အပိုင်း (၁၀၆၁-၁၀၇၀)
Vol. 11 Ch. 1061-1070
အပိုင်း (၁၀၆၁)
“နောက်ထပ် အလှည့်အပြောင်း တစ်ခု။ နောက်ဆုံး ခေတ်ကို ရောက်ရှိခြင်း။”
..
နောက်ထပ် ဘာမှ မပြောတော့ပဲ ဟုန်ယို့က သူ့အောက်ကို အေးစက်စက် ကြည့်နေခဲ့တယ်။ နတ်သစ်ပင် သစ်သီးက နတ်ဆိုး မျိုးနွယ် အတွက် အရမ်းကို အရေးကြီးလွန်း လှတယ်။ သူတို့သာ ရနိုင်မယ် ဆိုရင် ကိစ္စကောင်း ဖြစ်ပေမယ့် မရနိုင်ရင်တော့ ဖျက်စီး ခံရလဲ ကိစ္စ မရှိဘူး။
ချုံးချီနဲ့ တိုက်ခိုက်နေတဲ့ ရွှမ်ယွမ်ဝူက ဟိန်းဟောက်လိုက်ရင်း ချုံးချီကို ရိုက်ချပြစ်တယ်။
“ဟဟား ရွှမ်ယွမ်ဝူ။ အခုတော့ အင်အားကြီး လူတွေ အားလုံး သေကုန်ပြီ။ မင်း မိစ္ဆာ မျိုးနွယ်ဆီ ပြန်လာဖို့ စဉ်းစား ချင်သေးလား။ မင်းလဲ လူသား တစ်ယောက် ပိုင်တဲ့ ပစ္စည်း ဘဝကနေ လွတ်တော့မှာပေါ့။” ချုံးချီက သွေးတွေကို ထွေးထုတ်ရင် ရယ်မော နေခဲ့တယ်။
“ချုံးချီ။” ရွှမ်ယွမ်ဝူ ဒေါသ ထွက်နေပင်မယ့် စိတ်မလွတ် ခဲ့ဘူး။ အခုချိန်မှာ လူသား မျိုးနွယ်တွေက အရမ်းကို အရေးနိမ့် နေခဲ့ပြီ။ ဖန်ကျန်းရှီနဲ့ တခြားသူတွေ အားလုံးက ကျမ်းကောင်းကင် တောင်အောက်ကိုသာ ကျသွားရင် သေချာပေါက် သေကြလိမ့်မယ်။ ကျန်ရစ်နေတဲ့ မုချင်းဖန်းတို့ကလဲ သားရဲကောင်တွေကို တိုက်ခိုက် နိုင်မှာ မဟုတ်ဘူး။
ဘယ် နတ်သခင် မဆို သူတို့ကို သတ်ဖို့ အလွယ်လေးပဲ။
ရွှမ်ယွမ်ဝူလဲ ဖန်ကျန်းရှီကို ကယ်တင်ဖို့ အောက်ကို ထိုးဆင်း ချင်ပေမယ့် ဟွမ်တွမ့်နဲ့ ထျောင်ဝူက ကျောက်တုံးတွေကို တွန်းချနေတဲ့ အတွက် မဖြစ်နိုင်ခဲ့ဘူး။
“ရွှမ်ယွမ်ဝူ မင်း တိုက်ခိုက်ချင်သေးတာလား။” ချုံးချီက တကယ့်ကို မောပန်း နေခဲ့ပြီ။ ရွှမ်ယွမ်ဝူကတော့ နံပါတ်တစ် နတ်သားရဲကောင် ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တဲ့ အထိ သန်မာနေတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် သူအရမ်းကို အန္တရာယ် များလိမ့်မယ်။
ဒါပေမယ့် ရွှမ်ယွမ်ဝူကို သူမနိုင်နိုင်မှန်း သိနေတာတောင် အရမ်းကို တည်ငြိမ် နေဆဲပဲ။ အခုချိန်မှာ သူက ထွက်ပြေးဖို့တောင် မပြင်ခဲ့ဘူး။ ရွှမ်ယွမ်ဝူက သူနဲ့ ဆက်တိုက်ခိုက်ဖို့ အားကုန် ခံတော့မှာ မဟုတ်မှန်း သူနားလည် သွားခဲ့တယ်။
အကြောင်းအရင်းကတော့ ရှင်းပါတယ်။ မိစ္ဆာ မုခ်ဝကနေ ဆင်းလာတဲ့ နတ်သားရဲတွေ အားလုံးကို ရွှမ်ယွမ်ဝူ တစ်ယောက်တည်း တားနိုင်မှာ မဟုတ်လို့ပဲ။
“ဆရာကြီး ကျေးဇူးပြုပြီး ကျန်းရှီကို ကယ်တင်ပေးပါ။” ဝူယွဲ့အာ အရမ်းကို နာနာကျင်ကျင်နဲ့ ပြောတယ်။
“သွားတော့။”
“ဆရာကြီး။”
“မင်းတို့ မသွားရင် ငါ ကယ်နိုင်မှာ မဟုတ်ဘူး။” ရွှမ်ယွမ်ဝူ ပြောတယ်။
မုချင်းဖန်းတို့လဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိတယ်။ ရွှမ်ယွမ်ဝူ ပြောတာကို သူတို့ နားလည်ကြတယ်။ ကျမ်းကောင်းကင်တောင်က ပျက်စီးလု နီးပါး ဖြစ်နေပြီ။ ဒါ့အပြင် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေလဲ ဆက်တိုက် ဆင်းသက် လာနေတယ်။ သူတို့တွေ ဆက်နေလို့ အသုံးမဝင်တော့ဘူ။
“ယွဲ့အာ သွားမယ်။” ကောင်းကင်အိုအေစစ် သုခမိန်ကြီးလဲ ဖန်ကျန်းရှီကို ကယ်တင် ချင်ပေမယ့် ရွှမ်ယွမ်ဝူတောင် မလုပ်နိုင်တဲ့ ကိစ္စကို သူက ဘယ်လိုများ လုပ်နိုင်မှာလဲ။
“သေရင်တောင် ဖန်ကျန်းရှီနဲ့ အတူတူ သေမယ် မသွားဘူး။ ယွင်ချင်းဝူတောင် လုပ်နိုင်ရင်။ ငါ ဝူယွဲ့အာက ဘယ်လိုများ မလုပ်နိုင် ရမှာလဲ။” ဝူယွဲ့အာ အစွမ်းကုန် ရုန်းကန် နေခဲ့တယ်။
“ယွဲ့အာ။ မင်းပါ သေသွားရင် ဖန်ကျန်းရှီရဲ့ မိဘတွေကို ဘယ်လို လုပ်မလဲ။”
“သူ့ မိဘတွေ။”
“ဟုတ်တယ်။ ဖန်ကျန်းရှီ ဘာကို ဂရုအစိုက်ဆုံးလဲ ဆိုတာ မင်းသိတယ် မလား။ ဒါ့အပြင် လက်ရှိ အခြေအနေမှာ ဘာ ဆက်ဖြစ်မလဲ မင်း မသိနိုင်ဘူး။”
“ဘာတွေ ဆက်ဖြစ် နိုင်မှာလဲ။” ဝူယွဲ့အာ တွေးမိတယ်။ ပညာရှင်တွေက မုခ်ဝတွေကနေ ဆက်တိုက် ဆင်းသက် လာနေခဲ့ပြီ။ စစ်နတ်တွေကလဲ သူတို့ရဲ့ လူတွေကို စောင့်ဆိုင်းနေခဲ့တယ်။
လောကကြီးက ပြောင်းလဲ နေပြီ။ အတိတ်နဲ့ မတူတော့ဘူး။ အခုချိန်မှာ အင်အားကြီး နတ်ဆိုး မိစ္ဆာတွေက လုပ်ချင်ရာ လုပ်နိုင်တော့မယ့် အခြေအနေကို ရောက်နေခဲ့ပြီ။ ဒါကြောင့် လူသား မျိုးနွယ် ဆက်တည်ရှိဖို့ ဆိုတာ ဖြစ်နိုင်မှာလား။
နိုင်ငံတော်ကြီး လေးခုကရော အရင်လို ကျယ်ပြော နိုင်အုန်းမလား။ ဝူယွဲ့အာရဲ့ အမူအယာ ပြောင်းလဲ သွားတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောချင်တာကို သူမ နားလည်တယ်။ ဖန်ကျန်းရှီရဲ့ မိဘတွေက ဒီလို ကြောက်စရာ လောက အပြောင်းအလဲမှာ အသက်ရှင်အောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ မလွယ်ဘူး။
“ယွဲ့အာ သွားမယ်။ မင်းဒီလို လုပ်လို့ မဖြစ်ဘူး။ ဖန်ကျန်းရှီက နောက်ထပ် အခွင့်အရေး ရှိမှာပါ။ သူ မသေနိုင်ပါဘူး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။
“ဆရာ။ ဖန်ကျန်းရှီ ပြန်လာမှာ မလား။ လူသားတွေ နောက်ထပ် ရှင်သန်ခွင့် ရှိအုန်းမှာမလား။”
“သေချာပေါက် ရှိမှာ။”
ဝုန်း။
ဒီအချိန်မှာပဲ ကျမ်းကောင်းကင်တောင်ကနေ အလင်းတန်းကြီး တစ်ခု တောက်ပလာပြီး ကောင်းကင်ပေါ်ကို ထိုးတက် သွားတော့တယ်။ အလင်းတန်းတွေက ဆက်တိုက် ဆိုသလို ပေါက်ကွဲရင်း စူးရှတဲ့ အရှိန်အဝါတွေကို ထုတ်ဖော်နေတယ်။ နွေးထွေးပြီး အားကောင်းတဲ့ အသက်စွမ်းအားလဲ ထွက်ပေါ် လာခဲ့တယ်။
“အဲ့တာ ဘာကြီးလဲ။” ဝူယွဲ့အာ မြောက်ရွာကို သွားပြီး ဖန်ကျန်းရှီ မိဘတွေကို ကာကွယ်ဖို့ ဆုံးဖြတ် လိုက်ခဲ့ပေမယ့်၊ အပြောင်းအလဲကို မြင်ချိန်မှာတော့ သူမ စိတ်ထဲ လှုပ်ရှား သွားခဲ့တယ်။
“ဒီအလင်းတန်းတွေ ဘယ်က ရောက်လာတာလဲ။”
ဝူယွဲ့အာတို့တင် မကဘူး တခြား မိစ္ဆာ နတ်ဆိုးတွေပါ မျက်လုံး အပြူးသားနဲ့ ကြည့်နေ ခဲ့ကြပြီ။ အားလုံးက မျက်လုံး ပြူးနေကြတယ်။
“ထူးဆန်းတဲ့ ဖြစ်ရပ်လား။ ဖန်ကျန်းရှီ မသေဘူးလား။” စစ်နတ် တစ်ပါး မေးတယ်။
“မဟုတ်ဘူး။ ဒီအရှိန်အဝါက လူသား အရှိန်အဝါ မဟုတ်ဘူး။ နန်ကုန်းမုရဲ့ နတ်သစ်သီးလို အရှိန်အဝါမျိုးပဲ။ ကွာတော့ ကွာတယ်။” ဟုန်ယို့ ရှင်းပြတယ်။
“အဲ့တာ ဘာဖြစ်မလဲ။”
“ကျမ်းကောင်းကင် တောင်အောက်မှာ တစ်ခုခု ရှိနေတယ်။” ရွှမ်ယွမ်ဝူ ပြောလိုက်တယ်။
“ဝေါင်း။” ဟွမ်တွမ့်က ပါးစပ်ကြီးကို ဟရင်း ဟိန်းဟောက်တယ်။ သူ့ခန္ဒာကိုယ်ကြီးက တဖြည်းဖြည်းချင်း ပိုကြီးမား လာခဲ့ပြီ။ ထျောင်ဝူလဲ အတူတူပဲ။ ချုံးချီလဲ အသက်စွမ်းအားကို ခံစားမိတယ်။
“ကျမ်းကောင်ကင် တောင်အောက်မှာ တစ်ခုခု တကယ် ရှိနေတယ်။” ရွှမ်ယွမ်ဝူ လှမ်းအော်တယ်။ သူက နံပါတ်တစ် နတ်သားရဲကောင် ဖြစ်တဲ့ အတွက် အာရုံခံစားနိုင်စွမ်း မြင့်မားတယ်
မုချင်းဖန်းကတော့ စိတ်ရှုပ်ထွေး သွားတယ်။ တောင်အောက်မှာ ဘာရှိ နိုင်တာလဲ။ တောင်အောက်မှာ တစ်ခုခုကို မြုပ်နှံ ထားတယ်လို့ ဘယ် စာအုပ်ကမှ မှတ်တမ်း တင်မထားဘူး။
ဒီလို ကြီးမားတဲ့ တောင်ကြီး အောက်မှာ တစ်ခုခု ရှိနေရင် ဘာဖြစ်လို့ ရှာမတွေ့ ရမှာလဲ။
“ငါ့ အထင် ကျမ်းကောင်းကင် တောင်ထဲကို နတ်သစ်သီးရဲ့ အစွမ်းက ရောက်သွားလို့ အပြောင်းအလဲ တစ်ခုခု ဖြစ်လာတဲ့ ပုံစံပဲ။ ဒါပေမယ့် အသက်စွမ်းအား တစ်ခုတည်းနဲ့ ဒီလောက် အပြောင်းအလဲ မကြီးနိုင်ဘူး။ ကျမ်းကောင်းကင်တောင် ထဲမှာ တစ်ခုခု ရှိနေလိမ့်မယ်။” ရွှမ်ယွမ်ဝူ ပြောတယ်။
ဒီအချိန်မှာပဲ တောင်အောက်က ကျောက်တုံးတွေ နောက်တစ်ကြိမ် တောက်ပ လာပြန်တယ်။ ဒီတစ်ခေါက်မှာတော့ တောက်ပမှုက ပြောင်းလဲ သွားခဲ့ပြီ။ ကြီးမားတဲ့ ပန်းချီကားကြီး တစ်ချပ် အသွင်ကို ပြောင်းလဲ သွားတော့တယ်။
ရှေးဟောင်း စစ်မြေပြင်လိုပဲ နေရာကြီး တစ်ခုလုံးမှာ ပျက်စီးနေတဲ့ လက်နက်တွေ ပြည့်နေခဲ့တယ်။ တောင်ကြီးက အရမ်းကို မြင့်မားလွန်းပြီး တိမ်တိုက် မြူနှင်းတွေလဲ ရှိနေခဲ့တယ်။
“ဒါ ဒါကြီးက။” ရွှမ်ယွမ်ဝူ စစ်မြေပြင်ကို ကြည့်ရင်း မျက်လုံး ပြူးသွားခဲ့တယ်။ ပန်းချီကားထဲကလို တောင်တွေ ရှုခင်းတွေကို သူတစ်ခုချင်း သေချာ ကြည့်တယ်။
“အရှင် ရွှမ်ယွမ်ဝူ ဒီနေရာကို မှတ်မိလို့လား။” မုချင်းဖန်း မေးတယ်။
“အရမ်း ရင်းနှီးတယ်။ ငါချက်ခြင်း စဉ်းစား မရဘူး။ အရင်က ရောက်ဖူး သလိုပဲ။” ရွှမ်ယွမ်ဝူ ပြောတယ်။
“အရင်က ရောက်ဖူးတာလား။”
ရွှမ်ယွမ်ဝူက နံပါတ်တစ် သားရဲကောင်။ ဧကရာဇ် ဟွမ်ရဲ့ မိသားစုဝင်။ သူရင်းနှီးနေတဲ့ မြင်ကွင်း ဆိုရင်တော့ ဒါက သေချာပေါက် ရှေးခေတ်က မြင်ကွင်းပဲ ဖြစ်ရမယ်။ ဒီမြင်ကွင်းက ဘယ်လိုလုပ် ကျမ်းကောင်းကင် တောင်မှာ ပေါ်လာတာလဲ။ ဒါ့အပြင် ကျမ်းကောင်းကင် တောင်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ။
“ညီနောင်တို့ ရွှမ်ယွမ်ဝူ ပြောနေတယ် ဒီနေရာကို သူရောက်ဖူးတယ်တဲ့။ မင်းတို့ မှတ်မိကြလား။” စစ်နတ် ဘုရား တစ်ယောက် ပြောတယ်။
“ငါတော့ မမှတ်မိဘူး။” ဟုန်ယို့ ခေါင်းခါတယ်။
သူ့ရှေ့မှာ ရှိနေတာက ရှေးဟောင်း စစ်မြေပြင် ဖြစ်ပေမယ့် တောင်တန်းကြီးကိုတော့ သူမှတ်မိဘူး။ သူမှတ်မိနေတဲ့ စစ်မြေပြင်က လုံး၀ မြေပြန့်မှာ ဖြစ်ခဲ့တာ။ ချီယို့ တပ်ဖွဲ့နဲ့ ဧကရာဇ်တွေ တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက ဒီရှုခင်းကို သူမတွေ့ခဲ့ဘူး။
ချုံးချီနဲ့ သားရဲကောင်တွေကတော့ အထဲက လာနေတဲ့ စွမ်းအားတွေကို ခံစား မိပေမယ့် သူတို့တွေလဲ စဉ်းစား မရခဲ့ဘူး။
“ဘယ်နေရာ ပါလိမ့်။”
မကြာခင်မှာပဲ မြေပြင် အပြောင်းအလဲတွေ ဖြစ်လာ ခဲ့တဲ့ အတွက် သူတို့တွေ စဉ်းစားတာ ရပ်လိုက် ကြတော့တယ်။
တောင်ကျောက်တုံးတွေက စတင် ရွေ့လျား နေခဲ့ပြီ။ ထျောင်ဝူနဲ့ ဟွမ်တွမ့် ဖျက်စီး သလို မဟုတ်ပဲ စိမ်းစိုတဲ့ မြက်ပင်တွေက တောင်ကြီးပေါ်မှာ စတင် ပေါ်ထွက် လာတော့တယ်။ ဒါ့အပြင် မြက်တွေက အရမ်းကို အားကောင်းတယ်။ တောင်ကြီး တစ်ခုလုံး ချက်ခြင်း ဆိုသလို စိမ်းစို သွားခဲ့ပြီ။ သစ်ပင်တွေလဲ အတူတူ တိုးထွက်လာ ခဲ့တယ်။
ကျောက်တုံးကနေ အပင်တွေ ပေါက်လာတာလား။ အားလုံးက အထိတ်တလန့် ကြည့်နေမိတယ်။ ဒီလို ကိစ္စမျိုး တကယ် ဖြစ်နိုင်တယ်ပေါ့။
ဘာအစေ့မှ မရှိပဲ ဒီလို အခြေအနေမှာ ပေါက်ရောက် နိုင်တာ ဘယ်လောက်တောင် အံ့သြ စရာ ကောင်းလိုက်သလဲ။ အသက် စွမ်းအားက ကျမ်းကောင်းကင် တောင်မှာ ဆက်တိုက် ဆိုသလို အားကောင်း လာနေတယ်။ အလင်းတန်းတွေ တစ်ခုခု ပြီးတစ်ခု ထွက်လာနေရင်း ကောင်းကင် တစ်ခုလုံးကို မြင့်မြတ်တဲ့ အလင်းရောင်တွေက လွှမ်းခြုံ နေခဲ့ပါပြီ။
သွေးတွေက တောင်ထဲမှာ စီးဆင်းနေပြီး သစ်တောထဲမှာ မရေမတွက်နိုင်တဲ့ အလောင်းတွေက ထပ်နေခဲ့တယ်။ သစ်ပင်တွေက ဖျက်စီး ခံရပြီး မြေပြင်ကလဲ အရိုးတွေနဲ့ အတူတူ ညစ်ညမ်း သွားပြန်တယ်။ သေခြင်း အငွေ့အသက်က နောက်တစ်ခေါက် ထွက်ပေါ် လာတယ်။
ရှင်သန်ခြင်းနဲ့ သေခြင်း တရားက တစ်လှည့်စီ ဖြစ်ပေါ် နေပြီး ချိန်မှာပဲ သစ်ပင်တွေ ကြားမှာ အနီ၊ အဝါ၊ အပြာနဲ့ ခရမ်းရောင် ပန်းပွင့်တွေ ပွင့်လာ ပြန်တော့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။” မုချင်းဖန်းက လန့်လွန်းလို့ ထွက်ပြေးဖို့တောင် မေ့နေခဲ့ပြီ။ ထူးဆန်းတဲ့ မြင်ကွင်းကို သူစိုက်ကြည့် နေမိတယ်။ ဒီမြင်ကွင်းကို ပုံမှန် စကားနဲ့ ရှင်းပြလို့တောင် မရနိုင်ဘူး။ ဒါ့အပြင် ပန်းပွင့်တွေက ဆက်တိုက် ပွင့်လန်း နေရင်း ပန်းရနံ့တွေက လေထဲကို ပျံ့လွင့် လာခဲ့တယ်။
အဖြူရောင် တိမ်တိုက်တွေလဲ မြူနှင်းတွေထဲမှာ ပေါ်လာခဲ့ပြီ။
ရွှမ်ယွမ်ဝူ တကိုယ်လုံး တုန်ခါ သွားတယ်။ ပန်းနံ့တွေက သူ့ကို အသက်ရှူ နှေးသွားစေပြီး တကိုယ်လုံးကို သက်တောင့် သက်သာ ဖြစ်လာစေတယ်။ ဒီခံစားချက်က ထူးခြားလွန်းတယ်။
ချုံးချီနဲ့ တိုက်ခိုက်တုန်းက ကုန်ဆုံး သွားခဲ့တဲ့ စွမ်းအားတွေတောင် အကုန် ပြည့်လာ သလိုပဲ။ သူ့ခန္ဒာကိုယ်မှာ ရွှေရောင် အလင်းတန်းတွေ တောက်ပလာတယ်။
“ဒီ ပန်းတွေက တစ်ခုခုတော့ မဟုတ်သေးဘူး။” ရွှမ်ယွမ်ဝူ အသက်စွမ်းအားကို သေချာ ခံစားမိတယ်။ သားရဲကောင်တွေလဲ အတူတူပဲ။ သူတို့ ပါးစပ် ဖွင့်ရင်း ပန်းရနံ့တွေကို စုပ်ယူတယ်။ အလင်းတန်းတွေ သူတို့ ခန္ဒာကိုယ်မှာ စီးဆင်းပြီး စွမ်းအားတွေက ပိုအားကောင်း လာခဲ့ပြီ။
“ညီကိုတို့။ ဒီပန်းအနံ့က ငါတို့ စွမ်းအားကို ပြန်ပြည့်လာ စေတာပဲ။” သားရဲကောင် တစ်ကောင် ပြောတယ်။
“အဲ့တာ စွမ်းအား အရင်းအမြစ်ပဲ။” ဟုန်ယို့ မျက်ဝန်းတွေ ချက်ခြင်း တောက်ပလာတယ်။
ရှေးရှေး ခေတ်တုန်းက လောက တစ်ခွင်လုံး စွမ်းအား အရင်းအမြစ်တွေ အပြည့် ရှိခဲ့ဖူးတယ်။ ဒီခံစားချက်ကို သူခံစား မိပေမယ့် မုခ်ဝကနေ ပြန်ဆင်းသက် လာချိန်မှာ ဒီလောကကြီးရဲ့ စွမ်းအားတွေ အများကြီး အားနည်း နေတာကို သူသတိ ထားမိလိုက်တယ်။
ဒါပေမယ့် ပန်းရနံ့တွေကို ရှူရှိုက်လိုက်ချိန် မှာတော့ အားကောင်းတဲ့ စွမ်းအား အရင်းအမြစ် ရနံ့ကို သူသဘောပေါက် သွားတော့တယ်။
ဒီစွမ်းအား အရင်းအမြစ်က ရှေးရှေး ခေတ်ကထက် သာလွန်တယ်။
ဝုန်။ ဒီအချိန်မှာပဲ ပန်းပွင့်ကြီး တစ်ပွင့် ကြွေကျသွားပြီး အနီရောင် သစ်သီး တစ်လုံးက ပန်းပွင့် ပြုတ်ကျတဲ့ နေရာမှာ ဖြစ်ပေါ်လာတယ်။
သွေးလို ရဲရဲနီနေပြီး သန်မာတဲ့ အသက်စွမ်းအားကို သူထုတ်လွှတ် နေခဲ့တယ်။
“သစ်သီး။” ရွှမ်ယွမ်ဝူ သစ်သီးကို ကြည့်ရင်းချက်ခြင်း ပြေးထွက် သွားမိတယ်။
ချုံးချီနဲ့ သားရဲကောင်တွေလဲ အတူတူပဲ လှုပ်ရှားကြတယ်။
“ရွှမ်ယွမ်ဝူကို တားကြ။” ချုံးချီ အော်လိုက်တယ်။
“ဟမ့် မင်းတားလေ။” ဟွမ်တွမ့် ပြန်အော်တယ်။
ထျောင်ဝူကတော့ အားကုန် သုံးပြီး ပြေးနေခဲ့ပြီ။ သစ်သီးကို တစ်လုပ်တည်းနဲ့ မျိုချ ချင်တဲ့ အတိုင်း မီးဝင်းဝင်းတောက်တဲ့ မျက်ဝန်းတွေနဲ့ သူပြေးနေခဲ့တယ်။
သူတို့တွေ အသီးနား မရောက်ခင် အရိပ် တစ်ခု ပေါ်လာပြီးနောက် သစ်သီးက ပျောက်ကွယ် သွားတယ်။
အပိုင်း (၁၀၆၁) ပြီး၏။
အပိုင်း (၁၀၆၂)
“နတ်ဘုရား အရင်းအမြစ်မြေကိုထိုးဖောက်ဝင်ရောက်ခြင်း။”
..
