← Chapters

အပိုင်း (၁၀၈၁-၁၀၉၀)

Vol. 11 Ch. 1081-1090

အပိုင်း (၁၀၈၁-၁၀၉၀)

Vol. 11 Ch. 1081-1090

အပိုင်း (၁၀၈၁)

“အပြောင်းအလဲ။ နောက်ဆုံး အခွင့်အရေး။”

...

“ငါ နောက်ဆုံးတော့ အဆင့်တက် သွားပြီ။” နတ်သခင် အဆင့်ကို တက်သွားပြီ ဖြစ်တဲ့ မုချင်းဖန်းရဲ့ စိတ်လှုပ်ရှားမှု အပြည့် အော်သံကြီး ထွက်ပေါ် လာခဲ့ပါတယ်။

နတ်သခင် အဆင့်ကို ရောက်နိုင်ဖို့က သူ့ရဲ့ အိပ်မက်ပဲ။ အိပ်မက်ကို အကောင်အထည် ဖော်နိုင်တဲ့ အတွက် မုချင်းဖန်း အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒါပေမယ့် ပင်းယန်ကတော့ ထူးထူးဆန်းဆန်း ကြီး ကြည့်နေရင်း ဖန်ကျန်းရှီကို လှမ်းမေးတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ မုချင်းဖန်းတောင် အဆင့်တက် သွားပြီ။ နင်က ဘာဖြစ်လို့ အဆင့်မတက် သေးတာလဲ။”

“ဟဟား။” ဖန်ကျန်းရှီ ပြန်မဖြေခဲ့ဘူး။ ဖြေဖို့လဲ မလိုအပ်ခဲ့ဘူး။ အဆင့်ကျော် တိုးတက်တာကို အခုချိန်မှာ သူအာရုံ မစိုက်နိုင်သေးပါဘူး။ ဒီကိစ္စတွေက သူဂရုစိုက်စရာ မလိုတဲ့ ကိစ္စတွေပဲ။ သူလိုအပ်နေတဲ့ ကိစ္စကို သူကိုယ်တိုင်ပဲ သိတယ်။

“ဂုဏ်ပြုပါတယ် ခန်းမ ခေါင်းဆောင်မု။”

“ခန်းမ ခေါင်းဆောင်မုက ငါတို့ရဲ့ စံပြ ပုဂ္ဂိုလ်ပါ။”

“အခုတော့ လူသား မျိုးနွယ်တွေ မျှော်လင့်ချက် ပိုကြီးကြီး ထားလို့ရပြီ။”

ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ရန်ချန်လိက ဂုဏ်ပြုတယ်။ ဒါပေမယ့် မော့ရှန်းရှီကတော့ မပျော်နိုင်ခဲ့ဘူး။ သူနဲ့ မုချင်းဖန်းက သူငယ်ချင်း ကောင်းတွေ ဖြစ်ခဲ့ ကြပေမယ့် မုချင်းဖန်း အဆင့်တက် သွားတာကို ထိုင်ကြည့် နေရတဲ့ အဖြစ်ကတော့ သူ့ကို စိတ်မပျော် ဖြစ်စေတယ်။

သူမပျော် ပေမယ့် မနာလို မဖြစ်ခဲ့ဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထား ခဲ့တဲ့ အတွက် အဆင့်တက်ဖို့ အချိန် ကြာတာ ဖြစ်သင့် ပါတယ်။

လူသား မဟာမိတ် အဖွဲ့က အရမ်းကို ငြိမ်းချမ်း နေခဲ့တယ်။

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး မျိုးနွယ်တွေကတော့ အရမ်းကို ကြမ်းတမ်း နေခဲ့ကြတယ်။ ဟွမ်တွမ့်ရဲ့ တိုက်ခိုက်မှုကြောင့် နတ်သားရဲကောင်တွေ နဲ့ ချီယို့ မျိုးနွယ်က စစ်သည်တော်တွေ အတော်များများ သွေးအိုင်ထဲမှာ လဲကျ နေခဲ့ကြပြီ။

တစ်ချို့တွေကတော့ တိုက်ခိုက်မှုကို ခုခံဖို့ လုပ်ခဲ့တဲ့ အတွက် သေဆုံး ခဲ့ကြတယ်။ တစ်ချို့ကတော့ အချင်းချင်း တိုက်ခိုက်မှုကြောင့် သေဆုံးကြတယ်။

သွေးတွေက ပန်းပွင့်တွေ မြက်ပင်တွေထဲကို စီးကျနေပြီး သွေးချောင်း မစီးခင် အချိန်မှာပဲ ခပ်မြန်မြန် ပျောက်ကွယ် ကုန်ကြတယ်။ မြေပြင်က စုပ်ယူလိုက်တဲ့ အတိုင်း ပျောက်ကွယ် တာက မြန်ဆန်လွန်းပါတယ်။ အခြေအနေက အရမ်းကို ပြင်းထန် လွန်း နေပင်မယ့် ပန်းပွင့်တွေ အရေအတွက်တော့ တစ်ချက်လေးတောင် လျော့ပါး မသွားခဲ့ ပါဘူး။

ပိုပို များပြားပြီး လှပတဲ့ ပန်းပွင့်တွေက မြေကြီးထဲကနေ ထိုးထွက် လာနေတယ်။

“တစ်ခုခုတော့ လွဲနေပြီ။” ချီကူယန်က ပန်းပွင့်တွေကို ကြည့်ရင်း ပြောလိုက်တယ်။

“မင်းလဲ တွေးမိတယ်လား။” ဖန်ကျန်းရှီ မေးတယ်။

“အင်း။ တခြား တစ်ဖက်မှာ ပန်းပွင့်တွေ ပွင့်တာ များလွန်းနေတယ်။ ဒါ့အပြင် သစ်သီးတွေ ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ချေကလဲ အများကြီး မြင့်နေတယ်။” ချီကူယန် ခေါင်းငြိမ့်လိုက်တယ်။

“ဒီတော့ ငါတို့ရဲ့ ဖုန်းရွှေက မကောင်းတာလား။” ပင်းယန်က သူမ စိတ်ထဲ ရှိရာကို ပြောလိုက်ပါတယ်။

“ဘာ ဖုန်းရွှေလဲ။” ပင်းယန်ကို ဖန်ကျန်းရှီ လှမ်းမေးတယ်။ ပင်းယန်က ဒီလို တုံးအပြီး ချစ်စရာ ကောင်းတယ်။ တစ်ခါတစ်လေမှာ ကောက်ကျစ်ပေမယ့် တစ်ခါတစ်လေမှာတော့ တုံးအတယ်။

“မဟုတ်ဘူးလား။” ပင်းယန် ပြန်မေးလိုက်တယ်။

“သွေးကြောင့်ပဲ။” ယွင်ချင်းဝူ ဝင်ဖြေတယ်။ ချီကူယန်လိုပဲ သူမလဲ တစ်ဖက် အခြေအနေတွေကို စောင့်ကြည့် နေခဲ့တယ်။

“သွေးကြောင့်လား။” ပင်းယန် စိတ်ရှုပ်ထွေး သွားပါတယ်။

“ဒါက နတ်ဘုရား အရင်းအမြစ်ရဲ့ အမှန်တရားလဲ ဖြစ်နိုင်တယ်။” ဖန်ကျန်းရှီက ဆက်တိုက် ပွင့်ဖူးနေတဲ့ ပန်းတွေကို ကြည့်ရင်း မျက်မှောင်ကြုတ်တယ်။

သူသာ အထင်မမှားရင် နတ်ဘုရား အရင်းအမြစ် မြေက တကယ် ထောင်ချောက်ကြီး တစ်ခုပဲ။ ဘယ်သူ လုပ်ထားလဲ ဘယ်သူက ဒီလောက်ထိ လုပ်နိုင်လဲ။

နတ်ဘုရား အရင်း အမြစ်ကို ထိန်းချုပ်နေတဲ့သူ ရှိတယ်။ နတ်ဆိုး မိစ္ဆာ မျိုးနွယ်တွေကို အချင်းချင်း သတ်ဖြတ် ခိုင်းပြီး အကြံ အောင်အောင် လုပ်တဲ့ ကိစ္စက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။

“ဝေါင်း။” ဟွမ်တွမ့်က ဒေါသတကြီး ဟိန်းဟောက်ရင်း တောင်အငယ်စား အရွယ် ရှိတဲ့ နတ်သားရဲကောင် တစ်ကောင်ကို မျိုချဖို့ ပြင်တယ်။

သူမျိုဖို့ လုပ်နေချိန်မှာပဲ အရိပ် တစ်ခုက သူ့ကို ဝင်တိုက်ပြီး မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ အတူ သစ်သီးကို ဆွဲယူသွားတယ်။

“အား။” ဟွမ်တွမ့် ဒေါသ ထွက်လွန်းလို့ အော်ဟစ်ရင်း ချက်ခြင်း ပြေးလိုက်ပါတယ်။

ဝုန်း။

ချုံးချီနဲ့ ထျောင်ဝူလဲ ချက်ခြင်း ဆင်းသက်လာပြီး သစ်သီး လုသွားသူကို နင်းချေ ပြစ်တယ်။

ဒီသတ္တဝါကတော့ သမင်နဲ့ တူတဲ့ နတ်သားရဲကောင် တစ်ကောင်ပါ။

သစ်သီးကတော့ နတ်သားရဲကောင် မျိုချ လိုက်တဲ့ အတွက် ပျောက်ကွယ် သွားခဲ့ပြီ။ သူက အဆင့်တက် နေပင်မယ့် အခုချိန်မှာ ချုံးချီနဲ့ ထျောင်ဝူကို မယှဉ်နိုင် ခဲ့ဘူး။

ဟွမ်တွမ့်ကတော့ ရောက်ရောက်ချင်း ပါးစပ်ကြီးကို ဟလိုက်တယ်။ အမှောင်ထု တွင်းနက်ကြီးလို ပါးစပ်ကြီးက မြင်ရုံနဲ့တင် လူတစ်ယောက်ကို တုန်လှုပ်စေနိုင်တယ်။

အဲ့ဒီ့နောက် သစ်သီး လုသွားတဲ့ နတ်သားရဲကောင်ကို ဟွမ်တွမ့် ချက်ခြင်း မျိုချလိုက်တယ်။ အခြေအနေတွေကတော့ ရူးချင်စရာ ကောင်းနေခဲ့ပြီ။

“…”

“…”

နတ်သားရဲကောင်တွေ အားလုံး မျက်လုံး ပြူးသွားခဲ့တယ်။ ဟွမ်တွမ့် ဒီလောက်ထိ ရူးသွပ် နေမယ်လို့ ဘယ်သူမှ မထင်မှတ် ထားခဲ့မိဘူး။ နတ်သားရဲကောင်ကို မျိုချ ပြီးနောက် ဟွမ်တွမ့်က တဂျွတ်ဂျွတ် မြည်အောင် ဝါးရင်း အေးစက်လှတဲ့ အကြည့်နဲ့ ပတ်ဝန်းကျင်က သူတွေကို လိုက်ကြည့်တယ်။

နတ်သားရဲကောင်တွေ ချက်ခြင်း နောက်ဆုတ်ကုန်တယ်။ သူက သစ်သီး စားလိုက်တဲ့ နတ်သားရဲကောင်ကို မျိုချ လိုက်ပြီ။ ဒီရက်စက်မှုက နတ်သားရဲကောင်တွေ အားလုံးကို ကြောက်လန့် စေတယ်။

“ငါ ပြောခဲ့ ပြီးသား။ ငါ့သစ်သီးကို လုတဲ့ ဘယ်သူ့ကို မဆို ငါသတ်မယ်။” ဟွမ်တွမ့် ခေါင်းမော့ရင်း ဟိန်းဟောက်တယ်။ အခုချိန်မှာတော့ သူက စစ်မြေပြင်ရဲ့ သေမင်း တစ်ပါးလို အသွင်ကို ဆောင်နေ ခဲ့ပါပြီ။

ဒါပေမယ့် သူ့စကား ဆုံးဆုံးချင်း အကြည့်တွေက ပြောင်းလဲ သွားခဲ့တယ်။

သူ့ခန္ဒာကိုယ်က အရမ်းကို မသက်မသာ ဖြစ်နေတယ်။ ပါးစပ်ကို ပြန်ဟလိုက်ပြီး ထွေးထုတ်ဖို့ သူလုပ်တယ်။

နတ်သားရဲကောင်တွေ ကြောက်လန့် သလိုမျိုး ဟွမ်တွမ့်ရဲ့ ခန္ဒာကိုယ်မှာ ဘာ အလင်းတန်းမှ ထွက်မလာခဲ့ဘူး။

“တစ်ခုခု လွဲနေပြီ။”

“မဖြစ်တော့ဘူး။”

ဟွမ်တွမ့် နာနာကျင်ကျင် ဟိန်းဟောက်ရင်း ပါးစပ် ဟပြီး သွေးတွေ အသားစတွေကို အန်ထုတ်လိုက်ပါတယ်။

ခန္ဒာကိုယ်ကတော့ ဆက်တိုက် ကြီးမားလာနေ ခဲ့တယ်။

“ဟွမ်တွမ့် မင်း အဆင်ပြေရဲ့လား။” ချုံးချီ မေးလိုက်တယ်။ ဒါပေမယ့် ဟွမ်တွမ့်ကတော့ သူ့ကို ပြန်မဖြေနိုင်ခဲ့ဘူး။ မြေပြင်မှာ ဆက်တိုက် လူးလှိမ့် ရင်းနဲ့သာ ကျောက်တုံးတွေ အားလုံးကို လွင့်ထွက် သွားစေတယ်။

အဲ့ဒီ့နောက် ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ဟွမ်တွမ့် ခန္ဒာကိုယ်က ပေါက်ကွဲ ထွက်သွား ပါတယ်။ သွေးမိုးတွေက မြေပြင်တစ်ခုလုံးက ပန်းပွင့်တွေကို ဖုံးလွှမ်းသွားတယ်။ ပိုပြီး ကြောက်စရာ ကောင်းတာကတော့ ဟွမ်တွမ့် ဗိုက်ထဲကနေ ဘာမှ ထွက်မလာ ခဲ့တာပဲ။

သမင် အသွင် နတ်သားရဲကောင်ပါ အတူတူ ပျောက်ကွယ် သွားခဲ့တယ်။

“နှစ်ယောက်လုံး သေသွားတာလား။”

“ဘာတွေ ဖြစ်သွားတာလဲ။”

နတ်ဆိုး စစ်သူကြီးတွေပါ ဒီအဖြစ်က ထူးဆန်းလွန်း နေတဲ့ အတွက် စိတ်ရှုပ်ကုန်ကြတယ်။ ဟွမ်တွမ့်က နတ်သားရဲကောင်ကို မျိုချတာကြောင့် သေဆုံး ခဲ့ရင်၊ သူမျိုချ လိုက်တဲ့ သတ္တဝါက သူ့ကို သတ်တာပဲ ဖြစ်ရမယ်။ ဒါပေမယ့် အဲ့ဒီ့ သတ္တဝါလဲ ပျောက်ကွယ် သွားတယ်။

ဘယ်သူမှ ဖြစ်နေတဲ့ ကိစ္စတွေကို မတွေးထုတ် နိုင်ခဲ့ဘူး။

ဒီအချိန်မှာပဲ ကျမ်းကောင်းကင်တောင်ကြီး တစ်ခုလုံး တုန်ခါလာပြီး များပြားလှတဲ့ ကျောက်တုံးတွေက ပြိုကျ ကုန်ပါတယ်။ မြေပြင်ကြီး တစ်ခုလုံးလဲ အက်ကွဲကုန်တော့မယ့် အတိုင်း ရှိနေခဲ့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။” ဟုန်ယို့နဲ့ စစ်နတ်တွေလဲ ပဟေဠိ ဖြစ်နေကြတယ်။

ဟွမ်တွမ့်က ရုတ်တရက်ကြီး သေဆုံး သွားခဲ့တယ်။ အဲ့ဒီ့နောက် ကျမ်းကောင်းကင်တောင်က ငလျင်လှုပ်နေပြန်ပြီ။ ဒီအဖြစ်တွေ အားလုံးက အတော့်ကို နိမိတ် မကောင်းဘူး။

နတ်သားရဲကောင်တွေလဲ စိတ်ထဲမှာ မလုံမခြုံ ဖြစ်နေခဲ့ပါတယ်။ နတ်သားရဲကောင်တွေ အတွက်တော့ ကြိုသိတဲ့ အာရုံက သူတို့ရဲ့ အထက်မြက်ဆုံး ပါရမီပါ။ ဧကရီ ပိုင်ကျစ်လောက် မထူးချွန် ကြပေမယ့် အန္တရာယ်ကိုတော့ ကောင်းကောင်း ခံစား နိုင်ကြတယ်။

ဒါပေမယ့် အန္တရာယ် များရင်တောင် ဘယ်သူမှ ထွက်မသွား နိုင်ကြဘူး။ ပန်းပွင့်တွေ သစ်သီးတွေ အားလုံးက နတ်ဘုရား အရင်းအမြစ်ရဲ့ ဆွဲဆောင်မှု ဖြစ်နေတယ်။ အခွင့်အရေးကို သူတို့ လက်မလွှတ်နိုင်ဘူး။

ဒီအချိန်မှာပဲ တအံ့တသြ အသံကို ကြားလိုက်ရတယ်။ ကြောက်လန့်တကြား အော်သံက ပန်းပွင့် တစ်ပွင့်ကို ကိုင်ထားတဲ့ နတ်ဆိုး တစ်ယောက်ရဲ့ အသံပဲ၊

ပန်းပွင့်တွေ ညှိုးနွမ်းကုန်ပြီ။ အစောပိုင်းတုန်းက ရှိခဲ့တဲ့ အသက်စွမ်းအားတွေ အားလုံး လုံးဝကို သေဆုံးကုန်တယ်။

“ပန်းပွင့်တွေ တင်မကဘူး မြက်တွေကိုလဲ ကြည့်။”

“အား ဘာတွေ ဖြစ်နေတာလဲ။”

အခုချိန်မှာ ဆက်တိုက် အော်သံတွေ ထွက်ပေါ် လာသလို နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေလဲ ထူးထူးဆန်းဆန်း ပြုမူ နေခဲ့ပါတယ်။

အစောပိုင်းတုန်းက သက်ဝင် ရှင်သန်နေခဲ့တဲ့ နေရာကြီးက ရုတ်တရက် တိတ်ဆိတ် သွားခဲ့ပြီ။ ပန်းပွင့်တွေက ညှိုးနွမ်းကုန်တယ်။ မြက်တွေကတော့ ဝါရော် ခြောက်သွေ့ပြီး သေဆုံးကုန်ကြတယ်။

ဒီအပြောင်းအလဲက အားလုံးကို ထိတ်လန့် စေတယ်။ အခွင့်အရေးက သူတို့ မျက်စိရှေ့မှာတင် ပျောက်သွား ခဲ့ပြီ။ အားလုံးက မညှိုးသေးတဲ့ ပန်းတွေကို ခူးဖို့ လုပ်ပေမယ့် အချိန်နှောင်း သွားခဲ့တယ်။ ပန်းပွင့်တွေကို ခူးနိုင်ရင်တောင် ပါးစပ်ထဲ မထည့်ခင်မှာပဲ ပျက်စီးတဲ့ အရာ ဖြစ်ကုန်တယ်။

ဖန်ကျန်းရှီတို့ ဘက်မှာလဲ အပြောင်းအလဲတွေ ဖြစ်နေကြတယ်။ အားလုံးက မျက်တောင် တစ်ခတ် အတွင်းမှာ ပျောက်ကွယ် သွားပြီး အက်ကွဲနေတဲ့ ကျောက်တုံးတွေသာ မြေပြင်မှာ ကျန်ရှိတယ်။

“မဖြစ်ဘူး။”

“ငါ့ ငါ့ အသီးတွေ။”

အားလုံး ပင့်သက်ရှိုက်နေခဲ့တယ်။ ကျောက်တုံးတွေကို ကြည့်ရင်း သူတို့တွေ ဝမ်းပန်းတနည်းနဲ့ အော်ဟစ်ရုံသာ တတ်နိုင်တယ်။ ဘာကြောင့် ဒါတွေ ဖြစ်သွားမှန်း ဘယ်သူမှ မသိခဲ့ဘူး။

မုချင်းဖန်းလဲ လန့်နေခဲ့တယ်။

သူက နတ်ဘုရား အရင်းအမြစ်ကို သုံးပြီး အဆင့်တက် ထားပေမယ့် အခုချိန်မှာ မြေက လုံးဝကို ပျောက်ကွယ် သွားခဲ့ပြီ။ အမှန်တရားကိုတောင် သူလက်မခံ နိုင်ဘူး။ အခုချိန်မှာ သူ့ကျင့်ကြံဆင့်ကို သေချာအောင် မလုပ်ရ သေးတဲ့ အတွက်လဲ လက်မခံနိုင် ဖြစ်နေခဲ့တယ်။

ဒီလို ထူးဆန်းတဲ့ အရာကြီး ဖြစ်လာတာကို သူနားမလည် နိုင်ခဲ့ဘူး။

မော့ရှန်းရှီကတော့ စိတ်အထိခိုက် ရဆုံးပါပဲ။ သူလဲ မုချင်းဖန်းနဲ့ အတူ အဆင့်တက်တော့မယ်လို့ ထင်ခဲ့ပေမယ့် အဆုံးသတ်မှာ နတ်ဘုရား အရင်းအမြစ်က သေဆုံးနေတယ်။ ဒါကို သူဘယ်လိုများ လက်ခံ နိုင်မှာလဲ။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒီနယ်မြေက ဘာဖြစ်လို့ ပျောက်ရမှာလဲ။ တူးမယ်။ ဒီအောက်မှာ ဘာရှိနေလဲ ငါမြင်ချင်တယ်။” မော့ရှန်းရှီ တူယူပြီး ထုဖို့ လုပ်တယ်။

ဒီ အပြုအမူက နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေကိုပါ အာရုံ ပြောင်းသွားစေတယ်။

သူတို့ အားလုံးက မြေပြင်ကို တူးကြတယ်။ ဒီအရာတွေ အောက်မှာ ဘာရှိနေလဲ သူသိချင်တယ်။

“ဖန်ကျန်းရှီ အောက်မှာ ဘာထပ်ရှိလဲ။” ရွှမ်ယွမ်ဝူ စိတ်မရှည်လက်မရှည် မေးတယ်။ အစောပိုင်းတုန်းက သူစိတ်မပူ ခဲ့ပေမယ့် နတ်ဘုရား အရင်းအမြစ်က အခုချိန်မှာ ပျောက်ကွယ် သွားခဲ့ပြီ။ ဒါကြောင့် သူနည်းနည်းတော့ စိုးရိမ် နေခဲ့တယ်။

“သစ်ပင် တစ်ပင်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဘာ သစ်ပင်လဲ။” ရွှမ်ယွမ်ဝူ မေးပြန်တယ်။ူ

“ငါထင်တာသာ မမှားရင် သေချာပေါက် စွမ်းအား အရင်းအမြစ်နဲ့ လုပ်ထားတဲ့ သစ်ပင် ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ့မှာ မရှိလောက်တော့ဘူး။” ဖန်ကျန်းရှီ နားလည်သလောက် ရှင်းပြတယ်။

“မင်း စုပ်ယူလိုက်လို့လား။”

“ပြောလို့ ရပေမယ့်။ ကိစ္စက မတူဘူး။” ဖန်ကျန်းရှီ အဖြေကို ဘယ်လို ဖြေရမလဲ စဉ်းစား မရနိုင် ဖြစ်နေခဲ့ပါတယ်။

“ဒီတော့ အခုချိန် အောက်မှာ ဘာမှ မရှိတော့ဘူးလို့ ပြောချင်တာလား။” ရွှမ်ယွမ်ဝူ ထပ်မေးတယ်။ သူမယုံနိုင် ခဲ့ဘူး။

ဝုန်း။ ဖန်ကျန်းရှီ မဖြေနိုင် ခင်မှာပဲ မြေပြင်က အက်ကွဲပြီး ကျောက်တုံးတွေက ချက်ခြင်း ပွင့်ထွက်ကုန်တယ်။ ဒီလှုပ်ရှားမှုက နတ်သားရဲကောင် လေးကောင် ဖျက်စီးတာ ထက်တောင် ပိုပြီးတော့ အရှိန်အဟုန် မြင့်မား နေသေးတယ်။ ကျောက်တုံးတွေ အားလုံးက အရှိန်ပြင်းပြင်း ဖျက်စီး ခံရပြီး ပျက်စီး ပျောက်ကွယ် ကုန်တယ်။

မြေပြင်မှာ ရစ်ပတ်နေတဲ့ အမြစ်တွေလဲ ပျက်စီးကုန်ပါတယ်။ အခုချိန်မှာ အပေါ်က ဆင်းလာနေတဲ့ အင်အားကြီးတွေကို ဘယ်အရာကမှ မတားဆီး နိုင်ခဲ့ဘူး။

“အန္တရာယ်များတယ်။ သွားကြမယ်။” ဖန်ကျန်းရှီက တစ်ခုခု လွဲနေတာကို သတိထားမိတယ်။ မြေအောက်ကနေ တစ်ခုခု ထွက်လာတော့မယ်လို့ သူထင်နေတယ်။

“ပြေးကြမယ်။” မုချင်းဖန်းကလဲ သတိကြီးတယ်။ သူ လက်မလျှော့ချင်ပေမယ့် နောက်မှာ နေရစ်ဖို့ သူမရူးမိုက်ဘူး။ ချက်ခြင်း ကောင်းကင်ကို ခုန်တက်တယ်။

မုချင်းဖန်းနဲ့ အတူ ကောင်းကင်အိုအေစစ် သုခမိန်ကြီး၊ မော့ရှန်းရှီနဲ့ တခြားသူတွေလဲ ခုန်ပျံလာကြတယ်။

ဝူယွဲ့အာကိုတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက ဆွဲခေါ် လာပြီး တခြားသူတွေကတော့ သူတို့ စွမ်းအားကြောင့် လေထဲမှာ တည်တည်ငြိမ်ငြိမ် နေနိုင်ကြတယ်။

ပင်းယန်ကတော့ ကောင်းကင်ပေါ်ကို ပျံတက်သွားတာ ကြာလှပြီ။

သူမမှာ ကောင်းကောင်း ပျံတက်တဲ့ စီးတော်ယာဉ် ပီဖန်း ရှိနေတဲ့ အတွက် ဘာပြဿနာမှ မရှိခဲ့ဘူး။

ချီကူယန်နဲ့ ရန်ရွှယ်ကလဲ နတ်သခင်တွေ ဖြစ်နေတဲ့ အတွက် အေးအေးဆေးဆေး ရှိနေခဲ့တယ်။ ယွင်ချင်းဝူ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တယ်။

ဖန်ကျန်းရှီလဲ ချက်ခြင်း ယွင်ချင်းဝူကို ဖက်ထားပြီး သူ့အတောင်ပံတွေကို သုံးရင်း ကောင်းကင်ပေါ်ကို ပျံတက်တယ်။

“ဝူး။” ကောင်းကင်ပေါ်ကို သူထိုးတက် ပျံသန်းတယ်။

ရွှမ်ယွမ်ဝူကတော့ သတိလစ်နေတဲ့ နန်ကုန်းမုကို အတူတူ ခေါ်သွားရင်း လေထဲကို ရောက်သွားခဲ့တယ်။

အားလုံးက အန္တရာယ်ကို ခံစားမိသလို နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေလဲ သိကြတယ်။

“ပြေးကြ။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး ပျံတက်ကုန်တယ်။ တစ်ချို့ ကျန်နေသေးသူတွေကတော့ လက်မလျှော့ နိုင်ကြဘူး။ အောက်အထိ ဆင်းရင်း တူးဖော်တယ်။

“အောက်မှာ တစ်ခုခု ရှိရမယ်။”

“ဖန်ကျန်းရှီနဲ့ တခြားသူတွေတောင် အောက်ကို ဆင်းခဲ့ သေးတာပဲ။”

“ငါတို့ အရယူရမယ်။”

အောက်ကို ဆင်းသွား နေသူတွေ ကတော့ အမြန်ဆုံး သူက အားလုံးကို အရယူနိုင်တယ် ဆိုတဲ့ စိတ်သဘောမျိုး ရှိာကတယ်။ အားလုံးက အန္တရာယ်ကြားမှာ အခွင့်အရေးကို အရယူချင်တယ်။

အပိုင်း (၁၀၈၁) ပြီး၏။

အပိုင်း (၁၀၈၂)

“ထွက်ပေါ်လာခြင်း။ ကောင်းကင်ကို ခုတ်ပိုင်းနိုင်သော ပုဆိန်။”

…

ဖုန်တွေက ကောင်းကင် အထိကို ထိုးတက် လာခဲ့တယ်။

နတ်သားရဲကောင် အများစုနဲ့ နတ်ဆိုးတွေက ကောင်းကင်ပေါ်ကို ပျံတက် သွားခဲ့ကြပြီ။ အနည်းစုသာ ကျမ်းကောင်းကင် တောင်အောက်ကို ထိုးဆင်း နေခဲ့တယ်။

သူတို့တွေ အားလုံးမှာ စိတ်ကူး ရှိကြ တယ်။ ဖန်ကျန်းရှီတို့ အုပ်စုက တောင်အောက်ကို ကျသွားပြီးနောက် မသေကြတဲ့ အပြင် အားလုံးနီးပါး နတ်သခင်တွေ ဖြစ်ကုန်ကြတယ်။

ဒါကြောင့် အခုချိန်မှာ စွန့်စားသူတွေက စွန့်စားချင်ကြတယ်။ အရဲရင့်ဆုံးသူတွေက သေချောပါက် အခွင့်အရေး ကောင်းကြီးကို ရကြမှာပဲ။

“ဝုန်း။” မြေပြင်ကြီး တစ်ခုလုံး ဆက်တိုက် ပေါက်ကွဲ ကုန်တယ်။

ကျမ်းကောင်းကင်တောင် တစ်ခုလုံး ဆက်တိုက် အက်ကွဲကုန်တယ်။ တောင်တစ်ခုလုံး အလယ်တည့်တည့်ကနေ အက်ကွဲပြီး ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာတယ်။

မည်းမှောင်နေပြီး ဖုန်မှုန့်တွေ အပြည့်နဲ့ အက်ကွဲကြောင်းကြီးရဲ့ အောက်မှာ ဘာတွေ ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။

ဒီအချိန်မှာပဲ အကြောက်တရား အပြည့်နဲ့ အော်သံ တစ်ခုကို ကို ကျမ်းကောင်းကင် တောင်ခြေကနေ ကြားလိုက်ရ ပါတော့တယ်။

အော်လိုက်သူရဲ့ ပါးစပ်ထဲကနေ သွေးတွေ စီးကျလာတယ်။ သွေးတွေက ချောင်းရေလို ထွက်ပေါ် လာပြီး ပြင်းထန်တဲ့ သွေးနံ့တွေက နေရာ တစ်ခွင်လုံးကို လွှမ်းခြုံ သွားတော့တယ်။

ပန်းရနံ့တွေ မရှိတော့တဲ့ အတွက် သွေးနံ့က ပိုပြီးတော့ စူးရှလာခဲ့တယ်။

“အဲ့ဒီ့ အောက်မှာ ဘာတွေ ဖြစ်နေတာလဲ။” နတ်ဆိုး စစ်သူကြီး တစ်ယောက်ရဲ့ အော်သံမှန်း သိလိုက်တဲ့ အတွက် ဟုန်ယို့ အံ့သြ နေခဲ့တယ်။

သူ့ကို ဘာက သတ်လိုက်တာလဲ။ နတ်သားရဲကောင်လား။

ဟုန်ယို့ အတည်မပြု နိုင်ခဲ့ဘူး။ အကယ်၍ သူတို့တွေ ဖုန်ထဲမှာ တိုက်ခိုက် နေကြတယ်ဆိုရင် သေချာပေါက် အောက်မှာ အကျိုးအမြတ် ရစရာ ရှိလို့ပဲ ဖြစ်ရမယ်။ ဒါပေမယ့် တခြားသူတွေ တိုက်ခိုက် နေတဲ့ အသံကို သူမကြားဘူး။ တောင်တွေ အက်ကွဲတဲ့ အသံကိုသာ ကြားရတယ်။

ချုံးချီနဲ့ တခြား နတ်သခင်တွေ အားလုံးက ဖုန်ထဲကိုသာ ကြည့်နေရင်း ဘာတွေ ဖြစ်နေလဲ သိရဖို့ ကြိုးစား နေခဲ့ကြတယ်။ ဒါပေမယ့် ဖုန်တွေက ထူထပ် လွန်းလှတဲ့ အတွက် ဘာကိုမှ ကောင်းကောင်း မမြင်နိုင် ခဲ့ဘူး။

ဒီအချိန်မှာပဲ နောက်ထပ် နာနာကျင်ကျင် အော်သံ တစ်သံကို ထပ်ကြားရပြန်တယ်။ အဲ့ဒီ့နောက် ရဲရဲနီ နေတဲ့ သွေးတွေက နောက်ထပ် စီးထွက် လာခဲ့တယ်။

“နောက်တစ်ယောက် သေပြန်ပြီလား။” ဟုန်ယို့၊ ချုံးချီနဲ့ တခြား နတ်သားရဲကောင်တွေတင် မကဘူး ဖန်ကျန်းရှီတို့ပါ လန့် နေခဲ့တယ်။

အခုချိန်မှာ သေတာက နတ်သားရဲကောင် တစ်ကောင်ပဲ။

ကြောက်လန့်နေတဲ့ သားရဲကောင် အော်သံကြီးကလဲ တောင်တစ်ခုလုံးကို ဟိန်းထွက် သွားခဲ့ပါတယ်။

“နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး စစ်သူကြီးတွေကို ဒီလို အော်အောင် လုပ်နိုင်တာ ဘာများ ဖြစ်မလဲ။” အားလုံး တွေးနေရင်း ကျောချမ်း လာခဲ့ကြတယ်။ အောက်ကို ဆင်းသွားကြတဲ့ နတ်ဆိုး မိစ္ဆာတွေက အယောက် ၃၀ကျော်ပါတယ်။

နတ်သားရဲကောင်တွေ နတ်ဆိုးတွေ အားလုံးက ကြောက်ကြောက်လန့်လန့် အော်ဟစ်နေ ကြတယ်။ အောက်ဆုံးမှာ ဘယ်လို ကြောက်စရာ အရာများ ရှိနေတာလဲ။

“ငါတို့ အောက်ဆင်းပြီး ကြည့်သင့်လား။”

“မဖြစ်ဘူး။ နည်းနည်းလောက် စောင့်အုန်း။”

“…”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြတယ်။ ဘယ်သူမှ အောက်ကို မဆင်းချင်ကြဘူး။

ဒီအချိန်မှာပဲ မြန်ဆန် ကြီးမား လွန်းလှတဲ့ အရာကြီး တစ်ခုက ကျမ်းကောင်းကင် တောင်ထဲကနေ ပျံထွက်လာ ခဲ့တယ်။

