← Chapters

အပိုင်း (၁၁၀၁-၁၁၁၇)

Vol. 11 Ch. 1101-1117

အပိုင်း (၁၁၀၁-၁၁၁၇)

Vol. 11 Ch. 1101-1117

အပိုင်း (၁၁၀၁)

“ကောင်းကင်ကို ပေါက်ကွဲတဲ့ အထိ ဓားနဲ့ ခုတ်ပြစ်မယ်။”

…

ရှင်းထျန်းနဲ့ ဧကရာဇ်ဟွမ်ရဲ့ တိုက်ပွဲကတော့ ရှင်းထျန်း ခေါင်းပြတ်တာနဲ့ အဆုံးသတ် သွားခဲ့တယ်။ ရှင်းထျန်း ခေါင်းကို ဧကရာဇ်ဟွမ် ရွှမ်ယွမ်က ဖြတ်လိုက်ပြီး နတ်ဘုရား အရင်းအမြစ် အတွက် နတ်ဆိုး ချိတ်ပိတ်စည်း အဖြစ်ကို ပြောင်းလဲ ခဲ့တယ်။ ရှင်းထျန်းရဲ့ အငြိုးအတေး တွေကတော့ အဆုံးမဲ့တဲ့ သတ်ဖြတ် လိုစိတ် အဖြစ်ကို ပြောင်းလဲ သွားပါတယ်။

ဒီသတ်ဖြတ်လို စိတ်တွေက နတ်ဘုရား အရင်းအမြစ် အပေါ်မှာ ဘယ်တော့မှ မပျောက်ကွယ် ခဲ့ဘူး။

နောက်ဆုံးမှာတော့ ဧကရာဇ် နှစ်ပါးရဲ့ အကြံကို သူနားလည် သွားခဲ့တယ်။ သူတို့တွေက နတ်ဘုရား အရင်းအမြစ်နဲ့ သူ့ဝိဉာဉ်ကို ချိတ်ပိတ် ချင်ခဲ့တာပဲ။

“အား။” ချီယို့ အရမ်းကို မကျေမနပ် ဖြစ်ခဲ့တယ်။ အခွင့်အရေးကို သူရလိုက် ပေမယ့် လက်တွေ့ အမှန်တရားကတော့ နာကျင်စရာ ကောင်းလွန်းတယ်။

ဧကရာဇ် နှစ်ပါးက သူ့ရဲ့ ဖြစ်တည်မှုကို ရှာတွေ့ သွားပြီး အခွင့်အရေးလေး တစ်ခုတောင် မပေးခဲ့ဘူး။

နှစ်ပေါင်း ၁၀၀ ကုန်လွန် သွားခဲ့တယ်။ အဲ့ဒီ့နောက် နှစ်ပေါင်း ၁၀၀၀။ ချီယို့ကတော့ နတ်ဆိုး ချိတ်ပိတ်စည်း အောက်မှာ ဆက်တိုက် ဖိနှိပ်ခံ နေရဆဲ။ သူ့ရဲ့ သတ်ဖြတ်လို စိတ်တွေနဲ့ အမုန်းတရားတွေက မကျေပျက်ဘဲ ပိုပြီးတော့သာ အားကောင်း လာခဲ့တယ်။

ချီယို့ရဲ့ စွမ်းရည်က ရှေးဟောင်း စစ်ပွဲမှာနဲ့ မတူညီတော့ဘူး။ နတ်ဘုရား အရင်းအမြစ်နဲ့ သူက အပြည့်အ၀ ပေါင်းစည်း သွားခဲ့ပြီးပြီ။ ဒါပေမယ့် အချုပ်အနှောင်ကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။

မရေမတွက် နိုင်အောင် သူကြိုးစား ခဲ့ပေမယ့် သူဘယ်လောက်ပဲ အင်အားကြီး နေပါစေ နတ်ဆိုး ချိတ်ပိတ်စည်းကို အထဲကနေ ဖောက်ထွက်ဖို့ မဖြစ်နိုင်မှန်း နားလည် သွားခဲ့ရတယ်။

ဒါကြောင့် သူ လုပ်နိုင်တဲ့ အရာက တစ်ခုသာ ရှိတော့တယ်။

ငါးစာချမယ်။

အသန့်စင်ဆုံး စွမ်းအား အရင်းအမြစ်ကို ဖန်တီးပြီး စွမ်းအင် အရင်းအမြစ် သစ်ပင်ကို သုံးရင်း နတ်ဘုရား အရင်းအမြစ် အပြင်ဘက်မှာ သစ်သီးတွေ ပန်းပင်တွေ ပွင့်လန်း လာအောင် သူလုပ်ခဲ့တယ်။

နတ်ဘုရား အရင်းအမြစ် အသစ်ကို ဖန်တီးပြီး သူစောင့်ဆိုင်းတယ်။ အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတဲ့ အထိ သူစောင့်ဆိုင်းခဲ့တယ်။ ဒါပေမယ့် ဘယ်ငါးကမှ ငါးစာ လာမဟပ်ခဲ့ဘူး။ ကျယ်ပြန့်တဲ့ ပင်လယ်ကြီးက ခမ်းခြောက်တဲ့ မြေ အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။

ဘယ်လောက်တောင် နှစ်တွေ ကြာသွားလဲ ဆိုတာ မိုးနတ်မင်းသာ သိနိုင်လိမ့်မယ်။

ချီယို့လဲ နှစ်ထောင်ချီ စောင့်ဆိုင်း ခဲ့တာတောင် ဘယ်သူကမှ သူ့ဖြစ်တည်မှုကို ရှာမတွေ့ ခဲ့တဲ့ အတွက် စိတ်ပျက် အားလျော့လု နီးပါး ဖြစ်ခဲ့တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီတို့ အုပ်စုက ရောက်လာခဲ့တယ်။

သူဖန်တီး ထားခဲ့တဲ့ စွမ်းအား အရင်း အမြစ် သစ်ပင်က စွမ်းအင်တွေကို ဖန်ကျန်းရှီတို့ မတော်တဆ စုပ်ယူခဲ့တယ်။ နတ်ဘုရား အရင်းအမြစ်ကိုလဲ နတ်ဆိုး မိစ္ဆာတွေက တိုက်ခိုက်ရင်း လုယူကြတယ်။

နောက်ဆုံးမှာတော့ ရှင်းထျန်းကို ပြန်ပြီး နိုးထ နိုင်စေလောက်အောင် လုံလောက်တဲ့ သွေးတွေ ထွက်လာခဲ့တယ်။

ရှင်းထျန်း လွတ်မြောက် သွားခဲ့ပြီးနောက် နတ်ဆိုး မိစ္ဆာတွေနဲ့ တိုက်ခိုက်ရင်း သွေးချောင်းစီးခဲ့တယ်။ ဒီသွေးတွေက မြေအောက်မှာ ရှိနေတဲ့ နတ်ဆိုး ချိတ်ပိတ်စည်းကို လာရိုက်ခတ်တယ်။

“နှစ်ထောင်ချီ စောင့်ဆိုင်းပြီး နောက်ဆုံးမှာတော့ အခွင့်အရေး ရောက်လာပြီ။” ချီယို့က ဟိန်းဟောက်လိုက်ရင်း ဧကရာဇ် နှစ်ပါးကို သတ်ဖို့ ကြိမ်းဝါး ခဲ့တယ်။ ဒါပေမယ့် လောကကြီးက ပြောင်းလဲ သွားခဲ့ပြီ။

ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ်က အသက်မရှိတော့ဘူး။

ဧကရာဇ်ယန်ရဲ့ တစ်ယောက်တည်းသော မျိုးဆက်နဲ့ ဧကရာဇ်ဟွမ် ပြန်ဝင်စား ချင်ယောင် ဆောင်နေတဲ့ လူတစ်ယောက်သာ ရှိတော့တယ်။

“ဟမ့်။” ချီယို့ နှာခေါင်းရှုတ် လိုက်တယ်။ ဖန်ကျန်းရှီ လက်ထဲမှာ ရွှမ်ယွမ်ဓားကို မြင်ပြီး တည်းက သူ့ကို အလွတ်ပေးဖို့ စိတ်ကူး လုံး၀ မရှိခဲ့ဘူး။

(ငါမင်းကို မသတ်ခင် အရင်ဆုံး ကျိုးနွံ သွားအောင် လုပ်ပေးမယ်။ ခုခံ ချင်တယ်ပေါ့။ ငါက နတ်ဘုရားတွေထက် သာလွန် နေပြီးပြီ။)

“မင်းက ဧကရာဇ်ဟွမ် ပြန်ဝင်စားတယ်လို့ ဟန်ဆောင် နေပင်မယ့် ငါ့ရှေ့မှာ ဧကရာဇ်ဟွမ် အစစ်ကြီး ရှိနေရင်တောင် သူက ငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။”

ချီယို့ရဲ့ အညှာအတာ ကင်းမဲ့တဲ့ အကြည့်တွေက အရမ်းကို အေးစက်နေခဲ့တယ်။ လေထဲမှာ ရုန်းကန်နေသူကို သူကြည့်ရင်း သူ သတိပြန်ဝင်လာတယ်။