ဒီအရိပ်က ရွှမ်ယွမ်ဝူတို့လောက် မမြန်ပေမယ့် သူကအရင်ဆုံး ရောက်သွားခဲ့တယ်။
“အဲ့တာ ဘယ်သူလဲ။”
“ငါတို့ လက်ထဲက သစ်သီးကို ဘယ်သူ လုဝံ့တာလဲ။”
သားရဲကောင် သုံးကောင် ဒေါသ ထွက်နေ ချိန်မှာပဲ မထင်မှတ် ထားသူက ပေါ်လာတော့တယ်။ နှင်းလို ဖြူဖွေးနေတဲ့ အမွှေးတွေ အပြည့်နဲ့ ခန္ဒာကိုယ်က သားရဲကောင် သုံးကောင်နဲ့ အရွယ်တူ နီးပါး ရှိတယ်။
ဒါ့အပြင် သူ့အမြီးတွေက မြေပြင်ကို ဆက်တိုက် ရိုက်ခတ်နေတယ်။
“အဲ့တာ ပိုင်ကျစ်ပဲ။”
မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံး ဒဏ်ရာရနေတဲ့ ဧကရီ ပိုင်ကျစ် ကျောက်တုံးတွေ နောက်မှာ ပုန်းနေခဲ့တာကို သတိ ရသွားတော့တယ်။
သားရဲကောင် သုံးကောင်လဲ မျက်လုံး ပြူးကုန်တယ်။ ဧကရီ ပိုင်ကျစ်က အသီး ကျမယ့် နေရာကို ခန့်မှန်းပြီး သူတို့ထက် အရင် လှုပ်ရှားခဲ့တယ်။
ဧကရီ ပိုင်ကျစ်က လက်သည်း တစ်ဖက်ကို ရှေ့ထုတ်လိုက်ရင်း ကောင်းကင်ကို မော့ပြီး ဟိန်းဟောက်တော့တယ်။
ဧကရီ ပိုင်ကျစ်က တိုက်ခိုက်ချိန်တိုင်းမှာ မူလ အသွင်ကို ယူတတ်တယ်။ သူမရဲ့ အကောင်းဆုံး ပါရမီကတော့ အာရုံခံနိုင် စွမ်းပဲ။ အာရုံခံနိုင် စွမ်းက ရွှမ်ယွမ်ဟွမ်တို့ထက် ပိုပြီးတော့ သာလွန်တယ်။
သူမက သစ်သီး ကျမှာကို သိသိချင်း ပြေးသွားပြီး သားရဲကောင်တွေ ရှေ့မှာပဲ သစ်သီးကို မျိုချ လိုက်တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ ခန္ဒာကိုယ် ပတ်ပတ်လည်မှာ ထူးခြားတဲ့ အရှိန်အဝါတွေက ဝေ့၀ဲ ထွက်ပေါ် လာပြီး ပန်းပွင့်တွေ မြက်ပင်တွေ အားလုံးက လွင့်ထွက် ကုန်တော့တယ်။
ဒီမြင်ကွင်းက မြင်ရတာ လှပလွန်းပေမယ့် မကြာခင်မှာပဲ ဧကရီ ပိုင်ကျစ်ရဲ့ ပြတ်ထွက် သွားတဲ့ အမြီးက အသစ် ပေါက်လာတာကို မြင်လိုက် ရပြန်တယ်။ ဒီတစ်ခေါက် အမြီးက ပိုပြီးတော့ တောက်ပ နေခဲ့တယ်။
“မင်းက ငါတို့ သစ်သီးကို လုဝံ့တယ်ပေါ့။”
“သူ့ကို သတ်။”
မိစ္ဆာ အချင်းချင်း ဖြစ်ပေမယ့် သစ်သီးကို အလုခံလိုက် ရတဲ့ အတွက် သားရဲကောင် သုံးကောင်က တောင်ကြီးတွေလို လှုပ်ရှား တိုက်ခိုက် ကြတော့တယ်။
ဧကရီ ပိုင်ကျစ်ကတော့ သူမရဲ့ မျက်ဝန်း စိမ်းစိမ်းတွေနဲ့ ပြန်စိုက်ကြည့် နေခဲ့တယ်။ ချက်ခြင်းဆိုသလို မျက်ဝန်းတွေက ရွှေရောင်ကို ပြောင်းလဲ သွားတော့တယ်။ အမြီး ကိုးချောင်းကလဲ ဆက်တိုက် အရောင်တွေ ပြောင်းကုန်တယ်။ အနီ၊ အပြာ၊ အစိမ်း၊ ရွှေရောင်၊ ငွေရောင်၊ အဖြူရောင်၊ အနက်ရောင်၊ ခရမ်းရောင်တွေကို ပြောင်းကုန် ကြပြီ။
“ဝေါင်း။” ဧကရီ ပိုင်ကျစ်က ဟိန်းဟောက်ရင်း ဟွမ်တွမ့်နဲ့ ချုံးချီကို ကုတ်ဖဲ့ တိုက်ခိုက် ပြစ်တယ်။
သူမရဲ့ လက်သည်းမှာ လျှပ်စီးတန်းတွေက အဆက်မပြတ် ပေါ်လာပြီး သားရဲကောင်တွေကို ရိုက်ထုတ်ပြစ်တယ်။ မကြာခင် အချိန်မှာပဲ သားရဲကောင် နှစ်ကောင်က အနောက်မှာ ရှိနေတဲ့ ထျောင်ဝူ့ဆီကို လွင့်ထွက်သွားပြီး ဝင်တိုက် မိတော့တယ်။
သားရဲကောင် သုံးကောင်ကတော့ မျက်လုံး ပြူးကြီးတွေနဲ့သာ ရှိနေခဲ့ပြီ။ မုချင်းဖန်းနဲ့ ရန်ချန်လိတောင် လုံး၀ မျက်လုံး ပြူးနေခဲ့တယ်။
ဧကရီ ပိုင်ကျစ်က သုခမိန် အထွတ်အထိပ် အဆင့်သာ ရှိသေးတယ်။ သူမက မြင့်မြတ် နယ်မြေမှာ ထိပ်ဆုံး ဖြစ်ခဲ့တာ နတ်သားရဲကောင် ဖြစ်နေလို့ပဲ။
အင်အား အပြည့်နဲ့ တိုက်ခိုက်ရင် နတ်သခင်တွေကို သူမ ရင်ဆိုင် နိုင်တာက လက်ခံလို့ ရသေးတယ်။ နတ်သားရဲကောင်တွေရဲ့ ပါရမီက အံ့သြစရာ ကောင်းတယ်။
ဒါပေမယ့် ဧကရီ ပိုင်ကျစ်က ရှေးဟောင်း သားရဲတွေကိုပါ အခုချိန်မှာ တိုက်ခိုက် နိုင်နေပြီ။
“သူက အင်အား ပိုကြီး လာတာလား။”
“သစ်သီးကို စားပြီးတာနဲ့ အင်အားကြီးလာတယ်ပေါ့။”
“အမြီးလဲ အသစ်ပြန်ထွက် လာပြိး အရောင်တောင် ပြောင်းသွားသေးတယ်။ ဒါက အမြီးကိုးချောင်း မြေခွေးရဲ့ စွမ်းအား အစစ်လား။”
“မဟုတ်ဘူး။ သူက သစ်သီးကြောင့် အဆင့်တက် သွားတာပဲ။”
ကျန်ရစ်တဲ့ ခေါင်းဆောင်တွေ ပြောမိကြတယ်။ သူမရဲ့ စွမ်းအားက အချိန်တိုလေး အတွင်း ကြောက်စရာ ကောင်းအောင် တိုးတက် လာတာပဲ။
“အဲ့ဒီ့ သစ်သီးက တစ်ခုခုတော့ မဟုတ်သေးဘူး။” မုချင်းဖန်း သတိ ပြန်ဝင် လာခဲ့တယ်။
အသီးကို စားလိုက် ရုံနဲ့ ဧကရီ ပိုင်ကျစ်က ချက်ခြင်း အဆင့်တက်သွားတယ် တကယ့်ကို အံ့သြ စရာပဲ။
“သစ်သီးကို သွားရှာကြမယ်။”
မျိုးနွယ်စု ခေါင်းဆောင်တွေ ရှာဖွေရင်း အလုပ်များနေ ချိန်မှာပဲ အစိမ်းရောင် အလင်းတန်း တစ်ခု တောက်ပ လာတာကို မြင်လိုက် ရတော့တယ်။ အလင်းတန်းတွေက အစိမ်းရောင် သစ်သီး ထွက်ပေါ် လာတာနဲ့ တောက်ပလာတယ်။
“နောက်တစ်ခု ဒီမှာပဲ။” အားလုံး စိတ်လှုပ်ရှားကုန်တယ်။
ဧကရီ ပိုင်ကျစ်ကိုတောင် အဆင့်တက်သွားစေတဲ့ သစ်သီးက နောက်တစ်လုံး သီးလာပြန်ပြီ သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေမလဲ။
ဒုတိယ သစ်သီးကိုသာ သူတို့ ရနိုင်ရင် ဧကရီ ပိုင်ကျစ်လို အဆင့် တက်သွားနိုင်တယ်။
“ချုံးချီ နင်တို့ အားလုံးက ရက်စက်တယ်။ အခု ငါက အဆင့်တက်သွားပြီ နင်တို့ကို ကြောက်နေအုန်းမယ် ထင်လား။” ဧကရီ ပိုင်ကျစ်က ပြုံးလိုက်ရင်း အစိမ်းရောင် သစ်သီးကို ထပ်မျိုချဖို့ လုပ်တယ်။ ဒါပေမယ့် နောက်တစ်ယောက်က သူ့ထက် မြန်တယ်။
နှစ်ထောင်ချီ အသက်ရှင် လာတဲ့ ရွှမ်ယွမ်ဝူကလဲ ဉာဏ်များတယ်။ လိုချင်တာကို မရမချင်း မတိုက်ခိုက်ဘူး။
သူက တိုက်ပွဲကို လျစ်လျူရှု ထားရင်း သစ်သီးကို မြင်တာနဲ့ ချက်ခြင်း လုယူတယ်။
သစ်သီးကို လုယူ ပြီးတာနဲ့ လေထဲကို ထိုးတက် သွားပြီးတော့ ပါးစပ် ဖွင့်ထားရင်း မျိုချ လိုက်တယ်။
“ဟွန်း ဟွန်း။” ရွှမ်ယွမ်ဝူ သစ်သီးကို ကျေကျေနပ်နပ်ကြီး စားပြီးတဲ့နောက် ပြုံးနေတော့တယ်။
“ရွှမ်ယွမ်ဝူ။”
“ကောက်ကျစ်တဲ့ နဂါးအိုကြီး။”
“ငါတို့ တိုက်ခိုက် နေတဲ့ အချိန် သစ်သီးကို လုဝံ့တယ်ပေါ့။”
သားရဲကောင် သုံးကောင် အော်ဟစ် နေပင်မယ့် ရွှမ်ယွမ်ဝူကတော့ အာရုံ မစိုက်ခဲ့ဘူး။ ခေါင်းမော့ရင်း အပြောင်းအလဲတွေကို ခံစား နေခဲ့တယ်။ သူ့ခန္ဒာကိုယ်မှာ ရွှေရောင် အလင်းတန်းတွေက တဖြည်းဖြည်း သိပ်သည်းလာပြီး ၇ရောင်ခြယ် အလင်းတန်း အသွင်ကို ပြောင်းလဲ သွားတော့တယ်။
“မူး။” ရွှမ်ယွမ်ဝူ ဟိန်းဟောက် လိုက်ချိန်မှာ တိမ်တိုက်လို အငွေ့တွေ ထွက်ပေါ်လာတယ်။ ၇ရောင်ခြယ် အလင်းတန်းတွေ ပြည့်နေတဲ့ တိမ်တိုက်တွေက ကြောက်စရာ ကောင်းလွန်းလှတယ်။
“နောက်ထပ် တတိယ အသီး ရှိလာပြီ။”
“မတိုက်ခိုက်နဲ့ အသီးပဲ ရအောင် ယူမယ်။”
သားရဲကောင်တွေ ရွှမ်ယွမ်ဝူရဲ့ အပြောင်းအလဲကို မြင်ချိန်မှာ အရမ်းကို လောဘ တက်လာတော့တယ်။ သူတို့တွေ အချိန် မဖြုန်းတော့ဘူး။
ပန်းပွင့်တွေ ပျက်စီးတာနဲ့ သစ်သီးက အသစ် ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် သူတို့လဲ စိုးရိမ် နေစရာ မလိုဘူး။
သားရဲကောင် သုံးကောင် သူတို့ရဲ့ အာရုံခံနိုင် စွမ်းကို သုံးပြီး ရှာဖွေ ကြတယ်။
ဟုန်ယို့နဲ့ စစ်နတ်တွေကလဲ ငတုံးတွေ မဟုတ်ခဲ့ဘူး။ သူတို့လဲ လှုပ်ရှား နေကြပြီ။ သူတို့ မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် အခွင့်အရေးကို သေချာပေါက် လုံး၀ လက်လွတ် မခံနိုင် ခဲ့ဘူး။ ဘယ်သူကမှ စောင့်မနေသလို သစ်သီးကို လုဖို့ အားလုံးက အသင့် ဖြစ်နေခဲ့တယ်။
“ခေါင်းဆောင်မုနဲ့ မင်းသားရန် ငါတို့တွေ သစ်သီး ရှာကြမလား။” ခေါင်းဆောင် တစ်ယောက် မေးလိုက်တယ်။
“မင်းသားရန် ဘယ်လိုလဲ။” မုချင်းဖန်း မေးလိုက်တယ်။ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခု ခေါင်းဆောင် ဖြစ်ခဲ့တဲ့ သူက အခွင့်အရေး ကောင်းကို လက်မလွှတ်ချင်ဘူး။
“လုမယ်။” ရန်ချန်လိ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။
“လက်ရှိ အခြေအနေက လူသား မဟာမိတ် အဖွဲ့တွေ အတွက်တော့ အခြေအနေ သိပ်မကောင်းပေမယ့် သူ့လို အနောက်ပိုင်း လျန်ပြည်နယ် အုပ်ချုပ်သူက သူများတွေ အခွင့်အရေး လုယူမှာကို ဒီအတိုင်း ထိုင်ကြည့် နေမယ့်သူ မဟုတ်ခဲ့ဘူး။
“ဒါက ဖန်ကျန်းရှီ ရှာနေခဲ့တဲ့ နတ်ဘုရား အရင်းအမြစ် ဖြစ်နေမလား။” ဝူယွဲ့အာလဲ သန်မာ ချင်ပေမယ့် သူ့စိတ်ထဲကို ဖန်ကျန်းရှီက အရင်ဆုံး ဝင်လာခဲ့တယ်။
“နတ်ဘုရား အရင်းအမြစ် ဖြစ်နိုင်ပါတယ်။ ဒါကို အာရုံမစိုက်ရအောင်။ အခုချိန်မှာ သစ်သီးရဖို့ ပိုအရေးကြီးတယ်။” မုချင်းဖန်း ပြောလိုက်တယ်။ “မင်းသားရန် အတူတူ လှုပ်ရှားမယ်။”
“ကောင်းပြီ။”
သားရဲကောင်တွေနဲ့ စစ်နတ်တွေ့ သူတို့တွေကို သတ်နိုင်စွမ်း အပြည့်အ၀ ရှိတယ်။ ဒါကြောင့် နေရာခွဲပြီး လှုပ်ရှားတာက အကောင်းဆုံးပဲ။ တစ်ခါတည်း အသတ် ခံရ နိုင်ချေ ပိုများပေမယ့် သစ်သီးကို ရှာတွေ့ နိုင်ချေလဲ ပိုများတယ်။
ရွှမ်ယွမ်ဝူက ဒုတိယ သစ်သီးကို မျိုချလိုက်တဲ့ အတွက် တတိယ အသီးက ထပ်ထွက် လာမှာပဲ။
လုယူနိုင်ဖို့ အင်အား ရှိမှ ဖြစ်မယ်။ အရေးကြီး အချိန်မှာ စည်းလုံးမှု မရှိရင် သူတို့ ချက်ခြင်း သေနိုင်တယ်။
မုချင်းဖန်းနဲ့ ရန်ချန်လိက ဒါကို ကောင်းကောင်း နားလည်ပေမယ့် မျိုးနွယ် ခေါင်းဆောင်တိုင်းက လက်ခံ ကြတာတော့ မဟုတ်ခဲ့ဘူး။
စွန့်စားမှ အကျိုးရမယ်။ တာအိုကို လေ့ကျင့်သူတိုင်း အခက်အခဲ ကြုံရတယ်။ ဒါကြောင့် အန္တရာယ်ကို ကြောက်မနေသင့်ဘူး။ လက်ရှိ အခြေအနေမှာ ဘယ်သူမှ သစ်သီး နေရာကို မခန့်မှန်း နိုင်တဲ့ အတွက် အခွင့်အရေးကို ရအောင် ရှာရမယ်။ အကယ်၍ အဖွဲ့လိုက်သာ အတူတူ သွားကြရင် ပေါက်လာတဲ့ သစ်သီးကို ဘယ်သူက စားကြမှာလဲ။
“ခေါင်းဆောင်တို့ ငါနဲ့ အကိုလီ မြောက်ဘက်ကို သွားမယ်။”
“ငါတို့ကတောင်ဘက်။”
“ငါတို့ အနောက်ကို သွားလိုက်မယ်။”
ခေါင်းဆောင်တွေ ချက်ခြင်း နေရာကနေ ခွဲသွားတော့တယ်။
“အခြေအနေတွေက နောက်ဆုံးတော့ ဒီလို အဆုံးသတ် သွားတာလား။” မုချင်းဖန်း သက်ပြင်းချမိတယ်။
“ဒီလို မတွေးပါနဲ့ ခေါင်းဆောင်မု။ လူသား သဘာဝပဲလေ။ အထူးသဖြင့် အခြေအနေ အရ လုပ်သင့်တာကို လုပ်ရမှာပဲ။ ငါ ရန်ချန်လိကတော့ အများကြီး မတွေးနိုင်ဘူး။ သစ်သီး ရှာတွေ့ရင် ခေါင်းဆောင်မု အရင်စား။” ရန်ချန်လိ ပြောတယ်။
“ကောင်းပါပြီ၊” မုချင်းဖန်း လက်ခံ လိုက်တယ်။ သူတို့တွေ အားလုံးထဲက သူက အင်အား အကြီးဆုံးသူ သူသာ သစ်သီးကို စားလိုက်ရင် အဆင့်ကျော် တိုးတက်နိုင်ဖို့ အခွင့်အရေး များတယ်။ ဒါကြောင့် သူမငြင်းခဲ့ဘူး။
“သွားကြစို့။” မုချင်းဖန်း က ဘယ်သူမှ မရှိတဲ့ နေရာကို ဦးဆောင်ပြီး သွားတယ်။ ရန်ချန်လိလဲ ကပ်လိုက်လာတယ်။
ဝူယွဲ့အာကတော့ အံကြိတ်ရင်း မကျေမနပ် ပြောနေမိတယ်။ “ဒီ နတ်ဘုရား အရင်းအမြစ်က ဘာဖြစ်လို့ အခုမှ ပေါ်လာတာလဲ။ အကယ်၍ စောစောတည်းက ပေါ်လာရင် အရှက်မရှိတဲ့ ကောင်စုတ်လဲ။”
“ယွဲ့အာ သွားမယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဝူယွဲ့အာ ခေါင်းကို ပုတ်လိုက်တယ်။ သူမ ဝမ်းနည်းနေတာကို သိပေမယ့် ဒါတွေ အတွက် အချိန် မရှိခဲ့ဘူး။
“ဆရာ။”
“သူ့ကို ယုံ။ ကိုယ့်ကိုယ်ကို ယုံ။ သူသေချာပေါက် ပြန်လာမှာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။
“ဟုတ်တယ်။ သူက အသက်ပြင်းတယ်။ သေမှာ မဟုတ်ဘူး။ သေချာပေါက် ပြန်လာမှာ။ နတ်ဘုရား အရင်းအမြစ် ပေါ်လာပြီပဲ သူက ဒါမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူး။” ဝူယွဲ့အာ မျက်ရည်တွေ သုတ်လိုက်ရင်း ဆုံးဖြတ်ချက် ချလိုက်တော့တယ်။
“ငါ မျှော်လင့်ပါတယ်။”
ဒီအချိန်မှာပဲ အသံ ခပ်တိုးတိုး အသံနဲ့ အတူ ကျမ်းကောင်းကင်တောင် အလယ်မှာ ခရမ်းရောင် ပန်းပွင့် တစ်ဆုပ် ပွင့်လာ ခဲ့ပြန်တယ်။ ခရမ်းရောင် အလင်းတန်းတွေနဲ့ အတူ သစ်သီးတစ်လုံးလဲ ပေါ်ထွက်လာတယ်။ သူ့ရဲ့ အရှိန်အဝါက အရမ်းကို အားကောင်းလှတယ်။
“တတိယ သစ်သီး”
“ဒီတစ်ခေါက် အပြင်လူတွေ လက်ထဲ မရောက်စေရဘူး။”
“သစ်သီးကို လုဝံ့တဲ့သူ အကုန် သေရမယ်။”
သားရဲကောင်တွေက မျက်လုံး ကျယ်ကျယ် ဖွင့်ထားရင်း အော်လိုက်တယ်။ ဧကရီ ပိုင်ကျစ်နဲ့ ရွှမ်ယွမ်ဝူရဲ့ အပြောင်းအလဲကြောင့် သူတို့တွေ အရမ်းကို လိုချင်စိတ် ပြင်းပြ နေကြပြီ။ စွမ်းအားတိုး တက်မယ်။ ခရမ်းရောင် သစ်သီးကို သေချာပေါက် အရယူရမယ်။
“ဝေါင်း။” သားရဲကောင် အော်သံနဲ့ အတူ မြန်ဆန်လှတဲ့ အရှိန်နှုန်းကို သုံးရင်း သားရဲကောင်တွေက မြက်ပင်တွေကို ချေမွ ပြစ်ပြီး ခရမ်းရောင် သစ်သီးဆီ ပြေးလာကြတော့တယ်။
အပိုင်း (၁၀၆၂) ပြီး၏။
အပိုင်း (၁၀၆၃)
“ဝါး လာ့လာလား။”
..
ပန်းပွင့်ဖတ်တွေက ကောင်းကင်ကို ပျံတက် သွားပြီးနောက် မွှေးရနံကကလဲ ကောင်းကင်ပေါ်ကို ပျံ့လွှင့် လာတော့တယ်။ ခန္ဒာကိုယ် စွမ်းအားကို ပန်းရနံ့က တိုးမြင့် စေနိုင်ပေမယ့် အခုချိန်မှာ ဘယ်သူကမှ ဒါကို အာရုံ မစိုက်နိုင် ခဲ့ကြဘူး။
အားလုံးက အသီးကိုသာ အာရုံစိုက်နေ ခဲ့ကြတယ်။
အသီးကို လုပြီး ကျင့်ကြံဆင့်ကို တက်အောင် လုပ်ရမယ်။ လူတိုင်းရဲ့ စိတ်ထဲမှာတော့ ဒီအတွေးသာ တွေးနေ ခဲ့ကြတယ်။ ဘယ်သူကမှ ဒီအခွင့်အရေးကို လက်လွတ် မခံချင်ကြဘူး။
သားရဲကောင် သုံးကောင် တိုက်ခိုက် နေချိန်မှာပဲ အားလုံးက ခရမ်းရောင် သစ်သီး ရှိရာကို ပြေးကြတယ်။ သူတို့ နှေးသွားခဲ့ရင် အသီးကို တစ်ခြား တစ်ယောက် ရသွားမှာ ကြောက်နေကြတယ်။
ဒါပေမယ့် သားရဲကောင် သုံးကောင်က အင်အားကြီးလွန်း နေတဲ့ အတွက် သူတို့ တိုက်ခိုက်နေတဲ့ နေရာ ပတ်ပတ်လည်မှာ ကျောက်တုံးတွေ အပင်တွေက ပျက်စီး ကျေမွ ကုန်တော့တယ်။ အင်အားကြီးတွေကြောင့် မျိုးနွယ်စု ခေါင်းဆောင်တွေလဲ အဝေးကို လွင့်ထွက်ကုန်တယ်။
ဧကရီ ပိုင်ကျစ်နဲ့ ရွှမ်ယွမ်ဝူကတော့ အသီး အစွမ်းကို စုပ်ယူပြီး အဆင့် တက်သွားပြီ ဖြစ်တဲ့ အတွက် နောက်ထပ် အာရုံစိုက် မနေတော့ဘူး။ သားရဲကောင် သုံးကောင်ကတော့ ပြိုင်ဘက် မရှိတော့တဲ့ အတွက် အချင်းချင်းသာ တိုက်ခိုက်ကြတယ်။ ဘယ်သူ သစ်သီးကို အရင်စားရမလဲ ဆိုတာ သူတို့တွေ လက်သည်းနဲ့ ဆုံးဖြတ်ဖို့ လုပ်နေခဲ့တယ်။
သားရဲကောင်တွေ အားလုံးက အရမ်းကို ကြမ်းတမ်းကြတယ်။ ဒါကြောင့် ပူးပေါင်းဖို့ မစဉ်းစားပဲ သစ်သီးကို လုဖို့သာ တွေးနေခဲ့တယ်။
“ညီနောင်။ ငါတို့ သစ်သီးကို အခု ဝင်လုမလား ဒါမှမဟုတ်။” အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ စစ်နတ် တစ်ယောက်က မေးလိုက်တယ်။
“အစောပိုင်း ပေါ်လာတဲ့ သစ်သီးက စွမ်းအား ပိုများတယ်။ တတိယ သစ်သီးက နောက်ထပ် အသစ်ပေါ်မယ့် သစ်သီးတွေထက် ပိုပြီးတော့ တန်ဖိုးကြီးလိမ့်မယ်။” ဟုန်ယို့ အတည်ပြုတယ်။
“ဒါဆိုရင် ဘာကို စောင့်နေ အုန်းမှာလဲ။ ငါတို့ အစွမ်းနဲ့ ဆိုရင် သားရဲကောင် သုံးကောင်ကို ရှုံးနိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ တိုက်ခိုက်မယ်။”
စစ်နတ်တွေ ချက်ခြင်း ဆိုသလို အခွင့်အရေးကို အရယူပြီးတော့ တိုက်ခိုက် တော့တယ်။ သစ်သီးတွေ အားလုံးက တန်ဖိုး တူနေတာ မဟုတ်ဘူး။
ပထမ သစ်သီးက ဒုတိယ သစ်သီးထက် ပိုပြီးတော့ အားကောင်းတယ်။ ဒါကြောင့် တတိယ သစ်သီးက နောက်ထပ် ပေါ်လာမယ့် သစ်သီးတွေထက် ပိုပြီးတော့ အားကောင်းလိမ့်မယ်။ ဒါကြောင့် ပထမ နှစ်လုံးကို ဆုံးရှုံး သွားရင်တောင် တတိယ တစ်ခုကိုတော့ ရအောင် ယူရမယ်။
စစ်နတ် ၁၂ ယောက်စလုံးလဲ ချက်ခြင်း ဆိုသလို တိုက်ပွဲထဲ ဝင်ပါတော့တယ်။
ဒါကို မြင်ချိန်မှာတော့ မုချင်းဖန်းနဲ့ ရန်ချန်လိ ရပ်တန့် သွားခဲ့တယ်။ သူတို့တွေ အခုချိန်မှာတော့ နားလည် သွားခဲ့ပြီ။ တတိယ သစ်သီးကို လူတိုင်း လိုချင် နေကြတဲ့ အတွက် ရနိုင်ချေက နည်းလမ်းတယ်။
သူတို့တွေ အခွင့်အရေး မရှိတဲ့ အချိန်မှာ သေချပေါက် လက်လျှော့ရမယ်။
“ပန်းပွင့်တွေလဲ ဒဏ်ရာကို ကုသနိုင်တယ်။ ဒါကြောင့် သူတို့မှာလဲ စွမ်းအား ရှိမှာပဲ။ ပန်းပွင့်တိုင်းက သစ်သီးတွေကို ထုတ်ပေးနိုင်တာ မဟုတ်မှတော့ ငါတို့တွေ ပန်းပွင့် စားကြည့်ပြီး အစွမ်း ရှိမရှိ ကြည့်ကြမလား။” မုချင်းဖန်း အနီးနားက ပန်းခင်းကြီးကို ကြည့်ရင်း ပြောလိုက်တယ်။
“အဲ့တာ ဖြစ်နိုင်တယ်။” ရန်ချန်လိလဲ ခေါင်းငြိမ့်တယ်။
“ခန်းမ ခေါင်းဆောင်မု။ မင်းသားရန်။ ငါက ဆေးပညာကို သင်ကြားထားတဲ့ သူ ဖြစ်နေတော့ ပန်းပွင့်တွေကို ငါ အရင်ဆုံး စမ်းစားကြည့် လိုက်မယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောတယ်။
ဘယ်သူကမှ ပန်းပွင့်တွေရဲ့ အစွမ်းကို မသိသေးဘူး။ ဒါကြောင့် ဘယ်သူကမှလဲ ပန်းပွင့်တွေကို တိုက်ရိုက် မစားကြည့်ဝံ့ဘူး။ ဒါကြောင့် ကောင်းကင် အိုအေစစ် သုခမိန်ကြီးက နည်းနည်းတော့ စိတ်ပူ နေခဲ့တယ်။ူ
“ကောင်းကင် အိုအေစစ် ပြောတာ မှန်တယ်။ ဒါပေမယ့် ငါ အရင် စမ်းကြည့်လိုက်မယ်။ တစ်ခုခု အမှားအယွင်း ဖြစ်သွားရင် ကောင်းကင် အိုအေစစ် ငါ့ကို ကယ်တင်လို့ ရတာပေါ့။” ရန်ချန်လိက ပြောပြီးတာနဲ့ ပန်းပွင့် တစ်ပွင့်ကို ခူးပြီး ဝါးစားလိုက်တယ်။
မုချင်းဖန်းတို့လဲ သူ့ကို မတားခဲ့ဘူး။
“ဘယ်လို ခံစားရလဲ။ တစ်ခုခု လွဲနေတာ ရှိလား။” မုချင်းဖန်း မေးလိုက်တယ်။
“တကိုယ်လုံး နွေးသွားတာပဲ။ အား။” ရန်ချန်လိ ရုတ်တရက် အော်လိုက်ရင်း နဖူးကနေ ချွေးတွေ စီးကျ လာတော့တယ်။
“မင်းသားရန်။”
“မင်းသားရန်။”
ကောင်းကင် အိုအေစစ် သုခမိန်ကြီး ချက်ခြင်း ပြေးသွားရင်း ရန်ချန်လိရဲ့ ရင်ဘတ်ကို ဖိထားရင်း ထိန်းချုပ်ဖို့ လုပ်တယ်။ ဒါပေမယ့် ရန်ချန်လိကတော့ ဆက်တိုက် ရုန်းကန် နေခဲ့တယ်။ သူရုန်းကန် နေချိန်မှာပဲ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု ဖြစ်လာတော့တယ်။ ရန်ချန်လိရဲ့ ဆံပင် ဖြူဖြူတွေက ချက်ခြင်း မည်းနက်သွားပြီး ခန္ဒာကိုယ်ကနေ နံစော်တဲ့ အနံ့အသက်တွေ ထွက်လာခဲ့ပါတယ်။
“မင်းသားရန်က ငယ်ရွယ် သွားတာလား။” မုချင်းဖန်း မျက်လုံး ပြူးကြီးနဲ့ မေးမိတယ်။
“မင်းသားရန် ဘယ်လို ခံစားရလဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ စိတ်ပူ နေခြ့တယ်။
“အသုံးဝင်တယ်။ ထိရောက်တယ်။ ငါ အဆင့်တက်ဖို့ အရမ်း နီးကပ် သွားသလိုပဲ။ ပန်းပွင့်တွေကလဲ ငါတို့ရဲ့ အစွမ်းကို မြင့်အောင် လုပ်ပေးနိုင်တယ်။” ရန်ချန်လိ သူ့အခြေအနေကို တည်ငြိမ်အောင် ထိန်းရင်း ပြောလိုက်တယ်။
“ဒါဆို ဘာကို စောင့်နေမှာလဲ မြန်မြန် စားကြမယ်။” မုချင်းဖန်း ချက်ခြင်း ပန်းပွင့် ၂ပွင့်ကို ဝါးစားလိုက်တယ်။ မကြာခင်မှာပဲ နာနာကျင်ကျင် ဟိန်းဟောက်ရင်း အနံ့ဆိုးတွေ ထွက်လာပြီးနောက် ရုပ်ရည်က သိသိသာသာကို နုပျို သွားတော့တယ်။
“ယွဲ့အာ ပန်းပွင့်ကို မြန်မြန်စား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ပန်းခူးပေးရင်း ဝူယွဲ့အာကို ပေးတော့တယ်။
“ဟုတ်ကဲ့။” ဝူယွဲ့အာလဲ ချက်ခြင်း စားတယ်။
အဝေးမှာ ရောက်နေတဲ့ ခေါင်းစောင် တစ်ချို့ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း ပန်းခင်းကို ရှာတော့တယ်။
အသီးအတွက် တိုက်ခိုက်နေတဲ့ တိုက်ပွဲက ကြမ်းတမ်းလွန်းတယ်။ သူတို့တွေ ပန်းပွင့် စားပြီး စွမ်းအား မြှင့်နိုင်မယ် ဆိုရင် အသီး ပေါ်လာတဲ့ အချိန် ဝင်လုနိုင်ဖို့ အခွင့်အရေးလဲ များတယ်။ ဒါကြောင့် ပန်းပွင့်တွေကို သူတို့ စစားတော့တယ်။
“ယို့။” စူးရှတဲ့ အော်မြည်သံနဲ့ အတူ အနီရောင် အရိပ် တစ်ခု ကောင်းကင်ကနေ ဆင်းသက်လာတယ်။
“အဲ့တာ ပီဖန်းပဲ။”
“ပီဖန်း ပြန်လာတယ်။”
“ပိုင်ကျဲ့လဲ အတူတူပဲ။”
“ထွက်သွားတဲ့ နတ်သားရဲကောင်တွေ ပြန်လာပြီ။”
တဝီဝီ မြည်သံတွေနဲ့ အတူတူ ပျံသန်းလာနေတဲ့ သူတွေကို အားလုံး မြင်လိုက် ရတော့တယ်။ နတ်ဘုရား အရင်းအမြစ် ပေါ်လာတာနဲ့ နတ်ဆိုးတွေ နတ်သားရဲကောင်တွေ ရူးသွပ် ကုန်တာပဲ။
…
ကျမ်းကောင်းကင် တောင်ခြေမှာတော့ ချင်းယွိ၊ ဧကရာဇ် လင်းမုပိုင်နဲ့ တခြားသူတွေ အားလုံး မူမမှန်တဲ့ ဖြစ်ရပ်ကို သတိ ထားမိကြတယ်။ သူတို့ ရနေတဲ့ မွှေးရနံ့က သူတို့ကို ပျော်ရွှင်လာ စေတယ်။
“ယွိအာ ဘာတွေ ဖြစ်နေတာလဲ။” လင်းမုပိုင် နားမလည် ခဲ့ဘူး။
“သားရဲကောင်တွေက တောင်ကို ဖျက်ဆီးနေတာ ရပ်တန့် သွားတယ်။ ပန်းရနံ့တွေလဲ ထွက်လာတယ်။ ဘာတွေ ဖြစ်နေလဲ မတွေးတတ်ဘူး။”
“ယွိအာ နတ်သားရဲကောင်တွေလဲ ပြန်လာနေတယ်။”
“အဲ့တာ ဘယ်လို ဖြစ်ကြတာလဲ။”
“ဟုတ်တယ်။”
“နတ်ဘုရား အရင်းအမြစ်။”
“နတ်ဘုရား အရင်းအမြစ်က ကျမ်းကောင်ကင် တောင်မှာ ရှိနေတာပဲ ဖြစ်လိမ့်မယ်။”
လင်းမုပိုင်ကတော့ သိသိသာသာကို မျက်လုံး ပြူးနေခဲ့တယ်။ အကယ်၍ ဒါသာ အမှန် ဖြစ်မယ် ဆိုရင် နတ်သားရဲကောင်တွေ ပြန်လာတာ မဆန်းတော့ဘူး။ သူတို့တွေလဲ လူသား မျိုးနွယ် အတွက် မျှော်လင့်ချက် ပြန်ရှိနိုင်မယ်။
