အပိုင်း (၁၀၅၁-၁၀၆၀)
Vol. 11 Ch. 1051-1060
အပိုင်း (၁၀၅၁)
“ထျောင်ထျဲ့ရဲ့ ကြောက်စရာ စွမ်းအား။”
…
ဟုန်ယို့ လက်ထဲကနေ ရန်ချင်း လွတ်မြောက်ချင်တယ်။ ဒါပေမယ့် သူ့မှာ စွမ်းအား မရှိခဲ့ဘူး။ ဟုန်ယို့ လက်ထဲကနေ ထွက်လာနေတဲ့ မမြင်ရတဲ့ စွမ်းအားတွေက အရမ်းကို အားကောင်းလွန်းတယ်။ ရန်ချင်း ဘယ်လောက်ပဲ ရုန်းကန်ပါစေ သူမလှုပ်ရှား နိုင်ခဲ့ဘူး။
လက်ဖဝါးကြီးက ရန်ချင်းကို ပိုပိုပြီးတော့ ဖိထားခဲ့တယ်။ သူ့မျက်နှာက စတင်ပြီး ခရမ်းရောင် ပြောင်းနေခဲ့ပြီ။ ဒီစွမ်းအားက သူ့ကို အသက်မရှူနိုင်အောင် လုပ်နေခဲ့တဲ့ အတွက် သေတော့မယ့် လူတစ်ယောက်လို သူခံစား နေမိတယ်။
“ရန်ချင်း။” ဒီအချိန်မှာပဲ ရွှေရောင်မျက်ဝန်းနဲ့ လူတစ်ယောက် ကျားသစ် တစ်ကောင်လိုမျိုး ဟုန်ယို့ဆီ ပြေးဝင် လာတော့တယ်။
“အိုး။ နောက်တစ်ယောက်လား။” ဟုန်ယို့ တစ်ချက်တောင် မကြည့်ပဲ ကန်ထုတ်လိုက်တယ်။
“ဘန်း။” ပြေးဝင်လာသူက ကြီးမားတဲ့ စွပ်ကြောင်းရာကြီး တစ်ခု ဖြစ်တဲ့ အထိ လွင့်ထွက် သွားတော့တယ်။ ဒါပေမယ့် သူလက်မလျော့ခဲ့ဘူး။ နောက်တစ်ကြိမ် ပြေးလာပြန်တယ်။
“ဟမ်။” ဒီလူက အတော်ကြီးကို အားနည်းမှန်း သူခံစားမိတယ်။ ဒါပေမယ့် ခေါင်းမာလွန်းတယ်။ သူ့မျက်ဝန်းထဲက ရွှေရောင် အလင်းတန်းတွေကြောင့် ရင်းနှီးမှုနဲ့ ဝေးကွာမှုကို တစ်ချိန်တည်းမှာ သူခံစား မိခဲ့တယ်။
“ဘန်း။”
ခန့်မှန်း ထားတဲ့ အတိုင်း နန်ကုန်းမု လွင့်ထွက် သွားတော့တယ်။
ရန်ချင်းကတော့ မြေပြင်ပေါ်မှာ လဲကျနေသူကို ကြည့်ရင်း ကြိုးကြိုးစားစား ပြောတယ်။
“နန်ကုန်းမု ငါ အရင် သွားပြီ။”
“မရဘူး။” နန်ကုန်းမု ပြန်အော်တယ်။ ဒါပေမယ့် ဟုန်ယို့ လက်လွှတ် လိုက်ချိန်မှာတော့ ရန်ချင်းက သူ့ခြေထောက်ပေါ်ကို ပြုတ်ကျလာတယ်။ ရန်ချင်း ချက်ခြင်း သူ့လက်တွေကို သုံးပြီး သူ့မျက်နှာကို ကာလိုက်မိတယ်။ အဲ့ဒီ့နောက် နင်းချေ ခံရတာကို သူခံစား လိုက်မိတယ်။ သူ့တကိုယ်ယ်လုံး မြေကြီးထဲကို နစ်ဝင် သွားပြီး အရိုးတွေတောင် အမှုန့် ဖြစ်တော့ မလိုပဲ။
“ငါသေရတော့မှာလား။” ရန်ချင်း စိတ်ထဲ အတွေးဝင်လာခဲ့တယ်။ နန်ကုန်းမု သူ့ကိုကြည့်ရင်း ဒေါသတကြီး အော်နေတာကို သူမြင် နေရတယ်။ ဒါပေမယ့် ဘာတွေ အော်နေမှန်း ကိုတော့ သူမကြားတော့ဘူး။ လောကကြီး တစ်ခုလုံးက တိတ်ဆိတ် သွာခးဲ့ပြီ။ လေသံတွေ တိုက်ပွဲ အသံတွေ ဘာဆို ဘာမှ မကြားရတော့ပဲ သူ့နှလုံးခုန်သံ တိုးတိုးကိုသာ ကြားနေခဲ့ ရတယ်။
“ဒုတ်။”
“ဒုတ်။”
“ငါ မင်းကို သတ်မယ်။” နန်ကုန်းမုရဲ့ ရွှေရောင် မျက်ဝန်းတွေက ရေလှိုင်းတွေလို တောက်ပလာပြီး သူအော်ဟစ်တော့တယ်။ ဝူယွဲ့အာနဲ့ တခြားသူတွေလဲ ဒါကို မြင်လိုက်တယ်။
“ရန်ချင်း။ ဆရာ မြန်မြန် ရန်ချင်းကို ကယ်တင်ပေးပါ။” ဝူယွဲ့အာ သူ့ဆရာ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို အကူအညီတောင်းတယ်။
“ဒါက။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ချက်ခြင်း လှုပ်ရှား မိပေမယ့် ရန်ချင်းရဲ့ အကြောဆွဲ နေတဲ့ ခန္ဒာကိုယ်ကို မြင်ချိန်မှာ သူရပ်တန့် သွားတော့တယ်။ အခုလို အချိန်မှာ သူဘယ်လို ကယ်တင်ပေးနိုင်မှာလဲ။ အင်အားကြီးတဲ့ ဟုန်ယို့က သူ့ရှေ့မှာ ရှိနေတဲ့ အပြင် ရန်ချင်းရဲ့ ဒဏ်ရာက ပြင်းထန်လွန်းတယ်။ သူ့ကို ကယ်လို့ ရနိုင်ရင်တောင် တစ်သက်လုံး မသန်မစွမ်း ဖြစ်သွား နိုင်တယ်။
“ဆရာ။”
“ယွဲ့အာ သွားကြစို့။”
“ဟုတ်တယ်။ အချိန် မနှောင်းခင် သွားကြမယ်။”
“ဆရာ။” ဝူယွဲ့အာ ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ “ဒီတစ်ခေါက်တော့ ကျွန်မ လုံး၀ မသွားဘူး။ ဆရာ သွားချင်ရင် သွား။”
“ယွဲ့အာ မင်း။”
“ဆရာ နားမလည်သေးဘူးလား။ ကျွန်မတို့ ဒီနေ့ ရှုံးသွားရင် နောက်ထပ် မျှော်လင့်စရာ မရှိတော့ဘူး။ လူသားတွေ အားလုံး အစေခံ ဖြစ်ရင်ဖြစ် မဖြစ်ရင် သေကုန်တော့မှာပဲ။” ဝူယွဲ့အာ ပြောတယ်။
“အသက်ရှိ နေသရွေ့ မျှော်လင့်ချက် ရှိတယ်။ ငါတို့တွေက အရေအတွက် အများကြီး ရှိတာပဲ။ ဒီနေ့ ရှုံးရင်တောင် သေချာပေါက် အသက်ရှင်မှာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ခေါင်းခါတယ်။
“နောက်ထပ် အခွင့်အရေး မရှိတော့ဘူး။ ဆရာ ဒါကို သိသင့်တယ်။”
“..” ကောင်းကင် အိုအေစစ် သုခမိန်ကြီး တိတ်ဆိတ် သွားတယ်။ သူပျိုးထောင်ခဲ့တဲ့ သူနဲ့ အနီးကပ်ဆုံး မိသားစုဝင် အရိပ်မျိုးနွယ်စု ခေါင်းဆောင် ဝူယွဲ့အာ။ သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေ ရုတ်တရက် ရစ်ဝဲလာတယ်။ ဟုတ်တယ်။ အကယ်၍ သူတို့သာ တိုက်ပွဲကို ရှုံးသွားရင်၊ မုချင်းဖန်း၊ ဖန်ကျန်းရှီနဲ့ ချီကူယန်တို့တွေ အကုန် သေသွားရင် လူသား မျိုးနွယ် အတွက် မျှော်လင့်ချက် မရှိနိုင်တော့ဘူး။
မျှော်လင့်ချက်က စကား အဖြစ်ပဲ ကျန်ရစ်လိမ့်မယ်။
“ဆရာ သွားနိုင်တယ်။ ကျွန်မကတော့ မသွားဘူး။” ဝူယွဲ့အာက အဖြေကို မစောင့်ပဲ ဆက်ပြောတယ်။
“ယွဲ့အာ ငါ့ကို စောင့်နေ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ခေါင်းငြိမ့် လိုက်ပြီးနောက် တိုက်ပွဲထဲကို ပြေးဝင် သွားတော့တယ်။ သူ့ပြစ်မှတ်ကတော့ ထျောင်ဝူပဲ။
ဝူယွဲ့အာ နားမလည်ခဲ့ဘူး။ ထျောင်ဝူရဲ့ အစွမ်းက ကြောက်စရာ ကောင်းလွန်းတယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် ပေါင်းတာတောင် မနိုင်နိုင်တာ သူဆိုရင် အချိန်တိုလေး အတွင်းမှာ ရှုံးသွားနိုင်တယ်။
ဒါပေမယ့် သူမ ဆရာ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ရန်ချန်လိလောက် အင်အား မကြီးတာတောင် တိုက်ပွဲထဲ ခုန်ဝင် သွားခဲ့ပြီ။ သူဘာတွေ တွေးနေတာလဲ။
ကိုယ့်ကိုယ်ကို သတ်သေ နေတာလား။
“ဆရာ ဘာဖြစ်လို့ သွားတာလဲ။” ဝူယွဲ့အာ လှမ်းအော်တယ်။ သူ့ဆရာ အကြောင်းကို သူမ ကောင်းကောင်း သိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကိုယ့်ကိုယ်ကို သတ်သေမှာ မဟုတ်ဘူး။ နောက်ဆုံးတော့လဲ သူက သေရမှာ ကြောက်ပြီး သိုသိုသိပ်သိပ် နေတတ်တဲ့သူ။
“ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဘာလုပ် နေတာလဲ။”
“သူက အသေအကျေ တိုက်ခိုက်မလို့လား။”
“မဖြစ်နိုင်တာပဲ။”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ငါကတော့ ဖြစ်နိုင်တယ် ထင်တာပဲ။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ထုတ်မပြပေမယ့် သွေးဆာတဲ့သူ။”
လူသား မဟာမိတ် တပည့်သားတွေ ပြောနေချိန်မှာပဲ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ပြေးထွက်သွားတုန်းက အရှိန်ထက် ပိုမြန်တဲ့ အရှိနှုန်းနဲ့ ပြန်ဝင်လာတယ်။
“…”
“…”
လူသား မဟာမိတ် တပည့်သားတွေတောင် စကားမဆုံး လိုက်ဘူး။ ဒါပေမယ့် သူ့လက်ထဲမှာ တစ်ယောက်ယောက် ပါလာတာကို သူတို့တွေ သတိ ထားမိသွားတယ်။
“တောင်ကြား သခင်မော့ကို သူပြန်ခေါ်လာတယ်။”
“သူဘာလုပ်ဖို့ တွေးနေတာလဲ။”
ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဒီအချိန်မှာ လှမ်းအော်တယ်။ “နန်ကုန်းမု မင်း ရန်ချင်းကို ကယ်ချင်တယ်မလား။ ငါမင်းကို အခွင့်အရေး ပေးလိုက်မယ်။”
“ဘာဖြစ်တယ်။” လူသား မဟာမိတ် တပည့်သားတွေ အံ့သြ ကုန်တယ်။ မကြာခင်မှာပဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတဲ့ မော့ရှန်းရှီကို နန်ကုန်းမုဆီ သယ်သွားပြီး မော့ရှန်းရှီကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
“တောင်ကြားခေါင်းဆောင် မော့ရေ။ ငါတို့တွေ နိုင်ချင်ရင် လောင်းကြေးထပ်မှပဲ ရတော့မယ်။”
“ဟူး။ ဟွတ်။” မော့ရှန်းရှီ အသက်ပြင်းပြင်း ရှူရင်း မျက်နှာတွေ နီရဲလာတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ လက်ဝါးရိုက်ချက် သူ့ကို အသက်စွမ်းအားတွေ ပြည့်၀ လာစေတာကို ခံစားမိတယ်။
“မြန်မြန် ငါ အကြာကြီး တောင့်မခံ နိုင်ဘူး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။
“ကောင်းကင် အိုအေစစ် မင်း။”
“မြန်မြန်လုပ်။”
“နားလည်ပြီ။ နန်ကုန်းမု။ မင်းက လူသား တစ်ယောက်ပဲ ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။” မော့ရှန်းရှီ နောက်ထပ် မပြောတော့ဘူး။
သူက အဆိပ်ကို အဆိပ်နဲ့ တိုက်ဖို့ လုပ်နေတာပဲ။ နန်ကုန်းမုကို အချုပ်အနှောင်ကနေ သူလွှတ်ပေးချင်တယ်။ ကျမ်းကောင်းကင်တောင် ပိုပြီး ရှုပ်ထွေးလာတော့မှာ အမှန်ပဲ။ အခုတော့ သူတို့မှာ ဒီလို ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်။
“အား။” နန်ကုန်းမု မြေပြင်မှာ လဲကျနေရင်း တကိုယ်လုံး ရွှေရောင် အလင်းတန်းတွေ လွှမ်းခြုံ သွားတော့တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ဟိန်းဟောက်ပါစေ အင်အားကြီး တစ်ခုက သူ့ကို ဖိနှိပ်ထားတယ်။
လက်တစ်ဖက်က သူ့ခေါင်းပေါ်ကို ရောက်လာခဲ့တယ်။ မော့ရှန်းရှီရဲ့ လက်က စွမ်းအား အများကြီး မပါပေမယ့် သူ့ခေါင်းကနေ စွမ်းအားတွေ စီးဝင် လာတာကို ခံစားမိတယ်။ ကြောက်စရာ လေလှိုင်းက နန်ကုန်းမု ခန္ဒာကိုယ်ထဲကနေ ထွက်လာပြီး ရွှေရောင် အလင်းတန်း တစ်ခု အဖြစ်ကို ပြောင်းလဲ သွားတယ်။
“နန်ကုန်းမု လွတ်သွားပြီလား။”
“မိုးနတ်မင်းရေ။”
“ငါတို့တွေ နတ်ဆိုး မိစ္ဆာတွေနဲ့ ရှင်းလို့ မပြီးခင် နန်ကုန်းမုနဲ့ ထပ်ရှင်းရ တော့မှာလား။ လူသားတွေ မျှော်လင့်ချက်ရော ရှိအုန်းမှာလား။”
“ငါတို့ မျှော်လင့်ချက် မရှိတော့လို့ နန်ကုန်းမုကို လွှတ်ပေး လိုက်တာလဲ ဖြစ်နိုင်တယ်လေ။”
လူသား မဟာမိတ် တပည့်သားတွေ အခြေအနေကို နားလည်ချိန်မှာ ပိုပြီး လန့်ကုန်တော့တယ်။
“ဟမ်။ ဒီကောင်စုတ်လေး စွမ်းအား ရှိသေးတယ်လား။” ဟုန်ယို့လဲ နန်ကုန်းမုရဲ့ ရွှေရောင် အလင်းတန်းတွေကို မြင်ချိန်မှာ နည်းနည်းတော့ လန့်သွားခဲ့တယ်။
“ရန်ချင်းလား။ နန်ကုန်းမု။” ထူးဆန်းတဲ့ လှုပ်ရှားမှုကို ဖန်ကျန်းရှီ ခံစားမိခဲ့တာ ကြာပြီ။ ရန်ချင်းကို ကယ်ချင်ပေမယ့် သူမလုပ်နိုင် ခဲ့ဘူး။ ဟွမ်တွမ့်နဲ့ ထျောင်ထျဲ့ကို သူထိန်းနေ ရတယ်။
ဒီသားရဲကောင် နှစ်ကောင်က စစ်နတ်ဘုရားတွေ ရောက်လာတာတောင် မရပ်တန့် ကြဘူး။ ပိုပြီးတော့ အားကောင်းကောင်းနဲ့ တိုက်ခိုက်နေသေးတယ်။
“နန်ကုန်းမုက လွတ်သွားပြီ။ ငါတို့ ဘာလုပ်ကြမလဲ။” ပင်းယန် ချက်ခြင်း ဖြူဖျော့ သွားပြီး မေးတော့တယ်။
“ဘာမှ မဖြစ်ဘူး။ အဆင်ပြေတယ်။” ဖန်ကျန်းရှီ ပြောတယ်။
“ဘာကို ပြေရမှာလဲ။”
“ကောင်းကင် အိုအေစစ် အဘိုးကြီး လုပ်တာ မှန်တယ်။ ငါသာ သူ့နေရာမှာ ဆိုရင်လဲ ဒီလို လုပ်မှာပဲ။” ဖန်ကျန်းရှီ ပြောတယ်။
“ပင်းယန် သတိထား။” ချီကူယန် သတိပေးတယ်။
ပင်းယန်ရဲ့ ခြေထောက်အောက်မှာ အက်ကွဲကြောင်း အသစ် တစ်ခု ပေါ်လာပြီး ကျောက်တုံးတွေလဲ လွင့်ထွက်လာတယ်။ ဟွမ်တွမ့်ရဲ့ အသက်ရှူနှုန်းကြောင့် ဒီလိုတွေ ဖြစ်လာ ခဲ့တာပဲ။
“နင် ဘာဖြစ်လို့ စစ်နတ် ဘုရားတွေနဲ့ သွားမတိုက်ခိုက်တာလဲ။” ပင်းယန်က ဒေါသတကြီးနဲ့ ဟွမ်တွမ့်ကို အော်ဟစ် ကျိန်းမောင်းတော့တယ်။
“ငလူး သောက်ရူးမှ သွားတိုက်မှာပေါ့ဟ။” ဟွမ်တွမ့် ပြန်ဖြေပင်မယ့် သူပြောချင်တာကို နက်နက်နဲနဲ နားမလည်ကြဘူး။ ဖန်ကျန်းရှီကတော့ ခန့်မှန်းနိုင်တယ်။ တကယ့် အမဲလိုက် သမား အစစ်က သူ့ရဲ့ သားကောင် တစ်ခုတည်းကိုပဲ အာရုံစိုက်တယ်။
တခြား တစ်ယောက်ဆီ မသွားခင် တစ်ယောက်ကို အပြီးသတ်မယ်။
“ရန်ရွှယ် တောင်ပိုင်း ဒေသမှာ သုခမိန် တစ်ဝက် ချန့်ယန်းနဲ့ တိုက်ခိုက် ခဲ့တာကို မင်းမှတ်မိသေးလား။” ဖန်ကျန်းရှီ လှမ်းမေးတယ်။ သူတို့တွေ နောက်ဆုတ်လို့ မဖြစ်မှတော့ သေတဲ့ အထိ တိုက်ခိုက် ရတာပေါ့။
“အင်း။ နားလည်ပြီ။” ရန်ရွှယ် ချက်ခြင်း လှုပ်ရှားတယ်။ ပင်းယန်ကတော့ နားမလည်ခဲ့ဘူး။ ဒီနှစ်ယောက် တောင်ပိုင်းမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က လေနဲ့ မိုးကြိုး နေရာကနေ စတင် တိုက်ခိုက်တယ်။ ဟွမ်တွမ့်ကို အရှေ့နဲ့ ဘယ်ဘက်ကနေ တပြိုင်နက်တည်း ခုန်အုပ်တယ်။
“ဟမ်။” ဟွမ်တွမ့် လန့်သွားခဲ့တယ်။ ဒီနှစ်ယောက်က ဗျူဟာ ကျကျ နေရာယူ ထားတာ အားပိုကောင်းဖို့လို့ သူတွေးထား ခဲ့မိတယ်။ အခုတော့ မဟုတ်တော့ဘူးလား။ အင်အားကို လက်လျော့လိုက် တာလား။ ဟွမ်တွမ့် တွေးနေ ချိန်မှာပဲ ရေနေရာကို ယူထားတဲ့ ချီကူယန် ပြေးဝင် လာတာကို သူမြင်လိုက် ရတယ်။ သုံးယောက် တပြိုင်တည်း တိုက်ခိုက်တယ်ပေါ့။ ဟွမ်တွမ့် လန့်သွားခဲ့တယ်။
သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ သုံးယောက်ကို ရင်ဆိုင်မလား။ ပင်းယန်ကို တိုက်ခိုက်မလား။
ပင်းယန်ကို တိုက်ခိုက်ဖို့ သူချက်ခြင်း ရွေးလိုက်တယ်။ တခြား သုံးယောက်ရဲ့ ဆုံးဖြတ်ချက်ကို သူနားမလည်သေးဘူး။
ဝုန်း။ ဟွမ်တွမ့် ပင်းယန်ဆီကို လိမ့်သွားတယ်။
“..” ပင်းယန်ကတော့ ဖြူဖျော့ သွားခဲ့ပြီ။ သူမရဲ့ အားနည်း သေးငယ်တဲ့ ခန္ဒာကိုယ်ကို ဟွမ်တွမ့်လို ကြီးမားတဲ့ သတ္တဝါက ဝင်တိုက်ရင် ကျေမွသွားမယ်လို့ တွေးနေခဲ့တယ်။ သူမ ချက်ခြင်း ဆိုသလို ဆန့်ကျင်ဘက်ကို ပြေးတော့တယ်။
“ပြေးချင်တယ်ပေါ့။ သွားသေလိုက်။” ထူးဆန်းတဲ့ ဟိန်းဟောက်သံနဲ့ အော်ဟစ်လိုက်တယ်။ ပင်းယန်က အားအနည်းဆုံး ဖြစ်မှန်း သူသိထား ပြီးသား။ ဖန်ကျန်းရှီ ဘယ်လိုပဲ တွေးပါစေ အခုချိန်က ပင်းယန်ကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။
သူပါးစပ်ကို ဟလိုက်ပြီး ပင်းယန်ကို စုပ်ယူလိုက်တယ်။ ဒီအချိန်မှာပဲ အပြာရောင် အလင်းတန်းက ပင်းယန် ခေါင်းပေါ်မှာ တောက်ပလာတယ်။
ကောင်းကင်တာအို နေရာလဲခြင်း။
မျက်တောင် တစ်ခတ် အတွင်းမှာပဲ ဖန်ကျန်းရှီနဲ့ ပင်းယန် နေရာ လဲသွားတော့တယ်။
“မင်း နောက်ဆုံးတော့ မစောင့်နိုင်တော့ဘူးပေါ့။ ဟီးဟီး။” ထျောင်ထျဲ့က သားကောင်ကို စောင့်နေတဲ့ မုဆိုးတစ်ယောက်လို ပြုံးလိုက်ပြီး ပါးစပ်ကို ဖွင့်ရင်း ထူးဆန်းတဲ့ လေတွေ မှုတ်ထုတ်လိုက်တယ်။
ဝါရောင့်။ ထူးဆန်းတဲ့ သားရဲကောင် အော်သံ ထွက်ပေါ် လာပြီးနောက် ပင်းယန်က မူလ နေရာကို ပြန်ရောက် သွားတော့တယ်။
“ဘာဖြစ်တာလဲ။”
အားလုံးက ဒီမြင်ကွင်းကြောင့် လန့်သွား ရတော့တယ်။ ထျောင်ထျဲ့မှာ ပြောင်းပြန်လန်စေတဲ့ အစွမ်း ရှိတယ်ပေါ့။
