← Chapters

အပိုင်း (၁၀၄၁-၁၀၅၀)

Vol. 11 Ch. 1041-1050

အပိုင်း (၁၀၄၁-၁၀၅၀)

Vol. 11 Ch. 1041-1050

အပိုင်း (၁၀၄၁)

“ထိုက်ယိရွှမ် အမှတ်အသား။”

..

“ငါ့ကို မယုံဘူး ဆိုရင် ကိုယ့်ဘာကိုယ် ခန့်မှန်းလေ။” ယွင်ချင်းဝူက သူ့ကို အတင်း မယုံခိုင်းခဲ့ဘူး။

ဖန်ကျန်းရှီ တိတ်ဆိတ်သွားခဲ့ တော့တယ်။ ယွင်ချင်းဝူ အကြောင်းကို သူကောင်းကောင်း သိတယ်။ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အ၀ မရှိရင် လှုပ်ရှားမှာ မဟုတ်ဘူး။ မ

ဒါ့အပြင် အခုချိန်မှာ လိမ်လို့လဲ အကျိုး မထူးဘူး။ ယွင်ချင်းဝူသာ အဖြေ မှားသွားခဲ့ရင် ရွှမ်ယွမ်ဝူက ရတနာကို ဖန်ကျန်းရှီဆီ လက်ဆင့် ကမ်းပေးမှာ မဟုတ်ဘူး။

“ကမ်းလှမ်းချက်ကို ပြော။” ယွင်ချင်းဝူ အခုချိန်မှာ သူ့ဗီဇအတိုင်း ကမ်းလှမ်းချက် လုပ်မှာကို ဖန်ကျန်းရှီ သိတယ်။

“သူတို့ကို လွှတ်ပေး။” မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို ယွင်ချင်းဝူ လက်ညှိုးထိုး ပြတယ်။

“သူတို့ကို လွှတ်ရမှာလား။”

“မဖြစ်နိုင်ဘူး။”

“သူပြောတာကို သဘောမတူနဲ့။”

လူသား မဟာမိတ် အဖွဲ့သားတွေ ချက်ခြင်း ပြောကြတော့တယ်။

“မိစ္ဆာ ဘုရင်တွေ အားလုံးက လူသား မဟာမိတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီ။ သတ်မလား ထောင်ချမလား ဆိုတာ နင် ဆုံးဖြတ်လို့ ရတယ်။ နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေလဲ လှုပ်ရှားနေတာ ရပ်လိုက်ပြီ။” ယွင်ချင်းဝူ ပြောတယ်။

မော့ရှန်းရှီနဲ့ မုချင်းဖန်းလဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ ဒီမျိုးနွယ် နှစ်ခုက လူသားတွေ အတွက်တော့ ခြိမ်းခြောက် မှုကြီးပဲ။ ဒါပေမယ့် အားလုံးကို တစ်နေရာတည်းမှာ သတ်ပြစ်ဖို့ ကတော့ ရက်စက်ရာ ရောက်လွန်းတယ်။ လောကမှာ ဖြစ်တည်မှုတိုင်းက အသက်ရှိတယ်။

အကယ်၍ ကိစ္စတွေသာ ယွင်ချင်းဝူ ပြောတဲ့ အတိုင်း ဖြစ်လာ လို့ကတော့ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်မှာမှန်း သိကြတယ်။ နောက်ဆုံးတော့လဲ လူသားတွေက လောကကြီးကို အနှောက်အယှက် မရှိ ပြန်အုပ်ချုပ် နိုင်တော့မယ်လေ။

“ဖန်ကျန်းရှီ ဒီတောင်းဆိုချက်က လက်ခံလို့ ရတယ်လို့ ငါထင်တယ်။ ဒါပေမယ့် မိစ္ဆာ မျိုးနွယ် က မဟာနွံအိုင်ထဲကို ပြန်ရမယ်။ နတ်ဆိုးတွေလဲ သွေးအရိပ် မြို့တော်ကို ပြန်ရမယ်။ နောက်နှစ်တစ်ရာ အထိ ထွက်မလာရဘူး။” မုချင်းဖန်းက ဝင်ပြောတယ်။

“ကောင်းပြီ။” ယွင်ချင်းဝူ ချက်ခြင်း သဘောတူလိုက်တယ်။ သူတို့တွေကို အသက်ရှင်ဖို့ တောင်းဆိုတာတင် များလွန်း နေပြီလေ။

“မင်း င့ါကို လွှတ်ပေးဖို့ ဘာလို့ အသနား မခံတာလဲ။” ဖန်ကျန်းရှီ မေးတယ်။

“မလိုဘူးလေ။” ယွင်ချင်းဝူ ခေါင်းခါပြီးနောက် သူ့မျိုးနွယ်တွေကို တစ်ချက် လှမ်းကြည့်တယ်။ “ဘယ်လိုပဲ ဖြစ်ဖြစ် နင်တို့တွေက ငါ့ကို အလွတ်ပေးမှာမှ မဟုတ်ပဲ။”

“…”

“…”

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ချက်ခြင်း တိတ်ဆိတ် သွားကြတယ်။ သူတို့တွေ အရမ်းကို ဝမ်းနည်း နေခဲ့ပြီ။ နောက်တစ်ကြိမ် ရှုံးရပြန်ပြီ။ ဒါ့အပြင် လုံးဝကို အသာစီး ရနေပြီးချိန်မှ ရှုံးရတာ မကျေနပ်စရာ ကောင်းလွန်းတယ်။

ငိုကြွေးသံတွေ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ စီက ဆက်တိုက် ထွက်ပေါ် လာတော့တယ်။ အခုချိန်မှာ စိတ်ဓာတ် ခိုင်မာလွန်းတဲ့ မိစ္ဆာ ကြီးတွေတောင် ငိုနေခဲ့ပြီ။

ယွင်ချင်းဝူက သူတို့ အသက်ကို ကယ်တင် ခဲ့တယ်။

ဒါပေမယ့် သူ့အသက်ကိုတော့ သူမကယ်တင် နိုင်ခဲ့ဘူး။ အခုတော့ လူသားတွေ လက်ထဲမှာ သူမ သေတော့မှာကိုပဲ သူတို့တွေ ထိုင်ကြည့် နေရတော့မယ်။

“အရှင် သခင်ငယ်”

“ဧကရီငယ်။”

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အကုန် ဒူးထောက် လိုက်ကြပြီ။ ဘယ်သူကမှ မော့မကြည့်ခဲ့ဘူး။ ပတ်ဝန်းကျင် တစ်ခုလုံး ဝမ်းနည်းမှု အငွေ့အသက်တွေနဲ့သာ ပြည့်နှက် နေခဲ့တယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အင်အားကြီး မိစ္ဆာ ဘုရင် တစ်ချို့ ရှေ့ကို ထွက်လာပြီး ယွင်ချင်းဝူကို သုံးကြိမ်တိတိ ဝပ်တွား ဦးညွှတ်တယ်။

“အရှင် ဧကရီငယ်ကို နှုတ်ဆက်ခဲ့ပါတယ်။” ပြောပြီးတဲ့နောက် မိစ္ဆာ ဘုရင်တွေ သူတို့ရဲ့ မိစ္ဆာ ပုလဲတွေကို ဖျက်စီးပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ပြင်လိုက်ကြတယ်။ ဒါပေမယ့် ရွှေရောင် အလင်းတန်း တစ်ခုက တောက်ပလာပြီး မိစ္ဆာတွေ အားလုံးကို တုန်ယင် သွားစေခဲ့တယ်။

“နေအုန်း။” ရွှမ်ယွမ်ဝူ ပြောတယ်။ “ဖန်ကျန်းရှီ ဧကရာဇ်ယန်နဲ့ ဟွမ်ရဲ့ ခေတ်မှာတောင် သူတို့တွေက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကို သတ်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ အကယ်၍ မင်း ငါ့ကို ယုံမယ် ဆိုရင် ဒီမိစ္ဆာတွေကို ငါ့လက်ထဲ အပ်လိုက်ပါလား။ သူတို့ကို ပုန်းဖို့ တောင်တန်းတွေဆီ ငါခေါ်သွားလိုက်မယ်။”

“သူတို့ကို တောင်တန်းတွေဆီ ခေါ်သွားမယ်တဲ့လား။”

“သူတို့ နောက်တစ်ခေါက် ပြန်ထွက်လာပြီး ပုန်ကန်ဖို့ လုပ်ရရင်ရော။”

“အန္တရာယ် များလွန်းတယ်။”

လူသား မဟာမိတ် တပည့်သားတွေ အရမ်းကို စိုးရိမ် ပူပန်နေကြတယ်။”

“ဖန်ကျန်းရှီ မင်းက အရှင်ရွှမ်ယွမ်ဝူကို လွှတ်ပေးခဲ့တဲ့ သူပဲ။ ဒီတော့ မင်းပဲ ဆုံးဖြတ်ပါ။” မုချင်းဖန်း ပြောတယ်။

“ဒီကိစ္စက ရပါတယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

ရွှမ်ယွမ်ဝူက နံပါတ်တစ် နတ်သားရဲကောင်။ သူကလဲ မိစ္ဆာ တစ်ကောင်းပဲ။ သူ့မျိုးနွယ်တွေ အားလုံး သူ့ရှေ့မှာ သေတာကို မြင်ရဖို့ ရက်စက်လွန်းမှန်း ဖန်ကျန်းရှီ နားလည်တယ်။ အခုချိန်မှာ သူ့ကို မျက်နှာသာ ပေးလိုက်တာ ကောင်းပါတယ်။

“အရှင် ရွှမ်ယွမ်ဝူ ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးကို ကျွန်မ မမေ့ပါဘူး။” ယွင်ချင်းဝူ ဦးညွှတ်ရင်း ပြောတယ်။

“ငါ့ကို ကျေးဇူး တင်ဖို့ မလိုဘူး။ မင်းက မှန်အောင် ခန့်မှန်းနိုင်မယ် ဆိုမှတော့ မင်းခန့်မှန်း ထားတာကို ပြောတော့။” ရွှမ်ယွမ်ဝူ ခေါင်းခါရင်း ပြန်ဖြေတယ်။

“ရှေးခေတ်မှာ လေဟာနယ်တွေကို ဖြတ်သန်း နိုင်တဲ့ ရတနာ တစ်ခု ရှိတယ်။ ဒါပေမယ့် အဲ့ဒီ့ ရတနာက ပျောက်ကွယ် သွားခဲ့တာ ကြာလှပြီ။ ကျွန်မ ခန့်မှန်းတာ မှန်ရဲ့လား။” ယွင်ချင်းဝူ ပြောတယ်။

“..” ရွှမ်ယွမ်ဝူ မျက်လုံး အပြူးသား ဖြစ်သွားပြီး သူ့မျက်ဝန်းထဲကနေ ရွှေရောင် အလင်းတန်းတွေတောင် ေ်တာက်ပလာတယ်။ ဖန်ကျန်းရှီလဲ မျက်လုံး ပြူးသွားတယ်။ လေဟာနယ်တွေကို ဖြတ်လို့ ရတဲ့ ရတနာတဲ့လား။ အဲ့တာ ခွန်းလွန်မှန်လား။

ခွန်းလွန်မှန်က ရွှမ်ယွမ်ဓားလို ရတနာတွေထဲက တစ်ခုပဲ။ ဧကရာဇ်ဟွမ်က ဒီရတနာကို ထားခဲ့တယ်ပေါ့။

“မင်းဘယ်လို ခန့်မှန်း လိုက်တာလဲ။” ရွှမ်ယွမ်ဝူတောင် မယုံမကြည် ဖြစ်နေခဲ့တယ်။ သူဘာမှတောင် အရိပ်အမြွက် မပြခဲ့ဘူးလေ။ ယွင်ချင်းဝူက တစ်ချက်တည်းနဲ့ ခန့်မှန်းနိုင်နေမှတော့ သူဘယ်လိုလုပ် မလန့်ပဲ နေမလဲ။

“အရမ်းကို ရိုးရှင်းပါတယ်။ ဧကရာဇ်ဟွမ်ရဲ့ ဂူကို ပထမဆုံး လာတဲ့ အဆင့်က ပုံရိပ်ယောင် အဆင့်။ အဖြူရောင် မြူတွေ အပြည့် ရှိနေတယ်။ ဒီကနေ စပြီး ခန့်မှန်းတာပဲ။” ယွင်ချင်းဝူ အေးအေးဆေးဆေး ဆက်ပြောတယ်။ “ဒါပေမယ့် ပုံရိပ်ယောင် ရတနာတွေ များလွန်းတော့ ပထမ အဆင့်မှာ မခန့်မှန်း နိုင်ခဲ့ဘူး။”

“ဆက်ပြော။”

“ဒုတိယ အဆင့်မှာ သံကြိုးတွေက တစ်ခုနဲ့ တစ်ခု ဆက်နေပြီးတော့ လောကကြီးကလဲ ပြောင်းပြန်လှန်နေတယ်။”

“ပြောင်းပြန် လောကကြီးက။”

လူသား မဟာမိတ် တပည့်သားတွေလဲ အခုမှပဲ တွေးမိ ကြတော့တယ်။ ဒုတိယ လောကမှာ အားလုံး ပြောင်းပြန် ဖြစ်နေတာက တကယ့်ကို အံ့သြစရာ ကောင်းခဲ့တယ်လေ။ ဖန်ကျန်းရှီလဲ အခုမှ တွေးမိသွားတယ်။

ပြောင်းပြန်လောကက မှန်ထဲက လောကပဲ။ ရှေးဟောင်းခေတ်မှာ ခွန်းလွန်မှန် တစ်ခုပဲ ဒီလောကကို ဖန်တီး နိုင်တယ်လေ။ ဒါပေမယ့် ယွင်ချင်းဝူက ဘာဖြစ်လို့ ဒီလောက်တောင် သေချာ နေတာလဲ။

“အစပိုင်းမှာ မသေချာပေမယ့်၊ ရတနာက ဆုတောင်း သုံးခုထက် ပိုပြီးတော့ တန်ကြေးရှိတယ်လို့ အရှင်ရွှမ်ယွမ်ဝူ ပြောခဲ့တာကြောင့်သာ အတိအကျ ခန့်မှန်းနိုင် သွားတာပါ။”

လူသား မဟာမိတ် တပည့်သားတွေ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။

သူတို့တွေ ဖြတ်လာ ခဲ့ပင်မယ့်၊ ယွင်ချင်းဝူ ခန့်မှန်းသလို မခန့်မှန်း နိုင်ခဲ့ဘူး။ ဒီနတ်ဆိုးမရဲ့ ဉာဏ်ပညာက ကြောက်စရာ ကောင်းလိုက်တာ။

“မဆိုးဘူးပဲ ကောင်မလေး မင်း အတော်တော်တယ်။ ဟုတ်တယ်။ ဒါက ခွန်းလွန်တောင်ပဲ။ ကောင်မလေး မင်းရော ငါနဲ့ တောင်တန်းတွေလဲ လိုက်နေချင်လား။ နေချင်ရင်တော့။” ရွှမ်ယွမ်ဝူ ခေါင်းငြိမ့်လိုက်တယ်။

“မဖြစ်ဘူး။”

“ယွင်ချင်းဝူက သေရမယ်။

“ဟုတ်တယ် ဒီနတ်ဆိုးမကို အသက်ပေး မရှင်နိုင်ဘူး။”

ရွှမ်ယွမ်ဝူရဲ့ စကား မဆုံးခင် အချိန်မှာတင် လူသား မဟာမိတ် တပည့်သားတွေ အော်ကြတော့တယ်။ ယွင်ချင်းဝူက အရမ်းကို ကြောက်စရာ ကောင်းအောင် ဉာဏ်ထက်လွန်းတယ်။ သူသာ အသက်ရှင်နေရင် တခြား မိစ္ဆာ ဘုရင်တွေ ထက်တောင် ပိုပြီးတော့ အန္တရာယ် ကြီးအုန်းမယ်။

ရန်သူ တစ်ယောက်က မိတ်ဆွေတုထက် ပိုကောင်းတယ်။ ပွင့်လင်းတဲ့ သူက မင်းကို ပေါ်တင် ကျိန်ဆဲ ပင်မယ့်၊ အတုအယောင် သူငယ်ချင်းကတော့ ဒုက္ခ ပိုပေးနိုင်တယ်။

ယွင်ချင်းဝူရဲ့ ဖြစ်တည်မှုက လူသား အားလုံး အတွက်တော့ ကြောက်စရာ ကောင်းတဲ့ အရာပဲ။

“ဖန်ကျန်းရှီ ယွင်ချင်းဝူ ကိစ္စကိုတော့။ ငါတို့ မျှော်လင့်တာက။” မုချင်းဖန်း အရမ်းကို လေးလေးနက်နက် ပြောတယ်။

“မင်း ဘာမျှော်လင့်တာလဲ။ ယွင်ချင်းဝူကို အသက်ပေး မရှင်နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြီးသား။” မော့ရှန်းရှီ တည့်ပဲ ပြောတယ်။

ဖန်ကျန်းရှီကတော့ တိတ်ဆိတ် သွားခဲ့ ပြန်ပြီ။ အားလုံးက ဉာဏ်ထက်လွန်းတဲ့ ယွင်ချင်းဝူကို ကြောက်နေမှန်း သူသိတယ်။ ဒါ့အပြင် သူ့အကြံအစည်တွေက ကျောချမ်းစရာ ကောင်းတယ်။

သူ့ကို သတ်ရမှာလား။

“အရှက် မရှိတဲ့ ကောင်စုတ်။ နင် အဲ့ဒီ့ နတ်ဆိုးမကို ချစ်နေတာတော့ မဟုတ်ဘူးမလား။ သူက နတ်ဆိုး၊ မဟုတ်ဘူး နတ်ဆိုး မိစ္ဆာ အစပ်။” ပင်းယန်ပြေတာယ်။

“ညီမလေး ပင်းယန် စိတ်ပူလွန်း နေပြီ။ ကျန်းရှီ လုပ်ရမှာကို သိပါတယ်။ ခွင့်လွှတ်မှာ မဟုတ်ဘူး။” ဝူယွဲ့အာ သွယ်ဝိုက်ပြီး ဖိအားပေးတယ်။

“ဟဟား မင်းတို့ ဘာတွေ ပြောနေတာလဲ။ ငါက ကလေးပဲ ရှိသေးတာ။ ဒါတွေကို နားမလည်ဘူး။” ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူကို လက်ညှိုးထိုးရင်း ပြောတယ်။ “ရွှမ်ယွမ်ဝူ ငါ ခန့်မှန်း မိပြီ။ ခွန်းလွန်မှန်ကို ထုတ်ခဲ့။”

“မစိုးရိမ်နဲ့။ ငါ့စကားကို ငါတည်တယ်။ ဒါပေမယ့် ဒီနေရာကြီးကို ခွန်းလွန်မှန်နဲ့ ထိန်းချုပ် ထားတာကြောင့် ငါထုတ်လိုက်တာနဲ့ အပြောင်းအလဲတွေ ဖြစ်မှာပဲ။ ဒီတော့ မင်းမထုတ်ခင် သွားမယ့် နေရာကို အရင် ဆုံးဖြတ်တာ ကောင်းလိမ့်မယ်။ ဒါ့အပြင် ခွန်းလွန်မှန်ကို တစ်လ တစ်ခါပဲ သုံးလို့ရတယ်။”

“ဘာကြီး တစ်လ တစ်ခါပဲ သုံးလို့ ရအောင် ဘာရတနာမလို့လဲ။”

“ကောင်လေး လောဘ မကြီးနဲ့။ နေရာတွေကို တိုက်ရိုက်သွားနိုင်တဲ့ ရတနာက ဘယ်လိုလုပ် ပုံမှန် ဖြစ်မှာလဲ။ မင်း စစ်သည်တော် တစ်သိန်းကို မျက်တောင် တစ်ခတ် အတွင်း ခေါ်ချင်ရာ ခေါ်သွားလို့ရတယ်။”

“ကောင်းပြီလေ။ ပြောတဲ့အတိုင်းပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

သေချာ တွေးတော ပြီးနောက် ထူးခြားတဲ့ ခွန်းလွန်မှန်က လောကမှာ ရှိသမျှ နေရာတိုင်းကို ကြိုက်ရာလူ ခေါ်ပြီး သွားလို့ ရတဲ့ နေရာပဲလေ။ တွေးကြည့်ရင် ကြောက်စရာ ကောင်းတယ်။ ဒီတော့ မေးစရာ ရှိတာက ဘယ်ကို သွားရမလဲ။

မြောက်ရွာကို သွားပြီးတော့ မိဘတွေနဲ့ တွေ့ရမလား။ ဖန်ကျန်းရှီ တွေးမိပေမယ့် မလုပ်သင့်ဘူးလို့ ထင်တယ်။ စစ်သည်တော်တွေ အများကြီး ပေါ်လာတာက ကြောက်စရာ ကောင်းလိမ့်မယ်။

ဒါ့အပြင် စစ်သည်တော်တွေ အများကြီးကြောင့် အပင်တွေလဲ သေကုန်နိုင်တယ်။ နတ်ဆိုး မိစ္ဆာတွေကိုသာ မထိန်းချုပ်နိုင်တော့ရင် ရွာမှာ သွေးချောင်းစီး ကုန်လိမ့်မယ်။

မြောက်ရွာကို သွားလို့ မရရင် ဘယ်ကို သွားရမလဲ။

“လူသား မဟာမိတ်တွေ အခြေစိုက်တဲ့ လင်းရှောင်းတောင်ကို သွားကြစို့။ အဲ့ဒီ့ နေရာမှာ နတ်ဆိုး မိစ္ဆာတွေ သောင်းကျန်းဝံ့မှာ မဟုတ်ဘူး။” မုချင်းဖန်း ပြောတယ်။

“ဟင့်အင်း ကျမ်းကောင်းကင် တောင်ကို သွားမယ်။” ဖန်ကျန်းရှီ ပြောတယ်။

“ကျမ်းကောင်းကင်တောင်း။ အဲ့မှာ။ ကောင်းပြီ။ ကျမ်းကောင်းကင်တောင်ကို သွားကြစို့။” မုချင်းဖန်း မျက်လုံး ပြူးသွားပြီးနောက် သဘောတူလိုက်တယ်။

အဲ့တာက ကြုံရာ ပြောတာ မဟုတ်ခဲ့ဘူး။ အဲ့ဒီ့ နေရာမှာ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေ ပွင့်နေသေးတယ်။

အခုတော့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေနဲ့ ယွင်ချင်းဝူက သူတို့ လက်ထဲ ရောက်နေပြီ။ တောင်ပေါ်မှာ ဧကရီ ပိုင်ကျစ် ရှိနေရင်တောင် သူက လမ်းဘေးမှာ ပေါက်နေတဲ့ ပန်းရိုင်းသာသာ အဆင့်ပဲ ရှိတော့လိမ့်မယ်။

လုပ်ချင်ရာ လုပ်နိုင်တော့မယ့် အပြင် မိစ္ဆာ နတ်ဆိုး မုခ်ဝတွေကိုလဲ ပိတ်လို့ ရလိမ့်မယ်။

“ရွှမ်ယွမ်ဝူ။ ခွန်းလွန်မှန်ကို သုံးပြီး ကျမ်းကောင်းကင်တောင်ကို ပို့ပေး။ စစ်ပွဲကို အခုပဲ အဆုံးသတ်မယ်။” ဖန်ကျန်းရှီ စိတ်ဆုံးဖြတ် လိုက်တော့တယ်။

“သေချာလား။”

“သေချာတယ်။”

“ကောင်းပြီ။ ငါလဲ ကျမ်းကောင်းကင်တောင်ကို မရောက်တာ အတော်ကြာပြီ။ နောက်ဆုံးတော့ ပန်းအနံ့လေး ရှူပြီး ရှူခင်း ကြည့်ရတော့မယ်။ မင်းရွေးတာ ကောင်းတယ် ကောင်လေး။ အဲ့ဒီ့မှာ ရှူခင်းက ဘယ်လိုလဲ။”

“မျက်စိကျိန်းလောက်အောင် လှတယ်။”

“မင်းက နေရာကောင်းကို ရွေးတတ်တာပဲ။” ရွှမ်ယွမ်ဝူ လက်ကို ဝေ့ယမ်းရင်း ပတ်ဝန်းကျင် တစ်ခုလုံးကို လှိုင်းထန်လာ စေတယ်။

မြေပြင် တစ်ခုလုံး အက်ကွဲကြောင်းတွေ ပေါ်လာပြီးနောက် အားလုံးက အိပ်မက်နယ်မြေထဲ ရောက်နေသလို ပြောင်းလဲ တော့တယ်။ ဒီအချိန်မှာပဲ ရွှမ်ယွမ်ဝူ ရှေ့မှာ အက်ကွဲကြောင်း တစ်ခု ပေါ်လာတယ်။ ရွှေရောင် အလင်းတန်း တစ်ခုလဲ စီးဆင်းနေတယ်။ လေထဲမှာ ရွှေရောင် အလင်းတန်းတွေ စုစည်းပြီး ရှေးဟောင်း မှန်တစ်ချပ် ဖြစ်ပေါ် လာခဲ့ပြီ။

ရွှေရောင်မှန် တစ်လျှောက်မှာ ရှုပ်ထွေးတဲ့ သင်္ကေတတွေ အပြည့် ရှိနေတယ်။ မှန်ရှေ့က မထူးခြားပေမယ့်၊ အနောက်မှာတော့ ထူးဆန်း ပြိုင်ဘက်ကင်းတဲ့ သင်္ကေတတွေ ရှိတယ်။

“ဒါက ခွန်းလွန်မှန်ရဲ့ ထိုက်ယိရွှမ် အမှတ်ပေါ့။” ထူးခြားတဲ့ အရှိန်အဝါတွေနဲ့ သူ့ရဲ့ စွမ်းအား အရင်းအမြစ်ကို လာဆွဲခေါ်နေတဲ့ အရာကို သူခံစားမိတယ်။ အခုချိန် ရွှေရောင် ပင်လယ်ကြီးထဲမှာ ရေစိမ်နေရသလို သက်တောင့် သက်သာ ရှိလွန်းတယ်။

“အိုး။” သူ့ရဲ့ အတွင်း ဒဏ်ရာတွေ အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကင်းနေမှန်း ဖန်ကျန်းရှီ ခံစား မိလိုက်တယ်။

“တကယ့်ကို ရှေးခေတ်ရဲ့ ရတနာ ပီသတာပဲ။ ဧကရီပိုင်ကျစ်သာ ငါနဲ့ ရွှမ်ယွမ်ဝူကို ကျမ်းကောင်းကင်တောင်မှာ တွေ့ရင် ဒေါသ ထွက်မလား သိချင်လိုက်တာ။”

အပိုင်း (၁၀၄၁) ပြီး၏။

အပိုင်း (၁၀၄၂)

“သည်းထိတ်ရင်ဖို၊ ရှေးဟောင်း သားရဲကောင် လေးကောင် ပြန်လာပြီ။”

..

မိစ္ဆာ ဧကရီ ပိုင်ကျစ်က မြင့်မြတ် နယ်မြေမှာ အင်အား အကြီးဆုံး သူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။

ဒါပေမယ့် ဖန်ကျန်းရှီက နတ်သခင် အဆင့် ပညာရှင်တွေကို သတ်ဖို့ အရည်အချင်း ရှိနေပြီ ဖြစ်တဲ့ အတွက် သူမကို မကြောက်တော့တာ ကြာပြီ။ နတ်သခင် မဖြစ်သေးတဲ့ အမြီးကိုးချောင်း မြေခွေးကို ဘာကြောင့်များ ကြောက်ရမှာလဲ။

ကျမ်းကောင်းကင်တောင်ကို ရောက်ရင် အမြီး တစ်ချောင်း ဖြတ်ပြီး လည်ပင်းနွေးအောင် ပဝါ လုပ်ဝတ်ပြစ်မယ်။

“ဟမ်။ အမြီး ကိုးချောင်း ရှိတယ်ဆိုရင်တော့၊ လည်စည်းပဝါ ကိုးခုတောင် ရမှာပေါ့။” ဖန်ကျန်းရှီကတော့ တွေးရင်းနဲ့ ပျော်နေခဲ့တယ်။

“မင်း အဆင်သင့် ဖြစ်ပြီလား။” ရွှမ်ယွမ်ဝူ သတိလစ်နေတဲ့ နန်ကုန်းမုကို ကောက်လိုက်ရင်း မေးတယ်။

“သွားကြစို့။”

ဝူး။

ရွှေရောင် အလင်းတန်းက ဖန်ကျန်းရှီတို့ အားလုံးကို ချက်ခြင်း ဖုံးလွှမ်း သွားခဲ့ပြီ။ ဒဏ္ဍာရီလာ ရတနာ ခွန်းလွန်မှန် ဘယ်လောက် အထိ အင်အားကြီးလဲ သူအခုတော့ ခံစား မိခဲ့ပြီ။ နွေးထွေးမှုက တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့တယ်။ လေဟာနယ်တွေကို တစ်ခဏချင်း သူဖြတ်သန်း နေရတယ်။

ဝူး။ အသံကြီးက လောက တစ်ခုလုံးကို လှုပ်ခတ် သွားစေတယ်။ အဲ့ဒီ့နောက် ပင်းယန် အထိတ်တလန့်နဲ့ သူ့လက်ကို လာဆွဲတာ ခံစားမိတယ်။

ဝူယွဲ့အာလဲ သူ့လက်ကို လာဆွဲတယ်။ ယွင်ချင်းဝူကတော့ အေးအေးဆေးဆေးသာ ရှိနေတယ်။ ဖန်ကျန်းရှီ ပြုံးလိုက်မိတယ်။ ယွင်ချင်းဝူက တကယ့်ကို သရုပ်ဆောင် ကောင်းတာပဲ။

“ဧကရီ ပိုင်ကျစ် ငါလက်စားချေဖို့ လာနေပြီ၊” ဖန်ကျန်းရှီ စိတ်ထဲမှာ ကြိမ်းဝါးလိုက်တယ်။ သူ့မျက်စိရှေ့က မြင်ကွင်းတွေလဲ ချက်ခြင်း ေ၀ဝါး သွားပြီးနောက် နောက်ထပ် နေရာ တစ်ခုကို သူရောက်လာတော့တယ်။

အခုချိန်မှာ သူက အသက်ရှူနိုင် နေသေးပင်မယ့်၊ ဒီနေရာမှာ ကမ္ဘာမြေ ဆွဲအားက အများကြီး လျော့သွားပြီး အရှိန်ပြင်းပြင်းနဲ့ ပျံသန်း နေရတာကို သူခံစားမိတယ်။

ဝုန်း။

သူ့မြင်ကွင်း တစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်။ သူ့ဘေးနားက ပင်းယန်နဲ့ ဝူယွဲ့အာရဲ့ အနွေးဓာတ်ကို ခံစား မိတာ ကြောင့်သာ မဟုတ်ရင် သူ့ကိုယ်သူ သတိလစ် သွားပြီလို့ ထင်ခဲ့ မိမှာပဲ။

ပျံသန်း ရတာနဲ့ မှောင်မည်း သွားတာကို ဖန်ကျန်းရှီ ကျင့်သား မရသေးဘူး။ အဲ့ဒီ့နောက် လက်ကို ဆန့်ထုတ် လိုက်ချိန်မှာတော့ ပျော့အိတဲ့ အရာ တစ်ခုကို ထိတွေ့ မိတော့တယ်။

ပတ်ဝန်းကျင် တစ်ခုလုံး ပြန်လင်းလာပြီး မှုန်ဝါးဝါး ပုံရိပ်တွေလဲ ပြန်ပေါ်လာတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့ကို လွှတ်စမ်း။”

“အမ် ပင်းယန်လား။” ဖန်ကျန်းရှီ လန့်သွားတယ်။ သူလက်ဆန့်လိုက်တာ ပင်းယန်ကို ထိမိတယ်ပေါ့။ ငါတော့ မှားပြီ။ ဝူယွဲ့အာ ပင်းယန်နဲ့ ယွင်ချင်းဝူ သုံးယောက် ရှိတဲ့ အထဲမှာမှ အပျိုဖော်ဝင်စ ပင်းယန်ကို သွားထိ မိတယ်ပေါ့။