သွေးနီရောင် တောက်နေတဲ့ မျက်ဝန်းကြီးတွေက မီးအိမ်နီနီ ကြီးတွေလို အသွင် ရှိနေခဲ့တယ်။

“ဘာကြီးလဲ။”

“မြန်မြန် ရှောင်ကြ။”

“နေအုန်း။ သူက လုရှုးနဲ့ တူသလိုပဲ။”

နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ မျက်လုံး ပြူးကုန်ကြတယ်။

လုရှုးက မြင်းခန္ဒာ၊ ကျားအမွှေးနဲ့ မြန်ဆန်ကြီးမားတဲ့ သားရဲကောင် တစ်ကောင်။ သူက အစောပိုင်းမှာ အောက်ကို ဆင်းသွား ခဲ့သူထဲက တစ်ယောက်ပဲ။ အခုတော့ ကျမ်းကောင်းကင်တောင် အပြင်ဘက်ကို အစွမ်းကုန် ပြေးထွက် လာတယ်။

“အထဲမှာ ဘာတွေ ဖြစ်နေတာလဲ မြန်မြန်ပြော။” နတ်သားရဲကောင် တစ်ကောင်က အော်ဟစ် မေးမြန်းတယ်။

“အမြန်ဆုံး ပြေးပေတော့။” လုရှုး အော်တယ်။

ဒါပေမယ့် စကားတောင် မဆုံးလိုက် သေးခင် အချိန်မှာပဲ အလွန် အင်မတန် ကြီးမားလွန်းလှတဲ့ လက်မောင်းကြီး တစ်ဖက်က သူ့ခြေထောက်ကို လှမ်းဆွဲတယ်။

“အား ငါ့ကို လွှတ်။ လွှတ်စမ်း။” လုရှူး ကျောက်လန့် တကြား အော်ဟစ်ရင်း ရှေ့ခြေထောက်နဲ့ ကျောက်တုံးတွေကို ဆွဲကုပ်တယ်။

ကျောက်တုံးတွေက ချက်ခြင်း ဖုန်မှုန့် ဖြစ်သွား ခဲ့တဲ့ အတွက် သူ ဆွဲမကုပ် နိုင်ခဲ့ဘူး။

ဝုန်း။

လုရှုးရဲ့ ခန္ဒာကိုယ်ကို ဧရာမ လက်ကြီးက ဖုန်မှုန့်အောက်ထဲ ဆွဲချ သွားခဲ့တယ်။ ကြောက်လန့်တကြား အော်သံတွေက တောင်ကြော တစ်ခုလုံးကိုတောင် ဆူညံ နေခဲ့ပြီ။

“လက်အကြီးကြီး။”

“ကျမ်းကောင်းကာင် တောင်အောက်မှာ တကယ်ပဲ တစ်ခုခု ရှိနေတယ်ပေါ့။”

“ဘာကြီးဖြစ်မလဲ။ လုရှုးကိုတောင် ဆွဲချသွားနိုင်တာ ဘာကြီးလဲ။”

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အားလုံး အမူအယာ ပြောင်းလဲ ကုန်ကြပါပြီ။ သူတို့တွေ အန္တရာယ် အငွေ့အသက်ကို ခံစား မိတဲ့ အတွက် အားလုံး ထွက်ပြေး ချင်ကြတယ်။ ဒါပေမယ့် သူတို့ မလှုပ်ရှား နိုင်ခဲ့ကြဘူး။ နတ်ဘုရား အရင်းအမြစ်က သူတို့ကို ဆွဲဆောင်လွန်း နေခဲ့တယ်။

“အကယ်၍ တစ်ခုခု ရှိနေရင် အားလုံး အတူတူ သတ်ရအောင်။”

“အမှန်ပဲ။”

“ငါတို့ အားလုံးကို သတ်နိုင်မယ်လို့တော့ ငါမထင်ဘူး။ ကျမ်းကောင်းကင် တောင်အောက်မှာ သေချာပေါက် အခွင့်အရေးကြီး ရှိလိမ့်မယ်။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး စိတ်ဆုံးဖြတ်လိုက် ကြပါပြီ။

ဖန်ကျန်းရှီကတော့ အဝေးကြီးကို ယွင်ချင်းဝူနဲ့ အတူ ပျံသန်း သွားခဲ့တယ်။ ဒီကြီးမားလွန်းတဲ့ လက်ကြီးက ဥက္ကာပျံ တစ်ခုနဲ့ တူညီ နေတဲ့ အပြင် အစိမ်းရောင် သင်္ကေတတွေလဲ ရှိနေသေးတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါနည်းနည်းတော့ ကြောက်တယ်။” ပင်းယန်က ဖန်ကျန်းရှီနဲ့ ချီကူယန် အနားကို ကပ်လာခဲ့တယ်။

“အပေါ်ကို မြင့်မြင့်ပျံမယ်။” ချီကူယန် မျက်မှောင်ကြုတ်လိုက်တယ်။

ဒီလက်ကြီးရဲ့ ဇစ်မြစ် အစစ်က သေချာပေါက် ထူးခြားလိမ့်မယ်။ နတ်သားရဲကောင် တွေကိုတောင် သူက အလွယ်လေး သတ်နိုင်တယ်။ ဒါက နတ်ဘုရား အရင်းအမြစ် မြေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ဉာဏ်ကြီးရှင်တောင် ဖြစ်နိုင်သေးတယ်။

ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စတွေလဲ ရှိနေတယ်။ မိစ္ဆာ တစ်ကောင်က နတ်သားရဲကောင်တွေကို ကောင်းကောင်း သတ်နိုင်တယ်လား။

မှတ်တမ်းတွေ အရဆိုရင် ရှေးဟောင်း တိုက်ပွဲကြီးထဲမှာ အင်အားကြီး ဖြစ်တည်မှုတွေ အားလုံးက နွီဝါး မယ်တော်နဲ့ အတူ ကပ်ဆိုးကြီးကို တားဆီး ခဲ့ကြတယ်။ အားလုံး နီးပါး အာကာသထဲမှာ ပိတ်မိခဲ့တယ်။

ဒီလောကမှာ အင်အားကြီး မိစ္ဆာ ထပ်မရှိ သင့်ဘူး။

ရှိခဲ့တယ် ဆိုရင် ဘာဖြစ်လို့ မလှုပ်ရှားပဲ အချိန် အကြာကြီး နေနေ ခဲ့တာလဲ

“ပင်းယန်။ သစ်ပင် အမြစ်တွေကို မင်းဖောက်တုန်းက ဘာမြင်ခဲ့လဲ။” ဖန်ကျန်းရှီလဲ အတော့်ကို သိချင် နေခဲ့တယ်။

ကျမ်းကောင်းကင် တောင်ခြေမှာ သူတို့ ရှိနေခဲ့တဲ့ အချိန်တုန်းက လုံး၀ တိုက်ခိုက် မခံခဲံ ရဘူး။ ပင်းယန် ပြောသလောက် ဆိုရင် အဲ့ဒီ့ နေရာမှာ သစ်ပင် အမြစ်တွေက လွဲပြီး ဘာမှ မရှိဘူး။

“ဘာဆိုဘာမှ မရှိဘူး။ အားလုံးက လုံး၀ မှောင်မည်းနေပြီး ငါဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။” ပင်းယန် ခေါင်းခါရင်း ပြန်ဖြေတယ်။

“မှောင်နေလို့ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူးလား။” ဖန်ကျန်းရှီနဲ့ ချီကူယန် နှစ်ယောက်စလုံးရဲ့ အကြည့်တွေက တည်ကြည် လေးနက် သွားခဲ့တယ်။

ပင်းယန်က မလိမ်ဘူး။

ဒါပေမယ့် ပင်းယန် မလိမ်နေတဲ့ အတွက် ကိစ္စက ပိုပြီးတော့ အရေးကြီးလာတယ်။ ပင်းယန်က နတ်သခင် အဆင့်ကို ရောက်နေပြီးသားသူ။ သစ်ပင်အမြစ်တွေ အောက်ကို သူမမြင်နိုင်တာက ထူးဆန်းတယ်။

သုခမိန်တွေတောင် ညဘက်ကို ကောင်းကောင်း မြင်နိုင်တဲ့ အမြင် ရှိကြတယ်။ ပင်းယန်က ဘာကြောင့်များ ကောင်းကောင်း မမြင်ရတာလဲ။

ဖန်ကျန်းရှီ တွေးရင်း ကျောချမ်း သွားခဲ့တယ်။

ကံကောင်းလိုက်တာ။ အရမ်း အရမ်းကို ကံကောင်းတာပဲ။

ပင်းယန်လို ကံကောင်းလွန်းတဲ့ သူကပဲ အမြစ်တွေကို သွားကြည့်ပြီး ဘာမှ ဖြစ်မလာခဲ့ဘူး။ အရူးတွေက ကံကောင်းတတ်တယ် ဆိုတဲ့ ဒဏ္ဍာရီလာ ဆိုရိုးစကား အတိုင်းပဲ ဖြစ်နေတာ ပါလား။

“ဘာဖြစ်လို့လဲ မမယန်လေး။ တစ်ခုခု လွဲနေလို့လား။ တကယ် ဘာမှ မမြင်ခဲ့တာဆို။” ပင်းယန်က အခိုင်အမာ ပြောတယ်။

“ပင်းယန် ဘာမှ မမြင်လို့ ထူးဆန်းနေတာလေ။” ချီကူယန် သတိပေးတယ်။

“အား ဟုတ်သား။ အခု ကျင့်ကြံဆင့်နဲ့ ဆိုရင် ညဘက်လဲ မြင်ရတယ်လေ။ ဒါဆိုရင် ဘာဖြစ်လို့ ဘာမှ မမြင်ခဲ့တာလဲ။” ပင်းယန် ပြန်အော်တော့တယ်။

သူမ နတ်သခင် အဆင့်ကို တိုးတက် ပြီးချိန်တုန်းက နတ်သားရဲကောင်တွေကို သတ်ပြီး လေ့ကျင့်ဖို့ပဲ စိတ်ကူး ရှိခဲ့တယ်။ အထဲမှာ မည်းမှောင်နေတာတွေကို မြင်ချိန်တုန်းက ဘာမှ မစဉ်းစား မိခဲ့ဘူး။ အခုတော့ တစ်ခုခု လွဲနေတာကို သူမ တကယ်ပဲ သတိထား မိသွားခဲ့တယ်။

“ငါတို့တွေ မင်း တုံးအနေလို့ မသေပဲ လွတ်လာတာလဲ ဖြစ်နိုင်တယ်။” ဖန်ကျန်းရှီက ပင်းယန်ကို အပြစ်မတင် ခဲ့ဘူး။

“ငါအတယ် ဆိုတာ ဘာကို ပြောချင်တာလဲ။” ပင်းယန် ဒေါသ ထွက်သွားခဲ့တယ်။ ဝုန်း။ ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တစ်ခုနဲ့ အတူ တောင်ပေါ် ကျောက်တုံးတွေ ပေါက်ကွဲကုန်ပြီး နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ ကောင်းကင်ပေါ်ကို ပြေးတက် လာခဲ့ကြတယ်။

“မြန်မြန်ပြေး။”

“ပြေးကြ။”

အားလုံးက ထွက်ပြေး နေကြပေမယ့် တချို့ကတော့ ကျောက်တုံးတွေကြောင့် ထိခိုက်ကြတယ်။ ဒါပေမယ့် ကျောက်တုံးတွေက သူတို့ အတွက်တော့ သေနိုင်တဲ့ အရာ မဟုတ်ခဲ့ဘူး။

နိုင်ငံတော်ကြီး လေးခုရဲ့ စစ်သည်တော်တွေ အတွက်သာ သေစေနိုင်တဲ့ အရာ ဖြစ်ခဲ့တယ်။

ကျမ်းကောင်းကင်တောင် ပြိုကွဲချိန်မှာ၊ စစ်သည်တော် တပ်ဖွဲ့တွေက အားလုံး ပြေးဆင်း လာကြပေမယ့် ကျောက်တုံးတွေကိုတော့ အပြည့်အ၀ မရှောင်ရှား နိုင်ခဲ့ဘူး။

ဖြစ်ပျက် သွားတာတွေက မြန်ဆန်လွန်းတဲ့ အတွက် အလောင်းတွေလဲ တောင်လို ပုံကုန်တော့တယ်။

ထိပ်တန်း စစ်သည်တော် တစ်သောင်း နီးပါး တောင်ကျောက်တုံးတွေ ပိလို့ သေဆုံး ကုန်ခဲ့ကြတယ်။ ဒါက လုံးဝကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ အခုချိန်မှာ ဧကရာဇ်တွေကတော့ ရဲရဲနီနေတဲ့ မျက်ဝန်းတွေနဲ့ မချင့်မရဲ ဖြစ်နေ ခကြတယ်။

ဒီတိုက်ပွဲကြီးက မစတင်ခင် ကတည်းက လူသားတွေကို ဖယ်ရှား ပြစ်လိုက်ပြီ။

တောင်ပြိုတာက ကြယ်တရာရာ ကပ်ဆိုးကြီး နီးပါးကို ဆိုးတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ သူတို့ကို ကပယ်။” ချီကူယန်က ချက်ခြင်း လှုပ်ရှားတယ်။ များပြားလှတဲ့ အလင်းတန်းတွေက ဒိုင်းကာကြီး တစ်ခု အသွင်ကို ပြောင်းလဲ သွားပြီး တပ်ဖွဲ့တွေကို ဖုံးအုပ်လိုက်တယ်။ ဒါပေမယ့် ကျောက်တုံးတွေ အားလုံးကိုတော့ မကာကွယ် နိုင်ခဲ့ဘူး။

သနားစရာ အော်သံတွေကလဲ ဆက်တိုက် ထွက်ပေါ်နေခဲ့ပါတယ်။

ဒါကို မြင်ချိန်မှာ ဖန်ကျန်းရှီလဲ အပြာရောင် အလင်းတန်းတွေ အများကြီးကို ထုတ်လွှတ်လိုက်တယ်။ တောင်အောက်မှာ ရောက်နေကြတဲ့ စစ်သည်တော်တွေ အားလုံးလဲ ပျောက်ကွယ်ကုန်တယ်။

ပြန်လည် မွေးဖွားမှု ကောင်းကင်တာအိုကို အသုံးပြုရင်း တောင်ခြေက စစ်သည်တော်တွေကို အဝေး ပို့ဆောင်တယ်။ များပြားလွန်းလှတဲ့ စစ်သည်တော်တွေကို နေရာ ရွေ့ရတာက သူ့စွမ်းအားတွေကို အတော်လေး အသုံးပြု ရတယ်။

ဖန်ကျန်းရှီနဲ့ ချီကူယန် လှုပ်ရှား နေချိန်မှာပဲ မုချင်းဖန်းတို့လဲ ရွေ့လျားကြတယ်။ အလင်းတန်း ဒိုင်းကာတွေ အများကြီး ပေါ်ထွက်လာပြီး စစ်သည်တော်တွေကို ကူညီတယ်။

ဧကရာဇ်တွေကတော့ နှလုံးနာနေခဲ့ပြီ။ အားလုံးက ကျမ်းကောင်းကင်တောင်ကို အခွင့်အရေး ရဖို့ လာခဲ့ပေမယ့် ဘာမှ မတွေ့တဲ့ အပြင် ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ ပါသွားရုံမကဘူး စစ်သည်တော်တွေပါ သေဆုံးကုန်သေးတယ်။

“ပြေးကြစို့။”

“အားလုံး ဆုတ်ခွာမယ်။”

ဧကရာဇ်သုံးပါးက ချက်ခြင်း အမိန့်ချတယ်။

လင်းမုပိုင်ကိုတော့ ချင်းယွိက လေထဲမှာ ချီပြီး ပျံနေတဲ့ အတွက် အခြေအနေ ကောင်းခဲ့တယ်။ နိုင်ငံတော်ကတော့ အဆုံးအရှုံးများပါတယ်။ အခုချိန်မှာ ဘယ်နိုင်ငံတော်မှ အမြတ် မရခဲ့ဘူး။

“ဝုန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ခုနဲ့ အတူ လျှပ်စီးတန်းကြီး တစ်ခု ဆင်းသက်လာပါတယ်။ ကောင်းကင်ကြီး နှစ်ခြမ်း ကွဲထွက်သွားသလို လျှပ်စီးတန်းကြီးက ကျမ်းကောင်းကင်တောင်ပေါ်ကို ကျရောက်လာတယ်။ ကျမ်းကောင်းကင်တောင်က ဒီဖျက်ဆီးမှုကို မတောင့်ခံ နိုင်ခဲ့ဘူး။

ကျမ်းကောင်းကင်တောင် အောက်မှာတွေ သွေးတွေက ချင်းချင်း နီနေခဲ့ပြီ။ ဒါ့အပြင် သွေးနီရောင် အလင်းတန်းကြီးတွေက ထိုးထွက်လာခဲ့တယ်။

“ဘာကြီးလဲ။” သစ်သီး တစ်လုံးကို စားထားပြီး စွမ်းအားတွေ အများကြီး တိုးပွားနေပြီ ဖြစ်တဲ့ ချုံးချီတောင် ကြောက်စရာ အရှိန်အဝါတွေကြောင့် လန့်မိတယ်။

သူ့ဘေးမှာ ရှိနေတဲ့ ရွှမ်ယွမ်ဝူ၊ ဧကရီ ပိုင်ကျစ်နဲ့ ဟုန်ယို့တို့လဲ မျက်လုံး ပြူးနေခဲ့ပါတယ်။ ဒီသွေးနီရောင် အလင်းတန်းထဲမှာ သူတို့ ကြောက်ရလောက်တဲ့ အရ တစ်ခုခု ရှိနေလိမ့်မယ်။

“အရှိန်အဝါက အားကောင်းလိုက်တာ။”

“မိုးကောင်းကင်ကိုတောင် ဝါးမျိုတော့မယ့် အတိုင်းပဲ။”

“ဒါက အခွင့်အရေးလား။”

သွေးနီရောင် အလင်းတန်းက သူတို့ဆီကို အရမ်း မြန်မြန်ကြီး တက်လာနေတဲ့ အတွက် အားလုံး လန့်နေခဲ့တယ်။

“အခုပြေးတော့။” အားလုံးက ကောင်းကင် အမြင့်ပေါ်ကို ထိုးတက်ကြတယ်။

တစ်ချို့ နှေးကွေးတဲ့ နတ်သားရဲကောင်တွေကတော့ သွေးနီရောင် အလင်းတန်းထဲကို ကျရောက်ပြီး နာနာကျင်ကျင် အော်ဟစ်တယ်။

ဖန်ကျန်းရှီကတော့ ချွေးပျံ နေခဲ့ပြီ။ ပထမဆုံး အနေနဲ့ အကြောက်တရားကို သူစတင် ခံစား မိခဲ့တယ်။ ပြင်းထန်လှတဲ့ သတ်ဖြတ်လိုစိတ် အရှိန်အဝါက အရမ်းကို သိပ်သည်းလွန်းပြီး ကျောချမ်းရင်တုန်စရာ ဖြစ်နေခဲ့တယ်။

ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲနေတဲ့ အတိုင်း ခြေတွေ လက်တွေ ထုံကျင်ပြီး မလှုပ်ရှား နိုင်တော့ဘူး။ သူ့စွမ်းအားက အခုချိန်မှာ ၈ဆ တိုးလာပြီး ဖြစ်သလို စွမ်းအား အရင်းအမြစ် ငါးပုံ လေးပုံကလဲ အသွင်ပြောင်း နေပြီးပြီ။

ဒါတောင်မှ အရှိန်အဝါကြောင့် သက်ရောက်တာကို ခံနေ ခဲ့ရတယ်။ တခြား နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ ဘယ်လိုများ ခံစား ရမလဲ။

“အား။”

“ငါမသေချင်ဘူး။”

သနားစရာ အော်သံတွေနဲ့ အတူ သွေးနီရောင် အလင်းတန်း အောက်မှာ အားလုံးက အရှိန်နှေးကွေး ကုန်ကြတယ်။ သူတို့တွေရဲ့ လှုပ်ရှားမှုက ထိန်းချုပ် ခံရထားတဲ့ အတိုင်း အရမ်းကို အရှိန်လျော့ကုန်တယ်။

အဲ့ဒီ့နောက် ထူးဆန်း ကြောက်စရာ ဖြစ်ရပ်တစ်ခု စတင် ဖြစ်ပေါ် လာပါတော့တယ်။

နတ်သားရဲကောင်တွေရဲ့ ခန္ဒာကိုယ်က အရမ်းကို မြန်မြန် ဆန်ဆန် ဆွေးမြေ့ကုန်တယ်။ အသွေးအသားတွေက လေထဲမှာ ပျောက်ကွယ်ကုန်ပြီး အရိုးတွေတောင် အမှုန့် ဖြစ်ကုန်ကြတယ်။

ဝုန်း။

ဒီအချိန်မှာပဲ ကြီးမားတဲ့ လက်ကြီးတစ်ဖက် သွေးနီရောင် အလင်းတန်းထဲက ဆန့်ထုတ် လာခဲ့တယ်။ မြေအောက်ထဲကနေ ဧရာမ ပုဆိန်ကြီး တစ်လက်ထဲ ထွက်ပေါ်လာပြီး မြေပြင်ကို ခုတ်ချ ပြစ်တယ်။

သွေးနီရောင် တောက်ပနေတဲ့ ပုဆန်ကြီးက ကြောက်စရာ ကောင်းလွန်းတဲ့ အပြင် နတ်သားရဲကောင်တွေရဲ့ သွေးတွေကိုလဲ ဆက်တိုက် စုပ်ယူ ပြစ်နေပါသေးတယ်။

အပိုင်း (၁၀၈၂) ပြီး၏။

အပိုင်း ((၁၀၈၃)

“ရူးသွပ်တဲ့ တိုက်ခိုက်မှု။”

…

လန့်စရာ အရှိန်အဝါတွေက ကောင်းကင်ပေါ်ကို ထိုးတက်လာပြီး ကောင်းကင်ကြီး တစ်ခုလုံးကို မှောင်မိုက် သွားစေတော့တယ်။

“ပုဆိန်ကြီးလား။”

“အဲ့တာ ဘာကောင်ကြီးလဲ။”

နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ အားလုံး မြေကြီးထဲက ထွက်လာတဲ့ သတ္တဝါကြီးကို ကြည့်နေခဲ့တယ်။ ဒီလက်ကြီးက မိုးကောင်းကင်တောင်ကိုတောင် ခွဲပြစ်တော့မယ့် အသွင် ရှိနေခဲ့ပါတယ်။

သားရဲကောင် အော်သံကြိးက သွေးနီရောင် အလင်းတန်းထဲကနေ ထွက်ပေါ်လာတယ်။ သွေးနီရောင် အလင်းတန်းတွေက ကြီးမားတဲ့ ဒိုင်းကာကြီး အသွင်ကို ပြောင်းလဲ သွားခဲ့ပြီ။ ပုဆိန်ကြီးက သတ်ဖြတ်လိုစိတ် အပြည့်နဲ့ တောက်ပ နေခဲ့ပြီး ဒိုင်းကာကြီးကတော့ တောင်တမျှ လေးလံ နေခဲ့ပါတယ်။

အဲ့ဒီ့နောက် ကျမ်းကောင်းကင် တောင်ခြေကနေ ထွက်လာတဲ့ ဧရာမ သတ္တဝါကြီးကို အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက် ရတော့တယ်။

ပေပေါင်း ရာနဲ့ ချီအောင် မြင့်မားပြီး အနီရောင် မြူနှင်းတွေ ခြေထောက်အောက်မှာ စုဝေးနေတဲ့ ဧရာမ သတ္တဝါကောင်ကြီးပါ။

“အဲ့တာ ဘာမိစ္ဆာလဲ။”

“ကြီးလိုက်တာ။”

ရှိနေသူတွေ အားလုံး လန့်နေခဲ့တယ်။

ဖုန်တွေ ပျောက်ကွယ် သွားချိန်မှာတော့ ဒီသတ္တဝါကြီးက ပိုပိုပြီး ရှင်းလင်း လာတော့တယ်။

ထူထပ်တဲ့ အနက်ရောင် သံချပ်ကာကို ခန္ဒာကိုယ် အောက်ပိုင်း တစ်ဝက်မှာ သူဝတ်ဆင်ထားတယ်။ ဒါ့အပြင် ဒီသတ္တဝါကြီးမှာ ခေါင်းမပါတာကတော့ အဓိက အချက်ပဲ။

“ခေါင်းမရှိဘူးလား။” ဖန်ကျန်းရှီ တောင့်တင်းသွားရ ပြန်တယ်။ ဒိုင်းနဲ့ ပုဆိန်ကို မြင်ချိန်မှာ သူ့စိတ်ထဲ ဒဏ္ဍာရီ တစ်ခု ဝင်ရောက် လာခဲ့ပါတယ်။

ဧကရာဇ်ယန်နဲ့ ဟွမ် အုပ်ချုပ်ခဲ့စဉ် ကာလမှာ ချီယို့ မျိုးနွယ်စုနဲ့ ယှဉ်နိုင်လောက်တဲ့ အထိ အင်အားကြီးမားတဲ့ စစ်သူကြီး တစ်ယောက် ရှိခဲ့ဖူးတယ်။

ဧကရာဇ် နှစ်ပါး မပူပေါင်းခင် အချိန်တည်းက စစ်သူကြီးမှာ ကိုယ်ပိုင် အတွေး ရှိခဲ့တယ်။ ဧကရာဇ်ဟွမ်ကို သူတိုက်ခိုက်ချင်တယ်။ ဒါပေမယ့် ဧကရာဇ်ယန်က သူ့ကို တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့တယ်။

ချီယို့ကို ဧကရာဇ်ဟွမ် အနိုင်ရ ပြီးတဲ့နောက် စစ်သူကြီးက နောက်ထပ် တောင့်ခံ မထားတော့ပဲ ဧကရာဇ်ဟွမ်ကို အနိုင်ယူ တိုက်ခိုက်ပြီး လောကကို အပိုင်သိမ်းယူဖို့ ကျိန်ဆိုခဲ့တယ်။ ဒါ့အပြင် ချန့်ယန်းတောင်ခြေမှာ သူတို့တွေ စစ်ပွဲတစ်ပွဲ စခဲ့တယ်။

အဲ့ဒီ့ စစ်သူကြီးကတော့ ရှင်းထျန်းပဲ။

“ဒီတော့ ကျမ်းကောင်းကင်တောင်က ရှေးဟောင်း ချန့်ယန်းတောင်ပေါ့။” ဖန်ကျန်းရှီ ဒါတွေ အားလုံး အမှန်မဟုတ်ဖို့ မျှော်လင့် မိတယ်။ ဒါပေမယ့် သွေးနီရောင် အလင်းတန်းတွေ အားလုံး ပျောက်ကွယ် သွားပြီးချိန်မှာတော့ သူမျက်မှောင်ကြုတ်သွားတယ်။

“ရှင်းထျန်းလား။”

“ရှင်းထျန်းပဲ။”

“သူဘာလို့ မသေသေးတာလဲ။”

အားလုံးက ခေါင်းမပါတဲ့ ဘီလူးကြီးကို မျက်လုံး အပြူးသားနဲ့သာ ကြည့်နေခဲ့တယ်။

ရှင်းထျန်းရဲ့ နာမည်က ကြောက်စရာ ကောင်းလွန်းတယ်။ ချီယို့ကလွဲပြီး ဧကရာဇ်ဟွမ်ကို တိုက်ခိုက်ဝံ့တာ ဘယ်သူ ထပ်ရှိ နိုင်အုန်းမလဲ။

ဒီရှေးဟောင်း စစ်နတ် ဘုရားက ဒိုင်းကာတစ်ခုနဲ့ ပုဆိန်တစ်လက်ကို ကိုင်ဆွဲပြီး ကျမ်းကောင်းကင် တောင်ခြေက ခုန်ထွက်ရင်း သူတို့ရှေ့မှာ ရပ်နေခဲ့ပြီ။

ဘယ်သူ မကြောက်ပဲ နေမလဲ။ ဖန်ကျန်းရှီကတော့ လက်ထဲမှာ ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။

(ဒီစစ်နတ် ဘုရားက ဘာဖြစ်လို့ အသက်ပြန်ဝင် လာရတာလဲ။ သူက သေသွားတာ မဟုတ်ဘူးလား။)

နေအုန်း မဟုတ်ဘူးပဲ။ ဒဏ္ဍာရီထဲမှာ ပြောထားတာက တောင်အောက်မှာ ခေါင်းကို ဖြတ်ပြီး မြုပ်ထားတယ်လို့ပဲ ပါတာ သေသွားတယ်လို့ ပြောမထားဘူး။

ကောလဟာလတွေ အရတော့ ခေါင်းပြတ် သွားတာတောင် ရှင်းထျန်းက ဆက်ပြီး တိုက်ခိုက် နိုင်သေးတယ်။

“ထွက်သွားစမ်း။” ရှန်းထျန်းရဲ့ ချက်က ပွင့်လာပြီး အော်ဟစ်တယ်။ သူက အခုချိန်မှာ နတ်သားရဲကောင်တွေ နတ်ဆိုးတွေနဲ့ စကားပြောဖို့ စိတ်ကူး မရှိခဲ့ဘူး။ ပြောပြီးပြီးချင်း သူတိုက်ခိုက်တယ်။ ကြီးမားတဲ့ ပုဆိန်ကြီးကို ဝေ့ယမ်းရင်း အနီးဆုံးက နတ်သားရဲကောင်ကို ခုတ်ပိုင်းပြစ်လိုက်တယ်။

“မဖြစ်ဘူး။” နတ်သားရဲကောင် ထွက်ပြေးပင်မယ့် ရှင်းထျန်းက မြန်ဆန်လွန်း နေတဲ့ အတွက် ချက်ခြင်း နှစ်ပိုင်း ပြတ်သွား ပါတော့တယ်။

ဝုန်း။

နတ်သားရဲကောင် ခန္ဒာကိုယ်ကနေ မိစ္ဆာ ပုလဲတောင် ထွက်မလာခဲ့ဘူး။ သွေးအိုင်ကြီး တစ်ခု အသွင်ကို ပြောင်းလဲ ပြီး သွေးတွေ အားလုံးကို ရှင်းထျန်းရဲ့ ခန္ဒာကိုယ်က စုပ်ယူလိုက်တယ်။

တစ်ချက်တည်းနဲ့ နတ်သားရဲကောင်ကို အသေသတ်တယ်။ အခုချိန်မှာ ဘယ်သူမှ မလန့်ပဲ မနေနိုင် ကြတော့ဘူး။

ရှင်းထျန်း ဘယ်လောက် ကြောက်စရာ ကောင်းမှန်း ဖန်ကျန်းရှီ သိတယ်။ ဒါပေမယ့် ဒဏ္ဍာရီတွေကို ဖတ်ရတာနဲ့ ကိုယ်တိုင် မြင်ရတာက မတူညီဘူး။ စက္ကန့်ပိုင်း အတွင်း နတ်သားရဲကောင် တစ်ကောင်ကို သတ်နိုင်မယ်လို့ ဖန်ကျန်းရှီလဲ မထင်ထား ခဲ့မိဘူး။

“ထွက်သွားစမ်း။” ရှင်းထျန်းက နောက်တစ်ကြိမ် အော်လိုက်ပြန်တယ်။

လေဟာနယ်က ချက်ခြင်း ကွဲထွက် သွားတယ်။

ကြီးမားတဲ့ အက်ကွဲကြောင်းကြီး တစ်ခု သူ့ပုဆိန်ကြောင့် ပေါ်လာပြီး အနက်ရောင် လေထုထဲကို ပြေးဝင်သွားတယ်။ နောက်ထပ် နတ်သားရဲကောင် တစ်ကောင်ဆီကို လျှပ်စီး လက်သလို ပြေးဝင် သွားခဲ့ပြန်ပြီ။

ဒီတစ်ကြိမ်မှာတော့ နတ်သားရဲကောင်က သင်ခန်းစာ ရသွားခဲ့တယ်။ အက်ကွဲကြောင်း သူ့အနား မရောက်ခင် အရင်ပြေးတယ်။ ဒါပေမယ့် သူ့ရဲ့ ခြေတစ်ဖက်က ပြတ်သွားပြီး တကိုယ်လုံး နာကျင်မှုကြောင့် တုန်ယင် နေခဲ့ရတယ်။

နတ်သားရဲကောင် နာနာကျင်ကျင်နဲ့ အော်ဟစ် နေချိန်မှာပဲ ဒဏ်ရာရ နေတဲ့ သားရဲကောင်ကို ရှင်းထျန်းက နှစ်ပိုင်း ဖြတ်ပြစ်လိုက်တယ်။

“ဝုန်း။” သွေးမိုးတွေ ရွာကျလာ ပြန်ပြီ။ ဒီကြောက်ရွံ့မှုကို ဘယ်သူကမှ စကားနဲ့ ထုတ်မပြော နိုင်ခဲ့ဘူး။ အားလုံးက တုန်လှုပ်နေတယ်။ နှစ်ချက်လှုပ်ရှားတယ်။ သားရဲကောင် နှစ်ကောင် သေသွားပြီ။ ဒါ့အပြင် သူက မရပ်တန့် သေးဘူး။ ဆက်တိုက် တိုက်ခိုက် နေသေးတယ်။

“ထွက်သွား။” ရှင်းထျန်းက ဒီစကား တစ်ခွန်းကိုပဲ ပြောတတ်ပုံရတယ်။

တစ်ခု ရှိတာကတော့ လက်ထဲက အရာတွေကို ဝေ့ယမ်းရင်း ရှေ့က အားလုံးကို သတ်နိုင်သေးတယ်။ သူက လူသတ်စက်ကြီးပဲ။ ဒါ့အပြင် အရမ်းကို ကျိုးကြောင်းမသင့် လုပ်နေသေးတယ်။

“သူက နတ်သားရဲကောင်တွေ အားလုံးကို တစ်ယောက်တည်း သတ်ဖို့ လုပ်နေတာလား။”

“သူက ရှင်းထျန်း ဖြစ်နေရင်တောင် ဒီလော်ကထိ ကြမ်းတမ်း မနေသင့်ဘူး မလား။”

“အတင့်ရဲလိုက်တာ။”

ရှင်းထျန်းရဲ့ ရူးသွပ်မှုက အားလုံးကို မပျော်မရွှင် ဖြစ်လာစေတယ်။ ရှင်းထျန်းက အင်အားကြီးပေမယ့် သူက တစ်ယောက်တည်း။

နတ်ဆိုး မိစ္ဆာ အားလုံးကို တစ်ယောက်တည်း သတ်တာက ရူးမိုက်ရာ ကျလွန်းတယ်။

ချုံးချီက ချက်ခြင်း တိုက်ခိုက်တယ်။ အခုချိန်မှာ ရှင်းထျန်းက နတ်သားရဲကောင် နှစ်ကောင်ကို သတ်လိုက်ပြီး ဖြစ်တာကြောင့် သူလဲ မတိုက်ခိုက်ချင်လို့ မရခဲ့ဘူး။

