အပိုင်း (၁၀၃၁-၁၀၄၀)
Vol. 11 Ch. 1031-1040
အပိုင်း (၁၀၃၁)
“ခွေးမသား။”
…
ဖယောင်းနဂါးက တစ်ခဏအတွင်း ချီကူယန်ဆီ ရောက်လာခဲ့တယ်။ နဂါးက ခြေရာမဲ့ဓားကို ဝင်တိုက်တယ်။ ချီကူယန်က ချက်ခြင်း နောက်ကို လွင့်ထွက် သွားပြီးနောက် ဖြူဖျော့ သွားတော့တယ်။
“သူဘာဖြစ်လို့ မရှောင်တာလဲ။” ချင်းယွိ ဒါကို မြင်ချိန်မှာ အရမ်းကို လန့်သွားခဲ့တယ်။
ချီကူယန်ကို သူမ သိထား သလောက် အရဆိုရင် ချီကူယန်က သေချာပေါက် သတိလက်လွတ် လုပ်မယ့်သူ မဟုတ်ဘူး။ သူမ သေချာပေါက် ခုန်ရှောင် နိုင်မှာပဲ။ အဲ့တာကို ထိပ်တိုက် သွားတွေ့တယ်။
ဖူး။ ချီကူယန် သွေးတွေကို အန်ထုတ်ပြီးနောက် သတိလစ်တော့မယ့် အတိုင်း အောက်ကို ပြုတ်ကျလာတယ်။
“ဟန့်။ မင်းက တစ်ချက်ရိုက်ရုံနဲ့ အသက်ပျောက်သွားမှာများ။” ဖယောင်းနဂါး ပြောတယ်။
ချင်းယွိကတော့ အံကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ လင်းယွမ် မျှော်စင်ရဲ့ အရှင်သခင် အနေနဲ့ သူ့တပည့်သားတွေ သေတာကို ရပ်ကြည့် မနေနိုင်ဘူး။
တပည့်သားတွေက သူမ အတွက် အသက်ကို စတေးနေကြတယ်။ ဒါ့အပြင် ချီကူယန်က သူမ အရင် ထွက်သွားနိုင်ဖို့ ကိုယ့်ကိုယ်ကို ထိခိုက် ခံနေသေးတယ်။
လုံး၀ မသွားနိုင်ဘူး။ သေမယ့်သေ အရင်ဆုံး သေမယ့်သူက သူပဲ ဖြစ်ရမယ်။
“ချီကူယန်။ မင်းက ငါ့ကို ဒေါ်လေးလို့ ခေါ်မှတော့ ဒီဒေါ်လေးက မင်းကို ချန်ထားခဲ့မှာ မဟုတ်ဘူး။” ချင်းယွိ စတင် လှုပ်ရှားချိန်မှာပဲ ငွေရောင် လမင်းတွေက သူမ ခေါင်းပေါ်မှာ ထွက်ပေါ် လာတော့တယ်။ ငွေရောင် ဓားနှစ်လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း လမင်း ရှစ်စင်းက တောက်ပနေတယ်။
“မင်းက ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ပဲ။” ဖယောင်း နဂါးက ချင်းယွိကို တစ်ချက်လေးတောင် စိတ်ထဲ မထားခဲ့ဘူး။ တိုက်ခိုက်ဖို့တောင် သူမလုပ်ဘူး။ သူ့ရဲ့ ပြိုင်ဘက်တွေကိုသာ သူတိုက်ခိုက်တယ်။ ဒါက မွေးရာပါ မောက်မာတဲ့ စရိုက်ပဲ။
သူ့လက်သည်း မြှောက်အောင် ထိုက်တန်တဲ့ ပြိုင်ဘက်ကိုသာ သူတိုက်ခိုက်တယ်။ ဒီအချိန်မှာပဲ အခြေအနေ အလှည့်အပြောင်း ဖြစ်လာတော့တယ်။
မြေပြင်ပေါ်မှာ သတိလစ်နေတဲ့ ချီကူယန်က ရုတ်တရက် မျက်လုံး ဖွင့်လာပြီး ချက်ခြင်း ဆိုသလို ခုန်ပျံရင်း ကျောက်တုံးတွေကို ဝင်တိုက်ပြစ်တယ်။ အဲ့ဒီ့နောက် ချင်းယွိ ကိုယ့်ကိုယ်ကို မစတေးခင် သူမ အရင်ဆုံး ရောက်လာပြီး ချင်းယွိကို ဆွဲခေါ် သွားတော့တယ်။
“သွားကြစို့။”
ချင်းယွိ မျက်နှာ ပျက်သွားခဲ့တယ်။ ချီကူယန်က စကား နှစ်ခွန်းသာ ပြောပေမယ့် သူမ နားလည် သွားခဲ့ပြီ။ ချီကူယန်က အားလုံးကို တမင်ကြံစည် ထားတာပဲ။
သူမ ကိုယ့်ကိုယ်ကို ဒဏ်ရာ အရခံပြီး နဂါးကို လှည့်စားရင်း ချင်းယွိနဲ့ ထွက်ပြေးဖို့ ကြံရွယ်တယ်။
“ကောင်းလိုက်တဲ့ နည်းလမ်း။” ချင်းယွိ ပြောမိတယ်။
ချီကူယန်ရဲ့ ထိခိုက်ခံတဲ့ အကွက်က အတော်လေး အန္တရာယ်များလွန်းတယ်။
နဂါးကသာ ချီကူယန် သတိလစ် သွားတာကို မယုံခဲ့ရင် သူမ သေချာပေါက် အန္တရာယ်ကြီးကို ကြုံရလိမ့်မယ်။ နောက်ဆုံးတော့လဲ သူမရဲ့ ဒဏ်ရာတွေနဲ့ နဂါး လက်ထဲမှာ သေသွား နိုင်တယ်လေ။
ဖယောင်းနဂါးက အရမ်းကို မောက်မာတယ်။ သူမက ဒါကို အသုံးချပြီး နှစ်ခေါက် မတိုက်ခိုက်အောင် လုပ်ခဲ့တယ်။ ကြောက်စရာ ကောင်းလိုက်တဲ့ စိတ်ဓာတ်။
ဒါ့အပြင် ဖယောင်းနဂါးလို အင်အားကြီး မိစ္ဆာနဲ့ ရင်ဆိုင် နေရတာတောင် တည်ငြိမ်လွန်းနေတယ်။ သူမသာ ဒီလို အခြေအနေမှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ရင် သေဆုံးရမှာကို ချီကူယန် သိနားလည်တယ်။
တည်ငြိမ်တယ်။ သူမက အရမ်းကို တည်ငြိမ်တယ်။
ချီကူယန်တောင် တည်ငြိမ်နိုင်ရင် ငါက ဘာဖြစ်လို့ မတည်ငြိမ် နိုင်ရမှာလဲ။
ချင်းယွိ ချက်ခြင်း နားလည်သွားပြီးနောက် သူမစိတ်ထဲ အသိဝင် လာတော့တယ်။
“ဆုတ်ခွာမယ်။” ချင်းယွိ ချက်ခြင်း ဆုံးဖြတ်ချက် ချလိုက်ပြီ။
လင်းယွမ် မျှော်စင် တပည့်သားတွေ မျက်လုံး ပြူးသွား ကြပေမယ့်၊ ချီကူယန်က ချင်းယွိကို ကယ်တင်သွားတာ မြင်လိုက်တဲ့ အတွက် သူတို့တွေ ရပ်တန့် ကြတယ်။ ချက်ခြင်း ဆိုသလို ဆုတ်ခွာတော့တယ်။
“ထွက်ပြေး ချင်တယ်ပေါ့။ သူတို့ကို တားလိုက်။” ဧကရီ ပိုင်ကျစ်က ဖယောင်းနဂါးကို မကြိုက်ပေမယ့်၊ သူက ရှေးဟောင်း မိစ္ဆာပဲလေ။ ဒါ့အပြင် အရမ်းကို အင်အားကြီးတယ်။
သူသာ ပေါ်မလာခဲ့ရင် ချီကူယန်နဲ့ ချင်းယွိကြောင့် သူတို့ရဲ့ မဟာ အစီအစဉ်ကြီး ထိခိုက် နိုင်တယ်။
ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။
“တိုက်ခိုက်ကြ။”
“မလွတ်စေနဲ့။”
“အားလုံးကို သတ်ပြစ်။”
ဧကရီ ပိုင်ကျစ်ရဲ့ အမိန့်ကို ကြားချိန်မှာ မိစ္ဆာ တပ်ဖွဲ့တွေက ချက်ခြင်း ပြေးဝင် လာတော့တယ်။ ဒါပေမယ့် တစ်ယောက်သော သူကတော့ သူတို့ထက် ပိုမြန်တယ်။
ဖယောင်းနဂါးက သူ့ရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးကို သုံးရင်း ချီကူယန်နဲ့ ချင်းယွိကို ပိတ်ဆို့ထားတယ်။ သူ့ခန္ဒာကိုယ်ကြီးက ကောင်းကင်ကိုတောင် ဖုံးလွှမ်း သွားခဲ့ပြီ။
“ဝေါင်း။” ဒေါသတကြီး ဟိန်းဟောက်သံက တောင်တွေကိုတောင် တုန်ခါ စေတယ်။ နဂါးကြီးက အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ သူက အရမ်းကို မောက်မာပြီး ဒေါသကြီးတဲ့သူ။ သူက ရှေးဟောင်း သားရဲကောင်။ နတ်ဘုရား အစစ်။ ထူးခြားပြီး တန်ဖိုးကြီးတဲ့ သတ္တဝါ ဖြစ်တဲ့ အပြင် ကြမ်းတမ်း ရက်စက်တယ်။ ငရဲ၊ သေခြင်းတရားနဲ့ သွေးချောင်းစီး သတ်ဖြတ်မှုတွေကို သူက ကိုယ်စားပြုတယ်။
သူ့လက်သည်းတွေကို လှုှပ်ရှား လိုက်ချိန်မှာတော့ ကြီးမားတဲ့ ကျောက်တုံးကြီးတွေက ကောင်းကင်ပေါ်ကို တက်လာတော့တယ်။
သူ့လို အဆင့်မြင့် နတ်ဘုရားကို လူသားတွေ လှည့်စားတာ ဘယ်လို သည်းခံ နိုင်မှာလဲ။
“မင်းက ငါ နတ်ဘုရားကို ကစား ဝံ့တယ်ပေါ့။ ကောင်မစုတ်လေး ငါမင်းကို ဆွဲဖြဲပြီး ကိုက်စားပြစ်မယ်။” ဖယောင်းနဂါးက ပါးစပ် ဖွင့်ရင်း ပြောလိုက်ချိန်မှာ သူ့အစွယ်တွေက အပြာရောင် တောက်ပ လာတော့တယ်။
“ကိုယ့်ကိုယ်ကိုများ နတ်ဘုရားလို့ ခေါ်နေသေးတယ်။ နင်က သွေးချောင်းစီးအောင် သတ်ဖြတ်ရတာကို ကြိုက်တဲ့ ခွေးမသား မဟုတ်လား။” ချီကူယန်က မျက်မှောင်ကြုတ်ရင်း ပြန်ပြောတယ်။
ဖယောင်းနဂါးက အင်အားကြီးတဲ့ အပြင် အရှိန်နှုန်းကလဲ သူမတူအောင် မြန်ဆန်တယ်။ ဒါကြောင့် သူ့အားနည်းချက်ကို ရှာတွေ့ ရင်တောင် လွတ်မြောက်ဖို့က ခက်လွန်းတယ်။
“မင်းက ငါ့ကို ခွေးမသားလို့ ခေါ်လိုက်တာလား။” ဖယောင်းနဂါးက ဟိန်းဟောက်လိုက်ချိန်မှာ သူ့နဖူးက မျက်လုံး ချက်ခြင်း ပွင့်လာတော့တယ်။ အဲ့ဒီ့ နေရာမှာ အနက်ရောင် ရေဝဲလို အပေါက်တစ်ခု ရှိနေခဲ့တယ်။
အဆုံးမဲ့တဲ့ ငရဲချောက်နက်လို နက်မှောင်နေတယ်။
လောကကြီးရဲ့ အလင်းရောင်တွေ အားလုံးကို ဒီအပေါက်က ဝါးမျို လိုက်သလို တစ်လောကလုံး မှောင်အတိ ကျသွားတော့တယ်။ ဒဏ္ဍာရီလာ တောင်စောင့် နဂါးက နေ့နဲ့ ညကို ပြောင်းလဲ နိုင်တယ်။
“ချီကူယန် မြန်မြန် သွား။ ဒီမိစ္ဆာကို ငါရင်ဆိုင်ထားမယ်။ တောင်းဆိုနေတာပါ။” ချင်းယွိက ချက်ခြင်း ချီကူယန် လက်ကို လွှတ်ရင်း ပြောတယ်။ ဒီနဂါးက နတ်သခင် အဆင့် ပညာရှင် မဟုတ်ပဲ တကယ့် နတ်ဘုရား အစစ်ဆိုတာ သူနားလည် လိုက်ပြီးပြီ။
“ဒေါ်လေး ကျွန်မကို ယုံလား။” ချီကူယန်က ရှေ့ကို တစ်လှမ်းတိုးရင်း မေးတယ်။
“ဘာဖြစ်တယ်။” ချင်းယွိ နားမလည် နိုင်ခဲ့ဘူး။
“ကျွန်မကို ယုံတယ်ဆိုရင် အခုပဲ ထွက်သွားပါ။ အကယ်၍ ကျွန်မ နေခဲ့ရင်၊ လင်းယွမ် မျှော်စင်နဲ့ ဒေါ်လေး အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဒေါ်လေး နေခဲ့ရင်တော့ အကုန်လုံး သေရလိမ့်မယ်။” ချီကူယန် တည်တည်ငြိမ်ငြိမ် ပြောတယ်။
“ငါသာ နေခဲ့ရင် အားလုံး သေရမယ်။” ချင်းယွိရဲ့ အမူအယာက ပြောင်းလဲ သွားရင်း ချီကူယန့် စကားကို ပြန်ပြောကြည့် မိတယ်။ အမှန်ပဲ။ သူ ငြင်းချင်ရင်တောင် ဒါက အမှန်တရား ဖြစ်နေတယ်။ သူမရဲ့ စွမ်းအား အဆင့်အတန်းက နဂါးကို အချိန်ဆွဲ နိုင်မှာ မဟုတ်ဘူး။ လင်းယွမ် မျှော်စင် တပည့်သား တွေကိုပါ ဆွဲခေါ်ရာ ရောက်လိမ့်မယ်။
ချီကူယန် တစ်ယောက်တည်းသာ ဒီမိစ္ဆာကို တိုက်ခိုက်နိုင်တယ်။ ဒါမှ လင်းယွမ် မျှော်စင် တပည့်သားတွေလဲ ပြေးလို့ ရလိမ့်မယ်။
“ဒေါ်လေး ကျေးဇူးပြုပြီးတော့ သွားပါ။” ချီကူယန် ပြောတယ်။
“ငါ သိပြီ။” ချင်းယွိ နှုတ်ခမ်းတွေ ပေါက်ပြီး သွေးထွက် လာတဲ့ အထိ ဖိကိုက်ထားတယ်။ ချီကူယန်ရဲ့ တန်ဖိုးက လူသားတွေ အတွက် အများကြီး မြင့်မားမှန်း သူမ သိတယ်။ ဖြစ်နိုင်မယ် ဆိုရင် သူမ ကိုယ့်ကိုယ်ကို တကယ် စတေးလိုက် ချင်တယ်။ ဒါပေမယ့် ချီကူယန်ကို ကာကွယ်နိုင်စွမ်း သူ့မှာ မရှိခဲ့ဘူး။ ရွေးစရာလဲ မရှိဘူး။
“မင်းတို့ ဘယ်သူမှ သွားလို့ မရဘူး။” နဂါးက ဝင်ပြောတယ်။ အနက်ရောင် တိမ်တိုက်တွေကတော့ အရင်ကထက် ပိုပြီး အားကောင်းလာခဲ့ ပြန်ပြီ။
ချင်းယွိလဲ မကြာခင်မှာ ရှာတွေ့ သွားခဲ့တယ်။
ဒီနဂါးရဲ့ အနက်ရောင် မျက်ဝန်းက အခုချိန်မှာ ငွေရောင် လမင်း အသွင် ပြောင်းနေတယ်။
သူက နေနဲ့ လကို ပြောင်းနိုင်တာလား။
မဟုတ်ဘူး။ သူက မျိုချ လိုက်တာပဲ။ လမင်း အလင်းတန်းကို အသုံးချပြီး နားလည်အောင် ချင်းယွိ လုပ်နိုင်တယ်။ သူမရဲ့ လမင်း ရှစ်စင်းက ဖယောင်းနဂါးရဲ့ လခြမ်းကွေးနဲ့ မတူညီဘူး။
“ကူယန် သေချာပေါက် အသက်ရှင် နေရမယ်။” ချင်းယွိ ချက်ခြင်း လှည့်ပြေးတော့တယ်။
ဒီတိမ်တိုက်တွေသာ တောင်တစ်ခုလုံးကို ဖုံးသွားခဲ့ရင် သူမ လွတ်နိုင်မှာ မဟုတ်မှန်း ချင်းယွိ သိနေတယ်။
“ခွေးမသား။ နင့်ပြိုင်ဘက်က ငါပဲ။” ချီကူယန်က နဂါးကို လှမ်းအော်တယ်။
ငါးရောင်ခြယ် အလင်းတန်းတွေ ကောင်းကင်မှာ တောက်ပလာပြီး သူမ တကိုယ်လုံးကို ဖုံးလွှမ်း သွားတော့တယ်။ ငါးရောင်ခြယ် အလင်းတန်းတွေ အပြည့်နဲ့ အမြီးက မြေပြင်ကို တစ်ချက် ရိုက်ခတ်ပြီးနောက် ကောင်းကင်ပေါ်ကို သူမ ထိုးတက် သွားတော့တယ်။
ချီကူယန်ရဲ့ အနက်ရောင် မြွေအမြီးကြီးက ခါးအောက်ပိုင်းကနေ စတင်ပြီး ဖြစ်တည်နေတယ်။ အမှောင်ထဲမှာတောင် သူမက တစ်ချက်လေးမှ မရပ်တန့် ခဲ့ဘူး။ သူမရဲ့ အရောင်အဝါကြောင့် ပတ်ပတ်လည်ကလဲ တောက်ပ နေခဲ့တယ်။
“အမ်။” ဖယောင်းနဂါးလဲ ချီကူယန်ရဲ့ ပြောင်းလဲ သွားတဲ့ အရှိန်အဝါကို ခံစားမိတယ်။ ဒါက သူရင်းနှီးနေတဲ့ တစ်ခုခုလိုပဲ။
ဒီရင်းနှီးမှုက သူ့ကို တိုက်ခိုက်တာ မရပ်စေခဲ့ဘူး။ ဒေါသ အရမ်း ထွက်နေတဲ့ အတွက် လက်သည်းတွေကို သုံးရင်း ကုတ်ဆွဲ ပြန်တယ်။ ချီကူယန်ရဲ့ ရှေ့တည့်တည့်မှာ သူပေါ်လာတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ချီကူယန်ကို လက်သည်းတွေက မထိခဲ့ဘူး။ သူမရဲ့ ပုခုံးကို ကပ်သီးလေး လွဲသွားပြီး သူမ နောက်ဘက်က လေထုကို အက်ကွဲ သွားစေတယ်။
ချီကူယန်ရဲ့ ဓားကတော့ ခရမ်းရောင် အလင်းတန်းတွေနဲ့ အတူ တောက်ပလာပြီး နဂါးရဲ့ ခေါင်းပေါ်ကို ကျလာတယ်။ သေးငယ်တဲ့ ခရမ်းရောင် ဓားလေးတွေ စုပေါင်းပြီး ကြီးမားတဲ့ ဓားကြီး အသွင်ကို ပြောင်းထားတဲ့ ဓားတစ်လက်ပဲ။
နဂါးခေါင်းပေါ်က လခြမ်းကွေးလဲ ချက်ခြင်း အလင်းတန်းတွေ တောက်ပလာတယ်။ အနက်ရောင် တိမ်တိုက်တွေက နေရာ ရွေ့သွားပြီး တောက်ပတဲ့ လမင်း ပုံရိပ်ယောင်က မှောင်မိုက်တဲ့ ကောင်းကင်ပေါ်မှာ စတင် ဖြစ်တည်လာတယ်။
ကြီးမားတဲ့ ဓားကြီး ကျရောက် လာချိန်မှာတော့ တိမ်တိုက်တွေကို အရင်ဆုံး ပြင်းပြင်းထန်ထန် ထိမိတယ်။
အဲ့ဒီ့နောက် လရောင် တိမ်တိုက်တွေကို ဖြတ်ထွက်လာပြီး ဓားနဲ့ ထိမိတယ်။
ဝုန်း။ မိုးခြိမ်းသံလို အသံကျယ်ကြီး ထွက်ပေါ်လာပြီးနောက် မှောင်မိုက်နေတဲ့ တိမ်တိုက်ထဲမှာ ခရမ်းရောင် ဓားအလင်းတန်းနဲ့ လူတစ်ယောက်ေ ပါ်လာတော့တယ်။ သွေးတွေကို သူအန်ထုတ် လိုက်ပြီးနောက် တစ်ခဏတာ အတွင်းမှာ ပြန်ပျောက်ကွယ် သွားခဲ့ပြန်တယ်။
မကြာခင်ပဲ ကောင်းကင်မှာ ပြန်ပေါ် လာပြီးနောက် ငွေရောင် မြစ်တစ်စင်း အသွင်ကို သူပြောင်းလဲတယ်။ ဒီမြစ်ထဲမှာ မရေမတွက်နိုင်တဲ့ ကြယ်စုတွေက စတင် ဖြစ်ပေါ် လာခဲ့ပြီ။ ဒီကြယ်တွေက အစောပိုင်း ဓားအလင်းတန်းနဲ့ မတူညီပဲ တောက်ပနေတဲ့ အပြင် အရမ်းကိုလဲ နှေးကွေးတယ်။
“အသွင်ပြောင်း လိုက်တာလား။ မင်းဘယ်လို လုပ်နိုင်လဲ ကြည့်ရ သေးတာပေါ့။” ဖယောင်းနဂါးက လက်သည်းတွေကို သုံးရင်း ကောင်းကင်ပေါ်ကို ခုန်ပြီး မြစ်ကြီးဆီ ဦးတည်တယ်။
ချင်းယွိနဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေကို သူဂရုစိုက် မနေတော့ဘူး။ ချီကူယန်ရဲ့ စွမ်းအားကသာ သူ့စိတ်ဝင်စားမှုကို ရယူနိုင်တယ်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။ ချီကူယန်ကတော့ နဂါးကို ပြန်မဖြေခဲ့ဘူး။
ငွေရောင် မြစ်ကတော့ ဆက်တိုက် အသွင် ပြောင်းနေဆဲပဲ။
တိမ်တိုက်ထဲမှာ ရေစီးကြောင်း တစ်ခုလို စီးဆင်းရင်း နဂါးရဲ့ ခန္ဒာကိုယ်ဆီကို ရောက်လာတယ်။
ဖြည်းဖြည်းချင်း ဆိုသလို များပြားလှတဲ့ ကြယ်အလင်းတန်းတွေက အနက်ရောင် တိမ်တွေကို ဖုံးအုပ် သွားတော့တယ်။
အပိုင်း (၁၀၃၁) ပြီး၏။
အပိုင်း (၁၀၃၂)
“အခွင့်အရေး။”
…
ကျမ်းကောင်းကင်တောင်ပေါ်မှာ မိစ္ဆာ တပ်ဖွဲ့နဲ့ လင်းယွမ် မျှော်စင်တ ပည့်သား တွေကတော့ ကောင်းကင်ပေါ်က ထူးဆန်းတဲ့ ဖြစ်ရပ်ကို ကြည့်ရင်း အသက်တောင် မရှူဝံ့ ကြဘူး။
အင်အားကြီးလိုက် ကြတာ။
ဧကရီ ပိုင်ကျစ်တောင်မှ တိမ်တွေကို ဖုံးအုပ်သွားတဲ့ ကြယ်စုတန်းကြီးကို ကြည့်ရင်း မှင်သက် နေမိတယ်။ ချီကူယန်နဲ့ ဖယောင်းနဂါးရဲ့ တိုက်ပွဲက သူတို့ ဝင်ပါရမယ့် အဆင့် မဟုတ်ခဲ့ဘူး။
ချီကူယန်က ကောင်းချီးတွေ အပြည့်နဲ့ မွေးဖွား လာတဲ့သူ။ နိုးလာပြီးတဲ့နောက် ဒီလောက်ထိ အင်အားကြီးလာ နိုင်တယ်လား။ ရှေးဟောင်း နတ်ဘုရားကိုတောင် တိုက်ခိုက်နိုင်နေတယ်။
“ကြယ်အလင်းတန်းတွေ။ မင်းက နေနဲ့ လကို ဘယ်လိုများ ယှဉ်ပြိုင် ဝံ့တာလဲ။” ဖယောင်းနဂါးရဲ့ ဟိန်းဟောက်သံက အားလုံးကို လန့်သွားစေတယ်။ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက သူ့ရဲ့ တတိယ မျက်ဝန်းကနေ အပ်တွေလို ထိုးထွက်လာခဲ့ပြီး လေထဲကို ပြေးထွက်သွားတယ်။
ငွေရောင် အလင်းတန်းတွေနဲ့ ကြယ်စင်တန်း တိုက်ခိုက်ချိန်မှာ မိုးခြိမ်းသံလို အသံတွေ ထွက်ပေါ်လာတယ်။
“ကူယန် တောင့်ခံရမယ်။” ချင်းယွိက ငွေရောင်မြစ်ကြီးကို ကြည့်ရင်း အရမ်း စိတ်ပူ နေခဲ့တယ်။
သူမ ပြန်သွား ချင်ပေမယ့်၊ ဒီလို လုပ်တာက ဘာကိုမှ မပြောင်းလဲ နိုင်မှန်း သိနေခဲ့တယ်။ ချီကူယန်ကို အာရုံလွင့်စေရုံသာ ရှိလိမ့်မယ်။
ဖယောင်းနဂါးက အရမ်း အင်အားကြီးတယ်။ အကယ်၍ သူသာ ချီကူယန့် နေရာကို ရောက်နေခဲ့ရင် ချက်ခြင်း သေမှာပဲ။ ဝုန်း။
ပေါက်ကွဲသံတွေကြားမှာ လူတစ်ယောက်က လွင့်ထွက်လာတယ်။ ပန်းနုရောင် ဝတ်ရုံက တောက်ပလွန်း နေပြီး အနက်ရောင် ကောင်းကင်မှာတောင် သူမက ပန်းချီကား တစ်ချပ်လို လှပလွန်း နေတယ်။
နဂါးလဲ အံ့သြ သွားမိတယ်။ ချီကူယန်ရဲ့ ဆက်တိုက် တိုက်ခိုက်မှုကြောင့် သူမရဲ့ ဦးတည်ချက်က တတိယ မျက်လုံး နေရာ ဖြစ်တယ်လို့ သူအကဲခတ် မိခဲ့တယ်။ ဒါက သူ့အတွက် သေကွင်း သေကွက်ပဲ။
ဒါကို သိနေပင်မယ့် အင်အား အကြီးဆုံး နေရာလဲ ဖြစ်နေတာကြောင့် သူသိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ သူ့ရဲ့ သေကွင်း သေကွက်ကို အချိန်တို အတွင်းမှာ ရှာပြီး အမြန်ဆုံး တိုက်ခိုက်နိုင်တဲ့ ချီကူယန်ကိုတော့ အထင်ကြီးမိတယ်။
(အရမ်းတော်တယ်။ ငါ့ကို လာတိုက်ခိုက်။)
ဒီအတွေးက သူ့စိတ်ထဲမှာ ရှိနေပင်မယ့် သူသတိ ကြီးကြီး ထားနေခဲ့တယ်။ ဒါပေမယ့် ချီကူယန်က သူ့နောက်မှာ ပေါ်လာခဲ့တယ်။ ဒါ့အပြင် ခြေရာမဲ့ဓားကို ကိုင်ထားရင်း နောက်ကနေ တိုက်ခိုက်ဖို့ လုပ်နေတယ်။ ဓားက နဂါး အကြေးခွံတွေကို ဖောက်ထွက်သွားပြီး အရိုးနှစ်ခု ကြားမှာ သွားစိုက်တယ်။
သွေးတွေ စီးကျ လာပြီးနောက် နဂါးလဲ နာကျင်မှု အပြည့်နဲ့ အော်ဟစ်ရင်း ကောင်းကင်ပေါ်ကို ထိုးတက် သွားပြန်တယ်။
“နဂါး ဒဏ်ရာရ သွားတာလား။”
“ဖယောင်း နဂါးကို ဒဏ်ရာရအောင် သူလုပ်နိုင်တယ်ပေါ့။”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
မိစ္ဆာ တပ်ဖွဲ့ မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့တယ်။ သူတို့တွေ မထင်မှတ်ထားတဲ့ ကိစ္စက ဖြစ်လာခဲ့ပြီ။
“ချီကူယန်က နောက်ကနေ ဓားနဲ့ ထိုးလိုက်တာပဲ။” ဧကရီ ပိုင်ကျစ်က အဖြစ်အပျက်ကို သေချာ တွက်ချက်နိုင်တယ်။ နောက်ကနေ တိုက်ခိုက်တာက နည်းနည်းတော့ နာပင်မယ့် ဘာမှ မဟုတ်ဘူး။
ချီကူယန် ဘာတွေ တွေးနေတာလဲ။ ဒီလောက် အကြာကြီး တိုက်ခိုက်လာတာ နောက်ကျောကို ဓားနဲ့ ထိုးဖို့လား။ ဒါ့အပြင် ချီကူယန်ရဲ့ ဓားက ဘယ်လောက်စွမ်းမှန်း သိတဲ့ နဂါးလဲ သေချာကို သတိထားနေခဲ့တာလေ။
အလောတကြီး လှုပ်ရှားပြီး ရန်သူ့ကို သတိပေးမိ သွားတာလား။ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီသာ ဒါမျိုး လုပ်ရင်တော့ ဧကရီ ပိုင်ကျစ် အံ့သြမှာ မဟုတ်ဘူးလေ။
ဧကရီ ပိုင်ကျစ် တွေးနေ ချိန်မှာပဲ နဂါး အနောက်က ချီကူယန် ထပ်ပြီး လှုပ်ရှားတယ်။ သူမဓားကို ဆွဲထုတ်ပြီး နဂါး ခေါင်းပေါ်ကို ပန်းရောင် အလင်းတန်း တစ်ခုလို ပျံတက်သွားတယ်။
“သူတမင် လုပ်တာလား။ သေကွင်း သေကွက်ကနေ အာရုံလွှဲတာပေါ့။” ဧကရီ ပိုင်ကျစ် ခန့်မှန်း နေခဲ့တယ်။ ဒါပေမယ့် ဖြစ်လာတဲ့ ကိစ္စကတော့ လုံးဝကို ကွာခြားတယ်။ ပန်းရောင် အလင်းတန်းက နဂါးခေါင်းပေါ် ရောက်ရောက်ချင်း ပျောက်ကွယ် သွားတယ်။
ငွေရောင် မြစ်ကလဲ ရုတ်တရက် ပျောက်ကွယ် သွားပြီးနောက် သေးငယ်တဲ့ မီးပွားလေးတွေက တိမ်တိုက်ကို နောက်တစ်ခေါက် ကျူးကျော်ပြန်တယ်။ ရင်းနှီးတဲ့ မြင်ကွင်းလဲ နောက်တစ်ခေါက် ဖြစ်ပေါ်လာ ခဲ့ပြန်ပြီ။ ချီကူယန်က တူညီတဲ့ နေရာမှာ ထပ်ပေါ် လာပြီးတော့ နောက်တစ်ခေါက် ဓားနဲ့ ထိုးချလိုက်တယ်။
ခြေရာမဲ့ဓားက နောက်တစ်ခေါက် ဖောက်ထွက် သွားပြန်ပြီ။ ဒီတစ်ခေါက်မှာတော့ ဒဏ်ရာက အတော့်ကို နက်ရှိုင်းတ်ယ။