“အဟွတ် ဟွတ်။” ဖန်ကျန်းရှီ ချက်ခြင်း လက်ကို လွှတ်လိုက်တယ်။ အဲ့ဒီ့နောက် အပေါ်ကို မော့ကြည့်ရင်း စကား လမ်းကြောင်း ပြောင်းလိုက်တယ်။ “ပိုင်ကျစ် ငါရောက်လာပြီ။ မင်းသေဖို့ ပြင်တော့။”

သူ့အသံက လေထဲမှာ ဟိန်းထွက် သွားခဲ့တယ်။ ပတ်ဝန်းကျင်ကတော့ ချက်ခြင်း ကြည်လင် သွားခဲ့ပြီ။ သူ့ခေါင်းပေါ်မှာ ကြီးမားတဲ့ တံခါးကြီး သုံးချပ် ရှိနေပြီး နှစ်ချပ်က ပွင့်နေခဲ့တယ်။ ကျမ်းကောင်းကင်တောင်ပဲ။ သူတို့တွေ ကျမ်းကောင်းကင်တောင်ပေါ်ကို တိုက်ရိုက် ရောက်လာတယ်။ ခွန်းလွန်မှန်က တကယ် စွမ်းတာပဲ။

ဖန်ကျန်းရှီလဲ ဒီရတနာကို ချီးမွမ်းချင်တယ်။ ဒီရတနာနဲ့ ဆိုရင် သူ့ရန်သူတွေ ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ခြောက်လှန့်လို့ ရနိုင်တယ်။ ဒါပေမယ့် သူဘာမှ မပြောနိုင်ခင် အချိန်မှာပဲ သူရပ်တန့် သွားခဲ့ရတယ်။

ဂလု။ ဖန်ကျန်းရှီ မျက်လုံး အပြူးသားနဲ့ တံတွေး မျိုချ မိလိုက်တယ်။ သူ့ရှေ့မှာ ကြောက်စရာ အကောင် အကြီးကြီးတွေ ရှိနေခဲ့တယ်လေ။

ဒါ ဘယ်လို မိစ္ဆာတွေလဲ။

ကြီးမားလွန်းတဲ့ ခန္ဒာကိုယ်တွေက တောင်တွေနဲ့ အရွယ်အစား တူညီတယ်။ အားလုံးက သူ့ကို ငုံ့ကြည့် နေတဲ့ အပြင် တစ်ကောင်ရဲ့ ခြေထောက် အောက်မှာ အကြေးခွံတွေ အပြည့်နဲ့ သတ္တဝါ တစ်ကောင် ရှိနေခဲ့သေးတယ်။ ဒီသတ္တဝါက ရွှမ်ယွမ်ဝူနဲ့တောင် ရုပ်ဆင်တယ်။

“..” သားရဲကြီးတွေကို ဖန်ကျန်းရှီ မော့ကြည့်တယ်။ ဖန်ကျန်းရှီကိုလဲ သားရဲကြီးတွေ ငုံ့ကြည့်နေတယ်။ အကြည့်ချင်း ဆုံတဲ့ အချိန်မှာ ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ် လာတော့တယ်။ မီးပွားတွေ ဖြစ်ပေါ်လာပြီး ဖန်ကျန်းရှီ ကျောချမ်း သွားခဲ့တယ်။ အရင်လောက စာအုပ်တွေမှာ သူကောင်းကောင်း ဖတ်ဖူးတဲ့ သတ္တဝါတွေပဲ။

“ပင်လယ်နဲ့ မြစ် စာလွှာ။ သားရဲကောင်တွေ အကြောင်းကို မှတ်တမ်း တင်ထားတဲ့ ဒဏ္ဍာရီ စာအုပ်ထဲမှာ ဒီသတ္တဝါ အကြောင်းကို ရေးထားတာ ဖတ်ဖူးတယ်။”

အရိုးဖြူနဲ့ အနက်ရောင် အကြေးခွံတွေ ပါတဲ့ နဂါးကို ဖယောင်းနဂါး (မီးတောက်နဂါး)လို့ ခေါ်ကြတယ်။ တတိယ မျက်လုံးလဲ သူ့မှာ ရှိတယ်။

ကြောက်စရာ ကောင်းလွန်းတဲ့ အပြင် ရက်စက်မှုနဲ့ သွေးဆာမှုကို ကိုယ်စား ပြုတဲ့ကောင်။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ သတ္တဝါက သေနေတယ်။

သူ့ကို ဖိထားတဲ့ သတ္တဝါက အနီရောင် အမွှေးနဲ့ မီးလျှံလို အကြေးခွံတွေ ရှိနေပြီး အတောင်ပံ တစ်စုံလဲ ကျောမှာ ရှိနေသေးတယ်။ ဒီကောင်က ချုံးချီနဲ့ သောက်ရမ်း တူနေတာပဲ။

တကယ်တော့ သူ့ရှေ့မှာ ရှိနေတဲ့ သတ္တဝါက ရှေးဟောင်း ဒဏ္ဍာရီ သတ္တဝါ လေးကောင်ထဲက ချုံးချီ ဟုတ်မဟုတ် မသေချာဘူး။ နောက်ထပ် သုံးကောင်ကတော့ သူ့ရှေ့မှာ ရပ်နေခဲ့တဲ့ အတွက် သူငြင်းချင်ရင်တောင် လက်ခံ လိုက်ရတယ်။

သိုးနဲ့ တူတဲ့ ဒဏ္ဍာရီလာ သတ္တဝါ ထျောင်ထျဲ့။ (တရုတ်ဒဏ္ဍာရီထဲမှ အခြား သတ္တဝါများကို စားသုံးတော့ မိစ္ဆာသတ္တဝါ။)

ခွေးလို အမွှေးနဲ့ တောင်ပံ နှစ်ခု ရှိနေတာက ထျောင်ဝူမဟုတ်လား။ အသားလုံးလို ရုပ်ရှိနေတာ ဟွမ်တွမ့်။

“တကယ်ကြီးလား။” ဖန်ကျန်းရှီ သူ့နှလုံးသွေးတွေ တိုးလာတာကို ခံစားမိတယ်။ အခုချိန်မှာ နှလုံးတောင် ဖောက်တော့မယ်။

ဖန်ကျန်းရှီ မကြာခင်ပဲ သူရင်းနှီးတဲ့ သူကို တွေ့သွားတော့တယ်။

ချီကူယန်လား။

“အား ဘာကြီးလဲ။”

“အဲ့တာ ဒဏ္ဍာရီလာ ရှေးသတ္တဝါ လေးကောင်လား။”

“သူတို့ တကယ် ရှိနေတယ်ပေါ့။”

ဖန်ကျန်းရှီ လန့်နေချိန်မှာပဲ လူသား မဟာမိတ် တပည့်သားတွေ စအော်တော့တယ်။ သူတို့တွေက မျှော်လင့် တကြီးနဲ့ ရောက်လာ ခဲ့ပြီး အင်အား ပြဖို့ လုပ်ဖို့မယ့် အခုတော့ သတ္တဝါကြီးတွေနဲ့ တွေ့နေရတယ်။

ရှေးခေတ်က ကြောက်စရာ အကောင်းဆုံး သတ္တဝါတွေကို ရင်ဆိုင် နေရတယ်။ ဒီစိတ်ဒဏ်ရာက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ။ လူသား မဟာမိတ် အဖွဲ့တွေ မျက်လုံး ပြူးနေခဲ့တယ်။

မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့တယ်။ ဒဏ္ဍာရီလာ သတ္တဝါတွေ မြေကမ္ဘာကို ဆင်းသက်လာပြီ၊

“အရှက်မရှိတဲ့ သူခိုးကောင်လား။” ချီကူယန်လဲ လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ လေထဲက ထွက်လာမယ်လို့ မထင်ထားခဲ့မိဘူး။ ဒါ့အပြင် လူသား မဟာမိတ်နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့ကိုပါ ခေါ်လာသေးတယ်။

ချီကူယန်လို ပညာရှင်တောင် ဒါကို မခန့်မှန်း နိုင်ခဲ့ဘူး။

“နင်တို့ အချိန်တိုလေး အတွင်း ဘယ်လို ရောက်လာတာလဲ။“

“ဟုတ်သား ဘယ်လို ရောက်လာတာလဲ။ တခြား နေရာကို ဘာလို့ မသွားမိခဲ့တာလဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ရွှမ်ယွမ်ဝူကို လှမ်းကြည့်တယ်။

“…” ရွှမ်ယွမ်ဝူကတော့ ပါးစပ်ပိတ် ထားခဲ့တယ်။

“ဟဟား။ မင်း ရောက်လာတာ မြန်သားပဲ သူငယ်ချင်းဟောင်းကြီး ရွှမ်ယွမ်ဝူ။” ချုံးချီ တအံ့တသြ ပြောတယ်။ သူတကယ့်ကို အံ့သြ နေခဲ့တယ်။

ရွှေနဂါး။ ရှေးဟောင်း စစ်မြေပြင်က မိတ်ဆွေဟောင်းကြီး။

“မင်း မင်းတို့ ဘာလို့ မသေသေးတာလဲ။” ရွှမ်ယွမ်ဝူ သူ့ရှေ့က သတ္တဝါတွေကို ကြည့်ရင်း စိတ်မတည်မငြိမ် ဖြစ်နေခဲ့တယ်။

“ကျွတ် ကျွတ်။ မင်းလို အိုမင်းနေတဲ့ ကောင်တောင် မသေသေးမှတော့ ငါတို့ ဘာလို့ သေရမှာလဲ။” ထျောင်ထျဲ့ ပြောတယ်။

“ဟုတ်တယ်။” ဟွမ်တွမ့် ဝင်ထောက်ခံတယ်။

“ဟီးဟီး။” ထျောင်ဝူက သူ့သွားစွယ်တွေကို ထုတ်ရင်း ရယ်မော လိုက်ချိန်မှာ သွားရည်တွေက မြေပြင်ပေါ်ကို စီးကျလာပြီး ပေါက်ကွဲတော့တယ်။

“အစပိုင်းက ရှူခင်း ကြည့်ရအောင် ငါထွက်လာတာပဲ ဒါပေမယ့်။” ရွှမ်ယွမ်ဝူ ဖန်ကျန်းရှီကို လှည့်ကြည့်တယ်။ “ကောင်လေး မင်း တကယ့်ကို အရွေးကောင်းတယ်။”

ရွှမ်ယွမ်ဝူ သိက္ခာ ကျမှာ စိုးတာကြောင့် သူဆက်မပြောခဲ့ဘူး။

ဒါပေါ့ ဒီသတ္တဝါတွေက သူလုံး၀ မမြင်ချင်တဲ့ ကြောက်ရတဲ့ ကောင်တွေ။ ဒီလေးကောင်က အမြဲတမ်း ပျက်စီးရာ ပျက်စီးကြောင်းတွေ လုပ်တတ်တယ်။ လောကကြီးက သူတို့ ရှိနေသရွေ့ ငြိမ်းချမ်းမှာ မဟုတ်ဘူး။

“ဒီမြင်ကွင်းက မင်းကြည့်ဖို့ မတန်ဘူးလား။” ချုံးချီက ပြောရင်းနဲ့ ဖယောင်းနဂါးကို တစ်ချက် ကိုက်လိုက်တယ်။

ထောင်ထျဲ့နဲ့ ဟွမ်တွမ့်လဲ ချက်ခြင်း ဖယောင်းနဂါးကို အပိုင်းပိုင်း ဝါးစားကြတော့တယ်။

“…”

“…”

အခုချိန်မှာ ရှိနေသူတွေ အားလုံးက ကြောက်လန့် နေခဲ့ပြီ။

“ရှေးဟောင်း သားရဲကောင် လေးကောင်လား။ သူတို့ ဆင်းလာမယ် မထင်ထားဘူး။ ငါတကယ် အံ့သြမိတယ်။” မြေပြင်က ဝတ်ရုံနက် တစ်ထောက် ထလာတယ်။

“ကြောက်လွန်းလို့ ဘောင်းဘီထဲ ရှူးပေါက်ချမိ ပြီလား။” ဖန်ကျန်းရှီ ထွက်ပြေး ချင်ပေမယ့်၊ သစ်ပင်အိုကြီး တစ်ပင်လို အိုမင်းနေတဲ့ အဖိုးကြီးကို လှမ်းမေးမိတယ်။ “ဦးလေးက ဘယ်သူလဲ။ ကျမ်းကောင်းကင်တောင်ပေါ် ဘာလာလုပ်တာလဲ။ အန္တရာယ် များလွန်းတယ်။ ဆေးပင်ကို တခြားမှာ သွားခူးချေ။”

“ဦးလေးတဲ့လား။” မုန့်ထျန်း ဖန်ကျန်းရှီကို သေချာ ကြည့်ရင်း မေးတယ်။

“မင်းက ဘယ်သူလဲ။”

“ကျွန်တော်က သုခမိန် စစ်နတ် မုန့်ထျန်းလို့ ပြောရင် ဦးလေး ယုံမှာလား။” ဖန်ကျန်းရှီကတော့ သူ့ရှေ့က လူကြီး သူ့ကို မသိတဲ့ အတွက် အရူးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီနာမည်က အတော်လေး အသုံးဝင်တယ်လေ။

“မင်းက မုန့်ထျန်းဆိုရင် ငါက ဘယ်သူ ဖြစ်သွားမလဲ။” မုန့်ထျန်းက ခြေရာမဲ့ဓားကို သူ့ရှေ့မှာ ထားရင်း ပြောလိုက်တယ်။

“အမ် အမ် ခြေရာမဲ့ဓား။” ဖန်ကျန်းရှီ ဆက်မပြောခင် အချိန်မှာပဲ မုန့်ထျန်း လက်က ဓားကို မြင်သွားတော့တယ်။ ဒီလူကြီး သူ့ရတနာကို ခိုးသွားတယ် ထင်လိုက်တဲ့ အတွက် သူပြန်ယူဖို့ လုပ်တယ်။ အဲ့ဒီ့နောက် တစ်ခုခု လွဲနေတာကို သူသတိထားမိ သွားတော့တယ်။

နေစမ်းပါအုန်း ခြေရာမဲ့ဓားကို တခြားသူက ဘယ်လို သုံးလို့ ရမှာလဲ။ ချင်းယီ တစ်ယောက်တည်း သုံးဖို့ သေချာ မှာခဲ့တာလေ။ မဟုတ်သေးဘူး။ ကောင်မလေးက အဖိုးကြီး ဖြစ်သွားတာလား။ ဒါ့အပြင် အဖိုးကြီးက မင်းက မုန့်ထျန်းဆိုရင် ငါဘယ်သူလဲလို့ မေးနေတယ်။

“ငလူးပဲ။ မုန့်ထျန်းကြီးလား။” ဖန်ကျန်းရှီ ရုတ်တရက် နားလည်သွားတယ်။

“ဟုတ်တယ်။ မင်းက ဖန်ကျန်းရှီလား။” မုန့်ထျန်း ခေါင်းငြိမ့်တယ်။

“…”

“…”

ဖန်ကျန်းရှီ ဘာမှ မပြောနိုင်တော့ဘူး။ သူတင် မက မုချင်းဖန်းနဲ့ မော့ရှန်းရှီ အပါအဝင် လူတိုင်း လန့်ကုန်ကြတယ်။ မုန့်ထျန်းက အသက်ပြန်ရှင်လာတယ်။

မိုးနတ်မင်း ကယ်ပါ။

“မင်းက တကယ် ဖန်ကျန်းရှီပေါ့။ မဆိုးဘူးပဲ။ တော်တယ်။ ငယ်ရွယ် ထက်မြက်တယ်။ ငါနဲ့ ထွက်ပြေးရအောင်။” ဖန်ကျန်းရှီမှန်း အတည်ပြုပြီး တဲ့နောက် မုန့်ထျန်းက ဓားကို မြှောက်ရင်း ထွက်ပြေးတော့တယ်။

ဒီဒဏ္ဍာရီလာ သုခမိန် စစ်နတ် မုန့်ထျန်းက ထွက်ပြေးတယ်လား။

“သူက တကယ်ပဲ သုခမိန် စစ်နတ် မုန့်ထျန်းလား။” ရန်ချန်လိလဲ မုန့်ထျန်း အကြောင်းကို ငယ်ငယ်တည်းက ကြားဖူးပေမယ့် မယုံနိုင်ခဲ့ဘူး။”

“အဖိုး မယုံဘူး မလား။ ဒါပေမယ့် သူက ကျန်းရှီရဲ့ ခြေရာမဲ့ဓားကို ကိုင်ထားတယ်။” ရန်ရွှယ်လဲ မယုံပေမယ့်၊ ဓားကိုတော့ သူမှတ်မိတယ်။

အပိုင်း (၁၀၄၂) ပြီး၏။

အပိုင်း (၁၀၄၃)

“လူနဲ့ဓား ပေါင်းစည်းခြင်း။”

…

“သူက တကယ့်ကို ဆရာကြီး မုန့်ထျန်း။” ချီကူယန် ဝင်ပြောတယ်။ သူမလဲ ရန်ရွှယ်နဲ့ တခြားသူတွေ ယုံကြည်ဖို့ ခက်နေမှာကို နားလည်တယ်။ သုခမိန် စစ်နတ် မုန့်ထျန်းက မသေဘူး။ ဘယ်သူ ယုံမှာလဲ။

“မုန့်ထျန်း။”

“သုခမိန် စစ်နတ် မုန့်ထျန်းက တကယ်ကြီး မသေဘူးလား။”

“သူက ဘာဖြစ်လို့ ပြေးနေတာလဲ။”

လူသား မဟာမိတ် တပည့်သားတွေ အများကြီး နားမလည်ပေမယ့် ချီကူယန် ပြောတာကိုတော့ ကြားကြတယ်။ သူက ဘာဖြစ်လို့ ထွက်ပြေး နေတာလဲ။

ဖန်ကျန်းရှီလဲ ဆွံ့အ သွားခဲ့တယ်။ သူက ပြေးမယ့် ပထမဆုံးသူ ဖြစ်မယ်လို့ ထင်ထားခဲ့ပေမယ့် မုန့်ထျန်းက သူ့ထက် အရင် ထွက်ပြေး သွားတယ်တဲ့လား။

တစ်ခဏတာ နားမလည်ပေမယ့် သူချက်ခြင်း နားလည်ဖို့ ဉာဏ်မီတယ်။

“ဆရာကြီး မုန့်ထျန်း ခဏစောင့်အုန်း။ ငါ နဂါး တစ်ကောင် ခေါ်လာတယ်။ လောက နံပါတ်တစ် နတ်သားရဲ လက်ငါးဖက် ရွှေနဂါးကို ခေါ်လာတယ်။ သူက အတော်လေး အင်အားကြီးတယ်။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

“ဟို ရွှေနဂါးလား။” မုန့်ထျန်း ရပ်သွားခဲ့တ်။ “ဟုတ်သား တကယ့် ရွှေနဂါးပဲ။”

“ဒါပေါ့ လေးယောက် တစ်ယောက် ချနိုင်တဲ့ နဂါးပဲ။ သူသေချာပေါက် နိုင်မှာ။ အခုတော့ ထိုင်ပြီး ပွဲကြည့်ရအောင်။” ဖန်ကျန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

ရွှမ်ယွမ်ဝူရဲ့ အစွမ်းကို သူယုံကြည်တယ်။ ဒါက ဧကရာဇ် ဟွမ်ရွှမ်ယွမ်ရဲ့ နဂါးပဲလေ။ နန်ကုန်းမုလို နတ်သစ်ပင်နဲ့တောင် တိုက်ခိုက် နိုင်သေးတာပဲ။ ရှေးတုန်းက သတ္တဝါ လေးကောင်ဆိုတာ အင်အားကြီးတယ်လို့ သူမကြားဖူးဘူး။

ဖန်ကျန်းရှီကတော့ ရွှမ်ယွမ်ဝူ လေးယောက် တစ်ယောက် တိုက်ပွဲမှာ သေချာပေါက် အသာစီး ရမယ်လို့ ထင်နေခဲ့တယ်။

ရွှမ်ယွမ်ဝူက ထွက်မပြေးတဲ့ အတွက် ဒါကို ဖန်ကျန်းရှီ ပိုသေချာသွားတယ်။

“ဟုတ်တယ် မလား ရွှမ်ယွမ်ဝူ။” ဖန်ကျန်းရှီ လှည့်ကြည့် လိုက်ချိန်မှာပဲ နဂါး ပျောက်နေတာကို သတိ ထားမိသွားတယ်။ ရွှေရောင် အလင်းတန်းက အဝေးကြီးမှာ ရောက်နေခဲ့ပြီ။ ဒါ့အပြင် ပြိုင်မြင်းလိုတောင် မြန်ဆန်နေသေးတယ်။

မုန့်ထျန်း၊ ဖန်ကျန်းရှီနဲ့ ပင်းယန် အပါအဝင် လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွား ခဲ့ရတယ်။ ငလူးပဲ။ နံပါတ်တစ် နတ်သားရဲကောင်က ထွက်ပြေးတယ်ပေါ့။

“ရွှမ်ယွမ်ဝူ။ သစ္စာဖောက်။ မင်း ဘယ်ပြေးမလဲ။” ချုံးချီက ပြောရင်းမြေပြင်ကို အားပြုပြီး သူခုန်လိုက်တယ်။ အဲ့ဒီ့နောက် အနီရောင် အလင်းတန်းက အဝေးကို ထိုးတက် သွားတယ်။ သူက ရွှေနဂါးထက် ပိုပြီး မြန်ဆန်တယ်။ တခြား သားရဲကောင် သုံးကောင်လဲ လှုပ်ရှားရင်း ရွှမ်ယွမ်ဝူ့ကို ဝန်းရံလိုက်ကြပြီ။ လေးယောက် တစ်ယောက်။

“ဘာလို့များ ဒီလို လုပ်ဖို့ လိုမှာလဲ။ ငါတို့က မျိုးနွယ်တူတွေလေ။ တစ်ယောက်ကို တစ်ယောက် ဒီလို နှိပ်စက်ဖို့ လိုလို့လား။” ရွှမ်ယွမ်ဝူ ချက်ခြင်း အမူအယာ ပြောင်းသွားတော့တယ်။ သူ့ပတ်ဝန်းကျင်က တိမ်တွေတောင် တုန်ခါ နေကြပြီ။

“မိတ်ဆွေဟောင်းတွေ ပြန်တွေ့မှတော့ အချိန်လေး နည်းနည်း ဖြုန်းရင် မကောင်းဘူးလား။” ချုံးချီက မြေပြင်ကို ခွာနဲ့ ပေါက်လိုက်ချိန်မှာ အနီရောင် အလင်းတန်းတွေ ထွက်ပေါ် လာပြီး သူ့ရဲ့ အမွှေးနဲ့ အကြေးခွံတွေကို ကြည်လင် သွားစေခဲ့တယ်။

ဒီအလင်းတန်း ပေါ်လာတာနဲ့ ပွဲကြည့်နေကြသူတွေ အားလုံး အမူအယာ ပြောင်းလဲ သွားတယ်။ အားလုံးရဲ့ မျက်လုံးတွေက ရဲရဲနီ လာပြီးနောက် စိတ်တွေ မတည်မငြိမ် ဖြစ်လာ ကြတော့တယ်။

“အဲ့တာ အမုန်းတရား မီးတောက်ပဲ။” ချီကူယန် အလန့်တကြားနဲ့ တုံ့ပြန်တယ်။ ဖန်ကျန်းရှီလဲ တုန်ယင်သွားတယ်။

ချုံးချီ အကြောင်းကို သူသိပ်မသိဘူး။ မှတ်တမ်းတွေ အရတော့ ဒီသတ္တဝါ ဆိုးယုတ်တယ်။ လူတွေကို အချင်းချင်း သတ်ဖြတ်ခိုင်းပြီး ထိုင်ကြည့် ရတာကို အရမ်း ကြိုက်တယ်။

လူကောင်းတွေကို ဆုချပြီး လူဆိုးတွေကို ဆုလဒ် ပေးတတ်သူ အဖြစ် သူ့ကို သိကြတယ်။ စာထဲမှာ ဖော်ပြ ထားတာကို သိပေမယ့် အမုန်းတရား မီးတောက်ကိုတော့ သူမကြားဖူးဘူး။

“အား။”

“အကုန်လုံး သေကြ။”

“သွေး သွေးတွေ မြင်ချင်တယ်။”

တပ်ဖွဲ့တွေ အားလုံးက အသိစိတ် လွတ်ပြီး လူတွေကို မြင်မြင်သမျှ တိုက်ခိုက်တော့တယ်။

သွေးချောင်းစီး လူသတ်မှုကြီး စတင် ချိန်မှာတော့ သွေးငွေ့တွေ အမုန်းတရား မီးတောက်တွေကို ပိုအားကောင်း လာစေတယ်။ ထူးဆန်းတဲ့ အရာကတော့ ချုံးချီရဲ့ စွမ်းအားတွေလဲ ပိုတိုးတက် လာတာပဲ။

“လူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်တာ ကြောက်စရာ ကောင်းလိုက်တာ။ သူ့ကို ဘယ်လို သတ်ကြမလဲ။ အနားတောင် ကပ်လို့ မရဘူး။” ပင်းယန်လို ဆူညံတာတွေ ကြိုက်တဲ့ သူတောင် မေးနေခဲ့ပြီ။ ဒီလို လူသတ်ပွဲကြီးကို သူမ လန့်တယ်လေ။

ဖန်ကျန်းရှီလဲ မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။ ချုံးချီ တစ်ယောက်တည်းတင် ရင်ဆိုင်ရ ခက်နေပြီ။ အခုချိန်မှာ သူက တခြား သူတွေကို ထိန်းချုပ်ထား သေးတယ်။ တခြား သားရဲကောင် သုံးကောင်ကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ပြဿနာ တက်တော့မယ်။

“ငါတို့ ဘာလုပ်ရမလဲ။ အရှက်မရှိတဲ့ ကောင်စုတ်။ နဂါးတောင် ထွက်ပြေးနေပြီ။ ငါတို့ ပြေးကြမလား။” ပင်းယန် မေးတယ်။

အားလုံးကလဲ သူ့ကို ကြည့်နေတယ်။

သူတို့ရဲ့ စိတ်တွေက ခိုင်မာတာကြောင့် ဒီအငွေ့အသက် သက်ရောက်တာ မခံရပေမယ့်၊ မကြာခင်မှာ တောင်တစ်ခုလုံး အလောင်းတွေ ပုံတော့မှာကို သူတို့ သိနေခဲ့တယ်။

“ငါတို့ သွားလို့ မရဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဘာလို့လဲ။” ပင်းယန် လက်မခံနိုင်ဘူး။ ပြေးရမယ့် အချိန်ရောက်မှ သူက ဘာလို့ မပြေးချင် တော့တာလဲ။

ဒီတစ်ခေါက်မှာတော့ မုန့်ထျန်းက ရွှမ်ယွမ်ဝူနဲ့ အတူတူပဲ။ သူတို့တွေ ချက်ခြင်း ထွက်မသွားပေမယ့် နှစ်ယောက်လုံးက ထွက်ပြေး ချင်ကြတယ်။ ဖန်ကျန်းရှီကတော့ ထွက်မသွားချင်ဘူး။ မယုံနိုင်စရာ ကောင်းလွန်းတယ်။

“ငါတို့ ထွက်သွားရင် ဒီနေရာကြီး တစ်ခုလုံး သွေးပင်လယ် ဖြစ်သွားလိမ့်မယ်။ မသွားနိုင်ဘူး။ သူတို့တွေ အရမ်းအင်အားကြီး မလာခင် သေချာပေါက် သတ်ရမယ်။ မဟုတ်ရင် ငါတို့တွေ ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ ပြတ်ပြတ်သားသား ပြောလိုက်တယ်။

ရှေးဟောင်း သားရဲကောင် လေးကောင်းက ဘယ်လောက် အင်အားကြီးပြီး ကြောက်စရာ ကောင်းမှာလဲ။ ချုံးချီက ဆိုးယုတ်တာကို နှစ်သက်ပြီး ကောင်းမွန်တာကို မုန်းတီးတယ်။ ထျောင်ထျဲ့က အသားစားရတာကို ကြိုက်တယ်။ ဟွမ်တွမ့်က သတ်ဖြတ် ရတာကို ကြိုက်တယ်။ ထျောင်ဝူကတော့ ထူးဆန်းတဲ့ စိတ်ထား ရှိပြီး မတည်ငြိမ်ဘူး။ အားလုံးက ဆိုးသွမ်းမှုတွေရဲ့ အခြေခံ အုတ်မြစ်တွေပဲ။

“ဟုတ်တယ်။ ငါတို့တွေ မသွားနိုင်ဘူး။” ချီကူယန် ခေါင်းငြိမ့်ရင်း ပင်းယန် ဘေးကို လျှောက်လာတယ်။ ပင်းယန်ရဲ့ ခေါင်းကို သူပွတ်ပေးတယ်။

“သားရဲကောင် လေးကောင်ကို ငါတို့ သတ်ရမယ်။” ဝူယွဲ့အာ ဝင်ပြောတယ်။

“ကျန်းရှှီ ငါတို့က တစ်ဖွဲ့တည်းပဲ။”

“ဟဟား။ မင်းတို့ အားလုံး တိုက်ခိုက်ဖို့ ရွေးချယ်မှတော့ ငါ ရန်ချန်လိလဲ ပါမယ်။” ရန်ချန်လိက ရန်ရွှယ့်ဘေးမှာ ရပ်နေခဲ့တယ်။

“တိုက်ခိုက် ကြစို့။” မုချင်းဖန်း ခေါင်းငြိမ့်လိုက်တယ်။

“အဖိုးကြီးမု နောက်ဆုံးတော့ အလောတကြီး လုပ်ပြီပဲ။” မော့ရှန်းရှီ ပြောတယ်။

“ကောင်လေး ငါ ဘယ်သူ့ကိုမှ အကဲခတ်တာ မမှားဖူးဘူး။ ဒီနေ့တော့ မင်းကို လူကဲခတ် မှားခဲ့မိတယ်လို့ ဝန်ခံ၇မယ်။ မင်းက တခြားသူတွေ အားလုံးထက် ဖြောင့်မတ်တာပဲ”

“အရှက်မရှိတဲ့ ကောင်စုတ် ငါလဲ ပါချင်တယ်။ ဒီကောင်တွေကို ငါမကြောက်ဘူး။ သေရမယ် ဆိုရင်တောင် ယန်လေးနဲ့ အတူတူ သေမယ်။” ပင်းယန်ကတော့ တည်တည်ငြိမ်ငြိမ် ဝင်ပြောတယ်။

“အတူတူ တိုက်ခိုက်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုကတယ်။

“အတူတူ တိုက်ခိုက်မယ်။”

အားလုံး တစ်ပြိုင်နက်တည်း ဖြေကြတယ်။

“ဖန်ကျန်းရှီတဲ့လား။ စိတ်ဝင်စား စရာပဲ။ သုခမိန်ကောင်းကင် မင်းကတော့ တကယ့်ကို လူရွေးမမှားဘူးပဲ။” ခြေရာမဲ့ဓားကို ကြည့်ရင်း မုန့်ထျန်း ချီးမွမ်းတယ်။

“ငါက ဒီတိုက်ပွဲမှာ ဝင်ပါဖို့ လိုတယ်လို့ ထင်ထား ခဲ့ပေမယ့်၊ လူငယ် မျိုးဆက်သစ်တွေက ပိုထက်မြက် ကြတာပဲ။”

ဟွမ်း။ ခြေရာမဲ့ဓား ပြန်အော်တယ်။ မုန့်ထျန်းကတော့ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။ သူ့မျက်ဝန်း အကြည့်တွေရဲ့ စူးရှား ထက်မြက်မှုက အရမ်းကို တောက်ပ လာခဲ့ပြီ။

“ငါတို့တွေ ဒီအခြေအနေ ရောက်လာမှာတော့ သုခမိန် ကောင်းကင် မင်းကြိုက်သလို လုပ်တော့။” မုန့်ထျန်း ဓားကို ပြစ်ချလိုက်တယ်။