“ဟမ်။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။” အတိတ်ကို ပြန်စဉ်းစားရင်း အချိန် အတော်ကုန်သွားတာကို ချီယို့ သတိထားမိတယ်။ ဒီအချိန် အတွင်းမှာ ဖန်ကျန်းရှီက အသက်ရှင်နိုင်ဖို့ အကြောင်းအရင်း လုံး၀ မရှိဘူး။

ဒါပေမယ့် ဖန်ကျန်းရှီက အသက်ရှင်နေရုံတင် မကဘဲ ဆက်တိုက် ခုန်ပျံ တက်နေသေးတယ်။ သူ့လက်ထဲမှာ ရှိနေတဲ့ ရွှမ်ယွမ်ဓားကလဲ တစ်ချက်လေးတောင် အားကုန်မယ့် ပုံစံ မရှိသေးဘူး။ တားဆီးတဲ့ သွေးနီရောင် အလင်းတန်းတွေကို ဆက်တိုက် ဖျက်ဆီးနေတယ်။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချီယို့တင် မကဘဲ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးပါ အလန့်တကြား ဖြစ်နေခဲ့တယ်။

ဒီလို ဖြစ်ရပ်က မျက်လုံးနဲ့ ကိုယ်တိုင် မြင်နေရတာသာ မဟုတ်ရင် ချဲ့ကား ပြောတယ်လို့သာ ထင်မိကြ လိမ့်မယ်။

ဖန်ကျန်းရှီက ရွှမ်ယွမ်ဓားကြီးကို ဝေ့ယမ်းရင်း စွမ်းအား တစ်ချက် မကုန်ဘဲ လမ်းဖောက် နေခဲ့တယ်။ တကယ်တော့ ရွှမ်ယွမ်ဓားရဲ့ စွမ်းအင်က လမ်းတစ်လျှောက်မှာ ပိုပြီးတော့ သန်မာ လာပါသေးတယ်။

“ထူးဆန်းလိုက်တာ။”

“ဒီကောင် လူကော ဟုတ်ရဲ့လား။”

“ဘယ်လိုလုပ် ဒီလောက် အကြာကြီး အသက်ရှင် နေနိုင်တာလဲ။”

နတ်သားရဲကောင်နဲ့ အားနည်းတဲ့ နတ်ဆိုး တစ်ချို့က လျှပ်စီးတန်းတွေကိုတောင် ခုခံ နိုင်စွမ်း မရှိကြဘူး။ ဒါ့အပြင် ကောင်းကင်မှာတော့ ထောင်ချီတဲ့ မိုးကြိုးတွေ ရှိနေခဲ့တယ်။

ဒီမိုးကြိုးတွေက ဖန်ကျန်းရှီကို ဘာကြောင့်များ မတားဆီး နိုင်ရတာလဲ။

သူတို့တွေ ကိုယ်တိုင်သာ မမြင်ခဲ့ရရင် ဖန်ကျန်းရှီလို အရူးမျိုး လောကမှာ ရှိနေမယ်လို့ ထင်မိမှာတောင် မဟုတ်ဘူး။

“သေပေရော့။” သွေးနီရောင် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ချီယို့က လျှပ်စီးတန်းတွေကို ဖြတ်သန်းရင်း ဖန်ကျန်းရှီ ဆီကို ပျံသန်း သွားခဲ့တယ်။

“ပွင့်။”

“ငါ့အတွက် ပွင့်လိုက်စမ်း။”

ဖန်ကျန်းရှီ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။

အခုချိန် ကောင်းကင်က မိုးကြိုးတွေကို ဖျက်ဆီးပြစ်ပြီး သူ့ဝတ်ရုံကို ပြန်ဝတ်ဖို့သာ အတွေး ရှိနေခဲ့တယ်။ နောက်ဆုံးတော့လဲ ဒါတွေ အားလုံးက ရှက်စရာ ကောင်းလွန်းလှတယ်။

ချီကူယန်နဲ့ ပင်းယန်တင် သူ့နောက်မှာ ရှိနေတာ မဟုတ်ဘူး နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကလဲ သူ့ကို ကြည့်နေ ကြသေးတယ်။ အဝတ်မပါတဲ့ သူ့ကို အားလုံး ကြည့်နေမယ် ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။

ဖန်ကျန်းရှီ စွမ်းအား ဖြုန်းတီး နေမိတာကိုလာ အာရုံ မထားမိဘူး။ သူ့ရဲ့ စွမ်းအင် အရင်းအမြစ်က သမုဒ္ဒရာကြီး တစ်ခုလို ဖြစ်နေတဲ့ အတွက် အလွယ်လေး မကုန်ဆုံး နိုင်တာကို သူသိတယ်။ မကုန်နိုင်မှတော့ ဘာများ ကြောက်စရာ ရှိအုန်းမှာလဲ။

“ဒီနေ့ ကောင်းကင်ကို ငါဖျက်ဆီး ပြစ်မယ်။” ဖန်ကျန်းရှီ ရူးရူးသွပ်သွပ် ပြေးတပ်တယ်။

ဝုန်း။ သွေးနီကောင် ကောင်းကင်ကြီးက သူ့ရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုကို မခံယူ နိုင်ခဲ့တဲ့ အတွက် ချက်ခြင်း ပျက်စီး သွားပြီး အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် လာပါတော့တယ်။ ကောင်းကင်က တကယ့်ကို ဖျက်စီး ခံရပြီ။

လောကကြီး တစ်ခုလုံး တိတ်ဆိတ် သွားသလို ချီယို့လဲ ရပ်တန့် သွားခဲ့တယ်။

နတ်သားရဲကောင်နဲ့ နတ်ဆိုး တွေကတော့ ပါးစပ် အဟောင်းသား နဲ့သာ ကြည့်နေခဲ့တယ်။ အားလုံးက ချော်ရည်ပူတွေကိုတောင် သတိမရနိုင်တော့ဘူး။

ရွှမ်ယွမ်ဝူကတော့ စိတ်သက်သာသာ ရသွားခဲ့တယ်။

(မိုးနတ်မင်းရေ။

ဒီကောင်တကယ် အောင်မြင် သွားတယ်ပေါ့။

ချီကူယန်ရဲ့ စကားကို ကြားပြီးတာနဲ့ ရူးသွပ်ပြီး ချီယို့ ဖန်တီးထားတဲ့ သွေးမှော်စက်ဝန်းကိုတောင် ဖျက်စီးနိုင် သွားတယ်။)

“ရွှမ်ယွမ် မင်း မြင်လား။ ဒီကောင်လေးက မင်းကို အရှက်မရ စေဘူး။ ရွှမ်ယွမ်ဓားက ရွေးချယ်မှု မှန်ကန်ခဲ့တယ်။” ရွှမ်ယွမ်ဝူကတော့ မျက်ရည်တွေ ဝဲနေခဲ့ပါတယ်။

ပင်းယန်၊ ဝူယွဲ့အာနဲ့ တခြားသူတွေလဲ ခြောက်ခြား နေခဲ့ကြတယ်။

အသက်ရှင် နိုင်မယ် ဆိုရင် ဘယ်သူက သေချင်မှာလဲ။

“ဖန်ကျန်းရှီ သတိထား။” ဒီအချိန်မှာပဲ နန်ကုန်းမုရဲ့ အသံကို ကြားလိုက် ရပါတယ်။

ဒါ့အပြင် နန်ကုန်းမုက ဖန်ကျန်းရှီ့ နောက်ကို ရောက်လာပြီး သူ့ကို ရိုက်ထုတ်လိုက်တယ်။

“နန်ကုန်းမု မင်း ဘာလုပ် ချင်နေတာလဲ။”

“မဖြစ်ဘူး။”

အားလုံးက နန်ကုန်းမုရဲ့ ခြိမ်းခြောက် နိုင်စွမ်းကို မေ့နေ ခဲ့ကြတယ်။ အားလုံး သတိလက်လွတ် ဖြစ်နေချိန်မှာ သူက တိုက်ခိုက်ခဲ့တယ်။

အတင့်ရဲလိုက်တာ။ ပင်းယန်ချက်ခြင်း ပြေးထွက် သွားခဲ့ပါတယ်။ ဒါပေမယ့် အံ့သြ စရာ ကောင်းလောက်အောင် ဖန်ကျန်းရှီက နန်ကုန်းမုရဲ့ တိုက်ခိုက်မှုကို မတုံ့ပြန် ခဲ့ဘူး။ ရွှမ်ယွမ်ဓားနဲ့သာ လုပ်စရာ ရှိတာ ဆက်လုပ် နေခဲ့တယ်။

“ဂျိန်း။” ဓားက ကောင်းကင်ပေါ်ကိုသာ ဆက်တိုက် ထိုးတက် နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အနောက်ဘက်မှာ အသံကျယ်ကြီး တစ်သံကို ကြားလိုက်ရတယ်။ နန်ကုန်းမုက နောက်ကို လွင့်ထွက် သွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့် မှာလဲ သွေးတွေ စီးကျ နေခဲ့တယ်။

