းတို့ မေးခွန်းကို ငါဖြေမယ်။ ငါ့ရဲ့ မျိုးရိုးနာမည်က ရွှမ်ယွမ်။ အရင့် အရင့်တုန်းကပေါ့။”

“တကယ်တော့ ကျွန်တော်လဲ ဟိုးရှေးရှေးတုန်းက ရွှမ်ယွမ်ပဲ။” ဖန်ကျန်းရှီက နဂါးကြီး ပြောတာကို ကြားချိန်မှာ ရိုးရိုးသားသား ဝင်ပြောတယ်။

နဂါးကြီးနဲ့ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီရဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာပေးကို ကြည့်ရင်း လန့်သွားခဲ့ရပြီ။

“မင်းလဲ ရွှမ်ယွမ် မျိုးနွယ်ပဲလား။” ဖန်ကျန်းရှီရဲ့ စကားကို နဂါးကြီးက မယုံခဲ့ဘူး။

“ဟုတ်တယ်။ အတော်တော့ ကြာပါပြီ။ ကြာလွန်းလို့ ဘာတွေ ဖြစ်ခဲ့မှန်း မမှတ်မိ တော့တဲ့ အထိပဲ။ အိပ်မက်ထဲမှာ သွေးစွန်းတဲ့ တိုက်ပွဲတွေကို မြင်ရတယ်။ မရေမတွက်နိုင်တဲ့ နတ်ဆိုး နတ်သခင်တွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ပြီး မြေပြင်က သွေးလို ရဲရဲနီ နေတယ်။”

“..” နဂါးကြီး မျက်လုံး ပြူးသွား ခဲ့ရပြန်ပြီ။.

ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ ထူးဆန်းတဲ့ သတ္တဝါကို မြင်တဲ့ အတိုင်းကြီး သူမ ကြည့်နေခဲ့တယ်။ (အရှက်မရှိတဲ့ ကောင်စုတ်၊ နင် အပိုလုပ်တာ နည်းနည်းတော့ လွန်သွားပြီ။)

နတ်သခင်တွေရဲ့ ရှေးဟောင်း စစ်ပွဲကြီး။

ဖန်ကျန်းရှီ ဘယ်လောက်ထိ အရှက်မရှိမှန်း ယွင်ချင်းဝူသာ မသိခဲ့ရင် သူပြောသမျှကို ယုံမိမှာ အမှန်ပဲ။ ယွင်ချင်းဝူ သံသယ ဝင်နေတဲ့ ပုံစံ ရှိပေမယ့်၊ ဖန်ကျန်းရှီကတော့ အတိတ် မှတ်ဉာဏ်တွေထဲမှာ နစ်မျော နေခဲ့တယ်။

“မြေပြင်ပေါ်ကို ကောင်းကင်က မီးလုံးကြီးတွေ ကျလာတယ်။ ရွာတွေ မီးလောင်ကုန်ပြီး သေတဲ့ သူတွေလဲ အများကြီးပဲ။ ဒီမြင်ကွင်းကို အိပ်မက်မက်တဲ့ အချိန်တိုင်း ရင်ထဲမှာ နာကျင်ရတယ်။ နာကျင်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် သတ်သေပြစ်ချင် တဲ့ အထိပဲ။” ရွှေရောင် နဂါးကြီးကတော့ သူ့ရဲ့ လေးနက်တဲ့ စကားတွေကြောင့် အမူအယာ နည်းနည်း ပြောင်းသွားခဲ့တယ်။

နဂါးကြီးရဲ့ အကြည့် ပြောင်းသွားတာကို မြင်ချန်မှာ ဖန်ကျန်းရှီက ခန္ဒာကိုယ်ကို လှည့်လိုက်ရင်း သက်ပြင်းချတယ်။

“အိပ်မက်က အိပ်မက်ပေမယ့်၊ ကောင်းကင် ကပ်ဆိုးကြီး ရောက်လာတဲ့ အချိန် ကောင်းကင် တစ်ခုလုံး နတ်ဆိုး နတ်သခင်တွေ ပြည့်နေပြီး ကာကွယ်ဖို့ လုပ်ခဲ့တာကို မှတ်မိသေးတယ်။ ဒါ့အပြင် လူသား၊ မိစ္ဆာ နဲ့ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကို ရှေ့ဆုံးက ဦးဆောင်နေတဲ့ အဖြူရောင် လူတစ်ယောက် ရှိတာကိုလဲ တွေ့တယ်။” ဖန်ကျန်းရှီက စကားကို ဝမ်းပန်းတနည်းနဲ့ အဆုံးသတ်လိုက်တယ်။

နဂါးကြီးလဲ အတိတ်ကို ပြန်တမ်းတရင်း အလုပ် များနေပုံပဲ။

အချိန် အတော် ကြာပြီးတဲ့နောက် ရွှေရောင် နဂါးကြီးရဲ့ မျက်ဝန်းတွေက တောက်ပ လာတော့တယ်။ ဖန်ကျန်းရှီကို တိုက်ပွဲထဲမှာ သူရင်းနှီးခဲ့တဲ့ လူတစ်ယောက် တွေ့သလို သူကြည့်တယ်။ သူတကယ့်ကို အတွေးထဲ နစ်မျော သွားပုံပဲ။

“ငါပေးခဲ့တဲ့ နာမည်ကို မှတ်မိသေးလား။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက ငွေရောင် အလင်းတန်းတွေ တောက်ပ လာပြီး ရုတ်တရက် မေးလိုက်တော့တယ်။

ပြန်လည် မွေးဖွားမှု သရဲတာအို။

ဝူး။ မိုးကောင်းကင်နဲ့ မြေပြင် နှစ်ခုလုံး လှုပ်ခါသွားတယ်။ လောကတစ်ခုလုံး အဖြူအမည်းတွေ ဖြစ်သွားပြီးနောက် ရွှေရောင်နဂါးကြီးက တစ်ချက် တုန်ယင်သွားရင်း သူ့ခန္ဒာကိုယ်ထဲကနေ ဝိဉာဉ် ထွက်သွားတော့တယ်။

“ဒါပေါ့ မှတ်မိပါတယ် သ။” နဂါးကြီး သတိလက်လွတ် ပြောမိတော့မယ့် အချိန်မှာပဲ ရုတ်တရက် သူ့အကြည့်က ပြန်တည်ကြည် သွားတယ်။ အဲ့ဒီ့နောက် သူဟိန်းဟောက်တော့တယ်။ “ကောင်စုတ်လေး မင်းကတကယ့်ကို အရှက်မရှိတာပဲ ငါတောင် မင်းလှည့်ကွက်ထဲ ဝင်တော့မလို့။”

“ကျွန်တော့်ကို မယုံဘူးလား။” ဖန်ကျန်းရှီကတော့ နဂါးကြီး အဖြေတွေ့ သွားတဲ့ အတွက် အံ့သြ နေခဲ့တယ်။ ဒါပေမယ့် သူ တည်ငြိမ် ချင်ယောင် ဆောင်နေဆဲ။

“ငါက မင်းကို ဘယ်လိုလုပ် ယုံရမှာလဲ။” နဂါးကြီးက ဖန်ကျန်းရှီကို သူ့လက်သည်းတွေနဲ့ ကုတ်ဆွဲဖို့ ပြင်လိုက်တယ်။

“ဒီနေရာမှာ ငါလာတာကို စောင့်နေတာ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ရှေ့ကို အကြောက်အလန့် မရှိ တစ်လှမ်း တိုးလာခဲ့တယ်။ နဂါးလက်သည်းတွေကတော့ ချက်ခြင်း ရပ်တန့် သွားခဲ့ပြီ။

ဖန်ကျန်းရှီနဲ့ ၂လက်မ အကွာမှာ သူရပ်တန့် လိုက်တယ်။ လက်သည်းထဲက ရွှေရောင် အလင်းတန်းတွေ ဖြတ်ထွက် လာပြီးနောက် ဖန်ကျန်းရှီရဲ့ နဖူးက ဆံနွယ်တွေကို ဖြတ်သန်း သွားခဲ့တယ်။

“နှစ်ပေါင်း တစ်ထောင်ကျော် စောင့်ခဲ့ ပြီးပြီ။ အခု မိစ္ဆာ နတ်ဆိုး နတ်ဘုရား မုခ်ဝတွေလဲ ပြန်ပွင့်လာပြီ။ အာကာသ ထဲက အင်အားကြီး ဖြစ်တည်မှုတွေလဲ မြေပြင်ပေါ်ကို ပြန်ဆင်းသက် လာနေပြီ။ ဘယ်အချိန်ထိ စောင့်အုန်းမလို့လဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။

ရွှေရောင် နဂါးကြီးကတော့ နေရာမှာတင် ရပ်တန့် နေခဲ့တယ်။ ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီနဲ့ နဂါးကြီးကို မျက်လုံး ပြူးကြီးနဲ့သာ ကြည့်နေခဲ့တယ်။

တကယ်ကြီး အလုပ်ဖြစ်တယ်လား။

သူ့မှတ်ဉာဏ်တွေ အရဆိုရင် ဖန်ကျန်းရှီက အတိတ်သမိုင်းတွေ အကြောင်း ဘာမှ မသိဘူး။ အခုတော့ အရာအားလုံးကို သူကိုယ်တိုင် မြင်ခဲ့တဲ့ အတိုင်း ပြန်ပြောပြ နေတယ်။

မခန့်မှန်း နိုင်လောက်အောင် ထူးဆန်းတာပဲ။ အစပိုင်းမှာ ဖန်ကျန်းရှီ ဟာသ လုပ်နေတယ်လို့ ထင်ခဲ့ပေမယ့်၊ နဂါးကြီးရဲ့ တုံ့ပြန်မှုကြောင့် သူမ စိတ်တွေ လေးလံ သွားခဲ့ ရတယ်။

ရွှမ်ယွမ်။ နဂါးကြီးနာမည်က ရွှမ်ယွမ်။ ဖန်ကျန်းရှီက ဒီမျိုးရိုးထဲက တစ်ယောက်ယောက်နဲ့ သိနေလို့လား။ မဖြစ်နိုင်ဘူး။ သမိုင်း စာအုပ်တွေ ထဲမှာ အရမ်း အရမ်းကို ရှေးကျတဲ့ စာအုပ်တွေပဲ ဒီကိစ္စကို မှတ်တမ်းတင်ထားတယ်။

“ဖန်ကျန်းရှီ။ နင်။” ယွင်ချင်းဝူ စကား ဝင်ပြော ချင်ပေမယ့် ဘာကို ပြောရမလဲ မသိခဲ့ဘူး။

“ငါ့ကို အခု မယုံရင်လဲ ကိစ္စမ ရှိဘူး။ ဒါပေမယ့် ဒီမှာ တကယ် နေချင်တာလား။ ဒီနေရာမှာ အတားအဆီးတွေ အောက်မှာ တစ်သက်လုံး ပိတ်မိ နေချင်တာလား။” ယွင်ချင်းဝူကို လျစ်လျူရှု ထားရင်း ဖန်ကျန်းရှီက နဂါးကြီးကိုသာ စကား ပြောနေခဲ့တယ်။

ဒါပေါ့။ ရွှမ်ယွမ် အကြောင်းကို သူသိတယ်။ အဲ့တာက ဧကရာဇ်ဟွမ်ရဲ့ မျိုးရိုးနာမည်ပဲ။ ယွင်ချင်းဝူေ မးလိုက်တဲ့ အချိန်တည်းက တစ်ခုခု လွဲနေတာကို သူသတိ ထားမိတယ်။ နဂါးကြီး ပြန်ဖြေတဲ့ အချိန်တည်းက သူ့ခန့်မှန်းထားတာ ရှိပြီးသား။

အရမ်းအရမ်းကို ကြာမြင့်ခဲ့တဲ့ အချိန်တုန်းကလဲ သူ့နာမည်က တကယ့်ကို ရွှမ်ယွမ် ဖြစ်ခဲ့ဖူးတယ်။

အဖြေက ေ၀ဝါး နေပင်မယ့်၊ ဒီေ၀ဝါးတဲ့ အဖြေကြောင့် နဂါးကြီးရဲ့ ဇစ်မြစ်ကို သူပိုပြီး သေချာ သိလာတယ်။

ရှေးသမိုင်း မတင်မီခေတ်က ဧကရာဇ်ဟွမ် ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံး နတ်သတ္တဝါ။ လက်သည်းငါးခု ရွှေနဂါး။

အင်အားကြီးလို့ ဒဏ္ဍာရီလာ နတ်ဘုရား အဖြစ် ကိုးကွယ်ကြတယ်။ ဖန်ကျန်းရှီက ဒီလို အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ် ခံမှာလဲ။ ဒါကြောင့် သူ ဟန်ဆောင်တယ်။ အတုအယောင်ကို အစစ် ဖြစ်လာတဲ့ အထိ သူဟန်ဆောင်တယ်။

ရှေးဟောင်း စစ်မြေပြင် အကြောင်းကို သူအိပ်မက် မမက် ခဲ့ပေမယ့်၊ စာတွေကိုတော့ ဖတ်ခဲ့ရတယ်။ အတိတ်ဘ၀ တုန်းက ဧကရာဇ် ယန်နဲ့ ဧကရာဇ်ဟွမ် အကြောင်း စာတွေကို သူမှတ်မိတယ်။

ဒါကြောင့် အချက်အလက်တွေ အားလုံးကို စုစည်းပြီး လက်ရှိ လောကမှာ ဖြစ်ခဲ့တဲ့ အတိုင်း ပုံပြင် တစ်ပုဒ် သူဖန်တီး တော့တယ်။

ဒီနဂါးကို အရူး မလုပ်နိုင်ဘူး ဆိုရင် သူ့နာမည်က ဖန်ကျန်းရှီ မဟုတ်တော့ဘူး။

“အချုပ်အနှောင်တွေ အောက်မှာ ငါရောက်နေတာကို မင်းသိတယ်လား။” နဂါးကြီးက ဖန်ကျန်းရှီကို မယုံခဲ့ပေမယ့် အတားအဆီး ကိစ္စကို ကြားချိန်မှာတော့ သူမေးခွန်း ထုတ်ဖို့ လိုလာတော့တယ်။

“သိတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အဲ့ဒီ့နောက် လက်ကို တစ်ချက် ခါလိုက် ချိန်မှာတော့ ရွှေရောင် အမှတ်အသားတွေ အပြည့်ပါတဲ့ အနက်ရောင် ကျောက်ပြားကြီး တစ်ခု ပေါ်လာတော့တယ်။

ဒါကတော့ ကောင်းကင် ကပ်ဆိုးကြီး အကြောင်း မှတ်တမ်း တင်ထားတဲ့ ကျောက်ပြားကြီးပဲ။ ကျောက်ပြားကြီးကို အပိုင်းပိုင်း ဖြတ်ပြီးတဲ့နောက် သူနဲ့ အတူတူ လမ်းတစ်လျှောက်မှာ သယ်လာခဲ့တယ်။ နဂါးကြီး ပြောတာကို ကြားချိန်မှာတော့ သက်သေ အဖြစ် ဒါကို ထုတ်ယူ် လိုက်တော့တယ်။

“ဟမ်။” ကျောက်ပြားကြီးကို နဂါးက သေချာ ကြည့်ရင်း အမူအယာ ပြောင်းသွား ခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဆုတောင်းနေတယ်။

(မိုးနတ်မင်းကို တောင်းဆုပြုပါတယ်။ အောင်မြင်ပါစေ)

ကျောက်ပြားကြီး နောက်မှာ ကြီးမားတဲ့ ဗျူဟာ အင်းကွက်လဲ ရှိနေခဲ့တယ်။ ဒါကို သူနားမလည် ပေမယ့်၊ အသုံးဝင်မှန်းတော့ သိတယ်။ အဲ့ဒီ့နောက် နဂါးကြီး ပေါ်လာတဲ့ ပုံစံကို သူပြန်တွေး မိတယ်။ မြေပြင် တစ်ခုလုံး တောက်ပလာပြီးမှ ရွှေရောင် နဂါး ရောက်လာတယ်။

အခု အချိန်ထိ ရွှေနဂါးကြီး ရှင်သန် နိုင်နေတာ သူ့ကို ထူးခြားတဲ့ အချုပ်အနှောင် တစ်ခုနဲ့ တားဆီး ထားတာကြောင့် ဖြစ်မယ်မှန်း သက်သေတွေက အပြည့် ရှိနေခဲ့တယ်လေ။

“ငါ ခန့်မှန်းတာ မှန်တယ်လား။ မှန်မှဖြစ်မယ်။” ဖန်ကျန်းရှီ ဆုတောင်းနေသလို သတိကြီးကြီးလဲ ထားနေခဲ့တယ်။

ယွင်ချင်းဝူကတော့ ဘေးမှာ တိတ်တိတ်လေး စောင့်နေခဲ့တယ်။ ဒါပေမယ့် အခုချိန်ထိ သူမရဲ့ မသင်္ကာတဲ့ အကြည့်က မပြောင်းလဲ ခဲ့ဘူး။

ဖန်ကျန်းရှီ ခန့်မှန်းတာသာ မှန်သွားခဲ့ရင် အံ့သြစရာ ကောင်းလိမ့်မယ်။

ဒီအတွေး ဝင်လာ ချိန်မှာပဲ ရွှေရောင် နဂါးကြီးက ခေါင်းမော့လာတာကို မြင်လိုက်ရတယ်။ ကျောက်တုံး အပိုင်းအစတွေကို သူလိုက်သိမ်းတယ်။

“ကောင်လေး မင်း စကားကို ငါမယုံပေမယ့်၊ မင်းသာ ငါ့ကို အချုပ်အနှောင်ကနေ လွတ်အောင် လုပ်ပေး နိုင်ရင်၊ ငါမင်းကို ဆန္ဒ သုံးခု ဖြည့်ဆည်း ပေးမယ်။”

“ဆန္ဒ သုံးခုတဲ့လား။ ဒီတော့ နဂါး ပုလဲ ၇လုံးကို သူစုတာ အောင်မြင် ခဲ့တယ်ပေါ့။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။

“အဲ့ဒီ့ ကိစ္စက ခက်လွန်းတယ်။”

“ငါသိတယ်။” နဂါးကြီး ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် အရိပ်အမြွက်ပေး။” ဘာအတားအဆီး ချထားမှန်း မသိပေမယ့်၊ သူသိချင်ယောင် ဆောင်ရမယ်။

သရုပ်ဆောင်ရမယ်။ ဘဝက ဇာတ်လမ်းရှည်လိုပဲ။ အမြဲတမ်း သရုပ်ဆောင် နေဖို့ လိုအပ်တယ်။ ဒါကို သူက ကောင်းကောင်းကြီး သိတယ်။

“ကျောက်ပြားပေါ်က စာတွေကို မင်းနားလည် နိုင်တာ သေချာလို့လား။” နဂါးကြီး အတည်ပြုတယ်။

“ဒီကိစ္စကတော့ ကြည့်ရမှာပေါ့။” ဖန်ကျန်းရှီ စိတ်သက်သာရာ ရသွားခဲ့ပြန်တယ်။ သေချာပေါက်ကို ကျောက်ပြားရဲ့ ဗျူဟာ အင်းကွက်တွေနဲ့ သက်ဆိုင် နေတာပဲ။ ဒီလို ဖြစ်မှတော့ သူလဲ ထီဆုကြီး ပေါက်ပြီ။

“ကောင်းပြီ ပြောပြမယ်။” နဂါးာကီး ခေါင်းငြိမ့်လိုက်ရင်း ရွှေရောင် အလင်းတန်း နှစ်ခုကို ပြစ်လွှတ်လိုက်တယ်။