ဓားက ချက်ခြင်း ကောင်းကင်ကို ဖြတ်ကျော် ပျံသန်းပြီး ဖန်ကျန်းရှီ အနားမှာ ခရမ်းရောင် အလင်းတန်းတွေ တောက်ပရင်း လွင့်မျော နေတော့တယ်။

“ဆရာကြီး မုန့်ထျန်း။” ဖန်ကျန်းရှီ လှည့်ကြည့်တယ်။

“ဒီနေ့က စပြီး သုခမိန် စစ်နတ်နာမည်က မင်း အပိုင်းပဲ။ ငါမင်းကို ငါးမိနစ် ကူညီပေးမယ်။ မင်းတို့ အားလုံး တိုက်ပွဲမှာ ဝင်တိုက်မှာ ဆိုတော့ ငါလဲ ကူပေးမယ်။”

“ဆရာကြီး မသွားတော့ဘူးလား။”

“ဟဟား။ ငါစနေတာပါ။”

“ဆရာကြီး မုန့်ထျန်းက တကယ့်လူပဲ။”

“ဟဟား။ ငါမင်းကို သုခမိန် လောကထဲမှာ တွေ့တဲ့ အချိန်တည်းက ငါသိတယ်။”

“..” ဖန်ကျန်းရှီ အတိတ်ကို ပြန်တွေးမိရင်း မြင်ကွင်း တစ်ခုက စိတ်ထဲကို ဝင်လာခြ့တယ်။

တော်ဝင် ညီလာခံ စာမေးပွဲထဲမှာ လူကြီး တစ်ယောက်ကို သူတွေ့ခဲ့တယ်။ အဲ့တာက သုခမိန် စစ်နတ် မုန့်ထျန်းပေါ့။ မုန့်ထျန်းက သုခမိန် လောကထဲမှာ အမြဲ ရှိနေတာပဲ။

ဘယ်တုန်းကမှ မသေခဲ့သလို အသက်ပြန်ရှင် လာတာလဲ မဟုတ်ဘူး။ သုခမိန် လောကထဲမှာ ပိတ်မိ နေခဲ့တာပေါ့။

ဝုန်း။ ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက် ရပြီးနောက် မုန့်ထျန်း တစ်ကိုယ်လုံး အလင်းတန်းတွေ တောက်ပ လာတာကို မြင်လိုက်ရတယ်။ အိုမင်း ခြောက်သွေ့နေတဲ့ အသားအရေတွေ စတင်ပြီးတော့ အခွံကွာလာတယ်။

မုန့်ထျန်းရဲ့ အရိုးတွေက စတင် ပြောင်းလဲ လာပြီးနောက် သူ့မျက်နှာ အသားအရေကလဲ နုပျိုလာတယ်။ အရေခွံ ခွာခံ လိုက်ရသလိုပဲ။ သုခမိန် လောကထဲက လူကြီး။ ဓားတစ်ချောင်းလို ထက်မြက် စူးရှတဲ့ အကြည့်နဲ့ လူကြီး။

“ငါးမိနစ်။ အဲ့ဒီ့လောက်ပဲ ငါတော့ ခံနိုင်ရည်ရှိတယ်။” မုန့်ထျန်း ဟိန်းဟောက်ရင်းနဲ့ ချုံးချီ ဆီကို ပြေးဝင် သွားခဲ့တယ်။ ဝူက ဓားအလင်းတန်း တစ်ခုလိုပဲ။

ကြည်လင် ရှင်းသန့်ပြီး ဘယ်သူမှ အနိုင်ယူဖို့ မလွယ်တဲ့ ဓားတစ်ချောင်း အသွင်ကို သူပြောင်းလဲ သွားခဲ့ပြီ။

ဖန်ကျန်းရှီ မှင်သက် သွားမိတယ်။ ဓားပညာရဲ့ အဆုံးစွန် ကျွမ်းကျင်မှုကို သူကြားဖူးတယ်။ ဓားတစ်လက်နဲ့ လူတစ်ယောက် ပေါင်းစည်းမှု။ ဒါကို ဓားလူသားလို့ ခေါ်တာပဲ။

ဝေါင်း။ ချုံးချီမျက်လုံး ပြူးကြီးနဲ့ ကြည့်နေခဲ့တယ်။ သူက ပုရွက်ဆိတ်သာသာ ဒီလူသားကို ဘယ်တုန်းကမှ စိတ်ထဲ အလေးအနက် မထားခဲ့ ဖူးဘူး။ ရွှမ်ယွမ်ဝူကိုသာ အလေးအနက် ထားခဲ့တယ်။

ဒါပေမယ့် မုန့်ထျန်းက သူ့ကို စတင် တိုက်ခိုက်နေပြီ။ အမဲလိုက် သမားက ငှက်ကို တုတ်နဲ့ ပေါက်သလို လုပ်နေတာပဲ။

“ထွက်သွား။” ချုံးချီက ခြေသည်းကို မြှောက်လိုက်ပြီး မုန့်ထျန်း ခန္ဒာကိုယ်ကို နင်းချေပြစ်ဖို့ လုပ်တယ်။ အံ့သြစရာ ကောင်းတာကတော့ ကြီးမားတဲ့ ဓားကြီး အသွင် ရှိနေတဲ့ မုန့်ထျန်းက ချက်ခြင်း ဆိုသလို ထောင်ချီတဲ့ အလင်းတန်းတွေ အဖြစ် ပြောင်းလဲပြီး ချုံးချီရဲ့ လက်သည်း အောက်က ဖြတ်ထွက် သွားခဲ့တာပဲ။ ချုံးချီရဲ့ လည်ပင်းမှာ လာပြီး ထိုးစိုက်တယ်။ ဒီအချိန်မှာတော့ ဓားကြီး တစ်လက် အသွင်ကို ပြန်ပြောင်း သွားခဲ့ ပြန်ပြီ။

“အထင်ကြီးစရာ ကောင်းလိုက်တာ။”

“သူက ဓားချက် တစ်ချက်တည်းနဲ့ သေသတ် မလို့လား။”

စိတ်ကြည်နေတဲ့ လူတွေကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း စတင် မျှော်လင့်မိကြတယ်။

မုန့်ထျန်းက ချုံးချီရဲ့ တိုက်ခိုက်မှုကို ခုခံပြီး ဓားနဲ့ ထိုးနိုင်ရင် သေချာပေါက် ဒဏ်ရာ ပြင်းထန်အောင် လုပ်နိုင်မှာပဲ။ အားလုံးက အရမ်း စိတ်လှုပ်ရှား နေချိန်မှာပဲ အခြေအနေက ပြောင်းလဲ သွားခဲ့တယ်။ တောင်ကြီး တစ်လုံးလို ကြီးမားတဲ့ ချုံးချီက

ရုတ်တရက် ပြောင်းလဲ သွားပြီး အနီရောင် အလင်းတန်းက ဓားအသွင် မုန့်ထျန်းကို ဝင်တိုက်တယ်။

ဝုန်း။ ဓားကိုယ်ထည် အက်ကွဲသွားပြီး မုန့်ထျန်းက ဖြူဖျော့တဲ့ မျက်နှာနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။ သူ့ကိုယ်ပေါ်မှာတော့ သေးငယ်လွန်းတဲ့ ချုံးချီ အသေးစားလေး ရှိနေခဲ့တယ်။

“ငါးမိနစ် တဲ့လား။ မင်းလို ပုရွက်ဆိတ်က ဘာများ လုပ်နိုင်မှာလဲ။” ချုံးချီက မုန့်ထျန်းကို လက်သည်းတွေနဲ့ ကုတ်ပြီး ထျောင်ထျဲ့နဲ့ ဟွမ်တွမ့်ဆီ ပျံသန်း သွားတော့တယ်။

အပိုင်း (၁၀၄၃) ပြီး၏။

အပိုင်း (၁၀၄၄)

“ခြေရာမဲ့ဓားရဲ့ တကယ့် ပိုင်ရှင် အစစ်။”

…

“ဆရာကြီး မုန့်ထျန်း။”

“ဆရာကြီး မုန့်ထျန်း။”

လူသား မဟာမိတ် တပည့်သားတွေ ဖယောင်းနဂါးကို တခြား သတ္တဝါတွေ ဝိုင်းပြီး ဝါးမျိုလိုက်တဲ့ အကြောင်း မှတ်မိ နေသေးတယ်။ သုခမိန် စစ်နတ် မုန့်ထျန်း သေရတော့မှာလား။

လူသား မဟာမိတ် တပည့်သားတွေ အားလုံး ဝမ်းနည်း သွားခဲ့တယ်။ ဒီသားရဲကောင်တွေ ကြောက်စရာ ကောင်းမှန်း သိကြပေမယ့် ရက်စက်မှုက အနှိုင်းမဲ့ မယ်လို့ မထင်ခဲ့ ကြဘူး။ တစ်ချက်တည်းနဲ့တင် သုခမိန် စစ်နတ် မုန့်ထျန်းကို အနိုင်ယူ သွားခဲ့ပြီ။

“မင်းလို ခွေးမသားက ငါ့ကို ပုရွက်ဆိတ်လို့ ခေါ်ဝံ့တယ်ပေါ့။” လေထဲမှာ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ အသံ ထွက်ပေါ် လာပြီးနောက် သူပျောက်ကွယ် သွားတော့တယ်။ အဲ့ဒီ့နောက် မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေက ချိုးချီ တကိုယ်လုံးကို မိုးစက်မိုးပေါက်တွေလို ကျရောက်လာပြီး လွှမ်းခြုံသွားတယ်။

“ဟမ်။” ချိုးချီကို ချီထားတဲ့ မုန့်ထျန်းကတော့ နည်းနည်း လန့်သွားခဲ့တယ်။ ဖယောင်းနဂါးတောင် မခုခံ နိုင်တဲ့ သူ့အင်အားကို သာမန် လူသား တစ်ယောက်က တောင့်ခံ နိုင်တယ်လား။ လူသား တစ်ယောက်က ဘယ်လိုများ ဒီလို အစွမ်း ရှိတာလဲ။

ချုံးချီ မယုံနိုင်ပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ မုန့်ထျန်းကတော့ မသေခဲ့တဲ့ အပြင် သူ့ခန္ဒာကိုယ်ကိုတောင် ထိုးဖောက်ဖို့ လုပ်နေခဲ့ပြီ။

“လူသားတွေက မင်းတို့က ငါ့ကို တကယ် ဒေါသ ထွက်အောင် လုပ်နေတာပဲ။”

ချုံးချီရဲ့ ဟိန်းဟောက်သံနဲ့ အတူ သေးငယ်တဲ့ ကျောက်တုံးတွေက ဓားဆီကို ပျံတက် လာတော့တယ်။ တစ်ချိန်တည်းမှာပဲ အနီရောင် အလင်းတန်း အဖြစ်ကို ပြောင်းလဲပြီး ချုံးချီက ဓားအလင်းတန်း ဆီကို ပြေးဝင် သွားတော့တယ်။

“မူး။ ချုံးချီ မင်းက ငါရှိနေတာတောင် ပမာမခန့် လုပ်နေတယ်ပေါ့။” ရွှမ်ယွမ်ဝူက အော်ရင်း အနီရောင် အလင်းတန်းကို ရွှေရောင် အလင်းတန်းတွေနဲ့ မျက်တောင် တစ်ခတ် အတွင်းမှာ ဝန်းရံ လိုက်တယ်။ ရွှမ်ယွမ်ဝူ တိုက်ခိုက် နေပြီ။

မုန့်ထျန်းနဲ့ ရွှမ်ယွမ်ဝူ နှစ်ယောက်လုံးက တိုက်ခိုက် နေခဲ့တယ်။ အခုချိန်မှာ သူက ထွက်ပြေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ ရွှေရောင် အလင်းတွေ အများကြီး အဖြစ်ကို သူပြောင်းလဲ လိုက်တယ်။

“ချုံးချီက အဲ့ဒီ့ လူသားနဲ့ ရွှမ်ယွမ်ဝူကို နိုင်နိုင်မယ်လို့ မင်းတို့ ထင်လား။” ထျောင်ထျဲ့က လျှာကို သပ်ရင်း မေးလိုက်တယ်။ အခုချိန်မှာ စားစရာ အသားတွေ မရှိသေးတဲ့ သူစိတ်ပျက် နေပုံပဲ။

“ပြောဖို့ ခက်တယ်။ ရွှမ်ယွမ်ဝူက ရင်ဆိုင်ဖို့ မလွယ်ဘူး။ သူကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဘယ်လိုလုပ် ဒီလို ဖြစ်နေမှာလဲ။” ဟွမ်တွမ့်ပြောတယ်။

“ငါတော့ ဘာမှ ဂရုမစိုက်ဘူး။ မင်းတို့တွေ လုပ်ချင်လုပ်။ စားချင်ရာစား သောက်ချင်ရာသောက်။ ငါကတော့ ငါ့အတွက် အကျိုးမရှိတာ ဘာမှ မလုပ်ဘူး။” ထျောင်ဝူ ခေါင်းခါတယ်။

သူက အတော်လေးကို ခေါင်းမာသူ တစ်ယောက်။ အထူးဆန်းဆုံး စိတ်ထား ရှိတဲ့ အပြင် သူ့စိတ်ကို ဘယ်သူမှ မဖတ်နိုင်တဲ့ အတွက် ခန့်မှန်းဖို့ မလွယ်ခဲ့ဘူး။

“ခေါင်းကြီး မင်းဘယ်လို တွေးထားလဲ။” ထျောင်ထျဲ့က ဟွမ်တွမ့်ကို မေးတယ်။

“ငါ့ကို ခေါင်းကြီးလို့ နောက်တစ်ခေါက် ခေါ်ရဲခေါ်ကြည့် ငါမင်းကို မျိုချ ပြစ်မယ်။” ဟွမ်တွမ့် ဒေါသတကြီးနဲ့ ပြောတယ်။

“ဒီတော့ ခေါင်းသေးလို့ ခေါ်ရင် ဘယ်လိုလဲ။”

“ခွေးမ နင်သေချင် နေတာလား။”

ဝေါင်း ဝေါင်း။ ဟွမ်သွမ့်က ထျောင်ထျဲ့ကို ပါးစပ် ဟရင်း မျိုချဖို့ လုပ်တော့တယ်။

ဒီမြင်ကွင်းက ထူးဆန်းတယ်။ ဒါ့အပြင် ထျောင်ထျဲ့ကလဲ ပြန်တိုက်ခိုက် နေသေးတယ်။ တောင်လို ကြီးမားတဲ့ သားရဲကောင် နှစ်ကောင် တိုက်ခိုက် နေတဲ့ အတွက် မြေပြင်တွေက အက်ကွဲ ကုန်တော့တယ်။

လူသား မဟာမိတ်နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ နေခဲ့ပြီ။ သားရဲကောင်တွေက အချင်းချင်း ပြန်တိုက်ခိုက် နေတယ်လား။ ထျောင်ထျဲ့နဲ့ ဟွမ်တွမ့် အရမ်းကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက် နေတဲ့အပြင် တစ်ယောက်ကို တစ်ယောက် သတ်မလို ဖြစ်နေတဲ့ အတွက် လူသား မဟာမိတ်တွေ စိတ်ရှုပ်လာတော့တယ်။

“တကယ့်ကို ထူးဆန်းတဲ့ ကောင်တွေပဲ။”

“ဟုတ်တယ်။ ဒါပေမယ့် ဆရာကြီး မုန့်ထျန်းတော့ ဖိအား လျော့တာပေါ့။”

“ရွှမ်ယွမ်ဝူနဲ့ ဆရာကြီး မုန့်ထျန်း နှစ်ယောက် တိုက်ခိုက်တာ နိုင်ပါစေလို့ မျှော်လင့် ရတာပေါ့။ ဒီလေးကောင်လုံး ဒဏ်ရာ ရပါစေလို့ ဆုတောင်းရအောင်။”

သားရဲကောင်တွေ အချင်းချင်း တိုက်ခိုက်တာကြောင့် ဝမ်းသာ နေကြချိန်မှာပဲ အလှည့်အပြောင်း ဖြစ်လာတော့တယ်။

“ရွှမ်ယွမ်ဝူ သတိထား။” ဖန်ကျန်းရှီရဲ့ အော်သံကို ကြားလိုက် ရတယ်။ အားလုံးလဲ မျက်လုံးပြူးသွား ခဲ့ရပြီ။ ထျောင်ဝူ တိုက်ခိုက်တယ်။

ဥက္ကာပျံလို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သူဆင်းလာ ပြီးနောက် ထျောင်ထျဲ့နဲ့ ဟွမ်သွမ့်ပါ လိုက်လာကြတယ်။ ရွှမ်ယွမ်ဝူကို သူတို့ ဦးတည် တိုက်ခိုက်တယ်။

“သူတို့ အကွက်ဆင် ထားကြတာပဲ။” အားလုံး နားလည် သွားပေမယ့် နောက်ကျသွားခဲ့ပြီ။.

ဝုန်း။ ရွှမ်ယွမ်ဝူ သွေးလို မြူနှင်းတွေကို အန်ထုတ်လိုက်တယ်။

“မဖြစ်ဘူး။”

“ရွှမ်ယွမ်ဝူ ဒဏ်ရာ ရ သွားပြီ။”

ဒါပေမယ့် ရွှမ်ယွမ်ဝူ ဒဏ်ရာ မရပဲ တခြားသူ တစ်ယောက် ရှိနေတာကို သူတို့ မြင်လိုက်တယ်။ ရွှမ်ယွမ်ဝူက ချုံးချီကို တိုက်ခိုက်နေတုန်းပဲ။

သုခမိန် စစ်နတ်မုန့်ထျန်း။ သူ့ရဲ့ ဝတ်ရုံနက်က ပြဲစုတ် သွားခဲ့ပြီ။ ကြွက်သားတွေ အရိုးတွေတောင် ကုတ်ခြစ်ခံရတာကြောင့် ပေါ်နေခဲ့တယ်။

“ဆရာကြီး မုန့်ထျန်းက တိုက်ခိုက်တာကို တားဆီးလိုက်တယ်။”

“သားရဲကောင် သုံးကောင်း ပေါင်းပြီး တိုက်ခိုက်တာကို ဆရာကြီး မုန့်ထျန်းက တားဆီး နိုင်တယ်။ အံ့သြစရာ ကောင်းလိုက်တာ။”

လူတိုင်း မျက်လုံး ပြူးနေခဲ့တယ်။

“မင်းတို့ ဘာကြည့် နေတာလဲ။ ဒီလောက် အင်အားကြီးတဲ့ လူသားကို မြင်ဖူးတာ ပထမဆုံးလား။ ငါးမိနစ်လို့ ငါပြောထား ပြီးသား။ ငါးမိနစ် ပြည့်အောင် ငါနေနိုင်တယ်။” မုန့်ထျန်းက သားရဲကောင်တွေကို သွေးနဲ့ တံတွေးထွေးလိုက်တယ်။

အထိတ်တလန့် ဂုဏ်ပြု အော်သံတွေ ထွက်ပေါ်လာတော့တယ်။

“ဆရာကြီး မုန့်ထျန်း။”

“သုခမိန် စစ်နတ် မုန့်ထျန်းက လူသားတွေထဲ အတော်ဆုံးပဲ။”

မုန့်ထျန်းက သားရဲကောင်တွေကို အနိုင်မယူနိုင်မှန်း အားလုံး သိပေမယ့် သူ့အရှိန်အဝါက အားလုံးကို တက်ကြွ လာစေတယ်။ မုန့်ထျန်း။ သွေးအရိပ်မြို့တော်ကို ထိုးဖောက် ဝင်ရောက်ပြီး နှစ်ခြမ်း ခွဲခဲ့တဲ့သူ။ နတ်ဆိုး အရှင်သခင် စစ်ခုန်ကိုလဲ ခေါင်းဖြတ်ခဲ့တယ်။ သူက ကြမ်းတမ်းတယ်။

စိတ်အား ထက်သန်ပြီး ဒေါသကြီးတယ်။

လူသား မဟာမိတ် တပည့်သားတွေ ကြည့်ရင်း စိတ်ထဲမှာ ခံစားချက်တွေ လျှံတက် လာကြတော့တယ်။ အခုချိန်မှာ အမုန်းတရား မီးတောက် လွှမ်းမိုး ခံလိုက်ရတဲ့ တပည့်သားတွေကြောင့်ဒီခံစားချက်ကြောင့် သတိ ပြန်ဝင် လာခဲ့ကြပြီ။

အမှန်တရားက ဆိုးယုတ်မှုကို အနိုင်ရတယ်။ အားလုံး စိတ်အား ထက်သန်လာတဲ့ အတွက် အမုန်းတရားတွေက စိတ်ကို မထိန်းချုပ်နိုင်တော့ဘူး။

“လာစမ်းပါ ခွေးမသားတွေ၊ မင်းတို့ ငါ့ကို ဘယ်လို သတ်မလဲ ကြည့်ကြ သေးတာပေါ့။” မုန့်ထျန်းက ပြောရင်း တိုက်ခိုက်တော့တယ်။ သူက နောက်မဆုတ် သလို မစောင့်လဲ မစောင့်ခဲ့ဘူး။ ဒီအတိုင်းသာ ပြေးဝင် သွားခဲ့တယ်။

“မိုးနတ်မင်းရေ၊ ဆရာကြီး မုန့်ထျန်းက ပြေးဝင် နေတာပဲ။”

“သူတကယ်ပဲ တစ်ယောက်တည်း တိုက်ခိုက်မှာပေါ့။”

“အင်အားကြီး လိုက်တာ။”

“ငါသေရမယ် ဆိုရင်တောင် ဆရာကြီး မုန့်ထျန်းကို ကူညီမယ်။”

လူသား မဟာမိတ် တပည့်သားတွေ ချက်ခြင်း လှုပ်ရှား ကြတော့တယ်။ အလင်းတန်းတွေက သူတို့ လက်နက်တွေမှာ စတင်ပြီး တောက်ပလာခဲ့တယ်။

“မင်းက မုန့်ထျန်းလို့ ခေါ်တာပေါ့။ ကောင်းပြီ မင်းကို အရင်သတ်မယ်။” ထျောင်ထျဲ့ ဒေါသ တကြီးနဲ့ ပြောတယ်။

သူတို့တွေက ရွှမ်ယွမ်ဝူကို ပြစ်မှတ်ထားဖို့ အကောင်းဆုံး အစီအစဉ် ချထား ခဲ့ပေမယ့် အခုချိန်မှာတော့ သဲထဲ ရေသွန် ဖြစ်သွား ခဲ့ရပြီ။

“ငါ သူ့ကို မျိုချချင်တယ်။”

“မင်းတို့ နှစ်ယောက် တိုက်ခိုက် ငါတော့ တစ်ရေး အိပ်မယ်။” ထောင်ဝူက လှဲချပြီး အိပ်တော့တယ်။ မုန့်ထျန်း စကားကို သူက စိတ်မဆိုးခဲ့ဘူး။

သူတကယ်ကြီးကို အိပ်သွား ခဲ့တယ်။

ထျောင်ဝူက မတိုက်ခိုက်ဘူးလို့ ပြောပြီး အရင်ဆုံး တိုက်ခိုက်တယ်။ တိုက်ခိုက်ရမယ့် အချိန်မှာတော့ အိပ်နေတယ်။ ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။

ဒီထူးဆန်းတဲ့ ခွေးမသားကို မိုးကြိုးကြီးကြီး ပြစ်ချပေးပါ။

ထျောင်ထျဲ့နဲ့ ဟွမ်တွမ့် ကတော့ မုန့်ထျန်းနဲ့ ကောင်းကင်မှာ တိုက်ခိုက် နေခဲ့ပြီ။

မြေပြင်မှာတော့ ထျောင်ဝူက ပါးစပ်ဟရင်း ဟောက်နေခဲ့ပြီ။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေတယ်။

“အရှက်မရှိတဲ့ သူခိုးကောင်။” ပန်းရောင် လူရိပ် တစ်ခု ဖန်ကျန်းရှီ အနားကို ကပ်လာပြီး သူ့လက်ကို လာကိုင်တယ်။ နူးညံ့နွေးထွေးတဲ့ အထိအတွေ့ကြောင့် ဖန်ကျန်းရှီ ချက်ခြင်း လှည့်ကြည့်မိတယ်။ သူတို့ရဲ့ အင်အားတွေက ယင်ယန် ပေါင်းစည်းမှုလို ပေါင်းစည်းတာကို သူခံစားမိတယ်။

အဲ့ဒီ့နောက် စက်ဝိုင်းတစ်ခု သူ့မျက်စိရှေ့မှာ လည်ပတ်သွားပြီၤး ကျမ်းကောင်းကင်တောင်မှာ ဖြစ်ခဲ့သမျှ အားလုံးကို သူမြင် လိုက်ရတော့တယ်။ ဒါက ယင်ယန် ပြန်လည် မွေးဖွားမှုပဲ။

ချီကူယန်က မြောက်ရွာမှာ သတိလစ်နေမယ်လို့ သူထင်ထား ခဲ့မိပေမယ့်၊ သူမကတော့ ဒီကို ရောက်နေခဲ့တယ်။ ဒါ့အပြင် ဆက်တိုက်လဲ တိုက်ခိုက် ခဲ့သေးတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အမြီးကိုတောင် ဖြတ်ခဲ့တယ်ပေါ့။ သုခမိန် အဆင့်ထက် ကျော်လွန်ပြီး နတ်သခင် သုံးယောက်ကိုတောင် ဆက်တိုက် သတ်ခဲ့သေးတယ်။

အရင်ကထက် ပိုပြီးတော့ ကြမ်းတမ်း လာတာပဲ။ ဖယောင်းနဂါးနဲ့ ရှေးသတ္တဝါ လေးကောင်။ ချီကူယန် ပေးနေတဲ့ သတင်းစကားတွေကို ဖန်ကျန်းရှီ မြင်နေရတယ်။ ဒါ့အပြင် သူတို့ရဲ့ စွမ်းအားတွေ ပေါင်းစည်း နေတဲ့ အတွက် နွေးထွေးမှုက သူ့ခန္ဒာကိုယ်ကို လွှမ်းခြုံထားပြီး ရေပူစမ်းထဲ စိမ်နေရသလို နွေးထွေးစေတယ်။

“မင်း ဒဏ်ရာရ ထားတာလား။” ချီကူယန်ကို ဖန်ကျန်းရှီ မျက်လုံးချင်း စုံရင်း မေးလိုက်တယ်။ သူတို့တွေ စကားတော့ မပြောခဲ့ဘူး။

“အင်း။” ချီကူယန် ခေါင်းငြိမ့်ပြတယ်။

“စိတ်မပူနဲ့ ငါရှိနေပြီ။”

“ဒါကြောင့် ငါဒီကို ရောက်နေတာ။”

“အရင်လို မယဉ်ကျေးတော့ ဘူးပဲ။” ချီကူယန် ပြောချင်တာကို ဖန်ကျန်းရှီ သိတယ်။ (နင့်လက်ကို သုံးပြီး ငါ့ဒဏ်ရာတွေကို ကုအုန်းမယ်။”

“ယဉ်ကျေးဖို့ လိုလို့လား။”

“မလိုပါဘူး။”

စိတ်ချင်း စကားပြော ပြီးတဲ့နောက် သူတို့ရဲ့ ဒဏ်ရာတွေကို အချင်းချင်း ကုသပေး နေတော့တယ်။ ဒီအချိန်မှာပဲ ယွင်ချင်းဝူ ဒူးထောက်လျက်သား ကျသွားခဲ့တယ်။ သူ့အမေမှာ အမြီး ရှစ်ချောင်းပဲ ရှိတော့တာကို သူသတိ ထားမိ သွားခဲ့ပြီ။

“အမေ။”

“ချင်းဝူ။ သမီး။”

“အမေ့ကို ဘယ်သူ ထိခိုက်အောင် လုပ်တာလဲ၊ အမြီးကရော။”

“..” ဧကရီ ပိုင်ကျစ် ချီကူယန်ကို တစ်ချက် ကြည့်မိပြီးနောက် ချက်ခြင်း ချုံးချီကို ကြည့်တယ်။ “အဲ့ဒီ့ သားရဲကောင် လေးကောင် အမေ့ကို ထိခိုက်အောင် လုပ်တာ။”

“သားရဲတွေလား။” ယွင်ချင်းဝူ တုန်ယင်သွားတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အကြည့်ကို သူမ မြင်လိုက်တယ်လေ။ ချီကူယန်ကို အမုန်း အပြည့်နဲ့ ကြည့်လိုက်တာပဲ။ ဒါပေမယ့် သားရဲကောင်တွေ လက်ချက်လို့ ပြောနေတယ်။ ဒါကြောင့် ယွင်ချင်းဝူ တစ်ချက် ရှုပ်ထွေး သွားပင်မယ့် သူမ ချက်ခြင်း နားလည် သွားတယ်။ သူ့အမေက သူ့ကို ကာကွယ် နေတာပဲ။ ချီကူယန်ကို မမုန်းစေချင်ဘူး။

ဟုတ်တယ်။ သူမက မကြာခင် သေရတော့မယ့် အစေခံ တစ်ယောက်။ သားရဲကောင်တွေက အင်အားကြီးလွန်းတယ်။ ဒါကြောင့် သူတို့က သူမကို လာရှုပ်ခွင့် ပြုမှာ မဟုတ်ဘူး။ တကယ့်ကိုပဲ ကြိုးစား ထားသမျှ အရာအားလုံး အလဟသတ် ဖြစ်သွား တော့မှာလား။

ယွင်ချင်းဝူ ခေါင်းငုံ့ လိုက်တယ်။ သူမရဲ့ ဆံပင် ဖြူဖြူတွေက လေနဲ့ အတူ လွင့်မျောနေတယ်။ နောက်ဆုံးမှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ချိန်မှာ အလင်းတန်းတွေက သူမ မျက်ဝန်းထဲ စီးဆင်းလာတော့တယ်။

…

ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ အဖြစ်ကို သတိ မထားမိ ခဲ့ဘူး။ မုန့်ထျန်းတို့ တိုက်ပွဲကိုသာ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ့လက်ထဲက ဓားကို မြှောက်လိုက်တယ်။

“ဒီတော့ မင်းနာမည်က သုခမိန် ကောင်းကင်ပေါ့။ ဒါပေမယ့် ငါကတော့ မင်းကို ခြေရာမဲ့လို့ပဲ ခေါ်ချင်တယ်။” ဖန်ကျန်းရှီ ဓားကို ကိုင်ထားရင်း ပြောတယ်။

ဟွမ့်။ ခြေရာမဲ့ဓားက ပျော်ပျော်ကြီး ပြန်ထူးတယ်။

“ငါ့ကို ဘာလို့ ရွေးတာလဲ။ ဆရာကြီး မုန့်ထျန်းက မင်းရှေ့မှာ ရှိနေတာပဲကို။” ဖန်ကျန်းရှီ ပြောလိုကတယ်။ မုန့်ထျန်းက ဓားကို သူ့ဆီ ဘာကြောင့် ပြန်ပေးမှန်း နားမလည် ခဲ့ဘူး။

ဒါ့အပြင် ဓားကလဲ လက်ခံတယ်။ လက်ခံရုံတင် မကဘူး လိုလိုလားလားကြီး ပြန်လာချင် နေပုံပဲ။ ခြေရာမဲ့ဓားက နောက်တစ်ခေါက် အသံပြုတယ်။

“မင်းပြောချင်တာ ဆရာကြီး မုန့်ထျန်းက မင်းရဲ့ ပိုင်ရှင် အစစ် မဟုတ်ဘူးတဲ့လား။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ ဓားက သုခမိန် လောကထဲမှာ သူဆွဲထုတ် လာတာလေ။ ဒါ့အပြင် မုန့်ထျန်း လက်ထဲမှာ လိုလိုလားလား အသုံးခံတာကို သူတွေ့လိုက်တယ်။

အခုတော့ သူ့ပိုင်ရှင် အစစ်က မုန့်ထျန်း မဟုတ်ဘူးလို့ ဓားက ပြောနေခဲ့ပြီ။

“ခြေရာမဲ့။ မင်းပိုင်ရှင်က ဘယ်သူလဲ ဆိုတာ မင်းပြောပြ နိုင်မလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

ဟွန်း။

ခြေရာမဲ့ဓားက ကြည်ကြည်လင်လင် ပြန်အော်တယ်။

ဖန်ကျန်းရှီကတော့ လုံး၀ အံ့သြသွားတယ်။ မြေပြင်မှာ ရပ်နေရင်း ဓားရဲ့ အဖြေကို မယုံနိုင်ခဲ့ဘူး။

“မင်းတဲ့။”

“ငါကမင်းရဲ့ ပိုင်ရှင် အစစ်လား။” ဖန်ကျန်းရှီ နားမလည် နိုင်ခဲ့ဘူး။ သူ့လို အသက် ၂၀တောင် မပြည့်သေးတဲ့ ကောင်လေးက မုန့်ထျန်းထက်တောင် အိုသေးတဲ့ ဓားရဲ့ ပိုင်ရှင် ဘယ်လို ဖြစ်နိုင်မှာလဲ။

အပိုင်း (၁၀၄၄) ပြီး၏။

အပိုင်း (၁၀၄၅)

“အရွယ်ကျုံ့ခြင်း။ မဖြစ်နိုင်သော အရာ။”

..

