← Chapters

အပိုင်း (၁၀၇၁-၁၀၈၀)

Vol. 11 Ch. 1071-1080

အပိုင်း (၁၀၇၁-၁၀၈၀)

Vol. 11 Ch. 1071-1080

အပိုင်း (၁၀၇၁)

“သတ်၊ သတ်၊ သတ်။ ရက်စက်မှု။”

…

ဒီမျက်နှာက သူအရမ်းကို ရင်းနှီးလွန်းနေတဲ့ မျက်နှာပဲ။ အရမ်းကို တောက်ပနေတဲ့ အပြုံးက စိတ်ပျက် အားလျော့မှုကို ပျောက်ကွယ် သွားစေ နိုင်တဲ့ အထိကို ကြည့်ကောင်းလွန်းလှတယ်။

ဒါပေမယ့် အခုချိန်မှာတော့ သူ့ရှေ့က လူကို ဝူယွဲ့အာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူမရဲ့ မျက်ရည်တွေကို ဒီလူက နူးနူးညံ့ညံ့လေး လာသုတ်ပေးနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ကို သေခြင်းတရားကြောင့် ပြန်တွေ့ ရပြီပဲ။

သူ့ရှေ့လူကို ကြည့်ရင်း ဝူယွဲ့အာ မျက်တောင်တောင် မခတ်ဝံ့ခဲ့ဘူး။ မျက်တောင် ခတ်လိုက်ရင် ဒီလူ ပျောက်ကွယ်သွားမှာကို သူမကြောက်လန့်တယ်။

အခုချိန်မှာ အချိန်တွေတောင် သူမ အတွက် ရပ်တန့် နေခဲ့တယ်။

အဲ့ဒီ့နောက် အသံ တစ်သံက ဝူယွဲ့အာ နားထဲကို ဝင်ရောက်လာတယ်။

“ယို့။ အရိပ်မျိုးနွယ် ခေါင်းဆောင်ကြီးက ဘာဖြစ်လို့ ကလေးလေးလို ငိုနေတာလဲ။ မင်း အနိုင်ကျင့် ခံရရင် အကျယ်ကြီး အော်ထုတ် ပြစ်သင့်တယ်။ ဒါပေမယ့် လူကတော့ မင်းအော်လဲ လာကယ်မှာ မဟုတ်ဘူး။ မင်းက မျက်နှာလှလှလေးနဲ့ ချောမော နေတာက လွဲပြီး ကောက်ကျစ်တဲ့ အရောင်းအဝယ် သမားပဲလေ။”

“..”

“မင်း ဘာတွေ ကြည့်နေတာလဲ။ ငါ့လို ခံ့ညား ချောမောတဲ့ သူကို မမြင်ဖူးဘူးလား။”

“..“

“ရန်ရွှယ်ရေ ကြည့်ပါအုန်း ဝူယွဲ့အာက အရိုက်ခံရပြီး ငတုံး ဖြစ်သွားတဲ့ ပုံစံပဲ။” ဖန်ကျန်းရှီ လှမ်းအော်တယ်။

အနီးနားမှာတော့ ရန်ရွှယ်က ရန်ချန်လိကို တိုက်ခိုက်ခဲ့တဲ့ နတ်သားရဲကောင်ကို ကန်ထုတ်ပြီး ဆက်တိုက်ဆိုသလို လက်သီးနဲ့ ထိုးချ နေခဲ့တယ်။

ဝုန်း။ ဝုန်း။ ဒီလက်သီးချက်တွေက မိုးခြိမ်းသံလို ထွက်ပေါ် လာပြီးနောက် မုချင်ဖန်းနဲ့ သူ့ကို သတ်ဖို့ လုပ်နေတဲ့ ကျူးယန်တောင် မျက်လုံး ပြူးသွား ခဲ့ကြတယ်။

လူသား လူငယ်လေး တစ်ယောက်က နတ်သခင် အဆင့် နတ်သားရဲကောင်ကို လက်သီးနဲ့ ထိုးနေတယ်တဲ့လား။

ကျူးယန်က ရှေးဟောင်း စစ်မြေပြင်မှာ အကြိမ်ကြိမ် တိုက်ခိုက် ခဲ့ပြီး ခက်ခဲတဲ့ အခြေအနေတွေကို အများကြီး ကြုံတွေ့ ခဲ့ရတယ်။ ဒါပေမယ့် အခုလို အခြေအနေမျိုးကိုတွေ့ ရတာတော့ ပထမဆုံး အကြိမ်ပဲ။ ကျူးယန် လန့်နေချိန်မှာပဲ နောက်ထပ် ပေါက်ကွဲသံ တစ်ခုကို နောက်တစ်နေရာကနေ ကြားလိုက် ရပြန်တယ်။

ကျူးယန် မျက်လုံး ပြူးသွား ခဲ့ရတယ်။ အဲ့ဒီ့ နေရာမှာ မြေပြင်က နှစ်ခြမ်း ကွဲနေတဲ့ အပြင် နတ်သားရဲကောင် ခန္ဒာကိုယ်ကလဲ တစ်ဖက် တစ်ခြမ်းဆီ ပြုတ်ကျ နေခဲ့တယ်။

ဒီလူသားက နတ်သားရဲကောင်ကို ၂ခြမ်း ခွဲလိုက်တယ်လား။

“အဲ့ဒီ့ မိန်းမက လူသား ဟုတ်သေးရဲ့လား။” ကျူးယန် ပါးစပ် အဟောင်းသားနဲ့ ပြောမိတယ်။ သွေးတစက်စက် ကျနေတဲ့ အပြာရောင် ဓားရှည်ကို ကိုင်ထားတဲ့ အမျိုးသမီးကတော့ နှင်းဖြူရောင် သံချပ်ကာနဲ့ လိုက်ဖက်ညီစွာ အေးစက် မောက်မာနေခဲ့တယ်။

သူမရဲ့ အရှိန်အဝါ အငွေ့အသက်တွေ အားလုံးက ကျုးယန်ကို သတိပေးနေတယ်။ နတ်သားရဲကောင်ကို လက်သီးနဲ့ ထိုးနေတဲ့ လူငယ်ထက် သူက ပိုပြီးတော့ ကြောက်စရာ ကောင်းတယ်။

သူက ဘယ်သူလဲ။ ဒီလူတွေ ဘယ်ကနေ ထွက်လာတာလဲ။ ကျူးယန် ဆင်းသက်လာတာ မကြာသေးတဲ့ အတွက် ဖန်ကျန်းရှီနဲ့ ချီကူယန်တို့ အုပ်စုကို သူမမှတ်မိတာ မဆန်းခဲ့ဘူး။

ဒါပေမယ့် သူသိတာ တစ်ခုတော့ ရှိတယ်။ နတ်သားရဲကောင် နှစ်ကောင် သေသွားခဲ့ပြီ။ ဒီအချိန်မှာပဲ ရန်ရွှယ်က ဖန်ကျန်းရှီဆီကို လှည့်လာခဲ့တယ်။

“ခေါင်းဆောင်ဝူက အမြဲတမ်း တည်ငြိမ်တဲ့သူ။ သူမျက်လုံး ပြူးနေတာ အရိုက်ခံ လိုက်ရလို့ မဟုတ်နိုင်ဘူး။”

“အင်း ငါလဲ ဒီလို ထင်တယ်။” ချီကူယန်က ခေါင်းငြိမ့်ရင်း ပြုံးပြတယ်။

“ဒီလိုလား။ သူတကယ် ငတုံး ဖြစ်သွားတာ ဟုတ်မဟုတ် နည်းနည်းပါးပါး ထိကြည့် ရအောင်။” ဖန်ကျန်းရှီ ပြောရင်း ဝူယွဲ့အာရဲ့ ရင်ဘတ်ဆီ လက်ဆန့်ထုတ် လိုက်တော့တယ်။

“…”

ဖြန်း။ ဖန်ကျန်းရှီရဲ့ လက် ရိုက်ချခံလိုက်ရပါတယ်။

အဲ့ဒီ့နောက် ခန္ဒာကိုယ် တစ်ခုက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ထဲကို တိုးဝင် လာခဲ့တယ်။ သူမရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေက ဆက်တိုက် စီးကျနေဆဲ။ ဒါပေမယ့် ဖန်ကျန်းရှီကို ခေါင်းမာမာနဲ့ ကိုက်ထားခဲ့တယ်။

“နင် မသေဘူးပေါ့ အရှက်မရှိတဲ့ ကောင်စုတ်။ နင် တကယ်ပဲ မသေဘူးပေါ့။ ငါတုံးအ သွားတယ်လို့ နင် ဘယ်လိုတောင် ပြောထွက် ဝံ့တာလဲ။ ငါ နင့်ကို မသေမချင်း ကိုက်သတ် ပြစ်မယ်။”

“အိုက်ယား။ မင်းကတော့လေ ပင်းယန်ဆီက အကျင့်ဆိုးတွေ ဘာလို့ ကူးလာတာလဲ။” ဖန်ကျန်းရှီက ရှောင်ချင်ပေမယ့် ဝူယွဲ့အာက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့တယ်။ အဲ့ဒီ့နောက် ပုခုံး တစ်ခုလုံးလဲ နာကျင် နေရတယ်။ ဝူယွဲ့အာက ကောင်းကောင်း ကိုက်တတ်တာပဲ။

“ဘာ ငါ့အကျင့်ဆိုးတွေလို့ လာပြောနေတာလဲ။ နင်တို့တွေက ရိုက်စရာ ရှာထားပြီး ငါ့ကျ မပေးကြဘူး။ အမ်။ ဒီမှာ အကြီးကြီး တစ်ကောင် ရှိနေတာပဲ။ ရိုက်ပြစ်မယ်။” ပင်းယန်ရဲ့ မကျေမနပ် အသံကို အားလုံး ကြားနေကြတယ်။

ဖန်ကျန်းရှီကတော့ နတ်သားရဲကောင် တစ်ကောင်ကို မြေပြင်မှာ ဖိထားပြီး ချီကူယန်ကတော့ နှစ်ပိုင်းပြတ်အောင် ခွဲလိုက်တယ်။ ရန်ရွှယ်ကတော့ ရန်ချန်လိကို နတ်သားရဲကောင် လက်ထဲက ကယ်ပြီး နတ်သားရဲကောင်ကို ဦးနှောက်ပေါက် ထွက်တဲ့ အထိ ထိုးကြိတ် ပြစ်ခဲ့တယ်။

ဒါပေမယ့် သူမကတော့ နတ်သခင် အဆင့် ရောက်နေတာတောင် အားယားနေခဲ့တယ်။ နန်ကုန်းမုနဲ့ ယွင်ချင်းဝူကိုသာ ကာကွယ် ပေးနေရတဲ့ ကိစ္စကို သူမ ဘယ်လိုများ လက်ခံ နိုင်မှာလဲ။

“ကျား။” ပင်းယန် ပျော်ပျော်ကြီး အော်လိုက်ရင်း ကျူးယန်ဆီကို ပြေးသွားပြီး သူ့မျက်နှာကို ကန်ပြစ်လိုက်တယ်။

မုချင်းဖန်းကတော့ မျက်လုံး အပြူးသား ဖြစ်နေဆဲပဲ။ သူ့မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက သူစိတ်ကူးနိုင်တဲ့ ကိစ္စထက်ကို အများကြီး ကျော်လွန် နေခဲ့တယ်။

ဖန်ကျန်းရှီ၊ ချီကူယန်နဲ့ ရန်ရွှယ်တို့ နတ်သားရဲကောင်ကို သတ်နိုင်တာက မထူးဆန်းဘူး။ သူတို့တွေ အားလုံးက အလစ် ဝင်တိုက်ခဲ့ကြတယ်။

ပင်းယန်ကတော့ သုခမိန် အဆင့် ရောက်ခါစ ကောင်မလေး ဖြစ်နေတဲ့ အပြင် သူ့လောက်တောင် အစွမ်း မရှိသေးဘူး။ ဒါတောင်မှ ကျူးယန်လို ရှေးသားရဲကောင်ကို သွားပြီး ရန်စရဲတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။

“ပင်းယန် မသွားနဲ့။”

“အရှင် မင်းသမီး။”

မုချင်းဖန်းတင် မကပဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေခဲ့တဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ရန်ချန်လိပါ သူမကို ချက်ခြင်း တားကြတယ်။ ဒါပေမယ့် ပင်းယန်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဘူး။ ကျူးယန်ကိုသာ တိုက်ခိုက်ဖို့ စိတ်စော နေခဲ့တယ်။

အဲ့ဒီ့နောက် ကြောက်စရာ ကိစ္စကြီး တစ်ခု ဖြစ်လာပါတော့တယ်။

မီးလျှံတွေက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး မီးပင်လယ်ကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ ဒီကန်ချက်က အင်အားပြင်းလွန်းလို့ မီးပင်လယ် လေလှိုင်းတွေကို ထုတ်လွှတ်တယ်။

ဘန်း။

သူမက ကျူးယန်ရဲ့ မျက်နှာကို မထိမိဘူး။ ကျူးယန်က ရှေးဟောင်း နတ်သားရဲကောင် ဖြစ်နေတဲ့ အတွက် အန္တရာယ်ကို ခံစားမိတာနဲ့ တစ်ပြိုင်နက်တည်း ကန်ချက်ကို လက်နှစ်ဖက်နဲ့ ကာဆီးခဲ့တယ်။

ပင်းယန်ရဲ့ တိုက်ခိုက်မှုကို အားကောင်းတဲ့ ခန္ဒာကိုယ်နဲ့ ခုခံ နေချိန်မှာပဲ မီးလျှံတွေက သူ့ခန္ဒာကိုယ်ကို လောင်ကျွမ်း ပြစ်တယ်။

ကျူးယန်ကတော့ ကျယ်လောင်တဲ့ သားရဲကောင် အော်သံနဲ့ ဟိန်းဟောက်ရင်း သူ့ဂျိုကနေ ရေအရောင် အလင်းတန်း တစ်ခု ထွက်လာတော့တယ်။

ဝုန်း။ ကျူးယန်ရဲ့ ခန္ဒာကိုယ်က အားကောင်းတဲ့ စွမ်းအားတွေ ထွက်ပေါ် လာချိန်မှာပဲ ပင်းယန်ရဲ့ မီးတွေက ငြိမ်းသက် သွားခဲ့ရပါတယ်။ ပင်းယန်လဲ နောက်ကို ခြေငါးလှမ်း ဆုတ်သွားခဲ့တယ်။

ပင်းယန်က စတင် တိုက်ခိုက်ခဲ့ ပေမယ့် သူမ နောက်ကို အရင်ဆုတ်ခဲ့ရတယ်။

မုချင်းဖန်း၊ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ မျက်လုံးသာ ပြူးနေခဲ့တယ်။

အားနည်းတဲ့ ပင်းယန်မင်းသမီးက ကျူးယန်လို နတ်သားရဲကောင်နဲ့ တစ်ယောက်ချင်း တိုက်ခိုက်နေတာတောင် ဘာဒဏ်ရာမှ မရဘူး။ ဒါ့အပြင် အနိုင်ရလု နီးပါး ဖြစ်ခဲ့တယ်။

တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

သူတို့တွေ နားမလည် နိုင်ပေမယ့် ကျူးယန်ကတော့ တကယ် ဒေါသ ထွက်နေခဲ့ပြီ။ သူ့ရဲ့ သားရဲကောင် သဘာဝက ပင်းယန်ရဲ့ ကန်ချက်ကြောင့် ချက်ခြင်း ထွက်ပေါ် လာတော့တယ်။

“ဂါး။” ကျူးယန် ဒေါသတကြီး အော်ဟစ်ရင်း ပင်းယန်ကို သူ့လက်ကြီးနှစ်ဖက်နဲ့ ရိုက်ချဖို့ လုပ်တယ်။

“မင်းသမီး ပြေးတော့။” ရန်ချန်လိ စိုးရိမ်တကြီးနဲ့ လှမ်းအော်တယ်။

ဒါပေမယ့် ကျူးယန်ရဲ့ လက်သီးက ပင်းယန်ကို မထိခင် အချိန်မှာပဲ လူတစ်ယောက်က သူ့ခေါင်းပေါ်မှာ ရုတ်တရက် ပေါ်လာခဲ့တယ်။

မြေလျှိုးမိုးပျံသလို အရှိန်နှုန်းမျိုးနဲ့ အပြာရောင် ဝတ်ရုံရှင်က ရောက်ရှိလာပြီး ကျူးယန်ရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးချ ပြစ်လိုက်တယ်။

ဝုန်း။

ကျူးယန် ပြန်တောင် တုံ့မပြန် နိုင်တော့ပဲ အရုပ်ကြိုးပြတ် လဲကျ သွားခဲ့ရပါတယ်။

“ဘန်း။” ကျူးယန်ရဲ့ ခန္ဒာကိုယ် အောက်ဘက်မှာ မြေပြင်က အက်ကွဲကုန်ပြီး ကြီးမားတဲ့ စွပ်ကြောင်းရာကြီး တစ်ခု ပေါ်လာခဲ့တော့တယ်။ ကျူးယန်လဲ သွေးတွေကို အန်ထုတ်ပြစ်တယ်။

ဒီမြင်ကွင်းက အရမ်းကို လန့်စရာ ကောင်းလွန်းလှပါတယ်။

သူက ကျုးယန်လို ရှေးဟောင်း နတ်သားရဲကောင်ကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူလိုက် နိုင်တယ်။

မုချင်းဖန်း၊ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ အခုချိန်ထိ ပါးစပ် အဟောင်းသား ဖြစ်နေဆဲပဲ။ ဖန်ကျန်းရှီ ဒီကောင်စုတ်လေးက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။

ဘယ်လိုတောင် ဖြစ်နေရတာလဲ။

သူက နတ်သခင် အဆင့်ကို တိုးတက် သွားတာလား။ ဒါက လုံးဝကို အသေအကျေ တိုက်ခိုက်ရမယ့် တိုက်ပွဲလေ။ နတ်သားရဲကောင်တွေ အားလုံးက မာကျော ကြံ့ခိုင် လွန်းကြတယ်။ သူတို့တွေ ဘယ်သူမှ အသက်ရှင်လျက် မလွတ်နိုင်ဘူး တွေးခဲ့ ကြပေမယ့် ဖန်ကျန်းရှီတို့ အုပ်စု ပေါ်လာပြီး အားလုံးကို အလဲထိုးပြစ် လိုက်တယ်။

ဒီမြင်ကွင်းက ပတ်ပတ်လည်မှာ တိုက်ခိုက်နေတဲ့ နတ်ဆိုး မိစ္ဆာတွေ အားလုံးကိုပါ လန့်သွား စေခဲ့တယ်။ သားရဲကောင်ကြီး ၃ကောင်၊ စစ်နတ် ဘုရား ၁၂ပါးနဲ့ ဧကရီ ပိုင်ကျစ်တောင်မှ ဒီအဖြစ် အပျက်ကို သတိထားမိခဲ့တယ်။

“ဖန်ကျန်းရှီလား။” ရှေးဟောင်းသားရဲကောင် သုံးကောင် အထိတ်တလန့် အော်မိတယ်။ ဖန်ကျန်းရှီတို့တွေ အကုန် တောင်အောက်မှာ သေကုန်ပြီလို့ ထင်ခဲ့ ပေမယ့် အခုတော့ သူတို့က နောက်တစ်ခေါက်ပေါ်ခဲ့တယ်။ ဒါ့အပြင် နတ်သားရဲကောင် လေးကောင်ကိုလဲ အလဲထိုး လိုက်သေးတယ်။

ဒါတွေ ဘယ်လိုများ ဖြစ်သွားတာလဲ။ စစ်နတ်ဘုရား ၁၂ပါး ကတော့ ပါးစပ် အဟောင်းသားနဲ့သာ ကြည့်နေခဲ့တယ်။ သူတို့တွေ မသေတဲ့ အပြင် ပိုပြီးတော့ အင်အားကြီး လာသေးတယ်။

“ဖန်ကျန်းရှီ နင် နင်မသေဘူးလား။” ဧကရီ ပိုင်ကျင် လန့်လွန်းနေတယ်။ သူတို့တွေကို တကယ် သေစေချင်ပေမယ့် အခုချိန်ထိ အသက်ရှင်နေ ကြတုန်းပဲ။

သူတို့ မသေရင် ချင်းဝူ၊ ငါ့သမီး ချင်းဝူလဲ အသက်ရှင်နိုင်တယ် မဟုတ်လား။

ဖန်ကျန်းရှီတို့တွေ အသက်ရှင် နေတာကို လန့်မိ ပေမယ့် ယွင်ချင်းဝူကို မြင်လိုက် ချိန်မှာတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေ ဝဲတက်လာတော့တယ်။

မိခင် တစ်ယောက် အနေနဲ့ သူ့ကလေး သေမှာကို ဘယ်လိုများ မြင်ရက် နိုင်မှာလဲ။

“ချင်းဝူ။ ငါ့သမီး ချင်းဝူ မသေဘူး။”

“ချင်းဝူ။ မယ်တော့်ဆီလာ။” ဧကရီ ပိုင်ကျစ် ပြောရင်းနဲ့ ချက်ခြင်း ပြေးလာတော့တယ်။ သူမ ဘာတိုက်ပွဲကိုမှ စိတ်မဝင်စား တော့ဘူး။

လေပေါ်မှာ တိုက်ပွဲ ကြည့်နေခဲ့တဲ့ ရွှမ်ယွမ်ဝူကလဲ မျက်လုံးကြီး ပြူးနေခဲ့တယ်။

“ဒီကောင်စုတ်လေး မသေတဲ့ အပြင် ပိုပြီးတောင် အစွမ်း ထက်လာသေးတယ်လား။ တောင်ခြေမှာ တကယ် ဘာတွေ ဖြစ်သွားတာလဲ။” သူကိုယ်တိုင်လဲ သစ်သီး တစ်လုံးကို မျိုချခဲ့တဲ့ အတွက် ရွှမ်ယွမ်ဝူရဲ့ အစွမ်းတွေက အများကြီး တိုးတက် နေခဲ့ပြီ။ ဒါပေမယ့် သူက ဧကရီ ပိုင်ကျစ်ထက် ပိုမြန်မြန် ဆန်ဆန် အောက်ကို ပြေးဆင်း လာခဲ့တယ်။

နဂါး တစ်ကောင်နဲ့ အမြီးကိုးချောင်း မြေခွေး တစ်ကောင်က ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူဆီ ပြေးလာ နေခဲ့တယ်။

အစောပိုင်းတုန်းကမှ ဆင်းလာခဲ့တဲ့ နတ်ဆိုး မိစ္ဆာတွေကတော့ သူတို့ကို မသိခဲ့ကြဘူး။ ဒါကြောင့် ခန့်မှန်းရုံသာ တတ်နိုင်ခဲ့တယ်။

“ဒီလူသားတွေက ရှေးခေတ်က အင်အားကြီး လူတွေ မဟုတ်ကြဘူး။”

“ဒါပေမယ့် အားလုံးက အရမ်း အင်အားကြီးတယ်။”

“သူတို့တွေ နတ်သစ်သီးကို စားထားတာလဲ။”

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး နတ်သခင်တွေ အခုချိန်မှာ အရမ်းကို မနာလို ဖြစ်ကုန် ကြတော့တယ်။ ဖန်ကျန်းရှီတို့ အုပ်စုကိုသာ သူတို့ စားလိုက်နိုင်ရင် စွမ်းအားတွေကို သူတို့လဲ ရနိုင်မယ် မဟုတ်လား။ ဒီအတွေး ဝင်လာ ခဲ့ပေမယ့် ဖန်ကျန်းရှီရဲ့ ခြေထောက်အောက်က ကျူးယန်ကို သူတို့ ချက်ခြင်း ပြန်ကြည့်မိတယ်။

ဖန်ကျန်းရှီကတော့ မြေပြင်ကို ခုန်ဆင်း လာခဲ့ပြီ။

“မျောက်ကြီးလား။” ကျူးယန်ကို သူသေချာ ကြည့်နေတယ်။

“ငါက နတ်ဘုရား။ ငါ့နာမည်က ကျူးယန်။” ကျုးယန် အရမ်းကို ဒေါသ ထွက်နေတယ်။ မောက်မာလွန်းတဲ့ သူက လူသား တစ်ယောက် မျောက်လို့ သတ်မှတ်တာကို မခံနိုင်ဘူး။

“ကျူးယန်တဲ့လား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြီးနောက် နောက်တစ်ခေါက် လက်သီးနဲ့ ထိုးချလိုက်တယ်။ ကျူးယန်ရဲ့ ခေါင်းက ကျောက်တုံးထဲကို ချက်ခြင်း နစ်ဝင် သွားတယ်။

“ဘန်း။” ကျယ်လောင်တဲ့ အသံကြီးက ကျမ်းကောင်းကင်တောင် တစ်ခွင်လုံးကို ဟိန်းထွက် သွားခဲ့ပြီး နတ်သားရဲကောင်တွေကိုလဲ ရပ်တန့် သွားစေခဲ့တယ်။

“ဒီလူသားက အရမ်း အင်အားကြီးတာပဲ။“

“အစတုန်းက မင်းကို မျောက်ဘုရင်လို့ ထင်ထားတာ။ ကြည့်ရတာတော့ မဟုတ်ပုံပဲ။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ပြောလိုက်ရင်း ကျူးယန်ရဲ့ ဗိုက်ကို ကန်လိုက်ပြီး လေထဲကို လွင့်ထွက် သွားစေတယ်။

အားလုံး ကြည့်နေ ကြချိန်မှာပဲ အပြာရောင် အလင်းတန်းက ကျူးယန် လေထဲ ပျံနေချိန်မှာ တောက်ပလာပြီး နောက်ထပ် အသံကျယ်ကြီး တစ်သံကို ထပ်ကြားရ ပြန်တယ်။

သူက သဲအိတ်လို အကန်ခံနေ ရတာပဲ။ ရက်စက်လိုက်တာ။

ပတ်ဝန်းကျင်က နတ်ဆိုး မိစ္ဆာ နတ်သခင်တွေ အားလုံး ချွေးပျံ နေခဲ့ကြပြီ။

ကျူးယန်ကတော့ အရမ်းကို ဒေါသ ထွက်နေဆဲပဲ။ သူက အလစ်ဝင်တိုက် ခံလိုက် ရတဲ့ အပြင် ဆက်တိုက်လဲ တိုက်ခိုက်ခံနေရတဲ့ အတွက် မတရားရာ ရောက်လွန်းတယ်။ ဒါပေမယ့် သူမခုခံ နိုင်တာတော့ မဟုတ်ခဲ့ဘူး။

ဖန်ကျန်းရှီရဲ့ လက်သီးချက်တွေက အရမ်းကို ပြင်းထန်ပြီး သူ့အရိုးတွေကို ချိုးပြစ် နိုင်ပေမယ့် သူ့ကို လွယ်လွယ် အနိုင်ယူလို့ မရနိုင်ခဲ့ဘူး။ ဒါကြောင့် လက်သီးချက် ၇ချက် ၈ချက် အပြီးမှာ သူခုန်ရှောင် နိုင်တော့တယ်။

“လူသား မင်းက သေချင်နေတာပဲ။” ကျူးယန် ဒေါသတကြီး အော်ဟစ်ရင်း တကိုယ်လုံးက အမွှေးတွေ ထောင်ထ လာခဲ့တယ်။ အခုချိန်မှာ တကိုယ်လုံးက နာကျင်နေပြီး သွားတွေ အားလုံးတောင် ကျွတ်ထွက် မတတ် ဖြစ်နေခဲ့ရတယ်လေ။

အဝေးကနေ ကြည့်ရင်တောင် သူဘယ်လောက်ထိ ဒေါသ ထွက်နေမှန်း သိနိုင်တယ်။ ဖန်ကျန်းရှီကို တန်ပြန် တိုက်ခိုက်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပြစ်ဖို့ သူအဆင်သင့် ဖြစ်နေခဲ့တယ်။

ဒါပေမယ့် လက်မောင်းကို သူမြှောက်လိုက် ချိန်မှာ ဓားအလင်းတန်း တစ်ခုက သူ့ကို ခုတ်ချတယ်။ ဒီဓားချက်နဲ့ အတူ ကျူးယန် လက်က လေထဲကို လွင့်ထွက်သွားတယ်။

“အားနာပါတယ်။ ငါက ဓားရေး ပိုကျွမ်းတယ်ဆိုတာ ပြောဖို့ မေ့သွားတယ်။” ဖန်ကျန်းရှီရဲ့ အသံကို ကျူးယန်ရဲ့ အနားမှာ ကြားလိုက်ရပါတော့တယ်။

အပိုင်း (၁၀၇၁) ပြီး၏။

အပိုင်း (၁၀၇၂)

“ထူးချွန်တဲ့ ငှက်တစ်ကောင်။”

…

ကျူးယန်က ဒေါသထွက်ပြီး ကြောက်လန့် နေခဲ့တယ်။ သူ့လို နတ်သားရဲကောင် တစ်ကောင်က အခုချိန်မှာ လူသား တစ်ယောက် ဓားနဲ့ ခုတ်တာကို ခံနေရတယ်။ သူ့ခေါင်းကို ကာကွယ်နိုင်ခဲ့ပေမယ့် တကယ့်ကို ထိတ်လန့် သွားခဲ့တာ အမှန်ပဲ။

ဒီလူသားက ဘယ်ကနေ လာတာလဲ။

ပြင်းထန်တဲ့ အန္တရာယ် အငွေ့အသက်က ကျူးယန်ရဲ့ ထွက်ပြေး ချင်စိတ်ကို လာပြီး နှောက်ယှက်တယ်။ နောက်ဆုံးတော့လဲ အခုချိန်မှာ သူနောက်ထပ် ရွေးချယ်စရာ မရှိတော့ပဲ ထွက်ပြေးဖို့သာ လုပ်ရတော့တယ်။ သူက ရှေးဟောင်း နတ်သခင် တစ်ယောက် ဖြစ်နေပင်မယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ရင် ပြန်ကုသဖို့ အချိန် လိုအပ်တယ်။

အခုလို အချိန်မျိုးမှာ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အများကြီးကို ကျဆင်း နေခဲ့ပြီ။ သူ့ထက် နည်းနည်း ပိုပြီး အင်အားကြီးတဲ့ ဘယ်လူသား မဆို သူ့ကို သတ်နိုင်တယ်။

“ပြေးရမယ်။” ကျူးယန် ပါးစပ် အပြည့် လေတွေကို မှုတ်ထုတ်လိုက်ရင်း လွတ်မြောက်ဖို့ အသုံးချတယ်။ ဒါပေမယ့် ကျူးယန် မြူတွေကို မှုတ်ထုတ်လို့ မပြီးခင် အချိန်မှာပဲ ရင်းနှီးနေတဲ့ လူတစ်ယောက်က သူ့ကို တောက်တောက် ပပ ပြုံးပြရင်း ရှေ့က ဖြတ်သွားတာကို မြင်လိုက် ရတော့တယ်။

“ငါတို့မှာ ဘာအညှိုးအတေးမှ မရှိပဲနဲ့ မင်းက ဘာဖြစ်လို့ ငါ့ကို သေတွင်းထဲ ပို့ချင် နေရတာလဲ။” ကျူးယန်က ဒေါသတကြီးနဲ့ ပြောတော့တယ်။

“ငါ့ကောင်မလေးကို ရိုက်ပြီး ထွက်ပြေးချင်တာလား မင်းက။” ကျူးယန်ရဲ့ ခေါင်းကို ဖန်ကျန်းရှီ လက်နဲ့ ဆွဲထားရင်း လွတ်မြောက်ချိန် မပေးခဲ့ဘူး။

“ငါမရိုက်ခဲ့ဘူး။” ကျူးယန် ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။ သူက တကယ်ပဲ ဝူယွဲ့အာကို ဘာမှ မလုပ်ခဲ့ဘူး။ သူ့လို အပြစ်ကင်းတဲ့ သူက အကူအညီလေး နည်းနည်း ခေါ်မိယုံပဲ ရှိခဲ့တာ။

“လူမှားပြီး သတ်မိလဲ ကိစ္စ မရှိပါဘူး။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“…”

ဝုန်း။ ကျူးယန်ရဲ့ ခေါင်းက ပေါက်ကွဲ ထွက်သွားပြီး ကျောက်မျက်ရတနာ တစ်ခုလို တောက်ပနေတဲ့ မိစ္ဆာ ပုလဲက သူ့ခေါင်းထဲကနေ ပျံထွက်လာတယ်။ အနီရောင်နဲ့ အဖြူရောင် အလင်းတန်း နှစ်ခုကလဲ ဆက်တိုက် တောက်ပ နေသေးတယ်။

“…”

“သေသွားပြီလား။”

“ဒီလူသား ကျူးယန်ကို သတ်လိုက်တာ တကယ်လား။”

အခုမှ ဆင်းသက်လာတဲ့ နတ်သားရဲကောင်တွေ သူတို့ မြင်တာကို မယုံနိုင် ခဲ့ဘူး။ ဒါပေမယ့် ကျူးယန်ကတော့ တကယ်ပဲ အသတ်ခံလိုက် ရပြီ။ ကျူးယန်ရဲ့ မိစ္ဆာ ပုလဲကတော့ ဖန်ကျန်းရှီရဲ့ အပိုင် ဖြစ်သွားခဲ့တယ်။

“နတ်သားရဲကောင် တစ်ကောင်ရဲ့ မိစ္ဆာပုလဲလား။ ဘယ်လို အရသာ ရှိမလဲ သိချင်လိုက်တာ။ အဆင့်ကျော် တိုးတက်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဖန်ကျန်းရှီက မိစ္ဆာ ပုလဲကို မျိုချပြီးနောက် သူ့နှုတ်ခမ်းတွေကို သုတ်လိုက်တယ်။

“သူစားလိုက်တယ်လား။”

“ဒီ လူသား သေချင် နေတာလား။ သူက နတ်သားရဲကောင် တစ်ကောင်ရဲ့ မိစ္ဆာ ပုလဲကို စားလိုက်တယ်ပေါ့။”

“အတင့်ရဲလိုက်တာ။”

နတ်သားရဲကောင် တစ်ကောင် အတွက်တော့ တန်ဖိုး အကြီးဆုံး အရာက မိစ္ဆာပုလဲ ဖြစ်တဲ့ အပြင် ဒီအရာက သူတို့ရဲ့ အသက်နဲ့ တိုက်ရိုက် ဆက်နွယ်နေခဲ့တယ်။ ဒါကြောင့် သူတို့တွေ ဒီလို မြင်ကွင်းကို မမြင်ရက်ခဲ့ဘူး။ နောက်ဆုံးတော့လဲ ဘယ်သူကမှ သေပြီးတဲ့ အချိန်မှာ အစား မခံချင်ဘူးလေ။

ဖန်ကျန်းရှီကတော့ ဆင်းသက်လာနေတဲ့ နတ်သခင်တွေကိုတောင် တစ်ချက်လေးမှ မစာနာပဲ သူတို့ ရှေ့မှာ စားပြ လိုက်သေးတယ်။ တကယ်တော့ ဒီကိစ္စက အတွေ့အကြုံနဲ့လဲ သက်ဆိုင်နေတယ်။ အရင်တုန်းက မိစ္ဆာ ပုလဲ တစ်ချို့ကို သူစားခဲ့ ဖူးတဲ့ အတွက် ဒီကိစ္စက မိစ္ဆာ မျိုးနွယ်မှာ တားမြစ် ထားတာကို သူမသိခဲ့ဘူး။