“အမိန့်ချလိုက်။ တောင်ကို ပြန်တက်မယ်။”
“အမိန့် အတိုင်းပါ။”
ကြီးမြတ်သော ရှနိုင်ငံတော် စစ်သည်တော်တွေ ကျမ်းကောင်းကင်တောင်ဆီ ပြန်တက်ကြတော့တယ်။
မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေလဲ ဆက်တိုက် လှုပ်ရှားကြတယ်။ သူတို့တွေရဲ့ စွမ်းအားကြောင့် သူတို့က ကြီးမြတ်သော ရှနိုင်ငံတော် စစ်တပ်ထက် ပိုပြီးတော့ မြန်မြန် ရှေ့ကို ရောက်သွားကြတယ်။
“အရှင် မင်းမြတ်။ အဲ့တာ လရောင်ဖြာ နိုင်ငံတော်ရဲ့ စစ်တပ်လိုပဲ။”
“စစ်မက် လိုလိုလား နိုင်ငံတော်ရော။”
“ဟိုး နောက်မှာက သီးခြား မြင့်မြတ် နိုင်ငံတော်။”
တောင်ပေါ် တက်နေချိန်မှာပဲ အဝေးက နောက်ထပ် လာနေတဲ့ စစ်သည်တော် အုပ်စုတွေကို သူတို့ မြင်လိုက် ကြတယ်။
“အချိန်ကိုက် ရောက်လာတာပဲ။ သူတို့ကို ဂရုမစိုက်နဲ့ တောင်ပေါ် အရင်တက်မယ်။” လင်းမုပိုင်က အမိန့်ထပ်ပေးတယ်။
…
ကျမ်းကောင်းကင်တောင်ရဲ့ အပေါ်ယံမှာ အခွင့်အရေး အတွက် တိုက်ခိုက် နေကြသလို အနက်ရှိုင်းဆုံး တောင် အတွင်းပိုင်းမှာလဲ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်နေခဲ့တယ်။
ချီကူယန်နဲ့ ရန်ရွှယ်က ဖန်ကျန်းရှီ အရှေ့မှာ ထိုင်ရင်း သူ့မျက်နှာကို စိုက်ကြည့် နေခဲ့တယ်။
သူ့ခေါင်းကို နန်ကုန်းမု ရိုက်တာ ခံလိုက် ရပြီးတဲ့နောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တယ်။ ချီကူယန်နဲ့ ရန်ရွှယ်လဲ ဒဏ်ရာ ရခဲ့တယ်။ တောင်ကျောက်တုံးတွေ ပြိုကျတာကြောင့် သူတို့ရဲ့ အဝတ်အစားတွေ စုတ်ပြဲပြီး သွေးတွေလဲ လက်တွေမှာ စီးကျ နေခဲ့တယ်။
ဒီအချိန်မှာပဲ မာဆတ်ဆတ် အသံ တစ်သံကို ကြားလိုက် ရပြီးနောက် ဝတ်ရုံဖြူ လူတစ်ယောက် နွယ်ပင်တွေ ကြားကို ပြုတ်ကျ လာတော့တယ်။ ဒါကတော့ ယွင်ချင်းဝူ။
ရန်ရွှယ်ကတော့ လန့်သွားခဲ့တယ်။ ဝူယွဲ့အာ အနားမှာ ရှိနေတဲ့ ယွင်ချင်းဝူက သူတို့နဲ့ အတူ ပြုတ်ကျ မလာသင့်ဘူးလို့ သူတွေးမိတယ်။ သူထရပ်ပြီး သွားကြည့်တော့မယ့် အချိန်မှာပဲ အော်သံ တစ်သံနဲ့အတူ မီးတောက်တွေ တောက်ပ လာတာကို မြင်လိုက် ရပြန်တယ်။ အဲ့ဒီ့နောက် ကျောက်တုံးတွေလို အသွင်နဲ့ လူနှစ်ယောက် ထပ်ပြုတ်ကျလာတယ်။
“..” ရန်ရွှယ် မျက်လုံး ပြူးနေခဲ့ပေမယ့် ချီကူယန်ကတော့ ပင်းယန်ကို မြင်မြင်ချင်း ပြေးသွားခဲ့တယ်။
“ပင်းယန် ဘာဖြစ်လို့။”
“ငါ နင့်ကို သတ်မယ်။ အရှက် မရှိတဲ့ ကောင်စုတ် အတွက် လက်စားချေမယ်။” ပင်းယန်ရဲ့ မျက်ဝန်းက သွေးလို ရဲရဲ နီနေပြီး နန်ကုန်းမုကို ဆက်တိုက် ထိုးကြိတ်ေ နခဲ့တယ်။
နန်ကုန်းမုကတော့ အနားမှာ ထိုင်နေတဲ့ ဖန်ကျန်းရှီကို မမြင်ခင်အထိ လက်သီးချက်တွေကြောင့် တစ်ချက်လေးတောင် မတုန်လှုပ် သွားခဲ့ဘူး။
“ဖန်ကျန်းရှီ မင်း မင်း မသေဘူးလား။” နန်ကုန်းမုရဲ့ အမူအယာက ရုတ်တရက် ပြောင်းလဲ သွားတော့တယ်။
သူမသေဘူးပေါ့။ ဘယ်လို ဖြစ်နိုင်မှာလဲ။ နန်ကုန်းမု ပြောလိုက် ချိန်မှာပဲ ပင်းယန်လဲ အဝေးမှာ ထိုင်နေတဲ့ ဖန်ကျန်းရှီနဲ့ သူ့အနား ပြေးလာနေတဲ့ ချီကူယန်ကို သတိ ထားမိ သွားတော့တယ်။
“မမ ယန်လေး။ အရှက်မရှိတဲ့ ကောင်စုတ် မသေဘူးလား။” ပင်းယန် ပြောရင်း မရပ်မနား ငိုကြွေးတယ်။
ဖန်ကျန်းရှီ တကယ့်ကို မသေဘူး။ ပင်းယန် ပြောရင်း ချီကူယန့်ဆီကို သူပြေးတယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ နောက်ထပ် အပြောင်းအလဲ တစ်ခု ဖြစ်လာပြန်တယ်။ နန်ကုန်းမုရဲ့ မျက်ဝန်းတွေထဲမှာ သွေးနီရောင် အလင်းတန်းက တောက်ပလာတယ်။
အကယ်၍ ဖန်ကျန်းရှီ သေသွား ခဲ့ရင်တော့ ပင်းယန် သတ်တာ ခံရလဲ သူစိတ်မဆိုးဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ အသက်ရှင် နေတာကိုတော့ သူဘယ်လို လက်ခံ ရမှာလဲ။
“ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။”
“ထွက်သွားစမ်း။” ချီကူယန်ရဲ့ အသံ ထွက်ပေါ် လာပြီးနောက် ငါးရောင်ခြယ် အလင်းတန်းက နန်ကုန်းမုကို နောက်ပြန် ဆွဲထုတ် သွားတော့တယ်။ နန်ကုန်းမု ခန္ဒာကိုယ်က တောင်နဲ့ ရိုက်မိပြီး အက်ကွဲကြောင်တွေ ပေါ်လာတော့တယ်။
“နန်ကုန်းမု မင်း ဖန်ကျန်းရှီကို သတ်လို့ မရဘူး။ အကယ်၍ မင်း သူ့ကို သတ်ချင်ရင် မင်း အရင်သေရမယ်။” ရန်ရွှယ် အော်ဟစ်ရင်း တားဆီးတယ်။
“မင်းတို့ အားလုံးက ဘာဖြစ်လို့ ငါ့ရဲ့ နတ်သစ်သီးကို ဖျက်စီး ချင်နေရတာလဲ။” နန်ကုန်းမု ဟိန်းဟောက်ရင်း ဝမ်းနည်းမှု အပြည့်နဲ့ မျက်ရည်တွေက သူ့မျက်နှာပေါ်မှာ စီးကျ လာတော့တယ်။
သူလဲ ပင်းယန်လို ငိုကြွေး နေပင်မယ့် သူ့ပုံစံက ပိုပြီးတော့ ဝမ်းနည်း နာကျင်မှုတွေ ပြည့်နေခဲ့တယ်။
သူတကယ်ပဲ ဖန်ကျန်းရှီနဲ့ ရန်သူ မဖြစ်ချင်ပေမယ့်၊ နန်ကုန်း မျိုးနွယ်တွေရဲ့ တာဝန်ကြောင့် သူ့မှာ ရွေးချယ်စရာ မရှိပဲ ဖြစ်ခဲ့ရတယ်။
“မင်း နတ်ဘုရား မုခ်ဝကို ဖွင့်လို့ မရဘူး။” ရန်ရွှယ် အရမ်းကို အေးစက်စက် ပြောတယ်။
“ဘာဖြစ်လို့ မဖွင့်ရမှာလဲ။ အခုချိန်မှာ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေက ပွင့်နေပြီ။ ငါတို့တွေ ဘယ်လိုလုပ် သူတို့ကို နိုင်နိုင်မှာလဲ။“
“အကြောင်းအရင်း မရှိဘူး။ ဖန်ကျန်းရှီ မဖွင့်နဲ့လို့ မပြောရင် ငါတို့ မဖွင့်သင့်လို့ပဲ။”
“သူက ဘာသိလို့လဲ။”
“ငါက ဘာလို့ မသိရမှာလဲ။” ဒီအသံနဲ့ အတူ ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း ထရပ်တယ်။
သူ့ဒဏ်ရာတွေကို ပျောက်ကင်းစေဖို့ အတွက် အချိန်ကြာကြာ ယူရမှာ ဖြစ်ပေမယ့် ပန်းရနံ့တွေကို ရှူရှိုက်ပြီးနောက် ဒဏ်ရာတွေ အလွယ်လေး သက်သာ လာတာကို သူခံစား မိလိုက်တယ်။
သူအခု ဘယ်မှာ ရောက်နေတာလဲ။ ပန်းပွင့်တွေ သစ်ပင်တွေနဲ့ နွယ်ပင်တွေကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးမိတယ်။
သူက ကျမ်းကောင်း တောင်ခြေကို ရောက်သွားတာလား။ မသေဘူးလား။
အံ့သြစရာ ကောင်းတာပဲ။
ဖန်ကျန်းရှီ သက်ပြင်း ချလိုက်ပြီးနောက် နန်ကုန်းမုကို ကြည့်ရင်း ပြောလိုက်တယ်။
“နန်ကုန်းမု ငါမင်းကို မေးစရာ တစ်ခုပဲ ရှိတယ်။ ဧကရာဇ်ယန်က ဧကရာဇ်ဟွမ်ကို တကယ်ပဲ ဆန့်ကျင် ခဲ့တယ်လို့ မင်းထင်လား။”
“မင်း ဘာပြောချင်တာလဲ။”
“ငါတို့ အားလုံးက ဧကရာဇ် ယန်ဟွမ် မျိုးဆက်တွေ။ ဧကရာဇ် နှစ်ပါးက တစ်အူတုံဆင်း ညီအစ်ကိုရင်းတွေလို ဆက်ဆံရေး ရှိမှန်း မင်းသိပါတယ်။ သူတို့ကြားမှာ အုပ်ချုပ်သူ နေရာကို လုရင်း ပြဿနာ ဖြစ်ခဲ့တာမျိုး ရှိမယ်လို့ မင်းတကယ် ထင်တာလား။”
“အကယ်၍ အကြောင်းအရင်း တစ်ခုခုသာ မရှိရင် သူတို့တွေ ဒီလို လုပ်ခဲ့မှာ မဟုတ်ဘူး။ မင်းမှာ တခြား အကြောင်းပြချက် ပေးစရာ ရှိလား။”
“ဒါ့အပြင် ဧကရာဇ်ဟွမ်ရဲ့ ဂူက ဘာဖြစ်လို့ အာကာသထဲကနေ ကျလာမှန်း မင်းသိရဲ့လား။ ဧကရာဇ်ဟွမ် အာကာသထဲ ဝင်ပြီး ဘာဖြစ်လို့ သေဆုံး သွားခဲ့တာလဲ။ ဧကရာဇ် ယန်ကရော နတ်သစ်ပင်ကို ဘာဖြစ်လို့ စိုက်ခဲ့တာလဲ။”
“မင်း မင်း ဘာပြောချင်တာလဲ။”
“နန်ကုန်းမု နိုးထတော့။ မင်းအဖြေကို သိပြီးသား မဟုတ်ဘူး မလား။ မင်းသာ မယုံဘူး ဆိုရင် မင်းနောက်ဘက်က ကျောက်တုံးကို ကြည့်လိုက်။”
“ကျောက်တုံးလား။”
“ဘန်း။”
နန်ကုန်းမု တစ်ကိုယ်လုံး တောင့်တင်းရင်း ဒေါသ ထွက်လာပေမယ့်၊ ချက်ခြင်း ဆိုသလို မြေပြင်ပေါ် လဲကျ သွားတော့တယ်။
အပိုင်း (၁၀၆၃) ပြီး၏။
အပိုင်း (၁၀၆၄)
“တိမ်သဏ္ဍာန်။ နတ်ဘုရား အရင်းအမြစ် ဗဟိုချက်။”
….
ကိုယ်တောင် မသိလိုက်စေပဲ နောက်ကို လှည့်ကြည့်စေနိုင်တဲ့ အလိမ်အညာမျိုး ရှိတယ်။ မင်းနောက်ကို လှည့်ကြည့် လိုက်ချိန်မှာပဲ လောကကြီး တစ်ခုလုံးက မှောင်အတိ ကျသွားတယ်။ လူတွေက တကယ့်ကို ခန့်မှန်းလို့ မရနိုင်ဘူး။
နန်ကုန်းမု စိတ်ထဲမှာ တကယ် ဒီလို ခံစား နေရတယ်။ သူဘယ်လောက်ပဲ သတိ ထားနေပါစေ ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို အမြဲ ရောက်တယ်။
“စိတ်ရှုပ်လိုက်တာ။” ဖန်ကျန်းရှီ သက်ပြင်း ချလိုက်ရင်း နန်ကုန်းမုကို အပေါ်စီးကနေ ကြည့်နေခဲ့တယ်။
ပန်းရနံ့တွေက လေထဲမှာ ပျံ့လွင့်နေပြီး နေရာကြီး တစ်ခုလုံးက စွမ်းအားတွေနဲ့ ပြည့်နေခဲ့တယ်။ တကယ်တော့ ပန်းပွင့်တွေက ကြွေကျလာချိန်မှာ အလင်းအမှုန်လေးတွေ အဖြစ်ကို ပြောင်းလဲပြီး ပျောက်ကွယ် သွားခဲ့ပြီးပြီ၊
“ဒီနေရာကြီးက တကယ့်ကို ထူးခြားတာပဲ။ ရန်ရွှယ်။ ယန်လေး။ ပင်းယန်။ ဒီနေရာက နတ်ဘုရား အရင်းအမြစ်လို့ ထင်လား။ ငါတော့ ဒီပန်းတွေ အနံ့ ထူးဆန်းနေတယ် ထင်တာပဲ။” ဖန်ကျန်းရှီ လှည့်ကြည့်ရင်း မေးလိုက်တယ်။
ပင်းယန်၊ ချီကူယန်နဲ့ ရန်ရွှယ်ကတော့ သတိလစ်နေတဲ့ နန်ကုန်းမုကို ကြည့်ရင်း ပြန်မဖြေနိုင်ခဲ့ဘူး။ နန်ကုန်းမုက တကယ်ကြီး ဒီလို သတိ လစ်သွား ရတယ်ပေါ့။
နေစမ်းပါအုန်း။ နတ်ဘုရား အရင်းအမြစ်က ဒီနေရာလား။
“အရှက်မရှိတဲ့ ကောင်စုတ်။ ဒီနေရာက နတ်ဘုရား အရင်းအမြစ်လို့ နင်ပြောတာလား။” ပင်းယန် သတိ ဝင်ဝင်လာချင်း မေးလိုက်တယ်။
ဖန်ကျန်းရှီက ဘယ်တော့မှ မလိမ်ဘူး။ အမြဲတမ်း အရှက်မရှိတဲ့ ပုံစံက တစ်ပုံစံတည်းပဲ။ ဒါကြောင့် ပင်းယန်က ဝမ်းနည်း မနေတော့ပဲ ခပ်မြန်မြန် သတိ ပြန်ဝင်လာ ခဲ့တယ်။
“နတ်ဘုရား အရင်းအမြစ် ပွင့် လာတာလား။” ဒီအချိန် မှာပဲ သတိလစ်နေခဲ့တဲ့ ယွင်ချင်းဝူ နိုးလာပြီး ပြောတော့တယ်။
“ငါ သိပ်မသေချာပေမယ့် ပန်းအနံ့တွေက အားယို့။ ဘာ ဖြစ်တာလဲ။”
ဖန်ကျန်းရှီ အော်နေ ချိန်မှာပဲ မြေပြင်ကနေ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာတော့တယ်။ ဒီအပေါက်ကြီးက တိုက်ခိုက်မှု ပြင်းထန်တာကြောင့် ဖြစ်ပေါ် လာခဲ့တာပဲ။
ဖန်ကျန်းရှီက အက်ကွဲကြောင့် တည့်တည့်မှာ ရပ်နေခဲ့တဲ့ အတွက် သူအရင်ဆုံး ပြုတ်ကျ သွားခဲ့တယ်။
“ကျန်းရှီ။”
“အရှက်မရှိတဲ့ သူခိုးကောင်။”
ချီကူယန်နဲ့ ရန်ရွှယ်က ချက်ခြင်း ဖန်ကျန်းရှီ ဆီကို ပြေးလာပြီး ဆွဲခေါ်ဖို့ လုပ်ချိန်မှာပဲ အက်ကွဲကြောင်းထဲကို သူတို့ပါ ရောပြီး ပြုတ်ကျသွားတယ်။
“ဘန်း။”
ဆက်တိုက် ပြုတ်ကျသံနဲ့ သတိလစ်နေတဲ့ နန်ကုန်းမု အပါအဝင် လူတိုင်းက အက်ကွဲကြောင်းထဲကို ပြုတ်ကျ သွားတော့တယ်။
အက်ကွဲကြောင်းက သိပ်မနက်တဲ့ အတွက်သာ ရုပ်ပျက်ဆင်းပျက် မဖြစ်ပဲ ကို့ယို့ကားရာ အခြေအနေတွေနဲ့ ကျလာကြတယ်။
အရင်ဆုံး ကျလာတဲ့ ဖန်ကျန်းရှီက အောက်ဆုံးကို ရောက်နေပြီးတော့ ချီကူယန်ကတော့ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ တက်ထိုင်မိ သွားတယ်။
“နင် အဆင် ပြေရဲ့လား။ အရှက်မရှိတဲ့ ကောင်စုတ်။”
“မင်း အရင်ဆုံး တင်ပါးကို ကြွလိုက်အုန်း။”
ချီကူယန် မျက်လုံး ပြူးသွားပြီး ထရပ်ဖို့ ပြင်တယ်။ ဒါပေမယ့် သူမ ပြန်ကျ လာခဲ့ပြန်တယ်။
(သူ ဘာဖြစ်လို့ တင်ပါးလေး ကြွပြီး ထရပ်တာကို မလုပ်နိုင်တာလဲ။) တစ်ခါတစ်လေမှာ ချီကူယန်ရဲ့ အတွေးတွေကို တကယ်ပဲ ဖန်ကျန်းရှီ နားမလည်နိုင်ဘူး။
(ဒါပေမယ့် သူ့ခေါင်းပေါ်မှာ ဒီလို တက်ထိုင်နေလို့ ရမလား။ သူ့ကို လွယ်လွယ် အနိုင်ကျင့်လို့ ရနိုင်မယ့် သူလို့များ ထင်နေတာလား။)
ဖန်ကျန်းရှီ ဂရုမစိုက်တော့ပဲ ချီကူယန်ကို တွန်းချလိုက်တယ်။ ပျောက်ဆုံးနေတဲ့ နဂါးလက်သည်း နည်းလမ်းကို ချီကူယန့်ဆီ သုံးတော့မယ့် အချိန်မှာပဲ ရန်ရွှယ်နဲ့ ပင်းယန်တင်မကပဲ ယွင်ချင်းဝူပါ သူ့ကို စိုက်ကြည့် နေတာကို တွေ့လိုက် ရတော့တယ်။ သူတို့တွေက တကယ့်ကို ငယ်ရွယ်ပြီး အားအပြည့် ရှိကြတာပဲ။
“အဟွတ် ဟွတ်။ အားလုံး အဆင်ပြေကြရဲ့လား။” ဖန်ကျန်းရှီ ထလာရင်း မေးပင်မယ့် ဘယ်သူမှ မဖြေကြဘူး။ အားလုံးက သူ့ကို မျက်လုံး အပြူးသားနဲ့သာ ကြည့်နေခဲ့တယ်။ ချီကူယန်လဲ အတူတူပဲ။
“ဘာဖြစ်လို့လဲ။ ငါ့မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား။” ဖန်ကျန်းရှီ ထူးဆန်းတယ် ထင်မိတာနဲ့ ပင်းယန် ကြည့်နေတဲ့ နေရာကို လိုက်ကြည့်မိတယ်။
ချီကူယန်က ထိုင်နေဆဲ ဖြစ်ပြီး သူမရဲ့ အောက်ဘက်မှာတော့ အနက်ရောင် တိမ်သဏ္ဍာန် တစ်ခုက အသက်ရှိ နေတဲ့ အတိုင်း လှုပ်ရှား နေခဲ့တယ်။
သူ့ပတ်လည်မှာလဲ အနက်ရောင် တိမ်သဏ္ဍာန် တစ်ခု လှုပ်ရှားနေတာကို သူတွေကတယ်။ လောကကြီး တစ်ခုလုံးက အနက်ရောင် တိမ်သင်္ကေတတွေနဲ့ ပြည့်နှက်နေတာပဲ။ တောင်တွေကြားက လေထုထဲမှာ အားကောင်းတဲ့ ထူးခြား စွမ်းအားတွေ ရှိနေတယ်။
“အဲ့တာ နတ်ဘုရား အရင်းအမြစ်ပဲ။” ယွင်ချင်းဝူ တုန်တုန်ယင်ယင် ပြောတယ်။
“ငါသာ မမှားရင် ဒီနေရာက။”
“ဒီနေရာက ဘာဖြစ်လဲ။” ဖန်ကျန်းရှီ လှမ်းမေးတယ်။
ယွင်ချင်းဝူက အသိပညာ အရာမှာ အမြင့်ဆုံး ဖြစ်တဲ့ အပြင် ချီကူယန်တောင် သူ့ကို မယှဉ်နိုင်ဘူး။
“နတ်ဘုရား အရင်းအမြစ်ရဲ့ ဗဟိုချက်ပဲ။” ယွင်ချင်းဝူ ဖုံးကွယ် မထားပဲ ပြောလိုက်တယ်။
ပင်းယန်နဲ့ ရန်ရွှယ်တို့တောင် ဒါကို ကြားချိန်မှာ မတည်ငြိမ် နိုင်တော့ဘူး။ နတ်ဘုရား အရင်းအမြစ် ဗဟိုချက် အကြောင်းကို နားမည်ပေမယ့် ဘာကို ဆိုလိုမှန်းတော့ အကြမ်းဖျင်း သိကြတယ်။
“မဟုတ်သေးဘူး။ ဗဟိုချက် မှန်မယ်ဆိုရင် ဒီမှာ သစ်ပင်ကြီး ရှိနေရမယ်။ ဒါပေမယ့်။” ယွင်ချင်းဝူ ပြောလိုက်တယ်။
“သစ်ပင်လား။” ဖန်ကျန်းရှီ ပတ်ပတ်လည်ကို လှည့်ကြည့်ပေမယ့် မာကျောနေတဲ့ ကျောက်တုံးတွေကလွဲပြီး တခြား ထပ်မတွေ့ခဲ့ဘူး။
သစ်ပင်က ဘယ်မှာလဲ။ ဘယ်သစ်ပင်က တောင်ခြေ ကျောက်တုံးထဲမှာ ရှိနေမှာလဲ။ ဒီနေရာက နတ်ဘုရား အရင်းအမြစ် မဟုတ်ဘူးလား။
ယွင်ချင်းဝူက နတ်ဘုရား အရင်းအမြစ် အကြောင်းကို သူတစ်ခါမှ မဖတ်ဖူးတဲ့ ရှေးဟောင်း လက်ရေးစာ ထဲကနေ သိနေမှန်း ဖန်ကျန်းရှီ နာလည်တယ်။ ဒါပေမယ့် သူကိုယ်တိုင် မဖတ်ရ သေးတဲ့ အတွက် အခြေအနေကိုတော့ သေချာ မသိခဲ့ဘူး။
“ရှေးဟောင်း လက်ရေးစာ အရဆိုရင်၊ နတ်ဘုရား အရင်းအမြစ်က စွမ်းအင် စုစည်းမှုကြောင့် ဖြစ်လာတဲ့ ပန်းပွင့်တွေ သစ်သီးတွေနဲ့ ပြည့်နေတယ်။ သစ်သီးကို စားလိုက်တာနဲ့ နတ်ဘုရား တစ်ပါး အဖြစ်ကို ရရှိနိုင်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း ပြောပြတယ်။
“နတ်ဘုရား ဖြစ်နိုင်တယ်။ ဒါဆို ဘာကို စောင့်နေမှာလဲ။ သစ်သီးကို ရှာမယ်လေ။” ဖန်ကျန်းရှီက ရှာနေပင်မယ့် ဘာကိုမှ မတွေ့ခဲ့ဘူး။ နေစမ်းပါအုန်း အနံ့တွေ သစ်သီးတွေနဲ့ ပြည့်နေတဲ့ နတ်ဘုရား အရင်းအမြစ်က သူတို့ အပေါ်မှာ ရှိနေတာလား။
သစ်ပင်တွေက တောင်အောက်ထဲမှာ မပေါက်ဘူး။ တောင်ပေါ်မှာပဲ ပေါက်တယ်။ အပေါ်မှာလဲ ပန်းနံ့တွေကို သူရခဲ့တယ်။
“ငါတို့ အပေါ်မှာ ရှိနေတာလား။” ရန်ရွှယ် သတိ ဝင်လာပြီး မေးလိုက်တယ်။
ဖန်ကျန်းရှီနဲ့ ပင်းယန်ကတော့ ဘာမှ မပြောတော့ဘူး။
အကယ်၍ နတ်ဘုရား အရင်းအမြစ်သာ အပေါ်မှာ ရှိနေခဲ့ရင် ကျမ်းကောင်းကင် တောင်ကတော့ သေချာပေါက် စစ်မြေပြင် ဖြစ်တော့မှာပဲ။ ဒါ့အပြင် နတ်ဘုရား အရင်းအမြစ်က အသက်ဝင်သွား ခဲ့ပြီ။ ပန်းတွေ သစ်သီးတွေက ဆက်တိုက် ပေါ်လာ တော့မှာပဲ။
သူတို့ အခုချိန်မှာ အပေါ် မတက်နိုင်ရင် နောက်ကျ သွားလိမ့်မယ်။ အရင်ဘဝက နာမည်ကျော် ဂိမ်းတစ်ခုလိုပဲ။ ရှေ့ကို ပြုတ်ကျလာတဲ့ သေနတ်ကို ချက်ခြင်း မကောက်ရင် နှေးကွေး နေတာကြောင့် ရန်သူ သေနတ်နဲ့ ပြစ်တာကို ခံရ လိမ့်မယ်။
လက်တွေ့ ဘဝက ရက်စက်တယ်။ ဘယ်လောက်ပဲ ကောင်းကောင်း လှုပ်ရှား ပါစေ သေနိုင်တယ်။
သူ့အပေါ်မှာ ဘာတွေ ဖြစ်နေမှန်း ဖန်ကျန်းရှီ သေချာ မသိခဲ့ဘူး။ ဒါပေမယ့် ရလဒ်ကတော့ ရက်စက်မယ်မှန်း သိနေခဲ့တယ်။
“အရှက်မရှိတဲ့ ကောင်စုတ် ဒီတိမ်ပုံစံတွေကိုကြည့်။” ပင်းယန် ပြောတယ်။
“ဘာတွေ ဖြစ်နေလို့လဲ။”
“သူတို့တွေ သစ်ပင်နဲ့ တူတယ်လို့ မထင်ဘူးလား။”
ဖန်ကျန်းရှီ သေချာကြည့်ရင်း တစ်ချက် တုန်ယင် သွားခဲ့တယ်။
ဒါတွေက တကယ့်ကို သစ်ပင် အကြီးကြီးနဲ့ တူနေတယ်။ ဒါ့အပြင် ပတ်ပတ်လည်က တောင်ကိုပါ ဖုံးလွှမ်း ထားနိုင်တဲ့ အထိ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်လိုမျိုး ထူထပ်နေတယ်။
တိမ်တစ်ချို့က သစ်ကိုင်း အသွင် ရှိပြီး တစ်ချို့ကတော့ ပင်စည် အသွင် ရှိကြတယ်။
ပင်းယန်သာ သတိ မပေးခဲ့ရင် သူ သတိထားမိမှာ မဟတု်ဘူး။ တိမ်သင်္ကေတတွေနဲ့ လုပ်ထားတဲ့ သစ်ပင်ကြီး။
ရန်ရွှယ်လဲ သေချာ ကြည့်ရင်း နားလည်သွားတယ်။ ပန်းချီပညာပိုင်းမှာ ရန်ရွှယ်က ထူးချွန်တယ်။ ရန်မိသားစု ဘိုးဘေးတေါ ဆွဲခဲ့တဲ့ တောင်နဲ့မြစ် ယပ်တောင်ကို ကြည့်ရုံနဲ့တင် သူတို့ မျိုးနွယ်ရဲ့ ပညာကို ခန့်မှန်းနိုင်တယ်။
ချီကူယန်ကလဲ လက်ရေးလှ ပညာနဲ့ ပန်းချီပိုင်းမှာ ပညာဉာဏ် ကြွယ်ဝတယ်။ တစ်ချက် ကြည့်ပြီး သူမ လက်ချောင်းတွေနဲ့ ပုံစံ တစ်ချို့ လုပ်လိုက်တယ်။
“သစ်ကိုင်းတွေ ပင်စည်တွေ။”
“သစ်ပင်ထိပ်က ကြည့်ရတာ။”
“အရှက်မရှိတဲ့ သူခိုးကောင် နင့်ခြေထောက်တွေ ဖယ်လိုက်။”
“အိုး။” ဖန်ကျန်းရှီ ခပ်မြန်မြန် နေရာ ဖယ်လိုက် ပြီးချိန်မှာပဲ ချီကူယန်က တခြား တိမ်သင်္ကေတတွေကို ကြည့်တော့တယ်။
“အမြစ်တွေက ဒီမှာ။” ယွင်ချင်းဝူက တောင်ကျောက်တုံးတွေကို လက်ညှိုးထိုးပြတယ်။
“အင်း သူတို့တွေ ရှိနေတော့ အမြစ်တွေက ကျောက်တုံးနောက်မှာ ရှိမှာပဲ။” ချီကူယန် ပြောတယ်။
“အမြစ်တွေကို ငါတို့ ဘာဖြစ်လို့ ရှာရမှာလဲ။” ပင်းယန် နားမလည် ခဲ့ဘူး။
“အကယ်၍ ဒါသာ နတ်ဘုရား အရင်းအမြစ် ဖြစ်ခဲ့မယ် ဆိုရင်၊ အမြစ်တွေက ဗဟိုချက် စစ်စစ်ပဲ။ အဲ့ဒီ့နေရာမှာ သစ်သီးထက် ပိုကောင်းတဲ့ တစ်ခုခု ရှိနေနိုင်တယ်။” ချီကူယန် ရှင်းပြတယ်။
“နားလည်ပြီ။ ဒါဆိုရင် ဘာကို စောင့်နေမှာလဲ။ ကျောက်တုံးတွေကို ခွဲပြစ်မယ်။” ပင်းယန် ပြောပြီးတာနဲ့ ပြေးတော့တယ်။
တောင်ခြေက အတော်လေးကို မည်းမှောင်နေခဲ့တယ်။ ဖန်ကျန်းရှီနဲ့ တခြားသူတွေ ပြုတ်ကျလာခဲ့တဲ့ အတွက် အပေါ်က အလင်းရောင် တစ်ချို့ မြေပြင်ပေါ်ကို ကျလာတာက လွဲပြီး အလင်းရောင် ထပ်မရှိခဲ့ဘူး။ ဒါ့ပေမယ့် သုခမိန် အဆင့်ရဲ့ စွမ်းအားကြောင့် အမှောင်ထုက သူမ အမြင်ကို မကာဆီး ထားနိုင်ခဲ့ဘူး။
ပင်းယန် အရင်ဆုံး လှုပ်ရှားတယ်။
တောင်ကျောက်တုံးတွေ ရှေ့ကို ရောက်ရောက်ခြင်း တိမ်သဏ္ဍာန်တွေကို လက်သီးနဲ့ ထိုးချလိုက်တယ်။
ဝုန်း။ မြေပြင် တစ်ခုလုံး တုန်ခါ သွားပြီးနောက် ပင်းယန် ပြန်လွင့်ထွက်လာရင်း ဖင်ထိုင်လျက်သား ကျသွားတော့တယ်။
“…”
“…”
ချီကူယန်နဲ့ ယွင်ချင်းဝူ မျက်မှောင်ကြုတ်သွားခဲ့တယ်။
ချီကူယန်ကတော့ ပင်းယန်ကို မတားဆီးခဲ့ဘူး။ ဒါပေမယ့် ပင်းယန်ရဲ့ ကျင့်ကြံဆင့်နဲ့တောင် ကျောက်တုံးတွေကို မခွဲထုတ် နိုင်တဲ့ အတွက် အံ့သြ နေခဲ့မိတယ်။
“ဒီ ကျောက်တုံးလေးက ငါ့ကို တားနိုင်မယ်လို့ ငါမယုံဘူး။” ပင်းယန် ရှက်ရွံ့ ဒေါသထွက်ရင်း ပြောတော့တယ်။ အဲ့ဒီ့နောက် နောက်တစ်ခေါက် ပြေးဝင်ဖို့ ထရပ်တယ်။
“တိမ်သဏ္ဍာန်တွေကြောင့် ဖြစ်လိမ့်မယ်။” ဖန်ကျန်းရှီက ပင်းယန်ကို လက်တစ်ဖက်နဲ့ ဆွဲထားရင်း ပြောတယ်။
ပင်းယန် နားမလည်ခဲ့ဘူး။
“အကယ်၍ ဒီတိမ်သဏ္ဍာန်တွေသာ နတ်ဘုရား ဗဟိုချက်က ဆန့်ထွက်လာတာ ဖြစ်ခဲ့ရင် သူတို့တွေကို တစ်ခုစီလို့ သတ်မှတ် မရဘူး။ အားလုံး တစ်ခုတည်းလို့ ယူဆရမယ်။”
“တစ်ခုတည်း။”
“ဟုတ်တယ်။ ငါတို့တွေ သစ်ပင်ဆီ ရောက်အောင် သွားဖို့ အဲ့ဒီ့ ကျောက်တုံးကို ဖြတ်ရလိမ့်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြတယ်။
“အဲ့တာ ဖြစ်နိုင်တယ်။” ရန်ရွှယ် သဘောတူတယ်။
“ဒါဆိုရင် ဘာစောင့်နေမှာလဲ။ အတူတူ ဖျက်ဝင်ကြမယ်လေ။” ပင်းယန် ပြောတယ်။
သူမရဲ့ အင်အားက မလုံလောက်ရင် အားလုံး ပေါင်းတဲ့ အင်အားကတော့ လုံလောက်တယ် မလား။ ပင်းယန် စိတ်ထဲမှာ ဒီလို တွေးနေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တိုက်ခိုက်ဖို့ စိတ်ကူး မရှိခဲ့ဘူး။ ယွင်ချင်းဝူကို လှမ်းမေးတယ်။
“ယွင်ချင်းဝူ မင်း ဒီအကြောင်းကို သိတယ်မလား။”
ယွင်ချင်းဝူကတော့ တိတ်ဆိတ် နေခဲ့တယ်။
ပင်းယန်ကတော့ စိတ်ပျက်လက်ပျက်နဲ့ ဝင်ပြောတယ်။ “သူ့လို နတ်ဆိုး မျိုးမစစ်က ဘာလုပ်ရမလဲ ဆိုတာ ဘယ်လိုလုပ် သိမှာလဲ။”
“ပင်းယန်။” ချီကူယန်က လှမ်းခေါ်ရင်း ခေါင်းခါပြတယ်။
“..” ပင်းယန်လဲ လျှာထုတ်ရင်း ပါးစပ် ပြန်ပိတ် သွားခဲ့တယ်။
“ယွင်ချင်းဝူ ဒီနေရာက နတ်ဘုရား အရင်းအမြစ် ဆိုတာ သိပြီးမှတော့ ငါတို့ကို ရှေးဟောင်း လက်ရေးမူ အကြောင်း ပြောပြသင့်တယ် မလား။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
အပိုင်း (၁၀၆၄) ပြီး၏။
အပိုင်း (၁၀၆၅)
“ကန့်သတ်မြေရဲ့ ထူးဆန်းမှု နောက်ကွယ်က အမှန်တရား။”
….