ခြေရာမဲ့ဓားကတော့ ဖန်ကျန်းရှီကို အသေးစိတ် ပြန်မဖြေခဲ့ဘူး။ သူလဲ စဉ်းစားချိန် မရခဲ့။ အခုလို အချိန်တို အတွင်းမှာ ကိုယ့်ကိုယ်ကို ပြန်ကောင်းမွန်အောင် လုပ်ဖို့ လိုတယ်။

ခွန်းလွန်မှန်ရဲ့ ထိုက်ယိရွှမ် အမှတ်ကြောင့် သူနည်းနည်းတော့ ပြန်ကောင်း လာခဲ့ပြီးသား။ အခုချိန်မှာ ချီကူယန်နဲ့ ပေါင်းစည်း လိုက်တဲ့ အတွက် အနည်းနဲ့ အများတော့ သက်သာ လာခဲ့တယ်။ ဒါပေါ့။ ချီကူယန်ရဲ့ ဒဏ်ရာတွေကလဲ အတော့်ကို ဆိုးတယ်။ ချီကူယန် တိုက်ခိုက်ဖို့ စွမ်းအား ပြည့်တဲ့ အထိ ဖန်ကျန်းရှီ စောင့်နေခဲ့တယ်။ ဒါမှသာ သူတို့တွေ တိုက်ပွဲကို နိုင်နိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။

များများ ပြင်ဆင် ထားတာက ကိစ္စကို မြန်မြန် ပြီးမြောက်စေ နိုင်တယ်။ ဖန်ကျန်းရှီ ဒီအကြောင်းကို ကောင်းကောင်းသိတယ်။

ဒီအချိန်မှာပဲ ရန်ရွှယ်က ဖန်ကျန်းရှီ အနားကို ရောက်လာတော့တယ်။ သူ့အကြည့်တွေကနေ သူ့ဆုံးဖြတ်ချက်ကို သိနေရပြီ။ တိုက်ခိုက်ကြမယ်။ နောက်မဆုတ်ဘူး။

အခြေအနေတွေက အရမ်းကို ပြင်းထန် နေခဲ့ပြီ။ ရွှမ်ယွမ်ဝူနဲ့ ချုံးချီက တစ်ယောက်ကို တစ်ယောက် အသေသတ် နေခဲ့တယ်။ ရွှမ်ယွမ်ဝူကတော့ တစ်ယောက်ချင်း တိုက်ခိုက်နေတာ ဖြစ်တဲ့ အတွက် အသာစီး ရနေခဲ့တယ်။ ဒါပေမယ့် မုန့်ထျန်း ဘက်မှာတော့ အခြေအနေက မကောင်းခဲ့ဘူး။

လူသား မဟာမိတ် တပည့်သားတွေက ကူညီဖို့ စိတ်ရှိ ကြပေမယ့် သတ္တဝါတွေကတော့ ရင်ဆိုင်ဖို့ လုံး၀ မလွယ်ကူပါဘူး။

ထျောင်ဝူကတော့ အိပ်နေဆဲ။

ဘန်း။

ထျောင်ထျဲ့ ရိုက်ချက်ရဲ့ မုန့်ထျန်း မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျတယ်။ သူ့တကိုယ်လုံးကို သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီ။

“ဆရာကြီး မုန့်ထျန်း။”

လူသား မဟာမိတ် တပည့်သားတွေ စိုးရိမ်တကြီးနဲ့ ပြေးလာပြီး တိုက်ခိုက်မှုတွေကို သူတို့ ခန္ဒာကိုယ် သုံးရင်း ခုခံ လိုက်တယ်။

“မင်းတို့ကို သတ်မယ်။”

မကြာခင်မှာပဲ တပည့်သားတွေ ဆိုးဆိုးဝါးဝါး သေဆုံးကုန်တယ်။ ကျမ်းကောင်းကင်တောင် တစ်ခုလုံးကို သွေးတွေက ဖုံးလွှမ်း နေခဲ့ပြီ။ ဖန်ကျန်းရှီလဲ တုန်ယင် သွားတယ်။

ဒီတပည့်သားတွေက အင်အား မကြီးပေမယ့်၊ ကိုယ့်မျိုးနွယ်ကို ကာကွယ် ချင်စိတ် ရှိကြတယ်။ သူတို့ အသက်ကို စတေးဖို့လဲ မတွေေ၀ ကြဘူး။

“ခန်းမ ခေါင်းဆောင်မုနဲ့ တောင်ကြား ခေါင်းဆောင်မော့။ ထိပ်တန်း တပည့်သားတွေကို စုပြီး ထျောင်ဝူကို ကြည့်ထား။ ရုတ်တရက် ကိစ္စတွေ ဖြစ်လာမှာကို ပြင်ဆင်။” ဖန်ကျန်းရှီ ပြောတယ်။

“ကောင်းပြီ။”

ထျောင်ဝူက အိပ်နေပင်မယ့် သူကအန္တရာယ် ပိုကြီးတယ်။ သူဘယ်အချိန် တိုက်ခိုက်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

“သူအိပ်ချင် နေမှတော့ ငါတို့တွေ သူ့ကို အိပ်ခွင့် မပြုနိုင်ဘူး။” မုချင်းဖန်း ပြောရင်း ရန်ချန်လိကို ကြည့်လိုက်တယ်။ “မင်းသားရန် တိုက်ခိုက်ကြစို့။”

“ကောင်းပြီ။” ရန်ချန်လိ ချက်ခြင်း ပြန်ဖြေတယ်။

“ဘယ်သူ ငါတို့နဲ့ အတူတူ လိုက်မလဲ။ ငါတို့ ဘယ်သူ့ကိုမှ ဖိအား မပေးဘူး။” မုချင်းဖန်းက မျိုးနွယ်စု ခေါင်းဆောင်တွေကို မေးလိုက်တယ်။

“ငါတို့ သွားမယ်။”

“ငါတို့ သုခမိန် အဆင့်ကို ရောက်ခါစ ဖြစ်ပေမယ့် ဒီလူအင်အားနဲ့ ဆိုရင် အဲ့ဒီ့ ခွေးမသားတွေကို အချိန်ဆွဲဖို့ ခက်မှာ မဟုတ်ဘူး။”

“အတူတူ သွားကြမယ်။ ဆရာကြီး မုန့်ထျန်းနဲ့ ဖန်ကျန်းရှီ အတွက် အချိန်ဆွဲ ပေးထားမယ်။”

အချိန်တို အတွင်းမှာပဲ မျိုးနွယ်စု ခေါင်းဆောင်တစ်ချို့ ထွက်လာတော့တယ်။ အရေးကြီး အချိန်မှာ သူတို့တွေ ထွက်မပြေးကြဘူး။ သူတို့တွေသာ ပြေးလိုက်ရင် လူသား မျိုးနွယ် ပျက်စီးမှာကို အားလုံး သိနေကြတယ်။ အားလုံးက သေရမှာကို ကြောက်ပေမယ့်၊ သူတို့မှာ မိသားစုနဲ့ မိတ်ဆွေတွေ ရှိကြတယ်။

သားရဲကောင်တွေကြောင့်မိသားစု မိတ်ဆွေတွေ သေဆုံး ရမှာကို သူတို့ မမြင်ချင်ဘူး။ ဒါကြောင့် အခု အခြေအနေမှာ တိုက်ခိုက်ဖို့သာ ရွေးချယ်ကြတယ်။

“ကောင်းပြီ။ ဒီနေ့ တိုက်ပွဲ ပြီးရင် ငါတို့ သွေးနဲ့ သမိုင်းကို ရေးရမှာပဲ။” မော့ရှန်းရှီရဲ့ အကြည့်က တောက်လောင် လာတော့တယ်။

“တောင်ကြား ခေါင်းဆောင်မော့။ ငါတို့ သေရမယ် ဆိုရင်တောင် ဒီသတ္တဝါတွေကို သတ်မယ်။”

“သတ္တဝါတွေကို သတ်မယ်။ ဘယ်တော့မှ ထွက်မပြေးဘူး။”

“ခေါင်းဆောင်မုနဲ့ ခေါင်းဆောင်မော့ နောက်မှာ နေခဲ့။ ငါအရင် သွားမယ်။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က ပြောပြော ပြီးချင်း ထျောင်ဝူ အနားကို ပြေးဝင်တော့တယ်။

“ငါက တောင်ကြား ခေါင်းဆောင်မော့ပဲ။ မင်းက ငါ့အရင် သွားဝံ့တယ်ပေါ့။” မော့ရှန်းရှီက အရင်ဆုံး ပြေးတယ်။

သူက မျိုးနွယ်စု ခေါင်းဆောင်ထက် ပိုမြန်ဆန်တနယ်။

“သွားကြစို့။”

“တိုက်ခိုက်ကြမယ်။” မျိုးနွယ်စု ခေါင်းဆောင်တွေလဲ လုံး၀ မတုံ့ဆိုင်းကြဘူး။ သူတို့တွေ သေမှာကို သိနေပင်မယ့် မကြောက်လန့် ခဲ့ဘူး။ အလင်းတန်းတွေက အရမ်းကို တောက်ပ လာပြီးနောက် မျိုးနွယ် ခေါင်းဆောင် ဆယ်ယောက်ကျော် ပြေးထွက် သွားခဲ့တယ်။

သူတို့တွေက လူသား မဟာမိတ်ထဲမှာ အင်အား အကြီးဆုံး သူတွေပဲ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီလောက် အင်အား မကြီးပေမယ့် သုခမိန် အဆင့်ထက် မြင့်တဲ့ သူတွေ၊

ဒါ့အပြင် မျိုးနွယ်စု ခေါင်းဆောင်တွေ အနေနဲ့ သူတို့မှာ ရတနာတွေလဲ ရှိကြတယ်။

မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် ထျောင်ဝူဆီ ရောက်ရောက်ချင်း သုံးရောင်ခြယ် အလင်းတန်း တစ်ခုက ထွက်ပေါ် လာပြီး တခြား ခေါင်းဆောင်တွေရဲ့ ခန္ဒာကိုယ်ကိုပါ အလင်းတန်းက လွှမ်းခြုံ သွားခဲ့တယ်။

“အဲ့တာ သုံးရောင်ခြယ် ရေခဲ ပိုးခြည်မျှင်ပဲ။”

“ဒီရတနာ ခေါင်းဆောင်လီဆီမှာ ရှိမှန်း ငါမသိလိုက် ပါလား။”

“ညီနောင်တို့၊ ရတနာတွေကို ဖွက်မထားနဲ့ လူသား မျိုးနွယ်ရဲ့ အနာဂတ် အတွက် နောက်ဆုံး တိုက်ပွဲ တိုက်ကြစို့။”

ခေါင်းဆောင်တွေ အော်ဟစ်ရင်း သူတို့ရဲ့ ဝှက်ဖဲတွေနဲ့ ရတနာတွေကို ထုတ်သုံးကြတော့တယ်။ အလင်းတန်းတွေက ကျမ်းကောင်းကင်တောင်မှာ အမျိုးမျိုး လင်းလက် လာခဲ့ကြပြီ။

လွန်ခဲ့တဲ့ ခြောက်လ လုံးလုံး လောကမှာ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ခဲ့ကြတယ်။ ထူးဆန်းတဲ့ ရတနာတွေကိုလဲ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေနဲ့ လူသား မဟာမိတ် အဖွဲ့တွေပါ ရခဲ့တယ်။ ဒါပေမယ့် ထူးခြားတဲ့ ကိစ္စ မရှိရင် ဘယ်သူမှ ထုတ်မသုံးကြဘူး။

အခုချိန်မှာတော့ သုံးသင့်တဲ့ နေရာမှာ သုံးရမှကို အားလုံး သိနေခဲ့ပြီ။ ဒါကြောင့် သူတို့ရဲ့ ရတနာတွေကို ထုတ်လာကြတော့တယ်။

“ထူးခြားလိုက်တာ။” ပင်းယန်ကတော့ အတော့်ကို စိတ်လှုပ်ရှား နေခြ့တယ်။

“ဒီကောင်တွေက ဧကရာဇ်ဟွမ်ရဲ့ ဂူမှာတောင် ရတနာတွေကို ထုတ်မသုံးကြဘူး။ အခုတော့ အကုန် ထုတ်လာပြီပဲ။” ဝူယွဲ့အာ ပြောတယ်။

“မင်းရော ဘာရှိလဲ။” ဖန်ကျန်းရှီ မေးတယ်။

“နင် နင်ဘာပြောတာလဲ။” ဝူယွဲ့အာ နားမလည်ချင်ယောင် ဆောင်နေခဲ့တယ်။

“ဟန်ဆောင် မနေနဲ့၊ မင်းမှာ ရတနာ မရှိတာ မဖြစ်နိုင်ဘူး။”

“အမ်။ နည်းနည်း တော့ ရှိပေမယ့် အသုံး မဝင်ပါဘူး။ အဲ့တာတွေက။ ထားလိုက်။ ငါ့မှာ အမျိုးသမီးသုံး သံချပ်ကာ တစ်စုံ ရှိတယ်။ ဒါကို နင်သုံးလို့ ရမယ် ထင်လား။”

“ထုတ်လာခဲ့ ကြည့်ကြည့်မယ်။”

ဝူယွဲ့အာ မထုတ်ချင်ပေမယ့် ပတ်ဝန်းကျင်က လူတွေ တိုက်ခိုက်နေတာကို မြင်ပြီး ရှက်သွားခဲ့တယ်။ ဒါကြောင့် ခါးကနေ သူမ ထုတ်လိုက်တယ်။ နှင်းလို ဖြူဖွေးနေတဲ့ သံချပ်ကာက ရွှေရောင် အမှတ်အသားတွေ အပြည့်နဲ့ တောက်ပနေတယ်။ တစ်ချက် ကြည့်ရုံနဲ့တင် အင်အားကြီး ပစ္စည်းမှန်း သိသာနေတယ်။

“မင်း ဘယ်က ရလာတာလဲ။” ဖန်ကျန်းရှီ မမြင်ဖူးတဲ့ အတွက် မေးလိုက်တယ်။

“ရွှမ်ကျီး မျိုးနွယ်က လရောင်ဖြာ နိုင်ငံနဲ့ စစ်မက်လိုလား နိုင်ငံတော်က တော်ဝင် မိသာစုကို ထိန်းချုပ်ထားတယ်။ ဒါကြောင့် ငါလဲ ဒေါသထွက်ပြီး တခြား မျိုးနွယ်စုတွေနဲ့ ပေါင်းရင်း ရွှမ်ကျီး မျိုးနွယ် အစုအဖွဲ့ ခေါင်းဆောင်ကို မတော်တဆ သတ်မိသွားတယ်။ အဲ့တာကြောင့်။” ဝူယွဲ့အာက ရတနာတွေကို ရလာတဲ့ ပုံစံ အသေးစိတ် မပြောနိုင် ခဲ့ဘူး။

ဖန်ကျန်းရှီကတော့ ခန့်မှန်းမိတယ်။

ရွှမ်ကျီး မျိုးနွယ်ကို တိုက်ခိုက်နိုင်ဖို့ ဝူယွဲ့အာက သေချာပေါက် တခြား မျိုးနွယ်တွေကိုပါ ရတနာ ခွဲေ၀ ပေးခဲ့ ရမှာပဲ။

ဒါ့အပြင် သူက ဟန်ဆောင်ကောင်း လ ွန်းတဲ့သူ ရတနာတွေကို သူမသာ အရင်တွေ့ရင် အစောကြီးတည်းက တန်ဖိုးကြီး ပစ္စည်းတွေကို သူမ အရင်သိမ်းမှာပဲ။ အရှက်မရှိလိုက်တာ။

“ထပ်ရှိသေးလား။” ဖန်ကျန်းရှီ မေးလိုက်တယ်။ သံချပ်ကာ အပြင် တခြား အရာတွေ ရှိနေမယ်မှန်း ဖန်ကျန်းရှီ သိတယ်။

“ဓားတစ်လက်တော့ ရှိပေမယ့် နင်လိုမယ်တော့ မထင်ဘူး။”

“သူ့ကို ပေးလိုက်။” ချီကူယန်ကို လက်ညှိုးထိုး ပြလိုက်တယ်။ ချီကူယန့် အကြောင်းကို သူကောင်းကောင်း သိတယ်။ သူက ရတနာတွေကို စိတ်မဝင်စားဘူး။

“စောစောတည်းက နင်ပြောသင့်တယ်။ ညီမလေး ကူယန်ကို ပေးရတာ ပြဿနာ မရှိဘူး။” ဝူယွဲ့အာ ပြုံးပြရင်း ပြောတော့တယ်။

“အစ်မကြီးယန်လို့ ခေါ်သင့်တယ်။ ငါခေါ်သလို လိုက်ခေါ် မမကြီး ယန်။” ပင်းယန်က မကျေမနပ် ဝင်ပြောတော့တယ်။ ဝူယွဲ့အာက သူ့ထက် ဝါစဉ် နှစ်ဆင့် မြင့်နေတာကို သူမပျော်ဘူး။

“ငါက ညီမလေး ကူယန်ထက် အသက်ကြီးတယ်လေ။” ဝူယွဲ့အာက အရှုံးမပေးခဲ့ဘူး။ ချီကူယန့်ကို သူ့ထက် ငယ်တယ်လို့ ငြင်းနေခဲ့တယ်။

“မကျေနပ်ဘူးလား။ ချမလား။ တိုက်ခိုက်မလား။” ချီကူယန် အေးအေးဆေးဆေး ဝင်ပြောတယ်။

ဖန်ကျန်းရှှီနဲ့ ပင်းယန်တောင် မျက်လုံး ပြူးသွားတယ်။

ဒီလောက်ကြီး ရှင်းရှင်းလင်းလင်း ပြောစရာ လိုလို့လား။ ဒါ့အပြင် ချီကူယန် ဂရုစိုက်တဲ့ ဝါစဉ်ကြောင့်ဖန်ကျန်းရှီ နည်းနည်း အံ့သြ သွားခဲ့တယ်။

“ဟဟား။ သဟဇာတ ဖြစ်ဖို့က အရေးကြီးတယ်။ တိုက်ခိုက်တာတွေက မကောင်းဘူး။ မမကြီးလို့ပဲ ခေါ်မယ်လေနော်။ မမကြီးယန်ကို ဒီဓားနဲ့ သံချပ်ကာ လက်ဆောင်ပေးပါ့မယ်။” ဝူယွဲ့အာ ချက်ခြင်း ပြောတယ်။ သူက တကယ့်ကို ကောက်ကျစ်တဲ့ ဈေးသည် တစ်ယောက်ပဲ။

“အင်း။” ချီကူယန် ချက်ခြင်း လက်ခံလိုက်တယ်။ အဖြူရောင် သံချပ်ကာနဲ့ အပြာရောင်ဓားကို သူပိုင် သွားခဲ့ပြီ။

ချီကူယန် ချက်ခြင်း သံချပ်ကာကို ဝတ်လိုက်တယ်။ သူမရဲ့ အရှိန်အဝါက ချက်ခြင်း ပြောင်းလဲ သွားတော့တယ်။ ရွှေရောင်အလင်းတန်းကြောင့် သူမက မြင့်မြတ်တဲ့ အသွင် ပေါ်နေခဲ့တယ်။ ဒါ့အပြင် အပြာရောင် ဓားကလဲ ချက်ခြင်း တောက်ပလာတယ်။

ဝူယွဲ့အာက အကောင်းကြိုက်မှန်း ဖန်ကျန်းရှီ သိပေမယ့် တန်ဖိုးကြီး ထူးခြား ရတနာတွေကို ပိုင်ထားမယ်လို့ မထင်ထား မိခဲ့ဘူး။ ချီကူယန်ရဲ့ မြင့်မြတ်တဲ့ အရှိန်အဝါက နှလုံးသွေးတွေကိုတောင် လာဆောင့်တယ်။

“သွားကြစို့”

“ကောင်းပြီ။” ချီကူယန်က ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ် လက်တွဲထားရင်း တခြားလက် တစ်ဖက်မှာတော့ ဓားကို ကိုင်ထားခဲ့တယ်။ ဖန်ကျန်းရှီ မစောင့်တော့ဘူး။

ချီကူယန်ရဲ့ တိုက်ခိုက် နိုင်စွမ်းက ရတနာ နှစ်ခုကြောင့် သေချာပေါက် တိုးတက် လာမှာပဲ။ ရန်ရွှယ်နဲ့ ပင်းယန်ပါ ပေါင်းလိုက်ရင် ထျောင်ထျဲ့နဲ့ ဟွမ်တွမ့်ကို နိုင်မှာ သေချာတယ်။

“နေအုန်း။ ငါ့မှာ ရတနာ တစ်ခု ရှိသေးတယ်။ အသံတစ်သံက သူတို့ နောက်ကနေ ထွက်ပေါ်လာတယ်။

“နင့်မှာရော ရှိတာလား။” ပင်းယန် လှည့်မေးတယ်။

ပြောလိုကသူကတော့ ယွင်ချင်းဝူပဲ။ ဒါပေမယ့် ပင်းယန်ကတော့ သူ့ကို မယုံခဲ့ဘူး။ သားရဲကောင်တွေကို တိုက်ခိုက်ဖို့ ယွင်ချင်းဝူက တန်ဖိုးကြီး ရတနာ သူတို့ကို ပေးမှာလား။

ဖန်ကျန်းရှီလဲ အံ့သြနေတယ်။

သူတို့တွေက သားရဲကောင်တွေကို တိုက်ခိုက်မယ့် ကိစ္စ အတွက် လုပ်နေကြပေမယ့် ယွင်ချင်းဝူက အကူအညီ လာပေးနေတယ်။ ထူးဆန်းပြီး ခန့်မှန်းလို့ မရဘူး။

“ငါ တစ်ခေါက်တုန်းက လေ့လာဖူးတယ်။ ဓာတ်ကြီးလေးပါး မြင့်မြတ် ကျောက်တုံး လေးခုက တစ်ခုစီမှာ စွမ်းအားတွေ အပြည့် ရှိတယ်။ ငါ့လူတွေကို လွှတ်ပြီး ကျောက်တုံး လေးခု စလုံးကို ငါစုထားပြီးသား။ ကျောက်တုံးတွေကို နင်တို့ ဝတ်ထားမယ် ဆိုရင် (ဓာတ်ကြီးလေးပါး အသေသတ် တိုက်ကွက်)ကို ဖန်တီး နိုင်လိမ့်မယ်။ သေချာပေါက် အသုံးဝင်မှာပါ။”

ပြောပြီးပြီးချင်း အနီ၊ အပြာ၊ အစိမ်းနဲ့ ခရမ်းရောင် ကျောက်စိမ်းတုံးတွေကို ယွင်ချင်းဝူ ထုတ်ပေးတော့တယ်။ ဖန်ကျန်းရှီကတော့ စိုက်ကြည့်နေတယ်။

“အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာရဲ့ ဓာတ်ကြီးလေးပါး။ သူတို့တွေက ဗျူဟာ ခင်းနိုင်ရုံတင် မကဘူး လေ၊ မိုးကြိုး၊ ရေနဲ့ မီး စွမ်းအား လေးခုကိုလဲ ထုတ်ပေးနိုင်တယ်။ အသေသတ် တိုက်ကွက် ဗျူဟာက လူလေးယောက် စွမ်းအားရအောင် လုပ်ပေးနိုင်တယ်။” ယွင်ချင်းဝူ ရှင်းပြတယ်။

“စွမ်းအား အပို ဘယ်လောက် ရနိုင်လဲ။”

“နှစ်ဆ။”

“နှစ်ဆတောင်။” ဖန်ကျန်းရှီ လန့်သွား ခဲ့တယ်။ ယွင်ချင်းဝူမှာ တကယ် ပစ္စည်းကောင်း ရှိနေတာပဲ။ လေ၊ မိုးကြိုး၊ ရေနဲ့ မီး အစွမ်းတွေ ပေါင်းရင် သုံးဆတောင် စွမ်းအား တိုးနိုင်တယ်။ တွေးကြည့်ရင် အတော့်ကို မိုက်တာပဲ။

ယွင်ချင်းဝူရဲ့ စိတ်ကို ဖတ်နိုင်ဖို့ ကြိုးစား ပေမယ့် အသုံး မဝင်ခဲ့ဘူး။ သူမက တည်ငြိမ်လွန်း နေတဲ့ အတွက် သူ့အတွေးတွေကို ဘယ်သူမှလဲ မခန့်မှန်း နိုင်ပြန်ဘူး။

“ငါ့ကို ကြည့်မနေနဲ့။ မိစ္ဆာ မျိုးနွယ် တွေထဲမှာ ဒီသားရဲကောင် လေးကောင်က မထင်ရှားပေမယ့် သူတို့က ငါ့အမေကို ထိခိုက်အောင် လုပ်ထားတယ်။”

“ငါက နင့်အမေကို ထိခိုက်အောင် လုပ်တာ။” ချီကူယန် အမှန်တရားကို ဖုံးကွယ် မနေခဲ့ဘူး။

ပင်းယန်နဲ့ ဖန်ကျန်းရှီလဲ မျက်လုံးပြူး သွားခဲ့တယ်။ အခုက ရေလိုက်ငါးလိုက် နေဖို့ အချိန်ကောင်းလေ။

“ငါ့အမေ ပြောတာကိုပဲ ငါယုံတယ်။ သားရဲကောင် လေးကောင် လုပ်တာကို သူပြောမှတော့ အဲ့တာက အမှန်ပဲ။” ယွင်ချင်းဝူ လန့်သွားပေမယ့် သူမ သေချာ ပြန်ဖြေတယ်။

“ငါသိပြီ။ အရှက်မရှိတဲ့ သူခိုးကောင်။ ငါသူ့ကို ယုံတယ်။ ဓာတ်ကြီးလေးပါး ဗျူဟာကို သုံးမယ်။ ပင်းယန်က မီးနေရာကို ယူ။ ရန်ရွှယ်က လေနေရာကိုယူ။ နင်ကတော့ မိုးကြိုး၊ ငါကတော့ ရေနေရာကို ယူမယ်။” ချီကူယန်က ခေါင်းငြိမ့်ရင်း အစီအစဉ် ချတယ်။

အပိုင်း (၁၀၄၅) ပြီး၏။

အပိုင်း (၁၀၄၆)

“မိစ္ဆာတွေကို ဆွဲဆောင်။ အပျက်အစီးတွေကို ကိုင်တွယ်။”

…

“ကောင်းပြီ မမယန်လေး။”

“ကောင်းပြီ။”

ပင်းယန်နဲ့ ရန်ရွှယ် နှစ်ယောက်စလုံး ချီကူယန်ရဲ့ စကားကို ကြားချိန်မှာ ခေါင်းငြိမ့်လိုက်ကြတယ်။ ရန်ရွှယ်ရဲ့ အဇူရာ တာအိုက သဘာ၀ အရ အရမ်းကို ထက်မြက်လွန်းတယ်။ သူ့ရဲ့ စွမ်းအားက လေနဲ့ ဓာတ်သတ္တိ တူညီတယ်။ ဒါကြောင့် လေနေရာကို ယူရတာ သူနဲ့ အသင့်တော်ဆုံးပဲ။

ပင်းယန်နဲ့ ချီလင်လှံကတော့ မူလ သွေးထဲမှာကို မီးစွမ်းအား ပါဝင်နေတယ်။ ဒါကြောင့် မီးနေရာက ပင်းယန် အတွက် အသင့်တော်ဆုံးပဲ။ ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူကို ချီကူယန် ဘာကြောင့် ယုံကြည်နေမှန်း တွေးမရဘူး။ သူမ ယုံနေရမှတော့ သူလဲ သူမကို မဆန့်ကျင်တော့ဘူးလေ။

“မိုးကြိုး နေရာတဲ့လား။” ဖန်ကျန်းရှီ သူ့လက်ထဲက ခြေရာမဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။ သူ့ဓားက နဂါးသတ် ဓားကွက်ကို သုံးလိုက်ရင် မိုးကြိုး ပုံစံ အမျိုးမျိုးကို သူဆင့်ခေါ်နိုင်တယ်။ ဒါကြောင့် ဒီနေရာက သူ့အတွက် သင့်တော်တယ်။

ဓာတ်ကြီးလေးပါး အသေသတ် တိုက်ကွက် ဗျူဟာက ပြီးပြည့်စုံ သွားပြီ။ သူတို့ လေးယောက်က ဗျူဟာ အတွက် သင့်တော်တယ်။ ဒီအချက်ကို စဉ်းစားကြည့်ရင် ယွင်ချင်းဝူလဲ ရှေးဟောင်း သားရဲကောင် လေးကောင်ကို သတ်ချင် နေပုံပဲ။

“သွားကြစို့။ ဆရာကြီး မုန့်ထျန်းက အကြာကြီး တောင့်ခံ နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ တွေေ၀ နေတာကို ရပ်တန့်လိုက်တယ်။

ရတနာတွေ အများကြီးကို သူပြင်ဆင် ဖူးတဲ့ ပထမဆုံး တိုက်ပွဲပဲ။ နည်းနည်းတောင် အထိခိုက် မခံနိုင်ဘူး။

“သေကြစမ်း။” ပင်းယန်က အနီရောင် ကျောက်တုံးကို ယူပြီး အရင်ဆုံး တိုက်ခိုကတယ်။ သူမရဲ့ ခန္ဒာကိုယ်က မီးတောက်တွေ တဟုန်ထိုး ထွက်ပေါ်လာပြီး မီးတောက်တွေထဲမှာ ရွှေရောင် အလင်းတန်းတွေ ဖြတ်ပြေး နေတော့တယ်။

ဒါက မြင့်မြတ် ကျောက်တုံးရဲ့ စွမ်းအားမှန်း ဖန်ကျန်းရှီ နားလည်တယ်။ ကျောက်တုံးရဲ့ စွမ်းအား ဖြည့်ပေးမှုကြောင့် ပင်းယန်က ရန်ချန်လိနဲ့ တခြားသူတွေကို ယှဉ်လို့ ရနေပြီ။ ရန်ရွှယ်ကတော့ ဘာမှ မပြောခဲ့ဘူး။

အစိမ်းရောင် ကျောက်တုံးကို ဆွဲယူ လိုက်ရင်း တိုက်ပွဲထဲကို ခုန်ဝင် သွားတယ်။ သူ့ရဲ့ အေးစက်တဲ့ အမူအယာနဲ့ အတူ လေပြင်းတွေက တကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့တယ်။

ဖန်ကျန်းရှီလဲ ချီကူယန်ကို ခေါင်းငြိမ့် ပြလိုက်ပြီး ခရမ်းရောင် ကျောက်တုံးကို ယူတယ်။ ချီကူယန်ကတော့ အပြာရောင် ကျောက်တုံးကို ယူပြီး နှစ်ယောက် စလုံး အတူတူ လှုပ်ရှားကြတယ်။

လူသား မဟာမိတ်နဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကတော့ ဒီမြင်ကွင်းကို မြင်ချိန်မှာ လန့်သွားခဲ့ရပြီ။

“ဖန်ကျန်းရှီ ချီကူယန်နဲ့ ရန်ရွှယ်ပါ တိုက်ခိုက်တော့မှာလား။ ပင်းယန်ရော။”