ဧကရီ ပိုင်ကျစ်နဲ့ တခြားသူတွေ အားလုံးလဲ ပါးစပ် အဟောင်းသားနဲ့သာ ကြည့်နေ ခဲ့ပြန်တယ်။ ချီကူယန် ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိခဲ့ဘူး။
နဂါးကတော့ နာကျင်မှု အပြည့်နဲ့ အော်ဟစ် ဟိန်းဟောက်ရင်း ခန္ဒာကိုယ် တစ်ခုလုံးကို အနက်ရောင် မိုးကြိုးတွေနဲ့ ဖုံးလွှမ်း ပြစ်လိုက်တယ်။ သူက ရှေးဟောင်း တောင်နတ်ဘုရား။ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် နောက်ကျောက ဓားနဲ့ လာလာထိုးတာကို အကြိမ်ကြိမ် ခံနေရမှာလား။ ဒီလူက သူ့ထက်လဲ နှစ်ပေါင်း ထောင်ချီ ငယ်ရွယ် နေသေးတယ်။
ဒါက သေနိုင်တဲ့ နေရာ မဟုတ်ပေမယ့်၊ နတ်ဘုရား တစ်ပါးရဲ့ နောက်ကျောလေ။
အနက်ရောင် မိုးကြိုးတွေ ချီကူယန်ရဲ့ ခန္ဒာကိုယ်ကို ရိုက်ခတ် လာပြီးနောက် သူမ သွေးအန်တော့တယ်။ ဒါပေမယ့် တတိယ အကြိမ် ဓားနဲ့ ခုတ်ချ လိုက်ပြန်ပြီ။
“သွားသေစမ်း ကောင်မစုတ်လေး။” နဂါးက ခေါင်းလှည့်ရင်း ချီကူယန်ကို ဂျိုနဲ့ ထိုးတော့တယ်။
“ပြေးတော့။” ချင်းယွိ အထိတ်တလန့် အော်မိတယ်။ ဒီဂျို ဘယ်လောက်ထက်ရှ နေမှန်း သူမ ခံစား မိတယ်လေ။ အထိုးခံ ရရင် သေမှာပဲ။
ချီကူယန်ကတော့ ချင်းယွိ ခန့်မှန်း ထားသလို မရှောင်ရှား ခဲ့ဘူး။ ဖြူဖျော့နေပင်မယ့် ကြယ်လို တောက်ပနေတဲ့ မျက်ဝန်းတွေမှာ ငါးရောင်ခြယ် အလင်းတန်းတွေ တောက်ပလာတယ်။
“ပြုတ်ကျ။” နက်ရှိုင်းတဲ့ အသံကြီး ထွက်ပေါ်လာတယ်။
အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်ကနေ ဥက္ကာပျံလို ကျဆင်းလာပြီး နဂါးကို မြန်ဆန်လွန်းတဲ့ အရှိန်နဲ့ ဝင်တိုက်တယ်။ သူ့ခေါင်းကလဲ တစ်ဖက်ကို စောင်းသွားခဲ့တယ်။ အဲ့ဒီ့နောက် ချီကူယန်က နဂါးကျောကို နောက်တစ်ခေါက် ဓားနဲ့ ခွဲလိုက်ပြန်တယ်။် ဒီတစ်ခေါက်မှာတော့ သူမ အားအပြည့် သုံးထားတယ်။
အကြေးခွံတွေတောင် လေထဲကို လွင့်ပျံကုန်ပြီ။ ဓားချက် တစ်ချက်ချင်းစီတိုင်းမှာ တစ်ပေနက်တဲ့ ဒဏ်ရာ ဖြစ်ပေါ်တယ်။ သွေးတွေက ရေပန်းလို စီးကျပြီး အရိုးတွေကိုတောင် မြင်နေရပြီ။ ချီကူယန်က အားအပြည့် သုံးပြီး တိုက်ခိုက်နေတယ်။
မိုးကြိုး အပြစ်ခံရင်း အသက်ကို စွန့်စားပြီး သူမ တိုက်ခိုက်တယ်။
ချင်းယွိနဲ့ ဧကရီ ပိုင်ကျစ်ကတော့ ပါးစပ် အဟောင်းသား။ သူမရဲ့ စိတ်ဆုံးဖြတ်ချက် ခိုင်မာမှုက သူတို့တွေ မတွေးနိုင်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။
ဒီလောက် ကြမ်းတမ်းတဲ့ နည်းလမ်းကို သုံးပြီး တိုက်ခိုက်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့မှန်း ဘယ်သူမှ တွေးမရဘူး။
အန္တရာယ်ကြားက အခွင့်အလမ်းကို ရှာဖွေတယ်။ ဒါက ချီကူယန်ရဲ့ တိုက်ခိုက်နည်းပဲ။
…
ထိတ်လန့် ကြောက်ရွံ့မှုတွေကြောင့် အရာ အားလုံး တိတ်ဆိတ်ပြီး အချိန်တွေတောင် ရပ်တန့် နေခဲ့တယ်။
ပန်းရောင် ပုံရိပ်လေးကတော့ အရင်လို လှပ နေဆဲပဲ။ ဒါပေမယ့် နဂါးကျောကနေ ပြုတ်ကျလာခဲ့ပြီ။
ဝုန်း။
ချီကူယန် မြေပြင်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိတယ်။
တကယ်တော့ ကြီးမားလွန်းတဲ့ အစွမ်း ကွာခြားချက်ကို သူမ တကယ်ပဲ မကျော်ဖြတ်နိုင်ဘူး။ နဂါးက ချီကူယန်ကို ဂျိုနဲ့ မထိုးနိုင်ပေမယ့်၊ အမြီးနဲ့တော့ ရိုက်နိုင်တယ်။
ဒါကို ချီကူယန် ဘယ်လိုများ တားနိုင်မှာလဲ။ နောက်ကျောကို အရိုက်ခံလိုက် ရပြီးနောက် ဟန်ချက် ပျက်သွားခဲ့တယ်။ နဂါးကတော့ လေထဲမှာ တွန့်လိမ်နေရင်း ချီကူယန် ထရပ်လာတာကို စိုက်ကြည့်နေခဲ့တယ်။ အပြာရောင် အလင်းတန်းတွေက သူ့အစွယ်တွေမှာ တောက်ပ နေခဲ့ပြီ။
“မင်းနာမည် ဘယ်လို ခေါ်လဲ။” ဖယောင်းနဂါး မေးတယ်။
“ချီကူယန်။” ချီကူယန်က ဓားကို မြေပြင်ပေါ်မှာ စိုက်ထားရင်း ခက်ခက်ခဲခဲ ထရပ်တယ်။ နဂါး မျက်လုံးကို သူမ တည့်တည့် စိုက်ကြည့်တယ်။
“အရမ်းကောင်းတယ်။ ချီကူယန် ငါမင်းကို ပုံမပျက်အောင် သတ်ဖို့ ဆုံးဖြတ် လိုက်ပြီ။ မင်းအလောင်းကို ကောင်းကောင်း ထိန်းသိမ်း ထားပေးမယ်။” နဂါးက ပြောလိုက် ပြန်တယ်။
အနက်ရောင် တိမ်တိုက်တွေကတော့ သူ့ဒဏ်ရာတွေကို ဖုံးအုပ် သွားခဲ့ပြီ။
“မလိုဘူး။ ကျေးဇူးပဲ။” ချီကူယန် ခေါင်းခါလိုက်တယ်။
ဖယောင်းနဂါးရဲ့ နဖူးက ချီကူယန်ရဲ့ တုံ့ပြန်မှု တည်ငြိမ်လွန်း နေတဲ့ အတွက် တစ်ချက် တွန့်သွားခဲ့တယ်။ သူမက တစ်ချက်တောင် မကြောက်သလို ဒေါသလဲ မထွက်ဘူး။ တည်ငြိမ်လွန်း နေတယ်။
ကန်ရေပြင်ပေါ် လေပြေတိုက်ခတ် သွားသလို တည်ငြိမ်လွန်းလို့ ကြည့်နေသူတောင် တုန်ယင် သွားရတယ်။ ဒါ့အပြင် ချီကူယန်က ထရပ်ဖို့ ရုန်းကန် နေရပြီး လက်မောင်းကလဲ တုန်ယင် နေခဲ့တယ်။
တကယ်ပဲ ဒီလို ယုံကြည်ချက်တွေ ဘယ်နေရာကများ ရနေတာလဲ။ ဘယ်နေရာက ပေးနေတာလ၊
ပထမဆုံး အနေနဲ့ ရှေးဟောင်းနတ်ဘုရား တစ်ပါး အနေနဲ့ သူ့ဘဝမှာ ချီကူယန် အညှာအတာ ကင်းကင်းနဲ့ အထင်သေးတာကို ခံရတာပဲ။
“ဒါဆိုလဲ သွားသေလိုက်တော့။” ချက်ခြင်း ဆိုသလို နဂါးက ခုန်အုပ်တော့တယ်။ ကြောက်စရာ အရှိန်အဝါတွေ ကျမ်းကောင်းကင်တောင်ပေါ်မှာ ကျရောက်လာတယ်။
အနက်ရောင် တိမ်တွေက ကောင်းကင်မှာ ပြည့်နှက် သွားပြီးနောက် မိုးကောင်းကင်တောင် ပြိုကျ လာတော့မလိုပဲ။ ဧကရီ ပိုင်ကျစ်တောင်မှ ဆက်တိုက် ချွေးပျံနေခဲ့ပြီ။ တခြား တစ်ဖက်မှာတော့ မိစ္ဆာ တပ်ဖွဲ့တွေ အားလုံး ဒူးထောက် ကုန်ကြတယ်။
အားလုံးက ကပ်ဆိုးကြီး တစ်ခု ကျရောက်လာမှာကို မခံစား နိုင်တော့တဲ့ အတိုင်း နာကျင် နေခဲ့ကြတယ်။ သူတို့တွေ အသက်တောင် မရှူနိုင်ဘူး။
ဖယောင်း နဂါးက အင်အားကြီးလွန်းလှတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက အင်အားကောင်းလွန်းလို့ သူတို့ကို တောင့်တင်းစေတယ်။ ဒါပေမယ့် ချီကူယန်ကတော့ တင်းမာ နေဆဲပဲ။
ခြေရာမဲ့ ဓားကို ကိုင်ထားတဲ့ လက်က တုန်ယင် နေပင်မယ့်၊ သူမ မကြောက်လန့် ခဲ့ဘူး။
“တိုက်ခိုက်။” ချီကူယန် လှုပ်ရှားတယ်။ နဂါး တိုက်ခိုက်တာကို စောင့်မနေခဲ့ဘူး။ သူမ အရင်တိုက်ခိုက်တယ်။ ပန်းနုရောင် ဝတ်ရုံက လေထဲမှာ လွင့်မျောရင်း အသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။
တစ်ချက်တည်းနဲ့ နဂါး အော်သံ ထွက်ပေါ် လာပြီး ခရမ်းရောင် နဂါးက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ ကြယ်အလင်းတန်းတွေက မိုး၊တိမ် မြူနှင်းတွေလို ကျဆင်း လာပြီး ကောင်းကင်မှာ ဆက်တိုက် ပြေးလွှား နေခဲ့တယ်။
ဒီအချိန်မှာပဲ မိုးထဲမှာ ရှိနေတဲ့ ခရမ်းရောင် နဂါးကြီးက ဝတ်ရုံဖြူဝတ် မိန်းမလှ တစ်ယောက် အဖြစ်ကို အသွင် ပြောင်းလဲ သွားတယ်။
လှပတဲ့ ဆံကေသာနက်တွေနဲ့ မြွေအမြီးကြီး လေထဲမှာ လှုပ်ရှားနေခဲ့တယ်။ ချင်းယွိကတော့ မျက်လုံး အပြူးသားနဲ့သာ တုန်ယင် နေခဲ့ပြီ။
အမြင်အာရုံတွေ ေ၀ဝါး လာပြီးနောက် မျက်ရည်စက်တွေ ပါးပြင်ပေါ်ကို စီးကျလာတယ်။ ချီကူယန်က တကယ့်ကို ကတိ တည်တာပဲ။
ချင်းယွိ လွတ်မြောက်နိုင်ဖို့ နဂါးကို အချိန်ဆွဲ ထားပေးခဲ့တယ်။
ချင်းယွိ မျက်လုံးတွေကို မှိတ်လိုက်ပြီး တောင်ပေါ်လေ အေးအေးကို ရှူရှိုက်လိုက်တယ်။ အေးစက်ပေမယ့် သူမကို တည်ငြိမ် သွားစေခဲ့တယ်။
“ကူယန်၊ ဒေါ်လေး သွားပြီ။” ချင်းယွိ တောင်အောက်ကို ပြေးဆင်းတော့တယ်။ ဒီအချိန်မှာပဲ သူမ နောက်မှာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ် လာပြီးနောက် လေဝဲတွေက ကျောက်တုံးတွေကို ကောင်းကင်ပေါ် ပျံတက် သွားစေတယ်။
ခရမ်းရောင် နဂါးကြီးကတော့ အရမ်းကို တောက်ပ နေခဲ့ပြီ။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်းတွေက မှောင်မိုက်လာတယ်။
ဓားတစ်လက် ကောင်းကင်ကနေ ပြုတ်ကျ လာပြီးတော့ အဖြူရောင် မြေပြင်ကို လာစိုက်တယ်။
လေတိုးသံက လွဲပြီး တခြား ဘာအသံမှ မကြားရတာက ကြောက်စရာ ကောင်းလွန်းလှတယ်။
ဒီအချိန်မှာပဲ ရုတ်တရက် ဆိုသလို အနက်ရောင် အရိပ်တစ်ခုက ဓားဘေးကို ရောက်လာခဲ့တယ်။ ခြေရာမဲ့ဓားကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဓားကို သူဆွဲထုတ်တယ်။
အပိုင်း (၁၀၃၂) ပြီး၏။
အပိုင်း (၁၀၃၃)
“စင်မြင့်ကို လွှမ်းမိုးသွားတဲ့ နတ်ဘုရားလိုလူ။”
..
ခြေရာမဲ့ ဓားကနေ တဝီဝီ မြည်သံတွေ ထွက်ပေါ်လာတယ်။ ဒါကတော့ ဓားရဲ့ ပျော်ရွှင်တဲ့ အသံပဲ။ အသံတွေက ကြယ်လွန်းလို့ ဓားတောင်မှ သိသိသာသာ တုန်ခါ လာခဲ့တယ်။ ဒီအချိန်ကို သူစောင့်နေတာ ကြာခဲ့ပြီ ဖြစ်တဲ့ အတိုင်း တုံ့ပြန် နေခဲ့တယ်။
ဒီအချိန်မှာပဲ ချီကူယန်လဲ ကောင်းကင်ကနေ မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း ပြုတ်ကျလာတယ်။ သူမရဲ့ လက်မောင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ အပြည့်ပဲ။ ချက်ခြင်း ဓားကို သူမ ရှာဖွေ မိတယ်။
ဒါပေမယ့် မကြာခင်မှာပဲ ဓားကို အနက်ရောင် ဝတ်ရုံနဲ့ လူတစ်ယောက်က ကိုင်ထားပြီး ဓားက ဆက်တိုက် အော်မြည် နေတာကို မြင်နေရတယ်။
“အရှက်မရှိတဲ့ သူခိုးကောင်လား။” ချီကူယန်က မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒါပေမယ့် ချက်ခြင်း မျက်လုံးတွေကို ပြန်ဖွင့်ပြီး သူမ ဆက်ပြောတယ်။ “နေစမ်းပါအုန်း နင်က ဘယ်သူလဲ။”
…
ကျမ်းကောင်းကင် တောင်က အတော်ကြီးကို မြင့်မားလှတယ်။ လေ့ကျင့်ထားတဲ့ စစ်သည်တော်တွေတောင် တောင်ထိပ်ကို တက်ဖို့ အတွက် အနည်းဆုံး သုံးနာရီ အချိန်ယူရတယ်။ ဒါပေါ့။ ချင်းယွိလို အင်အားကြီး သုခမိန် အတွက်တော့ ဒီလောက် အချိန် မလိုအပ်ဘူး။
ချင်းယွိက အရမ်းကို မြန်ဆန်လွန်းတဲ့ အတွက် မြေပြင်မှာတောင် သူမရဲ့ ခြေရာကို မမြင်ရတဲ့ အပြင် အရိပ် တစ်ခုလို လှုပ်ရှား နေခဲ့တယ်။ ဒါတောင်မှ ဒါက သူမရဲ့ အမြန်ဆုံး အရှိန်မဟုတ် သေးဘူး။ သူမ နောက်က တပည့်သားတွေကို လှမ်းကြည့်ရင်း အကူအညီ လိုတဲ့ အချိန် ကူညီပေးဖို့ စိတ်ကို ပြင်ဆင် ထားခဲ့တယ်။
ရုတ်တရက် သူမရှေ့ကို လူတစ်အုပ် ရောက်လာခဲ့တယ်။ လူတွေက များလွန်းတဲ့ အတွက် အဆုံးကိုတောင် လှမ်းမမြင်ရဘူး။ ဒါ့အပြင် တစ်ယောက်ချင်းစီ တိုင်းကလဲ ဝတ်ရုံနက်တွေကို ဝတ်ဆင် ထားပြီး တောင်ထိပ်ဆီကို ပြေးတက် သွားကြတယ်။
“ဧကရီ ပိုင်ကျစ်က နတ်ဆိုး စစ်သည်တော်တွေကို တောင်ခြေမှာ ထားထားတာလား။” ချင်းယွိ တစ်ကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ သူမ တောင်ပေါ် တက်လာချိန်တုန်းက တောင်ခြေမှာ စစ်သည်တော်တွေကို မတွေ့မိ ခဲ့ဘူး။ ဒါပေမယ့် စစ်သည်တော်တွေ မရှိဘူးလို့ ပြောလို့ မရနိုင်ဘူးလေ။
အကယ်၍ ဧကရီ ပိုင်ကျစ်သာ ဒီစစ်သည်တော်တွေကို ထောင်ခြေမှာ ချထား ခဲ့မယ် ဆိုရင် သူမ သတိထား မိမှာပဲ။ ယွင်ချင်းဝူသာ ဒါကို စီစဉ် ခဲ့တယ် ဆိုရင်တော့ ခန့်မှန်းဖို့ မလွယ်ဘူး။
“နတ်ဆိုး စစ်သည်တော်တွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေတာလဲ။ လင်းယွမ် မျှော်စင်က လူတွေ အားလုံးကို အသေသတ် မလို့လား။” ချင်းယွိ အောက်ဘက်က စစ်သည်တော် တစ်သောင်းကျော်ကို ကြည့်လိုက်တယ်။ တစ်သောင်းဆိုတာ သူအနည်းဆုံး တွက်ထားတာပဲ။
“ယွိအာ။ ယွိအာပဲ။” ချင်းယွိ စိတ်ပျက်လက်ပျက် ဖြစ်နေ ချိန်မှာပဲ ဝတ်ရုံနက်တွေ ထဲကနေ ရင်းနှီးနေတဲ့ အသံကို ကြားလိုက် ရတယ်။ အဲ့ဒီ့နောက် အနက်ရောင် တိမ်တိုက်တွေ ထဲကနေ လူတစ်ယောက် ချင်းယွိ အနားကို ချက်ခြင်း ရောက်လာတယ်။ သူက ရွှေရောင် သံချပ်ကာကို ဝတ်ထားပြီး အနက်ရောင် ဝတ်ရုံကို ခြုံထားတယ်။
“ဘာ ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေ ရတာလဲ။” ချင်းယွိလဲ ဒီလူ့ကို ချက်ခြင်း မှတ်မိတယ်။ ဒါက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရာဇ်လေ။
ဧကရာဇ် လင်းမုပိုင်။ ဒါပေမယ့် ဧကရာဇ် လင်းမုပိုင် သူ့ကိုယ်သူ နတ်ဆိုး စစ်သည်တော် တစ်ယောက် ပုံစံ ဖြစ်အောင် ဝတ်ရုံနက် ဝတ်ထားမှန်း သူမ နားမလည် ခဲ့ဘူး။ အရေးအကြီးဆုံးကတော့ ကျမ်းကောင်းကင်ကို သူဘာဖြစ်လို့ ရောက်လာတာလဲ။
“ငါ မင်းကို လာကူညီတာ ယွိအာ။” ဧကရာဇ် လင်းမုပိုင်နဲ့ သူ့နောက်က စစ်သည်တော်တွေ ရပ်တန့် သွားခဲ့ကြတယ်။
“အရှင်ဧကရီကို ဂါရဝပြုပါတယ်။”
စစ်သည်တော်တွေ တပြိုင်နက်တည်း နှုတ်ဆက်ကြတယ်။”
“..” ချင်းယွိကတော့ မျက်မှောင်ကြုံတ်သွားတယ်။
“ပါးစပ်ပိတ်ထားကြ။” ချင်းယွိ အော်လိုက်ပြီးနောက် လင်းမုပိုင်ကို ပြောတော့တယ်။
“ကျမ်းကောင်းကင်တောင် သွားမယ့် ခရီးကို လိုက်မလာနဲ့လို့ ပြောပြီးသား။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ အနာဂတ်ကို အပျက်စီးခံပြီး ဒီအပြစ်ကင်းတဲ့ စစ်သည်တော်တွေကို အသေခံ ခိုင်းမလို့လား။”
“ငါတို့သာ ဒီတိုက်ပွဲကို ရှုံးသွားခဲ့ရင် ကြီးမြတ်သော ရှနိုင်ငံတော်လဲ အနာဂတ် ရှိလာတော့မှာ မဟုတ်ဘူး။” ဧကရာဇ် လင်းမုပိုင် ပြန်မေးတယ်။ “ကြွက်တွေတောင် နစ်နေတဲ့ သင်္ဘောကို စွန့်ပြစ်ကြတယ်။ တောင်ပိုင်းဒေသရဲ့ အဖြစ်က ဒီတိုက်ပွဲကို ဘယ်သူမှ ရှောင်လွှဲ မရနိုင်ဘူး ဆိုတာ မီးမောင်းထိုး ပြလိုက်တာပဲ။”
“သေတဲ့အထိ တိုက်ခိုက်မယ်။”
“နိုင်ငံတော်ကို ကာကွယ်မယ်။”
စစ်သည်တော်တွေ တညီတညွတ်တည်း အော်ဟစ်ကြပြန်တယ်။
ဧကရာဇ် လင်းမုပိုင်ကတော့ ချင်းယွိ ပုခုံးပေါ်မှာ လက်တင်ရင်း သူမ စကား ဆက်မပြောနိုင်အောင် တားထားခဲ့တယ်။
“ယွိအာ မင်းပြောချင်တာကို ငါသိတယ်။ ငါက ဒီတိုက်ပွဲကို အားလုံး ပါနိုင်အောင် ခွင့်ပြုပေးတာ အားလုံးကို သေတွင်းထဲ ပို့သလိုပဲ ဖြစ်မယ်လို့ ဟုတ်တယ်ဟုတ်။ မဟုတ်ဘူး။ ယွိအာ မင်း နားလည်နိုင်ဘူး။ မင်းအတွက် ငါဘာမဆို လုပ်နိုင်တယ်။”
“နင် ဘာလုပ် နိုင်မှာလဲ။” ချင်းယွိ မေးတယ်။
“မင်းအတွက် အရင်ဧကရာဇ်ရဲ့ ဆန္ဒကို ငါဆန့်ကျင် နိုင်တယ်။ ဘိုးဘေးတွေရဲ့ သင်ခန်းစာကိုလဲ ငါမေ့ပြစ်နိုင်တယ်။ မင်းနဲ့ လောကကြီးကိုသာ ကယ်နိုင်မယ် ဆိုရင် ငါ့မှာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ပဲ။” ဧကရာဇ် လင်းမုပိုင် ပြန်ဖြေတယ်။
“နင်ပြောနေတဲ့ စကားကို နင်သေချာ သိလို့လား။”
“ဒါပေါ့။ ငါသိတာပေါ့။ ကြီးမြတ်သောရှ နိုင်ငံတော်ရဲ့ ဧကရာဇ် ဖြစ်နေတဲ့ ငါက ဥပဒေကို လိုက်နာဖို့ လိုတယ်။ ငါ့ရဲ့ လုပ်ရပ်တွေက ဧကရာဇ်တစ်ပါး အဖြစ် ဆက်နေဖို့ မသင့်တော် တော့ဘူး။ ဒါကြောင့် နောက်လမှာ လင်းယွမ်ကို ထီးနန်း လွှဲပေးဖို့ ဆုံးဖြတ်ပြီးပြီ၊” ဧကရီ လင်းမုပိုင် ပြတ်ပြတ်သားသား ပြောတယ်။
“မုပိုင် နင်။” ချင်းယွိ တကိုယ်လုံး တုန်ယင်သွားတယ်။ ဧကရာဇ် လင်းမုပိုင်ကို ကြည့်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင် လာပြီးနောက် နောက်ထပ် ဘာမှ ပြောမထွက်တော့ဘူး။
ဒါပေမယ့် နေရာမှာ ရပ်ရင်း ဧကရာဇ် လင်းမုပိုင်ကို စိုက်ကြည့် နေခဲ့တယ်။
“စိတ်ချပါ ယွိအာ။ ငါလုပ်သင့်တာကို လုပ်ခဲ့ပြီးပြီ။ သူလဲ လာနေပြီ။”
“ဘယ်သူလဲ။”
“လောကကြီးကို ကယ်တင် နိုင်တဲ့သူ။”
“မဟုတ် မဟုတ်ဘူး မုပိုင်။ နင့်စိတ်ကို ငါသိတယ်။ ဒါပေမယ့် အခြေအနေတွေ ပြောင်းသွားပြီ။ နောက်ထပ် အင်အားကြီးတဲ့ ဒဏ္ဍာရီလာ ဖယောင်းနဂါးက ကမ္ဘာပေါ်ကို ဆင်းသက်လာပြီ။”
“ဖယောင်းနဂါးလား။” ဧကရာဇ် လင်းမုပိုင်ရဲ့ အမူအယာက ချက်ခြင်း ပြောင်းလဲ သွားတော့တယ်။
“ဟုတ်တယ်။ သူသာ ရုတ်တရက် ပေါ်မလာရင် ငါနဲ့ ကူယန်လဲ တိုက်ပွဲကို နိုင်ပြီးနေပြီ။ နင်သိလား။ ချီကူယန်တောင် ဖယောင်းနဂါးကို မနိုင်နိုင်ရင် တခြား ဘယ်သူက နိုင်နိုင်မှာလဲ။”
“သူ လုပ်နိုင်တယ်။”
“ဖန်ကျန်းရှီကို ပြောနေတာလား။”
“မဟုတ်ဘူး။ ဒါက ဧကရာဇ် ထိုက်ကျုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ။ ဧကရာဇ် ထိုက်ကျုံး ချန်ထားခဲ့တဲ့ တားမြစ်ချက်ကို မကြာခင်ကမှ ငါသိလာတာ။”
“တားမြစ်ထားတဲ့ ကိစ္စ။”
“ဟုတ်တယ်။ ဧကရာဇ် ထိုက်ကျုံးရဲ့ ဆန္ဒ အရ ဘယ်သူမှ ဒီတားမြစ်ချက်ကို အသက်မသွင်းဖို့ မှာကြားခဲ့တယ်။ မဟုတ်ရင် ကြီးမြတ်သော ရှနိုင်ငံတော်လဲ ကပ်ဆိုက်ရလိမ့်မယ်။”
“အဲ့ဒီ့ တားမြစ်ချက်က ဘာလဲ။”
“ယွိအာ။ ငါ့ကို ခွင့်လွှတ်ပါ။ ဒီမေးခွန်းကို ငါမဖြေနိုင်ဘူး။ ဒါပေမယ့် ငါထင်တာသာ မမှားရင် သူက ကျမ်းကောင်းကင် တောင်ထိပ်ကို ရောက်နေ လောက်ပြီ။ ဒါ့အပြင် တခြား နိုင်ငံတော် သုံးခုရဲ့ စစ်သည်တော်တွေလဲ တောင်ထိပ်ကို တက်နေကြတယ်။ ယွိအာ ငါ့ကို ယုံပေးပါ။ လူသား မျိုးနွယ်တွေ ဒီတိုက်ပွဲကို နိုင်နိုင်တယ်။ ငါတို့ သေချာပေါက် နိုင်မှာ။” လင်းမုပိုင်က တစ်ခဏတာ တွေဝေသွားပြီးနောက် ပြောတယ်။
“တောင်ထိပ်မှာလား။” ချင်းယွိ တောင်ထိပ်ကို လှမ်းကြည့်တယ်။ သူမ မသိလိုက်တဲ့ အချိန် တစ်ယောက်ယောက် သူမရှေ့က ဖြတ်သွားမယ်လို့ မထင်မှတ် ထားခဲ့မိဘူး။ ဒါပေမယ့် ပြောပြတဲ့သူက လင်းမုပိုင် ဖြစ်နေခဲ့တယ်။ သူမကို ဘယ်တော့မှ မလိမ်ညာတဲ့သူ။
ဒါ့အပြင် အမြဲတမ်း တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေတဲ့ နိုင်ငံတော်ကြီး လေးခုက ကျမ်းကောင်းကင် တောင်ကို တစ်ပြိုင်နက်တည်း စစ်သည်တော်တွေ ပို့လွှတ် တယ်တဲ့လား။
ဘယ်သူက ဒီလို အစွမ်းအစမျိုး ရှိနိုင်မှာလဲ။
…
ကျမ်းကောင်းကင် တောင်ထိပ်မှာတော့ ချီကူယန်လဲ သူ့ရှေ့က လူကို ကြည့်ပြီး လန့်နေခဲ့တယ်။ ခြေရာမဲ့ဓားက အဲ့ဒီ့လူရဲ့ လက်ထဲမှာ ငြိမ်ငြိမ်လေး ရှိနေတယ်လေ။
ဖန်ကျန်းရှီ တစ်ယောက်တည်းပဲ ဒီဓားကို ကောင်းကောင်း ကိုင်နိုင်မှန်း လူတိုင်းနီးပါး သိကြတယ်။ သူမ ဒီဓားကို သုံးနိုင်တာ ဖန်ကျန်းရှီရဲ့ ကျေးဇူးကြောင့်ပဲ။ အခုတော့ ဓားက ဒီလူ့လက်ထဲမှာ ပျော်ပျော်ကြီး ရှိနေခဲ့တယ်။
“နင်က ဘယ်သူလဲ။ ဘယ်ကလူလဲ။” ချီကူယန် ထရပ်နေပင်မယ့် သူမ တကိုယ်လုံး တုန်ယင် နေခဲ့တယ်။
“ချီကူယန်လား။ ချီဟို့ သမီးလား။” ဝတ်ရုံနက် ပြန်မေးတယ်။ သူ့အသံက အရမ်းကို ရှေးကျပြီး ဝေးကွာ နေသလိုပဲ။
“စိတ်မပူနဲ့ ငါက မင်းရဲ့ ရန်သူ မဟုတ်ဘူး။ မိတ်ဆွေ။” ဝတ်ရုံနက်က ခေါင်းခါရင်း ခေါင်းပေါ်က အစွပ်ကို ချွတ်လိုက်တယ်။
သစ်ကိုင်းခြောက်လို အိုမင်းနေတဲ့ မျက်နှာ တစ်ခုလုံး အရေးအကြောင်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါ့အပြင် သူ့ဆံပင်တွေကလဲ ဖွေးဖွေးဖြူ နေသေးတယ်။ ဒါပေမယ့် သူ့မျက်ဝန်းတွေကတော့ ဓားသွားတွေလိုပဲ။