ပင်းယန်ကတော့ အရမ်းကို ဒေါသထွက်လွန်းလို့ မျက်ဝန်းတွေတောင် နီရဲ နေခဲ့ပါတယ်။ ဖန်ကျန်းရှီကို အလစ်ဝင်တိုက်တဲ့ နန်ကုန်းမုကို သူမ လုံး၀ အလွတ်မပေးနိုင်ဘူး။

“အား။ နန်ကုန်းမု သေပေရော့။” ပင်းယန်လဲ နန်ကုန်းမုကို ရိုက်ချပြစ်တယ်။ မီးလျှံတွေက ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့ပါတယ်။

“ပင်းယန် မလုပ်နဲ့။” ချီကူယန်ရဲ့ အသံနဲ့ အတူ မြွေအမြီးကြီးက ပင်းယန်ကို ပြန်ဆွဲ လိုက်ပေမယ့် နောက်ကျ သွားခဲ့ပြီ။

ပင်းယန်က အပြည့်အ၀ မတိုက်ခိုက် နိုင်ခဲ့ပေမယ့် မီးလျှံတွေက နန်ကုန်းမု နောက်ကျောကို သွားရိုက်ခတ်တယ်။ ချက်ခြင်း ဆိုသလို နန်ကုန်းမု တစ်ကိုယ်လုံး တုန်ယင် သွားပြီး သွေးတွေ အန်ထုတ် ပါတော့တယ်။

ပင်းယန်ကတော့ အတော်လေး မကျေမနပ် ဖြစ်နေခဲ့တယ်။ ချီကူယန် တားမြစ်တာကို သူမ နားမလည် နိုင်ခဲ့ဘူး။ သူသာ မတားဘူး ဆိုရင် သေချာပေါက် နန်ကုန်းမုကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် ရိုက်ထုတ် မိလိမ့်မယ်။

“မမယန်လေး ဘာကြောင့်လဲ။” ပင်းယန် မေးတော့မယ့် အချိန်မှာပဲ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ အရိပ်ကြီးကို မြင်လိုက် ပါတော့တယ်။ ဒီခန္ဒာကိုယ်ကြီးက တောင်တစ်လုံးလို ကြီးမားလှတယ်။ ကြောက်စရာ အရှိန်အဝါတွေကလဲ အပြည့် ဖြစ်နေသေးတယ်။

ချီယို့က ဖန်ကျန်းရှီ နောက်မှာ ရှိနေတယ်။

နန်ကုန်းမုက ဖန်ကျန်းရှီကို ပြစ်မှတ်ထားတာ မဟုတ်ခဲ့ဘူး။

“..” ပင်းယန် တိတ်ဆိတ် သွားပါတော့တယ်။

သူ့ဘေးမှာ ရှိနေတဲ့ ရန်ရွှယ်ကတော့ တိုက်ခိုက် ခဲ့ပြီးပြီ။ သူက နန်ကုန်းမုကို ပြန်ဆွဲ ခေါ်လာခဲ့တယ်။

“မင်း အဆင်ပြေရဲ့လား။” ရန်ရွှယ် မေးလိုက်တယ်။

“အဟွတ် ဟွတ်။ ဘာများ ဖြစ်နိုင်အုန်းမှာလဲ။” နန်ကုန်းမု သွေးတွေကို အန်ထုတ် နေပင်မယ့် ပင်းယန်ကို အပြစ် မတင်ခဲ့ဘူး။

သူသာ ပင်းယန်ရဲ့ နေရာမှာ ရှိနေခဲ့ရင် တူညီတဲ့ ရွေးချယ်မှုကို လုပ်ခဲ့မှာပဲ။

ဒါပေမယ့် ဖန်ကျန်းရှီက နောက်ဆုံး အချိန်အထိ မခုခံဘဲ လျှပ်စီးတန်းတွေကို ဖျက်ဆီးဖို့သာ အာရုံ စိုက်နေခဲ့တာကို သူတကယ် နားမလည် နိုင်ခဲ့ဘူး။

“ဖန်ကျန်းရှီက ငါ့ကို ယုံကြည် နေသေးတာလား။”

ဒီအချိန်မှာပဲ ရွှေရောင် အလင်းတန်းကြီးက ချီယို့ ခေါင်းပေါ်ကို ထပ်မံ ကျရောက် လာခဲ့ပါတယ်။

ဝုန်း။ ဓားက ချီယို့ လက်မောင်းကို တိုက်ရိုက် သွားထိတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းလောက်အောင် ဘာဒဏ်ရာမှ ဖြစ်မလာခဲ့ဘူး။

သွေးစ တစ်ခုလေးတောင် မရှိခဲ့ ပါဘူး။

နန်ကုန်းမုတင် မကဘဲ ချီကူယန်၊ ရန်ရွှယ်၊ ပင်းယန်နဲ့ မော့ရှန်းရှီ တို့တောင် မယုံနိုင် ဖြစ်နေခဲ့တယ်။ သူက ဘယ်လိုများ ဒီလောက်ထိ အင်အားကြီးတာလဲ။

“ဒီလောက် ရူးရူးသွပ်သွပ် တိုက်ခိုက် တာတောင် ချီယို့ရဲ့ ခုခံ စစ်ကို မဖြတ်နိုင်ဘူးလား။” ရွှမ်ယွမ်ဝူကတော့ ရှေးတိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ခဲ့သူ ဖြစ်တဲ့ အတွက် အခုချိန်မှာ ဖန်ကျန်းရှီက ဧကရာဇ်ဟွမ်ထက် သန်မာနေမှန်း သူသိတယ်။

ဧကရာဇ်ဟွမ်က ချီယို့ကို ကိုးကြိမ်တိတိ ရှုံးခဲ့ပေမယ့် ဒီလောက် အဖြစ် မဆိုးခဲ့ဘူး။ ရွှမ်ယွမ်ဓားနဲ့ အခုတ်ခံရတာတောင် ဒဏ်ရာ မရတဲ့ ခန္ဒာကိုယ်။

“ရွှမ်ယွမ်ဓား။ ဟမ့်။” ချီယို့ ခန္ဒာကိုယ်ကို တစ်ချက် တွန့်လိုက်ပါတယ်။

“ဝူး။ အပြာရောင် အလင်းတန်းက တောက်ပလာပြီးနောက် ဖန်ကျန်းရှီ ပျောက်ကွယ် သွားခဲ့တယ်။ သိပ်မကြာခင်ပဲ ချီကူယန်နဲ့ ပင်းယန် အနားမှာ သူပြန်ပေါ်လာတော့တယ်။ နှုတ်ခမ်းထောင့်မှာလဲ သွေးတွေ ဆက်တိုက် စီးကျ နေပါသေးတယ်။

“ခဏလေး။” ဖန်ကျန်းရှီက ချီယို့ကို လှမ်းတားဆီးတယ်။

“ဟမ်။” ချီယို့လဲ တကယ် ရပ်တန့် သွားပါတယ်။

“ငါ့ကို အဝတ်အစား ဝတ်ခွင့် ပြုနိုင်မလား။” ရွှမ်ယွမ်ဓားကို လက်တစ်ဖက်မှာ ကိုင်ထားပြီး နောက်လက်တစ်ဖက် ကတော့ လျှို့ဝှက် နေရာကို ကိုင်ထားရင်း ပြောနေခဲ့တယ်။

“ဟဟားဟား။” ချီယို့ ရယ်မောလိုက်တယ်။ “ကောင်းပြီ။ မင်းက ငါ့ရဲ့ သွေးမှော်စက်ဝန်းကို ဖျက်ဆီးနိုင် မှတော့ လေးစားရမယ့် လူပဲလေ။ အဝတ်အစား ဝတ်ချိန် ပေးလိုက်မယ်။”

“ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း အဝတ်အစား တစ်စုံကို ထုတ်ဝတ် ပါတော့တယ်။

သူ အဝတ်အစား ဝတ်နေတဲ့ အချိန် ဘေးမှာ ရှိနေတဲ့ သူတွေကတော့ လေးလေးနက်နက် စောင့်ကြည့် နေခဲ့ကြတယ်။

ချီယို့က အရမ်းကို အင်အားကြီးလွန်းတယ်။ သူတို့တွေ မထင်မှတ် ထားလောက်တဲ့ အထိ အင်အားကြီးလွန်းတယ်။ သူတို့တွေ ပူးပေါင်း တိုက်ခိုက်ရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး။ ဒါပေမယ့် ပူးပေါင်း တိုက်ခိုက်ရင်တောင် အောင်မြင် နိုင်မှာလား။

“ရေလေးရော ချိုးလို့ ရမလား။” ဖန်ကျန်းရှီ သွေးတွေကို သုတ်ရင်း မျှော်လင့်တကြီး မေးလိုက်တယ်။

“ရတယ်။” ချီယို့ ခေါင်းငြိမ့်ရင်း ကောင်းကင်က သွေးနီရောင် အလင်းတန်းတွေကို ပြန်ဖမ်းယူလိုက်တယ်။

ဝုန်း။ အနီရောင် မိုးကြိုးတွေက ချက်ခြင်း စုဝေးသွားပြီး သွေးမှော်စက်ဝန်းကို ဖန်တီး ချိန်ကထက် ၂ဆပို သိပ်သည်း လာခဲ့ပါတယ်။