“သူတို့ လေးယောက်က ဟွမ်တွမ့်နဲ့ ထျောင်ထျဲ့ကို နိုင်နိုင်မှာလား။”

“မျှော်လင့်တာပဲ။”

လူသား မဟာမိတ် တပည့်သားတွေရဲ့ မျက်ဝန်းထဲမှာ အလင်းတန်းတွေ တောက်ပလာတယ်။ နောက်ဆုံးတော့လဲ သူတို့တွေက လူသား မျိုးနွယ်ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နေခဲ့ပြီ။

ဝုန်း။ လျှပ်စီးတန်းကြီး တစ်ခု ကျရောက်လာတယ်။

ဖန်ကျန်းရှီရဲ့ မုန့်ထျန်းနဲ့ ထျောင်ထျဲ့ ကြားမှာ ပေါ်လာခဲ့ပြီ။ မုန့်ထျန်း ပုခုံးကို လက်တစ်ဖက်နဲ့ ကိုင်ထားရင်း နောက်လက် တစ်ဖက်နဲ့ ခြေရာမဲ့ဓားကို ကိုင်ပြီး ထျောင်ထျဲ့ ပါးစပ်ကို ချိန်ရွယ် ထားတယ်။

“လဲသေလိုက်။”

“ဟို့။ ဘာမဟုတ်တဲ့ လူသားက ငါ့ကို မလေးမစား ပြုဝံ့တယ်ပေါ့။” ထျောင်ထျဲ့ ဒေါသတကြီးနဲ့ ဟိန်းဟောက် လိုက်ချိန်မှာ လေလှိုင်းတွေနဲ့ ကြောက်စရာ အရှိန်အဝါတွေက ဖန်ကျန်းရှီ ဆီကို ပြေးဝင်လာပြီး သူ့ဆံပင်တွေကို ထောင်သွား စေခဲ့တယ်။

“တောင်းပန်ပါတယ်။” ဖန်ကျန်းရှီ ချက်ခြင်း ခေါင်းငုံ့လိုက်တယ်။

“ဟမ်။” ထျောင်ထျဲ့လဲ မျက်လုံး ပြူးသွား ခဲ့တယ်။

လူသား မဟာမိတ်တပည့်သားတွေနဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ ကြောင်အ ကုန်တယ်။

(ဖန်ကျန်းရှီက တောင်းပန်နေတယ်။ ဘာတွေ ဖြစ်နေတာလဲ။)

ဒီအတွေး ဝင်လာ ချိန်မှာပဲ အဖြူရောင် အမှုန့်လုံးကြီး တစ်လုံးက ထျောင်ထျဲ့ မျက်နှာပေါ်ကို ကျရောက် လာတော့တယ်။

တစ်လောကလုံး တိတ်ဆိတ် သွားခဲ့ပြီ။

အားလုံး အံ့သြနေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ညာခြေထောက်က ဝဲပျံရင်း ထျောင်ထျဲ့ရဲ့ ခေါင်းပေါ်ကို အရှိန်ပြင်းပြင်း ကျရောက်သွားတာ မြင်လိုက် ရတော့တယ်။

ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို မိုင်ပေါင်း ထောင်ချီ အကွာကတောင် ကြားနေရတယ်။

“ပင်းယန် မင်း မြင်လိုက်လား။ သေချာမှတ်ထား။ ဒီအခြေအနေက ရုတ်တရက် ထိုးကြိတ်ဖို့ အကောင်းဆုံးပဲ။” ဖန်ကျန်းရှီ ပြောတယ်။

လောကကြီး တစ်ခုလုံးက တိတ်ဆိတ် နေဆဲပဲ။ ဒါပေမယ့် နောက်ထပ် အသံ တစ်သံကို ကြားလိုက်ရတယ်။

“သတိထား။” ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ မုန့်ထျန်းက လှမ်းအော်လိုက်တယ်။ ထျောင်ထျဲ့ရဲ့ လက်သည်းကြီး တစ်ဖက်က ဖန်ကျန်းရှီ ဆီကို ဦးတည် လာနေခဲ့ပြီ။

အရမ်းလဲ မြန်ဆန်လွန်း လှတယ်။ လက်သည်းကြီးက ဖန်ကျန်းရှီ မျက်နှာ အနားကို တစ်ခဏချင်း ရောက်လာခဲ့တယ်။

ထျောင်ထျဲ့ကို သူ့ကန်ချက်နဲ့ လွင့်ထွက်အောင် မလုပ်နိုင် ခဲ့တာကြောင့် ဒီလို ဖြစ်ရတာပဲ။

“မင်းက ကောက်ကျစ်ပေမယ့် အားနည်းလွန်းတယ်။” ထျောင်ထျဲ့က ဖန်ကျန်းရှီရဲ့ အင်အားကို ခံစား မိပြီးသား။ သူက မုန့်ထျန်းထက် အားနည်းလွန်းတယ်။ ဒါကြောင့် ထျောင်ထျဲ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။

ဝူး ထျောင်ထျဲ့ရဲ့ လက်သည်းက ဖန်ကျန်းရှီဆီ ရောက်လာတော့မယ့် အချိန်မှာပဲ သူ့မျက်နှာက ရက်စက် ကြမ်းတမ်းတဲ့ အသွင်ကို ပြောင်းသွားခဲ့တယ်။

“ကောက်ကျစ်တဲ့ လူသား သွားသေ။”

“..”

နောက်ထပ် စကားက ဆက်ပြီး ထွက်မလာခဲ့ဘူး။ ဖန်ကျန်းရှီ သူ့ရှေ့က ပျောက်သွားတာကို မြင်လိုက် ရတဲ့ အတွက် တစ်ခုခု လွဲနေတာကို သူခံစား မိလိုက်တယ်။

“ပုံရိပ်ယောင်လား။”

“ဒါမှမဟုတ် အတွေးမှားအောင် လုပ်တာလား။” ထျောင်ထျဲ့ချက်ခြင်း တွေးလိုက် မိတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက အားနည်း လွန်းတာကြောင့် သူ့ကို ခြစ်ရာလေး တစ်ခုတောင် ထင်တောင် မလုပ်နိုင် ခဲ့ဘူး။ “အတွေးမှားအောင် လုပ်ဖို့က လိုမှ မလိုတာပဲ။”

တစ်ခဏတာ တွေေ၀ သွားချိန်မှာပဲ သူ့ခေါင်းပေါ်ကို အားကြီး တစ်ခု ပြုတ်ကျလာတာ ခံစားလိုက်ရတယ်။ ဒီအရှိန်အဝါက ကြောက်စရာ ကောင်းလွန်းလို့ ထျောင်ထျဲ့တောင် ကျောချမ်း သွားခဲ့ရတယ်။

ဝုန်း။

ထျောင်ထျဲ့ မြေပြင်ပေါ်ကို ပြုတ်ကျ လာပြီးနောက် ကြီးမားတဲ့ ဘောလုံးကြီး တစ်လုံးလို လိမ့်သွားရင်း မြေပြင်မှာ အက်ကွဲကြောင်းတွေ အများကြီးကို ဖြစ်လာ စေတယ်။

“..” အခုချိန်ထိ တခြား ဘယ်သူမှ အသံ မထွက်နိုင် ကြသေးဘူး။ အားလုံးက လုံးဝကို ကျက်သေသေ နေခဲ့တယ်။

“ဖန်ကျန်းရှီက ထျောင်ထျဲ့ကို ကောင်းကင်ကနေ ပြုတ်ကျလာအောင် ကန်ထုတ် လိုက်တာလား။”

ကန်ချက် တစ်ချက်တည်းနဲ့ ထျောင်ထျဲ့က မတ်တပ်တောင် မရပ်နိုင်တော့ဘူး။ သူ့ရဲ့ ခန္ဒာကိုယ်ကြီးက မြေကြီးထဲမှာ နစ်ဝင် နေခဲ့ပြီ။

“ငါက အားနည်းတယ် တဲ့လား။” ဖန်ကျန်းရှီ ခုန်ချလာရင်း ပြောတယ်။ လက်တစ်ဖက်မှာတော့ ဒဏ်ရာ ပြင်းထန်နေတဲ့ မုန့်ထျန်းကို သူချီထားခဲ့တယ်။

“မင်း မင်းက တမင်တကာ လုပ်တာလား။” ထျောင်ထျဲ့ ခေါင်းခါလိုက်တယ်။ ဒီကန်ချက် ဘယ်လောက် အားကောင်းမှန်း သူသိတယ်လေ။ လူတစ်ယောက်တည်းရဲ့ ကန်ချက် နှစ်ခုက ဒီလောက်တောင် ကွာခြား နိုင်သလား။ တမင်တကာ အားနည်းချင်ယောင် ဆောင်နေမှသာ ဒီလို ဖြစ်နိုင်လိမ့်မယ်။

“သူ့ကို ကယ်ချင်လို့ ဒီလို လုပ်တာပေါ့။ ငါနားလည်ပြီ။” မုန့်ထျန်းကို ကြည့်ရင်း ထျောင်ထျဲ့ ပြောလိုက်တယ်။

ဖန်ကျန်းရှီ သူ့ကို ပထမဆုံး ကန်လိုက်ချိန်တုန်းက သူလဲ အားအပြည့်နဲ့ ခုခံ ထားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အလစ်ဝင်တိုက်မှုကို သူထွင်းဖောက် မြင်ခဲ့တယ်။

အကယ်၍ ပထမဆုံး တိုက်ခိုက်မှုမှာ ဖန်ကျန်းရှီသာ အားအပြည့် သုံးခဲ့မယ် ဆိုရင်၊ သူလဲ လက်ရှိလို အဖြစ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ဒုတိယ တစ်ကြိမ်မှာ သူသတိလွတ် သွားခဲ့တယ်။

“ဆရာကြီး မုန့်ထျန်း လက်ဝါးချင်း ရိုက်ရအောင်။ နေရာ လဲကျမယ်။” ဖန်ကျန်းရှီက မုန့်ထျန်းရဲ့ လက်ဝါးကို ရိုက်ရင်း ပြောတယ်။

“..” မုန့်ထျန်းကတော့ ဖန်ကျန်းရှီ ပြုံးနေတာကို ကြည့်ရင်း စိတ်မအေး နိုင်တော့ဘူး။ သူက အစွမ်းထက်တဲ့ သုခမိန် စစ်နတ်လေ။ လက်ဝါးချင်း ရိုက်ပြီး နေရာလဲ ရအောင် ကလေးတွေ ရန်ဖြစ်တယ်များ ထင်နေတာလား။

မုန့်ထျန်းက ဖန်ကျန်းရှီ နားနားကို ကပ်အော် ချင်ပေမယ့် သူမလုပ် နိုင်ခဲ့ဘူး။ တခြား နေရာဘက်ကနေ လူတွေ တက်လာနေတာကို သူမြင်လိုက်လို့ပဲ။

ချီကူယန်၊ ရန်ရွှယ်နဲ့ ပင်းယန်။ သူတို့တွေက တစ်ယောက်ကို တစ်ရောင်စီ တောက်ပနေတယ်။ အပြာရင့်၊ ကျောက်စိမ်း၊ မီးလို အနီရောင်။

“ဒီတော့ သူတို့ သုံးယောက် နေရာ ယူနိုင်ဖို့ ဒီကလေးက အချိန်ဆွဲ ပေးနေတာပေါ့။” မုန့်ထျန်း နောက်ဆုံးမှာ နားလည် သွားတော့တယ်။

အလစ်ဝင်တိုက်တာက သူ့ကို ကယ်ဖို့တင် မဟုတ်ဘူး။ တခြားသူတွေကို အချိန်ရအောင် လုပ်ပေးတာလဲ ဖြစ်နေတယ်။ ဖန်ကျန်းရှီက ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို သတ်နေတာပဲ။ လူတွေရဲ့ စိတ်အားကို မြှင့်ပေးတယ်။ မုန့်ထျန်းကို ကယ်တင်တယ်။ အားလုံးကိုလဲ နေရာတကျ ဖြစ်အောင် လုပ်ပေးသေးတယ်။

(ဒီကလေးက အရမ်း မျက်နှာပြောင် တိုက် အရှက်မရှိတဲ့သူ ဖြစ်နေတဲ့ အပြင် ချီကူယန်နဲ့ ယွင်ချင်းဝူလောက် ဗျူဟာကျကျ မလှုပ်ရှား တတ်ပေမယ့်၊ လောကကမှာ အကောက်ကျစ်ဆုံးနဲ့ ဉာဏ်အများဆုံးပဲ။) မုန့်ထျန်း စိတ်ထဲမှာ ချီးကျူး နေမိတယ်။

သုခမိန် လောကထဲမှာ ဖန်ကျန်းရှီနဲ့ ပထမဆုံး တွေ့ဖူးတယ်။ ဒုတိယ တစ်ခေါက် တွေ့ချိန်မှာတော့ သူ့အကြောင်းကို အတော်များများ သိပြီးနေပြီ။

“ဆရာကြီး မုန့်ထျန်း။”

“မုန့်ထျန်းက သူ ဒဏ်ရာရ ထားတာလား။” ဒီအချိန်မှာပဲ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို ကြားလိုက် ရတယ်။ ချင်းယွိနဲ့ လင်းမုပိုင် တောင်ပေါ်ကို ရောက်လာကြပြီ။ မုန့်ထျန်းရဲ့ ရုပ်သွင်ကြောင့် ချင်းယွိက အံ့သြ နေတယ်။

လင်းမုပိုင်ကတော့ မုန့်ထျန်း ဒဏ်ရာ ရနေတာနဲ့ ဖန်ကျန်းရှီ ရောက်နေတာကြောင့် အံ့သြ နေတယ်။

“အမ် ဖန်ကျန်းရှီ။ မင်း ဘယ်လို ရောက်။ ကူယန်ရော။ ပင်းယန်ရော။ မင်းတို့တွေ ဘယ်က။”

“အရှင်မင်းမြတ် ပါးစပ်လေး ပိတ်ထား နိုင်မလား။ စကားမစပ် ဒေါ်လေးချင်းရေ။ ဆရာကြီး မုန့်ထျန်းကို လာကူသယ်ပေးပြီး နားခိုင်းပါအုန်း။” အခုချိန်မှာ ချင်းယွိနဲ့ ဧကရာဇ် လင်းမုပိုင် ရောက်လာမယ်လို့ သူမထင်ထား ခဲ့မိဘူး။ ဒါက သူ့စိတ်ကိုတော့ နည်းနည်း ပြောင်းသွား စေခဲ့တယ်။

(ပတ်ဝန်းကျင် အခြေအနေကတော့ တင်းမာလာပြီ။ ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ရှင်းရတာ ပျော်စရာ ကောင်းသား။)

“..” လင်းမုပိုင်ကတော့ အမူအယာ ပြောင်းသွားခဲ့တယ်။ သူက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရာဇ်လေ။ သူ့နိုင်ငံရဲ့ ဘုရင်ခံက သူ့ကို ပါးစပ်ပိတ်ထားဖို့ လာပြောနေတယ်။ သူ့မျက်နှာကို ဘယ်သွားထား ရတော့မလဲ။

လင်းမုပိုင် ဒေါသ ထွက်နေပင်မယ့် ချင်းယွိက သူ့လက်မောင်းကို ဆိတ်ဆွဲ လိုကတာကြောင့် လိမ်လိမ်မာမာလေးသာ ပါးစပ်ပိတ်ထား လိုက်တယ်။ နာလွန်းလို့ မျက်ရည်တောင် ဝဲသွားပေမယ့် အသံ မထွက်ဝံ့ဘူး။

(အမေတူ သမီး)ဆိုတဲ့ စကားကို ဒီမြင်ကွင်းကြောင့် ဖန်ကျန်းရှီ ချက်ခြင်း တွေးမိသွားတယ်။ ပင်းယန်က ချင်းယွိနဲ့ တူတာပဲ ဖြစ်ရမယ်။ ကံကောင်းပေလို့ သူက ပင်းယန်ကို ကောင်းကောင်း သင်ကြား ထားပေးမိတယ်။ မကောင်းတဲ့ ပင်းယန်ရဲ့ အကျင့်တွေကိုသာ အစောကြီးတည်းက ပြင်ပေး မထားခဲ့ရင် အခုချိန်မှာ သူလဲ ဆိတ်ဆွဲ ခံနေ ရလောက်ပြီ။

ကံကောင်းမှု အကြောင်း တွေးနေ ချိန်မှာပဲ ချင်းယွိက သူ့အနားကို ကပ်လာတော့တယ်။

“အဲ့တာ သုခမိန် စစ်နတ် မုန့်ထျန်းလား။”

“အလွယ်တကူ လူစားထိုးလို့ ရတဲ့ အရံကစား သမားလေ။” ဖန်ကျန်းရှီ ပြောတယ်။

“မုပိုင် ပြောတာတော့ ဆရာကြီး မုန့်ထျန်းသာ ရှိနေရင် ငါတို့တွေ ဘေးက ထိုင်ကြည့် နေရုံပဲတဲ့။ တိုက်ပွဲကို သေချာပေါက် နိုင်မယ်လို့ သူအာမခံ ထားတယ်။ ဒါပေမယ့် အခုတော့လဲ ဘာမှ မဟုတ်ပါလား။”

မုန့်ထျန်းရဲ့ မျက်နှာကတော့ မှင်ရည်တွေ စီးကျတော့မလို မည်းမှောင် နေခဲ့ပြီ။ ဖန်ကျန်းရှီကတော့ ချင်းယွိ လေသံကြောင့် မအံ့သြခဲ့ဘူး။ သူက တခြား ကိစ္စ တစ်ခုကို အာရုံရောက်နေတယ်။ “မုပိုင်တဲ့လား။ ဧကရာဇ်နဲ့ ဒေါ်လေးချင်းရဲ့ အတိတ်ဟောင်းတွေကို ပြန်ပေါင်းထုပ်ဖို့ တွေးထားတာလား။”

“နင် ကောင်စုတ်လေး။ ဟူး။ ပင်းယန် နင့်ကို ဘယ်လိုများ သဘောကျလဲ ငါတော့ မတွေးတတ်ဘူး။” ချင်းယွိ ဒေါသ ထွက်နေပင်မယ့် မုန့်ထျန်းကို သေချာ ခေါ်သွားခဲ့တယ်။

“ဒေါ်လေးက ငယ်သေးပါတယ်။ အရှင်မင်းမြတ်နဲ့ နောက်ထပ် ကလေး တစ်ယောက်လောက် မွေးလို့ ရသေးတယ်။” ဖန်ကျန်းရှီက လှမ်းအော်တယ်။

ချင်းယွိကတော့ ချက်ခြင်း ထခုန်မိ မတတ် ဒေါသ ထွက်သွားခဲ့တယ်။ ဧကရာဇ် လင်းမုပိုင်ကတော့ ဆန့်ကျင်ဘက် ဖြစ်ပြီး သူက ပျော်နေခဲ့တယ်။ ချင်းယွိ အနားကို ကပ်ရင်း ချောင်းဟန့်တယ်။ “ယွိအာ ဒီကောင်စုတ်လေး ပြောတာ မှန်တယ်လို့ ငါတော့ ထင်တာပဲ။ ငါတို့တွေက တကယ် ငယ်သေးတယ်လေ။”

“ပါးစပ်ပိတ်ထား။”

“လူသားတွေ မင်းတို့က ငါတို့ကို အထင်သေးတယ်ပေါ့။” ထျောင်ထျဲ့နဲ့ ဟွမ်တွမ့် နှစ်ယောက်စလုံး သူတို့ စကားတွေကို ကြားတဲ့ အတွက် ဒေါသ ထွက်ကုန်ကြတယ်။ သူတို့ရှေ့မှာ ရှေးဟောင်း သားရဲကောင် လေးကောင် ရှိနေတာတောင် နောက်ထပ် ကလေးမွေးဖို့ ပြောနေ ကြသေးတယ်။ သူတို့ကို လာဖျော်ဖြေ နေတယ်များ ထင်နေတာလား။

“မလုပ်ဝံ့ပါဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ခြေရာမဲ့ဓားကို သူဝေ့ယမ်းရင်း ထျောင်ထျဲ့ကို ကြည့်ပြီး လေးလေးနက်နက် ပြောတယ်။

“ငါတို့တွေက မင်းတို့ကို အထင်မသေးဘူး။ အဖက်မလုပ်တာပဲ ရှိမယ်။”

“လူသား။ မင်းက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။”

ထျောင်ထျဲ့နဲ့ ဟွမ်တွမ့်က ဖန်ကျန်းရှီဆီကို တပြိုင်နက်တည်း ပြေးလာကြတယ်။ သူတို့ နှစ်ယောက်စလုံးက ဒေါသတကြီးနဲ့ ဖန်ကျန်းရှီကို ဆွဲဖြဲ ပြစ်ဖို့ ပြေးဝင် လာကြတယ်။

ပုံမှန် အချိန်မျိုးမှာ ဖန်ကျန်းရှီက သေချာပေါက် ထွက်ပြေး မိမှာပဲ။ ဒီတစ်ခေါက်တော့ ဒေါသတွေကို သူ့အပေါ် ပုံကျလာအောင် လုပ်နေရတဲ့ အတွက် ထွက်မပြေးနိုင်ဘူး။

ထျောင်ထျဲ့နဲ့ ဟွမ်တွမ့် သူ့ကို အာရုံ စိုက်လာစေဖို့ ဒေါသတွေကို သူဆွနေတယ်။ သူက လေးယောက်ထဲမှာ အသန်မာဆုံးသူ ဒါကြောင့် တခြား သုံးယောက်ကို အရင်ဆုံး တိုက်ခိုက် ခံရမှာမျိုး အဖြစ် မခံနိုင်ဘူး။ သူသာ သူ့ကို အပြည့်အ၀ အာရုံစိုက်အောင် အမုန်းတရားတွေ ဖန်တီး ပေးနိုင်ရင် ကျန်တဲ့ သုံးယောက်က ပျက်စီးအောင် လုပ်ဖို့ပဲ ရှိတော့မယ်။

ဒီနည်းလမ်းက ရိုးရှင်းတယ်။ အရင်လောကမှာ အဖွဲ့လိုက် ဂိမ်းဆော့တဲ့ သူတွေ ကောင်းကောင်း နားလည်နိုင်တဲ့ ကိစ္စပဲ။

“သေပေရော့။” ပင်းယန်က ထျောင်ထျဲ့ကို အရင်ဆုံး တိုက်ခိုက်တယ်။ ချီလင်လှံကို သူမ ဝေ့ယမ်းလိုက်ချိန်မှာ မီးလျှံတွေက ကောင်းကင်ကို ဖုံးလွှမ်း သွားခဲ့ပြီ။ ရန်ရွှယ်လဲ ငွေရောင် ယပ်တောင်ကို ဖွင့်လိုက်ရင်း သွေးနီရောင် အလင်းတန်းတွေကို ထုတ်လွှတ်လိုက်တယ်။ အင်အားကြီး လေထုက ပင်းယန်ရဲ့ မီးလျှံတွေကို ပိုပြီး အားကောင်း လာစေတယ်။ လေက မီးကို ကူညီတယ်။

မီးလျှံတွေက ထျောင်ထျဲ့နဲ့ ဟွမ်တွမ့်ကို တိုက်ခိုက်ပေမယ့် သူတို့ရဲ့ အာရုံကိုတော့ မပြောင်းစေခဲ့ဘူး။ သူတို့က ဖန်ကျန်းရှီကိုသာ အာရုံစိုက်နေ ခဲ့ကြတယ်။

“ငါ့ကို လာဖမ်း စမ်းပါ ငတုံးကောင် နှစ်ကောင်ရဲ့။ ငါက ဒီမှာ ရပ်နေမယ် လုံး၀ မလှုပ်ရှားဘူး။” ဖန်ကျန်းရှီ ပြောလိုက် ချိန်မှာပဲ သူ့ခေါင်းပေါ်မှာ ပြန်လည် မွေးဖွားမှု စက်ဝန်းက စတင် ထွက်ပေါ် လာတော့တယ်။

အနီ၊ အပြာ၊ အစိမ်း၊ ငွေရောင်နဲ့ အနက်ရောင် အလင်းတန်းတွေက ဆက်တိုက် လှည့်ပတ်ရင်း သူ့တကိုယ်လုံးကို ဖုံးလွှမ်း သွားတော့တယ်။

အရေးကြီး အချိန်မှာမှ ချီကူယန် လှုပ်ရှားတယ်။ ကောင်းကင် တစ်ခုလုံး ကြယ်အလင်းတန်းတွေ ပေါ်လာပြီးနောက် အပြာရောင် ပင်လယ်ကြီး တစ်ခုက ကောင်းကင်ကနေ ထွက်ပေါ် လာတော့တယ်။

ထောင်သောင်း ချီတဲ့ ဓားအလင်းတန်းတွေလဲ ဒီပင်လယ်ထဲမှာ ပါနေတယ်။

ဝုန်း။ ဝုန်း။

အလင်းတန်းတွေ အားလုံးက ထျောင်ထျဲ့နဲ့ ဟွမ်သွမ့် ကိုယ်ပေါ်ကို ကျရောက်လာပြီး အပြာရောင် အလင်းတွေ အဖြစ် ပြောင်းလဲ သွားတယ်။ ရှေးဟောင်း သားရဲကောင်တွေတောင် ဒီတိုက်ခိုက်မှုကို လျစ်လျူရှု မထားနိုင်ခဲ့ဘူး။

ဝေါင်း။ ထျောင်ထျဲ့က ချီကူယန်ကို ဟိန်းဟောက်လိုက်တယ်။ ဒီတိုက်ခိုက်မှုရဲ့ အစွမ်းကြောင့် သူ့ကို ခြိမ်းခြောက်သလို ခံစား မိလိုက်တယ်လေ။

“အာ့။ ချီကူယန်ကတော့ အခြေအနေတွေကို ဘယ်လို ထိန်းရမလဲ မသိပါလား။” ဒီအတိုင်းသာ ဆက်သွားရင် သတ္တဝါ နှစ်ကောင်က ချီကူယန်ကို တိုက်ခိုက် တော့မှာမှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ ဒါကြောင့် သူချက်ခြင်း လှမ်းအော်တယ်။

“လဲသေလိုက် မိစ္ဆာ ကောင်တွေ။ မင်းတို့ နှစ်ကောင်သာ ယောကျာ်းစစ်ရင် ငါ့ကို အရင်လာသတ်။ ဒီလို ပုံစံနဲ့များ ကိုယ့်ကိုယ်ကို ရှေးဟောင်း သားရဲကောင်တွေလို့ ခေါ်ဝံ့တယ်ပေါ့။ ရှေးဟောင်း ကြက်မကြီး လေးကောင်လို့သာ ခေါ်လိုက်ကြ ပါလား။”

အပိုင်း (၁၀၄၆) ပြီး၏။

အပိုင်း (၁၀၄၇)

“စွမ်းအား အပြည့် ရူးသွပ်နေတဲ့ တိုက်ပွဲ။”

..

ရှေးဟောင်း သားရဲကောင်တွေ အတွက် ကြက်ဆိုတဲ့ စကားက အထိ နာစေမယ်မှန်း ဖန်ကျန်းရှီ ကောင်းကောင်းကြီါ် သိနေတယ်။ သူတို့ရဲ့ ဒေါသတွေက စစ်မှန်တယ်။

ဖန်ကျန်းရှီ ပြောတဲ့ စကားကို ကြားပြီးပြီး ချိန်မှာပဲ သားရဲကောင်ကြီးတွေရဲက ခေါင်းပေါ်မှာ မီးဘောလုံးတွေတောင် ဖြစ်လာခဲ့ပြီ။ သားရဲကောင်တွေက သူ့ဆီကို ရူးရူးသွပ်သွပ် ပြေးဝင် လာနေတယ်။

“ဝေါင်း။”

“ဝေါင်း။”

သားရဲကောင် နှစ်ကောင် စလုံးက ဖန်ကျန်းရှီကို အစွယ်တွေ လက်သည်းတွေ သုံးရင်း ကုတ်ဖြဲဖို့ လုပ်နေခဲ့တယ်။

ဝူး။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ရုတ်တရက် ပျောက်ကွယ် သွားပြီး အပြာရောင် အလင်းတန်းလို အသွင်နဲ့ လေထဲ ရောက်သွားတော့တယ်။

ရှေးဟောင်း သားရဲကောင် နှစ်ကောင်လုံးလဲ လန့်သွားခဲ့တယ်။

“မင်းပြောတော့ မင်းပဲ မလှုပ်ရှားဘူးဆို။”

“လူလိမ်။”

ဖန်ကျန်းရှီ ပျောက်သွားပြီး ပြန်ပေါ် မလာတာကို သူတို့တွေ ချက်ခြင်း သတိ ထားမိလိုက်တယ်။ သူတို့ ရှာနေ ချိန်မှာပဲ ဓားအလင်းတန်းတွေက သူတို့ ခန္ဒာကိုယ်ပေါ်ကို မိုးစက်တွေ ကျသလို ကျဆင်း လာတော့တယ်။

အိုး။ ထျောင်ထျဲ့နဲ့ ဟွမ်တွမ့် နှစ်ယောက်လုံး နာကျင်လွန်းလို့ ချီကူယန်ကို လှည့်ကြည့် မိလိုက်တယ်။ သူမရဲ့ တိုက်ခိုက်မှုက သူတို့ကို ဒေါသ ထွက်စေဖို့ လုံလောက်တဲ့ အထိ သန်မာတယ်။

ဝူး။ ဒီအချိန်မှာပဲ ရုတ်တရက် ပျောက်ကွယ် သွားခဲ့တဲ့ ဖန်ကျန်းရှီက နေရာမှာတင် ပြန်ပေါ်လာခဲ့တယ်။ ခြေရာမဲ့ဓားကို သူကိုင်ထားတုန်းပဲ၊

“ဘာတွေ ကြည့်နေကြတာလဲ။ ငါက လှုပ်တောင် မလှုပ်ရသေးဘူး။ မင်းတို့ ငတုံးကောင်တွေက ဘယ်သွား မလို့လဲ။” ဖန်ကျန်းရှီက ရှေးဟောင်း သားရဲကောင်တွေကို ခြောက်လှန့်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ ထျောင်ထျဲ့ ဒေါသ မထွက်ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကို မော့ကြည့်ရင်း အေးစက်စက် ပြုံးလိုက်တယ်။

“ဒီတော့ ဒီလို ဖြစ်သွားတာပေါ့။”

“သူ့ကို သတ်ကြ။” ဟွမ်တွမ့်က ထျောင်ထျဲ့ထက် ပိုပြီးတော့ တည့်တိုး ပြောတတ်တယ်။ ဖန်ကျန်းရှီကို ပါးစပ်ကြီး ဖွင့်ပြီး ဝါးစားဖို့ ပြင်တယ်။ ဖန်ကျန်းရှီ ကောင်းကင်တာအိုကို သုံးပြီး ထွက်ပြေးဖို့ စိတ်က ချက်ခြင်း တွေးမိပေမယ့် အန္တရာယ် အငွေ့အသက်ကို ခံစား လိုက်ရတယ်။ သူ့နောက်ဘက်မှာ တစ်ခုခုက စိုက်ကြည့်နေ သလိုပဲ။

(မဖြစ်ဘူး။ ဒီသားရဲကောင်တွေက လွယ်လွယ်လေး အနိုင်ယူလို့ ရမှာ မဟုတ်ဘူး။)

ထျောင်ထျဲ့ အစွမ်းသုံးတာကို မမြင်ဖူး ပေမယ့် လူသတ်ကောင် တစ်ကောင်ရဲ့ အကြည့်ကို သူခံစားမိတယ်။

ချက်ခြင်း ဆိုသလို ဟွမ်တွမ့်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ ဖန်ကျန်းရှီ ဆုံးဖြတ်လိုက်တယ်။ ခြေရာမဲ့ဓားက မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ လှုပ်ရှားသွားပြီး ကြောက်စရာ ခရမ်းရောင် မိုးကြိုးတွေက ဟွမ်တွမ့်ရဲ့ ပါးစပ်ကြီးကို ရိုက်ခတ်တော့တယ်။