လေထဲမှာ ရှိနေတဲ့ ဖယောင်း နဂါးကတော့ သူ့ကိုယ်ကြီးကို ကျုံ့လိုက် ဆန့်လိုက် လုပ်နေခဲ့တယ်။ အစောပိုင်း တိုက်ကွက်တွေကြောင့် သူဒဏ်ရာ ရခဲ့တယ်လေ။
ဝတ်ရုံနက် ပေါ်လာတာကြောင့် သူနည်းနည်းတော့ အံ့သြ သွားခဲ့တယ်။ ဘယ်သူကမှ သူ့ကို မလေးမစား မလုပ်ဝံ့ဘူးလေ။ ဒါကြောင့် ကျုံရာကျပန်း ပေါ်လာတဲ့သူကို ဘာဖြစ်လို့ အာရုံစိုက် နေရမှာလဲ။
ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ ဒီလူကြီးရဲ့ မျက်နှာကို ကြည့်ရင်း သူမရဲ့ လက်ချောင်းတွေတောင် တုန်ယင် လာခဲ့တယ်။ သူမရဲ့ ပင်ကိုယ်သိစိတ်က သတိပေးနေခဲ့တယ်။ ဒီလူက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်။ သူ့စွမ်းအားတွေက ပုန်းအောင်းနေတယ်။
“နင် ဘယ်သူလဲ။ လူသား မဟာမိတ် အဖွဲ့ထဲမှာ နင့်လိုလူ မရှိဘူး။” ဧကရီ ပိုင်ကျစ်က ပြောရင်းနဲ့ အစွယ်တွေကို ထုတ်ပြတော့တယ်။ သူမ သတိကြီးကြီး ထားနေတယ်။ ဒီလူ့ကို ရုတ်တရက် တိုက်ခိုက်ဖို့ အသင့်ပြင်တယ်။
“ဒီတော့ ဒါက ဖယောင်းနဂါးပေါ့။ ရှေးဟောင်း နတ်သတ္တဝါ ကျုံးရှန်းတောင်သခင်။ ဒါမျိုးှရှိနေ သေးတာ ငါတောင် မယုံနိုင်ဘူး။” ဧကရီ ပိုင်ကျစ်ကို ပြန်ဖြေမယ့် အစား ဝတ်ရုံနက်က နဂါးကို လှမ်းပြောတယ်။
“မင်းလို ပုရွက်ဆိတ်လေးက ငါ့နာမည် အပြည့်အစုံကို ဘယ်လိုကြောင့် ခေါ်ဝံ့တာလဲ။” နဂါးက ဒေါသတကြီး ဟိန်းဟောက်ရင်း အနက်ရောင် လျှပ်စီးတွေကို ပါးစပ်ထဲက ပြစ်လွှတ်တယ်။
လူကြီးရဲ့ ခန္ဒာကိုယ်ကို ကို လျှပ်စီးနက်တွေက လာထိတွေ့ပြီး ခေါင်းအစ ခြေအဆုံး လျှပ်စီးတွေ ပြည့်သွားပေမယ့်၊ သူက မလှုပ်ရှား ခဲ့ဘူး။ နဂါးကိုသာ မော့ကြည့်နေခဲ့တယ်။ မကြာခင်မှာပဲ လျှပ်စီးတန်းတွေက ပျောက်ကွယ် သွားခဲ့တယ်။
“ဟမ်။” သူ့လျှပ်စီးတွေ ပျောက်သွားတာကြောင့် နဂါးလဲ လန့်သွား ခဲ့ရတယ်။ ချီကူယန့်ကို ဒဏ်ရာရအောင် လုပ်နိုင်ပေမယ့်၊ ဒီလူကတော့ ဒဏ်ရာ မရပါလား။
ဒါ နတ်သခင် တစ်ယောက်လား။ ပိတ်သွားတဲ့ တံခါးတွေကို ကြည့်ရင်း ဖယောင်းနဂါး ခေါင်းခါ လိုက်မိတယ်။ တံခါးတွေက ပိတ်သွားပြီလေ။ ဘယ်လိုလုပ် နတ်သခင် ထွက်လာ နိုင်မှာလဲ။ ဒါ့အပြင် နတ်သခင် လက်တစ်ဆုပ် စာလောက်ပဲ သူ့တိုက်ခိုက်မှုကို ခုခံ နိုင်တယ်။ ဒီလူ့ကိုတော့ သူမသိဘူး။
“ချီကူယန် ကိစ္စတွေ ငါ့လက်ထဲ အပ်ခဲ့လိုက်။ ဧကရာဇ် ရောက်လာပြီ။ သူနဲ့ အတူတူ ထွက်သွားရင် မင်း အသက်ရှင် မှာပါ။” လူကြီးက ချီကူယန်ကို ပြောတယ်။
“ကျေးဇူး တင်ပါတယ် ဆရာကြီး။” ချီကူယန် ခေါင်းငြိမ့်တယ်။
သူမက မငြင်းပယ်ခဲ့ဘူး။ မြေပြင်ပေါ်မှာသာ ချက်ခြင်း ထိုင်ချလိုက်တယ်။ ဒီလူက အရမ်းကို အင်အားကြီးပေမယ့် သူမကို ထိခိုက်အောင် လုပ်မှာ မဟုတ်မှန်း သူမ သိနေခဲ့တယ်။ သူတို့တွေက ရန်သူတွေ မဟုတ်ဘူးလို့ ဒီလူကြီး ပြောခဲ့တယ်။
ချီကူယန် ထိုင်လိုက်တာကို မြင်ချိန်မှာတော့ လူကြီးက တစ်ချက် ပြုံးလိုက်ပြီး နဂါးကို ပြန်ကြည့်တယ်။
“မင်း နာမည်ကို ပြော။ လူသား။” ဖယောင်းနဂါးက လက်သည်းတွေကို ထုတ်ရင်း အော်လိုက်တယ်။
“ငါ့ နာမည်လား။ အင်း။ ငါ့နာမည်ကို တော်တော်များများက မမေးတာ ကြာပြီဆိုတော့ အမှန်အတိုင်း ပြောရမယ် ဆိုရင် ငါ့နာမည်ကို ငါမေ့တောင် မေ့နေပြီ။ ဒါပေမယ့် ဒီနေ့တော့ ခဏခဏ အမေးခံနေရတယ်။ ဖယောင်းနဂါးကတောင် ငါ့နာမည်ကို မေးနေပြီ ဆိုမှတော့ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်သလဲ။” လူကြီးက ပြုံးလိုက် ချိန်မှာတော့ သူ့မျက်နှာက အရေးအကြောင်းတွေ ပိုပြီး ထင်ရှား လာတော့တယ်။
အဲ့ဒီ့နောက် ခြေရာမဲ့ဓားကို မြှောက်ပြီး နဂါးကို ချိန်ရွယ်လိုက်တယ်။ ကြောက်စရာ ခရမ်းရောင် အလင်းတန်းတွေက ဓားပေါ်မှာ စတင် တောက်ပပြီးနောက် သွေးတွေလို စတင် စီဆင်းလာပြီး ဓားထဲကနေ တစ်စုံတစ်ခု ထွက်လာောတ့တယ်။
ခရမ်းရောင် နဂါးကြီး တစ်ကောင် ဓားထဲကနေ ခုန်ထွက်လာတယ်။ နဂါးရဲ့ အကြေးခွံတွေ အားလုံးကလဲ အရမ်းကို ထင်ရှား နေခဲ့တယ်။
“မတွေ့တာ ကြာပြီ သူငယ်ချင်းဟောင်းကြီး။ ငါတို့ ဒီနေ့ အတူတူ အလုပ်တွဲလုပ် ရပြန်ပြီ။ ဒီနဂါးကို သတ်ကြစို့။” လူကြီးက လေးလေးနက်နက် ပြောရင်း အရှေ့ကို ခြေလှမ်း လှမ်းလိုက် ချိန်မှာတော့ ပျောက်ကွယ် သွားတော့တယ်။
ခရမ်းရောင် အလင်းတန်းကြီးက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး အမှောင်ထုကို ဖြိုခွင်းတယ်။
”နဂါး။”
“သတ်။”
“ဓားကွက်။”
လူကြီးရဲ့ အသံက လေထဲမှာ ပဲ့တင်ထပ်လာတယ်။ အဝေးကနေ လာတဲ့ အသံလို ထင်ရပေမယ့်၊ နားနားကပ်ပြော နေသလို ကျယ်လောင်လှတယ်။
ဝုန်း။
ဝုန်း။
လျှပ်စီးတန်းတွေက ကောင်းကင်ကို ဖြတ်သန်းပြီး မိုးတွေ ရွာကျလာတယ်။ ခရမ်းရောင် မိုးပေါက်တွေက ရေကျသံလို အသံနဲ့ အတူ ဖယောင်းနဂါးရဲ့ ခန္ဒာကိုယ်ကို ရိုက်ခတ်တော့တယ်။
“နဂါးသတ် ဓားကွက်တဲ့လား။ အဲ့တာ ဖန်ကျန်းရှီလား။ မဟုတ်ဘူး။ ဖန်ကျန်းရှီက ဒီနေရာမှာ ရောက်မနေနိုင်ဘူး။ ဒီလောက်လဲ အင်အားကြီးမှာ မဟုတ်ဘူး။ နင် နင်က မုန့်ထျန်းလား။” ဧကရီ ပိုင်ကျစ် ခရမ်းရောင် နဂါးကြီးကို မြင်ချိန်မှာတော့ နားလည် သွားတော့တယ်။
အပိုင်း (၁၀၃၃) ပြီး၏။
အပိုင်း (၁၀၃၄)
“နဂါးကိုသတ်။”
..
မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်း။
ဒီနာမည်ကို သူကြားဖူးတာ ပထမဆုံး အကြိမ် မဟုတ်ခဲ့ဘူး။ ဒါ့အပြင် အခု တစ်လော အကြိမ်ကြိမ် ကြားနေ ခဲ့ရတဲ့ နာမည်။ ဒီတစ်ကြိမ်မှာတော့ တကယ့် မုန့်ထျန်း အစစ်က သူ့ရှေ့ကို ရောက်နေခဲ့ပြီ။
သုခမိန် စစ်နတ် မုန့်ထျန်းက မသေသေးဘူး။
“ဖယောင်းနဂါး သတိထား။” ဧကရီ ပိုင်ကျစ်က ဒီနဂါးကို သဘောမကျပေမယ့် အခုချိန်မှာတော့ သူ့ကို မရှုံးစေချင်ဘူး။
ဝုန်း။ ဖယောင်းနဂါးကတော့ ဧကရီ ပိုင်ကျစ်ရဲ့ အတွေးတွေကို မသိပေမယ့်၊ သူ့ဆီကို ပြေးဝင် လာနေတဲ့ ခရမ်းရောင် နဂါးရဲ့ အင်အားကို ခံစားမိတယ်။ တကယ့်ကို အင်အားကောင်းပြီး စူးရှတယ်။
“သွားသေလိုက်။” ဖယောင်းနဂါး ဟိန်းဟောက်လိုက်တယ်။ ခရမ်းရောင် နဂါးကို တိုက်ခိုက်ပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံးကို ထူထပ်တဲ့ တိမ်တိုက်တွေနဲ့ ဝန်းရံ လိုက်တော့တယ်။ အနက်ရောင် မိုးကြိုးတွေကလဲ သူ့ခန္ဒာကိုယ် ပတ်လည်ကို လွှမ်းခြုံ သွားခဲ့ပြီ။
အေးစက်တဲ့ ခရမ်းရောင် အလင်းတန်းက လေထဲမှာ ပေါက်ကွဲထွက် လာခဲ့တယ်။
ခရမ်းရောင် အလင်းတန်းက တဝီဝီ မြည်သံတွေကို ထုတ်လွှတ်တယ်။ ကြီးမားတဲ့ အင်အားကြီး နှစ်ခု ဆက်တိုက် ဆိုသလို လှည့်ပတ်နေရင်း ခရမ်းရောင် အလင်းတန်းက တိမ်တိုက်တွေ အပေါ်ကို ထိုးတက် သွားပြီးနောက် ဖိချ လိုက်တော့တယ်။
ခရမ်းရောင် လျှပ်စီးနဲ့ အနက်ရောင် လျှပ်စီးတွေ အချင်းချင်း ရိုက်ခတ်ပြီးနောက် လေလှိုင်းတွေက ရေတွေလို ထွက်ပေါ်လာတယ်။ မြေပြင်ကလဲ ဆက်တိုက် ဆိုသလို အက်ကွဲကုန်တော့တယ်။
အဖြူရောင် ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ နေရာကြီး တစ်ခုလုံးကတော့ ပြောင်းပြန်လန် သွားခဲ့ပြီ။ ကျောက်တုံးတွေ အားလုံးလဲ လွင့်ထွက် ကုန်တယ်။
လန့်စရာ ကောင်းအောင် ပျက်ဆီး သွားတဲ့ ဒီအဖြစ်ကို ဘယ်သူကမှ သတိ မထားမိကြဘူး။ အားလုံးက ကောင်းကင်ကို မော့ကြည့်ရင်းနဲ့သာ တိုက်ပွဲကို ကြည့်နေ ခဲ့ကြတယ်။ ဒီအချိန်မှာပဲ ဖယောင်းနဂါးက ပါးစပ်ကို ဖွင့်လိုက်ပြီး မီးခိုးတွေကို မှုတ်ထုတ်လိုက်တယ်။
ဒီအငွေ့တွေက တိမ်တိုက်တွေနဲ့ မတူညီပဲ အနက်ရောင် မီးတောက်ကြီးတွေလို အစွမ်းနဲ့ ပတ်ဝန်းကျင်ကို လောင်မြိုက်စေတယ်။ ကောင်းကင် တစ်ခုလုံးလဲ မီးတွေ လောင်နေသလို ပူပြင်း နေခဲ့ပြီ။
အနက်ရောင် မီးတောက်တွေက ပတ်ဝန်းကျင်ကို ဆက်တိုက် လွှမ်းခြုံပြီးနောက် ကျမ်းကောင်းကင်တောင် တစ်ခုလုံးကို ဝန်းရံ သွားတော့တယ်။ အနက်ရောင် မီးပင်လယ်ကြီးက အရမ်းကိုကြီးမား လွန်းလှတယ်။
ခရမ်းရောင် နဂါးကြီးကတော့ ကောင်းကင်မှာ ဆက်တိုက် လှည့်ပတ်ရင်း ဓားတွေ အများကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။ ဓား တစ်ချောင်းချင်းစီ တိုင်းက တဝီဝီ မြည်သံတွေလဲ ထွက်ပေါ် နေတယ်။ ဒါပေမယ့် မီးတောက်တွေက များလွန်းတာကြောင့် အားလုံးကိုတော့ မရှင်းထုတ် နိုင်ခဲ့ဘူး။
“သေပေရော့။” ဖယောင်း နဂါးက အော်လိုက်ရင်း ခရမ်းရောင် နဂါးကြီးကို ဆွဲဖြဲဖို့ ခုန်ဝင် လာခဲ့တယ်။
လက်သည်းနဲ့ ကုတ်ဆွဲ ခံလိုက် ရချိန်မှာ နဂါးကြီးကနေ တဝီဝီ မြည်သံတွေ ထွက်ပေါ် သွားပြီးနောက် ချက်ခြင်း ပျောက်ကွယ် သွားတော့တယ်။ အဲ့ဒီ့နောက် ကြည်လင်နေတဲ့ ဓားရှည် တစ်ချောင်း ပေါ်လာပြီး ဖယောင်းနဂါးရဲ့ တတိယ မျက်လုံး နေရာကို ပြေးဝင် သွားတော့တယ်။
ဖယောင်းနဂါး ဆုတ်ခွာ ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ဓားအရှိန်က မြန်မြန် လွန်းတဲ့ အတွက် သူမရှောင်နိုင် ခဲ့ဘူး။
“အား။” နာကျင်လွန်းလို့ နဂါးက အော်ဟစ်လိုက်တယ်။
ကောင်းကင်မှာ သွေးတွေ ချက်ခြင်း ဖြာထွက် လာခဲ့ပြီ။ ဖယောင်းနဂါးက ဓားကို ကာကွယ်လိုက် နိုင်ပေမယ့်၊ သူ့လက်သည်းတွေကိုတော့ ဓားက ဖောက်ထွက် သွားခဲ့တယ်။
ဖယောင်းနဂါး အရမ်းကို လန့်သွားတယ်။ သူ့လက်သည်းတွေက သူ့ရဲ့ အားအကောင်းဆုံး လက်နက်ပဲ။ ဒီလက်သည်းတွေကြောင့် တောင်တွေကို ဖြိုနိုင်တယ်။ ဒါတောင်မှ ဓားတစ်ချောင်း ထွင်းဖောက်တာကို ခံလိုက်ရသေး တယ်လား။
“ဘယ်ဓားက ငါ့ကို ထိခိုက်အောင် လုပ်နိုင်တာလဲ။ မဟုတ်ဘူး။ အရောင်မတူဘူး။” လေထဲက ဓားကို ကြည့်ရင်း သူတွေးမိတယ်။ ဒီဓားကို သူရင်းနှီး နေပင်မယ့်၊ မရင်းနှီးတဲ့ အငွေ့အသက်ကိုလဲ ခံစား နေရတယ်။
ဓားလက်ကိုင်ကို ကိုင်ထားတဲ့ လူတစ်ယောက် ဒီအချိန်မှာပဲ ပေါ်ထွက်လာခဲ့တယ်။
“ဟုတ်တယ်။ အရောင် မှားနေတယ်။”
“ဓားရဲ့ မူလ အရောင်က ဘာလဲ။”
“ငါမေ့သွားပြီ။”
“..” ဖယောင်းနဂါး သူ့နဖူးက လခြမ်းကို ပိုပြီး လင်းလက်လာအောင် အလင်းတန်းတွေ ထုတ်လွှတ်လိုက်တယ်။
“မင်းနာမည်က မုန့်ထျန်းလား။”
“ထင်တာပဲ။” လူကြီးက ခေါင်းငြိမ့်လိုက်တယ်။
“မုန့်ထျန်း အရမ်း ကောင်းတယ်။ မင်းက ဒီလောကမှာ ငါပထမဆုံး တွေ့တဲ့ ပြိုင်ဘက်ပဲ။ မင်း သေတဲ့ အချိန် အလောင်းလှ စေရမယ်။” ဖယောင်းနဂါး ပြောတယ်။
“ကျေးဇူးပဲ။ ဒါပေမယ့် မင်းကိုတော့ ငါ ဒီလို မလုပ်ပေးနိုင်ဘူး။” မုန့်ထျန်းက သနားတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောတယ်။
“လူသား မျိုးနွယ်က နဂါးခေါင်းကို အရမ်းကြိုက်တဲ့ အကြောင်း မင်းသိတယ် မလား။ နဂါးခေါင်းကို လက်တစ်ဖက်မှာ ကိုင်ထားပြီး နောက်လက် တစ်ဖက်မှာ ဓားကို ကိုင်ထားရင် ဘယ်လောက်တောင် ခံ့ညား လိုက်မလဲ။”
“မုန့်ထျန်း မင်းက ငါ့ဒေါသကို လာဆွ နေတာပဲ။”
“ဒီတော့ အစောပိုင်း ဓားနဲ့ ထိုးခံ လိုက်ရတုန်းက ပျော်နေတယ်လို့ ပြောချင်တာလား။”
“ဝေါင်း။” ဖယောင်းနဂါး ဆက်မပြောတော့ဘူး။ အနက်ရောင် တိမ်တွေကို သုံးရင်း တကိုယ်လုံးကို သံချပ်ကာနဲ့ ကာသလို ဖုံးအုပ် လိုက်တော့တယ်။
ခေါင်းအစ ခြေအဆုံးကို အနက်ရောင် သံချပ်ကာက ဖုံးအုပ်ထားပြီး အရိုးအပြိုင်ပြိုင်း ထွက်နေတဲ့ အတွက် မြင်ရတာ ကြောက်စရာ ကောင်းလွန်း လှတယ်။
နဂါးဟိန်းသံကဲ နားစည်ကွဲမတတ် ကြောက်စရာ ကောင်းလွန်းတယ်။ မုန့်ထျန်းကတော့ မျက်လုံးတွေကို မှေးစင်းထားရင်း လေးလေးနက်နက် ကြည့်နေခဲ့ပြီ။
တကယ်တော့ အစောပိုင်း တိုက်ပွဲမှာ သူအသာစီး မရခဲ့ဘူး။ သူ့ရဲ့ ပြိုင်ဘက်က နတ်ဘုရား အစစ် ဖြစ်နေခဲ့တယ်လေ။
ဒါ့အပြင် နဂါးက မောက်မာပြီး ကြမ်းကြုတ် လွန်းတဲ့ အပြင် စိတ်လဲ မရှည်ဘူး။
မုန့်ထျန်းကို အမြန်ဆုံး နည်းနဲ့ သတ်ချင်နေတယ်။ ဒါကြောင့် အသာစီး ရတဲ့ အချိန်မှာ စွန့်စားပြီး တိုက်ခိုက်တယ်။ ဒါပေမယ့် ဓားက နဂါးရဲ့ တတိယ မျက်လုံးကို မထိနိုင်ခဲ့ဘူး။ သူ့ရဲ့ ကုသနိုင်စွမ်းကလဲ မြင့်လွန်းလှတယ်။ တိမ်တိုက်တွေ နောက်မှာ သူထိခိုက်အောင် လုပ်ခဲ့တဲ့ ဒဏ်ရာက ခပ်မြန်မြန် အနာကျက် သွားတာကို မုန့်ထျန်း မြင်လိုက်ရတယ်။
“နဂါး တစ်ကောင်ကို သတ်ဖို့ တယ်လဲ ခက်တာပဲ။” မုန့်ထျန်း သက်ပြင်းချရင်း ဓားနဲ့ အတူတူ ပျံသန်းတော့တယ်။
နဂါးကို ပထမ တစ်ကြိမ် သတ်တာ မအောင်မြင်ခဲ့တဲ့ အတွက် နောက်အကြိမ်တွေမှာ ပိုခက်ခဲတော့မှာကို မုန့်ထျန်း သိတယ်။ ဒါပေမယ့် သူပြောခဲ့တဲ့ စကားကို သူတည်ရမယ်။ နဂါးကို သတ်မယ်။
“နဂါး။”
“ရာချီ။”
“ဓားချက်။”
မုန့်ထျန်း အော်လိုက် ချိန်မှာပဲ သူပျောက်ကွယ် သွားပြန်တော့တယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်မှုနဲ့ ပေါင်းစည်းပြီး သူပျောက်ကွယ် သွားတယ်။ ဒါပေမယ့် ဖယောင်း နဂါးကတော့ အတော်လေး စိတ်မသက်မသာ ဖြစ်နေပုံပဲ။
ဖယောင်းနဂါး သူ့အမြီးကြီးကို ရိုက်ချ လိုက်ရင်း လေဟာနယ်ကို ဆွဲဖြဲလိုက်တယ်။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ် လာပြီးနောက် နဂါးရဲ့ မျက်ဝန်းတွေ လင်းလက် လာတော့တယ်။ တစ်ခုခုကို သူတိုက်မိမှန်း ခံစား လိုက်ရတယ်။ မုန့်ထျန်းကို အမြီးနဲ့ ရိုက်မိပြီလား။
နဂါး အမြီးနဲ့ ရိုက်ခံရရင် မသေတဲ့ လူသား ရှိနိုင်မလား။ ချီကူယန်တုန်းက အတော့်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့မှန်း သူမှတ်မိတယ်။
ဒါ့အပြင် သူ့နောက်ကျောက တူညီတဲ့ နေရာကို ချီကူယန်က ဓားနဲ့ အထပ်ထပ် ထိုးခဲ့သေးတယ်။
ဝေါင်း။ နဂါး နောက်လှည့်ကြည့်ရင်း ဂျိုနဲ့ သူမသင်္ကာတဲ့ နေရာကို ထိုးချလိုက်တယ်။ ချီကူယန်ကို သူ့နောက်ကျောကနေ ခါချ နိုင်ခဲ့တဲ့အတွက် မုန့်ထျန်းကိုလဲ အတူတူ လုပ်လို့ ရမယ်လို့ သူထင်ခဲ့တယ်။
ဒါပေမယ့် သူ့နောက်ကျောမှာ မုန့်ထျန်းကို မမြင်ခဲ့ရဘူး။ သူ့ကို လန့်စေလောက်အောင် ဓားတစ်ချောင်းသာ ရှိနေခဲ့တယ်။
“ဘာဖြစ် သွားတာလဲ။” နဂါး တစ်ကိုယ်လုံး တုန်သွားပြီးနောက် နာကျင်မှုကို ခံစား လိုက်ရတော့တယ်။ ရာချီတဲ့ ဓားတွေက သူ့ကို မရပ်မနား ထိုးနေသလိုပဲ။
“ဘာဖြစ်တာလဲ။” နဂါး နားမလည် နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ ဓားတွေ အများကြီးနဲ့ ထိုးခံရသလို နာနေတောလဲ။
သူဘယ်လောက်ပဲ နားမလည် နိုင်ပါစေ သူ့ကိုယ် ထိုးစိုက်နေတဲ့ ဓားတွေက အသွင်ပေါ်လာခဲ့ပြီ။ အားလုံးကလဲ ခရမ်းရောင်တွေ တောက်ပ နေခဲ့တယ်။
ဂျွတ်။
နဂါးရဲ့ သံချပ်ကာက ဆက်တိုက် ကွဲထွက်ကုန်တယ်။
အနက်ရောင် သံချပ်ကာ ကွဲသွား ချိန်မှာတော့ အရိုးတွေ ဆက်တိုက် ပေါ်လာပြီး နာကျင်ရတော့တယ်။
“ဝေါင်း။” ဖယောင်းနဂါးက မိစ္ဆာ မုခ်ဝဆီကို ပျံတက်သွားတယ်။
“ခွေးမသား မင်းဘာလုပ် မလို့လဲ။” မုန့်ထျန်းရဲ့ အသံကို ဒီအချိန်မှာ သူကြားလိုက်ရတယ်။ မုန့်ထျန်းက နဂါး အမြီးပေါ်မှာ ရပ်နေရင်း လက်တစ်ဖက်မှာတော့ အရိုးကို ကိုင်ထားခဲ့တယ်။ နဂါးရာချီ ဓားချက်ကို သုံးပြီး သူ့ကိုယ်သူ ဓားတွေထဲမှာ ဖုံးအုပ် ထားနိုင်တယ်။ ဒါ့အပြင် ဓားတစ်လက် အသွင်လဲ ပြောင်းလဲ နိုင်တယ်။
သူ့တိုက်ခိုက်နိုင်စွမ်းက အများကြီး တိုးတက် လာပေမယ့်၊ ဓားတစ်ချောင်းတည်းရဲ့ စွမ်းအားကိုတော့ မမှီခဲ့ဘူး။ ဓားတွေ အများကြီး ခွဲထုတ်တာက နဂါးကို ဒဏ်ရာရ စေရုံသာ တတ်နိုင်တယ်။
နောက်ဆုံးတော့လဲ ဖယောင်းနဂါးက ခုခံစစ် ကောင်းလွန်းတယ်လေ။ မုန့်ထျန်းက သူ့ကို မသတ်ခင် အရင်ဆုံး ခုခံစစ်ကို ဖြိုခွဲရမယ်။ ဒါပေမယ့် နဂါးက ထူးထူးဆန်းဆန်းကြီး ပြုမူနေခဲ့တယ်။ မိစ္ဆာ မုခ်ဝကို သူပြန်ဝင်ဖို့ လုပ်နေတယ်။
ဝုန်း။ နဂါးက မိစ္ဆာ မုခ်ဝကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်တယ်။
“သူမဝင်ဘူးလား။ ခန္ဒာကိုယ်က ကြီးလွန်း နေလို့လား။” မုန့်ထျန်း တုန်ယင်သွားတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် သူလွင့်ထွက် မလို ဖြစ်သွားခဲ့ရတယ်။ ဒါပေမယ့် နဂါးက မုန့်ထျန်းကို လျစ်လျူရှု ထားဆဲပဲ။ နောက်တစ်ခေါက် မိစ္ဆာ မုခ်ဝကို သူဝင်တိုက် ပြန်တယ်။
ဝုန်း။
ဒီတစ်ကြိမ်မှာတော့ တောက်ပတဲ့ အလင်းတန်းတွေ အများကြီး ထွက်လာပြီးနောက် မရေမတွက်နိုင်တဲ့ သားရဲကောင် အော်သံတွေကို ကြားလိုက် ရတော့တယ်။
အမျိုးအစား မတူညီတဲ့ သားရဲကောင် အော်သံတွေက ကျမ်းကောင်းကင် တောင်ထိပ်မှာ ဆက်တိုက် ထွက်ပေါ် လာခဲ့ပြီ။ ရှေးဟောင်း နာရီကြီး တစ်ခု အော်မြည်နေ သလိုပဲ။
မြေပြင်ပေါ်မှာ အားပြန်ဖြည့်နေတဲ့ ချီကူယန်ကတော့ ခေါင်းမော့လိုက်တယ်။ ဆက်တိုက် အော်မြည်နေတဲ့ မိစ္ဆာ မုခ်ဝကို ကြည့်ရင်း သူမ အမူအယာ ချက်ခြင်းပြောင်း သွားခဲ့ပြီ။
“မဖြစ်ဘူး။ ဖယောင်းနဂါးက။”
ဝုန်း။ ချီကူယန့် စကား မဆုံးခင် အချိန်မှာပဲ နဂါး အမြီးကြီးက နတ်ဆိုး မိစ္ဆာ မုခ်၀ နှစ်ခုလုံးကို သွားရိုက်တယ်။ ဖယောင်းနဂါးက ထူးထူးဆန်းဆန်းကြီး ပြုမူရင်း အင်အား အကုန်လုံးပြီး နောက်ဆုံး တစ်ခေါက် ထပ်ရိုက်ပြန်တယ်။
သူ့ရဲ့ ပြင်းထန်လှတဲ့ ရိုက်ချက်ကြီးကြောင့် တံခါးတွေက တုန်ခါကုန်တယ်။ အက်ကွဲကြောင်းတွေ ပေါ်လာသလို နဂါး အမြီးကိုလဲ အနက်ရောင် တိမ်တွေက ထပ်ပြီး ဖုံးလွှမ်းတယ်။
နဂါးက သူ့ပါးစပ်ကို ဖွင့်ရင်း မိစ္ဆာ နတ်ဘုရား မုခ်ဝကို စကိုက်တော့တယ်။
“ဟမ်။” မုန့်ထျန်း အတွက်တော့ ဒီမြင်ကွင်းက အရမ်းကို ထူးဆန်းလွန်း နေတယ်။ ဖယောင်းနဂါးက တခြား မိစ္ဆာတွေကို ခေါ်ထုတ်မယ်လို့ သူထင်ထား ခဲ့ပေမယ့်၊ အခုချိန်မှာတော့ သူ့အတွေးကို ပြန်ပြီး မေးခွန်း ထုတ်နေရပြီ။
ဒီကောင် ဘာတွေ လုပ်နေတာလဲ။
သူတင် မကဘူး ချီကူယန်တောင် မျက်လုံးပြူးနေခဲ့တယ်။ မကြာခင်မှာပဲ အပြောင်းအလဲတွေ စဖြစ်လာတော့တယ်။
အစောပိုင်းတုန်းက သားရဲကောင် အော်သံတွေ ပြည့်နေတဲ့ မိစ္ဆာ မုခ်ဝကနေ အလင်းတန်းတွေ တောက်ပလာတယ်။ ဒီနေရာကနေ တစ်ခုခု ထွက်လာတော့မယ့် အတိုင်းပဲ။ အဲ့ဒီ့နောက် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ဖယောင်းနဂါးရဲ့ ခန္ဒာကိုယ်ကနေ ကြားလိုက် ရတော့တယ်။
အသံကြီးက အရမ်းကို ကျယ်လောင်လွန်းလှတယ်။
ဝုန်း။
ဝုန်း။
မိုးခြိမ်းသံတွေက ဆက်တိုက် ဆိုသလို ထူးထူးဆန်းဆန်းကြီး ထွက်ပေါ် နေခဲ့ပြန်ပြီ။
အပိုင်း (၁၀၃၄) ပြီး၏။
အပိုင်း (၁၀၃၅)
“ကောင်းကင်က နည်းလမ်း။”
..