“ထောင်ချောက်လား။” ဖန်ကျန်းရှီ ချက်ခြင်း ယွင်ချင်းဝူကို ဆွဲခေါ်ပြီးတော့ လှိမ့်ချ လိုက်တယ်။ သူတို့ ရပ်နေခဲ့တဲ့ နေရာကို ဖြတ်ကျော် သွားပြီးနောက် စကားလုံးမဲ့ ကျောက်ပြားကို အလင်းတန်းက လျှပ်စီးလက်သလို သွားရိုက်ခတ်တယ်။

ချက်ခြင်းဆိုသလို ကျောက်ပြားပေါ်မှာ သင်္ကေတတွေက တောက်ပ လာခဲ့ပါတယ်။

ရွှေရောင် အလင်းတန်းတွေ ဆက်တိုက် တောက်ပ လာပြီးနောက် အားလုံးက ဖားလောင်းတွေလို တစ်နေရာတည်းမှာ စုဝေးကုန်တယ်။

ယွင်ချင်းဝူကိုတော့ ဖန်ကျန်းရှီက အားအပြည့်နဲ့ ဖိထားဆဲ။ ယွင်ချင်းဝူကတော့ မျက်နှာတွေ နီရဲပြီး အသက်ရှူဖို့တောင် ခက်နေခဲ့တယ်။ ဖန်ကျန်းရှီကို သူမ စေ့စေ့ စိုက်မကြည့်ခဲ့ဘူး။ အပြစ်လဲ မတင်ခဲ့ဘူး။

ကျောက်ပြားပေါ်မှာ ပေါ်လာတဲ့ ရွှေရောင် သင်္ကေတတွေကိုသာ သူမ ကြည့်နေခဲ့တယ်။ ဒီသင်္ကေတတွေက အပြင်ဘက်မှာ တွေ့ခဲ့တဲ့ ကျောက်ပြားနဲ့ တစ်ပုံစံတည်းပဲ။

“ဒီအရှက်မရှိတဲ့ ကောင်စုတ် အောင်မြင် တော့မှာလား။” ယွင်ချင်းဝူ တွေးနေမိတယ်။ အကယ်၍ ဖန်ကျန်းရှီသာ အလွယ်လေး အောင်မြင် သွားခဲ့ရင် တိုက်ဆိုင်ရာ ရောက်လွန်းတယ်။

”တိုက်ဆိုင်မှုတွေသာ မရှိရင်၊ ဇာတ်လမ်းတွေလဲ ဖြစ်မလာနိုင်ဘူး။”

သူမ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်နေခဲ့ ပြန်တယ်။

ဒီသင်္ကေတတွေ အားလုံးကို သူမ မသိခဲ့ဘူး။ အကြမ်းဖျင်းသာ ဖတ်တတ်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ တစ်လုံးမကျန် နားလည်မှန်း သူမသိတယ်။ ဖန်ကျန်းရှီ ဒါတွေကို ဘယ်လို သိနေလဲ မတွေးတတ်တာ သူမ ငြင်းမရတဲ့ အချက်ပဲ။

“တိုက်ဆိုင်လိုက်တာ၊ အားလုံးကို ငါမှတ်မိတယ်။ ငါတကယ်ပဲ ရွှမ်ယွမ် မျိုးနွယ် ဖြစ်ခဲ့တာကို မင်းယုံပြီလား။” ဖန်ကျန်းရှီ ရွှေရောင် သင်္ကေတွေကို မြင်ချိန်မှာတော့ ဖုတ်ဖက်ခါ ထသွားရင်း ပြောတော့တယ်။

“အရှက်မရှိလိုက်တာ။” ယွင်ချင်းဝူကတော့ စိတ်မထိန်းနိုင်ပဲ အော်တော့တယ်။

ရွှေရောင် နဂါးကြီးကတော့ ခေါင်းကို စောင်းရင်း ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ ပြောသမျှ အရာတွေကို သူမယုံပေမယ့်၊ ဒီစာတွေကို သူတကယ် သိနေရင်တော့ သူက။

နဂါးကြီးလဲ မဖြစ်နိုင်တဲ့ အတွေးတွေကို ရပ်တန့် လိုက်တော့တယ်။ ဖန်ကျန်းရှီရဲ့ အကျင့်က သူသိခဲ့ ဖူးတဲ့ တစ်ယောက်သော သူနဲ့ လုံးဝကို ကွာခြား နေတယ်လေ။

ဒီနှစ်ယောက်က တစ်ယောက်တည်း ဆိုတာကို ဘယ်သူ ယုံမှာလဲ။

ဒီနဂါးကတော့ မယုံဘူး။

ဖန်ကျန်းရှီတောင် သူပြောခဲ့တာတွေကို ကိုယ်တိုင် မယုံဘူး။ ကိုယ့်ကိုယ်ကို ဧကရာဇ် ဟွမ်ရွှမ်ယွမ် ပြန်ဝင်စားတယ်လို့ အခိုင်အမာ ပြောရအောင်လဲ သူ့မှာ ထူခြားတဲ့ ကောင်းချီးခံ သွေးတွေ ရှိမနေခဲ့ဘူး။ သူဘယ်လိုပဲ မယုံနိုင်သည် ဖြစ်ပါစေ သရုပ်ဆောင်တာကိုတော့ မရပ်ခဲ့ဘူး။

“ရွှမ်ယွမ် မျိုးနွယ် နဂါး တစ်ကောင်။ ငါရှေ့မှာ ရှိနေတာက အဲ့ဒီ့ ဒဏ္ဍာရီလာ နဂါးပဲ။” ဖန်ကျန်းရှီ ၉၀% ယုံကြည်ချက် ရှိတယ်။

ဒါပေမယ့် သူနားမလည်နိုင်တာ တစ်ခုကတော့ လက်ရှိ လောက မှတ်တမ်းတွေ အရ ဧကရာဇ်ဟွမ် အာကာသထဲမှာ ပိတ်မိတာ မရှိခဲ့ဘူး။ ဧကရာဇ်ယန်နဲ့ အတူ အသက်ရှင်ပြီး လူသား မျိုးနွယ်ကို ဖန်တီးခဲ့တယ်။ ဒါဆိုရင် ဒီအုတ်ဂူကြီးက ဘယ်လိုများ အာကာသထဲကနေ ပြုတ်ကျ လာတာလဲ။

နားမလည်ပေမယ့် အဖြေက ကျောက်ပြားပေါ် ရှိမယ်မှန်း သူသိနေခဲ့တယ်။ ဖန်ကျန်းရှီလဲ ကျောက်ပြားပေါ်က စာတွေကို ဖတ်တော့တယ်။

“ဒီတော့ မင်းရဲ့ နာမည် အပြည့်အစုံက ရွှမ်ယွမ်ဝူ (ရွှမ်ယွမ် နံပါတ်ငါး)ပေါ့။ ရိုးရှင်းပေမယ့် လက်သည်းငါးခု ရွှေနဂါးဆိုတဲ့ ဂုဏ်ပုဒ်နဲ့တော့ လိုက်ဖက်ပါတယ်။” ဖန်ကျန်းရှီ စာကြောင်း နည်းနည်း ဖတ်ရင်း ပြောလိုက်တယ်။

“မင်း ကောင်စုတ်လေး။ တကယ်ပဲ နားလည်တယ်ပေါ့။” နဂါးကြီးရဲ့ တကိုယ်လုံး တသိမ့်သိမ့် တုန်ယင် လာတော့တယ်။ သူ့ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်းတွေတောင် မတည်ငြိမ် နိုင်တော့ဘူး။

သူစိတ်ထိခိုက် သွားပုံပဲ။

ဒီလောက် နှစ်တွေ ကြာခဲ့ပြီ။ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။

ရွှမ်ယွမ်ဝူ၊ ရွှမ်ယွမ်ဝူ။ အရမ်း အရမ်းကို ကြာလွန်း နေပြီ။

တစ်ချိန်က လောက ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ လက်သည်းငါးခု ရွှေနဂါး။

အပိုင်း (၁၀၂၅) ပြီး၏။

အပိုင်း (၁၀၂၆)

“ရှေးဟောင်း နန်းတော်ရဲ့ လျှို့ဝှက်ချက်။”

..

“ဒီအရှက်မရှိတဲ့ ကောင်စုတ်က သင်္ကေတတွေ အားလုံးကို ဘယ်လိုများ သိနေ ရတာလဲ။ သူတကယ် ဘယ်လိုများ လုပ်လိုက်တာလဲ။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ကံကောင်းသွား ပြန်ပြီမှန်း ယွင်ချင်းဝူ သိလိုက်တယ်။

ရွှမ်ယွမ်ဝူ။ နဂါးကြီး နာမည်က ရွှမ်ယွမ်ဝူ။

ယွင်ချင်းဝူက ထက်မြက်တဲ့သူ နဂါးကြီးရဲ့ ဇစ်မြစ်က သူမတူအောင် ထူးခြားမှန်း သူမ ခန့်မှန်း မိတယ်။ အစောပိုင်းက မေးခွန်းကို သူမ မေးခဲ့တာလဲ ရှေးဟောင်း လက်ရေးစာ ကြောင့်ပဲ။

ရှေးရှေးခေတ်မှာ လက်သည်းငါးခု ရွှေနဂါးကြီးက ဧကရာဇ် ဟွမ်ရွှမ်ယွမ်နဲ့ အရမ်းကို ရင်းနှီးခဲ့တဲ့ မိတ်ဆွေကောင်း။ ဧကရာဇ်က သူ့ကို မိသားစု ဝင်အဖြစ် သတ်မှတ်ခဲ့တယ်။

အကယ်၍ ဒီနဂါးရဲ့ နာမည်သာ ရွှမ်ယွမ် ဖြစ်ခဲ့မယ် ဆိုရင် သူက သေချာပေါက် သူက လက်သည်းငါးခု ရွှေနဂါးပဲ။

သူမ မမျှော်လင့် ထားမိတာကတော့ ဖန်ကျန်းရှီ အတိတ်အကြောင်း တွေကို နက်နက်နဲနဲ နားလည် နေတဲ့ ကိစ္စပဲ။ ရွှေနဂါးရဲ့ ဇစ်မြစ်ကို နာမည်လေး တစ်ခုတည်းနဲ့ သူက ခန့်မှန်း တွက်ချက် နိုင်ခဲ့တယ်။ ပြီးတာနဲ့ ချက်ခြင်း လှုပ်ရှားတယ်။

“အရှက် မရှိလိုက်တာ။” ယွင်ချင်းဝူ စိတ်ထဲမှာ ကျိန်ဆဲ နေရုံသာ တတ်နိုင်တယ်။ သူမ လက်ခံချင်သည် ဖြစ်စေ လက်မခံချင်သည် ဖြစ်စေ၊ ရွှေနဂါးရဲ့ အချုပ်အနှောင်တွေကို သူမ မဖြေရှင်း ပေးနိုင်တာတော့ အမှန်ပဲ။

တကယ်တော့ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ နာမည်မဲ့ ကျောက်ပြားပေါ်က စာတွေကို နားလည်ပြီး အချုပ်အနှောင်ကို ဖြေရှင်း ပေးနိုင်တယ်။

…

အံ့သြစရာ ကောင်းလောက်အောင်ပဲ ဖန်ကျန်းရှီက ရွှေနဂါးကြီးရဲ့ မေးခွန်းကို ပြန်မဖြေခဲ့ဘူး။ အခုချိန်မှာ စာတွေကို သူအာရုံ စိုက်ပြီး ဖတ်နေခဲ့တယ်။ အကြောင်းအရာ ကတော့ ဧကရာဇ် ဟွမ်ရဲ့ အတ္ထုပတ္တိပဲ။

“တကယ့်ကို ဧကရာဇ် ဟွမ်ရွှမ်ယွမ်ရဲ့ ဂူဖြစ်နေတာလား။” ဖန်ကျန်းရှီ အစောပိုင်းတုန်းက ခန့်မှန်းတာ မှန်သွား ခဲ့ပေမယ့်၊ အမှန်တရားကို ကိုယ်တိုင် အတည်ပြုပြီး ချိန်မှာတောင် လန့်နေ ခဲ့တာ အမှန်ပဲ။ လောက ပထမဆုံး လူသား ဧကရာဇ်ရဲ့ ဂူဗိမာန်ကို သူရောက် နေတာလေ။

အထဲက စာတွေကို ဖတ်ရင်း ဖန်ကျန်းရှီ ပိုပိုပြီးတော့ လန့်လာခဲ့တယ်။ ဒီ အကြောင်းအရာတွေက သမိုင်း မှတ်တမ်းတွေ ဒဏ္ဍာရီ ပုံပြင်တွေနဲ့ လုံးဝကို ကွာခြားနေတယ်။ ဒါပေမယ့် သူသေချာတာ တစ်ခုတော့ ရှိသွား ခဲ့ပြီ။

ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ် နှစ်ယောက်စလုံးက ကောင်းကင် ကပ်ဆိုးမှာ ပါမသွားခဲ့ဘူး။ သူတို့ နှစ်ယောက်စလုံး အသက်ရှင်ပြီးတော့ လူသား မျိုးနွယ်တွေ အတွက် အဖွဲ့အစည်းသစ် တစ်ခုကို ဖန်တီး ပေးခဲ့တယ်။

ဒီနှစ်ယောက်က မြင့်မားလွန်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်တယ်။ သူတို့ရဲ့ အုပ်ချုပ်မှု အောက်မှာ လူသား မျိုးနွယ်တွေ ဘယ်လောက်ထိ တိုးတက် ကြွယ်ဝပြီး လူသားတွေ များပြား လာမလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်တယ်။

ကျောက်ပြားပေါ်မှာ ကပ်ဆိုးကြီး ပြီးနောက် ဧကရာဇ်ဟွမ် ဖြစ်ခဲ့ တာတွေကို မှတ်တမ်း တင်ထားတယ်။

“လူသား မျိုးနွယ်တွေ အတွက် အဖွဲ့ အစည်း တစ်ခုကို တည်ထောင်ပြီး လေးစားခံရတဲ့ ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့။”

“ယန်။ သူ့ခံစားချက်တွေက ထူးဆန်းတယ်။ ကူနဲ့ ယန်ကြားက ဆက်ဆံရေးတွေ အကြောင်းအရင်း အမျိုးမျိုးကြောင့် အချိန်နဲ့ အမျှ အေးစက်လာခဲ့တယ်။ ယန်က ကူကို သူ့ရဲ့ အပြုအမူ အတွက် အပြစ်တင်နေဆဲလား။”

“..”

ဖန်ကျန်းရှီ ဆက်ဖတ် နေခဲ့တယ်။ ကျောက်ပြားပေါ်မှာ ရှိနေတဲ့ စာကြောင်းတွေက ရိုးရှင်း ပြတ်သားတယ်။ ဒါပေမယ့် ဘာသာပြန်ဖို့ အချိန်နည်းနည်း လိုအပ်တာတော့ အမှန်ပဲ။

ဒါ့အပြင် ရေးခဲ့သူက စိတ်ရောလူပါ မောပန်း နေချိန်မှာ ရေးခဲ့တာတွေကို ဘာသာပြန်ရရင် ပိုပြီးတော့ ခက်ခဲတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ကောင်းကောင်း လေ့ကျင့်ထားတဲ့ သမိုင်း စာပေ ပညာရှင်။ စာထဲမှာ ပါတဲ့ အကြောင်းအရာတွေကို နားလည်ဖို့ သူ့အတွက် မခက်ခဲဘူး။

ဘာသာပြန်ရ ရင်တော့ နှစ်ပေါင်း များစွာ ကြာအောင် ခင်မင် ရင်းနှီး လာခဲ့ပြီးနောက် ဧကရာဇ် နှစ်ပါးရဲ့ ဆက်ဆံရေးက ဖြည်းဖြည်းချင်း ဝေးကွာ လာခဲ့တယ်။ သူတို့ နှစ်ယောက် စကား အချေအတင် ဖြစ်ကြပြီးနောက် ဧကရာဇ်ယန်က တောထဲကို ထွက်သွားခဲ့တယ်။

သူတို့တွေ ဒီအတိုင်း ဆက်သွား ဖြစ်ခဲ့ရင် ရလဒ်က စစ်ပွဲကြီး တစ်ခု အသွင် ပြောင်းတော့မှာကို သူနားလည် ခဲ့တယ်။ အဲ့ဒီ့ အချိန်မှာ စတင် တည်ထောင်ခါစ လူသား မျိုးနွယ် အတွက် ဒုတိယမြောက် မဟာ စစ်ပွဲကြီးကိုသာ ရင်ဆိုင် ရမယ် ဆိုရင် စစ်ဒဏ်ကို လူသားတွေ ခံနိုင်ရည် ရှိမှာ မဟုတ်မှန်း ဧကရာဇ်ဟွမ် သဘောပေါက် သွားခဲ့တယ်။

ဒါကြောင့် ဧကရာဇ်ယန်နဲ့ ညှိနှိုင်းဆွေးနွေး ခဲ့ရပြန်တယ်။ ဆွေးနွေးပြီးနောက် သူတို့ရဲ့ အခြေအနေက ပုံမှန် ပြန်ဖြစ်သွား ခဲ့တယ်။ ဆယ်ရက်တိတိ အတူတူ သောက်စား ခဲ့ကြပြီးနောက် နွီဝါး မယ်တော် ချန်ထားတဲ့ သဲလွန်စတွေကို သူတို့ ရုတ်တရက် မှတ်မိ သွားခဲ့တယ်။ ဒါကြောင့် နွီဝါး မယ်တော်ရဲ့ ဆန္ဒ အတိုင်း အာကာသထဲ သွားတဲ့ လမ်းကို စတင်ရှာဖွေ ခဲ့တယ်။

မှတ်တမ်းကတော့ ဒီမှာ ရပ်သွား ခဲ့ပြီ။

ဧကရာဇ်ဟွမ်က သူတို့ နှစ်ယောက် ဘယ်လို ပူပေါင်းပြီး လမ်းကို ရှာခဲ့လဲ ဆိုတာ မှတ်တမ်း တင်မထားခဲ့ ချင်လိုက ဖြစ်နိုင်တယ်။ ဒါပေမယ့် ရလဒ် အရတော့ အာကာသက နောက်တစ်ကြိမ် ပွင့်သွား ခဲ့ပုံပဲ။

“ငါ နားလည်ပြီ။” မှတ်တမ်းတွေ မရှိတော့ ပေမယ့်၊ ဧကရာဇ်ဟွမ် အာကာသထဲ ဝင်နိုင်တာကို ဖန်ကျန်းရှီ သိခဲ့တယ်။ ဒါပေမယ့် သူပြန်မလာ ခဲ့ဘူး။

ပြန်မလာရတဲ့ အကြောင်း အရင်းနဲ့ ဖြစ်ခဲ့တာတွေ အတွက်လဲ မှတ်တမ်း မရှိခဲ့ဘူး။ နောက်ဆုံးမှာတော့ လက်သည်း ငါးခု ရွှေနဂါး အကြောင်းကို အတိုချုပ် ပြောပြထားတယ်။

“ချိတ်ပိတ် ခံထားရတာ အမှန်ပဲ။ သူ့ကို လွှတ်ပေးဖို့ လိုအပ်ချက်က ဧကရာဇ် ယန်ရဲ့ စွမ်းအားတဲ့လား။ မိုးနတ်မင်း ကယ်ပါ။” ဖန်ကျန်းရှီ အံ့သြ နေမိတယ်။