“ချင်းဝူ။” ဧကရီ ပိုင်ကျစ်ရဲ့ အသံကို ဖန်ကျန်းရှီ ကြားလိုက် ရတယ်။ သူမက အခုချိန်မှာ တခြား ဘာကိုမှ ဂရု မစိုက်နိုင်ဘူး။ ယွင်ချင်းဝူ ကိုသာ အာရုံ စိုက်နေခဲ့တယ်။

“ဧကရီ ပိုင်ကျစ်။” ပိုင်ကျစ် အရှေ့မှာတော့ အဖြူရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး အပြာရောင် ဓားကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီး တစ်ယောက် ရှိနေခဲ့တယ်။

ချီကူယန်က တိုက်ခိုက်တယ်။ သူမရဲ့ လက်ထဲမှာလဲ အစောပိုင်းတုန်းက သတ်ခဲ့တဲ့ နတ်သားရဲကောင်ရဲ့ မိစ္ဆာ ပုလဲကို ကိုင်ထားခဲ့တယ်။

“ချီကူယန်။ နင်က ငါ့ကို တားဝံ့တယ်ပေါ့။” ဧကရီ ပိုင်ကျစ် အရောင်စုံ တောက်ပနေတဲ့ အမြီးတွေကို ဝေ့ယမ်းလိုက်တယ်။

ချီကူယန်ကတော့ အေးအေး ဆေးဆေးသာ ခေါင်းငြိမ့်ပြတယ်။

“အင်း။ လုပ်ဝံ့တယ်။” သူမက အေးအေးဆေးဆေး ပြောပင်မယ့် အသစ် ပြန်ပေါက်နေပြီ ဖြစ်တဲ့ ခမ်းနားတဲ့ အမြီးတွေကို မြင်ချိန်မှာ လန့်သွားခဲ့တယ်။

“ချီကူယန် ငါ့ ပြတ်သွားတဲ့ အမြီး အတွက် ငါလက်စား ချေရလိမ့်မယ်။”

“မယ်တော် မလုပ်နဲ့။” ယွင်ချင်းဝူရဲ့ အသံကို ကြားလိုက် ရတယ်။

“ချင်းဝူ။ မင်း တကယ်ပဲ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ကို သစ္စာ ဖောက်တော့မှာလား။”

“မယ်တော်။ ချင်းဝူ ဘယ်တော့မှ မျိုးနွယ်ကို သစ္စာ မဖောက်ဘူး။ အခု ချင်းဝူ တကယ် အဆင်ပြေနေပြီ။ ချင်းဝူကို ထိခိုက်အောင် ဘယ်သူမှ မလုပ်နိုင်ဘူး။ ဒါ့အပြင် အခုချိန်မှာ ပြန်လည် မွေးဖွားမှု အဆင့်ကိုလဲ တက်သွားပြီ။” ယွင်ချင်းဝူ ရှင်းပြတယ်။

“ပြန်လည် မွေးဖွားမှု အဆင့်ကို ရောက်သွားပြီလား။” ဧကရီ ပိုင်ကျစ် မျက်လုံး ပြူးသွားခဲ့တယ်။ သူမရဲ့ သမီး အကြောင်းကို သူကောင်းကောင်း သိတယ်။ လက်ရှိ ကျင့်ကြံဆင့်မှာပဲ တစ်သက်လုံး တန့်နေပြီး အဆင့် တက်နိုင်မယ့်သူ မဟုတ်ဘူး။ သူမက မိစ္ဆာ နတ်ဆိုး သွေးနှော ဖြစ်နေတဲ့ အတွက် ကျန်းမာရေးလဲ မကောင်းတဲ့ အပြင် သက်တမ်းလဲ ရှည်နိုင်မှာ မဟုတ်ဘူး။

အခုလို အဆင့်တက်သွားတာက ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ယွင်ချင်းဝူ ကျမ်းကောင်းကင် တောင်အောက်ကို ကျသွားတာ ၂နာရီတောင် မပြည့်သေးဘူးလေ။ ဒါတောင် အဆင့် ၃ ၄ဆင့် နီးပါးကို ဖြတ်ကျော် တိုးတက် ခဲ့တယ်လား။

ဧကရီ ပိုင်ကျစ် မျက်လုံးပြူး နေမိတယ်။

အနားကို ရောက်လာခဲ့တဲ့ ရွှမ်ယွမ်ဝူလဲ မိစ္ဆာ နတ်ဆိုး သွေးနှော ပါရမီရှင် အဆင့်တက်သွားတဲ့ အတွက် အံ့သြ နေမိတယ်။

ယွင်ချင်းဝူ တင်မကဘူး ဖန်ကျန်းရှီ ချီကူယန် ရန်ရွှယ်နဲ့ ပင်းယန်တို့လဲ ကြောက်စရာ ကောင်းလောက်အောင် တိုးတက် သွားကြတယ်။ လောကကြီးမှာ တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ။

“ဖန်ကျန်းရှီ တကယ်ပဲ အောက်မှာ ဘာဖြစ် ခဲ့တာလဲ။”

“သိချင်တယ်လား။” ဖန်ကျန်းရှီကတော့ စကားကို ဖြတ်ပြောတယ်။

“ပြောပြ။” ရွှမ်ယွမ်ဝူ ခေါင်းငြိမ့်တယ်။

“ရတာပေါ့။ ဒါပေမယ့် တစ်ခုကိုတော့ ကတိပေးရမယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

အခုချိန်မှာ သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲက အပြောင်းအလဲတွေကိုလဲ သူအာရုံ စိုက်နေသေးတယ်။

ကျူးယန်ရဲ့ မိစ္ဆာ ပုလဲကို မျိုချ ပြီးတဲ့နောက် အနီရောင် အဖြူရောင် လေလှိုင်းတွေက သူ့ခန္ဒာကိုယ်ထဲမှာ ဆက်တိုက် လှုပ်ရှားပြီး တိုက်ခိုက် နေခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေက ပိုပြီးတော့လဲ အားပြင်း လာသေးတယ်။ နောက်ဆုံးမှာတော့ လေလှိုင်းတွေက သူ့ရဲ့ နှလုံးသားထဲကို ဝင်ရောက်လာပြီး စိတ်အာရုံနယ်မြေထဲမှာ လေပြင်းတွေ ထန်လာတော့တယ်။

တည်ငြိမ်နေခဲ့တဲ့ ပင်လယ် ပြင်ကြီးကလဲ အခုချိန်မှာ လေလှိုင်းနှစ်ခုနဲ့ အတူတူ ပေါင်းစည်းဖို့ လုပ်နေခဲ့တယ်။

အမ်။ သူတို့တွေ ချက်ခြင်း မပေါင်းစည်းဘူးလား။ ဖန်ကျန်းရှီ အံ့သြ ပေမယ့် မကြာခင်ပဲ နားလည် သွားတော့တယ်။ ဒါက ကျူးယန်ရဲ့ မိစ္ဆာ ပုလဲ ဖြစ်နေတဲ့ အတွက် အလွယ်တကူ ပေါင်းစည်းမှာ မဟုတ်ဘူး။ ကြည့်ရတာ အချိန် တော်တော် လိုအပ်မယ့် ပုံပဲ။

ဖန်ကျန်းရှီကတော့ စိတ်ပျက်ခဲ့ဘူး။ ဘယ်လောက်ကြာပါစေ လေလှိုင်းနှစ်ခုက သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ လှိုင်းထန်အောင် လုပ်နေနိုင်သရွေ့ ကောင်းမွန်တဲ့ ကိစ္စ တစ်ခုပဲ။ လှိုင်းရှိတာက မရှိတာထက်တော့ ကောင်းသေးတယ်။

“မင်း ဘာအပေးအယူ လုပ်မလို့လဲ။” ရွှမ်ယွမ်ဝူက ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ အကျင့်ကို ကျင့်သား ရနေပြီးသား ဖြစ်တဲ့ အပြင် အထာနပ်တဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ။ သူက ထင်သလို အပေးအယူ လုပ်ရတာကို ကြိုက်တယ်။ ထာဝရ မိတ်ဆွေတွေ ဘာတွေကို မပြောဘူး။

“ရိုးရိုးလေးပါပဲ။ သူတို့တွေကို စောင့်ရှောက်ဖို့ ကူညီပေး။” ဝူယွဲ့အာ၊ မုချင်းဖန်း၊ ရန်ချန်လိနဲ့ သတိလစ်နေခဲ့တဲ့ နန်ကုန်းမုကို ဝေ့ယမ်းပြရင်း ဖန်ကျန်းရှီ ပြောလိုက်တယ်။

“သူတို့ကို စောင့်ရှောက် ပေးရမှာလား။” ရွှမ်ယွမ်ဝူရဲ့ မျက်ဝန်းထဲမှာ အလင်းတန်း တစ်ချို့ လက်သွားခဲ့တယ်။

“မင်းရဲ့ အစွမ်း အစနဲ့ ဆိုရင် ငါက ဘာဖြစ်လို့ စောင့်ရှောက် ပေးစရာ လိုအုန်းမှာလဲ။”

“ငါက အရမ်း အားနည်းတယ်လေ။” ဖန်ကျန်းရှီ ဝန်ခံတယ်။

“အားနည်းတယ်တဲ့လား။” ရွှမ်ယွမ်ဝူ လန့်သွားခဲ့ပါတယ်။

ဖန်ကျန်းရှီက ကျူးယန်ကို သတ်လိုက်တာ သူကိုယ်တိုင် မြင်ခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ အားနည်းတဲ့ အကြောင်းကို အလေးအနက် ပြောနေခဲ့သေးတယ်။

တကယ့်ကို မြို့နံရံထက် သူ့အရေပြားက ပိုပြီးတော့ ထူတာပဲ။

ရွှမ်ယွမ်ဝူ သူ့လှည့်ကွက်ထဲကို လုံး၀ မရောက်ဘူး။ အခုချိန်မှာ သူတို့တွေကို ဂရုစိုက်ပေးကြဖို့ သူ့အတွက် မခက်ခဲဘူးလေ။ ဘယ်လောက် စောင့်ရှောက်ရမလဲ ဆိုတဲ့ အချိန်ပဲ လိုတယ်။

“ငါ သူတို့ကို ဘယ်လောက်ကြာကြာ စောင့်ရှောက် ပေးထားရမလဲ။” ရွှမ်ယွမ်ဝူကလဲ ဖန်ကျန်းရှီနဲ့ ငြင်းခုံ မနေတော့ဘူး။ သူ့ခန္ဒာကိုယ်ထဲက သစ်သီးကို အစာချေဖို့ သူအချိန် လိုအပ်တယ်။ ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ ကိစ္စကတော့ ဖန်ကျန်းရှီ ဘယ်လောက် အင်အားကြီးလာမလဲ ဆိုတာကို သူတကယ်ပဲ မြင်ချင်တယ်။

“၂နာရီ။” ဖန်ကျန်းရှီ ကြည့်ရင်းနဲ့ ပြောလိုက်တယ်။

“ကောင်းပြီ။ ၂နာရီ ရတယ်။” ရွှမ်ယွမ်ဝူ ခေါင်းငြိမ့်ရင်း နည်းနည်းတော့ စိတ်ပူ သွားခဲ့တယ်။ “မင်းငါ့ကို လိမ်ဝံ့တယ် ဆိုရင် ငါမင်းနဲ့ အသေချမယ်။”

“မင်းရဲ့ မျက်နှာက ဒီလောက်ထိ ကြီးတာ ပန်းတွေ မြက်ပင်တွေ မင်းကြောင့် ပျက်စီးကုန်တော့မှာပဲ။” ဖန်ကျန်းရှီက စိတ်ပျက် လက်ပျက် ပြောရင်း တခြား နတ်သားရဲကောင်တွေကို လှည့်ကြည့်တယ်။

“ရှေးဟောင်း နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး နတ်သခင်တွေတွေ အားလုံးကို နှုတ်ဆက်လိုက် ပါတယ်။ ဒီနေရာကို ရောက်တာ ငါ့အတွက် ပထမဆုံး အကြိမ် ဖြစ်ပေမယ့်၊ ငါက ဒီနယ်မြေရဲ့ ပိုင်ရှင်လို့ ပြောလို့ ရတယ်။ ဒါကြောင့် ဒီနေရာမှာ အမှတ်အသား တစ်ခု လုပ်ချင်တယ်။ အားလုံး လက်ခံနိုင်မလား မသိ။”

“..”

“နယ်မြေမှာ အမှတ်အသား လုပ်မယ်။”

သူ့စကားကို ကြားချိန်မှာ ဘယ်သူမှ သူပြောချင်တာကို နားမလည်ခဲ့ဘူး။

“အားလုံး ဘာမှ ပြေစရာ မရှိကြဘူး ဆိုတော့ ငါပဲ အရင်ဆုံး မျဉ်းဆွဲပြီး နေရာ တစ်ဝက်ကို ယူလိုက် ပါတော့မယ်။ ပြောစရာ ရှိကြသေးလား မသိ။” ဖန်ကျန်းရှီ လက်ချောင်း နှစ်ချောင်းကို အသုံးပြုရင်း လှုပ်ရှားလိုက်တယ်။

သူ့လက်ချောင်းကနေ အလင်းတန်းတွေ ထွက်ပေါ် လာပြီး ဓားအလင်းတန်းကြီးက ကျမ်းကောင်းကင်တောင်ကို နှစ်ခြမ်း ဖြစ်အောင် ပိုင်းချ ပြစ်တယ်။

“ဘာဖြစ်တယ်။”

“သူက မြေတစ်ဝက်ကို လိုချင် နေတာလား။”

“ဒီကောင် ရူးသွားတာလား။”

အားလုံး လန့်ကုန်ကြတယ်။ သာမာန် လူသားလေး တစ်ယောက်က နတ်ဘုရား အရင်းအမြစ် မြေတဝက်ကို လိုချင်နေတာ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်တဲ့ ဟာသလဲ။ ရှေးဟောင်း သားရဲကောင် သုံးကောင်နဲ့ စစ်နတ်တွေတောင် သူ့လောက် လောဘ မကြီးကြဘူး။

နတ်သားရဲကောင် တစ်ရာကျော်နဲ့ နတ်ဆိုး နတ်ဘုရာေးပါင်း ၂၀၀ နီးပါး ရှိနေတဲ့ အပြင် နောက်ထပ် ချီယို့ စစ်သည်တော်တွေလဲ အများကြီး ရှိနေကြသေးတယ်။ ဒီမြေမှာ များပြားလှတဲ့ နတ်ဘုရားတွေ ရှိနေကြပေမယ့် အားလုံးက သစ်သီးကို ရယူပြီး အဆင့်တက်ဖို့သာ အတွေးရှိကြတယ်။ အခုချိန်မှာ မြေတစ်စချင်းစီ တိုင်းက သူတို့ အတွက် မျှော်လင့်ချက်ပဲ။

ဒါကို ဘာမဟုတ်တဲ့ လူသားတစ်ယောက်ဆီ မြေတစ်ဝက် ဘာကြောင့်များ ပေးရမှာလဲ။

“ကောင်လေး မင်း လောဘ မကြီးလွန်းဘူးလား။” ကြီးမားလှတဲ့ အနီရောင် သတ္ဆဝါကြီး တစ်ကောင် ကောင်းကင်ကနေ ဆင်းသက်လာရင်း ပြောလိုက်တယ်။ ဒါကတော့ ပီဖန်း။ သူ့နောက်မှာတော့ ပိုင်ကျဲ့က ကပ်လိုက်လာတယ်။

သူတို့တွေ အစောပိုင်းတုန်းက ဖန်ကျန်းရှီနဲ့ တစ်ခဏတာ သာတွေ့ခဲ့ ပေမယ့် ဖန်ကျန်းရှီရဲ့ စွမ်းအားကို သူတို့ သိကြတယ်။

သူက အခွင့်အရေး ရပြီး တိုးတက် ခဲ့ရင်တောင် အခုလို အချိန်မှာ သူ့စွမ်းအားက မတည်ငြိမ်နိုင်ဘူး။ ဒါကြောင့် သူတို့တွေ ရှေ့ကို ထွက်လာ ခဲ့ကြတယ်။ ဒါ့အပြင် သူတို့က ကျူးယန်ထက်လဲ ပိုပြီးတော့ အစွမ်းထက်တယ်။ သူတို့ နှစ်ယောက်သာ အင်အား ပေါင်းလိုက်ရင် ဖန်ကျန်းရှီကို ကြောက်စရာ အကြောင်း မရှိဘူး။

“တကယ်တော့ မဟုတ်ပါဘူး။ မြေလေး တဝက်ပဲ ယူတာလေ။ သေသေချာချာ စဉ်းစားပြီးတော့မှ ရောက်လာတဲ့ ဧည့်သည်တွေ အတွက် မြေတဝက် ပေးဖို့ ဆုံးဖြတ်ခဲ့တာ။” ဖန်ကျန်းရှီ ခေါင်းခါရင်း ပြောတယ်။

“ဟန့် လေကြီးလေကျယ် ပြောတတ်လိုက်တာ။ မင်း ဘယ်လောက်တောင် စွမ်းဆောင်နိုင်မလဲ ကြည့်ကြ သေးတာလဲ။” ပြောပြီးတာနဲ့ ပီဖန်း ခန္ဒာကိုယ်ကနေ အနီရောင် မီးဘောလုံး တစ်လုံး ထွက်ပေါ် လာတော့တယ်။

“ဝိုး။ ဒီငှက် တော်တော် လှတာပဲ။ ဖမ်းပြီး ငါးစီးဖို့ လုပ်ရမယ်။” ပင်းယန်ရဲ့ ပျော်ရွှင်နေတဲ့ အသံကြီးက ဒီအချိန်မှာပဲ ထွက်ပေါ်လာခဲ့တယ်။

အတော်လေးကို မသင့်တော်တဲ့ အချိန် ဖြစ်ပေမယ့် ဖန်ကျန်းရှီက ပီဖန်းကို သေချာ ခေါင်းငြိမ့်ပြတယ်။ “စဉ်းစား ပေးမယ်လေ။”

“လူသားတွေ သေချင်နေကြတာလား။” ပီဖန်း အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ ပိုင်ကျဲ့ကတော့ ပိုလို့တောင် ဒေါသ ထွက်နေသေးတယ်။ ပီဖန်းက အမ ဖြစ်ပြီး ပိုင်ကျဲ့က အထီး ဖြစ်တဲ့ အတွက် ဆန့်ကျင်ဘက် လိင်ဆွဲဆောင်မှုက ရှိနေတဲ့ အပြင် သူတောင်မှ ပီဖန်းကို မစီးရသေးဘူး။

တခြားသူက သူ့ထက် အရင်စီးချင်နေတယ်ပေါ့။

ဖန်ကျန်းရှီ ပြောပြီးချိန်မှာပဲ ပိုင်ကျဲ့က ပီဖန်းထက် ပိုပြီး မြန်မြန် ဆန်ဆန် တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ အနားကို ရောက်ရောက်ချင်း သူနောင်တ ရသွားခဲ့တယ်။

ဖန်ကျန်းရှီ၊ ချီကူယန်၊ ပင်းယန်နဲ့ ရန်ရွှယ်က လေးဖက် လေးတန်ကနေ တိုက်ခိုက်တယ်လေ။ လေးယောက် တစ်ယောက် ဖြစ်နေတဲ့ အတွက် သူ့အတွက် မမျှတ ခဲ့ဘူး။

“ထူးချွန်တဲ့ ငှက်ကို အရင်သတ်ရမယ်။” ဖန်ကျန်းရှီတို့က လက်ဦးမှု ရယူခဲ့တယ်။

သူတို့တွေ ဘယ်သူကမှ ပီဖန်းကို အာရုံ မစိုက်ကြဘူး။

ပိုင်ကျဲ့လဲ ချက်ခြင်းဆိုသလို ဖြူဖျော့ သွားခဲ့တယ်။ ဒီကြမ်းတမ်း လွန်းတဲ့ လူသားတွေက ဘာမပြော ညာမပြော သူ့ကို အုပ်စုဖွဲ့ တိုက်ခိုက် နေခဲ့တဲ့ အပြင် သူ့မှာလဲ လွတ်လမ်း မရှိခဲ့ဘူး။

“ဝေါင်း။” ပိုင်ကျဲ့ ဒေါသတကြီး အော်ဟစ်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ မျက်နှာကို လက်သီးနဲ့ ထိုးပြီး နေခဲ့ပြီ။

ချီကူယန်ရဲ့ ဓားချက်၊ ပင်းယန်ရဲ့ ခြေကန်ချက်နဲ့ ရန်ရွှယ်ရဲ့ ယပ်တောင် တွေကြောင့် ပိုင်ကျဲ့ ချက်ခြင်း ဒူးထောက် သွားခဲ့ရတယ်။

ရှေ့ခြေထောက် ၂ဖက်ကို ချီကူယန်က ဖြတ်လိုက်တဲ့ အချိန်မှာပဲ သွားတွေ ကျွတ်ထွက်ကုန်တဲ့ လက်သီးချက်ကို ခံစား လိုက်ရတယ်။ ဒါ့အပြင် လည်ပင်းကိုလဲ ဖြတ်ကန် ခံရတဲ့ အပြင် တင်ပါးထဲကိုလဲ တစ်ခုခု ရောက်လာတာ ခံစားမိတယ်။

ပိုင်ကျဲ့ ဘာမှ မပြောနိုင်တော့ပေမယ့် ဖန်ကျန်းရှီကတော့ နည်းနည်း လန့်သွားခဲ့တယ်။

နတ်သားရဲကောင်လေး တစ်ကောင် အတွက် သူတို့လို လူသား လေးယောက်က တကယ်ပဲ ဒီလို အသေသတ် တိုက်ကွက်ကို သုံးဖို့ လိုနေတာလား။”

အပိုင်း (၁၀၇၂) ပြီး၏။

အပိုင်း (၁၀၇၃)

“ဒေါသမီတောက် တောက်လောင်တာလား။ ပီဖန်း မဟုတ်တော့ပဲ ရှောင်ဖန်း ဖြစ်သွားခြင်း။”

..

တင်ပါးကို တစ်ခုခုနဲ့ လာထိုး နေတာက များလွန်းတယ် မဟုတ်လား။

ရန်ရွှယ့် စိတ်ကတော့ ရိုးရှင်းတယ်။ ပိုင်ကျဲ့ကို တိုက်ခိုက်ဖို့ တစ်ခုတည်းသာ သူ့စိတ်ထဲမှာ ရှိနေတယ်။ ပီဖန်းက သူတို့ အနားမှာ ရှိနေခဲ့တဲ့ အတွက် တိုက်ပွဲကို မြန်နိုင်သလောက် မြန်အောင် အဆုံးသတ်ဖို့ လိုအပ်တယ်။ ဒါကြောင့် အသေသတ် တိုက်ကွက်တွေကိုလဲ သုံးရမယ်။

ကံမကောင်းရှာတဲ့ ပိုင်ကျဲ့ကတော့ သူ့ကိုယ်သူ ဒီလို အဆုံးသတ် သွားမယ်လို့ မထင်ထား ခဲ့မိဘူး။

သူ့ရဲ့ ဦးနှောက် တစ်ခုလုံး နာကျင် နေတဲ့ အပြင် ရှေ့ခြေထောက် နှစ်ခုကလဲ အဖြတ်ခံလိုက်ရပြီ။ ပိုဆိုးတာကတော့ တင်ပါးထဲက နာကျင် နေတာပဲ။ ပိုင်ကျဲ့ ကြောက်လန့်လာ တော့တယ်။

“..”

“အဖိုးကြီးပိုင်။” ပီဖန်းက ဒါကို ကြည့်နေရင်း ကျောရိုးထဲမှာ စိမ့်ချမ်း သွားခဲ့၇တယ်။

သူမ အရမ်းကို လန့်လွန်းတဲ့ အတွက် ပင်းယန်နဲ့ ငါးပေ အကွာမှာသာ ရပ်တန့် သွားခဲ့တယ်။ ဒီလူသားတွေက တကယ့်ကို ရက်စက် လွန်းတာပဲ။

ပိုင်ကျဲ့လိုမျိုး သူမ အဆုံးသတ် သွားရမှာကို ပီဖန်း ကြောက်လန့်တယ်။ အကြောင်းအရင်းကတော့ ရိုးရှင်းလွန်းတယ်။ သူမက အမ တစ်ယောက် ဖြစ်နေပြီး တစ်ချိုက ကိစ္စတွေမှာ အထီးတွေထက် ပိုပြီးတော့ အထိမခံ ဖြစ်တာတွေ ရှိတယ်။

ပီဖန်းတင် မကဘူး။ အနီးနားက နတ်သားရဲကောင်တွေပါ ကြောက်ချွေးပျံနေခဲ့တယ်။

ဒီလူသား လေးယောက် သုံးတဲ့ နည်းလမ်းက အားလုံးကို လန့်စေခဲ့တာ အမှန်ပဲ။ သူတို့တွေ အားလုံးက ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သား ကြရုံတင် မကဘူး အရမ်းလဲ ရက်စက် ကြသေးတယ်။

“ဝုန်း။” ကျယ်လောင်တဲ့ အသံကျယ်ကြီးကို နောက်တစ်ကြိမ် ထပ်ကြားလိုက် ရပြီး ပိုင်ကျဲ့ မျက်ရည် အဝဲသားနဲ့ မြေကြီးထဲ ခေါင်းစိုက်သွားတော့တယ်။

အောင်ပွဲ မရခင်မှာ စတေးလိုက်ရပြီ။ ဒါက ဝမ်းနည်းစရာ အကောင်းဆုံး အရာ မဟုတ်ခဲ့ဘူး။ သူအမြဲတမ်း ကာကွယ်ခဲ့တဲ့ ချစ်ရသူလေးက အခုချိန်မှာ သူ့ကို လာမကယ်တာက ပိုပြီးတော့ ဝမ်းနည်းစရာ ကောင်းလှတယ်။

အချစ်ဆိုတာ လောကမှာ တကယ် ရှိနေသေးရဲ့လား။

စိတ်ပျက်မှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ အတွေးတွေတောင် သူ့စိတ်ထဲကို ဝင်လာခဲ့တယ်။

ဝူး။ ဒီအချိန်မှာပဲ ဓားအလင်းတန်း တစ်ခုက ပိုင်ကျဲ့ ခေါင်းကို ဖြတ်ချလိုက်တယ်။ သူနောက်ထပ် မတွေးနိုင်တော့ဘူး။

သူ့ခေါင်းက ပေါက်ကွဲ ထွက်သွားပြီး တောက်ပနေတဲ့ ပုလဲ တစ်လုံးက လေထဲကို လွင့်မျော လာတော့တယ်။ ဒါကတော့ ပိုင်ကျဲ့ရဲ့ မိစ္ဆာပုလဲပဲ။

နောက်ထပ် ရှေးဟောင်း နတ်သားရဲကောင် တစ်ကောင် သေသွား ခဲ့ပြန်ပြီ။ ဒါ့အပြင် လူသားတွေ လက်ထဲမှာ သူသေသွား ခဲ့ရတယ်။

မိစ္ဆာ ပုလဲကတော့ ဖန်ကျန်းရှီ လက်ထဲကို ရောက်သွား ခဲ့ပြန်တယ်။

“အင်း ၂ခုလောက်နဲ့ ဆိုရင်တော့ အဆင့်တက်နိုင် လောက်ပါတယ်။” ဖန်ကျန်းရှီ တွေးတောရင်း အဖြူရောင် လေလှိုင်းတွေကို သူ့စိတ်အာရုံနယ်မြေထဲ ပြောင်းလဲ လိုက်တယ်။

ဒီလေလှိုင်းတွေ အားလုံးက ဆူနာမီ ဆိုင်ကလုန်း မုန်တိုင်းကြီးတွေလို အသွင်နဲ့ လှိုင်းတွေကို ဆယ်ပေကျော် မြင့်မား လာစေခဲ့တယ်။ ဒါပေမယ့် မျှော်လင့် ထားခဲ့တဲ့ အဆင့်ကျော် တိုးတက် မှုကတော့ ဖြစ်မလာခဲ့ဘူး။

ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲ နေရတာလဲ။ အဲ့ဒီ့နောက် ပီဖန်းကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်ရင်း သူလှမ်းမေးတယ်။

“ပီဖန်းကို အခု အပြတ်ရှင်းကြတော့မလား။”

“…”

“…”

ပတ်ဝန်းကျင် နတ်သားရဲကောင်တွေ သူ့စကားကြောင့် လန့်တာထက် ပိုတဲ့ အခြေအနေကို ရောက်သွား ကြတော့တယ်။ ဖန်ကျန်းရှီရဲ့ အကြည့်ကို မြင်ချိန်မှာ ပီဖန်း အမူအယာလဲ ချက်ခြင်း ပြောင်းလဲ သွားတယ်။ သူမ နောက်ကို ခြေသုံးလှမ်း ခုန်ဆုတ် သွားပြီးမှ ကိုယ့်ကိုယ်ကို ဟန်ချက် မပျက်အောင် ထိန်းနိုင်လိုက်တယ်။

“လူသား။ နင် နင်ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။” ပီဖန်း ဟိန်းဟောက်တယ်။ ရှေးဟောင်း သားရဲကောင် သိက္ခာကို သူမ ထိန်းထားမှ ဖြစ်မယ်။

“ငါတို့ မင်းကို မသတ်ဘူး။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

“ဒါပေါ့ မင်းတို့ အားလုံး လုပ်ဝံ့မှာ မဟုတ်ဘူး။”

“လာပြီး ဒူးထောက်စမ်း။”

“ဘာဖြစ်တယ်။” ပီဖန်း မျက်လုံး ပြူးသွား ပါတယ်။

သူမလို ထူးခြားတဲ့ ရှေးဟောင်း နတ်သားရဲကောင်က အများရှေ့မှာ ရှုံးနိမ့်ပြီး ဒူးထောက် ရတာမျိုး ဘယ်လိုများ ဖြစ်သင့်မှာလဲ။

“ဒူးထောက်ပြီး ပင်းယန်ရဲ့ စီးတော်ယာဉ် လုပ်။ မင်းကို ငါတို့ရဲ့ မြေ နည်းနည်း အပိုင်ပေးမယ်။ မဟုတ်ရင်တော့ ပိုင်ကျဲ့လိုပဲ သေရမယ်။” ဖန်ကျန်းရှီ တိုက်ရိုက်သာ ပြောလိုက်တယ်။

“အင်း။ ငါ့ရဲ့ စီးတော်ယာဉ် အဖြစ် လိမ်လိမ်မာမာလေး နေမယ်ဆိုရင် နင် သေချာပေါက် အသက်ရှင်ရမှာပါ။” ပင်းယန် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဝင်ပြောတယ်။

ပီဖန်း ကိုယ်တိုင်က မီးလျှံတွေကို ဖန်တီး နိုင်တယ်။ ဒါက ပင်းယန်ရဲ့ စွမ်းအားနဲ့ လိုက်ဖက်ညီနေတယ်။ ပီဖန်းကိုသာ စီးတော်ယာဉ် အဖြစ် သုံးနိုင်မယ် ဆိုရင် ပင်းယန်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ရန်ရွှယ်နဲ့ တူညီ သွားလိမ့်မယ်။

သူမက နောက်ကောက် မကျချင်ဘူး။ ခေါင်းမော့ ရင်ကော့ပြီး ဝံ့ဝံ့ကြွားကြွားပဲ နေချင်တယ်။ ဒါပေမယ့် ပီဖန်း အတွက်တော့ ဒီစကားတွေက စော်ကားမှု တစ်ခုပဲ။

လူသား တစ်ယောက်ရဲ့ စီးတော်ယာဉ် ဖြစ်လာဖို့ သူမ လုံးဝကို သဘောမတူနိုင်ဘူး။ ဒါက ရှက်စရာ ကောင်းလွန်းတယ်။

“ကြည့်ရတာ သူက သဘောမတူ ချင်ပုံပဲ။ ဒီတော့ ရိုက်ကြစို့။” ဖန်ကျန်းရှီက ပီဖန်း အလွယ်လေး လက်ခံမှာ မဟုတ်မှန်း သိတယ်။

(စာမသင်ချင်လို့ ဖျားချင်ယောင် ဆောင်နေတဲ့ ကလေးကို နာနာရိုက်ပြီး နေပြန်ကောင်းအောင် လုပ်ရမယ်။) ဒီစကားအတိုင်းပဲ အခုချိန်မှာ ကျင့်သုံးသင့်တယ်။

“ကောင်းပြီလေ။” ပင်းယန် သဘောတူပြီး ရန်ရွှယ့်ကို လှမ်းကြည့်တယ်။ သူမ စိတ်ထဲ ဝင်လာတဲ့ အတွေးကြောင့် ရန်ရွှယ့်ကို လှမ်းပြောတယ်။ “ရန်ရွှယ် နင် သုံးနေကျ နည်းလမ်းကို ငါ့စီးတော်ယာဉ်မှာ သုံးဖို့ မလိုဘူး။”

“ဘာနည်းလမ်းလဲ။” ရန်ရွှယ် မေးလိုက်တယ်။

ဖန်ကျန်းရှီနဲ့ ပင်းယန် နှစ်ယောက်စလုံးရဲ့ အမူအယာတွေက ပြောင်းလဲ သွားတော့တယ်။ အမှန်တကယ်ကိုပဲ ရန်ရွှယ်က အရင်က ရန်ရွှယ် မဟုတ်တော့ဘူး။ ရန်ရွှယ်က ပိုပြီး အပြစ်ကင်းစင် ချစ်စရာ ကောင်းလာတယ်လို့ ပြောရမလား။

“ထားလိုက်တော့။ သူ့ကို လက်သီးနဲ့ ထိုးကြမယ်။” ပင်းယန်နဲ့ ရန်ရွှယ်က ဖန်ကျန်းရှီ အမိန့်ကို ကြားကြားချင်း ချက်ခြင်း လှုပ်ရှားကြတယ်။

သူတို့ နှစ်ယောက်လုံးက ပီဖန်းကို ဘယ်နဲ့ ညာကနေ လက်သီးနဲ့ ထိုးတယ်။ ချီကူယန်ကတော့ တန်းတန်း မတ်မတ်သာ ရှေ့ကို ပြေးဝင်သွားတယ်။

“နင်တို့တွေ လွန်လွန်းလိုက်တာ။” ပီဖန်း အရမ်းကို ဒေါသ ထွက်နေခဲ့တယ်။ ဆက်တိုက် စကားနဲ့ စော်ကား ခံရပြီးချိန်မှာတောင် အရိုက်ခံရအုန်းမယ်။ သူမ ဒေါသမထွက်ပဲ ဘယ်လို နေမှာလဲ။

ဒါပေမယ့် သူမက ငတုံး မဟုတ်ခဲ့ဘူ။ ကျူးယန်က သူမလောက် အင်အား မကြီးခဲ့ပေမယ့် ပိုင်ကျဲ့ကတော့ သူမနဲ့ တစ်ယောက်ချင်း ယှဉ်လို့ ရတယ်။ ပိုင်ကျဲ့ ဘယ်လောက်ပဲ ကြာကြာခံလိုက်သလဲ။

သူမက ပိုင်ကျဲ့လောက် အားမနည်းပေမယ့် ဒီအတိုင်း တိုက်ခိုက်တာက သူမ အတွက်တော့ ကိုယ့်သေတွင်းကို ကိုယ်တူးရာရောက်တယ်။ ဒါကြောင့် သူမ ချက်ခြင်း ပျံသန်းပြီး လေထဲက တိုက်ခိုက်ဖို့ လုပ်တော့တယ်။ ဆယ်ပေအမြင့်ကို ပျံသန်း ပြီးချိန်မှာပဲ သူမ ခေါင်းပေါ်မှာ ရပ်နေတဲ့ လူတစ်ယောက် ရှိတာကို သူမ သတိ ထားမိသွားတယ်။