ဝုန်း။

ဟွမ်တွမ့် နောက်ကို ဆုတ်သွားတယ်။ တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီ လက်တစ်ဖက်လုံးလဲ ထုံကျင် သွားခဲ့တော့တယ်။ ကြောက်စရာ စွမ်းအားတွေကြောင့် သူ့ရင်ဘတ် တစ်ခုလုံး တင်းကြပ်ပြီး ပူပြင်းလာတယ်။

အတွင်း ကလီစာ ဒဏ်ရာတွေ ပျောက်ခါစ ရှိသေးပင်မယ့် အခုတော့ နောက်တစ်ကြိမ် ဒဏ်ရာ ရပြန်ပြီ။ သူသွေးတောင် အန်ထွက် မိတတ် ဖြစ်သွားခဲ့တယ်။

“ကျန်းရှီ အဆင် ပြေရဲ့လား။” ရန်ရွှယ် နည်းနည်းတော့ စိုးရိမ် သွားခဲ့တယ်။ သူက လေနေရာမှာ ရပ်နေပင်မယ့် ဟွမ်တွမ့်ရဲ့ အင်အားကို ခံစားမိတယ်။

“အရှက် မရှိတဲ့ ကောင်စုတ် နင် အဆင်ပြေရဲ့လား။ နင်တောင့်မခံ နိုင်ရင် ငါ နင့်အစား ဝင်ပေးမယ်။” ပင်းယန်က စိတ်ပူ နေတဲ့ အတွက် ဖန်ကျန်းရှီနဲ့ နေရာ လဲချင် နေခဲ့တယ်။

“ဟဟား။ ဘာမှ မဖြစ်ဘူး။ ငါအဆင်ပြေတယ်။” ဖန်ကျန်းရှီ ခေါင်းခါရင်း မလှုပ်ရှားသေးတဲ့ ထျောင်ထျဲ့ကို ကြည့်လိုက်မိတယ်။ စိတ်ထဲမှာတော့ သူအံ့သြနေတယ်။

(ထျောင်ထျဲ့က အခုလို အခွင့်အရေးမှာတောင် မလှုပ်ရှားဘူးလား။ တခြား စိတ်ကူး ရှိနေတာလား။)

ကြည့်ရတာ အနာမခံပဲ အာရုံလွှဲလို့ မရမယ့် ပုံစံပဲ။

အခုချိန်မှာ အာရုံလွှဲရမယ့် သူက ထိခိုက်မှု အများဆုံး ဖြစ်မယ်မှန်း ဖန်ကျန်းရှီသိတယ်။ မိစ္ဆာတွေကို ဒီအတိုင်းတော့ အာရုံလွှဲလို့ ရမှာ မဟုတ်ဘူး။

(ထျောင်ထျဲ့က ဘာကို စောင့်နေတာလဲ။ ကောင်းကင်တာအို အစွမ်းကို ငါသုံးတာ စောင့်နေတာလား။)

“ဘာကို ဂရုစိုက်ရမှာလဲ သေပေရော့။” ဖန်ကျန်းရှီ နောက်ထပ် တွေးမနေတော့ဘူး။ အခုချိန်က ဟွမ်တွမ့်ကို တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပဲလေ။

ဝေါင်း။

ဟွမ်တွမ့်က အော်ဟစ်ရင်း ဖန်ကျန်းရှီဆီ ပြေးဝင်လာခဲ့တယ်။ အသားလုံးကြီး တစ်လုံးလို ကြီးမားပေမယ့် သူ့အစွမ်းကလဲ ကြောက်စရာ ကောင်းတယ်။

ဖန်ကျန်းရှီ သူ့ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း ပြန်တိုက်ခိုက်တယ်။ ခြေရာမဲ့ဓားက လျှပ်စီးတွေ ဝန်းရံကြီး တောက်ပနေရင်း ဟွမ်တွမ့်ကို ခုတ်ချပြစ်တယ်။ ခေါင်းကို ခုတ်ချပြစ်ပြီး ဟွမ်တွမ့်ကို ဒဏ်ရာရအောင် သူလုပ်နိုင်လိုက်တယ်။

“အား အိုး။” ဟွမ့်တွမ့် အော်ဟစ်ရင်း မြေပြင်မှာ လှိမ့်နေပင်မယ့် အချိန် တစ်ခဏ အတွင်းမှာပဲ ဒဏ်ရာတွေက ပျောက်ကွယ် သွားခဲ့တယ်။

“ငလူးပဲ။” မိစ္ဆာ မျိုးနွယ်တွေ ကုသနိုင်စွမ်း မြင့်တာကို ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် အခု အဖြစ်က နည်းနည်း လွန်နေတယ် မဟုတ်လား။

“မြေပြင်မှာ လှိမ့်လိုက်ရုံနဲ့တင် ဒဏ်ရာတွေ အကုန်လုံး ပျောက်သွားတယ်။”

“သူ့ကိုယ်သူ ခဲဖျက်များ မှတ်နေတာလား။”

ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ ဟွမ်တွမ့်က နောက်တစ်ကြိမ်သူ့ ဆီ ပြေးဝင် လာနေခဲ့ပြီ။ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးက မြေပြင်မှ အက်ကွဲကြောင်းတွေကို ဖြစ်လာစေတယ်။ သူက မြေပြင်မှာ လိမ့်လာတာပဲ။ ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားခဲ့တယ်။ သူက ဟွမ်တွမ့်ကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဟွမ်တွမ့်ဲ့ ကုသနိုင်စွမ်းက ကြီးမားလွန်း နေတဲ့ အတွက် သူ့ကို မောပန်းပြီး သေအောင် လုပ်ရမယ်။

ဒါ့အပြင် ထျောင်ထျဲ့ကလဲ တစ်ခုခု ကြံစည် နေသေးတယ်။

ထျောင်ထျဲ့ ဘာတွေ ပြင်ဆင်နေမှန်း ဖန်ကျန်းရှီ မသိပေမယ့် ဒီအတိုင်း အပြင်မှာ ရပ်ကြည့် နေတာကတင် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပြန်တယ်။ ရှေးဟောင်း သားရဲကောင် လေးကေးာင်။

တစ်ကောင်ချင်းစီတိုင်းက ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်။ ချုံးချီက အမုန်းတရား မီးတောက်ကို ထုတ်နိုင်တယ်။ လူ့စိတ်ကို ထိန်းချုပ်ပြီး လူတွေကို လူသတ်စက်တွေ ဖြစ်လာ စေနိုင်တယ်။ ဟွမ်တွမ့်ကတော့ ကြောက်စရာ ကုသနိုင်စွမ်း ရှိတယ်။ သူ့ရန်သူကသာ သူ့ကို တစ်ချက်တည်းနဲ့ အသေ မသတ်နိုင်ခဲ့ရင် တော်ရုံသေမှာ မဟုတ်ဘူး။

ထျောင်ထျဲ့ အစွမ်းက ဘာဖြစ်မလဲ။

ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ အပြာရင့်ရောင် ဓာအလင်းတန်းကြီး တစ်ခု သူ့ရှေ့ကို ရောက်လာခဲ့တယ်။ သူနဲ့ ချီကူယန် ကြားမှာ တံတား တစ်ခု ဖြစ်သွားခဲ့ပြီ။

ဓားအလင်းတန်းက ဟွမ်တွမ့်ကို တားဆီးရင်း ဖန်ကျန်းရှီနဲ့ ခြေသုံးလှမ်း အကွာကို လွင့်ထွက် သွားစေခဲ့တယ်။

“ဓာတ်ကြီး လေးပါး တစ်ခုနဲ့ တစ်ခု စစ်ကူပေး။” ချီကူယန်ရဲ့ အသံကို ဖန်ကျန်းရှီ ကြားလိုက်ရတယ်။ သူမက သူ့နားနားကို ကပ်ပြော နေသလိုပဲ။

“ရေက လျှပ်စီးတွေကို စီးကူးနိုင်တယ်။”

“မိုးကြိုး မုန်တိုင်းက ရေနဲ့ လျှပ်စီးတွေကို ဆင့်ခေါ်နိုင်တယ်။”

ချီကူယန် ပြောတာကို ကြားကြားချင်း သူလုပ်ရမယ့် အလုပ်ကို ဖန်ကျန်းရှီ နားလည် သွားတော့တယ်။ မီးနဲ့ လေက ယှဉ်တွဲ တည်ရှိနေပြီး လေက မီးတောက်တွေကို အားကောင်းစေတယ်။ ရေနဲ့ လျှပ်စီးကလဲ အတူတူပဲ။

“နဂါးသတ် ဓားကွက်။”

ဖန်ကျန်းရှီ အော်လိုက်ချိန်မှာပဲ နဂါး တစ်ကောင်က ကောင်းကင်ပေါ်ကို ထိုးတက် သွားတော့တယ်။ ခရမ်းရောင် လျှပ်စီးတန်းကြီး အဖြစ်ကို ပြောင်းလဲ သွားပြီးနောက် လျှပ်စီး မိုးကြိုးတွေကို ထုတ်လွှတ်တော့တယ်။ နဂါးကြီးက ငွေရောင် ရေတွေကို မျိုချရင်း လေထဲမှာ ပျံဝဲနေခဲ့ပြိ။

အဲ့ဒီ့နောက် ပါးစပ်ဖွင့် လိုက်ရင်း လျှပ်စီးနဲ့ ရောနေတဲ့ လေငွေ့တွေကို ရေစီးကြောင်းမှာ မှုတ်ထုတ်လိုက်တယ်။ လျှပ်စီးတွေက ဓားအလင်းတန်းနဲ့ ပေါင်းစည်းပြီး ဟွမ်တွမ့်ကို လောင်မြိုက်တယ်။

“အလုပ် ဖြစ်တာပဲ။”

“ရေနဲ့ လျှပ်စီး ပေါင်းတာက အလုပ် ဖြစ်တယ်။”

“ဒီလို ဓားကွက် ရှိနေမှန်း ငါ သိတောင် မသိဘူး။”

လူသား မဟာမိတ် တပည့်သားတွေ ဒီမြင်ကွင်းကို မြင်ချိန်မှာ စွမ်းအားကို ခံစား မိကြတယ်။

“ဟွမ်တွမ့်က ဒီအတိုင်း အင်အားကြီးလွန်း နေတာလား။”

“ငါတို့တွေ ဒီသားရဲကောင် လေးကောင်ကို သတ်နိုင်ဖို့ မျှော်လင့်ချက်တော့ ရှိပြီ။”

လူသား မဟာမိတ် တပည့်သားတွေ မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရတယ်။ ဒီအချိန်မှာပဲ ထျောင်ဝူက မျက်လုံး ဖွင့်လာခဲ့တယ်။ မုချင်းဖန်းနဲ့ တခြားသူတွေ သူ့ကို လာနှောက်ယှက်နေတာက ကြမ်းတမ်းလွန်းတဲ့ အတွက် နားကန်းချင်ယောင် ဆက်ပြီး ဟန်မဆောင်နိုင် ခဲ့ဘူး။ ဒါကြောင့် အမြီးကြီးကို ခါယမ်းလိုက်ရင်း ရှေ့ဆုံးက မျိုးနွယ် ခေါင်းဆောင်ကို ရိုက်ထုတ်လိုက်တယ်။

မျိုးနွယ်စု ခေါင်းဆောင်လီက လွင့်ထွက်သွားရင်း ထမရပ်နိုင် ဖြစ်သွားခဲ့ရတယ်။

“အားလုံး သတိထား။ သူ့ကို နောက်ထပ် ထိပ်တိုက် မတွေ့ကြနဲ့။” မုချင်းဖန်းက လီမုန့်ကျုံးကို ဖမ်းလိုက်ရင်း ပြောတယ်။

“အမိန့် အတိုင်းပါ။”

“သူ့ အနား မကပ်ပဲ အလုပ်ရှုပ်နေအောင် လုပ်ကြမယ်။”

“အရေအတွက်နဲ့ ဝန်းရံထားမယ်။”

မော့ရှန်းရှီနဲ့ ရန်ချန်လိလဲ ဝင်ပြီး အမိန့်ပေးတယ်။ သူတို့တွေက ဒီသားရဲကောင်တွေကို အနိုင်ယူဖို့ မသန်မာတဲ့ အတွက် ထိပ်တိုက် တိုက်ပွဲကို ရှောင်တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။

“ငါ့ကို သွယ်ဝိုက်ပြီး တိုက်ခိုက် ကြမှာပေါ့ ဟဟား။” ထျောင်ဝူက ရယ်မောရင်း လေထဲကို ခုန်ဝင်ပြီး ရွှမ်ယွမ်ဝူဆိကို ပြေးတော့တယ်။

“အဲ့ဒီ့ ခွေးမသား ထွက်ပြေးတော့မယ်။ မြန်မြန် ဖမ်းကြ။”

မော့ရှန်းရှီ အော်ရင်း ထောင်ဝူကို လိုက်ဖမ်းတော့တယ်။

“အဖိုးကြီးမော့ ထောင်ချောက် ဖြစ်နိုင်တယ် သတိထား။” မုချင်းဖန်း သတိလှမ်း ပေးတယ်။

ထျောင်ဝူရဲ့ စရိုက်က ထူးဆန်းလွန်းတယ်။ ရွှမ်ယွမ်ဝူက မုန့်ထျန်း ကြောင့်သာ မဟုတ်ရင် သားရဲကောင် ငါးကောင်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရပြီး နေပြီ။ ဝေါင်း။ သားရဲကောင် အော် သံသံကို ထပ်ကြားလိုက် ရတယ်။ မုချင်းဖန်း ထင်ထားတဲ့ အတိုင်း ဖြစ်လာတာပဲ၊

“မကောင်းဆိုးဝါးတွေ အကြောင်း မပြောမိစေနဲ့၊ သူ့အကြောင်း ပြောတာနဲ့ သူက ပေါ်လာတတ်တယ်။”

မော့ရှန်းရှီ ပြေးဝင် ချိန်မှာပဲ ထျောင်ဝူက နောက်ကို ပြန်လှည့်လာတယ်။

“ဒီခွေးမသား အကောက်ကြံမှာကို ငါသိသားပဲ။” မော့ရှန်းရှီက စိတ်ကို ပြင်ဆင်ထားခဲ့ပြီး သူ့တူကြီးနဲ့ ပြန်ထုပေမယ့် ထျောင်ဝူရဲ့ အမြီးနဲ့ ရိုက်တာကို ခံလိုက်ရတယ်။ မော့ရှန်းရှီ လွင့်ထွက် သွားပြီးနောက် သွေးအန်တော့တယ်။ သူ့ဒဏ်ရာတွေက အခုချိန်မှာ ပိုဆိုးလာခဲ့ ပြန်ပြီ။

“သေစမ်း။” ထျောင်ဝူ လှုပ်ရှာ ပြန်တယ်။ ကောင်းကင်မှာ ကြယ်တစ်စင်းလို ခုန်ပျံနေရင်း လေထဲမှာ လှေကားထစ်တွေ ရှိတဲ အတိုင်း သူလှုပ်ရှား နေခဲ့တယ်။

“အဖိုးကြီးမော့။” ထျောင်ဝူက မြန်ဆန်လွန်းတဲ့ အတွက် မုချင်းဖန်း စိတ်ပူ သွားခဲ့တယ်။

ထျောင်ဝူ နင်းချေပြစ်တော့မယ့် အချိန်မှာပဲ အနီရောင် အလင်းတန်းက ရုတ်တရက် ပေါ်ထွက်လာ ခဲ့တယ်။ အရေးကြီး အချိန်မှာ အနီရောင် အလင်းတန်းနဲ့ အတူ ပြေးဝင်လာတဲ့ ရန်ချန်လိကတော့ သွေးအန် နေခဲ့ရပြီ။

“မင်းသားရန်။” မုချင်းဖန်း စိတ်ထဲမှာ နာကျင်လာတယ်။ မော့ရှန်းရှီနဲ့ ရန်ချန်လိ နှစ်ယောက်လုံးက အခုချိန်မှာ ဒဏ်ရာ ရနေခဲ့ပြီ။ သူတို့တွေ တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ကြောက်စရာ ကောင်းလွန်းလိုက်တာ။

မော့ရှန်းရှီကို ကယ်တင် နိုင်ခဲ့ပေမယ့် အခြေအနေတွေက ပိုပြီးတော့ ဆိုးဝါး သွားခဲ့တယ်။

“ရှေးဟောင်း သားရဲကောင် တစ်ကောင်ကတင် ရင်ဆိုင်ဖို့ ဒီလောက်ခက်နေတာကို ဖန်ကျန်းရှီနဲ့ ချီကူယန်က နှစ်ကောင်းကို ရင်ဆိုင် နေတယ်လား။ လူငယ်တွေက ပိုပို တော်လတာပဲ။” မုချင်းဖန်း စိတ်ထဲမှာ သက်ပြင်းချနေမိတယ်။ ဒါပေမယ့် သူလှုပ်ရှားတာ မရပ်တန့် ခဲ့ဘူး။ မော့ရှန်းရှီနဲ့ ရန်ချန်လိကို ဆွဲခေါ် လာပြီး သူတို့ ပါးစပ်ထဲကို ဆေးလုံးတွေ ထိုးထည့် ပေးလိုက်တယ်။

“ဒီခွေးမသားက တကယ်ကြီး လေထဲမှာ လမ်းလျှောက် နိုင်တယ်ဟ။” မော့ရှန်းရှီ မကျေမနပ်နဲ့ ပြောတယ်။ သူက မြင့်မြတ် နယ်မြေရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါတောင်မှ ထျောင်ဝူ တစ်ချက်တည်းနဲ့ အနိုင်ယူတာကို ခံလိုက်ရသေးတယ်။ သူ့အတွက်တော့ အတော်လေး ခံရခက်တဲ့ ကိစ္စပဲ။

“ငါသိပြီ။ အေးအေးဆေး။ ငါ့မှာ အကြံရှိတယ်။” မုချင်းဖန်း ပြောလိုက်တယ်။ မော့ရှန်းရှီကို လှဲလျောင်းနိုင်အောင် သူလုပ်ပေးတယ်။

“မျိုးနွယ်စု ခေါင်းဆောင်တို့ ငါ့ကို ယုံကြလား။”

“ခန်းမ ခေါင်းဆောင်မု အကြံကို ပြောပါ။”

“သူ့အနားကို ကပ်ကြစို့။”

“သူ့ အနားကို ကပ်မယ်။” မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးက သူ့စကားကို မယုံနိုင်ခဲ့ဘူး။ ဒီသတ္တဝါကို အနီးကပ်ပြီး တိုက်ခိုက် ရမှာလား။ မဖြစ်နိုင်လိုက်တာ။

“ကောင်းပြီ။ အနားကို ကပ်ကြမယ်။” ရန်ချန်လိ ချက်ခြင်း သဘောတူလိုက်တယ်။

“ငါတို့ တကယ်ပဲ အဲ့ဒီ့ မိစ္ဆာကြီး အနားကို ကပ်မှာလား။”

“ခန်းမ ခေါင်းဆောင်မုမှာ သူ့အကြံနဲ့သူ ရှိမှာပါ။”

“သူ့ကို ယုံလိုက်ရအောင်။” မကြာခင်မှာပဲ မျိုးနွယ် ခေါင်းဆောင်တွေ သဘောတူလိုက် ကြတော့တယ်။ မုချင်းဖန်းကို နားမလည် ပေမယ့် ဆုံးဖြတ်ချက်ကိုတော့ ယုံကြတယ်။ .

…

တိုက်ပွဲ အားလုံးကတော့ အရှိန်မြင့် လာခဲ့ပြီ။ ဖန်ကျန်းရှီ့ တိုက်ပွဲ၊ ရွှမ်ယွမ်ဝူ တိုက်ပွဲ၊ မုချင်းဖန်းတိုက်ပွဲ။ ရှေးဟောင်း သားရဲကောင် လေးကောင်က ကြောက်စရာ ကောင်းအောင် စွမ်းအားကြီးတယ်။

ချုံးချီက အခုချိန်မှာ အသာစီးမရပေမယ့် ရွှမ်ယွမ်ဝူကို သူက လွတ်ထွက် မသွားအောင် ထိန်းထားနိုင်တယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်ကတော့ ဟွမ်တွမ့်ကို ကောင်းကောင်း ရင်ဆိုင်နိုင်တယ်။ မုချင်းဖန်းတို့ နေရာကတော့ အဆိုးဆုံးပဲ။ ရန်ချန်လိက ဒဏ်ရာ နည်းနည်း ရသွားပေမယ့် မော့ရှန်းရှီကတော့ တိုက်ခိုက်နိုင်စွမ်းတောင် မရှိတော့ဘူး။

အားလုံးက တိုက်ပွဲကို ကြည့်နေခဲ့တယ်။ ဧကရီ ပိုင်ကျစ်တောင် အတော်လေး စိတ်ပူ နေခဲ့ပြီ။

အခြေအနေက အရမ်းကို တင်းမာလွန်းနေတယ်။ တိုက်ပွဲကလဲ ရူးချင်စရာ ကောင်းနေပြီ။ ဘယ်သူကမှလဲ အခုချိန်မှာ အသာစီး မရသေးဘူး။

သတိ လစ်နေခဲ့တဲ့ နန်ကုန်းမု ဒီအချိန်မှာ မျက်လုံးတွေ ပွင့်လာတဲ့ ကိစ္စကိုတော့ ဘယ်သူမှ သတိမထားမိ ခဲ့ပါဘူး။

အပိုင်း (၁၀၄၇) ပြီး၏။

အပိုင်း (၁၀၄၈)

“ကြိုတင်ကြံစည်ထားသော။”

..

အင်အားပြင်းပြင်း တိုက်ခိုက်မိ သံတွေကို နန်ကုန်းမု ကြားနေ ခဲ့ရတယ်။ သူ့မျက်ဝန်းတွေ ထဲမှာတော့ ရွှေရောင် အလင်းတန်းတွေ တလက်လက် စီးဆင်းနေခဲ့ပြီ။ နတ်သစ်ပင်ကို သူ့မျက်ဝန်းတွေထဲမှာ အရွက်ပါမကျန် ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

အဲ့ဒီ့နောက် ယွင်ချင်းဝူနောက်မှာ ရပ်နေတဲ့ ဝူယွဲ့အာနဲ့ ရှေးဟောင်း သာရဲကောင် လေးကောင်ရဲ့ တိုက်ပွဲကို သူတွေ့လိုက်ရတယ်။

သူထရပ်ဖို့ လုပ်ချင်ပေမယ့် ရွှမ်ယွမ်ဝူနဲ့ ဖန်ကျန်းရှီကို အရင်ဆုံး အကြည့်ရောက်သွားခဲ့တယ်။ သူတို့တွေက ချုံးချီနဲ့ ဟွမ်တွမ့်ကို တိုက်ခိုက်နေကြဆဲပါ။

“အဲ့တာ ဘယ်နေရာကြီးလဲ။”

“ငါက မဟူရာ နန်းတော်ထဲမှာ ရှိနေခဲ့တာ မဟုတ်လား။”

“ဒီကို ဘယ်လို ရောက်လာတာလဲ။”

နန်ကုန်းမု စိတ်ထဲ အံ့သြ နေခဲ့တယ်။ ဒီသားရဲကောင်ကြီး လေးကောင် ဘယ်က ရောက်လာမှန်းလဲ သူမသိခဲ့ဘူး။ လက်ရှိ အချိန် ဘယ်ကို ရောက်နေမှန်းလဲ မသိခဲ့ဘူး။ ကောင်းကင်မှာ ကြီးမားတဲ့ တံခါးကြီး သုံးချပ် ရှိနေတာကို မြင်ချိန်မှသာ သူနားလည် သွားခဲ့တယ်။

မိစ္ဆာ နတ်ဆိုး မုခ်၀ နှစ်ခုက ပွင့်နေတယ်။ နတ်ဘုရား မုခ်ဝကတော့ ပိတ်နေဆဲ။

“ကျမ်းကောင်းကင်တောင်လား။” နန်ကုန်းမု မယုံနိုင် ဖြစ်သွားခဲ့တယ်။ ကျမ်းကောင်းကင်တောင်နဲ့ ကောင်းကင်တာအို ခန်းမက အတော်လေးကို ဝေးကွာလွန်းတယ်။ ဒီနေရာ နှစ်ခုကို အချိန်တို အတွင်း ရောက်လာဖို့က မဖြစ်နိုင်ဘူး။

(အိပ်မက်မက်နေတာလား။) နန်ကုန်းမု သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ခါရမ်းလိုက်တယ်။ သူ့ခေါင်းက ဆိုးဆိုးဝါးဝါး ထိခိုက် ထားတာကြောင့် သူအားနည်းနေပြီး စွမ်းအားတွေ ထုတ်မရဘူး။ သူ့ကို ချိတ်ပိတ် ထားသလိုပဲ။

(အိပ်မက်ကြီးထဲ ရောက်နေတာလား။

အကိုကြီး သေဆုံးခဲ့တဲ့ နေရာကို နောက်တစ်ခေါက် ပြန်ရောက် လာရပေမယ့်၊ လုပ်သင့်တဲ့ အရာကိုတော့ အခုထိ မအောင်မြင်သေးဘူး။)

နန်ကုန်းမုရဲ့ မျက်လုံးထောင့်မှာ မျက်ရည်တွေ ရစ်ဝဲလာ ခဲ့တယ်။ သူက တခြားသူတွေကို သူ့ရဲ့ အားနည်းမှု ဘယ်တုန်းကမှ ထုတ်မပြခဲ့ဘူး။ အခခုလို အိပ်မက်မှာတော့ ဘာကို ဂရုစိုက်စရာ လိုမှာလဲ။

“အကိုကြီး။” နန်ကုန်းမု ရလဒ်ကို လက်မခံ နိုင်တဲ့ အတွက် အော်ငိုတော့တယ်။ သူ အသုံးမကျတာကို မုန်းတီးတယ်။ တည်ငြိမ် မနေနိုင်တာကို မုန်းတီးတယ်။ အကယ်၍ သူသာ နည်းနည်းလောက် တည်ငြိမ်ခဲ့ရင် ဒီလို အဆုံးသတ် သွားမှာ မဟုတ်ဘူး။

“ငါက အသုံး မကျဘူး။ မိသားစု တာဝန်ကို မကျေပွန်ခဲ့ဘူး။ အဖေလဲ သေသွားပြီ။ အကိုကြီးလဲ သေသွားပြီ။ ကျွန်တော် တစ်ယောက်ပဲ ကျန်တော့တယ်။ အား။” နန်ကုန်းမု ခေါင်းမော့ရင်း အော်ဟစ်တယ်။

သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ် ပေါက်ကွဲ နေချိန်မှာပဲ လူတွေ အများကြီး သူ့ကို ဝိုင်းကြည့်နေမှန်း သတိ ထားမိ သွားတော့တယ်။

“နန်ကုန်းမု နိုးလာပြီလား။”

နန်ကုန်းမုရဲ့ ဒေါသတကြီး အော်ငိုသံကို ကြားချိန်မှာ လူသား မဟာမိတ် အဖွဲ့တွေ သူ့ကို သတိ ရသွားခဲ့တယ်။

“သူက ဒီလို အချိန်မှာမှ နိုးလာတယ်လား။”

“ဘာဖြစ်တယ်။ နန်ကုန်းမု နိုးလာပြီ။ မြန်မြန် သူ့ကို ရိုက်။ မုခ်၀ အနား မကပ်စေနဲ့။” ဝူယွဲ့အာ အော်တော့တယ်။

အခုချိန်မှာ နတ်ဘုရား သစ်သီး (နတ်ဘုရား မုခ်ဝကို ဖွင့်လို့ရမယ့် သော့)က နန်ကုန်းမုရဲ့ ခန္ဒာကိုယ်ထဲမှာ ရှိနေမှန်း သူမ သိတယ်။ ရလဒ်တွေက ကြောက်စရာ ကောင်းတဲ့ အတွက် မုခ်ဝကို ဖွင့်ခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် သူတို့တွေ အရှင်လတ်လတ် ငရဲ ကျသလို လောကကြီးကို ကြုံရ တော့မှာပဲ။

“ဟုတ်တယ်။ သူ့ကို တား။”

“နေစမ်းပါအုန်း။ နန်ကုန်းမုက မုခ်ဝကို ဖွင့်နိုင်ရင်၊ သားရဲကောင်တွေနဲ့ ရင်ဆိုင်နိုင်တာပဲ မဟုတ်လား။”

“နင်ပြောချင်တာ နတ်ဘုရား မုခ်ဝထဲက လူသား နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကို တိုက်ခိုက်ခိုင်းမယ် လို့ ပြောချင်တာလား။”

“မရဘူး။”

“လုံး၀ မရဘူး။”

နန်ကုန်းမုကို ရိုက်တော့မယ့် အချိန်မှာပဲ ဝူယွဲ့အာ ပြောတဲ့ စကားကို သူတို့ ကြားလိုက်ရတယ်။ အမြင်တွေ အမျိုးမျိုးက ထွက်လာခဲ့ပြီ။

“မင်းတို့ လောကကြီးကို ဖျက်ဆီးတော့ မလို့လား။ နန်ကုန်းမုကို တံခါးဖွင့်ခွင့် မပေးနိုင်ဘူး။” ဝူယွဲ့အာ စိုးရိမ်တကြီးနဲ့ တိုက်ခိုက်ဖို့ လုပ်တော့တယ်။

“ခေါင်းဆောင်ဝူ ပြောတာကို နားထောင်။”

“နန်ကုန်းမုကို အရင်ထိန်းမယ်။”

“ကောင်းပြီ။” လူသား မဟာမိတ် တပည့်သားတွေ နောက်ဆုံးမှာတော့ ဝူယွဲ့အာ စကားကို နားထောင်ဖို့ ဆုံးဖြတ် လိုက်ကြတော့တယ်။

ဒါပေမယ့် သူတို့တွေ အနားကို ကပ်လာချိန်မှာပဲ နန်ကုန်းမုက ထရပ်တဲ့ အတွက် သူတို့တွေ ရပ်တန့် သွားကြတယ်။ နန်ကုန်းမုက သူတို့ဆီကို လာနေတယ်။

“သူအင်အားတွေ ဘယ်ရ လာတာလဲ။”

နန်ကုန်းမုရဲ့ အစွမ်းကို အားလုံး မြင်ခဲ့တဲ့ အတွက် တပည့်သားတွေ လန့်ကုန်တော့တယ်။ အခုချိန်မှာ နန်ကုန်းမုက ဘယ်လို အစွမ်း ရှိမလဲ သူတို့ မသေချာဘူးလေ။

“အိပ်မက် ဒါက အိပ်မက်ပဲ။ ငါ နန်ကုန်းမုက ဘယ်တော့မှ လက်မလျှော့ဘူး။ ငါ့ကို ထိန်းချုပ်ချင်ရင် စမ်းကြည့်လေ။” နန်ကုန်းမု အော်ဟစ်ရင်း သူတို့ဆီကို ပြေးဝင် လာတော့တယ်။

အဲ့ဒီ့နောက် သူ လွင့်ထွက် သွားတော့တယ်။ တပည့်သား တစ်ယောက်က နန်ကုန်းမုကို ထိတ်လန့် တကြား လက်သီးနဲ့ ထိုးမိ လိုက်တာကြောင့် သူလဲကျ သွားတယ်။

လူသား မဟာမိတ် တပည့်သားကတော့ သူ့လက်သူ မယုံနိုင်တဲ့ အကြည့်မျိုးနဲ့ ပြန်ငုံ့ကြည့် နေမိပြီ။ သူ့ခံစားချက်ကို စကားနဲ့တောင် ဖော်ပြလို့ မရဘူး။

“ငါက နန်ကုန်းမုကို အနိုင်ယူ လိုက်တာလား။ ဟဟား။ ငါ အင်အားကြီးလိုက်တာ။” တပည့်သားက အရမ်းကို တက်တက်ကြွကြွ ပြောတော့တယ်။

“ရွှမ်ယွမ်ဝူက နန်ကုန်းမု စွမ်းအားတွေကို ချိတ်ပိတ်ထားတယ်။”

“နန်ကုန်းမုက အခုချိန် သာမာန်လူ ဖြစ်နေပြီ။”

“အံ့သြ စရာ မရှိတော့ဘူး။”

“ညီနောင်တို့ လက်စားချေဖို့ အချိန် ရောက်ပြီ။ သူ့ကို မသတ်ရဘူးလို့ မှာထားပေမယ့် မသေမရှင် ဖြစ်အောင်တော့ လုပ်လို့ရတယ်။”