သူက ဖန်ကျန်းရှီရဲ့ အစွမ်းကို ပြောင်းပြန် ဖြစ်အောင် လုပ်နိုင်တယ်။
အပိုင်း (၁၀၅၁) ပြီး၏။
အပိုင်း (၁၀၅၂)
“အင်အား အကြီးဆုံး နည်းလမ်းနဲ့ ပြန်လာခြင်း။”
…
သူစောင့်ဆိုင်း နေခဲ့တာ အချိန်ကြာမြင့်လွန်း လှပြီ။ ထျောင်ထျဲ့ရဲ့ စိတ်ရှည် သည်းခံ နိုင်စွမ်းက အတော့်ကို မြင့်မားလွန်း လှတယ်။ ပင်းယန်ကတော့ ချက်ခြင်း ဖြူဖျော့ သွားတော့တယ်။
ဟွမ်တွမ့်ရဲ့ ပါးစပ်ထဲ ရောက်တော့မယ့် အချိန်မှာ ချက်ခြင်း နေရာလဲ သွားပြီးတော့ နောက်တစ်ခေါက် ပါးစပ်နားကို ပြန်ရောက် ပြန်တယ်။ ဟွမ်တွမ့် ပါးစပ်ထဲက ထွက်လာတဲ့ ဆွဲငင်အားကြီးကို သူမ ခံစားမိတယ်။
ဒီကောင်စုတ်က သူမကို ဝါးမျိုဖို့ ဆုံးဖြတ် ထားတာပဲ။
“ကယ်ကြပါအုန်း။” ပင်းယန် အော်ဟစ်လိုက်တယ်။ ထျောင်ထျဲ့ မှာ ဒီလို ထူးဆန်းတဲ့ အစွမ်းမျိုး ရှိနေမယ်လို့ ဘယ်သူမှ မထင်ထား မိခဲ့ဘူး။ ဖန်ကျန်းရှီလဲ တွေးနေမိတယ်။ သူ့အစီအဉ် ကျရှုံးတော့မှာလား။ မဖြစ်နိုင်ဘူး။
ပင်းယန် သူ့ရှေ့မှာ သေတာကို ဘယ်လိုမှ မကြည့်နိုင်ဘူး။
“ထွက်သွားစမ်း။” ဖန်ကျန်းရှီ ဟိန်းဟောက်ရင်း ချက်ခြင်း ဟွမ်တွမ့်ဆီ ပြေးဝင်တယ်။ ကောင်းကင်မှာတော့ မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းကြောင့် ပုံရိပ်ယောင်တွေ ဖြစ်လာတော့တယ်။
“ငါ့ကို တားချင်တယ်ပေါ့။” ထျောင်ထျဲ့က ပြုံးလိုက်ပြီး ရှေ့ လက်သည်းတွေကို ဝေ့ယမ်းလိုက်တယ်။ ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီက မူလ နေရာကို ပြန်ရောက်သွား ပြန်တယ်။ နောက်ထပ် အချိန်ကို ပြန်ရစ်လိုက်ပြီ။
“မဖြစ်ဘူး။” ပင်းယန်ကို မျိုချ ပြစ်တော့မယ့် ဟွမ်တွမ့်ကို ကြည့်ရင်း ဖန်ကျန်းရှီ မကျေမနပ်နဲ့ အော်လိုက်တယ်။
ကောင်းကင်တာအိုကို ထျောင်ထျဲ့က ဆက်တိုက် တားဆီးနေရင် သူဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ပင်းယန်လဲ စိတ်ပျက် နေခဲ့တယ်။
ထျောင်ထျဲ့ လှုပ်ရှားနေတာကြောင့် ဖန်ကျန်းရှီက ဟွမ်တွမ့်ကို တားနိုင်မှာ မဟုတ်တော့ဘူး။ အမှန်တရားက ခါးသီးတယ်။
“ငါသေရရင်တောင်။ နင့်ကိုပါ နာအောင် လုပ်ပြစ်မယ်။” ပင်းယန် စိတ်ပျက် သွားပင်မယ့် လက်မလျော့ခဲ့ဘူး။ ချီလင်လှံကို သုံးပြီး ဟွမ်တွမ့်ကို ထိုးလိုက်တယ်။
ဟွမ်တွမ့်က ချီလင်လှံကြောင့် လည်ချောင်းနင် သွားခဲ့တယ်။ မျက်လုံးကြီး အပြူးသားနဲ့ တကိုယ်လုံးကို လှုပ်ယမ်းရင်း လည်ပင်းထဲက အရာကို ဖြေရှင်းဖို့ လုပ်တယ်။
မကြာခင်မှာ သူ့မျက်ဝန်းက အညှာအတာ ကင်းမဲ့တဲ့ အကြည့်တွေနဲ့ တောက်ပ လာပြီးတော့ ချီလင်လှံကို ဂရုမစိုက်ပဲ ပင်းယန်ကို ဝါးမျိုဖို့သာ လုပ်တော့တယ်။
ဒီလို ခဏတာ ရပ်တန့် သွားမှုကြောင့် ရန်ရွှယ်က ဟွမ်တွမ့် အနားကို ချက်ခြင်း ရောက်လာတော့တယ်။ ထျောင်ထျဲ့က ဖန်ကျန်းရှီရဲ့ ကောင်းကင် တာအိုကို တားဆီး နိုင်ပေမယ့် ရန်ရွှယ့်ရဲ့ အဇူရာ တာအိုကိုတော့ မတားဆီး နိုင်ဘူး။
ရန်ရွှယ့်ရဲ့ ငွေရောင် ယပ်တောင်က ဟွမ်တွမ့် ခန္ဒာကိုယ်ကြီးပေါ်ကို ကျရောက်လာပြီး သူ့ကို တစ်ခြမ်း စောင်းသွား စေခဲ့တယ်။
ဟွမ်တွမ့်က တစ်ဖက်ကို လှိမ့်သွားရင်း ပါးစပ်ကို အတင်းပိတ်ဖို့ လုပ်နေခဲ့တယ်။ ချီလင်လှံကတော့ သူ့ရဲ့ အာခေါင်ကို ဖောက်ထွက် သွားခဲ့ပြီ။
“ပင်းယန် ပြေးတော့။” ရန်ရွှယ် လှမ်းအော်တယ်။
ဒါပေမယ့် ဟွမ်တွမ့်ကတော့ သူ့ပါးစပ်ထဲ ရောက်နေတဲ့ သားကောင်ကို အလွတ်မပေးခဲ့ဘူး။ အရှိန်နှုန်းကို သုံးရင်း ပါးစပ်ကို ဖွင့်ပြီး လေအားသုံးကာ စုပ်ယူတော့တယ်။ သူ့ပါးစပ်ထဲမှာ ရောက်နေတဲ့ ချီလင်လှံကတော့ ပျောက်ကွယ်သွားတယ်။
အကယ်၍ ပင်းယန်သာ သူ့ပါးစပ်ထဲမှာ ရှိနေရင်တော့ သူမလဲ ပျောက်ကွယ် သွားမှာပဲ။
ဟွမ်တွမ့်ရဲ့ ခန္ဒာကိုယ်က ပြန်လည် ကုသနိုင်စွမ်း မြင့်မားလွန်း သလို အရာအားလုံးကိုလဲ မျိုချနိုင်တယ်။ လက်နက် သက်ရှိ ဘယ်အရာမဆို သူ့ပါးစပ်ထဲကို ရောက်သွားရင် အစအနတောင် ရှာမရပဲ ပျောက်ကွယ် သွားလိမ့်မယ်။
ရှေးဟောင်း သားရဲကောင်ရဲ့ အစွမ်းက ကြောက်စရာ ကောင်းတယ်။
ပင်းယန်ကတော့ ဖြူဖျော့ နေခဲ့ပြီ။ သူမက ခေါင်းမာပြီး ပုန်ကန်လိုစိတ် ရှိပေမယ့် ဒီလို အသက်အန္တရာယ်နဲ့ ရင်ဆိုင် ရချိန်မှာတော့ ကြောက်မိတာ အမှန်ပဲ။ လောကမှာ ဘယ်သူမှ မသေချင်ကြဘူး။ ချီလင်လှံကိုတောင် မျိုချနိုင်ရင် သူမရဲ့ ခန္ဒာကိုယ်က အထဲမှာ အသက်ရှင် နိုင်မှာလား။
ပြေးရမယ်။
ပင်းယန် ဆန့်ကျင်ဘက် နေရာကို အစွမ်းကုန် ပြေးဖို့ လုပ်တော့တယ်။ ဒါပေမယ့် ဟွမ်တွမ့် ပါးစပ်ထဲက လာနေတဲ့ စုပ်ယူအားက ကြီးမားလွန်းတဲ့ အတွက် သူမရဲ့ လှုပ်ရှားမှုတွေကို တစ်ခုခုက တားဆီးနေသလို ခံစားမိတယ်။
“မဖြစ်ဘူး။ ငါမသေချင်သေးဘူး။” ပင်းယန် အော်ဟစ်တယ်။ အဲ့ဒီ့နောက် သူမရဲ့ ခါးကို တစ်ခုခုက လာဆွဲတာ ခံစား လိုက်ရတယ်။ ပင်းယန် နာနာကျင်ကျင် အော်ဟစ်ရုန်းကန်ရင်း သူ့ကိုယ်သူ သေရမယ်လို့ ထင်တဲ့ အချိန်မှာပဲ ရူးသွပ်တဲ့ အတွေးတွေက ဝင်ရောက် လာတော့တယ်။
သူမလို ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသမီးက ခမ်းနားတဲ့ လက်ထပ်ပွဲတောင် မကျင်းပ ရသေးခင် အဖြစ်ဆိုးနဲ့ သေရတော့မယ်။ ငယ်ရွယ် နုပျိုတဲ့ ဘဝကိုတောင် ကောင်းကောင်း မခံစား ရသေးဘူး။ အဖြစ် ဆိုးလိုက်တာ။
စိတ်ရူး ပေါက်နေပြီ ဖြစ်တဲ့ ပင်းယန်က ပင့်ကူငယ်လေး တစ်ကောင်လိုမျိုး ရုန်းကန်တယ်။ ဒါပေမယ့် တစ်ခုခု လွဲနေတာကို သူမ သတိထားမိ သွားတယ်။ သူမ သွားနေတဲ့ လမ်းကြောင်းက ဟွမ်တွမ့် ပါးစပ်ထဲကို မဟုတ်ဘူးပဲ။
အဲ့ဒီ့နောက် ငါးရောင်ခြယ် မြွေအမြီးကြီးက သူမ ခါးကို လာပတ်နေတာ သတိထားမိလိုက်တယ်။ အကြေးခွံတွေက တလက်လက် တောက်ပ နေသေးတယ်။
“မမယန်လေး။” ချီကူယန်ကတော့ ပင်းယန်ကို ပြန်မဖြေခဲ့ဘူး။ သူမက အားကုန်သုံးပြီး ပင်းယန်ကို ဆွဲထုတ် နေခဲ့တယ်။ ဟွမ်တွမ့်ရဲ့ စုပ်ယူအားက ကြီးမားလွန်းလို့ သူမရဲ့ မြွေအမြီးကြီးသာ လုံလောက်အောက် မသန်မာရင် ဆွဲနိုင်မှာ မဟုတ်ဘူး။
“ဝေါင်း။” သူ့အစာ လွတ်သွားတာကို မြင်ချိန်မှာ ဟွမ်တွမ့်က ဖားပြုတ်တစ်ကောင်လို ခုန်လိုက်တယ်။ သူ့အရှိန်က မြန်ဆန်လွန်းတဲ့ အပြင် ပင်းယန် အနားကို ပိုကပ်လာပြီးတော့ ချီကူယန်ဆီက ပြန်စုပ်ယူပြန်တယ်။
“ငလူးပဲ။” ချီကူယန် ကယ်တင်တာကို မြင်ရချိန်တုန်းက ဖန်ကျန်းရှီ စိတ်သက်သာရာ ရသွားခဲ့ပင်မယ့် အခု အဖြစ်ကို မြင်ရချိန်မှာ သူကျိန်ဆဲ မိတော့တယ်။ ချက်ခြင်းဆိုသလို အပြာရောင် အလင်းတန်းက သူ့ကိုယ်မှာ တောက်ပလာပြီး ဟွမ်တွမ့်ဆီကို သူပြေးဝင်တယ်။
“ကူညီ ချင်တယ်ပေါ့။ ဟဟား အလိုက်တာ ပြန်လာစမ်း။” ထျောင်ထျဲ့က ရယ်မောလိုက်တယ်။
သူသာ ဖန်ကျန်းရှီနဲ့ ချီကူယန်ကို တားထားနိုင်ရင် ရန်ရွှယ် တစ်ယောက်တည်းနဲ့ ပင်းယန်ကို ကယ်နိုင်မှာ မဟုတ်မှန်း ထျောင်ထျဲ့သိတယ်။ ဟွမ်တွမ့်သာ ပင်းယန်ကို မျိုချပြီးရင် သူတို့ရဲ့ ဓာတ်ကြီး လေးပါး ဗျူဟာလဲ အလိုလို ပျက်သွားလိမ့်မယ်။ အားလုံးကလဲ သူတို့ရဲ့ အစာတွေ ဖြစ်လာလိမ့်မယ်။
ထျောင်ထျဲ့ နောက်တစ်ခေါက် စွမ်းအား သုံးပြန်တယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က မူလ နေရာကို ပြန်ရောက်သွားတယ်။ ထျောင်ထျဲ့ကတော့ မျက်လုံးတွေ မှေးတဲ့ထိ ရယ်မော နေခဲ့ပြီ။ သူ့သားကောင်ကို ဒီလို စနောက် ရတာက ပျော်စရာ ကောင်းလွန်းလှတယ်။
အဲ့ဒီ့နောက် သူ့တကိုယ်လုံး တုန်သွားတော့တယ်။ သူ့နောက်ကျော တစ်ခုလုံး နာကျင်သွားခဲ့တယ်လေ။ တစ်ခုခုက သူ့တင်ပါးကို လာထိုးနေတယ်။
“အား။” သားရဲကောင်ကြီးတောင် ဒီနာကျင်မှုကို မခံစားနိုင်ဘူး။ နာတယ်။ အရမ်းကို နာလွန်းတယ်။
ဘယ်လို ကောက်ကျစ်တဲ့ သတ္တဝါက သူ့နောက်မှာ ရှိနေမလဲလို့ ထျောင်ထျဲ့လှည့်ကြည့်တယ်။ အခြေအနေတွေ အားလုံးကို သူထိန်းချုပ် ထားရဲ့သားနဲ့ ဘယ်ကောင်က သူ့နောက်ကို ရောက်လာပြီး ပြဿနာ ရှာနေမှန်း သူမသိဘူး။ ဖန်ကျန်းရှီ ဖြစ်နိုင်လား။ သူဘယ်လိုလုပ် လုပ်နိုင်မှာလဲ။
နောက်ကို လှည့်ကြည့်ပြီး ရန်ရွှယ့်ကို မြင်လိုက် ရချိန်မှာတော့ သူလန့်သွားတော့တယ်။ ဒါ့အပြင် ရန်ရွှယ်က ၂မီတာကျော် ရှည်လျားတဲ့ သတ္တုချောင်းကြီး နှစ်ချောင်းကို လက်ထဲမှာ ကိုင်ထားပြီး ထျောင်ထျဲ့ရဲ့ တင်ပါးကို အဆက်မပြတ် ထိုးနေခဲ့တယ်။
“ဒါ မဖြစ်နိုင်တာပဲ။” ထျောင်ထျဲ့ ဒီလို ကိစ္စကို မယုံနိုင်ဘူး။ ပင်းယန်ကို ကယ်နေတဲ့ သူက ဘယ်လိုများ သူ့နောက်ကို ရောက်သွားတာလဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရန်ရွှယ်က သူ့အနောက်ကို ရောက်နေခဲ့ပြီ။ ဒါ့အပြင် နာကျင်မှုကလဲ ကြီးလွန်းတယ်။ သူသည်းမခံနိုင်ဘူး။
ဝုန်း။ ဒီအချိန်မှာပဲ ဟွမ်တွမ့် ခန္ဒာကိုယ်ကြီးက မြေပြင်ပေါ်ကို လိမ့်သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ သူ့နေရာကို ရောက်လာတယ်။
ဘာဖြစ်တာလဲ။ ထျောင်ထျဲ့ နားမလည်နိုင်တော့ဘူး။ သူက သူ့ရဲ့ အစွမ်း သက်ရောက်တာကို မခံရတော့တာလား။
ထျောင်ထျဲ့ တစ်ခဏ အတွင်း နားလည် သွားတော့တယ်။ ဖန်ကျန်းရှီက ကောင်းကင် တာအိုကို လူနှစ်ယောက်ဆီမှာ တပြိုင်နက်တည်း သုံးလိုက်တာပဲ။ ရန်ရွှယ့်ကို နောက်ပို့ပြီး သူကတော့ ဟွမ်တွမ့်နဲ့ နေရာလဲ လိုက်တယ်။
တမင်တကာ လုပ်အောင် သူက အစောကြီးတည်းက အကွက်ချထားခဲ့တာပဲ ဖြစ်ရမယ်။ ဒါကြောင့် ရန်ရွှယ် အလစ်ဝင်တိုက်တာ အောင်မြင် ချိန်မှာတော့ ဖန်ကျန်းရှီ တိုက်ခိုက်မှာကို တွေးတောင် မတွေးမိတဲ့ ဟွမ်တွမ့်ကို သွားတိုက်ခိုက်တော့တယ်။
အခုချိန်မှာ လူသား မဟာမိတ် တပည့်သားတွေကတော့ ထျောင်ထျဲ့လို မတွေးတတ်တဲ့ အတွက် မျက်လုံးသာ ပြူးနေခဲ့ကြတယ်။
ထျောင်ထျဲ့က ရန်ရွှယ့်ကို အောင်အောင်မြင်မြင် အလစ်ဝင်တိုက်နိုင်တာ တစ်ခုသာ သူတို့တွေ သိကြတယ်။ ဟွမ်တွမ့်ကလဲ ဖ န်ကျန်းရှီ ကန်ထုတ်တာကို ခံလိုက်ရပြီ။
“မင်းတို့တွေ ဘာကြည့် နေတာလဲ။ ငါနဲ့ အတူတူ သတ်မယ်။ မြန်မြန်။” ပင်းယန်ရဲ့ တင်ပါးကို ဖန်ကျန်းရှီ တစ်ချက် ရိုက်ရင်း ပြောလိုက်တယ်။
“ဘာကို ဘယ်သူ့ကိုလဲ။” ပင်းယန် အခုထိ သတိ မဝင်သေးဘူး။
“ပေါက်ကရတွေ။” ဖန်ကျန်းရှီ စိတ်ပျက်သွား ခဲ့တယ်။ ပင်းယန်က တကယ့်ကို အတွေ့အကြုံ နည်းလွန်းတယ်။ အခုလို အခြေအနေမျိုးမှာ ဟွမ်တွမ့်ကို သတ်ပြစ်မှသာ မတိုးသာ မဆုတ်သာ အခြေအနေကို ပြောင်းလဲ နိုင်လိမ့်မယ်။
အသားဒိုင်းကာ ကြီးနဲ့ ဘယ်လိုလုပ် ဆက်တိုက် တိုက်ခိုက်နေလို့ ဖြစ်မလဲ။ ရလဒ်ကတော့ အရှုံးအပြင် မရှိနိုင်ဘူး။ ဒါကြောင့် အဓိက လူကို သတ်နိုင်ဖို့ ကောင်းကောင်း ပြင်ဆင်ရမယ်။
ရှေးဟောင်း သားရဲကောင်တွေထဲမှာ ထျောင်ထျဲ့က အဓိက ကောင်းပဲ။ သူ့အစွမ်းက အားလုံးကို ထိန်းချုပ်ထား နိုင်တယ်။ ဒါပေမယ့် သူက ဟွမ်တွမ့်လို ရင်ဆိုင်ရ မလွယ်ကူဘူး။
“သေပေရော့။” ဖန်ကျန်းရှီက ထျောင်ထျဲ့ကို ဓားနဲ့ ဝင်ခုတ်တယ်။
“ငါ့ကို သတ်ချင်တယ်ပေါ့။ အိပ်မက်မက် နေလိုက်။” ထောင်ထျဲ့ စကားတောင် မဆုံးခင် အချိန်မှာပဲ ကျောရိုး တစ်ခုလုံး နာကျင် သွားခဲ့ရပြန်တယ်။
တောင်ပိုင်းဒေသ တိုက်ပွဲမှာ ဖန်ကျန်းရှီက သုခမိန် တဝက် ချန့်ယန်းနဲ့ တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ့ အခြေအနေမှာ သူသုံးခဲ့တဲ့ နည်းလမ်းက အတော့်ကို အသုံးဝင် လွန်းတယ်။ တင်ပါးကို လှံနဲ့ ထိုးတာက လုံးဝကို ထိရောက်တဲ့ တိုက်ကွက်ပဲ။ သုခမိန်တွေ သားရဲကောင်တွေ အားလုံး အတွက် အသုံးဝင်တယ်။
ဖန်ကျန်းရှီ ပြောလိုက်တာကို ရန်ရွှယ့်က ကြားကြားချင်းတည်းက သိပြီးသား။ ဒါကြောင့် ထျောင်ထျဲ့ နောက်ကို ရောက်တာနဲ့ နည်းလမ်းကို သူအသုံးချတော့တယ်။ ရလဒ်ကတော့ မဆိုးဘူး။
ထျောင်ထျဲ့က ဖန်ကျန်းရှီ ဓားကို မြင်ချိန်မှာ နောက်ဆုတ်ဖို့ လုပ်ပင်မယ့် နောက်ဘက်က လာတဲ့ နာကျင်မှုက ပိုပြီးတော့ ပြင်းထန်တယ်။
“အား။” ထျောင်ထျဲ့ရဲ့ နာနာကျင်ကျင် အော်ဟစ်သံကြီးက လေထဲကို ပျံ့လာတော့တယ်။ ပြင်းထန်တဲ့ နာကျင်မှုက သူ့ကို အသက်တောင် မရှူနိုင်အောင် ဖြစ်စေတဲ့ အပြင် ခြေထောက်တွေလဲ ပျော့ခွေ နေခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ဓားက ဒီအချိန်မှာပဲ သူ့အပေါ်ကို ကျရောက်လာပြန်တော့တယ်။
ဒေါသတကြီး လျှပ်စီးတန်းတွေက ကောင်းကင်မှာ ဖြစ်ပေါ် လာပြီး အပြာရောင် မြစ်တစ်စင်းကလဲ ဖန်ကျန်းရှီရဲ့ ခြေထောက်အောက်မှာ ပေါ်ထွက် လာခဲ့တယ်။ ဒါကတော့ ချီကူယန်ရဲ့ ဓားအလင်းတန်းတွေပဲ။
ဝုန်း။ ထျောင်ထျဲ့ ခေါင်းပေါ်ကို ဖန်ကျန်းရှီရဲ့ ဓားက ကျရောက်လာပြီး သူ့နဖူးကို ထိုးစိုက်လိုက်တော့တယ်။ ထျောင်ထျဲ့ကတော့ အရှေ့ အနောက် နာကျင်မှုကို ခံစား နေခဲ့ရပြီ။
အဲ့ဒီ့နောက် ချီကူယန်ရဲ့ ဓားချက် ကျရောက်လာတယ်။ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွက ထျောင်ထျဲ့ရဲ့ ခေါင်းကို စပြီး ဖောက်ထွက်တယ်။ ရှည်လျားတဲ့ မြစ်ကြီး တစ်စင်းက သူ့ခန္ဒာကိုယ်ကို ဖြတ်သန်း ဝင်ရောက်ပြီး စီးဆင်းနေ ခဲ့ပြီ။
ထျောင်ထျဲ့ တောင့်တင်း သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားက ထျောင်ထျဲ့ ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး ခုခံစစ်ကို ဖောက်ထွက် နေချိန်မှာပဲ ချီကူယန်ရဲ့ ဓားကတော့ သူ့ခန္ဒာကိုယ်ထဲကို နဂါး တစ်ကောင်လို စီးဝင် လာခဲ့တယ်။ ထျောင်ထျဲ့ မျက်လုံး အပြူးသားနဲ့ ရှိနေခဲ့ပြီ။
အလင်းတန်းတွေက သူ့မျက်ဝန်းထဲကို ဆက်တိုက် ရောက်ရှိ လာနေတယ်။ အပြာရောင် ပင်လယ်ကြီးနဲ့ အတူ မိုးကြိုးတွေ ရောနှောနေတဲ့ ရေစီးကြောင်းကြီးက မြင်ရတာ ထူးဆန်းလွန်းတယ်။
ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ အော်ဟစ်သံကြီးကို ကြားလိုက်ရတော့တယ်။
“ငါ ဒီကောင့်ကို သတ်ဖို့ လာပြီ။” ပင်းယန်ရဲ့ ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရတယ်။ သူမက ချီလင်လှံ မရှိတာင်တောင် ကြမ်းတမ်း နေခဲ့တယ်။
မီးလျှံတွေ ဝန်းရံထားတဲ့ လက်သီးနဲ့ သူမ ထိုးကြိတ်ပြစ်တယ်။
ပင်းယန်ရဲ့ ရှေ့ကို ထျောင်ထျဲ့ လဲကျ သွားပြီးနောက် ပါးစပ်ကနေ သွေးတွေ စီးကျလာရင်း သူ့မျက်ဝန်းတွေက မယုံနိုင်မှု အပြည့်နဲ့ ပြူးကျယ် နေခဲ့တော့တယ်။
အပိုင်း (၁၀၅၂) ပြီး၏။
အပိုင်း (၁၀၅၃)
“မိစ္ဆာနဲ့ နတ်ဆိုးတွေ အချိုးပြောင်းသွားချင်း။
..