သူ့ရဲ့ ခန့်မှန်းချက် အရဆိုရင် သေချာပေါက် ဧကရာဇ် နှစ်ပါး ပူးပေါင်းတဲ့ ကိစ္စမှာ ပြဿနာ ရှိခဲ့လိမ့်မယ်။ ဧကရာဇ်ယန်က ဧကရာဇ်ဟွမ်ကို တစ်ခုခု ပေးခဲ့တာ ဖြစ်လိမ့်မယ်။

နေစမ်းပါအုန်း။ မဖြစ်ဘူး။

ဧကရာဇ်ဟွမ်က အာကာသထဲမှာ သေဆုံး ခဲ့တယ်။ ဧကရာဇ်ယန်ကတော့ အောင်မြင်ခဲ့တယ်။ အကယ်၍ သူသာ အောင်မြင် ခဲ့တယ် ဆိုရင် သူ့မျိုးဆက်တွေက လောကမှာ လူလေးစား ခံနေ ရမှာပေါ့။

ဒါဆိုရင် နန်ကုန်းမုက ဘာဖြစ်လို့ မျိုးဆက် တာဝန်ကို ထမ်းနေရတာလဲ။ တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီ။

ဧကရာဇ်ဟွမ်က ဧကရာဇ်ယန်ကို တစ်လုံးတစ်ပါဒတောင် အပြစ်တင် စကား မဆိုထားဘူး။ ဒါ့အပြင် သူယုံကြည်တယ်။ ဒီတော့ သူတို့တွေ ပူးပေါင်းတဲ့ ကိစ္စမှာ ဘာမှ မဖြစ်ခဲ့ လောက်ဘူး။ ဒုတိယ အစီအစဉ် အပိုင်းမှာ အခြေအနေတွေ ပြောင်းသွားတာပဲ ဖြစ်ရမယ်။

အာကာသထဲကို ဧကရာဇ်ယန်က လိုက်မလာတာလား။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေကတော့ အာကာသကို ထပ်ဖွင့်ဖို့ အတွက် လုပ်နေကြတယ်။ တကယ်ကြီးကို တစ်ခုခု မှားနေပြီ။

အာကာသထဲကို ဝင် အာကာသကို ဖွင့်။

“တကယ့် အစီအစဉ်က ဧကရာဇ်ဟွမ်ကို အာကာသထဲ ဝင်ခိုင်းပြီး ဧကရာဇ်ယန်က သူ့ကို ပြန်ခေါ်ဖို့ တာဝန် ရှိနေတာလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။

တကယ့်ကို ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်ပဲ။ မှန်တယ်။ စစ်မြေပြင်မှာ ရင်းနှီးခဲ့တဲ့ ဧကရာဇ် နှစ်ပါးက အမြင်မတူ ကြရင်တောင် သေချာပေါက် ရန်သူတွေ ဖြစ်မှာ မဟုတ်ဘူး။

“နားလည်ပြီ။ နားလည်ပြီ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ နားလည် သွားခဲ့တယ်။

ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေ ထမ်းဆောင်ရမယ့် တာဝန်က လောကကြီးကို အုပ်ချုပ်ဖို့ မဟုတ်ဘူး။ အာကာသကို ဖွင့်ပြီး ဧကရာဇ်ဟွမ်ကို ပြန်ခေါ်ဖို့ပဲ။ ဒါပေမယ့် မျိုးဆက်တာဝန်ကို ပေးအပ်တဲ့ နေရာမှာ တစ်ခုခု လွဲချော် သွားပုံ ရတယ်။

ဧကရာဇ်ဟွမ် အာကာသထဲ ဝင်ပြီးတဲ့နောက် ဧကရာဇ်ယန်က နေရာကို လုယူဖို့ မလုပ်ပဲ အာကာသကို ဖွင့်ဖို့သာ ကြိုးပမ်းခဲ့တယ်။ သူသေဆုံး ပြီးချိန်မှာတောင် မျိုးဆက်တွေကို အမိန့်ချ ခဲ့တယ်။

အားလုံးက အခုချိန်မှာ အဓိပ္မာယ် ရှိသွားခဲ့ပြီ။

ဧကရာဇ်ယန်က နတ်သစ်ပင်ကို စိုက်ထားပြီး သွေးမှော်စက်ဝန်းကို သူ့မျိုးဆက်တွေဆီ လက်ဆင့်ကမ်း ခဲ့တယ်။ ဒါ့အပြင် အာကာသနဲ့ ချိတ်ဆက် နိုင်ဖို့ ကောင်းကင်လက်ခံ တံခါးကိုလဲ ချန်ထားခဲ့တယ်။

ကောင်းကင်တာအို ခန်းမမှာ နန်ကုန်းဟောင်က ထျန်းရှင်းရဲ့ သွေးမျိုးနွယ်ကို သုံးပြီး ကောင်းကင် လက်ခံ တံခါးကို ဖွင့်ရင်း အာကာသထဲ ဝင်ရောက်ခဲ့တယ်။ ကောင်းကင်လက်ခံ တံခါးက ဧကရာဇ် ဟွမ်ရွှမ်ယွမ်ကို ပြန်ခေါ်ဖို့ သုံးတာပဲ။

နန်ကုန်းဟောင် ကောင်းကင် လက်ခံ တံခါးက ထွက်လာပြီးနောက် ဧကရာဇ်ဟွမ်ရဲ့ အုတ်ဂူနဲ့ မဟူရာ ကျောက်တုံး နန်းတော်ကလဲ လက်ရှိ လောကဆီ ကျဆင်းလာတယ်။

ဒါပေမယ့် နှစ်ပေါင်း ထောင်ချီ ကြာမြင့် ပြီးတဲ့နောက် ဧကရာဇ်ဟွမ်က သေဆုံး သွားခဲ့ပြီ။ မဟူရာ ကျောက်တုံး နန်းတော်ကလဲ စုတ်ပြတ် သွားခဲ့တယ်။

“ရွှေနဂါးကို အတားအဆီးကနေ လွှတ်ပေးဖို့ ဧကရာဇ်ယန်ရဲ့ အစွမ်းကို လိုလာ အံ့သြစရာ မရှိတော့ဘူး။ ဧကရာဇ်ဟွမ်က လောက ဧကရာဇ် နေရာကို သူမသေခင် ဧကရာဇ်ယန်ဆီ ပေးချင်ခဲ့တာပဲ။” ဖန်ကျန်းရှီ အဖြေထုတ်နိုင် သွားပြီးနောက် အတော်လေးကို ကူကယ်ရာ မဲ့သွားခဲ့တယ်။

လက်ရှိ အခြေအနေတွေက ဧကရာဇ် ဟွမ်ရွှမ်ယွမ် ခေတ်နဲ့ လုံးဝကို ကွာခြား သွားပြီ။ နန်ကုန်းမုက သူ့တာဝန်ကို အထင်လွဲပြီး လောကကို အုပ်ချုပ်ဖို့ လုပ်နေတယ်။

အဲ့ဒီ့ တာဝန်ကြောင့် မိစ္ဆာ နတ်ဆိုး မျိုးနွယ် တပ်ဖွဲ့တွေကိုပါ သူက အသုံးချနေ သေးတယ်။ အရေးအကြီးဆုံး ကတော့ မိစ္ဆာ နတ်ဆိုး နတ်ဘုရား မုခ်ဝတွေ ပွင့်နေတာပဲ။ အခုချိန်မှာ သူဘာလုပ်ရမလဲ။

ဘယ်နေရာမှာ ဧကရာဇ်ယန်ရဲ့ အစွမ်းကို သွားရှာရမလဲ။

“ကောင်လေး။ မင်း ငါ့ရဲက အချုပ်အနှောင်တွေကို ဖြေပေးနိုင်လား။” ရွှေနဂါးက မေးလိုက်တယ်။ ယွင်ချင်းဝူလဲ ဖန်ကျန်းရှီကို မျှော်လင့် တကြီးနဲ့ ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီက ကျောက်စာတွေကို နားလည် နိုင်တဲ့ အတွက် ရွှေနဂါးကို သူလွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်လေ။

ရွှေနဂါးရဲ့ အကူအညီနဲ့ ဆိုရင် နန်ကုန်းမုကို အနိုင်ယူဖို့က ကိစ္စ မရှိတော့ဘူး။

“ရတာပေါ့။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“တကယ်လား။ ဒါဆိုရင် ဘာကို စောင့်နေတာလဲ။” နဂါးကြီးက အရမ်းကို ပျော်ရွှင်တက်ကြွ လာခဲ့တယ်။

ဧကရာဇ်ဟွမ်ရဲ့ ဂူကို ကာကွယ်ဖို့ သူ့မှာ တာဝန် ရှိပေမယ့်၊ သူ့ကို လွတ်မြောက် စေတဲ့ ကိစ္စနဲ့တော့ မဆိုင်ဘူးလေ။

နေရာ တစ်ခုတည်းမှာ နှစ်ပေါင်း ထောင်ချီ ပိတ်မိနေတဲ့ ဘယ်သူမဆို အပြင်ထွက်ပြီး လောကကြီးကို လှည့်လည်ချင်တာ ပုံမှန်ပဲလေ။ အပင်လေး စိုက်တာ သေးသေးမွှားမွှားလေးတွေ ဝယ်တာလဲ လုပ်ချင်တယ်။

“ကတိစကားကို မတည်ရင် ဘယ်လို လုပ်မလဲ။” ဖန်ကျန်းရှီ ပြောတယ်။

“ငါက စကား မတည်ဘူး ဟုတ်လား။ မင်းငါ့ကို ဘယ်သူများ ထင်နေတာလဲ။ ငါ ရွှမ်ယွမ်ဝူက လောကမှာ တစ်ကောင်တည်းသော လက်သည်းငါးခု ရွှေနဂါးပဲ။”

“ယုံမယ်များ ထင်နေလား။”

“ဘာကိစ္စ မယုံတာလဲ။”

“အစောပိုင်းတည်းက ကျွန်တာ့် နာမည် ရွှမ်ယွမ် ဖြစ်ခဲ့ဖူးတယ်လို့ လေးလေးစားစား ပြောခဲ့တာပဲ။ ဒါကို ခင်ဗျားရော ယုံလို့လား။”

“..” ရွှမ်ယွမ်ဝူကတော့ ပါးစပ် အဟောင်းသားနဲ့ နောက်ထပ် မပြောနိုင်တော့။

“သက်သေ ပြနိုင်ရင်တော့ ယုံမယ်လေ။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဘာသက်သေ မင်းလိုချင်တာလဲ။“

“ရိုးရှင်းပါတယ်။ ဧကရာဇ်ဟွမ် မိသားစုက နဂါး ဖြစ်နေတော့ ရှေးစစ်မြေပြင်ကို ရောက်ခဲ့မှာပေါ့။”

“ဒါပေါ့။ ငါ့သခင်နဲ့အတူ တောင်နဲ့မြောက် ပြေးရင်း မရေမတွက်နိုင်တဲ့ အောင်ပွဲတွေ ရယူခဲ့တယ်လေ။” နဂါးကြီးက ဂုဏ်ယူဝံ့ကြွားမှု အပြည့်နဲ့ ပြောလိုက်တယ်။

“ဒါဆိုရင် နတ်ဘုရား အရင်းအမြစ် အကြောင်းကို သိလား။”

“ဘာဖြစ်တယ်။”

“နတ်ဘုရား အရင်းအမြစ်ကို မသိဘူးလို့ မပြောနဲ့။”

“ပေါက်ကရတွေ ငါသိတယ်ဟ။” နဂါးကြီးက ဟိန်းဟောက်တော့တယ်။

“ဘယ်မှာလဲ။”

“အဲ့တာက နေအုန်း ကောင်စုတ်လေး မင်းက နတ်ဘုရား အရင်းအမြစ်ကို ရှာနေတာလား။” နဂါးကြီးလဲ ချက်ခြင်း သတိဝင်လာတယ်။

“ရှာလို့ မရဘူးလား။”

“မရဘူး။”

“ဘာလို့လဲ။”

“ဘာကြောင့်လဲ ဆိုတော့။” နဂါးကြီးက စကားကို ရပ်လိုက်တယ်။

“ဘာဖြစ်လို့ ဆက်မပြောတာလဲ။”

“ကောင်လေး နတ်ဘုရား အရင်းအမြစ်ကို သွားမရှာ သင့်ဘူး။ အဲ့တာက လောကကြီးရဲ့ အန္တရာယ် အများဆုံး နေရာမှာ ရှိနေတာ။ မင်းမသွားသင့်ဘူး။” နဂါးကြီးက တစ်လုံးချင်း ရှင်းပြတယ်။

“ဒါပေမယ့် အခွင့်အလမ်းတွေလဲ အပြည့်ပဲ မလား။” ဖန်ကျန်းရှီ မေးတယ်။

“မင်းပြောတာ မှန်တယ်။ နတ်ဘုရား အရင်းအမြစ်က စွမ်းအားတွေ အားလုံးရဲ့ ဗဟိုချက်ပဲ။ ငါ့ရဲ့ တာအိုကို နတ်ဘုရား အရင်းအမြစ်ကနေ ရခဲ့တယ်။ ငါးခုမြောက် လက်သည်းကိုလဲ အဲ့ဒီ့က ရလာတာ။ ဒါကြောင့် လောကမှာ တစ်ကောင်တည်းသော လက်သည်းငါးခု နဂါး ဖြစ်လာတာပဲ။ အခုတော့ မင်း သွားလို့ မရတော့ဘူး။”

“ဘာဖြစ်လို့ မသွားရတာလဲ။”

“မရချင်လို့ မရတာ။”

“နတ်ဘုရား အရင်းအမြစ် နေရာကိုတောင် မသိပဲ ကိုယ့်ကိုယ်ကို ရွှမ်ယွမ်ဝူလို့ ပြောဝံ့တယ်လား။ ငါယုံမယ်များ ထင်နေတာလား။” ဖန်ကျန်းရှီ မသင်္ကကာတဲ့ အကြည့်နဲ့ ပြောတယ်။

“ကောင်လေး ငါ့ကို ဖိအား မပေးနဲ့။”

“ကောင်းပြီ။ ဒီလိုတော့ ဆက်မသွားချင်ဘူး။ ဒါပေမယ့် အခုချိန် ကျွန်တော် ရင်ဆိုင်နေရတဲ့ ပြဿနာ တစ်ခု ရှိတယ်။ လွှတ်ပေး စေချင်ရင် အဲ့ဒီ့ ပြဿနာကို အရင်ဆုံး ရှင်းပေး။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ နတ်ဘုရား အရင်းအမြစ် အကြောင်း သတင်းကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်တယ်။

“မင်း နောက်က လိုက်လာနေတဲ့ စစ်သားတွေကို ပြောချင်တာလား။” နဂါးကြီးရဲ့ မျက်လုံးတွေက တောက်ပလာတယ်။

“မဟုတ်ဘူး။”

“ဒါဆိုရင် ဘာကိစ္စလဲ။”

“အရင်တုန်းက အသီးတစ်လုံးကို မတော်တဆ မျိုချ မိလိုက်တယ်။ အဲ့ဒီ့ သစ်သီးက ဧကရာဇ်ယန် စိုက်ထားတဲ့ နတ်သစ်ပင် သစ်သီးပဲ။ လက်ရှိ အချိန် သစ်သီးက ကျွန်တော့် စိတ်အာရုံနယ်မြေ ထဲမှာ ရှိနေတယ်။ ဒါကို ထုတ်ပေးဖို့ နည်းလမ်း ရှိလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

ဧကရာဇ်ယန်က သေဆုံး သွားခဲ့ပြီ။ ဒါကြောင့် အခုချိန်မှာ ဧကရာဇ်ယန်ရဲ့ စွမ်းအားက နတ်သစ်ပင်နဲ့ နတ်သစ်သီးပဲ။

နတ်သစ်ပင် အတွက်ကိုတော့ သူလဲ မျှော်လင့်မရဘူး။

နန်ကုန်းမုက နတ်သစ်ပင်ကို ဝါးမျိုလိုက်ပြီ။

နန်ကုန်းမုရဲ့ စွမ်းအားတွေကို သုံးပြီး နဂါးကြီးကို လွှတ်ပေး ချင်ပေမယ့်၊ ဒီအကြံကို သူဆက်မတွေးနိုင်ဘူး။

အကြောင်းအရင်း ကတော့ ရှင်းပါတယ်။ ရွှေရောင် နဂါးကြီးကို လွှတ်ပေးဖို့ အတွက် သူက စွမ်းအား နည်းနည်းလောက်ပဲ ပိုလိုတာလေ။

နန်ကုန်းဟောင်ကို နတ်ဆိုး မိစ္ဆာ တံခါးတွေ ဖွင့်ဖို့ ယွင်ချင်းဝူ အသုံးချခဲ့တဲ့ အတွက် နန်ကုန်းဟောင်က သူ့ဘာသူ ဖွင့်ခဲ့တယ်။ ဒါကြောင့် သူလဲ နန်ကုန်းမုကို အသုံးချချင်တယ် ဆိုရင် သူ့ကို ထိန်းချုပ်ပြီး အတားအဆီးတွေ လွှတ်ခိုင်းမှ ရမယ်။

တစ်ခု ရှိတာကတော့ နန်ကုန်းမုရဲ့ လက်ရှိ အစွမ်းတွေကို ဖန်ကျန်းရှီ ထိန်းချုပ်လို့ မရနိုင်ဘူး။

သူ့စိတ်အာရုံ နယ်မြေထဲက နတ်ဘုရား သစ်သီးကို အသုံးချဖို့ပဲ ဖြစ်နိုင်မယ်။

“နတ်သစ်ပင်ကနေ သီးလာတဲ့ သစ်သီးတဲ့လား။” နဂါးကြီး အံ့သြ သွားခဲ့တယ်။

“မင်းပြော ချင်တာ ကောင်းကင်က နယ်မြေ သုံးခု နတ်ဘုရား မုခ်ဝတွေကို ဖွင့်နိုင်တဲ့ သော့ကို ပြောချင်တာလား။ နေစမ်းပါအုန်း မင်းခန္ဒာကိုယ်ထဲမှာ တကယ်ကြီး သော့ရှိနေတာလား။”

အပိုင်း (၁၀၂၆) ပြီး၏။

အပိုင်း (၁၀၂၇)

“အချိန်ကျလာရင် ကိုယ်တိုင်လုပ်။”

..