ဒီလူရဲ့ နောက်ကျောမှာလဲ အတောင်ပံတွေ ရှိနေသေးတယ်။ ငှက်လူသားလား။ မဟုတ်ဘူး။ အတောင်ပံတွေနဲ့ ဖန်ကျန်းရှီပဲ။

ပီဖန်း သတိမထား မိခင် အချိန်မှာပဲ သူမက ဖန်ကျန်းရှီ ကန်ချတာကို ခံလိုက်ရတယ်။ ကြီးမားတဲ့ မြွေအမြီးကြီး တစ်ခုကလဲ သူမ ခန္ဒာကိုယ်ကို လာပြီး ရစ်ပတ်တယ်။

ငါးရောင်ခြယ် အလင်းတန်းတွေ တောက်ပနေသူ အဖြူရောင် သံချပ်ကာကို ဝတ်ထားတဲ့ သူမက ခမ်းနား မြင့်မြတ်လွန်းလို့ ဘယ်သူမှ စေ့စေ့ မကြည့်ဝံ့ စေနိုင်တဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင် ထားသေးတယ်။

ချီကူယန်က ပီဖန်းကို တိုက်ရိုက် ထိခိုက်အောင် မလုပ်ပဲ မြွေအမြီးနဲ့ ပတ်ထားပြီး မလှုပ်နိုင်အောင်သာ လုပ်ထာခးဲ့တယ်။

ပင်းယန်နဲ့ ရန်ရွှယ်ကတော့ သူမကို ထိုးကြိတ်တယ်။

ဘန်း၊ ဘန်း ဘန်း။

လက်သီးချက်တွေက မိုးသီးမိုးပေါက်တွေလို ကျဆင်းလာခဲ့တယ်။ ဒါပေမယ့် သေကွင်း သေကွက်တွေကို မတိုက်ခိုက်ပဲ အထိနာစေမယ့် နေရာတွေကိုသာ ရွေးချယ် တိုက်ခိုက်တယ်။ သေအောင် မသတ်ဘူး။ နာအောင်ပဲ လုပ်တယ်။

ဒီလို အပြစ်ပေးမှုမျိုးက သေရတာထက် ပိုပြီး ရက်စက်တယ် လို့တောင် ပီဖန်း ခံစားမိတယ်။

“ရွီး။” ပီဖန်း ဒေါသတကြီးနဲ့ အော်ဟစ်ရင်း မီးလျှံတွေကို ထုတ်လွှတ်တယ်။ ငှက်မွှေးတွေကလဲ ထောင်ထလာပြီး မြွေအမြီးကြီးကို ဖယ်ရှားဖို့ လုပ်မေယ့် အမြီးကြီးက တစ်လက်မတောင် မရွေ့လျား ခဲ့ဘူး။

ချီကူယန်က သုခမိန် အဆင့်မှာ ရှိနေစဉ်ကတောင် နတ်သခင် သုံးယောက်ကို အေးအေး ဆေးဆေး သတ်နိုင်ခဲ့တယ်။ သာမာန် နတ်သခင်တွေက သူမရဲ့ ကြောက်စရာ ပါရမီကို မယှဉ်နိုင် ခဲ့ဘူး။ အခုချိန်မှာ သူမက နတ်သခင် အဆင့်ကို တိုးတက် သွားခဲ့ပြီ။ စွမ်းအားကလဲ ၁၀ဆ မက တက်လာခဲ့တယ်။ သူမ အစွမ်းက နတ်သားရဲကောင် လေးကောင်ထက်တောင် ပိုပြီးတော့ ကြောက်စရာ ကောင်းနေသေးတယ်။

သူမလို အင်အားရှင်ကို ပီဖန်းက ဘယ်လိုများ တိုက်ခိုက် နိုင်မှာလဲ။

ပီဖန်းက ဖန်ကျန်းရှီတို့ အဖွဲ့ရဲ့ စွမ်းအား အစစ်အမှန်ကို သူမ နားလည် ခဲ့ပြီလို့ ထင်ခဲ့ မိပေမယ့် သူမက ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်သွားခဲ့တယ်။ သူမက ချီကူယန်ကိုတောင် မယှဉ်နိုင် ခဲ့ဘူး။

ဒါ့အပြင် လေးယောက် တစ်ယောက် တိုက်ခိုက် နေရတာ။ ဖန်ကျန်းရှီက သုခမိန် အဆင့်တည်းကနေ နတ်သခင် အဆင့်ကို သတ်နိုင်တဲ့သူ။ ရန်ရွှယ်ကတော့ သုခမိန် အဆင့်တည်းက မုချင်းဖန်းကို တိုက်ခိုက် နိုင်ခဲ့တယ်။ ပင်းယန်ကတော့ အားနည်းပေမယ့် လှည့်ကွက်တွေ အများကြီး သုံးတတ်တယ်။

ပိုင်ကျဲ့လဲ သူတို့ရဲ့ စွမ်းအားကို အစောပိုင်းတုန်းက လျော့တွက် မိခဲ့တယ်။ အခုချိန်မှာတော့ ပီဖန်း သူအရမ်းကို တုံးအ မိုက်မဲလွန်းတဲ့ အမှားတစ်ခုကို ကျူးလွန်မိမှန်း နားလည် သွားခဲ့တော့တယ်။

အားနည်းပုံ ပေါ်တဲ့ လူသားတွေက ကြမ်းတမ်းလွန်းတယ်။ ပင်းယန်က လွဲပြီး တခြား ဘယ်သူ့ကိုမှ ပီဖန်း မယှဉ်နိုင် ခဲ့ဘူး။

“မင်း သေချင်လား။ အသက်ဆက်ရှင်ချင်လား။” ဖန်ကျန်းရှီက ပီဖန်းရှေ့ကို ဆင်းသက်လာရင်း ခြေရာမဲ့ဓားကို ပီဖန်း လည်ပင်းမှာ ချိန်ရွယ် ထားခဲ့တယ်။

“မပြောခင် သေချာ စဉ်းစား မင်းမှာ အခွင့်အရေး တစ်ခုပဲ ရှိတယ်။ သေမယ်(ရှင်မယ်) ဆိုတာက လွဲပြီးတော့ စကား အပို ပြောရင် မင်းကို ငါသတ်မယ်။”

“..” ပီဖန်း အခုချိန်မှာ တုန်ယင် နေခဲ့ပြီ။ ဖန်ကျန်းရှီတို့ အဖွဲ့ အရေအတွက်နဲ့ အခွင့်အရေး ယူတာကို သူမ ကျိန်ဆဲ ချင်ပေမယ့် စကားတွေကို ပြန်မျိုချ လိုက်ရတယ်။

ကျူးယန်နဲ့ ပိုင်ကျဲ့ကလဲ သူမရှေ့မှာတင် သေသွားခဲ့တယ်။ ဒါ့အပြင် မိစ္ဆာ ပုလဲကိုလဲ ဖန်ကျန်းရှီက မျိုချ သွားသေးတယ်။

သူမကို သူမသတ်ဝံ့ဘူး ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပဲ။

ဖန်ကျန်းရှီ ပြောတဲ့ အတိုင်းသာ မလုပ်ရင် သူမ အသတ်ခံရမှာကို ပီဖန်း သိတယ်။ နောက်ဆုံးမှာ သူလဲ ဖန်ကျန်းရှီရဲ့ အစ အဖြစ် ဘဝပြောင်း သွားလိမ့်မယ်။ ပီဖန်းရဲ့ အမွှေးတွေ အခုချိန်မှာ နောက်ထပ် မလှုပ်ရှား ဝံ့တော့ဘူး။ သူမ အညံ့မခံချင် ပေမယ့် သေလဲ မသေချင်ခဲ့ဘူး။

သက်ရှိတိုင်းက အဓိပ္မာယ်မဲ့ သေရမှာကို မလိုလားကြဘူး။ အကယ်၍ သေချင်တယ် ဆိုရင် ဒီလောက် နှစ်ပေါင်း ထောင်ချီ ကြာအောင် ရှင်သန် နေခဲ့မှာ မဟုတ်ဘူး။ လွတ်မြောက်လာတာ မကြာသေးတဲ့ အခုလို အချိန်မှာ သေဖို့က စောလွန်းစေတယ်။

ဒီနေရာကို ပြန်လာခဲ့မိတဲ့ အတွက် ပီဖန်း တကယ့်ကို နောင်တရတယ်။ အားလုံးထက် အရင် ရှေ့ထွက် လာခဲ့မိတာကို နောင်တရတယ်။ အခုတော့ သူမ အရင်ဆုံး ခံစားရပြီ။

ပျော်ရွှင်တဲ့ နတ်သားရဲကောင် အဖြစ်နဲ့ လွတ်လွတ်လပ်လပ် နေချင်သေးတယ်။

“ရှင်မယ်။” ပီဖန်း နောက်ဆုံးမှာတော့ ပြောလိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ မယုံမှာ စိုးရိမ်တဲ့ အတွက် သူမ ထပ်ပြောတယ်။

“ငါ အသက်ရှင် ချင်တယ်။ မသေချင်ဘူး။”

“ကောင်းတယ်။ နောက်ဆုံးတော့ ငါ စီးတော်ယာဉ် ရပြီ။” ပင်းယန်ကတော့ ဖန်ကျန်းရှီ ဘာမှ မပြောနိုင်ခင် ပျော်ပျော်ကြီး အော်လိုက်တယ်။

ဖန်ကျန်းရှီကတော့ ပီဖန်းရဲ့ ခေါင်းကို ရိုက်ချလိုက်တယ်။

သူမရဲ့ ခေါင်းက ချက်ခြင်း မြေကြီးထဲကို စိုက်ဝင်သွားတယ်။ ပီဖန်းကတော့ တကိုယ်လုံး တုန်ယင်ရင်း အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။

“ငါ့ ငါ့ကို အလွတ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ နေပါအုန်း။ နင် ငါ့ကို ဘာလုပ် ချင်လို့လဲ။” ပီဖန်း မေးလိုက်ချိန်မှာပဲ တစ်ခုခု လွဲနေတာကို သတိထားမိ သွားတော့တယ်။

သူမရဲ့ မိစ္ဆာ ပုလဲကို ထူးခြားတဲ့ အရောင်စုံ သံကြိုးတွေက လာရစ်ပတ်ထားတယ်။

“မင်း သေရှင်တာအိုကို ကြားဖူးတယ် မလား။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ အဲ့ဒီ့နောက် ပီဖန်း ခေါင်းကို ဆွဲမတယ်။

“မင်း ပင်းယန်ကို သစ္စာဖောက်ဝံ့ရင် မင်း သေမယ်။ ဒါမှမဟုတ် ပင်းယန်သေရင် မင်းလဲ သေရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူနဲ့ ကပ်နေရမယ် နားလည်လား။”

“..”

သေရှင်တာအိုက မိစ္ဆာ သားရဲကောင်တွေကို ထိန်းချုပ်ဖို့ အဓိက သုံးတဲ့ တာအိုပဲ။ အခုချိန်မှာ သူမ ခန္ဒာကိုယ်ကို လာပြီးတော့ ထိန်းချုပ်ထားတယ်။ သေရှင် တာအိုရဲ့ အစွမ်းတွေကို သူမ ချိုးဖျက်လို့ မရနိုင်မှန်း ပီဖန်း ခံစားမိတယ်။

“နားလည်ပါပြီ။ သခင် အသက်ရှင်ရင် ငါလဲ အသက်ရှင်မယ် သခင် သေရင် ငါလဲ သေမယ်။” ပီဖန်း နောက်ဆုံးမှာတော့ ခေါင်းငုံ့လိုက် တော့တယ်။ နောက်ထပ် မခုခံတော့ဘူး။

“အင်း ကောင်းပြီ။ အခုချိန်ကနေ စပြီး မင်းက နတ်ဘုရား အရင်းအမြစ် တစိတ်တပိုင်းကို ပိုင်တယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

ဒီနည်းလမ်းကို သုံးပြီး ပီဖန်းကို ထိန်းချုပ်ဖို့ အစတုန်းက မတွေးထား ခဲ့ပေမယ့်၊ ပင်းယန်က အခုချိန်မှာ ပီဖန်းကို မယှဉ်နိုင် သေးပဲ အားနည်းနေတယ်။ ပီဖန်းသာ ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင် အဆင်ပြေပင်မယ့် ပင်းယန် အန္တရာယ် ကြုံချိန်မှာ မကာကွယ်ပဲ ထွက်ပြေးခဲ့ရင်၊ သူပါ ပူးပေါင်းပြီး ရန်ပြုမယ် ဆိုရင် ပင်းယန် အတွက် အသက်အန္တရာယ် ရှိတယ်။

ရက်စက်ရာ ရောက်ပေမယ့် ပင်းယန် အတွက် ဒါကို လုပ်ခဲ့ရပါတယ်။

“ဟဟား။ ငါ့စီးတော်ယာဉ်က နတ်သားရဲကောင်ပဲ။ အခုချိန်က စပြီး နင့်နာမည်က ရှောင်ဖန်းပဲ။ တောက်ပတဲ့ ဖန်း။” ပင်းယန် အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။

“ရှောင်ဖန်း။” ဖန်ကျန်းရှီကတော့ မအီမလည် ဖြစ်သွားခဲ့တယ်။

“..” ပီဖန်းကတော့ ကျိန်ဆဲ ချင်ပေမယ့် ဘာမှ မပြောဝံ့ခဲ့ဘူး။ သူမလို ရှေးဟောင်း နတ်သားရဲကောင်ကို ရှောင်ဖန်းလို့ ဘယ်လိုများ ခေါ်ဝံ့တာလဲ။ သတ်လို့ ရတယ် အစော်ကား ခံလို့ မရဘူး။

ဒါပေမယ့် သူမ မသချေင်တဲ့ အတွက် လက်ရှိ အခြေအနေမှာတော့ စကား နားထောင်ရင် နတ်ဘုရား အရင်းအမြစ်မှာ သူရှာဖွေလို့ ရနိုင်တယ်။

သူ့မှာ ရွေးချယ်စရာ ထပ်မရှိဘူး။

“မမယန်လေး။ ရှောင်ဖန်းကို လွှတ်လိုက်တော့။” ပင်းယန်က ပီဖန်းပေါ်ကို ခုန်တက်ရင်း ခေါင်းကို ပုတ်တယ်။ “နူးညံ့လိုက်တဲ့ အမွှေးတွေ။”

“ကျေးဇူးတင်ပါတယ် သခင်။”

တခြား နတ်သားရဲကောင် တွေကတော့ ဖန်ကျန်းရှီတို့ အုပ်စုရဲ့ စွမ်းအားနဲ့ ပီဖန်း မြန်မြန် ဆန်ဆန် လက်လျော့သွားတာကို ကြည့်ရင်း အမူအယာ အမျိုးမျိုး ပြောင်းနေခဲ့တယ်။ အသိသာဆုံးနဲ့ အများပြားဆုံး ခံစားချက်ကတော့ ဒေါသပဲ။

အရမ်းကို ဒေါသထွက်တယ်။

“ဝေါင်း။”

“ဝူး။”

သားရဲကောင် ဟိန်းသံတွေက တောင်တွေကိုတောင် တုန်ခါ သွားစေခဲ့တယ်။

အပိုင်း (၁၀၇၃) ပြီး၏။

အပိုင်း (၁၀၇၄)

“ငါ့ကို အဖော်ပြုနေတဲ့ ထက်မြက်မှု။”

…

ကျူးယန်နဲ့ ပိုင်ကျဲ့က တစ်ခဏ အတွင်းမှာပဲ သေဆုံး သွားခဲ့ပြီ ဖြစ်တဲ့ အပြင် သူတို့ရဲ့ မိစ္ဆာ ပုလဲတွေကို ဖန်ကျန်းရှီက မျိုချလိုက်တယ်။ ပီဖန်းက ပင်းယန်ရဲ့ စီးတော်ယာဉ် ဖြစ်သွားခဲ့ပြီ။

ဒီမယုံနိုင်စရာ အဖြစ်အပျက်တွေ အားလုံးက လန့်စရာ ကောင်းလွန်းပြီး ရုတ်တရက် ဖြစ်လွန်းတယ်။ ဘယ် နတ်သားရဲကောင်မှ ဒါကို သူတို့ မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ခဲ့ရရင် ယုံနိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့် သူတို့ ကိုယ်တိုင် မြင်ခဲ့ရတဲ့ အတွက် သူတို့တွေ ပိုပြီးတော့ ဒေါသ ထွက်လာကြ ပါတော့တယ်။ ရန်သူတွေရဲ့ ရက်စက်မှုကို ရှင်းရှင်းလင်းလင်း နားလည်တဲ့ အတွက် သူတို့တွေ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ပိုင်ကျဲ့နဲ့ ကျူးယန်လို အဆုံးသတ် သွားနိုင်မှန်း သိကြတယ်။

သေမလား လူတွေရဲ့ ကျွန်ပြုတာကို ခံမလား။ ဘာကိုမှ သူတို့ မလိုချင်ကြဘူး။

နတ်သားရဲကောင်တွေ အကုန်လုံး ဒေါသတကြီးနဲ့ ဟိန်းဟောက်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ရှေ့ကို ထွက်မလာခဲ့ဘူး။ ဒါက အမှားတစ်ခုပဲ။ အားလုံးက အခုချိန်မှာ ညီညွတ်သင့်မှန်း သိပေမယ့် ဘယ်သူက ပူးပေါင်းမလဲ ဆိုတာ မသေချာခဲ့ဘူး။

“နတ်သခင်တို့ သိပ်ပြီး ဒေါသ ထွက်မနေကြပါနဲ့အုန်း။ ငါက မြေတပိုင်းကိုပဲ ယူတာပါ။ တခြား တစ်ပိုင်းမှာ ကိုယ့်ဘာကိုယ် နေလို့ ရပါတယ်။” ဖန်ကျန်းရှီက မြေပြင်ကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

နတ်သခင်တွေလဲ ချက်ခြင်း ဆိုသလို အောက်ကို ငုံ့ကြည့်မိတယ်။ ဒီမြေပြင်မှာ နတ်သားရဲကောင် တစ်ရာ နီးပါး ရှိနေခဲ့တယ်။ ဒါ့အပြင် နတ်ဆိုး စစ်သည်တော်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်း ၂၀၀ နီးပါး ရှိနေသေးတယ်။

ဖန်ကျန်းရှီ အပိုင်ယူထားတဲ့ ဘက်မှာတော့ နတ်သားရဲကောင် ၄၀နဲ့ နတ်ဆိုး ၁၀၀ ကျော် ရှိနေခဲ့တယ်။

“…”

ပတ်ဝန်းကျင် အခြေအနေက ငြိမ်သက်ပြီး ထူးဆန်း နေခဲ့တယ်။ တခြား တစ်ဖက်မှာ ရပ်နေသူတွေကတော့ ဒေါသထွက်ပေမယ့် အခုချိန်မှာ သူတို့တွေ ဆုံးဖြတ်ချက် ချဖို့ မလိုခဲ့ဘူး။ ဖန်ကျန်းရှီ ဘက်မှာ ရှိနေသူတွေသာ အမူအယာ ပြောင်းလဲ သွားခဲ့ကြတယ်။

အခုချိန်မှာ သူတို့သာ ထွက်သွားခဲ့ရင် လူသားတွေကို ကြောက်တယ်လို့ အထင်ခံရမှာပဲ။ နေရာ မရွေ့ရင်လဲ လူသားတွေနဲ့ တိုက်ခိုက်ရမယ်။

တိုက်ခိုက်ရမလား ထွက်သွားသင့်လား သူတို့တွေ စိတ်ကို မဆုံးဖြတ် နိုင်ခဲ့ကြဘူး။

“လူသားတွေ မင်းတို့ လွန်မလာနဲ့။” နောက်ဆုံးမှာ နတ်သားရဲကောင် တစ်ကောင် အော်ဟစ်လိုက်တယ်။

ဂျိုတစ်ချောင်း အမြီး ငါးချောင်း ပါပြီး ကျားသစ် အသွင် ဒီနတ်သားရဲကောင်က ခန္ဒာကိုယ်လဲ အတော်လေးကို တောင့်တင်း ကြံ့ခိုင်တယ်။

ရှေးဟောင်း သားရဲကောင် ကျန်း။ သူက မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ပေါက်ကွဲ နိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် သူ့ဂျိုက တိုက်ခိုက်နိုင်စွမ်း ကောင်းမွန်တယ်။

“ကြည့်ရတာ မင်းကတော့ သေချင် နေပုံပဲ။” ဖန်ကျန်းရှီက ပြောရင်း နှစ်လှမ်း တိုးလာခဲ့တယ်။ အဲ့ဒီ့နောက် ခြေရာမဲ့ဓားကို ကျန်းရဲ့ ခေါင်းဆီ ချိန်ရွယ်တယ်။

“..” ကျန်းရဲ့ အမူအယာ ပြောင်းသွားခဲ့ပြီ။ ရှေးဟောင်း နတ်သားရဲကောင် အနေနဲ့ ဒီလို ခြိမ်းခြောက် ခံရတာ ပထမဆုံး အကြိမ်ပဲ။

ခြေရာမဲ့ဓား သူ့ကို ချိန်ထားတာ မြင်မြင်ချင်း သူအရမ်းကို လန့်သွားခဲ့တယ်။

ဖန်ကျန်းရှီရဲ့ တိုက်ခိုက် သတ်ဖြတ် လိုစိတ်တွေကို သူခံစား မိတဲ့ အပြင် ဟာသ လုပ်နေတာ မဟုတ်ပဲ အချိန်မရွေး တိုက်ခိုက် လာနိုင်တာကို သူ သိနေခဲ့သေးတယ်။ ဒီ လူသားက တကယ့်ကို မောက်မာတာပဲ။

ကျန်း နည်းနည်း လန့်သွားခဲ့တယ်။ ဖန်ကျန်းရှီ၊ တခြား လူသားသုံးယောက်နဲ့ ပီဖန်းကို သူအနိုင်ယူ နိုင်ဖို့က မဖြစ်နိုင်ဘူး။ သူ့လို နတ်သားရဲကောင်က အခုချိန်မှာ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူးလေ။

“ငါတို့မှာ နတ်သခင် တစ်ရာကျော် ရှိနေတယ်။ အကယ်၍ မင်းတို့ နယ်မြေထဲမှာ အယောက် ၄၀ ပိုရှိရင်တောင် ငါတို့ကို အနိုင်ယူ နိုင်မယ်လို့ ငါတော့ မထင်ဘူး။” ကျန်းက သူ့ဝှက်ဖဲကို သုံးရင်း လောင်းကြေးထပ်လိုက်တယ်။

ပတ်ဝန်းကျင် နတ်သားရဲကောင်တွေက ဒီလူသားတွေရဲ့ ခြိမ်းခြောက်မှုကို ငြိမ်မခံဘူးလို့ သူလောင်းကြေးထပ်တယ်။ အခုချိန်မှာ အားလုံး ဒေါသ ထွက်နေတာကို သူသိတယ်။ အကယ်၍ သူတို့သာ တကယ် ဒေါသ ပေါက်ကွဲ လာမယ် ဆိုရင် ဖန်ကျန်းရှီတို့ အုပ်စု သေချာပေါက် သေရလိမ့်မယ်။

တကယ့်ကို သူခန့်မှန်း ထားတဲ့ အတိုင်း ဖြစ်လာခဲ့ပြီ။

ကျန်းရဲ့ စကား ဆုံးသွား ချိန်မှာပဲ နတ်သခင်တွေ အားလုံးက အော်ဟစ် ဟိန်းဟောက် ကြတော့တယ်။

“ဝေါင်း။”

“ငါတိုရဲ့ နတ်ဘုရား အရင်းအမြစ်ကို မင်းက ပိုင်းခြား ချင်တယ်ပေါ့။ အိပ်မက် မက်နေလိုက်။”

“မင်း သေချင်ရင် ငါတို့ကို လာတိုက်ခိုက်လေ။”

နတ်သားရဲကောင်တွေ အားလုံးက မဟာမိတ် ပြုလိုက်ပြီ။ ဒါကြောင့် ကျန်းရဲ့ နည်းဗျူဟာက အကောင်အထည် ပေါ်သွားခဲ့တယ်။

ရှေးဟောင်း သားရဲကောင် သုံးကောင်လဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေတယ်။

ချုံးချီက သစ်သီး တစ်လုံးကို ရပြီး သားဖြစ်တဲ့ အတွက် စွမ်းအား တိုးနေခဲ့ပြီ။ ထျောင်ဝူလဲ ဖန်ကျန်းရှီတို့ ထွက်လာချိန်မှာ သစ်သီး တစ်လုံးကို ရခဲ့တယ်။ ဟွမ်တွမ့်ကတော့ အခုချိန်ထိ ဆာလောင်နေဆဲပဲ။

တိုက်တိုက်ဆိုင်ဆိုင် ပဲ သူက ဓားအလင်းတန်းရဲ့ အပြင်ဘက်မှာ ရပ်နေခဲ့သူ ဖြစ်တဲ့ အတွက် အနားက ချုံးချီကို လှမ်းပြီး မျက်နှာရိပ် မျက်နှာကဲ ပြတယ်။ သူတိုက်ခိုက်သင့်လား ဆိုတာကို မေးမြန်းတယ်။

ချုံးချီကတော့ တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ခေါင်းခါလိုက်တယ်။ အဝေး တနေရာကို သူ့ဘယ်ဘက်ခြေထောက်နဲ့ ညွှန်ပြလိုက်တယ်။

ဟွမ်တွမ့် မျက်ဝန်းတွေက လင်းလက် သွားခဲ့ပြီ။ သူက ထူးခြား သားရဲကောင် တစ်ကောင် ဖြစ်နေတဲ့ အတွက် အရှိန်အဝါတွေကို ခံစားနိုင်စွမ်း မြင့်မားတယ်။

အဲ့ဒီ့ နေရာမှာ မွှေးပျံ့တဲ့ အနံ့တွေက ပြင်းထန်နေတယ်။ သစ်သီး တစ်လုံး သီးတော့မယ့် အချိန်မှာ သူက ဘာကြောင့်များ တိုက်ခိုက် နေရအုန်းမှာလဲ။

ဟွမ်တွမ့် နောက်ထပ် မဟိန်းဟောက်တော့ပဲ တိတ်တဆိတ် သစ်သီး အနားကို ရွေ့လျား သွားပြီးတော့ အလစ်သုတ်ဖို့ လုပ်နေတော့တယ်။

ဒါကို စစ်နတ် ၁၂ပါးလဲ မြင်ကြတယ်။ အထူးသဖြင့် ဟုန်ယို့လဲ သစ်သီး တစ်လုံးကို ရပြီး စွမ်းအား တိုးလာ ခဲ့တဲ့ အတွက် ဒီသစ်သီး အစွမ်းကို သူနားလည် ပြီးပြီ။ ဒါပေမယ့် သူက နတ်သားရဲကောင် မဟုတ်တဲ့ အရှိန်အဝါတွေကိုတော့ ကောင်းကောင်း မခံစား နိုင်ခဲ့ဘူး။ ဉာဏ်ကိုသာ သူအသုံးချတယ်။ ဘယ်သူ့ နောက်ကို လိုက်ရင် သစ်သီး ရမယ်မှန်း သူသိတယ်။

“ညီနောင်တို့ ဟွမ်တွမ့်က အဲ့ဒီ့ဘက်ကို သွားနေပြီ။” စစ်နတ်ဘုရား တစ်ယောက်က အရင်ဆုံး ပြောတယ်။

“ငါတို့ သွားကြမယ်။” ဟုန်ယို့ ခေါင်းငြိမ့်တယ်။ ခပ်ရှင်ရှင်း ပြောရရင် သူအစောပိုင်းတုန်းက ရခဲ့တဲ့ သစ်သီးကလဲ သားရဲကောင် သုံးကောင်နောက်ကို လိုက်ပြီး စွန့်စားခဲ့လို့ ရခဲ့တာပဲ။

စစ်နတ် ၁၂ပါးက ပူးပေါင်းပြီး ထျောင်ဝူနဲ့ ဟွမ်တွမ့်ကို တိုက်ခိုက်ခဲ့တယ်။ ဟုန်ယို့က ဟွမ်တွမ့်ကို ခပ်ပြင်းပြင်း ထိုးကြိတ်ပြီး သူ့ဆီကနေ သစ်သီးကို ရယူခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ နောက်သစ်သီး တစ်လုံးကိုတော့ ထျောင်ဝူက မျိုချ သွားခဲ့တယ်။

ထျောင်ဝူက သူ့သင်ခန်းစာကို ကောင်းကောင်း အသုံးချပြီး လှည့်ကွက်တွေနဲ့ ကစားခဲ့တယ်။ ဖန်ကျန်းရှီနဲ့ တခြားသူတွေ ကျမ်းကောင်းကင် တောင်အောက်ကို ကျသွားချိန်မှာ ဒါတွေ ဖြစ်ခဲ့တဲ့ အတွက် သူတို့ကတော့ ဒါကို မသိခဲ့ဘူး။

ဒါ့အပြင် သားရဲကောင် သုံးကောင်နဲ့ စစ်နတ်တွေရဲ့ ဆက်ဆံရေးကလဲ တင်းမာတယ်။

“ဟွမ်တွမ့် အခုချိန် ဘာလှည့်ကွက် သုံးမလဲ မသိဘူး။”

“ဘာပဲ ဖြစ်ဖြစ် ဟွမ်တွမ့်က သစ်သီး ပေါ်လာရင် အကြာကြီး စောင့်နိုင်မှာ မဟုတ်ဘူး။ သစ်သီးကို ငါတို့ အရယူရမယ်။” ဟုန်ယို့ တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြောလိုက်တယ်။

နတ်ဘုရား အရင်းအမြစ်ရဲ့ ထူးခြားချက်ကို သစ်သီး တစ်လုံး စားပြီးတည်းက သူနားလည် သွားခဲ့ပြီ။ ဒါတွေက အခွင့်အရေးကောင်းတွေ ဖြစ်ပေမယ့် အထိန်းအကွပ် မရှိ စားလို့ မဖြစ်မှန်းလဲ သူသိတယ်။

တစ်ခဏတာ စဉ်းစားပြီးတဲ့နောက် သူ့အတွေးတွေကလဲ ပိုပြီး ရှင်းလင်းလာတယ်။ တစ်ချို့ အားဆေးတွေက စားတဲ့ အချိန်မှာ အင်အားကို တိုးတက် စေနိုင်ပေမယ့် အထိန်းအကွပ်မရှိပဲ စားသုံးရင် ပေါက်ကွဲ ထွက်စေနိုင်တယ်။ ဟုန်ယို့ ဒါကို နားလည်တယ်။

ဒါ့အပြင် ရွှမ်ယွမ်ဝူနဲ့ ဧကရီ ပိုင်ကျစ်လဲ ဒီကိစ္စကို နားလည်တဲ့ အတွက် နောက်ထပ် သစ်သီးတွေကို မလုကြတော့တာမှန်း သူပြောနိုင်တယ်။ သူတို့ မထွက်ခွာ သေးတဲ့ အကြောင်းအရင်းကတော့ ရိုးရှင်းလှတယ်။

နတ်ဘုရား အရင်းအမြစ်က အခွင့်အလမ်းတွေကို ဖြစ်စေနိုင်တဲ့ နယ်မြေကြီး တစ်ခုပဲ။ သစ်သီးတင် မကပဲ နောက်ထပ် အခွင့်အရေး ကောင်းတွေလဲ တည်ရှိ နေနိုင်တယ်။

ရွှမ်ယွမ်ဝူက ဝူယွဲ့အာနဲ့ တခြားသူတွေကို ကာကွယ်ဖို့ သဘောတူခဲ့တာ ဒါတွေကြောင့်ပဲ။

သစ်သီးတင် မကပဲ နောက်ထပ် တန်ဖိုးကြီးတဲ့ အရာတွေ တောင်ခြေမှာ ထပ်ရှိ နေနိုင်သေးတယ်။ ကျမ်းကောင်းကင် တောင်ခြေမှာ သစ်သီးတွေ မရှိမှန်းကိုတော့ ရွှမ်ယွမ်ဝူ သိတယ်။ အကယ်၍ သစ်သီးသာ ရှိခဲ့မယ် ဆိုရင် ဖန်ကျန်းရှီက အားသုံးပြီး နယ်မြေ တစ်ဝက်ကို ခွဲယူ နေမှာ မဟုတ်ဘူး။

…

လူတစ်ယောက်က သစ်သီး တစ်လုံးပဲ စားသင့်တာကိုလဲ ဖန်ကျန်းရှီ မသိသလို ရွှမ်ယွမ်ဝူရဲ့ စိတ်ကိုလဲ နားမလည်ခဲ့ဘူး။ သူ့စိတ်က ရိုးရှင်းတယ်။ မြေကို တစ်ဝက်ခွဲမယ်။ မဖြစ်နိုင်ရင် သုံးပုံ တစ်ပုံ ခွဲမယ်။ ဒါကိုမှ မရသေးရင်လဲ လေးပုံ တစ်ပုံပဲ ယူမယ်။ ဒါက ဈေးကွက် စီးပွားရေး တစ်ခုလိုပဲ။

ဓားပြတိုက်သလို ဈေးဆစ်ရမယ်။ ပထမဆုံး ဈေးကို တစ်ဝက်တိတိ စစ်ချရမယ်။ တစ်ခုခု ဖြစ်လာခဲ့ရင်လဲ သူတို့ရဲ့ အစွမ်းနဲ့ ထွက်ပြေးဖို့က အလွယ်လေးပဲ။

“အရှက်မရှိတဲ့ ကောင်စုတ် နင် အုပ်လိုက်ကြီးကို ရန်စ မိပုံပဲ။” ပင်းယန်က ဖန်ကျန်းရှီ အနားကို ကပ်လာရင်း ခပ်တိုးတိုး ပြောတယ်။

“ငါလဲ အဲ့လို ထင်တာပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဒီလောက် အများကြီးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှာလား။” ပင်းယန်က ယုံကြည်ချက် ရှိပေမယ့် ကျူးယန်နဲ့ တိုက်ခိုက် ပြီးတဲ့နောက် ရာချီတဲ့ နတ်သားရဲကောင်တွေကို တိုက်ခိုက်တာက ရူးမိုက်ရာ ကျလွန်းတယ်လို့ သူမ ခံစားမိတယ်။

“ငါက ငတုံးမှ မဟုတ်တာ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။ ဖန်ကျန်းရှီနဲ့ ပင်းယန်က နတ်သခင်တွေကို အနိုင်ယူနိုင်တာ ကိစ္စ မရှိပေမယ့် တခြား တစ်ဖက် ကြားလူတွေက အကျိုးအမြတ် ပိုရနိုင်တယ်။ အခုချိန်မှာ ရှေးဟောင်း သားရဲကောင် သုံးကောင်နဲ့ စစ်နတ်တွေက လုံးဝကို မတိုက်ခိုက် သေးဘူး။

ဒီနတ်သားရဲကောင်တွေနဲ့သာ သူတိုက်ခိုက်ရင် ရလဒ်က ရှင်းလင်း သွားလိမ့်မယ်။

“ငါတို့တွေ အခု ဘာလုပ်ကြမလဲ။ ရှေ့ထွက်လာတဲ့ ကောင်ကို အရင်ရိုက်ကြမလား။” ပင်းယန်က ဒေါသ ထွက်နေတဲ့ သားရဲကောင်တွေကို ကြည့်ရင်း ပြောလိုက်တယ်။