ရှေးဟောင်း သားရဲကောင် လေးကောင်ထဲက တစ်ကောင် ဖြစ်တဲ့ ထျောင်ထျဲ့က အရမ်းကို အင်အားကြီးတယ်။ သူက ရှေးသမိုင်းမတင်မီ ခေတ်မှာတောင် လောကကို အုပ်ချုပ်ခဲ့ပြီး ဘယ်သူမှ သူ့ကို မသတ်နိုင်ခဲ့ဘူး။
သူ့ရဲ့ ကောက်ကျစ်မှုကြောင့် ဒီနေ့ အထိ ရှင်သန်ခဲ့တယ်။ ရှေးဟောင်း စစ်မြေပြင်မှာတောင် မသေခဲ့တဲ့ သူက အခုချိန်မှာ သေရတော့မှာလား။
ထျောင်ထျဲ့ ဒါကို လက်မခံနိုင်ဘူး။ သူ့ခန္ဒာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားတွေက အခုချိန်မှာ ရေစိမ့်သလိုမျိုး စိမ့်ထွက် နေခဲ့ပြီ။ ဒါ့အပြင် သွေးတွေက သူ့ခန္ဒာကိုယ် အောက်မှာ ရေလို အိုင်နေခဲ့တယ်။ ဖန်ကျန်းရှီတို့ အဖွဲ့က ထျောင်ထျဲ့ကို သတ်နိုင်ဖို့ အတွက် အားနည်းလွန်းတယ်လို့ လူသား မဟာမိတ် တပည့်သားတွေ တွေးခဲ့ဖူးတယ်။
အခုချိန်မှာတော့ ကြီးမားလွန်းတဲ့ ထျောင်ထျဲ့ရဲ့ ခန္ဒာကိုယ်ကြီးက တစ်မီတာတောင် မရှိတော့တဲ့ အထိ ကျုံ့သွားခဲ့ပြီ။ အားလုံးလဲ မျက်လုံး ပြူးနေခဲ့တယ်။
ပင်းယန်လဲ သူမရဲ့ လက်သီးက ထျောင်ထျဲ့ အသက်ကို နှုတ်ယူနိုင်သွားတဲ့ အကြောင်း မယုံနိုင်သေးဘူး။
“ငါ ငါက ထျောင်ထျဲ့ကို သတ်လိုက်တာလား။” ပင်းယန် သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်။ သူမရဲ့ လက်သီးချက်က ထျောင်ထျဲ့ကို သတ်နိုင်အောင် အင်အားကြီးတယ်ပေါ့။ တကယ့်ကို အံ့သြစရာပဲ။
ဖန်ကျန်းရှီနဲ့ ချီကူယန်ကို သူမ ကြည့်နေချိန်မှာပဲ လက်တစ်ဖက်က သူမ ခေါင်းကို လာပုတ်တယ်။
“ပင်းယန်က အရမ်းတော်တယ်။” ချီကူယန် ချီးမွမ်းတယ်။
“ဟမ့်။ ငါလဲ ဒီလိုပဲ ထင်တယ်။” ဖန်ကျန်းရှီ ပြောတယ်။
“ငါ သူ့ကို တကယ်ပဲ သတ်လိုက်တာလား။” ပင်းယန် ပါးစပ် အဟောင်းသားနဲ့ ပြောနေခဲ့တယ်။
“ဟုတ်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။
“ဟဟား။” ပင်းယန် အရမ်းကို ပျော်ပျော်ကြီး ရယ်မော နေတဲ့ အတွက် ဟွမ်တွမ့် ပါးစပ်ထဲ ရောက်တော့မယ့် အဖြစ်ကိုတောင် သူ မေ့သွား ခဲ့ရတယ်။
“ထျောင်ထျဲ့ကို ငါသတ်လိုက်ပြီ။ ထျောင်ထျဲ့ကို ငါသတ်လိုက်ပြီ။”
ပင်းယန်ရဲ့ ရယ်သံကြောင့် လူသား မဟာမိတ် တပည့်သားတွေ စဉ်းစား နေခဲ့တယ်။ ပင်းယန် သတ်တာလား။ ချီကူယန်နဲ့ ဖန်ကျန်းရှီ သတ်လိုက်တာ မဟုတ်ဘူးလား။ နေစမ်းပါအုန်း။ ကြည့်ရတာ ပင်းယန်က နောက်ဆုံးမှ တိုက်ခိုက်လို့ သတ်နိုင်သွားပုံပဲ။
ဖန်ကျန်းရှီကတော့ ဒါတွေကို သိပ်ပြီးတော့ ဂရုစိုက် မနေခဲ့ဘူး။ ပင်းယန်က အတော်လေး သတ္တိရှိတယ်လို့ သူခံစား မိတယ်။ ဟွမ်တွမ့် မျိုချတာကို ခံရတောင်မှ သူ့ကို လှံနဲ့ ထိုးခဲ့တဲ့ အပြင် ထျောင်ထျဲ့ကိုလဲ လက်ဗလာနဲ့ ထိုးချ ခဲ့သေးတယ်။ ပင်းယန်က တကယ့်ကို သတ္တိ ရှိတယ်။
“သူက ထျောင်ထျဲ့ကို သတ်လိုက်တာလား။” ရောက်နေကြတဲ့ အင်အားကြီး ဖြစ်တည်မှုတွေ လန့်ကုန်တယ်။
ဒီလို ဒဏ္ဍာရီလာ သတ္တဝါကို သတ်နိုင်ဖို့ အတွက် အများကြီး အင်အားတွေ လိုအပ်တယ်။ ဒါပေမယ့် သူတို့ရှေ့မှာ ရှိတဲ့ လူသား လေးယောက်က သူ့ကို အလွယ်လေး သတ်လိုက်ကြတယ်လား။
ဝုန်း။ ကျယ်လောင်တဲ့ ပေါက်ကွဲ သံကြီးကို တစ်ခုကို သူတို့ ထပ်ကြားလိုက်ရတယ်။ ကောင်းကင် တစ်ခုလုံးက ရွှေရောင် အလင်းတန်းတွေ တောက်ပနေပြီး ကြီးမားတဲ့ သစ်ပင်အိုကြီး တစ်ခု ပေါက်လာတာကို သူတို့တွေ မြင်လိုက်ရတယ်။
သစ်ပင်ကြီးက တိမ်တိုက်တွေ ထဲကို တန်းတန်း မတ်မတ် ဖောက်ထွက်သွားတဲ့ အပြင် အရောင်စုံ သစ်သီးတွေလဲ သီးနေသေးတယ်။
ဝုန်း။ မိုးကြိုးတွေက ရွှေရောင် သစ်ပင်ကြီးပေါ်မှာ စတင် စီးဆင်း လာခဲ့ပြီ။
“အဲ့တာ ဘာကြီးလဲ။” အင်အားကြီး ဖြစ်တည်မှုတွေက သစ်ပင်ကြီးကို ကြည့်ရင်း အော်မိတယ်။ သူတို့တွေ ဧကရာဇ် ယန်စိုက်ခဲ့တဲ့ သစ်ပင်ကို မသိကြဘူး။
စွမ်းအားကိုတော့ ခံစားမိကြတယ်။ ဒီအသက်စွမ်းအားက အားကောင်းလွန်းလှတယ်။ သူတို့ကိုတောင် ဖိနှိပ် နိုင်တဲ့ အထိ စွမ်းအား ပြင်းတယ်။
“ဒီလောကမှာ ရှိတဲ့ လူသားတွေက စွမ်းအား ကြီးလိုက်ကြတာ။”
“အမှန်ပဲ။”
အင်အားကြီး ဖြစ်တည်မှုတွေ အခုချိန်မှာ မောက်မာ မနေကြတော့ပဲ သတိကြီးကြီး ထားနေခဲ့ပြီ။ ဟုန်ယို့ကတော့ ထွက်ပြေးတော့မယ့် ပုံစံနဲ့ ကောင်းကင်ပေါ်ကို ခုန်တက် သွားခဲ့တယ်။ သူတကယ်ပဲ ထွက်ပြေးပြီ။ ဒါဇင်ချီတဲ့ ရွှေရောင် သစ်ကိုင်းတွေက မြေအောက်ကနေ သူ့ကို လာပြီး တိုက်ခိုက်နေတဲ့ အတွက် သူမပြေးလို့ မရတော့ဘူး။
အဝေးကြီးကို သူခုန်ထွက်ရင်း သူ့နောက်ကို လိုက်လာနေတဲ့ သစ်ကိုင်းတွေကို လက်သီးနဲ့ ထိုးချပြစ်တယ်။ ကြောက်စရာ စွမ်းအားကို ခံစား ရပြီးနောက် ဟုန်ယို့ ခြေငါးလှမ်း နောက်ဆုတ် သွားခဲ့ရပါတယ်။
“ဒီကောင်လေး အင်အား ကောင်းတာပဲ။” ရွှေရောင် သစ်ပင်ကြီးရဲ့ အစွမ်းကို ခံစား မိပြီးနောက် ဟုန်ယို့ မျက်ဝန်းနဲ့ တကိုယ်လုံးမှာ အနီရောင် တောက်ပမှုတွေ လွှမ်းခြုံ သွားတော့တယ်။
“နန်ကုန်းမုက ဟုန်ယို့ကိုတောင် တိုက်ခိုက်နိုင် ပါလား။”
“သူက ဒီလောက်ထိ အင်အားကြီးတယ်ပေါ့။”
“ရွှမ်ယွမ်ဝူကိုတောင် တိုက်ခိုက် နိုင်မှတော့ သေချာပေါက် အင်အား ကြီးတာပေါ့။ ရွှမ်ယွမ်ဝူသာ ငါးခုမြောက် လက်သည်းကို ထုတ်မသုံးခဲ့ရင် နန်ကုန်းမု ရှုံးမှာ မဟုတ်ဘူး။”
လူသား မဟာမိတ် တပည့်သားတွေ ပြောကြပြန်တယ်။
ဖန်ကျန်းရှီတို့ အဖွဲ့က ထျောင်ထျဲ့ကို သတ်လိုက် နိုင်ချိန်မှာပဲ နန်ကုန်းမုကတော့ ဟုန်ယို့ကို တိုက်ခိုက်နေ ခဲ့ပြီ။
ဒီမြင်ကွင်းက သူတို့ကို တက်ကြွ လာစေတယ်။
“ညီနောင်တို့။”
“ဒီကောင်လေးက ငါတို့ အကိုကြီးကို တိုက်ခိုက်နိုင်တယ်။ သူ့ကို အတူတူ တိုက်ခိုက်ကြစို့။”
“သတ်ပြစ်မယ်။”
စစ်နတ် ဘုရား ၁၂ပါး ချက်ခြင်း ဆိုသလို အသိ ပြန်ဝင်လာပြီး တိုက်ခိုက်တော့တယ်။ ရှေးဟောင်း စစ်မြေပြင်မှာ ရှင်သန်ခဲ့တဲ့ သူတို့က လုံးဝကို မညှာတာ တတ်ကြဘူး။
ဟုန်ယို့ ဘေးမှာ စစ်နတ် ဘုရားတွေ ပေါ်လာရုံတင် မကဘူး နတ်ဆိုး စစ်သည်တော်တွေပါ ရောက်လာခဲ့တယ်။ နန်ကုန်းမုကတော့ ဟုန်ယို့ကို တိုက်ရိုက် မတိုက်ခိုက် ခဲ့သေးဘူး။ ရန်ချင်းကိုသာ သစ်ကိုင်း တစ်ကိုင်းနဲ့ ဆွဲယူ သွားခဲ့တယ်။
မျက်စိ ကျိန်းလောက်တဲ့ အလင်းတန်းတွေက ရန်ချင်း ကိုယ်ပေါ်မှာ တောက်ပလာတယ်။
“နန်ကုန်းမု ဘာလုပ် ချင်နေတာလဲ။”
“သူက ရန်ချင်းကိုတောင် အလွတ် မပေးပဲ ရန်ချင်း အစွမ်းကို စုပ်ယူချင် နေတာတော့ မဟုတ်ဘူး မလား။”
“ကယ်ဖို့ လုပ်နေတာလဲ ဖြစ်နိုင်တယ်လေ။”
“နန်ကုန်းမု ဒီလောက် ကြင်နာ တတ်မယ်လို့ ငါတော့ မထင်ဘူး။”
နန်ကုန်းမုကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ရန်ချင်းကိုသာ ရွှေရောင် အလင်းတန်းတွေနဲ့ ကုသပေးနေခဲ့တယ်။
“အရှက် မရှိတဲ့ ကောင်စုတ်။ နန်ကုန်းမု ဘာလုပ် နေတယ်လို့ နင်ထင်လဲ။” ပင်းယန် မေးတယ်။
“ဂရု မစိုက်နဲ့။ ရန်ချင်းကို သူမသတ်ဘူးလို့ ငါယုံတယ်။” ဖန်ကျန်းရှီ ဖြတ်ပြောရင်း ဟွမ်တွမ့်ကို လှမ်းကြည့်တယ်။
ရွှမ်ယွမ်ဝူကတော့ ချုံးချီကို ဖိထားခဲ့တယ်။ ထျောင်ထျဲ့ သေသွားပြီးတဲ့ နောက် စစ်မြေပြင်က အခြေအနေ အသစ်ကို ရောက်သွားခဲ့ပြီ။
လေးယောက် တစ်ယောက် အခြေအနေမှာ အသားလုံးကြီး ဟွမ်တွမ့်ကို သတ်နိုင်ဖို့ ဖန်ကျန်းရှီ မကြောက်တော့ဘူး။ မုချင်းဖန်းကတော့ အခြေအနေ ဆိုးနေတုန်းပဲ။ မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက် ထပ်ပြီး ဒဏ်ရာ ရသွားပြန်ပြီ။ သူတို့တွေ နောက်ထပ် အကြာကြီး တောင့်ခံ နိုင်တော့မှာ မဟုတ်ဘူး။
ဒီအချိန်မှာပဲ ဆင်းသက်လာခဲ့တဲ့ နတ်သားရဲကောင်တွေက လှုပ်ရှားကြတယ်။
“အဲ့ဒီ့ ကောင်မလေးက ထျောင်ထျဲ့ကို သတ်လိုက်ပြီ။ သွားကူရအောင်။” ပိုင်ကျဲ့က အဖော်စပ်တယ်။ ခွန်းလွန်တောင်ရဲ့ နတ်သားရဲကောင် အနေနဲ့ သူက ရှေးဟောင်း သားရဲကောင် လေးကောင်ထက် နည်းနည်းသာ အားနည်းတယ်။ ထျောင်ထျဲ့ သေပြီးတဲ့နောက် သူက ပြေးဝင်ဖို့ အသင့်ဖြစ် နေခဲ့ပြီ။
“ငါတော့ အဲ့ကောင်တွေကို သဘောမကျဘူး။ အခုမှ လူ့လောကကို ပြန်ရောက်လာတာ ရှုခင်း သွားကြည့်အုန်းမယ်။” ပီဖန်းက ချက်ခြင်း ဆိုသလို အတောင်ပံတွေကို ဖြန့်ရင်း တိုက်ပွဲကနေ ဝေးတဲ့ နေရာဆီ ပျံသန်းတော့တယ်။
“သူသွားပြီလား။” ပိုင်ကျဲ့ လှမ်းအော်တော့တယ်။ “မမပီဖန်း ငါ့ကို စောင့်အုန်း။ ငါလိုက်ခဲ့မယ်။”
လူသား မဟာမိတ် တပည့်သားတွေ အံ့သြ နေချိန်မှာပဲ ပီဖန်း နောက်ကို ပိုင်ကျဲ့က ပြေးလိုက် သွားခဲ့ပြီ။ လေထဲမှာ ခုန်ပျံရင်း သူက ချက်ခြင်း ပျောက်ကွယ် သွားတယ်။
“ဘာတွေ ဖြစ်နေတာလဲ။” လူသား မဟာမိတ် အဖွဲ့သားတွေ အခြေအနေကို လိုက်မမှီတော့ဘူး။ နတ်သားရဲကောင်တွေကတော့ ဖြစ်နေတာကို နားလည် သွားကြတော့တယ်။
“ဒီနေရာက အန္တရာယ် များလွန်းတယ်။“
“ငါ ဘာမှတောင် မစားရသေးတာ ဘာလို့ တိုက်ခိုက် ရမှာလဲ။”
“ဟုတ်တယ်။ မင်းတို့ဘာ မင်းတို့ တိုက်ခိုက်ကြ။”
အော်ဟစ် ကြပြီးနောက် နတ်သားရဲကောင်တွေ အားလုံး တောင်အောက်ကို ပြေးဆင်း ကြတော့တယ်။ လူသား မဟာမိတ် အဖွဲ့က သွေးချောင်းစီး သတ်ဖြတ်မှုကြီး ဖြစ်တော့မယ်လို့ ထင်ခဲ့ပေမယ့် ထျောင်ထျဲ့ သေတာကို မြင်မြင်ချင်း သားရဲကောင်တွေ အားလုံးက ထွက်ပြေး သွားခဲ့ပြီလေ။
ထူးဆန်းလွန်းတယ်။
နောက်ဆုံးတော့လဲ မြေကမ္ဘာပေါ်ကို ပြန်ရောက်ရောက် လာချင်း သွေးချောင်းစီး သတ်ဖြတ်မှုတွေ လုပ်တာက ရှေးဟောင်း နတ်သားရဲကောင်တွေရဲ့ စည်းမျဉ်း မဟုတ်ခဲ့ဘူး။ ရှေးဟောင်း စစ်မြေပြင်မှာ ရှင်သန်ခဲ့တဲ့ သတ္တဝါတွေက အရမ်းကို ကောက်ကျစ်ကြတယ်။ ဒါ့အပြင် သူတို့က ရှေးဟောင်း သားရဲကောင် လေးကောင်နဲ့ တစ်ဖွဲ့တည်း မနေချင်ကြဘူး။
ကျောက်တုံးနက်တွေက မြေပြင်ပေါ်ကို ကျရောက်လာပြီး နတ်ဆိုးတွေနဲ့ နတ်သားရဲကောင်တွေ ဆက်တိုက် ပေါ်လာနေတယ်။ ဒါပေါ့ သူတို့တွေ ကြိုက်ရာကို ရွေးချယ်ကြဆဲပဲ။ တစ်ချို့က ပွဲထိုင်ကြည့် နေသလို တစ်ချို့ကတော့ ထွက်ပြေးတယ်။ တစ်ချို့ကတော့ လူသား မဟာမိတ် တပည့်သားတွေကို တိုက်ခိုက်တယ်။
ကျမ်းကောင်းကင် တောင်ကတော့ အခုချိန်မှာ အရမ်းကို ဆူပူ လှုပ်ရှား နေခဲ့ပြီ။
“ညီနောင် ငါတို့ ဆက်တိုက်ခိုက်မလား။” နတ်ဆိုး နတ်ဘုရာ တစ်ပါးက ဟုန်ယို့ကို လှမ်းမေးတယ်။
“ဒီကောင်စုတ်က ထူးဆန်းတယ်။ သူက သစ်ပင်ပုံစံ ပြောင်းပြီး အသက်စွမ်းအားတွေကို ထုတ်ပေးသေးတယ်။ ငါတို့ ဆုံးရှုံးသွားတဲ့ အသက်စွမ်းအားတွေကို သူ့ဆီက ပြန်ရနိုင်တယ်။” ဟုန်ယို့ တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြောနေခဲ့တယ်။
“ငါသိပြီ။ သွားကြမယ်။” တခြား စစ်နတ်ဘုရားတွေ ခေါင်းငြိမ့်ကြတယ်။
“နေအုန်း။” ဟုန်ယို့က တားလိုက်တယ်။
“ဘာဖြစ်လို့လဲ ညီနောင်။”
“ငါတို့တွေ တိုက်ခိုက်လို့ ရတယ်။ ဒါပေမယ့် လောစရာ မလိုဘူး။ ဒီကောင်စုတ်က ငါတို့ကို အခုချိန်မှာ ဘာမှ မလုပ်နိုင်သေးဘူး။ နတ်ဆိုး စစ်တပ်ကြီး တစ်ခုလုံး ဆင်းလာတာကို စောင့်ပြီးမှ တိုက်ခိုက်ကြစို့။” ဟုန်ယို့ ပြောတယ်။
နတ်ဆိုး မိစ္ဆာ မုခ်၀ တွေက အပြည့်အ၀ ပွင့်ပြီးနေပြီ။ အလင်းတန်းတွေလဲ ဆက်တိုက် ဆင်းသက်လာနေယ်။
အရေအတွက်ကတော့ များပြားလွန်း လှတယ်။ အချိန်တို အတွင်းမှာပဲ နတ်ဆိုးတွေက ကျမ်းကောင်းကင်တောင် တစ်ခုလုံးကို ပြည့်သွားခဲ့ပြီ။
တစ်နေ့တာ အတွင်းမှာ ရာချီတဲ့ အင်အားကြီး စစ်သည်တော်တွေကို စုစည်း နိုင်မယ်မှန်း ဟုန်ယို့ သိထားခဲ့တယ်။ အချိန် ကျလာရင် နန်ကုန်းမုက ဒီစစ်သည်တော်တွေ အားလုံးကို နိုင်နိုင်မှာ မဟုတ်တော့ဘူး။
“သူတို့ အချိန်ကို စောင့်နေကြပုံပဲ။” ဝူယွဲ့အာ သတိထားမိတယ်။ စောင့်ဆိုင်းတာက အကောင်းဆုံး ရွေးချယ်မှုပဲ။ နတ်ဆိုး စစ်နတ်ဘုရားတွေက လူသား မျိုးနွယ်ရဲ့ အန္တရာယ်ကို ခံစားမိ ပြီးပြီ။
ဒါကြောင့် အင်အား ပြည့်တဲ့ အထိ စောင့်ဖို့သာ သူတို့ ဆုံးဖြတ်လိုက်တယ်။
“ရှေးဟောင်း နတ်ဆိုးတွေ အားလုံး ရောက်လာရင် သူတို့ တိုက်ခိုက် ကြမှာပဲ။ နတ်သစ်ပင်က သူတို့ အတွက် ဆွဲဆောင်အား ကောင်းလွန်းနေတယ်။ သူတို့တွေ သေချာပေါက် အရယူရမှာပဲ။” ယွင်ချင်းဝူ ဝင်ဖြေတယ်။
“ဒါဆို ငါနင့်ကို ဂုဏ်ပြု ရတော့မှာလား။” ဝူယွဲ့အာ မေးတယ်။
“ဘာကိုလဲ။” ယွင်ချင်းဝူ ပြန်မေးတယ်။
“ဟဟား။ နင်က နတ်ဆိုး မျိုးနွယ်တွေ လောကကို အုပ်ချုပ်နိုင်ဖို့ မျှော်လင့်နေတာ မဟုတ်လား။ အခုတော့ မိစ္ဆာ မျိုးနွယ်စုက တကွဲတပြား ဖြစ်နေပြီ။ သားရဲကောင် လေးကောင်ကလဲ သူတို့ကို ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ်မှာတော့ စစ်နတ် ဘုရားတွေ ရှိနေတယ်။ သူတို့တွေက စည်းလုံးကြတယ်။ ဒီတော့ နင်လိုချင်တာ နင်ရတော့မှာပေါ့။”
“သားရဲကောင် လေးကောင် မထိန်းချုပ် နိုင်တာနဲ့ မိစ္ဆာ မျိုးနွယ်က ပျက်စီးသွားတာ မဟုတ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။
“နင်ဘာ ပြောချင်တာလဲ။”
“မိစ္ဆာတွေက ပိုပြီးတော့ စွက်ဖက်တတ်တယ်။”
“..” ယွင်ချင်းဝူ သွယ်ဝိုက် ပြောနေတာကို ဝူယွဲ့အာ နားမလည်ခဲ့ဘူး။
ဘာကို စွက်ဖက်တဲ့ ကိစ္စ ပြောနေတာလဲ။
အပိုင်း (၁၀၅၃) ပြီး၏။
အပိုင်း (၁၀၅၄)
“ဖျက်ဆီးမှု ခေတ်ကို ရောက်ရှိလာခြင်း။”
..
ယွင်ချင်းဝူက နောက်ထပ် ရှင်းမပြတော့ဘူး။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ အင်အားကြီး ဖြစ်တည်မှုတွေက သူတို့ မျက်စိ ရှေ့မှာတင် အရှိန်ပြင်းပြင်းနဲ့ ဆင်းသက်လာ နေခဲ့ပြီ။
သူတို့တွေ အားလုံးက ကောင်းကင်က ကြယ်တွေ ကြွေဆင်းသလို ဆင်းလာ နေခဲ့ကြတယ်။
ကောင်းကင်မှာ ကြယ်တွေ ဘယ်လောက်များများ ရှိလဲ။ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်ကြဘူး။ နတ်ဆိုးနဲ့ မိစ္ဆာ နတ်ဘုရား မုခ်ဝတွေ ပွင့်နေ သရွေ့ ဆက်ပြီး ဆင်းသက် လာကြမှာပဲ။
ဒါ့အပြင် သူတို့က ထူးခြားတဲ့ အခြေအနေကို ကြုံတွေ့ နေခဲ့ရတယ်။
သားရဲကောင် တစ်ကောင်က ဖန်ကျန်းရှီတို့ လက်ချက်ကြောင့် သေသွားခဲ့ရပြီ ဖြစ်သလို နန်ကုန်းမုကလဲ စစ်နတ် ဘုရားတွေကို ရင်ဆိုင်နေခဲ့တယ်။ လက်ရှိ အခြေအနေ အရ နတ်ဆိုး မိစ္ဆာ မျိုးနွယ်စုတွေ သိသိသာသာကို အသာစီး ရနေခဲ့ပေမယ့် ပီဖန်းနဲ့ ပိုင်ကျဲ့လို ထွက်ခွာသွားတဲ့ သားရဲကောင်တွေကြောင့် အများကြီး အသုံးမဝင် ခဲ့ဘူး။
နတ်ဆိုး တစ်ချို့ကလဲ ထွက်ခွာ သွားခဲ့ပြီ။
ချီယို့ တပ်ဖွဲ့တွေလို မဟုတ်ပဲ ထူးဆန်းတဲ့ မျိုးနွယ် တစ်ချို့ရဲ့ စိတ်ထားနဲ့ စရိုက်ကလဲ ကွဲပြားကြတယ်။ ဥပမာ အားဖြင့် တောင်အောက်ကို ဆင်းနေတဲ့ အမျိုးသမီး နတ်ဆိုးမ တစ်ယောက်က တကိုယ်လုံး ရဲရဲ နီနေတဲ့ အပြင် မီးလျှံတွေလဲ တကိုယ်လုံးကနေ ဖြာထွက် နေတယ်။
အဝတ်အစား၊ ဖိနပ်နဲ့ ဆံပင် အပြင် လက်ထဲမှာ ကိုင်ထားတဲ့ ကျာပွတ်ကတောင် ရဲရဲ နီနေသေးတယ်။
ထူးခြားတဲ့ ဝိသေသတွေနဲ့ မွေးဖွား လာခဲ့တဲ့ နတ်ဆိုးမက ကောင်းကင် နတ်ဆိုး တစ်ယောက်ပဲ။
“အဲ့တာ ဘယ်သူလဲ။”
တောင်ခြေကနေ ပြေးတက်လာနေတဲ့ လူသား တပ်ဖွဲ့တွေ ရဲရဲနီနေတဲ့ အမျိုးသမီးကို မြင်ချိန်မှာ လန့်ကုန်ကြတယ်။ သူမက ဘယ်သူ့ကိုမှ စကား မပြောခဲ့ဘူး။ မီးတောက် တစ်ခု အသွင်နဲ့သာ ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့တယ်။
သူမက ကောင်းကင်ပေါ်ကို ပြန်တက်နေတဲ့ နတ်မိမယ် တစ်ပါးလိုပဲ။ ဒါပေမယ့် ကောင်းကင်ပေါ်ကို မတက်ပဲ တခြား အဝေး နေရာကိုသာ သွားခဲ့တယ်။
“အဲ့တာ နတ်ဆိုးလား။” ဝူယွဲ့အာ သိလိုစိတ် အပြည့်နဲ့ မေးတယ်။
“ဟုတ်တယ်။ ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုး မျိုးနွယ် ထဲကပဲ။ သူတို့က မွေးရာပါ နတ်ဆိုး စွမ်းအားနဲ့ မွေးလာလို့ ချီယို့ မျိုးနွယ်တွေနဲ့ လုံး၀ မတူဘူး။” ယွင်ချင်းဝူက ခေါင်းငြိမ့်တယ်။
“နတ်ဆိုး စွမ်းအား။” ယွင်ချင်းဝူ ပြောတဲ့ အကြောင်းအရာက လူသားတွေရဲ့ စွမ်းအား အရင်းအမြစ်ကို ပြောချင်မှန်း ဝူယွဲ့အာ နားလည်တယ်။ နတ်ဆိုး စွမ်းအားနဲ့ မွေးလာတဲ့ ကောင်းကင် နတ်ဆိုးတွေက သေချာပေါက် ကြောက်စရာ ကောင်းအောင် စွမ်းအား ကြီးမှာပဲ။
ချီယို့ မျိုးနွယ်တွေထက် အားမနည်းတဲ့ သူက အားလုံးကို လျစ်လျူရှုပြီး ထွက်သွားတယ်။
“နင် သေချင်စိတ် မပေါက်ဘူးလား။” ဝူယွဲ့အာ လေးလေးနက်နက် မေးတယ်။
“တစ်နေ့တော့ ငါလဲ သေမှာပါ။”
“ဒီလို ဆူပူနေတော့ နင် ထွက်မသွားချင်ဘူးလား။” ဝူယွဲ့အာက သူ့စကားကို မယုံတာကြောင့် မေးတယ်။
“ငါ မသွားဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။
“ဘာဖြစ်လို့လဲ။” သူမက မသွားချင်ဘူးလို့ မပြောခဲ့ဘူး။
“ငါမှားသွား ခဲ့လို့ပဲ။”
“နင်က မှားသွားတယ်။”
ပထမဆုံး အကြိမ် အနေနဲ့ ယွင်ချင်းဝူရဲ့ ဒီလို စကားကို သူမ ကြားဖူးတာ ဖြစ်တယ်။ ဒါ့အပြင် ယွင်ချင်းဝူ ပြောနေတာကို သူမ အပြည့်အ၀ နားမလည်ခဲ့ဘူး။
“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို ပြန်လာအောင် လုပ်ပေးနိုင်မယ်လို့ ငါထင်ထား ခဲ့ပေမယ့် အခုတော့ ငါ တကယ် မှားသွားပုံပဲ။” ယွင်ချင်းဝူက လမ်းပျောက်နေတဲ့ အသွင်နဲ့ ပြောနေခဲ့တယ်။
“နင်က ဒါတွေကို ပြောချင်တာလား။” ဝူယွဲ့အာ သဘောပေါက် သွားပုံပဲ။
“ငါ နင့်ကို တစ်ခုမေးတယ်။” ယွင်ချင်းဝူက ပြန်မဖြေပဲ ပြောလိုက်တယ်။
“မေး။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။
“အားနည်းတဲ့သူ တစ်ယောက်က အင်အားကြီးတဲ့ သူတွေကို သူနဲ့ အတူတူ အလုပ်လုပ်အောင် ဘယ်လို လုပ်လို့ ရမလဲ။” ယွင်ချင်းဝူ မေးလိုက်တယ်။
“ဒါက။” ဝူယွဲ့အာ မျက်မှောင်ကြုတ်သွား ပေမယ့် နောက်ဆုံးမှာတော့ သူမ ပြန်ဖြေတယ်။ “နည်းလမ်းတွေ အများကြီး ရှိတယ်။ ဥပမာ အားဖြင့် စိတ်ညှို့ပြီး ထိန်းချုပ်တာမျိုး။ သူ့ထက် ပိုပြီး အင်အား ကြီးတဲ့ တစ်ခုခုနဲ့ ခြိမ်းခြောက်တာမျိုး။”
“ခက်လွန်းတယ်။ ငါလုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ငါ ပိုပြီးတော့ ကြိုးစားလေလေ ပိုပြီး စိတ်ပျက် ရလေပဲ။”
“စိတ်ပျက်ရတယ်။”
“ဟုတ်တယ်။ ငါ့ ကျင့်ကြံဆင့်ကလဲ မကောင်းဘူး။ စိတ်အခြေအနေ ကလဲ အကြာကြီး သန်မာအောင် မထိန်းနိုင်ဘူး။ ဒါ့အပြင် ငါက အိပ်ချိန် ကောင်းကောင်း ရဖို့ လိုအပ်တယ်။ ငါနိုးလာတာနဲ့ ရှင်းစရာ ပြဿနာတွေက ပုံနေရြေ။”
“ငါ နားလည် နိုင်ပါတယ်။”
“အစောပိုင်းတုန်းက အားနည်းတဲ့ သူတွေကို အားကြီးတဲ့ သူတွေ ထိန်းချုပ်နိုင်စေတဲ့ စက်ကွင်း တစ်ခုကို ငါစဉ်းစားမိ ခဲ့တယ်။ ရလဒ်ကလဲ ကောင်းပါတယ်။”
“ဒီလို နည်းလမ်း ရှိတာတောင် စိတ်ပျက် နေရတုန်းလား။”
“ငါ သာ တစ်နေ့ သေသွားရင် ဘယ်လို လုပ်မလဲ။” ယွင်ချင်းဝူ ပြောရင်း လက်သီးကို ဆုပ်လိုက်တယ်။ သူမရဲ့ ဆံပင်တွေက လေထဲမှာ လွင့်မျော နေပြီး အရမ်းကို အထီးကျန်ဆန်တဲ့ လူတစ်ယောက် အသွင်ပေါ် နေခဲ့တယ်။
“..” ဝူယွဲ့အာ တုန်ယင် သွားတယ်။ အခုချိန်မှာတော့ ယွင်ချင်းဝူ ပြောတဲ့ အမှားနဲ့ စိတ်ပျက်မှုကို နားလည် သွားခဲ့ပြီ။
ယွင်ချင်းဝူ ပြောခဲ့သလိုပဲ တစ်ဆင့်ချင်းစီ ထိန်းချုပ်တာက အချိန်ကုန် ပေမယ့် တည်ငြိမ်ဖို့ လွယ်တယ်။ ဒါပေမယ့် အမြင့်ဆုံးမှာ ရှိနေတဲ့ ယွင်ချင်းဝူသာ သေဆုံး သွားခဲ့ရင် သူမ တည်ဆောက် ထားသမျှ အရာအားလုံး ပျက်စီး သွားရမှာပဲ။
လောကကြီး တစ်ခုလုံးလဲ တိုက်ပွဲတွေ အပြည့်နဲ့ လွှမ်းမိုး သွားလိမ့်မယ်။
“ငါ မှားသွား ခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲပြီး ထိန်းချုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ငါက အဓိက ကိစ္စကြီးကို လျစ်လျူရှု ထားခဲ့မိတာပဲ။ ငါသာ အမှား တစ်ခု လုပ်မိရင် လောကကြီးက ကပ်ဆိုက် သွားနိုင်တယ်။ ဖန်ကျန်းရှီက ငါ့ကို ထိပ်ဆုံးကနေ ဆွဲချပြီး ဒီကိစ္စကို နားလည် သွားစေခဲ့တယ်လေ။” ယွင်ချင်းဝူက အဝေးမှာ ရှိနေသူကို ကြည့်ရင်း ပြောနေခဲ့တယ်။