ရွှေနဂါးကြီးက စကားပြောရင်း အရမ်းတွေ စိတ်လှုပ်ရှား လာတော့တယ်။ အချုပ်အနှောင်က လွတ်မြောက်မှာကို သိလိုက်ချိန်က ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသေး ပါတယ်။

ဖန်ကျန်းရှီကတော့ နည်းနည်း စိတ်ရှုပ်ထွေး သွားခဲ့တယ်။ နတ်သစ်ပင် သစ်သီးတွေက နယ်မြေ သုံးခုရဲ့ တံခါးတွေကို ဖွင့်နိုင်တာ အပြင် နောက်ထပ် လုပ်နိုင်တာ ထပ်ရှိ အုန်းမှာလား။

ဒါပေမယ့် သစ်သီးကို သူမျိုချထားတာ ကြာလှပြီ။ မျိုချချိန်တုန်းက ခက်ခဲခဲ့တာ တစ်ခုက လွဲပြီး တခြား ကိစ္စတွေကို မခံစား ခဲ့ရဘူး။ ဒါပေါ့။ ဒီသစ်သီးက တကယ် ထူးခြားတာတော့ အမှန်ပဲ။ အနည်းဆုံးတော့ တခြား ဆေးပင်တွေနဲက ပေါင်းစည်းတဲ့ အချိန်မှာတောင် အခု အချိန်ထိ မပျက်မစီးပဲ ရှိနေ ခဲ့တယ်လေ။

“ခန္ဒာကိုယ်ထဲမှာ သော့ရှိတာတော့ အမှန်ပဲ။ အဲ့တာ တစ်ခုခု လွဲနေလို့လား။” ဖန်ကျန်းရှီ စဉ်းစားရင်း မေးလိုက်တယ်။

“ရှိတာပေါ့။ ဒီနတ်သစ်သီးကို ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေပဲ ပိုင်ဆိုင်နိုင်တယ်။ မင်းက မျိုချပြီး ဘယ်လိုလုပ် မသေသေးတာလဲ။”

“အရင်တုန်းက ရွှမ်ယွမ် ဖြစ်ခဲ့ ဖူးတယ်လေ။”

“ပေါက်ကရတွေ လျောက်ပြော မနေနဲ့။ ငါမင်းကို မယုံဘူး။” ရွှေနဂါးကြီးက ဖန်ကျန်းရှီကို လှမ်းအော်တယ်။ အချိန် အတော်လေး ကြာပြီးနောက် အပေါ်ကို သူမော့ကြည့် လိုက်တယ်။

“ကောင်းပြီ ဒီသစ်သီးကို မင်း ဘယ်လို မျိုချထားလို့ အခုထိ အသက်ရှင် နေဆဲ ဆိုတာ ခဏမေ့ထားလိုက်။ အထဲမှာ သစ်သီး ရှိနေရင် ထုတ်ရတာတော့ မခက်ပါဘူး။”

“နည်းလမ်း ရှိတာလား။”

“ဟုတ်တယ်။ ငါ စုပ်ထုတ် ပေးလို့ ရတယ်လေ။” ရွှေနဂါးကြီးက ယုံကြည်ချက် အပြည့်နဲက ပြောတယ်။

“စုပ်ထုတ်မယ်။” နဂါးကြီးနဲ့ သူ့ပါးစပ်က အစွယ်တွေကို ဖန်ကျန်းရှီ ထူးထူးဆန်းဆန်းကြီး ကြည့်လိုက်တယ်။ “ဘယ်အပိုင်းကို စုပ်ဖို့ ကြံနေတာလဲ။”

ရွှေနဂါးကြီး တစ်ခဏတာ နားမလည်နိုင် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူနားလည် သွားချိန်မှာတော့ ချက်ခြင်း ဆိုသလို သူ့မျက်နှာက အကျည်းတန် သွားတယ်။

သူက လောကထိပ်တန်း နဂါးလေ။ ဘယ်လိုလုပ် ဒီလို ကလေးစုတ် စော်ကားမော်ကား ပြောတာကို သည်းခံ နေရမှာလဲ။

သူတင် မကဘူး ယွင်ချင်းဝူပါ ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာ မျက်နှာ တစ်ခုလုံး နီရဲပြီး ချက်ခြင်း ခေါင်းကို လွှဲသွားခဲ့တယ်။

“အရှက်မရှိလိုက်တဲ့ ကောင်စုတ်။”

“အဟွတ် ဟွတ်။ ရွှမ်ယွမ်ဝူ။ သစ်သီးကို စုပ်ထုတ်ရင် ငါမထိခိုက် လောက်ဘူးမလား။” ဖန်ကျန်းရှီကတော့ သူစကားပြော မှားသွားတာကို သတိ ထားမိသွားတယ်။ နဂါးတစ်ကောင် စုပ်ယူ တာကိုတော့ သူလုံး၀ လက်မခံ နိုင်ဘူးလေ။

“ပင်လယ်လေးခုက ရေတွေကို နဂါးက စုပ်ယူနိုင်တယ် ဆိုတာ မင်းကြားဖူးလား။”

“မကြားဖူးဘူး။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်က မြေပြင်ပေါ်မှာ ထိုင်နေရင်း မြေကြီးကို စုပ်ယူနိုင်တယ် ဆိုတာတော့ ကြားဖူးတယ်။”

“ကောင်စုတ်လေး ငါက နဂါးအထီးကြီး။ နဂါးမ မဟုတ်ဘူး။ နားလည်လား။” နဂါးကြီးက ဒေါသ ထွက်လွန်းလို့ သူ့ဒေါသတွေကို နောက်ထပ် ထိန်းမထား နိုင်တော့ဘူး။

“ငါနားလည်တာပေါ့။ ဒဏ်ရာရနိုင် မရနိုင် သေချာ အတည်ပြုချင် ရုံပဲ။ ဒဏ်ရာ ရစေရင်တော့ မင်းကို မကူညီ နိုင်ဘူး။” ဖန်ကျန်းရှီ လက်ကို ဝေ့ယမ်းရင်း ပြောလိုက်တယ်။

“စိတ်ချပါ။ မင်း ငါ့စကား နားထောင်ပြီး တကိုယ်လုံးကို သေချာ အကြောလျော့၊ မခုခံနဲက စွမ်းအား အရင်းအမြစ်ကို မရွေ့ပြောင်းနဲ့၊ စိတ်အာရုံ နယ်မြေကိုသာ ငါ့အတွက် ဖွင့်ထား။”

“ကြားရတာ ထူးဆန်းလိုက်တာ။”

“တော်တော့ ကောင်စုတ်လေး။”

“တစ်ခုလောက် မေးပါရစေ။ စွမ်းအားတွေကို ယွင်ချင်းဝူဆီ ခဏလွှဲပေးပြီး သူ့ကို စုပ်ခိုင်းလို့ ရမလား။” ဖန်ကျန်းရှီ စောဒက တက်တယ်။ သူက ကျိုးကြောင်းမသင့် လုပ်ချင်နေတာ မဟုတ်ဘူး။ နဂါးထီးကြီး တစ်ကောင် သူ့ခန္ဒာကိုယ်ထဲက သစ်သီးကို စုပ်ယူပေးမယ် ဆိုတဲ့ အတွေးက သူ့ကို စိတ်မသက်မသာ ဖြစ်စေတယ်လေ။

“ငါ့ စွမ်းအားတွေကို ယွင်ချင်းဝူဆီ လွှဲပေး ရမှာလား။” နဂါးကြီးက မျက်လုံး ပြူးသွား ပေမယ့်၊ သူသေချာ စဉ်းစားတယ်။ တစ်ခဏတာ ကြာပြီးနောက် သူခေါင်းငြိမ့်လိုက်တယ်။ “ရတယ်။”

“တကယ်ကြီးလား။”

“ယွင်ချင်းဝူဆီ စွမ်းအားတွေ လွှဲပေးမယ့် အစား သူ့ခန္ဒာကိုယ်ကို သုံးပြီး ငါ့စွမ်းအားတွေကို တစ်ဆင့်ခံ သုံးခိုင်းမယ်။” နဂါးကြီးက သေချာ ပြောပြတယ်။

“သူ့ခန္ဒာကိုယ်ကို သုံးမှာမျိုးက မလုပ်သင့်ဘူး။”

“..” နဂါးကြီးက လက်သည်းတွေကို တဂျွတ်ဂျွတ် မြည်တဲ့ အထိ လှုပ်ရှား နေပြီးနောက် ရှင်းပြတယ်။ “သူ့ရဲ့ ကောင်းကင်ဝိဉာဉ်ထဲ စွမ်းအား နည်းနည်း ထည့်ပေးရုံပဲ။”

“ခေါင်းကို ပြောချင်တာလား။”

“ဟုတ်တယ်။”

“ဒါကတော့ မဆိုးဘူး။ ယွင်ချင်းဝူ မင်းပြောစရာ ရှိသေးလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ယွင်ချင်းဝူကတော့ တိတ်ဆိတ် နေဆဲပဲ။

သူမ ပျော်နေလား ဒေါသထွက်နေလား ဆိုတာကို ဘယ်သူမှ မပြောနိုင်ပေမယ့် ဖန်ကျန်းရှီကို ကြည့်နေတဲ့ မျက်ဝန်းတွေ ထဲမှာတော့ ရှုပ်ထွေးမှုနဲ့ အတူ ပျော်ရွှင်မှု တစ်ပိုင်းတစ်စကို မြင်နေ ခဲ့ရတယ်။

“သူ မငြင်းဘူး ဆိုတော့ စလိုက် ကြစို့။” ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။

“ကောင်းပြီ။ မင်းတို့ နှစ်ယောက် နှုတ်ခမ်းချင်း တေ့ထားလိုက်ကြ။” ရွှေနဂါးကြီး ခေါင်းငြိမ့်တယ်။

“ဟမ်။” ယွင်ချင်းဝူ အမူအယာ ပြောင်းသွားတော့တယ်။ “အရှင်နဂါးသခင် အရှင့်စွမ်းအားတွေကို ငှားသုံးပြီးရင်တောင် သူ့ကို နမ်းဖို့ တကယ်လိုတာလား။”

“ဟုတ်တယ်။ အကယ်၍ ငါကိုယ်တိုင် လုပ်မယ် ဆိုရင် ဒီအဆင့်ကို ကျော်လို့ ရတယ်။ ဒါပေမယ့် မင်းရဲ့ ခန္ဒာကိုယ်ကို တဆင့် သုံးရင်တော့ သူ့ခန္ဒာကိုယ်ထဲက နတ်သစ်သီးကို စုပ်ထုတ်နိုင်ဖို့ နှုတ်ခမ်းချင်းတေ့ ထားရမယ်။ ဒါပေမယ့် သစ်သီး မင်းပါးစပ်ထဲကို ရောက်လာတာနဲ့ မျိုမချ မိစေနဲ့ မဟုတ်ရင် မင်းသေရလိမ့်မယ်။”

“..” ယွင်ချင်းဝူ တိတ်ဆိတ် သွားတယ်။

ဖန်ကျန်းရှီကတော့ နည်းနည်း စိတ်ပျက် သွားခဲ့တယ်။ ကြောက်စရာ ကိစ္စ တစ်ခုခု ရှိမယ်လို့ မျှော်လင့် ထားခဲ့မိပေမယ့် နမ်းဖို့ပဲ လိုတယ်တဲ့လား။ “နှုတ်ခမ်းချင်း တေ့ထား ရုံပဲလား။ တခြား အစိတ်အပိုင်းတွေ ထိစရာ မလိုဘူးလား။

“..”

“..”

နဂါးကြီးနဲ့ ယွင်ချင်းဝူ နှစ်ယောက်စလုံး အခုချိန်မှာ ဖန်ကျန်းရှီကို ရိုက်ချင် နေကြပြီ။

…

ယွင်ချင်းဝူကို ထင်သလောက် အသားမယူ နိုင်ပေမယ့်၊ ရွှေနဂါးကြီး စုပ်တာကို မခံရတဲ့ အတွက် ဖန်ကျန်းရှီ စိတ်ချမ်းသာ နေမိတယ်။ နောက်အဆင့်ကတော့ ရိုးရှင်းတယ်။ ယွင်ချင်းဝူ လုပ်စရာ ရှိတာ လုပ်နေတဲ့ အချိန် သူကတော့ အေးအေးဆေးဆေး နေရုံပဲ။

ဖန်ကျန်းရှီ ချက်ခြင်း မြေပြင်ပေါ်မှာ ပက်လက်လှန်လိုက်ရင်း ယွင်ချင်းဝူကို လက်ဝေ့ယမ်း ပြတယ်။

“ကောင်မလေး စလို့ ရပြီ။” နဂါးကြီး သတိပေးတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။” မြေပြင်မှာ အိပ်နေတဲ့ ဖန်ကျန်းရှီကို ယွင်ချင်းဝူ အော်လိုက်တယ်။

ဒါပေမယ့် သူမ ဖြည်းဖြည်းချင်း သူ့ဘေးမှာ ထိုင်ချလိုက်ပြီ။ ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေနဲ့ ထိတော့မယ့် အချိန်မှာပဲ သူမ ရပ်တန့်ရင်း ရှက်ရွံ့ နေခဲ့တယ်။ ဒါပေမယ့် အခြေအနေက သိပ်မကြာမြင့် ခဲ့ဘူး။

ယွင်ချင်းဝူ ရှေ့မဆက်နိုင်တာကို မြင်မြင်ချင်း ရွှေနဂါးကြီးက ယွင်ချင်းဝူ ခေါင်းကို လက်သည်းနဲ့ ဖိချလိုက်တာကြောင့် အားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားခဲ့တယ်။

နှုတ်ခမ်းတွေ ထိတွေ့ သွားချိန်မှာတော့ ယွင်ချင်းဝူ ပါးစပ်ကို ဖွင့်လိုက်မိတယ်။ အဲ့ဒီ့နောက် တစ်ခုခု မှားနေတာကို သတိ ထားမိထားတဲ့ အတွက် နှုတ်ခမ်းပြန်စေ့ဖို့ လုပ်တယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပြီ။ အင်အားကြီးတဲ့ စွမ်းအင် တစ်မျိုးက သူ့ဝိဉာဉ်ကို ထိန်းချုပ်ထား ခဲ့တယ်။

“အင်း။” ယွင်ချင်းဝူ ညည်းညူမိတယ်။ ဖန်ကျန်းရှီလဲ ယွင်ချင်းဝူ ပါးစပ်က လာတဲ့ အင်အားကြီး ဆွဲငင်အား တစ်ခု သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲကို ချက်ခြင်း တိုးဝင်လာတာ ခံစား လိုက်ရတော့တယ်။

ဖန်ကျန်းရှီ ချက်ခြင်း ရုန်းကန်ဖို့ ပြင်တယ်။ ဒီအချိန်မှာပဲ ယွင်ချင်းဝူက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ရင်း ဖြည်းဖြည်းချင်း မလိုက်တယ်။ သူ့ကို မျက်လုံး လှလှတွေနဲ့ စိုက်ကြည့်နေတယ်။

“စိတ်အေးအေးထား။”

“တကိုယ်လုံး အကြောလျော့ပြီး စိတ်အာရုံ နယ်မြေကို ဖွင့်ထား။”

ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို ဆက်တိုက် သတိပေးရင်း ဒီအင်အားတွေကို လာခွင့် ပြုထားလိုက်တယ်။ တစ်ခဏတာ အတွင်းမှာပဲ သူ့စိတ်အာရုံ နယ်မြေထဲက တစ်ခုခု ထွက်သွားတာကို ခံစား မိလိုက်တယ်။

ပူပြင်းတဲ့ အရာ တစ်ခုက သူ့ပါးစပ်ထဲကို ဖြတ်သွားတယ်။

ပထမဆုံး နတ်သစ်သီးကို မျိုချတဲ့ ခံစားချက်နဲ့ အတူတူပဲ။ ပြင်းထန်တဲ့ အပူရှိန်က သူ့ကို ချွေးတွေ စီးကျ လာစေတယ်။

“ဒီနဂါးစုတ်ကတော့ ဒဏ်ရာမရစေရဘူး ပြောထားပြီ။” ဖန်ကျန်းရှီ ရပ်တန့်ဖို့ ကြိုးစားချင်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ယွင်ချင်းဝူရဲ့ မျက်နှာက မီးလို ရဲရဲ နီနေခဲ့ပြီလေ။ သူမရဲ့ မျက်နှာက မီးလုံးကြီး တစ်လုံးလိုမျိုး တောက်ပလာပြီး မီးတောက်တွေတောင် ဖြာထွက် လာခဲ့တယ်။

ဘန်း။ နဂါးကြီးက ယွင်ချင်းဝူရဲ့ ကျောကို ရိုက်ချ လိုက်တဲ့ အတွက် သူမ တစ်ချက် တုန်ခါ သွားပြီး သစ်သီးကို ထွေးထုတ် လိုကတယ်။ ရွှေရောင် သစ်သီးက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။

“ကောင်မလေး မြန်မြန် အသက်အောင့်ထား။ သစ်သီးက မင်းခန္ဒာကိုယ်မှာ တစ်ခဏတာ နေသွားတော့ မမျိုချ လိုက်ရပေမယ့် အကျိုးရှိတယ်။” နဂါးကြီးက ပြောတယ်။

“ကျေးဇူးတင်ပါတယ် အရှင် နဂါးသခင်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း မျက်လုံး မှိတ်လိုက်တယ်။ ရွှေရောင် မီးလုံးတစ်ချို့ သူမ ခန္ဒာကိုယ်ထဲ စီးဝင် သွားတာကို သူမ ခံစား မိလိုက်တယ်။

“ဒီတော့ ငါ့သစ်သီးကို ယူဖို့က အခွင့်အရေးပေါ့။” ဖန်ကျန်းရှီ ချက်ခြင်း ထလာရင်း ဒေါသတကြီး ပြောတော့တယ်။ ဒီနဂါးက တကယ့်ကို အထီးကြီးပဲ။

“ကောင်လေး ငါ့ကို အပြစ်မတင်နဲ့။ မင်းက သူ့ကို ရုန်းကန်ခဲ့လို့ တန်ကြေး ပေးရတာ။”

“ဘာဖြစ်ဖြစ်။ ငါ့ စွမ်းအား အရင်းအမြစ်က ပင်လယ်လို ကျယ်ပြန့်တယ်။ အများကြီး ရှိတယ် မကုန်ဘူး။” ဖန်ကျန်းရှီ ပြောရင်း သစ်သီးကို ကိုင်လိုက်တယ်။

တကယ့်ကို ကျစ်ကျစ်တောက် ပူလောင်နေတာပဲ။ သူ့တကိုယ်လုံးကိုတောင် မီးမြိုက်ပြစ်တော့မလို ခံစား၇တယ်။

သစ်သီးထဲမှာ ကြောက်စရာ စွမ်းအားတွေ အပြည့် ရှိနေတာကို သူခံစား မိတယ်။ ဒါပေမယ့် အချိန် အတော် ကြာတဲ့ အထိ သူ့ခန္ဒာကိုယ်ထဲကို မစုပ်ယူနိုင်ဘူး။ ထူးဆန်းလိုက်တာ။ သူမျိုချ ထားတာတောင် ဘာဖြစ်လို့ မစုပ်ယူ နိုင်ရတာလဲ။

“ကြည့်မနေနဲ့။ နတ်သစ်ပင် သစ်သီးကို မင်းသုံးလို့ မရဘူး။ ဧကရာဇ်ယန် မျိုးဆက်တွေပဲ သုံးခွင့်ရှိတယ်။”

“သုံးရမှာလား။” နန်ကုန်းမုက နတ်သစ်ပင်ရဲ့ စွမ်းအားတွေကို တစ်ချိန်မှာ ပိုင်ဆိုင် ခဲ့ပေမယ့် နန်ကုန်းဟောင် အတွက် ထုတ်ပေး ခဲ့ရတာကို သူမှတ်မိတယ်။

ကြားရတာ တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပဲ။

ဒါပေမယ့် ရွှေနဂါး ပြောပုံ အရဆိုရင် ဒီအစွမ်းကို စုပ်ယူလို့ မရဘူး။ သုံးလို့ပဲ ရတယ်။ ရှင်းပြလို့ ရတဲ့ ကိစ္စပါပဲ။ ဒီလို ကြောက်စရာ စွမ်းအားတွေကို မစုပ်ယူနိုင်တာတော့ နှမြောစရာ ကောင်းတယ်။ ဖန်ကျန်းရှီ စိတ်ထဲမှာ သက်ပြင်းချမိ ပေမယ့်၊ စိတ်ထဲ သိပ်မထားခဲ့ဘူး။ သုံးလို့ မရရင် ပိုင်ဆိုင်ထားလဲ အသုံးမဝင်ဘူးလေ။