“ဖယောင်း နဂါး နင် နင်ဘယ်လိုတောင် လုပ်ဝံ့တာလဲ။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာက အများကြီး ပြောင်းလဲ သွားတော့တယ်။ သူမ ဖယောင်းနဂါးကို သတ်ချင် နေခဲ့ပြီ။ အခုချိန်မှာ ဖယောင်းနဂါး လုပ်နေတာကို သူနားလည် သွားတယ်လေ။
ဒီကောင်က နတ်ဘုရားတွေကို မျိုချ နေတာပဲ။ အင်အားတွေကြောင့် မိစ္ဆာ မုခ်ဝက စတင် တုန်ခါလာတယ်။ ဒါ့အပြင် မိစ္ဆာ နယ်မြေရဲ့ နတ်သခင်တွေလဲ အာကာသ ထဲကနေ ဆက်တိုက် ကြယ်တွေလို ကြွေဆင်း လာတော့တယ်။
ဧကရီ ပိုင်ကျစ် အတွက်တော့ ဒီကိစ္စက လုံးဝကို မမျှော်လင့် ထားတဲ့ ကိစ္စပဲ။ ဒါကို သိမယ် ဆိုရင် အစောကြီးတည်းက သူမ လုပ်လိုက်ပြီ။ နောက်ဆုံးတော့လဲ နတ်သခင်တွေကို ပြုတ်ကျလာအောင် ဆွဲခေါ် နိုင်ဖို့ အတွက် ကြီးမားတဲ့ စွမ်းအားကို လိုအပ်တယ်လေ။ ဖယောင်းနဂါးလို အင်အားကြီးတဲ့ သူပဲ ဒီလို ဆွဲခေါ်နိုင်တယ်။ ဒါပေမယ့် ဖယောင်းနဂါးက ကောင်းတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။
နတ်သခင်တွေကို ပြုတ်ကျအောင် လုပ်ပြီး ဝါးမျိုချင်နေတယ်။ မိစ္ဆာ နတ်သခင်တွေ အားလုံးရဲ့ အစွမ်းကို သူက စားသုံးပြစ်တယ်။ ဒီဖြစ်ရပ်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းနေပြီ။
ဧကရီ ပိုင်ကျစ်က ဖယောင်းနဂါး အကြောင်းကို သိခဲ့ပေမယ့် ဒီရက်စက် သွေးဆာတဲ့ သတ္တဝါက ဒီလောက်ထိ ဆိုးယုတ်မယ်လို့ မထင်ခဲ့မိဘူး။ ကိုယ့်မျိုးနွယ်ကိုယ် ပြန်စားသုံးပြီး အသွေးအသားတွေကို အာဟာရ အဖြစ် ပြောင်းလဲတယ်။
ဖယောင်းနဂါးလို နတ်ဘုရားမျိုးသာ ဒါကို လုပ်မှာပဲ။
“မဖြစ်ဘူး။ ဒီခွေးမသားက ရူးနေပြီ။” မုန့်ထျန်းလဲ နားလည် သွားခဲ့တယ် ဒါကြောင့် သူမတွေဝေတော့ဘူး။ ဒီအတိုင်းသာ စွမ်းအားတွေကို ဆက်တိုက် စုပ်ယူ နေမယ်ဆိုရင် ပိုကြောက်စရာ ကောင်းလာလိမ့်မယ်။
ကိုယ့်မျိုးနွယ်ကိုတောင် ပြန်စားတဲ့ နတ်ဘုရားကို သေချာပေါက် သတ်ရမယ်။ မုန့်ထျန်းရဲ့ ဓားက ခရမ်းရောင် အလင်းတန်းတွေ တောက်ပ လာပြီးနောက် လှုပ်ရှား လာတယ်။
ဒါပေမယ့် နဂါးကတော့ မုန့်ထျန်း တိုက်ခိုက်မှာကို ခန့်မှန်း ထားပုံပဲ။ ဒါောကာင့် ခရမ်းရောင် အလင်းတန်းတွေ သူ့အနားကို မရောက်ခင် နဂါး အမြီးနဲ့ ရိုက်ချလိုက်တယ်။ ခရမ်းရောင် အမြီးတွေက ချက်ခြင်း ပြိုကွဲသွားတယ်။ နဂါး ခန္ဒာကိုယ်က ကြောက်စရာ ကောင်းလောက်အောင် ကြီးမား လာပြီးနောက် အရိုးဖြူဖြူတွေပါ တောက်ပ လာတော့တယ်။
“ဖယောင်းနဂါး။ ရပ်လိုက်။ ဒါက မိစ္ဆာ မျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။” ဧကရီ ပိုင်ကျစ် စတင် တိုက်ခိုက်တော့တယ်။ တခြား မိစ္ဆာတွေကို ဒီနဂါး ဝါးမျိုနေတာ သူထိုင်ကြည့် မနေနိုင်ဘူး။ တားမှ ဖြစ်မယ်။
သူမရဲ့ အစီအစဉ် ပျက်စီးရမယ် ဆိုရင်တောင် ရှေးဟောင်း မိစ္ဆာတွေ အားလုံး ဖယောင်းနဂါးရဲ့ ဗိုက်ထဲမှာ အဆုံးသတ် သွားမှာကို မမြင်ချင်ဘူး။ ဖယောင်းနဂါးက ဧကရီ ပိုင်ကျစ်ကို လျစ်လျူရှု ထားခဲ့တယ်။
သူက မိစ္ဆာ မုခ်ဝကို ဆက်တိုက် ကိုက်ထား နေတာကြောင့် ဧကရီ ပိုင်ကျစ်ကို ပြန်မဖြေ နိုင်တာလဲ ဖြစ်နိုင်တယ်။ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ သူ့လို နတ်ဘုရား တစ်ပါးက အမြီးပြတ်နေတဲ့ မြေခွေး တစ်ကောင် စကားကို ဘာကြောင့်များ နားထောင် နေရမှာလဲ။
ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေက မရပ်တန့် ခဲ့ဘူး။ မုန့်ထျန်းနဲ့ နဂါးရဲ့ တိုက်ခိုက်မှုကြောင့်လဲ အသံတွေ ထွက်ပေါ် နေသေးတယ်။
အဝေးမှာတော့ မိစ္ဆာ တပ်ဖွဲ့တွေနဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံးက တောင်ထိပ်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ခံစားမိတယ်။ နဂါးရဲ့ ခန္ဒာကိုယ်ကြီးက ကြီးမားလွန်းတယ်လေ။
သူက မုခ်ဝတွေကို ကိုက်ဝါးနေတဲ့ အချိန်မှာ တောင်အောက်ကတောင် သူ့ကို လှမ်းမြင်နိုင်တဲ့ အထိ ကြီးမားနေပြီ။
“ဒီနဂါး ဘာလုပ် နေတာလဲ။”
“မုခ်ဝတွေကို ကိုက်နေပုံပဲ။”
“အဲ့ဒီ့ အသံတွေက ဘာလို့ ထွက်နေတာလဲ။”
မိစ္ဆာတွေလဲ နားမလည်နိုင်ပေမယ့် ဧကရီ ပိုင်ကျစ် ကောင်းကင်ပေါ် ထိုးတက်သွားတာ မြင်လိုက်ရတယ်။
ကြီးမားတဲ့ အမြီးရှစ်ချောင်း မြေခွေး အသွင်ကို ပြောင်းလဲပြီး ဖယောင်းနဂါးကို သူစတင် တိုက်ခိုက်တော့တယ်။
လက်သည်းခြေသည်းတွေကို သုံးရင်း ကုတ်ဆွဲတယ်။ အဲ့ဒီ့နောက် နဂါး အမြီး ရိုက်ချတာ ခံလိုက်ရပြီး မြေပြင်ကို သွားဆောင့်တယ်။
“မဖြစ်ဘူး။ အရှင်ဧကရီကို ဖယောင်းနဂါးက တိုက်ခိုက်နေပြီ။”
“ဘာတွေ ဖြစ်နေတာလဲ။ နဂါးက ဆင်းသက်လာ နေတဲ့ နတ်သခင်တွေကို မျိုချ နေတာလား။”
“လုံး၀ မကောင်းဆိုးဝါးပဲ။”
“ငါတို့တွေ ပြန်လှည့်သင့်ပြီ။ မဖြစ်ဘူး။ ဧကရီကို ကူညီရမယ်။”
“သွားကြစို့။”
မိစ္ဆာတွေ မယုံနိုင် ကြပေမယ့် ဧကရီက နဂါးကို တိုက်ခိုက်နေတဲ့ အတွက် သူတို့တွေ ဖြစ်နိုင်ချေကို နားလည်ကြတယ်။
သူတို့တွေရဲ့ နှလုံးသားထဲမှာ ခံစားချက်တွေ ရောပြွမ်း နေခဲ့ပြီ။ ဒါကြောင့် လင်းယွမ် မျှော်စင် တပည့်သားတွေကို လိုက်ဖမ်းမယ့် အစား တောင်ပေါ်ကို ပြေးတက် သွားခဲ့ကြတယ်။ ဒီအချိန်မှာပဲ သူတို့ရဲ့ နောက်ကျောကို တိမ်တိုက်မည်းတွေ နီးကပ် လာတော့တယ်။
ဒါက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ တပ်ဖွဲ့တွေပဲ။ အားလုံးက ချင်းယွိနဲ့ လင်းမုပိုင်ရဲ့ ဦးဆောင်မှု အောက်မှာ တောင်ပေါ်ကို ပြေးတက် လာကြတယ်။ သူတို့တွေ ချီကူယန်ကို ကယ်တင်ချင်တယ်။ ဒါ့အပြင် မုန့်ထျန်းကိုလဲ ကူညီချင် ကြတယ်။
နောက်ဆုံးမှာတော့ မုန့်ထျန်း ဓားက နဂါးခေါင်းကို ထိသွားခဲ့ပြီ။ နဂါးရဲ့ ပါးစပ်လဲ မိစ္ဆာ မုခ်ဝကနေ ခွာသွားခဲ့တယ်။ ဒါကြောင့် နဂါး ခေါင်းကနေ သွေးတွေ ဆက်တိုက် စီးကျ လာပြီးနောက် ပါးစပ် ဖွင့်ရင်း ကျောက်တုံး ငါးတုံးကို အန်ထုတ် လိုက်မိတော့တယ်။
အနက်ရောင် ကျောက်တုံး ငါးတုံးက ကျမ်းကောင်းကင်တောင် ပေါ်မှာ ဆက်တိုက် ပေါက်ကွဲ ပြီးနောက် အင်အားကြီး နတ်သခင် ငါးယောက် လန့်နေတဲ့ အသွင်နဲ့ ပေါ်လာတော့တယ်။
အစောပိုင်းတုန်းက (မင်းတို့ အဖေ ငါပြန်လာပြီ)လို့ အော်ချင်ပေမယ့် သူတို့ရဲ့ အပေါ်က လှုပ်ရှားမှုကို ကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။
“ဖယောင်း နဂါးလား။”
“နေစမ်းပါအုန်း သူ့ကို တိုက်နေတဲ့ သူက ဘယ်သူလဲ တိုက်ပွဲမှာ အရင်က မမြင်ဖူး ပါဘူး။”
“ဘယ်သူ့ အဲ့နဂါးကို တိုက်ခိုက် နိုင်မှာလဲ။”
မိစ္ဆာ နတ်သခင် ငါးယောက်ကတော့ ဖြစ်နေတာတွေကို မသိခဲ့ဘူး။ ဒါပေမယ့် မကြာခင်မှာပဲ မြေပြင်မှာ လဲကျနေတဲ့ အမြီး ရှစ်ချောင်း မြေခွေးကို တွေ့လိုက် ရတော့တယ်။
“နေပါအုန်း။ သူက မျိုးစပ် ထားတာလား။”
“လောကမှာ အမြီးရှစ်ချောင်း မြေခွေး ရှိတယ်လား။”
မိစ္ဆာ နတ်သခင်တွေက သူတို့ ခံစားချက်ကို ဘယ်လို ပြောရမယ်မှန်း မသိတော့ဘူး။
“ဖယောင်းနဂါးက ငါတို့ မျိုးနွယ်တွေကို ဝါးမျိုနေတယ်။ သူ့ကို မြန်မြန်သတ်။” ဧကရီ ပိုင်ကျစ်ရဲ့ အသံ ထွက်ပေါ် လာတယ်။
“ဘာဖြစ်တယ်။”
“..”
“နဂါးကို သတ်တဲ့။ မင်း မှားပြောတာလား။ သူ့ကို တိုက်ခိုက်နေတဲ့ လူသားကို သတ်ခိုင်းတာ မဟုတ်လား။”
“ဟုတ်တယ်။ ငါက မင်းကို ဘာလို့ ယုံရမှာလဲ။”
နတ်သခင်တွေ စကားတောင် မဆုံးသေးခင် အချိန်မှာပဲ ဖယောင်းနဂါးက ဆင်းသက်လာပြီး သူတို့ကို ဝါးမျိုဖို့ လုပ်တော့တယ်။ လောကကြီး တစ်ခုလုံးလဲ တိတ်ဆိတ် သွားတယ်။ ဒါပေမယ့် ဒီတိတ်ဆိတ်မှုက မကြာမြင့် ခဲ့ဘူး။ နတ်သခင် လေးယောက်က ချက်ခြင်း တောင်အောက်ကို ပြေးဆင်းတော့တယ်။
“ဒီ နဂါး ရူးသွားပြီလား။”
“ငါတို့ကို တကယ် သတ်ချင် နေတယ်ပေါ့။”
“အသက်လုပြီး ပြေးဟေ့။”
ဧကရီ ပိုင်ကျစ် ထင်ထားသလို မဟုတ်ပဲ ကျန်ခဲ့တဲ့ နတ်သခင်တွေက လှည့်ပြေးတော့တယ်။
သူတို့တွေက ဖယောင်းနဂါးရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ နှစ်ပေါင်း ထောင်ချီကြာအောင် ပိတ်မိနေပြီး လွတ်မြောက်ကာမှ အပျော်လေးတောင် ရှာချိန် မရပဲ ပြန်မျိုချ ခံရတော့မယ်။ ဘယ်သူက ဒါမျိုး လိုချင်မှာလဲ။ ဘယ်သူမှ မလိုချင်ဘူး။ ဒါကြောင့် ပြေးရမယ်။
အားလုံး ပြေးနေ ချိန်မှာပဲ သူတို့ရှေ့ကို မျက်စိကျိန်းလောက်အောင် လှတဲ့ အမျိုးသမီး တစ်ယောက် ရောက်လာတော့တယ်။ ဒီအမျိုးသမီးက မြေခွေးတွေထက်တောင် လှသေးတယ်။ ဒါပေမယ့် သူက လူသား တစ်ယောက်။
“ဘေးဖယ်နေ။”
“မဖယ်ရင် မင်းကို သတ်မယ်။”
“လူတစ်ယောက်က ငါတို့ လမ်းကို လာပိတ် ဝံ့တယ်ပေါ့။”
နတ်သခင်တွေ ချက်ခြင်း ပြောကြတော့တယ်။
“နင်တို့မှာ ရွေးစရာ နှစ်ခု ရှိတယ်။ ဖယောင်းနဂါးကို သတ်မလား။ ငါသတ်တာ ခံမလား။” ချီကူယန်က အော်လိုက်တယ်။
နတ်သခင်တွေရဲ့ စိတ်ထဲမှာ အရမ်းကို ထူးဆန်း သွားခဲ့တယ်။ ဘယ်က ပေါ်လာမှန်း မသိတဲ့ လူသား မိန်းကလေးက သူတို့ကို ဆိုးဆိုးဝါးဝါးတွေ ရွေးခိုင်းနေတယ်။
“ငါတို့ကို မင်းသတ်ချင်သလို သတ်လို့ ရမယ့် ကြက်တွေ မှတ်နေလား။ ဒီအရိုင်းအစိုင်းကို အရင်သတ်။” နတ်သခင် လေးယောက်က တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်တယ်။
“မြန်မြန် ဖယောင်းနဂါးကို သတ်။ မဟုတ်ရင် ငါတို့ မိစ္ဆာတွေ အကုန် မျိုးပြုတ်ကုန်မယ်။” နတ်သခင်တွေ တိုက်ခိုက်တော့မယ့် အချိန်မှာပဲ ဧကရီ ပိုင်ကျစ် အသံကို ကြားလိုက်ရတယ်။
“ငလူးပဲ ငါတော့ ရူးချင်လာပြီ။“
“ဘယ်လို လုပ်လုပ် သေမှာပဲ။”
“မြေခွေးပြောတာ ဖယောင်း နဂါးကို မသတ်ရင် မိစ္ဆာတွေ အကုန် မျိုးပြုတ် ကုန်တော့မယ်တဲ့။”
“ပြောမနေနဲ့တော့ ဖယောင်းနဂါးနဲ့ အရင်ရှင်းကြစို့။”
နတ်သခင် လေးယောက်က ချက်ခြင်း ပြေးတက်တော့တယ်။
“ဖယောင်းနဂါး မင်းက မျိုးတူတွေ အချင်းချင်းကိုတောင် သတ်နေပြီ။ မိုးကောင်းကင် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။” မုန့်ထျန်းက လှမ်းအော်တယ်။
“ငါ့မျိုးနွယ်တွေ တဲ့လား။ ငါက နတ်ဘုရား။ ဒါတွေက ပုရွက်ဆိတ်သာသာတွေ။ ငါ့အတွက် အင်အားကိုလှူပေး ရတဲ့ သူတို့ကိုယ် သူတို့ ဂုဏ်ယူသင့်တယ်။” နဂါးက နတ်သခင် တစ်ယောက်ကို ကိုက်ဝါးရင်း ပြောတယ်။
နတ်သခင်ကတော့ ပြင်းထန်လွန်းတဲ့ နာကျင်မှုကြောင့် မူလ ရုပ်သွင်တောင် ပြောင်းသွားခဲ့ပြီ။ တောင်အရွယ် မိကျောင်းကြီး။ သူ့ခန္ဒာကိုယ်က ဆက်တိုက် တုန်ခါရင်း အမြီးနဲ့ ရိုက်ပြီး ရုန်းကန်တယ်။ ဒါပေမယ့် နဂါးကတော့ သူ့ကို မလွှတ်ခဲ့ဘူး။ ပါးစပ်ကို ဖွင့်လိုက် ပြီးနောက် မိကျောင်း ခန္ဒာကိုယ်ကို ဝါးစားတော့တယ်။
ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ခန္ဒာကိုယ်ကြီးက အနက်ရောင် အကြေးခွံတွေ အပြည့်နဲ့ တဖြည်းဖြည်း ကြီးလာနေပြီ။
ခန္ဒာကိုယ်ကနေ လှိုင်းတွေလဲ ဆက်တိုက် ထွက်ပေါ် လာတော့တယ်။
“ဖယောင်းနဂါး မင်းက ရက်စက်လိုက်တာ။”
“ငါတို့ မင်းကို ရအောင်သတ်မယ် တိုက်ခိုက်ကြ။”
ကျန်ခဲ့တဲ့ နတ်သခင် သုံးယောက်လဲ မူလ ရုပ်သွင်တွေကို ပြောင်းလိုက် ကြတယ်။ ဒါပေမယ့် ဖယောင်းနဂါးနဲ့ ယှဉ်လိုက်ရင် သူတို့က အရမ်းကို အားနည်း နေခဲ့တယ်။
“မင်းတို့ အစွမ်းတွေ ငါ့ကို ပေးကြ။ ငါ နတ်ဘုရားက မိစ္ဆာ တွေကို ဦးဆောင်ပြီး လောကကို အုပ်ချုပ်မယ်။” ဖယောင်းနဂါးက သူ့လက်သည်းတွေကို သုံးရင်း မြေပြင်ကို နင်းချေလိုက်တယ်။
“အိပ်မက် မက်နေလိုက်။”
“သေစမ်း။”
ဧကရီ ပိုင်ကျစ် အပါအဝင် နတ်သခင်တွေက ဖယောင်းနဂါးဆီကို အရပ်လေးမျက်နှာကနေ ပျံသန်းပြီး တိုက်ခိုက်တယ်။
“ပိုင်ကျစ် မင်းက ငါ့ကို တိုက်ခိုက်ဝံ့တယ်ပေါ့။ မင်းက ရှေးနတ်သားရဲကောင် ဖြစ်နေရင်တောင် ငါမင်းကို ခွင့်မလွှတ်ဘူး။ မင်းက ငါ့အစာပဲ ဖြစ်ရမယ်။” ဖယောင်းနဂါးက ပါးစပ် ဟရင်း ဧကရီ ပိုင်ကျစ်ကို ကိုက်ဆွဲတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကနေ ဓားတစ်လက် ကျဆင်းလာတယ်။
အရှိန်ပြင်းပြင်း ပျံသန်းလာရင်း ဖြည်းဖြည်းချင်း ကြီးမား လာပြီးနောက် ကြည်လင်တဲ့ ခရမ်းရောင် ဓားကြီး အသွင်ကို ပြောင်းလဲ သွားတော့တယ်။
ဒီဓားပေါ်မှာ အင်းကွက်တွေ အများကြီးက ဝိုးတဝါး တောက်ပ နေသေးတယ်။
ဓားကြီးက နဂါးခေါင်းကို ထိုးစိုက်ပြီး မြေပြင်မှာ သံမှိုစွဲသလို ဖိထားခဲ့တယ်။ နဂါးကတော့ လက်သည်းတွေနဲ့ မြေပြင်ကို ကုတ်ဆွဲရင်း သွေးတွေက ရေစီးသလို စီးကျ နေခဲ့ပြီ။
“နဂါး။”
“ဖျက်စီး။”
“ဓားချက်။”
အသံက လေထဲမှာ ပျံ့နှံ့ လာတော့တယ်။
အပိုင်း (၁၀၃၅) ပြီး၏။
အပိုင်း (၁၀၃၆)
“မိုးနတ်မင်းရေ။ သတင်းထူးကြီး။”
..