ပီဖန်းကတော့ ဒါကို ကြားချိန်မှာ အတော်လေးကို စိတ်ရှုပ် သွားခဲ့တယ်။ သူက ထွက်လာခဲ့မိလို့ အရိုက်ခံ ခဲ့ရတဲ့ သူပဲ။

(သခင်။ ငါက နင့်စီးတော်ယာဉ် ဖြစ်နေပြီ။ အနာကို ဆားမပက်လို့ မရဘူးလား။)

“ငါတိုကတွေ ဒီအတိုင်းသာ ဆက်ရိုက် နေမယ်ဆိုရင် ပြဿနာက ပိုကြီး လာလိမ့်မယ်။” အရင် ထွက်လာသူကို ရိုက်တာက ကောင်းပေမယ့် ဆက်တိုက် ရိုက်နှက် နေမယ်ဆိုရင် ပြဿနာ တက်နိုင်မှန်း ဖန်ကျန်းရှီ သိတယ်။

အခုချိန်မှာ သူတို့တွေက တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ရှိနေကြပြီးသား ဖြစ်တဲ့ အတွက် နောက်ထပ် ဆက်လုပ်ရမယ့် ကိစ္စကို စဉ်းစားဖို့ လိုလာပြီ။ ချီကူယန်နဲ့ ရန်ရွှယ်လဲ သူ့အနားကို ကပ်လာခဲ့တယ်။ ဒါပေမယ့် ပင်းယန်လို မေးခွန်း မထုတ်ခဲ့ဘူး။

“မမယန်လေး အကြံသစ် ရှိလား။” ပင်းယန်က ချီကူယန်ကို ငယ်ငယ်လေး တည်းက ယုံကြည်တဲ့ အတွက် ချီကူယန်ကို မြင်မြင်ချင်း အရင်မေးတယ်။

“သူ့ဘာသူ စဉ်းစားပါစေ။” ချီကူယန် ခေါင်းခါလိုက်တယ်။

“ဒါပေမယ့်။”

ပင်းယန်ကတော့ စကားပြော နေတဲ့ အတွက် ဖန်ကျန်းရှီ လှုပ်ရှား သွားတာတာတောင် မသိလိုက်ဘူး။ ဖန်ကျန်းရှီက နောက်ကို တဖြည်းဖြည်း ဆုတ်သွားရင်း ကျန်းရဲ့ ရှေ့ကို ရောက်နေခဲ့ပြီ။

ပင်းယန်လဲ တစ်ခုခု လွဲနေတာကို သတိထားမိသွားတယ်။ ဒီကောင်စုတ်မှာ တခြား အကြံ ရှိနေတာ ဖြစ်နိုင်မလား။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ဘယ်ဘက်လက်ကို ဆန့်ထုတ်ရင်း လက်ခလယ် ထောင်ပြတာကို မြင်လိုက် ရတော့တယ်။

ကျန်းကတော့ ဒေါသ ထွက်လွန်းလို့ အသက်ရှူသံတွေတောင် ပြင်းနေခဲပြီ။

“လူသား မင်း ကိုယ့်သေတွင်း ကိုယ်တူး နေတာလား။။” ကျန်းက အရမ်းကို ဒေါသထွက်နေတဲ့ အကြည့်နဲ့ ကြည့်နေပင်မယ့် အခုချိန်မှာ အလောတကြီး ထွက်ပြီး တိုက်ခိုက်ရင် ဖြစ်လာမယ့် ကိစ္စကို မိုးနတ်မင်းသာ သိနိုင်မယ့် အကြောင်း နားလည်နေခဲ့တယ်။

“သေတွင်း တူးမိလား မတူးမိလားတော့ ငါမသိဘူး။ ဒါပေမယ့် မင်း ငါ့နယ်မြေထဲက မထွက်ချင်ရင်း မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိမယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဘာတွေလဲ။”

“အရမ်းကို ရိုးရှင်းပါတယ်။ ပထမ တစ်ခုကတော့ တိုက်ခိုက်ဖို့ပဲ။ ဒါပေမယ့် ဒီကိစ္စက နှစ်ဖက်စလုံး အတွက် အဆုံးအရှုံးများတယ်။ မကောင်းတဲ့ အကြံ အစည်နဲ့ သူတွေ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချ သွားလိမ့်မယ်။”

ကျန်းကတော့ ပါးစပ်ပိတ် သွားတော့တယ်။ ဖန်ကျန်းရှီ အမှန်ကို ပြောနေမှန်း သူသိတယ်။ နတ်သားရဲကောင်တွေက သူ့ကို အထောက်အပံ့ ပေးမယ့် ပုံစံ ရှိနေခဲ့ပေမယ့်၊ သူတို့ထဲမှာ ဘယ်သူကများ အမှန်တကယ် အစွမ်းကုန် တိုက်ခိုက် ကြမှာလဲ။

နတ်ဘုရား အရင်းအမြစ် မြေမှာ အခွင့်အရေးက အချိန်မရွေး ပေါ်လာနိုင်တယ်။ အရူးမဟုတ် သရွေ့တော့ အားလုံးက ကိုယ့် အကျိုးအမြတ် အတွက်သာ လှုပ်ရှားကြမှာပဲ။

အကယ်၍ ဖန်ကျန်းရှီသာ အတင့်ရဲလွန်းပြီး မြေတဝက်ကို လိုချင် ခဲ့တာကြောင့် မဟုတ်ရင် နတ်သားရဲကောင်တွေက သူ့ကို တိုက်ခိုက်ဖို့ စိတ်ကူးတောင် ရှိမှာ မဟုတ်ဘူး။

“ဒုတိယ ရွေးချယ်စရာက ဘာလဲ။”

“ညှိနှိုင်းကြမယ်။ မင်းက နတ်သားရဲကောင်တွေကို ကိုယ်စား ပြုနေတဲ့သူ ဆိုတော့ ငါနဲ့ လာပြီး ညှိနှိုင်း။ စိတ်ချပါ။ ငါမင်းကို ညှိနှိုင်းနေတဲ့ အချိန်အတွင်း မသတ်ဘူး။ နတ်သားရဲကောင်တွေ အများကြီး ကြည့်နေတာကို ငါ့လို လူကြီးလူကောင်းက ဘယ်လိုလုပ် လှည့်ဖြားတာမျိုး လုပ်မလဲ။”

“ငါတို့တွေ ဒီမှာ ပြောလို့ မရဘူးလား။” ကျန်းက အတော့်ကို စိတ်ရှု့ပ်ထွေး နေခဲ့တယ်။

“တိုးတိုးတိတ်တိတ် ဆွေးနွေးရမယ့် ကိစ္စလေးတွေ ရှိတယ်။ ငါပြောချင်တာကို မင်းနားလည်တယ် မလား။”

“ဟန့်။ ငါမင်း လှည့်ကွက်ထဲ မရောက်စေရဘူး။ ဒီအတိုင်းပဲ ဆွေးနွေးမယ်။” ကျန်းက ခေါင်းခါတယ်။

(“မင်းက မင်းကိုယ်မင်း ဒီလောက်တောင် ရှင်းရှင်းလင်းလင်း ပြနေမှတော့ ငါက ဘာလို့ သီးသန့် ဆွေးနွေး ရမှာလဲ။”)

ဒီမှာ ရှိတဲ့ နတ်သားရဲကောင်တွေ အားလုံးက အရူးမဟုတ်ဘူး။

“မင်းက မပြောချင်ဘူးပေါ့။ ဆိုးလိုက်တာ။ ဒါဆိုရင် ငါတို့ စောင့်ကြမယ်။” ဖန်ကျန်းရှီ အဝေးကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

“ကြည့်လိုက်စမ်း။ အဲ့ဒီ့မှာတော့ သူတို့က အခွင့်အရေး အတွက် တိုက်ခိုက် ကြတော့မယ်။”

“ဘာဖြစ်တယ်။”

ကျန်းနဲ့ တခြား နတ်သားရဲကောင်တွေ အားလုံး နောက်ကို လှည့်ကြည့်မိတယ်။ အဲ့ဒီ့ နေရာမှာ အလင်းတန်းကြီး တစ်ခု ရှိနေခဲ့ပါတယ်။

သစ်သီး ပေါ်လာတော့မယ်။

“အကောင်းဆုံး နည်းလမ်းကတော့ ဆွေးနွေးဖို့ပဲ။ နှောင့်နှေးနေရင် နှစ်ဖက်စလလုံး အထိနာ လိမ့်မယ်။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဒါဆိုရင် မင်း ငါ့ဘက်ကို ဘာလို့ မလာတာလဲ။” ကျန်းက စဉ်းစားရင် းမေးတယ်။

“မင်းဘက်မှာ သားရဲကောင်တွေက အများကြီးပဲ။ သားရဲကောင်တွေ အားလုံးကို ငါဘယ်လို ခုခံနိုင်မှာလဲ။ မင်းကတော့ မတူဘူး။ မင်းရဲ့ အစွမ်းအစရယ် ထောက်ပံ့နေတဲ့ သားရဲကောင်တွေရယ် ပေါင်းလိုက်ရင် မင်းမှာ ဘာများ ကြောက်စရာ ရှိနေမှာလဲ။”

“ကောင်းပြီ။ မင်ပြောတာကို ဒီတစ်ခေါက်တော့ ငါယုံလိုက်မယ်။” ကျန်း နောက်ဆုံးမှာတော့ သဘောတူ လိုက်ပါတော့တယ်။

အပိုင်း (၁၀၇၄) ပြီး၏။

အပိုင်း (၁၀၇၅)

“မင်းက အကောက်ကျစ်ဆုံးပဲ။”

…

ဖန်ကျန်းရှီ ပြောခဲ့သလိုပဲ ကျန်းက သူ့အရှိန်နှုန်းကို ယုံကြည်ချက် အပြည့်ရှိတယ်။ ဒါ့အပြင် သူ့နောက်ဘက်မှာ ရာချီတဲ့ နတ်သားရဲကောင်တွေလဲ ရှိနေသေးတယ်။ အခုချိန်မှာ ဖန်ကျန်းရှီကသာ သူ့ကို တိုက်ခိုက်မယ် ဆိုရင် နတ်သခင်တွေက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ အားလုံး ဝိုင်းအုံလာပြီး ဖန်ကျန်းရှီတို့ အုပ်စုကို သတ်ဖြတ် ကြမှာပဲ။

ဒီလို အထောက်အပံ့ တွေကြောင့် ကျန်းက ဖန်ကျန်းရှီ ရှေ့ကို ခုန်ပျံ သွားခဲ့တယ်။ လျှပ်စီးတန်း တစ်ခုလိုမျိုး ဖန်ကျန်းရှီရှေ့ကို ရောက်သွားခဲ့ပြီ။ ဒါက သူ့စွမ်းရည်ကို ထုတ်ဖော် ပြသမှု တစ်ခုပဲ။ သူ့ရဲ့ အရှိန်နှုန်း မြန်ဆန်မှုကို ဖန်ကျန်းရှီ သိအောင် ပြချင်တယ်။ ဖန်ကျန်းရှီ သူ့ကို တိုက်ခိုက်ချင်ရင် ရလဒ်ကို သူသိစေရမယ်။

“ကောင်းပြီ။ ဘယ်လို အပေးအယူ လုပ်မလဲ။” ကျန်းက ဖန်ကျန်းရှီနဲ့ ငါးပေ အကွာမှာ ရပ်တန့်ရင်း သတိကြီးကြီးနဲ့ မေးလိုက်တယ်။

“ရိုးရိုးလေးပါပဲ။ ငါ အမှတ်အသား လုပ်ထားတဲ့ နေရာ အပြင်ကို ထွက်သွား။ မင်းတို့ထဲက ဘယ်သူ့ကိုမှ မသတ်ဘူး။” ဖန်ကျန်းရှီက အရမ်းကို အေးဆေး တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်တယ်။

ဒါပေမယ့် ကျန်းကတော့ မျက်လုံး အပြူးသား ဖြစ်သွား ခဲ့ရပါတယ်။ နယ်မြေကနေ ထွက်သွားခိုင်းတာက ဘယ်လိုများ ညှိနှိုင်းမှု ဖြစ်မှာလဲ။ အကယ်၍ နတ်သားရဲကောင်တွေသာ ဒီနေရာကနေ ထွက်သွားဖို့ သဘောတူ လိုက်မယ် ဆိုရင် သူတို့တွေက ဘာများ ညှိနှိုင်းစရာ လိုနေ အုန်းမှာလဲ။

“လူသား မင်း ငါ့ကို လာနောက် နေတာလား။” ကျန်းက ဒေါသတကြီးနဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ပြောတယ်။ အခုချိန်မှာ သူ့ဒေါသကို ခက်ခက်ခဲခဲ ထိန်းထား နေရတယ်။

“မဟုတ်ဘူး။ ငါ့ကမ်းလှမ်းချက်က နယ်မြေ တစ်ဝက်ကို ယူဖို့ပဲ။ မင်းလဲ ကမ်းလှမ်းချက် ရှိရင် ပြောလို့ ရတယ်။ ညှိနှိုင်းမှု ဆိုမှတော့ ၂ဖက်စလုံး ပါသင့်တာပေါ့။” ဖန်ကျန်းရှီ ပြုံးပြတယ်။

“ဟမ့်။ မင်းက မြေတဝက်ကို လိုချင်တယ်ပေါ့ မဖြစ်နိုင်တာပဲ။ နောက်ထပ် ဆွေးနွေးစရာ မရှိတော့ဘူး။ ငါတို့ စွမ်းရည်နဲ့ပဲ ဖြေရှင်းကြစို့။” ဖန်ကျန်းရှီနဲ့ စကား ပြောနေချိန် မှာပဲ နောက်ထပ် မွှေးပျံ့တဲ့ အနံ့တွေ ပျံ့လွင့်လာတာကို ကျန်း သတိထားမိ သွားခဲ့တယ်။

မကြာခင် သစ်သီး ပေါ်လာ တော့မှာကို သူခန့်မှန်း နိုင်နေပြီ။

“ကောင်းပြီ။ မင်း ပြောသလိုပဲ။ ငါတို့ မင်းနောက်ကို လိုက်မယ်။” ဖန်ကျန်းရှီက ဒီအတိုင်းသာ ကြည့်နေခဲ့တယ်။

“မင်း။” ကျန်းက နောက်ဆုံးမှာတော့ ဖန်ကျန်းရှီရဲ့ စိတ်ကို နားလည် သွားခဲ့ပြီ။ ဖန်ကျန်းရှီက ကျန်း အနောက်ကို လိုက်ချင်တယ်။ ဒါက လုံးဝကို ခြိမ်းခြောက်မှုကြီး တစ်ခုပဲ။ သူ့ရဲ့ ပြစ်မှတ်ကလဲ ထင်ရှားတယ်။ ဖန်ကျန်းရှီတို့ အုပ်စုက သူ့နောက်မှာ လိုက်လာမယ် ဆိုရင် ဘယ်လိုများ ဆက်လုပ် ရမှာလဲ။

ဒီဓားပြ တသိုက်နဲ့ သူ့အနားမှာ ကပ်နေမယ် ဆိုရင် ပန်းပွင့် တဖတ်ကိုတောင် သူယူနိုင်ဖို့ မလွယ်ဘူး။

“ဒီတော့ ငါတို့တွေ ညှိနှိုင်း ကြတော့မလား။” ဖန်ကျန်းရှီရဲ့ အပြုံးက ပိုပြီးတော့တောင် တောက်ပ လာခဲ့ပြီ။

“မင်း တကယ်ပဲ ဘာကို လိုချင်တာလဲ။ နယ်မြေ တဝက်ပေးဖို့က မဖြစ်နိုင်ဘူး။ ငါလဲ ဒါကို ဆုံးဖြတ်ချက် မချပေးနိုင်ဘူး။ ငါက ထွက်သွားဖို့ စိတ်ကူး ရှိရင်တောင် တခြား နတ်သားရဲကောင်တွေကတော့ ထွက်သွားမှာ မဟုတ်ဘူး။” ကျန်းက ဒေါသတကြီးနဲ့ ပြောတယ်။

“ဒါဆိုရင် မင်း ဆုံးဖြတ်ချက် ချနိုင်မယ့် ကိစ္စကို ပြောရအောင်။”

“ဘာဖြစ်တယ်။”

မမြင်ရတဲ့ ကာဆီးမှု တစ်ခုက ကျန်းနဲ့ ဖန်ကျန်းရှီတို့ အုပ်စုကို ကာဆီးလိုက်တယ်။ ကျန်းကတော့ ချက်ခြင်း မျက်နှာပျက် သွားပြီး ထွက်ပြေးဖို့ လုပ်တော့တယ်။

“စိတ်ချပါ။ ဒါက အသံကာတဲ့ အကာအရံ သက်သက်ပဲ။ ငါက လူကြီး လူကောင်းပါလို့ မင်းကို ပြောထားပြီးသား။” ဖန်ကျန်းရှီ လက်တစ်ဖက်ကို လက်ဟန်ပြရင်း စိတ်မပူဖို့ ပြောလိုက်တယ်။

“အသံကာတဲ့ အကာအရံလား။” ကျန်းလဲ အကာအရံကို လက်နဲ့ ထိကြည့်တယ်။ ဖောက်ထွက် နိုင်တာကို မြင်တော့မှ သူစိတ်အေး သွားတယ်။

“ကောင်းပြီ။ အခုတော့ သေချာ ဆွေးနွေးရအောင်။ နယ်မြေ တစ်ဝက်ကို ငါတို့ လက်ထဲ ရောက်လာဖို့ မင်း ဘယ်လို နားချ ပေးနိုင်မလဲ။”

“မဖြစ်နိုင်ဘူး။” ကျန်းက ချက်ခြင်း ပြန်ဖြေတယ်။

“ဒီလောက် မြန်မြန်ကြီး မငြင်းပါနဲ့အုန်း။ ငါ ပြောတာကိုသာ သဘောတူလိုက်ရင် သစ်သီး တစ်လုံး ရဖို့ ကူညီပေးမယ်။ ဘယ်လိုလဲ။”

“ငါ့ကို လှည့်စားချင်တာလား။ ငါကတော့ မင်းကို မယုံဘူး။”

“ယုံတာ မယုံတာက မင်းအပိုင်း။ ငါနဲ့ မဆိုင်ဘူး။ အခု သစ်သီးက ပေါ်လာတော့မယ်။ မင်း ဒီအခွင့်အရေးကို လက်လွှတ်မှာလား။”

“ဒါက။” ကျန်း တွေေ၀ သွားပါတော့တယ်။

သူ့အစွမ်းအစကို သူသိတယ်။ သူက နတ်သားရဲကောင်တွေ ကြားမှာ အရမ်းကြီး ထူးချွန်တဲ့ သူတော့ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် သားရဲကောင် သုံးကောင်လောက်လဲ အင်အား မကြီးသလို စစ်နတ်တွေ လောက်လဲ အစွမ်း မထက်ဘူး။ ကံကောင်းမှသာ သစ်သီးကို ရနိုင်လိမ့်မယ်။

ဒါပေမယ့် ဖန်ကျန်းရှီတို့သာ သူ့ကို ကူညီမယ် ဆိုရင်တော့ ရလဒ်က လုံးဝကို ကွာခြား သွားလိမ့်မယ်။ ဖန်ကျန်းရှီတို့ရဲ့ အစွမ်းကို သူကောင်းကောင်း သိပြီး နေပြီ။

ကျူးယန်နဲ့ ပိုင်ကျဲ့ကို သတ်လိုက် နိုင်တဲ့ အပြင် ပီဖန်းကိုတောင် ယဉ်ပါးအောင် လုပ်နိုင် သေးတယ်။ သူတို့က သေချာပေါက် ရှေးဟောင်း သားရဲကောင်တွေ စစ်နတ်တွေနဲ့ တိုက်ခိုက် နိုင်မှာပဲ။

သူကံကောင်းတော့မှာလား။ ကျန်းမယုံနိုင်ဘူး။ ဒီနှစ်ဖက် ပူးပေါင်းမှုမှာ အညှီအဟောက် ဆန်ဆန် ကိစ္စတွေ ပါနေမယ်မှန်း သူသိတယ်။ နှစ်ဖက် အကျိုး မရှိရင် သူတို့က ဘာမှ လုပ်မှာ မဟုတ်ဘူး။

“ဟမ့်။ ငါမင်းကို မယုံဘူး။ ငါတို့တွေက ဘုံအကျိုးအမြတ်မှ မရှိတာ ငါက မင်းကို ဘာဖြစ်လို့ ယုံရမှာလဲ။” ကျန်းက အေးစက်စက် ပြောလိုက်တယ်။

“ငါတို့မှာ ဘုံအကျိုးအမြတ် ရှိပါတယ်။ ဒါပေမယ့် ကိစ္စကတော့ မင်း ငါနဲ့ အတူတူ အလုပ်တွဲလုပ် မလုပ် အပေါ် မူတည်တယ်။” ဖန်ကျန်းရှီကတော့ မအံ့သြ ခဲ့ဘူး။”

“ဘာ ဘုံ အကျိုးအမြတ်လဲ။”

“ငါတို့ မင်းကို သစ်သီး ပေးမယ်။ ငါတို့ကို နယ်မြေ တစ်ဝက် ရအောင် လုပ်ပေး။ ဒါက အကျိုး အမြတ်ပဲလေ။”

“ဟဟား။” ကျန်းက ရယ်မောလိုက်တယ်။ “ဖန်ကျန်းရှီ နတ်သားရဲကောင်တွေက ငါ့စကားကို နားထောင်မယ် ထင်နေတယ်ပေါ့။ မင်းက တုံးအ လွန်းတာပဲ။”

“ဒါဆိုရင် သူတို့က နားမထောင် ကြဘူးလား။” ဖန်ကျန်းရှီ တအံ့တသြ ပြန်မေးတယ်။

“ပေါက်ကရတွေ။” ကျန်း ပြန်အော်တယ်။

“ဒါဆိုရင် ငါတို့မှာ နည်းလမ်း တစ်ခုပဲ ရှိတော့မယ်။”

“ဘာလဲ။”

“မင်းကို သစ်သီး ရအောင် ငါတို့ လုပ်ပေးမယ်။ မင်း အင်အား တိုးလာတာနဲ့ ငါတို့တွေ အတူတူ ထိန်းချုပ်လို့ ရမယ်။ နတ်သားရဲကောင်တွေလဲ မင်း စကားကို နားထောင်လိမ့်မယ်။”

“ဟမ်။” ကျန်းရဲ့ အမူအယာက လုံးဝကို ပြောင်းလဲ သွားတော့တယ်။ ဒီအပေးအယူက မိုးကောင်းကင် ပေးတဲ့ အခွင့်အရေး နီးနီးကို ကောင်းနေတယ်။ သစ်သီး အရင် ရအောင် လုပ်ပေးမယ်တဲ့လား။

ကျန်းက အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။ ဒီအခွင့်အရေးက ကောင်းမွန် လွန်းတဲ့ အတွက် သူမငြင်းနိုင် ခဲ့ဘူး။ အခုချိန်မှာ အခွင့်အရေးက သူ့ရှေ့ကို ရောက်နေပြီ။ ဒါမျိုးကို အနာဂတ်မှာ ထပ်ရနိုင်ဖို့ မသေချာတော့ဘူး။

အရမ်းကို ဆင်းရဲတဲ့ လူတစ်ယောက် ရွှေတွင်းကြီးကို ရုတ်တရက် ရှာတွေ့ သွားသလိုပဲ။ တစ်ခုခု မှားနေတာကို သိပေမယ့် လောဘကိုတော့ မထိန်းနိုင်ဘူး။ ကျန်း စိတ်ထဲမှာ ဆက်တိုက် လွန်ဆွဲ နေခဲ့ရပါတယ်။

“မင်း ဒါကို လက်မခံ ချင်ရင်လဲ တိုက်ခိုက် ကြတာပေါ့။ ငါက နယ်မြေလေး တစ်ဝက်ပဲ လိုချင်တာပါ။ ဒါကို ကူညီပေးရင် ငါမင်းကို သစ်သီး ရအောင် လုပ်ပေမးယ်။” ဖန်ကျန်းရှီ စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြောလိုက်တယ်။

“ကောင်းပြီ။” ကျန်း ပြောလာခဲ့တယ်။

“အိုး။”

“အကယ်၍ မင်းသာ ငါ့ကို သစ်သီး ရအောင် ကူညီ ပေးခဲ့ရင် နယ်မြေ တဝက်ကို မင်း ရစေဖို့ ငါ ကူညီပေးမယ်။ အတိအကျ အာမ မခံနိုင်ပေမယ့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးမယ်။” ကျန်း အံကြိတ်လိုက်တယ်။ ဖန်ကျန်းရှီက သူ့ ကတိသူ ဖျက်မှာ စိုးရိမ်တဲ့ အတွက် သူဆက်ပြောတယ်။

“မင်း နားလည် ထားရမှာကတော့ နယ်မြေ တဝက်ကို မင်း ရပြီးရင် သစ်သီးတွေလဲ တစ်လုံး မက ထပ်ရနိုင် သေးတယ်။ ဒီတော့ မင်းက နောက်ဆုံးမှာ အကျိုးအမြတ် အများဆုံး ဖြစ်မှာပဲ။”

“ဟဟား။ ဒါပေါ့။ ဒါဆို အပေးအယူ ဖြစ်ပြီ။” ဖန်ကျန်းရှီ ရယ်မောလိုက် တော့တယ်။

“သဘောတူတယ်။” ကျန်း အတည်ပြုတယ်။

“သဘော တူပြီးပြီ ဆိုမှတော့ လေးစား သမှုလေး မင်း ပြသင့်တာပေါ့။” ဖန်ကျန်းရှီက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။

“ဘာလေးစားမှုလဲ။” ကျန်းက ရှေ့တိုးရင်း မေးချင်ပေမယ့် သူရပ်တန့် သွားခဲ့ပါတယ်။

အခုချိန်မှာ သတိထားဖို့က အရေးအကြီးဆုံးပဲ။ ဖန်ကျန်းရှီက အရမ်းကို ကောင်းကောင်း မွန်မွန် ပြောနေပင်မယ့် သူမယုံဘူး။

ကျန်းက သူ့ကို မယုံယုံတင် မကဘူး။ သစ်သီး ရပြီးတာနဲ့ သစ္စာဖောက်ဖို့ပါ တွေးထားခဲ့သေးတယ်။

“ငါတို့မှာ နယ်မြေကို တဝက် ရအောင် ယူနိုင်ဖို့ အစီအစဉ် ရှိရမယ်လေ။ မင်းမှာ အစီအစဉ် မရှိဘူးလား။” ဖန်ကျန်းရှီက သူ့လက်သူ ပြန်သိမ်းသွား ခဲ့တယ်။

“ငါ့မှာ သေချာပေါက် အစီအစဉ် ရှိတာပေါ့။” ကျန်း ချက်ခြင်း ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် နည်းနည်း ပြောပြ။”

“အင်း။” ကျန်းမှာ တကယ်တော့ အစီအစဉ် မရှိတဲ့ အတွက် အတုသာ လုပ်လိုက် ရတယ်။ “ငါ သိပြီ။ ငါက အရင်ဆုံး သူတို့နဲ့ အပေးအယူ လုပ်ဖို့ သွားမယ်။ နယ်မြေ တစ်ဝက်ရဲ့ တစ်ဝက်ကိုပဲ မင်း လိုချင်တယ်လို့ ငါပြောလိုက်မယ်။ ဒါကို သူတို့ လက်ခံနိုင်မယ် ထင်တာပဲ။”

“မင်း ပြောချင်တာက နယ်မြေ တဝက်အစား လေးပုံ တစ်ပုံပဲ ပေးမယ်လို့ ပြောချင်တာလား။”

“မလန့်နဲ့။ မင်း ပထမဆုံး သစ်သီးကို ကူယူပေးရင် ငါ လေးပုံ တစ်ပုံ ရအောင် လုပ်ပေးမယ်။ သစ်သီးကို ငါရတာနဲ့ မင်းကို ကူပြီး ခြောက်လှန့်ပေးမယ်။”

“မင်း ငါ့ကို လာလိမ် နေတာလား။”

“မဟုတ်ဘူး။” ကျန်းက သူ့ရင်ဘတ်သူ ရိုက်ရင်း ပြောလိုက်တယ်။

“ဒါဆိုရင် ငါ့ကို တစ်ခု ပြောပြ။”

“ဘာကို ပြောရမှာလဲ။”

“သစ်သီးကို ရပြီးရင် ဘယ် နတ်သားရဲကောင်ကို မင်း အရင်ဆုံး တိုက်ခိုက်မလဲ။”

“ဒါက။” ကျန်းက ဒီမေးခွန်းကို နားမလည် ခဲ့ဘူး။ ကြီးမားတဲ့ နတ်သားရဲကောင် အုပ်စုကြီးကို အေးစက်စက် သူကြည့်လိုက်တယ်။

“ခွန်းပန်း။ ဒီကောင်က ရှေးဟောင်း သားရဲကောင် သုံးကောင်နဲ့ အင်အားခြင်း ယှဉ်လို့ ရတဲ့ အပြင် ပျံသန်းတာလဲ တော်တယ်။ သူ့ကို ဖမ်းဖို့ မလွယ်ဘူး။ သူတစ်ယောက်ပဲ ငါနဲ့ အရှိန် အတူတူ ပြေးနိုင်တယ်။ အကယ်၍ ငါသာ အလစ် ဝင်တိုက်ရင်တော့ နိုင်နိုင်ချေ ၉၀ ရာခိုင်နှုန်း ရှိတယ်။ ငါလဲ သူ့ကို သတ်နိုင်လောက်မယ်။”

“အင်း။ မဆိုးဘူး။ နောက်ပြီးရင် ဘယ်သူ့ကို သတ်မလဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“ဟယ့်ခန်းကို သတ်မယ်။ ဒီကောင်က အင်အားကြီးပြီး ခေါင်းမာတယ်။ သူသာ မသေရင် သူက သေချာပေါက် နယ်မြေ တဝက်ပေးဖို့ ငြင်းတဲ့ သူထဲမှာ ထိပ်ဆုံး ဖြစ်လိမ့်မယ်။ သူ့ကို သတ်ပြီးရင် တခြား နတ်သားရဲကောင်တွေလဲ ခုခံ ဝံ့တော့မှာ မဟုတ်ဘူး။”

“ကောင်းတယ်။ ငါ လူရွေး မမှားဘူးပဲ။ ဒါဆို ပူးပေါင်းတာ စလိုက် မလား။” ဖန်ကျန်းရှီ ကျေကျေနပ်နပ်ကြီး လက်ဆန့်ထုတ်ရင်း ပြောတယ်။

“ကောင်းပြီလေ။ ပူးပေါင်းတာပေါ့။” ကျန်း ပြုံးလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ဖန်ကျန်းရှီ အနားကို ကပ်သွားရင်း သူ့ညာဘက် လက်ကို ထုတ်ပေးပြီး လက်ဆွဲ နှုတ်ဆက်တယ်။

ကျန်းက အရမ်းကို ပျော်နေခဲ့ပြီ။

လူသားတွေက ကောက်ကျစ်တယ်လို့ ပြောပေမယ့် သူ့ရှေ့မှာ ရှိနေသူကတော့ ငတုံး တစ်ကောင်ပဲ။ သူအင်အား ကြီးတော့ရော ဘာဖြစ်လဲ။ သစ်သီးသာ သူရလိုက်ရင် ဒီကောင်က သူ့ကို နိုင်နိုင် အုန်းမှာလား။

ဟာသပဲ။

ကျန်းတွေးနေ ချိန်မှာပဲ သူကိုင်ထားတဲ့ လက်ထဲကနေ သံမဏိလို အနှောင်အဖွဲ့ကို ခံစား လိုက်မိတယ်။ ကျန်း ချက်ခြင်း မျက်နှာပျက်သွား ခဲ့ရပြီ။

“မဖြစ်ဘူး။ ထောင်ချောက်ပဲ။”

အခြေအနေတွေ ပြောင်းလဲ သွားတာကို သူနားမလည် နိုင်ပေမယ့်၊ ဖန်ကျန်းရှီကတော့ သူ့စကားတွေကို ဖောက်ဖျက် လိုက်ပြီ။ ကြောက်စရာ ကပ်ဆိုက်တော့မယ့် အငွေ့အသက်က သူ့ကျောထဲကို စိမ့်ဝင် လာခဲ့တယ်။

ဖန်ကျန်းရှီရဲ့ ဘေးမှာ ရှိသမျှ အားလုံးက လှုပ်ရှား ကြပြီ။ သူ့ကို ဝန်းရံ လိုက်တယ်။

“မင်း ဖန်ကျန်းရှီ ဒါက မင်းလိုချင်တာလား။” ကျန်း ဒေါသ ထွက်ပြီး လန့်နေခဲ့တယ်။ ဖြစ်နေတာတွေကို မသိပေမယ့် သူ့လက်ကို လှုပ်မရတော့ဘူး။

“ရန်ရွှယ်။ မင်းရော စီးတော်ယာဉ် ကစားစရာ မလိုချင်ဘူးလား။” ဖန်ကျန်းရှီ ပြုံးပြုံးကြီး မေးလိုက်တယ်။

“စီးတော်ယာဉ်။ မင်း တခြားသူတွေကို ဒေါသ ထွက်အောင် လုပ်မိမယ်လို့ မတွေးမိဘူးလား။ အသံတွေကို ပိတ်ထားရင်တောင် နတ်သားရဲကောင်တွေက ငါ့ကို ဒီမှာ ပြစ်ထားမယ် ထင်လား။”

ကျန်းမှာ ဝှက်ဖဲ ရှိနေတယ်။ သူ့နောက်ဘက်မှာ သားရဲကောင်တွေရဲ့ အထောက်အပံ့ ရှိတဲ့ အတွက် ဖန်ကျန်းရှီ အခုချိန်မှာ သူ့ကို အသုံးချနိုင်မယ်လို့ မထင်ထား ခဲ့ဘူး။

ရန်ရွှယ်ကတော့ ခေါင်းခါလိုက်တယ်။

“မယူတော့ဘူး။ ဒီတစ်ကောင်က တုံးလွန်းတယ်။”

“တုံးလွန်းတယ်။”

“တုံးလွန်းတယ်။”

ရန်ရွှယ့် အသံကျယ်ကြီးက တောင်နံရံတွေကို ရိုက်ခတ်ရင်း ကျန်းရဲ့ နားထဲကို ဝင်ရောက်လာခဲ့ ပါတော့တယ်။

ကျန်း အမူအယာ ပြောင်းလဲ သွားတယ်။ သူတို့ရဲ့ အသံကာ ဒိုင်းကြီးက ပျောက်ကွယ် သွားခဲ့ပြီ။ ဘယ်တုန်းက ဖြစ်သွားတာလဲ။

“အစီအစဉ် အကြောင်း နင်ပြောတည်းက ဒိုင်းကာ မရှိတော့တာလေ။” ပင်းယန်က ပီဖန်း ခေါင်းကို ပွတ်ပေးနေရင်း ပြောတယ်။ူ

“ဘာ ဖြစ်တယ်။” ကျန်းက ချက်ခြင်း ဖြူဖျော့ သွားတယ်။

သူ့ကိုယ်သူ သတိကြီးလှပြီ ထင်ခဲ့ပေမယ့် အားလုံးက ထောင်ချောက် တစ်ခုသာ ဖြစ်နေခဲ့တယ်။

“ငါ့ကို အရင်သတ်မယ်ပေါ့။ အလစ်ဝင်တိုက်မယ်တဲ့ ဟုတ်လား။ ကျန်း မင်းက တကယ့်ကို မဆိုးဘူးပဲ။” စူးရှတဲ့ အသံ အရင်ဆုံး ထွက်ပေါ်လာတယ်။

ကြီးမားလွန်းလှတဲ့ ရွှေရောင် ဂဠုန်ကြီး တစ်ကောင်က ရှေ့ကို ထွက်လာခဲ့တယ်။ သူ့ရဲ့ ကြီးမားတဲ့ အတောင်ပံတွေက ကောင်းကင်ကို ကာဆီး နိုင်တဲ့ အထိ ကြီးမားလှတယ်။ ခွန်းပန်း။

မြန်ဆန်လွန်းလှတဲ့ အင်အားကြီး သားရဲကောင်။ ရှေးဟောင်း သားရဲကောင်တွေနဲ့ ယှဉ်ပြိုင် နိုင်တဲ့ အပြင် ရွှမ်ယွမ်ဝူနဲ့လဲ အပြိုင်တိုက်ခိုက် နိုင်တယ်။

သူ့စကား ပြီးချိန်မှာတော့ ငွေရောင် အမွှေး အပြာရောင် အငွေ့တွေနဲ့ ကျားလို သတ္တဝါကြီး တစ်ကောင် ထွက်လာခဲ့တယ်။ ကျန်းကို သူ့ရဲ့ မျက်ဝန်း ပြာပြာတွေနဲ့ စိုက်ကြည့်နေတယ်။

“ငါ ဟယ့်ခန်းက မင်းကို ဒီလောက်တောင် ယုံကြည်ပြီး ညီနောင် သားချင်းလို သဘောထား ခဲ့တယ်။ ဒါတောင် မင်းက ငါ့ကို ခွန်းပန်း သတ်ပြီးတာနဲ့ သတ်ချင်တယ်ပေါ့။” ဟယ့်ခန်း ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။

အပိုင်း (၁၀၇၅) ပြီး၏။

အပိုင်း (၁၀၇၆)

“သွေးစွန်း တိုက်ပွဲမှ နယ်မြေ အနိုင်ရမှု။”

..