“ကောင်စုတ်လေး။ စလိုက်ရအောင်။ အခု သစ်သီးကို စုပ်ထုတ်ပြီးပြီ။ မင်း ငါ့ကို လွတ်အောင် လုပ်ပေးနိုင်ရင် မင်းဆန္ဒ သုံးခုကို ဖြည့်ဆည်း ပေးမယ်။ ငါလုပ်နိုင်တာ အကုန် လုပ်ပေးမယ်။” နဂါးကြီး မျှော်လင့်တကြီးနဲ့ ပြောတယ်။

“သစ္စာဆို။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဘာဖြစ်တယ်။” နဂါးကြီးက နားမလည် နိုင်ခဲ့ဘူး။

“ရွှမ်ယွမ်ဝူ နာမည်နဲ့ သစ္စာကျိန်ဆို။ ကတိ ဖျက်ခဲ့ရင် ရွှမ်ယွမ် မိသားစုကနေ ကန်ထုတ် ခံရပြီး ပြန်မမွေးဖွား နိုင်ပဲ ငရဲမှာ ထာဝရ နေရပါစေလို့ ကျိန်။”

“မင်း တကယ့်ကို ရက်စက်တာပဲ။”

“တကယ်တော့ အတူတူပဲ မဟုတ်လား။ ဒဏ်ရာ မရဘူးလို့ ပြောခဲ့ပြီးမှ ငါ့ကို သွေးအန်လု နီးပါး ဖြစ်အောင် အရင်လုပ်တာ ဘယ်သူလဲ။” ဖန်ကျန်းရှီ ချဲ့ကား ပြောနေတာ မဟုတ်ဘူး။ နတ်သစ်ပင် သစ်သီးကို စုပ်ယူတဲ့ အချိန် သူ့သွေးကြောနဲ့ ကိုယ်တွင်း ကလီစာတွေပါ ထိခိုက်ကုန်တယ်။

ဒုက္ခိတ ဖြစ်လောက်အောင် မဆိုးပေမယ့်၊ အပြည့်အ၀ ပြန်ကောင်းတဲ့ အထိတော့ အချိန် အကြာကြီး ယူရမှာပဲ။

“ဒါက ကောင်းပြီ။ ငါ နည်းနည်းလေး စိတ်မရှည် ဖြစ်သွားတယ်။” နဂါးကြီးလဲ ယွင်ချင်းဝူကို စွမ်းအား အများကြီး ထည့်လိုက် မိတဲ့ အတွက် စိတ်ထဲ အပြစ်မကင်း ဖြစ်နေခဲ့တယ်။

အသီးကို အရမ်း မြန်မြန်ကြီး ထုတ်ယူ လိုက်တဲ့ အတွက် ဖန်ကျန်းရှီ အတွင်း ဒဏ်ရာ ရသွား ခဲ့တယ်လေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလဲ ဖန်ကျန်းရှီကို သူလိမ်ခဲ့တယ်။

ဆက်ပြီးတော့ သူမငြင်းတော့သလို လိမ်ဖို့လဲ စိတ်ကူး မရှိတော့ဘူး။ ဒါကြောင့် ရက်စက်တဲ့ ကျိန်ဆိုမှုကို လုပ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

“ငါ ရွှမ်ယွမ်ဝူ ကျိန်ဆိုပါတယ်။ ကောင်လေး မင်းနာမည် ဘယ်လို ခေါ်လဲ။”

“ဖန်ကျန်းရှီ။”

“ကောင်းပြီ။ ဖန်ကျန်းရှီသာ ငါ့ရဲ့ အချုပ်အနှောင်ကနေ လွတ်အောင် လုပ်ပေးနိုင်ရင် သူ့ဆန္ဒ သုံးခုကို ဖြည့်ဆည်း ပေးပါမယ်။ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ရွှမ်ယွမ် မိသားစုက ကန်ထုတ် ခံရပြီး ငရဲမှာ ထာဝရ နေရင်း ပြန်မမွေးဖွား ပါစေနဲ့။”

ဝူး။

သူပြောလိုက် ချိန်မှာပဲ မြေပြင်က ရွှေရောင် အလင်းတန်းတွေ ထိုးထွက်လာပြီး ကျောက်တုံးပေါ်ကို ရောက်သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ နတ်သစ်ပင် သစ်သီးကို နာမည်မဲ့ ဂူပေါ်က ဗျူဟာအင်းကွက် အလယ်မှာ သွားထားရင်း ကျောက်ပြားပေါ်က စာတွေကို ဖတ်တော့တယ်။

“ဂါ့ဂါပုမီ လာလာ့ရှီး”

“..”

ဝုန်း။ ဖန်ကျန်းရှီ ဆက်တိုက် ရွတ်ဖတ် နေချိန်မှာပဲ ရွှေရောင် မိုးကြိုးကြီး တစ်ခု အင်းကွက်ပေါ်မှာ တောက်ပလာပြီး နဂါးကြီး ကိုယ်ပေါ်ကို ပြစ်ချတယ်။

ဝုန်း။ နဂါးကြီးလဲ ရွှေရောင် အရည်တွေကို အန်ထုတ်လိုက်တယ်။

ရွှေရောင်အရည်တွေက အင်းကွက်နဲ့ ရောသွားပြီးနောက် အလင်းစက်လေး အဖြစ်ကို ပြောင်းလဲတယ်။ နောက်ဆုံးမှာတော့ ဗျူဟာအင်းကွက် ထဲမှာ ရေတွေလို စီးဆင်းတော့တယ်။

ဒီမြင်ကွင်းက အတော့်ကို လန့်စရာ ကောင်းတယ်။

နဂါးကြီးလဲ သူ့ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း ဖြေလျော့ ထားခဲ့တယ်။ သူ လွတ်မြောက် သွားတဲ့ အတွက် အရမ်းကို ပျော်နေပုံပဲ။

ဖန်ကျန်းရှီကတော့ ရွတ်ဖတ် နေတာကို မရပ်ခဲ့ဘူး။

ယွင်ချင်းဝူလဲ မျက်လုံးတွေကို ပိတ်ထားရင်း နတ်သစ်သီး စွမ်းအားတွေကို စုပ်ယူဖို့ လုပ်နေခဲ့တယ်။

အရာအားလုံးက ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေကြတယ်။

ဒါပေမယ့် ဖန်ကျန်းရှီ နောက်မှာ လူတစ်ယောက် ပေါ်လာ တာကိုတော့ ဘယ်သူမှ သတိ မထားမိ ခဲ့ဘူး။

အပိုင်း (၁၀၂၇) ပြီး၏။

အပိုင်း (၁၀၂၈)

“မင်းက နဂါးမကြီးလား။”

..

ဂူထဲကနေ ထွက်လာတဲ့ သူက မျက်နှာ တစ်ခုလုံးကို ဝတ်ရုံနက်နဲ့ ဖုံးအုပ်ထားတယ်။ သူ့အနောက်ဘက် မှာတော့ များပြားလွန်းလှတဲ့ အနက်ရောင်လှိုင်းလို တပ်ဖွဲ့တွေလဲ ပါလာခဲ့တယ်။ မိစ္ဆာ နတ်ဆိုးတပ်ဖွဲ့တွေကို ဦးဆောင်လာသူ နန်ကုန်းမု။

နန်ကုန်းမုရဲ့ ဇစ်မြစ် အစစ်ကို သံသယ ဝင်သူ တချို့တော့ တပ်ဖွဲ့ထဲမှာ ရှိနေခဲ့တယ်။ ဒါပေမယ့် နတ်သခင်တွေကို အလွယ်လေး သတ်နိုင်တဲ့ နန်ကုန်းမုကို ဘယ်သူကမှ မေးခွန်း မထုတ်ဝံ့ဘူး။

“နဂါးလား။” သူ့ရှေ့မှာ ဘာတွေ ဖြစ်နေမှန်း မသိပေမယ့်၊ နဂါး အရှိန်အဝါကြောင့် သူ့စိတ်ထဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိတယ်။

ဒဏ္ဍာရီထဲက ရွှေရောင် ခန္ဒာကိုယ်နဲ့ နဂါး။ ဒီမြင်ကွင်းကြောင့် စိတ်ထဲ လှုပ်ရှား သွားပေမယ့် နဂါး အကြောင်း မှတ်တမ်းတွေကို သူဖတ်ထား ဖူးတာကြောင့် မျက်လုံး မပြူးခဲ့ဘူး။ အရမ်းကို အင်အားကြီးတဲ့ ရွှေရောင် နဂါးက နဂါးဘုရင်ပဲ။

“အဲ့တာက။” ဖန်ကျန်းရှီ လက်ထဲမှာ တောက်ပနေတဲ့ ပစ္စည်းကို နန်ကုန်းမု ချက်ခြင်း သတိ ထားမိတယ်။ သူချက်ခြင်း မျက်လုံး ပြူးသွား ခဲ့ရပြီ။

ရင်းနှီးနေတဲ့ ဒီအငွေ့အသက်က သူပိုင်ဆိုင်ခဲ့တဲ့ အရာပဲ။

“နတ်သစ်ပင် သစ်သီး။”

တံတားကို ဖြတ်လိုက်ပြီးနောက် လှိုဏ်ခေါင်း အဆုံးမှာ အလင်းရောင် အမြဲ ရှိတယ်လို့ ဆိုရိုးစကား ရှိခဲ့ဖူးတယ်။

ဖန်ကျန်းရှီသာ လွတ်မြောက် သွားခဲ့ရင် သူ့ကို ပြန်ဖမ်းဖို့ မဖြစ်နိုင်ဘူးလို့ နန်ကုန်းမု အဆိုးဆုံးထိ တွေးထားခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ မျက်စိရှေ့မှာ မြင်နေရတဲ့ ရွှေရောင် အလင်းတန်းကြီးကြောင့် ကောင်းကင်ပေါ်က ပြုတ်ကျ လာသလိုတောင် သူခံစား မိလိုက်တယ်။

အထူးသဖြင့် ဖန်ကျန်းရှီက သူ့ကို အခုထိ သတိမထား မိသေးဘူး။

ဆုတောင်းစကား ရွတ်ဆိုနေတဲ့ ဘုန်းတော်ကြီး တစ်ပါးလို အသွင်နဲ့ ဖန်ကျန်းရှီက ဘာကိုမှ သတိမထားမိပဲ ရှိနေခဲ့တယ်။

ရွှေရောင် နဂါးကြီးကလဲ မျက်လုံးတွေကို မှိတ်ထားပြီး ရွှေရောင် အလင်းတန်းတွေ ထဲမှာ သူ့ကိုယ်သူ သန့်စင် နေခဲ့တယ်။

“အကောင်းဆုံး အခွင့်အရေးပဲ။” နန်ကုန်းမုက ဖန်ကျန်းရှီလိုပဲ ဘယ်လို အလစ်ဝင်တိုက် ရမလဲ ဆိုတာ ကောင်းကောင်း သိတယ်။ ဒီနည်းလမ်းက အများကြီး အားထုတ်စရာ မလိုသလို ရလဒ်ကတော့ အတော်လေး ကောင်းတယ်။ ဒါပေါ့ သူလဲ ဒီနည်းလမ်း သုံးရတာ ပျော်တယ်။

“ဖန်ကျန်းရှီ ဒီနေ့တော့ မိုးကောင်းကင်က မင်းကို မျက်နှာသာ မပေးဘူး။” နန်ကုန်းမုက အလင်းတန်း တစ်ခု အသွင်ကို ပြောင်းလဲ သွားပြီး ဖန်ကျန်းရှီ အနောက်ကို ချဉ်းကပ် သွားခဲ့တယ်။

ဘန်း။

ဖန်ကျန်းရှီရဲ့ ကျောကို တစ်စက်လေးတောင် မငဲ့ညှာပဲ သူရိုက်ချပြစ်တယ်။

သူ့ရိုက်ချက်က မြန်ဆန်ပြီး ကြမ်းတမ်းလွန်းတယ်။

…

ဖန်ကျန်းရှီကို အလစ်ဝင်တိုက်တဲ့ နေရာမှာ အောင်မြင်ဖို့ ရှားပါးလွန်းတယ်။ ဒီတစ်ကြိမ်မှာတော့ ဖန်ကျန်းရှီက သတိလွတ်နေခဲ့တယ်။ နဂါးကြီးကို လွတ်မြောက်စေဖို့ အတွက် စိတ်ရော ကိုယ်ပါ နှစ်ပြီး သူကြိုးစား နေခဲ့တဲ့ အတွက် နန်ကုန်းမု အချိန်ကိုက် ရောက်လာတာကို မထင်ထား မိခဲ့ဘူး။

ဒါ့အပြင် ရွှမ်ယွမ်ဝူကလဲ မျက်စိ မှိတ်ထားခဲ့တယ်။ တောင်တစ်လုံးနဲ့ ဝင်ဆောင့်သလို အင်အားကြီးကို ခံစား လိုက်ရပြီးနောက် ဖန်ကျန်းရှီရဲ့ ကိုယ်တွင်းက ဒဏ်ရာရထားတဲ့ ကိုယ်တွင်း ကလီစာတွေ ပြင်းပြင်းထန်ထန် လှုပ်ရှား ကုန်တော့တယ်။

ဖူး။ သွေးတွေကို သူအန်ထုတ်မိတယ်။

“ဟမ်။” ပြင်းထန်တဲ့ လှုပ်ရှားမှုကြောင့် ရွှမ်ယွမ်ဝူလဲ မျက်လုံး ပြူးသွား ခဲ့ရပြီ။ ဖန်ကျန်းရှီ နောက်က သူကို ချက်ခြင်း သတိ ထားမိလိုက်တယ်။

“အတင့်ရဲ လိုက်တာ။”

ရွှမ်ယွမ်ဝူ အရမ်းကို ဒေါသ ထွက်သွားတော့တယ်။ လွတ်မြောက်တော့မယ့် အချိန်မှာမှ အမှောင်ထဲကနေ လူတစ်ယောက် ထွက်လာပြီး ဒီကိစ္စကို လာနှောက်ယှက်နေတယ်။ ရွှမ်ယွမ်ဝူ ဟိန်းဟောက်လိုက်ရင်း နန်ကုန်းမုကို အမြီးနဲ့ ရိုက်ချတော့တယ်။

နန်ကုန်းမုက ခုန်မရှောင်နိုင်တဲ့ အတွက် လွင့်ထွက်သွားပြီး ကျောက်တုံး နံရံကို ဝင်တိုက်တယ်။ ကျောက်တုံးကြီးတွေလဲ ဆက်တိုက် တုန်ခါ ကုန်တယ်။ အဲ့ဒီ့နောက် နန်ကုန်းမု မျက်နှာ ဆိုးဆိုးဝါးဝါး ရှုံ့မဲ့ သွားပြီးနောက် သွေးတွေ အန်ထုတ်တော့တယ်။

“…”

“…”

အရာအားလုံးက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းလှတယ်။

“ဒီနဂါးက အင်အားကြီးလိုက်တာ။”

“ဒဏ္ဍာရီထဲက နတ်ဘုရားလို နဂါးမျိုးလား။”

နတ်ဆိုး မိစ္ဆာတွေ အားလုံးက ရွှမ်ယွမ်ဝူရဲ့ စွမ်းအားတွေကြောင့် မျက်လုံး ပြူးသွားခဲ့တယ်။ ဒါပေမယ့် သူတို့ လန့်နေတာတောင် မြေပြင်မှာ မျက်လုံးမှိတ်ရင်း ထိုင်နေတဲ့ ယွင်ချင်းဝူကို သတိထားမိ ကြတယ်။ မီးတောက်တွေက သူမ မျက်နှာပေါ်မှာ ဖြတ်ပြေးတေနယ်။

“အရှင် သခင်ငယ်က ဒဏ်ရာရ နေတာလား။”

“အင်အား ပြန်ဖြည့် နေတဲ့ ပုံစံနဲ့ တူတယ်။”

“ဖန်ကျန်းရှီ ဒီကောင် သူ့ကို နှိပ်စက် ထားတာပဲ ဖြစ်ရမယ်။”

“သူ့ကိုသတ်။”

“တိုက်ခိုက်ကြ။”

နတ်ဆိုး မိစ္ဆာတွေက နဂါးကြီးရဲ့ အင်အားကို သိကြပေမယ့်၊ အခုချိန်မှာ သူက နန်ကုန်းမုကို တိုက်ခိုက် နေခဲ့တယ်လေ။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတဲ့ ဖန်ကျန်းရှီကို သတ်ပြီး ယွင်ချင်းဝူကို ပြန်ခေါ်ဖို့ အခွင့်ကောင်းပဲ။ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ တိုက်ခိုက်ဖို့ ပြေးဝင် လာချိန်မှာ နဂါးကြီးက ဟိန်းဟောက် လိုက်တယ်။

နဂါး မျက်ဝန်းကနေ အလင်းတန်းတွေ ဆက်တိုက် ထွက်ပေါ် လာပြီးနောက် သူ့အကြေးခွံ ပေါ်မှာ လျှပ်စီး အလင်းတန်းတွေ စီးဆင်းတော့တယ်။ ဖန်ကျန်းရှီကို သူ့ခန္ဒာကိုယ်ကြီးနဲ့ ကာဆီးလိုက်တယ်။

“ငါ့ရှေ့မှာတောင် ဒါမျိုး လုပ်ဝံ့ကြတယ်ပေါ့။” နဂါးကြီးက လက်သည်းတွေကို ဖိချ လိုက်ချိန်မှာ မြေပြင် တစ်ခုလုံး အက်ကွဲကုန် တော့တယ်။ သူ့ရဲ့ ဟိန်းဟောက်သံက အရှိန်အဝါကြီးလွန်းတယ်။

လှုပ်ရှားမှု တစ်ခုချင်းစီ တိုင်းမှာလဲ လျှပ်စီး အလင်းတန်းတွေ ထွက်ပေါ်လာတယ်။

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ မျက်လုံး အပြူးသား ဖြစ်နေကြပြီ။ ဧကရာဇ်ဟွမ်ရဲ့ မိသားစုဝင် လောကထိပ်တန်း နဂါးကြီးက သူတို့ တွေးထား တာထက် ပိုပြီးတော့တောင် အင်အားကြီး နေသေးတယ်။

“ဟမ်။ အဲ့တာ ရွှေရောင် နဂါးကြီးလား။ အသက်ရှိနေတဲ့ နဂါးကို မြင်ဖူးတာ ပထမဆုံးပဲ။” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ကြောင်အ နေချိန်မှာပဲ စွာကျယ်ကျယ် အသံတစ်သံကို ကြားလိုက် ရတော့တယ်။ ဒါကတော့ ပင်းယန်ရဲ့ အသံ။

မုချင်းဖန်းနဲ့ မော့ရှန်းရှီ အပါအဝင် လူသား မဟာမိတ် အဖွဲ့တွေ အားလုံးလဲ ဆွံ့အ နေခဲ့တယ်။ ဒီနဂါးကြီးက ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ။ ဒီနေရာမှာ ဘာတွေ ဖြစ်သွားတာလဲ။

“ကျန်းရှီ။” ဖန်ကျန်းရှီ မြေပြင်မှာ လဲနေတာကို တွေ့တွေ့ချင်း နဂါးကြီးက ဖန်ကျန်းရှီကို တိုက်ခိုက် ထားတယ်လို့ ရန်ရွှယ် ထင်ထားခဲ့တယ်။ ပင်းယန်လဲ ချက်ခြင်း သတိ ထားမိသွားတယ်။

“အရှက် မရှိတဲ့ ကောင်စုတ် ဒဏ်ရာရ ထားတာလား။” ပင်းယန်လဲ အံ့အား သင့်သွားခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လောက် အင်အားကြီးမှန်း သူမ ကောင်းကောင်း သိတယ်လေ။ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ သေချာပေါက် အများကြီး အင်အားကြီးဖို့ လိုလိမ့်မယ်။