ဒီမြင်ကွင်းက လန့်စရာ ကောင်းလွန်းတယ်။ နတ်သခင်တွေနဲ့ ဧကရီ ပိုင်ကျစ်တောင်မှ မျက်လုံး အပြူးသား ဖြစ်နေခဲ့ပြီ။ အားလုံးက ဖယောင်းနဂါးရဲ့ ခေါင်းမှာ စိုက်နေတဲ့ ဓားကို ကြည့်နေခဲ့တယ်။
“သူက ဖယောင်း နဂါးကို သတ်လိုက် တာလား။”
“လူသားတစ်ယောက်က ဖယောင်း နဂါးကို သတ်နိုင်တယ်လား။”
နတ်သခင်တွေ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ အားလုံးက ဒီနဂါးရဲ့ အစွမ်းကို ကောင်းကောင်း သိကြတယ်လေ။
သူတို့က သူနဲ့ တိုက်ခိုက် နေပင်မယ့် သေဖို့ စိတ်ကို ပြင်ဆင် ထားပြီးသား။ အခုတော့ ဖယောင်း နဂါးကို လူသား တစ်ယောက်က သတ်သွားခဲ့ပြီ။ အင်အား ကြီးလိုက်တာ။ လူသားတွေက ဒီလောကမှာ ဒီလောက် အင်အား ကြီးကြတယ်လား။
ဝတ်ရုံနက်ကို ဝတ်ထားတဲ့ လူကြီးကို သူတို့ လှမ်းကြည့်မိတယ်။ မုန့်ထျန်းကတော့ ပတ်ပတ်လည်ကို လှမ်းကြည့်တယ်။
“ဖယောင်းနဂါးကို သတ်ဖို့က မခက်ပါဘူး။” မုန့်ထျန်းက ခေါင်းမော့ရင်း ပြောနေခဲ့တယ်။ အခုချိန်မှာ မျက်နှာက အရေးအကြေင်းတွေသာ မရှိရင် သူက သေချာပေါက် သူရဲကောင်း တစ်ယောက် အသွင် ရှိနေမှာပဲ။
အခုချိန်မှာ မုန့်ထျန်းကို အမွှမ်းစကား ဆိုဖို့ အချိန်ကောင်း မဟုတ်ပေမယ့် သူ့ရဲ့ ဖြစ်တည်မှုက နတ်သခင်တွေကို ဖိအား များစေခဲ့တယ်။ သူတို့ကို သူက ကြောက်လန့် စေတယ်။
“နောက်ထပ် ငါ့ကို တိုက်ခိုက်မယ့် မိစ္ဆာတွေ နတ်ဘုရားတွေ ရှိသေးလား။ ငါ မုန့်ထျန်းက အားလုံးကို သတ်၊” မုန့်ထျန်း ရုတ်တရက် ရပ်တန့် သွားတယ်။ သူ့ခေါင်းပေါ်မှာ အနက်ရောင် ကျောက်တုံးကြီး လေးတုံး လွင့်မျော နေတယ်လေ။ ကျောက်တုံး တစ်တုံးချင်းစီတိုင်းက တောင်အရွယ်အစား ရှိတယ်။
ကျောက်တုံးကြီး လေးတုံး မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့တယ်။
မြေပြင်တွေ အက်ကွဲကုန်ပြီး ကျောက်တုံးတွေလဲ လွင့်ထွက်ကုန်တယ်။ မုန့်ထျန်းလဲ မျက်လုံးပြူးသွား ခဲ့တယ်။ သူ့စကားတွေကို ပြန်ရုပ်သိမ်းရတော့ မလား။
ကျောက်တုံးကြီးတွေက တစ်ချိန်တည်းမှာ ပေါက်ကွဲပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုန်တွေက အပြည့် လွှမ်းခြုံ သွားခဲ့တယ်။ တောင်တစ်ခုလုံး မြင်ကွင်းတွေတောင် ေ၀ဝါးကုန်ပြီ။
အဲ့ဒီ့နောက် အသံ တစ်သံနဲ့ အတူ ဖုန်တွေထဲကနေ တစ်စုံတစ်ခု ပျံထွက်လာတယ်။
“မုန့်ထျန်းလား။” အရိပ်ကို မြင်ချိန်မှာ ဧကရီ ပိုင်ကျစ် တွေးလိုကမိတယ်။
နောက်တော့ ကြောက်စရာ နဂါး အော်သံ တစ်ခုကို သူကြားလိုက် ရပြီး ကြီးမားလွန်းလှတဲ့ အရာ တစ်ခု ဖုန်ထဲကနေ ထွက်လာတော့တယ်။ သူ့နဖူးမှာ ငွေရောင် လမင်းက တောက်ပနေပြီး တကိုယ်လုံး အကြေးခွံတွေနဲ့ ပြည့်နေတယ်။
ဖယောင်းနဂါးက မသေသေးဘူလား။
“မုန့်ထန်း ငါမင်းကို သတ်မယ်။” ဖယောင်းနဂါးက ဒေါသ ထွက်လွန်းလို့ အော်ဟစ်နေတယ်။ သူ အလစ်ဝင်တိုက် ခံရမယ်လို့ မထင်ထားခဲ့မိဘူး။
သူ့ကို အလစ်ဝင်တိုက်တဲ့ လူသားက သေရမယ်။ ဖယောင်းနဂါးက သူ့လက်သည်းတွေကို သုံးပြီး ကုတ်ဆွဲတယ်။ နဂါး အမြီးကြီးကို ခါယမ်းတယ်။ သူအရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။
“ဆူလိုက်တာ။”
ဒီအချိန်မှာပဲ မြေပြင်က အသံ တစ်သံ ထွက်လာပြီး လက်သည်းတွေနဲ့ လက်ကြီး တစ်ဖက်က ဖယောင်းနဂါးရဲ့ ခေါင်းကို ဖိချလိုက်တယ်။
ဘန်း။ ဖယောင်းနဂါးရဲ့ ခေါင်းကြီး ပေါက်ကွဲထွက် သွားတယ်။ လောကတစ်ခုလုံး ကတော့ တိတ်ဆိတ် သွားခဲ့ပြီ။ ဖယောင်းနဂါးက အသံထွက်ချိန်တောင် မရလိုက်ဘူး။ သူ့ရဲ့ တတိယ မျက်လုံး ဖျက်စီး ခံလိုက်ရပြီး သေသွား ခဲ့ရပြီ။
သူသာ အသက်ရှိ သေးမယ် ဆိုရင် တရား မျှတမှု ရဖို့ အော်ဟစ် မိမှာပဲ။ ရှေးဟောင်း တောင်နတ်ဘုရားက နတ်သခင် ခြောက်ယောက်ကို မျိုချပြီး စွမ်းအား တိုးအောင် လုပ်ခဲ့တယ်။ သူတို့ရဲ့ စွမ်းအားတွေကို မျိုမချ နိုင်ခင် အချိန်မှာတင် သေသွား ခဲ့ရပြီ။
သူ့ကို ဘယ်သူက ဖြေရှင်းချက် ပေးမှာလဲ။ ကြောက်စရာ ကောင်းလိုက်တာ။ ဖယောင်းနဂါးရဲ့ အောာ်သံကို ကြားလိုက် ရချိန်မှာ အားလုံးက ကြောက်လန့် ခဲ့ရတယ်။ အခုချိန်မှာတော့ သူသေသွား ခဲ့ပြီ။
မုန့်ထျန်း အပါအဝင် လူတိုင်းက ကြီးမားတဲ့ လက်သည်းကြီးကို ကြည့်နေခဲ့တယ်။ ကျားလို လက်သည်းကြီးက ပတ်ပတ်လည်မှာ အမွှေးတွေ အပြည့်ပဲ။ သူ့ရဲ့ အပြာရောင် လက်သည်းတွေက ကျောက်စိမ်းလို တောက်ပပြီး ရှုပ်ထွေးတဲ့ သင်္ကေတတွေ စီးဆင်းနေတယ်။ အဲ့ဒီ့နောက် မြေကြီးထဲကနေ ကြီးမားတဲ့ သတ္တဝါ တစ်ကောင် ထွက်လာတော့တယ်။
“နတ်ဘုရားတဲ့လား။ မျက်လုံး တစ်လုံး မြွေပေါက်စက သူ့ကိုယ်သူ နတ်ဘုရားလို့ ခေါ်နေရင် ငါတို့တွေက ငါတို့ကိုယ် ငါတို့ ဘယ်လို ခေါ်ရတော့မှာလဲ။” သြဇာတိက္ကမကြီးမားပြီး ခမ်းနားထည်ဝါလွန်းတဲ့ အသံတစ်သံ ထွက်ပေါ် လာတယ်။ အဲ့ဒီ့နောက် မြေမှုန်တွေ အားလုံးက ပျောက်ကွယ် လွင့်စင် သွားတော့တယ်။
ကြီးမားလွန်းလှတဲ့ ပေ၇၀ကျော် သတ္တဝါကြီး လေးကောင်က မားမား မတ်မတ် ရပ်နေခဲ့တယ်။ တစ်ကောင်ချင်းစီတိုင်းက ရတနာလို တောက်ပနေတဲ့ ခန္ဒာကိုယ်တွေကို ပိုင်ဆိုင် ထားကြတယ်။
ဖယောင်းနဂါးကို သတ်လိုက်သူ ကတော့ ကျားတစ်ကောင်နဲ့ တူညီတဲ့ သတ္တဝါပဲ။ အစွယ်ချွန်ချွန်တွေ ရှိပြီး ခန္ဒာကိုယ်က သွေးလို နီရဲ နေတယ်။ ဒါ့အပြင် သူ့ကျောပေါ်မှာ ကြီးမားတဲ့ အရိုးလို တောင်ပံ တစ်စုံလဲ ရှိနေသေးတယ်။
“အဲ့တာသူပဲ။”
ဒီသတ္တဝါကြီးတွေကို မြင်ချိန်မှာ နတ်သခင် သုံးယောက်လုံး ချက်ခြင်း ဒူးထောက်လိုက်တယ်။
ဧကရီ ပိုင်ကျစ်တောင် ကြောက်လို့ တုန်ယင် သွားတယ်။
“ခုန တုန်းက နတ်ဘုရားတွေကို သတ်မယ် ပြောနေတာ ကြားမိ သလားလို့။ ငါတို့ အခု ရောက်နေပြီ ပြောတဲ့ ကောင် ထွက်ခဲ့။” ကျားလို သတ္တဝါက ပတ်ပတ်လည်ကို ကြည့်ရင်း ပြောတယ်။
“..” မုန့်ထျန်းကတော့ ကျားလို သတ္တဝါရဲ့ မျက်လုံးတွေကို ကြည့်ရင်း တံတွေး တစ်ချက် မျိုချလိုက်တယ်။
“ဘယ်ကောင် ပြောတာလဲ။ ပြောတဲ့ကောင် ထွက်ခဲ့စမ်း။” မုန့်ထျန်း အော်လိုက်တယ်။
“…”
“…”
တောင်ပေါ်လေတွေတောင် ရပ်တန့်သွားခဲ့ပြီ။
…
မုန့်ထျန်းကတော့ စိတ်ထဲမှာ အော်နေမိတယ်။ (မိုးနတ်မင်းရေ ငါတော့ ပြဿနာတက်ပြီ။)
ဖန်ကျန်းရှီကလဲ တစ်ချိန်တည်းမှာ အတူတူ အော်နေခဲ့တယ်။ (မိုးနတ်မင်းရေ ငါတော့ ပြဿနာတက်ပြီ။)
နန်ကုန်းမုက နတ်သစ်သီးကို မျိုချလိုက်တဲ့ ကိစ္စထက် ဆိုးတာ ရှိနိုင်အုန်းမလား။
အမှန်တကယ်တော့ ရှိနေခဲ့တယ်။ ကျမ်းကောင်းကင်တောင်မှာ ဖြစ်နေတဲ့ ကိစ္စက ပိုဆိုးတယ်။
ဒါပေမယ့် ဖန်ကျန်းရှှီကတော့ မသိခဲ့ဘူး။
ရှေ့မှာ ဖြစ်နေတာကိုသာ သိခဲ့တယ်။ သူ့ရှေ့မှာ အနီရောင် သစ်ပင်ကြီးက ရွှေရောင်တွေ တောက်ပနေပြီ။
“အရှက် မရှိတဲ့ ကောင်စုတ်။ ငါတို့ တိုက်ခိုက်အုန်း မှာလား။” ပင်းယန် မေးတယ်။ သူမရဲ့ သေးငယ်တဲ့ ပါးစပ်လေးက အခုချိန်မှာ ဥတစ်လုံးလို အသွင် ဟနေခဲ့ပြီၤ။
“ငါတို့ ဘယ်ပြေးရမလဲ။” ဖန်ကျန်းရှီ မေးတယ်။
“နဂါးကို မေးရမယ် ထင်တယ်။” ပင်းယန်က ရွှမ်ယွမ်ဝူကို လက်ညှိုုးပြတယ်။
“..” ဝူယွဲ့အာနဲ့ ယွင်ချင်းဝူကတော့ တိတ်ဆိတ် နေကြတယ်။
“ရွှမ်ယွမ်ဝူ။ မင်းသူ့ကို သတ်နိုင်မယ်လို့ ငါယုံတယ်။” ဖန်ကျန်းရှီက ရွှေနဂါးကြီးကို လှမ်းပြီး အားပေးတယ်။
“သူ့ကို သတ်ရမှာလား။” နဂါးကြီးက ဖန်ကျန်းရှီကို တစ်ချက်လှမ်းကြည့်တယ်။
“ဟဟား။” ဒီတစ်ခွန်းသာ သူပြောနိုင်တယ်။
“ရွှမ်ယွမ်ဝူ။ ဒီလို မလောက်လေး မလောက်စား နန်ကုန်းမုကို မင်း အနိုင်မယူ နိုင်တာတော့ မဟုတ်ဘူး မလား။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ အခုချိန်မှာ ဧကရာဇ်ဟွမ်ရဲ့ မိသားစုဝင် ဒဏ္ဍာရီလာ နဂါးက အားနည်းလွန်း နေတယ် မဟုတ်လား။
နန်ကုန်းမုက နတ်သစ်ပင်ကြီး ဖြစ်နေပင်မယ့်၊ သူ့မှာ ရင်ဆိုင်ဖို့ နည်းလမ်းတော့ ရှိသင့်တယ်လေ။
ဒါ့အပြင် ဖန်ကျန်းရှီက စာသေချာ ဖတ်ထားတဲ့သူ။ ရွှမ်ယွမ်ဝူက လောကမှာ အစွမ်း အထက်လုံး လက်ငါးဖက် နဂါး။ လက်တစ်ဖက်က ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်း နေတယ်။ ဒါက သူ့ရဲ့ အသေသတ် တိုက်ကွက်ပဲ။ ဒီလက်တစ်ဖက် ပေါ်လာမှသာ သူ့စွမ်းအား အစစ်ကို ထုတ်ပြနိုင်တယ်။
အခုချိန်ထိ အဲ့ဒီ့ လက်ကို သူမတွေ့ရ သေးဘူး။
သူက ပိုပြီးတော့ အင်အားကြီးနိုင်တယ် ဆိုတာ သေချာပေါက် မှန်နေမှာပဲ။ ဒီအတွေး ဝင်လာချိန်မှာပဲ နဂါးက မောက်မာတဲ့ အသွင် ပြောင်းသွားတာကို မြင်လိုက်ရတော့တယ်။
“ငါက လောက နံပါတ်တစ် နတ်သားရဲကောင်ပဲ။ ဘာကို ငါကြောက်နေ ရမှာလဲ။ ငါ့လက်ထဲမှာ သေခဲ့တဲ့ ပြိုင်ဘက်တွေ ဘယ်လောက် များနေပြီလဲ ဆိုတော မိုးနတ်မင်းမှပဲ သိလိမ့်မယ်။”
လူသား မဟာမိတ် ကတော့ ရွှမ်ယွမ်ဝူရဲ့ စကားကြောင့် ပြန်ပြီး စိတ်ဓာတ် တက်ကြွလာကြတယ်။
“ရွှမ်ယွမ်ဝူ။”
“နံပါတ်တစ်။”
“ရွှမ်ယွမ်ဝူ။”
“နံပါတ်တစ်။” တပည့်သားတွေ စတင် အော်ဟစ် အားပေးတယ်။
မုချင်းဖန်းနဲ့ မော့ရှန်းရှီတိုကတော့ လက်ရှိ အခြေအနေကို ကောင်းကောင်း နားလည်ကြတယ်။ ဖန်ကျန်းရှီရဲ့ ဒဏ်ရာက ပြင်းထန်တယ်။ ရွှမ်ယွမ်ဝူကို အားကိုးမှ ဖြစ်မယ်။ ရွှမ်ယွမ်ဝူ နိုင်ရင် လူသား မဟာမိတ် အဖွဲ့လဲ နိုင်နိုင်တယ်။
မဟုတ်ရင် သူတို့ ရှုံးမယ်။
“တိုက်ခိုက်ကြ။”
“နံပါတ်တစ် နတ်သားရဲကောင်နဲ့ အတူတူ တိုက်ပွဲဝင်ကြ။”
“မိစ္ဆာ နတ်ဆိုးတွေကို သတ်ပြစ်။”
လူသား မဟာမိတ် အဖွဲ့က စတင် တိုက်ခိုက်တော့တယ်။
“နဂါးက ယုံလို့ ရတဲ့ ပုံပါပဲ။”
“မဟုတ်ဘူး။ သူထွက်ပြေး တော့မှာ။” ယွင်ချင်းဝူရဲ့ အသံက အရမ်းကို တိုးလွန်းတယ်။ လူသားတွေ မကြားရပင်မယ့်၊ နဂါးကတော့ ကြားတယ်။
ယွင်ချင်းဝူကို ကြည့်ရင်း သူ့တကိုယ်လုံး တုန်ယင်သွားတယ်။
“ဟာသပဲ ငါက ဘာလို့ ထွက်ပြေး ရမှာလဲ။ ဒီကလေး ဧကရာဇ်ယန်ရဲ့ သွေးတွေ စီးဆင်းနေလို့ မသတ်ချင်လို့ပါ။”
“ဒီတော့ ထွက်ပြေးမှာပေါ့။” ယွင်ချင်းဝူ မေးတယ်။
“ဟဟား။ ကောင်မလေးက ငါ့ကို အကြပ်ရိုက်အောင် လုပ်နေပြန်ပြီ။ ငါက ထွက်ပြေးမှာ မဟုတ်ဘူး။ ကြမ်းကြမ်း တမ်းတမ်းတွေ မလုပ်ချင်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနည်းလေး ရှာမလို့။”
“သေစမ်း။”
ရွှမ်ယွမ်ဝူနဲ့ ယွင်ချင်းဝူ စကား ပြောနေ ချိန်မှာပဲ နန်ကုန်းမု အသံကို ကြားလိုက် ၇တော့တယ်။
“ဖန်ကျန်းရှီ ဆုတောင်းလိုက်။ ငါမင်းတို့တွေ အားလုံးကို အနားမယူခိုင်းခင် မင်း ဆုတစ်ခု တောင်းလို့ ရတယ်။” နဂါးကြီးက စိုးရိမ်တကြီး တွန့်လိမ်ရင်း ပြောတော့တယ်။ ရွှေရောင် အကိုင်းတွေကို သူရှောင်ရှား နေတယ်။
“မလုပ်ဘူး။” ဖန်ကျန်းရှီ ငြင်းတယ်။ ရွှမ်ယွမ်ဝူ ပြောတာကို သူယုံမယ်များ ထင်နေလား။ ဧကရာဇ်ယန်ကို သူဂရုစိုက်ရင် အစောပိုင်းက လက်သည်းထုတ်ပြီး ကိုက်ဖြတ်နေတာ ဘာတွေလဲ။ နန်ကုန်းမုက နတ်သစ်သီးကို မျိုချ ပြီးတဲ့ အချိန်မှ ဧကရာဇ် ယန်အကြောင်း လာပြောနေတယ်။ ဖန်ကျန်းရှီကို ငအများ ထင်နေတာလား။
“လူသားတွေ အားလုံးကို ဒီမှာ သေစေချင်နေတာလား။” ရွှမ်ယွမ်ဝူက အရမ်းကို စိတ်ပူနေပြီ။
“မင်း သူ့ကို တကယ် မနိုင်တာလား။” ဖန်ကျန်းရှီ မေးတယ်။
ရွှမ်ယွမ်ဝူက ဒီလောက် အားနည်းလို့လား။ သူ့အစွမ်းတွေကို ဖွက်ထားတာ မဖြစ်နိုင်ဘူးလား။ အနည်းဆုံးတော့ နောက်ဆုံး လက်သည်းကို ထုတ်မသုံး ရသေးဘူးလေ။
“ဟာသပဲ။ ငါက ဒဏ္ဍာရီလာ ရွှေနဂါး။ ဒီကလေးကို ဘာလို့ မသတ်နိုင်ရမှာလဲ။ ဒါပေမယ့် ဧကရာဇ်ယန်ရဲ့ နောက်ဆုံး မျိုးဆက်ကို တော့ အဆုံးသတ် မပြစ်နိုင်ဘူး။” ရွှမ်ယွမ်ဝူ အတည်ပြုတယ်။
“ငါးခုမြောက် လက်သည်း ဘယ်မှာလဲ။”
“..” ရွှမ်ယွမ်ဝူကတော့ လန့်သွားခဲ့တယ်။ ပါးစပ်ဟရင်း သူတစ်ခုခု ပြောချင်ပေမယ့် သစ်ကိုင်းတွေက သူ့ကို လာရိုက်တယ်။
ရွှမ်ယွမ်ဝူ ဒေါသထွက်သွားခဲ့ပါတယ်။ နဂါးဦးမျှင်တံတွေတောင် ထောင်သွားခဲ့တယ်။ လက်သည်းတွေကို သုံးပြီး ရွှေရောင် သစ်ကိုင်းတွေကို ဆွဲဖြဲပြစ်တယ်။
ရွှေရောင် အရည်တွေ စီးကျ လာပြီးနောက် မြေပြင်ပေါ်ကို ကျဆင်းပြီး ပေါက်ကွဲ ထွက်တော့တယ်။
အဲ့ဒီ့နောက် နန်ကုန်းမုလို သစ်ကိုင်း အသစ်တွေ ထွက်ပေါ်လာတယ်။
အားလုံးက အသက်ရှင် နေတဲ့ အတိုင်းပဲ။
အပိုင်း (၁၀၃၆) ပြီး၏။
အပိုင်း (၁၀၃၇)
“ကြောက်စရာ ကောင်းလွန်းတဲ့ လက်နက်ကြီး။”
…
အသက်စွမ်းအားတွေ ပြည့်ဝနေတဲ့ သစ်ကိုင်းတွေက မြေပြင်က ထိုးထွက်ပြီး ကြီးထွား လာတော့တယ်။
“နောက်ထပ် နတ်သစ်ပင်တွေ ပေါက်လာတာလား။” ပင်းယန်က လန့်လွန်းလို့ မေးရိုးတောင် ပြုတ်မတတ် ပါးစပ် ဟနေခဲ့ပြီ။
“ဒီတော့ ယောကျာ်းတွေလဲ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်တယ်လို့ ပြောချင်တာလား။”
ငလူး။ ဖန်ကျန်းရှီလဲ ပင်းယန်ရဲ့ ခေါင်းကို ရိုက်မိလု နီးပါး ဖြစ်သွားခဲ့တယ်။ ဘယ်တုန်းကများ ဒီလောက်တောင် ပေါက်ကရ တွေးတတ်တဲ့သူ ဖြစ်သွားတာလဲ။ တံငါးနားနီး တံငါ မုဆိုးနားနီး မုဆိုး ဖြစ်သွားတာလား။ မဟုတ်သေးပါဘူး။ ဒါက သူ့ကိုယ်သူ ပြန်ဆဲမိနေ သလိုပဲ။
ဖန်ကျန်းရှီ ခေါင်းခါရင်း ပင်းယန် ပြောတာကို မကြားချင်ယောင် ဆောင်လိုက်တယ်။ ဒါပေမယ့် သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကြောင် ရွှမ်ယွမ်ဝူ စိတ်ပူတာကို သူနားလည်သွားတယ်။ နန်ကုန်းမုရဲ့ အရှိန်အဝါတွေက ပြောင်းလဲ သွားတာကြောင့် အခုချိန်မှာ သူက တကယ့် နတ်သစ်ပင် အစစ် ဖြစ်သွားပြီပဲ။
နတ်သစ်ပင်ရဲ့ အသက်စွမ်းအားတွေက ပြီးပြည့်စုံ နေပြီ။ သစ်ကိုင်းတွေကလဲ ပြန်ထွက်နိုင်တဲ့ အပြင် အသစ်လဲ ပေါက်နိုင်တယ်။ ဒီတိုက်ပွဲက ဘယ်လို လွယ်လွယ် အဆုံးသတ် နိုင်မလဲ။
ရွှမ်ယွမ်ဝူ သူ့စွမ်းအားတွေကို ဖုံးကွယ်ထားပြီး ထုတ်မပြတာကို သိပင်မယ့် တကယ့် အကြောင်း အရင်းကို အခုမှ ခ့န်မှန်း မိတယ်။
သူသာ လက်သည်းကို သာမာန် ပြိုင်ဘက်ဆီမှာ သုံးရင် ပြိုင်ဘက်က သေချာပေါက် သေမှာပဲ။ ဒါပေမယ့် အလွယ်တကူ မသေတဲ့ ပိုးဟပ်လိုကောင် ဖြစ်နေရင်တော့ ကိစ္စတွေက အဖြစ်ဆိုး ကုန်လိမ့်မယ်။ ဒါပေမယ့် နန်ကုန်းမုကတော့ ရွှမ်ယွမ်ဝူကို အာရုံ မစိုက်ခဲ့ဘူး။ နတ်သစ်ပင် နောက်မှာသာ အပြည့်အ၀ ပုန်းကွယ် နေခဲ့တယ်။
ရွှမ်ယွမ်ဝူ သူ့လက်သည်းကို ထုတ်သုံးရင်တောင် နန်ကုန်းမုက သေမှာ မဟုတ်ဘူး။ ဒါက ရွှမ်ယွမ်ဝူ စိတ်ပူတဲ့ ကိစ္စပဲ။
ဖန်ကျန်းရှီ နားလည် သွားချိန်မှာတော့ ယွင်ချင်းဝူကို သူလှည့်မေးတော့တယ်။ “နန်ကုန်းမု သစ်ပင်ကနေ ထွက်လာဖို့ မင်းမှာ နည်းလမ်း ရှိလား။
အခုချိန် သူ့မှာ စစ်ဘက်ရေးရာ အကြံပေးတစ်ယောက် ရှိမနေတဲ့ အတွက် ဦးနှောက်ခြောက်ခံ နေရတယ်။ ဖန်ကျန်းရှီက အများကြီး မသုံးဖြုန်းချင်တဲ့ လူတစ်ယောက် ဖြစ်နေတဲ့ အတွက် ဒီလို လူကိုလဲ မငှားထားဘူး။
“ငါ့ကို မေးနေတာလား။” ယွင်ချင်းဝူ ပြန်ဖြေတယ်။
“ဒီနတ်ဆိုးမကို ဘာတွေ မေးနေတာလဲ။ သူက ဘာသိမှာလဲ။” ပင်းယန် ပြောတော့တယ်။
“ဒါဆိုရင် အရှင်မင်းသမီး ပြောလေ။”
“..”