တပည့်သားတွေ ချက်ခြင်း ဆိုသလို လှုပ်ရှား ကြတော့တယ်။

“လူသား မျိုးနွယ်ရဲ့ သစ္စာဖောက်ကို ရိုက်ပြစ်ကြ။”

နန်ကုန်းမု ကိုယ်ပေါ်ကို လက်သီးချက်တွေက မိုးရွာသလို ရွာကျ လာတော့တယ်။

“သူ့ကို မသတ်နဲ့ လက်နက်တွေ မသုံးနဲ့။” ဝူယွဲ့အာက ရွှမ်ယွမ်ဝူ မှာထားတာကို မှတ်မိတယ်။ ဒါကြောင့် သတိပေးတယ်။

“ခေါင်းဆောင်ဝူ စိတ်ချပါ။ သူ့ကို ငါတို့ မသတ်ဘူး။”

“ခြေလက်တွေပဲ ချိုးပြစ်မှာ စိတ်ချလိုက်။”

နန်ကုန်းမုရဲ့ မျက်နှာနဲ့ ခြေလက်တွေပေါ်ကို လက်သီးချက်တွေကို ဆက်တိုက် ကျရောက်လာတယ်။ ဘယ်သူမှ သူ့ကို မညှာတာ ခဲ့ဘူး။ နန်ကုန်းမုက သူတို့ မျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်။ မိစ္ဆာ နတ်ဆိုး နတ်သခင် ချိုးချီ အဖြစ် ဟန်ဆောင်ပြီး လူသား မဟာမိတ်ကို တိုက်ခိုက်ခဲ့တယ်။ သူတို့တွေကို သူ့ကို ဘယ်လို ခွင့်လွှတ်နိုင်မှာလဲ။

“ခြေထောက်ကို ရိုက်ချိုးပြစ်။”

လူသား မဟာမိတ် တပည့်သားတွေ အခုချိန်မှာ ရူးသွပ် နေကြပြီ။ နန်ကုန်းမုက သူ့တို့ကို ပြန်မခုခံ နိုင်တဲ့ အတွက် စိတ်ကြိုက် လုပ်ခွင့် ရနေခဲ့တယ်။

“ဘန်း ဘန်း။” လက်သီးချက်တွေက မရပ်တန့် သွားခဲ့ဘူး။ ဒါပေမယ့် သူတို့ မမျှော်လင့် ထားရတာတော့ နန်ကုန်းမုရဲ့ ခြေလက်တွေ အကောင်းဆုံး ရှိနေတာပဲ။

“ငါတို့ ဘာလို့ မချိုးနိုင် ရတာလဲ။”

“သူက အင်အား မရှိပေမယ့် ခန္ဒာကိုယ်ကတော့ အရမ်းမာနေတဲ့ ပုံပဲ။”

“ဒီကောင်စုတ်က ကောင်းကောင်း အကန်ခံနိုင်တယ်။ ညီနောင်တို့ ထိန်းမထားနဲ့ အားကုန်သုံးကြ။”

နန်ကုန်းမုကတော့ ဘောလုံးလေးလို ကွေးနေခဲ့ပြီ။ သူထရပ်ချင်ပေမယ့် တကိုယ်လုံး အားမရှိတော့သလို ခံစား ရတယ်။ လက်သီးနဲ့တောင် ပြန်မထိုးနိုင်ခဲ့ဘူး။

“အိပ်မက်ထဲမှာတောင် ဘာဖြစ်လို့ ဒီလောက် နာကျင် နေတာလဲ။” နန်ကုန်းမု ဒေါသတကြီးနဲ့ အော်လိုက်တယ်။ ဒါကို သူလက်မခံ နိုင်ဘူး။ သူ့နှလုံးသားထဲမှာ ဒေါသ မီးတွေ တောက်လောင်နေပြီ။

(နန်ကုန်း မျိုးနွယ်ရဲ့ တာဝန်ကို သူကျရှု့းခဲ့တယ်။) အိပ်မက်ထဲမှာတောင် ဘာမဟုတ်တဲ့ လူသား မဟာမိတ် တပည့်သားတွေ တိုက်ခိုက်တာကို ပြန်မခုခံ နိုင်ခဲ့ဘူး။

အဆုံးမဲ့တဲ့ အမုန်းတရားတွေနဲ့ အတူ သူ့မျက်ဝန်းတွေက ဆက်တိုက် တောက်ပ လာနေတယ်။ ဒါပေမယ့် အတားအဆီး တစ်ချို့ကြောင့် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခဲ့ဘူး။

“အမ်။ ဒါက အိပ်မက် မဟုတ်ဘူးပဲ။ ဒါက ကျမ်းကောင်းကင်တောင်။”

“ဘန်း။”

နန်ကုန်းမု ပါးစပ်ဖွင့်လိုက်မှာ ပိုပို သန်မာတဲ့ လက်သီးချက်တွေက သူ့ကိုယ်ပေါ်ကို ကျရောက်လာတယ်။ တစ်ချို့ သူတွေက စွမ်းအား အရင်းအမြစ်ကိုတောင် သုံးနေခဲ့ပြီ။

“ဒီကောင် တော်တော်မာတာပဲ။”

“ငါ့လက်တွေသာ ယော်ငလာတယ်။ သူက ဘာမှ မဖြစ်ဘူး။ သေချာပေါက် လက်နက်တော့ လိုမှာပဲ။”

“ငါ သူ့ခြေထောက်ကို မြှောက်ထားပေးမယ်။ မင်းဖြတ်ပြစ်။”

လူသား မဟာမိတ်တပည့်သားတွေ နန်ကုန်းမုကို မြေပြင်ကနေ ဆွဲခေါ်လာပြီး လက်နက်တွေကို အသင်ပြင်လိုက်ကြတယ်။

သံတွေ အပြည့်နဲ့ ဆူးတင်းပုတ်ကြီးကို သူတို့ ယူလာတယ်။ ဒါ့အပြင် နော်ကထပ် ထိခိုက် ပျက်စီး စေနိုင်မယ့် လက်နက်တွေကိုပါ သူတို့ ယူလာခဲ့တယ်။

“အကိုကြီး။ ငါက အသုံးမကျဘူး။ ဒီကောင်တွေ ရိုက်တာ ခံနေရတာတောင် ပြန်မတိုက်ခိုက်နိုင်ဘူး။”

“အဖေ။ မိသားစု အပေါ်မှာ သစ္စာဖောက်ခဲ့ မိတဲ့ အပြင် တာဝန်ကိုလဲ မပြီးခဲ့ဘူး။ ဒီနေရာမှာ သေ၇တော့မယ်။”

“အား။”

နန်ကုန်းမု ဆက်တိုက် ပြောပြီးနောက် အော်ဟစ်တော့တယ်။ ဆူးတင်းပုတ်ကြီးက သူ့ဘယ်ခြေထောက်ပေါ်ကို ကျလာပြီး ကျိုးသွားတယ်။

ဂျွတ်။

“ငါတို့ နောက်ဆုံးတော့ ချိုးနိုင်ပြီ။”

“ဒီကောင်က မာလိုက်တာ။”

“နောက်ခြေထောက်ကိုပါ ချိုးပြစ်မယ်။ ဒါမှ မဟုတ်တာ ထပ်မလုပ်ဝံ့မှာ။” လူသား မဟာမိတ် တပည့်သားတွေ နန်ကုန်းမု ခြေထောက် ကျိုးသွားတာကို မြင်တဲ့ အတွက် နောက်တစ်ချောင်းကို ထပ်ချိုးဖို့ လုပ်ကြတော့တယ်။

နန်ကုန်းမုကတော့ အံကြိတ်ထားတယ်။ သူက ဒေါသတွေကို အော်ဟစ်ရင်းနဲ့သာ ဖြေနေရတယ်။ ရလဒ်ကို သူလက်မခံ နိုင်ဘူး။ ဒါပေမယ့် သူခြေထောက် ကျိုးသွားတာကြောင့် အော်နေတာ မဟုတ်ပဲ ဒေါသကြောင့်သာ အော်ဟစ်နေတာပါ။

သူ့မိသားစု တာဝန်တွေကို မကျေပွန်တဲ့ အပြင် အိပ်မက် မဟုတ်တဲ့ နေရာမှာသာ ရောက်နေခဲ့ရင် သူတကယ်ပဲ ဘာလုပ်သင့်လဲ။

“မင်းတို့ အားလုံး ရပ်လိုက်စမ်း။” နန်ကုန်းမု ခြေထောက်ကို မဟာမိတ် တပည့်သားတွေ မချိုးပြစ်ချင် လူတစ်ယောက် ပြေးဝင်လာတယ်။

“အဲ့တာ စစ်မက်လိုလား နိုင်ငံတော်က ရန်ချင်းပဲ။”

“ရန်ချင်း မင်းက မျိုးနွယ် ခေါင်းဆောင်ဝူရဲ့ သက်တော်စောင့် ဖြစ်နေပြီ။ မင်းက လူသား မဟာမိတ် အဖွဲ့ရဲ့ လူတစ်ယောက်ပဲ။ ဒါ့အပြင် နန်ကုန်းမုရဲ့ အကို နန်ကုန်းဟောင်က ကောင်းကင်တာအို ခန်းမမှာ မင်းကို ဘယ်လို လုပ်ခဲ့မှန်း မမှတ်မိ တော့ဘူးလား။”

“ဘာလို့ သူ့ကို ကူညီတာလဲ။”

တပည့်သားတွေ အားလုံး နောက်ဆုတ်မိတယ်။ ရန်ချင်းက လူသားအသွင် မိစ္ဆာလို သန်မာမှန်း သူတို့ အားလုံး သိတယ်။

“နန်ကုန်းမု မင်း အဆင်ပြေရဲ့လား။” ရန်ချင်းက နန်ကုန်းမုရဲ့ ကျိုးသွားတဲ့ ခြေထောက်ကို ထိရင်း ပြောတယ်။

ဂျွတ်။

ခြေထောက်က ပြန်ဆက် သွားခဲ့ပြီ။

“ရန်ချင်း မင်းဘာလုပ် နေတာလဲ။ မင်းလဲ လူသား မျိုးနွယ်ကို သစ္စာဖောက်ချင်တာလား။”

“သူ့အသက်ကို ဖန်ကျန်းရှီ ပိုင်တယ်။ ဖန်ကျန်းရှီ သူ့ကို သတ်ခွင့် မပေးသရွေ့ မင်းတို့ ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်ရဘူး။ ဒါ့အပြင် သူ့စွမ်းအားတွေက ချိတ်ပိတ် ခံထားရတယ်။ သူက အန္တရာယ် မပေးနိုင်တဲ့သူ။”

“ရန်ချင်း သူ့ခြေထောက်တွေကို ချိုးပြစ် ပြီးမှပဲ ဒါကို အာမ ခံနိုင်မယ်။”

“ထွက်သွားစမ်း။ နောက်တစ်ခွန်း ပြောရင် ငါမင်းကို သတ်မယ်။” ရန်ချင်းက နန်ကုန်းမုကို ဆွဲထူရင်း မောင်းထုတ်တော့တယ်။

လူသား မဟာမိတ် တပည့်သားတွေ ပါးစပ် ပိတ်သွားပေမယ့် နန်ကုန်းမုကတော့ နာနာကျင်ကျင် ရယ်မော နေခဲ့တယ်။ သူ့နှုတ်ခမ်းထောင့်မှာ သွေးတွေ စီးကျ နေပြီး အဝတ်အစားတွေက စုတ်ပြတ်နေပြီ။ ဒါပေမယ့် တကိုယ်လုံး တုန်ယင်တဲ့ အထိ ရယ်မော နေတုန်းပဲ။

“ရန်ချင်း ငါ့ကို လွှတ်။”

“မလွှတ်ဘူး။”

“မင်းက ငါ့ကို လှောင်ချင်တာလား။ ငါ နန်ကုန်းမုက မိသားစု တာဝန်ကို မပြီးမြောက်ခဲ့ဘူး။ အသက်ဆက်ရှင် နေလို့ ဘာထူးမှာလဲ။”

“မင်း မှားနေပြီ။ နန်ကုန်း မျိုးနွယ်ရဲ့ တာဝန်က မင်းထင်ထားတဲ့ ကိစ္စ မဟုတ်ဘူး။”

“ဟမ်။ မင်းဘာပြော ချင်တာလဲ။”

“ငါ သိပ်မသေချာပေမယ့်၊ ဧကရာဇ်ဟွမ်ရဲ့ အုတ်ဂူမှာ ခေါင်းဆောင်ဝူကို ကာကွယ်နေတဲ့ အချိန် ဖန်ကျန်းရှီ ပြောတာကို ကြားခဲ့တယ်။ နန်ကုန်း မျိုးနွယ်တွေရဲ့ တာဝန်က လောကကို အုပ်စိုးဖို့ မဟုတ်ဘူး။ ဧကရာဇ် ဟွမ်ကို လူ့လောက ပြန်ခေါ်ဖို့ပဲ။ မင်းနားလည်လား။ မင်းရဲ့ ကောင်းကင် လက်ခံ တံခါးနဲ့ ဧကရာဇ်ဟွမ်ကို ပြန်ခေါ်ဖို့။”

“ဟဟား။ ဧကရာဇ်ဟွမ်ကို ပြန်ခေါ်ရမယ်။ ငါ့ကို အရူးများ ထင်နေလား။”

အပိုင်း (၁၀၄၈) ပြီး၏။

အပိုင်း (၁၀၄၉)

“စစ်နတ် ဘုရား ၁၂ပါး ဆင်းသက်လာခြင်း။”

…

“မင်းမယုံဘူးလား။”

“လုံး၀ မယုံဘူးလား။” နန်ကုန်းမုက လုံးဝကို သေချာ နေနခဲ့တယ်။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေ အနေနဲ့ သူတို့တွေက မျိုးရိုးစဉ်ဆက် ပေးအပ်ခဲ့တဲ့ တာဝန်ကို ဘယ်လိုများ အမှတ်မှားနိုင် မှာလဲ။ သူမယုံနိုင်ဘူး။ လုံး၀ ယုံမှာ မဟုတ်ဘူး။

“မင်း မယုံဘူးလား။” ရန်ချင်းက အသေအချာ မေးတယ်။

“မယုံဘူး။” နန်ကုန်းမုက လုံးဝကို မယုံနိုင် ဖြစ်နေခဲ့တယ်။ ရန်ချင်းကို သူပြန်စိုက်ကြည့်ရင်း ရယ်မောလိုက်တယ်။ “ငါမင်းကို မယုံရင် မင်းငါ့ကို သတ်မှလြား။ ဟားဟား ငါအဆင်သင့်ပဲ။”

“မင်း သေရမလား ရှင်ရမလား ဆိုတာ ဖန်ကျန်းရှီ ဆုံးဖြတ် ပေးလိမ့်မယ်။ ငါက မင်းကို မသတ်ဘူး။” ရန်ချင်း ခေါင်းခါရင်း နန်ကုန်းမုကို ထွက်သွားခွင့် ပြုတယ်။

“နေအုန်း။” နန်ကုန်းမု လှမ်းအော်တယ်။ ရန်ချင်းက ရပ်လိုက်ပေမယ် နောက်ပြန်လှည့် မကြည့်ခဲ့ဘူး။

“ဒါက ကျမ်းကောင်းကင်တောင်လား။” နန်ကုန်းမု မော့ကြည့်ရင်း မေးတယ်။

“ဟုတ်တယ်။” ရန်ချင်းက မျက်နှာသေနဲ့သာ ပြန်ဖြေတယ်။

ဒါပေမယ့် လူသား မဟာမိတ် တပည့်သားတွေကတော့ နန်ကုန်းမုရဲ့ အကြည့်ကို မြင်ချိန်မှာ စိတ်ရှုပ်ထွေး ကုန်တော့တယ်။ နတ်ဘုရား မုခ်ဝက ကောင်းကင်မှာ ရှိနေတယ်။ နန်ကုန်းမုရဲ့ စွမ်းအားတွေက တားဆီး ခံရပေမယ့်၊ အခုချိန်မှာ နတ်ဘုရား မုခ်ဝကို သူမဖွင့်နိုင်တော့ဘူး။

“ရှေးဟောင်း သားရဲကောင်တွေနဲ့ ဖန်ကျန်းရှီ တိုက်ခိုက် နေတာလား။” နန်ကုန်းမုက ထပ်မေးတယ်။

“ဟုတ်တယ်။”

“ဒဏ္ဍာရီ အရ ဒီသားရဲကောင်တွေ ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးကြတယ်တဲ့။ တစ်ကောင်ချင်းစီ တိုင်းကလဲ လက်ငါးဖက် ရွှေနဂါးလို သန်မာတယ်။ သူတို့ အားလုံးကို ဘယ်လို တားမှာလဲ။” နန်ကုန်းမု မေးတယ်။ ဒီတစ်ခေါက်မှာ ရန်ချင်းက အဝေးကို လှမ်းကြည့်နေပြီ။ မုချင်းဖန်းက ဦးဆောင်ပြီး တိုက်ခိုက်ပေမယ့် အသုံးမဝင် ခဲ့ဘူး။ ထျောင်ဝူက အင်အားကြီးလွန်းတယ်။

ခန္ဒာကိုယ်နဲ့ အရှိန်နှုန်း နှစ်ခု စလုံးကို ဘယ်သူမှ လိုက်မမှီနိုင်ဘူး။ အချိန်တို အတွင်းမှာပဲ မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်က သေမှန်း ရှင်မှန်း မသိတဲ့ အခြေကို ရောက်နေကြပြီ။

“ခေါင်းဆောင်မု ဒီအတိုင်း ဆက်သွားရင် ငါတို့ ကြာကြာ တောင့်ခံ နိုင်မှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ မင်း ဘယ်လို စီစဉ်ထားလဲ။ ဒီအတိုင် းဆက်သွာမယ် ဆိုရင် ထျောင်ဝူကို ထိန်းနိုင်မှာ မဟုတ်ဘူး။“

“ဒီလို အနီးကပ် ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး။

ခေါင်းဆောင်တွေရဲ့ ထျောင်ဝူရဲ့ တိုက်ခိုက်မှုကြောင့် သန်မာ နေကြတာ အမှန်ပဲ။

အရေးအကြီးဆုံး ကတော့ ထျောင်ဝူ အင်အား အပြည့် ထုတ်မသုံးတာကို သူတို့တွေ ခံစားမိတယ်။ သူက သူတို့ကို ကစားနေခဲ့တာပဲ။ သူသာ တကယ် အင်အား အပြည့် သုံးလိုက်မယ်ဆိုရင် ဘယ်လို ဖြစ်သွားမလဲ။ မျိုးနွယ်စု ခေါင်းဆောင်တွေ တွေးရင်း ကျောချမ်းကုန်တယ်။

…

“မင်းရဲ့ စွမ်းအားတွေက ကန့်သတ် ခံထားရတယ်။ ဒါကို စိုးရိမ်ဖို့ မလိုဘူး။” ရန်ချင်းက ပြောလိုက်တယ်။

“ဘန်း။”

ဒီအချိန်မှာပဲ နောက်ထပ် မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် လွင့်ထွက် သွားတာကို မြင်လိုက် ရပြန်တယ်။ မျိုးနွယ်စု ခေါင်းဆောင် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်ပြီး သူနောက်ထပ် ထမလာ နိုင်တော့ဘူး။ ပတ်ဝန်းကျင် တပည့်သားတွေ နားလည် သွားခဲ့တယ်။ ဒီအတိုင်း ဆက်သွားရင် ဘယ်မျိုးနွယ် ခေါင်းဆောင်မှ အသက်ရှင် တော့မှာ မဟုတ်ဘူး။

“ငါတို့ ဘာလုပ်ရမလဲ။”

တပည့်သားတွေ အရမ်းကို စိတ်ပူ နေခဲ့ပြီ။ ထျောင်ဝူရဲ့ အင်အားက မုချင်းဖန်းတို့ မကိုင်တွယ် နိုင်အောင် ကြီးမား လွန်းနေတယ်။ ဖန်ကျန်းရှီတို့ တိုက်ပွဲကတော့ လက်ရည်တူနေခဲ့တယ်။ ဟွမ်တွမ့်က ထျောင်ဝူလို အကြမ်း မခံ ပေမယ့် ကုသနိုင်စွမ်းက ကောင်းမွန်လွန်းတယ်။

ဖန်ကျန်းရှီနဲ့ ချီကူယန် သူ့ကို ဘာလုပ်ပါစေ သူက အမြန်ဆုံး ပြန်သက်သာပြီး ပြန်တိုက်ခိုက်တယ်။ ဒါ့အပြင် ထျောင်ထျဲ့က လုံး၀ ဝင်မပါသေးဘူး။ သူသာ ဝင်ပါ လိုက်မယ် ဆိုရင် ချီကူယန်နဲ့ ဖန်ကျန်းရှီ နှစ်ယောက်စလုံး ချက်ခြင်း ရှုံးနိမ့် သွားလိမ့်မယ်။

အခြေအနေက တကယ့်ကို ခေါင်းရှုပ်စေတယ်။ ရွှမ်ယွမ်ဝူကလဲ ချုံးချီကို အသာစီး ရနေပင်မယ့် အင်အားက အများကြီး မသိသာခဲ့ဘူး။ ဒီအချိန်မှာပဲ နောက်ထပ် အပြောင်းအလဲ တစ်ခု ဖြစ်လာတော့တယ်။

ကောင်းကင်ကနေ လျှပ်စီးတန်းတွေ ကျဆင်းလာပြီး ဂိတ်တံခါးကို ရိုက်ခတ်တယ်။

“အား။ နတ်ဆိုး မုခ်ဝကို ကြည့်လိုက်။”

“နောက်ထပ် အလင်းတန်းတွေ ထွက်လာ နေပြီ။”

“ကိစ္စကတော့ ဆိုးပြီ။ သားရဲကောင် လေးကောင်နဲ့တောင် ရှင်းလို့ မရသေးခင် နောက်ထပ် နတ်ဆိုးတွေ ရောက်လာအုန်းမယ်။ လူသားတွေတော့ မျိုးသုန်းတော့မှာပဲ။”

လူသား မဟာမိတ် တပည့်သားတွေ ကြောက်လန့်တကြား ပြောမိကြတယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ အထိတ်တလန့် အော်ဟစ်ရင်း သူတို့ရဲ့ ကံကြမ္မာကို လက်မခံ နိုင်ခဲ့ဘူး။

“နောက်ထပ် မိစ္ဆာ နတ်သခင်တွေ ရောက်လာတော့မယ်။”

“မျှော်လင့်ချက် ရှိပြီ။”

“ဒီ သားရဲကောင်တွေနဲ့ မတူဖို့ ငါမျှော်လင့်ပါတယ်။”

နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ ဆုတောင်း နေခဲ့တယ်။ ဧကရာီပိုင်ကျစ်နဲ့ ယွင်ချင်းဝူလဲ မုခ်ဝကို လှမ်းကြည့်နေတယ်။ အမြီးကိုးချောင်း မြေခွေး ဖြစ်တဲ့ အတွက် သူ့ရဲ့ အာရုံခံနိုင်စွမ်းက မြင့်မား လွန်းတာကြောင့် အင်အားကို သူမ နားလည်တယ်။

“သူတို့တွေ သန်မာလိုကတာ။” ဆင်းလာတော့မယ့် အရှိန်အဝါတွေက သားရဲကောင် လေးကောင်နဲ့ ထပ်တူထပ်မျှ အင်အား ကောင်းတာကို ဧကရီ ပိုင်ကျစ် ခံစားမိတယ်။

ဝုန်း။ အလင်းတန်းကြီး တစ်ခုက ကျမ်းကောင်းကင် တောင်ပေါ်ကို ကျရောက်လာတယ်။ အဲ့ဒီ့နောက် တတိယ၊ စတုတ္ထ။ မရေမတွက်နိုင်အောင် ဥက္ကာပျံတွေလို ကျဆင်းလာတယ်။

ကျမ်းကောင်းကင်တောင်ကို သွက်သွက်ခါတဲ့ အထိ လှုပ်ယမ်းနေစေ ခဲ့ပြီ။

ဒီလို ကြီးမားတဲ့ အပြောင်းအလဲက ဖန်ကျန်းရှီနဲ့ အပေါင်းအပါတွေကိုပါ ထိတ်လန့် သွားစေခဲ့တယ်။

“နောက်ထပ် ထပ်ဆင်း လာတာလား။” မုချင်းဖန်း မျက်လုံး ပြူးသွားတယ်။ သားရဲကောင် လေးကောင်နဲ့ တိုက်ခိုက် ရတာတင် သူတို့ သေတော့မလို ဖြစ်နေရပြီ။ နောက်ထပ် နတ်ဆိုးတွေကိုပါ ရင်ဆိုင် ရမယ် ဆိုရင်တော့ ကြောက်စရာတွေ ဖြစ်လာတော့မှာပဲ။ အဆုံး မသတ်နိုင်တော့ဘူး။

နတ်ဆိုး မိစ္ဆာ မုခ်ဝတွေ မပိတ်သရွေ့ ပိုအင်အား ကောင်းတဲ့ အရာတွေ အာကာသထဲက ဆက်တိုက် ဆင်းလာ နေမှာပဲ။ သူတို့ကို တားလို့ မရဘူး။

“ငါတို့ ဘာလုပ်ကြမလဲ။” မျိုးနွယ် ခေါင်းဆောင်တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တော့တယ်။

စစ်ပွဲ ပြီးဆုံးပြီး လူသား မဟာမိတ် အဖွဲ့က နိုင်တော့မယ်လို့ ထင်ပြီးကာမှ နောက်ထပ် စစ်ပွဲကြီး စလာပြန်တယ်။ လောကကြီးမှာ ကိစ္စတွေက တကယ့်ကို မရိုးရှင်းတာပဲ။ အကြောက်တရား၊ စိတ်ပျက်မှု၊ မရေရာမှုတွေက သူတို့ နှလုံးသားူကို နာကျင်လာစေတယ်။ ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက် ရပြီးနောက် မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် ထျောင်ဝူရဲ့ အမြီးရိုက်ချက်ကြောင့် လွှင့်ထွက် သွားရပြန်တယ်။

နောက်ထပ် မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် သေသွားခဲ့ရ ပြန်ပြီ။

ထျောင်ဝူရဲ့ မျက်ဝန်းတွေကတော့ အရမ်းကို အေးစက် နေခဲ့တယ်။ သူက နတ်ဆိုး မုခ်ဝကနေ ဆင်းလာတဲ့ အလင်းတန်းတွေကို မကြောက်ခဲ့ဘူး။

တခြားသူတွေ အာရုံလွင့်သွားတာကို အခွင့်ကောင်း ယူရင်း သူကတိုက်ခိုက်တယ်။

“အောင်း။” မိုးခြိမ်းသံလို အော်သံကြီးနဲ့ အတူ ထျောင်ဝူက မျိုးနွယ်စု ခေါင်းဆောင်တွေကို ဖမ်းဆီးနင်းချေ ပြစ်တယ်။ မကြာခင်မှာပဲ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် လက်မောင်း တစ်ခုလုံး စုတ်ပြတ် သွားတော့တယ်။

“အဖိုး သတိထား။” ရန်ရွှယ် လှမ်းအော်တယ်။ ဝုန်း။ ရန်ချန်လိ ရှောင်ရှား နိုင်ခဲ့ပေမယ့် ထျောင်ဝူရဲ့ လက်သည်းက ပေါင်ကို ထိသွားခဲ့တဲ့ အတွက် သွေးတွေ စီးကျလာရင်း ဖြူဖျော့ သွားခဲ့တယ်။

“မင်းသားရန်။” မုချင်းဖန်း စိုးရိမ်တကြီး အော်တယ်။

“ငါ့ကို မေ့ထားလိုက်။ ဒီခွေးမသားကို အစွမ်းကုန် တိုက်ခိုက်။” ရန်ချန်လိလဲ နတ်ဆိုး မုခ်ဝက အလင်းတန်းတွေကို သတိ ထားမိတဲ့ အတွက် လန့်နေခဲ့တယ်။ အခုချိန်မှာ ထျောင်ဝူကို တားနိုင်ဖို့ အရေးကြီးတယ်။

..