နန်ကုန်းမု လက်ချက်လား။ ပင်းယန် လှည့်ပတ် ကြည့်လိုက် ချိန်မှာပဲ လဲနေတဲ့ ဝတ်ရုံနက်ကို တွေ့လိုက် ရပြန်တယ်။

“နန်ကုန်းမုလဲ ဒဏ်ရာရ ထားတာလား။” ပင်းယန် စကား မဆုံးခင် အချိန်မှာပဲ ရန်ရွှယ်က ဒဏ်ရာရ နေတဲ့ ဖန်ကျန်းရှီဆီ ပြေးထွက် သွားခဲ့ပြီ။ ပင်းယန်လဲ သူ့နောက်က လိုက်လာတယ်။

သူမက အားနည်းပေမယ့်၊ နှလုံးသားကတော့ အင်အားကြီးတယ်လေ။ သွေးနီရောင် အလင်းတန်းက လေထဲမှာ မီးလျှံတွေလို တောက်ပလာတယ်။

ဝေါင်း။ ရွှမ်ယွမ်ဝူကတော့ ဒေါသ ထွက်နေခဲ့ပြီ။ နဂါး လက်သည်းကို မြှောက်လိုက်ရင်း ဖန်ကျန်းရှီဆီ ပြေးဝင်လာတဲ့ ရန်ရွှယ်နဲ့ ပင်းယန်ကို တိုက်ခိုက်ဖို့ လုပ်တယ်။

“သူတို့ကို မထိခိုက်စေနဲ့။” ဖန်ကျန်းရှီ လှမ်းပြောတယ်။

နန်ကုန်းမုရဲ့ ရိုက်ချက်ကြောင့် သူသတိလွတ်လု နီးပါး ဖြစ်သွား ခဲ့ရတယ်။ အတွင်းကလီစာတွေက ပြင်းထန်တဲ့ နာကျင်မှုကြောင့် မီးလို ပူလောင်နေတဲ့ အတိုင်းပဲ။ ဒါပေမယ့် သူအော်ဟစ်လိုက်တယ်။

နဂါးကြီးရဲ့ လက်သည်းတွေလဲ ရန်ရွှယ်နဲ့ ပင်းယန်ကို မထိခင် ရပ်တန့် သွားတယ်။ ရွှေနဂါးက ဖန်ကျန်းရှီရဲ့ အသံကို ကြားပေမယ့်၊ ရန်ရွှယ်နဲ့ ပင်းယန်ကတော့ မကြားခဲ့ဘူး။ ဒါကြောင့် ရန်ရွှယ်က နဂါး လက်သည်းတွေကို တိုက်ခိက်ပြီး ပင်းယန်ကတော့ နဂါးခေါင်းဆီကို ပျံသန်း လာခဲ့တယ်။

အဲ့ဒီ့နောက် နဂါး မျက်လုံးထဲကို သံပရာမှုန့်တွေ ပြစ်ထည့်တယ်။

“..” ရွှမ်ယွမ်ဝူက သူတို့ မရပ်ကြတာကို မအံ့သြပေမယ့် ပင်းယန် သံပရာမှုန့်တွေ ပြစ်တာကိုတော့ အံ့သြခဲ့တယ်။

“ပြုတ်ကျစမ်း။” ဒေါသတကြီး နဂါး အော်သံ ထွက်ပေါ် လာပြီးနောက် ပင်းယန်လဲ မြေပြင်ပေါ်ကို ဖုတ်ခနဲ ပြုတ်ကျသွားတော့တယ်။

ဖန်ကျန်းရှီ အပေါ်ကို တည့်တည့် သူမ ပြုတ်ကျလာတယ်။

“ငလူးပဲ။” ဖန်ကျန်းရှီ ချက်ခြင်း ကန်ထုတ်ပြီး သူမ တင်ပါးကို နာနာလေး ရိုက်ပြစ် ချင်ပေမယ့်၊ ပင်းယန်က သူ့ကို ဖိထားတာ လေးလွန်းတယ်။

“အရှက်မရှိတဲ့ ကောင်စုတ် နင် အဆင်ပြေရဲ့လား။ ငါရောက်လာပြီ ငါကာကွယ် ပေးမယ်။”

“မင်း အရင်ဆုံး ငါ့အပေါ်က ဆင်း။”

“အာ အာ။ ဒီနဂါးက နင့်စကားကို နားထောင်တာလား။” ပင်းယန် ချက်ခြင်း မော့ကြည့်တယ်။

ဖန်ကျန်းရှီ တစ်ခုခု ပြောလိုက်လို့ နဂါးက သူတို့ကို မတိုက်ခိုက်တဲ့ ပုံပဲ။ ဒါပေမယ့် ရွှေနဂါးက ဖန်ကျန်းရှီ စကားကို ဘာလို့ နားထောင်နေတာလဲ။ မယုံနိုင်စရာ ကောင်းလိုက်တာ။

(ဒီအရှက် မရှိတဲ့ကောင်၊ ရွှေနဂါးကို ဘာလုပ် ထားတာလဲ။)

“နင်က နဂါးမကြီးလား။” ပင်းယန် မေးတယ်။

“အထီးဟ အထီးကြီး။” နဂါးကြီး ပြန်အော်တော့တယ်။

ဒီကောင်မလေး နားကန်း နေတာလား။ ဒီလောက်တောင် ခံ့ညား နက်ရှိုင်းပြီး ယောကျာ်းပီသတဲ့ အသံကို မကြားဖူးဘူးလား။

“အထီးကြီးဆို ဒီအရှက်မရှိတဲ့ ကောင်စုတ်ရဲ့ စကားကို ဘာလို့ နားထောင်တာလဲ။” ပင်းယန် စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ မေးလိုက်တယ်။

“..” ရွှမ်ယွမ်ဝူ ဘာပြန်ဖြေရမလဲ မသိ ဖြစ်သွားခဲ့တယ်။

ဒီကောင်မလေး ဘယ်လိုတွေ တွေးနေတာလဲ။ ဖန်ကျန်းရှီနဲ့ ဘာဖြစ်လို့ အတွေး တူနေတာလဲ။ နှစ်ယောက်စလုံးက သူ့ကို ဆွံ့အ စေတယ်။

“ရွှေနဂါးက လူသားတွေရဲ့ မဟာမိတ်လား။”

“အံ့သြစရာကြီး။”

“ဒီလို အင်အားကြီး မဟာမိတ်သာ ရှိရင် ငါတို့ အတွက် မျှော်လင့်ချက် ရှိပြီ။”

“မြန်မြန် နန်ကုန်းမုကို အခုသတ်။”

လူသား မဟာမိတ်တွေ ချက်ခြင်း သတိ ပြန်ဝင် လာကြတယ်။

ရွှေရောင်နဂါးကြီးက အရမ်းကို အင်အားကြီးလွန်းတဲ့ အတွက် နန်ကုန်းမုကိုတောင် ဒဏ်ရာစေ နိုင်တယ်။

ဒါ့အပြင် ဖန်ကျန်းရှီရဲ့ အမိန့်ကို နာခံပြီး ရန်ရွှယ်နဲ့ ပင်းယန်ကို မတိုက်ခိုက်ဘူး။ ဒီတော့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ ပြဿနာတက်ပြီ။

ရွှေနဂါးကြီးက အရှေ့မှာ လူသား မဟာမိတ်က အနောက်မှာ သူတို့တွေ ဝန်းရံခံလိုက် ရပြီ။ အခုချိန်မှာ လူသား မဟာမိတ် ကတော့ နတ်ဆိုးမိစ္ဆာ တပ်ဖွဲ့တွေနဲ့ နန်ကုန်းမုကို တစ်ချက်တည်း အပြတ်ရှင်းဖို့ တွေးနေခဲ့တယ်။

“အဖိုးကြီးမော့ မင်းဘယ်လိုထင်လဲ။” မုချင်းဖန်းက လှမ်းမေးတယ်။ အခု အခွင့်အရေးက ရှားပါးလွန်းတယ်။

“တိုက်ခိုက်။” မော့ရှန်းရှီကတော့ အလုပ်နဲ့သာ ပြန်ဖြေခဲ့တယ်။ တခြား လူသား မဟာမိတ် မျိုးနွယ်စုတွေ ကတော့ အားလုံးကို သတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။

ဟိန်းဟောက်သံတွေ လူသား မဟာမိတ် အဖွဲ့ကနေ ဆက်တိုက် ပေါ်လာတော့တယ်။ ပထမဆုံး အကြိမ် အနေနဲ့ သူတို့တွေ မျှော်လင့်ချက်ကို ပြန်ရှာတွေ့ ခဲ့ပြီ။ သေလုနီးပါး အခြေအနေမှာ မျှော်လင့်ချက် ရှိခဲ့ပြီ။

“ငါတို့ ဘာလုပ်ရမလဲ။”

“နဂါးကြီးက ဖန်ကျန်းရှီ စကားကို နားထောင်နေတယ်။”

“ငါတို့တော့ သွားပြီ။”

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အင်အား ပိုများပေမယ့် နဂါးကြီးက သူတို့ အတွက် ရင်ဆိုင်ဖို့ ခက်ခဲလွန်း နေတယ်။ သူတို့ တပ်ဖွဲ့ထဲက သားရဲကောင်တွေကို မလှုပ်နိုင်တဲ့ အထိ ဖိအား ပေးနေတယ်။

“သူတို့ကိုသတ်။”

“ငါသေ ရရင်တောင် အားလုံးနဲ့ အတူတူ သေမယ်။”

“နဂါးကြီးကို မနိုင်ပေမယ့်၊ လူသား မဟာမိတ် အဖွဲ့ကို ကြောက်နေစရာ မလိုဘူး။”

လက်မလျော့တဲ့ တပ်ဖွဲ့တွေက မဟာနွံအိုင်နဲ့ သွေးအရိပ် မြို့တော်မှာ သီးခြား နေရမယ့် အဖြစ်မျိုး ထပ်မကြုံချင် ကြတော့ဘူး။ လူသားတွေနဲ့ သေချာပေါက် တိုက်ခိုက်ရမယ်။ ဒီအချိန်မှာပဲ ရွှမ်ယွမ်ဝူက ရုတ်တရက် လှည့်လာခဲ့တယ်။

“ဟမ်။ ရင်းနှီးလိုက်တဲ့ အနံ့ ဧကရာဇ်ယန်ရဲ့ အနံ့ပဲ။” ရွှမ်ယွမ်ဝူ ရုတ်တရက် အထိတ်တလန့် ပြောတော့တယ်။

အပိုင်း (၁၀၂၈) ပြီး၏။

အပိုင်း (၁၀၂၉)

“မခန့်မှန်းနိုင်သော။”

..

ရွှမ်ယွမ်ဝူက သွေးနီရောင် အလင်းတန်းတွေ တောက်ပနေတဲ့ နန်ကုန်းမုကို လှမ်းကြည့်တယ်။ သွေးနီရောင် အလင်းတန်း အောက်မှာ များပြားလှတဲ့ အနီရောင် အကိုင်းအခက်တွေက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

သစ်ပင်မိစ္ဆာကြီး တစ်ကောင် မြေပြင်ကနေ ထိုးထွက်လာသလို အသွင်မျိုး ရှိနေခဲ့တယ်။ ဧကရာဇ်ယန် ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ သစ်ပင် ဖြစ်နေတာကြောင့် ရှေးကျပြီး မြင့်မြတ်တဲ့ အရှိန်အဝါတွေလဲ ပြည့်နှက်နေတယ်။

“နန်ကုန်းမု မသေသေးဘူးလား။ နောက်တစ်ခေါက် နတ်သစ်ပင်ပုံစံ ဖြစ်သွားပြန်ပြီ။” ပင်းယန်ကတော့ ဒါကို မြင်ချိန်မှာ ကြောက်သွားခဲ့တယ်။

“ဟုတ်တယ်။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ် နေခဲ့တယ်။ နန်ကုန်းမုက နတ်သစ်ပင် အသွင်ကို ပြောင်းသွားရင် စွမ်းအား ကြီးလာတာကို သူသိတယ်။ အချိန် နှစ်နာရီ အတွင်းမှာ သူက ပိုပြီး အားကောင်း လာတာလား။

မုရှန်းနဲ့ တခြား နတ်သခင်တွေကို စုပ်ယူ လိုက်လို့များလား။ နန်ကုန်းမု စွမ်းအား စုပ်တာကို သူမြင်ခဲ့တယ်။

“ဒီကောင့်ကိုတော့ ရင်ဆိုင်ဖို့ လွယ်မှာ မဟုတ်ဘူး။” နန်ကုန်းမုကို မကြောက်ပေမယ့်၊ သူ့ရဲ့ တိုးတက်မှုက မြန်ဆန်လွန်းနေတယ်။ တခြားသူတွေရဲ့ စွမ်းအားကို စုပ်ယူပြီးလဲ အင်အားကြီးနိုင်သေးတယ်။

စွမ်းအားတွေကို ပိုပြီးတော့ စုပ်ယူလေ အင်အားပိုကြီးလေပဲ။

အင်အားကြီး ရန်သူက ကြောက်စရာ မကောင်းဘူး။ သူဘယ်လောက်ထိ အင်အားကြီးနိုင်လဲ ဆိုတာက ကြောက်စရာ ကောင်းတယ်။

“အဲ့တာ ဧကရာဇ်ယန်ရဲ့ အရှိန်အဝါပဲ။ ဒီကောင်လေးက ဧကရာဇ်ယန်ရဲ့ မျိုးဆက်လား။” ရွှေနဂါး မျက်လုံး ပြူးသွား ရပြန်တယ်။ ဧကရာဇ် နှစ်ပါး စလုံးနဲ့ အတူတူ ရှင်သန်ခဲ့တဲ့ နဂါး ဖြစ်တာကြောင့် ဒီအရှိန်အဝါကို သူမှတ်မိတယ်။

ဧကရာဇ်ယန်ကို မှော်ဆန်တဲ့ လယ်သမားလို့လဲ ခေါ်ကြတယ်။ သူ့ရဲ့ အပင်တွေကို စိုက်ပျိုးတဲ့ ပုံစံကြောင့် ဒီလို ခေါ်တာ မဟုတ်ဘူး။ အပင်တွေရဲ့ ရှင်သန်မှုကြောင့် ဒီလို ပြောကြတာပဲ။

ရှင်သန်ခြင်း လေပြေက ဧကရာဇ်ယန် စိုက်ပျိုးသမျှ အရာအားလုံးကို အင်အားကြီးစေတယ်။ နတ်သစ်ပင်က ဧကရာဇ်ယန်ရဲက အသက်နဲ့ ဖွဲ့စည်းထားတဲ့ အရာ တစ်ခု။

သက်ရှိတွေ အားလုံး စတင်ခဲ့တဲ့ နေရာ။ ပန်းတွေ ပွင့်ဖူးတယ်။ သစ်သီးတွေ သီးတယ်။ ကြွေကျတယ်။ အသွင်ပြောင်းတယ်။ အားလုံးက သေခြင်း ရှင်ခြင်းနဲ့ သက်ဆိုင်နေတယ်။

ဧကရာဇန်ယန်က သက်ရှိ အားလုံးရဲ့ အသက်ကို ဖြစ်တည်အောင် စိုက်ပျိုးနိုင်တယ်။ နတ်သစ်ပင်ရဲ့ အစွမ်းကို တွေးကြည့်လို့တောင် ရနေပြီ။

ဝုန်း။ နန်ကုန်းမု ခန္ဒာကိုယ်ထဲကနေ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင် ထိုးထွက်လာပြီး သူ့ခန္ဒာကိုယ်ကို ဝန်းရံ လိုက်တယ်။ သစ်သီးတွေက နတ်သစ်ပင် ထိပ်မှာ သီးပွင့်နေကြတယ်။

ကြီးမားတဲ့ သွေးမှော်စက်ဝန်းကလဲ ကောင်းကင်မှာ ရှိနေပြီး သစ်ပင်ကို အလင်းပေးနေခဲ့တယ်။

ငွေရောင် အလင်းတန်းတွေက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်း သွားခဲ့ပြီ။

အဲ့ဒီ့နောက် နတ်သစ်ပင် သစ်သီးတွေက စတင် လှုပ်ရှားတော့တယ်။ သွေးနီရောင် သစ်ကိုင်းတွေက ချွန်ထက်တဲ့ လှံတွေလို လှုပ်ရှားရင်း ရွှမ်ယွမ်ဝူဆီကို တိုးဝင်လာတယ်။

မူး။ ရွှမ်ယွမ်ဝူက နတ်သစ်ပင်ကို လေးလေးနက်နက် စိုက်ကြည့်နေရင်း သစ်ကိုင်းတွေကို အမြီးနဲ့ ရိုက်ချပြစ်တယ်။

နဂါးအမြီးနဲ့ တစ်ချက်ရိုက်မိတိုင်း သစ်ကိုင်းတွေ အများကြီး ကျိုးကျတယ်။ ဒါပေမယ့် သစ်ကိုင်းတွေက များပြားလွန်းတဲ့ အတွက် ရွှမ်ယွမ်ဝူ့ ကိုယ်ပေါ်ကို မိုးပေါက်တွေ ကျသလို ဆက်တိုက် ကျဆင်းနေခဲ့တယ်။ သူလဲ ရွေးစရာ မရှိတော့တာကြောင့် နောက်ကို ခြေလှမ်း ဆုတ်လိုက် ရတယ်။

ဒီမြင်ကွင်းက အားလုံးကို မျက်လုံး ပြူးသွားစေတယ်။ နောက်ဆုံးတော့လဲ ရွှမ်ယွမ်ဝူနဲ့ နန်ကုန်းမုရဲ့ တိုက်ပွဲက သူတို့နဲ့ တိုက်ရိုက် ဆက်နွယ် နေခဲ့တယ်လေ။ ဘယ်သူ နိုင်နိုင်မလဲ။

“ဒီနဂါးက အားနည်းလွန်းနေလို့ နန်ကုန်းမုကို အနိုင်မတိုက်နိုင် တာတော့ မဟုတ်ဘူး မလား။” ပင်းယန်က နဂါးကြီး အသာစီး မရတာကို ကြည့်ရင်း ပြောလိုက်တယ်။

သူမ လန့်နေပင်မယ့် ဖန်ကျန်းရှီ ရှေ့မှာ ပိတ်ရပ်ရင်း အနှောက်အယှက်တွေ ရောက်မလာနိုင်အောင် ကာဆီး ထားခဲ့တယ်။

မူး။ ရွှမ်ယွမ်ဝူက ပင်းယန်ရဲ့ အသံကို ကြားချိန်မှာ ဟိန်းဟောက်လိုက်တယ်။ သူ့တကိုယ်လုံးကို ရွှေရောင် မိုးကြိုးတွေက လွှမ်းခြုံသွား ပါတော့တယ်။

သူ့ရဲ့ လက်သည်း လေးဖက်က သစ်ကိုင်းတွေကို ဆက်တိုက် ဆွဲဖြဲပြစ်တယ်။ ကြီးမားတဲ့ ပါးစပ်ကို ဟလိုက်ပြီး ရွှေရောင် မီးလျှံတွေကိုလဲ နတ်သစ်ပင်ဆီ သူမှုတ်ထုတ်တယ်။

ဝုန်း။ ရွှေရောင် အလင်းတန်း တောက်ပ လာပြီးနောက် နတ်သစ်ပင်က မီးတောက်တွေကြောင့် တုန်ယင် သွားခဲ့တယ်။ သွေးတွေလဲ သစ်ကိုင်းတွေကနေ မိုးကျသလို ရွာကျလာတယ်။