ဒီနေရာမှာ နန်ကုန်းမုကို ထွက်လာစေဖို့ ဘာလုပ်လို့ ရမှာလဲ။ ပင်းယန်က အကွက်ဆင်တဲ့ နေရာမှာ မတော်ဘူးလေ။
“သူ့ကို စိတ်ဓာတ် စစ်ဆင်ရေး လုပ်လို့ ရတယ်လေ။” ဝူယွဲ့အာ ပြောတယ်။
“ဘယ်လိုလဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ဒါကို ငါမတွေးရသေးဘူး။ နင်တွေးလိုက်လေ။ အရင်တုန်းက နင်တို့ သူငယ်ချင်း ဖြစ်ခဲ့ဖူးတယ် မလား။” ဝူယွဲ့အာ ပြောလိုက်တယ်။
“အကြံကောင်းပေမယ့် ငါသုံးပြီး သွားပြီ။”
ဝူယွဲ့အာက သူ့ကို အကြံပေး နိုင်တယ် ဆိုပေမယ့် အသေးစိတ် အကွက်ချတဲ့ နေရာမှာ သူ့ကို အားကိုးလို့ မရနိုင်ဘူး။ သူက စီးပွားရေးမှာပဲ တော်တဲ့သူ။
သူ့အကြံတွေက တိုက်ပွဲကြီးတွေမှာ အသုံးမဝင်နိုင်ဘူး။
ဖန်ကျန်းရှီလဲ ယွင်ချင်းဝူကို ပြန်ကြည့်လိုက်တယ်။
“နန်ကုန်းမုကို ငါတစ်ခေါက် စိန်ခေါ် ပြီးပြီ။ နောက်တစ်ခေါက် ဒါမျိုး လုပ်လို့ ရမယ် မထင်ဘူး။ မင်းမှာ နောက်ထပ် အကြံ ရှိသေးလား။”
“ရှိတယ်။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။
“ငါတော့ မယုံဘူး။” ပင်းယန်က မျက်နှာ လွှဲထား ပေမယ့်၊ နားထောင် နေခဲ့တယ်။
ဝူယွဲ့အာကတော့ ဘာမှ ဝင်မပြောခဲ့ဘူး။ ယွင်ချင်းဝူ ဘယ်လောက်တောင် အကွက်ဆင်တာ တော်မှန်း သူမ ကောင်းကောင်းကြီး သိတယ်။ ဒါပေမယ့် သူမလဲ မကျေနပ် ဖြစ်နေရင်တောင် အကြံကိုတော့ ကြားချင်တာ အမှန်ပဲ။
“ဘာနည်းလမ်းလဲ။”
“ဒေါသ ထွက်အောင် လုပ်တာလေ။”
တစ်ခဏတာ တိတ်ဆိတ်ပြီးနောက် အားလုံး မျက်လုံးပြူး သွားတော့တယ်။
အတုခိုးနေတာလား။ အံ့သြစရာ ရွှေဉာဏ်ရှင်က ဘယ်လိုများ ဝူယွဲ့အာရဲ့ အကြံကို အတုခိုး နေတာလဲ။ ဝူယွဲ့အာ ထဆဲ ချင်လာတယ်။
ပင်းယန်ကတော့ ငြိမ်မနေဘူး တကယ်ဆဲတယ်။
“လဲသေလိုက်။ သူအဲ့ဒီ့ နည်းလမ်း သုံးပြီးပြီလို့ ပြောတာ မကြားဘူးလား နတ်ဆိုးမ။”
ပင်းယန် စကား မဆုံးခင် အချိန်မှာပဲ ပင်းယန်က လက်နှစ်ဖက် သုံးပြီး သူ့ပါးစပ်ကို ပိတ်တော့တယ်။
“ဘယ်လို လုပ်ရမလဲ။”
“ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရန်သူကို ကောင်းကောင်းသိတာက တိုက်ပွဲ တစ်ရာကိုတောင် မကြောက်လန့် စေဘူး နန်ကုန်းမုက လူသား တစ်ယောက်။ လူသားတိုင်းမှာ အားနည်းချက် ရှိတယ်။ နန်ကုန်းမုရဲ့ အကြီးဆုံး အားနည်းချက်က သူ့အကိုပဲ။“
“နန်ကုန်းဟောင်လား။” ဖန်ကျန်းရှီ ရုတ်တရက် သတိ ဝင်သွားတယ်။
အစောပိုင်းမှာ နန်ကုန်းမုကို သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို သုံးပြီး အာရုံလွှဲခဲ့တယ်။
နန်ကုန်းမု တွေေ၀ ခဲ့တာကြောင့် သူလဲ အခွင့်အရေး ရခဲ့တယ်။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ နည်းလမ်းက ပိုကောင်းတယ်။
“အင်း။ နန်ကုန်းဟောင်နဲ့ နင်တိုက်ခိုက် ဖူးတာပဲ။ ဒါကြောင့် နန်ကုန်းဟောင်ရဲ့ နည်းလမ်းကို သုံးပြီး နန်ကုန်းမုကို တိုက်ခိုက်။ နင့်အစွမ်းနဲ့ဆို ရတယ်။” ယွင်ချင်းဝူ ဆက်မပြောဘူး။
ပင်းယန်နဲ့ ဝူယွဲ့အာကတော့ သူ့ကို မျက်လုံးပြူး ကြည့်နေခဲ့တယ်။ ဒီနတ်ဆိုးမက ကြောက်စရာကြီး။ ဖန်ကျန်းရှီလဲ မပြောတော့ဘူး။ နည်းလမ်းကို သူသိသွား ခဲ့ပြီ။ ဒီနည်းလမ်း သုံးရင် နန်ကုန်းမုက သစ်ပင်ထဲကနေ ထွက်လာပြီး ဖန်ကျန်းရှီကို သတ်ဖို့ လုပ်မှာပဲ။
စွန့်စားမှ အကျိုးအမြတ် ရမယ်။
ယွင်ချင်းဝူက ဒါကြောင့်ပဲ အောင်မြင်နေတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် အခု အဖြစ်ကလဲ သူအကွက်ဆင်တာ ဖြစ်နိုင်သေးတယ်။ ဖန်ကျန်းရှီ ရွေးချယ်စရာ မရှိလို့သာ ဒီနည်းလမ်းကို သုံးရတာ ဒါက နန်ကုန်းမုကို နှလုံးသားထဲ နာကျင်စေမယ့် နည်းလမ်းပဲ။
ပထမဆုံး အကြိမ် နန်ကုန်းမုနဲ့ တွေ့တုန်းက အတူတူ တိုက်ခိုက်ခဲ့တာတွေ မှတ်မိသေးတယ်။ သူငယ်ချင်းတွေ။ ငါတို့ သူငယ်ချင်း ဆိုတာ မင်းမမေ့ သရွေ့ ငါတို့က သူငယ်ချင်း တွေပဲ။
လက်ရှိ အခြေအနေမှာ နန်ကုန်းမုက စွမ်းအားတွေ အရမ်း မြင့်နေခဲ့ပြီ။ သူ့ကို ထောက်ပံ့ပေးပြီး အသက်စွန့်ဖို့ အသင့် ဖြစ်နေတဲ့ တပ်ဖွဲ့တွေလဲ ရှိနေသေးတယ်။ နန်ကုန်းမုက သေချာပေါက် မျိုးဆက်သစ်ရဲ့ ဘုရင်လို့တောင် ခေါ်ထိုက်နေပြီ။ နန်ကုန်းမုကို ထွက်လာစေဖို့ မလုပ်နိုင်ရင် တိုက်ပွဲက ပြီးတော့မှာ မဟုတ်ဘူး။
အားလုံး သေကုန်မှပဲ တိုက်ပွဲ ပြီးလိမ့်မယ်။
နန်ကုန်းမုရဲ့ သစ်ကိုင်းတွေသာ နေရာ တစ်ခုလုံးကို ပြည့်တဲ့ထိ ကြီးထွား လာခဲ့ရင် ဒီနေရာ လူသတ်ကွင်းကြီး ဖြစ်သွားလိမ့်မယ်။ အားလုံး သွေးချောင်းစီးမယ့် ကိစ္စကို ဖန်ကျန်းရှီ မမြင်ချင်ဘူး။
“နန်ကုန်းမု။ ငါ့ညီနောင် သူငယ်ချင်းရေ ငါတောင်းပန်ပါတယ်။” ဖန်ကျန်းရှီ မြေပြင်ကို ဖိရင်း ထရပ်လိုက်တယ်။ “ငါ့ကို ဓားတစ်ချောင်းပေး။”
“ငါ့ ဓားလား။” ဝူယွဲ့အာ သူ့ခါးက ဓားကို ထုတ်ပေးတယ်။
“ငါ့အထင် ဒီဓားကို ပြောတာ ထင်တယ်။” ယွင်ချင်းဝူ က ဖြူဖွေးနေတဲ့ ဓားတစ်လက်ကို ထုတ်လာတယ်။
ဝူဝေ့ဓား။ ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့ရတယ်။ နန်ကုန်းဟောင်ရဲ့ ဓားက ယွင်ချင်းဝူ လက်ထဲ ဘယ်လို ရောက်နေတာလဲ။
“ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ နန်ကုန်းတွေ ကျန်ခဲ့တာကို ယူလာတာ။” ယွင်ချင်းဝူ ပြောတယ်။
ဖန်ကျန်းရှီလဲ ယွင်ချင်းဝူကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်တယ်။
“ငါ့ခန္ဒာကိုယ်မှာ တခြား သိုလှောင်ရေး ပစ္စည်း ထားတဲ့ နေရာတွေ ရှိသေးတယ်။ နင်က ငါ့လည်ဆွဲကို ခိုးသွားမှတော့ ငါလဲ ကျင့်သား ရအောင် လုပ်ရတော့တာပေါ့။ ငါနဲ့ နင်က တစ်ဖွဲ့တည်း ဖြစ်နေပြီ မဟုတ်လား။” ယွင်ချင်းဝူ ထပ်ရှင်းပြတယ်။
“အင်း။”
ယွင်ချင်းဝူ သက်ပြင်းချလိုက်ပြီး အမူအယာ ထပ်ပြောင်းသွားတယ်။
ဖန်ကျန်းရှီက သူမခါးကို လာဖက်တယ်လေ။ “အဖွဲ့ချင်း တူနေလို့ ဆိုပြီး ငါထပ်မလုဘူး မထင်နဲ့။”
“..” ယွင်ချင်းဝူ တစ်ချက် တုန်ယင် သွားတယ်။ သူမ မျက်နှာ ရဲရဲနီသွား ခဲ့ပြန်ပြီ။
ဒါပေမယ့် ဖန်ကျန်းရှီက လက်လွှတ်လိုက်တယ်။
“သေချာသိမ်းထား။ အချိန်ရရင် ငါယူမယ်။”
“..” ယွင်ချင်းဝူ အံကြိတ်ရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်တယ်။ “မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အရေးအကြီးဆုံး ပစ္စည်းတွေက ငါ့လက်ထဲမှာ ရှိတယ်။ နင်ရအောင် ယူနိုင်မလား ကြည့်ကြသေးတာပေါ့။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ ယွင်ချင်းဝူက သူတို့ မျိုးနွယ်တွေ အတွက်တော့ နံပါတ်တစ် ဦးစားပေးပဲ။ အ
နတ်သခင်တွေက သူမကို အလုံခြုံဆုံး နေရာ ဖြစ်တဲ့ မဟာနွံအိုင်ထဲမှာ ထားထားခဲ့တယ်။ ဒါပေမယ့် သူမက ထွက်ခွာလာ ခဲ့တာကြောင့် အခုချိန်မှာ ဖန်ကျန်းရှီ လက်ထဲကို ရောက်လာခဲ့ပြီး မလုံခြုံတော့ဘူး။
ဖန်ကျန်းရှီလဲ ဒီကိစ္စကို မတွေးဖူးဘူး။ ယွင်ချင်းဝူက ဒီလည်ဆွဲထဲမှာ အဝတ်အစားတစ်ချို့ သိမ်းထားမယ် လို့သာ သူထင်ခဲ့တယ်။
ကောင်းကင် လက်ခံ မြေပုံတွေနဲ့ ယှဉ်လိုက်ရင် ဒါတွေက မိုးနဲ့မြေလို ကွာခြားတယ်လေ။
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ လောကကို အုပ်ချုပ်တာ နှစ်ဝက်ကျော်ခဲ့ပြီ။ ဒီလို အချိန်မှာ မြင့်မြတ်လှတဲ့ ယွင်ချင်းဝူက အဝတ်အစား တစ်ချို့ကိုသာ အိတ်ထဲ ထည့်ပြီး ဆောင်ထားတာ ဖြစ်နိုင်ပါ့မလား။
ယွင်ချင်းဝူ တခြား ပစ္စည်းတွေ ဝှက်ထားတယ်လို့ ဖန်ကျန်းရှီ သံသယ ရှိခဲ့ပေမယ့် ဒီဓားပါ သူမဆီ ရှိနေမယ်လို့ မထင်ခဲ့ မိဘူး။ အခုချိန်မှာ ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကို ရတနာ ရှာဖွေရေး လုပ်ဖို့ အချိန်ကောင်း မဟုတ်တာကို ဖန်ကျန်းရှီ သိတယ်။
ရွှမ်ယွမ်ဝူလဲ အခြေအနေ မကောင်းခဲ့ဘူး။
သစ်ကိုင်းတွေက ဆက်တိုက် အသစ် အသစ်တွေ ထွက်နေခဲ့တယ်။ သစ်ပင် အသစ်တွေကလဲ ဆက်တိုက် ပေါက်လာနေတယ်။ အမြစ်ကနေ စဖြစ်လာပြီး ပန်းပွင့်တဲ့ အထိ တစ်ခဏချင်း အတွင်း အသွင်ပြောင်းပြီး ကြီးမားလာတာလဲ ရှိနေသေးတယ်။
“ဖန်ကျန်းရှီ ငါမင်းကို နောက်ဆုံး တစ်ခေါက်မေးမယ်။ မင်း ဆုတောင်းမလား မတောင်းဘူးလား။” ရွှမ်ယွမ်ဝူ စိတ်ပျက်လက်ပျက် ပြောတော့တယ်။”
“ဘာမှ မလုပ်တာကလဲ တစ်ခုခု လုပ်နေတာပဲလေ။” ဖန်ကျန်းရှီ ပြန်မဖြေပဲ ဓားကို နန်ကုန်းမုဆီ ချိန်ရွယ် လိုက်တယ်။ ကြည်လင်နေတဲ့ ဓား။
“ဘာပြောတယ်။ ဒီကောင်လေး ရူးသွားတာလား။” ရွှမ်ယွမ်ဝူ မေးမိတယ် ဒီအချိန်မှာပဲ နတ်သစ်ပင်ကြီးက ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရတဲ့ အတိုင်း လှုပ်ရှားလာပြီး သစ်ကိုင်းတွေလဲ ရပ်တန့်သွားတယ်။
“အမ် ဘာဖြစ်တာလဲ။” ရွှမ်ယွမ်ဝူ တောင့်တင်း သွားတယ်။ ဒီစကား တစ်ခွန်းက သူကိုက်ဖြတ် နေတာထက်တောင် ပိုအကျိုး ရှိသေးတယ်လား။
ဒါကို သူက ဘယ်လို နားလည် ရမှာလဲ။ ထူးဆန်းလိုက်တာ။ အဲ့ စကားတွေက အင်အားကြီး ကျိန်စာလား။
ဖန်ကျန်းရှီက သစ်ပင်ကြီးကိုသာ ကြည့်ရင်း ဓားကို ချိန်ရွယ်လိုက်တယ်။
“နန်ကုန်းမု မင်း ဒီနေ့ ဝူဝေ့ ဓားနဲ့ မတိုက်ခိုက် ချင်ဘူးလား။ ငါဒီနေ့ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ငါ့စိန်ခေါ်မှုကို မင်း လက်ခံဝံ့လား။”
“မင်း လက်ခံ ဝံ့လား။”
ဖန်ကျန်းရှီရဲ့ အသံက နှစ်ဖက် တိုက်ခိုက်နေသူတွေ အားလုံးကို ရပ်တန့် သွားစေခဲ့တယ်။
“နန်ကုန်းမုရဲ့ ဓားကို ဒီကောင်စုတ်လေး ဘယ်က ရှာလာတာလဲ။” မုချင်းဖန်းက မျက်လုံးပြူး သွားခဲ့တယ်။
“ငါ့နာမည်က ချိုးချီ။ မင်းဘာတွေ လာပြော နေတာလဲ။” နန်ကုန်းမု ပြန်အော်တယ်။ ဒါပေမယ့် သူ့အသံက ကွာခြားနေတယ်။
“ချိုးချီတဲ့လား ဟဟား။ နန်ကုန်းမျိုးနွယ်တွေရဲ့ သွေးတစ်ခု တည်းကသာ ဧကရာဇ်ယန်ရဲ့ မျိုးဆက် အစွမ်းကို ပိုင်ဆိုင်တယ်။ မင်းက နာမည်ကို ထုတ်မပြောပဲ ဖုံးကွယ်ထား ဝံ့တယ်ပေါ့။ အခုတော့ မင်းကိုယ်မင်း မင်း အကိုရှေ့မှာ ချိုးချီလို့ ခေါ်နေပြီ ဟုတ်စ။ ဘာချီလဲ။ မင်းကိုယ်မင်း ချိုးပါးလို့သာ ခေါ်လိုက်ပါလား။ ဒါမှမဟုတ် ဝမ်ပါး (ငတုံးကောင်)။ နန်ကုန်းဟောင် သေသွားတာ တကယ့်ကို အလကား မဖြစ်ဘူးပဲ။ သူသေသင့်တယ်။ ဒီလို ငတုံး ညီရှိနေမှတော့ သေသင့်တယ်။”
“ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။”
“ငလူး။ မင်းက တကယ့်ကို ရန်စဖို့ လွယ်တာပဲ။ ငါစကားတောင် ကောင်းကောင်း မစရသေးဘူး။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ နန်ကုန်းမု ဒေါသ ထွက်မှာကို သိပေမယ့်၊ ဒီလောက်မြန်မယ်လို့ မထင်ထား ခဲ့မိဘူး။ အတော်လေး အကျိုး ရှိတာပဲ။
အပိုင်း (၁၀၃၇) ပြီး၏။
အပိုင်း (၁၀၃၈)
“မကောင်းတဲ့ ကောင်စုတ်။”
…
ဒီကိစ္စက မြန်ဆန်လွန်းတယ်။ ဖန်ကျန်းရှီ ပထမ တစ်ခေါက် သူငယ်ချင်း ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ချိန်မှာ အချိန် အတော်လေး ယူရတာကို သူမှတ်မိတယ်။ အခုတော့ စကားလေး နည်းနည်းနဲ့တင် နန်ကုန်းမုက လုံးဝကို ပေါက်ကွဲ နေခဲ့ပြီ။ ဒါ့အပြင် နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေရဲ့ ရှေ့မှာကို တုံ့ပြန် နေခဲ့တယ်။
ရှိသမျှ လူတွေ အားလုံး မျက်လုံး အပြူးသား ဖြစ်ကုန်ကြတယ်။
နန်ကုန်းမု ဝန်ခံ လိုက်ပြီ။
အရေးအကြီးဆုံး အချိန်မှာ သူက နန်ကုန်းမျိုးနွယ် ဆိုတာကို ထုတ်ပြ လိုက်တဲ့ အပြင် နန်ကုန်းဟောင်ရဲ့ ညီဆိုတာကိုပါ သူထုတ်ဖော် မိခဲ့တယ်။
“အဲ့တာ တကယ်ပဲ နန်ကုန်းမုပေါ့။”
“သူ အရှင် ချိုးချီကို ဘာလုပ် လိုက်ပြီလဲ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အရူးတွေ မဟုတ်ခဲ့ဘူး။ ဒီလူသာ ချိုးချီ ဖြစ်ခဲ့မယ် ဆိုရင် ဖန်ကျန်းရှီကြောင့် သေချာပေါက် ဒေါသ ထွက်မှာ မဟုတ်ခဲ့ဘူး။
“နန်ကုန်းမု။ မင်းက လူသား တစ်ယောက်။ ဒါတောင်မှ မိစ္ဆာ နတ်ဆိုး အဖြစ် ဟန်ဆောင် နေသေးတယ်။ ဒီလို ပုံစံနဲ့ လောကကို အုပ်ချုပ် နိုင်ရင်တောင် နန်ကုန်းဟောင်က သေပျော်မယ် ထင်လား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ဖန်ကျန်းရှီ ငါ့အကိုက သေပြီးနေပြီ။” နန်ကုန်းမု နောက်ထပ် ဖုံးကွယ် မထားတော့ဘူး။ ဒေါသ ထွက်လွန်းတဲ့ အတွက် အခုချိန်မှာ လိမ်နေဖို့ မလိုတော့ဘူးလေ။ နန်ကုန်းဟောင်။ သူ့အကို။ နန်ကုန်းမုကို အရာအားလုံး အသာစီး ရနေတဲ့ အချိန်မှာ တည်ငြိမ်မှု ပျက်ပြားပြီး စိတ်လွတ်အောင် လုပ်နိုင်သူ ရှိမယ် ဆိုရင် အဲ့ဒီ့ တစ်ယောက်တည်းသော သူက နန်ကုန်းဟောင်ပဲ ဖြစ်လိမ့်မယ်။
သူ့ခန္ဒာကိုယ်ထဲမှာ နန်ကုန်းဟောင်ရဲ့ နှလုံးသား ရှိနေတယ်။ ဒါကြောင့် သူ့အကိုကို စော်ကားတာမျိုး လုံး၀ လက်မခံနိုင်ဘူး။
“မင်း တစ်ခုခု မေ့နေ သလိုပဲ။ ဒီဓားက အခု ငါနဲ့ ရှိနေပြီ။ ငါက လောကမှာ ဒီဓားကို သုံးနိုင်တဲ့ တစ်ယောက်တည်းသော သူပဲ။” ဖန်ကျန်းရှီ ပြောရင်း ဓားကို ပြန်သိမ်းလိုက်တယ်။ နန်ကုန်းမု အကြောင်းကို သူကောင်းကောင်းသိတယ်။ နန်ကုန်းမုက သေချာပေါက် နောက်ပြန်လှည့်မှာ မဟုတ်ဘူး။
“မင်းသေရမယ်။” နန်ကုန်းမုက ရွှေရောင် သစ်ကိုင်းနဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်တယ်။
“ဖန်ကျန်းရှီ မင်းနိုင်နိုင်ရဲ့လား။” ရွှမ်ယွမ်ဝူက မျက်လုံးပြူးကြီးနဲ့ မေးတော့တယ်။ ဒီသစ်ကိုင်းတွေကို ကာကွယ်နိုင်ဖို့ ကူသင့်လား မကူသင့်လား ဆိုတာကို သူမသိဘူး။ နန်ကုန်းဟောင်နဲ့ ဖန်ကျန်းရှီ ပြောတာတွေကိုလဲ သူနားမလည် ဘူးလေ။
“ငါ့ ကို လာကူအုန်း။” ဖန်ကျန်းရှီ အော်ရင်း ရွှမ်ယွမ်ဝူ့ အနောက်ကို ပြေးဝင်တယ်။
“…”
“…”
တပ်ဖွဲ့တွေကတော့ မျက်လုံး ပြူးနေကြတယ်။ သူပဲ တိုက်ခိုက်ချင်တယ် ပြောခဲ့တာ မဟုတ်လား။ ဘာဖြစ်လို့ ပြေးပုန်း နေတာလဲ။ ရွှမ်ယွမ်ဝူလဲ စိတ်ရှုပ်ထွေး သွားတယ်။ ဖန်ကျန်းရှီ လုပ်နေတာကို သူနားမလည်ဘူး။
နန်ကုန်းမုကို ရန်စပြီးပြီ ဆိုမှတော့ ဘာကြောင့် သူနဲ့ လာပေါင်း နေသေးတာလဲ။
နားမလည်ပေမယ့် သူခပ်မြန်မြန် ကာကွယ်လိုက်တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ဆက်ပြောပြန်တယ်။
“ဒီသစ်ပင်က ဧကရာဇ်ယန် စိုက်ခဲ့တဲ့ သစ်ပင်။ မင်းက ငါ့ကို ဧကရာဇ်ယန်နဲ့ တိုက်ခိုက် စေချင်တာလား။ မင်း သတ္တိရှိရင် ကျောက်စိမ်း နီလာ ဓားနှစ်လက်ကို သုံးပြီး ငါ့ကို လာတိုက်လေ။”
လူတစ်ယောက်က အရှက်မရှိ မျက်နှာပြောင် တိုက်တာ ဖြစ်နိုင်ပေမယ့်၊ ပင်းယန်နဲ့ ဖန်ကျန်းရှီ ှနှစ်ယောက်ကတော့ ထွက်ပြေးနေရင်း သူများကို ပြဿနာရှာနိုင် သေးတယ်။
“ငါသိပြီ။” ဝူယွဲ့အာ နားလည် သွားတယ်။ အကယ်၍ ဖန်ကျန်းရှီသာ ရွှမ်ယွမ်ဝူနဲ့ တိုက်ရိုက် ပူးပေါင်းပြီး နန်ကုန်းမုကို တိုက်ခိုက် ခဲ့ရင် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေနဲ့ သွေးခွဲ နိုင်မှာ မဟုတ်ဘူး။
ရလဒ်ကတော့ ဆိုးဝါးလိမ့်မယ်။ နန်ကုန်းမုက ရင်ဆိုင်ဖိုက ခက်ခဲလွန်းတယ်။ အသက်ရှင်လိုစိတ် ပြင်းပြ လွန်းတဲ့ အပြင် ကုသနိုင်စွမ်းကလဲ မြင့်လွန်းနေတယ်။ ဒါကြောင့် သူ့ကို နတ်သစ်ပင်ကနေ ထွက်လာအောင် လုပ်မှပဲ ဖြစ်မယ်။ ဒါပေမယ့် နန်ကုန်းမုက ထွက်လာမှာလား။
ပင်းယန် တွေးမိ သွားချိန်မှာ သက်ပြင်း ချလိုက်တယ်။ ဒီအရှက်မရှိတဲ့ ကောင်စုတ်က ရှင်းရှင်းလင်းလင်းတော့ တွေးတတ်သား။
“အဖိုးကြီးမု။ ဖန်ကျန်းရှီက မင်းတို့ ခန်းမရဲ့ တပည့် ဖြစ်ဖူးတယ်။ သူဘာလုပ်မယ်လို့ မင်းထင်လဲ။” မော့ရှန်းရှီ မေးလိုက်တယ်။
“ငါမှန်းတာသာ မှန်မယ် ဆိုရင် သူက နန်ကုန်းမုနဲ့ နန်ကုန်းဟောင်းရဲ့ သံယောဇဉ်ကို သုံးပြီး သစ်ပင်က ထွက်လာအောင် လုပ်နေတာပဲ ဖြစ်ရမယ်။ နန်ကုန်းမုကို သူနဲ့ တိုက်ခိုက်ဖို့ နန်ကုန်းတွေရဲ့ အစွမ်းကို သုံးစေချင်တယ်။” မုချင်းဖန်းက နန်ကုန်း မျိုးနွယ် အကြောင်းကို ပိုသိတဲ့အတွက် ခန့်မှန်း နိုင်ခဲ့တယ်။
“ဖြစ်နိုင်ပါ့မလား။” မော့ရှန်းရှီ ထပ်မေးတယ်။
“အနည်းဆုံး ၉၀%လောက် ဖြစ်နိုင်တယ်။”
“ဒါဆို ငါတို့ ဒီအတိုင်း ရပ်ကြည့် နေကြမှာလား။”
“မင်း မစောင့်ချင်ရင် ဖန်ကျန်းရှီနဲ့ အတူတူ ဆဲလို့ ရတယ်။” မော့ရှန်းရှီကို ကြည့်ရင်း မုချင်းဖန်း ပြောတယ်။
“ဟဟား သူများကို ကျိန်ဆဲတဲ့ နေရာမှာ ငါက အဲ့ဒီ့ ကောင်စုတ်လေးထက် ပိုတော်တယ်။ မင်း သေချာ ကြည့်ပြီး သင်ယူ။” မော့ရှန်းရှီ ပြုံးလိုက်ပြီးနောက် သူ့တပည့်တွေကို လှည့်ပြောတယ်။
“နားထောင်ကြ။ ဖူရှီး တောင်ကြား တပည့်တွေ။ ငါနဲ့ အတူတူ လိုက်ဆဲကြမယ်။”
“အမိန့်အတိုင်းပါ။”
“နန်ကုန်းမုက မကောင်းတဲ့ ကောင်။”
“နန်ကုန်း မျိုးနွယ်ကို သိက္ခာ ကျစေတဲ့ ငတုံးငအ။”
အသံတွေ ဆက်တိုက် ထွက်လာတော့တယ်။ မော့ရှန်းရှီလဲ သူ့တပည့်တွေကို လှမ်းကြည့်မိတယ်။ ဒီလောက်လေး ပြောတာကို ကျိန်ဆဲတယ်လို့ ခေါ်ကြတယ်ပေါ့ ရှက်စရာ ကောင်းလိုက်တာ။
နန်ကုန်းဟောင်ကို သေချာဆဲမှပဲ နန်ကုန်းမုကို ထိခိုက်အောင် လုပ်နိုင်လိမ့်မယ်။
“နန်ကုန်းမု သေချာ နားထောင်။ မင်းရဲ့ သေသွားတဲ့ အကိုကို ငါ နှုတ်ဆက်စကားလေး ပြောလိုက်မယ်။ နန်ကုန်းဟောင်က သောက်သုံးမကျတဲ့ ဝက်မျက်နှာနဲ့ကောင်။ ဓားတစ်ချောင်း ချိတ်ပြီး ဟန်ရေးပြရင်း သုံးစား မရတဲ့ ခြေခွင်ကောင်။” မော့ရှန်းရှီ ပက်ပက်စက်စက် သရုပ်ဖော်ပြီး ဆဲတော့တယ်။
“…”
ပတ်ဝန်းကျင် တပည့်သားတွေ အားလုံးလဲ သူတို့ ဆဲရမယ့် ပြစ်မှတ်ကို သေချာ သိသွားခဲ့ပြီ။ နန်ကုန်းဟောင်ကို ဆဲရမှာပဲ။
“နန်ကုန်းဟောင်က အမှိုက်လိုကောင်။”
“လူယုတ်မာ။”
“လူလို့တောင် မခေါ်ထိုက်ဘူး။”
ကျိန်ဆဲသံတွေက ဒေါသတွေ ပါလာတော့တယ်။ မိစ္ဆာ နတ်ဆိုးတွေကတော့ ဆွံ့အ နေခဲ့ပြီ။ လူသားတွေက တခြားလူသားကို ဘာဖြစ်လို့ ဒီလောက်တောင် ဆဲနေ ကြတာလဲ။ ဒါက ရိုးရာလား။
တစ်စက်မှ မကြမ်းတမ်း ကြဘူးပဲ။ အခုချိန်မှာ လူသား မျိုးနွယ်ကို ကျိန်ဆဲနည်း သင်တန်းတောင် ဖွင့်ပေးချင်စိတ် ပေါက်နေကြပြီ။ လက်ရှိ အခြေအနေမှာတော့ ဘာလုပ်ရမယ်မှန်း မသိကြသေးဘူး။ သူတို့တွေ ဆက်ပြီး တိုက်ခိုက် သင့်သလား။
နန်ကုန်းမုက လူတစ်ယောက် တစ်ယောက် ဖြစ်နေမှတော့ သူတို့ ဘယ်လို နိုင်နိုင် တော့မှာလဲ။ ဒီတော့ ထိုင်ကြည့် နေရမှာလား။
တိုက်ခိုက်ရင်လဲ ရှုံးမယ် ဘာမှ မလုပ်ရင်လဲ ရှုံးမှာပဲ။ မိစ္ဆာ နတ်ဆိုးတပ်ဖွဲ့တွေ စိတ်ပျက် ကုန်ကြပြီ။ သူတို့ မျှော်လင့် ထားခဲ့တဲ့ နန်ကုန်းမုက လူသား တစ်ယောက် ဖြစ်နေခဲ့တယ်။
အခုချိန်မှာ ဘာလုပ်ရမလဲ။ သူတို့တွေရဲ့ အနာဂတ်ကရော ဘယ်မလဲ။
“အားလုံး သေကြ။ သေကြ။” နန်ကုန်းမု နောက်ထပ် ဂရုမစိုက်တော့ဘူး။ အားလုံးကို သူအရမ်း ဒေါသ ထွက်နေခဲ့ပြီ။
ဒီဆဲဆိုသံတွေက သူ့နှလုံးသားကို ဓားနဲ့ မွှန်းသလို ခံစားရတယ်။ တစ်ခွန်းချင်းစီတိုင်းက သူ့ကို နာကျင်စေတယ်။ ဒါ့အပြင် သူ့နှလုံးသားက သူ့အကိုရဲ့ နှလုံးသား။
“သေကြ။”
ဒေါသရဲ့ ရလဒ်ကတော့ ရူးသွပ်မှုပဲ။ နန်ကုန်းမုက ရူးသွပ်နေပြီ။ ရွှေရောင် သစ်ကိုင်းတွေ အများကြီးက ရွှမ်ယွမ်ဝူကို မတိုက်ခိုက်တော့ပဲ လူသား မဟာမိတ် ဘက်ကို ရောက်လာခဲ့တယ်။
“သူအောင်မြင်ပြီ။” ယွင်ချင်းဝူ အခုမှပဲ စိတ်အေး သွားရတော့တယ်။
“အောင်မြင်ပြီလား။ နန်ကုန်းမုက သစ်ပင်ကနေတောင် မခွာရသေးဘူး။” ပင်းယန် ပြောမိတယ်။
သူမ တွက်ချက်ထားသလောက် အရဆိုရင် ဖန်ကျန်းရှီက နန်ကုန်းမုကို အပြင် ထွက်လာစေဖို့ သွေးဆောင် နေတာပဲ။ အခုတော့ နန်ကုန်းမုက သစ်ပင် ထဲမှာပဲ ရှိသေးတယ်။
“ကြည့်ရတာ ငါတော့ မှားပြန်ပြီ။” ဝူယွဲ့အာက ပြောတယ်။
“နင် ဘာများ မှားလို့လဲ။” ပင်းယန် မေးတယ်။
“ဒီ နည်းလမ်းက ရလဒ် တစ်ခု မက ရလာစေတယ်။ ပြောရရင် နန်ကုန်းမု သစ်ပင်ထဲက ထွက်လာဖို့ မလိုဘူး။ သူကိုယ်တိုင်က သစ်ပင်ပဲ။”
“သူကိုယ်တိုင် သစ်ပင် ဖြစ်နေလို့ ထွက်လာဖို့ မလိုတာလား။” ပင်းယန် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း မေးတယ်။
“သူစတင် ရူးသွပ်တာနဲ့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင် တော့ဘူး။ လူသား မဟာမိတ်ကို တိုက်ခိုက် နေမှတော့ ရွှမ်ယွမ်ဝူလဲ သူ့ကိုတားဆီးဖို့ ဘယ်လိုတော့မလဲ။” ဝူယွဲ့အာ ထောက်ပြတယ်။
ရွှမ်ယွမ်ဝူက နေရာပြောင်းပြီး ပြေးဝင်တယ်။ ရွှေရောင် သစ်ကိုင်းတွေကို သူခုခံတယ်။
“ဝုန်း” နဂါး လက်သည်းတွေက သစ်ပင် ပင်စည်းကို အပေါက်တွေ ဖြစ်လာစေတယ်။
“အား။ ငါ မင်းကို သတ်မယ်။” နန်ကုန်းမု အော်ဟစ် နေချိန်မှာ သစ်ရွက်တွေက မိုးရွာသလို ကြွေကျတော့တယ်။ သစ်ရွက်တွေက လေထဲမှာ ဓားတွေလို အသွင်နဲ့ လှည့်ပတ်ကုန်တယ်။
ရွှမ်ယွမ်ဝူကတော့ နန်ကုန်းမုကို ပြန်တိုက်ခိုက်ချိန် မပေးပဲ အခွင့်အရေးကို အစွမ်းကုန် အသုံးချ နေခဲ့တယ်။ ပါးစပ်ဟပြီး သစ်ပင်ကြီးကို ခပ်ကြီးကြီး ကိုက်ချ ပြစ်တယ်။ သစ်ပင်ကြီးက အပေါက်အကြီးကြီး ဖြစ်သွားပြီးနောက် ရွှေရောင် အရည်တွေ စီးကျ လာတော့တယ်။
မြေပြင်မှာ ရွှေရောင် အရည်တွေက ဆက်ပြီး အပင်ပေါက်တယ်။ ဒါကို ရွှမ်ယွမ်ဝူ ဂရုစိုက်မနေ ခဲ့ဘူး။ နောက်တစ်ခေါက် နေရာ အတူတူကို တိုက်ခိုက်ပြန်တယ်။
“အဲ့တာ ရူးတာပဲ။”
“နဂါးကြီးက သစ်ပင်ကို ဖျက်စီး ချင်တာလဲ။”
“ဟုတ်မယ်။ မရပ်နဲ့ ဆက်ဆဲကြမယ်။”
တပည့်သားတွေ လန့်နေပင်မယ့် ဆဲဆိုတာကို မရပ်ခဲ့ဘူး။ အသံအကျယ်ဆုံး မြှင့်ပြီးတော့တောင် ဆဲနေ ကြသေးတယ်။
နန်ကုန်းမုရဲ့ နားထဲကို အသံတွေက ယင်ကောင် မြည်သံလို လာနှောက်ယှက်တယ်။ ဒါက သူ့စိတ် အခြေအနေကို အများကြီး ဆိုးဝါးစေတယ်။ ဒါပေမယ့် ရွှမ်ယွမ်ဝူက သူ့ကို အားအပြည့်နဲ့ တိုက်ခိုက် နေဆဲပဲ။
စိတ်ရော ခန္ဒာပါ ပြင်းထန်တဲ့ နှိပ်စက်မှုကို ခံစား နေရတဲ့ အတွက် နန်ကုန်းမုက မြင်မြင်သမျှ လူတိုင်းကို သတ်ချင်နေတယ်။ ရွှေနဂါးက သူ့ကို သတ်ခွင့် မပေးခဲ့ဘူး။ အရင်ဆုံး နဂါးကြီးနဲ့ တစ်ယောက်ချင်း ရှင်းချင်တယ်။ ဒါပေမယ့် ဆဲဆိုသံတွေကို သူသည်းမခံ နိုင်ပြန်ဘူး။
“ဖန်ကျန်းရှီ အရှက်မရှိတဲ့ကောင်။” နန်ကုန်းမု အရမ်းကို မတည်မငြိမ် ဖြစ်လာပြီး နှလုံးသားထဲမှာ ဒေါသ မီးတွေ တောက်လောင် လာတော့တယ်။ ဒါတွေ အားလုံးက ဖန်ကျန်းရှီ ကြောင့်ပဲ။
ဖန်ကျန်းရှီက ဒီပြဿနာမီးကို မွှေးခဲ့တဲ့သူ။
ဖန်ကျန်းရှီသာ စမပြောရင် သူလဲ အခုလို အခြေအနေ ရောက်မှာ မဟုတ်ဘူး။ သူကြံစည် ခဲ့သမျှ အားလုံး ရေစုန်မျော သွားခဲ့ ရပြီ။ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ။ အမှန်တရားက ခါးသီးလွန်းတယ်။
“ချီးမွမ်းတဲ့အတွက် ကျေးဇူးပဲ။” ဖန်ကျန်းရှီ လှမ်းအော်တယ်။ “နန်ကုန်းမု မင်းမှာ ရွေးချယ်စရာ ရှိသေးတယ်။ ငါနဲ့ ဝူဝေ့ဓားကို ကျောက်စိမ်းနီလာ ဓားတွေ သုံးပြီး တိုက်ခိုက်မလား။ မင်းရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်မလား။”
“..”