မရေမတွက်နိုင်တဲ့ အနက်ရောင် ကျောက်တုံးကြီးတွေက အရမ်းကို ကြီးမားလွန်း လှတယ်။

မုချင်းဖန်းနဲ့ တခြားသူတွေလဲ ထျောင်ဝူကို ရင်ဆိုင် နေတာတောင် ကျောက်တုံးတွေရဲ့ အရှိန်အဝါကြောင့် ပိုပြီး မသက်မသာ ဖြစ်လာခဲ့တယ်။

ကျမ်းကောင်းကင်တောင်ကြီးတောင် အရှိန်အဝါတွေကြောင့် သက်ရောက် ခံနေရပြီ။

ဝုန်း။ ကျောက်တုံးကြီး တစ်ခုက ပေါက်ကွဲပြီး လူသား မဟာမိတ်ကို ဓားတွေလို လာရိုက်ခတ်တယ်။ မရှောင်နိုင်တဲ့ တပည့်သားတွေကတော့ အားလုံး သေဆုံးကုန်တယ်။

ဒီအချိန်မှာပဲ ဖုန်တွေထဲကနေ ကြီးမားပြီး တုတ်ခိုင် သန်မာလွန်းတဲ့ အပေါ်ပိုင်း ကိုယ်လုံးတီး လူကြီး ပေါ်လာခဲ့တယ်။ သူ့တကိုယ်လုံး ရွှေရောင် သင်္ကေတတွေ ပြည့်နေပြီး ခန္ဒာကိုယ်က ကြီးမားလွန်းတယ်။ လေးမီတာနီးပါး မြင့်မားပြီး ကြီးမားတဲ့ မျှော်စင်ကြီး တစ်ခုလို တည်ရှိနေတယ်။

“ဘီလူး နတ်ဆိုးကြီးလား။”

“နတ်ဆိုးတွေက ဘယ်လိုများ ဒီလောက် ကြီးရတာလဲ။”

လူသား မဟာမိတ် တပည့်သားတွေ ချက်ခြင်း အော်မိ ကြတော့တယ်။ ရန်ချင်းလဲ လန့်နေတယ်။

“အဲ့တာ ချီယို့မျိုးနွယ်ပဲ။” နန်ကုန်းမု ပြောတယ်။

ရန်ချင်းကတော့ တောင့်တင်း သွားတယ်။ သူက ဒီအသုံးအနှုန်းနဲ့ မစိမ်းဘူး။ မဖျက်ဆီးနိုင်တဲ့ ခန္ဒာကိုယ်ပိုင်ရှင် ဖြစ်တဲ့ သူကလဲ ဒီမျိုးရိုးနဲ့ ဆက်နွယ်နေခဲ့တယ်။ ဒဏ္ဍာရီ အရတော့ ဒီမျိုးနွယ်စုတွေကို ဦးဆောင်ခဲ့သူ နာမည်က ချီယို့။ သူ့ရဲ့ အရပ်က ကောလဟာလတွေ အရ ၈မီတာကျော် မြင့်မားတယ်လို့ သိရတယ်။ ဒါ့အပြင် လက်တစ်ဖက်တည်းနဲ့ အင်အားကြီး သားရဲကောင်ကိုတွေ ဆွဲဖြဲနိုင်တယ်လို့ ကျော်ကြားတယ်။

ချီယို့ကို ဧကရာဇ် ယန်နဲ့ ဟွမ်နှစ်ယောက်က အနိုင်ယူ နိုင်ခဲ့ပေမယ့်၊ သူတို့ မျိုးနွယ်တွေ အားလုံးကိုတော့ မသတ်ခဲ့ဘူး။

“ချီယို့ သွေးသားတွေက နတ်ဆိုးတွေနဲ့ သက်ဆိုင် နေတာလား။” ရန်ချင်း မျက်လုံးပြူး သွားတယ်။

“အခုတော့ ဘာလုပ်ကြမလဲ။” နန်ကုန်းမု မေးတယ်။ ရန်ချင်း မျက်လုံးပြူး နေတာကို သူ မျက်နှာသေနဲ့သာ ကြည့်နေတယ်။

(ဟုတ်တယ်။ ဘာလုပ်ရမလဲ။ အင်အားကြီး ချီယို့မျိုးနွယ်တွေက နတ်ဆိုးတွေနဲ့ ပတ်သက်နေတယ်။ ဒါ့အပြင် လူ့လောကကို နောက်တစ်ခေါက် ရောက်လာပြန်ပြီ။ ဘာလုပ်ရမလဲ။)

ကျယ်လောင်တဲ့ အသံတွေနဲ့ အတူတူ နောက်ထပ် ပေါက်ကွဲသံတွေ ထွက်လာပြီး ကြီးမားတဲ့ လူတွေ ထပ်ထွက်လာတယ်။ သူတို့ထဲမှာ အရပ် ငါးမီတာကျော်တဲ့ တစ်ယောက်လဲ ပါလာသေးတယ်။ သူ့တကိုယ်လုံးက သွေးလို ရဲရဲ နီနေပြီး မျက်နှာကတော့ ရွှေရောင် သင်္ကေတတွေ ပြည့်နေတယ်။ ရှေးဟောင်း နတ်ဆိုး နတ်ဘုရား တစ်ပါးလို အသွင်မျိုး သူရှိနေတယ်။

“ရှေးဟောင်း သားရဲကောင် လေးကောင်နဲ့ ရွှမ်ယွမ်ဝူ။ ဒီနေရာကြီးက တကယ့်ကို သက်ဝင် လှုပ်ရှား နေပါလား။” ချီယို့ မျိုးနွယ်ထဲက အရပ်အရှည်ဆုံးသူ ရှေ့ကို ထွက်လာရင်း ပြောတယ်။

သူ့အသံက ကျယ်လွန်းလို့ တောတောင်တွေတောင် တုန်ခါကုန်တယ်။ ရွှမ်ယွမ်ဝူလဲ လှည့်ကြည့်ရင်း အမူအယာ ပြောင်းလဲ သွားတယ်။

“ဟုန်ယို့။” ဒီလူကို သူမြင်မြင်ချင်း မှတ်မိတယ်။ ချုံးချီလဲ မလှုပ်ရှားတော့ဘူး။ အခုချိန်မှာ သူက အတောင်ပံတွေကို တဖျပ်ဖျပ်ခတ်ရင်း ကြည့်နေခဲ့တယ်။

“အတော်လေး တက်ကြွနေကြတာပဲ။ ဒါပေမယ့် မင်းတို့တွေ နတ်ဆိုး မျိုးနွယ် စစ်နတ်ဘုရား ၁၂ပါးကို မကြိုဆို ကြဘူးလား။”

“ဘာဖြစ်တယ်။”

“သူတို့က ချီယို့ စစ်နတ်ဘုရား ၁၂ပါးလား။”

“မိုးနတ်မင်း ကယ်ပါ။ တကယ်ကြီး သူတို့လား။”

လူသား မဟာမိတ် တပည့်သားတွေ ချုံးချီရဲ့ စကားကြောင့် တုန်လှုပ်ကုန်တယ်။ ဒါတွေက ချီယို့ မျိုးနွယ်ရဲ့ အင်အား အကောင်းဆုံး တိုက်ခိုက်ရေး သမားတွေပဲ။

ပေါက်ကွဲသံတွေနဲ့ အတူ ကောင်းကင်မှာ အလင်းတန်းတွေ ဆက်တိုက် ပေါ်လာပြီးနောက် ရှေးဟောင်း ခေါင်းလောင်းကြီး မြည်သံလို အသံတွေ ထွက်ပေါ် လာတော့တယ်။

ရှေးဟောင်း စစ်နတ် ဘုရား ၁၂ပါး ဆင်းသက်လာပြီ။ ကျမ်းကောင်းကင် တောင်ထိပ်မှာ ကြီးမားတဲ့ မျှော်စင်ကြီး ၁၂ခုလို သူတို့ ရပ်တန့် နေတာက အားလုံးရဲ့ နှလုံးသားကို ကြောက်လန့်စေတယ်။

ဖန်ကျန်းရှီတောင် မတိုက်ခိုက်တော့ပဲ စစ်နတ်ဘုရား ၁၂ပါးကို ကြည့်ပြီး ခါးသက်သက် ပြုံးနေမိတယ်။

“ဟမ့် ချီယို့ မျိုးနွယ်ရဲ့ အသန်မာဆုံး တိုက်ခိုက်ရေး သမား ၁၂ယောက်တဲ့လား။ တစ်ယောက်မကျန် အကုန် ဆင်းလာတာပဲ။” ဖန်ကျန်းရှီ တကယ့်ကို ကူကယ်ရာ မဲ့နေခဲ့တယ်။ ရှေးဟောင်း သားရဲကောင် ၁၂ကောင်နဲ့ ရင်ဆိုင်လို့ မပြီးခင် စစ်နတ်တွေက ထပ်ဆင်းလာတယ်။

(ငါဒါတွေ ဘယ်လိုရှင်းရ မှာလဲ။ ရှင်းနည်း ပြောပြ ကြပါအုန်း။)

အပိုင်း (၁၀၄၉) ပြီး၏။

အပိုင်း (၁၀၅၀)

“နတ်ဘုရားတွေရဲ့ စုဝေးပွဲ။ ရှေးခေတ် အငွေ့အသက်။”

..

ပျော်နေရမယ့် ကိစ္စတော့ မရှိခဲ့ဘူး။ တစ်ယောက်ကို သတ်ရင် နှစ်ယောက် ပေါ်လာမယ်။ အခုတော့ အများကြီး သူ့ရှေ့မှာ ရောက်နေခဲ့ပြီ။

ဖန်ကျန်းရှီကတော့ သူ့မှာ ရန်သူတွေ အဆုံး မရှိဘူးလို့ ခံစား နေခဲ့ရတယ်။ ဘယ်တော့မှ အဆုံးမသတ်တဲ့ ရေစီးကြောင်း တစ်ခုလိုပဲ။ အားလုံးကို အပြီး မသတ်နိုင်ဘူး။ ဒါ့အပြင် ရန်သူတွေကို ပိုပြီးတော့ သတ်လေလေ၊ ရန်သူတွေက ပိုပြီးတော့ သန်မာလာလေပဲ။

ချီယို့ရဲ့ စစ်နတ်ဘုရား ၁၂ပါးက သူ့ရှေ့မှာ ရောက်နေခဲ့ပြီ။ ဒီ့ထက် ပိုပြီးတော့ သန်မာတဲ့ သူတွေ ထပေ်ပေါ် လာအုန်းမှာလား။

ဖန်ကျန်းရှီက မသေချာခဲ့ဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ အရမ်းကို များလွန်းတယ်။ ဒီလောကကြီးက သူ့အရင် ဘ၀ ဒဏ္ဍာရီတွေနဲ့ အများကြီး ဆက်နွယ် နေတာကို သူသိတယ်။

ရှေးဟောင်း သားရဲကောင် လေးကောင် ဆိုတာက ရေခဲတုံးကြီးရဲ့ ထိပ်ဖျား အဆင့်ပဲ ရှိအုန်းမယ်။ သူတို့တင် မကဘူး။ ရှေးဟောင်း စိတ်ဝိဉာဉ် သတ္တဝါ လေးကောင် (မိုးပြာနဂါး၊ ကျားဖြူ၊ မီးလျှံငှက် လိပ်နက်)နဲ့ ချီလင်တွေ နတ်မီးငှက်တွေပါ ရှိလာ နိုင်သေးတယ်။

အားလုံးကလဲ မိစ္ဆာ မျိုးနွယ်တွေ။ ချီယို့ မျိုးနွယ်က နောက်ထပ် စစ်နတ် ဘုရားတွေ ထပ်ပေါ် လာရင် ဘယ်လိုလုပ်မလဲ။ ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေလို များပြား ကုန်တော့မှာပဲ။

အာကာသထဲမှာ အသက်ရှင် နေတဲ့ ဘယ်ပညာရှင်တွေက ကမ္ဘာမြေကို ထပ်ပြီး ဆင်းသက် လာအုန်းမှာလဲ။ သူတို့တွေ ထပ်ပြီး ဆင်းလာရင်တော့ အားလုံးက အထိန်းအကွပ် မဲ့ကုန်တော့မယ်။

သူတို့တွေကို အကုန်လုံး သတ်ပြစ်ရမလား။ သတ်ရတာ ကိစ္စ မရှိပေမယ့် တကယ် သတ်နိုင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ကိစ္စပဲ။ ရှေးဟောင်း သားရဲကောင် လေးကောင်ကတင် သူ့ကို ခေါင်းကိုက် စေနိုင်နေပြီ။

ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ နောက်ထပ် အလင်းတန်းတွေက ထပ်ပြီး ဆင်းသက် လာပြန်တယ်။ ရေစီးကြောင်းတွေလိုပဲ မရပ်တန့်တော့ဘူး။

ဝုန်း။ အနက်ရောင် ကျောက်တုံးကြီး တစ်တုံး ပေါက်ကွဲ သွားချိန်မှာ နှင်းဖြူရောင် ကျားသစ်လို အသွင်နဲ့ ကြီးမားတဲ့ မိစ္ဆာကြီး ပေါ်ထွက် လာတော့တယ်။ သူ့ရဲ့ အမြီးရှည်ရှည်က ကျောဘက်မှာ ဆက်တိုက် လှုပ်ရှားနေတယ်။

“ပိုင်ကျဲ့လား။”

ဖန်ကျန်းရှီ ထင်ထား ခဲ့တဲ့ အတိုင်းပဲ နောက်ထပ် ဆင်းလာကြပြန်ပြီ။ ဒီနတ်သားရဲကောင်ကလဲ ကြောက်စရာ ကောင်းတယ်။ ခွန်းလွန်တောင်မှာ နေထိုင်တဲ့ ထူးဆန်း နတ်သားရဲကောင်က အင်အားလဲ ကြီးမားတယ်။

“အဲ့တာ ပိုင်ကျဲ့ပဲ။”

“ငါတို့ လူသားတွေ တကယ် ဘာလုပ်ကြတော့မလဲ။”

ပိုင်ကျဲ့ကို မြင်ချိန်မှာတော့ လူသား မဟာမိတ် တပည့်သားတွေ အရမ်းကို ကြောက်လန့် ကုန်ကြပြီ။

ဝုန်း။ မီးလျှံတွေ ကောင်းကင်ပေါ်ကို ထိုးတက်လာတယ်။

အဲ့ဒီ့နောက် ကျယ်လောင် စူးရှတဲ့ အော်မြည်သံနဲ့ အတူ ကြိုးကြာပုံစံ ငှက်တစ်ကောင် ထွက်ပေါ်လာတယ်။ တကိုယ်လုံးက ရဲရဲ နီနေပြီး ခြေထောက်ကတော့ တစ်ချောင်းသာ ပါတယ်။ ဒါက မီးလျှံငှက်ပဲ။ စိတ်ထဲမှာ နာမည် ပေါ်လာပေမယ့် ခြေထောက် တစ်ချောင်းပဲ ပါတာကြောင့် သူချက်ခြင်း အတွေးပြောင်းသွားခဲ့တယ်။

အဲ့တာ နတ်သားရဲကောင် ပီဖန်းပဲ။ လူသားတွေက လုံးဝကို မရပ်တည်နိုင် လောက်ဘူး။

“နောက်ထပ် မီးလျှံကြိုးကြာ ပီဖန်းပါ ဆင်းလာပြီ။”

“ငါတို့တော့ ဒီတစ်ခါ တကယ် သေပြီပဲ။”

သူတို့တွေ အခုချိန်မှာ နောက်ထပ် တိုက်ပွဲ အကြောင်း မတွေးနိုင်တော့ဘူး။ နတ်သတ္တဝါတွေက များပြားလွန်းလှတာပဲ။ ဒါ့အပြင် စစ်နတ်ဘုရားတွေ နောက်ဘက်မှာ လူအသစ်တွေ ထပ်ရောက်လာတယ်။

“အရှင် ဟုန်ယို့ကို ဂါရ၀ ပြုပါတယ်။”

“အရှင် ချင်းရှင်းကို ဂါရ၀ ပြုပါတယ်။”

ကြည်လင်တဲ့ နှုတ်ဆက်သံတွေနဲ့ အတူ ကြီးမားတဲ့ ချီယို့ မျိုးနွယ် စစ်သည်တော်တွေ ထပ်ရောက် လာကြပြန်တယ်။ သူတို့ထဲမှာ အရပ်အပုဆုံးသူက သုံးမီတာကျော် မြင့်မားတယ်။

နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေတောင် အရမ်းကို လန့်နေ ခဲ့ကြပြီ။ ဒီလို ပညာရှင်တွေ အများကြီးကို တစ်ချိန်တည်းမှာ တွေ့လိုက် ရတာက ရှေးဟောင်း ခေတ်ကို ပြန်ရောက်သွားသလို ခံစားရစေတယ်။ အမှန်ပဲ။ ရှေးဟောင်းခေတ်။

မရေမတွက်နိုင်တဲ့ ပညာရှင်တွေက မုခ်၀ နှစ်ခုကနေ ဆက်တိုက် ဆိုသလို ထွက်လာနေဆဲ။

“ဒီလောက် များတဲ့ ရှေးဟောင်း ပညာရှင်တွေကို တိုက်ခိုက် ရရင် လူသား မျိုးနွယ် အတွက် မျှော်လင့်ချက် ရှိနိုင်အုန်း မှာလား။” နန်ကုန်းမု ကြည့်ရင်း ပြောမိတယ်။ သူ့အတွေးတွေကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။ ရန်ချင်းကတော့ တစ်ခွန်းမှ ဝင်မပြောသလို ဘာပြော ရမယ်မှန်းလဲ သူမသိခဲ့ဘူး။

ဒီတိုးတက်မှုက ကြီးမားလွန်းတဲ့ အတွက် သူ့စိတ်က အမှီမလိုက်နိုင် ဖြစ်နေခဲ့တယ်။ ရှေးဟောင်း ပညာရှင်တွေ အများကြီး ဆင်းသက်လာခဲ့ပြီ။ ကိစ္စတွေက ပိုဆိုးလာတော့မယ်။ အားလုံးကို အစောကြီး တည်းက အစီအစဉ် ဆွဲထားတဲ့ အတိုင်း တစ်ပြိုင်နက်တည်း လာဖြစ် နေခဲ့တယ်။

သူတို့သာ ရှေးဟောင်း သတ္တဝါ လေးကောင်ကို ရင်ဆိုင်နိုင်ခဲ့ရင် မျှော်လင့်ချက်လေး ရှိအုန်းမယ်။ အခုတော့ ဒီလောက် များပြားတဲ့ ရှေးဟောင်း ပညာရှင်တွေကို သူတို့ ဘယ်လို ရင်ဆိုင် နိုင်မှာလဲ။ ဧကရာဇ်ဟွမ် ရှိနေရင်တောင် ဒီစစ်တပ်ကြီးကို အနိုင်ယူ နိုင်မယ်လို့ သူအာမ ခံဝံ့မှာ မဟုတ်ဘူး။

ဖန်ကျန်းရှီဆို ပိုလို့တောင် ဆိုးသေးတာပေါ့။

“မျှော်လင့်ချက် မရှိတော့ဘူး။ လူသားတွေ အတွက်ရော ကမ္ဘာမြေ အတွက်ပါ မျှော်လင့်ချက် မရှိတော့ဘူး။ မဖြစ်နိုင်တော့ဘူး။” နန်ကုန်းမု တတွတ်တွတ် ပြောရင်း ရပ်နေခဲ့တယ်။ စိတ်ပျက်မှုတွေက ကြီးလွန်းလို့ သူ့ဆီကို လွင့်ထွက်လာတဲ့ ကျောက်တုံး အပိုင်းစ တွေကိုတောင် သတိ မထားမိပဲ ရှိနေခဲ့တယ်။

ဘန်း။ ရန်ချင်းက နန်ကုန်းမု မျက်နှာနားကို လွင့်ထွက် လာတဲ့ ကျောက်တုံး တစ်တုံးကို ဖမ်းလိုက်တယ်။ သူ့လက်မှာတော့ သွေးတွေ စီးကျ နေခဲ့ပြီ။

“နန်ကုန်းမု စိတ်ချ။ ငါ သေရရင်တောင် မင်းကို ဒီနေရာကနေ ထွက်သွားနိုင်အောင် လုပ်ပေးမယ်။ ငါမင်းကို အသေမခံဘူး။” ရန်ချင်း အခိုင်အမာ ပြောတယ်။

“မင်း အသက်သေသွားရင် ငါ့ကို ဒီနေရာကနေ ဘယ်လို ထုတ်ပေးနိုင်မှာလဲ။” နန်ကုန်းမု မေးတယ်။

ရန်ချင်းကတော့ စကားပြောကောင်းသူ မဟုတ်တဲ့ အတွက် ပြန်မဖြေနိုင်ခဲ့ဘူး။

(ငါတို့တွေ ဒီနေရာက မသေပဲ ထွက်နိုင်မှာလား။)

“မင်း သွားတော့ ငါ့ကို ဂရုစိုက် မနေနဲ့။ ငါ ဒီနေရာမှာ ငါ့အကိုကြီးနဲ့ နေမယ်။” နန်ကုန်းမု လက်ကို ဝေ့ယမ်းရင်း ထိုင်ချလိုက်တယ်။

ဘန်း။ နန်ကုန်းမု ခေါင်းကို အထိုးခံလိုက် ရပြီး မြေကြီးထဲ ခေါင်းစိုက်ဝင်သွားတယ်။ သူ့မျက်နှာ တစ်ခုလုံး ဖုန်တွေ အပြည့် လွှမ်းသွားပြီး သွေးတွေ ပါးစောင်ကနေ စီးကျလာတယ်။ သူ့ကို လက်သီးနဲ့ ထိုးလိုက် သူကတော့ ရန်ချင်းပဲ။ ရန်ချင်းက ဒေါသ ထွက်နေခဲ့တယ်။

နန်ကုန်းမု ထိုင်ချတာကို မြင်လိုက် ရချိန်မှာ စိတ်ထဲ ဘာမှ ပြောချင်စိတ် မရှိတော့ဘူး။ စိတ်ရှိလက်ရှိ ရိုက်ပြီး အသိစိတ် ဝင်အောင်သာ လုပ်ပေးချင်တော့တယ်။ ဒီခံစားချက်က ထူးဆန်းလွန်းလို့ နန်ကုန်းမုကို ဘယ်လို နိုးထအောင် လုပ်ရမလဲ ဆိုတာတောင် သူမသိတော့ဘူး။

“ဟီးဟီး။” နန်ကုန်းမု ရယ်လိုက်တယ်။

“မင်း ဘာတွေ ရယ်နေတာလဲ။ လူတွေက သေတော့မယ့် အဆုံးစွန် ရောက်နေပြီ။ ကမ္ဘာကလဲ ပျက်တော့မယ်။ နိုင်ငံတော်ကြီး လေးခုလဲ ထပ်ရှိနိုင်တော့မှာ မဟုတ်ဘူး။” ရန်ချင်း အော်တယ်။

နန်ကုန်းမုကတော့ ဘာကိုမှ မကြားတဲ့ အတိုင်း အော်ရယ်နေခဲ့တယ်။ အဲ့ဒီ့နောက် သူထရပ်တယ်။

“နိုင်ငံတော်တွေ အကြောင်းကို အခုချိန်မှာ လာပြော နေသေးတယ်လား။” နန်ကုန်းမုက ရန်ချင်း ထိုးတာ ခံလိုက်ရပြီးနောက် ရုတ်တရက် အရူးလို ဖြစ်သွားတော့တယ်။

နန်ကုန်းမု နောက်တစ်ခေါက် အထိုးခံလိုက် ရပြန်တယ်။ သူနောက်ထပ် သွေးတွေကို ထွေးထုတ် လိုက်ပေမယ့် လက်လျော့မယ့် ပုံစံ မရှိခဲ့ဘူး။ ရန်ချင်း သူ့ကို သတ်တာ ခံချင်နေတဲ့ ပုံစံသာ ရှိနေခဲ့တယ်။

“ငါ့ကို ထားပြီး ထွက်သွားတော့။ ငါ့ကိစ္စကို မင်းလာရှုပ်ခွင့် မရှိဘူး။” နန်ကုန်းမုက ရန်ချင်းကို လက်သီးနဲ့ ပြန်ထိုးပင်မယ့် သူ့လက်သီးထဲမှာ အားမပါခဲ့ဘူး။

ဘန်း။ ရန်ချင်းက သူ့ကို နောက်တစ်ခေါက် မှောက်အောင် လုပ်လိုက်ပြန်တယ်။ ဒါပေမယ့် နန်ုကုန်းမုက လက်မလျှော့ခဲ့ဘူး။

အကြိမ်ကြိမ် ပြေးဝင်ရင်း အရူးလို အထိုးကြိတ် ခံနေခဲ့တယ်။

“နန်ကုန်းမု ငါတို့က သူငယ်ချင်းတွေ။” ရုတ်တရက် ရန်ချင်းက နန်ကုန်းမု အကျီစကို ဆွဲရင်း ပြောလိုက်တယ်။

“သူငယ်ချင်းတဲ့လား။” နန်ကုန်းမု တုန်ယင် သွားခဲ့တယ်။ သူ့အကြည့်တွေက အရမ်းကို ထူးဆန်းပြီး ရှုပ်ထွေးနေပင်မယ့် သူရယ်မောလိုက်တယ်။

“မင်းကိုယ်မင်း ငါ့သူငယ်ချင်းလို့ ခေါ်ဖို့ တန်တယ်များ ထင်နေလား။ မင်း ငါ့ကို ကူညီ နိုင်လို့လား။ သူငယ်ချင်း ဖြစ်ပြီး မင်းငါ့ အတွက် ဘာမှ လုပ်ပေးနိုင်တာ မရှိဘူး။”

“ဟုတ်တယ်။ ငါမင်းကို မကူညီ နိုင်ဘူး။ ဒါပေမယ့် ကောင်းကင် တာအို ခန်းမမှာ ငါတို့ တိုက်ခိုက် ပြီးတဲ့ အချိန်တည်းက မင်းကို ငါ့ရဲ့ ရှားရှားပါးပါး သူငယ်ချင်း စာရင်းထဲ ထည့်လိုက်ပြီးသား။” ရန်ချင်း ဒေါသ တကြီးနဲ့ အော်ပြောတယ်။

“မတုံးစမ်းနဲ့။ ငါ နန်ကုန်းမုက သူငယ်ချင်း မလိုဘူး။ ဖန်ကျန်းရှီက ငါ့ကို လှည့်စား ပြီးပြီ။ မင်းကရော ငါ့ကို လှည့်စားချင်တာလား။ ဒါမျိုး နောက်ထပ် အဖြစ်မခံဘူး။” နန်ကုန်းမု ပြန်အော်တယ်။

“ဖန်ကျန်းရှီ မင်းကို မလှည့်စားဘူး။”

“သူလှည့်စားတယ်။”

“သူက မင်းကို တစ်လျှောက်လုံး ကူညီနေတာ။ ဒါ့အပြင် မင်းက လူသား မျိုးနွယ်ကို သစ္စာဖောက်တာတောင် သူက မင်းကို မသတ်ဘူး။ သူဘယ်တော့မှလဲ သတ်မှာ မဟုတ်ဘူး။”

“နဂါးက ငါ့ကို ကယ်ထားတာလေ။”

“အရှင်ရွှမ်ယွမ်ဝူက မင်းကို သူ့ဆန္ဒနဲ့ သူ ကယ်တယ်များ ထင်နေတာလား။ ဖန်ကျန်းရှီသာ မင်းကို သတ်ချင်နေရင် မင်းသေပြီး နေပြီ။”

“..” နန်ကုန်းမု တိတ်ဆိတ် သွားတော့တယ်။ သူနောက်ထပ် မရယ်တော့ဘူး။ ရန်ချင်း ပြောတာ မှန်တယ်။ ဖန်ကျန်းရှီသာ သူ့ကို တကယ် သတ်ချင်ရင် နည်းလမ်းတွေ အများကြီး ရှိတယ်။ ဖန်ကျန်းရှီ အကြောင်းကိုလဲ သူကောင်းကောင်း သိထား ပြီးသာ။ သူက မလိုအပ်ရင် မသတ်ဘူး။ ဒါပေမယ့် သတ်ရမယ့် သူကိုတော့ ပြတ်ပြတ်သားသား သတ်တယ်။

ဥပမာ အားဖြင့် ကောင်းကင်တာအို ခန်းမ တောင်ခြေမှာ သုခမိန် ငါးယောက်ကို သူသတ်ခဲ့တယ်။ နတ်သခင်တွေ အများကြီးကိုလဲ သူသတ်ခဲ့တယ်။

“ရန်ချင်း မင်း တကယ်ပဲ ဘာ ပြောချင်နေတာလဲ။ လူသား မဟာမိတ်ကို ကယ်ဖို့ ငါ့ကို ခိုင်းရင်တော့ အိပ်မက်မက် နေလိုက်။ သေတာင် မကယ်ဘူး။” နန်ကုန်းမု အော်တယ်။

“မင်း ကယ်နိုင်တယ်လား။” ရန်ချင်း မျက်လုံးတွေ လင်းလက်လာတယ်။

“မလုပ်ဘူး။”

“မင်း လုပ်နိုင်ပါတယ်။ မင်းက နန်ကုန်းမုပဲ။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်။ ရှေးခေတ် အကြောင်း မင်းသိမှတော့ မင်းမှာ အကြံရှိမှာပဲ ဟုတ်တယ်မလား။”

“မဟုတ်ဘူး။ ငါ့ တာဝန်က လွဲပြီး ငါဘာမှ မသိဘူး။” နန်ကုန်းမု ခေါင်းခါတယ်။

“ကြည့်ရတာ ငါမှား သွားပုံပဲ။ ထားလိုက်ပါ။ ဒါပေမယ့် မင်း ဘာမှ မသိရင်တောင် မင်းက ငါ့ကို သူငယ်ချင်းလို့ မသတ်မှတ် ရင်တောင် မင်းကတော့ ငါ့ သူငယ်ချင်းပဲ။” ရန်ချင်း အကျီစကို လွှတ်လိုက်တယ်။

“ဟားဟား။ ရယ်စရာတွေ။” နန်ကုန်းမု သူ့အဝတ်အစားတွေကို ခါလိုက်တယ်။ အနီးနားက ကြီးမားတဲ့ သတ္တဝါကြီးတွေကို ကြည့်ရင်း သူပြောတယ်။

“ရှေးဟောင်း စစ်နတ်ဘုရား ၁၂ပါးနဲ့ ချီယို့ မျိုးနွယ်က စစ်သည်တော်တွေ ဒါ့အပြင် နတ်သားရဲကောင်တွေ အများကြီး။ လူသားတွေတော့ မျိုးသုန်းပြီပဲ။”

“မင်းမှန်တယ်။” ရန်ချင်း ခေါင်းငြိမ့်တယ်။ စစ်မြေပြင်ထဲကို ဝင်ဖို့ သူပြင်တယ်။

“မင်း ဘာလုပ်မလို့လဲ။”

“သူတို့ကို သွားသတ်မလို့။”

“မင်းကလား။”

“ဟုတ်တယ်။”

“ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။”

“သေတာ ဘာများ ကြောက်စရာ ကောင်းလို့လဲ။ အနည်းဆုံးတော့ လူတွေ အတွက် လုပ်သင့်တာကို လုပ်ခဲ့ရတာပေါ့။ သေရရင်တောင် နောင်တ မရှိဘူး။” ရန်ချင်း ပြောပြောပြီးချင်း အင်အား အကြီးဆုံး စစ်နတ်ဘုရား ဟုန်ယို့ဆီ ပြေးဝင်သွားတယ်။

လူသား မဟာမိတ်တင် မကဘူး ချီယို့ စစ်သည်တော်တွေနဲ့ ဟုန်ယို့ပါ လန့်သွားခဲ့တယ်။ လူသားလေး တစ်ယောက်က သူ့ကို လာပြီးတော့ စိန်ခေါ်တယ်လား။

“ဟမ်။” ဟုန်ယို့ ပြုံးလိုက်ပြီးနောက် ရန်ချင်းကို လက်နဲ့ ဖမ်းလိုက်တယ်။ ရန်ချင်းလဲ စုပ်ယူတဲ့ အင်အားကြီးကို ခံစား လိုက်ရပြီး ဟုန်ယို့ လက်ထဲကို ချက်ခြင်း ရောက်သွားတော့တယ်။

“ရန်ချင်း။” နန်ကုန်းမု လှမ်းအော်တယ်။ ရန်ချင်းကို သူမသေစေချင်ဘူး။ တစ်ချိန်တုန်းက ရန်ချင်းနဲ့ သူတိုက်ခိုက် ဖူးတာကြောင့် ဒါမှမဟုတ် သူတို့ကြားမှာ တူညီမှုတွေ များလွန်းတာကြောင့်လဲ ဖြစ်နိုင်တယ်။ စကား မများတတ်ဘူး။ လူမှုပေါင်းသင်း ဆက်ဆံရေး ညံ့တယ်။ ဘဝမှာ မိတ်ဆွေ သူငယ်ချင်း နည်းတယ်။

အထီးကျန်ပေမယ့် အပြင်ပန်းက သန်မာတယ်။ သူတို့တွေ ဘယ်လောက်တောင် သူငယ်ချင်း လိုချင်ကြလဲ မိသားစုရဲ့ မေတ္တာကို ရချင်လဲ ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ အပြင်ပိုင်း ရုပ်သွင်က မာကျောကြ ပင်မယ့် နွေးထွေးမှုကို သူတို့ လိုလားကြတယ်။ ရန်ချင်းက တောတောင်ထဲမှာ ကြီးပျင်း ခဲ့ရတဲ့ စွန့်ပစ်ခံ တော်ဝင် မျိုးနွယ်။

နန်ကုန်းမုကတော့ မိသားစု လျစ်လျူရှု တာကို ခံရပြီး မိသားစု တာဝန်တွေကို ထမ်းထားရသူ။ သူတို့ နှစ်ယောက်က ကံကြမ္မာ တူရုံတင် မကဘူး အကျင့် စရိုက်ကလဲ အတော့်ကို တူညီတယ်။ အတွေးတွေ အားလုံးက နန်ကုန်းမုရဲ့ နှလုံးသားကို တုန်ယင် လာစေတယ်။

ရန်ချင်းသာ တကယ် သေသွားခဲ့ရင် သူ့စိတ်ရင်းကို နားလည် ပေးနိုင်မယ့်သူ လောကမှာ ဘယ်သူထပ်ရှိ အုန်းမှာလဲ။

“မင်းက ဒါနဲ့တောင် မသေဘူးပေါ့။ ခန္ဒာကိုယ် ဖွဲ့စည်းပုံ ကောင်းတာပဲ။” ရန်ချင်း လည်ပင်းကို ဖြစ်ညှစ်ရင်း ဟုန်ယို့ ပြောတယ်။ သူ့အပြုံးကတော့ ပိုပိုပြီး အေးစက်လာခဲ့တယ်။

“ကြည့်ရတာ မင်းက ငါတို့ ချီယို့ သွေးသားကို နည်းနည်းတော့ အမွေ ရထားပုံပဲ။ အင်း။ ငါ့ကို သစ္စာရှိမယ်လို့ သစ္စာခံရင်တော့ လွှတ်ပေးမယ်လေ။ ဘယ်လိုလဲ။”

“အိပ်မက် မက်နေလိုက်။” ရန်ချင်း မျက်နှာက ရဲရဲ နီနေပြီး အသက်ရှူဖို့တောင် ခက်နေခဲ့တယ်။ ဟုန်ယို့ရဲ့ စွမ်းပကားကြောင့် သူ့တကိုယ်လုံးကို အချုပ်နှောင်ခံထား ရသလို ခန္ဒာကိုယ် အစိတ်အပိုင်း တစ်ခုမှ မလှုပ်ရှား နိုင်ခဲ့ဘူး။

(ဒါက စစ်နတ်ဘုရား ၁၂ပါးရဲ့ စွမ်းအားပေါ့။ တကယ့်ကို သန်မာတာပဲ။)

အပိုင်း (၁၀၅၀) ပြီး၏။

All Chapters