“အောင်မြင် သွားတာလား။”

“အင်အားကြီးလိုက်တာ။ သူက နန်ကုန်းမုရဲ့ ခုခံစစ်ကို ဖောက်နိုင်တာပဲ။“

လူသား မဟာမိတ်တွေလဲ အခုမှ စိတ်သက်သာရာ ရသွားခဲ့တယ်။

“နဂါးမီးကို မြင်ဖူးတာ ပထမဆုံးပဲ။ အင်အားကြီးလိုက်တာ။”

ဒါပေမယ့် သူတို့ စကား ဆုံးဆုံးချင်း သစ်ကိုင်းတွေက ခပ်မြန်မြန် ပြန်ကောင်းမွန် သွားတယ်။ မီးတောက်တွေကလဲ နှင်းနဲ့ ထိသလိုမျိုး ပျောက်သွားခဲ့ပြီ။ အားလုံးကို နတ်သစ်ပင်က စုပ်ယူ လိုက်သလိုပဲ။

“ဟမ်။” နဂါးကြီးလဲ သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့တယ်။

“ငါ့ရဲ့ နဂါးမီးတွေကို စုပ်ယူနိုင်တာလား။”

“သွေးမှော်စက်ဝန်းကို သုံးထားလို့ စွမ်းအားတွေကို ပုံစံ ပြောင်းနိုင်တယ်။” ဖန်ကျန်းရှီက သတိပေးတယ်။

“သွေးမှော်စက်ဝန်းတဲ့လား။ ဧကရာဇ်ယန် အသက်ရှိနေတဲ့ အချိန်တုန်းက ဒီစွမ်းအား မရှိခဲ့ ပါဘူး။” နဂါးကြီး ခေါင်းခါလိုက်တယ်။

“ဧကရာဇ်ယန် ဘယ်တုန်းက ဖန်တီးလိုက်တာလဲ။ အင်အားကြီးလိုက်တာ။”

ရွှယ်ယွမ်ဝူက ဆိုးယုတ်တာတွေ ကောင်းမွန်တာတွေကို မှတ်ချက်မပေးခဲ့ဘူး။ အင်အားကြီးတဲ့ အရာနဲ့ အားနည်းတဲ့ အရာတွေကိုသာ သူတွက်ချက်ခဲ့တယ်။

သွေးမှော်စက်ဝန်းက အင်အားကြီးလွန်းလို့ ချီးမွမ်းထိုက်တယ်။

“ဟေး။ နဂါးကြီး နန်ကုန်းမုကို အနိုင်တိုက်နိုင်လား။ မနိုင်ရင် ငါတို့ အခု ထွက်ပြေးတော့မယ်။” ပင်းယန်က တိတ်ဆိတ်သွားတဲ့ ရွှမ်ယွမ်ဝူကို လှမ်းအော်တယ်။

“ထွက်ပြေးမယ်။” နဂါးကြီး ဘာပြောရမလဲ မသိတော့ဘူး။ သူက လောကထိပ်ဆုံးမှာ ရပ်တည်ဖူးတဲ့ နဂါး သခင် တစ်ယောက်လေ။ ဘာမဟုတ်တဲ့ ကလေး တစ်ယောက်ကို မနိုင်နိုင်တာ ဘယ်လို ဖြစ်နိုင်မလဲ။

“မူး။”

နဂါးကြီး ဟိန်းဟောက်ရင်း ရှေ့ကို ပြေးဝင်သွားတယ်။ သူ့လက်သည်းတွေနဲ့ ပါးစပ်ကို သုံးရင်း နတ်သစ်ပင်ကို တစ်ချက်မှ မနားတမ်း သူဆုတ်ဖြဲ ပြစ်တယ်။ သူ့ကြည့်ရတာ အရူး တစ်ယောက်လိုပဲ။

လူသား မဟာမိတ် တပ်ဖွဲ့တွေလဲ ဒီလို ထူးခြားတဲ့ မြင်ကွင်းကို မမြင်ဖူးဘူး။ နဂါး တစ်ကောင်က သစ်ကိုင်းတွေကို ဆွဲဖြဲနေပြီး သစ်ကိုင်းတွေကနေ သွေးတွေ စီးကျလာတယ်။ နဂါးကိုယ်မှာတော့ လျှပ်စီးလက်သလို အလင်းတန်း အကြေးခွံတွေ ရှိနေတယ်။ ဒီဖြစ်ရပ်က လန့်စရာ ကောင်းလွန်းတယ်။

“ဝိုး။ ဒီနဂါးက မဆိုးဘူးပဲ။” ပင်းယန်က အမြဲတမ်း ရူးသွပ်တဲ့ တိုက်ပွဲတွေကို သဘောကျတယ်။

အခုချိန်မှာတော့ မျက်လုံးတွေ မှိတ်ထားခဲ့တဲ့ ယွင်ချင်းဝူက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာ ခဲ့ပြီ။ သူ့မျက်စိရှေ့က မြင်ကွင်းကို မြင်ချိန်မှာတော့ ဖြစ်နေတာတွေကို သဘောပေါက် သွားခဲ့တယ်။

“ဖန်ကျန်းရှီ နင့်ဒဏ်ရာတွေ ဘယ်လိုလဲ။” ယွင်ချင်းဝူ မေးလိုက်တယ်။

“ဟမ်။ နိုးလာပြီလား။ မေးဝံ့သေးတယ်ပေါ့။ ဒီလို ဖြစ်လာတာတွေ အားလုံးက နင့်ကို ကျေးဇူးတင်သင့်တယ် မဟုတ်လား။” ပင်းယန် အရင်ဆုံး ဝင်ပြောတယ်။

ယွင်ချင်းဝူကတော့ ပြန်မပြောပဲ ဖန်ကျန်းရှီ ဖြေတာကိုသာ စောင့်နေခဲ့တယ်။

“အရှက်မရှိတဲ့ နတ်ဆိုးမ။ မျိုးမစစ်တဲ့ မိစ္ဆာမ။” ပင်းယန်ကတော့ ဆက်တိုက်ဆိုသလို ကျိန်ဆဲ နေခဲ့တယ်။

“ပင်းယန် သူ့ကို ဆဲလဲ မထူးဘူး။ ဖန်ကျန်းရှီနဲ့ သူ တစ်ခုခု မကောင်းတာ လုပ်ခဲ့တယ်လို့ ငါထင်တယ်။”

ဒါကတော့ ဝူယွဲ့အာ အသံပဲ။

ဖန်ကျန်းရှီကတော့ ခေါင်းတွေတောင် ကျိန်းလာခဲ့ပြီ။

ပင်းယန်နဲ့ ယွင်ချင်းဝူ နှစ်ယောက်ကတင် သူ့ကို ခေါင်းနောက်စေဖို့ လုံလောက် နေပြီလေ။ အခုတော့ ဝူယွဲ့အာကပါ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို ဖြတ်ကျော်ပြီး သူ့ကို ဒုက္ခ ပေးနေတယ်။

အမျိုးသမီး သုံးယောက်က ပြဇာတ်ကနေ ကြတာလား။ အခုချိန်မှာ ဒါတွေကို သူအာရုံ မစိုက်နိုင်သေးဘူး။ အရေးကြီးတဲ့ ကိစ္စကို အရင်ရှင်းဖို့ လိုတယ်။

“အိုက်ယား နာလိုက်တာ။” ဖန်ကျန်းရှီ နောက်ကို ပြစ်လှဲ ချလိုက်တယ်။ တကိုယ်လုံး ချွေးတွေ စိုရွဲ လာပြီး သူဖြူဖျော့ သွားတော့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ် နင် အဆင်ပြေရဲ့လား။” ပင်းယန် ချက်ခြင်း ပြေးလာတယ်။

“ကျန်းရှီ မြန်မြန် ငါ့အပေါ်မှာ လှဲလိုက်။ ငါ့မှာ ဆေးတွေ ပါလာတယ်။” ဝူယွဲ့အာက ချက်ခြင်း ပြေးလာပြီး ဖက်ထားလိုက်တယ်။ ဒီလုပ်ရပ်က ယွင်ချင်းဝူကို ရပ်တန့် သွားစေတယ်။

“..” ပင်းယန်လဲ မျက်လုံး ပြူးသွား ခဲ့တယ်။ ဝူယွဲ့အာက သူ့ထက် မြန်နေတာလား။ အချိန်ကို သူမ တကယ်ပဲ မတွက်လိုက် မိဘူး။

“အရှက်မရှိတဲ့ ကောင်စုတ် ငါ့မှာလဲ ဆေးပါတယ်။”

ဖန်ကျန်းရှီကတော့ ခါးသက်သက် ပြုံးလိုက် မိတယ်။

“နေစမ်းပါအုန်း။ မင်းတို့တွေ ငါ့ကို ဆေးမတိုက်ခင် ဆေးရဲ့ အစွမ်းကို ပြောပြအုန်း။ ပိုကောင်းတဲ့ ဆေးကို ငါစားမယ်။” အာရုံလွှဲနိုင်ဖို့ အတွက် ဖန်ကျန်းရှီလဲ နည်းလမ်း အသစ်ကို ကြံရပြီ။

“ဆေး အစွမ်းလား။ ကောင်းပြီလေ။”

“ငါ အရင်ပြောမယ်။ ငါ့ဆေးက တော်ဝင် နန်းတော်ကဆေး။ ဆေးကို နှစ်တစ်ထောင်ဆေးမြစ်။” ပင်းယန် အရင်ဆုံး ပါဝင်ပစ္စည်းတွေ ပြောပြီးတဲ့နောက် ယွင်ချင်းဝူ ဆက်ပြောတော့တယ်။ အဲ့ဒီ့နောက် ဆေးစွမ်း အကြောင်းကို ပြောကြတယ်။

ဒါပေမယ့် ဝူယွဲ့အာက ဆေးအကြောင်း အမွှမ်းတင်တဲ့ နေရာမှာ ပင်းယန်ထက် တော်တာတော့ အမှန်ပဲ။ သူမ ဆေးကို လောကမှာ ရှိသမျှ အဖျားအကုန် ပျောက်စေ နိုင်တယ်လို့ ညွှန်းတယ်။

ဖန်ကျန်းရှီလဲ သက်ပြင်းချလိုက် မိတယ်။ တကယ့်ကို ကောက်ကျစ်တဲ့ ဈေးသည်ပဲ။

တကယ်တော့ ဘာကိုမှ ရွေးစရာ မလိုဘူး။ ဝူယွဲ့အာရဲ့ ဆေးက သူလိုနေတဲ့ အရာလေ။ ဒါပေမယ့် ဆေးကို မယူခင် အချိန်မှာပဲ နူးညံ့တဲ့အသံ တစ်သံကို သူ့နောက်ကနေ ကြားလိုက် ရတော့တယ်။

“ငါ ပြောတာကို နင်မကြားဘူးလား။”

“ဟမ်။”

ပင်းယန်နဲ့ ဝူယွဲ့အာ နှစ်ယောက်လုံး ဖန်ကျန်းရှီ နောက်မှာ ထိုင်နေတဲ့ ယွင်ချင်းဝူကို သတိ ထားမိသွားတယ်။

သူတို့ နှစ်ယောက်စလုံး လန့်သွားကြတယ်။ သူ့စကားကြောင့် လန့်တာတော့ မဟုတ်ခဲ့ဘူး။ ဖြူဖွေးနေတဲ့ ဆံပင်တွေကြောင့် လန့်သွား ရတာပဲ။ ယွင်ချင်းဝူက ဒီလို ပျင်းစရာ ကောင်းတဲ့ ဆေးကြေညာပွဲကို ဝင်လာမယ်လို့ မထင်မှတ် ထားခဲ့ မိဘူးလေ။ အခြေအနေတွေက ပြောင်းသွားတာလား။

ယွင်ချင်းဝူက လူသား မဟာမိတ်နဲ့ တိုက်ခိုက်စရာ မလိုတော့ တာကြောင့် ဆေးရောင်းတဲ့ အလုပ်ကို ပြောင်းလုပ် ချင်နေတာလား။

“ဒီဆေးလုံးက အတွင်း ကလီစာ ဒဏ်ရာတွေ အတွက် ကောင်းရုံတင် မကဘူး။ အသားအရေကိုလဲ ပြောင်းလဲ ပေးနိုင်သလို အရိုးဖွဲ့စည်း ပုံကိုလဲ သန်မာစေတယ်။ ဒါ့အပြင် သွေးစီးဆင်းတာကို ချောမွေ့ စေပြီးတော့ အရိုးထဲက အဆိပ်တွေကိုလဲ ဖြေပေးနိုင်တယ်။ ခပ်ရှင်းရှင်း ပြောရမယ် ဆိုရင် အသားအရေကို ပြောင်းလဲ ပေးစေနိုင်တဲ့ အတွက် သေချာပေါက် ပိုခံ့ညား လာစေမှာပဲ။”

ယွင်ချင်းဝူက လန့်နေတဲ့ နှစ်ယောက်ကို လျစ်လျူရှုထားရင်း ဆေးပုလင်းကို ထုတ်ပေးတယ်။

“…”

“..”

ပင်းယန်နဲ့ ဝူယွဲ့အာ နှစ်ယောက်စလုံး ဘာမှ မပြောနိုင် ခဲ့ဘူး။ ဆေးသောက်ရုံနဲ့ ပိုခံ့ညားလာစေ နိုင်တယ်တဲ့။ ဘယ်လို ယုံရမှာလဲ။ ပိုပြီး ထူးဆန်းတဲ့ အရာကတော့ ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ တလက်လက် တောက်ပ လာခဲ့တာပဲ။

“ဒီကောင်တော့ ယွင်ချင်းဝူ စကားကို နားယောင်သွားပြီ။” ဝူယွဲ့အာ ချက်ခြင်း သတိထားမိတယ်။ သူတားချင်ပေမယ့် နောက်ကျသွားတယ်။ ဖန်ကျန်းရှီက ဆေးကို ယူသောက်လိုက်ပြီ။

“မျိုးမစစ်မ။”

ဝူယွဲ့အာ ဒေါသ ထွက်နေ ချိန်မှာပဲ ပင်းယန်ကတော့ ထဆဲတော့တယ်။

ဖန်ကျန်းရှီကတော့ စိတ်ထဲ မထားခဲ့ဘူး။ ဆေးသုံးမျိုး စလုံးက ကောင်းပေမယ့်၊ ရောင်းတဲ့သူ ပိုကောင်းတာကိုသာ သူရွေးချယ် ခဲ့တယ်။ ဆေးလုံးကို ရွေးချယ်ပြီးတဲ့နောက် ယွင်ချင်းဝူ အသံကို ထပ်ကြားလိုက်ရ ပြန်တယ်။

“ဆေးက ခံ့ညားအောင် လုပ်ပေးနိုင်ပေမယ့်၊ ဆေးထဲမှာ အဆိပ်ပါတာကြောင့် ချက်ခြင်း သေသွားစေ နိုင်တယ်။ သတိထားပြီး သောက်မှ ရမယ်။”

“..”

“..”

ယွင်ချင်းဝူကတော့ ယွင်ချင်းဝူပါပဲ။ သူမက တည်ငြိမ်တယ်။ ဂုဏ်ဒြပ်တွေ အတွက် မတိုက်ခိုက်ဘူး။ ဒါပေမယ့် သူ့စိတ်ကို ဘယ်သူမှ မဖတ်နိုင်ဘူး။ မိန်းမတွေရဲ့ စိတ်က ခန့်မှန်းလို့ မရသလိုပဲ။ ဒါပေမယ့် ခန့်မှန်းချင်တဲ့ စိတ်ကိုလဲ တားမရနိုင်ခဲ့ဘူး။

ဝုန်း။ အားလုံး ပါးစပ် အဟောင်းသား ဖြစ်နေ ချိန်မှာပဲ ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက် ရပြန်တယ်။

အပိုင်း (၁၀၂၉) ပြီး၏။

အပိုင်း (၁၀၃၀)

“တကယ့် နတ်ဘုရား အစစ် ဆင်းသက်လာခြင်း။”

..

ဖန်ကျန်းရှီ ဆေးသောက်ဖို့ ဆုံးဖြတ် နေချိန်မှာပဲ ရွှမ်ယွမ်ဝူနဲ့ နန်ကုန်းမုရဲ့ တိုက်ပွဲက ပြင်းထန်တဲ့ အခြေအနေကို ရောက်ရှိ သွားခဲ့ပြီ။

ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ရွှမ်ယွမ်ဝူ နောက်ကို ဆုတ်ခွာ လာခဲ့တယ်။

ကြီးမားတဲ့ သစ်ကိုင်းကြီး တစ်ခုကို သူကိုက်ထား ဆဲပဲ။ သစ်ပင်ကြီးမှာတော့ သွေးတွေက အများကြီး စီးကျ နေခဲ့ပြီ။ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေက ကြောက်လန့်မှုကြောင့် တုန်ယင် သွားခဲ့ကြတယ်။ ရွှမ်ယွမ်ဝူက အင်အားကြီးလွန်းတယ်။ နန်ကုန်းမုက နတ်သစ်ပင် အသွင် ပြောင်းထားတာတောင် ရှေးဟောင်း သားရဲကောင်နဲ့ ထိပ်တိုက် မတိုက်ခိုက် နိုင်ခဲ့ဘူး။

“အဆုံးသတ်ပြီလား။”

“မဖြစ်နိုင်ဘူး။”

“ငါတို့ ရှုံးလို့ မဖြစ်ဘူး။ အရှင် ချိုးချီက အဲ့ဒီ့ နဂါးကို သေချာပေါက် နိုင်မှာ။”

နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ နန်ကုန်းမုကို နောက်ဆုံး အထိ မျှော်လင့် ထားခဲ့တယ်။ သူ တစ်ယောက်တည်းကသာ ရွှမ်ယွမ်ဝူကို တိုက်ခိုက်နိုင်မှာပဲ။

“ကောင်လေး အရှုံးပေးလိုက်တော့။ မင်းက ငါ့ပြိုင်ဘက် ဖြစ်ဖို့ မတန်ဘူး။” ရွှမ်ယွမ်ဝူက နောက်ကို လွင့်ထွက် သွားပြီးနောက် သစ်ကိုင်းကြီးကို ထွေးထုတ်လိုက်တယ်။

“မလုပ်ဘူး။” နန်ကုန်းမု ပြန်ဟိန်းဟောက်တယ်။ အဲ့ဒီ့နောက် ရူးနေတဲ့ နတ်သစ်ပင်ကြီး ပုံစံကို ပြောင်းလဲ သွားပြန်တော့တယ်။ ပိုပြီး ကြီးမားလာသလို သစ်ကိုင်းတွေကလဲ နှစ်ဆ ကြီးမား လာခဲ့တယ်။ ကြောက်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။

ဒါပေမယ့် နတ်သစ်သီးတွေကတော့ ခပ်မြန်မြန် အရွယ်ကျုံ့သွားတယ်။

“နောက်ထပ် ရုန်းကန် ချင်နေတုန်းလား။” ရွှမ်ယွမ်ဝူကတော့ ဒေါသ ထွက်နေခဲ့ပြီ။ ရှေးဟောင်း သားရဲကောင် ဖြစ်တဲ့ သူက မာနလဲ ကြီးတယ်။ နန်ကုန်းမုကို ဖက်ပြိုင် တိုက်ခိုက် ပေးတာကတင် မျက်နှာသာ ပေးလွန်းရာ ရောက်နေပြီ။ ဆက်ပြီးတော့ တိုက်ခိုက်သင့်လား။

ဒီအချိန်မှာပဲ ကိစ္စ အလှည့်အပြောင်း တစ်ခု ဖြစ်လာတော့တယ်။ တောက်ပတဲ့ ရွှေရောင် အလင်းတန်းက အနီရောင် နတ်သစ်ပင်ထဲကနေ ထွက်ပေါ်လာတယ်။ နောက်ထပ် ရွှေရောင် အလင်းတန်းတွေလဲ ဆက်တိုက် ထွက်လာတယ်။

ပျက်စီးနေတဲ့ သစ်ကိုင်းတွေက လုံး၀ ပြန်လည် ကောင်းမွန် သွားပြီးနောက် သစ်ပင် ပင်စည်နဲ့ အကိုင်းအခက်တွေပါ ရွှေရောင် တောက်ပ လာောတ့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။” ရွှမ်ယွမ်ဝူ အစတုန်းက နန်ကုန်းမု သေတော့မယ်လို့တောင် ထင်ထား ခဲ့ပေမယ့်၊ ရုတ်တရက်ကြီး အသက်ပြန်ဝင် လာတယ်လား။ ဒါက လုံးဝကို နည်းလမ်း မကျဘူး။

နဂါးကြီး တစ်ခုခု လွဲနေပြီလို့ တွေးလိုက် ချိန်မှာပဲ ရွှေရောင် အလင်းတန်း လာတဲ့ နေရာကို သူလှမ်းကြည့် မိတယ်။

ဖန်ကျန်းရှီ ဆီကနေ ရောက်လာ နေတာပဲ။

“…“

နဂါးကြီးနဲ့ ဖန်ကျန်းရှီ နှစ်ယောက်လုံး ငြိမ်သက် နေကြတယ်။ သူတို့တွေ တစ်ခုခု လွဲနေတာကို သတိထား မိသွားခဲ့တယ်။

ဖန်ကျန်းရှီကို ဝူယွဲ့အာနဲ့ တခြားသူတွေ ဝန်းရံ ထားချိန်မှာ သစ်ကိုင်း တစ်ခုက သူ့အနားကို ရောက်လာပြီး နတ်သစ်သီးကို ယူသွားခဲ့တယ်။

နန်ကုန်းမုက အခွင့်အရေးကို အရယူပြီးတော့ လှုပ်ရှား ခဲ့တယ်။

“တစ်ခုခုတော့ မကောင်းတာ ဖြစ်တော့မယ်။” ဘာဖြစ်မလဲ မသိပေမယ့်၊ ဖန်ကျန်းရှီ စိတ်ထဲမှာတော့ မကောင်းတဲ့ အငွေ့အသက်တွေ ရနေခဲ့တယ်။

..