“မင်း ဒီမှာ ရေချိုးချင်ရင် ငါမင်းကို စောင့်မပေးနိုင်ဘူး။” ချီယို့က ပြုံးလိုက်ရင်း သွေးနီရောင် အလင်းတန်းတွေကို သုံးပြီး လှောင်အိမ်ကြီး တစ်ခုကို ဖန်တီး လိုက်တယ်။ ဖန်ကျန်းရှီနဲ့ တခြား လူသားတွေ အားလုံးကို သူဖမ်းဆီးတယ်။

ဝုန်း။ ဂျိန်း။

မိုးခြိမ်းသံတွေ ဆက်တိုက် ထွက်ပေါ် လာပြီးနောက် လှောင်အိမ်ကြီးက အစိုင်အခဲ တစ်ခု အသွင်ကို ပြောင်းလဲ သွားပါတော့တယ်။

ဖန်ကျန်းရှီကတော့ နောက်ဆုံး အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။ သူ့ကိုယ်သူ စွမ်းအား အရင်းအမြစ် အများကြီး ရှိတယ်လို့ ထင်ခဲ့ပေမယ့် လက်ရှိ အခြေအနေကို ကြည့်မယ် ဆိုရင် ချီယို့က သူ့ထက် အများကြီး စွမ်းအားပိုကြီး နေပုံပါပဲ။

ဒါက ပျော်စရာ မကောင်းဘူး။

ခန္ဒာကိုယ် စွမ်းအားရော အရည်အသွေးမှာပါ သူ့ပြိုင်ဘက်က ပိုသာလွန်နေတဲ့ အပြင် စွမ်းအင် အရင်းအမြစ်ကပါ ပိုကြီးမား နေသေးတယ်။ အခုချိန်မှာ အဖက်ဖက်က သူရှုံး နေခဲ့ပြီ။

အပိုင်း (၁၁၀၁) ပြီး၏။

အပိုင်း (၁၁၀၂)

“သက်ရှိ အားလုံးကို ဖျက်ဆီးခြင်း။”

…..

ဖန်ကျန်းရှီ ဒီလို စိတ်ပျက်ရတာ ပထမဆုံး အကြိမ် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ရဖို့ မျှော်လင့်ချက် မရှိတော့တဲ့ အထိ အခြေအနေ ကြုံရတာတော့ ပထမဆုံး အကြိမ် ဖြစ်ခဲ့တယ်။

ဝုန်း။

သွေးနီရောင် လျှပ်စီးတန်းတွေနဲ့ လုပ်ထားတဲ့ လှောင်အိမ်ကြီးက သူ့အနားကို ကပ်လာ နေခဲ့ပြီ။ အချိန် ထပ်ဖြုန်းလို့ မရတော့ဘူး။

“အရှက်မရှိတဲ့ ကောင်စုတ်။ အတူတူ လုပ်ကြစို့။” ချီကူယန် ပြောလိုက်ပါတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ အခုလို အခြေအနေမှာ သူတို့တွေ အင်အား ပေါင်းစည်းဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး။ သူ လွတ်အောင်တောင် မပြေးနိုင် တော့ဘူး။

“သွားကြစို့။”

ရွေးချယ်စရာ မရှိတော့တဲ့ အတွက် နောက်ထပ် တေ်ွဝေနေဖို့ မလိုတော့ပါဘူး။ ဖန်ကျန်းရှီ ချက်ခြင်း တိုက်ခိုက်ပါတယ်။ ချီကူယန်၊ ရန်ရွှယ်နဲ့ ပင်းယန်တို့လဲ ချက်ခြင်း အမှီလိုက်လာခဲ့တယ်။ ရွှမ်ယွမ်ဝူနဲ့ တိုက်ခိုက်နိုင်တဲ့သူ အားလုံးလဲ တိုက်ခိုက်ကြတယ်။

“ဟဟား။” ချီယို့ကတော့ ရယ်မော နေပါတယ်။

သွေးနီရောင် နေမင်းကြီးရဲ့ အလင်းတန်းက သူ့ခန္ဒာကိုယ်ပေါ်ကို ကျရောက်လာရင်း အနီရောင် အလင်းလွှာတွေက ပိုမို တောက်ပ လာခဲ့တယ်။

ဝုန်း။

ဝုန်း။

လျှပ်စီးတန်းတွေနဲ့ လုပ်ထားခဲ့တဲ့ လှောင်အိမ်ကြီးကတော့ ခပ်မြန်မြန် ကျုံ့နေ ခဲ့ပါပြီ။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ မူလ အရွယ်အစားရဲ့ တစ်ဝက်တိတိ ဖြစ်သွားခဲ့တယ်။ ဖန်ကျန်းရှီနဲ့ တခြားသူတွေလဲ ခုန်ရှောင် နိုင်စရာ မရှိတော့ဘဲ ချီယို့နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့သာ လုပ်ကြရတော့တယ်။

“နတ်ဘုရားသတ်။”

“ဓားကွက်။”

ဖန်ကျန်းရှီ သူ့ဓားနဲ့ တိုက်ခိုက်ပေမယ့် ချီယို့က ခုခံ လိုက်တယ်။ ချီကူယန်လဲ တပြိုင်နက်တည်း တိုက်ခိုက်ပါတယ်။ သူမ လက်ညှိုး ညွှန်လိုက်ချိန်မှာတော့ နောက်ဘက်မှာ ပေါ်လာတဲ့ အရိပ်ကြီးက ချီယို့ကို ရစ်ပတ်ဖို့ လုပ်တယ်။

ချီယို့ရဲ့ လက်တစ်ဖက်က ချီကူယန့် အမှီးကို တားဆီးလိုက် ပါတယ်။ သူ့မှာ လက်ခြောက်ဖက် ရှိနေခဲ့တယ်။ ချီယို့က အရမ်း အင်အားကြီးရုံတင် မကဘဲ ခြောက်ယောက် တစ်ယောက် တိုက်ခိုက်နိုင်စွမ်းကိုပါ ပိုင်ဆိုင် ထားသေးတယ်။

“မူး။” ရွှမ်ယွမ်ဝူ ပြေးဝင် လာခဲ့ပေမယ့် ရလဒ်ကတော့ ကျေနပ်စရာ မကောင်းခဲ့ဘူး။ ချီယို့ကို နောက်တစ်ဖက်မှာတော့ ပင်းယန်နဲ့ ရန်ရွှယ်က တိုက်ခိုက် နေခဲ့တယ်။ ချီယို့ကတော့ သူတို့ နှစ်ယောက်စလုံးကို လက်တွေနဲ့ ခါထုတ်ဖို့ လုပ်နေခဲ့ပါတယ်။

“မဖြစ်ဘူး။” ရွှမ်ယွမ်ဝူက အမြီးကို အသုံးပြုရင်း ချီယို့ရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ လုပ်တယ်။ ဒါပေမယ့် သူ့ခန္ဒာကိုယ်ကိုတော့ ချီယို့က တားဆီး ထားခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ချီယို့က သူတို့ အတွက် ကြီးမားလွန်း နေတယ်။

ဝုန်း။ ဝုန်း။ ပင်းယန်နဲ့ ရန်ရွှယ် လွင့်ထွက် သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် သွေးနီရောင် အလင်းတန်း လှောင်အိမ်ထဲကို တန်းတန်း မတ်မတ် ရောက်ရှိကုန်တယ်။

“နေရာပြောင်း။” ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ ပင်းယန်ကို အားသုံးရင်း သူနဲ့ နေရာ လဲလိုက်ပါတယ်။ သူကိုယ်တိုင်ကတော့ လှောင်အိမ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိတယ်။

“ဂျုန်း။” လျှပ်စီးတန်းကြီး လေထဲမှာ ထွက်ပေါ် လာပြီးနောက် ဖန်ကျန်းရှီ မျက်နှာ တစ်ခုလုံး နီရဲ သွားပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျ လာပါတော့တယ်။

ချီယို့က အရမ်း အင်အားကြီးလွန်းနေတယ်။ သူတို့ ပေါင်းစည်းပြီး တိုက်ခိုက်ရင်တောင် မနိုင်နိုင်ဘူး။ ချီယို့က နတ်ဘုရားတွေထက်ကို ကျော်လွန် နေပြီ။

“ဟဟား။ ပျော်စရာ ကောင်းလား။” ချီယို့ကတော့ ဖန်ကျန်းရှီတို့ အုပ်စုရဲ့ အလယ်မှာ ရှိနေရင်း သွေးနီရောင် လှောင်အိမ်ကြီးကို ထိန်းချုပ် ထားခဲ့တယ်။

ဘန်း။

ဖန်ကျန်းရှီက ချက်ခြင်း အလယ်ကို ပြန်ဆွဲယူ ခံလိုက် ရပြန်တယ်။ အခုချိန်မှာ ပုရွက်ဆိတ် တစ်ကောင်လို သူဆော့ကစား ခံနေရတယ်။ အောက်ဘက်မှာ ကြည့်နေကြတဲ့ နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ အားလုံးက ဒါကို မြင်ချိန်မှာ စကား မပြောဝံ့ကြဘူး။ သူတို့ရဲ့ စိတ်ထဲမှာတော့ လက်ခံ ထားတဲ့ အဖြေက ရှင်းလင်းတယ်။ ဒီတိုက်ပွဲကြီးက ပြီးသွားပြီ။