“ဝေါင်း။”

“ဒီ သစ္စာဖောက်ကို သတ်ကြ။”

“ဒီကောင်က ခွင့်မလွှတ် နိုင်စရာပဲ။”

ခွန်းပန်းနဲ့ ဟယ့်ခန်း အပါအဝင် တခြား သားရဲကောင်တွေ အားလုံးက ဟိန်းဟောက် ကြတော့တယ်။ လူသားတွေနဲ့ ပူးပေါင်းပြီး နတ်သားရဲကောင်တွေကို သတ်မယ်တဲ့လား။

ကျန်းရဲ့ အရှက်မရှိတဲ့ အစီအစဉ်က အားလုံးကို ဒေါသ ထွက်စေတယ်။

အဝေးမှာ ကြည့်နေကြတဲ့ မုချင်းဖန်း၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ တခြားသူတွေ အားလုံးကတော့ ဒါမျိုး ဖြစ်ဖူးသလို စိတ်ထဲမှာ တွေးမိနေတယ်။ ဒါပေမယ့် အစောပိုင်းတုန်းက စကားတွေကို မကြားခဲ့တဲ့ အတွက် ကျန်းလို ရှေးဟောင်း နတ်သားရဲကောင်ကြီး တစ်ကောင်က ဒီ အရှက်မရှိတဲ့ ကောင်လေးတဲ့ လှည့်ကွက်ထဲမှာ ရောက်သွားမှန်း သူတို့ တကယ် နားမလည် နိုင်ခဲ့ကြဘူး။

အရှက်မရှိတဲ့ ကိစ္စ အကြောင်းကို ပြောရရင်တော့ ဖန်ကျန်းရှီက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး။ ကျန်းလို သတိကြီးတဲ့ သူတောင် သူ့လှည့်ကွက်ထဲ ရောက်သွား ခဲ့ရပါတယ်။

“ဖန်ကျန်းရှီ၊ အရှက်မရှိတဲ့ လူသားကောင်။ မင်း ဒါကို လုပ်တော့ ဘာများ ကောင်းသွားလဲ။” ကျန်းရဲ့ မျက်ဝန်းတွေက ဒေါသတကြီး အော်ဟစ်သံတွေကို နားထောင်ရင်း နီရဲ လာတော့တယ်။ သူက အကွက်ဆင် ခံလိုက်ရသူပဲ။ အခုချိန်မှာ နတ်သားရဲကောင် အုပ်စုလိုက်ကြီးက သူ့ကို သတ်ချင်နေပြီ။ သူဘယ်ကို ပြေးရမလဲ။

“ငါက ဘာအကျိုးအမြတ်မှ မတောင်းပါဘူး။ ဒါပေမယ့် လေးစားရတဲ့ နတ်သခင်တွေကို ဒီကောက်ကျစ်တဲ့ သတ္တဝါကို သတ်နိုင်ဖို့ ကူညီချင်ပါတယ်။” ဖန်ကျန်းရှီ အမှန်တရား ဘက်တော်သားကြီး တစ်ယောက်လို ပုံစံနဲ့ ပြောလိုက်တယ်။

သူ့စကားကို ဘယ်သူကများ ယုံကြည်မှာလဲ။

နတ်သခင်တွေနဲ့ နတ်ဆိုး စစ်သည်တော်တွေ မယုံယုံတင် မကဘူး။ မုချင်းဖန်း၊ ရန်ချန်လိနဲ့ တခြား လူသားတွေတောင် သူ့ကို မယုံကြဘူး။ နောက်ဆုံးတော့လဲ အားလုံးက အရူး မဟုတ်ခဲ့ဘူးလေ။ ဖန်ကျန်းရှီကတော့ အရမ်းကို တည်ကြည် လေးနက် နေခဲ့တယ်။

“ဒီကောင်လေး မဟုတ်တမ်းတရားတွေ ပြောတဲ့ နေရာမှာ တယ်တော်တာပဲ။” မုချင်းဖန်းကတော့ အလိုအလျောက် စကားဆိုမိပါတယ်။

“ဟဟား ဟား။ အဟွတ် ဟွတ် ဟွတ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီးကတော့ အခုချိန်မှာ ချောင်းဆိုး သွေးပါ ဖြစ်မတတ် အော်ရယ် နေခဲ့ပြီ။

ဖန်ကျန်းရှီက ကျန်းကို ဒီလို လှည့်စားနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့ မိမှာလဲ။

ကျန်းကတော့ အခုချိန်မှာ မျက်နှာ တစ်ခုလုံး မည်းမှောင် နေခဲ့ပြီ။

သူ့မှာ ပြေးလမ်း မရှိတော့တဲ့ အပြင် သေတော့မှာကို ကြိုမြင် နေရတယ်။ အခုချိန်မှာတောင် ဖန်ကျန်းရှီရဲ့ တကယ့် အကြံကို သတိ မထားမိပဲ လှည့်စား ခံလိုက်ခဲ့ရတဲ့ အတွက် သူ့ကိုယ်သူ ဒေါသ ထွက်နေခဲ့တယ်။

“ဖန်ကျန်းရှီ ငါသေရရင်တောင် မင်းကို သတ်မယ်။”

“သေပေရော့။”

ဖန်ကျန်းရှီက ချီကူယန်၊ ရန်ရွှယ်၊ ပင်းယန်တို့ကို တိုက်ခိုက်ဖို့ အမိန့်ချလိုက်တယ်။ ပီဖန်းတောင်မှ အခုချိန်မှ ဖန်ကျန်းရှီကို မငြင်းဆန် နိုင်တဲ့ အတွက် သူတိုက်ခိုက် ရတယ်။

ကျန်းက မိုက်မဲ လွန်းတာပဲ ဒါက သူ့အတွက် ဆိုးလွန်းတယ်။

“အား။”

“အား။” ဆက်တိုက် အော်ဟစ်သံတွေ ထွက်ပေး လာပြီးနောက် ကျန်းက မြေပြင်ပေါ်ကို လဲကျသွားပြီး မိစ္ဆာ ပဲလဲ ထွက်လာတော့တယ်။ ဖန်ကျန်းရှီလဲ ချက်ခြင်း မျိုချ ပြစ်တယ်။ ကျန်းက သေသွား ခဲ့ပြီ။ အခုချိန်မှာတော့ အစောပိုင်းတုန်းက စည်းလုံး ခဲ့ကြတဲ့ နတ်သားရဲကောင်တွေ အားလုံးက အခုချိန်မှာတော့ စိတ်ထဲမှာ ရှုပ်ထွေးမှု အပြည့်နဲ့သာ ကြည့်နေ ခဲ့ကြတယ်။

ကျန်းက ဖန်ကျန်းရှီရဲ့ လှည့်ကွက်ထဲကို ရောက်သွားတာ အားလုံး သိပေမယ့် ဘယ်သူမှတော့ သစ္စာဖောက် တစ်ယောက် သေသွားတဲ့ အတွက် လက်စား မချေကြဘူး။

“အရှင် ခွန်းပန်း၊ အရှင် ဟယ့်ခန်းနဲ့ တခြား နတ်သားရဲကောင် အရှင်တို့။ ငါ ဖန်ကျန်းရှီက အားလုံး အတွက် သစ္စာဖောက်ကို သတ်လိုက် ပါပြီ။ နည်းနည်းတောင် ကျေးဇူးတင်သမှုလေး မပြုနိုင် ကြဘူးလား။” ဖန်ကျန်းရှီက ပုလဲကို မျိုချ ပြီးပြီးချင်း ပြောလိုက်တယ်။

“ဟမ့်။” ခွန်းပန်းကတော့ ဘာမှ မပြောခဲ့ဘူး။ ဟယ့်ခန်းကတော့ လေးလေးနက်နက် ကြည့်ရင်း ရှေ့ကို ထွက်လာခဲ့တယ်။ သူ့အကြည့်တွေကတော့ ဖော်ရွေမှု မရှိခဲ့ဘူး။

ဘာ သစ္စာဖောက်ကို သတ်တာလဲ သူက လှည့်စား တာပဲလေ။ နတ်သားရဲကောင်တွေ အားလုံးက ဖန်ကျန်းရှီနဲ့ လူသားတွေကို သတ်ဖို့ စောင့်ဆိုင်း နေကြတယ်။ ဒါပေမယ့် ကျန်း သေပြီးတဲ့နောက် နောက်ထပ် တခြား သားရဲကောင်တွေက ဒါကို မစဉ်းစားတော့ဘူး။

ထူးချွန်ပြီး တခြားသူတွေကို ဦးဆောင်ရမှာလား။ မိုက်မဲရာ ရောက်လွန်းတယ်။ နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာပြီး ဖြစ်တဲ့ သူတို့က နောက်ထပ် တူညီတဲ့ အမှားကို ထပ်ခါထပ်ခါ ဘယ်တော့မှ မကျူးလွန်ဘူး။

ပိုင်ကျဲ့၊ ပီဖန်းကနေ ကျန်းအထိ ရှေ့ထွက်ခဲ့တဲ့ နတ်သားရဲကောင်တွေ အားလုံးက သေတာနဲ့ သေတာထက် ပိုဆိုးတဲ့ အဖြစ်နဲ့သာ အဆုံးသတ် ခဲ့ကြတယ်။ အကယ်၍ သူတို့သာ ရှေ့ထွက် လိုက်ရင် ဘာဖြစ်မလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။

အရေးအကြီးဆုံး ကတော့ ဒီလို ရှေ့ထွက်ပြီး ဦးဆောင်တာက ဘာအကျိုးအမြတ်မှ မရှိတာပဲ။ ဒါ့အပြင် သေနိုင်ချေတောင် များသေးတယ်။

ဘယ်သူက ဒီလောက်ထိ တုံးအ မိုက်မဲမှာလဲ။

နတ်သခင်တွေ အားလုံး တိတ်ဆိတ် သွားကြတယ်။ ဒါပေမယ့် သူတို့တွေ နောက်မဆုတ် ချင်ကြဘူး။ တွေေ၀ နေဆဲပဲ။

ဒီအချိန်မှာပဲ နားကွဲမတတ် အော်သံကြီးကို ကြားလိုက် ရတော့တယ်။

“စစ်နတ်တွေ အတင့်ရဲလိုက်တာ။” ဟွမ်တွမ့်က အရမ်းကို ဒေါသ ထွက်နေခဲ့ပြီ။ သူ့အနီးမှာတော့ အနက်ရောင် သစ်သီး တစ်လုံး ရှိနေခဲ့တယ်။ အသက်စွမ်းအားတွေ မွှေးရနံ့တွေက သစ်သီးထဲကနေ ထွက်ပေါ်နေခဲ့တယ်။ ပတ်ဝန်းကျင်က ပန်းပွင့်တွေတောင် ပိုပြီးတော့ အရှိန်ပြင်းပြင်း ပွင့်ဖူး လာခဲ့ ကြပါတယ်။

အခုချိန်မှာ စစ်နတ်တွေနဲ့ နတ်သားရဲကောင် သုံးကောင်က တိုက်ခိုက်ဖို့ ပြင်နေခဲ့ကြတယ်။

သစ်သီး ပေါ်ပေါ်လာချင်းတည်းက စစ်နတ်တွေ ချက်ခြင်း ဟွမ်တွမ့်ကို ထောင်ဖမ်းပြီး သစ်သီးအနား မကပ်နိုင်အောင် ကာကွယ် ထားကြတယ်။

အပြင်ဘက်မှာတော့ ချိုးချီနဲ့ ထျောင်ဝူက ဟုန်ယို့တို့ကို အနားမကပ်နိုင်အောင် ကာကွယ် နေခဲ့ပါတယ်။ နှစ်ဖက် စလုံးက အခုချိန်မှာ ရှေ့မဆက်နိုင်ကြဘူး။

ကောက်ကျစ်တဲ့ အကြည့်တစ်ချို့ ခွန်းပန်း မျက်ဝန်းထဲမှာ လက်သွား ခဲ့တယ်။ အခုချိန်မှာတော့ သူ့အရှိန်နှုန်းကို သုံးပြီး သစ်သီးကို လုယူဖို့ အကောင်းဆုံး အချိန်ပဲ။

သစ်သီးကို ရယူဖို့ ခွန်းပန်းက အရင်ဆုံး လှုပ်ရှားတော့တယ်။ အတောင်ပံကြီးကို ဖြန့်လိုက်ရင်း ကောင်းကင်ပေါ်ကို ပျံတက်တယ်။ စူးရှတဲ့ မျက်ဝန်းတွေနဲ့ အခုချိန်မှာ သစ်သီးကို သုတ်ချီဖို့ အသင့်ဖြစ်နေခဲ့ပြီ။

“ငါ ဒီတစ်ခေါက် သစ်သီးကို အရယူမယ်။” ဟယ့်ခန်းက နောက်ထပ် စောင့်မနေတော့ဘူး။ ခုန်ပျံရင်းနဲ့ ခွန်းပန်းလိုပဲ လှုပ်ရှားတယ်။

တခြား နတ်သခင်တွေလဲ ဒါကို မြင်ချိန်မှာ တောင့်တင်း သွားတော့တယ်။ နှစ်ယောက်လုံး သွားကြပြီလား။ သူတို့တင် မကဘူး။ တခြား နတ်သားရဲကောင်တွေပါ လှုပ်ရှားကြတယ်။ အခုချိန်မှာ သစ်သီးက အားလုံး အတွက် အရေးအကြီးဆုံးပဲ။ နယ်မြေ အကြောင်းကို ဘယ်သူကများ အခုချိန်မှာ ဂရုစိုက် နေမှာလဲ။

ချက်ခြင်း ဆိုသလို နတ်သားရဲကောင် ဆယ်ကောင်ကျော် ထွက်ခွာ သွားခဲ့ပြီ။ ကျန်ရစ်တဲ့ အကောင် ၂၀ကတော့ ဒီအတိုင်းသာ ကြည့်နေခဲ့တယ်။ သူတို့တွေ ဘာလုပ် ရမယ်မှန်း မသိတော့ဘူး။ အခုချိန်မှာ အကြွင်းအကျန်တွေနဲ့ပဲ ကျေနပ်နိုင်တဲ့ အထိ သူတို့က အားနည်းကြတယ်။

ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေပြီး တွေဝေနေတဲ့ အချိန်မှာ ဟိန်းဟောက် သံကြီးကို ကြားလိုက် ရပါတော့တယ်။

“အားလုံးကို အကြီးအကဲတွေ အဖြစ် လေးစားပြီး သူလျှိုကို သတ်ပေးခဲ့တယ်။ အခု သူလျှိုက သေသွားပြီ။ ဒါတောင် အားလုံးက မလှုပ်ရှား သေးဘူးလား။ ဒီလို အသုံးမဝင်တဲ့ သူတွေကို ကန်ထုတ် ပေးရမှာလား။ ဒီလို ဖြစ်မှတော့ အကုန်လုံးကို သတ်ပြစ်မယ်။”

ဖန်ကျန်းရှီ တစ်ယောက်တည်း ပြောချင်ရာ ပြောနေခဲ့တယ်။ ဒါ့အပြင် သူကလဲ အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာ နေသေးတယ်။ စကား ဆုံးဆုံးချင်း ခြေရာမဲ့ ဓားကို ကိုင်ပြီးတော့ နတ်သားရဲကောင် တစ်ကောင်ဆီ ပြေးဝင် သွားတော့တယ်။

ကျန်ရစ်တဲ့ နတ်သားရဲကောင်တွေလဲ မျက်လုံး ပြူးကုန်တယ်။ ဒီလူသားက သူတို့ကို သတ်ဝံ့တယ်ပေါ့။ သူတို့က နည်းနည်းတော့ အားနည်းပေမယ့် အရေအတွက်ကတော့ သေချာပေါက် သာလွန်တယ်။ လူသား နည်းနည်းလေးက ဒီလို နတ်သားရဲကောင် ၂၀ကျော်ကို ဘယ်လိုများ သတ်နိုင်မှာလဲ။

ဖန်ကျန်းရှီနဲ့ အနီးဆုံးမှာ ရှိနေတဲ့ နတ်သားရဲကောင်က ချက်ခြင်း တိုက်ခိုက်တယ်။

“ဝေါင်း။”

“အျူး။ သွားသေလိုက်။”

ဖန်ကျန်းရှီကို တောင်အရွယ်အစား နတ်သားရဲကောင်တွေက ဆက်တိုက် တက်ဖိရင်း တိုက်ခိုက်ဖို့ လုပ်ပေမယ့် အသုံးမဝင်ခဲ့ဘူး။

ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားက အမြန်ဆုံး နတ်သားရဲကောင် ကိုတောင် နှစ်ပိုင်း ဖြတ်နိုင်တယ်။ သွေးတွေကလဲ လေထဲမှာ ဖြာထွက်လာ ခဲ့ပါတယ်။

တခြား တစ်ဖက်မှာတော့ ချီကူယန်က ပိုပြီးတော့တောင် ကြမ်းတမ်း နေခဲ့တယ်။ ဓားအလင်းတန်းတွေက နတ်သားရဲကောင်တွေ မခုခံ နိုင်တဲ့ အထိ သန်မာ လွန်းလှတယ်။

ပင်းယန်နဲ့ ရန်ရွှယ် မတိုက်ခိုက် နိုင်ခင် အချိန်မှာပဲ နတ်သားရဲကောင် နှစ်ကောင်က ဆက်တိုက် မြေပြင်ပေါ်မှာ လဲကျ သွားခဲ့ပြီး လူးလှိမ့် နေကြရတော့တယ်။ သူတို့တွေ ဒဏ်ရာ ရသွားခဲ့တာ သိသာ နေခဲ့ပြီ။

“အ အရမ်း အင်အားကြီးလိုက်တာ။”

“ဒီလူသားတွေက ရက်စက်တယ်။”

တခြား နတ်သခင်တွေ တိုက်ခိုက်ဖို့ လုပ်ချိန်မှာပဲ နားလည် သွားခဲ့ရတော့တယ်။ သူတို့ လက်တစ်ဆုပ်စာ အင်အားရဲ့ တိုက်ခိုက်မှုက အလုပ် မဖြစ်ဘူး။ အားလုံး အတူတူ တိုက်ခိုက်ရမယ်။ အားလုံး ပေါင်းစည်းမှသာ နိုင်နိုင်တယ်။

“တိုက်ခိုက်ကြမယ်။”

“သူ့ကိုသတ်။”

“အလွတ်မပေးနဲ့။”

နတ်သခင်တွေ အားလုံးက ဟိန်းဟောက်ရင်း အတူတူ တိုက်ခိုက်ဖို့ မျှော်လင့် ခဲ့ကြတယ်။ ဒါပေမယ့် တကယ်တမ်း တိုက်ခိုက်သူ တွေကတော့ နည်းပါးလှတယ်။ အခုချိန်မှာ တစ်ချို့ သူတွေက မတော်တဆ ပုံစံနဲ့ တခြား နယ်မြေထဲကို ခြေချ ပြီးနေပြီ။

နယ်မြေထဲက သူတို့ ထွက်သွား ပြီးနေပြီ။ ငလူးပဲ။ နတ်သားရဲကောင်တွေက ချက်ခြင်း သတိထားမိ သွားတယ်။ အခုချိန်မှာ သူတို့တွေ အော်လိုက်ချင်တယ်။ (ငလူးကောင်တွေ ဒီလိုလုပ်တော့ ဘာအကျိုးထူးမှာလဲ။)

ဖန်ကျန်းရှီတို့ အုပ်စုကတော့ ဆက်တိုက် တိုက်ခိုက် နေခဲ့တယ်။

“လာ အတူတူ တိုက်ခိုက်ကြမယ်။ အားလုံးနဲ့ တိုက်ခိုက်မယ်။ မင်းတို့ အားလုံး ငါ့ကို နယ်မြေ မပေးရင် အားလုံးကို တစ်ယောက်မကျန် သတ်ပြစ်မယ်။” ဖန်ကျန်းရှီက အမှန်တရား ဘက်တော်သားကြီး တစ်ယောက် အဆုံးအရှုံး အများကြီး ကြုံရပြီး ဒေါသ ထွက်နေသူ တစ်ယောက်လို ပြုမူ နေခဲ့တယ်။

“…”

“..”

အခုချိန်မှာ နတ်သားရဲကောင်တွေ ကတော့ တကယ့်ကို ထိတ်လန့်ပြီး ဆွံ့အ နေခဲ့ပြီ။

“ပြေးတော့။”

“မတိုက်ခိုက် နဲ့တော့။”

“အရင် ပြေးပြီး ပုန်းအောင်း။”

ဘယ်သူမှ မတွေေ၀ ကြဘူး။ အားလုံးက တွေေ၀ နေရင် ပိုင်ကျဲ့၊ ပီဖန်းနဲ့ ကျန်းတို့လို အဆုံးသတ် မယ်မှန်း သိနေခဲ့တယ်။ ငလူး နယ်မြေ။

အရေးအကြီးဆုံး ကိစ္စက အသက်ကို ကယ်တင်ဖို့ပဲလေ။ နတ်သားရဲကောင် တစ်ချို့ လှည့်ပြေးတော့တယ်။

ရှေ့ဆုံးက လူတွေ ပြေးတာကို မြင်ချိန်မှာတော့ တခြား နတ်သားရဲကောင်တွေ အားလုံးက စောင့်ကြည့် နေသူတွေ အဖြစ် နေနေကြတဲ့ နတ်သားရဲကောင်တွေ ထိုင်မနေနိုင်တော့ဘူး။

အင်အားကြီး နတ်သားရဲကောင်တွေ လက်မလျော့ ချင်ပေမယ့် အခုချိန်မှာ ရွေးချယ်စရာလဲ မရှိကြပြန်ဘူး။ နောက်ဆုံးမှာတော့ နတ်သားရဲကောင်တွေ အားလုံး နီးပါးက ဖန်ကျန်းရှီနဲ့ တခြားသူတွေကို အနိုင်မယူနိုင်ဘူး။ ဒါ့အပြင် ဖန်ကျန်းရှီ မိစ္ဆာ ပုလဲကို စားပြစ်တဲ့ ပုံစံ အကြောင်း တွေးလိုက်ရင် အားလုံးက တုန်ယင်ကုန်တယ်။

အခုချိန်မှာ စောင့်ကြည့်နေတဲ့ နတ်သားရဲကောင်တွေ အားလုံးက ရပ်တန့်ပြီး ပြေးကြတော့တယ်။ ဒီမြင်ကွင်းက ထူးဆန်းလှတယ်။ နတ်သားရဲကောင် ၂၀ကျော် ပြေးကုန်ပြီ။

ဖန်ကျန်းရှီတို့ အုပ်စုကတော့ ဓားတွေကို ဆက်တိုက် ဝေ့ယမ်းရင်း အော်ဟစ် နေကြတယ်။ “အကယ်၍ မင်းတို့ လုပ်ဝံ့ရင် မပြေးကြနဲ့လေ။”

“…”

“…”

မုချင်းဖန်း၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ရန်ချန်လိက လုံးဝကို မျက်လုံး ပြူးနေခဲ့တယ်။ သူတို့တွေ ဖြစ်လာတဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ဘူး။ အားလုံးက နတ်သားရဲကောင်တွေ မဟုတ်လား။

ရှေးခေတ်တည်းက ကျော်ကြားလှတဲ့ နတ်သားရဲကောင်တွေ အားလုံးက လူသား လေးယောက် မောင်းထုတ်တာကို ခံလိုက် ရတယ်တဲ့။ ကျမ်းကောင်းကင်တောင်ကို ဝန်းရံ စောင့်ကြည့်နေတဲ့ စစ်တပ်တောင်မှ အံ့သြကုန်တယ်။

အခုချိန်မှာ ကျမ်းကောင်းကင်တောင် တစ်ခုလုံးက ထူးခြားတဲ့ မြင်ကွင်းတွေကို မြင်ရဖို့ နိုင်ငံတော်ကြီး လေးခုက စစ်တပ်တွေ စိတ်ကို ပြင်ဆင်ထားခဲ့ ပြီးသား။ နတ်သခင်တချို့နဲ့ သူတို့ တွေ့ရမယ်လို့သာ ထင်ခဲ့ကြတယ်။

လင်းမုပိုင်နဲ့ ချင်းယွိတို့က ပထမဆုံး မြင်တဲ့သူတွေ ဖြစ်တဲ့ အတွက် ကြီးမားလွန်းလှတဲ့ သတ္တဝါကြီးတွေကြောင့် သူတို့တွေ အရမ်းကို လန့်ကုန်ကြတယ်။ ပိုပြီး လန့်စရာ ကောင်းတာကတော့ ဖန်ကျန်းရှီတို့ မောင်းထုတ်နေတဲ့ ပုံစံပဲ။ ထင်သလို ခြောက်ထုတ်နေရင်း နတ်သားရဲကောင်တွေ အားလုံးကို ထွက်ပြေးစေတဲ့ ကိစ္စက စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။

“ဘာတွေ ဖြစ်နေတာလဲ။” လင်းမုပိုင် မျက်လုံး ပြူးသွားခဲ့တယ်။

နတ်သားရဲကောင်တွေကို ဖန်ကျန်းရှီက လိုက်မောင်းနေတယ်။ ဖြစ်ရော ဖြစ်နိုင်လို့လား။

ချင်းယွိလဲ အတူတူပဲ။ တခြား ဧကရာဇ်တွေလဲ အရမ်းကို ထူးဆန်း နေခဲ့တယ်။ နတ်သားရဲကောင်တွေ အားလုံးက ဒဏ္ဍာရီလာ သတ္တဝါတွေ။

အခုတော့ ဘာကြောင့်များ ဒီလောက် များများ ရှိနေ ကြတာလဲ။ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ကတော့ အလန့်ဆုံးပဲ။ သူ့သားတော်က ဖန်ကျန်းရှီကို ရှုံးနိမ့်ခဲ့လို့ သေဆုံး ခဲ့ရတယ်။ အခုတော့ ဖန်ကျန်းရှီက နတ်သားရဲကောင်တွေကို လိုက်အော်ထုတ်နေတယ်။

“ငါ မျက်လုံး အမြင်တွေ မှားနေတာပဲ ဖြစ်ရမယ်။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် ပါးစပ် အဟောင်းသားနဲ့ ပြောလိုက်တယ်။

“နတ်သားရဲကောင်တွေ မင်းတို့ သတ္တိရှိရင် ပြေးနေတာ ရပ်လိုက်။” ဖန်ကျန်းရှီရဲ့ အသံက လေထဲမှာ ဟိန်းထွက် လာခဲ့သလို သူ့ဓား တစ်ချက် ခုတ်လိုက်တိုင်းလဲ သွေးတွေက ထွက်ပေါ် လာခဲ့တယ်။

အပိုင်း(၁၀၇၆) ပြီး၏။

အပိုင်း (၁၀၇၇)

“နတ်သခင် အဆင့်ကို တိုးတက်မှုရဲ့ အမှန်တရား။”

…

ဝူး။ ဓားအလင်းတန်းကြီး တစ်ခုက စတင် ရိုက်ခတ်တော့တယ်။ အနောက်မှာ ကျန်ရစ်ခဲ့တဲ့ နတ်သားရဲကောင်ရဲ့ ခြေထောက်က ဓားချက်ကြောင့် ပြတ်သွားခဲ့တဲ့ အတွက် မြေပြင်ကို ခေါင်းစိုက်လျက်သား ကျသွား ခဲ့ပါတော့တယ်။

မကြာခင်ပဲ ပင်းယန်နဲ့ ရန်ရွှယ် စတင် လှုပ်ရှားတယ်။ သူတို့ နှစ်ယောက်စလ့ုးက နတ်သားရဲကောင်တွေကို ဆက်တိုက် တိုက်ခိုက်ရင်း ကြယ်တွေ လတွေ မြင်တဲ့ အထိကို ခေါင်းကို ထုရိုက်ပြစ်တယ်။ ဒီမြင်ကွင်းက ကြည့်နေ ကြသူတွေ အားလုံးကို ပြောစရာ စကားလုံးတွေ ပျောက်ရှ သွားစေနိုင်တယ်။

“ပင်းယန်က နတ်သားရဲကောင် တစ်ကောင်ကို လိုက်ရိုက် နိုင်တယ်လား။” ချင်းယွိက သူမကို ထူးထူးဆန်းဆန်းကြီး ကြည့်နေခဲ့တယ်။

ရှေးရှေးခေတ်တွေ တည်းက မိဘတိုင်း နီးပါး ကိုယ့်သားသမီး ရင့်ကျက် တည်ငြိမ် နေတာကို မြင်ချင်ကြတယ်။ ဒါပေမယ့် ဒီလောက်ကြီး စွမ်းအား ကြီးလာ တာကိုတော့ လက်ခံနိုင်ဖို့ ခက်နေဆဲပဲ။

ချင်းယွိတင် မကပဲ ဧကရာဇ် လင်းမုပိုင်ပါ မျက်လုံး ပြူးနေခဲ့တယ်။ မုချင်းဖန်းနဲ့ တခြားသူတွေကတော့ နိုင်ငံတော်ကြီး လေးခုက စစ်သည်တော်နဲ့ ဧကရာဇ်တွေ ပါးစပ် အဟောင်းသား ဖြစ်နေတာကို မြင်လိုက်ကြပါတယ်။

“လောကကြီးက ပြောင်းလဲ သွားပြီ။”

“လူသားတွေ နောက်ဆုံးတော့ ပြန်သိမ်းပိုက် နိုင်ပြီပဲ။”

“အံ့သြ စရာ ကောင်းလိုက်တာ။”

နိုင်ငံတော်ကြီး လေးခုရဲ့ စစ်တပ်တွေက လန့်နေ ကြပေမယ့် သတိဝင်ဝင်လာချင်း ချက်ခြင်း ဆိုသလို အောင်ပွဲ ခံကြတော့တယ်။ မုချင်းဖန်းတို့ အုပ်စုကတော့ အခုချိန်ထိ စိတ်ရှုပ်ထွေး နေဆဲပဲ။

နယ်မြေ တဝက်ကို ဖန်ကျန်းရှီ တကယ်ပဲ ယူလိုက်နိုင်ပြီလား။

“ဒီကောင်လေးကတော့ တကယ်ပါပဲ။”

“လူငယ်တွေက လူကြီးတွေထက် ပိုသာနေတယ်။”

မုချင်းဖန်းနဲ့ ရန်ချန်လိ ပြောမိကြတယ်။ ဒီကိစ္စက မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ အတိတ် အချိန်တုန်းက ဖန်ကျန်းရှိကို ရည်မှန်းချက် ကြီးလွန်းပြီး မောက်မာတဲ့ သူလို့ သူတို့ ထင်ခဲ့ပေမယ့် အမှန်တရားကတော့ ရက်စက်တယ်။

မကြာခင်မှာပဲ နတ်သခင် ၂၀ကျော်က တခြား တစ်ဖက်ကို ရောက်သွား ခဲ့ကြပြီ။ မြေပြင်မှာတော့ နတ်သားရဲကောင် ၂ကောင်သာ ကျန်ရစ်ခဲ့ရင်း ပင်းယန်၊ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ရိုက်နှက်တာကို ခံနေ ခဲ့ရတယ်။

“ဝေါင်း။”

“ရပ်စမ်း။”

နတ်သားရဲကောင် နှစ်ကောင် နာနာကျင်ကျင် အော်ဟစ်နေပင်မယ့် အသုံးမဝင်ခဲ့ဘူး။ ဖန်ကျန်းရှီတို့ အုပ်စုက တစ်ချက်လေးတောင် မညှာတာပဲ ဆက်တိုက် ရိုက်နှက်နေတယ်။ အခုချိန်မှာ သူတို့တွေကတော့ အားနည်းပြီး အသုံးမကျတဲ့သူတွေ ဖြစ်နေကြပြီ။

အကယ်၍ နတ်သားရဲကောင်တွေကို ကြောက်လန့်ရုံ အထိလောက်ပဲ ရိုက်နှက်မယ် ဆိုရင် ရူးမိုက်ရာ ကျလွန်းလိမ့်မယ်။ ဖန်ကျန်းရှီလဲ ဒါကို ကောင်းကောင်း သိတဲ့ အတွက် နတ်သားရဲကောင် နှစ်ကောင်ကို လုံး၀ မညှာတာ ခဲ့ဘူး။ ဓားကို တစ်ချက် မြှောက်လိုက် ချိန်မှာတော့ မိစ္ဆာ ပုလဲ နှစ်လုံးက မြေပြင်ပေါ်ကို လိမ့်လာတော့တယ်။

ဖန်ကျန်းရှီလဲ နှစ်ခုလုံးကို ကောက်ပြီး မျိုချလိုက်တယ်။

သူ့ရဲ့ စိတ်အာရုံ နယ်မြေက စတင် တုန်ခါ နေခဲ့ပြီ။ ပြင်းထန်တဲ့ ပင်လယ်လှိုင်းကြီးတွေလဲ စတင် ဖြစ်ပေါ် လာခဲ့ပါတယ်။

ပင်လယ်ထဲမှာ တောက်ပတဲ့ ရေဝဲတွေက စတင် အသွင်ပေါ် လာခဲ့တယ်။ ဖန်ကျန်းရှီကတော့ သူ့စိတ်အာရုံ နယ်မြေ ဘယ်လောက်ပဲ ကျယ်ပြန့်ပါစေ အခုချိန်မှာ အဆင့်ကျော် တိုးတက် သင့်တယ်လို့ သူတွေးနေ ခဲ့တယ်။