မြင့်မြတ် နယ်မြေ။ ကျမ်းကောင်းကင်တောင်။

သေးငယ်တဲ့ တောင်လေး တစ်ခုက ကျမ်းကောင်းကင်တောင် ရင်ပြင်ဆီကို ကျရောက်လာခဲ့တယ်။

ကြီးမားတဲ့ လှုပ်ရှားမှုက ချင်းယွိကိုတောင် မျက်လုံးပြူးသွား စေခဲ့ပါတယ်။

အနက်ရောင်တောင်ကြီးက ပွင့်ထွက် သွားပြီးနောက် ပင့်ကူမျှင်လို အက်ကွဲကြောင်းတွေလဲ အနက်ရောင် တောင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်း သွားပြီး ပေါက်ကွဲ ထွက်တော့မယ့် အသွင် ရှိနေခဲ့တယ်။

“ဒေါ်လေး သွားကြစို့။”

ချီကူယန်ရဲ့ အသံက ချင်းယွိ နားထဲကို ဝင်ရောက်လာတယ်။ နတ်သခင် နှစ်ယောက်ကို ရင်ဆိုင် ရချိန်မှာတောင် မကြောက်ခဲ့တဲ့ ချီကူယန်။ သူတို့တွေကို အလွယ်လေး သတ်နိုင်ခဲ့တဲ့ ချီကူယန်က အခုချိန်မှာ တောင်ကြီးထဲက အရာကို မသိပဲ နဲ့တောင် ထွက်ပြေးဖို့ လုပ်နေပြီတဲ့လား။

“မဖြစ်ဘူး။ မင်း တစ်ယောက်တည်းသွား။” ချင်းယွိ ဆုံးဖြတ်ချက် ချလိုက်တယ်။ ချီကူယန် ဘယ်လောက် အင်အားကြီးမှန်း သူသိတယ်။ ချီကူယန် တစ်ယောက်တည်းကသာ ဒီနေရာကို ကယ်တင် နိုင်လိမ့်မယ်။

“ဒေါ်လေး အရင်သွားနှင့်။ ပြီးရင် ကျွန်မ လိုက်လာမယ်။”

ဝုန်း။

ချီကူယန့် စကား မဆုံးခင် အချိန်မှာပဲ အနက်ရောင်တောင်ကြီးက ပေါက်ကွဲထွက် သွားတော့တယ်။ တောင်တစ်ခုလုံးကို အနက်ရောင် တိမ်တွေက လွှမ်းခြုံ သွားတယ်။ ချက်ခြင်း ဆိုသလို ကျမ်းကောင်းကင် တောင်တစ်ခုလုံးကို အနက်ရောင် တိမ်တွေက ဖုံးလွှမ်း သွားခဲ့ပြီ။

မိုးကြိုးတွေ ဆက်တိုက် ကျရောက် လာပြီးနောက် တိမ်တိုက်တွေက တဝုန်းဝုန်း မြည်ဟီးနေတော့တယ်။ ဒီမိုးကြိုးတွေက လုံးဝကို မည်းမှောင်နေတယ်။ တောက်ပမှု တစ်ခုလေးတောင် မရှိခဲ့ဘူး။ မြေပြင်ပေါ်ကို ကျရောက် လာချိန်မှာတော့ အဖြူရောင် ကျောက်သားတွေ အားလုံး လွင့်ထွက် ကုန်တယ်။

ဝေါင်း။ သားရဲကောင် အော်သံကြီး တစ်ခုကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ကြီးမားတဲ့ မှင်နက်ရောင် ဂျိုကြီး တစ်ချောင်း အရင်ဆုံး ထွက်ပေါ်လာတယ်။

ဒီတစ်ချောင်းတည်းသော ဂျိုက ထူးဆန်းတဲ့ ရေဝဲသဏ္ဍာန် ရှိနေပြီး ရှုပ်ထွေးတဲ့ သင်္ကေတတွေလဲ အပြည့် ပါနေခဲ့တယ်။

“အဲ့တာ ဘာကြီးလဲ။” ချင်းယွိ ပေါ်လာတဲ့ အရာကို စိုက်ကြည့်နေတယ်။ ဒီအရှိန်အဝါတွေက သူမကို ဒူးထောက်အောင် လုပ်နေခဲ့ပြီ။ မနီးမဝေးမှာ ဒူးထောက် နေခဲ့တဲ့ ဧကရီ ပိုင်ကျစ်လဲ ရပ်တန့် နေခဲ့တယ်။ လင်းယွမ်မျှော်စင် တပည့်သားတွေနဲ့ မိစ္ဆာ ဘုရင်တွေ အားလုံးလဲ ရပ်နေကြပြီ။

“အဲ့တာကြီးက။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ သူမ ချက်ခြင်း ဖြူဖျော့ သွားပြီး စိတ်ထဲမှာ လေးလံ သွားခဲ့တယ်။ သူမရဲ့ မျက်နှာ တစ်ခုလုံး အကြောက်တရားတွေ ထိတ်လန့်မှုတွေနဲ့သာ ပြည့်နေခဲ့ပြီ။

ရှေးဟောင်း သားရဲကောင် အမြီးကိုးချောင်း မြေခွေး။ သူမက ရှေးဟောင်း သားရဲကောင် ဖြစ်ပေမယ့်၊ တိမ်မည်းတွေကို မြင်ရုံနဲ့တင် လန့်နေခဲ့တယ်။

ဝုန်း။

မြေပြင်တွေ အက်ကွဲကုန်ပြီး အကြေးခွံတွေ ဖုံးအုပ်ထားတဲ့ လက်တစ်ဖက်က ထွက်ပေါ်လာတယ်။

“အဲ့တာ မိစ္ဆာပဲ။” လင်းယွမ် မျှော်စင် တပည့်သားတွေကတော့ ရေခဲရေနဲ့ ပက်ခံလိုက်ရတဲ့ အတိုင်း တုန်ယင်သွားတယ်။

ချီကူယန်နဲ့ ချင်းယွိ တံခါးကို ပိတ်နေချိန်မှာ မိစ္ဆာ တစ်ယောက်က ဆင်းသက်လာတယ်။ နောက်ထပ် နတ်သခင် တစ်ယောက်လား။ မဟုတ်ဘူး။

သူတို့ရှေ့မှာ ရှိနေတာက သာမာန် နတ်သခင် မဟုတ်ဘူး။ တခြား လူအသွင် နတ်သခင်တွေနဲ့ လုံးဝကို ကွာခြားနေတယ်။ သူက မူလ ရုပ်သွင်နဲ့ ရုတ်တရက်ကြီး ထွက်ပေါ်လာတာ ရှေးခေတ်က လိုပဲ။

လူသား အသွင် ပြောင်းနိုင်တဲ့ နတ်သခင် တစ်ယောက်က ဘုရင်အဆင့်လို့ သတ်မှတ်နိုင်တယ်။ သုခမိန်တွေနဲ့ ယှဉ်လို့ ရပြီး အင်အား ပိုကောင်းတယ်။ တစ်ချို့ မိစ္ဆာတွေကတော့ ကွာခြားတယ်။ သူတို့ရဲ့ မူလပုံစံ အတိုင်းသာ နေထိုင်တယ်။ သူတို့ကိုယ် သူတို့ ဂုဏ်ယူတယ်။ အသွင်ပြောင်းရတာကို စိတ်မဝင်စားသလို နိမ့်ကျတဲ့ လူသား အသွင်ကိုလဲ မယူဘူး။

နောက်ထပ် သားရဲကောင် အော်သံ ကြားလိုက်ရပြန်တယ်။ ထူထပ်တဲ့ တိမ်တွေ ပျောက်ကွယ် သွားချိန်မှာတော့ ကြီးမားတဲ့ အဖြူရောင်နဲ့ အနက်ရောင် အရိုးတွေ ရောစပ်ထားတဲ့ သတ္တဝါကြီး ပေါ်လာတော့တယ်။ အနက်ရောင် ကျောက်တုံးတွေနဲ့ ဖုံးကွယ်နေတဲ့ အရိုးတွေ။

“ဒါ ဒါကြီးက။” ချင်းယွိ မျက်လုံး အပြူးသား ဖြစ်သွား ခဲ့ရပြီ။ ကြီးလိုက်တာ။ ဂျိုတစ်ချောင်းတည်းကတောင် မိစ္ဆာဆန်တဲ့ အငွေ့အသက်တွေ ပြည့်နေတယ်။

“အဲ့တာ ဘာကြီးလဲ။”

“နဂါးကြီးလား။”

လင်းယွမ် မျှော်စင် တပည့်သားတွေ သေရမှာကို မကြောက်ကြပေမယ့် မိစ္ဆာကို မြင်ချိန်မှာတော့ နှလုံးသားထဲမှာ အကြောက်တရားက စတင် မွေးဖွား လာတော့တယ်။ ဒဏ္ဍာရီထဲက နဂါး။ ဒီမိစ္ဆာက နဂါး လက်သည်းတွေနဲ့ မြွေခန္ဒာကိုယ်ကို ပိုင်ဆိုင်တယ်။

သူ့မှာ ဂျိုနှစ်ခု မရှိပဲ တစ်ခုသာ ရှိတဲ့ အပြင် နဖူးမှာလဲ မိစ္ဆာမျက်လုံး တစ်လုံး ရှိနေသေးတယ်။

အဲ့တာ ဘာကြီးလဲ။

“ဖယောင်းနဂါး။” ချီကူယန်ရဲ့ အသံကို ကြားလိုက် ရပြီးနောက် သူမ လက်ထဲက ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့တယ်။

“သူ တကယ် မသေဘူးပေါ့။” ဧကရီ ပိုင်ကျစ် ဆက်တိုက် တုန်ယင် နေခဲ့တယ်။

သူမရဲ့ ပင်ကိုယ်သိစိတ်က အရမ်းကို ကောင်းမွန်လွန်းတယ်။ ဆိုးယုတ်တဲ့ အရှိန်အဝါတွေကြောင့် ဒီသတ္တဝါ ဘယ်လောက် ဆိုးသွမ်း ကြောက်စရာ ကောင်းမှန်း သူသိတယ်။ ဒါက မီးတောက်နဂါး (ဖယောင်းနဂါး)လို့ ကျော်ကြားတဲ့ သတ္တဝါပဲ။

ဒါ့အပြင် သူက နတ်ဘုရား တစ်ပါး (ကျုံးရှန်းတောင် အရှင်သခင်)လို့ လေးစားခံရတယ်။

“မင်းက အမြီး ရှစ်ချောင်းပဲ ရှိတဲ့ မြေခွေးဖြူလား။ ဘယ်သူက မင်းအမြီးကို ဖြတ်လိုက်တာလဲ။” နဂါးက မေးတယ်။

“အဲ့ အဲ့တာက၊”

“မင်းလို ရှေးဟောင်း သတ္တဝါက ဒီလို အခြေအနေမျိုးကို ကြုံရတာ ဘယ်လောက် ရှက်စရာ ကောင်းလိုက်သလဲ။” ဖယောင်းနဂါးက လှည့်ကြည့်တယ်။ “မင်းတို့ ထဲမှာ ဘယ်သူက။ ဒီ ဒီဓားက။”

“ဖယောင်းနဂါး။ ဒေါ်လေး အရင်သွား။ ကျွန်မ အချိန်ဆွဲထားမယ်။” ချီကူယန်က ဓားကို ချိန်ရွယ်ရင်း ပြောလိုက်တယ်။

“သွားချင်တယ်ပေါ့။ ဟာသပဲ။ လတ်လတ်ဆတ်ဆတ် အသားလေး မစားရတာ ကြာကြာလှပြီ။” ဖယောင်းနဂါးက ထူးထူးဆန်းဆန်း ရယ်မောလိုက်တယ်။ အဲ့ဒီ့နောက် ချီကူယန်နဲ့ ချင်းယွိကို အနက်ရောင် တိမ်တွေက လွှမ်းခြုံသွားတော့တယ်။

“ပြေးတော့။ မျှော်စင်သခင်။”

“ကျွန်မတို့ အချိန်ဆွဲထား ပေးမယ်။”

“ဟုတ်တယ်။ ညီအစ်မတို့ ကာကွယ်ကြ။”

“မျှော်စင်သခင်ကို ထွက်လို့ ရအောင် လုပ်ပေး။”

လင်းယွမ် မျှော်စင် တပည့်သားတွေက စတင် တိုက်ခိုက် ကြတော့တယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေလဲ ကောင်းကင်မှာ တောက်ပလာတယ်။

“မဖြစ်ဘူး။” ချင်းယွိ မျက်လုံးတွေ ရဲရဲနီ သွားပြီး တကိုယ်လုံး တုန်ယင် နေတော့တယ်။ သူမ သူတို့ကို တားချင်ပေမယ့် နောက်ကျ သွားခဲ့ပြီ။ အနက်ရောင် တိမ်တွေက လင်းယွမ် မျှော်စင် တပည့်သားတွေကို ဖုံးအုပ်လိုက်ပြီ။

“အား။” သနားစရာ အော်သံတွေ ကြားရပြီးနောက် ဒါဇင်ချီတဲ့ တပည့်သားတွေရဲ့ အလောင်းက မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။

သူတို့တွေ တစ်ခုခု ကိုက်တာကို ခံလိုက်ရတဲ့ အတိုင်း ခန္ဒာကိုယ်တွေက ပျက်စီးနေကြတယ်။

ကောင်းကင်ကြီးကတော့ သွေးနီရောင် တောက်နေခဲ့ပြီ။ ချင်းယွိက လုံး၀ ဖြူဖျော့သွားတယ်။ လင်းယွမ် မျှော်စင်မှာ တပည့်သား ၂၀၀ပဲ ရှိတယ်။ တစ်ယောက်ချင်းစီတိုင်းက ညီအစ်မတွေလို ရင်းနှီးကြတယ်။

မျက်တောင် တစ်ခတ် အတွင်းမှာ သူတို့ထဲက အများကြီး သေသွားခဲ့ပြီ။ ဘယ်လိုလုပ် ချင်းယွိ မနာကျင်ပဲ နေမှာလဲ။

ခံစားချက်တွေက ပြင်းထန်လွန်းလို့ သူမရဲ့ သွေးတွေ ကပြောင်းကပြန် ဖြစ်ကုန်တယ်။ ဒီလို တိုက်ပွဲ အလှည့်အပြောင်းကို မမျှော်လင့်ထားမိဘူး။ အရာအားလုံးက ဒီနဂါး ရောက်မလာခင် အချိန်ထိ ကောင်းမွန်ခဲ့တယ်။

တကယ့်ကို ရှေးခေတ်ရဲ့ မိစ္ဆာပဲ။ ဒီမိစ္ဆာက မသေပဲ ကျမ်းကောင်းကင်တောင်ကို ဘယ်လို ရောက်လာတာလဲ။

ချင်းယွိ ဒေါသ အပြည့်နဲ့ တပည့်သားတွေကို ကယ်တင် ချင်ပေမယ့် ကိုယ့်ကိုယ်ကိုတောင် မကယ်နိုင် ခဲ့ဘူး။

“ပထမဆုံး ဆင်းသက်လာတဲ့ နတ်ဘုရားက ဖယောင်းနဂါး ဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး။” ဧကရီ ပိုင်ကျစ်လဲ ဒီနဂါး အကြောင်းကို ကောင်းကောင်း သိတယ်။ ဖြစ်နိုင်ရင် ဒီကောင့်ကို သူလဲ ဆင်းမလာ စေချင်ဘူး။

“စုစည်းကြ။” ချင်းယွိကို မြူခိုးတွေ ဖုံးအုပ် သွားချိန်မှာပဲ ချီကူယန့် အသံကို ကြားလိုက် ရတယ်။ အနက်ရောင် တိမ်တွေထဲကို ချီကူယန် ဥက္ကာပျံ တစ်ခုလို ပြေးဝင်သွားတယ်။

ဝူး။ ပန်းနုရောင် ဝတ်ရုံနဲ့ ခရမ်းရောင် အလင်းတန်း နှစ်ခုလုံးက အနက်ရောင် တိမ်တွေကို အသံစုံ ထွက်လာစေတယ်။

မောက်မာလှတဲ့ ချီကူယန်က ဖယောင်းနဂါး အကြောင်း သိနေတာတောင် အထဲကို ပြေးဝင်ခဲ့တယ်။

အထဲကို သူမ ဝင်သွား ချိန်မှာပဲ ဖန်သားတွေ အက်ကွဲတဲ့ အသံကို ကြားလိုက် ရတော့တယ်။

“ကောင်မစုတ်လေး။ ပိုကောင်းတဲ့ နည်းလမ်းကို မင်းသုံးနိုင်တာလား။” ဖယောင်းနဂါးက တစ်ခဏတာ လန့်သွားပေမယ့် ချက်ခြင်း လှုပ်ရှားတယ်။ ချီကူယန်ရဲ့ ဓားကို အနက်ရောင် အကြေးခွံတွေ ဖုံးအုပ်ထားတဲ့ လက်နဲ့ သူရိုက်ချပြစ်တယ်။

အပိုင်း (၁၀၃၀) ပြီး၏။

All Chapters