ထျောင်ဝူလဲ တိုက်ခိုက်တယ်။ ရှေးဟောင်း သားရဲကောင် လေးကောင်ထဲမှာ နှစ်ကောင် သေဆုံး သွားခဲ့ ပြီးပြီ။ သူတို့တွေ အခုချိန်မှာ လူခွဲမနေပဲ ပိုစည်းလုံးမှ ထပ်သေမှာတွေကို တားဆီး နိုင်လိမ့်မယ်။ ရှေးဟောင်း သားရဲကောင်တွေ အားလုံးကလဲ ဘယ်ညာ နှစ်ဖက်ကနေ တိုက်ခိုက်တယ်။

ချုံးချီက ရှင်းထျန်းကို လက်သည်းနဲ့ ကုပ်ဆွဲပေမယ့် ဒိုင်းကာ တားတာကို ခံလိုက်ရတယ်။ အဲ့ဒီ့နောက် ရှင်းထျန်းရဲ့ ပုဆိန်ကြီးက ချုံးချီ ခေါင်းနားကို ရောက်လာပြီး သူ့ကို သတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် အမြီးရှည်ကြီး တစ်ခုက ရှင်းထျန်း လက်မောင်းကို လာပတ်တယ်။ ဒါကတော့ ထျောင်ဝူရဲ့ အမြီးပါ။

“ဝေါင်း။ မသေချင်တဲ့ သူတွေ ငါတို့နဲ့ လိုက်ခဲ့။” ထျောင်ဝူ ဒေါသတကြီး အော်ဟစ်တယ်။ ရှင်းထျန်းရဲ့ အင်အားကို သူ့အမြီးကနေ ခံစားမိတယ်။ သစ်သီးကို စားလိုက်ပြီး အင်အား တိုးနေပင်မယ့် အခုချိန်ထိ ရှင်းထျန်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။

သူက အင်အားကြီးလွန်းတယ်။

ရှင်းထျန်းရဲ့ စွမ်းအားတွေက နတ်သခင် အဆင့်ရဲ့ အမြင့်ဆုံး ဖြစ်နေတဲ့ အပြင် ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ် အစွမ်း အထက်ဆုံး အချိန်ကလောက် နီးပါး ယှဉ်လို့ ရနေတယ်။

ဒါ့အပြင် သူ့ရဲ့ အရှိန်အဝါနဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်က ပိုပြီး ပြင်းထန်လာတယ်။ နှစ်ပေါင်း ထောင်ချီ စုစည်းလာတဲ့ အမုန်းတရာေးတွက အခုချိန်မှာ ထုတ်လွှတ် နေပြီးပြီ။

ရှင်းထျန်းက ရှေးခေတ်နဲ့ လုံး၀ ကွာခြားနေတယ်။ သူက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ အခုချိန်မှာ ဧကရာဇ်ဟွမ်တောင် သူ့ကို မနိုင်နိုင် လောက်ဘူး။

နတ်သားရဲကောင်တွေ အားလုံး မျက်လုံး ပြူးကုန်တယ်။

ရှေးဟောင်း သားရဲကောင် နှစ်ကောင်ရဲ့ တိုက်ခိုက်မှုက ရှင်းထျန်းကို မထိန်းချုပ်နိုင်ဘူးလား။

“ယို့။” ဒီအချိန်မှာပဲ လေချွန်သံ တစ်ခုနဲ့ အတူ ရွှေရောင် အလင်းတန်းက ကျရောက်လာတယ်။

မြန်ဆန်လွန်းတဲ့ ခွန်းပန်းက အခုချိန်မှာ အားလုံးထက် အမြန်ဆုံးလို့ ပြောလို့ ရနိုင်တယ်။

ရှင်းထျန်းရဲ့ လက်ကို ခွန်းပန်းက ဆွဲလိုက်တယ်။

“သူ့ကို ဆွဲဖြဲမယ်။”

“ဆွဲဖြဲကြမယ်။”

ထျောင်ဝူနဲ့ ခွန်းပန်းက ဆန့်ကျင်ဘက်ကို ဆွဲနေပင်မယ့် ရှင်းထျန်းက တစ်ချက်သာ လက်ကို ဝေ့ယမ်းရတယ်။ သားရဲကောင် နှစ်ကောင်စလုံးကတော့ သူ့ရဲ့ လက်အဝေ့မှာ လွင့်ပါ သွားခဲ့ပြီ။

ချုံးချီလဲ ချက်ခြင်း ခုန်ရှောင်တယ်။ ထျောင်ဝူနဲ့ ခွန်းပန်းကတောင် ရှင်းထျန်းကို မတားဆီး နိုင်ခဲ့ဘူး။

“ဂျိန်း။” ပုဆိန်နဲ့ ထိမိ သွားတဲ့ အတွက် ချုံးချီ အတောင်တစ်ဖက်မှာ အရိုးတွေ ကျိုးကျေကုန်တယ်။ သွေးတွေ စိမ့်ထွက် လာပြီး ရှင်းထျန်း ခန္ဒာကိုယ်ထဲကို အကုန် စီးဝင်တယ်။

ချုံးချီ နာနာကျင်ကျင်နဲ့ အော်ဟစ်ရင်း လေထဲမှာ လူးလိမ့်ပြီး အဝေးကို ပြေးတော့တယ်။ အခုချိန်မှာ ကြောက်လန့်ပြီး ပြန်မတိုက်ခိုက် နိုင်ပုံပဲ။

ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးတယ်။

ချုံးချီကို နိုင်အောင်တိုက်နိုင်မလား ဖန်ကျန်းရှီ မသေချာပေမယ့် ရှင်းထျန်းကို ရှုံးမှာတော့ သေချာတယ်။ သူက အရမ်းကို ကြမ်းတမ်းလွန်းတယ်။ ဒါ့အပြင် အော်ပြီးတာနဲ့ တိုက်ခိုက်တယ်။ အခုချိန်မှာ ဘာမှ ညှိလို့ မရဘူး။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး သေကုန်ကြပြီ။ ရှင်းထျန်းက လုံးဝကို သေမင်း နတ်ဘုရား တစ်ပါးပဲ။

“မိစ္ဆာလိုပဲ ကြောက်စရာ ကောင်းလိုက်တာ။” ပင်းယန်က ဖြူဖျော့ပြီး ကြောက်လွန်းလို့ တုန်နေခဲ့တယ်။

တကယ်တော့ ပင်းယန် တစ်ယောက်တည်း တုန်ယင် ကြောက်လန့် နေတာ မဟုတ်ဘူး။ နတ်သားရဲကောင်တွေ အားလုံးနဲ့ နတ်ဆိုး အားလုံး နီးပါးက ရှင်းထျန်းရဲ့ လူသတ်ငွေ့တွေကြောင့် တုန်ယင် နေခဲ့တယ်။

“ညီနောင် ငါတို့ ဘာလုပ်မလဲ။ တိုက်ခိုက်ကြမလား။” စစ်နတ်တစ်ပါးက ဟုန်ယို့ကို မေးလိုက်ပါတယ်။

“ရှင်းထျန်းရဲ့ အရှိန်အဝါက သန်မာလွန်းတယ်။ ငါတို့တွေ သူ့ကို မသတ်နိုင်ရင် သေချာပေါက် အနာဂတ်မှာ ပြဿနာ တက်လိမ့်မယ်။” ဟုန်ယို့က ချုံးချီနဲ့ မပူပေါင်း ချင်ပေမယ့် ရေရှည်ကို သူတွေးတယ်။

ရှင်းထျန်းသာ ချုံးချီနဲ့ တခြားသူတွေကို သတ်လိုက်ရင် ဘယ်သူကမှ အနာဂတ်မှာ သူသတ်ဖြတ် နေတာကို တားနိုင်တော့မှာ မဟုတ်ဘူး။ ရှင်းထျန်း သတ်တာကို ခံရဖို့သာ သူတို့ စောင့်နေရလိမ့်မယ်။

“ဒီတော့ ပူးပေါင်းလိုက်မှာလား။” နောက်ထပ် စစ်နတ် တစ်ပါးက မေးတယ်။ တကယ်တော့ အားလုံးက တွေေ၀ နေခဲ့ကြတယ်။ ချုံးချီကို ရှင်းထျန်း သတ်တာ ထိုင်စောင့် နေလိုက်ရင် ပြဿနာတွေက ပိုကြီးလာလိမ့်မယ်။

ရှင်းထျန်းကို ချုပ်ထားမယ့် သူသာ မရှိရင် နတ်ဆိုး မျိုးနွယ် တစ်ခုတည်းနဲ့ ရှင်းထျန်းကို အနိုင် မယူနိုင်ဘူး။

“ပူးပေါင်းပြီး ရှင်းထျန်းကို အရင်သတ်မယ်။ ကျန်တာ နောက်မှရှင်း။” ဟုန်ယို့ အံကြိတ်ရင်း ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ရှင်းထျန်းရဲ့ ခြိမ်းခြောက်မှုကြောင့် သူဆုံးဖြတ်ချက် ချတာ မဟုတ်ဘူး။ ရှင်းထျန်း ပေါ်လာချိန်မှာ နတ်ဘုရား အရင်းအမြစ်က ပျောက်ကွယ် သွားတယ်။

ရှင်းထျန်းသာ သေသွားရင် နတ်ဘုရား အရင်းအမြစ်က ပြန်ပေါ်လာနိုင်မလား။ အာမမခံ နိုင်ပေမယ့် ဖြစ်နိုင်တယ်။

“နားထောင်ကြ။ နတ်ဆိုးအားလုံး ရှင်းထျန်းကို သတ်မယ်။ နတ်ဘုရား အရင်းအမြစ် အတွက် တိုက်ခိုက်မယ်။” ဟုန်ယို့ အမိန့် ချလိုက်တယ်။

“အခွင့်အရေး ရှိသေးလို့လား။”

“ရှင်းထျန်းကို သတ်ပြီးရင် ရှိမှာပေါ့။ မရှိဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။”

နတ်ဆိုးတွေ အကြည့်ချင်း ဖလှယ်ရင်း သဘောတူလိုက်တယ်။ အားလုံးက ဟုန်ယို့လို အတွေးမျိုး ရှိနေကြတယ်။ ရုတ်တရက် ပေါ်လိုက် ပျောက်လိုက် ဖြစ်သွားတဲ့ အရင်းအမြစ်က ထူးဆန်းလွန်းတယ်။ ရှင်းထျန်းကို သတ်ပြီးမှပဲ အဖြေကို သိနိုင်မယ်။

ဒါ့အပြင် ရှင်းထျန်းက နတ်သားရဲကောင်တွေ အားလုံးထက် ပိုပြီးတော့ အန္တရာယ်များတယ်။

…

အားလုံး ဆုံးဖြတ်ချက် ချပြီးတဲ့နောက် ဟိန်းဟောက်ရင်း တိုက်ခိုက်ကြပါတော့တယ်။

ဒါဇင်ချီတဲ့ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး ၂၀၀ နီးပါးက ရှင်းထျန်းဆီ ပြေးဝင်ရင်း အတူတူ သတ်ဖြတ်နိုင်ဖို့ မျှော်လင့် နေကြတယ်။

ဝုန်း။

ဝုန်း။

ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ် နေရင်း ရှင်းထျန်းက ပုဆိန်ကြီးကို ဝေ့ယမ်းပြီး တိုက်ခိုက်တယ်။ အခုချိန်မှာ သူ့ကို အုပ်စုလိုက် ဝိုင်းဝန်း တိုက်ခိုက် နေတာကိုလဲ မကြောက်လန့် ခဲ့ဘူး။

တစ်ယောက်တည်းနဲ့ နတ်ဆိုး မိစ္ဆာတွေ အားလုံးကို တိုက်ခိုက်တယ်။ ဒီမြင်ကွင်းက ကောင်းကင်ကြီးကိုတောင် အရောင်ပြောင်းလဲ သွားစေတယ်။

ပင်းယန်ကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။ သူမ မျက်နှာကတော့ စက္ကူဖြူလို ဖြူဖျော့ နေခဲ့တယ်။

“ငါတို့ ကူညီ သင့်လား။” ပင်းယန်က ဖန်ကျန်းရှီကို မေးတယ်။

ဖန်ကျန်းရှီ်ကတော့ မျက်မှောင်ကြုတ်ရင်း စဉ်းစား နေခဲ့တယ်။

အဲ့ဒီ့နောက် ရွှမ်ယွမ်ဝူကို သူလှမ်းကြည့်တယ်။ ရွှမ်ယွမ်ဝူ မျက်လုံး အပြူးသားနဲ့ ရှင်းထျန်းကို ကြည့်နေတာ သူမြင်တယ်။ ရွှမ်ယွမ်ဝူ အတော်လေး စိတ်ရှုပ်နေပုံပဲ။

“ရွှမ်ယွမ်ဝူ။ မင်း တစ်ခုခု သိတယ် မဟုတ်လား။ ဘာဖြစ်လို့ ရှင်းထျန်းက နတ်ဘုရား အရင်းအမြစ်မှာ ပေါ်လာတာလဲ။ ဆက်ပြီး ဖုံးကွယ် မနေနဲ့တော့။” ဖန်ကျန်းရှီက ခြေရာမဲ့ဓားနဲ့ ရွှမ်ယွမ်ဝူရဲ့ မျက်လုံးတွေကို ချိန်ရွယ်ထားရင်း ပြောတယ်။

“ဖန်ကျန်းရှီ မင်းဘာတွေ လုပ်နေတာလဲ။” ရွှမ်ယွမ်ဝူ အရမ်းကို လန့်သွာတယ်။

“ချန့်ယန်းတောင် တိုက်ပွဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ မင်း အသေးစိတ် သိတယ်မလား။ ငါထင်တာ မှန်ရင် မင်းလဲ တိုက်ပွဲမှာ ပါခဲ့တယ် မဟုတ်လား။” ဖန်ကျန်းရှီ ဆက်တိုက် မေးပါတယ်။

“ချန့်ယန်းတောင် အကြောင်းကို မင်း ဘယ်လိုသိတာလဲ။” ရွှမ်ယွမ်ဝူရဲ့ မျက်ဝန်းထဲကနေ အလင်းတန်းတွေ ထွက်ပေါ် လာတော့တယ်။

အပိုင်း (၁၀၈၃) ပြီး၏။

အပိုင်း (၁၀၈၄)

“ချန့်ယန်းတောင် ပဟေဠိ။”

…

“ဒါတွေက အရေးကြီးရဲ့လား။” ဖန်ကျန်းရှီ ရှင်းမပြနိုင်ခဲ့ ပါဘူး။ သူ့လောကက ဒဏ္ဍာရီတွေ အားလုံးက အခုချိန်မှာ အသက်ဝင် နေခဲ့ပြီးပြီ။

အရေးအကြီးဆုံးကတော့ ရှင်းထျန်းနဲ့ နတ်ဘုရား အရင်းအမြစ် ကြားက ဆက်နွယ်နေမှုပါ။

“ကောင်းပြီ။ ငါလဲ ဘာမှ ဖုံးကွယ် နေစရာ မလိုဘူး။ ချန့်ယန်းတောင် တိုက်ပွဲက ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ် အကွက်ဆင်ခဲ့တာ။” ရွှမ်ယွမ်ဝူ သက်ပြင်းချလိုက်တယ်။ သူလဲ သူ့ဘာသူတောင် စိတ်ရှုပ်ထွေး နေပုံပဲ။

“အကွက်ဆင် ထားတာလား။” ဖန်ကျန်းရှီတင် မကပဲ ဘေးပတ်လည်က လူတွေပါ လန့်သွားခဲ့တယ်။ ရှင်းထျန်းက ဧကရာဇ်ယန်ရဲ့ လက်အောက်က အဆင့် အမြင့်ဆုံး စစ်သူကြီး တစ်ဦး။ သူက ဘာဖြစ်လို့ ရှင်းထျန်းကို ချန့်ယန်း တောင်မှာ သတ်ခဲ့တာလဲ။ လုံးဝကို အဓိပ္မာယ် မရှိဘူး။

“ရှင်းထျန်းက ပုန်ကန်ဖို့ စိတ်ကူးရှိမှန်း သိတယ်။ ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ်က ဒါကို အသုံးချပြီး ရှင်းထျန်းကို မြားခေါ် နိုင်ခဲ့တယ်။ အဲ့ဒီ့နောက် ရှင်းထျန်း အာရုံ လွင့်နေတဲ့ အချိန်မှာ သူ့ခေါင်းကို ဖြတ်ပြီး သူ့ကို ချန့်ယန်းတောင်အောက်မှာ မြုပ်လိုက်တယ်။” ရွှမ်ယွမ်ဝူက အတိအကျတော့ မပြောခဲ့ဘူး။

ဒီကိစ္စက အံ့သြ စရာ မဟုတ်ခဲ့ပါဘူး။ ရွှမ်ယွမ်ဝူက ဧကရာဇ် ဟွမ်ရွှမ်ယွမ်ရဲ့ တွဲဖက် ဖြစ်တဲ့ အတွက် ဂုဏ်သတင်းကို ထိပါး နိုင်တဲ့ ကိစ္စတွေကို သူဖုံးကွယ် ထားတာ ဖြစ်သင့်ပါတယ်။

“မင်း ပြောချင်တာ ဧကရာဇ်တွေက ရှင်းထျန်းကို တမင် တကာ မြားခေါ် လာခဲ့တယ်။ ရှင်းထျန်းက သူ့ဘာသူ ဧကရာဇ်ဟွမ်နဲ့ တိုက်ခိုက်ချင်တာ မဟုတ်ခဲ့ဘူးပေါ့။” ဖန်ကျန်းရှီက ပြဿနာကို ချက်ခြင်း သတိထားမိ ပါတယ်။

ချန့်ယန်းတောင်ကို မြားခေါ် ခံရတာနဲ့ ကိုယ်တိုင် လာရောက်တာက လုံးဝကို ကွာခြားတဲ့ ကိစ္စပါ။

“အင်း အမှန်ပဲ။ ဘာကြောင့် မြားခေါ်မှန်းတော့ ငါလဲ တကယ့်ကို မသိဘူး။” ရွှမ်ယွမ်ဝူ ခေါင်းငြိမ့် လိုက်ပါတယ်။

“ဒါဆိုရင် တစ်ခု မေးမယ်။ နတ်ဘုရား အရင်းအမြစ်က ရှင်းထျန်း မသေခင်တည်းက ရှိနေတာလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။

“ဟုတ်တယ်။” ရွှမ်ယွမ်ဝူ အတည်ပြုတယ်။

“တကယ်ကြီးလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွား ခဲ့ပါတယ်။

အတိတ် အချိန်တည်းက ရှင်းထျန်းကြောင့် နတ်ဘုရား အရင်းအမြစ် ပေါ်လာခဲ့တယ်လို့ သူထင်ခဲ့သလို။ အားလုံးကို ရှင်းထျန်း စီစဉ်ထားခဲ့တယ် လို့လဲ သူတွေးခဲ့ဖူးတယ်။ နောက်ဆုံးတော့လဲ ဒီနယ်မြေကြီးကို ကန့်သတ်ထားတာ ဒီအကြောင်းအရင်းကြောင့် ဖြစ်နိုင်တယ်လေ။

ဒါပေမယ့် ရွှမ်ယွမ်ဝူရဲ့ အဖြေကြောင့် ဒီဖြစ်နိုင်ချေကို သူလျစ်လျူရှု ရတော့မယ်။ အကယ်၍ နတ်ဘုရား အရင်းအမြစ်ကသာ ရှင်းထျန်း မသေခင် အချိန်တည်းက ရှိနေခဲ့ရင် ဒီနေရာနဲ့ ရှင်းထျန်းက တိုက်ရိုက် ဆက်သွယ်မှု မရှိခဲ့ဘူး။

ဒါပေမယ့် ဧကရာဇ် နှစ်ပါးကတော့ ရှင်းထျန်းကို ရည်ရွယ်ချက် ရှိရှိ တောင်ခြေဆီ မြှားခေါ်လာခဲ့တယ်။ ဒါ့အပြင် အလစ်ဝင်တိုက်ပြီး ရှင်းထျန်း ခေါင်းကို ဖြတ်ခဲ့တယ်။

ရှင်းထျန်း ပုန်ကန်ချင်တာ တစ်ခုတည်း အတွက်နဲ့ သူ့ကို မြားခေါ် စရာမလိုအပ်ဘူး။ တစ်ခါတည်း တန်းပြီး သတ်ပြစ်လို့ ရတယ် မဟုတ်လား။ ဘာဖြစ်လို့ ဒီလောက်ထိ အားကုန်ခံခဲ့ တာလဲ။ ထူးဆန်းလွန်းတယ်။

ဒီနည်းလမ်းက သစ္စာဖောက် တစ်ယောက်ကို အပြစ်ပေးတဲ့ နည်းလမ်း မဟုတ်သလို ရင်ဆိုင် ဖြေရှင်းနည်းလဲ မဟုတ်ခဲ့ဘူး။

“အရှက်မရှိတဲ့ ကောင်စုတ် နင် တွေးလို့ ရပြီလား။” ပင်းယန်က မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း မေးလိုက်ပါတယ်။

“ယန်လေး မင်းရော ဘယ်လိုလဲ။” ချီကူယန်ကို ဖန်ကျန်းရှီ လှမ်းမေးတယ်။

“အရှင် ရွှမ်ယွမ်ဝူ ပြောတဲ့ ပုံစံ အရတော့ ရှင်းထျန်းရဲ့ ခေါင်းကို တောင်အောက်မှာ မြုပ်ထားတယ်။ ဒါကို ဧကရာဇ် နှစ်ပါးက ရည်ရွယ်ချက် ရှိရှိ လုပ်တာပဲ ဖြစ်ရမယ်။” ချီကူယန် ပြောလာပါတယ်။

“ငါပြောချင်တာလဲ ဒါပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

ပင်းယန်၊ ရန်ရွှယ်၊ မုချင်းဖန်းတို့ကတော့ ဒါကို ကြားချိန်မှာ မျက်မှောင်ကြုတ် သွားခဲ့တယ်။ ရွှမ်ယွမ်ဝူကတော့ ဒါကို သေချာ မပြောချင်ခဲ့ဘူး။ အဖြစ်မှန်ကို သူဖုံးကွယ်ချင်တာ ဖြစ်နိုင်သလို အသေးစိတ်ကို မသိတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့လဲ ဒီကိစ္စက ဧကရာဇ် နှစ်ပါးရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စ ဖြစ်နေခဲ့တယ်။

“အရှင် ရွှမ်ယွမ်ဝူကို မေးစရာ တစ်ခု ရှိပါတယ်။ ဘာဖြစ်လို့ ချန့်ယန်းတောင် နာမည်ကို ဖန်ကျန်းရှီ သိနေတဲ့ ကိစ္စ အတွက် မေးခွန်းထုတ်ခဲ့ တာပါလဲ။” ယွင်ချင်းဝူက နောက်ဆုံးမှာ ဝင်ပြောလိုက် ပါပြီ။

“ဒါက။” ရွှမ်ယွမ်ဝူ တွေနေသွားတယ်။

“ဧကရာဇ်ဟွမ် ကိုယ်တိုင်က ရှင်းထျန်း သေပြီးတဲ့နောက် ချန့်ယန်းတောင် နာမည်ကို နောက်ထပ် မပြောဖို့ အားလုံးကို မှာကြားခဲ့လို့လား။” ယွင်ချင်းဝူ မေးတယ်။

“မင်း ဘယ်လို သိတာလဲ။” ရွှမ်ယွမ်ဝူ လန့်သွားခဲ့ပါတယ်။

“ရှေးဟောင်း လက်ရေးမူထဲမှာ အကြောင်းအရာ အများကြီးကို ရေးထားတယ်။ ဒါပေမယ့် ချန့်ယန်းတောင် အကြောင်းကို လုံး၀ ပြောမထားဘူး။ နတ်ဘုရား အရင်းအမြစ်ရဲ့ အထူးဆန်းဆုံး နေရာကို ဘယ်သူမှ မသိတဲ့ ကိစ္စက သေချာပေါက် ပြဿနာပဲ။” ယွင်ချင်းဝူ ရှင်းပြတယ်။

ရွှမ်ယွမ်ဝူကတော့ တိတ်ဆိတ် နေဆဲပါ။

ဖန်ကျန်းရှီကတော့ သူ့စိတ်ထဲက မေးခွန်း တစ်ခုကို အဖြေရ သွားတဲ့ အတွက် မျက်ဝန်းတွေတောင် တလက်လက် တောက်ပ နေခဲ့ပြီ။

“မင်းပြောချင်တာ ဧကရာဇ်ဟွမ်က လူတွေကို ချန့်ယန်းတောင် အကြောင်း မသိစေချင်ဘူး။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“အင်း နင်လဲ ခန့်မှန်း မိတယ်လား။” ယွင်ချင်းဝူ ခေါင်းငြိမ့်လိုက်တယ်။ သူမက ဖန်ကျန်းရှီရဲ့ ရင်ခွင်ထဲမှာ ရှိနေခဲ့ပါတယ်။

“ငါ နည်းနည်းတော့ ခန့်မှန်း ခဲ့ပေမယ့် အသေးစိတ်တော့ မဟုတ်ဘူး။”

“အားလုံးကို ချိတ်ဆက် လိုက်မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ်က တားမြစ်မြေလေ။ ဒီတော့ အဖြေက လွယ်သွားတယ်။” ယွင်ချင်းဝူ သတိပေးလိုက် ပါတယ်။

“အားလုံးကို ချိတ်ဆက်ရမယ်။ သိပြီ။” ဖန်ကျန်းရှီ စဉ်းစားပြီးတဲ့နောက် ပြောတယ်။

“ဘာကို နားလည်တာလဲ။” ပင်းယန်က မျက်လုံးပြူးကြီးနဲ့ မေးတယ်။

“မဟုတ်ဘူး။ ရှင်းထျန်းက မသေနိုင်ဘူး။”

“ဘာဖြစ်တယ်။”

“ရှင်းထျန်းက မသေနိုင်ဘူး။”

“ဒါပေမယ့် သူမြင်သမျှ အားလုံးကို သတ်လိမ့်မယ်။ ငါတို့ သူ့ကို မသတ်ရင် သူက ငါတို့ကို သတ်လိမ့်မယ်။”

အားလုံးက ဖန်ကျန်းရှီ ဆိုလို ချင်တာကို နားမလည် ခဲ့ဘူး။ ရှင်းထျန်းက နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အားလုံးကို သတ်နေတယ်။ သူကိုယ်တိုင်က ခြိမ်းခြောက်မှုကြီး တစ်ခုပဲ။ အကယ်၍ သူတို့သာ ရှင်းထျန်းကို မသတ်ဘူး ဆိုရင် လောကကြီး တစ်ခုလုံး ပျောက်ကွယ် သွားရလိမ့်မယ်။

“မသိကြ သေးဘူးလား။ ရှင်းထျန်းက ထွက်သွားလို့ပဲ အော်တာ။ သတ်လို့ မအော်ဘူးလေ။” ဖန်ကျန်းရှီက ရှင်းပြတယ်။

“မင်းပြောချင်တာ ရှင်းထျန်းက ငါတို့ကို မောင်းထုတ် နေတာလား။”

အားလုံး လန့်သွား ခဲ့တယ်။

“အင်း။ ငါ့အထင်သာ မှန်မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ်ကို ဧကရာဇ် နှစ်ပါးက ချိတ်ပိတ် ခဲ့လိမ့်မယ်။ ဒီနေရာကြီးကို လုံး၀ ပြန်ပေါ်မလာ စေချင်တဲ့ အတွက် ချန့်ယန်းတောင် နာမည်ကိုတောင် ဖယ်ရှားလိုက် ပြီးပြီ။ ဒါ့အပြင် အနာဂတ် မျိုးဆက်တွေ ဒီနေရာကို မမျှော်လင့်ဘဲ ရှာတွေ့မှာ စိုးရိမ်တာကြောင့် သူတို့ အစီအစဉ် ဆွဲခဲ့ကြတယ်။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ရှင်းထျန်းကို သုံးပြီး ချန့်ယန်းတောင်ကို ကာကွယ်ဖို့လား။”

“အမှန်ပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ “ရှင်းထျန်း ခေါင်းကို ချန့်ယန်းတောင် အောက်မှာ မြုပ်ထားပြီး သူ့ကို မသတ်ခဲ့ဘူး။ ဘယ်သူမှ အနားမကပ်နိုင်အောင်ပဲ ကာကွယ်ထားတယ်။”

“ဒီတော့ ရှင်းထျန်းက နတ်ဘုရား အရင်းအမြစ်ရဲ့ အစောင့်အကြပ်ပေါ့။” ပင်းယန် ဝင်ပြောတယ်။

“အဲ့ဒီ့လောက် ရိုးရိုးရှင်းရှင်း မဖြစ်နိုင်လောက်ဘူး။ ဧကရာဇ် နှစ်ပါးသာ အစီအစဉ်ကို လုပ်ခဲ့တယ် ဆိုရင် သေချာပေါက် ဒီနေရာမှာ လျှို့ဝှက်ချက်ကြီး ရှိလိမ့်မယ်။” ဖန်ကျန်းရှီ အခိုင်အမာ ပြောတယ်။

“အရှက်မရှိတဲ့ သူခိုးကောင် ပြောတာ အမှန်ပဲ။ ဧကရာဇ် နှစ်ပါးက သူတို့ ဂုဏ်သိက္ခာကို စတေးပြီး ရှင်းထျန်းကို ဒီနေရာ မြားခေါ်ဖို့ အတွက် လုပ်ခဲ့မှတော့ သေချာပေါက် အောက်မှာ ပိုကြောက်စရာ ကောင်းတဲ့ တစ်ခုခု ရှိနေလိမ့်မယ်။” ချီကူယန်လဲ သေချာ နေခဲ့တယ်။

“ငါတို့ အခု ဘာလုပ်ရမလဲ။ ရှင်းထျန်းကို ကယ်ရမှာလား။” ပင်းယန်ကတော့ အပြည့်အ၀ နားမလည်ပေမယ့် အဓိက အကြောင်းအရာတွေကိုတော့ နားလည်တယ်။

ရှင်းထျန်းက မသေနိုင်ဘူး။ သူက နတ်ဘုရား အရင်းအမြစ်ကို စောင့်ကြပ်နေတယ်။ ဒါကြောင့် သူ့ကို ကယ်တင်သင့်တယ်။

“ရှင်းထျန်းကို ကယ်တင် ရမှာလား။” မုချင်းဖန်းက အဝေးမှာ ရှိနေတဲ့ ရူးချင်စရာ တိုက်ပွဲကြီးကို ကြည့်မိတယ်။

နတ်သားရဲကောင် ဒါဇင်ချီနဲ့ မိစ္ဆာ ၂၀၀ နီးပါးက ရှင်းထျန်းကို ဝန်းရံ ထားကြတယ်။ နတ်သားရဲကောင်တွေ နတ်ဆိုးတွေ အားလုံးက စည်းစည်းလုံးလုံးနဲ့ ရှင်းထျန်းကို သတ်ဖို့ ဆွဲဖြဲဖို့ လုပ်နေခဲ့ကြပြီ။ ရှင်းထျန်းကို သတ်ဖြတ်မှ နတ်ဘုရား အရင်းအမြစ် ပေါ်လာလိမ့်မယ်လို့ ထင်နေကြတယ်။

ရှင်းထျန်း ပုဆိန်နဲ့ ခုတ်လိုက် ချိန်တိုင်းမှာ သွေးတွေက နေရာအနှံ့ကို စီးကျကုန်တယ်။ သူ့ရဲ့ ဒိုင်းကာကြီးနဲ့ ခန္ဒာကိုယ်ကြီးကို ကာကွယ်ထားရင်း ဘယ်သူမှ သူ့ကိုယ်သူ မထိခိုက်နိုင်အောင် လုပ်နေခဲ့တယ်။

သူက အရမ်းကို သတ္တိရှိပြီး ဒေါသကြီးတယ်။ တကယ့်ကို ရှေးဟောင်း စစ်နတ်ဘုရား ဂုဏ်ပုဒ်နဲ့ လိုက်ဖက်လွန်းတယ်။ ဒါပေမယ့် အခုချိန်မှာ များပြားလွန်းတဲ့ သတ္တဝါတွေက ဝန်းရံ တိုက်ခိုက် နေခဲ့တဲ့ အတွက် ဒဏ်ရာ တစ်ချို့တစ်လေတော့ သူခံစား ရတယ်။

ခွန်းပန်းက သူ့အရှိန်နှုန်းကို သုံးပြီး ရှင်းထျန်း ပုခုံးသားကို ဆွဲဖြဲ လိုက်တဲ့ အတွက် ပုခုံးကနေ သွေးတွေ ဆက်တိုက် စီးကျနေတယ်။ ချုံးချီနဲ့ ထျောင်ဝူကလဲ အရမ်းကို ကြမ်းတမ်း နေခဲ့တယ်။ ထျောင်ဝူကတော့ အဓိက တိုက်ခိုက်သူပါ။ ရှင်းထျန်းကို သူ့အမြီးနဲ့ ဆွဲထား ပြီး နှေးကွေးအောင် လုပ်နိုင်တယ်။

တခြား နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေကတော့ ဒီအချိန်မှာ သူ့ကို တိုက်ခိုက်တယ်။

စစ်နတ် ၁၂ပါး တိုက်ပွဲထဲကို ဝင်လာ ပြီးချိန်မှာတော့ သူတို့ရဲ့ ခန္ဒာကိုယ်ကြီးကို အသုံးပြုပြီး ရှင်းထျန်းကို တိုက်ခိုက်တဲ့ အတွက် အတော်ကြီးကို အသာစီး ရလာခဲ့တယ်။

“ငါတို့ ဘယ်လို ကယ်ကြမလဲ။” မုချင်းဖန်းကတော့ ဒါကို ကြည့်နေရင်းနဲ့တောင် ကျောချမ်းလာ ခဲ့တယ်။ အခုချိန်မှာ နတ်ဆိုး မိစ္ဆာတွေ အားလုံးက ဘုံရန်သူကို သတ်မှတ်ပြီး တူညီတဲ့ ဆုံးဖြတ်ချက်ကို ချပြီးတဲ့ ပုံစံပဲ။

အားလုံးက ရှင်းထျန်းကို အတူတူ တိုက်ခိုက်နေတယ်။ ရှင်းထျန်း အနားကို ကပ်ဖို့ မုချင်းဖန်း လုံး၀ မတွေးခဲ့ ဖူးဘူး။ သူ့အနား ကပ်တဲ့ ဘယ်သူမဆို ရန်သူ အဖြစ် သတ်မှန် ခံရလိမ့်မယ်။

“ရှင်းထျန်းက စိတ်လွတ် နေတာလား။ သူက နတ်ဆိုး မိစ္ဆာတွေ အားလုံးကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်နေတယ်။” ပင်းယန် ဒါကို မြင်ချိန်မှာ ပြောလိုက်မိတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ အင်အားကြီးပါစေ ဒီလို လုပ်တာက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ။

“မဟုတ်ဘူး။ သူက စိတ်မလွတ်ဘူး။ စိတ်ကို ရှိမနေတာ။” ဖန်ကျန်းရှီ ပြောလိုက်တယ်။ ဒါက ပြဿနာပဲ။ ရှင်းထျန်းက မိတ်ဆွေနဲ့ ရန်သူကို မခွဲခြား နိုင်ဘူး။ အကယ်၍ သူ့အနားကို ကတ်ရင် သူ့ပုဆိန်စာ မိမှာပဲ။ အလဟသတ် သေသွားနိုင်တယ်။