နတ်သခင် အဆင့်ကို ဖြတ်ကျော် တိုးတက် ပြီးရင် အသီးဆီကို ပြေးသွားဖို့ စောင့်ဆိုင်း နေပင်မယ့် ဖြစ်မလာခဲ့ဘူး။

“ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ အရမ်းကို စိတ်ရှုပ်ထွေး နေခဲ့ပါတယ်။ မိစ္ဆာ ပုလဲ ငါးလုံးက သူ့ကို နတ်သခင် အဆင့် တိုးတက်စေဖို့ မလုံလောက် သေးဘူးလား။ ပင်းယန်က မိစ္ဆာပုလဲ တစ်လုံးတည်းကို စားလိုက် ရုံနဲ့တင် သုခမိန် ဖြစ်သွားတာကို ဖန်ကျန်းရှီ မှတ်မိသေးတယ်။ ရလဒ်က အတော့်ကို မြန်ဆန်တယ်။

သူ့ကျမှ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲ နေရတာလဲ။

နောက်ထပ် မိစ္ဆာပုလဲတွေ ပိုပြီးတော့ လိုနေတာလား။ ဖြစ်နိုင်တယ်လို့ တွေးမိပင်မယ့် သူမသေချာ ခဲ့ဘူး။ ချီကူယန့်ကိုလဲ မိစ္ဆာပုလဲ တစ်လုံး သူပေးခဲ့တာ မှန်မိတယ်။ ချီကူယန်က နိုးနိုးချင်း သုခမိန် အဆင့်ကို ရောက်ခဲ့တယ်။

နေစမ်းပါအုန်း။ လင်းကျီက နတ်သခင် တစ်ယောက်ပဲ။ အခုချိန်မှာ ပင်းယန်က နတ်သခင် အဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် လင်းကျီရဲ့ မိစ္ဆာ ပုလဲကတော့ ချီကူယန်ကို သုခမိန် အဆင့်သာ ရောက်စေခဲ့တယ်။

“ငါနားလည်ပြီ။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေ အရောင်တောက်လာ ပါတော့တယ်။ အခုချိန်မှာ တွက်ချက်နေတုန်း ဖြစ်ပေမယ့် ပြဿနာ အရင်းအမြစ်ကို သူပြောနိုင် နေပြီ။

အရည်အသွေးက အရေးကြီးတယ်။ အရေအတွက်က အရေးမကြီးဘူး။ အရေအတွက်က အရည်အသွေးကို သက်ရောက်စေ နိုင်ပေမယ့် အရည်အသွေးကို ပြောင်းလဲဖို့က သေချာပေါက် မလွယ်ကူဘူး။

ချီကူယန်ရဲ့ စွမ်းအား အဆင့်တက်တဲ့ ပုံစံကို ဥပမာ ယူကြည့်လို့ ရတယ်။ ချီကူယန်က သုခမိန် တစ်ယောက် နီးပါး ကျမ်းကောင်းကင်တောင်က တိုက်ပွဲမှာ အစွမ်း ပြနိုင်ခဲ့ဘူး။ ဒါပေမယ့် စွမ်းအား အရင်းအမြစ် မလုံလောက်တာကြောင့် သူမ သတိလစ် သွားခဲ့တယ်။

ချီကူယန်က သုခမိန် အဆင့်ကို ရောက်ဖို့ စွမ်းအား အပြည့် မရှိဘူး။ အရေအတွက် လိုအပ် နေခဲ့တယ်။

ဖန်ကျန်းရှီက သူမကို နတ်သခင် မိစ္ဆာ ပုလဲ တစ်လုံး ပေးခဲ့တဲ့ အတွက် သူမလဲ အဆင့်ကျော် တိုးတက် နိုင်ခဲ့တယ်။

ဒါပေမယ့် သုခမိန် အဆင့်ကိုသာ ရောက်တယ်။

စွမ်းအင် အရင်းအမြစ် ပိုပြီးတော့ များလေလေ အဆင့်ကျော် တိုးတက်နိုင်ဖို့ ခက်လေပဲ။

ဒီစကားက မယုံနိုင်စရာ ကောင်းနေတယ်။ စွမ်းအား အရင်းအမြစ် ပိုများလေ အဆင့်တက်နိုင်ဖို့ မြန်လေလို့ သတ်မှတ် ထားကြပေမယ့် အမှန်တရားကတော့ ဒီလို မဟုတ်ခဲ့ဘူး။

ရေခွက် တစ်ခွက်ကို ချိုအောင်လုပ်ဖို့ သကြား ၂ဇွန်းလောက်သာ လိုအပ်ပေမယ့်၊ ရေပုံးကြီး တစ်ခုကို ချိုစေဖို့ အတွက်တော့ သေချာပေါက် သကြး ၂ဇွန်းထက် ပိုပြီးတော့ လိုအပ်တယ်။

ဖန်ကျန်းရှီရဲ့ စွမ်းအား အရင်းအမြစ်က ပင်လယ်ကြီး တစ်ခုလို ကျယ်ပြန့် လွန်းလှတယ်။ ဒါကြောင့် အားလုံးကို နတ်သခင် အဆင့်ရောက်အောင် ပြောင်းလဲ ပြစ်ဖို့ သေချာပေါက် သူအချိန် လိုတယ်။

ဒါက သူ့အတွက် ဆိုးကျိုး တစ်ခုလို့လဲ ပြောလို့ ရနိုင်တယ်။ သူသာ အဆင့်တက်သွား ခဲ့ရင် သူ့အစွမ်းတွေကလဲ မယုံနိုင်လောက်အောင် တိုးတက် ကောင်းမွန်လာလိမ့်မယ်။

ဖန်ကျန်းရှီ ဒီအကြောင်းကို ကောင်းကောင်း သိတယ်။ သူ နတ်သခင် အဆင့်ကို မတိုးတက် နိုင်သေးရင်တောင် သူ့စွမ်းအားက ၇ဆ ၈ဆ တိုးလာလိမ့်မယ်။

ဖန်ကျန်းရှီရဲ့ စွမ်းအား အရင်းအမြစ်က အဆင့်ကျော်တိုးတက် နေတဲ့ အချိန်မှာ ဆက်တိုက် ပြောင်းလဲ လိမ့်မယ်။ ဒါပေမယ့် အစအဆုံး အပြည့်အ၀ ပြောင်းလဲနိုင်ဖို့ အလားအလာတော့ သူမတွေ့ သေးဘူး။

“ဟုတ်တယ်။ ငါသာ နတ်သခင် အဆင့်ကို တက်ချင်တယ် ဆိုရင် သေချာပေါက် အချိန်လိုလိမ့်မယ်။” ဖန်ကျန်းရှီ တွေးနေရင်း သူ့စိတ်ထဲက မကျေနပ်ချက်တွေ ပျောက်ကွယ် သွားပါတော့တယ်။

သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲမှာတော့ လှိုင်းတွေက ဆက်တိုက် တုန်ခါ နေခဲ့တယ်။ သန့်စင်ကြည်လင် နေတဲ့ ပင်လယ်ရေတွေက ပင်လယ် အောက်ခြေကို မြင်ရလု နီးပါး အသွင်ကို ပြောင်းလဲ သွားပါတယ်။

အစောပိုင်းမှာ ပင်လယ်ရေက ကြည်လင် ပြီးသား ဖြစ်နေပင်မယ့် အခုချိန်မှာတော့ ကျောက်မျက် ရတနာတွေလိုမျိုး ပင်လယ်ရေ တဝက် နီးပါးက တောက်ပ နေခဲ့တယ်။

နောက်ထပ် နည်းနည်း ထပ်စောင့်ရမယ်။ နောက်ထပ် နည်းနည်း စောင့်လိုက် တာနဲ့ နတ်သခင် အဆင့်ကို ရောက်တော့မယ်။

“ငါတို့ အခု ဘာလုပ်မလဲ။ ဒီကောင်တွေက သစ်သီး အတွက် တိုက်ခိုက်ရင်း ပျော်နေကြပြီ။ ငါတို့လဲ ဝင်ပါသင့်လား။” ပင်းယန်ရဲ့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အသံကို ကြားလိုက် ရပါတော့တယ်။

“ငါတော့ မသင့်တော်ဘူး ထင်တာပဲ။” ရန်ရွှယ် ခေါင်းခါတယ်။ ဖန်ကျန်းရှီရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရုံနဲ့တင် အခုချိန်မှာ သစ်သီးကို လုယူဖို့ အချိန်ကောင်း မဟုတ်သေးမှန်း သူသိတယ်။

“အင်း ရန်ရွှယ် ပြောတာ မှန်တယ်။ ငါတို့တွေ သစ်သီ်းကို မလု သင့်သေးဘူး။” ချီကူယန်က ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။

“ဘာလို့လဲ။ ငါတို့တွေက ဒီကောင်တွေ အားလုံးကို နိုင်နိုင်တာပဲ မဟုတ်လား။” ပင်းယန်ကတော့ နားမလည် ခဲ့ဘူး။ လူသားတွေက နယ်မြေ တဝက်ကို ရထားပြီးသား ဖြစ်တဲ့ အပြင် နတ်သားရဲကောင်တွေ ကလဲ သူတို့ကို ကြောက်နေသေးတယ်။

အသီးအတွက် ဘာဖြစ်လို့ မတိုက်ခိုက် ရမှာလဲ။

“သစ်သီးက နတ်သားရဲကောင်တွေ လိုက်နေကြတဲ့ အဓိက ပြစ်မှတ်ပဲ။ အရှက်မရှိတဲ့ ကောင်စုတ်က ဒါကို သုံးပြီး နယ်မြေ တစ်ဝက်ကို ရအောင် ယူထားတာ။ ဒါကြောင့် အခုချိန်မှာ သစ်သီး အတွက် တိုက်ခိုက်မယ် ဆိုရင် ငါတို့တွေ နတ်သားရဲကောင်တွေကို ပြန်ပြီးတော့ ဆွဲဆောင် မိရုံတင် မကဘူး။ နယ်မြေကိုတောင် ပြန်ဆုံးရှုံး နိုင်သေးတယ်။”

“အား။ ဒီလောက်ထိ အန္တရာယ် များတာလား။” ပင်းယန် ပါးစပ် အဟောင်းသားနဲ့ ပြောလိုက်တယ်။

“ဟဟား။ ယန်အာက ဖြစ်နိုင်ချေ နည်းနည်းကိုပဲ ပြောထားတာ။ တကယ်တော့ ဒီ့ထက် ပိုပြီးတော့ အန္တရာယ် များသေးတယ်။” ဖန်ကျန်းရှီ ပြောတယ်။

ဒီအချိန်မှာပဲ ချင်းယွိနဲ့ လင်းမုပိုင်က ဖန်ကျန်းရှီ အနားကို ရောက်လာတယ်။

“မယ်တော်။” ပင်းယန်က ပျော်ပျော်ကြီး အော်လိုက်တယ်။ “မယ်တော်နဲ့ ခမည်းတော်။ ပင်းယန် အခု ဘယ် အဆင့်ကို ရောက်သွားပြီလဲ ခန့်မှန်းကြည့်။”

“နတ်သခင် အဆင့်ကို အဆင့်တက် သွားတာလား။ ပင်းယန်လေ။” ဧကရာဇ် လင်းမုပိုင် ခန့်မှန်းတယ်။

“ဟုတ်တယ်။ ခမည်းတော်။” ပင်းယန် ခေါင်းငြိမ့်ရင်း သူ့ဘေးက ရန်ရွှယ်နဲ့ ချီကူယန်ကို လက်ညှိုးထိုး ပြတယ်။

“မမယန်လေးနဲ့ ရန်ရွှယ်လဲ အဆင့်တက် သွားပြီ။”

“အားလုံးက နတ်သခင် အဆင့်ကို ရောက်သွားတာလား။”

ကိုယ်တိုင် မြင်ရတာနဲ့ ကြားရတဲ့ ကိစ္စက လုံးလုံး မတူညီခဲ့ဘူး။

ချင်းယွိနဲ့ လင်းမုပိုင်လဲ ဖန်ကျန်းရှီတို့ အုပ်စု ဘယ်လောက် အစွမ်းထက်ထက် လိုက်ဖမ်းခဲ့မှန်း သိပေမယ့် ကိုယ်တိုင် အတည်ပြု စကားကို ကြားရချိန်မှာတော့ တကယ့်ကို လန့်နေခဲ့ပါတယ်။

အားလုံးက နတ်သခင် အဆင့်ကို ရောက်သွား ကြတယ်လား။ တောင်မှာ ဘာတွေ ဖြစ်သွားတာလဲ။

“အကုန်တော့ မဟုတ်ဘူး။ အရှက်မရှိတဲ့ ကောင်စုတ် အဆင့် မတက်သေးဘူး။” ပင်းယန် ခေါင်းခါရင်း ပြောတယ်။

“ဟဟား။” ဖန်ကျန်းရှီ မငြင်းနိုင် ခဲ့ဘူး။ ဒါကို ချင်းယွိနဲ့ လင်းမုပိုင်လဲ လန့်သွားခဲ့တယ်။ မဖြစ်နိုင်တာပဲ။ ဖန်ကျန်းရှီ နတ်သားရဲကောင် နှစ်ကောင်ကို သတ်လိုက်မှန်း သူတို့ မြင်ခဲ့တယ်။ ဒါ့အပြင် မိစ္ဆာ ပုလဲတွေကို ဆက်တိုက် မျိုချ လိုက်သေးတယ်။ ဒီလို စွမ်းအားတွေနဲ့ အဆင့်မတက်တာက ဘယ်လို မဖြစ်နိုင် ရမှာလဲ။

“ကောင်စုတ်လေး နင် သုခမိန် ဖြစ်နေတုန်းလား။” ချင်းယွိ မယုံနိုင်မှုကြောင့် မေးလိုက်တယ်။

“ဒီလိုလဲ မဟုတ်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

အဆင့်မတက်သေးမယ့် သူ့ရဲ့ စွမ်းအားတွေက ဆက်တိုက် ပြောင်းလဲ နေပြီးပြီ။

“ငါ အစောပိုင်းတနု်းက ပြောတာ ဒါပဲလေ။ အရှက်မရှိတဲ့ ကောင်စုတ် နင်က အခု ငါ့ထက် တစ်ဆင့် နိမ့်နေပြီ။ သိရဲ့လား။” ပင်းယန်က ခေါင်းမော့ ရင်ကော့ရင်း ပြောတယ်။ ဖန်ကျန်းရှီကတော့ သူ့ကို လျစ်လျူ ရှုထား ခဲ့ပါတယ်။

အခုချိန်မှာ ပတ်ဝန်းကျင်ကို တစ်ချက်သာ ကြည့်လိုက်ရင်း ပန်းတွေ ပွင့်နေတဲ့ နတ်ဘုရား အရင်းအမြစ်ကို လက်ညှိုးထိုး လိုက်တယ်။

“ဒေါ်လေး ဒီနေရာက အခုချိန်မှာ ယာယီတော့ ငါတို့ အပိုင်ပဲ။ ပန်းပွင့်တွေ ယူချင်သလောက် သာယူ။”

ချင်းယွိကတော့ ဒီနယ်မြေရဲ့ အစွမ်းကို မသိခဲ့ဘူး။

“ခေါင်းဆောင်ချင်း။ ပန်းပွင့်တွေကို စားရင် စွမ်းအား အရင်းအမြစ်က တိုးတက်နိုင်တယ်။ ငါ ပန်းဆယ်ပွင့်လောက် စားလိုက်တာ နတ်သခင် အဆင့်ကို ရောက်လု နီးပါးပဲ။” မုချင်းဖန်း ပြောတယ်။

“ဘာဖြစ်တယ်။ ဒီစွမ်းအားတွေက နတ်သခင် အဆင့်ကို တိုးတက်အောင် ကူညီ ပေးနိုင်တာလား။”

“ဟုတ်တယ်။ သစ်သိးကို တွေ့နိုင်ရင် ချက်ခြင်း အဆင့်တက် လိမ့်မယ်။” မုချင်းဖန်း အတည်ပြုတယ်။

ချင်းယွိကတော့ အရမ်းကို စိတ်လှုပ်ရှား နေခဲ့ပါပြီ။ သူမလို နတ်သခင် အဆင့်ကို တိုးတက်ဖို့ စိတ်ကူး မရှိတဲ့ သူတောင် ဒီအခွင့်အရေးက လက်လွတ် မခံနိုင်အောင် ဆွဲဆောင်မှု ကြီးမားလွန်း လှတယ်။ အခုချိန်မှာ အားလုံးက အဆင့်တက် ချင်နေကြတဲ့ သူတွေချည်းပဲ။

“အခု နယ်မြေ တဝက်ကို ငါတို့ ပိုင်ထား ပြီးပြီဆိုတော့ ပန်းတွေ ကြိုက်သလောက် ခူးလို့ ရတယ်။ အဆင့်မတက်ခင်တော့ တခြား နယ်မြေကို ဝင်ဖို့ မကြိုးစားနဲ့။” ဖန်ကျန်းရှီက ချင်းယွိ စိတ်ကို နားလည်တဲ့ အတွက် ချက်ခြင်း သတိပေးတယ်။ ချင်းယွိနဲ့ လင်းမုပိုင်လဲ နားလည်ကြတယ်။

ဖန်ကျန်းရှီ နတ်သားရဲကောင်တွေကို မောင်းထုတ်ခဲ့တဲ့ မြင်ကွင်းက သူတို့ စိတ်ထဲမှာ စွဲနေတုန်းပဲ။ ဘယ်လိုများ လုပ်ခဲ့တာလဲ။

အခုချိန်မှာတော့ စွမ်းအား မြှင့်တင်ရေး ကသာ စိတ်ထဲကို ရောက်လာ ခဲ့တဲ့ အတွက် အသေးစိတ်ကို သူတို့ ခဏတာ မေ့ပြစ် လိုက်ပါတော့တယ်။ လင်းမုပိုင်နဲ့ ချင်းယွိက ပန်းတွေ စိတ်ကြိုက်ခူးဖို့ ခွင့်ပြု ခဲ့ပေမယ့်၊ တခြားသူတွေကိုတော့ ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် သူတို့ လုပ်ချင်ရင်တောင် မလုပ်ဝံ့ခဲ့ဘူး။

အခုချိန်မှာ ဖန်ကျန်းရှီက အရမ်းကို အင်အားကြီးနေခဲ့ပြီ။ သူ့ကို ဘယ်သူမှ မလွန်ဆန် ဝံ့ဘူး။

“ဒါ ဖန်၊ မှားလို့ မင်းသားကန်။ အရင်တုန်းက ကောင်းကင်တာအို ခန်းမမှာ မင်းသားကန်ရဲ့ ညွှန်ကြားမှုကို ရရှိခဲ့တဲ့ သားတစ်ယောက် ငါ့မှာ ရှိဖူးပါတယ်။ မင်းသားကန် ကြောင့်သာ မဟုတ်ရင် ငါ့သားတော်က အဆင့်တက်ခဲ့မှာ မဟုတ်ဘူး။” အဖြူရောင် နဂါးဝတ်ရုံဝတ် လူကြီးက လာပြောတယ်။

“လရောင်ဖြာ နိုင်ငံတော် ဧကရာဇ်လား။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“မှန်ပါတယ်။” ဧကရာဇ် ချက်ခြင်း ပြုံးပြတယ်။

“ထိပ်တန်း စစ်သည်တော် ၁၀၀ကို ခေါ်သွားပြီး ပန်းတွေကို ခူး။ ဒါပေမယ့် မှတ်ထား။ သစ်သီးကို တွေ့ရင် မယူရဘူး။ မဟုတ်ရင်။” ဖန်ကျန်းရှီ စကားကို အဆုံးထိ မပြောခဲ့ပါဘူး။

“နားလည်ပါပြီ။ သူ့ကို ငါကိုယ်တိုင် သတ်ပြစ်ပါမယ်။” ဧကရာဇ် ချက်ခြင်း ဖြေတယ်။

အခုချိန်မှာ အကောင်းဆုံး ရွေးချယ်မှုကို သူနားလည်တဲ့ အတွက်သာ ဒါကို ရွေးချယ်ခဲ့တယ်။ သူကြောက်လန့်လို့ လုပ်တာ မဟုတ်ခဲ့ဘူး။ အဆင့်တက်နိုင်ဖို့ အလားအလာ အရှိဆုံး ထိပ်တန်း စစ်သည်တော် ၁၀၀ကို သူခေါ်ထုတ်လိုက်တယ်။ လူသား မျိုးနွယ်တွေရဲ့ အနာဂတ်က အရေးကြီးတယ်။ ပိုပြီးတော့ အင်အားကြီးလေ တာဝန် ယူရတာ ပိုများလေပဲ။

“မင်းသားကန်။ တကယ်တော့ ငါတို့ စစ်မက်လိုလား နိုင်ငံတော်ကလဲ မင်းနဲ့ အဆက်အသွယ် ရှိတာပဲ။ ရန်ချင်းကို မှတ်မိမလား မသိ။” ခရမ်းရောင် နဂါး ဝတ်ရုံကို ဝတ်ထားတဲ့ လူကြီးက ပြောလာခဲ့ပါတယ်။

“ထိပ်တန်း ၁၀၀။ စည်းမျည်း အတူတူပဲ။” ဖန်ကျန်းရှီ လက်တွေကို ဝေ့ယမ်းလိုက်တယ်။

“ကျေးဇူး တင်ပါတယ် မင်းသားကန်။ စစ်မက်လိုလား နိုင်ငံတော် တစ်ခုလုံးရဲ့ ပြည်သူတွေ ကိုယ်စား ကျေးဇူး တင်ပါတယ်။” ဧကရာဇ်က ချက်ခြင်း ကျေးဇူးတင်တော့တယ်။

“နေအုန်း။” ဒီအချိန်မှာပဲ လူတစ်ယောက်က ဝူယွဲ့အာ ဘေးကနေ လျှောက်လာတယ်။

သူမရဲ့ နှင်းဖြူဖြူ ဆံကေသာတွေက လေနဲ့ အတူ လွင့်မျောနေခဲ့ပါတယ်။ ဒါကတော့ ယွင်ချင်းဝူပါ။

အပိုင်း (၁၀၇၇) ပြီး၏။

အပိုင်း (၁၀၇၈)

“ပျော်ရွှင်စရာ စာချုပ်စာတမ်း။”

…

“ယွင်ချင်းဝူလား။”

“ဒီ နတ်ဆိုး မိစ္ဆာသွေးနှော သမီးတော်က မင်းသားကန်နဲ့ ဘာဖြစ်လို့ အတူ ရှိနေတာလဲ။”

ဧကရာဇ်တွေ အားလုံးက ယွင်ချင်းဝူကို မြင်ချိန်မှာ မျက်လုံး ပြူးသွားခဲ့တယ်။ ယွင်ချင်းဝူက ဝူယွဲ့အာရဲ့ နောက်ကနေ ထွက်လာခဲ့တဲ့ အတွက် သူတို့တွေ ပိုပြီးတော့ ထူးဆန်း နေခဲ့တယ်။

ဝူယွဲ့အာကတော့ ဧကရာဇ်တွေရဲ့ အတွေးကို သိတဲ့ အတွက် ယွင်ချင်းဝူကို ပုံမှန် အတိုင်းသာ လက်ညှိုးထိုးရင်း ပြောလိုက်ပါတယ်။ “သူက အခု ငါတို့ရဲ့ အစေခံ ဖြစ်နေပြီ။ မိစ္ဆာ နတ်ဆိုးတွေ ဘက်ကသူ မဟုတ်တော့ဘူး။”

“အော် နားလည်ပြီ။”

“ဒီတော့ ယွင်ချင်းဝူက အစေခံ ဖြစ်သွားပြီပေါ့။”

“…”

နိုင်ငံတော်ကြီး သုံးခုလုံးရဲ့ ဧကရာဇ်တွေ့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားပေမယ့် သူမ ထွက်လာပြီး ရပ်တန့် ခိုင်းတာကို နားမလည်ခဲ့ဘူး။ ယွင်ချင်းဝူကတော့ ဝူယွဲ့အာကြောင့် အမူအယာ ပြောင်းမသွားခဲ့ပဲ ဖန်ကျန်းရှီ အနားကိုသာ ဆက်လျှောက် လာခဲ့ပါတယ်။

“ဖန်ကျန်းရှီ ကျန်တဲ့ ကောင်းကင် လက်ခံ မြေပုံတွေ ဘယ်နေရာမှာ ရှိလဲဆိုတာ အမြဲ သိချင်နေတာ မဟုတ်လား။”

“ဟမ်။” ဖန်ကျန်းရှီက ချက်ခြင်း ပြန်မေးမိတယ်။ ချင်းယွိနဲ့ လင်းမုပိုင်က ကောင်းကင် လက်ခံ မြေပုံတွေ ဆုံးရှုံး ခဲ့တဲ့ အကြောင်းကို သူအမြဲတမ်း ကြားဖူးခဲ့တယ်။

အခုချိန်မှာ ဒီမြေပုံတွေက မြင့်မြတ် နယ်မြေ မျိုးနွယ်စုကြီး ငါးခုနဲ့ တခြား နိုင်ငံတော်တွေကို ရောက်သွားတာပဲ ဖြစ်လိမ့်မယ်။

“နင် ငါ့ကို ယုံရင် သူတို့ကို မေးကြည့်။” ယွင်ချင်းဝူကတော့ နောက်ထပ် ပြောမနေတော့ပဲ ဒီအတိုင်းသာ ဝူယွဲ့အာ အနောက်ကို ပြန်သွားတယ်။

ဖန်ကျန်းရှီ ကတော့ အရမ်းကို ပျော်ပျော်ကြီး ရယ်မော နေခဲ့ပြီ။

ကျမ်းကောင်းကင် တောင်ကနေ ပြန်တက် လာပြီးချိန်တည်းက ယွင်ချင်းဝူ တိတ်ဆိတ်နေခဲ့ပါတယ်။ အခုချိန်မှာ တန်ဖိုးကြီး သတင်းအချက်အလက်ကို သူမ ပြောလာမယ်လို့ ဘယ်သူမှ မထင်ထား မိခဲ့ဘူး။

သူမက အရမ်းကို ထင်ထင်ရှားရှား ပြောသွားခဲ့တယ်။ မြေပုံတွေက ဒီနိုင်ငံတော်တွေမှာ ရှိနေတယ်။

“ငါ ဖန်ကျန်းရှီ၊ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသားကန်။ လရောင်ဖြာနိုင်ငံတော် ဧကရာဇ်၊ စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ်နဲ့ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်တွေကို ဂါရဝပြု ပါတယ်။” ဖန်ကျန်းရှီက ရှေ့ကို လျှောက်လာရင်း ပြောလိုက်တယ်။

“…”

“…”

နိုင်ငံတော်ကြီး သုံးခုရဲ့ ဧကရာဇ်တွေလဲ တောင့်တင်း သွားကြတယ်။ သူတို့တွေ ယွင်ချင်းဝူနဲ့ ဖန်ကျန်းရှီ ပြောတာကို မကြားလိုက်ဘူး။ သူမက အရမ်းကို တိုးတိုးလေး ပြောသွားတဲ့ အပြင် အသံနံရံ တစ်ခု ပြုလုပ် ထားပုံပဲ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အပြုံးကြီးနဲ့ ပုံမှန် မဟုတ်တဲ့ ဖော်ရွေမှုကြောင့် သူတို့တွေ ထူးဆန်း နေခဲ့တယ်။

ဒီနတ်ဆိုးမ ယွင်ချင်းဝူ ဘာတွေ ပြောလိုက်တာလဲ။

ဧကရာဇ်တွေ ကျောချမ်း သွားမိတယ်။ ဖန်ကျန်းရှီကို သိပ်ပြီးတော့ မတွေ့ဖူး ပေမယ့် သူ့အကြောင်းကို ကောင်းကောင်း ကြားဖူးကြတယ်။ ဒီကောင်က အရမ်းကို အရှက် မရှိဘူး။

“အမ် မင်းသားကန်။ ငါက ဧကရာဇ် ဖြစ်နေပင်မယ် ဒီလို ဂါရဝပြုတာကို မခံယူ ဝံ့ပါဘူး။” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် ချွေးပျံနေခဲ့ပြီ။

“အမှန်ပါပဲ။ ငါလဲ ကျင့်သား မရဘူး။” စစ်မက်လိုလား နိုင်ငံတော်ရဲ့ ဧကရာဇ်လဲ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေတယ်။ အခုချိန်မှာ သူမယဉ်ကျေးဘဲ မနေဝံ့ဘူး။ ဖန်ကျန်းရှီ ဘာတွေ ကြံစည်နေလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။

“လက်မခံ ဝံ့ဘူး ဆိုရင် အစောပိုင်းတုန်းက ဘာဖြစ်လို့ လက်ခံ ခဲ့တာလဲ။” ဖန်ကျန်းရှီက ပြုံးရင်း ခြေရာမဲ့ဓားကို တစ်ချက်ယမ်း လိုက်တယ်။ ဧကရာဇ် သုံးပါးလုံး လန့်သွားပြန်တယ်။

(မင်းက ငါတို့ကို အရင်ဂါရ၀ ပြုတဲ့ လူလေ။ ဒါတောင် လက်ခံလို့ အပြစ်တင် နေတယ်ပေါ့။)

ဧကရာဇ်တွေ အခုချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် မျက်စပြစ်နေ ခဲ့တယ်။ အခုချိန်မှာ သူများ ဂါရဝပြုတာကို လက်ခံမိလို့ အပြစ်တင် ခံရတာ ပထမဆုံး အကြမ်ပဲ။

ဒါက များလွန်းတယ် မဟုတ်လား။ ဧကရာဇ်တွေ တိတ်ဆိတ်နေခဲ့ ကြတယ်။ အခုချိန်မှာတော့ စစ်မက်လိုလား နိုင်ငံတော်ရဲ့ ဧကရာဇ်လဲ ဒီကိစ္စမှာ ဝင်ပါ နေမိတဲ့ သူ့ကိုယ်သူ အပြစ်တင်နေ မိတယ်။

ဖန်ကျန်းရှီလဲ ဧကရာဇ်တွေ ဘယ်လို ခံစားနေရလဲ သိတယ်။ ကြောက်နေကြတယ်။

အမှန်ပဲ။

“အားလုံးက ငါဂါရ၀ ပြုတာကို လက်ခံ ခဲ့မှတော့ တစ်ခုခု ပြန်ပေးသင့်တယ် မဟုတ်လား။” ဖန်ကျန်းရှီက ဧကရာဇ်တွေကို ဖော်ဖော်ရွေရွေနဲ့ သတိပေးတယ်။

“ဒါပေါ့ ပြန်ပေး ရမှာပေါ့။” လရောင်ဖြာ နိုင်ငံတော်ရဲ့ ဧကရာဇ်က ချက်ခြင်း စိတ်သက်သာရာ ရသွားပါတယ်။ ပြန်ပြီး ဂါရဝပြုရမယ် လို့သာ သူထင်ခဲ့တယ်။ ဒါကြောင့် သူချက်ခြင်း ဦးညွှတ်ဖို့ လုပ်တယ်။

ဒါပေမယ့် ခါးတောင် မကွေးရ သေးခင် အချိန်မှာပဲ ကြောက်စရာ အင်အားတွေက သူ့ကို ဆွဲမတ်လိုက်တယ်။ သူ့ကို လက်တစ်ဖက်က ကိုင်ထားသလိုပဲ။

“..” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် လန့်သွား ရပြန်ပါတယ်။ ဖန်ကျန်းရှီက ကြောက်စရာ ကောင်းလောက်အောင် အင်အား ကြီးလွန်း လှတဲ့ အတွက် သူ့ကို ဒေါသ ထွက်အောင် မလုပ်သင့်ဘူး။ ဒါပေမယ့် ကိုယ်တိုင် ကြုံရမှသာ သူနားလည်လိုက်တယ်။

တကယ့်ကို အင်အား ကြီးလွန်းတာပဲ။

လက်တစ်ဖက်က သူ့ကို ကိုင်ထားပေမယ့် တောင်ကြီး တစ်တောင်က သူ့ကို လာဖိနေသလို ခံစားရတယ်။ သူ ဒူးထောက်လျက်သား လဲကျတော့ မလိုပဲ။

ဒါက နတ်ဘုရား စွမ်းအားလား။

လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် ချွေးတွေ တကိုယ်လုံး စိုရွဲ နေခဲ့ပြီ။ သူက ပြန်လည် မွေးဖွားမှု အဆင့်ရဲ့ အင်အားကြီး လူတစ်ယောက်ပဲ။ ဒါပေမယ့် ဖန်ကျန်းရှီ ရှေ့မှာတော့ ပုရွက်ဆိတ် တစ်ကောင်သာသာ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ လက်ချောင်းလေးတွေ လှုပ်ရှား လိုက်တာနဲ့ သူသေသွား နိုင်တယ်။

“မင်းသားကန် ဘာများ အလိုရှိ။” ဧကရာဇ် ချိုချိုသာသာ ပြောဖို့ ကြိုးစားတယ်။

“လရောင်ဖြာ ဧကရာဇ်။ ဒါမျိုးကို ပြန်ပေးတဲ့ လက်ဆောင်အဖြစ် ပြောချင်တာ မဟုတ်ဘူး။” ဖန်ကျန်းရှီက ကောင်းကင် တာအိုရဲ့ အချုပ်အနှောင်ကို ပြန်ဖြေလျော့လိုက်တယ်။

“ဒါဆိုရင်။”

“လက်ဆောင်လေ။ သေချာပေါက် လက်ဆောင်ပေါ့။” ဖန်ကျန်းရှီ ပြောတယ်။

ဧကရာဇ် တောင့်တင်း သွားတယ်။ ဒါက ငွေညှစ်နေတာပဲ မဟုတ်ဘူးလား။ ဒါ့အပြင် အကျိုးအကြောင်း မသင့်ပဲ ခြိမ်းခြောက် ငွေညှစ်နေတာ။ သူက ဖန်ကျန်းရှီရဲ့ တောင်းဆိုမှုကို မလိုက်နာဖို့လဲ မဝံ့ရဲဘူး။

“လရောင်ဖြာ ဧကရာဇ် အဆင်ပြေရဲ့လား။ ငါက အများကြီး မတောင်းပါဘူး။” ဖန်ကျန်းရှီ ပြုံးပြရင်း ပြောတယ်။

“ဒါဆိုရင် ဘာလိုချင်တာလဲ။” ဧကရာဇ်လဲ နဖူးက ချွေးတွေကို သုတ်လိုက်ပြီး မေးတော့တယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ။” ဖန်ကျန်းရှီ ပြောတယ်။

“ဘာဖြစ်တယ်။”

“ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ။”

“မင်း။”

လရောင်ဖြာ နိုင်ငံတော်နဲ့ စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ် တွေတင် မကဘူး တစ်ချိန်လုံး စကား မပြောခဲ့တဲ့ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်တောင် မျက်လုံး အပြူးသား ဖြစ်သွား ခဲ့ရပါတယ်။

ဧကရာဇ် သုံးပါး စလုံး အကြည့်ချင်း ဖလှယ် မိကြတယ်။ အားလုံးရဲ့ မျက်ဝန်းထဲမှာ ကြောက်ရွံ့ ထိတ်လန့်မှုသာ အထင်းသား ပေါ်နေခဲ့တယ်။