ဖန်ကျန်းရှီနဲ့ အုပ်စုက နိုင်နိုင်ချေ မရှိဘူး။ ချီယို့က နတ်ဘုရားတွေထက် သာလွန်နေပြီး လောက ခေါင်းဆောင် ဖြစ်နေပြီ။ ဘယ်သူကမှ သူ့ကို နိုင်နိုင်မှာ မဟုတ်တော့ဘူး။

“မျှော်လင့်ချက် မရှိတော့ဘူး။”

“ချီယို့က ရှေးခေတ်ရဲ့ ချီယို့ မဟုတ်တော့ဘူး။”

“သူက အရမ်း အင်အားကြီးလွန်း နေတယ်။ ဧကရာဇ် နှစ်ပါး အသက်ရှင် နေရင်တောင် သူ့ကို နိုင်နိုင်မှာ မဟုတ်ဘူး။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကတော့ အနာဂတ်မှာ အသက်ဆက်ရှင်ဖို့ အတွက် အညံ့ခံတာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်မယ်မှန်း နားလည် ထားတယ်။ သူတို့တွေ ဆက်တိုက် ဖိနှိပ် ခံရမယ် ဆိုရင်တောင် သေတာထက်တော့ ကောင်းပါသေးတယ်။

“မူ။” ရွှမ်ယွမ်ဝူက ရှေ့ကို ဆက်တိုး လာပေမယ့် နောက်ကို ထပ်မံ လွင့်ထွက် သွားရပြန်တယ်။

ဖန်ကျန်းရှီ ကတော့ အစွမ်းကုန် တိုက်ခိုက် နေခဲ့တယ်။ ဒါပေမယ့် ချီယို့ကို သူ့ဓားနဲ့ ခုတ်ချတဲ့ အချိန်တိုင်း ဘာမှ ဖြစ်မလာခဲ့ဘူး။ ချီကူယန်ရဲ့ မျက်နှာကလဲ ဖြူဖျော့ နေခဲ့တယ်။

သူ့ဒဏ်ရာတွေက အပြည့်အ၀ မပျောက်ကင်း သေးဘဲ ရှိနေတဲ့ အပြင် ခန္ဒာကိုယ်မှာလဲ သွေးစတွေ စွန်းထင်းနေပြီး ချွေးတွေ ဆက်တိုက် ထွက်နေခဲ့တယ်။

ပင်းယန်နဲ့ ရန်ရွှယ်ကတော့ ပီဖန်းနဲ့ ဧကရီ ပိုင်ကျစ်ကို မှီခို နေခဲ့ရတယ်။ နတ်သားရဲကောင် တွေသာ ရှိမနေခဲ့ရင် သူတို့တွေ အစောကြီးတည်းက အသက်ဆုံးရှုံး သွားမှာပါ။

တိုက်ပွဲက အချိန် မကြာခဲ့ဘူး။ ဖန်ကျန်းရှီတို့ အုပ်စု တစ်ခုလုံး အချိန်တို အတွင်းမှာ ဒဏ်ရာ ရကုန်ကြတယ်။ မော့ရှန်းရှီကလဲ ရွှမ်ယွမ်ဝူရဲ့ ကျောပေါ်မှာ လိမ့်နေခဲ့ပြီး နောက်ထပ် မထနိုင် တော့ပါဘူး။

“မင်းက အတိတ်မှာ ရှိခဲ့တဲ့ ဧကရာဇ်ဟွမ်ထက် တကယ် ပိုပြီး အင်အားကြီးတယ်။ ဒါပေမယ့် ငါကတော့ မင်းနဲ့ ဒီလို ဆက်ပြီး ကစား မနေချင်ဘူး။” ပြောပြီးချိန်မှာပဲ အနက်ရောင် မီးခိုးတွေကို ချီယို့ လွှင့်ထုတ် လိုက်ပါတယ်။

အနက်နဲ့ အနီ မီးခိုးတွေက လှောင်အိမ် တစ်ခုလုံးကို ဖုံးလွှမ်း သွားတော့တယ်။

မော့ရှန်းရှီလဲ ရွှမ်ယွမ်ဝူ့ ကျောပေါ်ကနေ လိမ့်ကျလာတယ်။ သူ့လည်ပင်းမှာ မမြင်ရတဲ့ လက်တစ်ဖက်က လာညှစ်ထားသလို မျက်နှာ တစ်ခုလုံး ခရမ်းရောင် ပြောင်းသွား ခဲ့ပါတယ်။

အဲ့ဒီ့နောက် ပင်းယန် ရန်ရွှယ်နဲ့ ယွင်ချင်းဝူ အားလုံးလဲ မီးခိုးငွေ့တွေထဲမှာ ရုန်းကန် နေခဲ့ရတယ်။

“အရှက် မရှိတဲ့ ကောင်စုတ်။ ငါ ငါ နောက်ထပ် မလုပ်နိုင်တော့ဘူး။” ပင်းယန် မျက်လုံး အပြူးသားနဲ့ ဆက်တိုက် ရုန်းကန် နေခဲ့တယ်။ ဒါပေမယ့် မလွတ်မြောက် နိုင်ခဲ့ဘူး။

“…” ယွင်ချင်းဝူကတော့ ဘာမှ မပြောဘဲ ဖန်ကျန်းရှီကိုသာ စိုက်ကြည့် နေခဲ့တယ်။

“သွားတော့ ဂရု မစိုက်နဲ့။” ရန်ရွှယ့် မျက်ဝန်းတွေက အသက်မဲ့ နေခဲ့တယ်။ အနောက်ပိုင်းလျန်ရဲ့ ရန်မိသားစုက တိုက်ပွဲထဲမှာ သေရရင်တောင် အညံ့ခံမှာ မဟုတ်ဘူး။ အခုတော့ ရန်ရွှယ်လဲ လက်လျော့ရမယ့် အသွင် ရှိနေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို လက်ဆန့်ထုတ် ထားရင်း တစ်ခုခု ပြောချင် နေပုံပါပဲ။

“ရန်ရွှယ်။ ပင်းယန်၊ ယွင်ချင်းဝူ။” ဖန်ကျန်းရှီလဲ သူတို့ကို ကယ်တင်ချင်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့ အငွေ့အသက်က သူ့ဆီကို စီးဝင်လာပြီး သူ့ရင်ဘတ်ကို ဖိထားခဲ့တယ်။

ချက်ခြင်း ဆိုသလို သူလွင့်ထွက် သွားပါတော့တယ်။ ချီကူယန်လဲ သူ့လိုပဲ လွင့်ထွက် သွားပြီး လှောင်အိမ်နဲ့ ဝင်တိုက်မိတယ်။

မိုးကြိုး လျှပ်စီးတန်းတွေနဲ့ ထိမိ သွားချိန်မှာတော့ ချီကူယန် သွေးတွေကို အန်ထုတ် လိုက်ပါတယ်။

ဖန်ကျန်းရှီ မျက်နှာပေါ်ကို ကျလာခဲ့တဲ့ ချီကူယန်ရဲ့ သွေးတွေက ကျစ်ကျစ်တောက် ပူနေခဲ့တယ်။

ချီကူယန်၊ ပင်းယန်၊ ရန်ရွှယ်၊ ယွင်ချင်းဝူနဲ့ မော့ရှန်းရှီတို့ အကုန် ရုန်းကန် နေရတာကို ကြည့်ရင်း ဖန်ကျန်းရှီရဲ့ နှလုံးသား တစ်ခုလုံး ဓားနဲ့ ထိုးစိုက် ခံနေရသလို ခံစား နေရတယ်။ သူ့မျက်စိရှေ့မှာ ဒီလူတွေ သေရမယ်လို့ ဘယ်တုန်းကမှ ထင်မထား ခဲ့မိဘူး။

သူ့ကိုယ်သူ အင်အားကြီးနေပြီ ထင်မိလို့လဲ ဖြစ်လိမ့်မယ်။ မရေမတွက်နိုင်တဲ့ စိတ်ပျက် အားလျော့စရာ အခြေအနေတွေမှာ မသေမပျောက်ဘဲ လွတ်မြောက် လာခဲ့တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဒီအတိုင်းတော့ သူမသေနိုင်ဘူး။

“ဘယ်လိုကြောင့်များ ဒါတွေ ဖြစ်လာ ရတာလဲ။”

ချီကူယန်၊ ယွင်ချင်းဝူ၊ ပင်းယန်၊ မော့ရှန်းရှီ၊ ရွှမ်ယွမ်ဝူ ဘယ်သူမှ သေလို့ မဖြစ်ဘူး။

“ဖန်ကျန်းရှီ မြန်မြန်ပြေး။ မင်း သူ့ကို မနိုင်နိုင်ဘူး။” မော့ရှန်းရှီရဲ့ အသံက တုန်ယင် နေပြီးနောက် သူ့မျက်ဝန်းထဲကို အနီနဲ့ အနက်ရောင် မီးခိုးငွေ့တွေ ဖုံးလွှမ်း သွားပါတော့တယ်။