“ငါတို့တွေက ရန်သူ မဟုတ်ပဲ မိတ်ဆွေဆိုတာ ပြဖို့ ဘယ်လို လုပ်ရမလဲ။”

“ငါလဲ မသိဘူး။” ချီကူယန် ခေါင်းခါတယ်။

“ယွင်ချင်းဝူ နင်က အကြံထုတ်တာ အကောင်းဆုံး မဟုတ်လား။ တစ်ခုလောက် တွေးစမ်းပါအုန်း။” ပင်းယန်က ဖန်ကျန်းရှီရဲ့ ရင်ခွင်ထဲက ယွင်ချင်းဝူကို လှမ်းအော်တယ်။

“ငါ့မှာ ဘာအကြံမှ မရှိဘူး။” ယွင်ချင်းဝူ ခေါင်းခါတယ်။

“နင်။” ပင်းယန် အရမ်းကို ဒေါသထွက်နေခဲ့ပြီ။ ယွင်ချင်းဝူက သူမကို တမင်တကာ ပြစ်မှတ်ထား နေတယ်လို့ သူမ တွေးမိတယ်။ အရင်တုန်းက ဖန်ကျန်းရှီကို ယွင်ချင်းဝူ အကြံတောင်းချိန်တိုင်း သူက အမြဲတမ်း အကြံပေးတယ်။ အခု ပင်းယန် မေးတော့ သူ့ကို လျစ်လျူရှု သွားတယ်။

ဘယ်လောက်တောင် ဒေါသထွက်စရာ ကောင်းလိုက်သလဲ။

ပင်းယန် မကျေနပ်တာကို ယွင်ချင်းဝူ သတိထားမိပေမယ့် သူမ ဘာမှ မပြောခဲ့ဘူး။ သူမမှာ တကယ့်ကို အကြံ မရှိတော့တာ အမှန်ပဲ။ ရှင်းထျန်းက အင်အားကြီးလွန်းပြီး ရူးသွပ်လွန်းတယ်။ ဒါကြောင့် သူ့ကို အနိုင်ယူ နိုင်မှပဲ ထိန်းချုပ်လို့ ရနိုင်လိမ့်မယ်။

အနိုင်ယူဖို့ကလဲ ခက်ခဲလွန်းတယ်။ အခုချိန်မှာ နတ်ဆိုး မိစ္ဆာတွေတောင် မနိုင်နိုင်တဲ့ သူကို ဘယ်လိုများ လုပ်နိုင်အုန်းမှာလဲ။ အားလုံးက တိတ်ဆိတ် သွားခဲ့ကြပါတယ်။

ယွင်ချင်းဝူ တွေးသလို ရှင်းထျန်းမှာ ခွဲခြား နိုင်စွမ်း မရှိခဲ့ရင် ရှင်းထျန်းကို ကယ်ချင်ရင်တောင် သူတို့တွေက ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်သွားလိမ့်မယ်။ ရှင်းထျန်းက သူတို့ကို မိတ်ဆွေလိုကတော့ မြင်မှာ မဟုတ်ဘူး။

“အရှင်ရွှမ်ယွမ်ဝူ။ ရှင်းထျန်းကိုတော့ နိုင်နိုင်လောက်တယ် မလား။” ပင်းယန်က မျှော်လင့်တကြီး မေးတယ်။

ရွှမ်ယွမ်ဝူက ချက်ခြင်း ခေါင်းခါတယ်။

“ရှေးရှေး ခေတ်တည်းက ရှင်းထျန်းဆိုတာ ဧကရာဇ်ယန်ရဲ့ နံပါတ်တစ် စစ်သူကြီး သူက ဧကရာဇ် နှစ်ပါးနဲ့ ယှဉ်လို့ ရအောင် အစွမ်းထက်တယ်။ မဟုတ်ရင် နှစ်ယောက်က ဘာဖြစ်လို့ အကွက်ဆင် နေမှာလဲ။”

“ဒါက။” ပင်းယန် ဆက်မပြောနိုင်တော့ ပါဘူး။

ရှင်းထျန်းရဲ့ အစွမ်းကို သူမ မျက်မြင် တွေ့ပြီး နေပြီ။ ဒါ့အပြင် ရှင်းထျန်း ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ရူးချင်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းတယ်။ ဒါ့အပြင် နတ်ဆိုး မိစ္ဆာ အုပ်လိုက် ကြီးကိုလဲ တစ်ယောက်တည်း တိုက်ခိုက် နေသေးတယ်။

ရွှမ်ယွမ်ဝူက သေချာပေါက် သူ့ကို မနိုင်နိုင်ဘူး။

“ပြဿနာကို ဖြေရှင်းဖို့ တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး စိုးရိမ်မှု အပြည့်နဲ့ ပြောတယ်။

“ကျန်းရှီ ပြောသလောက် အရတော့ ရှင်းထျန်းသေရင် တကယ် ကပ်ဆိုက်လိမ့်မယ်။ ငါတို့ သူသေမှာကို ထိုင်ကြည့်နေလို့ မရဘူး မဟုတ်လား။”

“ရှင်းထျန်းက အသိစိတ် မရှိမှတော့ ဘယ်လိုလုပ် ကူညီ ရမှာလဲ။” ရန်ချန်လိ မေးတယ်။

“…”

“…”

ဘယ်သူမှ ထပ်ပြီး မပြောကြတော့ဘူး။ စကားဝိုင်းက ဒီနေရာမှာသာ လည်နေခဲ့တယ်။ ရှင်းထျန်းကို ကယ်တင်ဖို့ နတ်ဆိုး မိစ္ဆာတွေကို အရင်ဆုံး ရင်ဆိုင်ရမယ်။ လက်ရှိ သူတို့ စွမ်းအားနဲ့ လူသား မျိုးနွယ်က သုံးဘက် ရန်သူတွေကို ရင်မဆိုင်နိုင်ဘူး။

ဒါပေမယ့် အားလုံးကတော့ ဖန်ကျန်းရှီ စကားပြောမှာကိုသာ စောင့်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ လက်ထဲက ဓားကိုသာ ကျစ်ကျစ်ပါအောင် ကိုင်ထားခဲ့တယ်။ လက်ရှိ တိုက်ပွဲက အရမ်းကို ပြင်းထန် နေခဲ့ပြီ။ သူတို့တွေ ရှင်းထျန်းနဲ့ နတ်သခင်တွေကို ခွဲလို့ မရနိုင်ဘူး။ နည်းလမ်းလဲ မရှိခဲ့ဘူး။ ခက်လွန်းတယ်။

ခေါင်းမရှိတဲ့ သူက ဘယ်လိုလုပ် မိတ်ဆွေကို သိနိုင်မလဲ။ တစ်ခုတော့ ရှိတယ်။

နေစမ်းပါအုန်း။

“ငါသိပြီ။” ဖန်ကျန်းရှီ အတွေး တစ်ချက် ဝင်လာတဲ့ အတွက် ချက်ခြင်း ပြောတယ်။

“နင် တစ်ခုခု တွေးမိတာလား။” ချီကူယန်နဲ့ ပင်းယန် တစ်ချိန်တည်းမှာ ပြောတယ်။

အားလုံးကလဲ အခုချိန်မှာ လန့်နေခဲ့တယ်။ ယွင်ချင်းဝူတောင် ဘာမှ မတွေးနိုင်တာကို ဖန်ကျန်းရှီက ဘယ်လိုများ တွေးမိတာလဲ။

အပိုင်း (၁၀၈၄) ပြီး၏။

အပိုင်း (၁၀၈၅)

“ထိုးဖောက် ဝင်ရောက်ဖို့ အင်အားကြီး အစီအစဉ် တစ်ခု လိုအပ်တယ်။”

…

“နင့်မှာ တကယ် အကြံရှိတာလား။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို သံယမဝင်ပေမယ့် ဒီလို ခက်ခဲတဲ့ အခြေအနေကို ဖောက်ထွက်ဖို့ လမ်းမရှိမှန်း သူသိတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်ပါတယ်။

“မင်း ဘယ်လောက် သေချာလဲ။” ရွှမ်ယွမ်ဝူက မေးတယ်။ ရှင်းထျန်းရဲ့ စွမ်းအားတွေက ဧကရာဇ် နှစ်ပါးကို ကောင်းကောင်း ယှဉ်နိုင်တဲ့ အထိ အားကောင်းမှန်း သူသိတယ်။

“ဆယ်ရာခိုင်နှုန်းလောက်တော့ ယုံကြည်ချက် ရှိတယ်။” ဖန်ကျန်းရှီ တစ်ဏတာ တွေးတောပြီးနောက် ပြောလိုက်ပါတယ်။

“ဆယ်ရာခိုင်နှုန်းတည်းလား။”

“…”

ရွှမ်ယွမ်ဝူ လန့်သွားတာထက် ချီကူယန်၊ ယွင်ချင်းဝူ၊ ပင်းယန်တို့တွေက ပိုလို့တောင် လန့်နေခဲ့တယ်။ ဖန်ကျန်းရှီ အကြောင်းကို အားလုံးက ကောင်းကောင်း သိကြတယ်။ ဖန်ကျန်းရှီက အမြဲတမ်း ယုံကြည်ချက် အပြည့် ရှိနေတတ်သူ။

အခုတော့ သူက ဆယ်ရာခိုင်နှုန်းပဲ ယုံကြည်ချက် ရှိတယ်။ ဒါဆိုရင် အောင်မြင်နိုင်ချေက အရမ်းကို နည်းတယ်လို့ ဆိုလိုတာပဲ။

“ကောင်းပြီ။ ဆယ်ရာခိုင်နှုန်း ဖြစ်ရင်တောင် ငါတို့ ကြိုးစား ကြည့်ရမှာပဲ။” ရွှမ်ယွမ်ဝူ အံကြိတ်ရင်း ပြန်ဖြေတယ်။ အခုချိန်မှာ သူတို့ အတွက် ရွေးချယ်စရာ ထပ်မရှိခဲ့ဘူး။ သေချာပေါက် လောင်းကြေးထပ်ဖို့ လိုအပ်တယ်။

“ဒါပေမယ့် နဂါးတစ်ကောင်သာ ငါနဲ့ အတူတူ အလုပ်လုပ်မယ် ဆိုရင် ယုံကြည်ချက်က ၅၀% ရှိတယ်။” ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူကို ကြည့်ရင်း ခပ်တိုးတိုး ပြောတယ်။

“…” အားလုံးကတော့ တိတ်ဆိတ် သွားခဲ့ ပါပြီ။ ရွှမ်ယွမ်ဝူကတော့ မျက်လုံးပြူးကြီးနဲ့ စိတ်ရှုပ် သွားခဲ့ပါတယ်။ ဒါပေမယ့် သူမေးဖြစ်အောင် မေးလိုက်သေးတယ်။

“မင်း ငါ့ကို ပြောနေတာလား။”

“ဒီနေရာမှာ တခြား နဂါး ထပ်ရှိ သေးလို့လား။” ဖန်ကျန်းရှီ မျက်ခုံး ပင့်ရင်း ပြန်မေးလိုက်တယ်။

ရွှမ်ယွမ်ဝူက မစဉ်းစား တတ်တော့ပေမယ့် ကူကယ်ရာမဲ့စွာ ပြောလိုက်မိတယ်။ “လိုရင်းကိုပြော။ မင်း ဘယ်လို ငါနဲ့ အလုပ်တွဲလုပ် မှာလဲ။”

“ဖြတ်ပြောလို့ မရဘူး။ အနားကို ကပ်လာခဲ့။ ငါမင်း တစ်ယောက်တည်း ကိုပဲ ပြောမယ်။” ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူကို လက်ဝေ့ယမ်းရင်း အနား ကပ်လာဖို့ အချက်ပြလိုက်တယ်။

“ကောင်လေး။” ရွှမ်ယွမ်ဝူ နည်းနည်း တွေေ၀ နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ လိမ်လိမ်မာမာလေး အနားကို ကပ်လာတယ်။

ဒီလို လှုပ်ရှားမှုက အင်အားကြီးသူ တစ်ယောက် အတွက် စွန့်စားရာ ရောက်တယ်။

နောက်ဆုံးတော့လဲ သူက ဖန်ကျန်းရှီနဲ့ တစ်ဖွဲ့တည်း ဖြစ်နေခဲ့ပေမယ့် ဖန်ကျန်းရှီက သူ့ကို မကောင်းတဲ့ ကိစ္စတွေ လုပ်ဖို့ ဆိုတာ အလွယ်လေးပါပဲ။ ဒါကို သူခုခံ နိုင်ဖို့လဲ မလွယ်ကူဘူး။

ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူရဲ့ နားနားကို ကပ်ပြီး အစီအစဉ်ကို ရှင်းပြတယ်။ ပင်းယန်၊ မုချင်းဖန်းနဲ့ တခြားသူတွေကတော့ ဒီလို ကိစ္စမျိုးကို ဖန်ကျန်းရှီ ဖုံးကွယ် မထားသင့်ဘူးလို့ တွေးကြတယ်။ ဒါပေမယ့် သူတို့ ဘာမှ ဝင်မပြောကြဘူး။

ပင်းယန်ကတော့ ရွှမ်ယွမ်ဝူနဲ့ ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို ကြားချင်တဲ့ အတွက် အသံတိတ် နေနေခဲ့တယ်။ ဒါပေမယ့် သူမ ဘာမှကို မကြားခဲ့ ရပါဘူး။ ချီကူယန်၊ ရန်ရွှယ်နဲ့ ယွင်ချင်းဝူကတော့ တခြား အမြင် ရှိနေခဲ့တယ်။

ဖန်ကျန်းရှီက သူ့အစီအစဉ်ကို လျှို့ဝှက်ချက် အဖြစ် ထားထားတာ အကြောင်း အရင်း ရှိလိမ့်မယ်။ သူတို့ အတွက်တော့ ဖန်ကျန်းရှီကို သံသယ ဝင်စရာ အကြောင်း မရှိခဲ့ဘူး။ ဖန်ကျန်းရှီကတော့ သူ့အစီအစဉ်ကိုသာ မြန်မြန်ဆန်ဆန် ရှင်းပြ ပြီးသွား ခဲ့ပြီ။

ဖန်ကျန်းရှီ စကား ပြောပြီး သွားချိန်မှာ ရွှမ်ယွမ်ဝူကတော့ တွေေ၀ နေခဲ့တယ်။ သူ့စိတ်ထဲမှာ အတော်လေး ရုန်းကန် နေရပုံပါပဲ။

“ဒီတော့ ဘယ်လိုလဲ လုပ်မှာလား။”

“မင်းရဲ့ အစီအစဉ် အတိုင်း ဆက်လုပ်မယ်ဆိုရင် အောင်မြင်နိုင်ချေ ၅၀% ရှိတယ်လို့ ပြောတယ်မဟုတ်လား။” ရွှမ်ယွမ်ဝူ မေးတယ်။

သူမယုံနိုင်ခဲ့ဘူး။

“ကြိုးစားကြည့်မယ်လေ။”

“တခြား တစ်ခုခု ဖြစ်လာရင်ရော။”

“ငါတို့မှာ တခြား ရွေးချယ်စရာ ရှိသေးလို့လား။” ဖန်ကျန်းရှီ ပြန်မေးလိုက်တယ်။

“…” ရွှမ်ယွမ်ဝူကတော့ တိတ်ဆိတ် သွားတယ်။ “ကောင်းပြီ။ ငါတို့ မင်းရဲ့ အစီအစဉ် အတိုင်း လုပ်မယ်။ စကြစို့။”

“မှာတာကို သေချာ မှတ်ထား။” ဖန်ကျန်းရှီ အတည်ပြုတယ်။

“စိတ်ချပါ။”

ရွှမ်ယွမ်ဝူရဲ့ အတည်ပြု စကားကို ကြားပြီးချိန်မှာတော့ ဖန်ကျန်းရှီလဲ သက်ပြင်းချရင်း ချီကူယန်တို့ ဘက်ကို လှည့်ပြောတော့တယ်။

“ငါတို့ကို တနေရာရာမှာ လိုသေးလား။” ပင်းယန်က နည်းနည်းတော့ စိတ်မရှည် ဖြစ်နေခဲ့ပါပြီ။

“ဒါပေါ့ အရှင်မင်းသမီး မပါလို့ ဘယ်ဖြစ်မလဲ။”

“ဒါဆိုရင် ဘာလုပ်ရမလဲ ပြောသာပြော။”

“ရိုးရိုးလေးပါပဲ။ အားလုံး ရှေ့ဆက်ပြီး တိုက်ခိုက်ကြမယ်။” ဖန်ကျန်းရှီက ရှင်းထျန်းကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

“သွားတိုက်ခိုက်ရမယ်။” ပင်းယန်ကတော့ အံ့သြ နေတယ်။

ပင်းယန်တင် မကဘူး တခြားသူတွေ အားလုံးပါ စိတ်ရှုပ်နေ ကြတယ်။ ဒါက ဘယ်လို အစီအစဉ်ကြီးလဲ အားလုံး အစုလိုက် အပြုံလိုက် သတ်သေဖို့ စီစဉ်နေ ကြတာလား။

“ဖန်ကျန်းရှီ နတ်ဆိုး မိစ္ဆာတွေက ရှင်းထျန်းကို အခုချိန်မှာ တိုက်ခိုက် နေကြတယ်။ မင်းက ငါတို့ အားလုံးကို ဒီလို သတ်သေ စေချင်တာ သေချာလို့လား။” မုချင်းဖန်း အရမ်းကို စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ မေးလိုက်တယ်။

တကယ်တော့ ရန်ချန်လိနဲ့ တခြားသူတွေ အားလုံးလဲ စိတ်ရှုပထွေး နေခဲ့ပါတယ်။

အားလုံး အတူတူ သွားပြီး သတ်သေကြမယ့် အစီအစဉ်ကြီးက အောင်မြင်နိုင်ချေ ၅%တောင် ရှိနိုင်ပါ့မလား။

“ခန်းမ ခေါင်းဆောင်မုက ငါ့ကို မယုံဘူးလား။” ဖန်ကျန်းရှီ မေးတယ်။

“အမ်း။” မုချင်းဖန်းကတော့ ခါးသက်သက်သာ ပြုံးနေမိပါတယ်။ “ဖန်ကျန်းရှီ ငါ နေလာတာ နှစ်တွေ ကြာလှပြီ။ ငါမင်းကို ဘာမှ များများ စားစား မတောင်းဆို ဖူးဘူး။ မင်းကို ငါ တလေးတစားတောင် မခေါ်ခိုင်းခဲ့ ဖူးဘူး ဟုတ်တယ်ဟုတ်။”

“ဟုတ်ပါတယ်။”

“ငါ သေမှာ မကြောက်တာကို မင်းသိပါတယ်။ ဒါပေမယ့် ငါတို့တွေ ကိုယ့်ကိုယ်ကို သတ်သေဖို့ သွားကြမယ် ဆိုရင်တောင် အစီအစဉ် အကြောင်းကို အသေးစိတ်တော့ သိသင့်တယ် မဟုတ်လား။” မုချင်းဖန်း ပြောလိုက်တယ်။

“ခန်းမ ခေါင်းဆောင်မု အထင်လွဲ နေပြီ။ ကိုယ့်ကိုယ့် သတ်သေ ခိုင်းတာ မဟုတ်ဘူး။ ရှင်းထျန်းနဲ့ပဲ တိုက်ခိုက် ခိုင်းတာပါ။” ဖန်ကျန်းရှီက အပြုံးလေးနဲ့ ရှင်းပြတယ်။

“အဲ့တာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ဘာကွာလို့လဲ။” မုချင်းဖန်း ငိုချင် နေခဲ့ပါပြီ။

….

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ပူးပေါင်းပြီး ဖြစ်နေပင်မယ့် တစ်သားတည်း ဖြစ်အောင် ပေါင်းစည်း နေကြတာတော့ မဟုတ်ခဲ့ဘူး။

ဟုန်ယို့နဲ့ ချုံးချီကလဲ အရူးတွေ မဟုတ်တဲ့ အတွက် ကောင်းကောင်း သိကြတယ်။ ရှင်းထျန်းကိုသာ မသတ်နိုင်ခဲ့ရင် သူတို့တွေ သေချာပေါက် အဆုံးအရှုံးများလိမ့်မယ်။ ဖန်ကျန်းရှိကို သတ်ဖို့ ကိစ္စထက်တောင် ပိုပြီးတော့ အဆုံးအရှုံံး များအုန်းမယ်။

ရှင်းထျန်းကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ဖို့ အတွက် မျိုးနွယ်စု နှစ်ခု ပူးပေါင်းဖို့ လိုအပ်တယ်။ မျိုးနွယ်စု တစ်ခုတည်းသာ တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်မှာ အမှန်ပဲ။

ဒါ့အပြင် ဖန်ကျန်းရှီတို့ တွေက လူမများပေမယ့် အားလုံးက အင်အား ကြီးကြတယ်။ ဖန်ကျန်းရှီတို့ အုပ်စုကို သတ်ဖို့က မလွယ်ကူဘူး။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံး အစွမ်းကုန် တိုက်ခိုက် ရလိမ့်မယ်။

ရှင်းထျန်းကလဲ ပြဿနာကြီး တစ်ခု ဖြစ်နေတဲ့ အပြင် ဖန်ကျန်းရှီကို သတ်ဖို့လဲ အချိန် ဘယ်လောက် ယူရမယ်မှန်း မသေချာ ခဲ့ဘူး။

“ချုံးချီ။ မင်း။” ဟုန်ယို့ကတော့ အရမ်းကို ဒေါသ ထွက်နေခဲ့ပါတယ်။ ချုံးချီ စိုးရိမ် နေတာကို သူနားလည်တယ်။ ဒါပေမယ့် သူတို့ အတွက်တော့ ဖန်ကျန်းရှီတို့ အုပ်စုကို အရင်သတ်ရအောင် အချိန် ယူတာက ဖြုန်းတီးမှု တစ်ခုပဲ။

“ဟန့်။” ချုံးချီကတော့ လျစ်လျူရှု လိုက်တယ်။

မိစ္ဆာ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံး စကားမပြောပဲ ဆက်တိုက် တိုက်ခိုက် နေချိန်မှာ ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေး စစ်မြေပြင် အနားကို ကပ်လာခဲ့တယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အမူအယာ အားလုံးကို သူ လျစ်လျူရှုတယ်။

“အိုက်ယား။ မင်း ငါ့ကို လမ်းပိတ်နေပြီ။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ရုတ်တရက် တိုက်ခိုက်ရင်း သူ့ရှေ့မှာ ရပ်နေတဲ့ နတ်ဆိုး တစ်ကောင်ကို ကန်ထုတ် ပြစ်လိုက်တယ်။

“ဘန်း။”

စိတ်ကို ပြင်ဆင် ထားပြီး ဖြစ်ပေမယ့် ဖန်ကျန်းရှီရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို မခုခံ နိုင်ဘဲ ရှင်းထျန်းဆီကို လွင့်ထွက် သွားပါတော့တယ်။

ဝုန်း။ ရှင်းထျန်းရဲ့ ပုဆိန်ကြီး ကျရောက် လာချိန်မှာတော့ နတ်ဆိုးက နှစ်ပိုင်း ဖြတ်ခံ လိုက်ရတော့တယ်။

“…”

“…”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံး မျက်လုံး ပြူးသွားခဲ့တယ်။ အနောက်ကနေ တိုက်ခိုက်ပြီး ရှင်းထျန်းကို အသုံးချလို့ မိစ္ဆာတွေကို သတ်ဖြတ်မယ်။ ဖန်ကျန်းရှီရဲ့ အကြံက အရမ်းကို သိသာနေပြီး မနှစ်မြို့စရာ ကောင်းလွန်းလှတယ်။

“ဖန်ကျန်းရှီ။ အတင့်ရဲလိုက်တာ။” ဟုန်ယို့ရဲ့ ဆံပင်တွေက ဒေါသကြောင့် ထောင်ထ လာခဲ့တယ်။

“တောင်းပန်ပါတယ်။ လက်ချော်သွားလို့။ လမ်းပိတ် နေတယ်လို့ပဲ တွေးမိတာပါ။ တိုက်တိုက်ဆိုင်ဆိုင်က သူက ဒီလောက် လွယ်လွယ်လေး သေသွားမယ်လို့ မထင်ထား ခဲ့မိဘူး။ အားလုံးက ငါ့အမှားတွေပါပဲ။” ဖန်ကျန်းရှီ တောင်းပန်တယ်။ ဒါပေမယ့် သူ့တောင်းပန် စကားက ဟုန်ယို့ကို လှောင်ရယ် နေသလိုပါပဲ။

ဟုန်ယို့က အရမ်းကို ဒေါသထွက်နေခဲ့တယ်။ အခုချိန်မှာ ရှင်းထျန်းကို မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဆက်တိုက် ထိန်းချုပ် နေရတဲ့ အတွက် ဖန်ကျန်းရှီတို့ အုပ်စုကို တိုက်ခိုက်ဖို့ အတွက် အချိန် မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ကို အာရုံ မစိုက်ပြန်ရင်လဲ မျိုးနွယ်စု နှစ်ခုလုံး ပျောက်ကွယ် သွားနိုင်တယ်။

“ဝေါင်း။”

နတ်သားရဲကောင်တွေလဲ ဒေါသတကြီး ဟိန်းဟောက်ကြတယ်။ ချုံးချီလဲ ဖန်ကျန်းရှီတို့ကို သတ်ချင်ပေမယ့် အခုချိန်မှာ ရှင်းထျန်းကြောင့် လက်လျော့ထားဖို့ လိုအပ်တယ်။

“ကောင်းပြီ။ ဒီလို ဖြစ်ရင် အတူတူ မျိုးပြုတ်ကြမယ်။” ချုံးချီက ဟုန်ယို့ထက်တောင် ပိုပြီးတော့ ဒေါသကြီး ကြမ်းတမ်း နေခဲ့ပါတယ်။

ဖန်ကျန်းရှီနဲ့ တခြား လူသားတွေ အားလုံးကို အတူတူ ပျောက်ကွယ် သွားစေချင်တယ်။

“ဖန်ကျန်းရှီ ငါတို့ကို တွန်းအား မပေးနဲ့။” ဟုန်ယို့ လှမ်းအော်တယ်။ အခုချိန်မှာ ဖန်ကျန်းရှီ ဆက်သွားမှသာ သူလုပ်စရာ ရှိတဲ့ ရွေးချယ်မှုကို လုပ်လို့ ရလိမ့်မယ်။

ရှင်းထျန်းကို သတ်ဖို့လဲ သူလက်လျော့ ရလိမ့်မယ်။

မိစ္ဆာမျိုးနွယ်နဲ့ နတဆိုး မျိုးနွယ်တွေ အားလုံးက ရလဒ်ကို အမှုမထားဘဲ ပူးပေါင်းပြီး ဖန်ကျန်းရှီကို သတ်လိမ့်မယ်။

“မဟုတ်ပါဘူး။ ငါက ကူညီဖို့ လာတာ အမှန်ပါ။ ယုံကြည်ကြပါ။ ငါလဲ ရှင်းထျန်းကို သတ်ချင်တယ်။” ဖန်ကျန်းရှီက စိုးရိမ်မှု အပြည့်နဲ့ ရှင်းပြတယ်။

“မင်းကို ဘာလို့ ယုံရမှာလဲ။” ဟုန်ယို့က သူ့ကို မယုံကြည်ခဲ့ဘူး။

“ရိုးရှင်းပါတယ်။ နေရာ နည်းနည်း ဖယ်ပေးရင် ငါတို့တွေ အားလုံး ရှင်းထျန်းကို အတူတူ တိုက်ခိုက်ကြမယ်လေ။” ဖန်ကျန်းရှီက ပြောတယ်။

“နေရာ နည်းနည်း ဖယ်ပေးရင် ရှင်းထျန်းကို အတူတူ တိုက်ခိုက်မယ်။”

“…”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ ဖန်ကျန်းရှီကို သူတို့ မယုံကြည် ကြပေမယ့် ငြင်းစရာ အကြောင်းလဲ မရှိခဲ့ဘူး။ ဖန်ကျန်းရှီက တကယ်ပဲ ရှင်းထျန်းကို သတ်ဖို့ ရောက်လာတာလား။

“ဒီတော့ ဘယ်လိုလဲ ချုံးချီ။” ဟုန်ယို့ မေးတယ်။

“နေရာ နည်းနည်းလောက် ဖယ်ပေးရုံနဲ့တော့ ဘာမှ အရှုံးရှိမယ် မထင်ဘူး။” ချုံးချီက တစ်ခုခု လွဲနေတယ်လို့ ထင်ပေမယ့် သူက ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“အရှေ့ပိုင်းမှာ နေရာ နည်းနည်း ချန်ထားပေးလိုက်။”

“ဘေးဖယ်။”

မကြာခင်မှာပဲ အရှေ့ပိုင်းမှာ နေရာလွတ် တစ်ခု ပေါ်လာပါတော့တယ်။

ဖန်ကျန်းရှီနဲ့ တခြားသူတွေ အားလုံးက အရှေ့ပိုင်းကို တကယ်ပဲ ဝင်ရောက် သွားတယ်။ အားလုံးကတော့ အရမ်းကို လေးနက် နေခဲ့ ကြတဲ့ အပြင် ရှင်းထျန်းနဲ့ တိုက်ခိုက်ဖို့လဲ အသင့် ဖြစ်နေခဲ့တယ်။ မုချင်းဖန်းကတော့ အခုချိန်ထိ ဘာမှ မတွေးတတ် သေးဘူး။ တစ်ခုခု လွဲနေတာကိုသာ ခံစားမိခဲ့တယ်။

ဖန်ကျန်းရှီက အစောပိုင်း ပြောပုံ အရဆိုရင် သေချာပေါက် စနောက်နေတာ မဖြစ်နိုင်ဘူး။ ရှင်းထျန်းကို သူတို့ တကယ်ပဲ တိုက်ခိုက်ရမယ်။

အပိုင်း (၁၀၈၅) ပြီး၏။

အပိုင်း (၁၀၈၆)

“အရူးကောင်။ ဒီကောင်က အရူးပဲ။”

…

“ထွက်သွား။” ဒေါသတကြီး အော်သံကြီးကို ကြားလိုက် ရပါတယ်။ ရှင်းထျန်းရဲ့ အသံက မိုးခြိမ်းသံလို ကျယ်လောင်လှတယ်။ အဲ့ဒီ့နောက် သူ့ရဲ့ ပုဆိန်ကြီးက မုချင်းဖန်း ခေါင်းပေါ်ကို ကြမ်းတမ်းတဲ့ လေအရှိန်နဲ့ အတူတူ ရောက်ရှိ လာတယ်။

မုချင်းဖန်းကတော့ ချက်ခြင်း ဖြူဖျော့ သွားခဲ့ပါတယ်။ သူက တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝလွန်းသူ တစ်ယောက် ဖြစ်နေပင်မယ့် ရှင်းထျန်းရဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေကို မခံစား နိုင်ခဲ့ဘူး။ ဒီအချိန်မှာပဲ လူတစ်ယောက်က တားဆီးလိုက်တယ်။

အပြာရောင် ဝတ်ရုံက လေထဲမှာ တဖျပ်ဖျပ် မြည်သံတွေ ထွက်ရင်း လွင့်မျော နေခဲ့တယ်။ ဒီလူက ကိုယ်ထည် မကြီးမား ပေမယ့် မုချင်းဖန်းကိုတော့ ချက်ခြင်း တည်ငြိမ် သွားစေခဲ့ပါတယ်။

“တိုက်ခိုက်။” ဖန်ကျန်းရှီ အော်ဟစ်ရင်း ခြေရာမဲ့ဓားကို သုံးပြီး ပုဆိန်ကြီးရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။

“ဝုန်း။” လေလှိုင်းတွေက လှိုင်းတွေလို အသွင်နဲ့ ထွက်ပေါ်လာပြီး ဘေးပတ်လည်က မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို သွားရိုက်ခတ်တယ်။

ဒီမြင်ကွင်းက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကို စိတ်ရှုပ်ထွေး သွားစေတယ်။ ဖန်ကျန်းရှီက ရှင်းထျန်းရဲ့ တိုက်ကွက်ကို ခုခံ နိုင်တယ်လား။ ကြောက်စရာ ကောင်းလောက်အောင် အင်အားကြီးတာပဲ။

ဖန်ကျန်းရှီမှာ တခြား အကြံတွေ မရှိတဲ့ အတွက် သူတို့ ပိုပြီးတော့တောင် စိတ်ရှုပ်ထွေး နေကြသေးတယ်။ သူက စစ်မြေပြင်ထဲကို ရုတ်တရက် ဝင်လာပြီး ရှင်းထျန်းကို အားကုန် တိုက်ခိုက်နေတယ်။ ဒါက ထူးဆန်းလွန်းတဲ့ ကိစ္စပါပဲ။

ရှင်းထျန်းက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။ ပထမ တစ်ခေါက် တားဆီး ခံလိုက် ရပြီးချိန်မှာ ဒုတိယ တစ်ခေါက်ကို မတွေဝေပဲ ချက်ခြင်း တိုက်ခိုက်တယ်။

“မင်းတို့ အားလုံး ထွက်သွားကြ။ ငါ ရှင်းထျန်းကို သတ်ပြမယ်။ ကြည့်နေကြစမ်း။” ဖန်ကျန်းရှီက အရမ်းကို ရူးသွပ်နေတဲ့ ပုံစံနဲ့ အော်ဟစ် လိုက်ပင်မယ့် သူ့နှုတ်ခမ်း ထောင့်ကနေ သွေးတွေ စီးကျ နေပါတယ်။

“..”

“ဒီကောင်က အရူးပဲ။”

“ရှင်းထျန်းနဲ့ တစ်ယောက်တည်း တိုက်ခိုက်ဖို့ လုပ်နေတာလား။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံးကတော့ ဖန်ကျန်းရှီ ဒုတိယ တိုက်ခိုက်မှုကို ခုန်မရှောင်ပဲ တကယ် ပြန်ခုခံ တိုက်ခိုက်ဖို့ လုပ်နေတာကို မြင်ချိန်မှာ သူတို့ အထင်လွဲ မိခဲ့တယ်လို့ တွေးမိကုန်တယ်။

ဖန်ကျန်းရှီက ရှင်းထျန်းကို သတ်ဖို့ ဒီကို ရောက်နေတာ အမှန်ပဲ။

ဘာမှ မှားယွင်း မနေဘူး။ ဒီအချိန်မှာပဲ အပြာရောင် အလင်းတန်းက ကောင်းကင်မှာ ပေါ်လာပြီး ချက်ခြင်း ပျောက်ကွယ် သွားပါတယ်။ အဲ့ဒီ့နောက် နတ်ဆိုး တစ်ကောင်က ဖန်ကျန်းရှီ ရှိနေခဲ့တဲ့ နေရာမှာ ပြန်ပေါ်လာတယ်။

“….”