အခုချိန်မှာ ဖန်ကျန်းရှီက ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ပွင့်ပွင့်လင်းလင်း တောင်းနေခဲ့ပြီ။

“ဖန်ကျန်းရှီ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာက ဘယ်လို ပစ္စည်းမှန်း မင်းသိရဲ့လား။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် မေးလိုက်ပါတယ်။

“ဒီတော့ ပေးမယ်ပေါ့။” ဖန်ကျန်းရှီ အချိန်မဖြုန်း ခဲ့ဘူး။

“ဟန့်။ ငါသေမှ ရမယ်။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် အလေးအနက် ပြောတယ်။

တခြား ဧကရာဇ်တွေလဲ လုံးဝကို အခိုင်အမာ ဆုံးဖြတ်ချက် ချထားခဲ့တယ်။ အခုချိန်မှာတော့ သူတို့တွေ မကြောက်ကြတော့ပဲ အသေခံပြီး ကာကွယ်ဖို့သာ အသင့် ဖြစ်နေခဲ့ကြတယ်။

ဖန်ကျန်းရှီကတော့ နည်းနည်းဖြုံသွားခဲ့တယ်။

သူနားလည် ထားသလောက် အရဆိုရင် ဧကရာဇ်တွေ ဆီက ကျောက်ဖျာတွေကို ရဖို့ မခက်လောက်ဘူး။ ဒါပေမယ့် အခုချိန်မှာ သူတို့ တုံ့ပြန်မှုကြောင့် မလွယ်လောက်မှန်း ဖန်ကျန်းရှီ သိသွား ခဲ့တယ်။ လူသားတွေကတော့ တကယ်ပါပဲ။

သူက လူသားမျိုးနွယ်တွေ စည်းလုံးမှု အတွက် ဧကရာဇ်တွေ တောင်းဆိုတာကို လိုက်လျောပြီး ပန်းတွေကို ခူးခိုင်းခဲ့တယ်။ ဒါပေမယ့် အားလုံး အတွက် များပြားတဲ့ အကျိုးအမြတ်နဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ သူတို့တွေက မတူညီတော့ဘူး။

“မင်းသားကန် ငါ မင်းကို လေးစားပါတယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေက လွဲပြီး တခြား တောင်းတာတွေ အကုန်လုံးကို ပေးနိုင်တယ်။” စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ်က ပြောလိုက်တယ်။

“အမှန်ပဲ။” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် ခေါင်းငြိမ့်တယ်။

“မင်းငါ့ကို သတ်လို့ ရတယ်။ ဒါပေမယ့် ဒီကောင်းကင် တာအို သုခမိန် ကျောက်ဖျာက နတ်ရွာစံသွားတဲ့ ဧကရာဇ် အသက်နဲ့ လဲလှယ် ခဲ့ရတာ မလို့ မင်း ငါ့ကို သတ်မယ် ဆိုရင်တောင် ငါမင်းကို မပေးဘူး။”

“မင်း ငါ့ကို သုံးယောက် စလုံးကို သတ်နိုင်မယ်လို့ ငါတော့ မယုံဘူး။”

“မင်း နိုင်ငံတော်ကြီး သုံးခုကို ဖျက်ဆီးမယ် ဆိုရင်တောင် ဒီကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို မင်းရနိုင်မှာ မဟုတ်ဘူး။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က အခိုင်အမာ ပြောတယ်။

“မင်းသားကန် မင်းက နတ်ဆိုးမ လွှမ်းမိုးတာ ခံရပြီး လှည့်စားတာကို မခံနဲ့။” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ်က သတိပေးတယ်။

“အမှန်ပဲ။”

ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ဧကရာဇ် သုံးပါးကို သတ်ရတာ သူ့အတွက်တော့ ကိစ္စ မရှိပေမယ့် ရလဒ်က ဘယ်လို ဖြစ်လာမလဲ။ သူတို့ရဲ့ စည်းလုံးမှုနဲ့ စစ်သည်တော်တွေ သိန်းချီရဲ့ အင်အားက ပျက်စီးပြီး ကိုင်တွယ်ရ ခက်သွားလိမ့်မယ်။

ဒါကြောင့် ဧကရာဇ်တွေကို သတ်လိုက်ရင် စစ်တပ်ကြီး တစ်ခုလုံး ဆူပူပြီး လက်စားချေတဲ့ စစ်ပွဲကြီး တစ်ခု အဖြစ် အဆုံးသတ် သွားလိမ့်မယ်။

“ငါ့ရဲ့ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မြေတွေနဲ့ လဲမယ်ဆိုရင် ဘယ်လိုလဲ။” ဒီအချိန်မှာပဲ ဧကရာဇ် လင်းမုပိုင် ဝင်ပြောလာပါတယ်။

“မြေတွေနဲ့လဲမယ်။”

“မင်းက မြို့တွေနဲ့ လဲချင်တာလား။”

ဧကရာဇ် သုံးပါးစလုံး လန့်သွားခဲ့ရပါတယ်။

ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေနဲ့ မြို့တွေကို လဲတာက မျှတတဲ့ အလဲအလှယ်ပဲ။ အနည်းဆုံးတော့ စဉ်းစားကြည့်ဖို့ တန်တယ်။

“ငါမှတ်မိ သလောက် အရဆိုရင် လရောင်ဖြာ နိုင်ငံတော်နဲ့ သီးခြား မြင့်မြတ် နိုင်ငံတော်မှာ ကျောက်ဖျာ တစ်ချပ်စီ ရှိတယ်။ စစ်မက်လိုလား နိုင်ငံတော်မှာတော့ ၂ခုရှိတယ်။ ဟုတ်တယ်ဟုတ်။” လင်းမုပိုင် ပြောလိုက်ပြန်တယ်။

“..” ဧကရာဇ်တွေ တိတ်ဆိတ် သွားခဲ့တယ်။

“ငါ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မြေနှစ်ပိုင်းကို ကျောက်ဖျာ လေးချပ်နဲ့ လဲမယ်။ စစ်မက်လိုလား နိုင်ငံတော်က တစ်ပိုင်း အပြည့်ရမယ်။ လရောင်ဖြာနိုင်ငံတော်နဲ့ သီးခြား မြင့်မြတ် နိုင်ငံတော်ကတော့ တဝက်စီရမယ်။ အဆင်ပြေလား။”

“နယ်မြေ နှစ်ပိုင်း။” ဧကရာဇ် သုံးပါး လန့်သွားရပြန်တယ်။ ဧကရာဇ် လင်းမုပိုင်က နယ်စပ်မြို့တွေကို ပေးမယ်လို့သာ ထင်ခဲ့ပေမယ့် သူက တကယ့်ကို မြေကို ပိုင်းခြားပြီး ပေးနေတာပါလား။

တကယ်တော့ ကြီးမြတ်သော ရှနိုင်ငံတော်မှာ အပိုင်းကြီး လေးပိုင်းရှိတယ်။ အပိုင်းကြီး ၂ပိုင်းက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ တဝက်ပဲ။

“မင်းတို့ ဒါကိုမှ မလဲချင် သေးဘူး ဆိုရင်တော့ တိုက်ပွဲမှာ ကံကောင်းပါစေလို့ပဲ ငါပြောလိုက်မယ်။ ရလဒ်တွေကိုတော့ မင်းတို့ အားလုံး သိနိုင်ပါတယ်။” ဧကရာဇ် လင်းမုပိုင်ရဲ့ အသံက အေးစက်နေခဲ့ပါတယ်။

“မင်းက ဘာ လုပ်ချင်လို့လဲ။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်ရဲ့ အမူအယာက ပြောင်းလဲ သွားတယ်။

“သတ်မယ်။ မင်း ဆက်ခံသူဆီ ငါ့မြေကို မပေးနိုင်ခင် ငါမင်းကို အရင်သတ်မယ်။” လင်းမုပိုင် ဖြဲခြောက်တော့တယ်။

“ဟဟား။ အရင်းရှင် ဆန်လိုက်တာ။” ဧကရာဇ်က ရယ်မောရင်း ခေါင်းငြိမ့်တယ်။

“ကောင်းပြီ။ ငါလက်ခံတယ်။ ဒါပေမယ့် ငါတို့တွေ ယူမယ့် နေရာကိုတော့ အရင်ရွေးရမယ်။ ငါက ရွှေအကြေးခွံ မြို့တော် အပါအဝင် မြောက်ပိုင်းကို ယူမယ်။”

“ကောင်းပြီ။ ကျန်တဲ့ နေရာက လရောင်ဖြာ နိုင်ငံတော် အပိုင်ပဲ။” လင်းမုပိုင် ချက်ခြင်း သဘောတူတယ်။

“မင်း တကယ်ကြီး ပြောနေတာလား။” စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ် မေးတယ်။ “ငါ အရှေ့ပိုင်းကို လိုချင်တယ်။ ရမလား။”

“ဟဟား။ ရတာပေါ့။ ယူလိုက်လေ။” ဧကရာဖ် လင်းမုပိုင် ရက်ရက်ရောရောကြီး ပေးနေခဲ့တယ်။ ဒါပေမယ့် ပင်းယန်ကတော့ မကျေနပ်ခဲ့ဘူး။ နီရဲနေတဲ့ မျက်နှာနဲ့ ဒေါသထွက်နေခဲ့တယ်။

အရှေ့ပိုင်းမှာ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မြို့တော်ကြီး ရှိနေပြီး ဆက်သွားရင် စစ်မက်လိုလား နိုင်ငံတော် ရှိနေတယ်။ ဒါကြောင့် အရှေ့ပိုင်းကို ပေးမယ်ဆိုရင် ရန်မြို့တော်ဆီကို လမ်းဖွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ။

“အရှေ့ပိုင်းက။”

“ယန်အာ။” ချင်းယွိက ပြန်ဆွဲခေါ်ရင်း ခေါင်းခါပြတယ်။

“အား။ စိတ်ရှုပ်လိုက်တာ။” ပင်းယန်က ချင်းယွိ လက်ထဲကနေ ရုန်းထွက်လာရင်း ကျိန်ဆဲ နေခဲ့တယ်။

ချင်းယွိကတော့ မျက်နှာ အမူအယာ ပြောင်းသွားခဲ့တယ်။ သူမက ပင်းယန်ကို တားထားပေမယ့် တကယ်တမ်းတော့ သူ့ကို လုံး၀ ထိန်းမရခဲ့ဘူး။ ပင်းယန်က ထိန်းလို့မရဘဲ ဒေါသထွက်နေတဲ့ ခြင်္သေ့ပေါက် တစ်ကောင်လို အင်အား ကြီးနေခဲ့တယ်။

(ငါ့သမီးလေး တကယ့်ကို အရွယ်ရောက် လာပြီ။”

“ကြီးမြတ်သော ရှဧကရာဇ် မင်းတကယ်ပဲ မင်းပြောတဲ့ အတိုင်း လုပ်မှာလား။ မင်း စာချုပ်ချုပ်ဝံ့လား။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က လင်းမုပိုင် ကတိမတည်မှာကို ကြောက်နေခဲ့တယ်။

“ငါ့ကို စုတ်တံနဲ့ စာရွက် ယူလာခဲ့။” လင်းမုပိုင် ပြောလိုက်တယ်။

“အမိန့် အတိုင်းပါ။” ရွှေရောင် စာလိပ်တစ်ခု ချက်ခြင်း ရောက်လာခဲ့တယ်။

ချက်ခြင်းဆိုသလို လင်းမုပိုင် အသေးစိတ် နေရာတွေကို ရေးလိုက်ပါတယ်။

ဧကရာဇ်တွေလဲ ချက်ခြင်း စိတ်သက်သာရာ ရသွားခဲ့တယ်။ ဖန်ကျန်းရှီလို နတ်ဘုရား တစ်ပါးနဲ့ ယှဉ်လို့ ရနေတဲ့ အင်အားကြီး ဖြစ်တည်မှုကို သူတို့တွေ တကယ်ပဲ မဆန့်ကျင်ချင်ဘူး။ ဘယ်သူမှ မသေချင်ကြဘူးလေ။

ဒါ့အပြင် ဖန်ကျန်းရှီ အကြောင်းကို သူတို့ ကောင်းကောင်း သိကြတယ်။

ကောင်းကင် တာအို သုခမိန်ကျောက်ဖျာ တွေကို မျက်စိကျနေ မှတော့ ဖန်ကျန်းရှီ လက်ထဲကနေ လွတ်အောင် ထိန်းသိမ်းဖို့ မလွယ်မှန်း သူတို့ အားလုံး သိကြတယ်။ ဒါကြောင့် အလဲလှယ် လုပ်တာက ပိုကောင်းတယ်။ အကျိုးအမြတ်လဲ ရှိတယ်။

နောက်ဆုံး စာချုပ်ကို ချုပ်ဆို ပြီးချိန်မှာတော့ ဧကရာဇ်တွေ ကျေနပ်သွားပါတော့တယ်။ ရှေးဟောင်း ပစ္စည်းတွေကို သူတို့ ထုတ်ယူလာခဲ့တယ်။ တစ်ခုကတော့ ကျောက်စိမ်းခါးပတ်ပဲ။ နောက်အရာတွေကတော့ ပိုပြီးတော့တောင် လျှို့ဝှက်တဲ့ နေရာမှာ ရှိနေခဲ့တယ်။ သူ့ဝတ်ရုံ အောက်မှာ ထူးဆန်းတဲ့ ကြယ်သီး တစ်လုံး ရှိနေတယ်။

နောက်ဆုံး ပစ္စည်းကတော့ ပုလဲအကြီးတစ်လုံး အသေးတစ်လုံးနဲ့ ရံထားတဲ့ စစ်မက်လိုလား ဧကရာဇ်ရဲ့ သရဖူ။

ဒါတွေကို ထိတွေ့ ကြည့်ရင်း ပစ္စည်းသိမ်းတဲ့ အရာတွေမှန်း ဖန်ကျန်းရှီ သိလိုက်တယ်။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေက အထဲမှာ သိမ်းလို့ရတယ်။

“အင်း။ ဘာမှ အမှားအယွင်း မရှိဘူး။” ဖန်ကျန်းရှီ အတည်ပြုတယ်။

“ကောင်းတယ်။” ဧကရာဇ်လင်းမုပိုင် ခေါင်းငြိမ့်ရင်းနဲ့ ပျော်နေကြတဲ့ ဧကရာဇ်တွေကို လှမ်းပြောတယ်။

“အာ ဟုတ်သား။ ခုမှ သတိရတယ်။ ငါက ငါ့ထီးနန်းကို ကျမ်းကောင်းကင်တောင် မလာခင်တည်းက ယွမ်အာ(အိမ်ရှေ့စံမင်းသား လင်းယွမ်)ဆီ လွှဲခဲ့ပြီးသား။ ငါ့ကိုယ်ငါ ဧကရာဇ်လို့တောင် မသုံးတော့တာကို မင်းတို့ သတိမထား မိဘူးလား။”

“…”

“…”

ဧကရာဇ်သုံးပါး နောက်ထပ် မရယ်မောနိုင် ကြတော့ပါဘူး။

အပိုင်း (၁၀၇၈) ပြီး၏။

အပိုင်း (၁၀၇၉)

“အဆင့်တက်ခြင်းနှင့် ပဟေဠိ၏ ကန့်လန့်ကာ နောက်ကွယ်။”

…

နိုင်ငံတော် သုံးခုရဲ့ ဧကရာဇ်တွေ အခုချိန်မှာတော့ ပါးစပ်တောင် မပိတ်နိုင်တော့ပဲ တောင့်တင်း နေခဲ့ကြပါပြီ။ ထီးနန်းကို လွှဲအပ်လိုက်ပြီ။ လင်းမုပိုင်က သူ ထီးနန်းကို လွှဲအပ်ပြီးပြီးလို့ ပြောနေတာလား။ သူဘာကို ဆိုလို ချင်တာလဲ။

ဧကရာဇ် သုံးပါးစလုံးရဲ့ မျက်နှာတွေကတော့ ရဲရဲ နီသွားခဲ့တယ်။

“မစိုးရိမ်ပါနဲ့။ ငါ လင်းမုပိုင်က ကတိတည်တဲ့သူ။ မလိမ်ညာ တတ်ဘူး။ စာချုပ်မှာ ငါလက်မှတ်ထိုး ပြီးပြီ။ ဒါကို မင်းတို့ ယွမ်အာဆီ ပြလိုက်ရင် သူငြင်းမှာ မဟုတ်ပါဘူး။” သူတို့ရဲ့ အမူအယာတွေကို မြင်ချိန်မှာ လင်းမုပိုင်က သူ့ဗိုက်သူ လက်နဲ့ ဖိထားရင်း မရယ်မိအောင် ထိန်းနေခဲ့ရတယ်။

(မလိမ်ညာ တတ်တဲ့သူ ကတိတည်မယ်တဲ့။ ဘယ်သူ့ကို သူလာလိမ် နေတာလဲ။)

ဘယ်ဧကရာဇ်ကမှ ဒီစကားကို မယုံကြဘူး။ အခုချိန်မှာ လင်းမုပိုင် တမင်တကာ လုပ်မှန်း အားလုံး သိကြတယ်။

“လင်းမုပိုင် မင်းက ဒီလိုမျိုး လာရှုပ်လို့ ရမယ်ထင်နေတာလား။” စစ်မက်လိုလား နိုင်ငံတော်က နိုင်ငံတော် လေးခုထဲမှာ အင်အား အကြီးဆုံး ဖြစ်တဲ့ အတွက် သူ့ကိုယ်သူ ယုံကြည်ချက် ကောင်းကောင်း ရှိတယ်။

သူသာ ကြီးမြတ်သော ရှနိုင်ငံတော်နဲ့ တိုက်ခိုက်မယ် ဆိုရင် နိုင်နိုင်ချေက ၈၀% ရှိတယ်။

လရောင်ဖြာ နိုင်ငံတော် ဧကရာဇ်ကတော့ ဒီစကားကို ကြားချိန်မှာ အမူအယာ ပြောင်းလဲ သွားတော့တယ်။ သူ့လို ဧကရာဇ်က ဒီလို အရှက်ခွဲ ခံရတာကို ဘယ်လိုများ သည်းခံ နိုင်မလဲ။

“အကယ်၍ စစ်မက် လိုလား နိုင်ငံတော်သာ စစ်ပွဲကို စမယ်ဆိုရင် လရောင်ဖြာ နိုင်ငံတော်ကလဲ ဝင်ပါဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် ခြိမ်းခြောက်တယ်။

“သီးခြား မြင့်မြတ် နိုင်ငံတော်ကလဲ ဝင်ပါမှာပဲ။”

“အော် ဒီလိုလား။” လင်းမုပိုင်ကတော့ တစ်ချက်လေးတောင် မကြောက်ပဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတယ်။ အဲ့ဒီ့နောက် ချင်းယွိ ဘက်ကို လှည့်မေးလိုက် ပါတယ်။ “ယွိအာ မင်းရော ဘယ်လို တွေးထားလဲ။”

“နိုင်ငံတော် သုံးခု စလုံးကို အပြတ်ရှင်းမယ်။” ချင်းယွိ ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။

“…”

“…”

“…”

ဧကရာဇ် သုံးပါး စလုံး မျက်လုံး ပြူးသွားခဲ့တယ်။ ဒီအချိန်မှပဲ လင်းမုပိုင် ဘေးမှာ ရှိနေတဲ့ အမျိုးသမီးကို သူတို့ သေချာ ကြည့်မိတော့တယ်။ ချက်ခြင်း ဆိုသလို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အဖြစ်အပျက်တစ်ခု သူတို့ စိတ်ထဲကို ပြန်ဝင်ရောက် လာခဲ့တယ်။

လွန်ခဲ့တဲ့ နှစ် ၂၀မှာ ကြီးမြတ်သော ရှနိုင်ငံတော်မှာ ဧကရီ တစ်ပါး ရှိခဲ့တယ်။ အဲ့ဒီ့ အချိန်တွေမှာ ဘယ်နိုင်ငံတော်ကမှ တူညီတဲံ ရပ်တည်ချက် မရှိခဲ့ဘူး။ တကယ်တော့ ကြီးမြတ်သော ရှနိုင်ငံတော်က အများကြီးကို တောင့်တင်း ခိုင်မာပြီး အသာစီး ရနေခဲ့တယ်။

ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ဧကရီက အရမ်းကို ကြမ်းတမ်းပြီး အင်အားသုံး အုပ်ချုပ်ခဲ့တဲ့ အတွက်ပဲ။ ဒါ့အပြင် သူ့ကို လင်းမုပိုင်က ယွိအာလို့ ခေါ်တယ်။

“ငါ မိတ်ဆက်ပေးဖို့ မေ့နေတာ။ ဒါက ချင်းယွိ။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ အရင်ဧကရီ။ လက်ရှိ လင်းယွမ် မျှော်စင်သခင်။” လင်းမုပိုင်က ပြုံးပြုံးကြီး ပြောလိုက်တယ်။

“…”

ဓားထက်လှတဲ့ ဧကရီရဲ့ နာမည်ကို ကြားပြီး ချိန်မှာပဲ ဧကရာဇ် သုံးပါးစလုံး စကားထပ်မပြော နိုင်ကြတော့ ပါဘူး။

ဒါပေမယ့် လင်းမုပိုင်ကတော့ အခုထိ မကျေနပ်သေးပဲ ပင်းယန်ကို လက်ညှိုးထိုး ပြရင်း ဆက်ပြောတယ်။

“ပင်းယန်။ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသမီး။ လက်ရှိမှာ လင်းယွမ်မျှော်စင်ရဲ့ သခင်မငယ်။ သူကလဲ ခုနကမှ နတ်သခင် အဆင့်ကို တက်ထားတာ။”

“…”

“…”

ဧကရာဇ် သုံးပါးရဲ့ မျက်နှာကတော့ ဖြည်းဖြည်းချင်း ဖြူဖျော့ လာခဲ့ပြီ။

“ရန်ရွှယ်။ အနောက်ပိုင်းလျန် မင်းသား ရန်ချန်လိရဲ့ မြေး။ လက်ရှိအချိန်မှာ အနောက်ပိုင်းလျန်ရဲ့ အုပ်ချုပ်သူ။ သူလဲ နတ်သခင် အဆင့်ကို ရောက်နေပြီ။” ရန်ရွှယ့်ကို လက်ညှိုးထိုး ပြရင်း ပြောပြန်တယ်။

ဧကရာဇ် သုံးပါးကတော့ မျက်နှာတွေ ခရမ်းရောင်တောင် ပြောင်းသွား ခဲ့ပြီ။

“အာ ဟုတ်သား။ သူ့ကိုတော့ ရင်းနှီးကြတယ်မလား။ ဖန်ကျန်းရှီ၊ ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသားကန်။ သူ့ကျင့်ကြံဆင့်ကိုတော့ မပြောတော့ဘူး။ နောက်တစ်ခေါက် ပြန်ပြီး မိတ်ဆက် ပေးရအုန်းမလား။” လင်းမုပိုင် မေးတယ်။

“မလိုဘူး။ ရပြီ။ ကျေးဇူးပဲ။” လရောင်ဖြာ နိုင်ငံတော် ဧကရာဇ် ချက်ခြင်း ခေါင်းခါရင်း ငြင်းဆိုတယ်။

မိတ်ဆက်တယ်။ ငလူးပဲ။ ဘယ်သူက မိတ်ဆက်ဖို့ လိုနေတာလား။

သူက မျက်ကန်းမှ မဟုတ်ဘဲ။ သူတောင်ထိပ် ရောက်နေတဲ့ အချိန်တုန်းက နတ်သားရဲကောင်တွေကို ဖန်ကျန်းရှီ ဓားနဲ့ လိုက်ခုတ်နေတာ မြင်သားပဲ။ ဖန်ကျန်းရှီက ပင်းယန်နဲ့ ရန်ရွှယ်ထက် အားနည်းတယ်လို့ ထင်ရအောင် တုံးအ မနေဘူး။

စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ်ကတော့ တုန်ယင် နေခဲ့တယ်။ အခုချိန်မှာ သူက အနိုင်ကျင့် ခံနေရတာပဲ။ ဒါ့အပြင် လုံး၀ လက်မခံ နိုင်စရာ ကိစ္စ ဖြစ်နေသေးတယ်။

ဒီလိုတွေ ဖြစ်သင့်ရဲ့လား။

ယုတ္တိရော ရှိရဲ့လား။

စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ် တွေးနေရင်း ဝတ်ရုံဖြူဝတ် ထားပြီး နတ်ဘုရား တစ်ပါးလို အငွေ့အသက်တွေ ထွက်နေသူကို သတိ ထားမိသွား ခဲ့တယ်။

မုချင်းဖန်း။ ကောင်းကင် တာအို ခန်းမရဲ့ ခေါင်းဆောင်။ သူက အားလုံးကို ရှင်းပေးနိုင်ေ လာက်မယ့် လူတစ်ယောက်ပဲ။

စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ် စကားမပြောနိုင်ခင် အချိန်မှာပဲ သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က မုချင်းဖန်း ရှေ့ကို ရောက်သွား ခဲ့ပြီ။

“ခန်းမ ခေါင်းဆောင်မု။ နိုင်ငံတော်ကြီး လေးခုနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ငါမှတ်မိသေးတယ်။ သုခမိန် အထက် ကျင့်ကြံဆင့် ရှိသူတွေက နိုင်ငံတော် တိုက်ပွဲတွေမှာ ဝင်ပါခွင့် မရှိဘူး။ ဒါကို မှတ်မိ သေးရဲ့လား။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် ပြောတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က မဟာစစ်ပွဲကြီး အပြီးမှာ သုခမိန် အဆင့်တွေက စည်းမျဉ်းကို ချမှတ်ခဲ့တယ်။ သုခမိန် အဆင့် သူတွေက နိုင်ငံတော်ကြီး လေးခုရဲ့ တိုက်ပွဲမှာ ဝင်မပါရဘူး။ ဒီစည်းမျဉ်းကို မုချင်းဖန်း ဖောက်ဖျက် ဝံ့မယ်လို့ သူလုံး၀ မယုံဘူး။

“ဘာ စည်းမျဉ်းကို ပြောနေတာလဲ။” မုချင်းဖန်း ဝေေ၀ဝါးဝါး ပြန်ဖြေတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ မော့ရှန်းရှီကို သူလှည့်မေးတယ်။

“အဖိုးကြီးမော့။ သူပြောတဲ့ စည်းမျဉ်းမျိုး ကြားဖူးလား။”

“ငါတော့ မမှတ်မိပါဘူး။” မော့ရှန်းရှီလဲ ပြန်ပြောတယ်။

“ခေါင်းဆောင်ဝူ။ ကောင်းကင် အိုအေစစ်နဲ့ မင်းသားရန်ရော အဲ့ဒီ့ စည်းမျဉ်းကို မှတ်မိတဲ့သူ ရှိလား။” မုချင်းဖန်း မေးတယ်။

“မင်း ဘာတွေ လာပြောနေတာလဲ။ တိုက်ခိုက်ချင်ရင် တိုက်ခိုက်မယ်။ ဘာမှ သောက်ပိုတွေ လာပြောနေစရာ မလိုဘူး။ မြောက်ပိုင်း လူရိုင်းတွေ တိုက်ခိုက်ချင်ရင် ငါကတော့ အကုန် သတ်မှာပဲ။” ရန်ချန်လိ ပြန်အော်တယ်။

“ငါလဲ အဖိုးကြီးရန် ပြောတာ ထောက်ခံတယ်။ အရိပ်မျိုးနွယ်ရဲ့ အကူအညီ လိုချင်ရင် ငါ့စစ်သည်တော် ၃၀၀၀ ကိုပို့ပေးလိုက်မယ်။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ပြောရင်း ဝူယွဲ့အာကို မေးတယ်။

“ယွဲ့အာရော မငြင်းဘူး မဟုတ်လား။”

“ဆရာ့ ဆုံးဖြတ်ချက်ကို ကျွန်မက ဘယ်လိုလုပ် ငြင်းဝံ့မှာလဲ။” ဝူယွဲ့အာက အရမ်းကို ကျိုးနွံတဲ့ တပည့်လေး အသွင် ပေါက်နေခဲ့ပါတယ်။

“ဟူး။” မုချင်းဖန်း သက်ပြင်းချလိုက်ရင်း ပြန်ပြောတယ်။ “ကြည့်ပါလား။ ဘယ်သူမှ မမှတ်မိဘူး။ တခြားသူတွေကို မေးကြည့်လေ။ သူတို့ မှတ်မိချင် မှတ်မိမှာပေါ့။”

“…” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် ဘာများ ထပ်ပြောစရာ ရှိနိုင်ပါအုန်း မလဲ။ လူတွေ အုပ်စုဖွဲ့ပြီး တခြားတစ်ဖွဲ့ကို အနိုင်ကျင့်တာမျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ တရားမျှတမှုက ဘယ်မလဲ။

သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် မတွေးထား နိုင်တဲ့ အထိကို လင်းမုပိုင်က အားလုံးနဲ့ ပေါင်းပြီး သူတို့ကို တစ်ပတ်ရိုက် သွားခဲ့တယ်။

(သေတာထက် ပိုသနားစရာ ကောင်းတဲ့ ခံစားချက်ကို သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ် အခုချိန်မှာ ခံစားနေခဲ့ ရပါပြီ။)

စစ်မက်လိုလား နိုင်ငံတော် ဧကရာဇ်ကတော့ သူ့ဒေါသတွေကို အင်အား အဖြစ် ပြောင်းလဲ ပြစ်လိုက်တယ်။

“အိုက်ယိုး။ ပြီးခဲ့တာတွေက လွန်ခဲ့တဲ့ နှစ် ၂၀က ကိစ္စတွေပဲလေ။ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ရအောင်။ ကြီးမြတ်သော ရှရဲ့ ဧကရာဇ်ဟောင်းက စာချုပ်ချုပ်ခဲ့မှတော့ ဘယ်လိုများ ကတိဖျက်မှာလဲလေ။ မင်းသားကန် ငါတို့တွေ သုခမိန် ကျောက်ဖျာတွေကို ထုတ်ပေးပြီးပြီဆိုတော့ နတ်ဘုရား အရင်းအမြစ်က။”

“လူ ၁၅၀က ငါပေးနိုင်တဲ့ အများဆုံးပဲ။” ဖန်ကျန်းရှီ ရက်ရက်ရောရော ပြောတယ်။

“ကောင်းလိုက်တာ။ စစ်မက်လိုလား နိုင်ငံတော် တစ်ခုလုံးရဲ့ ပြည်သူတွေ အစား မင်းသားကန်ကို အများကြီး ကျေးဇူးတင်ပါတယ်။” စစ်မကလိုလား နိုင်ငံတော် ဧကရာဇ်ကတော့ အကျိုးအမြတ်ကို အရယူ သွားခဲ့ပြီ။

လရောင်ဖြာ နိုင်ငံတော် ဧကရာဇ်လဲ လှည့်လာတယ်။ အားလုံးက သူတို့ကို အကွက်ဆင် နေမှတော့ ဆွေးနွေးတာက အသုံးမဝင်ဘူး။ အခုချိန်မှာ အကျိုးအမြတ်ကို ရသလောက် ယူရမယ်။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေကို ပေးလိုက်ပြီးပြီ။ ပြန်တောင်းလို့ မရနိုင် တော့ဘူး။

“မင်းသားကန်။ လရောင်ဖြာ နိုင်ငံတော် အတွက်က။”

“အများဆုံး ၁၂၀။” ဖန်ကျန်းရှီ စိတ်မရှည်လက်မရှည် ပြန်ဖြေတယ်။

“၁၂၀။” လရောင်ဖြာ ဧကရာဇ် မျက်လုံး ပြူးသွားပေမယ့် ချက်ခြင်း ဦးညွှတ်တယ်။ “ကျေးဇူး တင်ပါတယ်။ မင်းသားကန်။ ပြည်သူတစ်ရပ်လုံး ကိုယ်စား အထူး ကျေးဇူး တင်ပါတယ်။”

သူက အခြေအနေနဲ့ အချိန် အခါကို နားလည်တဲ့ လူတစ်ယောက်ပဲ။ ကြီးမြတ်သော ရှနိုင်ငံတော်က အခုချိန်မှာ အရမ်းကို သန်မာနေပြီ။ သူတို့တွေ လရောင်ဖြာ နိုင်ငံတော်ကို မတိုက်ခိုက် တာနဲ့တင် ကျေးဇူး တင်ရမယ်။

တရားမျှတမှု အကြောင်းကိုတော့ စကားထဲ ထည့်ပြော မနေတော့ဘူး။

ရှေးဟောင်းခေတ်မှာ စည်းမျဉ်း တစ်ခုပဲ ရှိတယ်။ အနိုင်ရသူက အားလုံးကို ယူသွားတယ်။ ပိုပြီး သန်မာတဲ့ သူကသာ အားလုံးကို ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်တယ်။

အောက်ကို ကျသွားတဲ့ လူကို အားလုံးက ဝိုင်းပြီး နင်းချေ ကြမှာပဲ။ ဒါပေမယ့် အခုချိန်မှာ သူကတော့ သနားစရာ ကောင်းအောင် အကန်ခံရပြီး ကူကယ်ရာ မဲ့နေပြီ။

“ဟူး။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က ခေါင်းငုံ့လိုက်ပါတယ်။ “လင်းမုပိုင်။ သီးခြား မြင့်မြတ် နိုင်ငံတော်က ကြီးမြတ်သော ရှနဲ့ ပြဿနာ နည်းနည်း ရှိခဲ့ပေမယ့်။ အတိတ်က အတိတ်ပဲလေ။ သီးခြား မြင့်မြတ် နိုင်ငံတော် ပြည်သူ တစ်ရပ်လုံး အတွက် သနားညှာတာ ပေးဖို့ မျှော်လင့်ပါတယ်။”

“မလိုဘူး။” လင်းမုပိုင် လက်ကို ဝေ့ယမ်းရင်း ဖန်ကျန်းရှီကို မေးတယ်။ “မင်းသားကန် ဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ။”

“ရတယ်။ နယ်မြေက ကြီးတာပဲလေ။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြောလိုက်တယ်။

“ဒီလို ဖြစ်မှတော့ သီးခြား မြင့်မြတ် နိုင်ငံတော်ရဲ့ ထိပ်တန်း အယောက် ၁၀၀ကို ခွင့်ပြုလိုက်မယ်။” လင်းမုပိုင် သက်ပြင်းချတယ်။ ဖန်ကျန်းရှီ သဘောမတူမှာကို သူတကယ်ပဲ စိတ်ပူမိခဲ့တာ အမှန်ပဲ။ နောက်ဆုံးတော့လဲ သူ့အမြင်မှာ ဖန်ကျန်းရှီက အားလုံး အပေါ်ကနေ အကျိုးအမြတ်ကို ရိတ်တတ်တဲ့ သူတစ်ယောက်ပဲ။

နိုင်ငံတော်တွေ အားလုံးကနေ ကျောက်ဖျာတွေကို ရပြီးတဲ့နောက် နယ်မြေတွေကို သူမနှမြောတော့ဘူး။

“ကြီးမြတ်သော ရှနိုင်ငံတော် ဧကရာဇ်ဟောင်းကို ကျေးဇူး တင်ပါတယ်။” သီးခြား မြင့်မြတ် နိုင်ငံတော် ဧကရာဇ်က ဦးညွှတ်လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို သူပြောတယ်။ “ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။”

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ပြတယ်။ သူရုတ်တရက် သဘောကောင်းနေတာ နိုင်ငံတော်ကြီး လေးခုနဲ့ အလုပ်တွဲလုပ်ဖို့ လိုနေတာ ကြောင့်ပဲ။