“မင်း ရှုံးသွားပြီးပြီ။ ဒီအတိုင်း သေမလား ငါနဲ့ တိုက်ခိုက်မလား။ ကြိုက်ရာရွေး။ ငါကတော့ ဘာမှ အရှုံးမရှိဘူး။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“ကောင်းပြီ။ ငါမင်းနဲ့ တိုက်ခိုက်မယ်။” နန်ကုန်းမု ဒေါသတကြီး နောင်တအသံနဲ့ လှမ်းအော်တယ်။
သစ်ပင်ကြီးကတော့ ချက်ခြင်း ကျုံ့ဝင်ပြီး ပျောက်ကွယ်သွား တော့တယ်။ အဲ့ဒီ့နောက် မြေပြင်ကနေ လူတစ်ယောက် ထွက်လာတယ်။ အခုချိန်မှာတော့ နန်ကုန်းမုက သူ့မျက်နှာကို ထုတ်ပြ နေပြီ။
အမာရွတ် တစ်ခုနဲ့ မျက်နှာပေါ်မှာ သွေးလို ရဲရဲနီနေတဲ့ မျက်ဝန်းတွေလဲ ရှိနေသေးတယ်။ သွေးမှော်စက်ဝန်း ပျောက်ကွယ် သွားပြီးနောက် တလက်လက် တောက်ပနေတဲ့ နတ်သစ်ပင်သာ သူ့မျက်ဝန်းထဲမှာ ကျန်ရှိတယ်။
“သူတကယ်ကြီး ထွက်လာတာပဲ။”
“ဒီတစ်လျောက်လုံး မြေကြီးထဲ သူပုန်းနေတာကို ငါဖြင့် မယုံနိုင်ဘူး။ သူကိုယ်တိုင်သာ ထွက်မလာရင် ရွှမ်ယွမ်ဝူက ပင်စည်ကိုပဲ တိုက်ခိုက်နေမှာ အသေအချာပဲ။“
လူသား မဟာမိတ် အဖွဲ့တွေ မြေကြီးထဲက ထွက်လာတဲ့ နန်ကုန်းမုကို ကြည့်ရင်း အလန့်တကြား ပြောနေခဲ့တယ်။
“ကျောက်စိမ်း နီလာဓားနဲ့ ဝူဝေ့ တိုက်ခိုက်တော့မှာလား။” ပင်းယန် လှမ်းကြည့်ရင်း တွေးနေခဲ့တယ်။
“အရှက် မရှိတဲ့ ကောင်စုတ်က ဒဏ်ရာ ရနေတာ။ ထရပ်ဖို့တောင် မလွယ်ဘူး။ ဆေးသောက်ထားပေမယ့် အခုလို အချိန်တို အတွင်းမှာတော့ နန်ကုန်းမုကို နိုင်နိုင်မှာ မဟုတ်သေးဘူး။”
အပိုင်း (၁၀၃၈) ပြီး၏။
အပိုင်း (၁၀၃၉)
“နည်းနည်းပါးပါး အရှက်ရှိစမ်း ပါအုန်း။”
..
ပင်းယန် စိတ်ပူနေတာ မမှားခဲ့ဘူး။ ဖန်ကျန်းရှီ နတ်သစ်သီးကို ထွေးထုတ်ချိန်တည်းက အတွင်း ကလီစာတွေ ဒဏ်ရာ ရထားခဲ့တယ်။ နန်ကုန်းမု ရိုက်တာကိုလဲ သူခံထားရတယ်။
အကယ်၍ ယွင်ချင်းဝူသာ သူ့ကို အဆိပ်ဆေး မပေးခဲ့ရင် အခုချိန်မှာ သူထရပ်ဖို့တောင် လွယ်မှာ မဟုတ်ဘူး။
“အင်း။ နန်ကုန်းမုက နတ်သစ်ပင်ကနေ ထွက်လာပေမယ့် စွမ်းအား ကြီးနေတုန်းပဲ။ ကျန်းရှီရဲ့ ဒဏ်ရာတွေနဲ့ ဆိုရင် နန်ကုန်းမုကို သူရှုံးလိမ့်မယ်။” ဝူယွဲ့အာလဲ ပင်းယန် ပြောတာကို ကြားချိန်မှာ ခေါင်းငြိမ့်လိုက်တယ်။ နန်ကုန်းမုက ဖန်ကျန်းရှီနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်နိုင်တယ်။
ဒါ့အပြင် နန်ကုန်းမုက နတ်သစ်ပင် သစ်သီး စွမ်းအားကြောင့် ပိုပြီး အင်အားကြီးနေ ခဲ့ပြီ။ ဖန်ကျန်းရှီ စွမ်းအား အပြည့် ရှိနေရင်တောင် နန်ကုန်းမုကို နိုင်နိုင်ချေ ၂၀%ပဲ ရှိတယ်။ အခုလို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အချိန်မှာ နန်ကုန်းမုကို ဘယ်လိုများ အနိုင် ယူနိုင်မှာလဲ။ ဒီပြိုင်ပွဲက ဖန်ကျန်းရှီ အတွက် တကယ့်ကို မျှော်လင့်ချက် မရှိဘူး။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ နန်ကုန်းမု ထွက်လာတာနဲ့ သူက တောက်တောက်ပပကြီး ပြုံးနေခဲ့တယ်။ ဝူဝေ့ဓားကို သူ့ရင်ဘတ်ရှေ့မှာ ကိုင်ထားတယ်။
“ဖန်ကျန်းရှီ မင်းသေချင် နေတာလား။” ဖန်ကျန်းရှီ အနားကို လျှောက်လာရင်း နန်ကုန်းမု မေးတယ်။
သူ့လက်ထဲမှာ ကျောက်စိမ်း နီလာ ဓားတွေကလဲ တောက်ပ နေခဲ့တယ်။ နန်ကုန်း မျိုးနွယ်ရဲ့ အထူးစွမ်းအင်။ ဒီအရှိန်အဝါ နှစ်ခုကို သူ့ရဲ့ အသက် စွမ်းအားနဲ့ ပေါင်းစည်းဖို့ နန်ကုန်းမု အစပိုင်းမှာ ကြိုးစားခဲ့တယ်။ အခုချိန်မှာတော့ နတ်သစ်ပင် သစ်သီးကို မျိုချ လိုက်တဲ့အတွက် သူ့ရဲ့ အတွင်းပိုင်း အသက်စွမ်းအားက မြင့်တက်လာပြီး ကျောက်စိမ်း နီလာ အနုပညာရဲ့ စွမ်းအားကပါ တိုးတက် လာခဲ့တယ်။
“နန်ကုန်းဟောင်က အသုံးကျတဲ့ -ျီးလိုကောင်။” ဖန်ကျန်းရှီကတော့ နန်ကုန်းမုကို ပြန်မဖြေပဲ လူသား မဟာမိတ် တပည့်သားတွေ ဘက်ကို လှည့်ပြီး ပုံမှန်အတိုင်း ဆဲလိုက်တယ်။
လူသား မဟာမိတ် တပ်ဖွဲ့တွေကတော့ ဖန်ကျန်းရှီကို စိုက်ကြည့် နေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီမှာ ရှိနေတဲ့ ဒဏ်ရာတွေကြောင့် အနိုင်ရဖို့ကို သူတို့တွေ အများကြီး မမျှော်လင့် ထားခဲ့ကြဘူး။
ဘယ်သူက အင်အားကြီးနေလဲ ဆိုတာ တစ်ချက် ကြည့်ရုံနဲ့တင် သိနိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဒဏ်ရာရ နေတဲ့အတွက် သူတို့တွေ မသေချာတော့ဘူး။ အကြောင်း အရင်းကတော့ ရှင်းပါတယ်။ ဖန်ကျန်းရှီက အံ့ဖွယ်ရာတွေ အများကြီးကို စွမ်းဆောင်နိုင်တယ်။
တာအို နိယာမ စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့တာကလဲ အံ့ဖွယ်ရာပဲ။ တောင်ပိုင်း ဒေသ တိုက်ပွဲမှာ နတ်ဆိုး စစ်သည်တော် တစ်သိန်းကို အောင်မြင်ပြီး သုခမိန် တစ်ဝက် အရှင်ချန့်ယန်းကို ဒဏ်ရာ ရအောင် လုပ်နိုင် ခဲ့တာကလဲ အံ့ဖွယ် ရာပဲ။
အခုချိန် အထိ ဖန်ကျန်းရှီက အံ့ဖွယ်ရာတွေ အများကြီးကို စွမ်းဆောင် နိုင်ခဲ့တယ်။ အလယ်ပေါင်းအိုး ကြီးထဲကနေလဲ အသက်ရှင်လျက် ထွက်လာ နိုင်ခဲ့တယ်။
ဒါ့အပြင် အစောပိုင်းမှာ နတ်သခင်တွေကို သူက ဆက်တိုက် သတ်ပြီး ယွင်ချင်းဝူကို နတ်သခင် ငါးယောက်ရဲ့ လက်ထဲကနေ ဖမ်းဆီး လာနိုင်ခဲ့တယ်။ ဖန်ကျန်းရှီ ရောက်လာတာနဲ့ ကိစ္စတွေအားလုံးက မှော်ဆန်ကုန် တော့တာပဲ။
အခုရော ဘယ်လို ဖြစ်မလဲ။ လူသား မဟာမိတ် အဖွဲ့နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အသက်တောင် မရှူဝံ့ပဲ စောင့်နေ ခဲ့ကြတယ်။ ဖန်ကျန်းရှီ နန်ကုန်းမုကို နိုင်နိုင်မလား ဆိုတာ သူတို့ မသိဘူး။ မေးခွန်းလဲ မထုတ်ဝံ့ကြဘူး။ ဖန်ကျန်းရှီက တကယ့်ကို အံ့ဖွယ် လူသား တစ်ယောက်လေ။
“ဖန်ကျန်းရှီ နိုင်မယ်လို့ မင်းထင်လဲ။”
“တခြားသူတွေသာ သူ့နေရာမှာ ရောက်နေရင်တော့ မနိုင်နိုင်ဘူးလို့ ဖြေရမှာပဲ။ အခုက ဖန်ကျန်းရှီ ဖြစ်နေတော့ ရလဒ်က မသေချာဘူး။”
“အမှန်ပဲ။ သူက အရှက်မရှိသလောက် ကံကောင်းလွန်းတယ်။ သူနိုင်မယ်လို့ ငါတော့ ထင်တာပဲ။”
“အတူတူပဲ။ သူက တိုက်ပွဲကို စခဲ့တဲ့ သူလေ။ နိုင်မယ်လို့ ယုံကြည်ချက် မရှိရင် သေချာပေါက် စမှာ မဟုတ်ဘူး မလား။”
“သူ့မှာ ဝှက်ဖဲ အကြီးကြီး ရှိနေတဲ့ ပုံစံပဲ။”
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက ဖန်ကျန်းရှီ တိုက်ပွဲမှာ ဘယ်လို အရှက်မရှိတဲ့ နည်းလမ်းတွေ သုံးမလဲလို့ ခန့်မှန်း နေခဲ့ကြတယ်။
“ဒီလောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာတောင် အနိုင်ရဖို့ ဖြစ်နိုင်မှာလား။” မုချင်းဖန်းလဲ သိချင်နေတယ်။ ဖန်ကျန်းရှီ မနိုင်နိုင်ဘူးလို့ တွေးမိပေမယ့်၊ စိတ်ထဲမှာတော့ အံ့ဖွယ်ရာ ကိစ္စတွေ နောက်ထပ် ဖြစ်လာဖို့ မျှော်လင့် နေပြန်တယ်။
“သူ့မှာ နည်းလမ်း ရှိမယ်လို့ ငါထင်တာပဲ။ မနိုင်နိုင်ရင် ဒီလို စပြီး စိန်ခေါ်မှာ မဟုတ်ဘူး။” မော့ရှန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။
“အင်း။ မင်းပြောတာမှန်တယ်။” မုချင်းဖန်း ခေါင်းငြိမ့်တယ်။
ဖန်ကျန်းရှီကို သူသိထားသလောက် အရဆိုရင် ဖန်ကျန်းရှီက သူယုံကြည်ချက် မရှိတဲ့ ကိစ္စကို လုပ်မှာ မဟုတ်ဘူး။ အစောကြီးတည်းက ထွက်ပြေး နေလောက်ပြီ။ ကိုယ့်သေတွင်း ကိုယ်တူးတာ မျိုးက ဖြစ်လာမှာ မဟုတ်ဘူး။
ဝုန်း။
ဖန်ကျန်းရှီ ဘယ်လို အရှက်မရှိတဲ့ နည်းလမ်းတွေ သုံးမလဲ ဆိုတာ ခန့်မှန်း နေကြချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။
နန်ကုန်းမုက အရမ်းကို ဒေါသထွက်ပြီး လူသတ်ချင်နေတာ သိသာနေတယ်။ ဖန်ကျန်းရှီက နန်ကုန်းဟောင်ကို ဆဲလိုက်တဲ့ အတွက် သူ့ဒေါသတွေက မိုးမီးလောင်မတတ် ကြီးမား သွားခဲ့ပြီ။
ကျောက်စိမ်း နီလာ လျှပ်စီးတွေ ကောင်းကင်က ကျဆင်းလာတယ်။ နန်ကုန်းမုရဲ့ လက်ဖဝါးပေါ်ကို ဆင်းသက်လာပြီးနောက် အစိမ်း အပြာ အလင်းတန်း နှစ်ခုက ပေါင်းစည်း သွားတော့တယ်။
“ဖန်ကျန်းရှီ သွားသေလိုက်။” နန်ကုန်းမုက လျှပ်စီးတန်း တစ်ခုလို လှုပ်ရှား နေခဲ့တယ်။ သူ့တကိုယ်လုံးကို နှစ်ရောင်ခြယ် လျှပ်စီးတွေက ဝန်းရံ ထားပြီး တောက်ပနေခဲ့တယ်။ ပင်လယ်ကြီးရဲ့ ဒေါသ ရေလှိုင်းတွေလို အရှိန်ပြင်းပြင်းနဲ့ ဖန်ကျန်းရှီဆီ သူပြေးဝင်လာတယ်။
လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ အတူတူ ပေါင်းထားပြီး နားကွဲမတတ် စူးရှတဲ့ အသံတွေလဲ ထွက်ပေါ် နေခဲ့တယ်။
“နေအုန်း ငါပြောစရာ ရှိတယ်။” ဖန်ကျန်းရှီလဲ နန်ကုန်းမုရဲ့ အရှိန်အဝါကြောင့် သိသိသာသာကြီးကို လန့်သွားခဲ့တယ်။ သူမုခုခံပဲ ချက်ခြင်း နောက်ဆုတ်တယ်။
“ဒီကောင် ဟာသတွေလုပ်တေနာပဲ။”
“သူ ဘာဆက်လုပ်မလဲ သိချင်လိုက်တာ။”
“သူ့အတွက် အကျိုးရှိ စေမယ့် စည်းမျဉ်း တစ်ခုခု လုပ်မယ် ထင်တယ်။”
လူသား မဟာမိတ် အဖွဲ့နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ ကြည့်ရင်း တွေး နေခဲ့တယ်။ ပင်းယန်နဲ့ ဝူယွဲ့အာလဲ အတူတူပဲ။ ဒါပေမယ့် နန်ကုန်းမုက မရပ်တန့် ခဲ့ဘူး။
ဖန်ကျန်းရှီ တားတဲ့ စကားကို သူမကြားတဲ့ အတိုင်းသာ ပြေးဝင်လာတယ်။ ဖန်ကျန်းရှီနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ တိုက်ခိုက်သူတွေက သေချာပေါက် ပုံမှန်အတိုင်း မပြုမူ သင့်ဘူး။ ဖန်ကျန်းရှီကို သတ်နိုင်ဖို့ အတွက် သေချာပေါက် အချိန် မဖြုန်းပဲ အချိန် မှီ တိုက်ခိုက်ရမယ်။
ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကြောင့် လှည့်စား မခံရဖို့ အတွက် ဒီနည်းလမ်းကိုသာ သုံးရမယ်။ သူ့ကို ချက်ခြင်း သတ်ပြီး အဆုံးသတ်ပြစ်။
“မဟုတ်ဘူး။ ငါ့တကယ့်ကို ပြောစရာ ရှိတာ။”
ဘန်း။ အားလုံးက နန်ကုန်းမုရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖန်ကျန်းရှီ သေတော့မယ်လို့ တွေးထား ချိန်မှာပဲ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက် ရတော့တယ်။
ဖန်ကျန်းရှီဆီကို ပြေးဝင် လာနေခဲ့တဲ့ နန်ကုန်းမုက သူနဲ့ တစ်ပေ တိတိ အကွာမှာ ရပ်တန့် သွားခဲ့တယ်။
“သူဘာဖြစ်လို့ ရပ်သွားတာလဲ။”
“ဖန်ကျန်းရှီကို သူမသတ်ဘူးလား။”
“ဘာတွေ ဖြစ်နေတာလဲ။ နန်ကုန်းမုက ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ။”
လူသား မဟာမိတ် အဖွဲ့နဲ့ မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ သူတို့ မြင်ရတာကို မယုံနိုင်ကြဘူး။ ဒီကိစ္စက ထူးဆန်းလွန်းတယ်။
ဒီတစ်ခေါက်မှာ နန်ကုန်းမု ရပ်တန့်အောင် ဘယ်လို မှော်အစွမ်းက စွမ်းဆောင် ခဲ့တာလဲ။
လူသား မဟာိတ် တပည့်သားတွေနဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက မကြာခင်မှာပဲ နန်ကုန်းမု အနောက်မှာ ကြီးမားတဲ့ အရပိကြီး ရှိနေတာကို သတိ ထားမိ သွားခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေက မျက်စိ ကျိန်းလောက်တောင် တောက်ပ နေတယ်။
ဒါကတော့ ရွှေနဂါး ရွှမ်ယွမ်ဝူပဲ။ ဒါပေမယ့် အခုချိန်မှာ သူက အရင်ကထက် ပိုပြီးတော့ ခံ့ညား နေခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေက သူ့တကိုယ်လုံးမှာ မျက်လုံး ကျိန်းလောက်အောင် နေမင်းကြီး တစ်စင်း အသွင် တောက်ပနေတယ်။
ဒါ့အပြင် ကြီးမားတဲ့ ရွှေရောင် တောင်ပံ တစ်စုံကလဲ သူ့နောက်ကျောမှာ ရှိနေခဲ့တယ်။ ဒီအတောင်ပံ တစ်စုံက ကြီးမားလွန်းလို့ ကောင်းကင်ကြီးကိုတောင် ဖုံးလွှမ်း သွားတော့မယ့် အတိုင်း ရှိနေခဲ့တယ်။ အတောင်ပံရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ တိုင်းမှာလဲ အလင်းတန်းတွေက စီးဆင်းနေတယ်။
“ဒဏ္ဍာရီထဲမှာ ဖော်ပြထားတဲ့ အတိုင်း ဧကရာဇ် ဟွမ်ရွှမ်ယွမ်က ရွှေရောင် အတောင်ပံနဲ့ နဂါးကို ပိုင်ဆိုင် ထားတာပဲ။” ဖန်ကျန်းရှီက နန်ကုန်းမု နောက်မှာ ရှိနေတဲ့ အရိပ်ကို ကြည့်ရင်း ပြုံးလိုက်တယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“ရွှမ်ယွမ်ဝူမှာ အတောင်ပံတွေ ဘာကြောင့် ရှိနေတာလဲ။”
“ဘယ်တုန်းက နန်ကုန်းမု နောက်ကို ရောက်လာတာလဲ။ ဖြစ်သွားတာတွေက မြန်လိုက်တာ။ ဘယ်ကနေ ထွက်လာမှန်းတောင် မသိရဘူး။”
လူသား မဟာမိတ်နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အရိပ်ကြီးကို မြင်ချိန်မှာ သဘောပေါက် သွားခဲ့တယ်။
“ရွှမ်ယွမ်ဝူရဲ့ ဗိုက်အောက်ဖက်ကို ကြည့်လိုက်။”
“အဲ့တာ ဒဏ္ဍာရီလာ ငါးခုမြောက် လက်ပဲ။”
“မိုးနတ်မင်းရေ။ အဲ့တာ ဒဏ္ဍာရီလာ လက်သည်း ငါးခု ရွှေနဂါးပဲ။”
နောက်ဆုံးမှာတော့ လူသား မဟာမိတ် တပည့်သားတွေက ကြည်လင်နေတဲ့ လက်သည်းကို မြင်လိုက်ာကတယ်။ ဒီလက်သည်းက ကျောက်မျက် ရတနာ တစ်ခုလို ကြည်လင် တောက်ပနေတယ်။ ဒါ့အပြင် တခြား လက်သည်းတွေလောက်လဲ မာကီးမားဘူး။
ပါဝင်နေတဲ့ စွမ်းအားတွေကတော့ လန့်စရာ ကောင်းတယ်။ သူ့ရဲ့ ပတ်ပတ်လည်မှာ အလင်းစက်ဝန်းကြီးလဲ တောက်ပ နေသေးတယ်။
ရွှေနဂါး ရွှမ်ယွမ်ဝူရဲ့ အတောင်ပံတွေက ကောင်းကင် အလင်းတန်းကို ဖုံးကွယ် ထားတာ ကြောင့်သာ မဟုတ်ရင် ရွှမ်ယွမ်ဝူရဲ့ လက်သည်းကို ဘယ်သူမှ သတိ ထားမိမှာ မဟုတ်ဘူး။
“မင်း မင်း။” နန်ကုန်းမု ဒူးထောက်လျက်သား ကျသွားခဲ့တယ်။
ဒီအချိန်မှာပဲ လူသား မဟာမိတ်နဲ့ နတ်ဆိုး မိစ္ဆာ တပည့်သားတွေ ဘာဖြစ်သွားမှန်း နားမလည်တဲ့ အတိုင်း ကြည့်နေခဲ့တယ်။
ရွှမ်ယွမ်ဝူက နန်ကုန်းမုကို အနိုင်ယူ လိုက်ပြီ။ နန်ကုန်းမုက ဖန်ကျန်းရှီကို သတ်တော့မယ့် အချိန် ရွှမ်ယွမ်ဝူ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရဲ့ ငါးခုမြောက် လက်သည်းကို သုံးရင်း နန်ကုန်းမု ခေါင်းကို ဖိထားလိုက်တယ်။
ဒီစွမ်းအားကို ဘယ်သူမှ သံသယ မဝင်ဝံ့ဘူး။ နန်ကုန်းမုလို အင်အားနဲ့ သူတောင် တစ်ချက်လေးမှ မရုန်းကန် နိုင်ပဲ လဲကျသွား ရတဲ့ အထိကို စွမ်းအားက ကြီးမားလွန်းတယ်။
အခုချိန်မှာ အားလုံးက ကြောက်လန့် လွန်းလို့ အသက်တောင် မရှူဝံ့ ကြတော့ဘူး။
သူတို့တွေ ဖန်ကျန်းရှီရဲ့ အရှက်မရှိ နိုင်စွမ်းကို တကယ် လျော့တွက် မိခဲ့တယ်။ ဖန်ကျန်းရှီက နန်ကုန်းမုနဲ့ တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ စိတ်ကူး မရှိခဲ့ဘူး။ သူက နန်ကုန်းမုကို အပြင်ထွက်လာအောင် မြားခေါ်ပြီး ရွှမ်ယွမ်ဝူကို တိုက်ခိုက် ခိုင်းစေချင်တာပဲ။
တကယ့်ကို ပြိုင်ဘက်ကင်း မျက်နှာပြောင် တိုက်တဲ့သူပဲ။
“ဟူး။ ငါပြောစရာ ရှိတယ်လို့ သတိ ပေးတာပဲ။ နဂါးတစ်ကောင် မင်းနောက်ကနေ အလစ်ဝင်တိုက်မယ့် အကြောင်း သတိ ပေးမလို့ကို မင်းက ငါ့စကားမှ နားမထောင်ပဲ။” ဖန်ကျန်းရှီ ခေါင်းကို တစ်ဖက် စောင်းရင်း စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။
လူသား မဟာမိတ် အဖွဲ့ကတော့ ဆွံ့အ နေကြပြီ။ ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ ပညာကို သူတို့တွေ ဘယ်တော့မှ လိုက်မှီ နိုင်မှာ မဟုတ်ဘူး။ ဖန်ကျန်းရှီက တမင်တကာ ပြောနေတာကို သူတို့ သိသားပဲ။
အာရုံလွှဲတဲ့ နည်းလမ်းကို သူက သတိပေးတဲ့ ပုံစံ ဖြစ်အောင် ပြောနေပြန်ပြီ။
ဒီကောင့်ကို မိုးကြိုးကြီးကြီးနဲ့ ပြစ်ချ ပေးပါ။
“ဒီတော့ ငါက မင်းကို အထင်လွဲ သွားတာပေါ့။” ရွှမ်ယွမ်ဝူက အောက်ကို ငုံ့ကြည့်တယ်။
“အဟွတ် ဟွတ်။ မင်းက ငါနဲ့ ကောင်းကောင်း ပူးပေါင်း တိုက်ခိုက်ခဲ့တာပဲ။” ဖန်ကျန်းရှီ ခေါင်းဟန့်ရင်း ဆက်ပြောတယ်။
“ဒါပေမယ့် မင်း အလစ်ဝင်တိုက်တဲ့ အဆင့်က သာမာန်ပဲ။ မတိုက်ခိုက်ခင် နှစ်ခေါက်တောင် သတိပေးခဲ့ ရတယ်။ ဒါလား နဂါးရဲ့ ဉာဏ်ရည်တဲ့။ ငါကိုက မျှော်လင့်ချက် ကြီးမိတာပါ။”
ရွှမ်ယွမ်ဝူရဲ့ ပါးစပ်ထဲကနေ ရွှေရောင် အလင်းတန်းတွေ ပြေးထွက် လာတော့တယ်။ သူဒါကို သည်းမခံ နိုင်ဘူး။ သူနှစ်ကြိမ်တောင် သတိ ပေးရတယ် ဆိုတာ ဘာကို ပြောချင်တာလဲ။ ဖန်ကျန်းရှီပဲ နန်ကုန်းမုနဲ့ တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်မယ်လို့ ပြောခဲ့တာ မဟုတ်လား။
အဆုံးမှာတော့ နန်ကုန်းမု နတ်သစ်ပင် ထဲကနေ ထွက်လာပြီး ကျောက်စိမ်း နီလာ အနုပညာကို သုံးပြီး ဖန်ကျန်းရှီကို အသေသတ် ဖို့ လုပ်ခဲ့တယ်။ ဖန်ကျန်းရှီကတော့ အဲ့ဒီ့ အချိန်မှာ နဂါးကြီးကို မျက်စိလှမ်းမှိတ်ပြတယ်။ မျက်စပြစ်တယ်။
လောကနံပါတ်တစ် သားရဲကောင် ရွှေနဂါး ရွှမ်ယွမ်ဝူက ဖန်ကျန်းရှီ ဒီလို စော်ကား ပြောဆို နေတာကို ဘယ်လိုများ သည်းခံ နိုင်မှာလဲ။ ဒါကြောင့်ဖန်ကျန်းရှီရဲ့ မျက်နှာ တည့်တည့်ကို မီးတွေ မှုတ်ထုတ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ပြင်ဆင် ထားပြီးသား။ အဝေးကို ထွက်ပြေး သွားတဲ့ အတွက် မီးတောက်တွေက သူ့အကျီ စကို နည်းနည်းသာ ထိမိတယ်။