ဝုန်း။

မော့ရှန်းရှီရဲ့ ခန္ဒာကိုယ် ပေါက်ကွဲ သွားပြီး သွေးတွေက မိုးကျသလို ရွာကျလာတယ်။

“ဟမ့်။ အားနည်းလိုက်တာ။ အစေခံ ဖြစ်ဖို့တောင် မတန်ဘူး။” ချီယို့က ဖန်ကျန်းရှီကို လှည့်ပြောတယ်။ “ဧကရာဇ်ဟွမ် ဝင်စားတာပေါ့။ ဟဟား။ ရယ်ချင်စရာ ကောင်းလိုက်တာ။ ငါတို့ရဲ့ စွမ်းအား ကွာခြားချက်ကို မင်းနားမလည် သေးဘူးလား။”

“ချီယို့ ငါမင်းကို တသ်မယ်။” ဖန်ကျန်းရှီက ချီယို့ စကား ဆုံးတဲ့ အထိ စောင့်မနေခဲ့ဘူး။ သူက ရန်ရွှယ် ပင်းယန်နဲ့ တခြားသူတွေကို ကယ်တင်ချင်တယ်။

“အိုး။ မင်းက အချိန်ဆွဲ မနေတော့ဘူးပေါ့။ အစောပိုင်းတုန်းက မင်းရေချိုးမယ် ထင်နေတာ။ ဟဟား။ မင်း နားမလည်သေးဘူး။ လောကမှာ ဘယ်သူက အင်အားအကြီးဆုံးလဲ ဆိုတာ မင်းနားမလည်ဘူး။” ချီယို့ ရယ်မော ပါတော့တယ်။

ဝုန်း။ ဓားအလင်းတန်းက ချီယို့ကို ရိုက်ခတ်တယ်။ ဒါပေမယ့် သူ့ကို မထိခိုက် စေခဲ့ဘူး။

“မင်း စိတ်မပျက်ဘူးလား။ အသုံးမဝင်တော့ဘူး။ မင်းက ငါ့ကို ဘယ်တော့မှ မနိုင်နိုင်ဘူး။ ငါက နတ်ဘုရားတွေထက် သာလွန်ပြီး လောကကို အုပ်စိုးတဲ့သူ ဖြစ်တော့မှာ ကမ္ဘာမြေက အရာအားလုံးကို ဖျက်စီးနိုင်စွမ်း ငါ့မှာ ရှိတယ်။” ချီယို့ ပြောပြီးတာနဲ့ ပီဖန်းကို ဖမ်းဆွဲ လိုက်တော့တယ်။

“အား။” ပီဖန်း အစွမ်းကုန် ရုန်းကန် ခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ မီးလုံး တစ်လုံးက သူမ ခန္ဒာကိုယ်ကို စတင် လောင်မြိုက်ပါတော့တယ်။

မီးလျှံတွေ ဝန်းရံ ခံထားရတဲ့ ပီဖန်းကတော့ အလွန်အမင်း နာကျင်နေပြီး သနားစရာ ကောင်းလောက်အောင် ခံစား နေခြ့၇တယ်။

“မီးလျှံတွေနဲ့ မွေးဖွားလာတဲ့ ပီဖန်းတောင် လောင်ကျွမ်း သွားတယ်။ ဒါက ငါ့စွမ်းအားပဲ။ အရာအားလုံးကို ဖျက်စီးနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိတယ်။” ချီယို့ လက်ကို နောက်တစ်ခေါက် လှုပ်ရှား လိုက်ပြန်တယ်။

ပီဖန်းကတော့ လေထဲမှာ ပျောက်ကွယ် သွားခဲ့ပြီ။ အောက်ဘက်မှာ ရှိနေတဲ့ နတ်သခင်တွေ ကတော့ ဒါကို ကြည့်ရင်း ဖြူဖျော့ နေခဲ့ကြတယ်။

မီးလျှံတွေနဲ့ မွေးဖွားလာခဲ့တဲ့ ပီဖန်းက ချီယို့ ပြာချ ပြစ်တာ ခံလိုက်ရတယ်။ အကယ်၍ ဒါကို ကိုယ်တိုင် မမြင်ခဲ့ ရရင်၊ ယုံမှာ မဟုတ်ဘူး။ ဒါ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ပီဖန်းရဲ့ မူလ စွမ်းအားက မီးလျှံတွေ မဟုတ်လား။ သူတို့ မယုံနိုင် ပေမယ့် မျက်စိရှေ့မှာ ဖြစ်သွားခဲ့တဲ့ ကိစ္စကို ငြင်းလို့ မရနိုင်ခဲ့ဘူး။

“ငါ့ကို မင်း ယုံတဲ့ ပုံမပေါ်ဘူး။ ရပါတယ်။ မင်း ငါ့ကို ယုံလာမှာပါ။ လာလိုက်။ မင်းရဲ့ အစွမ်းတွေနဲ့ သက်သေပြလိုက်စမ်း။” ချီယို့ကတော့ ဖန်ကျန်းရှီကို လှောင်ရယ် နေခဲ့တယ်။

“သွားသေလိုက်။” ဖန်ကျန်းရှီ မယုံခဲ့ဘူး။ သေရှင်တာအိုကို သူအသုံးပြုတယ်။ ချီယို့ ခန္ဒာကိုယ် ပတ်ပတ်လည်မှာ သံကြိုးတွေ ပေါ်လာပြီးနောက် ချည်နှောင် လိုက်ပါတယ်။

“ငါက သူ့ကို ချည်လိုက် နိုင်တာလား။” ဖန်ကျန်းရှီ မယုံနိုင် ခဲ့ဘူး။ သူတင်မကဘဲ နတ်သခင်တွေနဲ့ နတ်သားရဲကောင်တွေပါ မယုံနိုင် ဖြစ်နေ ခဲ့ပါတယ်။ ချီယို့က မရှောင်ရှား ခဲ့ဘူး။

ဒါက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲမှာ တစ်ခု ဖြစ်တဲ့ သေရှင်တာအို။ ဒါတွေနဲ့ ချည်နှောင် ခံရရင် ချီယို့တောင် စွမ်းအား ဆုံးရှုံး နိုင်တယ်။

“ရန်ရွှယ်၊ ပင်းယန်နဲ့ ယွင်ချင်းဝူ။ ကယ်တင်ဖို့ ငါလာပြီ။” ဖန်ကျန်းရှီက ချီယို့ကို ပတ်သွားပြီး သူတို့ ဆီကို ပြေးဝင် သွားပါတော့တယ်။

“ဖန်ကျန်းရှီ ယွင်ချင်းဝူနဲ့ ရွှမ်ယွမ်ဝူကို နင်ကယ်လိုက်။ ပင်းယန်နဲ့ ရန်ရွှယ်ကို ငါခေါ်မယ်။” ချီကူယန် ပြောပြီးပြီးချင်း ပြေးဝင် သွားပါတော့တယ်။

ရွှမ်ယွမ်ဝူကလဲ အမြီးကို သုံးပြီး ပင်းယန်နဲ့ ရန်ရွှယ့် လည်ပင်းတွေကို ပုတ်လိုက်တယ်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံ သုံးခု ထွက်ပေါ် လာပြီးနောက် ရန်ရွှယ်၊ ပင်းယန်နဲ့ ယွင်ချင်းဝူတို့တွေ လဲကျ သွားပါတော့တယ်။

“ငါတကယ်ပဲ သူတို့ကို ကယ်လိုက် နိုင်တယ်လား။ ချီယို့ သတိမထားလို့လား။” ဖန်ကျန်းရှီက အရမ်းကို ပျော်နေခဲ့တယ်။ သူချက်ခြင်း ချီယို့ကို တိုက်ခိုက်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် ချီယို့ ကိုယ်ပေါ်မှာ သေရှင်တာအို သံကြိုးတွေ မရှိတော့တဲ့ အတွက် သူတောင့်တင်း သွားခဲ့၇တယ်။

“ဘာဖြစ်တယ်။” ဖန်ကျန်းရှီ တုန်လှုပ် နေခဲ့တယ်။ ပြန်လည် မွေးဖွားမှု တာအို ငါးခုကို ပညာရှင် အဆင့် တတ်မြောက် ပြီးချိန်တည်းက ဒီလို အမှားအယွင်း မဖြစ်ခဲ့ ဖူးဘူး။

“မင်း နားမလည် သေးဘူးလား။ ငါက လောက ခေါင်းဆောင်။ အားလုံးကို ငါဖျက်စီးနိုင်တယ်။ ဘယ်လက်နက်။ ဘယ်တာအို။ ဘယ်လို အစွမ်းကမှ ငါ့ကို မထိခိုက် စေနိုင်ဘူး။ မင်းရဲ့ သေရှင်တာအို ကလဲ ငါ့ကို မထိခိုက် စေနိုင်ဘူး။” ချီယို့ နေရာမှာ ရပ်နေရင်း ပြောလိုက်တယ်။

“အားလုံးကို ဖျက်စီးနိုင်တယ်။”