ဖန်ကျန်းရှီက နတ်သခင်တွေ လက်ထဲက သူမကို ဆွဲခေါ် လာခဲ့တယ်။ ယွင်ချင်းဝူလဲ ချင်းရှန်းကို အာဏာလွဲခဲ့ ရတယ်။ ဒါပေမယ့် ဖြည်းဖြည်းချင်း ယွင်ချင်းဝူ နားလည် လာခဲ့ ရတာကတော့ သူမ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေကို ဦးဆောင် နိုင်ရင်တောင် လောကကြီးက နောက်တစ်ကြိမ် ပြန်ပြီး ကပ်ဆိုက် တော့မှာပဲ။
ရှေးဟောင်း ခေတ်က အတိုင်း တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။ အဆုံးမဲ့တဲ့ တိုက်ပွဲတွေက နေရာ အနှံ့မှာ ဖြစ်လာပြီး လောကကြီးက သွေးချောင်းစီး လိမ့်မယ်။
ရှေးဟောင်း ဖြစ်တည်မှုတွေ စစ်ပွဲကို စလိုက်တာနဲ့ ကမ္ဘာပျက်ကပ်က စတင်မှာပဲ။ အခုချိန် သူတို့ ရှေ့မှာ ဖြစ်နေတဲ့ ကိစ္စကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ ကျမ်းကောင်းကင်တောင် တစ်ခုလုံး ပျက်စီးတော့မယ့် အခြေအနေကို ရောက်နေခဲ့ပြီ။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ကျမ်းကောင်းကင်တောင် တစ်ခုလုံး တုန်ခါလာခဲ့တယ်။
“ဟွမ်တွမ့် ရူးနေပြီ။”
“ထျောင်ဝူလဲ ရူးနေပြီ။”
“မဖြစ်တော့ဘူး။ ကျမ်းကောင်းကင်တောင်ကြီး ပြိုတော့မယ်။”
“အသက်လုပြီး ပြေးကြဟေ့။”
တောင်ကြီး တစ်ခုလုံး လှုပ်ယမ်း နေတာကို မြင်ချိန်မှာ လူသား တပ်ဖွဲ့တွေ အော်ဟစ် ကြတော့တယ်။
ထျောင်ထျဲ့ သေတာကို မြင်ပြီးတဲ့နောက် သူနဲ့ သဘာဝတူ သားရဲကောင်တွေက လူသား မျိုးနွယ်ကို သတ်ဖြတ်ပြီး ကျမ်းကောင်းကင်တောင်ကို ဖျက်ဆီးဖို့ သစ္စာပြု လိုက်ကြတယ်။
ဝုန်း။
ထျောင်ဝူရဲ့ အမြီးက မြေပြင်ကို ရိုက်ချ လိုက်ချိန်မှာ မြေပြင်ကြီး အက်ကွဲပြီး ကျမ်းကောင်ကင်တောင်က နှစ်ခြမ်း ကွဲမတတ် ဖြစ်သွားခဲ့တယ်။
ဟွမ်တွမ့်ကတော့ ပိုပြီး ကြောက်စရာ ကောင်းတယ်။ ပါးစပ် ဟရင်း ရှိရှိသမျှ ကျောက်တုံးတွေကို သူမျိုချ ပြစ်နေပြီ။ သူက ကျမ်းကောင်ကင်တောင်ကိုပါ မျိုချချင် နေတာပဲ။
ရှေးဟောင်း သားရဲကောင်တွေက ရူးသွပ် သွားတာနဲ့ ကမ္ဘာမြေကို ဖျက်စီးနိုင်ဖို့ လုံလောက်တဲ့ အထိ စွမ်းအား ကြီးမားကြတယ်။
“ဒီနှစ်ကောင် ရူးသွားပြီ။” ဟုန်ယို့လဲ သတိထားမိတယ်။ ကျမ်းကောင်းကင်တောင်ကို ဖျက်စီးနေတဲ့ ပုံစံကို ကြည့်ရင်း သူတောင် လန့်လာမိတယ်။ ဒါပေမယ့် မအံ့သြခဲ့ဘူး။ သူလဲ ဒီလို လုပ်နိုင်စွမ်း ရှိတယ်။ တောင်တစ်တောင်ကို ဖျက်စီးဖို့က သူ့အတွက် အလွယ်လေးပဲ။
“ညီနောင် ငါတို့ စောင့်အုန်းမှာလား။”
“ဒီအရူးတွေ လုပ်သလို လိုက်လုပ်စရာ မလိုဘူး။ အင်အားကို စုဆောင်းထားကြ။ ကောင်းကင်မှာ ဘာဆက်ဖြစ်မလဲ ကြည့်ရအောင်။” ဟုန်ယို့ စဉ်းစဉ်းစားစား ပြောတယ်။
“ကောင်းပြီ။” တခြား စစ်နတ်ဘုရားတွေ ခေါင်းငြိမ့်ကြတယ်။
စစ်နတ်ဘုရား ၁၂ပါးနဲ့ နတ်ဆိုး စစ်သည်တော်တွေက ကောင်းကင်ပေါ်ကို ပျံတက်သွားရင်း လေထဲမှာ နတ်ဘုရား ရုပ်တုတွေလို ရပ်နေကြတယ်။
လူသား မဟာမိတ် တပည့်သား တချို့ကတော့ မပျံသန်း နိုင်ကြဘူး။ တောင်ကျောက်တုံးတွေ ကြားမှာ သူတို့ သေဆုံး ကုန်ကြတယ်။ တခြား တစ်ဖက်မှာတော့ ကြီးမြတ်သော ရှနိုင်ငံတော် စစ်သည်တော်တွေက ပိုပြီး အခြေအနေ ဆိုးနေကြပြီ။ သူတို့တွေရဲ့ ထိခိုက်မှုက ပိုပြီးတော့ ကြီးမားတယ်။
“အရူးတွေ။ မင်းတို့ ကျမ်းကောင်းကင်တောင်ကို ဘယ်လိုတောင် ဖျက်ဆီး ဝံ့တာလဲ။” ရွှမ်ယွမ်ဝူရဲ့ မျက်ဝန်းထဲမှာ အလင်းတန်းတွေ တောက်ပလာခဲ့တယ်။
“ရွှမ်ယွမ်ဝူ မင်းကိုယ်မင်းသာ စိတ်ပူစမ်း။” ချုံးချီ အော်တယ်။ ရွှမ်ယွမ်ဝူနဲ့ အကြာကြီး တိုက်ခိုက်ပြီး မနိုင်တဲ့ အတွက် ကျမ်းကောင်းကင်တောင် ပျက်စီးတာကို သူပျော်နေခဲ့တယ်။
…
အရှက်မရှိတဲ့ ကောင်စုတ် ငါတို့ ဘာလုပ်ကြမလဲ။” ပင်းယန် မေးတယ်။
ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်နေတယ်။ သူတို့တွေ ထျောင်ထျဲ့ တစ်ကောင်တည်းကို သတ်ဖို့ အချိန် အများကြီး ကုန်ခဲ့တယ်။ ထျောင်ဝူနဲ့ ဟွမ်တွမ့်ကို သတ်ဖို့ကတော့ အချိန် ပိုကုန်မှာပဲ။ အဲ့ဒီ့ အချိန် ရောက်လာရင် ကျမ်းကောင်းကင်တောင်လဲ ပျက်စီး လောက်ပြီ။
ကျမ်းကောင်းကင်တောင် ပျက်သွားရင် တောင်ပေါ်မှာ ရှိသမျှ လူသားတွေ အားလုံး သေကုန်နိုင်တယ်။ ဒါက စစ်သည်တော် ထောင်သောင်းချီရဲ့ အသက်တွေပဲ။ သူတို့တွေ တကယ်ပဲ ဒီမှာ သေရတော့မှာလား။
“ခွေးမသား။ မင်းဘာလုပ် ချင်ပြန်တာလဲ။” ထျောင်ဝူကို ဘာမှ မလုပ်နိုင်တဲ့ အတွက် မုချင်းဖန်းကတော့ စိတ်ပျက်နေတယ်။ ထျောင်ဝူကတော့ တိုက်ခိုက်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ မြေပြင်ကိုသာ အမြီးနဲ့ ဆက်တိုက် ရိုက်ချပြစ်ရင်း တောင်ကို ဖျက်ဆီးဖို့ စိတ်ကူး နေခဲ့တယ်။
“မင်းတို့ လူသားတွေ အားလုံး ထျောင်ထျဲ့ အသက်အတွက် ပြန်ပေးဆပ်ရမယ်။ အားလုံး သေရမယ်။” ထျောင်ဝူက ဆက်တိုက် တိုက်ခိုက်ရင်း ပြောတယ်။
ကျမ်းကောင်းကင်တောင်ကြီးရဲ့ ထိပ်က အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ပြီ။
အလယ်တည့်တည့်ကနေ ကွဲ ထွက်သွားပြီး မကြာခင် အချိန်အတွင်း ပြိုကျတော့မှာကို ကြိုမြင် နေခဲ့ရတယ်။
မရေမတွက်နိုင်တဲ့ ရွှေရောင် သစ်ကိုင်းတွေက မြေပြင်ကနေ ထိုးတက် လာခဲ့တယ်။ သစ်ကိုင်း တစ်ခုချင်းစီ တိုင်းက ကျောက်တုံးတွေကို ဆွဲထားတယ်။ တုန်ခါမှုတွေက သိသိသာသာကို လျော့သွား ခဲ့ပြီ။
ကျောက်တုံးတွေ ပျက်စီး နေပင်မယ့် အရှိန်ကတော့ အများကြီး လျော့သွြးခဲ့တယ်။ အခုချိန်မှာ ကျောက်တုံးတွေကို သစ်ပင်ကြီးက အလယ်မှာ စုထားခဲ့ပြီ။
“နန်ကုန်းမုက ငါတို့ကို ကယ်နေတာပဲ။”
“ယုံတောင် မယုံနိုင်ဘူး။ အစောပိုင်းတုန်းက သူ့ခြေထောက်တွေကို ငါတို့ ရိုက်ချိုး ခဲ့မိတာလေ။”
လူသား မဟာမိတ် တပည့်သားတွေ အရမ်းကို မယုံမကြည်နဲ့ ပြောနေခဲ့တယ်။
“ဒီကောင်လေး တကယ် အင်အား ကောင်းတာပဲ။ သားရဲကောင် အရူး နှစ်ကောင် တောင်ဖြို နေတာကို တားနိုင်တယ်။” ဟုန်ယို့ရဲ့ မျက်ဝန်းတွေက တောက်ပလာတယ်။
“အမှန်ပဲ။”
“အကယ်၍ ဒီ အသက်စွမ်းအားကိုသာ ငါတို့ ရနိုင်ရင် ငါတို့တွေ အကုန် ပြန်ရှင်သန် နိုင်မှာပဲ။” ဟုန်ယို့ အရမ်းကို တက်ကြွ နေခဲ့ပြီ။
ရှေးခေတ်မှာ ချီယို့က နတ်ဆိုး မျိုးနွယ်ကို ပြန်စုစည်းပြီး ဧကရာဇ်ယန်နဲ့ ဟွမ်ကို တိုက်ခိုက်နိုင်တဲ့ စစ်တပ်ကြီးကို ဖန်တီးခဲ့တယ်။
ဒါပေမယ့် ချီယို့ သေသွားပြီးနောက် နတ်ဆိုး မျိုးနွယ်က ပြိုကွဲပြီး နောက်ထပ် အင်အား မကောင်းတော့ဘူး။
နန်ကုန်းမုရဲ့ ရွှေသစ်ပင်ကြောင့် သူတို့တွေ အခုချိန်မှာ မျှော်လင့်ချက် အသစ်တစ်ခု ရသွား ခဲ့ကြတယ်။
အပိုင်း (၁၀၅၄) ပြီး၏။
အပိုင်း (၁၀၅၅)
“စတေးမှု။”
..
နတ်ဆိုး နတ်ဘုရားတွေက သားရဲကောင်တွေကို လုံး၀ အာရုံ မစိုက်ခဲ့ဘး။ အခုချိန်မှာ သူတို့တွေ အားလုံးက နတ်ဆိုး မျိုးနွယ်ကို ပြန်လည် တည်ထောင်ပြီး ရှေးခေတ်ရဲ့ တာဝန်ကို ပြန်ဆက်လုပ်ဖို့သာ တွေး နေခဲ့ကြတယ်။ နန်ကုန်းမုကတော့ သူတို့ရဲ့ ပြစ်မှတ်ပဲ။
“ငါတို့ ဆက်စောင့်မှာလား။”
“စောင့်မယ်။ ဒီကောင်လေး စွမ်းအား ကုန်တဲ့ အထိ ဆက်စောင့်မယ်။” ဟုန်ယို့ ခေါင်းငြိမ့်တယ်။ နန်ကုန်းမုရဲ့ အစောပိုင်း တိုက်ခိုက်မှုကြောင့် သူတို့ စွမ်းအားတွေ လက်ရည်ညီနေတာကို သူသတိ ထားမိခဲ့တယ်။ အကယ်၍ သူသာ တဟုန်ထိုး တိုက်ခိုက်ခဲ့မယ် ဆိုရင် ပြဿနာ တက်သွားနိုင်တယ်။
ဟုန်ယို့က ထျောင်ထျဲ့လို လူသား သတ်တာ ခံလိုက်ရတဲ့ အဖြစ်မျိုး မကြုံချင်ဘူး။
“နားလည်ပြီ။”
သားရဲကောင် နှစ်ကောင် ဖျက်ဆီး နေတာကို ထိုင်ကြည့် နေရတာက သူတို့ အတွက် ဘာမှ အရှုံးမရှိဘူး။
“ငါတို့ကို မင်းက တားချင်တာလား။” ထျောင်ဝူက နန်ကုန်းမုရဲ့ လုပ်ရပ်ကြောင့် ဒေါသ ထွက်သွားခဲ့တယ်။ အမြီးကြီးကို အားပါပါနဲ့ သူလွှဲယမ်းတယ်။ ဟွမ်တွမ့်ကလဲ ကျောက်တုံးတွေကို ဝါးစားနေတယ်။ ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု သူ့ခြေထောက် အောက်မှာ ပေါ်လာပြီး ကျောက်တုံးတွေကို သူမျိုချ ပြန်တယ်။ ဒါ့အပြင် ရွှေရောင် သစ်ကိုင်းကိုပါ သူက ဝါးစားလိုက်တယ်။
“တောင်က နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။ အားလုံး ပြေးကြ။”
“ကျမ်းကောင်းကင်တောင်ကြီး ပြိုတော့မယ်။”
“တောင်အောက်ကို မြန်မြန်ဆင်း။”
လူသား စစ်သည်တော်တွေနဲ့ မဟာမိတ် တပည့်သားတွေ နန်ကုန်းမု တစ်ခဏတာသာ ထိန်းထားနိုင်မှာကို နားလည်ကြတယ်။ ထျောင်ဝူနဲ့ ဟွမ်တွမ့် အသက်ရှင် နေသရွေ့ ဒီတောင်က ပျက်စီးမှာပဲ။
ဝုန်း။ နန်ကုန်းမု ဆွဲထားခဲ့တဲ့ တောင်အပိုင်းအစတွေက နောက်တစ်ကြိမ် လွတ်ထွက် သွားပြန်တယ်။
လူသားတွေကတော့ တောင်အောက်ကို ပြေးဆင်း နေကြပြီ။ ဘယ်သူမှ မနေဝံ့တော့ဘူး။
“ပြေးကြ။”
“မြန်မြန် ဆုတ်ခွာ။”
ဧကရာဇ် လင်းမုပိုင် အမိန့်ပေးတယ်။ သူလဲ ရွေးချယ်စရာ မရှိတော့ဘူး။ ဆက်နေရင် သေရမှာပဲ။ ဒါ့အပြင် သူ့နိုင်ငံက စစ်သည်တော်တွေ သေနေတာကို မမြင်ဝံ့ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့လဲ လူသား မဟာမိတ် တပည့်သားတွေကို အမိန့် ပေးတယ်။
“အားလုံး တောင်ခြေကို ဆင်းကြ။”
အားလုံးက ရေလှိုင်းတွေလို ပြေးဆင်းကုန်တယ်။ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေမှာ မနေကြတော့ဘူး။ အားလုံးက အသေခံမယ့် အစား ပြေးတာက ပိုကောင်းမှန်း သိကြတယ်။ မကြာခင်ပဲ တောင်ပေါ်မှာ ရှင်းလင်း သွားခဲ့ပြီ။
ကျောက်တုံးတွေက ဆက်တိုက် ကွဲထွက် နေသလို အင်အားကြီးသူ တစ်ချို့နဲ့ ကောင်းကင်မှာ ရပ်နေနိုင်သူ တစ်ချို့သာ ကျန်ရစ်တော့တယ်။ ဖန်ကျန်းရှီက မဟူရာ ရွှေတောင်ပံတွေကို ဖြန့်ထားတယ်။ ကောင်းကင်မှာ ပျံသန်းနေရင်း တစ်ဖက်မှာ ပင်းယန်ကို ဖက်ထားပြီး တစ်ဖက်မှာတော့ ရန်ရွှယ့်ကို ဆွဲထားတယ်။
ချီကူယန်ကေတာ့ ဓားမြစ်ကြီးနဲ့ လေထဲမှာ ရပ်နေခဲ့တယ်။
“ခမည်းတော်နဲ့ တခြားသူတွေ လွတ်ဖို့ မျှော်လင့်ပါတယ်။” ပင်းယန်က စိတ်ပူနေခဲ့တယ်။
“ဒေါ်လေးချင်းနဲ့သာ ဆိုရင် လွတ်မှာပါ။” ဖန်ကျန်းရှီ ဖြေတယ်။
ချင်းယွိက ဧကရာဇ် လင်းမုပိုင်ကို တစ်ယောက်တည်း ပြစ်ထားမှာ မဟုတ်ဘူး။
“ဟုတ်တယ်။ အမေက ခမည်းတော်ကို ကာကွယ်မှာ။ ငါနင့်ကို ကာကွယ် သလိုပေါ့။”
“မင်းက ငါ့ကို ကာကွယ်တယ်။” ဖန်ကျန်းရှီ ပြန်မေးတယ်။
“ထျောင်ထျဲ့ကို ငါသတ်ခဲ့တယ်လေ။” ပင်းယန် ခေါင်းမော့ ရင်ကော့ရင်း ပြောတယ်။
“အဲ့တာကြောင့် ဟိုနှစ်ကောင် ဒေါသ ထွက်တာလေ။”
“ကျန်းရှီ နန်ကုန်းမုက နောက်ထပ် တောင့်ခံ နိုင်မှာ မဟုတ်ဘူး။ သူမကြာခင် နတ်ဘုရား မုခ်ဝကို တိုက်ခိုက်လိမ့်မယ်။” ရန်ရွှယ်က ပြောတယ်။ သစ်ပင်ကြီးက မပွင့်သေးတဲ့ နတ်ဘုရား မုခ်ဝနားမှာ ရှိနေခဲ့ပြီ။
အခုချိန်မှာ နန်ကုန်းမုနဲ့ နတ်သစ်သီးက ရှိနေတယ်။ မုခ်ဝကို ဖွင့်ဖို့ သော့က နန်ကုန်းမု ဆီမှာ ရှိတယ်လို့ ပြောလို့ ရနိုင်တယ်။ မိစ္ဆာ နတ်ဆိုး နတ်ဘုရားတွေက နန်ကုန်းမုကို ဒီတံခါး ဘယ်လိုများ ဖွင့်ခွင့် ပြုမှာလဲ။
မကြာခင်မှာပဲ တစ်ချို့လူတွေ ရှိနေသေးတာကို ဖန်ကျန်းရှီ ငုံ့ကြည့်ရင်း မြင်လိုက်ရတယ်။
မုချင်းဖန်းနဲ့ တခြားသူတွေ မသွားဘူးလား။ မုချင်းဖန်း၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီး၊ ရန်ချန်လိနဲ့ ခေါင်းဆောင် တစ်ချို့က ထွက်မသွားခဲ့ဘူး။
“ဝူယွဲ့အာ သွားတော့။” ဖန်ကျန်းရှီ လှမ်းအော်တယ်။
“ငါ ဒီတစ်ခေါက်တော့ မသွားဘူး။” ဝူယွဲ့အာ ပြန်အော်တယ်။ သူမရဲ့ ခါးစည်းကို ဝေ့ယမ်းရင်း ယွင်ချင်းဝူ အပါအဝင် သူမရဲ့ ပတ်ပတ်လည်က လူတွေကို သူမ ကာကွယ် ထားတယ်။
“မင်း ရူးနေပြီလား။”
“သေရင် အတူတူ သေမယ်။ ရှင်ရင် အတူတူ ရှင်မယ်။”
“..”
ဝူယွဲ့အာ အကြောင်းကို ဖန်ကျန်းရှီ ကောင်းကောင်း သိတယ်။ သူမက တကယ့်ကို ကောက်ကျစ်တဲ့ အရောင်းအဝယ် သမား ဖြစ်ပေမယ့် အေးစက်တဲ့ မျက်နှာ အောက်မှာ ကြင်နာတတ်တဲ့ နှလုံးသား ရှိနေတယ်။
သူမ တစ်ခုခုကို ဆုံးဖြတ်လိုက်ရင် လုံး၀ လက်လျော့မှာ မဟုတ်ဘူး။ အသက်ကို စတေးရရင်တောင် နောင်တ မရဘူ။
“ထားလိုက်တော့။ မုချင်းဖန်း ရန်ချန်လိနဲ့ တခြားသူတွေ ရှိနေရင် ကျောက်တုံးတွေကို ခုခံ ဖို့က ပြဿနာ မဟုတ်ဘူး။” နန်ကုန်းမု နောက်တစ်ကြိမ် လှုပ်ရှားတာကို ဖန်ကျန်းရှီ သတိထား လိုက်မိတယ်။
ရွှေရောင် သစ်ပင်ကြီးက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားလာပြီး ကောင်းကင်ကို ထိုးတက်တယ်။ ဖန်ကျန်းရှီ ဒီမြင်ကွင်းကို ရင်းနှီး နေခဲ့တယ်။ ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ နန်ကုန်းဟောင်က ဒီလိုလုပ်ရင်း မုခ်၀ နှစ်ခုကို ဖွင့်ခဲ့တယ်။
အကယ်၍ ဖန်ကျန်းရှီသာ သော့ကို မျိုမချခဲ့ရင် အခုချိန်မှာ တံခါး သုံးချပ်လုံး ပွင့်နေလောက်ပြီ။ မျိုးနွယ်စု သုံးခုလဲ အချင်းချင်း တိုက်ခိုက် နေလိမ့်မယ်။
“နန်ကုန်းမု။ နတ်ဘုရား မုခ်ဝကို မင်း ဖွင့်လို့ မရဘူး။” ဖြစ်လာမှာတွေကို မသေချာပေမယ့် ဖန်ကျန်းရှီ စိတ်ထဲမှာတော့ နိမိတ် မကောင်း ဖြစ်နေခဲ့တယ်။
“အဲ့ မုခ်ဝကို မဖွင့်ရင် ငါတို့ ဘယ်လို နိုင်မှာလဲ။” ပင်းယန် မေးတယ်။ သူမက ဖန်ကျန်းရှီကို ယုံပေမယ့် ဆင်းသက်လာသူတွေက များလွန်းနေတယ်။ ဒါ့အပြင် ဆက်ပြီး လာနေကြတုန်းပဲ။
“ငါမသိဘူး။ ဒါပေမယ့် အဲ့ဒီ့ တံခါးကို ဖွင့်လိုက်ရင် ရှေးခေတ်ရဲ့ ကပ်ဆိုးကြီးက နောက်တစ်ကြိမ် တစ်ပတ်လည်လာ မယ်လို့ ငါထင်နေတယ်။”
“နင်ပြောချင်တာ ကြယ်တာရာကပ်လား။”
“ငါ မသေချာပေမယ့် ဖြစ်နိုင်တယ်။”
ပင်းယန် တိတ်ဆိတ် သွားတယ်။
မျိုးနွယ်စု သုံးခုရဲ့ တိုက်ပွဲကြီးက ကြယ်တာရာ ကပ်ဆိုးကို ဖြစ်လာ ခဲ့စေတယ်။ လောက တစ်ခုလုံး ကြီးမားတဲ့ ကပ်ဆိုးကြီးနဲ့ ကြုံတွေ့ ခဲ့ရပြီ။ ကောင်းကင်နေ ကျဆင်းလာတဲ့ မီးလျှံ ကျောက်တုံးတွေက လူတွေကို ဆိုးဆိုးဝါးဝါး ထိခိုက် စေခဲ့တယ်။
နွီဝါး မယ်တော် ဦးဆောင်ပြီး မျိုးနွယ်စု သုံးခုက အင်အားကြီး ဖြစ်တည်မှုတွေကို ဦးဆောင်ရင်း ကပ်ဆိုးကြီးကို အဆုံး မသတ်ခဲ့ရင် ဒီနေ့ ကမ္ဘာမြေ ရှိလာနိုင်မှာ မဟုတ်ဘူး။
ဒါက အမှန်တရားလား။ မှတ်တမ်းထဲမှာ ပြောထားတာတွေက မှန်ကန်လား။
တိုက်ပွဲတွေက ကပ်ဆိုးကို ဘာလို့ ကျရောက် စေတာလဲ။ မျိုးနွယ်စု သုံးခုကို နွီဝါး မယ်တော်က ဘယ်လိုများ စကား နားထောင်အောင် စုစည်း နိုင်တာလဲ။ မေးခွန်းတွေက များလွန်းတယ်။
အခုချိန်မှာ ရှေးဟောင်း စစ်မြေပြင်က နတ်ဘုရားတွေသာ အဖြေကို သိလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ ဘယ်သူကမှ ဒါကို အာရုံ စိုက်မနေဘူး။ တိုက်ခိုက်ဖို့သာ သူတို့ စိတ်ကူး ရှိကြတယ်။
ဟုန်ယို့နဲ့ သားရဲကောင်တွေတောင် လောကကြီးကို အုပ်စိုးဖို့သာ တွေးနေကြတယ်။ အကယ်၍ နွီဝါး မယ်တော်သာ ဒီမျိုးနွယ်တွေကို ညီညွတ်အောင် လုပ်နိုင်ခဲ့ရင် ဘာကြောင့်များ ဒီလို ဖြစ်ရတာလဲ။ ဧကရာဇ်ဟွမ်ကရော ဘာဖြစ်လို့ အာကာသထဲ နောက်တစ်ခေါက် ဝင်ခဲ့တာလဲ။
ဘယ်စာအုပ်ကမှ ဒီအဖြေတွေကို မဖြေနိုင်ခဲ့ဘူး။ ဧကရာဇ်ဟွမ် ဘာလို့ ထွက်သွားတာလဲ။ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
“ဖန်ကျန်းရှီကို ငါယုံတယ်။ ဒီမုခ်ဝကို မဖွင့်သင့်ဘူး ပြောရင် တကယ် မဖွင့်သင့်လို့ပဲ။” ရန်ရွှယ်က နောက်ထပ် မမေးဘူး။
“ငါလဲ ယုံတယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။
“ကောင်းပြီ။ မမယန်လေးတောင် ယုံမှတော့ မဖွင့်သင့်ဘူးပေါ့။”
“ဒါပေမယ့် နန်ကုန်းမုက ငါတို့ ပြောတာကို နားထောင်မှာလား။” ဖန်ကျန်းရှီ ကြည့်ရင်း မေးလိုက်တယ်။ အဖြေကတော့ ရှင်းပါတယ်။ နန်ကုန်းမုက သူတို့ စကားကို နားထောင်မှာ မဟုတ်ဘူး။ ရန်ချင်းကို ပြောခဲ့ သလိုပဲ သူယုံမှာ မဟုတ်ဘူး။
လူသား မျိုးနွယ်ကို သူဆန့်ကျင်ဖို့ တမင် လုပ်ခဲ့တာ မဟုတ်ပေမယ့် မုခ်ဝကိုတော့ သူဖွင့်မှာပဲ။
နန်ကုန်း မျိုးနွယ်တွေ နှစ်ပေါင်း ထောင်ချီကြာအောင် လက်ဆင့်ကမ်းခဲ့တဲ့ တာဝန်ကြောင့် ဘိုးဘေးတွေက လိမ်လည်မယ်လို့ ပြောရင် သူသေချာပေါက် ယုံမှာ မဟုတ်ဘူး။
ရန်ရွှယ် ဖန်ကျန်းရှီကို ယုံကြည်သလို သူ့ယုံကြည်ချက်က ခိုင်မာတယ်။
ဝုန်း။
နတ်သစ်ပင် ကြီးထွား နေချိန်မှာပဲ သားရဲကောင် တွေကတော့ တောင်ကို အားကုန် တိုက်ခိုက် နေခဲ့တယ်။
မုချင်းဖန်းနဲ့ ရန်ချန်လိက တခြားသူတွေကို ခေါ်ရင်း ကောင်းကင်မှာ ပျံနေခဲ့တယ်။ ဝူယွဲ့အာလဲ သူ့ခါးစည်းကို သုံးပြီး ယွင်ချင်းဝူကို ဆွဲခေါ် လာတယ်။ မြေပြင်မှာ နေလို့ မဖြစ်တော့ဘူး။
“ဖန်ကျန်းရှီ ချုံးချီကို ငါနဲ့ အတူတူ လာတိုက်ခိုက်။” ရွှမ်ယွမ်ဝူရဲ့ ကောင်းကင်ပေါ်က အော်သံကို ကြားလိုက်ရတယ်။
“ရွှမ်ယွမ်ဝူက အကူအညီ တောင်းနေတယ်လား။ လူသားတွေက ငါတို့ကို သတ်နိုင်မယ် ထင်လား။” ချုံးချီ လှောင်တယ်။
“သတ်နိုင်တယ်လေ။ ထျောင်ထျဲ့တောင် သေသွားပြီ။ မင်းသူ့လို မသေချင်ရင် ရပ်လိုက်။” ရွှမ်ယွမ်ဝူ ပြောတယ်။
ချုံးချီကတော့ ဆက်မပြောတော့ဘူး။ သူ့ထက် အင်အားကြီးတဲ့ ထျောင်ထျဲ့ကို ဖန်ကျန်းရှီတို့ သတ်ခဲ့တာ အမှန်ပဲလေ။
ထျောင်ထျဲ့က ခန္ဒာကိုယ်ပိုင်း အားနည်းပေမယ့် တာအိုတွေကို ပြောင်းပြန် လုပ်နိုင်စွမ်း ရှိတယ်။
“ရွှမ်ယွမ်ဝူ။ ချုံးချီကို မင်းသတ် နိုင်မယ်လို့ ငါယုံတယ်။” ဖန်ကျန်းရှီ လှမ်းအော်တယ်။ ဟုန်ယို့နဲ့ နတ်ဆိုး နတ်ဘုရား တွေကတော့ ကောင်းကင် ကနေသာ ကြည့်နေခြ့တယ်။
အကယ်၍ သူသာ ချုံးချီကို ကူညီဖို့ ဆုံးဖြတ်လိုက်ရင် နန်ကုန်းမုက ပြဿနာ တက်သွားနိုင်တယ်။ နန်ကုန်းမု နတ်ဘုရား မုခ်ဝကို ဖွင့်နိုင်မှာ ဒါမှမဟုတ် ဟုန်ယို့တို့ ဖမ်းတာကို ခံလိုက်ရမှာ ဘာမဆို ဖြစ်လာနိုင်တယ်။
ရလဒ် နှစ်ခု စလုံးကလဲ ကြောက်စရာ ကောင်းလိမ့်မယ်။
“..” ရွှမ်ယွမ်ဝူကတော့ စိတ်ပျက် သွားခဲ့ပြီ။ သူ့လို နံပတ်တစ် နတ်သားရဲက ရှားရှားပါးပါး လူသား တစ်ယောက်ကို အကူအညီ တောင်းခဲ့ပေမယ့် အငြင်းခံလိုက်ရတယ်။
သူကျိန်ဆဲ ချင်လာတယ်။ ဒါပေမယ့် ချုံးချီကတော့ အရမ်းကို ပျော်ရွှင် နေခဲ့တယ်။ လေထဲမှာ အတောင်ပံ နှစ်ခုကို လက်ခုပ် တီးသလို တီးရင်း ရွှမ်ယွမ်ဝူ့ကို လှောင်နေခဲ့တယ်။
“ဟဟားဟား။ အဲ့ကောင်က မင်းကို မကူညီဘူးတဲ့။”
“ပိတ်ထားစမ်း။” ရွှမ်ယွမ်ဝူ ဒေါသ တကြီးနဲ့ လျှပ်စီးလက်နေတဲ့ နဂါးမြီးကို သုံးပြီး ချုံးချီကို ရိုက်တော့တယ်။
သူအရမ်းကို ဒေါသ ထွက်နေပင်မယ့် ဖန်ကျန်းရှီကတော့ ချုံးချီကို လာမတိုက်ခိုက် ခဲ့ဘူး။ နန်ကုန်းမု ဖန်တီးထားတဲ့ သစ်ပင်ကြီး ကြီးထွားတာ ရပ်တန့် သွားချိန်မှာတော့ သစ်ပင်ပေါ်မှာ လူတစ်ယောက် ပေါ်လာခဲ့တော့တယ်။
ဒီ အနက်ရောင် လူကတော့ နန်ကုန်းမု။ နတ်ဘုရား မုခ်ဝကို ဖွင့်ချင်တဲ့ အတွက် သူက နတ်သစ်ပင်ထဲမှာ ပုန်းမနေတော့ဘူး။
စတေးမယ့် အခမ်းအနားကို စတင်ဖို့ အတွက် သူအပြင်ကို ထွက်လာခဲ့တယ်။
ဒါပေမယ့် အရေးအကြီးဆုံး ပြဿနာကတော့ အခမ်းအနား စဖို့ အချိန် လိုအပ်တာပဲ။
“ဟဟား။ သူနောက်ဆုံးတော့ ထွက်လာပြီ။” ဟုန်ယို့က အေးစက်စက် ပြုံးလိုက်တယ်။
“သွားကြစို့။ သစ်ပင်ထဲ နောက်ထပ် မဝင်နိုင်အောင် လုပ်မယ်။”
“အမိန့် အတိုင်းပါ။” နတ်ဆိုး နတ်ဘုရားတွေက နန်ကုန်းမုဆီ ထိုးဆင်း လာတော့တယ်။
အပိုင်း (၁၀၅၅) ပြီး၏။
အပိုင်း (၁၀၅၆)
“မခန့်မှန်းနိုင်သော နည်းလမ်း။”
..