လမ်းတစ်လျှောက်လုံးမှာ ယွင်ချင်းဝူက နတ်ဘုရား မုခ်ဝအကြောင်း မပြောခဲ့ဘူး။ ဒါ့အပြင် သူမရဲ့ အမူအယာကြောင့် ကန့်သတ်ချက်တွေ ရှိနေတာကို ပြောနိုင်တယ်။ နတ်ဘုရား အရင်းအမြစ်သာ အသက်ဝင်လာရင် ကိစ္စတွေက ပြောင်းလဲ သွားလိမ့်မယ်။
“ဒီတော့ ဒါက ကံတရားပေါ့။ ကျမ်းကောင်းကင် တောင်အောက်မှာ ရှိတဲ့ နတ်ဘုရား အရင်းအမြစ်ကို နတ်သစ်သီးက ဆွဲဆောင်နိုင်တယ်။” ယွင်ချင်းဝူ သက်ပြင်းချလိုက်တယ်။
“နတ်သစ်သီးက ဆွဲဆောင်တယ်။” ပင်းယန်ကတော့ ဒါကို တွေးမိ သွားချိန်မှာ လန့်သွားခဲ့တယ်။
ဖန်ကျန်းရှီ နတ်သစ်သီးကို ဖျက်စီး ပြီးတဲ့နောက် များပြားလှတဲ့ အသက်စွမ်းအားတွေက ကျမ်းကောင်းကင် တောင်ပေါ်ကို ကျဆင်းလာပြီး နတ်ဘုရား အရင်းအမြစ်လဲ ထွက်ပေါ် လာခဲ့တယ်။ ဒါပေမယ့် ဖြစ်ရပ် တစ်ခုလုံးကလဲ အရမ်းကို တိုက်ဆိုင်ရာ ရောက်လွန်း နေသေးတယ်။
အကယ်၍ နတ်ဘုရား အရင်းအမြစ်သာ ကျမ်းကောင်းကင်တောင် အောက်မှာ ရှိမနေခဲ့ရင် ဖန်ကျန်းရှီလဲ နတ်သစ်သီးကိုသာ မဖျက်ဆီးခဲ့ရင် ဒါတွေ အားလုံးက ဖြစ်လာမှာ မဟုတ်ဘူး။
“ကောင်းပြီလေ။ နင်တို့ အားလုံး သိမှတော့ ငါသိထားသမျှ အားလုံးကို ပြောပြမယ်။” ယွင်ချင်းဝူ သက်ပြင်းချရင်း ပြောလိုက်တယ်။
ဖန်ကျန်းရှီ၊ ချီကူယန်နဲ့ တခြားသူတွေလဲ ဒါကို ကြားချိန်မှာ စိတ်အေး သွားခဲ့ရပြီ။ သူတို့ အားလုံး ထဲမှာ ယွင်ချင်းဝူ တစ်ယောက်သာ နတ်ဘုရား အရင်းအမြစ် အကြောင်းကို ကောင်းကောင်း သိထားတယ်။ တခြားသူတွေကတော့ ခန့်မှန်းရုံလောက်သာ တတ်နိုင်တယ်။
“ဒဏ္ဍာရီတွေ အရတော့ ရှေးရှေးခေတ်မှာ လောကကြီး တစ်ခုလုံးက စွမ်းအားတွေနဲ့ အပြည့် ရှိနေခဲ့ဖူးတယ်။ ဒါကြောင့် သဘာ၀ အရင်းအမြစ်တွေ ရတနာတွေလဲ အရင်းခံပြီး ဖြစ်တည်လာခဲ့တယ်။ တစ်ချို့တွေကတော့ စိတ်ဝိဉာဉ် စွမ်းအား သစ်သီးတွေ။ တစ်ချို့တွေကတော့ ရတနာတွေ။”
ယွင်ချင်းဝူ တစ်ခဏတာ ရပ်တန့်ပြီးနောက် ဆက်ပြောတယ်။ “ဒဏ္ဍာရီထဲမှာ ပြောထားတာတော့ နတ်ဘုရားအရင်းအမြစ်က မိုးကောင်ကင်နဲ့ မြေကမ္ဘာရဲ့ ဝင်ပေါက်ပဲ။ ကမ္ဘာမြေကို ဖန်တီး ပြီးချိန်မှာ ပထမဆုံး ဖြစ်ပေါ် လာခဲ့တဲ့ နေရာ။”
ပင်းယန်က ဒါကို ကြားချိန်မှာ လန့်သွားခဲ့တယ်။
“ဟုတ်တယ်။ နတ်ဘုရား အရင်းအမြစ်ကနေ လာတဲ့ ဘယ်သူမဆို လောကမှာ အင်အားအကြီးဆုံး သူအဖြစ်ကို ရောက်ရှိလိမ့်မယ်။ ဥပမာ ရွှမ်ယွမ်ဝူနဲ့ ဘိုးဘေးကြီး ချီယို့လိုပေါ့။ သူတို့ အားလုံးက နတ်ဘုရား အရင်းအမြစ်ကနေ အခွင့်အရေးတွေ ရပြီး လောကကြီးကို အုပ်စိုး နိုင်ခဲ့တာပဲ။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း ပြောတယ်။
“အဲ့ဒီ့နောက် နတ်ဘုရား အရင်းအမြစ်က ဘာဖြစ်လို့ ပျောက်သွားတာလဲ။” ပင်းယန် မေးလိုက်တယ်။
“မဟာ စစ်ပွဲကြီးက နတ်ဘုရား အရင်းအမြစ်ကို ဖျက်စီး ခဲ့တဲ့ အတွက် စွမ်းအား အရင်းအမြစ်လဲ ပျောက်ကွယ် ခဲ့တယ်။ စွမ်းအား အရင်းအမြစ် ပျောက်ကွယ် သွားတာနဲ့ ရတနာတွေ အင်အားကြီး ဖြစ်တည်မှုတွေလဲ လျော့ကျ လာတော့တာပဲ။” ယွင်ချင်းဝူ ဆက်ရှင်းပြတယ်။ ပင်းယန်ကတော့ တိတ်ဆိတ် သွားခဲ့တော့တယ်။
သူမ ဝန်မခံ ချင်ပေမယ့် အခု အချိန်မှာ ရတနာတွေ တကယ့်ကို နည်းပါးနေတာ အမှန်ပဲ။
“မင်း ပြောချင်တာ မဟာစစ်ပွဲကြီးက ရှေးရှေးခေတ်ရဲ့ စစ်ပွဲကို ပြောချင်တာလား။” ရန်ရွှယ် မေးလိုက်တယ်။
“အစောပိုင်းတုန်းက ငါလဲ အဲ့တာလို့ ထင်ခဲ့ပေမယ့် မဟုတ်လောက်ဘူး။ မဟာစစ်ပွဲကြီးက ကောင်းကင် ကပ်ဆိုးကို ဖြစ်လာ စေခဲ့ပေမယ့် စွမ်းအား အရင်းအမြစ် ပျောက်သွားတာ အဲ့တာကြောင့် မဟုတ်ဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။
“မဟုတ်ဘူးပေါ့။”
“အကယ်၍ မဟာ စစ်ပွဲကြီး အကြောင်း ရှင်းပြ ထားတာတွေသာ တိကျခဲ့ရင် နွီဝါး မယ်တော်က မျိုးနွယ်စု သုံးခုရဲ့ အင်အားကြီး ဖြစ်တည်မှုတွေကို စုစည်းပြီး ကပ်ဆိုးကို တားဆီး ခဲ့တာပဲ။ သူက ဘာဖြစ်လို့ စွမ်းအား အရင်းအမြစ်ကို ချိတ်ပိတ် ရအုန်းမှာလဲ။
“အင်း။” ရန်ရွှယ် တိတ်ဆိတ် သွားခဲ့တယ်။
ယွင်ချင်းဝူ ပြောသလိုပဲ ကြယ်တာရာ ကပ်ဆိုးကြီးကို တားဆီးနိုင်ဖို့ အင်အားကြီး ဖြစ်တည်မှုတွေကို လိုအပ်တယ်။ အဲ့ဒီ့ အချိန်မှာ နတ်ဘုရား အရင်းအမြစ်သာ ပျက်စီးခဲ့ရင် ဒီကပ်ဆိုးကို ဘယ်လို ခုခံဖို့ ဖြစ်နိုင်တော့မှာလဲ။
ယွင်ချင်းဝူ ခန့်မှန်း သလိုသာ ဖြစ်ခဲ့မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ်ကို ဘယ်အရာက ပိတ်ချ လိုက်တာလဲ။
ဒုတိယ တစ်ခေါက် စစ်ပွဲကြီး ထပ်ဖြစ် ခဲ့လို့လား။
မဟုတ်နိုင်ဘူး။ ဘယ် စာအုပ်ထဲမှာမှ အဲ့ဒီ့လို စစ်ပွဲ အကြောင်းကို မှတ်တမ်းတင် မထားဘူး။
“နင် တွက်ချက် ထားသလောက် အရဆိုရင် နတ်ဘုရားအရင်းအမြစ်က ကပ်ဆိုးကြီး ပြီးတဲ့ အချိန်မှ ပျောက်ကွယ် သွားတာ မဟုတ်လား။” ပင်းယန် မေးတယ်။
“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။
“အဲ့ဒီ့ စစ်ပွဲက ဘာစစ်ပွဲလဲ နင်သိလား။”
“ငါမသိဘူး။ ရှေးဟောင်း လက်ရေးမူထဲမှာလဲ မှတ်တမ်း မရှိလို့ ငါလဲ သိချင်နေတာ။”
“အင်း။ နောက်ထပ် မှတ်တမ်းတွေ ထပ်ရှိသေးလား။” ဖန်ကျန်းရှီကတော့ နောက်ထပ် မေးခွန်းကို ပိုပြီးတော့ သိချင် နေခဲ့တယ်။
ယွင်ချင်းဝူက နတ်ဘုရား အရင်းအမြစ် အကြောင်းကို ကန့်သတ်ထားတာ သေချာပေါက် အကြောင်းအရင်း ရှိရမယ်။ ဒါ့အပြင် အစောပိုင်း တုန်းကလဲ ဒီအကြောင်းကို သူ မပြောသွားဘူး။
“ရှိတယ်။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖြေတယ်။ “နတ်ဘုရား အရင်းအမြစ် ဖျက်စီးခံခဲ့ရတဲ့ မှတ်တမ်းမှာ နောက်ဆုံး စာကြောင်း တစ်ကြောင်း ပါတယ်။”
“ဘာစာကြောင်းလဲ။”
“နတ်ဘုရားအရင်းအမြစ်က ကန့်သတ် နယ်မြေပဲ။”
“ကန့်သတ်နယ်မြေ။”
“ဟုတ်တယ်။ ငါ့အထင်တော့ ကောင်းကင် စိတ်ဆန္ဒက နတ်ဘုရား အရင်းအမြစ်ကို ဖျက်စီး ခဲ့တာပဲ။ ဒါကြောင့် ငါတို့တွေ လိုက်နာသင့်တယ်။”
“ကောင်းကင် စိတ်ဆန္ဒကို လိုက်နာရမယ်ပေါ့။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ဒီလောကမှာ ကောင်းကင် စိတ်ဆန္ဒကို ဆန့်ကျင်ရင် အပြစ်ပေး ခံရမယ် ဆိုတဲ့ ယုံကြည်ချက်က အတော်လေးကို နာမည်ကြီးတယ်။ အတိတ် အချိန်တုန်းကတော့ သူလဲ ဒါကို မယုံခဲ့ဘူး။
အရင်ဘဝတုန်းက သိပ္မံ ပညာကိုသာ သူယုံတယ်။ ဒါပေမယ့် လက်ရှိ လောကမှာတော့ ကိစ္စတွေက ကွာခြားတယ်။ ထူးခြားတဲ့ ရှေးဟောင်း သားရဲကောင် လေးကောင်ကို သိပ္မံနည်းကျ အဖြေရှာနိုင်ဖို့ မလွယ်ဘူး။ ထူးခြားပြီး ထူးဆန်းနေရုံနဲ့တင် မိုးကောင်းကင် မတည်ရှိတာ မဟုတ်ဘူးလေ။
ဒါကြောင့် ဖန်ကျန်းရှီလဲ ကောင်းကင် စိတ်ဆန္ဒကို လျစ်လျူရှုထားလိုက်တယ်။ အခုချိန်မှာတော့ သူနောက်တစ်ကြိမ် ပြန်တွေးနေခဲ့ ရပြီ။
“ဒါပေမယ့် နတ်ဘုရား အရင်းအမြစ်က အခုချိန်မှာ အသက်ဝင် သွားပြီ။ ငါတို့တွေ ကောင်းကင် စိတ်ဆန္ဒကို ဆန့်ကျင် ပြီးပေမယ့် ဘာမှ မဖြစ်သေးဘူး။ ဘယ်တော့မှ အပြစ်ပေးတာ ခံရမှာလဲ။ မိုးကောင်းကင်ကို ငါနည်းနည်းလေးမှ မကြောက်ဘူး။ ဆန့်ကျင်လိုက်ရအောင်။ မိုးကောင်းကင်နဲ့ တိုက်ခိုက် ရမှာထက် စိတ်လှုပ်ရှားစရာ ကောင်းတာ ဘာရှိအုန်းမလဲ။ ဟုတ်တယ် မလား အရှက်မရှိတဲ့ ကောင်စုတ်။” ပင်းယန်က ဘာမှ မကြောက်ခဲ့သလို ဘာကိုမှလဲ ဂရုမစိုက်ခဲ့ဘူး။
“အင်း။ မင်းပြောတာ မှန်တယ်။” ဖန်ကျန်းရှီ ပြုံးရင်း ထောက်ခံတယ်။ တစ်ခါတလေမှာ ပင်းယန်ကို ဒီကမ္ဘာက လူမဟုတ်ဘူးလို့ တောင် သူထင်မိတယ်။ ကောင်းကင် ဆန္ဒကို ဆန့်ကျင်ရတဲ့ ကိစ္စ ဘယ်တုန်းကများ ဒါမျိုးကို သူကြိုက် သွားတာလဲ။ ကြားရတာတော့ မဆိုးဘူး။
“မိုးကောင်းကင် နားထောင်စမ်း။ ငါ နင့်ကိုအခုက စပြီး ဆန့်ကျင်တော့မယ်။ အကယ်၍ နင်သာ အစွမ်းထက်တယ် ဆိုရင် ငါ့ကို မိုးကြိုး ပြစ်ချပြီး သတ်လိုက်စမ်း။” ပင်းယန်က ကောင်းကင်ကို စိန်ခေါ်နေတော့တယ်။
“…”
“…”
ရန်ရွှယ်နဲ့ ချီကူယန်ကတော့ ဘာမှ မပြောနိုင် ဖြစ်နေခဲ့တယ်။
“သတိထား မိုးကြိုးတွေ လာနေပြီ။” ဖန်ကျန်းရှီ အလန့်တကြား အော်တော့တယ်။
“အား အရှက်မရှိတဲ့ ကောင်စုတ် ကယ်ပါအုန်း။ ငါ မသေချင် သေးဘူး။” ပင်းယန် ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီ နောက်မှာ ပြေးပုန်းတော့တယ်။
အခြေအနေကတော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှတယ်။
ပင်းယန် အတော်ကြာ မျက်လုံး မှိတ်ထားပြီးနောက် မျက်လုံးတွေကို ပြန်ဖွင့်ရင်း ကောင်းကင်ကို ပြန်ကြည့်တယ်။
“ဘယ်မှာ မိုးကြိုး ပြစ်လို့ လဲ။”
“ငါကာလိုက်လို့ မင်းကို မထိတာလေ။” ဖန်ကျန်းရှီ ပြောလိုက်တယ်။
“လူလိမ်ကောင်။” သူမ လှည့်စား ခံနေရမှန်း ပင်းယန် သိပေမယ့် ဖန်ကျန်းရှီ အနောက်မှာ ရပ်ရင်း စိုးရိမ် တကြီးနဲ့ ပုန်းနေခဲ့တယ်။
ဖန်ကျန်းရှီကတော့ သက်ပြင်းချရင်း ပင်းယန်ကို ကြည့်မိတယ်။ (ဒီလောကမှာ လူတွေကို ကောင်းကင် အပြစ်ပေးမှာကို ကြောက်ကြတာပဲ။)
ပင်းယန်က ဘာကိုမှ မကြောက်ချင်ယောင် ဆောင်နေပင်မယ့် စိုးရိမ် နေတာတော့ ရှိသေးတယ်။ ဒါကြောင့် ယွင်ချင်းဝူ သတိထားတာ မဆန်းခဲ့ဘူး။
ပင်းယန် ပြောသလိုပဲ ကောင်းကင် အပြစ်ပေးတာ တည်ရှိသည် ဖြစ်စေ မတည်ရှိသည် ဖြစ်စေ သူတို့ကတော့ နတ်ဘုရား အရင်းအမြစ်ကို အသက်သွင်းပြီးပြီ။ ဒါကြောင့် အခုချိန်မှာ နောက်ထပ် ပြောနေစရာ မလိုတော့ဘူး။ အရေးအကြီးဆုံး ကိစ္စကတော့ ကျောက်တုံးကို ခွဲပြီး တကယ့် နတ်ဘုရား အမြစ်ကို ရှာတွေ့ဖို့ပဲ။
“ယွင်ချင်းဝူ အဲ့ဒီ့ တိမ်သစ်ပင်ကို ဖောက်ထွက်ဖို့ မင်းမှာ နည်းလမ်း ရှိလား။” သမိုင်း အကြောင်းကို တွေးမနေတော့ပဲ ဖန်ကျန်းရှီ မေးလိုက်တယ်။
“စမ်းကြည့်လို့ရတယ်။” ယွင်ချင်းဝူ မသေချာခဲ့ဘူး။
“ငါ ကူညီပေးမယ်။” ချီကူနယ် ပြောလိုက်တယ်။
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း လမ်းကြောင်းတွေကို သေချာ ကြည့်တယ်။ ချီကူယန်လဲ အတူတူ ရှာဖွေ နေခဲ့တယ်။ ဒီတိမ်သင်္ကေတတွေက သစ်ပင် တစ်ခုကနေ ဖြစ်လာမှန်း နှစ်ယောက်စလုံး သိတဲ့ အတွက် ပုန်းကွယ် နေတဲ့ အရာကို ရှာဖွေ နေကြတယ်။
“အဲ့တာ ရှစ်ထောင့် သဏ္ဍာန် ဗျူဟာလား။” ပင်းယန် မေးတယ်။
“အပြည့်အဝတော့ မဟုတ်ဘူး။” ချီကူယန် ခေါင်းခါလိုက်တယ်။ “ငါ လေ့လာဖူးတဲ့ ရှစ်ထောင့် သဏ္ဍာန်နဲ့ မတူပဲ ကျပန်း သွားနေတာနဲ့ တူတယ်။”
ချီကူယန် စဉ်းစား နေချိန်မှာပဲ ယွင်ချင်းဝူလဲ နေရာ တစ်ခုမှာ ရပ်ရင်း စဉ်းစား နေခဲ့တယ်။ ဗျူဟာတွေကို ကိုင်တွယ်တဲ့ နေရာမှာ သူတို့ နှစ်ယောက်က ပညာရည် ပြည့်၀ ကြတယ်။
“တစ်ခုလုံးကို ကြည့်မယ် ဆိုရင် ရှင်းဖို့ ခက်ပေမယ့် ပန်းချီ ပုံအရ ကြည့်မယ် ဆိုရင် ဒါက သစ်ပင်။ ဒါက ငါးခုမြောက် သစ်ကိုင်း။ ဒါက သစ်ပင် ပင်စည်ပဲ။” ယွင်ချင်းဝူ ပြောတယ်။
“ပန်းချီလို စဉ်းစား ရမှာလား။” ရန်ရွှယ် လှမ်းမေးတယ်။
ယွင်ချင်းဝူနဲ့ ချီကူယန် နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း သဘောပေါက်သွား ခဲ့တယ်။ ရန်ရွှယ် ပြောသလိုပဲ ဒါက ပန်းချီနဲ့ တူနေတဲ့ ဗျူဟာ တစ်ခု။ ဗျုဟာ ပုံစံ ပေါက်နေတဲ့ ပန်းချီတစ်ချပ်။
တိမ်သင်္ကေတတွေလဲ ပန်းချီ စစ်စစ် မဟုတ်သလို ဗျူဟာ စစ်စစ်လဲ မဟုတ်ခဲ့ဘူး။ ပေါင်းစည်းထားတာပဲ။
“နှစ်ခု ပေါင်းထားတာလား။” ဖန်ကျန်းရှီ ပြောတယ်။
“အရှက် မရှိတဲ့ ကောင်စုတ် နင် တွေးတတ်လား။” ပင်းယန်က မျှော်လင့်တကြီးနဲ့ မေးတယ်။ သူမ အတွက်တော့ ဖန်ကျန်းရှီက အမြဲတမ်း အတွေးအခေါ် အသစ်တွေနဲ့ ပြည့်နေသူ တစ်ယောက်ပဲ။
“မင်းငါ့ကို ပြောနေတာလား။”
“ဟုတ်တယ်။”
“ငါက ပန်းချီတွေနဲ့ ဗျူဟာတွေ အကြောင်း သင်မှမထားပဲ။“
“..” ပင်းယန် မျက်လုံးပြူးသွားခဲ့တယ်။ “ဒါဆိုရင် ပေါင်းစည်းထားတယ် ဆိုတာ နင်ဘာပြောတာလဲ။”
“ပုံမှန် အတိုင်း အသိအမှတ် ပြုရုံလေးပါ။”
ပြောရင်းနဲ့ ဖန်ကျန်းရှီ သမ်းဝေလိုက်ရင် နေရာရှာပြီး သွားထိုင်နေတော့တယ်။ အဲ့ဒီ့နောက် လက်ချောင်းတွေနဲ့ မြေပြင်ကို တစ်တောက်တောက် ခေါက်နေခဲ့တယ်။
ပင်းယန်ကတော့ ဖန်ကျန်းရှီကို လျစ်လျူရှု လိုက်ပြီး ချီကူယန့် အနားကို ပြေးသါားတယ်။ အဲ့ဒီ့နောက် သူမလဲ သစ်ကိုင်း တစ်ခုနဲ့ ပုံဆွဲနေတော့တယ်။ အရာအားလုံးက သူ့ဘာသူ ဖြစ်ပျက်နေပြီး အချိန်တွေလဲ ခပ်မြန်မြန် ကုန်ဆုံး သွားခဲ့တော့တယ်။
အချိန် အတော်ကြာပြီးနောက် ဖန်ကျန်းရှီ ရှေ့မှာ ကျောက်တုံးပုံကြီးတွေ ပုံလာခဲ့တယ်။
ကျောက်တုံးပုံ တစ်ပုံ ချင်းစီတိုင်းက အရေအတွက်နဲ့ ပုံစံ တစ်ထပ်တည်း တူညီတယ်။
ချီကူယန့် အနားကို အတော်ကြာ ကပ်နေပြီးတဲ့နောက် ပင်းယန်လဲ ပြန်လာတော့တယ်။ ဒီဗျုဟာကို တွက်ထုတ်နိုင်ဖို့ သူမ အတွက် ခက်လွန်းတယ်။ ဒါကြောင့် ဖန်ကျန်းရှီ အနားကို သူမ လာထိုင်တယ်။
“အဲ့တာ ဘာတွေလဲ။” ကျောက်တုံးပုံတွေကို ကြည့်ရင်း ပင်းယန်မေးတယ်။
“ဘာတွေနဲ့ တူလဲ။” ဖန်ကျန်းရှီ ထူးထူးဆန်းဆန်း မေးတယ်။
“ဗျူဟာ တစ်ခုခုနဲ့ တူသလိုပဲ။ နင်ပြောတော့ ဒါတွေကို နင်မသိဘူးဆို။” ပင်းယန် ပြန်မေးတယ်။
“အင်း။”
“ဘာ အင်းတာလဲ။”
“ကျောက်တုံးတွေနဲ့ ငါဆော့နေတယ်လို့ ပြောရင် နင်ယုံမှာလား။”
“စိတ်ရှုပ်လိုက်တာ။” ပင်းယန်ကတော့ ပွစိ ပွစိ ပြောနေပင်မယ့် ကျောက်တုံးတွေကို သေချာ လေ့လာနေ ခဲ့တယ်။ ဖန်ကျန်းရှီကတော့ ကျောက်တုံးတွေကို ဆက်စီနေခဲ့ပြီ။
တစ်ခဏတာ ကြာပြီးတဲ့နောက် လူခါးတစ်ဝက် အမြင့် ရှိတဲ့အထိ ကျောက်တုံးပုံတွေက မြင့်လာတော့တယ်။ ပင်းယန်ကတော့ အတော်လေး အံ့သြနေတယ်။ ဖန်ကျန်းရှီက ဗျူဟာတွေ အကြောင်းကို ဘာမှ မသိဘူး ပြောနေပင်မယ့် ကျောက်တုံးတွေက ထူးခြားနေတယ်။
“ဒီကောင်စုတ် တကယ်ပဲ ဘာမှ မသိတာ ဟုတ်ရော ဟုတ်ရဲ့လား။” ပင်းယန် နားမလည် နိုင်ခဲ့ဘူး။
ဖန်ကျန်းရှီကလဲ သူ့ကို ပြန်မဖြေတဲ့ အတွက် ဘာမှ မလုပ်နိုင်ဘဲ ရှိနေခဲ့တယ်။
ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ကျောက်တုံးတွေက လူတစ်ရပ်စာ အမြင့်ကို ရောက်သွားခဲ့ပြီ။ ကျောက်တုံး တစ်တုံးချင်းစီတိုင်းက ပုံစံ တူညီပြီး ထူးခြားတဲ့ အသွင် တစ်ခု ရှိနေခဲ့တယ်။
ဂူပုံစံ ရှိနေခဲ့တဲ့ ကျောက်တုံး ပုံက အခုချိန်မှာတော့ လူတစ်ယောက် အသွင်ကို လုံးလုံးလျားလျား ပြောင်းလဲ သွားခဲ့ ပြီ။ ခေါင်းနဲ့ ကိုယ်ကို ကြည့်ရင်း ပြောနိုင်တယ်။ အကယ်၍ အောက်ခြေမှာ ကျောက်တုံးတွေသာ ရှိမနေခဲ့ရင် ဒါတွေကို ကျောက်တုံး ရုပ်တု ငါးခုလို့သာ ထင်မိမှာပဲ။