“ဖန်ကျန်းရှီ ချီယို့ ပြောတာကို မယုံနဲ့။ သူက မင်းကို လှည့်စား နေတာ။” ရွှမ်ယွမ်ဝူက ချီယို့ လက်ထဲကနေ ထွက်လာရင်း လှမ်းအော်တယ်။

“ချီယို့ ဘယ်အရာကမှ မင်းကို မထိခိုက် စေနိုင်ဘူး ဆိုရင် ငါ့ရဲ့ ငါးခုမြောက် လက်သည်းစာကို မြည်းကြည့်လိုက်။”

ကြည်လင်နေတဲ့ လက်သည်းက ချီယို့ ခေါင်းကို လာကုတ်ဆွဲ လိုက်ပါတယ်။ ချီယို့ကတော့ တစ်ချက်လေးတောင် မလှုပ်ရှားခဲ့ဘူး။ ပြုံးပြ နေခဲ့တယ်။

“ရှေးခေတ်ရဲ့ နံပါတ်တစ် နတ်သားရဲကောင်။ လက်သည်း ငါးခု နဂါး။ ဟမ့်။ မင်းက နောက်တစ်ခေါက် စမ်းကြည့် ချင်တာလား။” ချီယို့ လက်ထဲမှာ ရွှမ်ယွမ်ဝူက နောက်တစ်ခေါက် ရုန်းကန် ရပြန်တယ်။

“ရန်ရွှယ်။” ဖန်ကျန်းရှီရဲ့ အသံ နောက်တစ်ခေါက် ထွက်ပေါ် လာခဲ့တယ်။

“အမိန့် အတိုင်းပါ။”

“ပြန်လည် မွေးဖွားမှု ငရဲတာအို။”

“အဇူရာ တာအို။” ရန်ရွှယ်လဲ တိုက်ခိုက်တယ်။

အဇူရာ တာအိုနဲ့ ငရဲတာအို နှစ်ခု အတူတူ ပေါင်းစည်း သွားပြီးနောက် အနီရောင် အလင်းတန်းက မီးလုံး ၈လုံးနဲ့ အတူတူ တောက်ပ လာပါတော့တယ်။ ဒီနည်းလမ်းက ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ရဲ့ အထူး နည်းလမ်းပါ။

ငရဲ တာအိုရဲ့ အစွမ်းက လေဟာနယ်ကို ဆွဲဖြဲလိုက်တယ်။ ဒါပေမယ့် ချီယို့ကတော့ သူ့နေရာမှာ ရပ်နေဆဲပါ။ ရွှမ်ယွမ်ဝူကို ပုံမှန် အတိုင်း ဖမ်းဆွဲလိုက်ပြီး မီးလျှံတွေနဲ့ ဝန်းရံ ထားလိုက်တယ်။

“ဖူး။” မီးတောက်တွေ ငြိမ်းသွားတဲ့ အသံကို ထွက်ပေါ် လာခဲ့တယ်။

ချီယို့ကို မထိခင် အချိန်မှာပဲ အဇူရာ ငရဲ မီးလျှံတွေက ပျောက်ကွယ် သွားခဲ့ပြီ။

“နားလည် ကြပြီလား။ ဒါက ငါပြောတဲ့ ဖျက်ဆီးမှုလေ။ ငါက အားလုံးကို ဖျက်ဆီးနိုင်တယ်။ ပန်း၊ မြက်၊ သစ်ပင်၊ တောင်၊ ကျောက်၊ မြစ်၊ စမ်းချောင်း။ ကောင်းကင်က နတ်ဘုရား မုခ်၀ သုံးခုကိုလဲ ဖျက်ဆီးနိုင်တယ်။” ချီယို့က ကောင်းကင်မှာ ရှိနေခဲ့တဲ့ မုခ်၀ သုံးခုကို မော့ကြည့်တယ်။

အပိုင်း (၁၁၀၂) ပြီး၏။

အပိုင်း (၁၁၀၃)

“နွီဝါးမယ်တော် နိုးထလာခြင်း။”

…

“နွီဝါး မယ်တော် ချန်ထားခဲ့တဲ့ နတ်ဘုရား မုခ်ဝတွေကို သူက ဖျက်ဆီး နိုင်တယ်လို့ ပြောလိုက်တာလား။”

ပင်းယန်၊ ရန်ရွှယ်နဲ့ တခြားသူတွေ အားလုံး မယုံနိုင် ခဲ့ပါဘူး။ ဒါပေမယ့် ချီယို့ကတော့ လုံးဝကို အစစ်အမှန် အတိုင်း ပြောနေခဲ့တယ်။

ဒါ့အပြင် သူပြောပြီး ချိန်မှာပဲ မုခ်ဝတွေ ဆီက ပေါက်ကွဲသံ တစ်ခု ထွက်ပေါ် လာပါတော့တယ်။ မမြင်ရတဲ့ စွမ်းအား တစ်ခုနဲ့ ရိုက်ခတ် ခံလိုက်ရသလိုပါ။

“ဝုန်း။” မိစ္ဆာနဲ့ နတ်ဆိုး မုခ်ဝတွေက စတင် တုန်ခါ လာခဲ့ပြီး အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့တယ်။ အဲ့ဒီ့နောက် နောက်ထပ် အက်ကွဲကြောင်းတွေ ဆက်တိုက် ပေါ်လာ ခဲ့ပါတယ်။

မပွင့်သေးတဲ့ လူသားတွေရဲ့ နတ်ဘုရား မုခ်ဝကလဲ ပျက်ဆီးတော့မယ့် အသွင် ရှိနေခဲ့တယ်။ သူတို့တွေ တကယ့်ကို ပျက်ဆီး တော့မှာပဲ။ နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ စိတ်ထဲမှာ ဗလာ ဟင်းလင်း ဖြစ်နေခဲ့တယ်။

နန်ကုန်းမုကတော့ ကောင်းကင်က မုခ်ဝတွေကို စိုက်ကြည့်ရင်း အော်ဟစ်နေတယ်။

“မဖြစ်ဘူး။ မဖြစ်ရဘူး။” လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီတည်းက နန်ကုန်း မျိုးနွယ်တွေမှာ တာဝန်ကြီး တစ်ရပ် ရှိခဲ့တယ်။ နတ်ဘုရား မုခ်ဝကို ဖွင့်ပြီး အာကာသထဲ ရောက်နေတဲ့ နန်ကုန်း မျိုးနွယ် ဘိုးဘေးတွေကို ပြန်ခေါ်ရမယ်။ ဒါပေမယ့် နတ်ဘုရား မုခ်၀ ဖျက်ဆီး ခံလိုက် ရရင် ဘယ်လိုများ ဒါကို အောင်မြင်အောင် လုပ်နိုင် တော့မှာလဲ။

စိတ်ပျက် အားလျော့တယ်။ နန်ကုန်းမု အရမ်းကို စိတ်ပျက် အားလျော့ နေခဲ့ပါတယ်။ ကောင်းကင်ပေါ်ကို အရူးတစ် ယောက်လို သူထိုးတက် သွားခဲ့တယ်။ ဒါပေမယ့် အပေါ်ကို မရောက်ခင် အချိန်မှာပဲ သူပြန်ပြုတ်ကျ လာခဲ့တယ်။

မိုးခြိမ်းသံတွေကို ကြားရပြီးနောက် ဖိအားတွေကို တောင့်မခံ နိုင်တော့ဘဲ နတ်ဘုရား မုခ်၀ သုံးခုက အပိုင်းပိုင်း အစစတွေ အဖြစ် ပြုတ်ကျ လာပါတော့တယ်။ သွေးနီရောင် နေမင်းကြီးရဲ့ အောက်မှာ အားလုံးက ကြယ်တာရာတွေလို တောက်ပ နေခဲ့တယ်။

“နတ်ဘုရား မုခ်ဝတွေ ဖျက်ဆီး ခံလိုက်ရပြီ။”

“အာကာသနဲ့ ချိတ်ဆက်နေတဲ့ တံခါးတွေ အကုန် ပျက်စီးသွားပြီ။”

“သူက အားလုံးကို တကယ် ဖျက်ဆီး နိုင်တာလား။”

ကြယ်တာရာတွေ အကုန်လုံး ရပ်တန့်ပြီး ကောင်းကင်ကြီး တစ်ခုလုံးလဲ အေးခဲသွားသလို အသွင်မျိုး ရှိနေခဲ့တယ်။

ဝူး။ အင်အားကြီး လှိုင်းတွေက ပြန့်ထွက် လာခဲ့ပါတယ်။ ကြီးမားတဲ့ အရိပ်ကြီး တစ်ခုလဲ ကောင်းကင်မှာ ပေါ်လာခဲ့တယ်။

လူသား ခန္ဒာကိုယ် မြွေအမြီးနဲ့ ခါးလည်လောက်ထိ ရှည်လျားတဲ့ ဆံကေသာတွေကို ပိုင်ဆိုင်ထားတဲ့ အရိပ်ကြီးရဲ့ အမြီးမှာ ငါးရောင်ခြယ် အလင်းတန်းတွေက တောက်ပ နေခဲ့တယ်။ ဒါ့အပြင် သူ့နဖူးမှာလဲ ငါးရောင်ခြယ် အမှတ်အသား တစ်ခုက ရှိနေ ပါသေးတယ်။