ချီယို့ မျိုးနွယ်တွေက ခန္ဒာကိုယ် စွမ်းအားကို သုံးပြီး လောကကြီးကို လွှမ်းမိုး ခဲ့ကြတယ်။ ဧကရာဇ် ဟွမ်နဲ့ယန်တောင် သူတို့တွေနဲ့ တိုက်ခိုက်ခဲ့ချိန်မှာ တိုက်ပွဲတိုင်း နီးပါးကို ရှုံးနိမ့်ခဲ့တယ်။ အခုချိန်မှာတော့ ဟုန်ယို့ရဲ့ ဦးဆောင်မှု အောက်မှာ စစ်နတ်ဘုရား တွေက နန်ကုန်းမုကို တိုက်ခိုက်ကြပြီ။
နန်ကုန်းမု ဘယ်လောက်ထိ အရေးနိမ့် နေမလဲ ဆိုတာ တွေးကြည့်လို့ ရနိုင်တယ်။
နန်ကုန်းမုကတော့ လုံးဝကို လက်မလျော့ခဲ့ဘူး။ ရွှေရောင် သစ်ကိုင်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်လာပြီး စစ်နတ် ဘုရားတွေကို တားဆီး ထားခဲ့တယ်။ အနား ကပ်မလာနိုင်အောင် တားဆီးကြတယ်။ နန်ကုန်းမုက အချိန် ရဖို့ အတွက် ကြိုးစား တိုက်ခိုက် နေခဲ့ရပြီ။
“တစ်ယောက်တည်းနဲ့ ငါတို့ ၁၂ယောက်ကို တားဖို့ လုပ်နေတယ်ပေါ့ တုံးလိုက်တာ။” ဟုန်ယို့က ပြောရင်းနဲ့ ပြေးဝင်လာတယ်။
ဝုန်း။ ရွှေရောင် သစ်ကိုင်းတွေ ကျိုးပဲ့ ကုန်ကြပြီ။ ကြီးမားတဲ့ ရွှေရောင် အရည်တွေက မြေပြင်ပေါ်ကို ကျယ်လောင်တဲ့ အသံနဲ့ အတူ ပြုတ်ကျကုန်ပြီး နောက်ထပ် အကိုင်း အသစ်တွေ ထွက်လာ ပြန်တော့တယ်။
“ပြန်ပေါက် နိုင်တယ်ပေါ့။” ဟုန်ယို့ လန့်သွားပေမယ့် သူ့မျက်ဝန်းတွေကတော့ ပိုပြီး တောက်ပ လာခဲ့ပြီ။ “စိတ်ဝင်စား စရာပဲ။ ဒီလောက် အားကောင်းတဲ့ ပြန်ကုသနိုင်စွမ်းကို ငါတို့ ရနိုင်မယ် ဆိုရင် လောကကြီးကို နတ်ဆိုး မျိုးနွယ်တွေ အုပ်ချုပ်နိုင်ဖို့ အချိန် တစ်ခုပဲ ယူရမယ်။”
“တိုက်ခိုက်ကြ။”
“သူ့ကို သတ်ပြီး အစွမ်းကို စုပ်ယူ။”
စစ်နတ်ဘုရားတွေက နန်ကုန်းမုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း သစ်ကိုင်းတွေကို ချိုးဖဲ့ ပြစ်နေခဲ့တယ်။ တိုက်ခိုက်မှုက အရှိန်ပြင်းလွန်း တာကြောင့် ပြန်လည် ကြီးထွား နိုင်စွမ်းက အသုံးမဝင်ခဲ့ဘူး။
“အရှက်မရှိတဲ့ ကောင်စုတ်။ ငါတို့ ဘာလုပ်ကြမလဲ။ နန်ကုန်းမုကို ကူညီကြမလား။” ပင်းယန် မေးလိုက်တယ်။
အခြေအနေက ထူးဆန်းနေတယ်။ နန်ကုန်းမုက နတ်ဘုရား မုခ်ဝကို ဖွင့်ချင်ပေမယ့် ဒီကိစ္စကို ဖန်ကျန်းရှီတို့ကတော့ မလိုလားကြဘူး။ ဒါပေမယ့် နန်ကုန်းမုကို စစ်နတ် ဘုရားတွေ တိုက်ခိုက်ပြီး လူသား မျိုးနွယ် ကပ်ဆိုက် မှာကိုလဲ သူတို့တွေ မမြင်ရက် ကြပြန်ဘူး။
သူတို့တွေ မရွေးချယ်နိုင်တဲ့ အခြေအနေမှာ ရောက်နေခဲ့ပြီ။ ရန်ရွှယ်လဲ တိတ်ဆိတ် နေခဲ့တယ်။
နန်ကုန်းမုကို ကူညီတာက သူ့ကို နတ်ဘုရား မုခ်၀ ဖွင့်ခွင့်ရအောင် ကူညီပေးသလို ဖြစ်လိမ့်မယ်။ မကူညီ ပြန်ရင်လဲ နန်ကုန်းမု အသတ်ခံရ နိုင်ချေ များတယ်။
သူတို့တွေ ဘာလုပ် သင့်သလဲ။
“မဖြစ်တော့ဘူး။ ဘာပဲ ဖြစ်ဖြစ် နန်ကုန်းမု အခု သေလို့ မဖြစ်ဘူး။” ဖန်ကျန်းရှီ ရွေးချယ်လိုက်တယ်။
သူသေချာ သိတာတစ်ခုတော့ နတ်သစ်သီးကို နတ်ဆိုး နတ်ဘုရားတွေ လက်ထဲ အရောက်ခံလို့ မဖြစ်ဘူး။
“အင်း။ အရှက်မရှိတဲ့ သူခိုးကောင် ပြောတာ မှန်တယ်။ နန်ကုန်းမု သေလို့ မဖြစ်ဘူး။” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။
“ငါတို့တွေ နန်ကုန်းမုကို အရင်ဆုံး ကူညီကြမလား။” ပင်းယန် မေးတယ်။
“ကူညီမယ်။”
“ဒါဆို တိုက်ခိုက်ကြစို့။ နန်ကုန်းမုက အကြာကြီး တောင့်ခံ ထားနိုင်မယ့် ပုံစံ မရှိဘူး။” ပင်းယန် စိုးရိမ်တကြီး ပြောတယ်။
နတ်ဆိုး နတ်ဘုရားတွေက အင်အားကြီးတယ်။ သူတို့တွေက စက္ကန့်ပိုင်း အတွင်း နန်ကုန်းမု ဆီကို ပြေးဝင် လာပြီးတော့ ရွှေရောင် သစ်ကိုင်းတွေကို ဒေါသတကြီးနဲ့ ရိုက်ချပြစ်တယ်။
အထူးသဖြင့် ဟုန်ယို့ရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးက သားရဲကောင် တစ်ကောင်လိုမျိုး သစ်ပင်ကို ဆွဲဖြဲပြစ်ရင်း အားအပြည့်နဲ့ ထိုးချ နေခဲ့တယ်။
“ဒီတော့ ဒါက ချီယို့ရဲ့ စွမ်းအားပေါ့။” ရွှမ်ယွမ်ဝူနဲ့ တူညီလု နီးပါး ရှိနေတဲ့ အစွမ်းကို ကြည့်လိုက်ရင်း မုချင်းဖန်း ပြောမိတယ်။
(ရှေးဟောင်းခေတ်ရဲ့ အင်အား ပြယုဂ် ချီယို့။ ဒါပေမယ့် ချီယို့က ကြမ်းတမ်းလွန်းလို့ ဧကရာဇ် နှစ်ပါး သတ်တာကို ခံခဲ့ရတယ်။)
ဒဏ္ဍာရီတွေ အရ ထိပ်တိုက် တိုက်ခိုက်ချိန်မှာ ဧကရာဇ် နှစ်ပါး ရှုံးနိမ့်ခဲ့ ရတယ်။ ဒါပေမယ့် သူတို့တွေ ကောင်းကောင်း အကွက်ဆင် နိုင်တာကြောင့် အောင်မြင်ခဲ့တယ်။
“သူ့လက်ထဲက အသီးကို ကြည့်လိုက်။” စစ်နတ်တစ်ပါး ပြောလိုက်တယ်။
နန်ကုန်းမု လက်ထဲက ရွှေရောင် သစ်သီးနဲ့ အသက် စွမ်းအားတွေကို သူခံစားမိတယ်။
“ဒီတော့ သူ့စွမ်းအားက သစ်သီးကနေ လာနေတာပေါ့။” ဟုန်ယို့ ပြုံးလိုက်တယ်။
စစ်နတ်ဘုရား ၁၂ပါးရဲ့ စွမ်းအားနဲ့ ဆိုရင် နန်ကုန်းမု လက်ထဲက သစ်သီး အစွမ်းကို စုပ်ယူပြီး ပြန်လည် မွေးဖွားနိုင်စွမ်း ရဖို့ မခက်ခဲဘူး။ ဒါပေမယ့် နည်းဗျူဟာ တစ်ချို့တော့ လိုအပ်တယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က လူတွေကို မသက်ရောက် နိုင်အောင်လဲ လုပ်ရအုန်းမယ်။ သူတို့တွေ နန်ကုန်းမု လက်ထဲက သစ်သီးကို လုယူ နိုင်ရင်တော့ ကိစ္စက အများကြီး ရှင်းလင်း သွားမှာ အမှန်ပဲ။
“ထူးဆန်းလိုက်တာ။ နန်ကုန်းမုက ဘာဖြစ်လို့ စတေးတဲ့ အခမ်းအနား လုပ်နေတာလဲ။ စစ်နတ်ဘုရားတွေကို သူမနိုင်နိုင်တာ အသိသာကြီးကို။” ပင်းယန်က ကြည့်ရင်း ပြောလိုက်တယ်။
“သူက ငါတို့ကို စောင့်နေတာ။” ဖန်ကျန်းရှီ ရှင်းပြတယ်။
“ငါတို့ကို စောင့်နေတာ။” ပင်းယန် နားမလည်ခဲ့ဘူး။ သူမက ဖန်ကျန်းရှီ ကူညီချင်တဲ့ အကြောင်းကို အတည်ပြုပြီး ဖြစ်ပေမယ့် နန်ကုန်းမု စိတ်ကိုတော့ မခန့်မှန်း နိုင်ခဲ့ဘူးလေ။
“အင်း။ တတိယ လူကသာ ရန်ပွဲမှာ အကျိုးအမြတ် ရနိုင်တယ်။ နန်ကုန်းမုက ငါတို့ကို စစ်နတ်ဘုရား ၁၂ပါးနဲ့ တိုက်ခိုက်စေပြီး သူ့အတွက် အချိန် ရစေချင်တာပဲ။” ဖန်ကျန်းရှီ ပြောပြတယ်။
ပိုပြီးတော့ စွန့်စားလေ အခွင့်အရေးက များလေပဲ။ အောင်မြင်ဖို့ အတွက် စွန့်စားရမယ်။
နန်ကုန်းမုက တစ်ယောက်တည်း သမား။ အကယ်၍ သူသာ ဖန်ကျန်းရှီ ဒါမှမဟုတ် ဟုန်ယို့ကို တိုက်ခိုက်မယ် ဆိုရင် နိုင်နိုင်ချေ ရှိမှာ မဟုတ်ဘူး။
ဒါကြောင့် အခွင့်အရေး ဖန်တီးဖို့ လုပ်နေခဲ့တယ်။
“ငါတော့ စိတ်ညစ်လာပြီ။ ငါတို့က သူကို ကူဖို့ ဆုံးဖြတ် လိုက်ပေမယ့်၊ သူက ငါတို့ကို အသုံးချမှာကိုတော့ သဘောမကျဘူး။” ပင်းယန် ဒေါသတကြီးနဲ့ ပြောတော့တယ်။
“ငါလဲ သဘောမကျပါဘူး။” နောက်ဆုံးတော့လဲ နန်ကုန်းမု အသုံးနေမှန်း သိသိကြီးနဲ့ ကူညီ ရတာက စိတ်ထဲမှာ နေလို့ မကောင်း စေဘူးလေ။
“ပြဿနာကတော့ ငါတို့သာ နန်ကုန်းမုကို မကူညီရင် သစ်သီးက စစ်နတ်တွေ လက်ထဲကို ရောက်သွားတော့မှာပဲ။” ရန်ရွှယ် ဝင်ပြောတယ်။
“နောက်ထပ် သစ်သီးကို ယူဖို့ နည်းလမ်း ရှိလား။” ချီကူယန် မေးတယ်။
“မင်း ငါ့ကို မေးတာလား။”
“ဟုတ်တယ်။ ငါတို့တွေ လိုချင်တာ ရဖို့ ပုံမှန် မဟုတ်တဲ့ နည်းလမ်း လိုတယ်။ ဒီနေရာမှာ နင်က ငါ့ထက် သာတယ်လေ။”
“ငါ့ကို ပိုပြီး အရှက်မရှိဘူးလို့ ပြောနေတာပဲကို။”
“မဟုတ်လို့လား။”
ပင်းယန်နဲ့ ရန်ရွှယ်ကတော့ ပြုံးနေခဲ့တယ်။ အခုချိန်မှာ ဖန်ကျန်းရှီ အဖြေရှာတာကို သူတို့ စောင့်နေရတယ်။ ချီကူယန် ပြောတာကို ဖန်ကျန်းရှီ မငြင်းနိုင်ဘူး။ အရှက်မရှိတဲ့ နေရာမှာ သူက သေချာပေါက် နံပါတ်တစ်ပဲလေ။
“ငါတို့ ရည်ရွယ်ချက် အောင်မြင်ပြီး နတ်သစ်သီးကိုလဲ ထိန်းနိုင်မယ်။” အတွေး တစ်ခုက ဖန်ကျန်းရှီ စိတ်ထဲကို ဝင်လာခဲ့တယ်။ အခုချိန်မှာ ရွေးချယ်ဖို့ ခက်ခဲပေမယ့် အခုချိန်မှာ အရေးကြီးတဲ့ ပါဝင် ပစ္စည်းက နတ်သစ်ပင်ရဲ့ သစ်သီးပဲ။
နန်ကုန်းမုက နတ်ဘုရား မုခ်ဝကို ဖွင့်ချင်တယ်။ စစ်နတ်တွေကလဲ သစ်သီးကို လုချင်တယ်။ ဖန်ကျန်းရှီကတော့ တံခါးကို မဖွင့်စေချင်သလို သစ်သီးကိုလဲ စစ်နတ်တွေ မရစေချင်ဘူး။
“ငါသိပြီ။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“အကြံ ရပြီလား။ ဘာလုပ်ကြမလဲ ပြောပြ။”
“ဒီလို လုပ်မယ်။” ဖန်ကျန်းရှီ အသံကို နှိမ့်လိုက်ပြီး အစီအစဉ်ကို ရှင်းပြတော့တယ်။
“…”
“…”
ချီကူယန်၊ ရန်ရွှယ်နဲ့ ပင်းယန်တို့ရဲ့ အမူအယာတွေကတော့ ထူးထူးဆန်းဆန်း ပြောင်းလဲ နေကြပြီ။ သူတို့တွေ အခုချိန်မှာ စကားတောင် မပြောနိုင် တော့ဘူး။
“အရမ်းကို အရှက်မရှိတဲ့ ကိစ္စပဲ။” ပင်းယန်က ပြောတယ်။ ရလဒ်ကို တွေးရင်း သူမ မရယ်ပဲ မနေနိုင်တော့ဘူး။
“အခုတော့ နည်းနည်း ပျော်သွားပြီလား။”
“အရမ်း ပျော်တယ်။ လုပ်ကြစို့။ မမယန်လေးနဲ့ ရန်ရွှယ်။ ဘယ်လိုထင်လဲ။”
“လုပ်မယ်လေ။”
“ငါလဲ မငြင်းဘူး။”
“ဒါဆို စမယ်။” ရန်ရွှယ် မငြင်းတာကို မအံ့သြပေမယ့် ချီကူယန် မြန်မြန်ကြီး သဘောတူတာကိုတော့ ဖန်ကျန်းရှီ အံ့သြတယ်။
တကယ့်ကိုပဲ ပါရမီရှင် ချီကူယန်က ပုန်ကန်ချင်တဲ့ နေရာမှာ အတော်လေး ထူးချွန်တယ်။
“သွားမယ်။”
ဖန်ကျန်းရှီ အော်ရင်းနဲ့ တိုက်ပွဲအလယ်ကို ပြေးဝင်တော့တယ်။ ဒါက မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံးကို အာရုံစိုက်လာ စေတယ်။
“ဖန်ကျန်းရှီ တိုက်ခိုက်ပြီလား။ ဟူး ငါတို့မှာ တကယ့်ကို ရွေးစရာ မရှိတော့ တာပဲ။” မုချင်းဖန်း ပြောမိတယ်။
“အင်း။ အသုံးချ ခံရရင်တောင် နန်ကုန်းမုကို ကယ်ရမှာပဲ။” ရန်ချန်လိ ပြောတယ်။
“ငါတော့ မထင်ဘူး။” ဝူယွဲ့အာ ခေါင်းခါလိုက်တယ်။
“အိုး ယွဲ့အာက ဖန်ကျန်းရှီ နန်ကုန်းမုကို မကူညီပဲ စစ်နတ်တွေကို ကူညီမယ် ထင်လို့လား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး မေးတယ်။
အခုချိန်မှာ လေးယောက် အဖွဲ့က စစ်နတ်တွေဆီ ပြေးဝင် သွားတာ နန်ကုန်းမုကို ကူညီချင်မှန်း သေချာ နေပြီလေ။ စစ်နတ်တွေကို ကူညီချင်တာတော့ မဟုတ်နိုင်ဘူး။
“မသေချာပေမယ့်။ ဒီအရှက်မရှိတဲ့ ကောင်စုတ်မှာ မကောင်းတဲ့ အကြံ ရှိနေတယ်လို့ ခံစားရတယ်။” ဝူယွဲ့အာ ခန့်မှန်းနေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ တောက်ပနေတဲ့ အပြုံးကြီးကြောင့် မမျှော်လင့် ထားတာတွေ ဖြစ်လာတော့မယ်မှန်း သူမ အာရုံ ရနေခဲ့တယ်။
နန်ကုန်းမုလဲ လေးယောက် အဖွဲ့ကို နောက်ဆုံးမှာတော့ မြင်လိုက်ပြီ။
“ညီနောင်တို့ ထျောင်ထျဲ့ကို သတ်တဲ့ အဖွဲ့ လာနေပြီ။”
သူတို့တွေက ချီယို့ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင် ထားပေမယ့် ဒီအဖွဲ့ကိုတော့ လျော့မတွက် ခဲ့ဘူး။
“ငါသိတယ်။” ဟုန်ယို့ ခေါင်းငြိမ့်လိုက်တယ်။ နန်ကုန်းမုလို လူသား တစ်ယောက်လို ဒီအဖွဲ့က လာကူညီတာ မဆန်းဘူး။ သူချက်ခြင်း ပြောလိုက်တယ်။
“မင်းတို့ လေးယောက် နောက်ဆုတ်ကြစမ်း။ သူတို့တွေကို မလာနိုင်အောင် တားထား။”
ဟုန်ယို့ အမိန့်ပေးလိုက်တယ်။
စစ်နတ်တွေ နန်ကုန်းမုဆီက သစ်သီးကို လုဖို့ အတွက် မခက်ခဲ ခဲ့ဘူး။ အခုချိန်မှာ တခြားသူတွေ ဝင်ရောက် လာရင်တော့ အခြေအနေက ပြောင်းသွားနိုင်တယ်။ ဒါကြောင့် အချိန်ဆွဲထားတာက အကောင်းဆုံး အကြံပဲ။ စစ်နတ် လေးယောက်က ချက်ခြင်း နောက်ကို ဆုတ်သွားပြီး စောင့်နေကြတယ်။
“ဒီနေ့ ရာသီ ဥတုက အတော်ကောင်းတာပဲ။” ဖန်ကျန်းရှီ ပြုံးပြုံးကြီးနဲ့ လှမ်းပြောလိုက်ပါတယ်။
“ဘာဖြစ်တယ်။” စစ်နတ်လေးယောက်ကတော့ မှောင်မည်းနေတဲ့ ကောင်းကင်နဲ့ လျှပ်စီးတွေကို ကြည့်ရင်း မျက်လုံး ပြူးသွားခဲ့တယ်။
(ဒီရာသီ ဥတုက ဘယ်လို ကောင်းမှာလဲ။ နောက်ပြီး အခုက ရာသီ ဥတုအကြောင်း ပြောရမယ့် အချိန်လား။)
ဒီအချိန်မှာပဲ အပြာရောင် အလင်းတန်း တစ်ခု တောက်ပ လာပြီး လေးယောက်လုံး ပျောက်သွားတာ မြင်လိုက် ရတော့တယ်။
“အဲ့တာ ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုပဲ။”
“မြန်မြန် တားလိုက်။”
သူတို့တွေ ဒီလေးယောက် ကွေ့ပတ် သွားမယ်လို့ မထင်ခဲ့မိဘူး။ တိုက်ခိုက်ဖို့ကိုတောင် အာရုံ မစိုက်ကြပဲ နန်ကုန်းမု ဆီကိုသာ တန်းတန်း မတ်မတ် သွားကြတယ်။
“သူတို့တွေက ကွေ့ပတ် လာတာလား။” ဟုန်ယို့ မျက်မှောင်ကြုတ် သွားတယ်။
“မြန်မြန် ပြန်လာကြ။ နန်ကုန်းမုကို တိုက်ခိုက်မယ်။”
“အမိန့် အတိုင်းပါ။” စစ်နတ်တွေ ချက်ခြင်း ပြန်လာကြတယ်။ သူတို့ လိုက်မဖမ်းတော့ဘူး။ ဖန်ကျန်းရှီက သူတို့ကို အာရုံလွှဲသွားခဲ့ပြီး အခွင့်ရေးကို သုံးရင်း နန်ကုန်းမုကို ကယ်တင်ကြလိမ့်မယ်။
ဒီနည်းလမ်းက အတော့်ကို အသုံးဝင်တယ်။ အကယ်၍ သူတို့သာ အာရုံ မပြောင်းခဲ့ရင် ဘာဖြစ်သွားမလဲ။ စစ်နတ်တွေ နန်ကုန်းမုကို သွားတိုက်ခိုက်ဖို့ ပြင်ချိန်မှာပဲ ဖန်ကျန်းရှီတို့ အဖွဲ့ ပြန်ပေါ် လာတာကို မြင်လိုက်ရတယ်။
နန်ကုန်းမု အနားမှာ မဟုတ်ပဲ အတော်လေး ဝေးတဲ့ စစ်နတ်တွေရဲ့ အနောက်ဘက်မှာ ပြန်ပေါ်လာတယ်။
“ဘာလုပ်နေကြတာလဲ။” အားလုံး ထင်မှတ်ထားသလို ဖြစ်မလာတဲ့ ကိစ္စကြောင့် သူတို့ အံ့သြ ကုန်တယ်။
ဒီအခြေအနေမှာ အလစ်ဝင်တိုက်ဖို့ အကောင်းဆုံး ဖြစ်ပေမယ့် သူတို့တွေ မတိုက်ခိုက် ခဲ့ဘူး။ ဘာတွေ တွေးနေ ကြတာလဲ။
“ဒီနေ့ ရာသီဥတုက အရမ်း သာယာနေတယ်လို့ မထင်ကြဘူးလား။” ဖန်ကျန်းရှီ ပြောပြန်တယ်။
“ဒီကောင် ရူးနေပြီလား။”
ဟုန်ယို့ အပါအဝင် စစ်နတ်တွေတောင် စကား ပြန်ပြောချင်စိတ် ပျောက်ကုန်တော့တယ်။
အပိုင်း (၁၀၅၆) ပြီး၏။
အပိုင်း (၁၀၅၇)
“လေလိုလှုပ်ရှား။”
..