အခုချိန်မှာ စစ်သည်တော် သိန်းနဲ့ ချီပြီး သူတို့ နောက်မှာ ရှိနေတယ်။

လင်းမုပိုင်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး အားလုံးက ကျမ်းကောင်းကင်တောင်ကို လာရောက်တဲ့ အပြင် ရေရှည် အတွက်လဲ စဉ်းစား ကြသေးတယ်။ အကျိုးအမြတ်ကို လိုချင် ကြပေမယ့်၊ ဒါက လူ့သဘာဝပဲ။

ဧကရာဇ် တစ်ပါး ဖြစ်လာဖို့ အတွက် သေချာပေါက် အကျိုးအမြတ်တွေကို အာရုံစိုက်ရမယ်။

…

ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ ၄ခုကို ထပ်ရ ပြီးတဲ့နောက် သူ့မှာ ၃၂ခု ရှိသွားခဲ့ပြီ။ ကွမ်းလင်စန်း ပန်းချီမှာ ၂၈ခု ရှိတယ်။ ဒီတော့ ကျန်တဲ့ လေးခုက ဘယ်မှာလဲ။

အနားက ယွင်ချင်းဝူကို ဖန်ကျန်းရှီ လှည့်ကြည့်ပေမယ့်၊ ယွင်ချင်းဝူက မျက်နှာလွှဲ သွားခဲ့တယ်။ သူမ မဖြေချင် ခဲ့ဘူး။

ဖန်ကျန်းရှီ စိတ်ထဲမှာ ထူးဆန်း နေမိတယ်။ ဧကရာဇ်တွေ ဆီက ကျောက်ဖျာတွေကို ပြောပြခဲ့မှတော့ သူမ နောက်ထပ် ဖုံးကွယ် မထားလောက် တော့ဘူးလို့ ဖန်ကျန်းရှီ တွေးမိခဲ့တယ်။

ဒါပေမယ့် ဘာကြောင့်ဆက်ပြီး ဖုံးကွယ် နေတာလဲ။

ယွင်ချင်းဝူရဲ့ စိတ်ကို ဖန်ကျန်းရှီ နားမလည် နိုင်ခဲ့သေးဘူး။

ဧကရာဇ် သုံးပါးကတော့ ထိပ်တန်း စစ်သည်တော် တွေနဲ့ အတူတူ ပန်းတွေ ခူးနေခဲ့ပြီ။ အများစုကတော့ စစ်သူကြီးတွေပါ။ ဖန်ကျန်းရှီကတော့ ထပ်ပြီး မေးခွန်း မထုတ်တော့ဘူး။

အားလုံးက ထိပ်တန်း အင်အားရှင်တွေ ဖြစ်နေတဲ့ အပြင် လူသားမျိုးနွယ် အတွက်လဲ အထောက်အကူ ဖြစ်လာနိုင်တယ်။

အဝေးကနေသာ သစ်သီး အတွက် လုယူနေတဲ့ တိုက်ပွဲကို ဖန်ကျန်းရှီ လှမ်းကြည့်နေလိုက်ပါတယ်။

သားရဲကောင် သုံးကောင်နဲ့ စစ်နတ်တွေက နည်းနည်းစီ ဒဏ်ရာ ရထားခဲ့ကြတယ်။ ဒါ့အပြင် နတ်ဘုရား အရင်းအမြစ်ကို ရောက်နေတဲ့ အတွက် ဒဏ်ာတွေက ခပ်မြန်မြန် ပျောက်ကွယ် ကုန်ပြီး ဆက်တိုက်သာ တိုက်ခိုက် နေခဲ့ကြပါတယ်။

ဒီအချိန်မှာ မြန်ဆန် လွန်းလှတဲ့ ရွှေရောင် အလင်းတန်း တစ်ခုက ထိုးဆင်းလာပြီး သစ်သီးကို သုတ်ချီဖို့ လုပ်တယ်။

ဟွမ်တွမ့် ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။ စစ်နတ်တွေကတော့ မျက်လုံး ပြူးသွားပြီး ဒီရွှေရောင် အလင်းတန်းကြီးက ဘာမှန်း သိနေပင်မယ့် မတားနိုင်ပဲ ဖြစ်သွားခဲ့တယ်။

ကောင်းကင်ပေါ်ကို ရွှေရောင် အလင်းတန်းကြီး ထိုးတက် သွားချိန်မှာတော့ သစ်သီးက ပျောက်ကွယ် သွားခဲ့ပါပြီ။

“ခွန်းပန်း။” ချုံးချီ ဒေါသတကြီးနဲ့ အော်ဟစ်တယ်။ ခွန်ပန်းက ဒီလိုလုပ်နိုင်မှန်း သူသိပေမယ့် သူ့အရှိန်ကိုတော့ လျော့တွက် မိခဲ့တယ်။ ဒီကောင်က တကယ့်ကို မြန်လွန်းတယ်။

အမြန်ဆုံး နတ်သခင်တွေထဲက တစ်ယောက် ဖြစ်တဲ့ အပြင် လေထဲမှာ ကောင်းကောင်း အကြမ်းခံနိုင်တဲ့ အတွက် သူက အတော်ဆုံးလို့တောင် ပြောလို့ ရနိုင်တယ်။

“ဟဟား။” ရယ်သံကြီး ပြောလာပြီး ရွှေရောင် အလင်းတန်း တစ်ခုက တောက်ပလာတယ်။

ကြီးမားတဲ့ အတောင်ပံကြီးတွေက ချက်ခြင်း ၂ဆ ပိုကြီးလာပြီး ကောင်းကင် တစ်ခုလုံးကိုတောင် ဖုံးအုပ်တော့မယ့် အတိုင်း ပြန့်လာခဲ့တယ်။

ဖန်ကျန်းရှီက ဒါကို မြင်ချိန်မှာ မျက်လုံး ပြူးသွား ခဲ့ရပါတယ်။

သစ်သီး တစ်လုံးက နတ်သားရဲကောင်တွေကို အများကြီး ကြီးလာစေတယ်။ လန့်စရာကောင်းလိုက်တာ။

“နေစမ်းပါအုန်း။ နတ်ဘုရား အရင်းအမြစ်က နတ်သားရဲကောင်တွေကို အဆင့်တက် စေနိုင်ရင် ဘာဖြစ်လို့ ချိတ်ပိတ် ခံထား ရတာလဲ။” ဖန်ကျန်းရှီက သစ်သီးကို ပြေးပြီးတော့ လုမယူခဲ့ဘူး။ တစ်ခုခု လွဲနေတာကိုသာ သတိထားမိခဲ့တယ်။

တကယ်တော့ လျှို့ဝှက်ချက်ကြီး တစ်ခုလဲ ရှိနေနိုင်တယ်။ ဧကရာဇ်ဟွမ် စကြဝဠာထဲကို ပြန်ဝင်ပြီးနောက် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ သိနိုင်မယ့် ပဟေဠိဖြေ လျှို့ဝှက်ချက်ကြီး ဖြစ်လိမ့်မယ်။

အပိုင်း (၁၀၇၉) ပြီး၏။

အပိုင်း (၁၀၈၀)

“အလွန်အမင်း ကလူသို့ မြှူသို့ လုပ်နိုင်သော။”

…

အချိန်တလျှောက်လုံးမှာ ဖန်ကျန်းရှီ ကိစ္စ တစ်ချို့ကို နားမလည် နိုင်ခဲ့ဘူး။ ပထမ တစ်ခုကတော့ ရှေးဟောင်း နတ်ဘုရား တိုက်ပွဲကြီးရဲ့ အမှန်တရား။

မှတ်တမ်းတွေ ရှိနေပင်မယ့် ေ၀ဝါးလွန်းတယ်။ တစ်စုံတစ်ယောက်က တမင်တကာ ပြောင်းလဲ ထားသလိုပါပဲ။ ဒီကိစ္စက ထူးဆန်းလွန်း နေတယ်။

အဓိက သံသယ ဖြစ်စရာ အကြောင်း အရင်းကတော့ မိစ္ဆာ နတ်ဆိုး နတ်သခင်တွေရဲ့ အပြုအမူတွေပဲ။ သူတို့တွေက ရှေးဟောင်း စစ်မြေပြင်ကနေ သင်ခန်းစာ ရသေးတဲ့ ပုံစံ မပေါ်ကြဘူး။

ဒီကိစ္စကလဲ ထူးဆန်းလွန်းတယ်။

ဒုတိယ အကြောင်းအရင်းကတော့ ဘာကြောင့်များ ဧကရာဇ်ဟွမ်က နောက်တစ်ခေါက် အာကာသထဲကို ထွက်သွား ခဲ့တာလဲ။ ဒါ့အပြင် အဲ့ဒီ့နောက်မှာ ဘာတွေ ဖြစ်ကုန်တာလဲ။

တတိယ အကြောင်း အရင်းကတော့ နတ်ဘုရား အရင်းအမြစ် မြေအကြောင်းပဲ။ ဒီနယ်မြေ အကြောင်း မှတ်တမ်းတွေက ရှားပါးလွန်းတယ်။

ဧကရာဇ် လေးပါးနဲ့ မြင့်မြတ် နယ်မြေမှာလဲ နတ်ဘုရား အရင်းအမြစ် အကြောင်း မှတ်တမ်းတွေ မရှိခဲ့ဘူး။ ဒါပေမယ့် ကိုးကားထားတဲ့ မှတ်တမ်းတစ်ချို့တော့ ရှိခဲ့တယ်။

ဥပမာ အားဖြင့် ယွင်ချင်းဝူရဲ့ ရှေးဟောင်း လက်ရေးမူမှာ နတ်ဘုရား အရင်းအမြစ်နဲ့ အသီးအပွင့်တွေရဲ့ စွမ်းအားကို မှတ်တမ်း တင်ထားတယ်။

သစ်သီး တစ်လုံးကို ရနိုင်ရင် နတ်ဘုရား အဖြစ် အဆင့် တက်နိုင်တယ်။

ဒီကိစ္စက ဒဏ္ဍာရီဆန်လွန်း နေပင်မယ့် ဖန်ကျန်းရှီကတော့ မယုံခဲ့ဘူး။ ဒါပေမယ့် သူ့မျက်စိရှေ့မှာ ဖြစ်နေခဲ့ ကိစ္စကိုတော့ သူသတိ ထားမိတယ်။ သစ်သီး တစ်လုံးကို ရသွား ခဲ့တဲ့ ခွန်းပန်းက အခုချိန်မှာ ကြောက်စရာ ကောင်းလောက်အောင် အရွယ်အစား ကြီးမား သွားခဲ့ပြီ။

ရွှမ်ယွမ်ဝူနဲ့ ဧကရီ ပိုင်ကျစ်လဲ စွမ်းအားတွေ သိသိသာသာကို တိုးပွား လာခဲ့တယ်။ အထူးသဖြင့် ဧကရီ ပိုင်ကျစ်က ရောင်စုံ အမြီး ကိုးချောင်းတောင် ရှိနေခဲ့ပြီ။ ဒါက တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ်။

ဒါက နားလည်ဖို့ ခက်တယ်လို့ ဖန်ကျန်းရှီတော့ မထင်ဘူး။ ဒါပေမယ့် ဒီလို ကိစ္စတွေက မိုးမြေရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်နေတယ်လို့ သူခံစားမိတယ်။ ရှေးဟောင်း ဆိုရိုးစကားတွေ ရှိတဲ့ အတိုင်း (စည်းမျဉ်း စည်းကမ်းတွေသာ မရှိရင် ဘာမှ မအောင်မြင်နိုင်ဘူး။)

နတ်ဘုရား အရင်းအမြစ် မြေက လူတစ်ယောက်ကို နတ်ဘုရား ဖြစ်စေနိုင်ရင် လောကမှာ ဘယ်သူက ကျင့်ကြံ လေ့ကျင့်ဖို့ လိုနေတော့မှာလဲ။ ဒါ့အပြင် ဒီထူးဆန်းတဲ့ နေရာကြီးကို ဘယ်သူမှ မသိပဲ အချိန် ဒီလောက်ကြာအောင် ချိတ်ပိတ် ခံထားရတာ ဘာကြောင့်များလဲ။

ဘယ်သူမှ မသိနိုင်ခဲ့ဘူး။

မရေမတွက်နိုင်တဲ့ သူတွေ နတ်ဘုရား အဖြစ် အဆင့်တက်နိုင်တဲ့ နေရာကို နှစ်ပေါင်း ထောင်ချီကြာတဲ့ အထိ ဘယ်သူမှ မသိခဲ့ ကြဘူး။ ဒီနေရာကြီးက ရှေးခေတ်မှာလဲ ရှိခဲ့တယ်။

“ဒီတော့ ဘာကများ ပြဿနာ ဖြစ်နေတာလဲ။ ယွင်ချင်းဝူ ပြောခဲ့တဲ့ ကန့်သတ်မြေက ဘာကို ပြောချင်တာလဲ။” ဖန်ကျန်းရှီ စိတ်ထဲမှာ မတွေးနိုင်ပဲ ရှိနေခဲ့တယ်။ တစ်ခုခု လွဲနေမှန်း သူသိတယ်။

ဒါပေမယ့် ပြဿနာ ကိုတော့ အခုချိန်ထိ သူသေချာ မထောက်လှမ်း မိသေးဘူး။ အခုချိန်ထိ သူရထားတဲ့ သတင်း အချက်အလက်တွေက နည်းပါးလွန်း နေတယ်။ တကယ်တော့ ယွင်ချင်းဝူ ဆီက သတင်းတွေကိုပဲ သူသိတယ်။ ဒါကြောင့် သူပိုပြီးတော့ သံသယ ဝင်လာခဲ့ပါတယ်။

ဥပမာ အားဖြင့် ကိစ္စ တစ်ခုခုကို ယွင်ချင်းဝူ ဖုံးကွယ်ထားတာ ဖြစ်နိုင်သလို ရှေးဟောင်း လက်ရေးမူကို ရေးခဲ့သူကလဲ ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်။ ရှေးဟောင်း လက်ရေးမူထဲမှာ မှတ်တမ်း တင်ထားတဲ့ ကိစ္စတွေက အစစ်အမှန်လား အတုအယောင်လား။ ဖြစ်နိုင်ချေတွေက များပြားလွန်းတယ်။

ရလဒ်ကလဲ မှားယွင်းနေတဲ့ ကိစ္စတွေကို ထိခိုက်နိုင်တယ်။ ဖန်ကျန်းရှီကတော့ သူ့ကိုယ်သူ ဝင်္ကပါ တစ်ခုထဲမှာ လမ်းပျောက်နေတယ်လို့ ထင်နေမိတယ်။ ပတ်ပတ်လည်မှာ လမ်းတွေ များလွန်းတဲ့ အတွက် သူမရွေးချယ် နိုင်ဘူး။

ဒီအချိန်မှာပဲ အရမ်းကို ပျော်ရွှင်နေတဲ့ အသံတွေကို သူကြားလိုက် ရပါတော့တယ်။

“ငါ ငါအဆင့်တက် သွားပြီ။ ငါ အဆင့်တက် သွားပြီ။”

“ဒီနေရာမှာ အငွေ့အသက်က ကောင်းလိုက်တာ။ ငါ့နှလုံးသား တစ်ခုလုံး သန့်စင်နေပြီး အချိန်မရွေး အဆင့်တက်တော့မယ့် အတိုင်းပဲ။”

“ဟဟား။ ငါ သဘာဝလွန် အဆင့်ကနေ ပြန်လည် မွေးဖွားမှု အဆင့်ကို တက်သွားပြီ။”

စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်နေတဲ့ အသံတွေက ဧကရာဇ် သုံးပါးရဲ့ မည်းမှောင်နေတဲ့ မျက်နှာတွေကို ပြေလျော့ လာစေတယ်။ ဒီနတ်ဘုရား အရင်းအမြစ်က တကယ့်ကို ထူးခြားလွန်းတာပဲ။

အကယ်၍ ဒီနေရာမှာသာ သူတို့တွေ အချိန် အကြာကြီး နေရမယ် ဆိုရင် ထိပ်တန်း စစ်သည်တော် အရေအတွက်က အများကြီး တိုးလာလိမ့်မယ်။

နိုင်ငံတော်တွေက ပြည်သူ့အပေါ်မှာ မူတည်နေတယ်။ ဧကရာဇ်တွေက ဒီအတွေးအခေါ်ကို သိပ်ပြီး နားမလည်ကြပေမယ့် စစ်သူကြီးတွေ အင်အား ကောင်းလာတာက နိုင်ငံ့ အင်အားကို မြင့်စေနိုင်မှန်းတော့ သိကြတယ်။

“တကယ်ပဲ အဆင့်တက် စေနိုင်တယ်လား။” နတ်ဘုရား အရင်းအမြစ် အင်အားကြီးတာကို သိနေတဲ့ ဖန်ကျန်းရှီတောင် အံ့သြ မိတယ်။

ဒီနတ်ဘုရား အရင်းအမြစ်က တကယ်ပဲ ဘာကြီးလဲ။ ပေါ်လာတာက တိုက်ဆိုင်မှုလား။ ဒီကိစ္စကြီးကို ထူးဆန်းနေမှန်း ဖန်ကျန်းရှီ သိပေမယ့် လူသား မဟာမိတ် အဖွဲ့ထဲမှာ ဘယ်သူကမှ ဒီအတွေး မဝင်ကြပုံပဲ။

နတ်ဘုရား အရင်းအမြစ်ထဲကို ဝင်ကြတဲ့ စစ်သူကြီးတွေက အဆင့်တက်ကုန်ကြတယ်။ ဧကရာဇ်က ပျော်ရွှင်နေသလို လင်းမုပိုင်ကလဲ စစ်သူကြီးတွေ အများကြီးကို နတ်ဘုရား အရင်းအမြစ် မြေထဲ ခေါ်လာခဲ့တယ်။

စစ်နတ်ကျောင်းတော်က ရှင်းယွမ်ကောင်းရဲ့ ဦးဆောင်မှုနဲ့ အတူ စစ်သူကြီးတွေ အားလုံးက ပန်းတွေကို ဆက်တိုက်ရိတ်သိမ်း နေကြတယ်။

မုချင်းဖန်းနဲ့ တခြားသူတွေကတော့ အစောကြီးတည်းက အရင်ဆုံး လက်ဦးမှု ရယူပြီး ရိတ်သိမ်းနေခဲ့ ပါတယ်။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ မော့ရှန်းရှီတောင် ဒဏ်ရာတွေ အားလုံး ပျောက်ကွယ် သွားရုံတင် မကပဲ မျောက်တစ်ကောင်လို ခုန်ပေါက်နေပြီး စွမ်းအားတွေ ပြည့်၀ နေခဲ့တယ်။

“အခုချိန်မှာ ငါ အသက် ၂၀လောက် ပြန်ငယ် သွားသလိုပဲ။” မော့ရှန်းရှီ စိတ်လှုပ်ရှား လွန်းလို့ ပန်းပွင့်တွေကို တစ်ပွင့်ပြီး တစ်ပွင့် ဝါးစားတော့တယ်။

မုချင်းဖန်းကတော့ ပြန်မဖြေ အားခဲ့ဘူး။ သူက နတ်သခင် အဆင့်ကို ရောက်လု နီးပါး ဖြစ်နေတဲ့ အတွက် အခုချိန်မှာ သေချာပေါက် နောက်ကျ ကျန်မနေချင်ခဲ့ပါဘူး။

မုချင်းဖန်း၊ မော့ရှန်းရှီ အပြင် လင်းမုပိုင်နဲ့ ချင်းယွိတို့ပါ ပန်းပွင့်တွေ အားလုံးရဲ့ အသက်စွမ်းအားကို ကောင်းကောင်း ခံစား နေခဲ့တယ်။

လင်းမုပိုင်နဲ့ ချင်းယွိတို့ စုံတွဲရဲ့ ဆက်ဆံရေးကလဲ တည်ငြိမ်စ ပြုလာခဲ့ပြီ။ လင်းမုပိုင်ကတော့ ပန်းတစ်ပွင့်ကို ခူးယူပြီး ချင်းယွိရဲ့ ဆံစပ်မှာ ပန်ပေးလိုက်ပါတယ်။

“တစ်ခေါက်မြင်ရုံနှင့် တစ်သက်တာ အမှတ်ရစေသော အလှပဂေးကို တစ်ရက် မမြင်ရရုံနဲ့တင် ရူးနိုင်ပေသည်။”

ဒီကဗျာက ချင်းယွိလို လူကိုတောင် ရယ်မော စေခဲ့တယ်။ နတ်ဘုရား အရင်း အမြစ်မှာ ပန်းပွင့်၊ သစ်ပင်၊ ကျောက်တုံးနဲ့ မြက်တွေတောင် အသက်စွမ်းအားတွေ ပြည့်ဝနေတယ်။

ဒီပတ်ဝန်းကျင်မျိုးမှာ လူတိုင်းက ပျော်ရွှင်တက်ကြွ နေကြတာ မထူးဆန်းဘူး။ အထူးသဖြင့် တခြားသူတွေ ဆီကနေ ဖန်ကျန်းရှီ နယ်မြေကို လုယူ ပြီးတဲ့ အတွက် ပိုပြီးတော့တောင် ပျော်စရာ ကောင်းနေ သေးပါတယ်။

အံ့သြစရာ ပျော်စရာ ကောင်းတဲ့ နတ်ဘုရား အရင်းအမြစ်က လုံးဝကို ကွဲပြားတဲ့ အငွေ့အသက် နှစ်ခုနဲ့ ဖြစ်တည် နေခဲ့တယ်။

ဖန်ကျန်းရှီ ရှိနေတဲ့ တစ်ဘက်ကတော့ ပျော်ရွှင် ဝမ်းမြောက်မှုတွေ အပြည့် ရှိနေပြီး တစ်ခြား တစ်ဖက်မှာတော့ တိုက်ပွဲတွေ ဒေါသတွေနဲ့သာ ဖုံးလွှမ်း နေခဲ့တယ်။

ဟွမ်တွမ့်က စစ်နတ်တွေကြောင့် သစ်သီးကို ခွန်းပန်းလက်ထဲမှာ ဆုံးရှုံး ခဲ့ရတယ်။ ဒါကြောင့် ခွန်းပန်းကို သူအပြတ် ရှင်းချင်နေပြီ။ ဒါပေမယ့် ခွန်းပန်းရဲ့ စွမ်းအားက ကြီးမားလွန်း နေတဲ့ အပြင် သူကလေထဲမှာ အရမ်းကို သန်မာလွန်းတယ်။ သူ့ကို အပြတ်ရှင်းနိုင်ဖို့ တကယ့်ကို မလွယ်ကူ ခဲ့ပါဘူး။

ဒါကြောင့် ဒေါသတွေကို စစ်နတ်တွေ အပေါ်သူ သူပုံချလိုက်တော့တယ်။

“ဒီနေ့ မင်းတို့ အားလုံးကို ငါသတ်ပြစ်မယ်။” ဟွမ်တွမ့် ဒေါသတကြီး ဟိန်းဟောက်ရင်း ခုန်ဝင်လာတယ်။ ကျောက်တုံးကြီး တစ်တုံးလိုမျိုး စစ်နတ်တွေကို ဝင်ကြိတ်ပြစ်ဖို့ သူလုပ်တယ်။

တောင်တွေ အက်ကွဲ ကုန်ပါတယ်။

စစ်နတ်တွေက ခန္ဒာကိုယ် ကြီးမား ကြပေမယ့် ရူးသွပ်နေတဲ့ ဟွမ်တွမ့်ရဲ့ တိုက်ခိုက်မှုကိုတော့ ဒီအတိုင်း ရင်မဆိုင် နိုင်ကြပါဘူး။ ဒါကြောင့် နှစ်ဖက်က ပြေးတမ်း လိုက်တမ်း အဖြစ်နဲ့သာ ရှိနေခဲ့တယ်။

ကြမ်းတမ်းလွန်းတဲ့ အပြင် မလိုလား အပ်တဲ့ ဒဏ်ရာတွေလဲ ဖြစ်ပေါ်လာတယ်။ အားနည်းတဲ့ နတ်သားရဲကောင် တွေကတော့ ပန်းပွင့်တွေကို မစားနိုင်ခင် အချိန်မှာပဲ ဟွမ်တွမ့် ကြိတ်ချေ ပြစ်တာကို ခံရပြီး ကျေမွကုန်ကြတယ်။

မြေပြင်ကတော့ ရဲရဲနီ နေခဲ့ပါပြီ။

နတ်ဘုရား အရင်းအမြစ် တစ်ခုလုံး သွေးတွေက နေရာ အနှံ့ စီးကျ နေခဲ့ပင်မယ့် သွေးအနံ့ မထွက်ခဲ့ဘူး။ ပိုပိုပြီး ပြင်းထန်တဲ့ မွှေးရနံ့က သွေးနံ့တွေကို ဖုံးလွှမ်း သွားခဲ့တယ်။

နောက်ထပ် အဖြူရောင် သစ်သီး တစ်လုံးက ထွက်ပေါ် လာခဲ့ပြန်တယ်။

အေးစက်လွန်းလှတဲ့ အငွေ့အသက်တွေက မြေပြင်ကိုတောင် အက်ကွဲစေတယ်။

နတ်သားရဲကောင် တွေကတော့ အခုချိန်မှာ ပိုပြီးတော့တောင် ရူးသွပ် နေခဲ့ပြီ။ သူတို့ အားလုံးက သွေးလို ရဲရဲနီ နေတဲ့ မျက်ဝန်းတွေနဲ့ အေးစက်လှတဲ့ လေထုကိုတောင် မကြောက်လန့်ပဲ ပြေးဝင်ကြတယ်။

“အဲ့ဘက်မှာ ဘာဖြစ်လို့ ထပ်ပေါ် လာတာလဲ။ ငါတို့ ဘက်မှာ ဘာလို့ သစ်သီး မရှိတာလဲ။” ပင်းယန်ကတော့ အဝေးက သစ်သီးကို မြင်ချိန်မှာ ပြောလိုက်ပါတယ်။

“ဒါက ကောင်းတဲ့ ကိစ္စပဲ။” ချီကူယန် ပြန်ဖြေတယ်။

“မမယန်လေး ပြောချင်တာက။”

“အကယ်၍ သစ်သီးသာ ငါတို့ နယ်မြေဘက်မှာ ပေါ်လာခဲ့ရင် နတ်သခင်တွေ ပြေးဝင်လာတဲ့ အချိန် ငါတို့ ဘာလုပ်ကြမလဲ။” ချီကူယန်က ပင်းယန် ခေါင်းကို ပွတ်နေရင်း မေးတယ်။

“တိုက်ခိုက်မယ်လေ။” ပင်းယန် ပြန်ဖြေတယ်။

“ဟဟား။” ချီကူယန်က ရယ်မောရင်း ရပ်တန့် သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ တွေးနေ ခဲ့ပြန်ပြီ။

ဖြစ်နိုင်ချေ အရ နတ်ဘုရား အရင်းအမြစ် မြေတစ်ဝက်ကို သူပိုင်ဆိုင် ထားတဲ့ အတွက် သူ့မြေမှာ သစ်သီး ပေါ်လာနိုင်ချေက ၅၀% ရှိတယ်။ ဒါပေမယ့် သစ်သီး ၂လုံးက တခြား တစ်ဖက်မှာပဲ ပေါ်လာတာ ထူးဆန်းနေတယ်။

မုချင်းဖန်းနဲ့ တခြားသူတွေကတော့ သစ်သီးကို သွားယူချင်ပေမယ့် လုံလောက်အောင် အင်အား မကြီးကြတဲ့ အတွက် အခုချိန်မှာ ပန်းပွင့်တွေကိုသာ ရှာစား နေခဲ့ပါတယ်။ ဖန်ကျန်းရှီကတော့ သစ်သီးကို သွားမလုခဲ့ဘူး။

သူ့မှာ အကြောင်း အရင်း နှစ်ခု ရှိတယ်။

ပထမ တစ်ခုကတော့ နတ်ဘုရား အရင်းအမြစ် အကြောင်းကို သူအဖြေ မထုတ်နိုင်သေးလို့။ ဒုတိယ တစ်ခုကတော့ လူသားနဲ့ မိစ္ဆာ နတ်ဆိုးတွေကြား အင်အား ကွာခြားချက်က များလွန်းနေလို့။

ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ထဲက စွမ်းအားတွေ အပြည့်အ၀ ပြောင်းလဲပြီး အဆင့်ကျော် တိုးတက် သွားရင်တော့ ကြိုးစား မိလိမ့်မယ်။ အခုချိန်မှာတော့ သူတို့ အတွက် ဝင်ပါရမယ့် အချိန် မဟုတ်သေးဘူး။

ဖန်ကျန်းရှီ တွေးနေသလို ချီကူယန်နဲ့ ရန်ရွှယ်ကလဲ သူ့ကို မဆန့်ကျင်ခဲ့ ကြဘူး။ ဖန်ကျန်းရှီ အနားမှာ ရပ်ရင်းနဲ့သာ အဝေးက တိုက်ပွဲကို ကြည့်နေခဲ့တယ်။

တိုက်ပွဲ ရလဒ်ကတော့ ထွက်လာခဲ့ပြီ။ မြွေတစ်ကောင်လို အသွင်နဲ့ နတ်သားရဲကောင်က မြေအောက်နေ ထွက်လာပြီး သစ်သီးကို မျိုချ သွားခဲ့တယ်။ ရလဒ်နဲ့ အပျက်အစီးကတော့ ပိုများပြားတယ်။

အခုချိန်မှာ နတ်သားရဲကောင်တွေက အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ပြိုင်ဆိုင် နေတဲ့ အပြင် နတ်သားရဲကောင် ၃ ၄ကောင်နဲ့ ချီယို့ စစ်သည်တော် ငါးယောက် ခြောက်ယောက်မက သေဆုံး ခဲ့ရတယ်။

ဒီအသေအကျေ တိုက်ပွဲမှာ သွေးတွေကတော့ ပန်းပွင့်တွေနဲ့ မြက်ခင်းတွေပေါ်ကို စီးကျလာတယ်။

နတ်သားရဲကောင်တွေ အရမ်းကို ဒေါသ ထွက်နေ ခဲ့ကြပေမယ့် သူတို့ရဲ့ မြင့်မားလှတဲ့ အသက်စွမ်းအားက ဒဏ်ရာတွေကို မြန်မြန် ဆန်ဆန် ကုသ ပေးနေတဲ့ အတွက် အချိန်တို အတွင်းမှာ သူတို့တွေ အားပြန်ပြည့်လာခဲ့တယ်။

ဒီအချိန်မှာပဲ နောက်ထပ် သစ်သီးတစ်လုံး ပေါ်လာခဲ့ပြန်ပြီ။ တူညီတဲ့ တစ်ဖက်မှာသာ သစ်သီးက ထပ်ရောက်လာခဲ့တယ်။

“ဒီ သစ်သီးကို လုဝံ့တဲ့ ဘယ်သူမဆို သေရမယ်။” ဟွမ်တွမ့်က အရမ်းကို ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။ ဒီတစ်ခေါက်မှတော့ သူလုံးဝကို မညှာတာပဲ အစွမ်းကုန် တိုက်ခိုက်ပါတယ်။

သူ့ကို တားဆီးဝံ့တဲ့ နတ်ဆိုး မိစ္ဆာ အကုန်လုံးကို သူဝင်တိုက် ပြစ်တယ်။ နတ်ဆိုး စစ်သူကြီး ငါးယောက် ခြောက်ယောက် သေဆုံး သွားပြီး ဖြစ်တဲ့ အတွက် စစ်နတ်တွေလဲ အတော့်ကို ဒေါသထွက် နေခဲ့ပါတယ်။ သူတို့တွေ ဟွမ်တွမ့် လက်ထဲ သစ်သီး အရောက် မခံနိုင်ဘူး။

“ဒီဘက်မှာ မရောက်ပြန်ဘူး။ စိတ်ပျက်စရာပဲ။” ပင်းယန် ပြောလိုက်တယ်။

ချီကူယန်ကတော့ ဘာမှ မပြောခဲ့ဘူး။ ယွင်ချင်းဝူသာ ကြည့်ရင်း သူမ စဉ်းစား နေခဲ့တယ်။ ယွင်ချင်းဝူလဲ တိတ်ဆိတ်နေတယ်။ ကျောက်စိမ်း ရုပ်တုကြီး တစ်ခုလိုသာ ရပ်နေရင်း သူမက ဘာကိုမှ အာရုံစိုက်မနေခဲ့ဘူး။

ဧကရာဇ် ပိုင်ကျစ်လဲ ဝင်မပါခဲ့ဘူး။ ရှေးဟောင်း နတ်သားရဲကောင်တွေကို သူမ မထိန်းချုပ်နိုင်မှန်း သူမ နားလည်တယ်။

ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်နေခဲ့ ပါပြီ။ တတိယ သစ်သီးက တခြား တစ်ဖက်မှာပဲ ပေါ်လာတာ ထူးဆန်းနေတယ်။

သူ့နယ်မြေမှာ သစ်သီး ပေါ်မလာ စေချင်ပေမယ့် အခုချိန်မှာတော့ တကယ်ကြီး ဖြစ်လာတဲ့ အတွက် စိတ်ထဲမှာ သံသယ ဝင်နေခဲ့တယ်။

သူ့စွမ်းအားတွေ အကုန်လုံး ပြောင်းလဲတဲ့ အထိ သူစောင့်ဆိုင်းဖို့လဲ လိုနေသေးတယ်။ စွမ်းအား သုံးပုံ နှစ်ပုံကတော့ အစိုင်အခဲ ဖြစ်သွားခဲ့ပြီ။ မကြာခင် ပြီးမြောက်တော့မယ်။

နတ်ဘုရား အရင်းအမြစ်နဲ့လဲ ဒီကိစ္စက သက်ဆိုင် နေလိမ့်မယ်။ ဖန်ကျန်းရှီက သူ့မှာ စွမ်းအား အလုံအလောက် ရှိနေမှန်း သိတဲ့ အတွက် ပန်းတွေကို စားဖို့ အာရုံစိုက် မနေခဲ့ဘူး။

ဒါပေမယ့် ပန်းရနံ့တွေကို ရှူရှိုက်ရုံနဲ့တင် အတော်လေးကို စွမ်းအား ပြည့်၀ နေခဲ့ပြီးပြီ။ သူ့စိတ်အာရုံ နယ်မြေထဲမှာ စွမ်းအင်တွေက ပိုပြီးတော့ ကြည်လင် ရှင်းလင်း လာနေတယ်။

ဒီအချိန်မှာပဲ သူ့အနားမှာ လှိုင်းတစ်ခုကို ခံစားလိုက်မိ ပါတယ်။

ဝူး။

လေထု တစ်ခုလုံး တုန်ခါ သွားပြီးနောက် အားကောင်းလှတဲ့ လေလှိုင်းက နေရာအနှံ့ကို ပျံ့သွားခဲ့တယ်။

အဲ့ဒီ့နောက် နောက်ထပ် တောက်ပတဲ့ အလင်းတန်း တစ်ခု ထွက်ပေါ်လာတယ်။ ရွှေရောင် တောက်ပနေတဲ့ အလင်းတန်းက မြင့်မြတ်တဲ့ အရှိန်အဝါတွေ အပြည့်နဲ့ မြင့်မြတ်တဲ့ နတ်ဘုရား တစ်ပါး ဆင်းသက်လာသလို ခမ်းနား လှလွန်းတယ်။

အပိုင်း (၁၀၈၀) ပြီး၏။

All Chapters