“ဖန်ကျန်းရှီ ငလူးကောင်။”

နတ်ဆိုး မျက်လုံး အပြူးသားနဲ့သာ ရှိနေခဲ့တယ်။

အဲ့ဒီ့နောက် ရှင်းထျန်းရဲ့ ပုဆိန်အောက်မှာ အသက်ပျောက် သွားပြီး သွေးအိုင်ကြီး အဖြစ်ကို ပြောင်းလဲ သွားပါတော့တယ်။ ဖန်ကျန်းရှီကတော့ နောက်တစ်နေရာမှာ ပြန်ပေါ်လာတယ်။

“ဖူး။ ကပ်သီးလေးပဲ။ အပြေးမြန်ပေလို့။ မဟုတ်ရင် သေတော့မလို့။” ဖန်ကျန်းရှီ သူ့ရင်ဘတ်သူ ပုတ်ရင်း ထိတ်လန့်လွန်းလို့ စိတ်မတည်မငြိမ် ဖြစ်နေပုံပဲ။

“…” မိစ္ဆာ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးက လုံးဝကို ပြောစရာ စကားမရှိ ဖြစ်နေခဲ့တယ်။

(မင်းက ထွက်ပြေးပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ပြစ်မှတ် ဖြစ်လာအောင် လုပ်နေတာလား။”

“တိုက်ခိုက်။” ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက် ရပြန်တယ်။ မျက်တောင်တစ်ခတ် အချိန် အတွင်းမှာပဲ ရှင်းထျန်း ရှိနေရာကို သူရောက် သွားခဲ့ပြန်ပြီ။ တူညီတဲ့ ကိစ္စက ထပ်မံ ဖြစ်ပွားပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ နတ်သားရဲကောင် တစ်ကောင်က သူ့နေရာမှာ အစားဝင်သွားခဲ့ရတယ်။

ဖန်ကျန်းရှီနဲ့ အနီးဆုံး နေရာမှာ ရှိနေခဲ့တဲ့ နတ်သားရဲကောင်က ဖန်ကျန်းရှီ အစား ထိုးကျွေး ခံလိုက်ရပြီး ရှင်းထျန်းရဲ့ မျက်နှာပေါ်ကို ရောက်သွားခဲ့တယ်။

နတ်သားရဲကောင် မျက်လုံး အပြူးသားနဲ့ ဖြူဖျော့သွားရင်း ရင်ဘတ်ပေါ်က မျက်နှာကြီးကို ကြည့်နေမိတယ်။ သူလန့်လွန်းလို့ ပြေးဖို့ကိုတောင် မေ့လျော့ ခဲ့ပါတယ်။

အဲ့ဒီ့နောက် ရှင်းထျန်းရဲ့ လက်မောင်းနဲ့ သေတဲ့ အထိ ညှစ်သတ်ခံ လိုက်ရတယ်။

“…” တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှတဲ့ မြင်ကွင်းပါ။

“အောင်မြင်မှု တစ်ခုအတွက် ထောင်ချီတဲ့ စတေးမှုတွေ လိုအပ်တယ်။ ငါသာ ရှင်းထျန်းကို ဒီနေ့ သတ်နိုင်ရင် မင်းတို့ရဲ့ သေဆုံးမှုက သေချာပေါက် ဂုဏ်သိက္ခာ အပြည့် ဖြစ်နေမှာပါ။ မင်းတို့ရဲ့ နာမည်တွေကို ထာဝရ အမှတ်ရနေမယ်။” ဖန်ကျန်းရှီ အမှန်တရား ဘက်တော်သား တစ်ယောက်လို အသွင်နဲ့ ကျယ်ကျယ်လောင်လောင် ကြွေးကြော် နေခဲ့ပါတယ်။

“ငလူး။ ငါတို့ နာမည်တွေကို ထာဝရ မှတ်မိမယ် ဆိုတာ ဘာကို ပြောချင်တာလဲ။”

“နောက်ပြီး အောင်မြင်မှုအတွက် ထောင်ချီတဲ့ စတေးမှု ဆိုတာကရော ဘာခွေးစကားလဲ။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဖန်ကျန်းရှီ ဘာတွေ ကြံနေမှန်း မသိကြရင် သူတို့ တကယ်ပဲ တုံးအမိုက်မဲရာ ကျလိမ့်မယ်။ ဒါပေမယ့် သူတို့တွေကို အတော်လေး စိတ်ကုန်စေတဲ့ အချက်ကတော့ ဖန်ကျန်းရှီက ရှင်းထျန်းနဲ့ တိုက်ခိုက်ချိန်မှာ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ခုခံစစ် အဖြစ် အသုံးချနေ တာပါပဲ။

ဒီနည်းလမ်းကို အရှက်မရှိတဲ့ နည်းလမ်းလို့တောင် ခေါ်ဖို့ မသင့်တော့ဘူး။

“ဖန်ကျန်းရှီ မင်းတမင်တကာ လုပ်နေတာလား။” ဟုန်ယို့က ဒေါသထွက်လွန်းလို့ သူ့မုတ်ဆိတ်တွေတောင် အဖြူရောင် ပြောင်းသွားခဲ့ပါတယ်။

“မဟုတ်ပါဘူး။ တကယ် မဟုတ်ရပါဘူး။ ဘာလို့ တမင်တကာ လုပ်ရမှာလဲ။ ငါသေရတော့မှာ မလို့ ရွေးစရာ မရှိတာကြောင့် လုပ်ရတာပါ။ ငါ့နေရာမှာ မင်းဆိုရင်ရော ဒီလို မလုပ်ဘူးလား။” ဖန်ကျန်းရှီ ရိုးသားဖြူစင်မှု အပြည့်နဲ့ ပြန်ဖြေတယ်။

“..” ဟုန်ယို့ ဒေါသထွက်လွန်းလို့ ဘာမှကို မပြောနိုင် တော့ပါဘူး။ ဒီလို တူညီတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ကိုယ့်ကိုယ်ကို ကယ်တင် ခဲ့ကြတာကိုတော့ သူမငြင်းနိုင် ခဲ့ဘူး။

“ညီနောင်တို့ ဒီအတိုင်း ဆက်သွားရင် ငါတို့ အားလုံး ဒီကောင်စုတ်လေး သတ်တာကို ခံရလိမ့်မယ်။” စစ်နတ် တစ်ပါးက ဟုန်ယို့ တိတ်ဆိတ် သွားတာကို မြင်ချိန်မှာ ဝင်ပြောတယ်။

“အမှန်ပဲ။”

“ငါတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။” တခြား စစ်နတ်တွေလဲ ထောက်ခံကြတယ်။

“ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ။”

ဟုန်ယို့ အတော်လေးကို ကူကယ်ရာ မဲ့နေခဲ့တယ်။ အကယ်၍ သူတို့သာ ဖန်ကျန်းရှီတို့ အုပ်စုကို အတင်းအကြပ် တိုက်ခိုက်မယ် ဆိုရင် ရှင်းထျန်းကို ထားခဲ့ပြီး အားလုံး အားကုန်သုံး တိုက်ခိုက်မှ ဖြစ်လိမ့်မယ်။

ဒါဆိုရင် မိစ္ဆာ နတ်ဆိုးတွေ အားလုံးက ရှင်းထျန်းနဲ့ ဖန်ကျန်းရှီ ကြားမှာ ညပ်သွားပြီး နှစ်ဖက်ညှပ် တိုက်ခိုက် ခံရမယ်။ ဒါက အားလုံး ပျက်သုန်း သွားနိုင်တဲ့ အခြေအနေ တစ်ရပ်ပဲ။

“ဒီကောင်စုတ် ရှင်းထျန်းနဲ့ တိုက်ခိုက် နေတဲ့ အချိန် ငါတို့ နည်းနည်းချင်း နောက်ဆုတ် သွားရင်ရော။” စစ်နတ် တစ်ယောက် အကြံပြုတယ်။

“ဒီကောင်စုတ်က ဒီလောက် တုံးအမှာလား။” ဟုန်ယို့ကတော့ ဖန်ကျန်းရှီ ဒါကို လက်ခံမယ်လို့ မယုံနိုင် ခဲ့ဘူး။

ဖန်ကျန်းရှီနဲ့ တခြားသူတွေက ရှင်းထျန်းကို တိုက်ခိုက် နေချိန်မှာ မိစ္ဆာ နတ်ဆိုးတပ်ဖွဲ့တွေ ရှင်းထျန်းကို ထိုင်ကြည့်နေဖို့ ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စပဲ။

“သူက တကယ်ပဲ ဒီလောက် မိုက်မဲနေရင်ရော။” စစ်နတ် တစ်ပါး ဝင်ပြောတယ်။

“ဟုတ်တယ်။ စမ်းကြည့်လို့ အကျိုး မယုတ်ပါဘူး။” တခြား နတ်ဆိုးတွေ ခေါင်းငြိမ့်တယ်။ ဖြစ်နိုင်ချေက အရမ်းကို နည်းပါး လွန်းပေမယ့် ဖြစ်နိုင်ချေတော့ ရှိသေးတယ်။ သူတို့တွေ အားလုံး သေချာပေါက် အားထုတ်ရမယ်။ တခြား နတ်နဆိုးတွေ အားလုံးလဲ သဘောတူလိုက် ကြပါပြီ။

“ငါတို့သာ ရှင်းထျန်းကို အနိုင်တိုက်နိုင်မယ် ဆိုရင် သူ့ကို အကျိုးအမြတ် တစ်ဝက်ပေးမယ်လို့ ကတိပေးလိုက်။“

“ဘာဖြစ်တယ်။ ဘယ်လိုလုပ် တစ်ဝက် ပေးလို့ ရမှာလဲ။”

“ကတိက ကတိပဲ။ အချိန် ကျလာရင် အကျိုးအမြတ်ကို ခွဲပေး မပေးက သူနဲ့ မဆိုင်တော့ဘူး။ ဒီကောင်စုတ်က လောဘက ကြီးလွန်းတယ်။ သေချာပေါက် လှည့်စားမှာပဲ။“

“ကောင်းပြီ။ ငါတို့ ကြိုးစားကြည့်ကြမယ်။” ဟုန်ယို့မှာ တခြား အကြံ မရှိတော့တဲ့ အတွက် ဆုံးဖြတ်ချက ချလိုက်တယ်။

နောက်ထပ် နတ်ဆိုး တစ်ကောင်ကတော့ ဖန်ကျန်းရှီနဲ့ နေရာလဲပြီး စတေးခံရ ပြန်ပြီ။ ရှင်းထျန်း ရှေ့ကို လွှတ်ပြစ် ခံလိုက် ရပြီး အမွှေးနှုတ် ခံလိုက်ရတယ်။

“ဖန်ကျန်းရှီ ငါတို့ ဒီအတိုင်း ဆက်သွားလို့ မရဘူး။ နှစ်ဖက် စလုံးက အပြည့်အ၀ ယုံလို့ မရမှတော့ ရှင်းထျန်းကို သတ်ဖို့ နောက်ထပ် နည်းလမ်း စဉ်းစားကြစို့။” ဟုန်ယို့ နောက်ဆုံးမှာ ပြောလိုက်ပါတယ်။

“ဘာနည်းလမ်းလဲ။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း ပြန်ဖြေတယ်။

“ငါတို့ တစ်လှည့်စီ တိုက်ခိုက်မယ်။ အဖွဲ့ သုံးဖွဲ့ခွဲပြီး တစ်လှည့်စီ တိုက်ကြမယ်။ ငါတို့သာ သူ့ကို သတ်နိုင်မယ် ဆိုရင် သုံးဖက်စလုံးက သေချာပေါက် အကျိုးအမြတ် ရလိမ့်မယ်။ အကယ်၍ နတ်ဘုရား အရင်းအမြစ် ပြန်ပေါ် လာခဲ့ရင် ငါတို့တွေ အညီအမျှ ပြန်ခွဲမယ်။ မင်း ဘယ်လို ထင်လဲ။”

“ဒါပေမယ့် ခုနကပဲ နတ်ဘုရား အရင်းအမြစ် တစ်ဝက်ကို ငါရထားတာ မဟုတ်လား။” ဖန်ကျန်းရှီ မကျေမနပ် ပြောတယ်။

“တစ်ဝက်တော့ မပေးနိုင်ဘူး။” ဟုန်ယို့ ချက်ခြင်း ပြန်ငြင်းပါတယ်။

“ဒါဆိုရင် ဘာမှ ပြောမနေနဲ့။ ဆက်ပြီး တိုက်ခိုက်မယ်။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“မင်း။” ဟုန်ယို့ ဒေါသထွက်နေပင်မယ့် အံကြိတ်ရင်း ဆက်ပြောတယ်။ “ကောင်းပြီ။ မင်း နတ်ဘုရား အရင်းအမြစ် တဝက်ကို လိုချင်ရင် ပထမဆုံး တိုက်ခိုက်ရမယ်။ ဒါ့အပြင် အနည်းဆုံး ၁၅မိနစ် တောင့်ခံထား။ ချုံးချီ။ မိစ္ဆာ မျိုးနွယ်ရော ဘယ်လိုလဲ။”

ဟုန်ယို့က ချုံးချီကို မျက်စပြစ် ပြတယ်။

ရှေးဟောင်း သားရဲကောင် ချုံးချီက အသိပညာ မြင့်မားတဲ့ အတွက် ဟုန်ယို့ ပြောချင်တာကို ချက်ခြင်း နားလည်တယ်။ သူတွေေ၀ နေပင်မယ့် မကြာခင်မှာ ခေါင်းငြိမ့်ပြတယ်။

“အကယ်၍ မင်းသာ ၁၅မိနစ် တောင့်ခံ ထားနိုင်မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ် တစ်ဝက်နဲ့ ထိုက်တန်တယ်။” ချုံးချီ ပြောလာခဲ့တယ်။

“၁၅မိနစ်တောင်လား။ ကြာလိုက်တာ။” ဖန်ကျန်းရှီ ပြန်တိတ်ဆိတ် သွားတယ်။

ဟုန်ယို့နဲ့ ချုံးချီကတော့ စိတ်အားထက်သန်မှု အပြည့်နဲ့ ဖန်ကျန်းရှီ ပြန်ဖြေမှာကို စောင့်ဆိုင်း နေခဲ့တယ်။ အကယ်၍ သူတို့သာ အောင်မြင်ခဲ့ရင် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေနဲ့ အတူ ဆုတ်ခွာ သွားနိုင်လိမ့်မယ်။ ဖန်ကျန်းရှီမှာလဲ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေသာ ဆုတ်ခွာ သွားခဲ့ရင် ရှင်းထျန်းရဲ့ ပြစ်မှတ်က သေချာပေါက် ဖန်ကျန်းရှီပဲ ဖြစ်လိမ့်မယ်။ အကယ်၍ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေသာ သင့်တော်တဲ့ အကွာအဝေးကို ဆုတ်ခွာနိုင်ရင် တိုက်ပွဲထဲမှာ ဝင်ပါဖို့ မလိုတော့ဘူး။ ဖန်ကျန်းရှီတို့ အုပ်စုလဲ ၁၅မိနစ် အတွင်းမှာ အသက်ပျောက်လိမ့်မယ်။

ထွက်ပြေး နိုင်ရင်တောင် သေချာပေါက် အဆုံးအရှုံးက ကြီးမားမှာပဲ။

ဒါကြောင့် သူတို့တွေ ဘာကို ထပ်ပြီး ကြောက်စရာ လိုနေအုန်းမလဲ။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ဖန်ကျန်းရှီနဲက တခြားလူသားတွေကို သတ်လိုက်ဖို့သာ လိုအပ်တယ်။ အနည်းဆုံးတော့ အောင်မြင်နိုင်ချေက ၉၀% ရှိတယ်။

“ဒီတော့ ဘယ်လိုလဲ။ မင်းတို့တွေသာ ၁၅မိနစ် တောင့်ခံ ထားနိုင်မယ် ဆိုရင် နတ်ဘုရား အရင်းအမြစ် တစ်ဝက်ကို ရမယ်။ ကျန်တဲ့ အချိန်တွေ ငါတို့ တောင့်ခံ ပေးမယ်။ လူသား မျိုးနွယ်လဲ အရှုံး မရှိဘူး။” ဟုန်ယို့က ဖန်ကျန်းရှီကို အလောတကြီး တွန်းအား ပေးတော့တယ်။

“ကြားရတာ မဆိုးဘူး။ ဒါပေမယ့် ငါ့မှာ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်။

“ဘာကန့်သတ်ချက်လဲ။”

“အမြီးကိုးချောင်း မြေခွေးက ငါတို့ ဘက်မှာ ရန်ရွှယ့် စီးတော်ယာဉ် လုပ်ပေးရမယ်။ မဟုတ်ရင် ငါတို့တွေ ၁၅မိနစ် တောင့်ခံ နိုင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီ အဝေးကို လက်ညှိုးထိုးပြလိုက်ပါတယ်။

ဧကရီ ပိုင်ကျစ်ကတော့ ယွင်ချင်းဝူရဲ့ အရှေ့မှာ ရှိနေပြီး ယွင်ချင်းဝူကို ပြန်ဆွဲခေါ်ဖို့ လုပ်နေခဲ့တယ်။ အခုချိန်မှာတော့ သူမ ပါးစပ်အဟောင်းသားနဲ့သာ မယုံနိုင် ဖြစ်နေခဲ့ရပါပြီ။

အပိုင်း (၁၀၈၆) ပြီး၏။

အပိုင်း (၁၀၈၇)

“အစီအစဉ်ရဲ့ လျှို့ဝှက်ချက်။ တိုက်ပွဲကို တရားဝင် စတင်ခြင်း။”

…

“နင်က ငါ့ကို ရန်ရွှယ်ရဲ့ စီးတော်ယာဉ် ဖြစ်စေချင်တာလား။” ဧကရီ ပိုင်ကျစ်က မောက်မာတဲ့ သူတစ်ယောက် ဒါကြောင့် သူမကို သိက္ခာ ကျစေတဲ့ တောင်းဆိုမှုတွေ အားလုံးကို ငြင်းပယ်တယ်။

သူမက မိစ္ဆာ ဧကရီ တစ်ယောက်။ တစ်ချိန်တုန်းက မြင့်မြတ် နယ်မြေကို အုပ်စိုးခဲ့တဲ့ အင်အား အကြီးဆုံး ဖြစ်တည်မှု။ ဘယ်လိုလုပ် သူများရဲ့ စီးတော်ယာဉ် လုပ်ရမှာလဲ။ ဒါ့အပြင် အခုချိန်မှာ တိုက်ပွဲကို သူမ ဝင်မပါချင်ဘူး။ အဆင့် တက်ပြီးတဲ့နောက် သူမမှာ စိတ်ကူး တစ်ခုတည်းပဲ ရှိတယ်။ တာဝန်ကျေတဲ့ မိခင် တစ်ယောက် ဖြစ်လာဖို့ပါ။

“ပိုင်ကျစ်ကို ရန်ရွှယ့်ရဲ့ စီးတော်ယာဉ် အဖြစ်တောင်းတယ်။”

“ဒီကောင် ရူးသွားတာလား။”

နတ်ဆိုး မိစ္ဆာ သားရဲကောင်တွေလဲ ဖန်ကျန်းရှီ ဒီလို အံ့သြစရာ ကိစ္စကို တောင်းဆိုလာမယ်လို့ မထင်ထား မိခဲ့ဘူး။

“မင်း နတ်သားရဲကောင် တစ်ကောင်ရဲ့ အကူအညီကို လိုရင် တခြား နတ်သားရဲကောင် တစ်ကောင်ကို ကူညီခိုင်းလို့ ရတယ်။ ဘာဖြစ်လို့ ပိုင်ကျစ်ကိုမှ လိုချင် ရတာလဲ။” ချုံးချီ မျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။

“ဒီတော့ မင်းက လုပ်ပေးချင်လို့လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အတင့်ရဲလိုက်တာ။ ငါ့လို ရှေးဟောင်း နတ်သားရဲကောင်က မင်းတို့လို လူသားတွေရဲ့ စီးတော်ယာဉ် ဘာကိစ္စ ဖြစ်ရမှာလဲ။” ချုံးချီ ဒေါသတကြီးနဲ့ ပြန်အော်တော့တယ်။

“နာ့။ ငါမပြောင်း ချင်တာ မဟုတ်ဘူး။ မင်းက မပြောင်းစေချင်တာနော်။ အမြီးကိုးချောင်း မြေခွေးက အန္တရာယ်ကို အာရုံခံနိုင်စွမ်း မြင့်လွန်းတယ်။ ဒီအစွမ်းက ငါတို့ အတွက် အရမ်း အသုံးဝင်တယ်။ ငါ့မှာ တောင်းဆိုစရာ ဒီတစ်ခုလေးပဲ ရှိတာကို မင်းတို့တွေ လက်ခံမှာလား။ လက်မခံရင်လဲ ဆက်ပြောစရာ ဘာမှ မရှိဘူး။” ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ကိုသာ လုံး၀ ပြစ်မှတ်ထား နေခဲ့ပါတယ်။

“သူသာ လက်မခံရင် ငါတို့လဲ တွန်းအားပေးလို့ မရဘူး။”

“ဒါက မိစ္ဆာ မျိုးနွယ်ရဲ့ ကိစ္စလေ။ ငါသာ မင်းနေရာမှာ ဖြစ်ရင်တော့ နည်းလမ်း တစ်ခုကိုပဲ သုံးမယ်။”

“ဘာနည်းလမ်းလဲ။”

“သူ လုပ်ချင်သည် ဖြစ်စေ မလုပ်ချင်သည် ဖြစ်စေ၊ စိတ်ပါလာတဲ့ အထိ နာနာရိုက်ပြစ်မယ်။ ပြီးရင် ငါ့ရဲ့ သေရှင် တာအိုကို သုံးပြီး နောက်ထပ် မခုခံနိုင်အောင် ထိန်းချုပ်မယ်။”

“ကောင်းပြီ။ မင်းနည်းလမ်း အတိုင်း လုပ်မယ်။” ချုံးချီ ချက်ခြင်း ခေါင်းငြိမ့်တယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ သူတို့ရဲ့ စကားတွေကို ကြားချိန်မှာ ချက်ခြင်း တုန်ယင်ပြီး မျက်နှာတွေ နီရဲ သွားပါတော့တယ်။

“ဒီကောင်စုတ်က သူ့ရဲ့ သေရှင် တာအိုကို ငါ့အပေါ်မှာ သုံးဝံ့တယ်ပေါ့။” ဧကရီ ပိုင်ကျစ် ကျောထဲ စိမ့်ချမ်း သွားခဲ့တယ်။ ပီဖန်းက ဖန်ကျန်းရှီ လက်ထဲကို ဘယ်လို ရောက်သွားလဲ ဆိုတာ သူမ ကောင်းကောင်း မြင်ခဲ့တယ်။ တကယ့်ကို ကြောက်စရာ ကောင်းလွန်းတဲ့ ကိစ္စပဲ၊

သေရှင် တာအိုနဲ့ ထိန်းချုပ် ခံလိုက်ရရင် စွမ်းအားကို သုံးပြီး ဖောက်မထွက် နိုင်ရုံတင် မကဘူး။ တစ်ဘဝလုံးပါ အချုပ်အနှောင် ခံရလိမ့်မယ်။

“ပိုင်ကျစ်။ ဒီတော့ ကိုယ်တိုင်လုပ်မလား ငါတို့ ဝင်ပါရမလား။” ချုံးချီက တည့်တိုးပဲ မေးတယ်။ နောက်ဆုံးတော့လဲ ရှေးဟောင်း သားရဲကောင် လေးကောင်ထဲက တစ်ကောင် ဖြစ်နေတဲ့ အတွက် တခြားသူတွေ အပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျ လွှမ်းမိုးနိုင်တဲ့ အစွမ်း အစ သူ့မှာ ရှိနေတယ်။

လက်ရှိ အချိန်မှာ သူက မိစ္ဆာ မျိုးနွယ်ရဲ့ ယာယီ ခေါင်းဆောင် ဖြစ်နေရုံတင် မကဘူး။ ဆင့်ကဲတိုးတက် ပြီးတဲ့နောက် ဧကရီ ပိုင်ကျစ်ထက်တောင် ပိုပြီးတော့ အင်အားကြီး နေခဲ့ပြီ။

ဧကရီ ပိုင်ကျစ်ကတော့ လက်သည်းတွေကို ကုပ်ထားမိတယ်။ ဧကရီ ပိုင်ကျစ်ကအမြီး ကိုးချောင်းလုံး ပြန်ပေါက်နေပြီး အဆင့်တက်သွား ခဲ့ပေမယ့် အခုချိန်မှာ ချုံးချီကို သူမ မယှဉ်နိုင်ခဲ့ဘူး။ ဒါ့အပြင် သူမက တစ်ယောက်တည်း ဖြစ်နေ သေးတယ်။

“ဖန်ကျန်းရှီက နင်က ငါ့ကို စီးတော်ယာဉ် ဖြစ်စေချင်ရင်၊ ငါသူတို့ကို သတ်ပြစ်မယ်။” ဧကရီ ပိုင်ကျစ်က ဝူယွဲ့အာတို့ကို သတ်ပြစ်ဖို့ အသင့်ပြင်လိုက် ပါတယ်။

“မယ်တော်။” ယွင်ချင်းဝူက ဝင်တားတယ်။

“ချင်းဝူ။ ဘေးဖယ်နေ။ မယ်တော့်ကို သူ့ရဲ့ စီးတော်ယာဉ် အဖြစ် အဆုံးသတ် စေချင်နေတာလား။” ဧကရီ ပိုင်ကျစ်က သူ့သမီးရဲ့ ရပ်တည်ချက်ကို သိတယ်။ ဒါပေမယ့် အစောပိုင်းတုန်းက သူ့သမီးနဲ့ တခြားသူတွေကို အလွတ်ပေးလိုက် ပေမယ့်၊ စီးတော်ယာဉ် တစ်ယောက် ဖြစ်လာဖို့တော့ သူမ သဘောမတူခဲ့ဘူး။

ယွင်ချင်းဝူက ဧကရီ ပိုင်ကျစ်ကို ပြန်မဖြေခဲ့ဘဲ သူမ ဖန်ကျန်းရှီ ဘက်ကိုသာ လှည့်မေးတယ်။

“ဖန်ကျန်းရှီ နင်ငါ့မယ်တော်ရဲ့ အသက်ကို တာဝန်ယူဝံ့လား။”

“ မယူဝံ့ဘူး။ ဒါပေမယ့် ငါမင်းကို ကတိပေးနိုင်တယ်။ မင်းမယ်တော် သေရမယ် ဆိုရင်တောင် ငါ့နောက်မှပဲ သေရလိမ့်မယ်။” ဖန်ကျန်းရှီက လေးလေးနက်နက် ပြန်ဖြေလိုက်ပါတယ်။

ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေကို အချိန် အတော်ကြာအောင် ယွင်ချင်းဝူ စိုက်ကြည့် ပြီးတဲ့နောက် ဧကရီ ပိုင်ကျစ်ကို ပြန်ပြောတယ်။

“မယ်တော်။ အခုချိန်မှာ ဖန်ကျန်းရှီ တစ်ယောက်ပဲ လောကကြီးကို ကယ်တင် နိုင်လိမ့်မယ်။”

“လောကကြီးကို ကယ်တင်နိုင်မယ်။” ဧကရီ ပိုင်ကျစ် မျက်မှောင်ကြုတ် သွားခဲ့တယ်။

“ဟုတ်တယ်။ မယ်တော် ချင်းဝူ ပြောချင်တာကို နားလည်မှာပါ။” ယွင်ချင်းဝူ ခေါင်းဆက်တိုက်ငြိမ့်ရင်း ပြောတယ်။

“ဟဟား။ နားလည်ပြီ။ ဒါပေါ့။ နားလည်တာပေါ့။ ငါ့သမီးက တကယ့်ကို အရွယ်ရောက် လာပြီပဲ။ ကိုယ်ပိုင် အမြင်တွေ ရှိနေရုံတင် မကဘူး။ နှစ်သက်မြတ်နိုးတဲ့ လူတောင် ရှိနေပြီးပြီ။”

“မယ်တော်။”

“စိတ်ချပါ။ မယ်တော် မင်းကို အပြစ်မတင်ဘူး။ ပထမဆုံး အကြိမ် မြင်တုန်းကရော၊ အခုရော။ ငါ့သမီးရဲ့ ဆုံးဖြတ်ချက်ကို မယ်တော် ယုံတယ်။ အဲ့ဒီ့ ကောင်လေးက လောကကြီးကို ကယ်တင် နိုင်မယ်လို့ ငါ့သမီး ထင်မှတော့ ငါလဲ ယုံလိုက်မယ်။”

“…”

“ကောင်းပြီ။ ဝူယွဲ့အာ။ ရန်ချန်လိ၊ မော့ရှန်းရှီ။ ငါ့သမီးကို နင်တို့ လက်ထဲ အပ်ထားမယ်။ အကယ်၍ အမှားအယွင်း တစ်ခုခု ဖြစ်သွားလို့ ကတော့ နင်တို့ အားလုံးကို ငါသတ်ပြစ်မယ်။” ဧကရီ ပိုင်ကျစ် ခြိမ်းခြောက်လိုက်တယ်။

“ငါက ခြိမ်းခြောက် ခံရတာကို မကြိုက်ပေမယ့်၊ ဒီတစ်ခေါက်တော့ အခြေအနေအရ ငါမင်းကို အာမခံလိုက်မယ်။ ငါတို့ ယွင်ချင်းဝူကို ကောင်းကောင်း စောင့်ရှောက် ထားပေးမယ်။” မော့ရှန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

“အင်း။” ရန်ချန်လိလဲ ထောက်ခံတယ်။

ဝူယွဲ့အာကတော့ ဘာမှ မပြောခဲ့ဘူး။ သူမက မှန်တစ်ချပ်လို အရာကို ဆွဲထုတ်လာရင်း ယွင်ချင်းဝူ လက်ထဲကို ကမ်းပေးတယ်။

“ဒါက ညီအစ်မ အဖြစ် လက်ဆောင်ပေးတာ။ သိမ်းထားလိုက်။”

“မလိုဘူး။” ယွင်ချင်းဝူ ခေါင်းခါရင်း ငြင်းတယ်။ အဲ့ဒီ့နောက် သူမထပ်ပြောတယ်။ “နင် ကြိုဆိုတဲ့ လက်ဆောင် လိုချင်ရင်၊ ငါက နင့်ကို ပေးရမယ့်သူ။”

“နင်။” ဝူယွဲ့အာ စိတ်ညစ် သွားခဲ့တယ်။

အရိပ်မျိုးနွယ် ခေါင်းဆောင် အနေနဲ့ ချီကူယန်ကို သူမ ထိန်းချုပ်မှု အောက်မှာ မထားနိုင်ပေမယ့် ဒီနတ်ဆိုးမကိုတော့ ကောင်းကောင်း ထိန်းနိုင်သင့်တယ် မဟုတ်လား။ ဒီအတိုင်းသာ ဆက်သွားရင် အနာဂတ်မှာ သူမ နာမည် ပျက်ရလိမ့်မယ်။

“နင် တစ်ယောက်တည်းနဲ့ ချီကူယန်ကို အနိုင်မယူနိုင်ဘူး။” ယွင်ချင်းဝူက ဝူယွဲ့အာ စိတ်ကို ဖတ်နိုင်တဲ့ အတိုင်း ပြောနေခဲ့တယ်။

“နင် ဘာပြောချင်တာလဲ။” ဝူယွဲ့အာ မျက်လုံး ပြူးသွားတယ်။

“သူ့နောက်မှာ ပင်းယန် ရှိတယ်။ ပင်းယန်က သူ့စကားကို နားထောင်တယ်။ နင်ကတော့ မတူဘူး။ ဒါပေမယ့်။”

“ဒါပေမယ့် ဘာဖြစ်လဲ။”

“ချီကူယန်ကို ငါနိုင်နိုင်မယ်လို့ နင်ထင်လား။”

“ပြောချင်တာက။”

“ဒါက ညီအစ်မ အဖြစ် ကြိုဆိုတဲ့ ငါ့ရဲ့ လက်ဆောင်။ နင်ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။” ဝူယွဲ့အာကို ပြန်ဖြေမယ့် အစား ယွင်ချင်းဝူ ခါးစည်း တစ်ခုကို ထုတ်ပေးတယ်။ ကျောက်စိမ်းလို တောက်ပနေတဲ့ ခါးစည်း အပေါ်မှာ ကျောက်မျက်ရတနာ ၇ခု ရှိနေပြီး အလင်းတန်းတွေကလဲ ရေလို စီးဆင်း နေခဲ့တယ်။

“၇ရောင်ခြယ် ဖန်ခါးစည်းက တာအို ၇ခုကို ပြောင်းလဲ နိုင်တယ်။ တိုက်ခိုက် ခုခံတာ အတွက် အသုံးဝင်သလို ဓားတို၊ ဓားရှည်၊ လှံ၊ ပုဆိန်၊ အဲမောင်း၊ တုတ်၊ ကျာပွတ် လက်နက် ၇မျိုး အဖြစ်လဲ ပြောင်းလဲ နိုင်တယ်။ ဒါတင် မကဘူး။ ဝတ်စုံ လှလှ ၇စုံ အဖြစ်လဲ ပြောင်းလဲ နိုင်သေးတယ်။ ဒါက ဖန်ကျန်းရှီ ဆီမှာ အခု ရှိနေတဲ့ မဟူရာ ရွှေတောင်ပံနဲ့ ယှဉ်လို့ ရနိုင်တဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ ရတနာကြီး သုံးခုထဲက တစ်ခုပဲ။” ယွင်ချင်းဝူက ဝတ်စုံ ၇စုံ အကြောင်းကို အဓိက ထားပြီး ပြောသွားခဲ့တယ်။

ဝူယွဲ့အာကတော့ တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့ပြီ။

ဧကရီ ပိုင်ကျစ်ကတော့ စတင် လှုပ်ရှားတယ်။ ၉ရောင်ခြယ် အလင်းတန်းတွေက ဖန်ကျန်းရှီ ရှေ့မှာ ရှိနေခဲ့ပြီ။

“ဖန်ကျန်းရှီ နင်သိထား ရမှာ တစ်ခုရှိတယ်။ ငါ ဒီတိုက်ပွဲ အတွက်ပဲ ဒါကို လုပ်မှာ။” ဧကရီ ပိုင်ကျစ်က ရန်ရွှယ် စီးနင်းနိုင်ဖို့ အသင့်ပြင်ပေးရင်း ပြောလိုက်တယ်။

“အင်း။ ဒီတိုက်ပွဲ အတွက်ပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

ရန်ရွှယ်ကတော့ အချိန် မဖြုန်းတော့ဘူး။ ဧကရီ ပိုင်ကျစ် ကျောပေါ်ကို ခုန်တက်ရင်း ရပ်လိုက်တယ်။ သူ့ရဲ့ ငွေရောင် ယပ်တောင်ကို ဖြန့်လိုက် ချိန်မှာတော့ အလင်းတန်း ဒိုင်းကာ တစ်ခုက သူနဲ့ ဧကရီ ပိုင်ကျစ်ကို လွှမ်းခြုံ သွားပါတော့တယ်။