ငလူး ဘာရာသီဥတုလဲ။ လက်ရှိ ရာသီဥတုက ဘယ်လိုလုပ် ကောင်းနိုင်မှာလဲ။ ဟုန်ယို့ ဒေါသ ထွက်နေပင်မယ့် အခုချိန်မှာ အရေး အကြီးဆုံးက နန်ကုန်းမု လက်ထဲကနေ နတ်သစ်သီးကို လုရမယ့် ကိစ္စပဲ။
“သူ့ကို အာရုံ မစိုက်နဲ့ သစ်သီးကိုပဲ လုမယ်။” ဟုန်ယို့က ဖန်ကျန်းရှီတို့ အုပ်စု ဘာတွေ လုပ်ချင်နေမှန်းမသိ ပေမယ့် သူအမိန့် ပေးလိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီတို့ အုပ်စု သူတို့ဆီကို ပြေးဝင်လာရင်း ခန္ဒာကိုယ်က အလင်းရောင်တွေ တောက်ပ လာတာကို မြင်လိုက် ရတော့တယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်ကြ။”
သူတို့ လေးယောက် စလုံးက စစ်နတ်တွေကို တကယ် သတ်တော့မယ့် အတိုင်း လေးလေးနက်နက် ပြေးဝင်လာတာကို မြင်လိုက် ရတော့တယ်။
“သေပေရော့။” ဟုန်ယို့က နောက်ထပ် ထိန်းချုပ် မထားတော့ဘူး။ ဒီလေးယောက်က စစ်နတ် ဘုရားတွေကို အနိုင်ယူ နိုင်မယ်လို့ သူတို့ကိုယ် သူတို့ တကယ်ပဲ ထင်နေကြတာလား။
ရယ်စရာ ကောင်းလိုက်တာ။ ဟုန်ယို့ လှည့်ပြီး တိုက်ခိုက်တယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ လေးယောက်လုံးက မိုးပြာရောင် အလင်းတန်းနဲ့ အတူတူ ပျောက်ကွယ် သွားခဲ့ပြန်ပြီ၊
ဟုန်ယို့တင် မကဘူး တခြား စစ်နတ် ဘုရားတွေပါ ဒီလေးယောက် ဘာလုပ်နေမှန်း မသိ ဖြစ်သွား ခဲ့၇တော့တယ်။ သူတို့ရဲ့ ပျောက်ကွယ် မှုက ကိုယ့်စွမ်းအားကို ဖြုန်းတီးနေတာနဲ့ မတူညီဘူးလား။
ကောင်းကင် တာအိုက အရမ်းကို အားကုန်တယ် ဆိုတာ သူတို့ သိသင့်တယ်။ ဒါအပြင် လူလေးယောက်ကို ခေါ်သွား ရတာ ပိုပြီးတော့ အားကုန်တယ်။ လုံး၀ အသုံးမဝင်တဲ့ အလုပ်ကို ဘာလို့ လုပ်နေကြတာလဲ။
“ဖန်ကျန်းရှီက အကွက် အကြီးကြီး ဆင်နေတာလား။” ကောင်းကင် အိုအေစစ် သုခမိန် ကြီးတောင်မှ အခုချိန်မှာ စိတ်ရှုပ်ထွေး နေခဲ့ပြီ၊
ဒါပေမယ့် ဖန်ကျန်းရှီကို ဒီအတိုင်းသာ လွှတ်ထားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မုချင်းဖန်းလဲ ဘာမှ မပြောနိုင်တော့ဘူး။
“ဒါကြီးက။” ရန်ချန်လိလဲ ဖန်ကျန်းရှီ အကြောင်းကို ကောင်းကောင်း သိတဲ့ အတွက် ကိစ္စကြီး တစ်ခုခုကို စီစဉ် နေတာသာ ဖြစ်စေချင်တယ်။ အားလုံး လန့်နေ ချိန်မှာပဲ ဖန်ကျန်းရှီက စစ်နတ် တစ်ယောက်ရဲ့ နောက်မှာ ပေါ်လာပြန်တယ်။
“ရာသီဥတု ကောင်းလိုက်တာ။ မင်းတို့တွေ နေပူဆာ မလှုံကြဘူးလား။” ဖန်ကျန်းရှီ မေးပြန်တယ်။
“ငလူး မင်းပဲ နေပူဆာလှုံ။” ဟုန်ယို့က အခုချိန်မှာ အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ ဖန်ကျန်းရှီကို သူရိုက်သတ် ချင်နေတယ်။ ဒါပေမယ့် နန်ကုန်းမုက သစ်သီးကို ကိုင်ရင်း အဆက်မပြတ် တတွတ်တွတ် ရွတ်ဆိုနေတယ်။
“အရှင် နတ်ဆိုး သခင်။ မြန်မြန်တား။ နန်ကုန်းမုကို ပြီးအောင် ရွတ်ခွင့် မပြုနဲ့ သူက နတ်ဘုရား မုခ်ဝကို ဖွင့်နေတာ။” ဧကရီ ပိုင်ကျစ် လှမ်းအော်တယ်။ နန်ကုန်းမု လုပ်နေတာကို သူမ သိတဲ့ အပြင် သူက မိစ္ဆာ တစ်ယောက် ဖြစ်နေသေးတယ်။
နတ်ဘုရား မုခ်ဝသာ ပွင့်လာခဲ့ရင် နတ်ဆိုး မိစ္ဆာတွေ အသာစီး ရနေတာက လုံးဝကို ပျောက်ကွယ် သွားလိမ့်မယ်။
“နတ်ဘုရား မုခ်ဝတဲ့လား။” ဟုန်ယို့ သေချာ ကြည့်ရင်း နားလည်သွားခဲ့တယ်။
“ညီနောင်တို့ ဖန်ကျန်းရှီတို့ အဖွဲ့ကို အရင် သတ်ကြစို့။” တခြား စစ်နတ်တွေကတော့ ဒီလို ကိစ္စကို သည်းမခံ နိုင်ခဲ့ဘူး။
“သူတို့ကို အာရုံ မစိုက်နဲ့၊ သူတို့က နန်ကုန်းမု အတွက် အချိန် ဆွဲပေး နေတာ။ နန်ကုန်းမုကိုပဲ တိုက်ခိုက်ကြမယ်။” ဟုန်ယို့ စိတ်ဆုံးဖြတ် လိုက်ပြီ။
သူက အားလုံးကို ကောင်းကောင်း နားလည်တယ်။ အာကာသထဲမှာ အင်အားကြီး လူသားတွေ ဘယ်လောက်များများ ရှိနေမှန်း သူကောင်းကောင်း သိတယ်။ အခုချိန်မှာ ဖန်ကျန်းရှီတို့ကို တိုက်ခိုက်တာက မိုက်မဲရာ ရောက်လွန်းတယ်။
နတ်ဘုရား မုခ်ဝသာ ပွင့်လာခဲ့ရင် ရှေးဟောင်း အင်အားကြီး လူသားတွေလဲ ဆင်းသက်လာပြီး မဟာ စစ်ပွဲကြီး စတင်လိမ့်မယ်။ ဒါကို အဆုံးသတ် နိုင်ဖို့ သွေးချောင်းစီးမှာကို လူတိုင်း သိတယ်။ ဒါ့အပြင် နတ်ဆိုး မျိုးနွယ်လဲ လောကကြီးကို အုပ်ချုပ်ဖို့ လွယ်တော့မှာ မဟုတ်ဘူး။
“နန်ကုန်းမုကို အရင်ဆုံး တိုက်ခိုက်။”
“အမိန့် အတိုင်းပါ။” စစ်နတ် ဘုရားတွေ မကျေနပ်ပေမယ့် အရေးကြီးတာကို သူတို့ သိကြတယ်။ နန်ကုန်းမု လက်ထဲက သစ်သီးကို အရင်လုရမယ်။ ပြီးမှ ဖန်ကျန်းရှီတို့ကို တိုက်ခိုက်မယ်။
စစ်နတ် ဘုရားတွေ စိတ်ဆုံးဖြတ် ပြီးတာနဲ့ ဖန်ကျန်းရှီကို လျစ်လျူရှုပြီး နန်ကုန်းမုကိုသာ တိုက်ခိုက်တော့တယ်။ ချက်ခြင်း ဆိုသလို နတ်သစ်ပင်က သစ်ကိုင်းတွေ ပျက်စီး ကုန်တယ်။ ရွှေရောင် အရည်တွေ ကျဆင်းပြီး အသစ်တွေ ထပ်ထွက် လာတဲ့ အပြင် ဖန်ကျန်းရှီနဲ့ တခြားသူတွေရဲ့ အနှောက်အယှက်ကြောင့် အချိန်ကြာသွား ခဲ့တဲ့ အတွက် သစ်ကိုင်း အသစ်တွေကိုပါ သူတို့ ထပ်ဖယ်ထုတ်နေ ခဲ့ရပြီ။
ဒါက အထိအခိုက်တော့ မများခဲ့ဘူး။ စစ်နတ်ဘုရားတွေက အရမ်းကို အင်အား ကြီးတဲ့ အတွက် တစ်ယောက်ချင်းစီတိုင်းက ရွှမ်ယွမ်ဝူနဲ့တောင် တိုက်ခိုက်နိုင်တယ်။ အကုန်လုံး ပေါင်းစည်း လိုက်ချိန်မှာတော့ ရွှမ်ယွမ်ဝူတောင် သူတို့နဲ့ မတိုက်ခိုက် ဝံ့ဘူး။
“အားအပြည့်နဲ့ တိုက်ခိုက်။” ဟုန်ယို့က အော်ဟစ်ရင်း သစ်ကိုင်းတွေကို ကုတ်ဖဲ့တော့တယ်။
ဖန်ကျန်းရှီနဲ့ တခြားသူတွေလဲ သူတို့ အနားကို ရောက်လာတယ်။
ချက်ခြင်း ဆိုသလို သာယာတဲ့ အသံတွေနဲ့ သီချင်းဆိုကြတယ်။
“ငါတို့တွေက အဖျက်သမား အဖျက်သမားတွေ။”
စစ်နတ်ဘုရားတွေ ချက်ခြင်း မျက်နှာ ပျက်ကုန်ကြတယ်။ အခုချိန်မှာ ဖန်ကျန်းရှီတို့ကို တကယ်ကြီး သတ်ချင် နေပင်မယ့် သူတို့ မလုပ်နိုင် ခဲ့ဘူး။
အခုချိန်မှာ နန်ကုန်းမုကို ရင်ဆိုင်ဖို့ သာ သူတို့ ဆုံးဖြတ် ထားတဲ့ အတွက် စွမ်းအားကို တခြား နေရာမှာ အကုန် မခံ နိုင်ကြဘူး။
“ထားလိုက်။”
“သစ်သီးကို ရအောင် ယူမယ်။”
“ကောင်းပြီ။”
စစ်နတ်တွေက လျစ်လျူရှု ထားပေမယ့် ဖန်ကျန်းရှီတို့ အဖွဲ့ အလစ် ဝင်တိုက်မှာကို လန့်နေခဲ့တယ်။
ဒါကြောင့် သူတို့တွေ သတိကြီးကြီးထားရင်း ခုခံဖို့ အပြည့်အ၀ ပြင်ဆင်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီနဲ့ တခြားသူတွေကတော့ အနားကို ခပ်မြန်မြန်ပဲ ကပ်လာပြီး ပေါ်လာလိုက် ပျောက်သွားလိုက်သာ လုပ်နေခဲ့တယ်။
စစ်နတ်တွေကတော့ အံ့သြ နေခဲ့ပြီ။ သူတို့ ဘာလုပ် နေကြတာလဲ။ မုချင်းဖန်းနဲ့ တခြားသူတွေတောင် စိတ်ရှုပ်ထွေး နေခဲ့တယ်။ ဖြစ်နေတာတွေကို နားမလည် နိုင်ဘူး။
“ဘာဖြစ်လို့ သူတို့ မတိုက်ခိုက် ကြတာလဲ။ အခုချိန်က အကောင်းဆုံး ပဲကို။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောမိတယ်။
သူတို့ အတွက်တော့ ဖန်ကျန်းရှီနဲ့ တခြားသူတွေက ကိစ္စကြီးကို ကြံစည် နေတာကြောင့် အစောပိုင်းမှာ အာရုံ လွှဲနေတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့ မတိုက်ခိုက်ရင်တော့ သေချာပေါက် တစ်ခုခု လွဲချော် နေတာပဲ။ အနည်းဆုံးတော့ တစ်ခုခု လုပ်သင့်တယ် မဟုတ်လား။
“သူတို့တွေ လုပ်ဖို့ အခွင့်အရေး မရသေးတာ ဖြစ်နိုင်ပါတယ်။” မုချင်းဖန်းက စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတာကို နားလည်တဲ့ အတွက် သူဝင်ပြောပေးတယ်။ အနီးကပ် တိုက်ခိုက်ရင်တောင် ကျရှုံးနိုင်ချေက မြင့်မားတာကို သူသိတယ်။
“အင်း ဖြစ်နိုင်ပါတယ်။”
ဒီအချိန်မှာပဲ ဖန်ကျန်းရှီတို့ အဖွဲ့ ပြန်ပေါ်လာ ပြန်တယ်။
“ငါတို့က အဖျက်သမား အဖျက်သမား ပိုးမွှားတွေ။” သူတို့ လေးယောက် စလုံးက ပျော်ပျော်ကြီးနဲ့ ဆိုနေကြဆဲ။
“..” စစ်နတ်တွေကတော့ နောက်တစ်ခေါက် သတိကြီးကြီး ထားရင်း ခုခံဖို့ ပြင်လိုက်ကြတယ်။ နောက်ဆုံးမှာတော့ သူတို့တွေ ပြန်ပျောက် သွားတာကို မြင်လိုက်ရတယ်။ အဝေးကို ရောက်သွား ကြပြန်ပြီ။ အစောပိုင်းကလိုပဲ တိုက်ခိုက်ဖို့ စိတ်ကူး မရှိကြဘူး။ လေလိုပဲ သွားလိုက် လာလိုက် လုပ်နေခဲ့တယ်။
“ဘာလုပ် နေကြတာလဲ။” စစ်နတ် တစ်ယောက် ပြောလိုက်တယ်။
“ထားလိုက် ခုခံဖို့ပဲ အာရုံစိုက်ထား။” ဟုန်ယို့ ဖြေတယ်။ အခုချိန်မှာ သူ့ရန်သူက အရမ်း စိတ်ရှည်မှန်း သူသိနေပြီ။ ဒါပေမယ့် သီချင်း စာသားက အရမ်းကို စိတ်အနှောက်အယှက် ဖြစ်ရလွ်နးတယ်။
ဟုန်ယို့လို ရှေးဟောင်း စစ်နတ် ဘုရားက စိတ်တည်ငြိမ်လွန်းတဲ့ အတွက်သာ နန်ကုန်းမုကို ဆက်တိုက် တိုက်ခိုက် နိုင်နေတယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီနဲ့ တခြားသူတွေ ရောက်လာခဲ့ပြန်တယ်။ အရင် အကြိမ်တွေကလိုပဲ သူတို့တွေ သီချင်းဆိုရင်း အနားကို ကပ်လာခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ သူတို့တွေ ဆယ်ပေသာ ကွာတော့တယ်။ အလစ်ဝင်တိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။
စစ်နတ်တွေကတော့ သူတို့ရှေ့မှာ လွင့်မျောနေတဲ့ လေးယောက်ကို ကြည့်ရင်း တိုက်ခိုက်ဖို့ အချိန်ကောင်းမှန်း နားလည်ကြတယ်။ သူတို့တွေ တိုက်ခိုက်မှာကို ကြောက်တဲ့ အတွက် ပိုပြီးတော့တောင် သတိကြီးကြီး ထားလာခဲ့တယ်။ ဒါပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ အတော့်ကို စိတ်ပူ နေခဲ့ပြီ။
ကျမ်းကောင်းကင်တောင်ကို ဟွမ်တွမ့်နဲ့ ထျောင်ဝူ ဖျက်ဆီးပြီးလု နီးပါး ဖြစ်နေပြီ။ နန်ကုန်းမုကလဲ အရှိန်နဲ့ မန္တန် ရွတ်နေတယ်။ ဖန်ကျန်းရှီတို့ကတော့ မတိုက်ခိုက်သေးဘူး။
သူဘယ်လောက်ပဲ စိတ်မရှည်ပါစေ ဝင်မပါနိုင်ပဲ စောင့်နေရုံသာ တတ်နိုင်ခဲ့တယ်။ ဖန်ကျန်းရှီတို့ကတော့ ပျံဝဲနေဆဲ။ သူတို့ရဲ့ သီဆိုသံတွေက ဆက်တိုက် ထွက်ပေါ် နေသလို အနားကို ခြောက်ခါ မကလဲ ရောက်ခဲ့ ပြီးပြီ။
အခုချိန်မှာ ငါးပေသာ ကွာဝေးတော့တယ်။
ဟုန်ယို့ မျက်ဝန်းတွေက တောက်ပလာတယ်။ ငါးပေါ အကွာအဝေးက တိုက်ခိုက်ဖို့ အရမ်း ကောင်းလွန်း နေပြီ။ ဖန်ကျန်းရှီ တို့တွေ တိုက်ခိုက် တော့မှာကို သူစောင့်နေခဲ့တယ်။
နန်ကုန်းမုနဲ့လဲ သူတို့ ပေ ၂၀သာ ကွာတော့တယ်။ ရွှေရောင် သစ်ကိုင်းတွေက အတော်လေးကို ကျဲနေခဲ့ပြီ။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီတို့တွေ သီချင်းဆိုရင်း အနားကို ကပ်လာပြန်တယ်။
“ဘာလို့ မတိုက်ခိုက် ကြသေးတာလဲ။” ဟုန်ယို့ စိတ်ရှုပ်လာခဲ့တယ်။ စစ်နတ်တွေလဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ အခုချိန်မှာ အကွာအဝေးက အရမ်းကို နီးနေပင်မယ့် သီချင်း ဆိုသံက လွဲပြီး ဘာမှ မကြားရဘူး။ သူတို့တွေ ကြားမှာ လေးပေသာ ကွာတော့တယ်။
အရမ်းကို နီးနေပြီ။
ဒီအသံတွေက စစ်နတ်တွေရဲ့ နှလုံးသားကို ဓားနဲ့ စိုက်နေသလို ပူပန် လာစေတယ်။
ဒါပေမယ့် သီဆို နေသူတွေကတော့ လွတ်လွတ်လပ်လပ် လွင့်မျော နေဆဲပဲ။ သူတို့တွေ တိုက်ခိုက်ဖို့ စိတ်ကူး မရှိကြသေးဘူး။
“ဘယ်သူ စိတ်ပိုရှည်လဲ ပြိုင်ချင်တာလား။ ငါ ဟုန်ယို့က အများကြီး စိတ်ရှည်တယ်။” ဟုန်ယို့ အသက်အောင့် လိုက်ရင်း တိုက်ခိုက် ချင်စိတ်ကို ဖိနှိပ်ပြီး သစ်ကိုင်းတွေကို ဆွဲဖြဲပြန်တယ်။
စစ်နတ်တွေက နန်ကုန်းမုနဲ့ ၁၅ပေသာ ကွာတော့တယ်။ နန်ကုန်းမုကတော့ ချွေးပျံ နေခဲ့ပြီ။ ဖန်ကျန်းရှီတို့တွေ သီချင်းဆိုနေကြပြီး စစ်နတ်တွေကို မတိုက်ခိုက်တာက သူ့ကို အရမ်း စိတ်ဖိစီး စေတယ်။
ဒါ့အပြင် စစ်နတ်တွေက သူ့နား အရမ်း နီးနေခဲ့ပြီ။ စွမ်းအားတွေကို သုံးရလွန်းလို့ သူ့ခြေထောက်တွေတောင် တုန်ယင် လာခဲ့တယ်။
“နန်ကုန်းမု မင်း တောင့်ထားရမယ်။ နန်ကုန်း မျိုးနွယ်ရဲ့ တာဝန်က မင်းလက်ထဲမှာပဲ လူသားတွေကို ကာကွယ်ရမယ်။ ဒီမုခ်ဝကို ဖွင့်မှ လူသားတွေ အသက်ရှင်နိုင်လိမ့်မယ်။” နန်ကုန်းမု ရွတ်ဆိုတဲ့ အရှိန်ကို မြှင့်လိုက်တော့တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီတို့ရဲ့ သီချင်းဆိုသံကို သူထပ်ကြားလိုက် ရတယ်။
စစ်နတ်တွေနဲ့ သုံးပေသာ ကွာတော့တယ်။ စစ်နတ်တွေကတော့ နှလုံးတွေ အခုန် မြန်လာခဲ့ပြီ။ ဖန်ကျန်းရှီတို့က မတိုက်ခိုက်သေးဘူး။
“တိုက်ခိုက်တော့မှာလား။”
“တိုက်ခိုက်တော့မှာပါ။ သေချာတယ်။”
“ဒီလောက် နီးနေတာကို မတိုက်ခိုက်တာတော့ မဖြစ်နိုင်ဘူး။”
ဟုန်ယို့ အပါအဝင် စစ်နတ်တွေ အားလုံးက အရမ်းကို တည်ကြည်နေခဲ့ ကြတယ်။ သေကွင်း သေကွက်တွေကို အာရုံနဲ့ ကာကွယ်ထားရင်း တိုက်ခိုက် လာမှာကို စောင့်နေခဲ့တယ်။
မုချင်းဖန်းနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးတို့က ပိုပြီး စိုးရိမ် နေခဲ့ကြပြီ။ မျက်လုံး အပြူးသားနဲ့ တိုက်ပွဲကို မလွတ်အောင် စောင့်ကြည့် နေခဲ့ကြတယ်။ ဒီအခွင့်အရေးက အရမ်းကို ရှားပါးတယ်။
သူတို့တွေ သေချာပေါက် တိုက်ခိုက် ကြမှာပဲ။
ဒါပေမယ့် ဖန်ကျန်းရှီတို့က မတိုက်ခိုက် ခဲ့ပြန်ဘူး။ လေလို အသွင်နဲ့သာ စစ်နတ်တွေ အနားမှာ ဖြတ်သန်းရင်း သီချင်း ဆိုနေခဲ့တယ်။
“ငါတို့တွေက အဖျက်သမား အဖျက်သမားတွေပါ။”
အပိုင်း (၁၀၅၇) ပြီး၏။
အပိုင်း (၁၀၅၈)
“မမျှော်လင့်ထားတဲ့ အလှည့်အပြောင်း။”
…
မင်း တစ်နှစ်တိတိ စောင့်ဆိုင်း နေခဲ့ရတဲ့ မိန်းကလေးက မင်းအိပ်ယာပေါ်ကို ကိုယ်တိုင် တက်လာပြီး (အချစ်ရေ လာလှည့်ပါ)လို့ ပြောမယ် ဆိုရင် မင်းဘာလုပ် မလဲ။ သေချာပေါက် အိပ်ယာပေါ်ကို ခုန်တက် သွားမှာပဲ။ ဒါပေမယ့် ဇာတ်လမ်း အဆုံးသတ်ကတော့ ဒီလို မဟုတ်ခဲ့ဘူး။
အိပ်ယာပေါ်က မိန်းကလေးကို ဆွဲချပြီး (ငါ အိပ်ယာခင်းတွေ အခုမှ လျော်ထား ရတာကို မင်း မမြင်ဘူးလား။) မင်းကန်းနေတာလား။
မုချင်းဖန်းနဲ့ တခြားသူတွေ စိတ်ထဲမှာ တကယ် ဒီလို ခံစား နေရတယ်။
“မင်းတို့ တကယ်ပဲ ကန်းနေတာလား။ ကန်းချင်ယောင် ဆောင်နေတာလား။ ဘာ အဖျက်သမား ဘာ ပိုးမွှားလဲ။ ဖန်ကျန်းရှီ မင်းက ငတုံးလား။”
သုံးပေဆိုတဲ့ အကွာအဝေးက တိုက်ခိုက်ဖို့ အကောင်းဆုံးပဲ။ ဖန်ကျန်းရှီကို ယုံကြည်တဲ့ ရန်ချန်လိ တောင်မှ အခုချိန်မှာ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ဦးနှောက်ကို သုံးတာ များသွားပြီး ခေါင်းချောင် သွားတာလား။ အခုချိန်မှာ သူတို့ တစ်ဖွဲ့လုံးက လုံးဝကို မတိုက်ခိုက်တဲ့ အတွက် ပိုပြီးတော့ နားလည်ရ ခက်နေခဲ့တယ်။
ပင်းယန် တစ်ယောက်ကို မေ့ထားရင်တောင် အခြေအနေကို ကောင်းကောင်း သိတတ်တဲ့ ရန်ရွှယ်နဲ့ ချီကူယန်ပါ မတိုက်ခိုက်တဲ့ အတွက် ပိုပြီးတော့ အံ့သြ နေခဲ့ရတယ်။ သူ့ရဲ့ အချစ်ဆုံး မြေးက အရေးကြီး ပြဿနာကို မမြင်မယ့် လူမျိုး မဟုတ်ဘူး။
နေစမ်းပါအုန်း ဖန်ကျန်းရှီတို့ တစ်ဖွဲ့လုံး မတွေးတတ် တော့လား။ တစ်ခုခုတော့ လွဲ နေပြီ။
ရန်ချန်လိ သဘောပေါက် သွားချိန်မှာပဲ အခြေအနေ အလှည့်အပြောင်း တစ်ခု ဖြစ်လာတော့တယ်။ စစ်နတ် ဘုရားတွေရဲ့ စွမ်းအားက ရုတ်တရက တိုးလာပြီး နန်ကုန်းမုရဲ့ သစ်ကိုင်းတွေကို ချိုးဖျက်ပြစ်တယ်။
နန်ကုန်းမုရဲ့ တွက်ချက်မှု အရ နောက်ထပ် တိုက်ခိုက်မှု နှစ်ခုကို တောင့်ခံ နိုင်မယ် ထင်ထားပေမယ့် တစ်ချက်တည်းနဲ့ ပျက်စီး သွားခဲ့ရပြီ။
နန်ကုန်းမု အခုချိန်မှာပဲ စစ်နတ်တွေ စွမ်းရည် အစစ်ကို ဖုံးကွယ် ထားတဲ့ အကြောင်း နားလည် သွားတော့တယ်။ နန်ကုန်းမုနဲ့ ဖန်ကျန်းရှီကို အထင်မှားစေဖို့ အတွက် အချိန်ကို ကောင်းကောင်း အသုံးချ သွားခဲ့တယ်။
“မဖြစ်တော့ဘူး။”
“နန်ကုန်းမု အန္တရာယ် ရှိနေပြီ။”
မုချင်းဖန်း ဝူယွဲ့အာနဲ့ အားလုံးလဲ လန့်သွားခဲ့တယ်။
ဖန်ကျန်းရှီနဲ့ အဖွဲ့ရဲ့ အစီအစဉ်ကို သူတို့ မတွေးတတ် သေးပင်မယ့် အားလုံးက သူတို့ကို မျှော်လင့် နေခဲ့တာတော့ အမှန်ပဲ။
နောက်ဆုံးတော့လဲ ရန်ချန်လိ တွေးတဲ့ အတိုင်း ဖန်ကျန်းရှီက ကောင်းကောင်း မတွေးတော နိုင်ရင်တောင် ချီကူယန်နဲ့ ရန်ရွှယ်ကတော့ တွေးတတ် အုန်းမှာပဲလေ။
ဒီအချိန်မှာပဲ သီချင်းသံ ထပ်ပြီး ထွက်လာပြန်တယ်။
အခုချိန်မှာ သီချင်းသံက သုံးပေ အကွာမှာ ရှိနေဆဲပဲ။
“နောက်တစ်ခေါက်လား။” အခုချိန်မှာ စစ်နတ်တွေ အတော် စိတ်ပျက် နေခဲ့ပြီ။ အခုချိန်လို နန်ကုန်းမု အန္တရာယ် ကျနေတာတောင် သူတို့က သီချင်း ဆိုနေတုန်းလား။ မတိုက်ခိုက် ကြသေးတာ တုံးနေလို့လား။
စစ်နတ်တွေ ပြိုင်ဘက်ကို လျော့မတွက် ချင်ပေမယ့် သီချင်းသံက ကြည်လင် နေဆဲပဲ။ အခုချိန်မှာ ဖန်ကျန်းရှီတို့ အဖွဲ့ ဦးနှောက်ချောင် သွားပြီလို့ အားလုံးက တွေးနေမိတယ်။ နန်ကုန်းမု ခုခံ နိုင်စွမ်း ရှိနေရင်တော့ သူတို့ ဘာမှ ပြောမိမှာ မဟုတ်ဘူး။
အခုချိန်မှာ နန်ကုန်းမုရဲ့ အကာအကွယ်က ပေါက်သွားခဲ့ပြီ။ နတ်သစ်သီးက အချိန်မရွေး လုယူ ခံရနိုင်တယ်။
အဲ့ဒီ့နောက် နန်ကုန်းမု လက်ထဲက သစ်သီး ပျောက်သွားတော့တယ်။
“ဖန်ကျန်းရှီ မင်းကွာ။” မုချင်းဖန်း စိတ်မထိန်းနိုင်ပဲ အော်ဆဲမိတော့မယ့် အချိန်မှာပဲ ပါးစပ် ပြန်ပိတ် သွားခဲ့တယ်။ အပြာရောင် ဝတ်ရုံဝတ် လူက နန်ကုန်းမု ဘေးမှာ ရောက်နေခဲ့ပြီ။ သူက ပြုံးနေသေးတယ်။ နန်ကုန်းမု ဘေးမှာ ဖန်ကျန်းရှီ ရောက်လာမယ်လို့ ဘယ်သူမှ မထင်ထား ခဲ့ဘူး။
စစ်နတ်တွေလဲ ချက်ခြင်း လှည့်ကြည့်မိတယ်။ အားလုံးလဲ အတူတူ ကြည့်မိကြတယ်။ သုံးပေအကွာမှာ တကယ့်ကို လူတစ်ယောက် ရှိနေခဲ့တယ်။ သုံးယောက် မရှိဘူး။ မြင့်မြတ်တဲ့ အသွင်နဲ့ အဖြူရောင် သံချပ်ကာဝတ် တစ်ယောက်သာ ရှိနေခဲ့တယ်။
“ချီကူယန်လား။” စစ်နတ်တွေတင် မကဘူး အားလုံး မယုံနိုင် ဖြစ်နေခဲ့တယ်။
“စိတ်ကို လှည့်စားတာလေ။” ဖန်ကျန်းရှီရဲ့ အသံ ထွက်လာတယ်။ “အနောက်မှာ ရှိတယ် ထင်ပေမယ့် အသံလှိုင်းကြောင့် သတိ မထားမိတော့ဘူး။ သီချင်းသံကို ကြားနေရတဲ့ အတွက်လဲ သတိက ပိုလွတ်သွားတယ်။ သီချင်းသံကို ကြားတာနဲ့ လူကို နောက်မှာ ရှိနေမယ်လို့ ယုံလိုက်တာပဲ။”
လောကကြီး တစ်ခုလုံး တိတ်ဆိတ် သွားသလို အားလုံးက ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြတယ်။ ဒီလှည့်ကွက်က သုံးဖက်လုံးကို ထိရောက်တာပဲ။
ဖန်ကျန်းရှီက နန်ကုန်းမုရဲ့ သစ်သီးကို အာရုံ ရောက်နေခဲ့ပင်မယ့် သူ့စိတ်ကို ကောင်းကောင်း ဖုံးကွယ် ထားနိုင်ခဲ့တယ်။ ဒါ့အပြင် သူ့အတွက် ဖုံးကွယ်ဖို့ကလဲ မလွယ်ခဲ့ဘူး။
စစ်နတ်တွေနဲ့ နန်ကုန်းမုက အရမ်းကို သတိကြီးတဲ့ အတွက် သူတကယ့်ကို စိတ်မဝင်စားသလို ကောင်းကောင်း ဟန်ဆောင် ခဲ့ရတယ်။
နန်ကုန်းမုလဲ ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကို မယုံနိုင် ခဲ့ဘူး။ ဒါပေမယ့် ရွှေရောင် သစ်ကိုင်းတွေက နန်ကုန်းမုနဲ့ စစ်နတ်တွေ ကြားမှာ တိုက်ခိုက် ခုခံဖို့ ရှိနေခဲ့တဲ့ အတွက် နှစ်ဖက် စလုံးကို အာရုံပိုလွင့်အောင် ကူညီ ပေးသလို ဖြစ်သွားခဲ့တယ်။