ဖန်ကျန်းရှီက စိတ်ပျက် လက်ပျက် ပုံစံနဲ့ ဝူဝေ့ ဓားကို ဝေ့ယမ်းရင်း မီးငြိမ်းလိုက်တယ်။
“မင်းမြင်လား။ ဝူဝေ့ဓားက ဘာမှ မလုပ်ပင်မယ့် တစ်ခုခု လုပ်နေတယ်လို့ ပြောတာကို မှတ်မိတယ် မလား။ ဒါက တိုက်ခိုက်ဖို့ အတွက် အရိပ်အမြွက်လေ။ ခေါင်းကို သုံးရင် သိရမှာပေါ့။ ဟုတ်ပြီလား။ ထားလိုက်ပါတော့။ ငါ့လို သဘောထား ကြီးတဲ့ ပုဂ္ဂိုလ်က ဒီလို ကိစ္စလေး အတွက်နဲ့ နဂါးတစ်ကောင်ကို ပြောမနေတော့ဘူး။ တောင်းပန်တဲ့ အနေနဲ့ ဆုတောင်း သုံးခု မဟုတ်ပဲ လေးခု ပေးရင်ရော ဘယ်လိုလဲ။” ဖန်ကျန်းရှီက ဓားကို သိမ်းလိုက်ပြီးနောက် မျှော်လင့် တကြီးနဲ့ ပြောတော့တယ်။
“ထွက်သွားစမ်း။” ရွှမ်ယွမ်ဝူ ဒေါသ အရမ်း ထွက်နေပင်မယ့် မတိုက်ခိုက် ခဲ့ဘူး။ သတိလစ် နေတဲ့ နန်ကုန်းမုကိုသာ သူကြည့်နေခဲ့တယ်။
“နန်ကုန်းမုဆိုတဲ့ ဒီကလေးကို မင်း ဘာလုပ်ဖို့ တွေးထားလဲ။ သူ့ကို သတ်မှာလား။”
အပိုင်း (၁၀၃၉) ပြီး၏။
အပိုင်း (၁၀၄၀)
“ရှေးဟောင်း ဒဏ္ဍာရီ“
…
ရွှေနဂါး ရွှမ်ယွမ်ဝူက ဖန်ကျန်းရှီကို လှမ်းမေးတယ်။ သူ့ရဲ့ နဂါးလက်သည်းက အခုချိန်မှာ နန်ကုန်းမုကို ဖိမထားတော့ပဲ ဖန်ကျန်းရှီနဲ့ သူ့အလယ်မှာ ရောက်နေခဲ့ပြီ။ ဖန်ကျန်းရှီလဲ ရွှမ်ယွမ်ဝူရဲ့ စိတ်ကို သိတယ်။ နန်ကုန်းမုက ဧကရာဇ်ယန်ရဲ့ နောက်ဆုံး မျိုးဆက် ဖြစ်တဲ့ အတွက် သူ့လို ဧကရာဇ်ဟွမ်ရဲ့ သားရဲကောင်က ဒီမျိုးဆက် ပျက်သွားမှာကို မမြင်ရက်ခဲ့ဘူး။
ဧကရာဇ် နှစ်ပါးရဲ့ ရင်းနှီးမှုက ထူးခြားတယ်။ ကတောက်ကဆ ဖြစ်ခဲ့တာတွေ ရှိပေမယ့် သူတို့ရဲ့ ညီနောင် သားချင်း စိတ်ဓာတ်က မပြောင်းလဲ သွားခဲ့ဘူး။
နှစ်ပေါင်း ထောင်ချီ ကြာမြင့်ပြီးနောက် ဒီညီနောင် နှစ်ယောက်ရဲ့ ဆန္ဒကို ဧကရာဇ်ယန် မျိုးဆက်တွေက အထင်လွဲ သွားခဲ့တယ်။ သူတို့ နှစ်ယောက်က လောကကြီးကို အုပ်ချုပ်ဖို့ ယှဉ်ပြိုင် ခဲ့တယ်လို့ အားလုံးက ထင်ကြတယ်။ ဒါကြောင့် နန်ကုန်း မျိုးနွယ်တွေရဲ့ လုပ်ငန်းတာဝန် ဖြစ်လာ ခဲ့တော့တာပဲ။
ကျောက်ဖြာ နှစ်ခုက စာတွေကို ဖတ်ခဲ့ရတဲ့ အတွက် ဖန်ကျန်းရှီလဲ အထင်လွဲမှုတွေကို နားလည် သွားခဲ့ရပြီ။ နန်ကုန်းဟောင်၊ နန်ကုန်းမု၊ နန်ကုန်းထျန်းနဲ့ နန်ကုန်း မျိုးနွယ်တွေ အားလုံးက အထင်လွဲမှုကြောင့် ကိုယ့်ကိုယ်ကို စတေးခဲ့ကြတယ်။
“သူ့စွမ်းအားတွေကို ဖိနှိပ်ထားလို့ ရတဲ့ နည်းလမ်း ရှိလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။ နန်ကုန်းမုကို သူသတ်ဖို့ မလိုဘူးလေ။
နန်ကုန်းမုကလဲ ခံရသူ တစ်ယောက်ပဲ။ အခုချိန်မှာ လဲကျပြီး သတိလစ်နေပြီ။ နန်ကုန်းမုကလဲ သူ့မျိုးနွယ်ရဲ့ တာဝန်ကိုသာ အထင်လွဲ မသွားခဲ့ရင်၊ သူ့စရိုက်အရ ဒီလောက်ထိ ကြမ်းတမ်းနေမှာ မဟုတ်ခဲ့ဘူး။
“ရှိတယ်။” ရွှေနဂါးက တစ်ခဏတာ မျက်လုံးပြူး သွားပြီးနောက် ပြန်ဖြေတော့တယ်။
ဖန်ကျန်းရှီရဲ့ ဆုံးဖြတ်ချက်ကြောင့် သူသိသိသာသာကို အံ့သြ သွားခဲ့တယ်။ သူ့အတွက်တော့ နန်ကုန်းမုက ဖန်ကျန်းရှီကို သတ်ဖို့ ကျိန်ဆို ခဲ့တဲ့ အတွက် လွယ်လွယ် အလွတ်မပေးသင့်ဘူး။ ဒါက ရှေးဟောင်းခေတ်ရဲ့ သဘောထားပဲ။
အင်အားကြီး လူတွေက လေးစား ခံရတယ်။ ပြဿနာ ဖြစ်စေ နိုင်တဲ့ သူတွေကို အချိန် အကြာကြီး အသက်ပေး မရှင်သင့်ဘူး။
ဒါပေမယ့် ဖန်ကျန်းရှှီလဲ များများစားစား ရှင်းမပြခဲ့ဘူး။ အဲ့ဒီ့အစား ရွှေနဂါး ရွှမ်ယွမ်ဝူကိုသာ နန်ကုန်းမုရဲ့ စွမ်းအားတွေကို အတားအဆီး လုပ်ခိုင်းနေတယ်။ ရွှမ်ယွမ်ဝူတင် မကဘူး။ တခြား မျိုးနွယ်စုတွေ အားလုံးလဲ စိတ်ရှုပ်နေခဲ့တယ်။
“သူ့ကို ဘာဖြစ်လို့ တစ်ခါတည်း မသတ်လိုက်တာလဲ။”
“နန်ကုန်းမုလို လူသား မျိုးနွယ်ကို သစ္စာ ဖောက်ခဲ့တဲ့ သူက သေဖို့ သင့်တယ်။”
“ဒီကောင်က မိစ္ဆာ နတ်ဆိုး နတ်သခင်တွေကို သတ်ခဲ့တဲ့သူ။ သေသင့်တယ်။”
လူသား မဟာမိတ် အဖွဲ့နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ အားလုံးက နန်ကုန်းမုကို သေစေချင်ကြတယ်။ နောက်ဆုံးတော့လဲ နန်ကုန်းမုက လူသား မျိုးနွယ်ရဲ့ သစ္စာဖောက်တင် မကဘူး။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ ရန်သူလဲ ဖြစ်နေတယ်။
အနိုင်ရသူက ဘုရင် ဖြစ်လာတယ်။ ရှုံးနိမ့်သူက သူပုန် ဖြစ်သွားတယ်။ ဒီကိစ္စကို ရှင်းပြဖို့ ဒါက အကောင်းဆုံး အဖြေပဲ။
ရှေးဟောင်း ဆိုရိုးစကား ရှိတဲ့ အတိုင်း လူတစ်ယောက်ရဲ့ အောင်မြင်မှုက ထောင်ချီတဲ့ အသက်တွေကို ပြောင်းလဲ နိုင်တယ်။ ဒီစကားက ဧကရာဇ်တွေ စစ်သူကြီးတွေ အတွက် ဖော်ပြတဲ့ အခြေအနေ တစ်ခုပဲ။
စစ်သူကြီး သို့မဟုတ် ဧကရာဇ် ဖြစ်သွားခဲ့ရင် ဒီလူတွေက အရာ အားလုံးကို အပေါ်စီး ကနေသာ ကြည့်ကြတယ်။ ဒါကြောင့် မကြာခင် အချိန်မှာပဲ လူတွေ မုန်းတီးတာကို ခံရတော့တယ်။
နန်ကုန်းမုကတော့ ဆုံးဖြတ်ချက် မပြတ်သား ခဲ့တဲ့ အတွက် ရှုံးနိမ့် ခဲ့ရပြီ။
“မူး။” ရွှမ်ယွမ်ဝူရဲ့ အသံကို ကြားလိုက်ရ တော့တယ်။ လူသား မဟာမိတ်နဲ့ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေလဲ ချက်ခြင်း ပါးစပ် ပိတ်သွားခဲ့တယ်။ “ငါ ဒီမှာ ဆုံးဖြတ်ချက် ချနေတယ်။ မင်းတို့တွေက ဘယ်လိုကြောင့်များ ကိုယ်ထင်ရာ ပြောနေကြတာလဲ။”
အားလုံးက ရွှမ်ယွမ်ဝူရဲ့ အစွမ်းကို မျက်မြင် တွေ့ခဲ့ ပြီးပြီ။ နန်ကုန်းမုလို အင်အားကြီးတဲ့ သူတောင် သူ့အစွမ်းကို မခံယူ နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီနဂါး လက်ထဲမှာ သူတို့ ချက်ခြင်း သေသွားနိုင်တယ်။
“ငါမင်းကို မေးစရာ မေးခွန်း ရှိတယ်။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“မေးလေ။” နဂါးကြီး ခေါင်းငြိမ့်တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို သူခန့်မှန်း နိုင်တယ်။
“ဒါက ဧကရာဇ် ဟွမ်ရွှမ်ယွမ်ရဲ့ ဂူဆိုတာ အမှန်ပဲလား။”
“ဟွန်း။” ရွှမ်ယွမ်ဝူကတော့ မပြတ်မသား ပြန်ဖြေတယ်။ ဒီအဖြေကို သူမဖြေချင်ဘူး။ ဖန်ကျန်းရှီလဲ ရွှမ်ယွမ်ဝူရဲ့ ခံစားချက်ကို နားလည်နိုင်တယ်။ ဧကရာဇ် ဟွမ်ရွှမ်ယွမ်က သူ့ရဲ့ ပိုင်ရှင်ပဲ။ ဒါပေမယ့် အာကာသထဲကို ရောက်သွားပြီးနောက် သူရဲ့ မူလ ကမ္ဘာကို မပြန်နိုင်ခဲ့ဘူး။ ဒီကိစ္စက ရှက်စရာ ကောင်းတယ်။
ဖန်ကျန်းရှီက အသေးစိတ်ကို မပေးခဲ့ဘူး။ ပတ်ပတ်လည်ကိုသာ တစ်ချက် လှည့်ကြည့်လိုက်တယ်။
“ဧကရာဇ်ဟွမ်ရဲ့ အုတ်ဂူ ဖြစ်နေမှတော့ ထွက်လမ်းကို မင်းသိတယ် မလား။”
“သိတယ်။”
“ဘယ်လို သွားရမလဲ။“
“လာလမ်း အတိုင်း ပြန်လေ။”
“..” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။ ပြန်ထွက်ဖို့ အတွက် လာလမ်း အတိုင်း ပြန်ရမယ်တဲ့လား။ ဒီလောက် အဆုံးထိ လာပြီးတော့မှ ရောက်အောင် လာနိုင်တဲ့ သူအတွက် ဆုလဒ်တောင် မရှိဘူးပေါ့။ ကပ်စေးနည်းလိုက်တာ။
ဖန်ကျန်းရှီ နည်းနည်းတော့ မကျေမနပ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ရွှမ်ယွမ်ဝူ ပြောနေမှတော့ ဒါက အမှန်ပဲ ဖြစ်မှာပါ။
“ဒါဆို သွားကြစို့။”
“တကယ်ကြီးလား။ လာလမ်း အတိုင်း ပြန်သွားဖို့ အပြင် နောက်ထပ် နည်းလမ်း တစ်ခုတော့ ရှိသေးတယ်။” ရွှမ်ယွမ်ဝူက ပြောတယ်။
“ငလူးပဲ။ ဖြတ်လမ်း ရှိမှာ သိသားပဲ။ မြန်မြန်ပြော။ တဟွမ် ဆေးလုံးလား။ ဒါမှမဟုတ် ဧကရာဇ်ဟွမ် ချန်ထားခဲ့တဲ့ ဒဏ္ဍာရီလာ နည်းလမ်း တစ်ခုခုလား။” ရွှမ်ယွမ်ဝူ အရူးလုပ်တာကို ခံလိုက်ရမှန်း ဖန်ကျန်းရှီ သိတယ်။
ဒီလို ဧကရာဇ်ဟွမ်ရဲ့ ဂူမှာ ဘယ်လိုလုပ် ရတနာ မရှိပဲ နေမှာပဲ။ ထူးဆန်းလိုက်တာ။
“နည်းလမ်း မရှိဘူး။ ရတနာပဲ ရှိတယ်။” ရွှေနဂါး ရွှမ်ယွမ်ဝူက တစ်ခဏတာ တွေေ၀ နေပင်မယ့် နောက်ဆုံးမှာတော့ ပြောပြ ခဲ့တယ်။
“ဘာရတနာလဲ။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ တောက်ပ လာတော့တယ်။
ဧကရာဇ် ဟွမ်ရဲ့ ရတနာက သေချာပေါက် ထူးခြား နေမှာပဲ။ ဒဏ္ဍာရီလာ ရွှမ်ယွမ်ဓား ဒါမှမဟုတ် ခေတ်ပြိုင်ရတနာ တစ်ခုခု ဖြစ်နိုင်တယ်။ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကိစ္စပဲ။
“ခန့်မှန်းကြည့်။” ရွှမ်ယွမ်ဝူက ဖန်ကျန်းရှီကို မျက်စိ မှိတ်ပြတယ်။
ငလူး။ ဘာကို ခန့်မှန်း ရမှာလဲ။ လောကမှာ ရတနာပေါင်း သန်းနဲ့ ချီပြီး ရှိနေတာကို ဘယ်လို ခန့်မှန်း ရမှာလဲ။
“အင်း။ မင်းမှာ အခွင့်အရေး သုံးခု ရှိတယ်။ မှန်အောင် မှန်းနိုင်ရင် အဖြေကို ပြောပြဖို့ တွေးပေးမယ်။ မမှန်ရင်တော့ ကိုယ့်ထိုက်ကိုယ့်ကံပေါ့။”
“ရွှမ်ယွမ်ဝူ။ ပွဲမစခင် အရင်ဆုံး ပွဲဖျက်နေတာလား။”
“ဘာတုန်း မင်းက တိုက်ခိုက်ချင်တာလား။ ချမလား။”
“..” ဖန်ကျန်းရှီ တကယ်ပဲ ရွှမ်ယွမ်ဝူနဲ့ တိုက်ခိုက် ချင်ပေမယ့်၊ သူ့ဒဏ်ရာတွေကြောင့် မလုပ်နိုင် ခဲ့ဘူး။ တိုက်ခိုက်ခဲ့ရင် သူ့ကိုယ်သူ နှိပ်စက်ရာ ရောက်လိမ့်မယ်။
“ဆုတောင်း တစ်ခုနဲ့ လဲရင်ရော ဘယ်လိုလဲ။” ဖန်ကျန်းရှီ သေသေချာချာ တွေးတော ပြီးနောက် ဆုတောင်း တစ်ခုကို စတေးဖို့ ဆုံးဖြတ်လိုက်တယ်။
“မရဘူး။”
“လဲလို့ မရဘူးလား။” ဒီလို ရတနာ အကြောင်း လှည့်စားနေတာ ဆုတောင်းတွေနဲ့ လဲချင်တာကြောင့်လို့ ဖန်ကျန်းရှီ ထင်ထားခဲ့တာလေ။ ကြည့်ရတာ မဟုတ်တဲ့ ပုံပဲ။
“ဧကရာဇ်ဟွမ် ချထားတဲ့ စည်းမျဉ်း ရှိတယ်။ အကယ်၍ ငါသာ အပြင်ကို ထွက်နိုင်ခဲ့ရင် ငါ့ကို လွှတ်ပေးတဲ့ သူကို သုံးခေါက် ခန့်မှန်း ခိုင်းရမယ်။ ခန့်မှန်းတာ မှန်သွားရင် ရတနာကို ပေးရမယ်။” ရွှမ်ယွမ်ဝူ ဆက်ပြောတယ်။
“မင်းရဲ့ ဆုတောင်း သုံးခုနဲ့တော့ လဲလို့ ရတာပေါ့။”
“ငလူး။” ဖန်ကျန်းရှီ နောက်ဆုံးမှာ နားလည် သွားခဲ့ပြီ။ ဒီနဂါးက သူ့ကို ဈေးကိုင်နေတာပဲ။ ဆုတောင်း သုံးခုနဲ့ လာပြီး ဈေးကိုင်နေတဲ့ နဂါးက တကယ့်ကို ရက်စက်တယ်။
“ဒီတော့ နဂါးရဲ့ ဉာဏ်ကို မင်းသိပြီလား။” ရွှမ်ယွမ်ဝူ ပြုံးပြုံးကြီး ပြောတယ်။
ရှေးဟောင်း ဆိုရိုးစကား ရှိတဲ့ အတိုင်း ယောကျာ်းကောင်းတို့ ကလဲ့စား ဆယ်နှစ်နေလဲ နောက်မကျ။ အချိန်ကောင်း ရောက်မှ သေချာ ရိုက်ချပြစ်မယ်။
ဖန်ကျန်းရှီကတော့ နောက်ထပ် စကား မပြောချင်တော့ဘူး။ ဒီနဂါးက ကောက်ကျစ်လွန်းတယ်။
ဖန်ကျန်းရှီလဲ နဂါးကို ဘာမှ မလုပ်နိုင်ဘူး။ သုံးခေါက် ခန့်မှန်းဖို့ပဲ ရှိမယ်။
“ရွှမ်ယွမ် ဓားလား။” ဧကရာဇ်ဟွမ်ရဲ့ အင်အား အကြီးဆုံး လက်နက်ကို ဖန်ကျန်းရှီ မှတ်မိတယ်။ ဒီတော့ ရတနာက အဲ့ဒီ့ဓား ဖြစ်နိုင်တယ်လေ။
ဖန်ကျန်းရှီ မသေချာပေမယ့် ပထမဆုံး မှန်းကြည့်လိုက်တယ်။
“မဟုတ်ဘူး။” ရွှမ်ယွမ်ဝူ ခေါင်းခါရင်း ပျော်ပျော်ကြီး ပြုံး နေခဲ့တယ်။
“မင်း နှစ်ခေါက် မှန်းလို့ ရသေးတယ်။ အခွင့်အရေးကို တန်ဖိုးထား။”
“..” ဖန်ကျန်းရှီလဲ နဂါးကို လက်ခလယ်သာ ထောင်ပြပြီး ကျိန်ဆဲ နေမိတယ်။
အဲ့တာ ရွှမ်ယွမ်ဓား မဟုတ်ရင် ဘာဖြစ်နိုင်မလဲ။ ဝူယွဲ့အာကို လှမ်းကြည့်တယ်။ သူမက ရတနာတွေ အကြောင်းကို နည်းနည်းတော့ နားလည်တယ်လေ။
“အကြံပေးကြည့်။” ဖန်ကျန်းရှီ လှမ်းပြောတယ်။
“ငါလဲ မတွေးတတ်ဘူး။ ဒါပေမယ့် နဂါးက ဆုတောင်း သုံးခုနဲ့ လဲချင် နေမှတော့ သေချာပေါက် အားကောင်းတဲ့ ရတနာပဲ ဖြစ်ရမယ်။” ဝူယွဲ့အာ ပြောတယ်။
“သူပြောတာ မှန်တယ်။ ဒီရတနာက အရမ်းကို ထူးခြားတယ်။ ကျန်းရှီ။ မင်း ဆုတောင်း သုံးခုနဲ့ လဲလိုက်ပါလား အရမ်းတန်တယ်။” ရွှမ်ယွမ်ဝူ ချက်ခြင်း ဝင်ထောက်ခံတယ်။ ဖန်ကျန်းရှီကတော့ အားလုံးကို လျစ်လျူရှု ထားခဲ့တယ်။
အရူးမှပဲ ဒီလို လဲလိမ့်မယ်။ နဂါးက ဘယ်သူ ပိုစိတ်ရှည်မလဲ ပြိုင်နေတာ အသိသာကြီး။
ဖန်ကျန်းရှီကတော့ ရွှမ်ယွမ်ဝူ့ကိုသာ ဒါတွေ ပေးလိုက်မယ် ဆိုရင် သူက ဂူထဲမှာ ဖန်ကျန်းရှီ တို့ကို ထားခဲ့ပြီး ရတနာကို ယူရင်း ထွက်သွားမှာပဲ။ သူသိပင်မယ့် နဂါးကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူ့အချိန်တွေကို ဒီဂူစောင့် နဂါးနဲ့ ဖြုန်းနေဖို့ စိတ်မရှည်ဘူးလေ။ ဝူယွဲ့အာကို သူလှမ်းကြည့်ပေမယ့် ဝူယွဲ့အာက ပါးစပ်ပိတ် နေခဲ့တယ်။ သူမလဲ မတွေးတတ် ပုံပဲ။
ဖန်ကျန်းရှီက ပင်းယန်ကို လှမ်းကြည့်တယ်။ ပင်းယန်ရဲ့ မျက်ဝန်း တောက်တောက်တွေက ဆက်တိုက် အရောင်တွေ လင်းလက် နေပြီး သူမ ဆက်တိုက် ဖြေတော့တယ်။
“အရွယ်အစားကို လိုသလို ပြောင်းနိုင်တဲ့ ရူယိ ရွှေတုတ်ချောင်း။”
“ဘာရူယိ။ လာတုတ်ချောင်းလဲ။ ဘယ်က ဟာသတွေ လာပြောနေတာလဲ။” ဖန်ကျန်းရှီ ချက်ခြင်း ထအော်တော့တယ်။
အဲ့တာက အနောက်အရပ်သို့ ခရီး သွားခြင်းလေ။ ပင်းယန်ကို ဒီအကြောင်း ပြောပြ ခဲ့ပင်မယ့် ဒါက ရှေးခေတ်နဲ့မှ မဆိုင်ပဲ။ အဲ့ဒီ့ နေရာမှာ တစ်ခုခု ဖြစ်ခဲ့တာ ရှိလိမ့်မယ်။
“မဟုတ်ဘူးလား။ ဒါဆို ရွှေမြင်းခွာပဲ ဖြစ်ရမယ်။ နဂါးရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ တစ်ခုလေ။ ငါဘယ်လောက် တော်လိုက်သလဲ။” ပင်းယန်က ဖန်ကျန်းရှီ ဆူတာကို စိတ်ထဲ မထားပဲ စိတ်လှုပ်ရှားမှု အပြည့်နဲ့သာ ဆက်ပြောနေ ခဲ့တယ်။
“မမှန် သေးဘူးလား။ ဒါဆိုရင် သံချပ်ကာ ဖြစ်နိုင်တယ်။ မပျက်စီး နိုင်တဲ့ ရွှေသံချပ်ကာ။ မီးရော ရေရော ကွင်းတယ်။ နဂါး သံချပ်ကာလို့လဲ ခေါ်တယ်လေ။”
“..”
“လျှပ်စီးနဲ့ မိုးကြိုးတွေကို ထိန်းချုပ်နိုင်ပြီး ခမ်းနားလွန်းတဲ့ လျှပ်စီးလှံ။”
“..” မရပ်မနားတမ်း ပြောနေတဲ့ ပင်းယန်က မှီခိုလို့ မရနိုင်မှန်း ဖန်ကျန်းရှီ နားလည် သွားခဲ့တယ်။ အကယ်၍ သူပြောတဲ့ အတိုင်းသာ လိုက်ပြောနေရင် အခွင့်အရေး နှစ်ခု အလဟသတ် ဖြစ်သွားလိမ့်မယ်။ နောက်ဆုံးမှာတော့ အဖြေကို နောက်ဆုံး ဆန္ဒ နှစ်ခုနဲ့ လဲလိုက်၇မယ်။
ဖန်ကျန်းရှီလဲ နောက်ဆုံးမှာတော့ ယွင်ချင်းဝူ ဘက်ကို လှည့်လာ ရတော့တယ်။
ယွင်ချင်းဝူက ဒီနေရာမှာ အားကိုးလို့ ရနိုင်တယ်။ ဒါ့အပြင် အသေးစိတ် အချက်အလက် လေးတွေကိုလဲ သူက သတိ ထားမိတယ်။ ဖန်ကျန်းရှီတောင် ယွင်ချင်းဝူလောက် ဒီနေရာမှာ မတော်ဘူး။
ဒါကြောင့် ကံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ့ကို အဖြေ မေးလို့လား။” ယွင်ချင်းဝူ နားလည်တယ်။
“ငါတို့တွေက တစ်ဖွဲ့တည်း ဖြစ်နေတုန်း မလား။ မင်းပြောခဲ့တယ်လေ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“အခုထိလား။”
“မဟုတ်တော့ဘူးလား။”
“တကယ်ပဲ တစ်ဖွဲ့တည်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် နန်ကုန်းမုက မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို မအုပ်ချုပ်တော့ဘူး။ ငါတို့ ရှုံးသွားပြီ။ နောက်ထပ်လဲ မဆုတ်ခွာ နိုင်တော့ဘူး။ ဒီနေရာမှာ နင်သတ်ရင် ခံရမယ့် အခြေအနေ ဖြစ်နေပြီ။ ဒါကြောင့် ငါ့ကို နင် စိတ်ပူ စရာ မလိုပဲ သတ်ချင်ရင် သတ်တော့။” ယွင်ချင်းဝူ ပြန်ဖြေတယ်။
ဖန်ကျန်းရှီလဲ မျက်လုံး ပြူးရင်း မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို လှမ်းကြည့်လိုက်တယ်။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ အကြောက်တရားကို မြင်နေရတယ်။
ဟုတ်တယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ကြောက်နေကြတယ်။
ယွင်ချင်းဝူ ပြောသလိုပဲ ဖန်ကျန်းရှီနဲ့ လူသား မဟာမိတ် တပ်ဖွဲ့တွေက အခုချိန်မှာ အသာစီး ရနေခဲ့ပြီ။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက သူတို့ သတ်မယ် ဆိုရင်တောင် ပြန်တိုက်ခိုက်ဖို့ အင်အား မရှိတော့ဘူး။ ဒါပေမယ့် သူတို့ကို သတ်ဖျို့ လွယ်မှာလား။
ဖန်ကျန်းရှီ ဒီလောက်ထိ မအသေးဘူး။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေက အင်အားများလွန်းတယ်။ သူတို့တွေ သေချာပေါက် တစ်ခုခု လုပ်ကြမှာပဲ။ ဒီနေရာမှာ သွေးချောင်းစီး ကုန်လိမ့်မယ်။
လူသား မဟာမိတ်တွေကို ရွှမ်ယွမ်ဝူ ကူညီရင်တော့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ သေကျေကြလိမ့်မယ်။ ဖန်ကျန်းရှီ စဉ်းစားရင်း တိတ်ဆိတ် သွားခဲ့တယ်။ ယွင်ချင်းဝူကို အလွယ်လေး အနိုင်ယူဖို့ သူတွေးကြည့် ပေမယ့် မဖြစ်နိုင် ခဲ့ဘူး။
“ငါတို့တွေ ရတနာ အကြောင်း ပြန်ဆက်ရအောင်။ မှန်အောင် ခန့်မှန်းနိုင်ဖို့ မင်း ဘယ်လောက် ယုံကြည်ချက် ရှိလဲ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ရတနာကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။
“၁၀၀ ရာခိုင်နှုန်း။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။
“မင်း ဒီလောက်ကြီး ဟန်မဆောင် ပါနဲ့လား။” ဖန်ကျန်းရှီ ပြောလိုက်ရင်း စိတ်ထဲမှာ သတိ ထားမိသွားတယ်။
“အဲ့ စကားက ငါ့စကားလိုပဲ။”
အပိုင်း (၁၀၄၀) ပြီး၏။