ဒါကို မြင်ချိန်မှာတော့ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အားလုံး နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားကြပါတော့တယ်။ ဟုန်ယို့နဲ့ ချုံးချီလဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတိုကတွေ အရင်ဆုံး ဆုတ်ခွာလို့ ရပြီ။ ဆုံးဖြတ်ချက်ကလဲ အဆင်ပြေ သွားပြီ။

နှစ်ယောက်စလုံးရဲ့ အကြည့်တွေထဲမှာ အေးစက်မှုတွေက အထင်းသား ပေါ်နေနခဲ့တယ်။

ဖန်ကျန်းရှီနဲ့ လူသားတွေသာ ရှင်းထျန်းကို တားဆီး ထားခဲ့ရင် အားလုံးက သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေလိမ့်မယ်။ အမြီးကိုးချောင်း မြေခွေးကို စတေး လိုက်ရပေမယ့် နောက်ဆုံးမှာတော့ အောင်မြင်မှု ရကြမှာပဲ။ စတေးရတာ တန်တယ်။

“ဖန်ကျန်းရှီ သေမှာကို စောင့်နေလိုက်တော့။” ဟုန်ယို့ စိတ်ထဲမှာ တွေးနေရင်း အောလိုက်တယ်။ “အားလုံး မြန်မြန် ဆုတ်ခွာ။ သူတို့ အတွက် နေရာ ဖယ်ပေးလိုက်။”

“အမိန့် အတိုင်းပါ။”

ချုံးချီလဲ ဟိန်းဟောက်လိုက်တယ်။ သူ့အသံကို ကြားတာနဲ့ မိစ္ဆာတွေ အားလုံးလဲ ဆုတ်ခွာကြတယ်။

ရှင်းထျန်းကတော့ အခုချိန်မှာ စိတ်အေး လက်အေး ဖြစ်သွားခဲ့ပြီ။ သူ့ရဲ့ စိတ်ဖိစီးမှုတွေ အတော့်ကို ပျောက်ကွယ် သွားတဲ့ အပြင် သတ်ဖြတ်လို စိတ်တွေက ကောင်းကင် အထိကို ထိုးတက် လာပါတော့တယ်။ ပုဆိန်ကို ဝေ့ယမ်းလိုက်ရင်း သူ့ဒိုင်းကာကြီးကို ရင်ဘတ်ရှေ့မှာ ကာဆီးလိုက်တယ်။

“ထွက်သွားစမ်း။” ရှင်းထျန်း အော်ဟစ်ရင်း တိုက်ခိုက်ပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရှေ့မှာ ရပ်နေသူက ချီကူယန်ပါ။ သူမရဲ့ အမြီးကြီးကို ဝေ့ယမ်းရင်း ရှင်းထျန်းရဲ့ လက်မောင်းကို ရစ်ပတ်ပြီး တိုက်ခိုက်မှုတွေကို တားဆီးလိုက်တယ်။

ဒါပေမယ့် ရှင်းထျန်းက အင်အားကြီးလွန်းလှတဲ့ အတွက် ချီကူယန် တားဆီး ထားတာတောင် လက်ကို လှုပ်ရှားနေတာ မရပ်တန့် ခဲ့ဘူး။ ချီကူယန်လဲ လေထဲကို ပျံထွက်သွား ခဲ့တယ်။

မုချင်းဖန်းကတော့ ဖြူဖျော့ နေခဲ့ပြီ။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အကြံပြုချက်ကို ဖန်ကျန်းရှီ လက်ခံ လိုက်မယ်လို့ သူတကယ် မထင်ထား ခဲ့မိဘူး။ အားလုံးက အခုချိန်မှာ နောက်ဆုတ်သွားပြီး လူသားတွေသာ ရှင်းထျန်းကို တိုက်ခိုက်ဖို့ ကျန်ရစ်ခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်လေး။ မင်း တကယ်ပဲ ဘာတွေ လုပ်နေတာလဲ။” မုချင်းဖန်း အခုချိန်မှာ ဘာပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ ဒီလို နှုန်းနဲ့သာ ဆက်သွားရင် လူသားတွေ သေချာပေါက် မျိုးသုန်း ပျောက်ကွယ် သွားလိမ့်မယ်။

“ခန်းမ ခေါင်းဆောင်မု။ စကား ဆက်ပြော မနေနဲ့၊ ပီဖန်းပေါ် တက်လိုက်။ ပင်းယန်ကို ကူ။” ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူရဲ့ ကျောပေါ်ကို ခုန်ရင်း ပြောတယ်။

“ပင်းယန်ကို ကူရမှာလား။” မုချင်းဖန်း နည်းနည်းတော့ မျက်လုံး ပြူးသွားပေမယ့် ချက်ခြင်း ပီဖန်းပေါ် ခုန်တက်လိုက်တယ်။

“မူး။” ရွှမ်ယွမ်ဝူ အော်ဟစ်ရင်း ရွှေရောင် မြူခိုးတွေကို မှုတ်ထုတ်လိုက် ပါတယ်။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ ရှင်းထျန်း အပါအဝင် အားလုံးကို အဖြူရောင် မြူနှင်းတွေနဲ့ သူလွှမ်းခြုံလိုက်တယ်။

“တိုက်ခိုက်။”

“တိုက်ခိုက်ကြ။”

ဟိန်းဟောက်သံတွေ ဆက်တိုက် ထွက်ပေါ် နေပြီး ရွှေရောင် မြူနှင်းတွေက ကာဆီး ထားတဲ့ အတွက် အထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဘယ်သူကမှ မမြင်နိုင်ခဲ့ပါဘူူး။

“ငါတို့တွေ မမြင်ရတော့ဘူး။”

“အထဲမှာ ဘာတွေ ဖြစ်နေတာလဲ။”

“ရှင်းထျန်းက ဖန်ကျန်းရှီနဲ့ တခြားသူတွေ အားလုံးကို သတ်လိုက်ပြီလား။”

“ဒီကောင်စုတ်က အရမ်းကို ကောက်ကျစ်တယ်။ ဒါပေမယ့် ငါတို့ တောင်းဆိုတာကိုလဲ သဘောတူလိုက်သေးတယ်။ တုံးအတာလား။ ဒါမှမဟုတ် တခြား အစီအစဉ်တွေ ရှိနေတာလား။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ရွှေရောင် မြူနှင်းတွေထဲကို ကြည့်ရင်း ပြောမိကြပါတယ်။ အထဲမှာ ဟိန်းဟောက်သံတွေကိုသာ သူတို့ ကြားနေရတယ်။ တခြား ဘာကိုမှ မယုံနိုင်ဘူး။

“ဘာကို ဂရု စိုက်ရမှာလဲ။ ဖန်ကျန်းရှီတို့တွေ ရှင်းထျန်းကို သတ်နိုင်မယ်လို့ ငါတော့ မထင်ဘူး။”

“သတ်နိုင်ရင်တော့ ပွဲတော်လုပ်ဖို့ တန်ပါတယ်။”

“ဘယ်ဘက်ပဲ သေသေ ငါတို့ အတွက်တော့ အကျိုးရှိတယ်။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဖန်ကျန်းရှီရဲ့ အကြံကို နားမလည် ကြပေမယ့်၊ အသက်ရှင်နိုင်မယ်လို့တော့ မယုံခဲ့ကြဘူး။”

ဒါကြောင့် သူတို့တွေ မစိုးရိမ်ပဲသာ ရှိနေခဲ့တယ်။

…

မြူနှင်းတွေထဲမှာ ဖန်ကျန်းရှီက ရွှမ်ယွမ်ဝူပေါ်မှာ ရပ်နေတယ်။ ရန်ရွှယ်ကတော့ ဧကရီ ပိုင်ကျစ်ရဲ့ ကျောပေါ်မှာ မတ်တပ်ရပ် နေပြီး ပင်းယန်နဲ့ မုချင်းဖန်းကတော့ ပီဖန်းပေါ်မှာ ရှိနေခဲ့တယ်။

ချီကူယန်ကတော့ ကြီးမားတဲ့ မြွေအမြီးကြီးနဲ့ အသွင်ကို ပြောင်းလဲ သွားပြီး ကောင်းကင်မှာ လွင့်မျောနေ ခဲ့တယ်။ ရှင်းထျန်းကို သူတို့ လေးဖက် လေးတန်ကနေ ဝန်းရံ ထားတယ်။

“ဖန်ကျန်းရှီ ငါတို့တွေ ရှင်းထျန်းနဲ့ သေတဲ့ အထိ တိုက်ခိုက် ကြရမှာလား။” မုချင်းဖန်းကတော့ ဒီဗျူဟာကို မြင်ချိန်မှာ နည်းနည်း စိုးရိမ် သွားခဲ့တယ်။ သူကသေမှာကို မကြောက်ခဲ့ဘူး။

ဒီအတိုင်း သေဖို့ကတော့ မတန်ဘူးလို့ သူထင်မိတယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို အကျိုးအမြတ် ရစေမယ့် ဒီကိစ္စက ကောင်းမွန်တဲ့ ရွေးချယ်မှုလဲ မဟုတ်ခဲ့ဘူး။

“ငါက ငတုံးမှ မဟုတ်တာ။” ဖန်ကျန်းရှီ ပြန်အော်တယ်။

“ဒါဆိုရင် ဘာဖြစ်လို့ ဒါတွေ လုပ်နေတာလဲ။” မုချင်းဖန်း နားမလည် နိုင်ခဲ့ဘူး။”

“အမိန့်ကို နာခံ။ အားလုံး ဝန်းရံထားမယ်။ ဒါပေမယ့် မတိုက်ခိုက်နဲ့။” ဖန်ကျန်းရှီ နောက်ထပ် ရှင်းမပြတော့ဘူး။

“ဝန်းရံပေမယ့် မတိုက်ခိုက် ရဘူးလား။”

“ကောင်းပြီလေ။”

“အမိန့် အတိုင်းပါ။”

ချီကူယန်။ ရန်ရွှယ်နဲ့ တခြားသူတွေ အားလုံးက ဖန်ကျန်းရှီရဲ့ အမိန့်ကို နာခံကြတယ်။ ဘယ်သူကမှ ရှင်းထျန်းကို မတိုက်ခိုက်ပေမယ့် ရှင်းထျန်းကတော့ သူတို့ကို တိုက်ခိုက်တယ်။ ဖန်ကျန်းရှီ ရှေ့ကို ရှင်းထျန်းက ချက်ခြင်း ရောက်လာ ခဲ့ပါတယ်။

“ကံမကောင်းလိုက်တာ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်ရင်း ရွှေရောင် မြူနှင်းတွေထဲကို ဝင်ပြေးတယ်။ ဓားနဲ့တော့ သူခုတ်လိုက် ပါသေးတယ်။

ဝုန်း ဓားအလင်းတန်းနဲ့ ရိုက်ခတ် ခံရပြီးနောက် ရှင်းထျန်း နေရာမှာတင် တောင့်တင်း သွားခဲ့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို နောက်ထပ် မတိုက်ခိုက်ဘဲ ရှင်းထျန်းက ရန်ရွှယ်တို့ ဘက်ကို လှည့်သွား ပါတော့တယ်။

“ပြေးကြ။” ဖန်ကျန်းရှီရဲ့ အသံ ထွက်လာလာ ချင်းပဲ ရန်ရွှယ်နဲ့ ဧကရီ ပိုင်ကျစ်က မြူခိုးတွေထဲ ဝင်ပြေးတယ်။

မုချင်းဖန်းက မျက်လုံး အပြူးသားနဲ့သာ ရှိနေခဲ့တယ်။ သူသတိ ပြန်ဝင်လာ ချိန်မှာတော့ ရှင်းထျန်းက သူ့ဆီကို လာနေခဲ့ပြီ။

ဒီတော့ သူလဲ ထွက်ပြေး ရမှာမဟုတ်လား။ မုချင်းဖန်းလဲ ရန်ရွှယ့်လို ပြေးဖို့ ပြင်လိုက်ပေမယ့် ဖန်ကျန်းရှီရဲ့ အော်သံကြီးက ထွက်ပေါ်လာတယ်။

“ခန်းမ ခေါင်းဆောင်မု။ တောင့်ခံထားအုန်း။”

“ဘာဖြစ်တယ်။ မပြေးပဲ တောင့်ခံ ထားရမှာလား။” ငလူးပဲ။ မုချင်းဖန်း ကောင်းကောင်း မတုံ့ပြန် နိုင်ခဲ့ဘူး။

(မင်းတို့ အားလုံးကျ ထွက်ပြေးတယ်။ ငါ့ကျတော့ ဒီမှာ နေစေ ချင်တယ်ပေါ့။)

အပိုင်း (၁၀၈၇) ပြီး၏။

အပိုင်း (၁၀၈၈)

“အစီအစဉ်နဲ့ တိုက်ခိုက်မှု။”

…

မုချင်းဖန်းကတော့ ဆွံ့အ နေခဲ့ပင်မယ့် သူ့အနောက်မှာ ရှိနေတဲ့ ပင်းယန်ကတော့ တစ်ချက်လေးတောင် မတွေေ၀ ခဲ့ပါဘူး။

“တိုက်ခိုက်။” ပင်းယန် ဟိန်းဟောက်ရင်း ချက်ခြင်း တိုက်ခိုက်တယ်။ လက်နှစ်ဖက်ကို ရှေ့တွန်းပို့ပြီး မီးလျှံတွေကို တကိုယ်လုံး လျှံထွက် လာစေခဲ့တယ်။ ပင်းယန်တင် မကပဲ ပီဖန်းကပါ ပါးစပ်ကနေ မီးလျှံတွေကို မှုတ်ထုတ်လိုက်ပါတယ်။

မီးလုံး နှစ်လုံးက ပေါင်းစည်းသွားပြီး ကြီးမားတဲ့ လက်ဝါးကြီး တစ်ခု အသွင်ကို ပြောင်းလဲတယ်။ ကြီးမားလွန်းတဲ့ လက်ကြီးက ရှင်းထျန်းရဲ့ ပုဆိန်ကို တားဆီး လိုက်ပါတယ်။

ဝုန်း။

ပုဆိန်ပြုတ်ကျလာ ချိန်မှာတော့ လက်ဝါးက အမှုန့် ဖြစ်သွားတော့တယ်။

ပင်းယန်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျ လာပင်မယ့် သူမကတော့ အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သား နေခဲ့တယ်။

“ရှင်းထျန်း။ ငါနင့်ကို မကြောက်ဘူး။” ပင်းယန် ဟိန်းဟောက်ရင်း နောက်တစ်ခေါက် တိုက်ခိုက်ဖို့ ပြင်လိုက်တယ်။

ဒီမြင်ကွင်းက မုချင်းဖန်းကို တုန်ယင် သွားစေတယ်။ မြင့်မြတ် နယ်မြေ ခေါင်းဆောင် ငါးယောက်ထဲက တစ်ယောက် ဖြစ်နေတဲ့ အပြင် ကောင်းကင် တာအို ခန်းမ ခေါင်းဆောင် အနေနဲ့ ပင်းယန်က သူ့ထက် ပိုပြီးတော့ ရဲရင့် နေတာကို မြင်ချိန်မှာ တကယ့်ကို အပြစ်မကင်း ဖြစ်မိတာ အမှန်ပါပဲ။

“ပင်းယန် နောက်ကိုဆုတ်။ ငါသူနဲ့ တိုက်ခိုက်မယ်။” မုချင်းဖန်း အံကြိတ်လိုက်တယ်။ သူ့လက်ထဲမှာတော့ ဓားရှည် တစ်လက် ရှိနေခဲ့ပြီ။ “တာအိုက တစ်ခုကို ဖန်တီးတယ်။ တစ်ခုက နှစ်ခု၊ နှစ်ခုက သုံးခု။ သုံးခုကနေ အရာအားလုံးကို ဖန်တီး နိုင်တယ်။”

သူပြောရင်းနဲ့ ဓားရှည်ကို ဝေ့ယမ်းလိုက်တယ်။ သူ့ရဲ့ ဓားကနေ သစ်တောကြီး တစ်ခုနဲ့ ကျောက်တုံးတွေ ဖြစ်ပေါ်လာတယ်။ တောင်ကျောက်တုံးတွေက ကြီးမားလွန်းပြီး သစ်ပင်တွေလဲ ရှိနေခဲ့တယ်။ ဒါက တကယ့်ကို လန့်စရာ ကောင်းတဲ့ မြင်ကွင်း တစ်ခုပါ။

ကျောက်တုံးတွေက ရှင်းထျန်းဆီကို လွင့်ထွက် လာတယ်။ ဒါပေမယ့် ရှင်းထျန်းကတော့ လုံးဝကို မကြောက်လန့် ခဲ့ဘူး။ အရှေ့ကို လှမ်းလာ ခဲ့တယ်။ နောက်ဆုတ်မယ့်ပုံ လုံးဝကို မရှိပဲ ဒိုင်းကာကြီးကို ရင်ဘတ်ရှေ့မှာ ကာဆီး ထားပါတယ်။

ဝုန်း။ တောင်ကျောက်တုံးတွေက အမှုန့် ဖြစ်သွားခဲ့ပါပြီ။

ရှင်းထျန်းကတော့ ဖုန်မှုန့်တွေ ထဲကနေ ပြေးထွက်လာရင်း မုချင်းဖန်းကို ပုဆိန်နဲ့ ခုတ်လိုက်တယ်။ မုချင်းဖန်းကတော့ ချက်ခြင်း ဖြူဖျော့ သွားပါတယ်။ ရှင်းထျန်းက အင်အားကြီးလွန်း နေရုံတင် မကဘူး။ တိုက်ခိုက်ရေး စွမ်းအားကလဲ မြင့်မားလွန်းတယ်။

ဒါပေမယ့် သူ့ရဲ့ ခုခံနိုင်စွမ်းကလဲ အံ့သြ စရာ ကောင်းလောက်အောင် အင်အားကြီးနေ ပြန်တယ်။ ဒိုင်းကြီးက တိုက်ခိုက်မှု အားလုံးကို ခုခံ နိုင်နေပုံပဲ။

မုချင်းဖန်းကတော့ နောက်မဆုတ်ခဲ့ဘူး။ သူ့ရဲ့ ဂုဏ်သိက္ခာ အတွက် သေတဲ့အထိ တိုက်ခိုက်မယ်။

“ယူလိုက်စမ်း။” မုချင်းဖန်း ဟိန်းဟောက်ရင်း မရေမတွက်နိုင်တဲ့ သစ်ပင်တွေကို လွင့်မျော လာစေတယ်။ သစ်ပင်တွေ သစ်ရွက်တွေ အားလုံးက ရှင်းထျန်းကို ရစ်ပတ်လိုက်ချိန် မှာပဲ အသံ တစ်သံ ထွက်ပေါ် လာပါတော့တယ်။

“ရန်ရွှယ် မုချင်းဖန်းကို ကူညီပြီး ရှင်းထျန်းကို ဖမ်းထား။”

“အမိန့် အတိုင်းပါ။” ရွှေရောင် မြူနှင်းတွေထဲကနေ ဧကရီ ပိုင်ကျစ်နဲ့ အတူ ရန်ရွှယ် ပြေးထွက် လာခဲ့တယ်။ သူတို့ နှစ်ယောက်က ပြေးဝင်ရင်း ရှင်းထျန်းကို ဘေးဘက်ကနေ တိုက်ခိုက်တယ်။

ဧကရီ ပိုင်ကျစ်က ဒေါသတကြီး ဟိန်းဟောက်ရင်း သူမရဲ့ အမြီးတွေကို ချက်ခြင်း ဆွဲဆန့်လိုက် ပါတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူမရဲ့ အမြီးတွေက သစ်ပင်တွေနဲ့ အတူ ရှင်းထျန်းရဲ့ ပုဆိန်ကြီးကို ရစ်ပတ် လိုက်တယ်။

တစ်ချိန်တည်းမှာပဲ အနီရောင် အလင်းတန်းလဲ ကျရောက် လာခဲ့ပါတယ်။ အနီရောင် အလင်းတန်းတွေက အလင်းတန်း ချည်မျှင် သန်းချီ အဖြစ်ကို ပြောင်းလဲတယ်။

အဇူရာ တာအို။ ရန်ရွှယ်က ဧကရီ ပိုင်ကျစ် ကျောပေါ်မှာ ရပ်ရင်း သန်းချီတဲ့ အဇူရာ တာအို အမျှင်တွေကို ဆန့်ထုတ် လိုက်ရင်း ရှင်းထျန်းကို ရုပ်သေးရုပ် တစ်ရုပ်လို ချည်နှောင် လိုက်ပါတယ်။

“ထွက်သွားစမ်း။” ရှင်းထျန်း ဒေါသတကြီး ဟိန်းဟောက်တယ်။ အခုချိန်မှာတော့ လက်နှစ်ဖက် စလုံးကို ချည်နှောင် ခံထား ရတဲ့ အတွက် ရှင်းထျန်း ရူးမတတ် ဖြစ်နေ ခဲ့ပါပြီ။ ကြောက်စရာ အင်အားတွေက မုချင်းဖန်း ရန်ရွှယ်နဲ့ အုပ်စုကို လေထဲ လွင့်စေမတတ် လူးလွန့် နေစေတယ်။

“ယန်လေး။ သူတို့ကို ကူညီ။” ဖန်ကျန်းရှီရဲ့ အသံ ထပ်မံ ထွက်ပေါ်လာတယ်။

“ကောင်းပြီ။” ချီကူယန် ခေါင်းငြိမ့်ရင်း သူမရဲ့ အမြီးကို သုံးပြီး ရှင်းထျန်း ခါးကို ပတ်လိုက်တယ်။

ရှင်းထျန်းရဲ့ ခန္ဒာကိုယ်မှာ လက်မောင်းက ကြောက်စရာ ကောင်းအောင် သန်မာ လွန်းလှတယ်။ သိုင်းပညာကို လေ့လာ လိုက်စားတဲ့ လူတိုင်းရဲ့ အဓိက အင်အား ထိန်းချုပ်ရာ နေရာက လက်မောင်း မဟုတ်ဘူး။ ခါးပါ။ ချီကူယန်ရဲ့ တိုက်ခိုက်မှုက ရှင်းထျန်းကို အရှိန်နှေးသွား စေခဲ့တယ်။

လက်တွေကို ဝေ့ယမ်းနေဆဲ ဖြစ်ပေမယ့် ရန်ရွှယ်တို့ကိုတော့ လွင့်ထွက်အောင် မလုပ်နိုင် ခဲ့ဘူး။

“ရွှမ်ယွမ်ဝူ အခုက အခွင့်အရေးပဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ မြူနှင်းထဲကနေ ပြေးထွက် လာခဲ့တယ်။

“ဖန်ကျန်းရှီ မင်းတကယ်ပဲ ရှင်းထျန်းကို သတ်ချင်နေတာလား။” မုချင်းဖန်းကတော့ ဖန်ကျန်းရှီ အနီးကပ် လာတာကို ကြည့်ရင်း တအံ့တသြ မေးမိတယ်။

“ငါတို့ သတ်နိုင်မှာ မလို့လား။” ဖန်ကျန်းရှီ ပြန်အော်တယ်။

“..” သူတို့တွေ ရှင်းထျန်းကို မသတ်နိုင်မှန်း မုချင်းဖန်း သိတယ်။ ရှင်းထျန်းက အင်အားကြီးလွန်းတဲ့ အပြင် သူတို့ အားလုံး ပေါင်းစည်းထားတဲ့ အင်အားက ရှင်းထျန်းကို တစ်ခဏတာသာ ထိန်းချုပ် ထားနိုင်လိမ့်မယ်။

ရှင်းထျန်းက အမြီးကိုးချောင်း မြေခွေးရဲ့ ရစ်ပတ်ထားမှုကို ချိုးဖြတ်ဖို့ လုပ်နေ ခဲ့ပြီးပြီ။ အကယ်၍ အခုချိန်မှာ ဖန်ကျန်းရှီ တိုက်ခိုက်ခဲ့ရင် ဘာအကျိုးမှ ရမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေ အစွမ်းကုန် တိုက်ခိုက်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက် ရပြန်တယ်။

“ရွှမ်ယွမ်ဝူ ပြစ်ချလိုက်တော့။”

“ကောင်းပြီ။”

“ဘာကို ပြစ်ချခိုင်းနေတာလဲ။” မုချင်းဖန်း မျက်လုံး ပြူးသွားတယ်။

အဲ့ဒီ့နောက် ရွှမ်ယွမ်ဝူရဲ့ ဗိုက်နားမှာ တစ်ယောက်ယောက် တွဲလောင်းကြီး ရှိနေတာကို မုချင်းဖန်း မြင်သွား ပါတော့တယ်။ ဒါကတော့ နန်ကုန်းမုပါ။

“ဝူး။” အသံ တစ်သံနဲ့ အတူ သတိလစ်နေတဲ့ နန်ကုန်းမုက ရှင်းထျန်းရဲ့ ခေါင်းပေါ်ကို ပြစ်ချ ခံလိုက် ရတော့တယ်။ သဲအိတ် တစ်အိတ်ကို ပြစ်ချ လိုက်သလိုပါပဲ။ မုချင်းဖန်းတင် မကဘဲ ရန်ရွှယ်၊ ပင်းယန်နဲ့ ချီကူယန်တို့တောင် အံ့သြ နေခဲ့ကြတယ်။

“အရှက်မရှိတဲ့ ကောင်စုတ် နင်ဘာလုပ် နေတာလဲ။”

“နင် နန်ကုန်းမုကို ပြစ်ချ လိုက်တာလား။” အခုချိန်မှာ အခြေအနေက ထူးဆန်း နေခဲ့တယ်။

ရှင်းထျန်းတောင်မှ သူ့အပေါ်ကို ပြုတ်ကျလာခဲ့တဲ့ သတိလစ်နေတဲ့ လူသားကို မော့ကြည့်နေတယ်။

“ဘန်း။” နန်ကုန်းမုက ရှင်းထျန်းကို ခေါင်းနဲ့ ဝင်ဆောင့်တယ်။

အခုချိန်မှာ လောကကြီး တစ်ခုလုံး တိတ်ဆိတ် သွားခဲ့ပြီ။

ဒီတော့ ဖန်ကျန်းရှီက နန်ကုန်းမုကို ပြစ်ချဖို့ ကြံစည် နေခဲ့တာပေါ့။

“ပြေးတော့ အခုပြေး။” ဖန်ကျန်းရှီ ဓားကို မြှောက်ပြီး ရှင်းထျန်းကို ချိန်ရွယ်ရင် အော်ဟစ်တယ်။

မုချင်းဖန်း ချက်ခြင်း ဆိုသလို ပင်းယန်ကို ဆွဲခေါ်ပြီး ပီဖန်းနဲ့ မြူနှင်းတွေထဲ ပြေးပါတေ့တယ်။

မုချင်းဖန်းတင် မကပဲ ရန်ရွှယ်နဲ့ ချီကူယန်ပါ ပြေးကြတယ်။ သူတို့တွေ အားလုံး မြူနှင်းထဲကို ရောက်သွားခဲ့ပြီ။ ရှင်းထျန်းကတော့ လက်ကို မြှောက်လိုက်ရင်း ဖန်ကျန်းရှီရဲ့ ဓားကို ကာကွယ်တယ်။

ဝုန်း။ ရှင်းထျန်းရဲ့ ခန္ဒာကိုယ်က တောင်ကြီး တစ်ခုလို ခိုင်မာလွန်းလှတယ်။ ဖန်ကျန်းရှီကတော့ ဒီအားကို သုံးပြီး ရွှမ်ယွမ်ဝူနဲ့ အတူ ချက်ခြင်း ပျောက်ကွယ် သွားတော့တယ်။ နန်ကုန်းမု တစ်ယောက်တည်းကသာ ရှင်းထျန်းပေါ်မှာ ကျန်ရစ်တယ်။

“ထွက်သွားစမ်း။” ရှင်းထျန်းကတော့ နန်ကုန်းမုကို သတိလစ်နေသည် ဖြစ်နေ သတိလစ် မနေသည် ဖြစ်စေ ဂရု မစိုက်ခဲ့ဘူ။ ညာလက်ကို မြှောက်ရင်း နန်ကုန်းမုကို ယင်ကောင် တစ်ကောင်လို ရိုက်ချ ပြစ်ဖို့ ပြင်လိုက်တယ်။

ဒီအချိန်မှာ သတိလစ်နေတဲ့ နန်ကုန်းမုက ချက်ခြင်း မျက်လုံး ပွင့်လာပါတယ်။ ရွှေရောင်နဲ့ အနီရောင် အလင်းတန်းတွေက သူ့မျက်ဝန်းတွေ ထဲမှာ တောက်ပ နေခဲ့တယ်။

“ဖန်ကျန်းရှီ မင်းက ငါ့ကို စတေး ဝံ့တယ်ပေါ့။” နန်ကုန်းမုက ချက်ခြင်း မြူတွေထဲ ဝင်ပြေးဖို့ လုပ်တယ်။

“နန်ကုန်းမုကို အဝင်မခံနဲ့။” ဖန်ကျန်းရှီ အော်တယ်။

“…”

“…”

မုချင်းဖန်းတို့တွေ တကယ် ဘာမှ မပြောနိုင်တော့ဘူး။ နန်ကုန်းမုကို သူက ပြစ်ထုတ်ပြီး ဝင်ခွင့်လဲ မပြုဘူး။ ဖန်ကျန်းရှီက နန်ကုန်းကို လှံတစ်ချောင်းလို တွေးနေတာလား။

သူတို့တွေ စကား မပြောကြပေမယ့် ဖန်ကျန်းရှိကို ယုံကြည်ရုံက လွဲပြီး တခြား ဘာထပ် လုပ်နိုင်မှာလဲ။

နန်ကုန်းမုကို အလင်းတန်း တစ်ခုက ချက်ခြင်း ပြန်တွန်းထုတ်တယ်။

“…” နန်ကုန်းမုကတော့ ဖြူဖျော့ နေခဲ့ပြီ။

တကယ်လို့သာ ဖြစ်နိုင်ခဲ့ရင် ဖန်ကျန်းရှီကို မေးလိုက်ချင်တယ်။ ဒီလို ပုံမှန် မဟုတ်တဲ့ ကိစ္စတွေကို မလုပ်ခိုင်းဘဲ အေးအေးချမ်းချမ်းလေး အိပ်နေလို့ မရဘူးလား။

(ငလူးကောင်။) ဖန်ကျန်းရှီက သူ့ကို မဝင်ခိုင်းခဲ့ဘူး။ ဖန်ကျန်းရှီတို့ကို လှည့်စားခဲ့မှန်း နန်ကုန်းမု ဝန်ခံရမယ်။ ကျမ်းကောင်းကင် တောင်အောက်မှာ တည်းက သူနိုးနေခဲ့တာ ကြာပြီ။

ဒါပေမယ့် ဘယ်လိုလုပ် ထလာ နိုင်မှာလဲ။ ဖန်ကျန်းရှီ၊ ချီကူယန်၊ ပင်းယန်နဲ့ ရန်ရွှယ်တို့တွေက နတ်သခင် အဆင့်ကို တက်လှမ်းကုန်တယ်။ သူတို့ရှေ့မှာ ထလာဖို့ အထိ သူတုံးအမလား။ ဒါကြောင့်ထဖို့ မဖြစ်နိုင်ခဲ့ဘူး။

တိုက်ပွဲ အလယ်မှာ နယ်မြေ တဝက်ကို ဖန်ကျန်းရှီ ယူမယ်လို့ ပြောချိန်မှာ နန်ကုန်းမု လုံး၀ မယုံခဲ့ပဲ ရှုံးနိမ့်မှာကို စောင့်နေခဲ့တယ်။ အကျိုးအမြတ်ကို ယူနိုင်ဖို့ သူမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ စိတ်ပျက်စရာ ကောင်းလောက်အောင် ဖန်ကျန်းရှီက နယ်မြေ တစ်ဝက်ကို အရယူနိုင် ခဲ့တယ်။

နန်ကုန်းမု လန့်သွား ခဲ့ရပေမယ့် အဲ့ဒီ့နောက်မှာ နိုင်ငံတော်ကြီး လေးခုက ဖန်ကျန်းရှီရဲ့ နယ်မြေတွေကို မျှဝေဖို့ ရောက်လာပြန်တယ်။

နန်ကုန်းမုလဲ နောက်ထပ် မထနိုင်ခဲ့ဘူး။

ရှင်းထျန်း ထွက်ပေါ် လာချိန်မှာတော့ ဒီအခွင့်အရေးထဲမှာ ထွက်ပြေးဖို့ သူလုပ်ခဲ့တယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းလောက်အောင် ဖန်ကျန်းရှီက သူ့ကို ပြစ်ချခဲ့တယ်။

အရာအားလုံးက သူထင်ထားသလို ဖြစ်မလာခဲ့ဘူး။ ဖန်ကျန်းရှီ ပြောခဲ့တဲ့ အောင်မြင်နိုင်ချေ ၅၀%က သတိမပေး ဘာမပေးနဲ့ သူ့ကို ရှင်းထျန်းပေါ် ပြစ်ချတဲ့ ကိစ္စ ဖြစ်မယ်လို့ သူလုံး၀ မထင်ခဲ့မိဘူး။ ဖြစ်သွားတာတွေက ရိုးရှင်းတယ်။ ဒီအတိုင်းသာ ဆက်ပြီး ဟန်ဆောင်နေရင် သူတကယ် သေရလိမ့်မယ်။

“နန်ကုန်းမု တိုက်ခိုက်။ ဒါမင်းရဲ့ တစ်ခုတည်းသော ရွေးစရာပဲ။” ဖန်ကျန်းရှီက နန်ကုန်းမုရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို ကြည့်ရင်း လှမ်းသတိပေးတယ်။

“ဘာလို့ တိုက်ခိုက်ရမှာလဲ။” နန်ကုန်းမုကတော့ လျစ်လျူရှုထားရင်း ထွက်ပေးဖို့ လုပ်တယ်။

ဝူး။ မြွေအမြီးကြီး ပေါ်လာပြီး နန်ကုန်းမုကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ပြီးနောက် သူလဲ လွင့်ထွက် သွားရတော့တယ်။

“မင်းက နတ်သခင် အဆင့်ကို တိုးတက် ပြီးပြီ မဟုတ်လား။ တိုက်ခိုက်လေ။ ဘာကြောက် နေတာလဲ။”

“ဖန်ကျန်းရှီ ငါသာ အသက်ဆက်ရှင် နိုင်ရင် မင်းကို သေချာပေါက် သတ်မယ်။” နန်ကုန်းမု ဟိန်းဟောက်တယ်။ ဒါပေမယ့် အခုချိန်မှာ သူရွေးချယ်လို့ မရတော့ဘူး။

မသေမချင်း တိုက်ခိုက်ရမယ်။

ဝုန်း။ သစ်ပင်ကြီး တစ်ခု ပေါ်ထွက်လာပြီး နန်ကုန်းမု တိုက်ခိုက်တယ်။ သူက ရှေးဟောင်း သစ်ပင် အသွင်ကို ပြောင်းလဲ သွားချိန်မှာ သူ့အင်အားက အဆမတန် တိုးပွား ကြီးမားနိုင်တယ်။ အခုချိန်မှာ အဖြူရောင် နတ်သစ်ပင်ကြီးက အရင်ကထက် မြင့်မား နေခဲ့ပါပြီ။