“အရှက်မရှိတဲ့ ကောင်စုတ် နင် ဘာမှ မသိတာ သေချာလို့လား။” ပင်းယန် စိတ်မထိန်းနိုင်တော့တဲ့ အတွက် ထပ်မေးတယ်။
“တကယ် မသိတာ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ဓားရှည် ငါးလက်ကို ထုတ်ပြီး ကျောက်တုံး ရုပ်တုတွေဆီမှာ စိုက်အောင် ပြစ်လွှတ်တယ်။
ချက်ခြင်းဆိုသလို ကျောက်တုံးတွေ အသက်ဝင်လာတာကို ပင်းယန် ခံစားမိလိုက်တယ်။
ကျောက်တုံးပုံ တစ်ခုချင်းစီတိုင်းက လူသတ်ချင်စိတ် အပြည့်နဲ့ လှုပ်ရှား လာတာကို ပင်းယန် ချက်ခြင်း သိမြင်တယ်။
“နင် နင်က ပန်းချီနဲ့ ဗျူဟာတွေ အကြောင်း ဘာမှ မသိဘူးလို့ ဘယ်လိုများ ပြောထွက် ရတာလဲ။” ပင်းယန် ပါးစပ်အဟောင်းသားနဲ့ အော်တော့တယ်။
အပိုင်း (၁၀၆၅) ပြီး၏။
အပိုင်း (၁၀၆၆)
“တလော့ နတ်ဘုရားများ၏ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုအား သက်ရှိများ၏ ဖျက်ဆီးမှု ဗျူဟာ။”
…
ကျောက်တုံးပုံကြီး ငါးခုရဲ့ အရှိန်အဝါက သန်မာလွန်းတယ်။ ပင်းယန်က ဒါကို လစ်လျူရှု မထားနိုင်တဲ့ အထိကို ထူးခြားနေ ခဲ့တယ်။ သူမ ဒါကို ကြည့်ရင်း နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်။
ကိုယ်တိုင် မြင်နေ ရတာကြောင့်သာ မဟုတ်ရင် ဖန်ကျန်းရှီ ဒါတွေကို လုပ်ခဲ့တယ် ဆိုတာ သူမ ယုံနိုင်မှာ မဟုတ်ဘူး။
ဖန်ကျန်းရှီကတော့ သူမ တွေးနေတာကို မသိသလို ဓားငါးချောင်းကို စိုက်ပြီးတဲ့နောက် ပြုံးနေခဲ့တယ်။
“ငါ့ရဲ့ လက်ရာမြောက် ကျောက်တုံး လူသားတွေ ပြီးသွားပြီ။” ဖန်ကျန်းရှီက ကျေကျေနပ်နပ်ကြီး ပြောနေပင်မယ့် ဒီကျောက်တုံး လူသားတွေ ဘာလုပ်နိုင်မှန်း သူမသိခဲ့ဘူး။ သူက တကယ့်ကို ဗျူဟာတွေ အကြောင်း နားမလည်တာ အမှန်ပဲ။ ဒါကြောင့် ပျင်းလွန်းလို့ ကျောက်တုံး လူသားတွေကို လုပ်ခဲ့တယ်။
နှင်းတွေ ပြည့်နေတဲ့ နေရာကိုသာ ရောက်နေရင်လဲ နောက်ထပ် နှင်းလူသားတွေ သူလုပ်မှာပဲ။ သူ့မှာ ဘာမှ လုပ်စရာ မရှိတဲ့ အတွက် တိမ်သင်္ကေတတွေ အောက်ဘက်က ကျောက်တုံးတွေနဲ့ လုပ်ချင်ရာသာ လုပ်နေခဲ့တယ်။
တစ်ယောက်ယောက်ကသာ မေးလာခဲ့ရင် ကျောက်တုံးတွေ များလွန်းလို့ လုပ်လိုက်တာလို့သာ သူဖြေမိလိမ့်မယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင်အရင်တည်းက ဗျူဟာတွေ အကြောင်း သင်ဖူးတယ် မဟုတ်လား။ နင်ငါ့ကို လိမ်နေတာ မဟုတ်လား။” ပင်းယန် မေးလိုက်တယ်။
“မင်းသိတယ်ပေါ့။” ဖန်ကျန်းရှီ အထိတ်တလန့်နဲ့ ပြောလိုက်တယ်။
“ဒါပေါ့ ငါ ဘယ်လောက် ထက်မြက်လိုက်သလဲ။ အဲ့ဒီ့ ကျောက်တုံး လူသားတွေက ထူးခြားတဲ့ ဗျူဟာ တစ်ခု မဟုတ်လား။ ကျောက်တုံး ဗျူဟာ မလား။” ပင်းယန် ခေါင်းမော့ရင်း ပြောတော့တယ်။
“မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
“ဒါဆို ဘာတွေလဲ။” ပင်းယန် ပိုပြီးတော့ သိချင်လာတယ်။
“ရှူး။ ဒီဗျူဟာက အရမ်း အင်အားကြီးလွန်းတယ်။ ငါပြောပြမယ်။ ဒါကို တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာ လို့ ခေါ်တယ်။” ဖန်ကျန်းရှီ တိုးတိုးတိတ်တိတ် ရှင်းပြတယ်။
ပင်းယန်ကတော့ ဒါကို ကြားချိန်မှာ အရမ်းကို စိတ်လှုပ်ရှား လာတော့တယ်။ “နာမည်က တော်တော်လေး အထင်ကြီးစရာ ကောင်းတာပဲ။ ဒါကို သုံးပြီး တိမ်သင်္ကေတ သစ်ပင်ကို ဖောက်ထွက်ဖို့ နင်လုပ်ထားတာလား။”
“အမ်။” ဖန်ကျန်းရှီ သူချဲ့ကား မိလွန်း သွားပြီ ဆိုတာကို နားလည် သွားခဲ့တယ်။ ဒါပေမယ့် သူအေးအေးဆေးဆေး ပြုံးနေရင်း လက်ကို နောက်ပြစ်ပြီး တိတ်ဆိတ် နေခဲ့တယ်။ ဖန်ကျန်းရှီ တိတ်ဆိတ် နေတာကို မြင်ချိန်မှာတော့ ပင်းယန်လဲ ပိုသေချာ သွားခဲ့ပြီ။ တကယ့်ကိုပဲ ဒီကောင်စုတ်က အံ့ဖွယ်ရာတွေကို လုပ်နိုင်တယ်။
ယွင်ချင်းဝူဆိုတဲ့ နတ်ဆိုးမကို ကူညီချင်တာပဲ ဖြစ်ရမယ်။
ဒီအချိန်မှာပဲ မြေပြင်က ရုတ်တရက် တုန်ခါလာပြီး တိမ်သင်္ကေတတွေက ပြင်းပြင်းထန်ထန် လှုပ်ရှားတော့တယ်။
“ဝါး။ တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာက ဒီလောက် အင်အားကြီးတယ်လား။” မြေပြင် တုန်ခါလာတာကို ခံစားမိတဲ့ ပင်းယန် ပြောတော့တယ်။
နောက်ဆုံးတော့လဲ ချီကူယန်နဲ့ ယွင်ချင်းဝူက ဘာမှ မလုပ်ခဲ့ဘူးလေ။
“ဟမ်။” ရန်ရွှယ်လဲ ကျောက်တုံးတွေကို မြင်လိုက်တယ်။ “တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာ”တဲ့လား။
အင်အားကြီးလိုက်တာ။ ဒါက တိမ်သင်္ကေတတွေကို ဆွဲဆောင် နိုင်တယ်လား။ ရန်ရွှယ်တင် မကဘူး။ ချီကူယန်နဲ့ ယွင်ချင်းဝူလဲ အပြောင်းအလဲကို ခံစား မိတဲ့ အတွက် လှမ်းကြည့်နေကြတယ်။
“အရှက်မရှိတဲ့ သူခိုးကောင်။ နင်ဘယ်လို လုပ်လိုက်တာလဲ။” ချီကူယန် လှမ်းမေးတယ်။ သူမရဲ့ မှတ်ဉာဏ်ထဲမှာ ဖန်ကျန်းရှီက အံ့သြစရာတွေကို အကြိမ်ကြိမ် လုပ်ခဲ့တယ်။ ဒါပေမယ့် ဗျူဟာတွေကိုတော့ သူမကျွမ်းကျင်ဘူး။
“ဒါကြီးက။” ယွင်ချင်းဝူကတော့ သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေ ခဲ့ရပြန်တယ်။ ဖန်ကျန်းရှီက သူ့ထက် တကယ်ပဲ သာလွန် နေတာလား။ မဖြစ်နိုင်ဘူး။ ဖန်ကျန်းရှီက ဗျူဟာကို တကယ် ကျွမ်းကျင်နေရင် ရွှမ်ယွမ်အုတ်ဂူမှာ ဘာဖြစ်လို့ မပြခဲ့တာလဲ။
“အရှက်မရှိတဲ့ သူခိုးကောင် ဒါက ဘာဗျူဟာလဲ။” ချီကူယန် မေးတယ်။
“အဲ့တာ တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာ။” ပင်းယန် ဝင်ဖြေတယ်။
ချီကူယန်ကတော့ မျက်လုံးတွေ မှေးစင်း သွားခဲ့ရတယ်။ “ဒါကို အရင်က ငါဘာဖြစ်လို့ မကြားဖူးတာလဲ။”
“ဟိုကောင် ဖန်တီးလိုက်တာလေ။” ပင်းယန် ရှင်းပြပြန်တယ်
ချီကူယန်ကတော့ ဆက်မပြောတော့ဘူး။ ဗျူဟာတွေမှာ ထူးခြားတဲ့ အဆင့်တွေ အများကြီး ရှိတယ်။ ကနဦး လေ့လာသူက ဗျူဟာတွေကို မှတ်မိဖို့ ကြိုးစားရတယ်။ အဲ့ဒီ့နောက် ဖောက်ထွက်နိုင်ဖို့ လုပ်ရတယ်။ အတော်လေး ထူးချွန်လာရင်တော့ ဗျူဟာဆွဲပြီး ပြိုင်ဘက်ကို သတ်နိုင်လာမယ်။
နောက်ထပ် ဗျူဟာတွေကို သိနားလည်မှု အဆင့် တစ်ဆင့်ကတော့ ကိုယ်တိုင် ဖန်တီးမှုပဲ။
အင်အားနဲ့ အသိပညာကို သုံးပြီး ဗျူဟာအသစ်ကို ဖန်တီး နိုင်မယ်ဆိုရင် ပညာရှင် အဆင့်ကို ရောက်သွားလိမ့်မယ်။ ဒီကောင်စုတ်က အဲ့ဒီ့ အဆင့်ကို ရောက်နေပြီလား။
ချီကူယန်က ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဒါပေမယ့် ဗျူဟာ ပညာရှင် အဆင့် ရောက်နေတာကိုတော့ မယုံနိုင် ခဲ့ဘူး။ ဒါက သူမ မျှော်လင့် ထားတာထက် အများကြီး ကျော်လွန် နေခဲ့တယ်။ ဒီအချိန်မှာပဲ မြေပြင်က ဆက်တိုက် တုန်ခါလာခဲ့ပြီ။ အဲ့ဒီ့နောက် တိမ်သင်္ကေတတွေက ကျောက်တုံးပုံတွေဆီကို မမြင်ရတဲ့ စွမ်းအား တစ်ခု ဆွဲခေါ်နေသလို ရောက်ရှိ လာကြတော့တယ်။
ဒီကျောက်တုံးတွေက သူတို့တွေကို ဆွဲခေါ်ပြီး ကန့်သတ်ထားသလို ဝင်ရောက်လာတဲ့ သင်္ကေတတွေက နောက်ထပ် မလှုပ်ရှား ကြတော့ဘူး။
“တိမ်သင်္ကေတတွေကို ဗျူဟာ ကန့်သတ် ချိတ်ပိတ် လိုက်သလိုပဲ။ ငါတို့ ဒါဆိုရင် ဖောက်ထွက်နိုင်ချေ များလိမ့်မယ်။” ယွင်ချင်းဝူလဲ မယုံနိုင် ပေမယ့် အမှန်တရားကို လက်ခံ လိုက်ရပြီ။
“အင်း။ ရန်ရွှယ်နဲ့ အရှက်မရှိတဲ့ ကောင်စုတ်။ နင်တို့ နှစ်ယေက် တောင်ဘက်က အရှေ့ဘက်က တိုက်ခိုက်။ ငါနဲ့ ပင်းယန်က အနောက်နဲ့ မြောက်က တိုက်ခိုက်မယ်။” ချီကူယန် ပြောတယ်။
ယွင်ချင်းဝူ ပြောသလိုပဲ လက်ရှိ အခြေအနေမှာ တိမ်သင်္ကေတတွေ ကန့်သတ် ခံလိုက်ရပြီ။ ဒါကြောင့် ဖောက်ထွက်နိုင်ချေ ၇၀% ရှိတယ်။ တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးပဲ။
ဖန်ကျန်းရှီကတော့ သူ့မျက်စိရှေ့က ကျောက်တုံး ပုံတွေကို ကြည့်ရင်း အတော်လေးကို ဆွံ့အ နေခဲ့တယ်။
ဒီတော့ သူလုပ်လိုက်တဲ့ တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာက အတော့်လေးကို အင်အားကြီးတာပေါ့။ တကယ်ကြီးလား။ ဒါက အလုပ်ဖြစ် သွားတယ်ပေါ့။
သူက အရမ်းတွေ လှည့်ဖြားပြီး ကစား သလို ဖြစ်နေတာ မဟုတ်လား။ ငလူးပဲ။
သူဘယ်တုန်းကမှ မလှည့်ဖြားခဲ့သလို ကံတရားကိုလဲ အသုံးမချ ဖူးဘူး။ ဂုဏ်သတင်းက သန့်ရှင်းတယ်။ တာအို နိယာမ စာမေးပွဲမှာ သူရခဲ့တဲ့ အောင်မြင်မှုတွေ အားလုံးကလဲ သူ့ရဲ့ သူမတူတဲ့ ဉာဏ်ပညာနဲ့ ထူးချွန်မှုကြောင့် ရလာခဲ့တာပဲ။
ကိုယ်စွမ်း ကိုယ်စနဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့တယ်။ ချန့်ယန်းကို သတ်ခဲ့တယ်။ မိစ္ဆာဘုရင် ရှဲ့လော့ကို သတ်ခဲ့တယ်။ နတ်သခင် လင်းကျီနဲ့ ထျောင်ထျဲ့ကို သတ်နိုင်ခဲ့တယ်။ ဒါတွေ အားလုံးက သူ့ရဲ့ စွမ်းအား အစစ်အမှန်တွေ။ အခုကတော့ ဘာတွေ ဖြစ်နေတာလဲ။ ကစားပွဲမှာ လှည့်စားသူ ဖြစ်သွားရပြီ။
“မဖြစ်တော့ဘူ။ ငါ့နာမည် ဂုဏ်သတင်းကို ဒါမျိုးက ကိစ္စနဲ့ အပျက်မခံနိုင်ဘူး။” ဖန်ကျန်းရှီ တကယ့်ကို စိတ်ပေါက် လာတော့တယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ကိစ္စကိုလဲ သူတကယ် နားမလည် နိုင်ခဲ့ဘူး။
“အရှက်မရှိတဲ့ ကောင်စုတ် နင်တကယ် ဗျူဟာတွေ အကြောင်းကို မသိတာလား။” ပင်းယန် မေးနေခဲ့တယ်။ အဲ့ဒီ့နောက် သူမ ပြေးဝင်သွားတယ်။ သူတို့ သုံးယောက် ချက်ခြင်း တိုက်ခိုက်လိုက်ပြီ။
ဖန်ကျန်းှရီ ရှင်းပြချင်ခဲ့တယ်။ ကျောက်တုံးတွေကို သူစိတ်ကူးပေါက်ရာ စီလိုက်တာ ဖြစ်ပြီး ဗျူဟာကို တားဆီးနိုင်ဖို့ စိတ်ကူး မရှိတဲ့ အကြောင်း ပြောြပ်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ ရှင်းပြဖို့ နည်းလမ်း မရှိခဲ့ဘူး။
ထားလိုက်တော့။
တံတားတွေ့ရင် ဖြတ်ရမှာပဲ။ အရင်ဆုံး ရှင်းသင့်တာကို ရှင်းရမယ်။
ဖန်ကျန်းရှီလဲ အမိန့်အတိုင်း တိုကခိုက်တယ်။
ဝုန်း။ တိမ်သင်္ကေတ သစ်ပင်ကြီး တစ်ခုလုံး တုန်ခါလာခဲ့ပြီ။ အနက်ရောင် တိမ်သင်္ကေတတွေကလဲ ချက်ခြင်း ပြန်ပြေးထွက် လာဖို့ ပြင်ပေမယ့် ကျောက်တုံးတွေ အောက်မှာ ပိတ်မိ နေခဲ့ကြတယ်။
“သူတို့ တကယ်ကြီး တားဆီး ခံထား ရတာပဲ။ တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာတဲ့လား။” ယွင်ချင်းဝူ မျက်မှောင်ကြုတ်သွားရင်း သူမရင်ထဲမှာတော့ လှိုင်းထန်နေခဲ့တယ်။
သူမက ချီကူယန်နဲ့ အတူတူ တိမ်သင်္ကေတတွေကို လေ့လာ နေချိန်မှာပဲ ဒီသင်္ကေတတွေက ခွဲခြမ်းစိတ်ဖြာဖို့ ပိုပို ခက်ခဲလာတာကို နားလည် လိုက်ရတယ်။ လှုပ်ရှားနေတဲ့ ပြစ်မှတ်ကို ထိအောင် ပြစ်နိုင်ဖို့ ခက်ခဲသလို တိမ်သင်္ကေတတွေကိုလဲ မှတ်မိဖို့ မလွယ်ကူခဲ့ဘူး။
အခုချိန်မှာတော့ ကျောက်တုံးပုံ အောက်မှာ တားဆီး ခံလိုက်ရရင်း ပြဿနာက ရှင်းပြီးသား ဖြစ်သွားခဲ့တယ်။
ကျောက်တုံးပုံတွေက လက်နဲ့ ဆွဲခေါ် ခံရသလိုလဲ နေရာရွေ့နေ သေးတယ်။
“အဲ့တာ လမ်းလွှဲတာပဲ။ ငါနားလည်ပြီ။” ယွင်ချင်းဝူ ပြောမိတယ်။
နောက်ဆုံးမှာတော့ ဒီကျောက်တုံးတွေ လမ်းလွှဲတဲ့ အကြောင်းကို ယွင်ချင်းဝူ နားလည် သွားတော့တယ်။
ဒီဗျူဟာ ငါးခုက တိမ်သစ်ပင်နဲ့ တိုက်ခိုက် နေတာပဲ။
ဒါကြောင့် စွမ်းအား ၇၀%က နေရာပြောင်းသွားပြီး ကျန်တဲ့ ၃၀%ကတော့ ဖန်ကျန်းရှီတို့ရဲ့ တိုက်ခိုက်မှုကို ခုခံ နေခဲ့၇တယ်။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ကျောက်တုံးတွေ အက်ကွဲကုန်တယ်။ အနက်ရောင် မှင်လို တိမ်သင်္ကေတတွေလဲ ကျောက်တုံးထဲကနေ စီးကျလာတော့တယ်။
သစ်ပင် အမြစ်က စွမ်းအား အရင်းအမြစ်ပဲ ပင်လယ် ရေလှိုင်းတွေလို စိမ့်ထွက်လာတဲ့ သင်္ကေတတွေက ကျောက်တုံးပုံထဲကို ချက်ခြင်း စီးဝင် သွားောတ့တယ်။
အမြစ်တွေ ပိုပြီးတော့ ပွင့်လာလေလေ ကျောက်တုံးပုံကနေ အလင်းရောင်တွေ ပိုပြီးတော့ ထွက်လာလေလေ ဖြစ်နေပါတယ်။ အနက်ရောင် တိမ်သင်္ကေတတွေက ဆက်တိုက် စီးဆင်းရင်း ကျောက်တုံးပုံတွေ အောက်မှာ လှည့်ပတ်ပြီး ဖောက်ထွက်ဖို့ လုပ်နေခဲ့တယ်။
“မဖြစ်တော့ဘူး။ တလော့ နတ်ဘုရားတွေရဲ့ ဓာတ်ကြီး ငါးပါး ပြန်လည် မွေးဖွားမှုကို သက်ရှိများဖျက်ဆီးခြင်း ဗျူဟာက နောက်ထပ် တောင့်မခံ နိုင်တော့ပုံပဲ။” ယွင်ချင်းဝူ အမူအယာ ပြောင်းလဲ သွားတော့တယ်။
“တောင့်မခံနိုင်တော့ရင် ဘာဖြစ်မှာလဲ။” ပင်းယန် လှမ်းမေးတယ်။
“ပေါက်ကွဲ သွားလိမ့်မယ်။” ချီကူယန် လှမ်းအော်တယ်။
ဝုန်း။ စကားဆုံးဆုံးချင်း ကျောက်တုံးတွေက ပေါက်ကွဲပြီးနောက် တိမ်သင်္ကေတတွေ နေရာအနှံ့ကို စီးဝင် သွားတော့တယ်။ ပင်လယ်ကြီး တစ်ခုလို စီးဆင်းမှုက မျက်စိရှေ့မှာတင် လူးလားခတ်နေခဲ့ပြီ။
“စိတ်ထဲ နိမိတ် မကောင်းဘူး။” ပင်းယန် ပြောလိုက်မိတယ်။
“ငလူး။ ပြေးဟ။ မြန်မြန်ပြေး။” ဖန်ကျန်းရှီ အချိန်မှာတော့ သူလုပ်ခဲ့တာကို သူနားလည် သွားခဲ့ပြန်တယ်။ သူက ကျောက်တုံးတွေကို ဒီအတိုင်း စီထားတာပဲ။ ဘာအင်အားကြီးတဲ့ ဗျူဟာလဲ။ သူက လှည့်စားတဲ့သူ မဟုတ်ရင် အလုပ်ကောင်းကောင်း လုပ်ခဲ့ရုံပဲလေ။
ဖန်ကျန်းရှီ ကျိန်ဆဲ ချင်လာတော့တယ်။ သူလုပ်ချင်ရာ လုပ်ထားတဲ့ ကျောက်တုံးတွေက အင်အားကြီး တားမြစ်ပစ္စည်း ဖြစ်လာခဲ့တဲ့ အတွက် သူတို့တွေ အလွယ်လေး တိုက်ခိုက် နိုင်ခဲ့တယ်။ အကယ်၍ ချီကူယန်နဲ့ ယွင်ချင်းဝူသာ ဉာဏ်သုံးပြီး ဖြေရှင်းနိုင် ခဲ့ရင်တော့ သူတို့တွေ အောင်မြင်နိုင်ချေ ပိုများလိမ့်မယ်။
အခုတော့ သူတို့ လုပ်ခဲ့တဲ့ နည်းလမ်း မှားသွားတဲ့ အတွက် ပေါက်ကွဲကုန်ပြီ။
သူတို့တွေ သေရတော့မှာလား။
“ကျန်းရှီ။ ပင်းယန်နဲ့ သွားနှင့်တော့။ ငါနန်ကုန်းမုကို ခေါ်လာမယ်။” ရန်ရွှယ် ပြောရင်း သတိလစ်နေတဲ့ နန်ကုန်းမုဆီကို ပြေးသွားတော့တယ်။ နန်ကုန်းမုကို သူချီလာတယ်။
“ငါတို့တော့ နောက်ထပ် ပြေးစရာ မလိုတော့ဘူး ထင်တယ်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ သူ့ခြေထောက်အောက်မှာ စုလာနေတဲ့ တိမ်သင်္ကေတွေကို သတိထားမိသွားတယ်။ ဒါတင်မကဘူး သင်္ကေတတွေက ပင်းယန်၊ ချီကူယန်နဲ့ ယွင်ချင်းဝူကိုပါ တိုက်ခိုက် နေသေးတယ်။
သူတို့တွေက လှုပ်ရှားတာ အရမ်းကို မြန်ဆန်လွန်းတယ်။ ရေဝဲတွေလို အသွင်နဲ့ သူတို့ လှည့်ပတ် ရင်း တိုးဝင်လာနေခဲ့တယ်။
ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်ထားရင်း တွေးနေခဲ့တယ်။ အကယ်၍ သူသာ ဒီစွမ်းအားကို တောင့်မခံ နိုင်ရင် ကျောက်တုံးပုံလို အဖြစ်မျိုး ကြုံရလိမ့်မယ်။
ပေါက်ကွဲထွက် သွားမှာပဲ။
အပိုင်း (၁၀၆၆) ပြီး၏။
(ဒီအပိုင်းမှာ သုံးထားတဲ့ လှည့်စားမှု ဆိုတာက ဂိမ်းဆော့တဲ့ သူတွေဆို သိမှာပါ ပိုက်ဆံပေးပြီး cheat တာတို့ hack ပြီး cheat တာတို့။ ဖန်ကျန်းရှီလဲ အဲ့ဒီ့လို ပြောချင်တာ။)
အပိုင်း (၁၀၆၇)
“အပြောင်းအလဲ။”
..