သစ်ကိုင်းတွေ မပျက်စီး သရွေ့ နတ်သစ်သီးကိုလဲ ဘယ်သူမှ လုလို့ ရမှာ မဟုတ်ဘူး။ စစ်နတ်တွေရဲ့ စိတ်ကလဲ ကောက်ကျစ်တယ်။ ဖန်ကျန်းရှီက သူတို့ နောက်မှာ လွင့်မျော နေပင်မယ့် ဖန်ကျန်းရှီရဲ့ အကြံကို သူတို့ ခန့်မှန်းမိတယ်။
ဒါကြောင့် ဖြည်းဖြည်းချင်း ထိုးဖောက်ပြီး ထင်မှတ်မှားအောင် လုပ်ခဲ့တယ်။
တကယ်တော့ သူတို့ ထိုးဖောက် နိုင်ခဲ့တယ်။ သူတို့တွေ အောင်မြင်တော့မယ့် အချိန်မှာပဲ စိတ်ရှုပ်စရာ သီချင်းသံက လာနှောက်ယှက်ခဲ့တယ်။
ဒီသီချင်းသံကိုသာ မကြားရရင် ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကို သူတို့ သတိ ထားမိမှာ အမှန်ပဲ။
ငလူး စိတ်ကို လှည့်စား။
ဖန်ကျန်းရှီ ပြောလိုက် သလိုပဲ ဖန်ကျန်းရှီ နောက်မှာ ရှိနေတာကို မယုံပေမယ့် စိတ်ကတော့ လှည့်စား ခံခဲ့ရတယ်။ သူတို့ နောက်မှာ အဖွဲ့လိုက် ရှိနေမယ်လို့ ထင်မိတဲ့ အတွေးက စစ်နတ်တွေကို အောင်အောင်မြင်မြင် အရူးလုပ် နိုင်ခဲ့ရုံတင် မကဘူး။ နန်ကုန်းမုကိုပါ လှည့်စား နိုင်ခဲ့တယ်။
စစ်နတ်တွေ ကိုယ်တိုင်က ကောက်ကျစ်ပေမယ့် သူတို့ လှည့်စား ခံရချိန်မှာတော့ လုံးဝကို မထင်မှတ် ထားတဲ့ ပုံစံနဲ့ ဖြစ်သွားခဲ့တယ်။
နန်ကုန်းမုက သတိကြီးကြီး ထားပြီး သစ်ကိုင်းတွေ ဖျက်စီး ခံရရင် နတ်သစ်ပင်ထဲ ပြန်ဝင်ဖို့ ဆုံးဖြတ် ထားပင်မယ့် ဖန်ကျန်းရှီကို ထပ်ပြီးတော့ ရှုံးနိမ့် သွားခဲ့ရ ပြန်ပြီ။
“ငါ့ကို သစ်သီး ပြန်ပေး။ သစ်သီးကို မင်းလဲ မစုပ်ယူနိုင်ဘူး။ ရှိနေလဲ အသုံး မဝင်ဘူး။” နန်ကုန်းမု စိုးရိမ် တကြီးနဲ့ ပြောတော့တယ်။
ဖန်ကျန်းရှီက သစ်သီးကို မျိုချ ပြစ်မယ်မှန်း သူသိတယ်။ သူနားမလည် နိုင်တာ တစ်ခုကတော့ သစ်သီးကို မျိုချပြီးတာတောင် ဖန်ကျန်းရှီ သေမသွားတဲ့ ကိစ္စပဲ။
ဖန်ကျန်းရှီ မျိုချနိုင်တာကို သူသိတယ်။ ဒါ့အပြင် သူ့ဗိုက်ထဲ ရောက်သွားပြီးရင် ထုတ်ရ ခက်လိမ့်မယ်။ ဖန်ကျန်းရှီက ထွက်ပြေးတဲ့ နေရာမှာလဲ အရမ်းကို တော်လွန်းတယ်။
“ကောင်လေး သစ်သီးကိုပေး။ ငါတို့ စစ်နတ် ၁၂ပါးလုံး မင်းတောင်းဆိုတဲ့ ကိစ္စကို လုပ်ပေးနိုင်တယ်။ မြေပိုင်ချင်လား။ မျိုးဆက်သစ်တွေရဲ့ ဘုရင် ဖြစ်ချင်လား အကုန်ပြော။” ဟုန်ယို့ ပြောတယ်။
အခုချိန်မှာ သစ်သီးက ဖန်ကျန်းရှီ လက်ထဲကို ရောက်သွားပြီ ဖြစ်တဲ့ အတွက် နန်ကုန်းမု ဆီက လုတာထက် ပိုခက်တော့မှာကို သူတို့ သိနေခဲ့တယ်။
“ဘုရင်တဲ့လား။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြောတယ်။
ဒီအချိန်မှာပဲ စစ်နတ် ၁၁ပါး ချီကူယန်ကို ချက်ခြင်း တိုက်ခိုက်တော့တယ်။
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပြစ်တဲ့ အကွက်ပဲ။
ဖန်ကျန်းရှီနဲ့ ညှိနှိုင်းချင်ယောင် ဆောင်ပြီးတော့ ချီကူယန်ကိုတော့ တိုက်ခိုက်တယ်။
ဒါပေမယ့် သူတို့တွေ အစွမ်းကုန် မတိုက်ခိုက် ရသေးခင် အချိန်မှာပဲ ချီကူယန်က အရမ်းကို မြန်မြန်ဆန်ဆန် ထွက်ပြေး သွားခဲ့တယ်။
“..” စစ်နတ်တွေ အခုချိန်မှာတော့ ဘာမှ မပြောနိုင်တော့ဘူး။ ဖန်ကျန်းရှီကတော့ ရယ်မော နေခဲ့တယ်။ ချီကူယန်က သူ့လိုပဲ ထွက်ပြေးတဲ့ နေရာမှာ တော်မှန်း ဖန်ကျန်းရှီ သိတယ်။
မဟုတ်ရင် ချီကူယန်ကို နောက်မှာ ထားခဲ့မှာ မဟုတ်ဘူး။
စစ်နတ်တွေ လိုက်ဖမ်း ချင်ပေမယ့် ဟုန်ယို့က သူတို့ကို တားထားခဲ့တယ်။
“ခြေတစ်လှမ်း မှားသွားတာနဲ့ အကျိုးမရှိ ဖြစ်နိုင်တယ်။” ဟုန်ယို့ ခေါင်းခါလိုက်တယ်။ ချီကူယန်သာ တကယ် ထွက်ပြေးချင်ရင် ဖမ်းဖို့ မလွယ်မှန်း သူသိတယ်။ ဒါ့အပြင် ဖန်ကျန်းရှီက ကောင်းကင် တာအို ကို တတ်ကျွမ်းတဲ့သူ။ အခွင့်အရေးကို လွဲချော် သွားရင် တစ်ဖွဲ့လုံးကို လိုက်ဖမ်းဖို့ ခက်လိမ့်မယ်။
“ညီနောင်ဖန်။ ငါ ကတိတည်မယ်လို့ မင်းယုံလား။” ဟုန်ယို့ မေးလိုက်တယ်။
“ယုံတာပေါ့။ စစ်နတ်ဘုရားတွေရဲ့ စကားကို ဘာဖြစ်လို့ မယုံရမှာလဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ဆက်တိုက် လှုပ်ရှားတယ်။ လက်ကလဲ နတ်သစ်သီးကို ကစားနေခဲ့တယ်။ ချက်ခြင်း ဆိုသလို ရန်ရွှယ် ပင်းယန်တို့နဲ့ အတူ အဝေးကို ရောက်သွားခဲ့ပြီ။
နန်ကုန်းမုကတော့ အံကြိတ်ရင်းနဲ့ ကြည့်နေခဲ့တယ်။ အစကနေ အဆုံး အထိ နတ်သစ်သီးက ဖန်ကျန်းရှီ လက်ထဲမှာပဲ အဆုံးသတ် နေတယ်။ နန်ကုန်း မျိုးနွယ်တွေရဲ့ အစီအစဉ်ကလဲ ဆက်တိုက် ကျရှုံးတဲ့ အပြင် ပြန်အဖတ် ဆယ်နိုင်တော့မယ့် အချိန်မှာမှ နောက်တစ်ခေါက် လွဲချော် ရပြန်ပြီ။
သစ်သီးကို အလုခံလိုက်ရတယ်။ ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်သလဲ။
“ညီနောင်ဖန်က ယုံကြည်မှတော့ ဘာများ စိတ်ပူစရာ လိုမှာလဲ။” ဟုန်ယို့က ဖန်ကျန်းရှီကို ချက်ခြင်း လေသံ ပြောင်းသွားခဲ့တယ်။ “ညီနောင်ဖန်က ဘုရင် မဖြစ်ချင်မှတော့ လိုချင်တာသာ ပြောလိုက်ပါ ငါတို့ ချက်ခြင်း လုပ်ပေးပါမယ်။”
“တကယ်လား။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ပြောတယ်။
“ဒါပေါ့။” ဟုန်ယို့ မျက်ဝန်းတွေ လင်းလက်လာတယ်။ ဆွေးနွေးလို့ ရရင် မျှော်လင့်ချက် ရှိပြီ။ နတ်သစ်သီါ်ကို ရတာနဲ့ ဖန်ကျန်းရှီကို ကတိ တည်မတည် ပြောစရာ မလိုတော့ဘူး။
“ဖန်ကျန်းရှီ မတုံးစမ်းနဲ့ နတ်ဆိုး မိစ္ဆာတွေကို မင်း ယုံလို့လား။” မုချင်းဖန်း စိုးရိမ်တကြီးနဲ့ အော်တော့တယ်။
“အမှန်ပဲ။” ရန်ချန်လိ ထောက်ခံတယ်။
ဖန်ကျန်းရှီကတော့ လျစ်လျူရှု ထားခဲ့တယ်။ အဲ့ဒီ့နောက် သစ်သီးကို ထည့်ဖို့ ပါးစပ် ဖွင့်လိုက်တယ်။
“မလုပ်နဲ့။” နန်ကုန်းမု လှမ်းအော်တယ်။
“မလုပ်နဲ့။ ညီနောင်ဖန်။ ခဏစောင့်ပါ။ ကိစ္စ သုံးခု လုပ်ပေးမယ်။ ဘယ်လိုလဲ။” ဟုန်ယို့ အရမ်းကို စိုးရိမ်လာတယ်။
“သုံးခုလား။”
“ဟုတ်တယ်။ လုပ်ပေးနိုင်တာ အကုန် အကောင်းဆုံး လုပ်ပေးပါမယ်။”
“ကောင်းပြီလေ။ ဟိုသုံးကောင်ကို သတ်ပေး။” ချုံးချီ၊ ဟွမ်တွမ့်နဲ့ ထျောင်ဝူကို လက်ညှိုုးထိုးပြရင်း ဖန်ကျန်းရှီ ပြောလိုက်တယ်။
“သားရဲကောင် သုံးကောင်ကို သတ်ရမှာလား။” ဟုန်ယို့ မျက်လုံး မှေးစင်းသွားရင်း ပြန်ဖြေတယ်။
“ကိစ္စ မရှိပါဘူး။ ဒါပေမယ့် သူတို့ကို တိုက်ခိုက်ဖို့ အင်အား မပြည့်မှာကို ကြောက်မိတယ်။ သစ်သီးကို ပေးလိုက်ရင်တော့ ချက်ခြင်း သတ်နိုင်မှာ အမှန်ပဲ။”
အပိုင်း (၁၀၅၈) ပြီး၏။
အပိုင်း (၁၀၅၉)
“အခြေအနေ အလှည့်အပြောင်း။ ဖန်ကျန်းရှီရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှု။”
..
လောကတစ်ခုလုံး တိတ်ဆိတ် သွားပြန်တယ်။ နန်ကုန်းမုနဲ့ မုချင်းဖန်းလဲ ဖန်ကျန်းရှီရဲ့ အဖြေကို စောင့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ပြုံးနေဆဲပဲ။ သားရဲကောင်တွေကို သတ်ဖို့ စစ်နတ်တွေကို သစ်သီး ပေးရမယ်။ ဘယ်သူက ဒါကို ယုံမှာလဲ။
ငါးကို ဖမ်းဖို့ ငါးစာချ ရမယ်တဲ့။ သမိုင်းထဲမှာ ငါးစာ မချတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ ကျန်းထိုက်ကျုံးက ငါးစာ မချပေမယ့် ငါးကို အမြဲတမ်း ဖမ်းမိတယ်။
ကျန်းထိုက်ကျုံးနဲ့ ဖန်ကျန်းရှီ မယှဉ်နိုင်ပေမယ့် သူလုပ် နေတာက အများကြီး ပိုပြီးတော့ အဓိပ္မာယ် ရှိတယ်။
ဖန်ကျန်းရှီ လက်သီး ဆုပ်လိုက် ချိန်မှာပဲ သူ့မျက်ဝန်းထဲကနေ ငါးရောင်ခြယ် အလင်းတန်းတွေ တောက်ပ လာတော့တယ်။ ရွှေရောင် အလင်းတန်း တပိုင်းတစလဲ အထဲမှာ ပါဝင်နေတယ်။
“ယန်လေး။” ပင်းယန် အော်ရင်း နတ်သစ်သီးကို မြှောက်လိုက်တယ်။
“သူဘာလုပ်မှာလဲ။”
နန်ကုန်းမုနဲ့ တခြားသူတွေ အားလုံး မျက်လုံး ပြူးနေခဲ့တယ်။
အရေးကြီး အချိန်မှာ ဖန်ကျန်းရှီက နတ်သစ်သီးကို ပြစ်မြှောက်လိုက်တယ်။ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲ နေတာ မဟုတ်လား။ ဒါမှမဟုတ် ဦးနှောက်တွေ လောင်သွားလို့လား။
မကြာခင်မှာပဲ အပြာရင့်ရောင် ဓားအလင်းတန်းက တောက်ပလာပြီးနောက် အစိမ်းရောင် လေတွေနဲ့ အနီရောင် မီးတောက်ပါ ထွက်ပေါ်လာတယ်။
အလင်းတန်း သုံးခုက ကောင်းကင်ပေါ်ကို ထိုးတက် သွားပြီးနောက် ဖန်ကျန်းရှီရဲ့ အရှိန်အဝါကလဲ ကြောက်စရာ ကောင်းလောက်အောင် ကြီးမား လာတော့တယ်။
“ဖျက်စီး။” ခြေရာမဲ့ဓားကို မြှောက်လိုက်ရင်း နတ်သစ်သီးကို သူထိုးစိုက်လိုက်တယ်။
ဝုန်း။ အလင်းတန်း လေးခုက ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ကျရောက်လာပြီး နတ်သစ်သီးကို ဖျက်စီးတော့တယ်။
အားလုံးကတော့ အရမ်းကို လန့်လွန်းလို့ မျက်လုံး အပြူးသား နဲ့သာ ရှိနေခဲ့တယ်။ မကြာခင်မှာပဲ လေလှိုင်းတွေက လွင့်ထွက် လာခဲ့တယ်။
ဒီလေးယောက် နတ်သစ်သီးကို ဘာလုပ် မလို့လဲ။
လေလှိုင်းတွေရဲ့ အလယ်မှာ မြူခိုးတွေ ပျောက်ကွယ် သွားပြီး ချိန်မှာတော့ အလင်းတန်းတွေက ကောင်းကင်ပေါ်ကို ဖြာထွက် လာတော့တယ်။
“နတ်သစ်သီးကို သူတို့ လေးခြမ်း ခွဲလိုက်တာလား။”
ထိတ်လန့်မှု စိတ်ရှုပ်မှုတွေက သူတို့ကို ဖုံးလွှမ်း သွားခဲ့တယ်။
ဒီမြင်ကွင်းကို မြင်လိုက်သူတွေ အားလုံးက ကြောက်လန့်မိတာ အမှန်ပဲ။
မကြာခင်ပဲ မြူခိုးတွေက ကောင်းကင်ပေါ်ကို ထပ်ပြီး ဖုံးလွှမ်း သွားပြန်တော့တယ်။ အလင်းတန်းတွေ အများကြီးက ကျမ်းကောင်းကင်တောင်ပေါ်ကို ကျဆင်းလာတယ်။
ဖန်ကျန်းရှီကတော့ ရွှေရောင် မြူခိုးတွေကို ကြည့်ရင်း သီချင်း ဆိုနေခဲ့တယ်။
“မင်း ဘယ်သွားသွား နတ်သစ်သီးကို မင်းလိုချင်။”
“မင်းလိုချင်။”
“မင်းလိုချင်။”
စစ်နတ်တွေကတော့ ရွှေရောင် မြူနှင်းတွေကို ကြည့်ရင်း အကြည့်တွေက အရမ်းကို အေးစက် လာခဲ့တယ်။ ဖန်ကျန်းရှီက နတ်သစ်သီးကို ဖျက်စီးလိုက်တယ်။
သူတို့ရဲ့ ရတနာ။ အသက်စွမ်းအား ရတနာက ဖျက်စီး ခံလိုက် ရပြီ။ စစ်နတ် ဘုရားတွေ ရူးသွပ် ကုန်တော့တယ်။ နန်ကုန်းမုကလဲ မျက်လုံး အပြူးသား ဖြစ်နေတယ်။
နတ်သစ်သီး ဖျက်စီး ခံလိုက ရပြီ။
ဖန်ကျန်းရှီ လုပ်မယ်လို့ သူတွေးထား သမျှ အရာအားလုံး ဖြစ်မလာပဲ လုံး၀ ဖျက်စီးလိုက်တယ်။
“ငါ့ ငါ့ ဘိုးဘေးတွေ။ နန်ကုန်းမု တာဝန်ကို မကျေပွန် ခဲ့ပါဘူး။ နတ်သစ်သီးကို လူသား တစ်ယောက် ဖျက်စီးတာ ခံလိုက် ရပါတယ်။” နန်ကုန်းမုက တတွတ်တွတ် ရေရွတ် နေခဲ့တယ်။
သူနောက်ထပ် မတွေးတတ်တော့ဘူး။ ဖြစ်နိုင်ချေတွေ အားလုံးကို သူတွေးခဲ့ ပေမယ့် ဘယ်သူက ရတနာကို ဖျက်စီးမှာလဲ။ ဖန်ကျန်းရှီကတော့ လုပ်ခဲ့တယ်။
“ဘာမှ မရှိတော့ဘူး။ ငါတို့ ဆက်တိုက်ခိုက်မှာလား။” ဖန်ကျန်းရှီ လက်ဝေ့ယမ်းရင် အင်အား ကောင်းတဲ့ လေလှိုင်းကို ဖန်တီးပြီး မြူခိုးတွေကို ဖယ်ထုတ် နေခဲ့တယ်။
တကယ်တော့ သူ့ခန္ဒာကိုယ်မှာ ထူးဆန်းမှုကို ခံစား နေရတယ်။ ရုတ်တရက် သူ့ခန္ဒာကိုယ်မှာ ရှိသမျှ ဆဲလ်တွေ အားလုံး အသက်ဝင်လာပြီး အသစ် ဖြစ်တည် နေသလိုပဲ။ ပင်းယန် ရန်ရွှယ်နဲ့ ချီကူယန်ကိုလဲ သူလှမ်းကြည့်မိတယ်။
အားလုံးကလဲ ထူးဆန်းတဲ့ အမူအယာတွေနဲ့ ရှိနေကြတယ်။ ရွှေရောင် မြူနှင်းတွေရဲ့ အလယ်မှာ သူတို့ ရှိနေတဲ့ အတွက် ဖန်ကျန်းရှီတင် မကဘူး သူတို့လဲ မြူနှင်းတွေကို စုပ်ယူမိကြတယ်။
“အမ်။ နတ်သစ်သီးကို ဒီလို စုပ်ယူလို့ ရတာလား။” ဖန်ကျန်းရှီ လန့်သွားခဲ့မိတယ်။
အရင်တုန်းကတော့ ဒီသစ်သီးရဲ့ စွမ်းအားတွေကို စုပ်ယူဖို့ သူတွေးခဲ့ မိပေမယ့် သူသုံးမရမှတော့ ဖျက်စီးတာပဲ ကောင်းမယ်။ ဒါက ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ပဲ။
အများကြီး သူမတွေးခဲ့ သလို ဖျက်စီး ချိန်မှာလဲ စိတ်မရှုပ်ခဲ့ဘူး။ လူတွေ အများကြီးက နတ်သစ်သီးကို လိုချင်တယ်။ ဒါကြောင့် သူဖျက်စီးပြစ်မယ်။
ဘယ်သူမှ ငြင်းခုန်စရာ မလိုတော့တဲ့ အကောင်းဆုံး နည်းလမ်းကို သူရွေးချယ်ပြီး ဖြေရှင်းပေးတယ်။
တန်ဖိုးကြီး ကျောက်မျက် ရတနာက အပြစ်မရှိတဲ့ သူကို ထောင်ကျစေနိုင်တယ် ဆိုတဲ့ ကိစ္စကို သူကောင်းကောင်း နားလည်တယ်။
အတိတ် အချိန်တုန်းကလို နတ်သစ်သီးကို မျိုချ မိတာကြောင့် တစ်ချိန်လုံး အန္တရာယ်များနေ ရတဲ့ အဖြစ်ကို ပြန်မရောက်ချင် တော့ဘူး။
နတ်သစ်သီးကို ဘယ်သူမှ မရနိုင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ လောကကြီးလဲ အေးချမ်း သွားလိမ့်မယ်။
“..” အချိန် အတော်ကြာပြီး ချိန်မှ မုချင်းဖန်နဲ့ တခြားသူတွေ သတိ ပြန်ဝင် လာခဲ့ကြတယ်။ သူတို့တွေရဲ့ အမူအယာက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ကူကယ်ရာမဲ့သူ၊ သက်ပြင်းချ နေသူ၊ ဒေါသ ထွက်နေသူ။ ပျော်နေသူ၊ အမျိုးမျိုး ရှိကြတယ်။
ဒါပေမယ့် အားလုံးကတော့ တည်ငြိမ် သွားခဲ့ကြပြီ။
ဖန်ကျန်းရှီတို့ အဖွဲ့ရဲ့ စိတ်ကို သူတို့ နားလည် နိုင်ကြတယ်။ နတ်သစ်သီးက ပြဿနာ အားလုံးရဲ့ အရင်းအမြစ်ပဲ။ သူတို့တွေ သေချာပေါက် နတ်ဘုရား မုခ်ဝကို မဖွင့်ဘူး။ အားလုံး မမျှော်လင့် ထားတဲ့ အချိန်မှာ သစ်သီးကို ဖျက်စီး ပြစ်လိုကတယ်။
“ညီနောင်။ ငါတို့ ဘာလုပ်ကြမလဲ။ နတ်သစ်သီးကို ဟိုကောင်စုတ် ဖျက်စီးလိုက်ပြီ။”
“ငါတို့ နတ်ဆိုး မျိုးနွယ်ရဲ့ မျှော်လင့်ချက်ကို အဲ့ဒီ့ကောင်က သတ်လိုက်တာပဲ။ သူတို့ အားလုံးကို သတ်ပြီး နန်ကုန်းမုကို ခေါ်လာ။ ဘာပဲ ဖြစ်ဖြစ် သတ်ရမယ်။” ဟုန်ယို့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ပြောတော့တယ်။ သူအချိန် အကြာကြီး သည်းခံ ခဲ့တာတောင် ဒီလို ဖြစ်လာရတယ်။
ဘယ်လို လက်ခံ နိုင်မှာလဲ။
ဖန်ကျန်းရှီကို သတ်ပြီး နန်ကုန်းမုကို ဖမ်းရမယ်။ နန်ကုန်းမုဆီကနေ နတ်သစ်ပင် လျှို့ဝှက်ချက်ကို မေးမယ်။ ဒါတွေသာ သူ့စိတ်ထဲမှာ ရှိနေတော့တယ်။
“နန်ကုန်းမု။ နတ်သစ်သီး ဖျက်စီး ခံလိုက် ရပြီ မင်း မသွားသေးဘူးလား။” ဖန်ကျန်းရှီ လှမ်းအော်တယ်။
“နောက်ထပ် နတ်သစ်သီး မရှိတော့ဘူး။“
“ငါတို့ မျှော်လင့်ချက် ပျက်စီး သွားပြီ။ နတ်ဘုရား မုခ်၀ မပွင့်နိုင်တော့ဘူး။ ငါ့ တာဝန်လဲ မကျေနိုင်တော့ဘူး။ ငါ ငါ နန်ကုန်းမု ထွက်ပြေးဖို့ လိုသေးလို့လား။” နန်ကုန်းမု ဆက်တိုက် ပြောရင်း ဖြူဖျော့ လာတော့တယ်။
သူလုံးဝကို စွမ်းအား မဲ့သွားတဲ့ ပုံစံပဲ။ သေဖို့ တွေးပြီးနေတဲ့သူက ဘာဖြစ်လို့ ပြေးဖို့ လိုမှာလဲ။
“နန်ကုန်းမု ကိုယ့်ကိုယ်ကို သတ်သေတော့မယ့် ပုံစံပဲ။” ပင်းယန်တောင် နန်ကုန်းမုရဲ့ စိတ်ကို ခံစားမိတယ်။
“နတ်သစ်သီးကို ငါတို့ ဖျက်စီးလိုက်တာကြောင့် သူမခံစား နိုင်တာပဲ ဖြစ်လိမ့်မယ်။ သူသာ စစ်နတ်တွေ ဖမ်းတာ ခံရရင် ပိုဆိုးလိမ့်မယ်။” ရန်ရွှယ် ပြောတယ်။
“ငါသွားလိုက်မယ်။” ချီကူယန် ပြောပြီး ချက်ခြင်း လှုပ်ရှားတယ်။ အလင်းတန်း တစ်ခုလိုမျိုး နန်ကုန်းမုဆီကို သူမ ရောက်လာတယ်။
“ယန်လေး သတိထား။” ချီကူယန်ရဲ့ အစွမ်းကို ဖန်ကျန်းရှီ ယုံပေမယ့် စစ်နတ်၁၂ပါးက ရင်ဆိုင်ဖို့ မလွယ်ဘူး။
နန်ကုန်းမုကို စစ်နတ်တွေ လက်ထဲကနေ တစ်ယောက်တည်း ကယ်ရမှာက အန္တရာယ် များလွန်းတယ်။
ဖန်ကျန်းရှီလဲ ဒီစစ်နတ်တွေ ဘယ်လောက် အင်အားကြီးမှန်း သေချာ မသိဘူး။ ဒါပေမယ့် နန်ကုန်းမုရဲ့ ခုခံစစ်ကို ချိုးဖျက် နိုင်တာ တစ်ခုတည်းနဲ့တင် သိသာနေပြီ။
သူတို့တွေ အင်အားကို ဖုံးကွယ်ထားတယ်။ အခု နတ်သစ်သီးက ဖျက်စီး ခံလိုက်ရပြီ။ ဒေါသ ထွက်နေတဲ့ စစ်နတ်တွေက စွမ်းအားတွေကို ဖုံးကွယ်ထားမှာ မဟုတ်တော့ဘူး။
ဖန်ကျန်းရှီ ချီကူယန်ကို တားချင်ပေမယ့် တားလို့ ရမှာ မဟုတ်မှန်း သူသိတယ်။ ဒါကြောင့် ဂရုစိုက်ဖို့သာ သူပြောတယ်။
“ယန်လေး။” ပင်းယန်လဲ စိတ်ပူနေတယ်။ စစ်နတ်တွေကတော့ ချီကူယန်ကို ချက်ခြင်း တိုက်ခိုက်ကြတယ်။
မိုးခြိမ်းသံတွေ လျှပ်စီးတန်းတွေ ထွက်ပေါ်လာပြီး အရမ်းကို မြန်မြန် ဆန်ဆန်နဲ့ ချီကူယန် အနားကို သူတို့ ရောက်လာတယ်။ ဒါပေမယ့် ချီကူယန်က အမြီးကြီးကို လှုပ်ယမ်းရင်း နန်ကုန်းမုကို ဆွဲခေါ်သွားတယ်။
“အတင့်ရဲလိုက်တာ။”
“ကောင်မလေး မင်းက နန်ကုန်းမုကို လုနိုင်အောင် တကယ် အင်အား ကြီးတာပဲ။”
စစ်နတ်တွေ လန့်သွားခဲ့တယ်။ မုချင်းဖန်းတို့ အုပ်စုကတော့ အဝေးကနေ သက်ပြင်းသာ ချနေမိတယ်။ ချီကူယန် လုပ်နိုင်မယ်လို့ သူတို့ မထင်ထား မိခဲ့ဘူး။
တကယ့်ကို အင်အားကြီးလွန်းတာပဲ။
ပင်းယန်နဲ့ ရန်ရွှယ်လဲ စိတ်သက်သာရာ ရသွားမိတယ်။ သူတို့တွေက ချီကူယန်ကို လိုက်မမှီ နိုင်ဘူး။ သူမက အရမ်းကို မြန်ဆန်လွန်းတယ်။ ဒါ့အပြင် အမြီးကြီးနဲ့ နန်ကုန်းမုကို အချိန်မှီ ဆွဲခေါ်နိုင်တယ်။ စစ်နတ်တွေကို တစ်ချက်လေးတောင် အခွင့်အရေး မပေးခဲ့ဘူး။
ဖန်ကျန်းရှီလဲ တွေးလိုက်မိတယ်။ ချီကူယန်က သူတွေးထားတာထက် ပိုပြီးတော့ အင်အား ကြီးတာပဲ။ ရုတ်တရက် နန်ကုန်းမုရဲ့ မျက်ဝန်းတွေကို သူ သတိ ထားမိ သွားတယ်။
“မဖြစ်ဘူး။ ယန်လေး။ နန်ကုန်းမုကို လွှတ်လိုက်။”
“ဟမ်။”
ဖန်ကျန်းရှီ စကားတောင် မဆုံးခင် အချိန်မှာပဲ ချီကူယန်က ချက်ခြင်း လွှတ်ချလိုက်တယ်။ ဒါပေမယ့် နန်ကုန်းမုကတော့ ချီကူယန်ရဲ့ ငယ်ထိပ်ကို လက်ဝါးနဲ့ ရိုက်ချ လိုက်ပြီ။
“မင်းက ငါ့ နတ်သစ်သီးကို ဖျက်စီးခဲ့တယ်။ သေလိုက်တော့။”
နတ်သစ်သီး ဖျက်စီး ခံရပြီးနောက် သူ့ကိုယ်သူ သတ်သေဖို့ တွေးခဲ့ပင်မယ့် သူရန်သူက သူ့ကို ကယ်တင် သွားတယ်။ အခုချိန်မှာ အမုန်းတရားတွေက ကောင်းကင်ကို ထိုးတက် နေခဲ့ပြီ။ ဖန်ကျန်းရှီကို သူသတ်ချင်တယ်။ ဒါ့အပြင် ချီကူယန်ကိုလဲ အလွတ် မပေးနိုင်ဘူး။
တိုက်ခိုက်ရမယ်။
ဖန်ကျန်းရှီ၊ ရန်ရွှယ် ချီကူယန် ပင်းယန် အကုန်လုံးကို သတ်ရမယ်။
နန်ကုန်းမု စိတ်ထဲမှာ အားလုံးကို သတ်ဖို့ အတွေးသာ ရှိတော့တယ်။
နတ်သစ်သီးကို မျက်စိကျတဲ့ ဘယ်သူ့ကို မဆို သတ်ပြစ်မယ်။
အားလုံး သေရမယ်။
“နေရာပြောင်း။” ချီကူယန်ရဲ့ ခေါင်းကို နန်ကုန်းမု ထိတော့မယ့် အချိန်မှာပဲ အထိတ်တလန့် အသံအတူ အပြာရောင် အလင်းတန်းက ချီကူယန်ရဲ့ ခန္ဒာကိုယ်ပေါ်မှာ တောက်ပ လာတော့တယ်။ အဲ့ဒီ့နောက် ချီကူယန် ပျောက်ကွယ် သွားပြီး ဖန်ကျန်းရှီက သူ့နေရာမှာ ဝင်ရောက်လာတယ်။
ချီကူယန်နဲ့ နေရာချင်း လဲလိုက်ပြီးချိန်မှာ နောက်ထပ် ကောင်းကင် တာအိုကို သူမသုံးနိုင် ခဲ့ဘူး။ နန်ကုန်းမု ရိုက်ချတာကို သူခံလိုက် ရတော့တယ်။
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ကျမ်းကောင်းကင်တောင်ပေါ်ကို လွင့်ကျ သွားပြီး ဖုန်တွေ ကြားမှာ ပျောက်ကွယ် သွားတယ်။
“အရှက် မရှိတဲ့ သူခိုးကောင်။” ချီကူယန်ရဲ့ မျက်ဝန်းတွေက ရဲရဲနီ သွားပြီးနောက် သူမ ချက်ခြင်း အောက်ကို ထိုးဆင်း သွားတယ်။
ရန်ရွှယ်လဲ သူနဲ့ အတူတူ ပြေးဆင်းတယ်။
“ကျန်းရှီ။” ရန်ရွှယ်ရဲ့ လှုပ်ရှားမှုကလဲ မြန်ဆန် လွန်းသလို သူလဲ စက္ကန့်ပိုင်း အတွင်း ဖုန်ထဲမှာ ပျောက်ကွယ် သွားတော့တယ်။
အပိုင်း (၁၀၅၉) ပြီး၏။
အပိုင်း (၁၀၆၀)
“အသက်။ သစ္စာ။ တာဝန်ကျေတဲ့ သူ။”
..