ရှင်းထျန်းထက်တောင် ပိုပြီးတော့ မြင့်မား နေတဲ့ အပြင် အဖြူရောင် ပန်းပွင့်တွေလဲ ပွင့်နေခဲ့တယ်။ ဒါပေမယ့် ရှင်းထျန်းကတော့ မမြင်ချင်ယောင် ဆောင်ပြီး သစ်ပင်ကြီးကို ပုဆိန်နဲ့ လှမ်းခုတ်တယ်။

သစ်ကိုင်း တစ်ကိုင်း ခုတ်ချ ခံလိုက်ရပြီး အဖြူရောင် အလင်းစက်တွေ အဖြစ် ပြောင်းလဲရင်း ကောင်းကင်မှာ လွင့်မျော နေတော့တယ်။ လတ်လတ်ဆတ်ဆတ် သွေးတွေကတော့ အခုချိန်မှာ အထင်အရှား ရှိနေခဲ့တယ်။

နန်ကုန်းမုရဲ့ ခုခံစစ်က သန်မာလွန်းတယ်။ အထူးသဖြင့် နတ်သစ်ပင် အသွင်ကို ပြောင်းလဲ ပြီးချိန်မှာ မသေမျိုး နီးပါး အင်အားကြီးတဲ့ အပြင် သစ်ပင် သစ်ကိုင်းတွေကိုလဲ ကုသနိုင်တယ်။

ဒါကြောင့် ဖန်ကျန်းရှီ စိတ်မပူခဲ့ဘူး။

“နန်ကုန်းမု နိုးနေတာကို မင်းဘယ်လို သိလဲ။” ရွှမ်ယွမ်ဝူက ဖန်ကျန်းရှီရဲ့ အစီအစဉ်ကို သိပေမယ့် နန်ကုန်းမု ကိစ္စကိုသာ စိတ်ဝင်စား နေခဲ့တယ်။ အကယ်၍ နန်ကုန်းမုသာ သတိလစ်နေမယ် ဆိုရင်တော့ ဒါက နည်းဗျူဟာ တစ်ခုပဲ။ နန်ကုန်းမုက ရှင်းထျန်းကြောင့် သေသွားနိုင်တယ်။

“ကျမ်းကောင်းကင် တောင်အောက်မှာ မျက်ခွံတွေ လှုပ်သွားတာကို မြင်ခဲ့တယ်လို့ ပြောရင် ယုံမှာလား။”

“ဒီအကြောင်းပြချက်ကြီးက။”

“ကောင်းပြီ။ ပွဲကို သေချာလေး ကြည့်ရအောင်။” ဖန်ကျန်းရှီ မြူခိုးထဲက ခေါင်းဆန့်ထုတ်လိုက်တယ်။ ရွှမ်ယွမ်ဝူကတော့ ဘာမှ မပြောနိုင်တော့ဘူး။ နန်ကုန်းမုကတော့ အချိန်ကြာကြာ ခံနိုင်ရည် မရှိလောက်တော့ဘူး လို့သာ သူ့ကိုယ်သူ တွေးထင် နေခဲ့တယ်။ ရှင်းထျန်းရဲ့ ပုဆိန်ချက်တွေက သူ့ခန္ဒာကိုယ်ပေါ်ကို မိုးစက်တွေလို ကျရောက် နေခဲ့ပြီ။

မကြာခင် အချိန်တွင်းမှာ သူက သစ်ငုတ်တို ဘဝကို ပြောင်းတော့မယ်။

“ဖန်ကျန်းရှီ မင်းတကယ် မတိုက်ခိုက်ဘူးလား။ ငါက မင်းပြောတဲ့ အတိုင်း နောက်မှာ ကျန်ခဲ့ပြီး တောင့်ခံ ပေးထားနေတယ်။ မင်း အစီအစဉ် အတိုင်း ဆက်မလုပ်ဘူးလား။” နတ်သစ်ပင်ထဲကနေ နန်ကုန်းမု လှမ်းအော်ပါတယ်။

“အစီအစဉ်က စပြီးနေပြီ။” ဖန်ကျန်းရှီ အလေးအနက် ပြန်ဖြေတယ်။

“မင်းပြောတာ မင်း အစီအစဉ်က ရှင်းထျန်းနဲ့ ငါ့ကို တိုက်ခိုက် ခိုင်းပြီး မင်းတို့က မတိုက်ခိုက်တဲ့ ကိစ္စလား။” နန်ကုန်းမု မျက်လုံး ပြူးသွားပါတယ်။

ဖန်ကျန်းရှီက သူ သတိလစ်ချင်ယောင် ဆောင်နေတာကို သိတဲ့ အတွက် ပြစ်ထုတ်တယ် လို့သာ အစက နန်ကုန်းမု တွေးမိခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို အသုံးချပြီး တိုက်ခိုက်ချင်နေတာပါ။

ဖန်ကျန်းရှီ စကားကို ကြားချိန်မှာတော့ နန်ကုန်းမု အတော့်ကို စိတ်ဓာတ် ကျသွားခဲ့ပါတော့တယ်။

အပိုင်း (၁၀၈၈) ပြီး၏။

အပိုင်း (၁၀၈၉)

“ပေါက်ကွဲမှု။ ချန့်ယန်းတောင်ရဲ့ လျှို့ဝှက်ချက်။”

….

ဖန်ကျန်းရှီက ရှင်းထျန်းနဲ့ သူ့ကို တိုက်ခိုက် စေချင်တယ်ပေါ့။ ဒါက လက်စားချေတာပဲ။ တကယ့်ကို လက်စားချေ နေတာချည်း။

သူထွက်ပြေးလို့ မရဘူး။ မတိုက်ခိုက်ရင်လဲ သေလိမ့်မယ်။

“အား။” နန်ကုန်းမုက ဒေါသတကြီး ဟိန်းဟောက်ရင်း နတ်သစ်ပင် အကိုင်းအခက် ဖြူဖြူတွေနဲ့ ရှင်းထျန်းကို တိုက်ခိုက်ပါတော့တယ်။ သစ်ကိုင်းတစ်ခုချင်းစီ တိုင်းက ရှင်းထျန်းပေါ်ကို မိုးစက်တွေလို ကျဆင်းလာခဲ့တယ်။ ဒါပေမယ့် ရှင်းထျန်းက နန်ကုန်းမု အနိုင်ယူတာကို ခံရမှာလား။ သေချာပေါက် ဘယ်ဟုတ်မလဲ။

ရှင်းထျန်းက ဒိုင်းကြီးနဲ့ ကာဆီးထားရင်း စစ်နတ်ဘုရား ပီပီသသ တိုက်ခိုက်မှုတွေ အားလုံးကို တားဆီး ထားခဲ့ပါတယ်။ ပုဆိန်ကြီးကို ဝေ့ယမ်းရင်းနဲ့လဲ သစ်ကိုင်းခက်တွေကို ဆက်တိုက် ခုတ်ချနေခဲ့တယ်။ သစ်ကိုင်းတွေကတော့ ချက်ခြင်း ဆိုသလို အလင်းစက်လေးတွေ အဖြစ်ကို ပြောင်းလဲ သွားကြပါတယ်။

“ဒီတော့ နန်ကုန်းမု ရှုံးတော့မှာလား။” မုချင်းဖန်းက ဒီအစီအစဉ် အကြောင်းကို ကောင်းကောင်း နားမလည် နိုင်တဲ့ အတွက် စိတ်ရှုပ်ထွေး နေခဲ့ပါတယ်။ နန်ကုန်းမုကို လက်စားချေဖို့ စီစဉ် ထားတာလား။ ဒါပေမယ့် ဒီကိစ္စတော့ မလိုဘူး မဟုတ်လား။

မုချင်းဖန်းတင် မကဘဲ ပင်းယန်တောင် ဖန်ကျန်းရှီရဲ့ အစီအစဉ်ကြောင့် စိတ်ရှုပ်ထွေးနေ ခဲ့ပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို သူမ ယုံကြည်တယ်။ နန်ကုန်းမုကို တကယ် လက်စားချေနေရင်တောင် အပြစ်မတင်ဘူး။

…

ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ရွှေရောင် မြူနှင်းတွေထဲမှာ ကြားနေရတယ်။ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုး တွေကတော့ မြူနှင်းထဲက ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားချိန်မှာ အေးစက်စက် စိုက်ကြည့် နေခဲ့ကြတယ်။

တိုက်ပွဲသာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် ဖန်ကျန်းရှီတို့ အဖွဲ့ရဲ့ အင်အားက အရမ်းကို မြန်မြန်ဆန်ဆန် ကုန်ဆုံး သွားလိမ့်မယ်။ မြူနှင်းတွေ ပျောက်ကွဝ် သွားတာနဲ့ တပြိုင်နက်၊ ဖန်ကျန်းရှီတို့ကို သတ်လို့ ရပြီ။

“ဒီလူသားတွေ ဒီလောက်ထိ ကြာကြာ ခံနိုင် နေနတာကို ငါဖြင့် မယုံနိုင်ဘူး။”

“အမှန်ပဲ။ ကံမကောင်းတာကတော့ သူတို့ ကြာကြာ ခံမှာ မဟုတ်ဘူး။”

“ဟဟား။”

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ စောင့်ဆိုင်း နေကြချိန်မှာပဲ အခြေအနေက ပိုပြီးတော့ ပြင်းထန်လာပါ တော့တယ်။

အခုချိန်မှာ အခြေအနေက တစ်ဖက်တည်းကပဲ အားသာသလို ဖြစ်နေခဲ့တယ်။ နန်ကုန်းမုက နောက်ဆုံး အထိ ရုန်းကန် နေခဲ့ပေမယ့် ရှင်းထျန်းကတော့ အင်အားကြီးလွန်း နေခဲ့ပါတယ်။ သူ့ရဲ့ ဧရာမ ပုဆိန်ကြီးကို လွှဲယမ်းရင်းနဲ့ အကိုင်းအခက်တွေကို ဆက်တိုက် ခုတ်ချပြစ်တယ်။ အဖြူရောင် နတ်သစ်ပင်ကတော့ တဖြည်းဖြည်း သေးငယ် လာခဲ့ပြီ။

နန်ကုန်းမုက မကြာခင် သေတော့မယ်။

“ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ နန်ကုန်းမု တကယ် သေတော့မယ်။” မုချင်းဖန်း တုန်လှုပ် သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အစီအစဉ်က တကယ့်ကို မတွေးဝံ့ စရာပဲ။ အခုချိန်ထိ ဒီအစီအစဉ်ကို သူသေချာ နားမလည်ခဲ့ဘူး။

သူတိုက်ခိုက်တော့မယ့် အချိန်မှာပဲ ပင်းယန်က သူ့ကို တားတယ်။

“ခန်းမ ခေါင်းဆောင်မု ဖန်ကျန်းရှီကို ယုံထားလိုက်။”

“ဘယ်လို ယုံရမှာလဲ။” မုချင်းဖန်း နောက်တစ်ခေါက် ပြန်မေးတယ်။

“ယုံနေရင် အကုန်လုံး အဆင်ပြေလိမ့်မယ်။” ပင်းယန်ကတော့ လုံးဝကို စိတ်ဆုံးဖြတ်ချက် ချထားခဲ့တယ်။

မုချင်းဖန်းကတော့ တိတ်ဆိတ် သွားခဲ့ပြီ။ သူက ဖန်ကျန်းရှီကို ယုံကြည်ပေမယ့် လက်ရှိ အခြေအနေ အရတော့ သူ့ကို ဆက်ယုံကြည် နိုင်ဖို့ အကြောင်းပြချက် ရှာမတွေ့ခဲ့ဘူး။

ဝုန်း။ နန်ကုန်းမု တစ်ကိုယ်လုံး တုန်ယင် သွားပါတော့တယ်။ သူနောက်ထပ် တောင့်မခံ နိုင်တော့ဘူး။ သွေးတွေက သစ်ကိုင်းတွေထဲကနေ ရေတံခွန်လို ဆက်တိုက် စီးကျလာပါတော့တယ်။

“ဧကရာဇ်ယန်ရဲ့ မျိုးဆက်က ဒီလောက်တောင် အားနည်းနေတာ ငါဖြင့် မယုံနိုင်ဘူး။” ဖန်ကျန်းရှီကတော့ နန်ကုန်းမုကို အရမ်း စိတ်ပျက်နေတဲ့ ပုံစံ ရှိနေခဲ့တယ်။

သူ့အသံကို ကြားချိန်မှာတော့ ရှင်းထျန်း ခန္ဒာကိုယ်က တစ်ခဏတာ ရပ်တန့် သွားပြီး သူ့ရဲ့ ပုဆိန်ကြီးကလဲ မခုတ်ခင်မှာ ရပ်တန့် သွားပါတော့တယ်။

ဝုန်း။ နန်ကုန်းမုကတော့ လုံးဝကို နောက်ထပ် တောင့်ခံ မထားနိုင်တော့ယ့် အသွင် ရှိနေခဲ့တယ်။ အဖြူရောင် နတ်သစ်ပင်က အလင်းစက်တွေ အဖြစ်ကို ပြောင်းလဲရင်း စတင် ပျောက်ကွယ် နေခဲ့ပြီ။ နန်ကုန်းမုကတော့ နတ်သစ်ပင်ထဲက ထွက်လာရင်း မူလ အသွင်အစစ်အမှန်နဲ့ ဖန်ကျန်းရှီ ရှိရာ နေရာကို ပြေးတော့တယ်။

သူက လုံးဝကို အစွမ်းကုန် တိုက်ခိုက်ဖို့ အတွက် စိတ်ဆုံးဖြတ်ထားခဲ့တယ်။ သူသာ သေရမယ် ဆိုရင် ဖန်ကျန်းရှီကိုပါ အပါခေါ်သွားမယ်။

“ဖန်ကျန်းရှီ။ မင်း ငါ့ဘိုးဘေးတွေကို မစော်ကားနဲ့။” အနီရောင် အလင်းတန်းက နန်ကုန်းမု မျက်ဝန်းမှာ တောက်ပ လာပြီးနောက် ရွှေရောင် မြူနှင်းတွေထဲကို တစ်ခဏတာ အတွင်း သူရောက်လာပါတော့တယ်။

ဝူး။ ဒီအချိန်မှာပဲ ဓားအလင်းတန်း တစ်ခုလဲ ထွက်ပေါ် လာခဲ့တယ်။ ဒါက ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုပါ။ ရွှေရောင် မြူနှင်းတွေထဲကနေ နန်ကုန်းမုကို ဝင်မလာနိုင်အောင် ဓားနဲ့ ကြိုပြီး ကာကွယ် ထားခဲ့တယ်။

“ဧကရာဇ် ယန်က အသုံးမကျဘူး။ သူ့မှာ မျိုးဆက်တွေ ရှိပေမယ့် ဘယ်သူကမှ လောကကြီးကို မပြောင်းလဲ နိုင်ဘူး။ အခုချိန်က စပြီး သူ့မျိုးဆက်တွေကို အဆုံးသတ်ပြီး ဧကရာဇ်ဟွမ်ရဲ့ မျိုးဆက်တွေပဲ ချန်ထားခဲ့ရင် ဘယ်လိုလဲ။” ဖန်ကျန်းရှီ အော်လိုက်ပါတယ်။

“မင်း။” နန်ကုန်းမု အရမ်းကို ဒေါသထွက်နေခဲ့ပြီ။ ဒေါသကြောင့် သူတုန်ယင် နေခဲ့တယ်။ စွမ်းအင် အရင်းအမြစ်တွေက ရှင်းထျန်းနဲ့ တိုက်ပွဲမှာ ကုန်ခမ်းလု နီးပါး ဖြစ်သွားခဲ့တဲ့ အပြင် အခုချိန်မှာ ဖန်ကျန်းရှီနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရတော့ဘူး။

သူ ဒီလို မသေနိုင်ဘူး။ ဒါ့အပြင် ဖန်ကျန်းရှီ စကားနဲ့ စော်ကားမော်ကား လုပ်တာကိုပါ ခံနေရသေးတယ်။ ဒါပေမယ့် သူဘာများ လုပ်နိုင်မှာလဲ။ ဖန်ကျန်းရှီက သူ့ရှေ့မှာ ရှိနေခဲ့တယ်။ ရှင်းထျန်းကတော့ သူ့နောက်မှာ ရှိနေတယ်။ အခုချိန်မှာ သူလုပ်နိုင်တာက သေဖို့ ထိုင်စောင့်တာပဲ။ ရှင်းထျန်းသာ သူ့ကို သတ်လိုက်ရင် နတ်ဆိုး မိစ္ဆာတွေလိုမျိုး သွေးအိုင် ဖြစ်ပြီး သေသွား ရလိမ့်မယ်။

နန်ကုန်းမု မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပါတယ်။

ဒါပေမယ့် သူမျှော်လင့်နေ ခဲ့တဲ့ သေခြင်းတရားက ရောက်မလာခဲ့ဘူး။ ရှင်းထျန်းက သူ့အနားကို မလာသလို ပုဆိန်နဲ့လဲ မခုတ်ခဲ့ဘူး။

“ဘာတွေ ဖြစ်ကုန်တာလဲ။” နန်ကုန်းမု လှည့်ကြည့်ရင်း ခန့်မှန်းမိတယ်။ (ရှင်းထျန်းက ရွှေရောင် မြူနှင်းတွေနား မကပ်ဝံ့တာလား။)

ဒီအတွေးကို သူခပ်မြန်မြန်ပဲ ရှင်းထုတ်လိုက်တယ်။ မဖြစ်နိုင်ဘူး။

“မင်းက ဧကရာဇ်ယန်ရဲ့ မျိုးဆက်လား။” ရှင်းထျန်းရဲ့ အသံ ထွက်ပေါ်လာတယ်။ ဒီနက်ရှိုင်းတဲ့ ကြမ်းရှရှ အက်ကွဲသံက စကားလုံးတွေ သိပ်ပြီး မသဲကွဲပေမယ့် နားလည်နိုင်ပါ သေးတယ်။

“ဘာကြီး။”

“ရှင်းထျန်းက စကား ပြောနိုင်တယ်။ သူက ထွက်သွားဆိုတဲ့ စကားတင်မကဘူး ထပ်ပြောနိုင်တယ်လား။”

“…”

“မုချင်းဖန်း ပင်းယန်နဲ့ တခြားသူတွေ အားလုံး မျက်လုံး ပြူးနေခဲ့ပါတယ်။

နန်ကုန်းမုတောင် နေရာမှာတင် တောင့်တင်း နေခဲ့တယ်။ ရှင်းထျန်းနဲ့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပုဆိန်ကြီးကို သူကြည့်မိတယ်။

“ဟုတ်တယ်။ သူက ဧကရာဇ်ယန်ရဲ့ မျိုးဆက်။ တစ်ယောက်တည်း ကျန်တော့တဲ့ မျိုးဆက်။” ဖန်ကျန်းရှီရဲ့ အသံက ရွှေရောင် မြူနှင်းတွေထဲကနေ ထွက်ပေါ်လာ ခဲ့ပါတယ်။

“ငါဘယ်လို ယုံရမှာလဲ။” ရှင်းထျန်း ပြန်မေးတယ်။

“ဧကရာဇ် ယန်မှာ နတ်သစ်ပင်ကို စိုက်ပျိုးနိုင်တဲ့ အစေ့ တစ်စေ့ရှိမှန်း မင်းသိတယ် မလား။ မင်း ခုနက မြင်လိုက်တဲ့ နတ်သစ်ပင်က အဲ့ဒီ့ အစေ့ကနေ ပေါက်လာတဲ့ အပင်ပဲ။” ဖန်ကျန်းရှီ ရှင်းပြတယ်။

ရှင်းထျန်းကတော့ တိတ်ဆိတ် သွားခဲ့ပါတယ်။

ရှင်းထျန်းတင် မကဘဲ။ ပင်းယန်၊ မုချင်းဖန်း၊ ဧကရီ ပိုင်ကျစ်၊ ရန်ရွှယ်နဲ့ ချီကူယန်တို့ အားလုံးလဲ လဲတိတ်ဆိတ် နေခဲ့တယ်။ သူတို့တွေ နားကြား မမှားခဲ့ဘူး။ ဖန်ကျန်းရှီက ရှင်းထျန်းနဲ့ စကားပြောနေတယ်။ ဒါ့အပြင် ပြောတဲ့ အကြောင်းအရာကလဲ အရမ်းကို ရိုးရှင်းလွန်းလှတယ်။

နန်ကုန်းမုက ဧကရာဇ်ယန်ရဲ့ မျိုးဆက်။

(ဘာကြောင့်များ ရှင်းထျန်းက ဒါကို စိတ်ဝင်စား နေတာလဲ။)

နောက်တစ်နည်း စဉ်းစားရရင် ဖန်ကျန်းရှီကရော ဘယ်လိုများ ရှင်းထျန်း စိတ်ဝင်စားမယ့် ကိစ္စကို သေချာပေါက် သိနေ ရတာလဲ။ ဒီအစီအစဉ်ရဲ့ အဓိက အကြောင်းအရာက နန်ကုန်းမုရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ဖို့လား။

ရှင်းထျန်းက ဧကရာဇ်ယန်ရဲ့ စစ်သေနာပတိချုပ်။

ဒီလောကမှာ ရှင်းထျန်း အကြောင်း မှတ်တမ်းတွေက များများစားစား မရှိခဲ့ဘူး။ ရှေးဟောင်း လက်ရေးမူထဲမှာတော့ ရှေးခေတ်ရဲ့ လျှို့ဝှက်ချက် တစ်ချို့ကို မှတ်တမ်း တင်ထားခဲ့တယ်။

ဘယ်မှတ်တမ်းကမှ လျှို့ဝှက်ချက်ကို မထုတ်ဖော်ခဲ့ဘူး။

“ကောင်လေး။ ရှင်းထျန်းက နန်ကုန်းမုကို မသတ်ဘူးလို့ မင်းဘယ်လိုများ ဒီလောက်ထိ သေချာ နေရတာလဲ။ နောက်ပြီး ချန့်ယန်းတောင်ရဲ့ နာမည်ကို မင်းဘယ်လို သိတာလဲ။ မင်းက ဘယ်သူလဲ။” ရွှမ်ယွမ်ဝူ မေးတယ်။

ရှင်းထျန်းက ဧကရာဇ်ယန်ရဲ့ စစ်သူကြီး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ရှင်းထျန်းက ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ် စတေးတာကို ခံရမှန်းလဲ သူသိပြန်တယ်။ ဒါဆိုရင် ရှင်းထျန်းက ဘာကြောင့်များ နန်ကုန်းမုကို ညှာတာ နေရတာလဲ။

ဖန်ကျန်းရှီက သူ့ထက်တောင် ပိုသိနေတယ်လား။ မဖြစ်နိုင်လိုက်တာ။

လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စဘဲ။

လွန်ခဲ့တဲ့ နှစ်ထောင်ချီက ကိစ္စတွေကို ကိုယ်တိုင် နေခဲ့ဖူးတဲ့ သူ့ထက် ပိုသိနေတဲ့ လူသား ရှိနေခဲ့တာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။

“တစ်ခွန်းပဲ ပြောစရာ ရှိတယ်။ သစ္စာတရားလေ။” ဖန်ကျန်းရှီက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေတယ်။

“သစ္စာတရား။ ဒါပေမယ့် ရှင်းထျန်းက ဧကရာဇ် နှစ်ပါးကို သစ္စာဖောက်ခဲ့တယ် မဟုတ်လား။” ရွှမ်ယွမ်ဝူ နားမလည် နိုင်ခဲ့ဘူး။

“သူ သစ္စာဖောက်တာ ဘယ်သူမြင်လဲ။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“ဒါက။” ရွှမ်ယွမ်ဝူ မျက်လုံး ပြူးသွားပါတယ်။

ရှင်းထျန်းက ဧကရာဇ် နှစ်ပါးကို သစ္စာဖောက်ဖို့ စိတ်ကူး ရှိတဲ့ အကြောင်း ကြားဖူးပေမယ့် နောက်ကွယ် အကြောင်း အရင်းကို သူသေချာ မသိခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီက သိမှာလား။

“ဧကရာဇ် နှစ်ပါးက ရှင်းထျန်းရဲ့ ခေါင်းကို ချန့်ယန်းတောင် အောက်မှာ မြုပ်မယ်လို့ မင်းပြောတဲ့ အချိန် ငါမယုံခဲ့ဘူး။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို ငါတွေးမိခဲ့တယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“ဘာဖြစ်နိုင် ချေလဲ။” ရွှမ်ယွမ်ဝူ မေးတယ်။

“ငါတို့တွေက ကျမ်းကောင်းကင်တောင်ကို ရှေးခေတ်ရဲ့ ချန့်ယန်းတောင် ဆိုတာ အတည်ပြု ပြီးပြီ။ ပြီးတော့ တောင်အောက်မှာ မြုပ်ထားတာလဲ တစ်ခုခု ရှိလိမ့်မယ်။ ဒါ့အပြင် ရှင်းထျန်းက မသေနိုင်တဲ့ သူဆိုရင် ဒါတွေ အားလုံးကို အကွက်ဆင် ထားတာလို့ တွက်လို့ ရနေပြီ။”

“ဘာ အကွက်ဆင်တာလဲ။”

“ရှင်းထျန်းက လျှို့ဝှက်ချက် တစ်ခုကို စောင့်ကြပ်နေတာ။”

“မင်း ဘာလို့ စောစောစီးစီးတည်းက မပြောတာလဲ။”

“ရှင်းထျန်းက လျှို့ဝှက်ချက်ကို ကာကွယ်ဖို့ ရှိနေတယ် ဆိုမှတော့ သူက ဧကရာဇ် နှစ်ပါးကို သစ္စာဖောက်ချင်မှာလား။ ဒါမှမဟုတ် သစ္စာဖောက်ဖို့ အစီအစဉ် ချအုန်းမှာလား။” ဖန်ကျန်းရှီ မေးပြန်တယ်။

“မင်းပြောချင်တာက။” ရွှမ်ယွမ်ဝူ အမူအယာ ပြောင်းလဲ သွားပါတော့တယ်။

ဖန်ကျန်းရှီ ပြောတာ အမှန်ပဲ။ ဒီအဖြစ် အပျက်က လန့်စရာ ကောင်းလွန်းလို့ သူကိုယ်တိုင်တောင် မယုံနိုင်ဘူး။ ရှင်းထျန်းက သစ္စာမဖောက်ခဲ့ဘူး။ ဒါပေမယ့် ဘာကြောင့်များ။ ဧကရာဇ်တွေက သူတို့ စစ်သူကြီးကို တောင်အောက်မှာ မြုပ်ခဲ့ ကြတာလဲ။

“တကယ်တော့ အားလုံးက ကိုယ့်ဘာကိုယ် တွက်ချက်ထားတာ။ မသေချာဘူး။ ဒါကြောင့် ၅၀%ပဲ ယုံကြည်ချက် ရှိတယ်လို့ ပြောခဲ့တာလေ။ ဒါပေမယ့် ငါမှန်သွားပုံပဲ။

ဒီလို အခြေအနေမှာတောင် ရှင်းထျန်းက နန်ကုန်းမုကို မသတ်တဲ့ အတွက် သူက ဧကရာဇ်ယန်ကို ဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူးလို့ ဆိုလိုတယ်။

နောက်ထပ် ဖြစ်နိုင်ချေလဲ ရှိသေးတယ်။

ရှင်းထျန်း ဧကရာဇ် နှစ်ပါးလုံးကို သစ္စာဖောက်ပြီးတဲ့နောက် အခုချိန်ထိ လွမ်းဆွတ်နေသေးတဲ့ အတွက် ဧကရာဇ်ယန်ရဲ့ တစ်ယောက်တည်းသော မျိုးဆက်ကို မသတ်နိုင်တာလဲ ဖြစ်နိုင်တယ်။

“ရှင်းထျန်း မင်း အဲ့ဒီ့ အချိန်တုန်းက ဧကရာဇ် နှစ်ပါးကို သစ္စာ မဖောက်ခဲ့ဘူး မဟုတ်လား။” ရွှမ်ယွမ်ဝူကို ရှင်းပြမယ့် အစား ဖန်ကျန်းရှီက သူ့ခန့်မှန်းချက်ကို အတည်ပြုချင်တဲ့ အတွက် ပြန်မေးတယ်။

“ဧကရာဇ် ယန်နဲ့ ဟွမ်လား။ မဟုတ်ဘူး။ မင်းမှားနေပြီ။ ငါ သူတို့တွေကို သတ်ဖို့ ကျိန်ဆိုခဲ့တယ်။” ရှင်းထျန်း ပြန်ဖြေတယ်။

“သူတို့ကို သတ်ဖို့ ကျိန်ထားတယ်လား။” ထူးတော့ ထူးဆန်းနေပြီ။ ဖန်ကျန်းရှီ မျက်မှောင်ကြုတ်သွား ပေမယ့် နောက်ထပ် ထပ်မမေးခဲ့ဘူး။ အဲ့ဒီ့ အစား တခြား မေးခွန်း တစ်ခုကို ပြောင်းမေးတယ်။

“ချန့်ယန်းတောင် အောက်မှာ ဘာရှိလဲ ငါ့ကို ပြောပြ။”

“ချန့်ယန်းတောင် အောက်မှာ။ အား။ ငါ့ခေါင်း။ ငါ့ခေါင်း ပြန်ပေး။” ရှင်းထျန်းက ဒါကို ကြားချိန်မှာ ရုတ်တရက် ရူးသွပ် သွားပါတော့တယ်။

လက်နှစ်ဖက်ကို ဆက်တိုက် ဝေ့ယမ်းရင်း ပုဆိန်နဲ့ ဒိုင်းတွေကို ဆက်တိုက် ဆောင့်ချပြစ်တယ်။

ဝုန်း။

ဝုန်း။

ထွက်ပေါ်လာတဲ့ အသံတွေကတော့ မိုးခြိမ်းသံတွေလိုပါပဲ။ လောကကြီး တစ်ခုလုံးလဲ တုန်ခါ နေခဲ့တယ်။

ရှင်းထျန်းရဲ့ လက်နက်တွေဆီကို မိုးကြိုးလျှပ်စီးတွေ စတင် ဆင်းသက်လာပြီး မုန်တိုင်းတွေ ထပ်မံ ဖြစ်ပေါ် လာပါတော့တယ်။

“မဖြစ်ဘူး။ ရှင်းထျန်းက နောက်တစ်ကြိမ် စိတ်ဖောက်သွား ပြန်ပြီ။” ရွှမ်ယွမ်ဝူ အော်တယ်။

“နန်ကုန်းမု။ သူ့ကို မြန်မြန်တား။ အခုချိန်မှာ မင်းတစ်ယောက်ပဲ ရှင်းထျန်းကို ထိန်းချုပ်နိုင်တယ်။ ချန့်ယန်းတောင် အောက်မှာ လျှို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်။ ရှင်းထျန်းကို မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ လက်ထဲမှာ အသေမခံနိုင်ဘူး။ ဖန်ကျန်းရှီ ချက်ခြင်း လှမ်းအော်ပါတော့တယ်။

“ငါက ရှင်းထျန်းကို ထိန်းချုပ်နိုင်တယ်လို့ မင်းပြောတာလား။” နန်ကုန်းမု နှုတ်ခမ်းထောင့်ကနေ သွေးတွေ တစက်စက် စီးကျ နေခဲ့ပြီ။ သူ့မျက်ဝန်းတွေက ရဲရဲနီနေသလို အမာရွတ်တွေကြောင့် အရမ်းကို ကြမ်းတမ်းမယ့် အသွင် ရှိနေခဲ့တယ်။

“ဟုတ်တယ်။ နေအုန်း။ နန်ကုန်းမု။ အစောပိုင်းမှာ ငါလုပ်ခဲ့တာတွေက မင်းကို တမင် ထိခိုက်စေချင်လို့ လုပ်တယ်များ ထင်နေတာလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တော့မယ့် အချိန်မှာပဲ မကောင်းတဲ့ နိမိတ်တွေကို ခံစားမိတဲ့ အတွက် ချက်ခြင်း စကားပြင်ပြောလိုက်တယ်။

“ဒီတော့ မဟုတ်ဘူးလို့ မင်းပြောချင်တာလား။” နန်ကုန်းမု အသံက အရမ်းကို အေးစက် နေခဲ့တယ်။

“အရူးလုပ်မနေနဲ့တော့ နန်ကုန်းမု။ ငါတို့က သူငယ်ချင်းတွေ။ ငါက မင်းကို ဘာဖြစ်လို့ သတ်ရမှာလား။ ရှင်းထျန်းက မင်းကို ဧကရာဇ်ယန်ရဲ့ မျိုးဆက် ဖြစ်တာကြောင့် မသတ်လောက်ဘူးလို့ လောင်းကြေး ထပ်ကြည့်ရုံပဲ။”

“ဒီတော့ မင်းက ငါ့ကို ဒီအတိုင်း သူ့ပေါ် ပြစ်ချ လိုက်တယ်ပေါ့။” နန်ကုန်းမု ပြန်မေးတယ်။

ဖန်ကျန်းရှီ မဖြေနိုင်တော့ပါဘူး။

“ဟဟား။ ဖန်ကျန်းရှီ ငါက မင်းကို ကျေးဇူး တင်ရမှာပေါ့။ မင်းက အရမ်းကို ထက်မြက်လွန်းတယ်။ ရှင်းထျန်းကို ငါထိန်းချုပ်လို့ ရမယ်လို့ မင်းတကယ်ပဲ ခန့်မှန်းနိုင်တာပဲ။ မဆိုးဘူး။ တကယ့်ကို မဆိုးဘူး။” နန်ကုန်းမု အရမ်းကို ရူးရူးသွပ်သွပ် ရယ်မောတော့တယ်။

“နန်ကုန်းမု ဒီကိစ္စက ထူးခြားတယ်။ ငါတို့တွေ မလုပ်မဖြစ်လို့ လုပ်ရတာပါ။ နတ်ဆိုး မိစ္ဆာတွေကို ပြန်တိုက်ခိုက်နိုင်ဖို့ ငါတို့ ပူးပေါင်းမှရမယ်။” ရန်ရွှယ် ပြောတယ်။

“ဟုတ်တယ်။ နန်ကုန်းမု။” ပင်းယန် ချက်ခြင်း ခေါင်းငြိမ့်တယ်။

“မင်းတို့တွေက ငါ့အသက်ကို စွန့်စားပြီး လောင်းကြေး ထပ်ခဲ့တယ်လေ။” နန်ကုန်းမုက ရှင်းထျန်းကို လှည့်ကြည့်တယ်။

“ရှင်းထျန်း။ မင်းခေါင်းကို မလိုချင်ဘူးလား။ ငါမင်း အတွက် ယူပေးနိုင်တယ်။ ဒါပေမယ့် အခုတော့ ဒီကောင်တွေ အားလုံးကို သတ်ပြစ်ဖို့ ငါ့ကို ကူညီပေး။”

“ခေါင်း။ ငါ့ခေါင်း ပြန်ပေး။” ရှင်းထျန်းက ဆက်တိုက် အော်နေခဲ့တယ်။

“ရှင်းထျန်း မင်း ငါပြောတာကို ကြားလား။” နန်ကုန်းမု ထပ်အော်တယ်။

“ငါ့ ခေါင်း။ ငါ့ခေါင်း ပြန်ယူလို့ မဖြစ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ့ခေါင်း ပြန်ပေး။ မင်းသာ ငါ့ခေါင်းကို ရှာပေးနိုင်ရင် မင်းအတွက် အားလုံး လုပ်ပေးမယ်။” ရှင်းထျန်း ရူးရူးသွပ်သွပ် အော်ဟစ်နေခဲ့ပါတယ်။

“ကောင်းပြီ။” နန်ကုန်းမု ပြောရင်းနဲ့ စတင် လှုပ်ရှားတယ်။ ချန့်ယန်းတောင်ခြေကို သူပြေးဆင်းသွားတယ်။

“မဖြစ်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း မျက်နှာပျက်သွားပါတယ်။

“ဘာဖြစ်လို့လဲ။” ရွှမ်ယွမ်ဝူ အထိတ်တလန့်နဲ့ မေးတယ်။

“ရှင်းထျန်း ခေါင်းကို ထုတ်လာ လို့ မဖြစ်ဘူး။ နန်ကုန်းမုကို မြန်မြန်တား။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ရွှမ်ယွမ်ဝူ့ ကျောပေါ်ကနေ ခုန်ဆင်း သွားပါတော့တယ်။

သူက အရမ်းကို မြန်ဆန်လွန်းလှတယ်။ နန်ကုန်းမုဆီကို သူပြေးဝင်တယ်။

နန်ကုန်းမုကတော့ သူ့ကို လုံး၀ လျစ်လျူရှုထားရင်း မရပ်မနားတမ်း မန်းမှုတ်နေခဲ့တယ်။

“ရေက သစ်သား။ သစ်သားကနေ မီး။ မီးကနေ မြေ။ မြေကနေ ရွှေ။ ရွှေကနေ ရေ။ ဖွင့်စမ်း။”

“ဝုန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တစ်ခုနဲ့ အတူ သစ်ကိုင်းခက်တွေ ထွက်ပေါ်လာပြီး မြေပြင်ကို ထိုးခွဲ ပါတော့တယ်။

အပိုင်း (၁၀၈၉) ပြီး၏။

အပိုင်း (၁၀၉၀)

“အဆင့်တက်သွားတဲ့ အခိုက်အတန့်။”

..