“အား။ ငါမသေချင်သေးဘူး။” ပင်းယန် အော်ရင်း ဖန်ကျန်းရှီကို ကြောက်လန့်တရား အစွမ်းကုန် ဖမ်းဆွဲ ထားတော့တယ်။ ချီကူယန်လဲ မျက်မှောင်ကြုတ်နေခဲ့တယ်။ အခုချိန်မှာ လွဲမှားနေတာကို သူမ သတိထား မိသွားပေမယ့် တိမ်သင်္ကေတတွေက သူမ ခန္ဒာကိုယ်ကို မျက်တောင် တစ်ခတ် အချိန်တွင်းမှာပဲ ချည်နှောင်လိုက်ပြီ။
“အရှက်မရှိတဲ့ သူခိုးကောင် ငါတို့ အခု သွားလို့ မရတော့ဘူး။ ဒီနေရာမှာပဲ တိမ်သစ်ပင် အစွမ်းတွေကို တောင့်ခံနိုင်ဖို့ ဆုတောင်းရုံ ရှိတော့မယ်။” ချီကူယန်က ဖန်ကျန်းရှီကို လှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ဒီမှာပဲ စောင့်နေရတော့မှာလား။”
အခြေအနေက အတော့်ကို ရိုးရှင်းတယ်။ တိမ်သင်္ကေတတွေက သူတို့ကို ထိန်းထားနိုင်ဖို့ ဗျူဟာ လိုအပ်တယ်။ အခုချိန်မှာ ဖန်ကျန်းရှီတို့ အုပ်စုက ဒီဗျူဟာရဲ့ အစားထိုးခံတွေ ဖြစ်သွားကြပြီ။
ဒီလို အခြေအနေမှာ ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတယ်။
ကျောက်တုံးတွေကို ပေါက်ကွဲ ထွက်သွားတာနဲ့ ထိန်းချုပ်နိုင်လိုက်တာ။ ဒါပေမယ့် တိမ်သစ်ပင်ရဲ့ စွမ်းအားက အင်အားကြီးလွန်းတယ်။ ဒါတွေ အားလုံးကို ထိန်းချုပ်နိုင်ဖို့ အတွက် စွမ်းအား အများကြီး လိုအပ်တယ်။
ဖန်ကျန်းရှီ ထိန်းချုပ် နိုင်ရင်တောင် ရန်ရွှယ်နဲ့ ပင်းယန်က ထိန်းချုပ် နိုင်ပါ့မလား။ ပင်းယန်က သုခမိန် အဆင့်ကို ရောက်ကာစသူ စွမ်းအားတွေကို ၉၀%တောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ယွင်ချင်းဝူလို လူကိုလဲ ထည့်စဉ်းစား ရအုန်းမယ်။ သူက ကြယ်တာရာ စုဝေးမှု အဆင့်ပဲ ရှိသေးတဲ့ သူပဲ။
“ငါတို့ စွမ်းအားတွေကို ယင်ယန် တာအိုနဲ့ ပေါင်းရအောင်။” ချီကူယန်က ခက်ခက်ခဲခဲ ဖန်ကျန်းရှီ အနား ကပ်လာရင်း ပြောတယ်။
“ယင်ယန် တာအို။” ဖန်ကျန်းရှီလဲ ရုတ်တရက်ဆိုသလို ချီကူယန်နဲ့ အတူတူ ပေါင်းစည်းပြီး နှစ်တစ်ထောင် မီးဆေးပင်ရဲ့ စွမ်းအားကို ခုခံခဲ့တဲ့ ကိစ္စကို သတိရ သွားခဲ့တယ်။ အခုချိန်မှာ ဒါက အကောင်းဆုံးနည်းလမ်းပဲ။ ဒါပေမယ့် ဘယ်တုန်းကမှ သူ့စွမ်းအားကို လူအများကြီးနဲ့ ပေါင်းစည်းဖို့ မလုပ်ဖူးဘူး။ တကယ့်ကို ခက်တဲ့ ကိစ္စပဲ။
အခုချိန်မှာ ဒီနည်းလမ်းက လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။
“ယွင်ချင်းဝူ မင်းလက် ငါ့ကို ပေး။” ဖန်ကျန်းရှီက ချီကူယန်ကို လက်တစ်ဖက်မှာ ကိုင်ထားရင်း နောက်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
“ငါလား။” ယွင်ချင်းဝူ ချက်ခြင်း မျက်လုံးပြူးသွားခဲ့တယ်။ သူမ တကိုယ်လုံးကို အနက်ရောင် တိမ်သဏ္ဍာန်တွေက ဖုံးအုပ် ထားခဲ့ပြီးပြီ။ သူမရဲ့ ခန္ဒာကိုယ်နဲ့ မျက်နှာမှာ တိမ်သဏ္ဍာန်တွေက ဆက်တိုက် စီးဆင်းနေခဲ့တယ်။ သူမ အတော်လေးကို နာကျင် နေပုံပဲ။ စွမ်းအားတွေက များလွန်းတဲ့ အတွက် သူမ ခန္ဒာကိုယ် ခံနိုင်ရည် မရှိတော့တာကို ကြိုခန့်မှန်း ပြီးပြီ။
အခုတော့ ဖန်ကျန်းရှီက သူ့ကို လက်ကမ်း ပေးနေတယ်။
“ဟမ့်။” ပင်းယန်ကတော့ မကျေမနပ် နှာခေါင်းရှုတ်လိုက်တယ်။ ယွင်ချင်းဝူက နတ်ဘုရား အရင်းအမြစ် အကြောင်းကို မှတ်တမ်းတွေက ပြောပြခဲ့တာ ဗျူဟာကို ဖျက်စီးနိုင်ဖို့ ကြိုးစား ပေးခဲ့တာတွေ ကြောင့်သာ ဘာမှ မပြောပဲ နေလိုက်တော့တယ်။
ဒါပေမယ့် ပင်းယန်က ယွင်ချင်းဝူ လက်ကို မကိုင်ဘူး။ ချီကူယန်နဲ့ ရန်ရွှယ်ကိုသာ ကိုင်လိုက်တယ်။
“နန်ကုန်းမုရောပဲ။” ရန်ရွှယ် လှမ်းပြောရင်း လက်တစ်ဖက်နဲ့ နန်ကုန်းမုကို လှမ်းဖက်လိုက်တယ်။
“အင်း။ သူ့ကို ခေါ်ခဲ့။” ချီကူယန်လဲ ရန်ရွှယ် ပြောချင်တာကို နားလည်တယ်။ အခုချိန်မှာ ဘယ်သူ့ကိုမှ လျစ်လျူရှုလို့ မဖြစ်ဘူး။ နန်ကုန်းမု တစ်ယော်က ပိုလာရင် စွမ်းအားတွေကို ပိုပြီးတော့ ခံနိုင်ရည် ရှိမှာပဲ။
“ရွှယ် နန်ကုန်းမုကို ထိန်းထား။ ယွင်ချင်းဝူ သူ့ကို ကိုင်လိုက်။ ငါတို့ လေးယောက် စက်ဝိုင်းလို ထိုင်ကြမယ်။ မခုခံကြနဲ့။ ဒီတိမ်သစ်ပင်ရဲ့ စွမ်းအားကို ငါဦးဆောင်လိုက်တယ်။” ဖန်ကျန်းရှီ ပြောတယ်။
ယွင်ချင်းဝူကတော့ တိတ်တဆိတ် နေရင်းနဲ့သာ သူမ လက်ကို ကိုင်ခွင့် ပြုထားခဲ့တယ်။ သူမရဲ့ မျက်ဝန်းထဲမှာတော့ အရမ်းကို ရှုပ်ထွေးလှတဲ့ အကြည့်တစ်ခု လင်းလက် သွားခဲ့တာ အမှန်ပဲ။
သူတို့ ခြောက်ယောက် ခပ်မြန်မြန် ထိုင်ချ လိုက်ပြီး ချိန်မှာပဲ တိမ်သင်္ကေတတွေ ဝန်းရံတာကို ခံလိုက် ရတော့တယ်။ ပြင်းထန်တဲ့ စွမ်းအားတွေက သူတို့တွေဆီကို ကြမ်းကြမ်းတမ်းတမ်း စီးဝင်လာနေတယ်။ ပင်းယန်ကတော့ ဖြူဖျော့နေပြီး စွမ်းအားတွေကြောင့် ခန္ဒာကိုယ်က တုန်ယင်နေခဲ့တယ်။ အခုချိန်မှာ အရင်လိုတောင် ပျော်ပျော်ကြီး စနောက်မနေတော့ဘူး။ လေးနက် တည်ငြိမ်မှု အပြည့်နဲ့သာ ရှိနေခဲ့တယ်။
ရန်ရွှယ်ကတော့ သူ့ထက် အခြေအနေ ပိုကောင်းတယ်။ သူတို့ ခြောက်ယောက်ထဲမှာ ယွင်ချင်းဝူက ထိခိုက်မှု အများဆုံးပဲ။ ဖြူဖျော့နေတဲ့ မျက်နှာက ခရမ်းရောင် သမ်းပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာခဲ့တယ်။ ဒါပေမယ့် သူမ အသံ တစ်သံတောင် မထွက်ခဲ့ဘူး။
တိမ်သင်္ကေတတွေရဲ့ တိုက်ခိုက်မှုကိုသာ အံကြိတ်ရင်း ခုခံ နေခဲ့တယ်။
ဖန်ကျန်းရှီကို တင်းတင်းကြပ်ကြပ် ကိုင်ထားတဲ့ လက်တွေကလဲ ခရမ်းရောင် သန်းလာပြီး သူမရဲ့ လက်သည်းတွေကြောင့် သွေးတွေ စီးကျလာခဲ့တယ်။
“စိတ်အေးအေးထား။ ကိုယ့်ကိုယ်ကို တောင်တစ်လုံး ပေါ်က ကျောက်တုံး တစ်တုံးလို့ တွေးလိုက်။ လေတွေက မင်းကို မတိုက်ခတ်နိုင်ဘူး။ မိုးကလဲ မင်းကို မစိုစွတ်စေနိုင်ဘူး။ ဘယ်အရာကမှ မင်းကို တုန်လှုပ်အောင် မလုပ်နိုင်ဘူး။” ဖန်ကျန်းရှီ ပြောနေချိန်မှာပဲ ယွင်ချင်းဝူရဲ့ နာကျင်မှုကို သူမြင်သွားခဲ့တယ်။ ဒါကြောင့် ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ထဲကို စွမ်းအားတွေ ကူးပြောင်းပေးလိုက်တယ်။
ဒါကြောင့် ယွင်ချင်းဝူ လက်ကို သူကိုင်ထား ရတာပဲ။ တခြားသူတွေက ယွင်ချင်းဝူရဲ့ အတွင်း စွမ်းအားကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ လူခြောက်ယောက် စက်ဝိုင်းထဲမှာ ယွင်ချင်းဝူက ခံနိုင်ရည် အနည်းဆုံး ဖြစ်နေတဲ့ အတွက် သူ အရင်ဆုံး စွမ်းအားကို ကူးပြောင်းပေးတယ်။
“ငါ စပြီ။ အားလုံး စိတ်ငြိမ်ငြိမ်ထားကြ။”
“ကောင်းပြီ။”
“ကောင်းပြီ။”
“ငါလုပ်နိုင်တယ်။ အရှက်မရှိတဲ့ ကောင်စုတ်။ လာစမ်း စွမ်းအား သုံးလိုက်စမ်းပါ။”
ပင်းယန်ရဲ့ အော်သံကို ကြားချိန်မှာ ဖန်ကျန်းရှီ နည်းနည်းတော့ ကြောင်အ သွားခဲ့တယ်။ ငလူး။ ဘာစွမ်းအား သုံးရမှာလဲ။ ကြားရတာ တစ်ခုခု လွဲနေ သလိုပဲ။ ဒါပေါ့။ အခုချိန်မှာတော့ လိုက်တွေးနေဖို့ စိတ်ကူး မရှိသေးဘူး။
ယွင်ချင်းဝူရဲ့ ခန္ဒာကိုယ်ကို စွမ်းအားတွေ ကူးပြောင်း ပြီးတဲ့နောက် အင်အားတွေက နာရီလက်တံ ပြောင်းပြန်စီးသလို စီးဆင်းတော့တယ်။
ဝုန်း။
အလင်းတန်းကြီး တစ်ခုက သူတို့ရဲ့ ခေါင်းပေါ်မှာ ပေါ်ပေါက်လာပြီး နေရာခြောက်နေရာက လူခြောက်ယောက်ကို အသီးသီး ကိုယ်စားပြု ထားခဲ့တယ်။
ဒါကတော့ ပြန်လည် မွေးဖွားမှု စက်ဝန်းပဲ။
တာအို ငါးခုသာ အလင်းပွင့်သေးပင်မယ့်၊ ဒီနေရာတွေက သူတို့ကို ကာကွယ်ထားဖို့ လုံလောက်တယ်။
ဖူး။ ပင်းယန် သွေးတွေကို အန်ထုတ်လိုက်တယ်။ ရန်ရွှယ့် ပါးစပ်ကနေလဲ သွေးတွေ စီးကျလာတယ်။ ပင်းယန် ဒဏ်ရာရတာက ရန်ရွှယ့်ကိုပါ ဒဏ်ရာ ရစေတယ်။ နန်ကုန်းမုကတော့ အံ့သြစရာ ကောင်းလောက်အောင် အခြေအနေ ကောင်းနေတုန်းပဲ။
ဒီအချိန်မှာပဲ ယွင်ချင်းဝူရဲ့ မျက်ဝန်းတွေက ရဲရဲနီ သွားပြီး သူမရဲ့ အဖြူရောင် ဆံပင်တွေက လေမရှိတဲ့ နေရာမှာ ရုတ်တရက် ဝဲလွင့်ကုန်တယ်။ ပင်းယန်နဲ့ ရန်ရွှယ်တောင် ဒီစွမ်းအားကို မခုခံနိုင်ပေမယ့် ယွင်ချင်းဝူကတော့ သူမရဲ့ သန်မာလွန်းလှတဲ့ စိတ်အင်အားနဲ့ ခုခံ ထားနိုင်ခဲ့တယ်။
“ငါ့ကို ဂရုမစိုက်နဲ့။ ငါ ငါ လုပ်နိုင်တယ်။ အကယ်၍ ငါ မ မလုပ်နိုင် တော့ တော့ဘူးဆိုရင် ငါ့ထိုက်နဲ့ ငါ့ကံပဲ။ တွန်းထုတ် ပြစ်လိုက်။” ယွင်ချင်းဝူ အံကြိတ်ရင်း တစ်လုံးချင်း ပြောတယ်။
“အင်း။ လုပ်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။
“ဟဟား။” ယွင်ချင်းဝူ ရယ်မောရင်း သူမ ခန္ဒာကိုယ်ထဲက စွမ်းအားကြီးတွေကို ဖန်ကျန်းရှီဆီ လွှဲပြောင်းပေးတယ်။ ရေတွေ အားလုံးက ပင်လယ်ထဲကို စီးဝင်လာသလို ဖန်ကျန်းရှီ ခံစား နေမိတယ်။
သူ့စိတ်အာရုံ နယ်မြေထဲမှာ ပင်လယ်ကြီး ရှိနေပြီးသား ဖြစ်တဲ့ အတွက် နည်းနည်းလေးတောင် မသက်မသာ မဖြစ်မိဘူး။
အခုချိန် သူ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ချီကူယန်ကို စွမ်းအားတွေ လွဲပြောင်းပေးပြီး နောက်တစ်ခေါက် စွမ်းအားတွေ ပြန်လှည့်တာကို စောင့်ဖို့ပေါ့။ ဒါပေမယ့် နောက်တစ်ခုကိုသာ သူရွေးချယ်တယ်။ စွမ်းအားတွေ အားလုံးကို သူဝါးမျို လိုက်တယ်။
“ဝင်လာပြီဆိုမှတော့ မထွက်သွားခင် တစ်ခုခု ချန်ခဲ့မှ ဖြစ်မှပေါ့။” ဖန်ကျန်းရှီ တွေးရင်းရဲ့ သူ့ပင်လယ် ကြီးကို အသက်သွင်းပြီး စွမ်းအားတွေကို ဖြည်းဖြည်းချင်း ဝါးမျိုတယ်။ ဆယ်မိနစ်ကျော် ကြာပြီးနောက် သူနောက်ထပ် တောင့်မခံ နိုင်တော့ဘူး။
ဒါပေမယ့် ပြင်းထန်တဲ့ စွမ်းအား တစ်ချို့ကတော့ သူ့ခန္ဒာကိုယ်ထဲမှာ ကျန်ခဲ့တယ်။
“တကယ်ကြီး အလုပ်ဖြစ်တာလား။” အောင်မြင်ပြီးတဲ့နောက် ဖန်ကျန်းရှီ ပြောလိုက်တယ်။ “ယန်လေး မင်းရဲ့ စိတ်အာရုံ နယ်မြေထဲကို စွမ်းအားတွေ ထည့်ကြည့်။ တစ်ခုခု ရလာလိမ့်မယ်။ ပင်းယန် မလုပ်ကြည့်နဲ့။ ရွှယ်ကတော့ တတိယ တစ်ခေါက်မှာ စမ်းကြည့်။ ယွင်ချင်းဝူကတော့ ထားလိုက်တော့။”
“အင်း။”
“ကောင်းပြီ။”
“ငါဘာဖြစ်လို့ လုပ်လို့ မရတာလဲ။”
“မင်းက အားနည်းလို့လေ။” ဖန်ကျန်းရှီ စွမ်းအားတွေကို ချီကူယန့်ဆီ ပြောင်းပေးရင်း ပြောလိုက်တယ်။
“ဟမ့်” ပင်းယန်ကတော့ မကျေနပ်ခဲ့ဘူး။
“ပင်းယန် ငါ ဟာသပြောနေတာ မဟုတ်ဘူး။” ဒီမင်းသမီး မကျေနပ်ပဲ တစ်ခုခု လုပ်နိုင်တာကို သူသိတယ်။ အသက်၂၀တောင် မပြည့်သေးတဲ့ ပင်းယန်က ပုန်ကန်ချင်စိတ်လဲ များတယ်။
“ငါ သိပါပြီ။ ဘာမှ မလုပ်ပါဘူး။ နင်ခွင့်ပြုမှပဲ လုပ်မှာပါ။” ပင်းယန်က ပြန်ပြောတယ်။
“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ချီကူယန်ကို လှမ်းကြည့်တယ်။
ချီကူယန်ကတော့ တိတ်ဆိတ် နေပဲပဲ။ မျက်မှောင် တစ်ချက် ကြုတ်သွား ခဲ့တဲ့ အတွက် အချိန် အတော်လိုနေမှန်း သူနားလည်နိုင်တယ်။ ချီကူယန် လုပ်နိုင်မယ့် ပုံစံပဲ။ ဖန်ကျန်းရှီ စိတ်ထဲမှာတော့ နည်းနည်း မနာလို ဖြစ်သွားခဲ့တယ်။ ပါရမီရှိတာက အချိန်ကုန် အတော်လေး သက်သာတာပဲ။ ချီကူယန်က လောကမှာ ပါရမီ အရှိဆုံး သူထဲက တစ်ယောက် ပီသလွန်းတယ်။
သူမက အသက် ၃နှစ် အရွယ်တည်းက စာအုပ်ပေါင်း ရာချီကို ဖတ်ရှုနိုင်တယ်။ အသက် ငါးနှစ်မှာတော့ တာအိုကို လက်ခံနိုင်ပြီး အသက်ခြောက်နှစ်မှာ နတ်ဆိုး ချိတ်ပိတ်စည်း အဆင့်ကို ရောက်ခဲ့တယ်။ အသက် ၁၃နှစ်မှာတော့ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ခဲ့တယ်။ ပုန်းကွယ် နဂါး အဆင့်နဲ့ ပျံသန်း နဂါးအဆင့်မှာလဲ သူမက နံပါတ်တစ်။
ချီကူယန်ကို့သာ ပါရမီရှင်တို့ရဲ့ ကိုယ်စားပြုလို့ ခေါ်လို့ ရနိုင်မယ်ဆိုရင် ဖန်ကျန်းရှီကတော့ နိုင်ငံကယ်တင်ရေး သမား စံပြ ပုဂ္ဂိုလ်လို့ တင်စား ခံရလိမ့်မယ်။
အသက် ခြောက်နှစ် အရွယ်မှာ အရာအားလုံး ဖြစ်တည်မှု တာအိုကို တစ်ချက် ကြည့်ရံုံနဲ့တင် လက်ခံ နိုင်ခဲ့တယ်။ တာအိုတွေကို နားလည်နိုင်စွမ်း မြင့်မားလွန်းလို့ သူ့ကို အဆင့်တူ ဘယ်သူမှ မယှဉ်နိုင်ဘူး။
အသက် ၁၅နှစ် အထိ ကြယ်တာရာ စုဝေးမှု အဆင့်သာ ရှိခဲ့ပေမယ့် ကောင်းကင်ရတနာ ခန်းမမှာ ကောင်းကင်ရောင်ပြန် အဆင့်ကို တိုးတက်ခဲ့တယ်။
သမိုင်းမှတ်တမ်းတွေ အများကြီးကို သူချိုးဖျက် နိုင်ခဲ့တယ်။
ဒါပေမယ့် ဖန်ကျန်းရှီက သူ့အကြောင်းသူ ကောင်းကောင်း သိလွန်းတယ်။ တာအို နိယာမကို သူနားလည်ထားတာ ကြောင့်သာ သာမာန် ရွာသားလေး ဘဝကနေ ဒီအခြေအနေကို ရောက်လာခဲ့ တာပဲ။ ချီကူယန်ကတော့ သူ့ထက် အားမနည်းခဲ့ဘူး။ သူမရဲ့ ပါရမီက အံ့သြစရာ ကောင်းတယ်။
“ပင်းယန် စိတ်ငြိမ်ငြိမ်ထား။” ချီကူယန် ပြောလိုက်တယ်။ သူမ နဖူးမှာ ချွေးတွေ စီးကျနေပြီး နောက်ထပ် တောင့်မခံ နိုင်တော့ပုံပဲ။
“ကောင်းပြီ။” ပင်းယန်က ခေါင်းမာပေမယ့် ချီကူယန့် စကားကိုတော့ ကောင်းကောင်း နားထောင်တယ်။
ဒုတိယ တစ်ခေါက် ဖြတ်သန်းမှုက ခပ်မြန်မြန်ပဲ ပြီးဆုံး သွားခဲ့ပြီ။ ဖန်ကျန်းရှီနဲ့ ချီကူယန်က စွမ်းအားတွေကို စုပ်ယူ လိုက်တဲ့ အတွက် ယွင်ချင်းဝူကတော့ ပထမ တစ်ခေါက်ထပ် ပိုပြီး သက်တောင့် သက်သာ ရှိလာခဲ့တယ်။
တတိယ လှည့်ပတ်မှုမှာတော့ ရန်ရွှယ်က ပေါင်းစည်းဖို့ ကြိုးစားတယ်။
ခြောက်ကြိမ်မြောက် လှည့်ပတ်မှုမှာ စွမ်းအားတွေ အတော်လေး တည်ငြိမ် လာတာကို ခံစားမိတဲ့ အတွက် ပင်းယန်ကို စတင် ပေါင်းစည်းဖို့ ဖန်ကျန်းရှီ အချက်ပြတယ်။
“ကောင်းပြီ။ သေချာ ကြည့်ထား။ မှော်ဆန်ဆန် ဘယ်လို လုပ်ပြမလဲ စောင့်ကြည့်နေလိုက်။” ပင်းယန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြောလိုက်တယ်။
…
ဆယ်ခေါက်မြောက်ကို ရောက်ချိန်မှာတော့ တိမ်သင်္ကေတတွေ လုံးဝကို တည်ငြိမ် သွားခဲ့ပြီ အရင်ကလို သူတို့ကို မတိုက်ခိုက်တော့ဘူး။
အစောပိုင်းတုန်းက အမြစ်ထဲကနေ ထွက်လာသမျှ စွမ်းအားတွေလဲ အခုချိန်မှာတော့ လျော့ကျ သွားခဲ့ပြီ။
“ကြည့်ရတာ တည်ငြိမ် သွားတဲ့ ပုံစံပဲ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်မိတယ်။
“ဟုတ်တယ်။ ငါတို့တွေ တစ်ယောက်ချင်း လုပ်နေရင် ဒီလို အောင်မြင် နိုင်မှာ မဟုတ်ဘူး။” ရန်ရွှယ်ကတော့ အခုမှ သေမင်း ခံတွင်းကနေ လွတ်လာသလို ခံစားမိတယ်။
“ငါတို့ ဒီမှာ ဘယ်လောက် ကြာကြာ ဆက်ထိုင် နေရအုန်းမှာလဲ။” ပင်းယန် မေးလိုက်တယ်။
“အားလုံး အရည်မပျော်ခင် အထိပေါ့။” ဖန်ကျန်းရှီ ပြောလိုက်ရင်း မျက်လုံး ပိတ်ထားတဲ့ သူကို ကြည့်နေခဲ့တယ်။ နန်ကုန်းမုကို သူသတိလစ်အောင် ရိုက်ထားပေမယ့် အခုချိန် သူ့ဆန့်ကျင်ဘက်မှာ ထိုင်နေရင်း မျက်နှာတောင် တစ်ချက် မပျက်ခဲ့ဘူး။ တိမ်သင်္ကေတတွေကို ဒီအတိုင်းသာ စီးဆင်းခွင့် ပြုထားခဲ့တယ်။
သူ တကယ်ပဲ ဘာမှ မခံစား ရဘူးလား။
ဖန်ကျန်းရှီ ပြုံးရင်းနဲ့ ယွင်ချင်းဝူကို လှမ်းကြည့်မိတယ်။ သူ မျက်လုံးတွေ ပြူးသွား ရပြန်ပြီ။
ယွင်ချင်းဝူရဲ့ ဆံပင်တွေက ပြောင်းလဲ နေခဲ့တယ်။ ဖြူဖွေးနေဆဲ ဖြစ်ပေမယ့် အရင်လို မခြောက်သွေ့တော့ပဲ ရောင်စဉ်တွေ တောက်ပ နေခဲ့တယ်။
“အဲ့တာက ဒဏ္ဍာရီလာ အလှတရားလား။” ဖန်ကျန်းရှီ အရမ်းကို အလန့်တကြားနဲ့ ပြောမိတယ်။
အပိုင်း (၁၀၆၇) ပြီး၏။
အပိုင်း (၁၀၆၈)
“ လန့်စရာ အဆင့်ကျော် တိုးတက်မှု။ နတ်သခင် အဆင့်ရေ ငါလာနေပြီ။”
…
ယွင်ချင်းဝူရဲ့ အပြောင်းအလဲတွေက သိသာ ထင်ရှားလွန်းလှတယ်။
သူတို့ ခြောက်ယောက်ထဲမှာ သူမရဲ့ ပြောင်းလဲမှုက ကြီးမားလွန်းတဲ့ အပြင် အသားအရေက အစ ကလေးငယ် တစ်ယောက်လို နုနယ် သွားခဲ့တယ်။ ယွင်ချင်းဝူရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်း နေတာကြောင့် သူမရဲ့ ခန္ဒာကိုယ်က ရိုက်ခတ်မှု ကြီးတာ ဖြစ်နိုင်မှန်း ဖန်ကျန်းရှီ နားလည်သွားတယ်။
“ငါ အဆင့် တက်သွားပြီ ထင်တယ်။” ယွင်ချင်းဝူ မျက်လုံး အပြူးသားနဲ့ ပြောလိုက်တယ်။ သူမ အတွက်တော့ အဆင့်ကျော် တိုးတက်ဖို့ ဆိုတာ ခက်ခဲလွန်းတဲ့ ကိစ္စ တစ်ခုပဲ။
အားနည်းလှတဲ့ ခန္ဒာကိုယ်ကြောင့် ငယ်ရွယ်စဉ် အချိန်မှာ ဖျားနာမှုတွေ မကြာခဏ ကြုံတွေ့ ခဲ့ရတဲ့ အတွက် ကျင့်ကြံဖို့ မသင့်တော် တာကြောင့် အသက် ၅နှစ် အရွယ်မှာ သွေးအရိပ် မြို့တော်ကနေ နှင်ထုတ် ခံခဲ့ရတယ်။
သူမက နတ်ဆိုး မိစ္ဆာ သွေးနှော ဖြစ်တဲ့ အတွက် မြင့်မားလွန်းတဲ့ ဉာဏ်ရည်နဲ့ တည်ငြိမ်မှုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် နတ်ဆိုး မျိုးနွယ်ရဲ့ ကျင့်ကြံ နိုင်စွမ်းကိုလဲ မပိုင်ဆိုင်ခဲ့သလို သာမာန် မိစ္ဆာတွေရဲ့ ခွန်အားကိုလဲ မပိုင်ဆိုင် နိုင်ခဲ့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ သူမ အဆင့်ကျော် တိုးတက် သွားခဲ့ပြီ။
နှစ်တွေ အများကြီး ကြာအောင် ကျင့်ကြံဆင့် ရပ်တန့်နေခဲ့တဲ့ သူမ အခုလို အဆင့်တက် သွားပြီးချိန်မှာ ဘာမှ မခံစား ရတာတော့ မဖြစ်နိုင်ဘူး။
“အဆင့်တက် သွားတာလား။” ယွင်ချင်းဝူ ပြောတာကို ကြားချိန်မှာ ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။
တိမ်သင်္ကေတ သစ်ပင်က တည်ငြိမ်စပဲ ရှိသေးတယ်။ သူတို့ ခန္ဒာကိုယ်အောက်မှာ စီးဆင်းနေတဲ့ စွမ်းအားတွေက ပင်လယ်ကြီးလို အသွင်နဲ့ ရှိနေဆဲပဲ။
“ဟမ့်။” ပင်းယန် နှာခေါင်းရှုတ်လိုက်တယ်။ ကြယ်တာရာ စုဝေးမှု အဆင့်က အဆင့်တက်နိုင်ရင်တောင် ကောင်းကင် ရောင်ပြန် အဆင့်ထက် မြင့်နိုင်အုန်းမလား။ ဘာဖြစ်လို့ ဒီလောက်တောင် စိတ်လှုပ်ရှား နေတာလဲ။ ပင်းယန်ကတော့ ပွစိပွစိ ပြောနေပင်မယ့် သူမရဲ့ အမူအယာလဲ ပြောင်းလဲသွားခဲ့တယ်။
“ငါ့ ကျင့်ကြံဆင့်က နည်းနည်းလောက် မြင့်လာတာလား။”
“ဟမ်။ ကောင်းလိုက်တာ။ ကြည့်ရတာ ဒီတိမ်သင်္ကေတတွေက ကျင့်ကြံဆင့်မြင့်အောင် ကူညီပေးတဲ့ ပုံစံပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ အဆင့်ကျော် တိုးတက်ဖို့ အတွက် စွမ်းအားကို သူ မခံစား မိပေမယ့် စွမ်းအားတွေက ဖြည်းဖြည်းချင်း တိုးလာတာတော့ အမှန်ပဲ။
“ဖန်ကျန်းရှီ။” ဒီအချိန်မှာပဲ ယွင်ချင်းဝူ ပြောတယ်။
“ဟမ်။”
“ဒီတိမ်သစ်ပင်ကနေ စွမ်းအားနည်းနည်းလောက် ငါ့ခန္ဒာကိုယ်ထဲကို ပြောင်းလို့ ရမလား။ ငါသိပ် မသေချာဘူး။” ယွင်ချင်းဝူ ပြောလိုက်တယ်။
“ရတယ် မင်းလုပ်လို့ ရတယ်။” ဖန်ကျန်းရှီကတော့ နည်းနည်းတောင် စဉ်းစား မနေခဲ့ဘူး။”
လူခြောက်ယောက်ထဲက တစ်ယောက် အနေနဲ့ ယွင်ချင်းဝူလဲ ဒါကို စုပ်ယူခွင့် ရှီတယ်။
အစောပိုင်းတုန်းက မစုပ်ယူခိုင်းတာ သူမရဲ့ စွမ်းအားက နည်းလွန်းနေလို့ပဲ။
“ကျေးဇူးတင်ပါတယ်။”
“မလိုဘူး။ ဒါ မင်းရသင့်တဲ့ အခွင့်အရေးပဲ။”
“အင်း။” ယွင်ချင်းဝူ ခေါင်းငြိမ့်ရင်း စွမ်းအားတွေကို စုပ်ယူတော့တယ်။
..