ရုတ်တရက် အလှည့်အပြောင်းက မြန်ဆန် လွန်းလှတယ်။ မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံးက မျက်လုံး အပြူးသား ဖြစ်နေရုံပဲ တတ်နိုင်တယ်။
နန်ကုန်းမု ရုတ်တရက်တိုက်ခိုက် လာမယ်လို့ ဘယ်သူမှ မထင်မှတ် ခဲ့မိဘူး။ ဖန်ကျန်းရှီ အသက်စတေးမှာကိုလဲ ဘယ်သူမှ ကြိုမသိ ခဲ့ပြန်ဘူး။
“နန်ကုန်းမု။”
မုချင်းဖန်း မျက်ဝန်းတွေ ရဲရဲနီ သွားခဲ့တယ်။
“ဟဟား။ ငါ တကယ် ဖန်ကျန်းရှီကို သတ်နိုင်ပြီ။ ငါ့နတ်သစ်သီးကို ဖျက်စီးခဲ့တဲ့ ကောင်ကို လက်စား ချေနိုင်ပြီ။” နန်ကုန်းမုက အသိ ပြန်ဝင် လာပြီးနောက် မျက်ရည်တွေ ကျတဲ့ အထိ တကိုယ်လုံး လှုပ်ခါပြီး ရယ်မော နေခဲ့တယ်။
“ဟဟဟား။ ဖန်ကျန်းရှီ ငါ့ကို သတ်မယ့်သူက ဒီလို အရင် သေသွားတယ်ပေါ့။” ထျောင်ဝူရဲ့ အသံကြီးကို ကြားလိုက် ရတယ်။ သူတင် မကဘူး ဟွမ်တွမ့်ပါ ရယ်မောနေတယ်။ သူတို့တွေ အားလုံးက ကျောက်တုံးတွေကို ခါချတော့တယ်။ ဖန်ကျန်းရှီ၊ ချီကူယန်နဲ့ ရန်ရွှယ်ကို သူတို့ မြေမြုပ်ပြစ်ချင်တယ်။
“ဖန်ကျန်းရှီ။ အား။ ဆရာ ကယ်တင်ပါ။” ဝူယွဲ့အာ စိတ်လွတ်ပြီး ခုန်ချဖို့ လုပ်ပေမယ့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သူ့ကို ဆွဲထားခဲ့တယ်။
“မဖြစ်ဘူး ယွဲ့အာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက တားတယ်။ သားရဲကောင်တွေက အခုချိန်မှာ ကျောက်တုံးတွေကို ဖြိုချနေတယ်။ သူတို့ ဆင်းရင် သူတို့ သေသွားလိမ့်မယ်။
ကျမ်းကောင်းကင်တောင် ပျက်စီးမှာကို ဘယ်သူက တားနိုင်မှာလဲ။
“ဖန်ကျန်းရှီ။” ယွင်ချင်းဝူက ဖုန်တွေထဲကို ကြည့်ရင်း ပြုံးလိုက်တယ်။ “ဒီတစ်ခေါက်တော့ နင် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး မလား။ အင်း။ နင် အသက်ရှင်တော့မှာ မဟုတ်ဘူး။ ဒီလို ဖြစ်မှတော့ ငါလဲ နင်နဲ့ အတူတူ လိုက်ခဲ့မယ်။ နင်တစ်ယောက်တည်း အထီး မကျန် စေရဘူး။”
ဝူယွဲ့အာနဲ့ ချည်နှောင် ထားတာကို ဖြတ်လိုက်ရင်း ယွင်ချင်းဝူ ခုန်ဆင်း သွားတော့တယ်။
“ယွင်ချင်းဝူ။” မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံး အော်လိုက်မိတယ်။ သူတို့ ဘယ်လိုများ မလန့်ပဲ နေမလဲ။ ယွင်ချင်းဝူက ဖန်ကျန်းရှီ နောက်ကို လိုက်ခုန်ချ သွားတယ်။
ဖန်ကျန်းရှီကို ကယ်တင်ဖို့ ချီကူယန်နဲ့ ရန်ရွှယ် ခုန်ချတာကို လက်ခံလို့ ရပေမယ့် ယွင်ချင်းဝူ ခုန်ချတာက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ။
“ချင်းဝူ။ ငါ့သမီးလေး။” အဝေးမှာ ပုန်းနေတဲ့ ဧကရီ ပိုင်ကျစ် ဟိန်းဟောက်လိုက်တယ်။
အခုချိန် အမြီး တစ်ချောင်း ပြတ်သွားပြီး ဖြစ်တဲ့ သူမက အဝေးမှာ ပုန်းအောင်းရင်း သူ့ရဲ့ သမီးလေး တောင်အောက် ခုန်ချ သွားတာကို ကြည့်နေ ခဲ့ရတာက သူ့လို အေးစက်သူကိုတောင် ထုံထိုင်း သွားစေတယ်။
ရတနာ တစ်ခုကို ပျောက်ဆုံး ပြီးမှသာ တန်ဖိုးသိနိုင်တယ်။
ဒီနှစ်တွေမှာ ဘယ်တုန်းကမှ လက်ထပ် ခဲ့တာကို အသိအမှတ် မပြုခဲ့ သလို ယွင်ချင်းဝူကိုလဲ သူလျစ်လျူရှု ခဲ့တယ်။ ဒါ့အပြင် ယွင်ချင်းဝူက မိစ္ဆာ အစစ် မဟုတ်ဘူး။ တစ်ချိန်က မြင့်မြတ် နယ်မြေမှာ အင်အား အကြီးဆုံးသူ အနေနဲ့ ဧကရီ ပိုင်ကျစ်က မောက်မာပြီး အေးစက်တယ်။ အညှာအတာ ကင်းမဲ့တယ်။ မိစ္ဆာတွေ အများကြီးကို သူအုပ်ချုပ်ခဲ့တယ်။
မြင်ကွင်းတွေက သူ့စိတ်ထဲကို အခုချိန်မှာ ဖြတ်သန်း ဝင်ရောက် လာခဲ့ပြီ။ ယွင်ချင်းဝူ တစ်နေ့မှာ နွံအိုင်ထဲကို ဝင်လာပြီး သူ့ကို မျက်နှာသေနဲ့ (မယ်တော်)လို့ ခေါ်ခဲ့တယ်။
“ချင်းဝူ။”
“ချင်းဝူ။ ငါ့သမီးလေး။”
အသက်ကြီး လာတဲ့ အချိန်မှာ မိသားစုကို ပိုပြီး တန်ဖိုးထားတတ် လာတတ်လို့ ပြောကြတယ်။ ဧကရီ ပိုင်ကျစ်က မအိုမင်း သေးပင်မယ့် အခု အချိန်က သူ့ဘဝမှာ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်ရပ် တစ်ခုပဲ။ သူမ နာကျင်ရလွန်းလို့ စဉ်းစား ဆင်ခြင် နိုင်စွမ်းတွေတောင် ပျောက်ဆုံး သွားခဲ့ရတယ်။
“ငါ့ သမီးလေး။ အမေလာပြီ။” ဧကရီ ပိုင်ကျစ် ထရပ်ရင်း ခုန်ချဖို့ ပြင်တယ်။
“အသုံးမကျလိုက်တဲ့ မိစ္ဆာ။ မင်းကိုယ်မင်း နတ်ဘုရား အဆင့် သားရဲကောင်လို့ ဘယ်လိုများ ခေါ်ဝံ့တာလဲ။ မိစ္ဆာတွေရဲ့ အနာဂတ်ကို မတွေးပဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်နေတာလား။” ထျောင်ဝူက ဧကရီ ပိုင်ကျစ်ကို ဆူပူရင်း ကျောက်တုံးတွေကို ဆက်ပြီး ဖြိုချနေတယ်။
နန်ကုန်းမုကတော့ လေထဲမှာ အော်ဟစ် ရယ်မော နေဆဲပဲ။ စစ်နတ်တွေကတော့ အေးစက်စက် ပြုံးနေခဲ့တယ်။ အချင်းချင်း တိုက်ကုန်ပြီ။
လူသားတွေက အမြဲ မပြောင်းလဲဘူး။ အတိတ် အချိန် တုန်းကလဲ ဒီလိုတွေ ဖြစ်ခဲ့လို့ လူသား လောကက အမြဲတမ်း ပြဿနာတွေ ရှုပ်တယ်။
“နန်ကုန်းမုကို ဖမ်း။” ဟုန်ယို့ အမိန့်ပေးတယ်။
အမိန့်အတိုင်းပါ။” ရယ်နေတဲ့ နန်ကုန်းမုကို စစ်နတ်တွေ ဝိုင်းလိုက်ကြတယ်။
“နတ်သစ်သီးကို လာလုတဲ့ မင်းတို့ အားလုံးလဲ သေရမယ်။” နန်ကုန်းမု အော်လိုက်ရင်း အသေအကျေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာပဲ ရဲရဲနီနေတဲ့ မီးတောက်တွေက နန်ကုန်းမု ခေါင်းပေါ်ကို ရောက်လာတော့တယ်။
“နန်ကုန်းမု သေတဲ့ အထိ ငါနင်နဲ့ တိုက်ခိုက်မယ်။” ပင်းယန် သူ့အစွမ်းသူ သိပေမယ့် နန်ကုန်းမု သူ့မျက်စိရှေ့မှာ ရပ်နေတာကို သည်းမခံ နိုင်ခဲ့ဘူး။ ပူပြင်းတဲ့ မီးတောက်တွေက သူမရဲ့ ဆံပင်တွေကိုတောင် လောင်မြိုက်နေခဲ့ပြီ။
ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ဧကရာဇ် အချစ်ဆုံး သမီးတော်။ ဒါပေမယ့် အခုချိန်မှာ သူမက တကိုယ်လုံး ဒေါသတွေ ဖုံးလွှမ်းပြီး သားရဲကောင် တစ်ကောင်လို ကြောက်စရာ ကောင်းနေခဲ့တယ်။
“ပင်းယန်။” စစ်နတ်တွေကိုသာ အာရုံ စိုက်နေခဲ့တဲ့ အတွက် အနားက ပင်းယန်ကို နန်ကုန်းမု လုံး၀ မေ့သွားခဲ့တယ်။ ပင်းယန် သူ့ကို အလစ် ဝင်တိုက်တာမျိုး လုပ်ခွင့် သူမပြုနိုင်ဘူး။ ဒါကြောင့် သူချက်ခြင်း လှုပ်ရှားတယ်။ ချီလင်လှံကို သူချက်ခြင်း ဖမ်းဆုပ်လိုက်တယ်။
မီးလျှံတွေက သူ့လက်ကို လောင်ကျွမ်းပေမယ့် နန်ကုန်းမုကတော့ ဘာမှမဖြစ် ခဲ့ဘူး။ ဒီအချိန်မှာပဲ ပင်းယန် လက်ထဲက ချီလင်လှံ ပြုတ်ကျ သွားတော့တယ်။
သူမ လက်ထဲက ချီလင်လှံကိုတောင် ပင်းယန် ဂရု မစိုက်တော့ပဲ နန်ကုန်းမုကို ကြောင်ရိုင်း တစ်ကောင်လို ဝင်ကိုက်တယ်။
“နင် နန်ကုန်းမုက ငါမင်းသမီးကို ဘယ်လိုလုပ် တိုက်ခိုက်ဝံ့တာလဲ။ နင့်အဆင့်နင် မသိဘူးလား။”
“အဆင့်။”
နန်ကုန်းမု လက်မောင်းက နာကျင်မှုကို ခံစားမိရင်း တကိုယ်လုံး တုန်ယင် သွားတော့တယ်။ သူ့ နာကျင်မှုက မကြီးပေမယ့် နန်ကုန်းမု လန့်သွားခဲ့တယ်။ ပင်းယန်က သူ့ကို ကုပ်တွယ် တက်နေရင်း လက်မောင်းကို ဖက်ကိုက် နေခဲ့တယ်။ နန်ကုန်းမုလဲ ချီလင်လှံကို လွှတ်ပေးလိုက်တယ်။
ပင်းယန်ကတော့ ချီလင်လှံကို ခြေထောက်နဲ့ လှမ်းကန်ရင်း ပြန်ဖမ်းဆွဲတယ်။ ချီလင်လံှရဲ့ ပွတ်တိုက် သွားမှုကြောင့် နန်ကုန်းမု မျက်နှာကနေ သွေးတွေ ဖြာထွက် လာပြီး မျက်နှာမှာ အမာရွတ် တစ်ခု ဖြစ်သွားခဲ့တယ်။
“ပင်းယန်။ မင်းက ငါ့ သစ်သီးကို ဖျက်ဆီးခဲ့တဲ့ သူပဲ။” နန်ကုန်းမုရဲ့ အသံက အေးစက်သွားတယ်။ ပင်းယန်ရဲ့ ထိပါးမှုတွေကြောင့် သူဒေါသ ထွက်လာခဲ့ပြီ။
ဖန်ကျန်းရှီတို့ အုပ်စုထဲမှာ မသတ်ရမယ့် လူတစ်ယောက်ကို ရွေးရမယ် ဆိုရင် ပင်းယန်ကို သူရွေးချယ်မယ်။ ပင်းယန်က အားနည်းတဲ့ အပြင် ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသမီး။ နန်ကုန်းမုက အဆင့်အတန်းတွေကို ဂရု မစိုက်ပေမယ့် နန်ကုန်း မျိုးနွယ်က ကြီးမြတ်သော ရှနိုင်ငံသားတွေ။
ငယ်ငယ်လေး တည်းကနေ သစ္စာတရား အကြောင်းကို လေ့ကျင့် သင်ကြား ပေးခံခဲ့ရတဲ့ သူက ပင်းယန်ကို မသတ်ချင်ပေမယ့် နောက်ဆုံးမှာတော့ ရိုက်ထုတ် လိုက်ရတော့တယ်။
ပင်းယန်ရဲ့ နှုတ်ခမ်းကနေ သွေးတွေ စီးကျလာပြီး ဖြူဖျော့ သွားပင်မယ့် သူမက လုံး၀ မလွှတ်ခဲ့ဘူး။ နန်ကုန်းမုကို ဘာမှ မပြောသလို မီးလျှံတွေကလဲ ပိုပြီးတော့ အားကောင်း လာနေတယ်။ စစ်နတ်တွေကတော့ အနားမှာသာ စိတ်ပျက်လက်ပျက် ကြည့်နေခဲ့တယ်။ လူသားတွေရဲ့ တိုက်ခိုက်မှုကို သူတို့ သဘောကျတယ်။
“စိတ်ဝင်စားစရာပဲ။ ဘယ်သူနိုင်မလဲ သိချင်ပေမယ့် စိတ်မရှည်ဘူး။ နှစ်ယောက်လုံးကို သတ်လိုက်တော့။”
စစ်နတ်တွေ ချက်ခြင်း တိုက်ခိုက်ကြတယ်။
“ပင်းယန် သွားမယ်။” နန်ကုန်းမုရဲ့ မျက်ဝန်းကနေ သွေးနီရောင် အလင်းတန်းတွေ ချက်ခြင်း တောက်ပလာတယ်။
“ထွီ။” ပင်းယန်လဲ ပါးစပ်ထဲက သွေးတွေကို နန်ကုန်းမုရဲ့ မျက်နှာ တည့်တည့် ထွေးချလိုက်တယ်။
အဲ့ဒီ့နောက် ပင်းယန် ပြုံးတယ်။
“နန်ကုန်းမု ငါဒီနေ့ နင်နဲ့ အတူတူ သေမယ်။” ပင်းယန် ဖြူဖျော့နေပြီး ပါးစောင်က သွေးတွေ ဆက်တိုက် စီးကျ နေပင်မယ့် သူမ လက်မလွှတ်ခဲ့ဘူး။ နန်ကုန်းမု လက်မောင်းကို ဆွဲထားရင်း ဆက်တိုက် ကန်နေခဲ့တယ်။ အရမ်းကို ရူးသွပ်ပြီး စစ်နတ်တွေကို ဂရုမစိုက် နိုင်တဲ့ အထိ သူမ စိတ်လွတ် နေခဲ့ပြီ။
“အတူတူ သေမယ်လား။” နန်ကုန်းမု တောင့်တင်း သွားတယ်။
စစ်နတ်တွေကို သူတစ်ချက် ကြည့်လိုက်တယ်။ ပင်းယန်ကို ကြည့်ရင်း သူ့စိတ်ထဲမှာ မကျေနပ် ချက်တွေ ပြည့်နှက်လာ တော့တယ်။
သူရှုံးသွားပြီ။ ဘယ်လောက်ပဲ လက်မခံနိုင်ပါစေ သူရှုံးသွားပြီ။
နတ်သစ်သီး ဖျက်စီး ခံလိုက် ရပြီးတော့ နတ်ဘုရား မုခ်ဝလဲ မပွင့်နိုင်တော့ဘူး။ နန်ကုန်းမျိုးနွယ်တွေရဲ့ တာဝန်ကလဲ မပြီးမြောက်နိုင်တော့ဘူး။ ဒါတောင်မှ သူက သူ့နိုင်ငံရဲ့ တော်ဝင် မင်းသမီးကို သတ်ချင် နေသေးတယ်။ တာဝန်မကျေပွန်တဲ့ သစ္စာဖောက်။
ဘန်း။ နန်ကုန်းမု မျက်နှာပေါ်ကို ပင်းယန်ရဲ့ ကန်ချက် ကျရောက် လာပြီး သူ့ခေါင်းက တစ်ဖက် စောင်းသွားခဲ့တယ်။ သူ့ပါးစပ်ကနေလဲ သွေးတွေ စီးကျလာတယ်။ ဒါက ပင်းယန်ကို လန့်သွားစေတယ်။
နန်ကုန်းမု ဘယ်လောက် စွမ်းမှန်း ပင်းယန် သိတယ်။ သူမ ဆက်တိုက် တိုက်ခိုက် နေပင်မယ့် သူ့ကို ထိဖို့တောင် မလွယ်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ ထိသွားခဲ့တယ်။
နန်ကုန်းမုကိုသတ်။ ဒီသစ္စာဖောက်ကိုသတ်။
ပင်းယန် ဆက်တိုက် အထိနာအောင် ကန်ကျောက် နေမိတယ်။ ဒီမြင်ကွင်းက မမျှော်လင့် ထားလောက်အောင် ဖြစ်နေတဲ့ အတွက် မုချင်းဖန်းတို့တောင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။ ပင်းယန်က နန်ကုန်းမုကို ရိုက်နှက် နေတာလား။
“အရှင်မင်းသမီးက ငါ့ကို တကယ် သတ်ချင်တာလား။” နန်ကုန်းမု မေးတယ်။ သူ့အကြည့်က လွတ်မြောက်ချင်စိတ်တွေ အပြည့်ပါဝင် နေတယ်။
“သစ္စာဖောက်ကောင် သောက်ပါးစပ်ကို ပိတ်ထားစမ်း။ ငါ့ကို အရှင်မင်းသမီးလို့ ခေါ်ဝံ့သေးတယ်ပေါ့။ ငါနင့်ကို သတ်ချင်တယ်။ ဖန်ကျန်းရှီနဲ့ မမယန်လေးနဲ့ အတူတူ သေစေချင်တယ်။” ပင်းယန် လက်တွေ ခြေတွေ အားလုံး သုံးပြီး တိုက်ခိုက်ရင်း ပြောတော့တယ်။
“ဟဟား။ ကောင်းပြီလေ။ အတူတူ သေကြတာပေါ့။” နန်ကုန်းမု ပြောရင်း အောက်ကို ထိုးဆင်း သွားတော့တယ်။
“ပြေးချင်တယ်ပေါ့။”
“တားစမ်း။” စစ်နတ်တွေ တားဖို့ ကြိုးစားပေမယ့် နန်ကုန်းမု ကိုယ်ကနေ သစ်ကိုင်းတွေ ရုတ်တရက် ထိုးထွက် လာပြီး အားလုံးကို အနားမကပ်နိုင်အောင် ဖြစ်သွား စေခဲ့တယ်။ သူတို့တွေ ဆက်တိုက် ပြုတ်ကျနေတယ်။
နန်ကုန်းမုနဲ့ ပင်းယန်က အရမ်းကို မြန်မြန် ပြုတ်ကျသွားတယ်။
“ညီနောင် ဆက်လိုက်မှာလား။” ဟုန်ယို့ကို စစ်နတ်တွေ မေးတယ်။
“မလိုဘူး။” ဟုန်ယို့ကတော့ အရမ်းကို မျက်နှာ ပျက်နေခဲ့ပြီ။ သားရဲကောင်တွေက အခုထိ တူးနေကြတုန်းပဲ။
“ထားလိုက်တော့ နတ်သစ်သီးလဲ မရှိတော့ဘူး။ နတ်ဘုရား မုခ်ဝလဲ တစ်သက်လုံး မပွင့်တော့ဘူး။ လူသားတွေကလဲ ငါတို့ အတွက် ပြဿနာ မဟုတ်တော့ဘူး။ ဒီတော့ မိစ္ဆာ မျိုးနွယ်တွေကို သတ်ဖို့ပဲ လိုတော့မယ်။ ဒါဆို ကိစ္စ ရှင်းပြီ။”
“နားလည်ပါပြီ။”
လူသား မျိုးနွယ်တွေရဲ့ ခြိမ်းခြောက်မှု မရှိတော့ရင် မိစ္ဆာတွေသာ ကျန်ရစ်မယ်။ နတ်ဆိုး မျိုးနွယ်က လောကကြီးကို အုပ်စိုးနိုင်ဖို့ ၇၀ %သေချာ နေခဲ့ပြီ။
အပိုင်း (၁၀၆၀) ပြီး၏။