“နန်ကုန်းမု အိပ်မက်မက်နေလိုက်။” ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်တယ်။ ဒါ့အပြင် နန်ကုန်းမုက ရှင်းထျန်းနဲ့ တိုက်ပွဲမှာ အင်အားတွေ အတော်ကြီး ကုန်ဆုံးခဲ့တယ်။ ဒါကြောင့် ရှင်းထျန်းရဲ့ ခေါင်းကို မြေကြီးထဲကနေ ချက်ခြင်း ယူနိုင်ဖို့ မလွယ်ကူခဲ့ဘူး။

မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပဲ ဖန်ကျန်းရှီက နန်ကုန်းမု အနောက်ဘက်ကို ရောက်သွားခဲ့ပြီ။

“ဖန်ကျန်းရှီ မင်းငါ့ကို မတားနိုင် ပါဘူး။” နန်ကုန်းမုက အစွမ်းကုန် တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။ ရွှေရောင်နဲ့ အနီရောင် အလင်းတန်းတွေက သူ့မျက်ဝန်းတွေထဲမှာ တောက်ပလာရင်း အင်အား သက်သက်ကိုသာ အသုံးချပြီး အချိန် ဆွဲထားဖို့ သူလုပ်တယ်။

“ပြန်လည် မွေးဖွားမှု ငရဲတာအို။” ဖန်ကျန်းရှီ အစပိုင်းမှာ နန်ကုန်းမုကို မေတ္တာရပ်ခံဖို့ ဆုံးဖြတ် ခဲ့ပေမယ့်၊ စကား တစ်ခွန်းလောက်နဲ့ နန်ကုန်းမုကို မေတ္တာရပ်ခံနိုင်ဖို့ မလုံလောက်မှန်း သူနားလည် သွားခဲ့တယ်။ ဒါဆိုရင် နည်းလမ်း တစ်ခုပဲ ရှိတော့တယ်။

သူ့ကို ထမလာနိုင်တော့တဲ့ အထိ ရိုက်ပြစ်။ ဖန်ကျန်းရှီက ကိစ္စတွေကို တတ်နိုင်သလောက် အင်အား မသုံးဘဲ ဦးနှောက်သုံးပြီး ဖြေရှင်းရတာကိုသာ နှစ်သက်တယ်။ ဒါပေမယ့် လက်ကို ညစ်နွမ်းခံပြီး တိုက်ခိုက်ရမယ် ဆိုရင်လဲ တွေဝေနေမှာ မဟုတ်ဘူး။

“ဝူး။” အသံ တစ်သံနဲ့ အတူ အနက်ရောင် မီးတိမ်တိုက် ရှစ်ခုက ခပ်မြန်မြန် ထွက်ပေါ် လာပြီး နန်ကုန်းမုကို တားဆီး လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြေပြင်က ခပ်မြန်မြန် နစ်ဝင် သွားတော့တယ်။ နန်ကုန်းမုကတော့ ပြန်လည် မွေးဖွားမှု ငရဲတာအို အလယ်ကို ရောက်သွား ခဲ့တဲ့ အတွက် မရုန်းကန် နိုင်ခဲ့ဘူး။

ဝုန်း။ မြေပြင်ပေါ်ကို ပြုတ်ကျပြီး သစ်ကိုင်း သစ်ခက်တွေလဲ မြေကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခတ်မိတယ်။ မြေကြီးထဲကို သူပိုပြီးတော့တောင် နစ်ဝင် သွားခဲ့ပါတယ်။

နန်ကုန်းမုက နာကျင်နေပုံပဲ။

“နန်ကုန်းမု။ လက်လျော့လိုက်။ မင်း ငါ့ကို မနိုင်နိုင်ဘူး။” ဖန်ကျန်းရှီ ပြေးဆင်းလာရင်း နန်ကုန်းမုကို အမြန်ဆုံးနှုန်းနဲ့ ထိန်းချုပ်ဖို့ လုပ်တယ်။

“မဟုတ်ဘူး။ ငါမရှုံးဘူး။” နန်ကုန်းမု ဟိန်းဟောက်တယ်။

ဖန်ကျန်းရှီကတော့ မျက်မှောင်သာ ကြုတ်နေခဲ့တယ်။ နန်ကုန်းမုက ခေါင်းမာလွန်းတဲ့ သူတစ်ယောက်၊ နှစ်ဖက်ချွန် ဓားသွားနဲ့ တူညီတယ်။ သူက မင်းရဲ့ မိတ်ဆွေ အဖြစ် ရှိနေခဲ့ရင် မင်း အတွက် ဘာမဆို လုပ်ပေးနိုင်သလို။ မင်းရဲ့ ရန်သူ ဖြစ်သွားတာနဲ့ မင်းကို သေချာပေါက် အားကုန်သုံးပြီး ဆန့်ကျင်လိမ့်မယ်။

“ငရဲ။ ပြောင်းပြန်လည်။” ဖန်ကျန်းရှီ နောက်တစ်ခေါက် အော်လိုက်တယ်။ ချက်ခြင်း ဆိုသလို မြေကြီးထဲ နစ်ဝင်နေခဲ့တဲ့ နန်ကုန်းမုက ဖန်ကျန်းရှီ လက်ထဲကို ချက်ခြင်း ရောက်ရှိ လာပါတော့တယ်။

ပြန်လည် မွေးဖွားမှု ငရဲ တာအိုမှာ နည်းလမ်း နှစ်ခုကို အသုံးချလို့ ရတယ်။ ပထမ တစ်နည်းကတော့ အနက်ရောင် ငရဲ မီးလျှံတွေကို သုံးပြီး အရာအားလုံးကို ပြာချပြစ်ဖို့။ ဒုတိယ နည်းလမ်းကတော့ ဆွဲငင်အားနဲ့ တွန်းကန်အား နှစ်ခုကို အပြန်အလှန် အသုံးချပြီး ထိန်းချုပ် ထားဖို့ပါပဲ။

ဖန်ကျန်းရှီက ဒုတိယ နည်းလမ်းကို သုံးပြီး နန်ကုန်းမုကို ထိန်းချုပ်နိုင်ခြ့တယ်။

ရှင်းထျန်းက အကျိုး အများဆုံး ဆောင်ခဲ့သူလို့ ပြောရမှာ အမှန်ပါပဲ။ နန်ကုန်းမုက ခြေကုန်လက်ပမ်း ကျနေခဲ့တဲ့ အတွက် ကောင်းကောင်း မခုခံ နိုင်တော့ဘူး။

“ဖန်ကျန်းရှီ ငါ့ကို သတ်လိုက်။ ငါ့ကို မင်းသတ် နိုင်မှပဲ ငါအရှုံးပေးမယ်။” နန်ကုန်းမု နှုတ်ခမ်းထောင့်ကနေ သွေးတွေ ဆက်တိုက် စီးကျ လာခဲ့သလို သူအရမ်းကို ဒေါသထွက်နေခဲ့ပါတယ်။

“ငါ။”

“သတိထား။”

(ငါမင်းကို မသတ်ဘူး။)ဆိုတဲ့ စကားကို ဖန်ကျန်းရှီ ဆုံးအောင် မပြောနိုင်ခင် အချိန်မှာပဲ အင်အားကြီး တစ်ခု သူ့ကို ဖြတ်သွားမှန်း သတိထားမိလိုက်တယ်။

အကယ်၍ ဒီအင်အားကြီးသာ သူ့ကို တိုက်ရိုက် ရိုက်မိမယ်ဆိုရင် သေချာပေါက် သေရင်သေ မသေရင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမှာ အမှန်ပဲ။

မဖြစ်ဘူး။

“ရှင်းထျန်းရှေ့မှာ နန်ကုန်းမုကို ငါရိုက်လို့ မရဘူးပဲ။” ဖန်ကျန်းရှီ စွမ်းအား အရင်းအမြစ် လာရာ နေရာကို သတိထားမိသွားပါတယ်။

“သစ္စာတရား”ဆိုတဲ့ စကားလုံးက ရှင်းထျန်းနဲ့ အဆက်အသွယ် ဖြစ်လာ စေနိုင်သလို ရန်သူတွေလဲ ဖြစ်စေနိုင်တယ်။

အနိုင်အရှုံးကတော့ အရေးမကြီးဘူး။ ဖန်ကျန်းရှီရဲ့ ခေါင်းအနောက် ဘက်ကနေ လေစီးကြောင်း တစ်ခု ဖြတ်စီးသွား ခဲ့တယ်။ ဒါက တိုက်ခိုက်မှု မဟုတ်ခဲ့ဘူး။ တိုက်ခိုက်မှုကြောင့် ဖြစ်လာခဲ့တဲ့ အရှိန်အဝါ သက်သက်ပါ။

ဘန်း။ ဖန်ကျန်းရှီ ခါးနာ သွားတဲ့ အတွက် နန်ကုန်းမု လက်ကို လွှတ်ချလိုက်ပြီး ပြုတ်ကျသွားပါတော့တယ်။ သူ့အရှိန်နှုန်းကြောင့် မြေပြင်မှာ ချိုင့်တစ်ခု ဖြစ်ပေါ်လာပြီး ချိုင့်ထဲကို သူကျသွားခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။”

“ကျန်းရှီ။”

“ကျန်းရှီ အဆင်ပြေရဲ့လား။” ချီကူယန်နဲ့ ရန်ရွှယ့် အသံက တစ်ပြိုင်နက်တည်း ထွက်ပေါ် လာပါတယ်။

“စိတ်အေးအေးထား။ ငါ အဆင်ပြေတယ်။” ဖန်ကျန်းရှီ ခါးနာ(ကျောအောင့်) သွားပေမယ့် အခုချိန်မှာ သူပြေးမသွား သင့်ဘူး။ မဟုတ်ရင် အားလုံး တိုက်ခိုက်တာ ခံရလိမ့်မယ်။

“အား။ ရှင်းထျန်း ငါနင့်ကို သတ်မယ်။”

“ပင်းယန် မလုပ်နဲ့။”

တွန်းတွန်းထိုးထိုး တချို့ တလေ ဖြစ်ပြီး ချိန်မှာတော့ အားလုံးက ပြန်တည်ငြိမ် သွားပါတော့တယ်။

ဖန်ကျန်းရှီလဲ ချိုင့်ထဲကနေ ပြန်ထွက်လာတယ်။ လက်တစ်ဖက်မှာ ခြေရာမဲ့ဓားကို ကိုင်ထားပြီး နောက်လက်တစ်ဖက်မှာတော့ တခြား ဓားတစ်လက်ကို ကိုင်ထားခဲ့တယ်။ ငါးရောင်ခြယ် အလင်းတန်းကလဲ သူ့မျက်ဝန်းထဲမှာ တောက်ပနေခဲ့ပါတယ်။

ကောင်းကင်မှာတော့ အရမ်းကို ရူးသွပ်နေတဲ့ ရှင်းထျန်းက နန်ကုန်းမုကို ပုခုံးပေါ်မှာ တင်ထားရင်း သူ့ရှေ့မှာ ရှိသမျှ အရာအားလုံးကို ဆက်တိုက် တိုက်ခိုက် နေခဲ့တယ်။

“သတ်။ သတ်။” နန်ကုန်းမုရဲ့ အသံက တိုးညှင်းလွန်းလှတယ်။ ရှင်းထျန်း ပုခုံးပေါ်မှာ သူက လှဲလျောင်းနေတယ်။ ရှင်းထျန်းက ကြီးမားလွန်းလှတဲ့ အတွက် သူကောင်းကောင်း အိပ်စက်လို့ ရနိုင်တယ်။

“သေကြစမ်း။” ရှင်းထျန်းကတော့ အခုချိန်မှာ ထွက်သွားဆိုတဲ့ စကားကို မအော်တော့ပါဘူး။ ဖန်ကျန်းရှီကို သူသေစေချင် နေခဲ့တယ်။

“ငါ့မှာ ရွေးစရာ မရှိဘူးတိုက်ခိုက် ရမှာပဲ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။ ဒါပေမယ့် ရှင်းထျန်းလို အင်အားကြီးသူကို ရင်ဆိုင်တဲ့ နေရာမှာ သတိလက်လွတ် ဖြစ်လို့ မရဘူး။

ရှင်းထျန်းကိုသာ လုံး၀ ဥဿုံ အာရုံစိုက်ထား လိုက်ပါတယ်။

တိုက်ပွဲက သူ့မူလ အစီအစဉ်နဲ့ ကွာခြား နေပင်မယ့် မျှော်လင့် ထားသလို ဖြစ်လာခဲ့တယ်။ သူ့မှာ ယုံကြည်ချက် ၅၀% ရှိတယ်။ ဒါက အဆုံးအရှုံး များနိုင်တဲ့ အစီအစဉ် တစ်ခုပဲ။ နန်ကုန်းမုကြောင့် အစီအစဉ်ကို ကျရှုံးရမယ်လို့ သူလဲ မတွေးမိ ခဲ့ဖူးဘူး။

ရှင်းထျန်းက နန်ကုန်းမုကို မသတ်လောက်တဲ့ အကြောင်း သေချာပေါက် တွေးထားပေမယ့် နန်ကုန်းမုက ရှင်းထျန်းကို ကူညီပြီး ခေါင်းကို ရအောင် ယူမယ့် ကိစ္စကိုတော့ သူမတွက်ချက် မိခဲ့ဘူး။

ဒီကိစ္စက ရူးချင်စရာ ကောင်းလွန်းတယ်။ သူ့စိတ်ထဲမှာ အရင်ဘဝက မှတ်ဉာဏ်တွေ အခုထိ ကျန်နေသေးတယ်။ အရင်လောကမှာ ဘယ်သေပြီးသား သူက ကိုယ့်ခေါင်းကို ပြန်ရှာပြီး ဆက်နေတာမျိုး ရှိဖူးလို့လဲ။ မဟုတ်တမ်း တရားတွေ။

ပြတ်သွားတဲ့ လက်တွေ ပြန်ဆက်နိုင်တာကို သူသိပေမယ့် ပြန်ဆက်သွား ခဲ့ရင်တောင် အရင်လောက် စွမ်းဆောင်နိုင် တော့မှာ မဟုတ်ဘူး။

လက်တောင်မှ မဖြစ်နိုင်တာ ခေါင်းကတော့ ပိုလို့တောင် ဆိုးသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက အဖြတ်ခံ ခဲ့ရပြီး မြုပ်ခံ ရတဲ့ ခေါင်းက ပြာဖြစ်လောက်ပြီ မဟုတ်လား။ ရှင်းထျန်း ခေါင်းပေါ်မှာ ပြန်ဆက်နိုင်တယ် ဆိုရင်တော့ သေချာပေါက် အံ့သြစရာ ကောင်းလိမ့်မယ်။

နန်ကုန်းမု စိတ်ထဲမှာ ဒီလို အံ့သြစရာ အတွေး ရှိနေပြီး ခေါင်းကို ရှာလိမ့်မယ်လို့ ဖန်ကျန်းရှီ စဉ်းတောင် မစဉ်းစား ခဲ့ဖူးဘူး။

ဒါပေမယ့် နန်ကုန်းမုကတော့ လုပ်ခဲ့တယ်။ ဒါ့အပြင် ရှင်းထျန်းသာ သူ့ကို ကူညီပြီး တခြားသူတွေကို သတ်ပေးရင် ခေါင်းကို ရအောင် လုပ်ပေးမယ် လို့လဲ ကတိပေးလိုက် သေးတယ်။

အားလုံး ပြီးသွား ချိန်မှာတော့ ဖန်ကျန်းရှီ သူ့ကိုယ်သူ နတ်သမီးပုံပြင် ဆန်ဆန် လောကထဲ ရောက်နေမှန်း နားလည် သွားတော့တယ်။ ကျိုးသွားတဲ့ လက်ကို ပြန်ဆက်လို့ ရရုံတင် မကဘူး။ ပြတ်သွားတဲ့ ခေါင်းကိုပါ ပြန်ဆက်လို့ ရနိုင်တယ်။

မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောဝံ့မလဲ။

“သေစမ်း။”

“သေစမ်း။”

ရှင်းထျန်းရဲ့ အော်ဟစ်သံနဲ့ အတူ မြင်းရိုင်းလို ဆက်တိုက် တိုက်ခိုက်မှုတွေက ကျရောက် လာပါတယ်။ ဖန်ကျန်းရှီလဲ ဒါက ဧကရာဇ် နှစ်ပါး ဆင့်ကဲ လက်ဆင့်ကမ်းခဲ့တဲ့ တိုက်ပွဲ နည်းစနစ် တစ်ခု ဖြစ်မယ်လို့ ခန့်မှန်း မိတယ်။

အော်သံကို အသုံးချပြီး ယုံကြည်မှုကို တိုးပွားအောင် လုပ်တယ်။

“အစီအစဉ် ကျရှုံးပြီ။ ယန်အာ။ အရင်သွား။ ငါ ရှင်းထျန်းကို အာရုံလွှဲထားမယ်။” ဖန်ကျန်းရှီက ချက်ခြင်း ်မပြေးခဲ့ဘူး။ ရွှေရောင် မြူနှင်းတွေလဲ အခုချိန်ထိ ရှိနေသေးတယ်။

ချီကူယန်တို့တွေကို နောက်တစ်ကြိမ် တိုက်ခိုက် ခိုင်းလို့လဲ မဖြစ်ပြန်ဘူး။ ရလဒ်က ဆိုးဝါးလိမ့်တယ်။ သူက လွဲပြီး ချီကူယန်နဲ့ တခြား လူသားတွေ အားလုံး သေနိုင်တယ်။

“မင်း အစီအစဉ် မအောင်မြင် တာတောင် ထွက်သွားမလို့လား။” ဒီအချိန်မှာပဲ ရူးချင်စရာ အသံ တစ်သံက ဖန်ကျန်းရှီ အနောက်ဘက်ကနေ ထွက်ပေါ် လာပါတော့တယ်။

ကြီးမားတဲ့ အနီရောင် အကြေးခွံတွေ အပြည့် ဖုံးလွှမ်း ထားခဲ့တဲ့ လက်တစ်ဖက်က ရုတ်တရက် ပေါ်ထွက်လာတယ်။

ဒီလက်သည်းကြီးက ဖန်ကျန်းရှီကို စကားသံနဲ့ ထွက်ပေါ် လာချိန်မှာ တပြိုင်နက်တည်း တိုက်ခိုက်ပါတယ်။

“ဘာကြီးလဲ။” ဖန်ကျန်းရှီက ရှင်းထျန်းကိုသာ အပြည့်အ၀ အာရုံ စိုက်နေခဲ့တဲ့ အတွက် သူ့နောက်မှာ တခြားသူ တစ်ယောက် အလစ်ဝင်တိုက်ဖို့ လုပ်နေတာကို သတိမထားမိ ခဲ့ဘူး။ ဒါ့အပြင် ဘာအရှိန် အဝါကိုမှ မခံစားမိဘဲ ရှိနေခဲ့တယ်။ လက်ကိုတော့ သူမှတ်မိတယ်။ ဒါက ချုံးချီရဲ့ လက်သည်းပဲ။

ချုံးချီရဲ့ တိုက်ခိုက်မှုကြောင့် ဖန်ကျန်းရှီ လွင့်ထွက် သွားပြီး ရှင်းထျန်းရဲ့ ပုဆိန်ကြီးကလဲ သူ့ခေါင်းနေရာကို ကျရောက်လာခဲ့တယ်။

“ကျန်းရှီ။”

“မြန်မြန်ရှောင်။”

“ရပ်တန့်။”

ရန်ရွှယ်၊ ပင်းယန်နဲ့ ချီကူယန်ရဲ့ အသံတွေကို ဆက်တိုက် ကြားလိုက်ရတယ်။

ရှင်းထျန်း ခန္ဒာကိုယ်ကလဲ တောင့်တင်းသွားပြီး ပုဆိန်ကြီးကလဲ သူ့ခေါင်းနဲ့ တစ်လက်မ အလိုမှာ ရပ်တန့်သွားတယ်။ အေးစက် စူးရှတဲ့ အရှိန်အဝါတွေက သူ့ဦးရေပြားတွေကိုတောင် ထုံကျင် လာစေခဲ့တယ်။

ချီကူယန်ကတော့ ရှင်းထျန်းရဲ့ ပုဆိန်ကြီးကို နောက်ဆုံး အချိန်မှာ ကပ်သီးလေး တားဆီးနိုင်ခဲ့တယ်။

ဒါပေမယ့် အက်ကွဲသံတွေ ဆက်တိုက် ကြားရပြီး ပုဆိန်ကြီးက နောက်ထပ် ရွေ့လျား လာပြန်တယ်။ ချီကူယန်ကတော့ ပါးစပ် အပြည့်သွေးတွေကို အန်ထုတ်နေခဲ့ပြီ။

ဖန်ကျန်းရှီ နောက်ထပ် တွေေ၀ မနေတော့ဘူး။ မျှော်လင့်ချက်က မျှော်လင့်ချက်ပဲ။ မိုးပြာရောင် အလင်းတန်းက သူ့ ခန္ဒာကိုယ်ပေါ်မှာ တောက်ပလာပြီး ကောင်းကင် တာအိုနဲ့ ထွက်ပြေးဖို့ လုပ်တယ်။

သူပြေးတော့မယ့် အချိန်မှာပဲ ရှင်းထျန်းရဲ့ ပုဆိန်ကြီးက နေရာ ပြောင်းသွားပြီး ဖန်ကျန်းရှီကို လာရိုက်ခတ်တယ်။

ဝုန်း။

မိုးပြာရောင် အလင်းတန်းနဲ့ အတူ ဖန်ကျန်းရှီ မြေကြီးထဲကို နောက်တစ်ကြိမ် ပြုတ်ကျပြန်တယ်။

“အရှက်မရှိတဲ့ကောင်။” ချီကူယန် အော်ဟစ်ရင်း ဖန်ကျန်းရှီဆီကို မြန်ဆန်လွန်းလှတဲ့ အရှိန်နှုန်းနဲ့ ထိုးဆင်း သွားခဲ့တယ်။

သူတင်မကဘူး ပင်းယန်နဲ့ ရန်ရွှယ်ပဲ အတူတူ ထိုးဆင်းလာတယ်။

“ဟဟား။ အားလုံးကို သတ်မယ်။” ချုံးချီနဲ့ အသံကို ကြားလိုက် ရပြီးနောက် နတ်သားရဲကောင် ဆယ်ကောင်ကျော် ချက်ခြင်း ပေါ်ထွက် လာခဲ့ပါတယ်။

နန်ကုန်းမု မြေပြင်ပေါ်ကို ပြုတ်ကျတဲ့ အချိန်၊ ချုံးချီနဲ့ တခြား နတ်သားရဲကောင်တွေလဲ တစ်ခုခု လွဲနေတာကို ခံစားမိတဲ့ အတွက် ချက်ခြင်း မြူနှင်းထဲကို ပြေးဝင် လာခဲ့ကြတယ်။ ဒါ့အပြင် သူတို့တွေက တိတ်တဆိတ် စောင့်ဆိုင်း နေခဲ့ကြပြီး ဖန်ကျန်းရှီနဲ့ လူသားတွေကို သတ်ဖြတ်ဖို့ အချိန်ကိုလဲ စောင့်ဆိုင်း နေခဲ့သေးတယ်။

ကောင်းကင်က သူ့ကို မျက်နှာသာ ပေးခဲ့တယ်။ ဖန်ကျန်းရှီက ရှင်းထျန်းနဲ့ ပုဆိန်နဲ့ အရိုက်ခံလိုက် ရတဲ့ အတွက် ဒီလို အခွင့်အရေးကောင်းကို သူအလွတ် မခံနိုင်ခဲ့ဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတဲ့ ဖန်ကျန်းရှီကို သူချက်ခြင်း တိုက်ခိုက် ပါတော့တယ်။

ရှင်းထျန်းကို အသုံးချပြီးလဲ ဖန်ကျန်းရှီကို သတ်ဖြတ်ဖို့ သူ စီစဉ်ထားခဲ့တယ်။

အခုတော့ ချီကူယန်တို့တွေပါ ဆင်းလာ ခဲ့ပြီ။ အင်အားကြီး လူသားတွေကို သတ်ဖို့ အရမ်းကို ရှားပါးတဲ့ အခွင့်အရေးကို သူရသွားပါတယ်။

“တစ်ယောက်ကိုမှ အလွတ်မပေးနဲ့။” ထျောင်ဝူလဲ လှမ်းအော်တယ်။ သူအော်ဟစ်ရင်း အားအနည်းဆုံး ပင်းယန်နဲ့ ရန်ရွှယ်ကို အတူတူ သတ်ပြစ်ဖို့ လုပ်တယ်။

တခြား တစ်ဖက်မှာတော့ ချုံးချီက ဖန်ကျန်းရှီဆီကို ပြေးဝင် လာခဲ့တယ်။ ရှင်းထျန်းရဲ့ ပုဆိန်စာ မိသွားတဲ့ ဖန်ကျန်းရှီ သေမသေ သူအတည်ပြု ချင်တယ်။

ဒါပေမယ့် ချီကူယန်က သူ့ကို အခွင့်အရေး မပေးခဲ့ဘူး။ ထောင်သောင်းချီတဲ့ ကြယ်အလင်းတန်းတွေက ချုံးချီဆီကို ပြေးဝင် လာခဲ့သလို ရွှမ်ယွမ်ဝူ၊ မုချင်းဖန်းနဲ့ တခြား လူသားတွေ အားလုံးလဲ ပြေးဆင်း လာခဲ့ကြ ပါတယ်။

တိုက်ပွဲကြီးကတော့ စတင်ခဲ့ပြီ။ ရှင်းထျန်းက ဖန်ကျန်းရှီကို သတ်ချင်တယ်။ ချုံးချီကလဲ ဖန်ကျန်းရှီကို သတ်ချင်တယ်။

နတ်သားရဲကောင် ဆယ်ကောင်ကျော်နဲ့ နတ်ဆိုးတွေကလဲ တိုက်ပွဲထဲကို ဝင်လာခဲ့ပြီ။ ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် တိုက်ပွဲ ရလဒ်က လူသားမျိုးနွယ် အတွက် အဆုံးသတ် ဖြစ်နေခဲ့တော့တယ်။

ကျယ်လောင်တဲ့ ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားနေ ခဲ့ရပေမယ့် ချီကူယန်က နောက်မဆုတ်ခဲ့ဘူး။ ကြယ်အလင်းတန်းတွေကို သုံးပြီး ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရပ်တည်ရင်း ချုံးချီနဲ့ ရှင်းထျန်းရဲ့ တိုက်ခိုက်မှုတွေ အားလုံးကို ခုခံ နေခဲ့တယ်။

ရန်ရွှယ်နဲ့ ပင်းယန်ကတော့ ထျောင်ဝူကို ရင်ဆိုင်တယ်။ ရွှမ်ယွမ်ဝူကလဲ အရမ်းကို မြန်ဆန်သလို ရူးသွပ်နေတဲ့ နတ်သားရဲကောင်တွေကို မုချင်းဖန်းနဲ့ အတူတူ တိုက်ခိုက် နေခဲ့ပါတယ်။

“တိုက်ခိုက်။”

“အားလုံးကို သတ်ပြစ်။”

“ရှင်းထျန်း လက်မဦးခင် ဖန်ကျန်းရှီကို အရင်သတ်။”

ဒေါသထွက်နေကြတဲ့ နတ်သားရဲကောင်တွေ အားလုံးက ယုံကြည်ချက် အပြည့်နဲ့ လူသားတွေကို ဝါးမျို တိုက်ခိုက်တယ်။

“အရှက်မရှိတဲ့ သူခိုးကောင် နင်သေလို့ မဖြစ်ဘူး။ သေချာပေါက် သေလို့ မဖြစ်ဘူး။” ချီကူယန်က အရမ်းကို ဆုံးဖြတ်ချက် ခိုင်မာတယ်။ ချုံးချီ ဘာလုပ်လု်ပ သူမကတော့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဓားအလင်းတန်းက လေထဲကို ဖြတ်ထွက်လာခဲ့တယ်။

ချုံးချီကတော့ မြေပြင်ကို အားပြုရင်း နောက်ကို ငါးလှမ်း ဆုတ်သွားခဲ့ ရပါပြီ။ ဓားအလင်းတန်းက ကြယ်အလင်းတန်းတွေနဲ့ အသွင်တူ နေခဲ့တယ်။ ချီကူယန်က သူ့ကို တိုက်ခိုက်နိုင်တဲ့ အထိ အင်အားကြီး နေမယ်လို့ ချုံးချီ မထင်ထား မိခဲ့ဘူး။

ဒါပေမယ့် သူကတော့ ပိုပြီးတော့ စိတ်အား ထက်သန် လာခဲ့တယ်။ ချီကူယန် ပိုပြီးတော့ အားကောင်းလေလေ သူ့ရဲ့ သတ်ဖြတ်ချင်စိတ်က ပြင်းထန်လေပါ။ ဒီအခွင့်အရေးကို သူလက်လွတ် မခံနိုင်ဘူး။ ချုံးချီ နောက်တစ်ကြိမ် ခုန်ဝင် တိုက်ခိုက်တယ်။

သူ့ရဲ့ တောင်ပံကြီးတွေကနေ အလင်းတန်းတွေ ထွက်ပေါ် လာပြီး တိုက်ခိုက်မှု တစ်ခုချင်းစီ တိုင်းကလဲ ဓားသွားတွေလို ထက်ရှ လာခဲ့တယ်။

“ဂျွတ်။” ချုံးချီရဲ့ လက်သည်းနဲ့ ထိခိုက်မိ သွားတဲ့ ချီကူယန် ပုခုံးမှာ အဖြူရောင် သံချပ်ကာက ပွင့်ထွက် သွားပြီး သွေးတွေလဲ ဆက်တိုက် စီးကျ လာခဲ့ပါတယ်။ သူမကတော့ တစ်ချက်လေးတောင် မျက်မှောင် မကြုတ်ခဲ့ဘူး။

“ဝုန်း။”

ချုံးချီကို ကန်ထုတ်ရင်း မြေပြင်ကို လဲကျသွားစေတယ်။

ဒီအချိန်မှာပဲ ရှင်းထျန်းက ရောက်ရှိ လာပြီး ချီကူယန်ကို ပုဆိန်နဲ့ ခုတ်ပြစ်ဖို့ လုပ်တယ်။

“ငါနောက်မဆုတ် နိုင်ဘူး။ အရှက်မရှိတဲ့ ကောင်စုတ် သေသွားရင်တောင် ငါနောက်မဆုတ်နိုင်ဘူး။” ချီကူယန်ရဲ့ ကြယ်တာရာ မျက်ဝန်းတွေက ပိုတောက်ပလာရင်း ဆက်တိုက် ပြန်တိုက်ခိုက် ပါတော့တယ်။ ဓားနဲ့ ပုဆိန် ထိမိ သွားချိန်မှာ လေလှိုင်းတွေက အပြင်ကို ပြန့်ထွက်လာခဲ့တယ်။ သန်မာလွန်းလို့ ကျောက်တုံးတွေတောင် အက်ကွဲကုန်ပြီး နတ်သားရဲကောင်တွေလဲ လန့်ကုန်ကြတယ်။

“ချီကူယန်လို့ ခေါ်တဲ့ လူသားက အင်အားကြီးလိုက်တာ။”

“ဒါပေမယ့် ရှင်းထျန်းကိုတော့ သူမနိုင်ပါဘူး။”

“သေချာတာပေါ့။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက သေချာ နေခဲ့တယ်။ သူတို့တွေ အံ့သြလောက်အောင် ချီကူယန်က ဒီတိုက်ခိုက်မှုမှာ တစ်လက်မလေးတောင် မရွေ့သွား ခဲ့ဘူး။ ခြေထောက်က မြေကြီးထဲမှာ နစ်ဝင်နေရင်း ကြယ်အလင်းတန်း တွေကလဲ သူမ ခန္ဒာကိုယ်မှာ တောက်ပ နေခဲ့တယ်။

“ထွက်သွားစမ်း။” ကျယ်လောင်တဲ့ အော်ဟစ်သံနဲ့ အတူ ကြီးမားတဲ့ မြွေအမြီးကြီးက သူနောက်မှာ ထွက်ပေါ်လာရင်း ရှင်းထျန်းကို ရိုက်ထုတ်ပြစ်တယ်။

ရှင်းထျန်းက မြေပြင်ကို လိမ့်သွားပြီး သူ့ရဲ့ ပုဆိန်ကြီးတောင် လွတ်ကျမတတ် ဖြစ်သွား ခဲ့ရပါတယ်။

“…”

လောကကြီး တစ်ခုလုံးကတော့ တိတ်ဆိတ်သွားခဲ့တယ်။

အပိုင်း (၁၀၉၀) ပြီး၏။

All Chapters