အချိန်တွေ ကုန်ဆုံး သွားတာနဲ့ အမျှ တိမ်သင်္ကေတ စွမ်းအားတွေလဲ တည်ငြိမ် လာခဲ့တယ်။ ဖန်ကျန်းရှီကတော့ လှည့်ပတ်မှုကို အရှိန်မြင့်လိုက်ရင်း တခြားသူတွေ စွမ်းအား များများ စုပ်ယူနိုင်အောင် ကူညီနေခဲ့တယ်။
၁၇ကြိမ်မြောက် လှည့်ပတ် ပြီးချိန်မှာတော့ ယွင်ချင်းဝူ မျက်လုံး ပြူးသွားပြန်တယ်။ သူမရဲ့ မျက်နှာတွေ နီရဲလာတယ်။
“ငါ နောက်တစ်ခေါက် အဆင့်တက်တော့ မလိုပဲ။”
“…”
“…”
ဒီတစ်ခေါက်မှာတော့ ပင်းယန် စိတ်မပျက်တော့ဘူး သူမနာလို ဖြစ်လာတော့တယ်။ ယွင်ချင်းဝူက တစ်နာရီ အချိန် အတွင်းမှာ ကောင်းကင် ရောင်ပြန် အဆင့်ကို တက်နိုင် တော့မှာလား။ ဘာတွေ ဖြစ်နေတာလဲ။
ပင်းယန် အံကြိတ်လိုက်မိတယ်။ သူမ ကြယ်တာရာ စုဝေးမှု အဆင့်ကနေ မိစ္ဆာပုလဲကို ရပြီး အဆင့်တက်ဖို့ လုပ်ချိန်မှာ သေမလို ဖြစ်ခဲ့တာကို မှတ်မိသေးတယ်။ ဒါပေမယ့် ခြောက်လတာ ခံစားခဲ့ရတာ တန်ပါတယ်။ ခြောက်လ အတွင်းမှာ မိစ္ဆာ ပုလဲကြောင့် မခံမရပ်နိုင်အောင် ပူလောင် နာကျင်ပြီး ရေခဲကန်ထဲ ဝင်စိမ် နေခဲ့၇တယ်။
“မတရားလိုက်တာ။ လုံးဝကို မတရားဘူး။” ပင်းယန် ဒေါသ ထွက်လာခဲ့တယ်။
ခြောက်လတိတိ အများကြီး ခံစားပြီးမှ အဆင့်တက် ခဲ့ရပေမယ့် ယွင်ချင်းဝူကတော့ တစ်နာရီ အတွင်းမှာ အကြိမ်ကြိမ် အဆင့်တက်နေခဲ့တယ်။
ပင်းယန်တင် မကဘူး။ ဖန်ကျန်းရှီတောင် အမူအယာ ပြောင်းလဲ နေခဲ့ပြီ။
ငလူးပဲ။ သဘာဝလွန် အဆင့်ကနေ ကောင်းကင်ရောင်ပြန် အဆင့်ကို တက်တာ ဘယ်တုန်းကများ ဒီလောက်တောင် လွယ်ကူ သွားတာလဲ။ သူ့တုန်းက အဆင့်တက်ဖို့ ဘယ်လောက်တောင် ခက်ခဲ့မှန်း သူမှတ်မိနေတယ်။
ဒီကောင်မလေး လှည့်စား နေတာပဲ ဖြစ်ရမယ်။ ဒီလို လုပ်ရင်တောင် ဒီလောက် သိသာအောင် လုပ်နေဖို့ လိုလို့လား။ ဒီအချိန်မှာပဲ သူ့အနား အနီးကပ် နေရာမှာ တုန်ခါသံကြီးကို ကြားလိုက် ရတယ်။
အဲ့ဒီ့နောက် ချီကူယန်ရဲ့ မျက်ဝန်းတွေ ပွင့်လာပြီး ငါးရောင်ခြယ် အလင်းတန်းတွေ တောက်ပ လာတော့တယ်။ အနီ၊ အပြာ၊ အဖြူ၊ အနက်နဲ့ ရွှေရောင်။
ငါးရောင်ခြယ် အလင်းတန်းတွေက အရမ်းကို တောက်ပလွန်းလို့ ချီကူယန်ရဲ့ နောက်ဘက်မှာတောင် စတင်ပြီး အစိုင်အခဲလို စုစည်း နေခဲ့ပြီ။
သူမရဲ့ နှင်းဖြူရောင် ဝတ်ရုံ၊ ဆံကေသာ အနက်၊ ငါးရောင်ခြယ် အလင်းတန်းတွေ အပြည့်နဲ့ မြွေအမြီးက မောက်မာတဲ့ ဝံ့ကြွားတဲ့ ရုပ်သွင်နဲ့ ခံ့ခံ့ထည်ထည် ရှိနေခဲ့တယ်။
နောက်ဘက်မှာ ရှိနေတဲ့ အရိပ်ာကီးကလဲ အခုချိန်မှာတော့ အရမ်းကို ပီပြင် ထင်ရှား နေခဲ့ပြီ။ ဒါက အရိပ်အဆင့် မဟုတ်တော့ဘူး။ နွီဝါး မယ်တော် အသင်ကို ရောက်နေတာပဲ။
“အရှက် မရှီတဲ့ ကောင်စုတ် ငါအဆင့်တက် သွားပြီ။” ချီကူယန် ပြောလိုက်တယ်။
“မမယန်လေးက အရမ်း တော်တာပဲ။” ပင်းနယ် ပြောတယ်။ ဒီအချိန်မှာ ဖန်ကျန်းရှီကတော့ မျက်လုံး ပြူးနေခဲ့ပြီ။
“..” အဆင့်တက်တယ်။ ချီကူယန်က အဆင့်တက် သွားပြီလား။
ယွင်ချင်းဝူ အဆင့်တက်တာကို လက်ခံလို့ ရနိုင်ပေမယ့် သူမရဲ့ ကျင့်ကြံဆင့်က နိမ့်လွန်း နေခဲ့တာလေ။ ဒါပေမယ့် ချီကူယန် အဆင့်တက်တာက နည်းနည်းတော့ များလွန်းတယ် မဟုတ်လား။ သူတို့ နှစ်ယောက်စလုံးက သုခမိန် အဆင့်ချင်း အတူတူပဲကို ဘာကြောင့် ဒီလို ဖြစ်လာ ရတာလဲ။
ဒါ့အပြင် သူက ချီကူယန်ထက် ပိုပြီးတော့ အင်အား ကြီးတယ်လေ။ သူက အရင် အ ဆင့်တက်သင့်တာ မဟုတ်လား။ ကိစ္စက ထူးဆန်းနေပြီ။
ဖန်ကျန်းရှီ ကျိန်ဆဲချင် လာတော့တယ်။ ဒါပေမယ့် ပြောမထွက် နိုင်ခဲ့ဘူး။
(မင်း အဆင့်မတက်ခင် ငါ့ကို စောင့်လို့ မရဘူးလား။)လို့ အော်လို့ မရနိုင်ဘူးလေ။ ကောင်းပြီလေ။ ဒါက ပါရမီပဲ။ ချီကူယန်ရဲ့ ပါရမီကြောင့်ပဲ ဖြစ်ရမယ်။
အကယ်၍ ဖန်ကျန်းရှီက စွမ်းအား ၅၀%ကို စုပ်ယူနိုင်မယ် ဆိုရင် ချီကူယန်ကတော့ ၉၀%ကို စုပ်ယူ နိုင်မှာပဲ။ ဒီလိုပဲ ဖြစ်လိမ့်မယ်။
ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်း ပြုံးပြလိုက်တယ်။
“ဂုဏ်ပြုပါတယ်။ နတ်သခင် အဆင့်ကို တိုးတက် သွားပြီဆိုတော့ ငါတို့တွေ။”
(မျှော်လင့်ချက် ရှိနိုင်ပြီ ဆိုတာကို ဖန်ကျန်းရှီ ပြောမထွက်ခဲ့ဘူး။)
အမျိုးသမီး တစ်ယောက်နဲ့ တန်းတူ မစွမ်းဆောင်နိုင်ရင် အရှက်ရ ရလိမ့်မယ်။ မဖြစ်ဘူး။ အဆင့်တက်ရမယ်။ ချီကူယန် အနိုင်ယူတာကို မခံရခင် အဆင့်တက်အောင် လုပ်မှ ဖြစ်မယ်။ အစွမ်းကုန် ကြိုးစားပြီး စွမ်းအားတွေကို စုစည်းမယ်။
ဒီအချိန်မှာပဲ ရန်ရွှယ့် အမူအယာက ပြောင်းလဲ သွားပြန်တယ်။
“ငါ ငါလဲ အဆင့်တက် သွားပြီလား။” ရန်ရွှယ် ပြောလိုက် ချိန်မှာပဲ သူ့ခန္ဒာကိုယ်ကနေ အနီရောင် အလင်းတန်းတွေ တောက်ပ လာတော့တယ်။ ရဲရဲနီနေတဲ့ ဒီအလင်းတန်းက သန့်စင်ပြီး ကျောက်မျက် ရတနာတွေလို မာကျောလှတယ်။ ဒါ့အပြင် ရန်ရွှယ့် မျက်ဝန်းထဲမှာ တလက်လက် တောက်ပ နေသေးတယ်။
“ဝိုး။ ရန်ရွှယ် မင်းလဲ အဆင့်တက် သွားတာလား။ ငါလဲ အဆင့်တက်တော့ မလိုပဲ။” ပင်းယန် အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ နောက်ထပ် စကားမပြောနိုင်တော့ဘူး။ ရန်ရွှယ်က သူ့ထက် ပါရမီ ပါနေတာလား။ ဖြစ်နိုင်ပါတယ်။
မဟုတ်သေးဘူး။
ဒါက ဘယ်လို ကိစ္စမျိုးလဲ။ ရန်ရွှယ်က သူနဲ့ ချီကူယန် ထက်တောင် သေချာပေါက် အားနည်းတယ်လေ။ နတ်သခင် အဆင့်ကို အရင် တက်သွားတာလး။
ချီကူယန်က သူနဲ့ အဆင့်တူမှာ ရှိနေလို့ လက်ခံနိုင်သေးတယ်။ ပါရမီကလဲ အများကြီး ရှိနေတဲ့သူ ဖြစ်တဲ့ အတွက် အားလုံးကို ခြုံငုံပြီး လက်ခံလို့ ရတယ်။ ဒါပေမယ့် ရန်ရွှယ်က ဘာကြောင့်များ သူ့ထက် အရင် တိုးတက် သွားတာလဲ။
ကျင့်ကြံဆင့်မှာ သူက ရန်ရွှယ့်ထက် အမြဲမြင့်ခဲ့ ပေမယ့် အခုတော့ ရန်ရွှယ်က သူ့ကို အမှီလိုက်နိုင် သွားတာလား။
အဓိပ္မာယ်ရှိရဲ့လား။
ဒါကြီးက တကယ်ပဲ အဓိပ္မာယ် ရှိရဲ့လား။
“ကျန်းရှီ စိတ်ချပါ။ မင်းရဲ့ ပါရမီနဲ့ ဆိုရင် မကြာခင် မင်း အဆင့်ကျော်တိုးတက်မှာပဲ။” ရန်ရွှယ်က ဖန်ကျန်းရှီကို နှစ်သိမ့်ပေးတယ်။
“အင်း။ ဒီနေရာမှာ စွမ်းအားတွေ များတာပဲ။ ငါ့လို အားနည်းတဲ့ သူတောင် မကြာခင် အဆင့်တက်တော့မယ် ထင်နေရတာ။ နင့်လို လူကတော့ ကန့်သတ်ချက်တွေကို ချိုးဖောက်နိုင်မှာပဲ။
“…” ဖန်ကျန်းရှိကတော့ ပင်းယန်ကို ပြန်မဖြေခဲ့ဘူး။ ဘာကန့်သတ်ချက်လဲ။ သူသေချာ စစ်ဆေးပြီးတဲ့ အချိန်မှာ မရေမတွက်နိုင်တဲ့ တိမ်သင်္ကေတတွေ သူကစိတ်အာရုံ နယ်မြေထဲ တိုးဝင် လာတာကို ခံစား မိလိုက်တယ်။
“ငါနောက်တစ်ခေါက် အဆင့်တက်သွားပြန်ပြီ။” ဖန်ကျန်းရှီ တွေးနေချိန်မှာပဲ ယွင်ချင်းဝူ့ အသံကို ကြားလိုက် ရတယ်။
“…”
“…”
ဒီတော့ ယွင်ချင်းဝူက ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်သွားပြီပေါ့။ ဖန်ကျန်းရှီ သူ့ကို ဓားနဲ့ ထပ်ခါ ထပ်ခါ ထိုးခံ နေရသလို ခံစားရတယ်။ ဒီနာကျင်မှုက သူ့ကို အော်ဆဲလာအောင် လုပ်နေခဲ့ပြီ။
(မင်းတို့ အားလုံး အဆင့်တက် ကုန်ပြီ။ ငါတစ်ယောက်တည်း ဘာဖြစ်လို့ အဆင့်မတက် သေးတာလြ။)
ဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး။ သတ္တိ ရှိရမယ်။ ချီကူယန်က နတ်သခင် အဆင့်ကို တက်လာဖို့ သေချာပေါက် တိမ်သင်္ကေတတွေ အများကြီးကို စုပ်ယူ လိုက်တာပဲ ဖြစ်ရမယ်။
ရန်ရွှယ်ကတော့ မေ့ထားလိုက်တော့။ မပြောရအောင်။
ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို ထိန်းမထားမိ တော့တာ ကောင်းတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကြိုးစားရမယ်။ စွမ်းအားတွေကို ခံစားရမယ်။
“နတ်သခင် အဆင့်ရေ။ ငါလာနေပြီ။
…
စူးရှတဲ့ နာကျင်မှုကို ဖန်ကျန်းရှီ ဘယ်တုန်းကမှ မခံစား ဖူးပေမယ့် လောကကြီးက ပြစ်ပယ်တာကို ခံလိုက်ရတဲ့ နာကျင်မှုကိုတော့ သိသွားခဲ့ပြီ။
ပင်းယန်ရဲ့ ခန္ဒာကိုယ်ထဲကနေ မီးလို ပူပြင်းတဲ့ စွမ်းအား တစ်ခု ထွက်လာတယ်။ ပင်းယန်ရဲ့ မျက်ဝန်းထဲမှာတောင် မီးလျှံတွေ ပြည့်နေတဲ့ အတိုင်း အပူလှိုင်းတွေက နေရာအနှံ့ကို ဖြာထွက် လာခဲ့တယ်။
အဲ့ဒီ့နောက် ပျော်ရွှင်မှု အပြည့် အော်သံကို သူကြားလိုက် ရပြန်တယ်။
“ငါ အဆင့်တက် သွားပြီ။ ဟဟား။ နတ်သခင် အဆင့်ကို ငါရောက်ပြီ။” ပင်းယန်က ပါးစပ် နားရွက် တက်ချိတ်မတတ် ရယ်မော နေခဲ့တယ်။
သုခမိန် အဆင့်နဲ့ နတ်သခင် အဆင့်ရဲ့ ကွာခြားချက်က ကြီးမား လွန်းတဲ့ အပြင် ယွင်ချင်းဝူရဲ့ အဆင့်တင့် တိုးတက်မှုကြောင့် သူမ မနာလို ဖြစ်ခဲ့ ရပေမယ့် အခုချိန်မှာတော့ သူမလဲ အဆင့်တက် သွားခဲ့ပြီ။
မပျော်ရွှင်တဲ့ ခံစားချက်တွေ အားလုံး ပျောက်ဆုံးပြီး ကလေး တစ်ယောက်လို ခုန်ပေါက် နေတော့တယ်။
ရန်ရွှယ်နဲ့ ချီကူယန်လဲ သူ့ကို ကြည့်ရင်း ခေါင်းငြိမ့်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပြဿနာ တက်နေခဲ့ပြီ။ ယွင်ချင်းဝူ အဆင့်တက်တာက ကျိုးကြောင်း ဆီလျော်သေးတယ်။
ချီကူယန်ကလဲ ဖြစ်နိုင်ချေ အလားအလာ များတယ်။ ရန်ရွှယ် အဆင့်တက်တာကို နားမလည်နိုင်ပေမယ့် သူ့ညီနောင် အတွက် ပျော်ပေးလို့ ရတယ်။ ဒါပေမယ့် ပင်းယန် ကိစ္စကိုတော့ သူလုံး၀ လက်နခံ နိုင်ဘူး။
ရန်ရွှယ်က သုခမိန် အထွတ်အထိပ် အဆင့် ရောက်နေလို့ အဆင့်တက် သွားရင်တောင် သုခမိန် အဆင့် ရောက်ကာစ ပင်းယန်က ဘယ်လိုများ အဆင့်တက်သွားတာလဲ။
“ငလူးပဲ။ ငါနောက်ထပ် ဆက်မလုပ်ချင်တော့ဘူး။” ဖန်ကျန်းရှီရဲ့ မျက်နှာက မည်းမှောင်နေခဲ့ပြီ။ ဘယ်သူကမှ အဆင့်မတက်ခဲ့ရင် သူပြောမှာ မဟုတ်ပေမယ့် အခုချိန်မှာတော့ သူက လွဲပြီး အားလုံး အဆင့်တက်နေတဲ့ အတွက် သူမခံမရပ်နိုင် ဖြစ်နေခဲ့ရပြီ။
အံ့သြစရာ ကောင်းလိုက်တာ။
ပုံမှန်ဆိုရင် သူက အရင်ဆုံး အဆင့်တက် ရမှာ မဟုတ်လား။ ချီကူယန်လို ပါရမီ မပါရင်တောင် ရန်ရွှယ်နဲ့ ပင်းယန်ထက် သူက ပိုပြီး အင်အားကြီးတာ အမှန်ပဲ မဟုတ်လား။
အပိုင်း (၁၀၆၈) ပြီး၏။
အပိုင်း (၁၀၆၉)
“ကြောက်စရာ စွမ်းအားတွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု။”
…
ဖန်ကျန်းရှီ တကယ်ပဲ နားမလည် နိုင်ခဲ့ဘူး။ သူ တစ်ယောက်ပဲ ဘာဖြစ်လို့ မျက်နှာသာ မပေးခံရတာလဲ။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင် အစောကြီး တည်းက အဆင့်တက် သွားတာကို ထုတ်မပြတာလား။ ဒီလိုပဲ ဖြစ်ရမယ်။” ပင်းယန်ရဲ့ ယုံကြည်ချက် အပြည့် အသံကို ကြားလိုက် ရပြန်တယ်။ ချီကူယန်၊ ရန်ရွှယ်နဲ့ ယွင်ချင်းဝူတို့လဲ ဖန်ကျန်းရှီကို လှမ်းကြည့်ကြတယ်။
ပင်းယန် ပြောသလိုပဲ။ အားလုံးက တိမ်သင်္ကေတတွေကြောင့် ကျင့်ကြံဆင့် မြင့်ကုန်ကြပြီ။ ဖန်ကျန်းရှီက သူတို့ထဲမှာ အင်အား အကြီးဆုံး တစ်ယောက်ပဲ။ နတ်သခင်တွေကို အလွယ်လေး အနိုင်ယူ နိုင်တဲ့ အတွက် သူက နတ်သခင် အဆင့်နဲ့ အနီးဆုံး သူလို့ ဆိုလို့ ရနိုင်တယ်။ ဒါဆိုရင် သူဘာကြောင့်များ အဆင့်မတက် သေးတာလဲ။
“ဟဟား။” ဖန်ကျန်းရှီ ရယ်လိုက်တယ်။ ဖြစ်နိုင်မယ် ဆိုရင် သူလဲ ပင်းယန် ပြောသလို တကယ် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် သူ အဆင့် မတက်သေးတာ အဖြစ်မှန်ကြီး ဖြစ်နေခဲ့တယ်။
“ကျန်းရှီ မင်း တကယ်ပဲအဆင့် မတက်သေးတာလား။” ရန်ရွှယ် သိလိုစိတ် အပြည့်နဲ့ မေးလိုက်တယ်။
“မတက်သေးဘူး။” ဖန်ကျန်းရှီ သတိ ကြီးကြီးနဲ့ ပြောတယ်။
“မဖြစ်နိုင်တာပဲ။ နင့် အဆင့်က ငါ့ထက်တောင် အများကြီး မြင့်သေးတယ်။ နင်ဘယ်လိုလုပ် အဆင့်မတက်တာ ဖြစ်နိုင်မှာလဲ။” ပင်းယန် မယုံမကြည် ပြောသလို ချီကူယန်နဲ့ ယွင်ချင်းဝူလဲ တိတ်ဆိတ် သွားခဲ့တယ်။
သူတို့ထဲမှာ ဖန်ကျန်းရှီကို အစောဆုံး အဆင့်တက်မယ်လို့ ထင်ထားခဲ့ပေမယ့် သူက နောက်ဆုံး ဖြစ်နေပုံပဲ။ အားလုံးကတော့ တစ်ခုခု လွဲနေတာကို ခံစား မိပေမယ့် ပြဿနာကိုတော့ မတွေးတတ်ကြဘူး။
ဒီအချိန်မှာပဲ နန်ကုန်းမု ခန္ဒာကိုယ်ကနေ အလင်းတန်းကြီး တစ်ခု ပေါ်ထွက် လာတော့တယ်။ ရွှေရောင်နဲ့ အနီရောင် အလင်းတန်းတွေက သူ့ကို ဝန်းရံ ထားတဲ့ အပြင် အစိမ်းနဲ့ အပြာ အလင်းရောင် တစ်ချို့လဲ ရောယှက် ပါဝင် နေသေးတယ်။
“သတိလစ်နေတဲ့ နန်ကုန်းမုတောင် အဆင့်တက် သွားပြီလား။” ပင်းယန် မျက်လုံး ပြူးသွားခဲ့တယ်။
“…”
“…”
ကျန်တဲ့ သူတွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။ ဖန်ကျန်းရှီ ဒေါသ ထွက်နေတာကို အားလုံး သတိ ထားမိတဲ့ အတွက် နောက်ထပ် ဘာမှ မပြောကြဘူး။ အနက်ရောင် တိမ်သင်္ကေတတွေက အင်အား ကြီးလွန်းလို့ သတိလစ် နေတဲ့ သူတောင်မှ အဆင့်တက် စေနိုင်တယ်ပေါ့။
ဖန်ကျန်းရှီကတော့ အံကြိတ် ထားခဲ့တယ်။ ဒီတိမ်သင်္ကေတတွေကို အသုံးချနိုင်ဖို့ ခက်ခက်ခဲခဲ သူကြိုးစား ခဲ့ပေမယ့် ဘာဖြစ်လို့ အဆင့်မတက်သေးတာလဲ။
ထူးဆန်းလိုက်တာ။ သူနောက်ထပ် စောဒက တက်ချင်ပေမယ့် သူတို့ အောက်မှာ တိမ်သင်္ကေတတွေ တဖြည်းဖြည်း လျော့နည်း လာခဲ့တဲ့ အတွက် ပြောချင်စိတ်လဲ ပျောက်သွားခဲ့တယ်။ အရင်လို အားမကောင်းတော့ဘူး။ ဆက်တိုက် လှည့်ပတ် ပြီးချိန်မှာ တိမ်သင်္ကေတတွေက အရေအတွက လျော့နည်း သွားပြီး မြစ်ရေ စီးသလောက်သာ ကျန်ရစ်တော့တယ်။
“စိတ်ချပါ။ ဒီသင်္ကေတတွေက အဆင့်တက်ဖို့ လုံလောက်ပါတယ်။” ချီကူယန် ပြောတယ်။
“ဟုတ်တယ်။ မင်း သေချာပေါက် အဆင့်တက်မှာပါ။” ရန်ရွှယ် အားပေးပြန်တယ်။
“အရှက်မရှိတဲ့ ကောင်စုတ် ငါနင့်ကိုယုံတယ်။” ပင်းယန် ပြောတယ်။
“ငါ ပြန်လည် မွေးဖွားမှု အဆင့်ထိ အဆင့်တက်ပြီးပြီ။ သုခမိန် အဆင့်ကို တက်ဖို့ မဖြစ်နိုင်ဘူး။ တိမ်သင်္ကေတတွေကို ငါပေးမယ်။” ယွင်ချင်းဝူလဲ ပြောတယ်။
“မလိုဘူး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။
ယွင်ချင်းဝူက တိမ်သင်္ကေတတွေကို မစုပ်ယူ တော့ရင်တောင် သင်္ကေတတွေကတော့ သူမ ခန္ဒာကိုယ်ထဲကို ဝင်ရောက် နေမှာပဲ။ ယင်ယန် ပေါင်းစည်းမှုက ဘာမှ ကွာခြားချက် မရှိဘူး။
အားလုံးက တိတ်ဆိတ်နေပြီး သူအဆင့်မတက် နိုင်တဲ့ အတွက် ဝမ်းနည်းကြောင်း ပြနေတာကို သူခံစား မိတယ်။ ဒါပေမယ့် သူတို့ကို သူအထင် သေးခဲ့မိ သွားပုံပဲ။
“ဟဟား။ မေးထားလိုက်တော့။ သူ့မှာ အဆင့်တက်ဖို့ နည်းလမ်း သေချာပေါက် ရှိမှာပဲ။ အောင်ပွဲခံကြစို့။” ပင်းယန်က အရင်ဆုံး စပြောတယ်။
“ဟုတ်တယ်။ အောင်ပွဲ ခံသင့်တယ်။” ရန်ရွှယ် ပြောပြန်တယ်။
“ငါတို့တွေ စုပ်ယူပြီးပြီ ဆိုတော့ အပြင် ထွက်သင့်ပြီ။” ချီကူယန်လဲ ထောက်ခံတယ်။ ယွင်ချင်းဝူကတော့ တိတ်ဆိတ် နေပင်မယ့် ပျော်နေတဲ့ မျက်နှာကိုတော့ ဖုံးဖိ မထားနိုင် ခဲ့ဘူး။ သူမ အိပ်မက်တောင် မမက်ဖူးတဲ့ စိတ်တောင် မကူးခဲ့ ဖူးတဲ့ ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်ရှိ သွားခဲ့ပြီ။
“တကယ့်ကိုပဲ လူသားတွေက တကိုယ်ကောင်း ဆန်တယ်။” ဖန်ကျန်းရှီ သက်ပြင်းချရင်း တွေးလိုက်မိတယ်။ ဘယ်သူကမှ သူ့ခံစားချက်ကို ဂရုမစိုက်ပဲ ပြုံးပျော်နေကြသေးတယ်။
မဖြစ်ဘူး။ ကြိုးစားမှ ဖြစ်မယ်။ နတ်သခင် အဆင့်ကို အဆင့်ကျော် တိုးတက်ပြီး အားလုံး သူ့ရှေ့မှာ မော်ကြွားနေတာကို ရပ်တန့် ပြစ်ရမယ်။ ဖန်ကျန်းရှီ စိတ်ငြိမ်ငြိမ်ထားပြီး ရယ်သံတွေကို လျစ်လျူရင်ရင်း သူ့စိတ်အာရုံ နယ်မြေကို အာရုံပြန်စိုက်တယ်။
အခုချိန်မှာ ပင်လယ်လှိုင်းတွေထဲကို မရေမတွက်နိုင်တဲ့ တိမ်သင်္ကေတတွေက စီးဆင်း နေခဲ့ပြီ။
“ပေါင်းစည်း ပေါင်းစည်း။ ငါ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်လာစမ်း။” ဖန်ကျန်းရှီ လှိုင်းတွေကို ထိန်းချုပ်ရင်း ဖြည်းဖြည်းချင်း ပေါင်းစည်းနေတယ်။ အခုချိန်မှာ သူ့ရဲ့ ပင်လယ်ကြီးက ပိုပို ကျယ်ပြော လာခဲ့ပြန်ပြီ။
အနက်ရောင် တိမ်သင်္ကေတတွေကလဲ ကြည်လင်တဲ့ ကျောက်မျက်ရတနာတွေလို အသွင်နဲ့ ပင်လယ် ရေထဲကို စီးဝင်သွားတယ်။ ဖန်ကျန်းရှီ သူ့စွမ်းအားတွေ အကြီးကြီး အဆင့်မြင့်လာတာကို ခံစားမိတယ်။
အနည်းဆုံးတော့ ပင်လယ်ရေ ပမာဏက ၇ဆ ၈ဆမက တိုးလာနေသေးတယ်။ ဒါ့အပြင် ဆက်တိုက် တိုးမြင့်နေတာက ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တယ်။ အခုချိန် အထိတော့ အဆင့်တက် မယ့် အရိပ်အယောင်ကို သူမမြင်ရသေးဘူး။
ဘာတွေ ဖြစ်နေတာလဲ။
ပမာဏက မလုံလောက်လို့လား။
ဒါဆိုရင် နတ်သခင် အဆင့်ကို တက်နိုင်ဖို့ သူဘယ်လောက်တောင် လိုအပ်တာလဲ။
အတွေးတွေ အများကြီးက သူ့စိတ်ထဲကို ဝင်ရောက် လာပေမယ့် အခုချိန်မှာ ဘယ်တစ်ခုကိုမှ သူမဖြေနိုင် သေးဘူး။
မလုံလောက်ရင် တွန်းအား ပေးလို့ ရတယ်။ ပမာဏ များလာတာက အရည်အသွေးကို ပြောင်းလဲ စေတယ်။ လုံလောက်တဲ့ ပမာဏ ရှိလာရင် အရည်အသွေးကလဲ ပြောင်းလဲ သွားမှာပဲ။ တိမ်သင်္ကေတတွေ လျော့လာ နေပင်မယ့် သူ့မှာ အခွင့်အရေး ရှိသေးတယ်။
ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်း စွမ်းအားတွေကို ဆက်တိုက် ကူးပြောင်းပြီး ပေါင်းစပ်နေခဲ့တယ်။ အချိန် ၁၅ မိနစ်က တစ်ခဏ အတွင်းမှာ ကုန်ဆုံး သွားခဲ့ပြီ။
ဒီအချိန်မှာပဲ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှား နေခဲ့တဲ့ လှိုင်းတွေက အခုချိန်မှာ နောက်ထပ် မလှုပ်ရှားတော့တာကို သူခံစား မိလိုက်တယ်။ ကန်ရေပြင်လို တည်ငြိမ်သွားပြီး အပေါ်ယံမှာ လှိုင်းကြက်ခွပ်လေးတွေပဲ ရှိတော့တယ်။
အနက်ရောင် တိမ်သင်္ကေတတွေလဲ လုံးဝကို ပျောက်ကွယ်ပြီ။ ရေနဲ့ ရောနှောရင်း သန့်စင်သွားပြီ။ ဒီရေတွေက ကြီးမားတဲ့ ကျောက်မျက်ရတနာတွေ စီးဆင်း နေသလိုပဲ။
အရင်ဘဝမှာ ပင်လယ် အလှတွေ အများကြီးကို မြင်ဖူးခဲ့ပေမယ့် ဒီမြင်ကွင်းကတော့ အရမ်းကို စိတ်ချမ်းမြေ့ရတယ်။
“ငါ မကြာခင် အဆင့်တက်တော့မှာလား။” ဖန်ကျန်းရှီ မျက်လုံး ဖွင့်လိုက်ချိန်မှာပဲ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကို မြင်လိုက် ရပြန်တယ်။
“နင် အဆင့်တက်ပြီလား။” ပင်းယန်မေးတယ်။ အားလုံးကလဲ သူ့ကို မျှော်လင့်တကြီးနဲ့ ကြည့်နေခဲ့တယ်။
“အဆင့်တက်တာလား။” ဖန်ကျန်းရှီ အသံ ထွက်လာပေမယ့် သူသတိထားမိသွားတယ်။ နေစမ်းပါအုန်း ပင်းယန်က ဘာဖြစ်လို့ သူ့ရှေ့ ရောက်နေတာပဲ။ ချီကူယန်နဲ့ ရန်ရွှယ်ကရော သူနဲ့ ဘာဖြစ်လို့ ဒီလောက်တောင် ကပ်နေတာလဲ။
နေစမ်းပါအုန်း။
ဖန်ကျန်းရှီ သတိ ဝင်လာခဲ့တဲ့ အတွက် အောက်ကို ငုံ့ကြည့်မိတယ်။ နောက်ထပ် တိမ်သင်္ကေတွေ မရှိတော့ဘူး။ တိမ်သစ်ပင် ပျောက်သွားတာတောင် သူက အဆင့်မတက်သေးဘူးလား။
“..”
“နင် အခုချိန်ထိ အဆင့်မတက်သေးဘူးလို့ ငါ့ကို မပြောနဲ့။” ပင်းယန် မယုံမကြည် ပြောတယ်။
“မင်း အဆင့်တက် သွားတာကို သဘောမပေါက် သေးတာ ဖြစ်နိုင်မလား။” ရန်ရွှယ် ခန့်မှန်းတယ်။
“သတိ မထားမိပဲ အဆင့်တက်တယ် ဆိုတာ ဖြစ်နိုင်ချေ နည်းပင်မယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အရှက်မရှိတဲ့ ကောင်စုတ် နင့် စွမ်းအားတွေ တိုးတက် လာတာကို ခံစားမိလား။” ချီကူယန် မေးလိုက်တယ်။
“တိုးလာတယ်။”
“ဘယ်လောက်လောက်လဲ။”
“၇ဆ ၈ဆပေါ့။”
“၇ဆ ၈ဆ။” ပင်းယန် တအံ့တသြ ထအော်တော့တယ်။ သူမက ၅ဆ ၆ဆပဲ တိုးလာတာလေ။
ဒါပေမယ့် ဖန်ကျန်းရှီက သူ့ထက် အများကြီး သာနေတာလား။
သူမထက်တောင် များသေးတယ်ပေါ့။ အံ့သြစရာ ကောင်းလိုက်တာ။
“အရှက် မရှိတဲ့ ကောင်စုတ် နင် အဆင့်တက် သွားတာကို ငြင်းနေသေးတယ်။ နင် ငါ့ကို လာနောက် နေတာလား။ ငါ့ အစွမ်းဆို ၅ဆ ၆ဆပဲ တက်တာ။” ပင်းယန် ပြောတော့တယ်။
ရန်ရွှယ်ကတော့ မျက်နှာပျက် သွားခဲ့တယ်။ နတ်သခင် အဆင့်နဲ့ သုခမိန် အဆင့်မှာ ကွာခြားချက်က အတော်လေးကို ကြီးမားလွန်းတယ်။ ဖန်ကျန်းရှီလို စွမ်းအား အများကြီး တက်လာတဲ့ သူက အဆင့်မတက် သေးဘူးလို့ ဘာကြောင့်များ ပြောရတာလဲ။
“မင်း အဆင့်တက်ပြီလို့ ထင်တာပဲ။ ငါ့ စွမ်းအားလဲ ၈ဆလောက် တက်လာတယ်။” ရန်ရွှယ် အတည်ပြုတယ်။
“အင်း ဖြစ်နိုင်ပါတယ်။” ချီကူယန် ခေါင်းငြိမ့်တယ်။
“ယန်လေး မင်းရော ဘယ်လောက် တက်လာလဲ။” ဖန်ကျန်းရှီ မေးတယ်။
“ငါလား။” ချီကူယန် လေးလေးနက်နက် ကြည့်ရင်း ပြန်ဖြေတယ်။ “၁၀ဆတော့ မကဘူး။”
ပင်းယန်နဲ့ ရန်ရွှယ်ကတော့ ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေ ကြပြန်တယ်။ အားလုံးက နတ်သခင် အဆင့်ကို တက်ကြပေမယ့် စွမ်းအားတွေကတော့ လုံးဝကို ကွာခြားနေတယ်။
ပင်းယန်က အများဆုံး ၆ဆ။ ရန်ရွှယ်ကတော့ ၈ဆ။ ချီကူယန်ကတော့ ၁၀ဆကျော် စွမ်းအား တက်လာတယ်။
“အကယ်၍ ဖန်ကျန်းရှီသာ လိမ်နေတာ မဟုတ်ဘူးဆိုရင် သူအဆင့်တက်ဖို့ ဘယ်လောက်လောက် လိုမယ် ထင်လဲ။” ယွင်ချင်းဝူရဲ့ အသံ ထွက်ပေါ်လာတယ်။
ပင်းယန်နဲ့ ရန်ရွှယ် မျက်လုံး ပြူးသွားကြပြီး တစ်ယောက်ကို တစ်ယောက် အထိတ်တလန့် ကြည့်မိကြတယ်။ ယွင်ချင်းဝူ ပြောတာသာ မှန်မယ်ဆိုရင် စွမ်းအား ၇ဆ ၈ဆ တိုးနေပြီးသား ဖြစ်တဲ့ ဖန်ကျန်းရှီသာ အဆင့်တက် သွားလို့ကတော့ ဘာတွေ ဖြစ်လာနိုင်မလဲ။
သူက မိစ္ဆာကောင်။ မဟုတ်ဘူး တစ္ဆေကြီး။
“တိမ်သစ်ပင် အမြစ်ကို သွားကြည့်ရအောင်။” ချီကူယန် စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ ဖန်ကျန်းရှီ စိတ်ရှုပ် သွားတာကို သူမ သတိထားမိတယ်။
“အင်း သွားကြည့်မယ်။” စွမ်းအား အတော်ကြီး တိုးလာတဲ့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေတဲ့ ပင်းယန်ကတော့ ဖန်ကျန်းရှီကိုတောင် အကူအညီ မတောင်းတော့ဘူး။
“အမ်း။”
“ပင်းယန် ဘာဖြစ်တာလဲ။ ဘာရှာတွေ့လဲ။”
“ဟဟား။” ပင်းယန်က ပြန်လှည့်လာခဲ့တယ်။ “ဘာမှလဲ မရှိဘူး။”
ရန်ရွှယ် သူမ ခေါင်းပေါ်က ကျော်ကြည့်လိုက်တယ်။ တကယ်ပဲ ဘာမှ ရှိမနေခဲ့ဘူး။
“မအံ့သြဘူးလား။”
“ဘာမှ မရှိမှတော့ အပေါ်ကို ပြန်တက်ကြမယ်။ အပေါ်မှာ တစ်ခုခုတော့ ပြောင်းလဲ နေလောက်ပြီ။ နတ်ဘုရား အရင်းအမြစ်မှာ သစ်သီးတွေ ရှိတယ်လို့ ယွင်ချင်းဝူ ပြောခဲ့တယ် မလား။” ချီကူယန်က အားလုံး တည်ငြိမ်သွားတာကို သတိထားမိချိန်မှာ ပြောလိုက်တယ်။
“အင်း။ ဟုတ်တယ်။” ပင်းယန် ပြုံးနေခဲ့တယ်။
နတ်သခင် အဆင့်ကို ရောက်သွားတဲ့ အတွက် အပြင်က် နတ်သခင်တွေကို သူမရဲ့ အစွမ်းအကြောင်း ကောင်းကောင်း ထုတ်ပြ ချင်နေခဲ့တယ်။ ဒါ့အပြင် အပြင်က ပန်းပွင့်တွေနဲ့ သစ်သီးတွေ အကြောင်း တွေးလိုက်မိချိန်မှာ ပိုပြီးတော့တောင် စိတ်လှုပ်ရှား နေခဲ့သေးတယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင်ရော ဘယ်လိုထင်လဲ။” ချီကူယန် လှည့်မေးတယ်။
“ငြင်းစရာ မရှိဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ သူ့ပတ်ဝန်းကျင်မှာ ဘာမှ ထူးခြားတာ မရှိခဲ့တဲ့ ကိစ္စကကို ထူးဆန်းနေတယ်။
ဒီနေရာမှာ တိမ်သင်္ကေတ သစ်ပင်အပြင် တခြား အရာတွေ ရှိနေသင့်တာ မဟုတ်လား။
ယွင်ချင်းဝူ ပြောတော့ ဒါက ကန့်သတ်မြေဆို။
နတ်ဘုရား အရင်းအမြစ် အသက်ဝင်သွားခဲ့ရင် ကောင်းကင် စိတ်ဆန္ဒကို ဖီဆန်ရာ ရောက်တဲ့ အတွက် ဒဏ်ခတ်မှုတွေက ပြင်းထန်နိုင်တယ်။ အခုတော့ ဘာပြဿနာမှ မရှိတဲ့ အတိုင်းပဲ။ ဒီတော့ ပြဿနာက တိမ်သစ်ပင်လား။
အားလုံးကို ဖျက်စီး နိုင်လို့လား။ အဖြေက အံ့သြစရာ ကောင်းနေတာကို ဖန်ကျန်းရှီ တွေးမိပင်မယ့် တကယ်ပဲ သူ့ဘေးနားမှာ ဘာမှ မတွေ့ အတွက် လက်လျော့ လိုက်ရတယ်။ ဒီကနေ အရင်ထွက်ပြီး အပြင်မှာ ဖြစ်နေတာတွေကို ကြည့်ရမယ်။
မုချင်းဖန်း၊ ရန်ချန်လိ၊ ဝူယွဲ့အာ အားလုံးက အပြင်မှာ ရှိနေတယ်။ နတ်ဘုရား အရင်းအမြစ် ပေါ်လာတာက တိုက်ပွဲ တစ်ခုကို ဖြစ်စေမှာပဲ။ အဖိတ်အစင် မရှိဖို့ မျှော်လင့်ပါတယ်။
အပိုင်း (၁၀၆၉) ပြီး၏။
အပိုင်း (၁၀၇၀)
“ငရဲကို အတူတူ သွားရရင်တောင် နောင်တမရဘူး။”
…
ကျမ်းကောင်းကင်တောင်က အခုချိန်မှာ အရင်လို မကြီးမားတော့ဘူး။ ပန်းတွေက နေရာ အနှံ့မှာ ဖူးပွင့်နေပြီး သင်းရနံ့က လေထဲကို ပျံ့လွင့် နေခဲ့တယ်။ အဖြူရောင် တိမ်စိုင် တစ်ချို့ကတော့ ကောင်းကင်မှာ လွင့်မျောနေပြီး သုခဘုံ တစ်ခုလို လှပနေခဲ့တယ်။
ဒါပေမယ့် နေရာ တစ်ခုလုံး ပဋိပက္ခတွေနဲ့ ပြည့်နေခဲ့တယ်။ မိစ္ဆာ နတ်ဆိုး မုခ်ဝတွေ ပွင့်နေပြီး ဖြစ်တဲ့ အတွက် မိစ္ဆာ နတ်ဆိုးတွေက ဆက်တိုက် ဆင်းလက် လာနေခဲ့ပြီးပြီ။ မရေမတွက်နိုင်တဲ့ နတ်သားရဲကောင်တွေနဲ့ ချီယို့ စစ်သည်တော်တွေတင် မကဘူး ထူးခြားစွမ်းအား ပိုင်ရှင် နတ်ဆိုးတွေပါ ရောက်ရှိ လာတော့တယ်။
ကျမ်းကောင်းကင် တောင်မှာတော့ ကြီးမားတဲ့ စစ်တပ်ကြီးက တောင်ကို အပြင်ဘက်ကနေ ဝန်းရံထား ခဲ့တယ်။ ကြီးမြတ်သောရှ နိုင်ငံတော်၊ လရောင်ဖြာ နိုင်ငံတော်၊ သီးခြား မြင့်မြတ် နိုင်ငံတော်နဲ့ စစ်မက်လိုလား နိုင်ငံတော်က စစ်သည်တော် သိန်းချီပြီး စုဝေး နေခဲ့တဲ့ မြင်ကွင်းကြီး တကယ့်ကို မြင်ရခဲလွန်းတယ်။ ဒါ့အပြင် စစ်သည်တော် တစ်ယောက်ချင်းစီ တိုင်းကလဲ နိုင်ငံတော်ကြီး လေးခုရဲ့ ထိပ်တန်း စစ်သည်တော်တွေ ဖြစ်နေတဲ့ အပြင် တစ်ယောက်အင်အားက လူတစ်ရာနဲ့ ညီမျှတယ်။
“ပြင်းလိုက်တဲ့ အနံ့။ ငါအဆင့် တက်တော့မလို ခံစား နေရတယ်။”
“ဒီနေရာကြီးက ဘယ်လို နေရာကြီးလဲ ပန်းနံ့ကို ရှူလိုက်ရုံနဲ့တင် အဆင့်တက် သွားနိုင်တယ်လား။”
“မြန်မြန် တောင်ထဲကို သွားမယ်။”
နိုင်ငံတော်ကြီး လေးခုရဲ့ စစ်သည်တော်တွေ အားလုံး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြေးကြတော့တယ်။ တစ်ချို့ကတော့ အဆင့်တက်တော့မယ့် အလားအလာတောင် ရှိနေခဲ့ပြီ။
“ကြီးမြတ်သော ရှနိုင်ငံတော် ဧကရာဇ်။ မင်း တောင်ထဲကနေ လာတာ မလား။ အဲ့ဒီ့မှာ အခြေအနေ ဘယ်လိုလဲ။” စစ်မှတ်လိုလား နိုင်ငံတော် ဧကရာဇ် မေးလိုက်တယ်။ အနံ့က သူမတူအောင် ထူးခြားနေမှန်း သူသိပေမယ့် သူသတိကြီးကြီး ထားပြီး မေးမြန်တးယ်။
“ငါ မသေချာဘူး။ ငါဆင်းလာတုန်းက ဘာအနံ့မှ ထွက်မလာသေးဘူး။ ငါထင်တာ မှန်မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ် ပွင့်သွားတာပဲ ဖြစ်ရမယ်။” လင်းမုပိုင် ခေါင်းခါတယ်။
“ငါတဲ့လား။” ဧကရာဇ် လင်းမုပိုင် သူ့ကိုယ်သူ မြင့်မြတ်တဲ့ အသုံးအနှုန်း(ကျွနု်ပ်) ကိုမသုံးနှုန်းတာကြောင့် စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ် နည်းနည်းတော့ အံ့သြ သွားမိတယ်။
“ဧကရာဇ်က အောက်ကို ဆင်းလာတာလား။”
“ဟုတ်တယ်။”
“သိပြီ။ မြန်မြန် နတ်ဘုရား အရင်းအမြစ် ပွင့်နေတုန်း သွားမယ်။ ငါတို့ အတွက် အခွင့်အရေး ကောင်း ရှိနေနိုင်တယ်။ ဒါပေမယ့်။”
“မင်းပြောချင်တာ ငါသိတယ်။ တောင်ကို ရောက်ရင် အရပ်လေးမျက်နှာ ခွဲလိုက်။ ပြီးရင် အလယ်ကို မြင့်မြတ် နယ်မြေက လူတွေ တိုက်ခိုက်ဖို့ ချန်ထားရမယ်။”
“ဟဟား။ အမှန်ပဲ။”
“ကြီးမြတ်သောရှ ဧကရာဇ်ရဲ့ အမိန့်အတိုင်း လိုက်နာပါမယ်။”
“ငါလဲ ထပ်ပြောစရာ မရှိဘူး။”
ဧကရာဇ် လေးပါး ချက်ခြင်း သဘော တူလိုက်ကြတယ်။ မဟာ အခွင့်အရေးကြီးက တိုက်ခိုက်မှုတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ဖြစ်နေခဲ့ပြန်တယ်။ ဒါကြောင့် အထိရောက်ဆုံး နည်းလမ်းကတော့ နေရာခွဲပြီး တိုက်ခိုက်တာပဲ။
အခုချိန်မှာ တခြား ကိစ္စတွေကို စိုးရိမ်နေချိန် မရှိသေးဘူး။
သိန်းချီတဲ့ စစ်သည်တော်တွေက မြင့်မြတ် နယ်မြေရဲ့ တည်ရှိမှုတွေနဲ့ ရင်ဆိုင် ရချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ အစွမ်းသာ ရှိမှန်း သူတို့ နားလည်ကြတယ်။ တိုက်ရိုက် တိုက်ခိုက်လို့ မဖြစ်ဘူး။
ဆွေးနွေးပြီးနောက် နိုင်ငံတော် လေးခု နေရာခွဲ သွားကြတော့တယ်။
ဒါပေမယ့် အတွင်းပိုင်းမှာ စစ်ပွဲကြီး စနေတာကိုတော့ သူတို့ မသိခဲ့ကြဘူး။ တောက်ပတဲ့ အလင်းတန်းတွေက ဆက်တိုက် ထွက်ပေါ် နေခဲ့ပြီ။ တစ်ချို့ အလင်းတန်းတွေက အဆင့်တက်မှုကြောင့် ဖြစ်ပြီး တစ်ချို့ကတော့ ဓားအလင်းတန်းတွေကြောင့်ပါ။
…
မုချင်းဖန်းရဲ့ စိတ်တွေကတော့ အရမ်းကို ရှုပ်ထွေး နေခဲ့တယ်။ ပန်းပွင့် ဆယ်ပွင့်ကျော်ကို တစ်ခါတည်း စားလိုက်တဲ့ အတွက် အချိန်ရွေး နတ်သခင် အဆင့်ကို တက်တော့မလို ခံစား နေရတယ်။ ဒီကိစ္စက အောင်ပွဲခံ သင့်တဲ့ ကိစ္စပဲ။ ဒါပေမယ့် သူ့ အနားမှာ အလောင်းတစ်ချို့ လဲကျ နေတဲ့ အပြင် နတ်သားရဲကောင် နှစ်ကောင်ကလဲ သူတို့ကို ဒေါသ ထွက်နေသေးတယ်။
မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်ကတော့ တိုက်ပွဲထဲမှာ အသေက်ပျောက် သွားခဲ့ပြီ။
မိစ္ဆာ မျိုးနွယ် နတ်သားရဲကောင် နှစ်ကောင်ကတော့ အခုချိန်မှာ ကြီးမားတဲ့ စွမ်းအားကို သုံးရင်း တိုက်ခိုက် နေခဲ့ကြတဲ့ အတွက် အားနည်းတဲ့ လူသားတွေ ကြားထဲမှာ သေဆုံး ကုန်ကြတယ်။
မုချင်းဖန်းက သူတို့ကို ကယ်တင် ချင်ခဲ့ပေမယ့် သူမလုပ်နိုင်ခဲ့ဘူး။ နတ်သခင် အဆင့်ကို မရောက်ခင် သူဝင်ပါမိရင် သူကိုယ်တိုင်လဲ သေဆုံးနိုင်မှန်း နားလညခဲ့တယ်။ ဒါ့အပြင် ဒီနေရာမှာ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက အပြည့်ပဲ။
အားလုံးက တန်ဖိုးကြီးတဲ့ မြေအတွက် လာပြီး တိုက်ခိုက် နေခဲ့ကြပြီ။
မုချင်းဖန်းနဲ့ တခြားသူတွေ ပန်းပွင့်တွေကို ဝါးစား နေတာ မြင်ချိန်မှာ နတ်သခင်တွေလဲ စတင်ပြီးတော့ ပန်းပွင့်တွေကို ဝါးစားကုန်ကြတယ်။
“ဝေါင်း။” တောင်အရွယ် နတ်သားရဲကောင် တစ်ကောင် ဟိန်းဟောက်တယ်။
ကြောက်စရာ ကောင်းတဲ့ ဂျိုတစ်ချောင်း မိစ္ဆာကြီးက ဖြူဖွေးနေတဲ့ အမွှေး အပြည့်နဲ့ မျောက်ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခြေလက်တွေကတော့ ရဲရဲနီ နေခဲ့တယ်။ မြေပြင်ကို လက်သီးနဲ့ တဒုန်းဒုန်း မရပ်မနား ထုနေရင်း ဒေါသတွေကို ထုတ်ဖော်နေတယ်။
ကျူးယန်။ ဒီနတ်သားရဲကောင်က အရမ်းကို ကြမ်းတမ်းလွန်းတယ်။ အခုချိန်မှာ ကျူးယန်က မုချင်းဖန်းနဲ့ ရန်ချန်လိကို လှမ်းကြည့်တယ်။
ဉာဏ်ရည် မြင့်မားပြီး ထက်မြက်လွန်းလှတဲ့ နတ်သားရဲကောင် ဖြစ်တဲ့ အတွက် မုချင်းဖန်းနဲ့ အပေါင်းအပါတွေ ဘယ်လောက်တောင် အားနည်းမှန်း သူခံစားမိတယ်။
“ကြည့်ရတာ ဒါက ကျူးယန်ပဲ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး စိတ်ထဲမှာတော့ အပြစ်မကင်း ဖြစ်နေခဲ့တယ်။ သူက ပန်းပွင့်တွေ အများကြီး စားပြီးတာတောင် နတ်သခင် အဆင့်ကို မရောက်နိုင်သေးဘူး။
“သားရဲကောင်က ငါတို့ဆီ လာနေပြီ။” ရန်ချန်လိ မျက်မှောင်ကြုတ် သွားခဲ့တယ်။
ကျူးယန်က တစ်ချက်သာ ကြည့်ခဲ့ပေမယ့် သူ့မျက်ဝန်းတွေထဲက သွေးဆာတဲ့ အငွေ့အသက်ကို ရန်ချန်လိ ချက်ခြင်း ခံစားမိတယ်။ တိုက်ပွဲ အတွေ့အကြုံတွေကြောင့် သူ့ရဲ့ ပင်ကိုယ်သိစိတ်ကလဲ ချက်ခြင်း အသက်ဝင်လာတယ်။ ရန်ချန်လိ ပြောပြီး ချိန်မှာပဲ ကျုးယန်က စတင် လှုပ်ရျားတော့တယ်။
ခြေထောက်နှစ်ချောင်းကို သုံးရင်း ခပ်မြန်မြန်ပဲ မုချင်းဖန်းတို့ ရှေ့ကို ရောက်လာခဲ့ပြီ။
“ယွဲ့အာ မြန်မြန်ေ ပး။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးရဲ့ စိတ်ထဲကို ပထမဆုံး ရောက်လာသူကတော့ ဝူယွဲ့အာပဲ။ ဝူယွဲ့အာကို ဘေးတွန်းထုတ်ပြီး ကျာပွတ်ကို သုံးရင်း ကျူးယန်ဆီ ပြေးဝင် သွားတော့တယ်။ ငွေရောင် ချည်ကြိုးတွေက ကျူးယန်ကို ကြီးမားတဲ့ ငွေပိုက်ကွန်ကြီး တစ်ခုလို ဖုံးအုပ်တယ်။
“ဆရာ။” ဝူယွဲ့အာ စိုးရိမ်တကြီးနဲ့ အော်တယ်။
“ဟီးဟီး။” ကျူးယန်ကတော့ လက်ကိုနည်းနည်း လှုပ်ရှား လိုက်ရုံနဲ့တင် ငွေရောင် ပိုက်ကွန်ကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်ဆီး ပြစ်နိုင်လိုက်တယ်။
သူ့ရဲ့ အင်အားကို တစ်ချက် စမ်းသပ်ပြီးနောက် လက်သီးနဲ့ ထိုးချလိုက်တယ်။
“ဘန်း။” ကျယ်လောင်တဲ့ အသံနဲ့ အတူ အရိုးတွေ အက်ကွဲကုန်သံကိုပါ ကြားရတယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ လွင့်ထွက် သွားခဲ့ရပြီ။
“ကောင်းကင် အိုအေစစ်။” ရန်ချန်လိ ဖမ်းပေးဖို့ လုပ်ချိန်မှာပဲ ကျူးယန်က နောက်တစ်ခေါက် ထပ်လှုပ်ရှားတယ်။ ခြေထောက်ကို ကွေးလိုက်ပြီး ဆယ်မီတာ အမြင့်ကို ခုန်တက်သွားတယ်။
ရန်ချန်လိကတော့ အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။ နတ်သားရဲကောင်တွေ ဘယ်လောက် အန္တရာယ်ကြီးမှန်း သူသိတယ်။ အစောပိုင်းတုန်းက နတ်သားရဲကောင် တစ်ကောင်ကို တားဆီး ထားဖို့တောင် သူ့အတွက် မလွယ်ခဲ့ဘူး။ အခုတော့ ရုတ်တရက် တိုက်ခိုက် ခံရတဲ့ သူ့ကိုယ်သူ အရမ်း အားနည်းသလို ခံစားမိတယ်။
အစောပိုင်းတုန်းက သုခမိန် ဆယ်ယောက်ကျော် တိုက်ခိုက် ခဲ့ပေမယ့် အခုချိန်မှာတော့ နည်းနည်းသာ ကြာတော့တယ်။ ဒါ့အပြင် ကျူးယန်က အရင်ဆုံး တိုက်ခိုက်ခဲ့သ။
“ခွေးမသား။” ကျူးယန်ရဲ့ လက်သီး ရန်ချန်လိ မျက်နှာကို ထိတော့မယ့် အချိန်မှာပဲ မုချင်းဖန်းရဲ့ အသံကို ကြားလိုက် ရတော့တယ်။ အဲ့ဒီ့နောက် လက်ချောင်းဓားက ကျဆင်းလာတယ်။
“ဘမ်း။” မုချင်းဖန်းရဲ့ ဓားကြောင့် ကျူးယန် နောက်ကို ဆုတ်သွားခဲ့ရပါတယ်။ သူ့မျက်ဝန်းထဲမှာတော့ ထိတ်လန်ကမှု တစ်ချို့ ပေါ်လာတယ်။ ဒီလူတွေ အားလုံးက နတ်သခင် အဆင့်ကို မရောက်သေးတဲ့ သာမာန်လူတွေမှန်း သူခံစားမိတယ်။
ဒါပေမယ့် မုချင်းဖန်းရဲ့ လက်ချောင်းဓား စွမ်းအားက သူ့ကို နောက်ဆုတ်အောင် လုပ်နိုင်မယ်လို့ ထင်မှတ် မထားခဲ့ မိဘူး။
“ဝေါင်း။” ကျူးယန် အော်ဟစ်လိုက်တယ်။
ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ အဝေးကို ပြေးထွက် သွားခဲ့ပြီ။
“မင်းသားရန်။ ကောင်းကင် အိုအေစစ်နဲ့ ခေါင်းဆောင်ဝူကို ကာကွယ်။” မုချင်းဖန်း အော်လိုက်ပြီး နောက်တစ်ခေါက် တိုက်ခိုက်တော့မယ့် အချိန်မှာ နာကျင်မှု တစ်ချို့ တစ်ချို့ သူ့လက်ချောင်းကို ဖြတ်သန်း စီးဆင်း သွားတော့တယ်။
သတ္တုပြား တစ်ခုနဲ့ ထိမိပြီး ထုံထိုင်း နာကျင် သွားသလိုပဲ။ နတ်သခင် အဆင့်နဲ့ သုခမိန် အဆင့်က တကယ့်ကို ကွာခြားလွန်းတယ်။
မုချင်းဖန်းက နတ်သခင် အဆင့်ကို ရောက်ဖို့ နီးကပ် နေပင်မယ့် ရှေးဟောင်း နတ်သားရဲကောင် တစ်ကောင်နဲ့ တိုက်ခိုက်ရတာ ပင်ပန်းလွန်းလှတယ်။
“ဆရာ အဆင်ပြေရဲ့လား။” ဝူယွဲ့အာ မေးတယ်။
“အဟွတ် ဟွတ်။ အဖိုးကြီးရန် မင်းငါ့ကို ဂရုစိုက် မနေနဲ့ ပြေးတော့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး သွေးတွေကို အန်ထုတ်ရင်း ဖြူဖျော့ သွားတော့တယ်။
ရိုးရှင်းတဲ့ လက်သီးချက်က သူ့ရင်ဒူးရိုးတွေကို ကွဲအက်စေပြီး နောက်ထပ် မတိုက်ခိုက် နိုင်တော့တဲ့ အထိ အားနည်း သွားစေခဲ့ပါတယ်။ ကျူးယန်က တကယ့်ကို အင်အားကြီးလွန်းတဲ့ နတ်သားရဲကောင် တစ်ကောင်ပဲ။
“ဟီးဟီး။ မင်းတို့လို အားနည်းတဲ့ လူသားတွေက နတ်ဘုရား အရင်းအမြစ်ကို မျက်စိ ကျဝံ့တယ်ပေါ့။” ကျူးယန် စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။
မုချင်းဖန်းကတော့ ရန်ချန်လိ ရှေ့မှာ ရပ်နေရင်း နောက်ဆုတ် သွားခဲ့တယ်။ ကျုးယန်က ဒါကို မြင်ချိန်မှာ အေးစက်စက် ပြုံးလိုက်ပြီး မြေပြင်ကို ဆက်တိုက် ရိုက်ချ နေပြန်တယ်။
ဒီအချိန်မှာပဲ ပန်းပွင့်တွေ သစ်သီးတွေကို လုနေကြတဲ့ နောက်ထပ် နတ်သားရဲကောင် သုံးကောင်က မုချင်းဖန်းတို့ အုပ်စုကို သတိ ထားမိသွားတယ်။ သူတို့တွေ ချက်ခြင်း ပြေးလာပြီး ဝန်းရံ လိုက်ကြပြီ။
“မဖြစ်ဘူး။ ငါတို့တွေ ထွက်သွားနိုင် တော့မှာ မဟုတ်ဘူး။” ရန်ချန်လိ ပြောမိတော့တယ်။
ကျူးယန် တစ်ယောက်တည်းကိုတောင် ရင်ဆိုင်ဖို့ ခက်ခဲ လွန်းနေခဲ့တာ အခုလို နတ်သားရဲကောင် လေးကောင်ကိုတော့ အနိုင်ရဖို့ မဖြစ်နိုင်သလောက် ခက်ခဲ နေခဲ့ပြီ။
အစောပိုင်း တိုက်ပွဲမှာ နတ်သားရဲကောင်တွေကို အရေအတွက် အသာစီးနဲ့ တိုက်ခိုက် နေခဲ့ပေမယ့် အခုချိန်မှာ နတ်သားရဲကောင်တွေက အသာစီး ပြန်ရသွား ခဲ့ပြီ။
ကျူးယန် ဦးဆောင်နေတဲ့ အဖွဲ့က လေးဘက်လေးတန်ကနေ ဝန်းရံ ထားပြီး အေးစက်စက် ကြည့်နေခဲ့တယ်။
“ခန်းမ ခေါင်းဆောင်မု။ အရင်ဆုံး ထွက်သွားပါ။ လူသား မျိုးနွယ်ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပေးပါ။” ရန်ချန်လိ ပြောလိုက်တယ်။
ဒီအချိန်မှာ နတ်သားရဲကောင်တွေနဲ့ တိုက်ခိုက်နေလို့ မထူးဘူး။ မုချင်းဖန်း တစ်ယောက် တည်းသာ လွတ်မြောက်ဖို့ အစွမ်းအစ ရှိတယ်။
မုချင်းဖန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ လက်ရှိ အခြေနေမှာ နတ်သားရဲကောင် လေးကောင်ကို သူမယှဉ်နိုင်တဲ့ အတွက် တစ်ယောက်တည်း ထွက်ပြေးရုံသာ ရှိမယ်မှန်း သူသိတယ်။ ဒါပေမယ့် ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို သူနောက်မှာ ချန်ရစ် မထားခဲ့နိုင်ဘူး။
“မင်းသားရန် ကောင်းကင်အိုအေစစ်နဲ့ ခေါင်းဆောင်ဝူကို ခေါ်ပြီး ထွက်သွား။ ငါမင်းတို့ အတွက် အချိန်ရအောင် လုပ်ပေးထားမယ်။” မုချင်းဖန်းရဲ့ အသိစိတ်ကြောင့် သူထွက်ပြေး သင့်မှန်း သိနေပင်မယ့် ရန်ချန်လိတို့ကို ထွက်သွားဖို့သာ သူပြောတယ်။
သူ့မှာ အကြောင်းအရင်း တစ်ခုပဲ ရှိတယ်။ အပြစ်မကင်းစိတ်နဲ့ အသက်မရှင်နိုင်ဘူး။
တခြားသူတွေနဲ့ ယှဉ်ရင် ရန်ချန်လိတို့က သူ့ကို အများကြီး ယုံကြည်ပြီး ရှာတွေ့သမျှ ပန်းပွင့်တွေ အကုန် သူ့ကို ချက်ခြင်း ပေးခဲ့ကြတယ်။ အခုချိန်မှာ သူဘယ်လိုများ တကိုယ်ကောင်း ဆန်နိုင်မှာလဲ။ ဒါကြောင့် လောင်းကြေး ထပ်ရုံသာ သူတတ်နိုင်တော့တယ်။ သူသာ တိုက်ပွဲထဲမှာ အဆင့်တက်ပြီး နတ်သခင် အဆင့်ကို ရောက်နိုင်ရင် အားလုံးကို ကယ်တင် နိုင်လိမ့်မယ်။
“ပြေးမယ်တဲ့လား။ ဟဟား။ မင်းတို့ ဘယ်သူမှ မလွတ်စေရဘူး။” ကျူးယန်က မုချင်းဖန်းကို ချက်ခြင်း တိုက်ခိုက်တော့တယ်။ တခြား နတ်သားရဲကောင်တွေလဲ လှုပ်ရှားကြပြီ။ အားလုံးက မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူတို့ရှေ့ကို ရောက်လာတော့တယ်။
“ယွဲ့အာ သွားတော့။”
ကောင်းကင် အိုအေစစ် သုခမိန်ကြီးက တွန်းထုတ်ပေမယ့် နတ်သားရဲကောင်က ဝူယွဲ့အာကို မျိုချဖို့ လိုတော့တယ်။
“ဖန်ကျန်းရှီ ယွဲ့အာ နင့်နောက်ကို လိုက်လာပြီ။” ဝူယွဲ့အာ အံကြိတ်ရင်း သူမရဲ့ ခါးစည်းကို သုံးရောင်ခြယ် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ လိုက်တယ်။
အလင်းတန်းက နတ်သားရဲကောင်ရဲ့ ပါးစပ်ထဲကို ဝင်ရောက်တယ်။ အနီ၊ အပြာနဲ့ ရွှေရောင် ဓားသုံးလက်က နတ်သားရဲကောင်ကို နောက်ဆုတ် သွားစေပြီး အော်ဟစ်စေတယ်။ အဲ့ဒီ့နောက် ဝူယွဲ့အာ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။
သူမ ခါးစည်းရဲ့ အစွမ်းကို အပြည့်အ၀ သုံးနိုင်ဖို့ စွမ်းအား အရင်းအမြစ်ကို တခါတည်းနဲ့ အကုန် အသုံးပြုရတယ်။ ဒီတစ်ခေါက်မှာ နတ်သားရဲကောင်ကို မသတ်နိုင်ရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ နတ်သားရဲကောင်က နောက်တစ်လှမ်း ဆုတ်သွားခဲ့ပြီး မျက်ဝန်းထဲမှာ အေးစက်စက် အလင်းရောင်တွေ ဖြတ်ပြေး သွားခဲ့တယ်။
သူ့လို နတ်သားရဲကောင်ကို အားနည်းတဲ့ လူသား တစ်ယောက်က တိုက်ခိုက်လိုက်တာ တကယ့်ကို အရှက်ရစရာ ကောင်းလွန်းလှတယ်။
နတ်သားရဲကောင်က ဝူယွဲ့အာရဲ့ ခေါင်းကို လက်သည်းကြီးနဲ့ ကုပ်ဆွဲတယ်။
“ယွဲ့အာ။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး လှမ်းအော် လိုက်ချိန်မှာ ရန်ချန်လိက ချက်ခြင်း ပြေးပြီး ကယ်တင်ဖို့ လုပ်ပင်မယ့် နတ်သားရဲကောင် တစ်ကောင်ရဲ့ ကန်ချက်ကြောင့် လွင့်ထွက် သွားခဲ့ရတယ်။
ဝူယွဲ့အာကတော့ မျက်လုံးတွေကို မှိတ်ထားရင်း လေတိုးသံတွေကိုသာ ခံစားနေတယ်။ အခုချိန်မှာ သူမရှောင်နိုင်မှာ မဟုတ်သလို ဘယ်သူမှလဲ သူမကို လာကယ်မှာ မဟုတ်မှန်း သူမနားလည်နေတယ်။
တကယ်ပဲ သေရတော့မှာလား။
မုန့်ဟော်တံတားကို သွားတဲ့ လမ်းမှာ ပြန်ဆုံတွေ့နိုင်မှာလား။ သူ သူမကို လက်ထပ်ဖို့ပဲ သူမ မျှော်လင့်မိတယ်။ အကယ်၍ ငရဲကို သူနဲ့ အတူတူ သွားရရင်တောင် နောင်တ မရှိဘူး။
ဝုန်း။ ကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။
“ဒါက သေခြင်း တရားပေါ့။ နည်းနည်းမှ မနာပါလား။” ဝူယွဲ့အာ သူ့မျက်နှာပေါ်မှာ မျက်ရည် စီးကျ နေတာကို ခံစားမိတယ်။ သူမ တကယ်သေသွားပြီ ဆိုရင် ဘာဖြစ်လို့ မျက်ရည်ကို ခံစားမိတာလဲ။
လေအေးအေးတွေက မျက်နှာပေါ်ကို ဖြတ်သန်း တိုက်ခတ်နေတယ်။
ဝူယွဲ့အာ မျက်လုံးတွေကို ပြန်ဖွင့်ကြည့်မိတယ်။ သေပြီးတဲ့နောက် လောကကြီးက ဘယ်လို ဖြစ်နေမလဲ။
အဲ့ဒီ့နောက် သူမ ရင်းနှီးနေတဲ့ လူတစ်ယောက်က ရှေ့မှာ ရပ်ရင်း တောက်တောက်ပပကြီး ပြုံးပြ နေတာကို မြင်လိုက်ရတော့တယ်။
အပိုင်း (၁၀၇၀) ပြီး၏။