အနီ၊ အပြာ၊ အဖြူနဲ့ ရွှေရောင်။ ငါးရောင်ခြယ် အမှတ်အသားက ဆက်တိုက် လည်ပတ် နေခဲ့သလို အလယ် ဗဟိုမှာတော့ ပန်းပွင့်လေး တစ်ပွင့် ရှိနေခဲ့တယ်။

“ဒါက။”

“နွီဝါး မယ်တော်လား။”

“နတ်ဘုရား မုခ်ဝတွေမှာ မယ်တော် ချန်ထားခဲ့တဲ့ စိတ်ဝိဉာဉ် ဖြစ်လိမ့်မယ်။”

နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ အရမ်းကို အထိတ်တလန့်နဲ့ ပြောမိကြတယ်။

“ချီယို့။ လောကကြီးကို မဖျက်ဆီး သင့်ဘူး။ အမုန်းတရားတွေကို မေ့လိုက်။” အရိပ်ကြီးက ပြောလာခဲ့တယ်။ သူမက အရမ်းကို ခမ်းနားထည်ဝါ လွန်းလှတဲ့ အပြင် တခြား အရာတွေ အားလုံး လေးစား စေလောက်တဲ့ အလှတရားကိုလဲ ပိုင်ဆိုင် ထားခဲ့ပါတယ်။

“အဓိပ္မာယ် မရှိတာတွေ။ မင်းက ငါ့ကို တားချင်တယ်ပေါ့။ ကျန်ရစ်တဲ့ စိတ်ဝိဉာဉ်ကများ ငါ့ရှေ့မှာ လာပြီး လေလုံးထွားနေ ဝံ့တယ်ပေါ့။ ပျောက်ကွယ် သွားစမ်း။” ချီယို့ ခေါင်းမော့ရင်းနဲ့ ပြောလိုက်ပါတယ်။ သူက တစ်ချက်လေးတောင် မကြောက်သလို အံ့လဲ မအံ့သြ ခဲ့ဘူး။

ဒီတံခါး သုံးခုကို နွီဝါး မယ်တော် တည်ဆောက် ခဲ့တာ ဖြစ်တဲ့ အတွက် သူမရဲ့ စိတ်ဝိဉာဉ်လဲ ကျန်ရှိနေတာက အံ့သြစရာ မဟုတ်ခဲ့ပါဘူး။

“ဝုန်း။” မမြင်ရတဲ့ အင်အား တစ်ခုက အရိပ်ကြီးကို ဆွဲဖြဲ လိုက်ပါတော့တယ်။

“…”

“…”

လောကကြီး တစ်ခုလုံးကတော့ တိတ်ဆိတ် သွားခဲ့ပါတယ်။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက မျက်လုံး မှိတ်ထားရင်တောင် နွီဝါးမယ်တော် စိတ်ဝိဉာဉ်ရဲ့ အစွမ်းကို ခံစားနိုင်တယ်။

ရှေးရှေးခေတ်တည်းက အရာ အားလုံး ဖန်ဆင်းရှင် နွီဝါး မယ်တော်ကို မျိုးနွယ်စု သုံးခုလုံးက ချစ်ခင် မြတ်နိုးမှု အပြည့်နဲ့ လေးစားကြည်ညို ခဲ့ကြတယ်။

သက်ရှိတို့ရဲ့ မိခင်ကို စိတ်ဝိဉာဉ်ပါ မကျန်တော့တဲ့ အထိ ဖျက်ဆီး ချေမှုန်း ပြစ်တဲ့ ကိစ္စကို ဘယ်သူကများ သည်းခံ နိုင်မှာလဲ။ သူတို့တွေ စိတ်ထဲမှာ နာကျင်ရတယ်။

ဒါပေမယ့် မကူညီ နိုင်ခဲ့ာကဘူး။

သူတို့တွေ မျက်လုံး ဖွင့်ကြည့်တော့မယ့် အချိန်မှာပဲ နွီဝါး မယ်တော်ရဲ့ စိတ်ဝိဉာဉ်က မိုးရေစက် လေးတွေ အဖြစ် ပြောင်းလဲ သွားတာကို မြင်လိုက် ရပါတော့တယ်။ မိုးရေစက်ထဲမှာ ကြယ်ပွင့်လေးတွေက အပြည့်ပါ နေခဲ့တယ်။

ဒါပေမယ့် တလက်လက် တောက်ပနေတဲ့ မိုးစက်တွေက မြေပြင်ပေါ်ကို စီးကျ မလာခဲ့ဘူး။ ချီကူယန်ရဲ့ ခန္ဒာကိုယ်ထဲကိုသာ ကြယ်တာရာ နဂါးငွေ့တန်းကြီး သုံးခု အသွင်နဲ့ စီးဝင် သွားခဲ့ပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“ချီကူယန်က။”

ချက်ခြင်း ဆိုသလို ချီကူယန်ရဲ့ ဒဏ်ရာတွေ ပျောက်ကွယ် သွားခဲ့ပါတယ်။ သူမရဲ့ နဖူးပေါ်မှာ မီးစလေး တစ်ပွင့်က စတင် တောက်ပလာခဲ့ပြီး ဖြည်းဖြည်းချင်း ကြီးမားလာတယ်။ နောက်ဆုံးမှာတော့ အနီ၊ အနက်၊ အပြာ၊ အဖြူနဲ့ ရွှေရောင် ငါးရောင်ခြယ် ပန်းပွင့် အဖြစ်ကို ပြောင်းလဲပြီး ပွင့်ဖူး ပါတော့တယ်။

“နွီဝါး မယ်တော် အသက်ပြန်ဝင် လာတာလား။”

“မဟုတ်ဘူး။ နွီဝါး မယ်တော်ရဲ့ စိတ်ဝိဉာဉ်က ချီကူယန်ရဲ့ ခန္ဒာကိုယ်နဲ့ ပေါင်းစည်းသွားတာ။ ဘာတွေ ဖြစ်လာတော့မှာလဲ။

“ချီကူယန်က နွီဝါး မယ်တော်ရဲ့ မျိုးဆက်များလား။”

“…”

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အရမ်းကို စိတ်လှုပ်ရှား လာတော့တယ်။ ဖန်ကျန်းရှီလဲ ချီကူယန် အသွင်ပြောင်းသွားပုံကို မျက်လုံး အပြူးသားနဲ့သာ ကြည့် နေခဲ့ပါတယ်။

“နွီဝါး မယ်တော် မျိုးဆက်လား။” ချီယို့ကတော့ စိတ်ပျက်လက်ပျက် ပုံစံ မဟုတ်တော့ ပါဘူး။ နောက်ဆုံးတော့လဲ ရှေးခေတ်ရဲ့ နွီဝါးမယ်တော် ကျန်ရစ်တဲ့ စွမ်းအားကို လျော့တွက်လို့ မရနိုင်ဘူးလေ။

“…”

ဝူး။ လေလှိုင်းကြီး ထွက်ပေါ် လာချိန်မှာတော့ ချီကူယန့်ရဲ့ မျက်လုံးတွေလဲ ပြန်ပွင့်လာ ခဲ့ပါတော့တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ တောက်ပတဲ့ ရောင်စဉ်တွေ ပြည့်နှက် နေခဲ့တဲ့ အပြင် နဂါးငွေ့တန်းကြီး တစ်ခုလို ဆက်စပ်မှုကလဲ မျက်လုံး နှစ်ခုလုံးမှာ ရှိနေခဲ့တယ်။

သူမရဲ့ နောက်ဘက်မှာ ရှိခဲ့ဖူးတဲ့ အရိပ်ကြီးကတော့ ပျောက်ကွယ် သွားခဲ့ပြီ။ အရိပ်ကြီးက သူမ ခန္ဒာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ် သွားခဲ့တယ်။

“…” ပင်းယန်ကတော့ ပါးစပ် အဟောင်းသားနဲ့သာ စိုက်ကြည့် နေပါတယ်။ ရန်ရွှယ်လဲ တိတ်ဆိတ် နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ သူ့မျက်လုံးတွေကို ပွတ်လိုက်ရင်း ချီကူယန်ကို မေးတယ်။

“ယန်လေး ငါဘယ်သူလဲ မှတ်မိလား။”

“…”

“…”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေရဲ့ အမူအယာကလဲ နောက်ထပ် ပြောင်းလဲ သွားခဲ့တယ်။ ဒီကောင်တွေ တကယ်ပဲ ဘာများ တွေးနေတာလဲ။

“အရှက်မရှိတဲ့ ကောင်စုတ် သွားကြမယ်။ ရွှမ်ယွမ်ဝူကို ကယ်မယ်။” ချီကူယန်က ခေါင်းငြိမ့်ရင်း ပြောတယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို အံ့သြ မနေခဲ့ဘူး။

“အင်း။” ဖန်ကျန်းရှီ ချီယို့ကို လှမ်းကြည့်လိုက်ပါတယ်။

အရှက်မရှိတဲ့ ကောင်စုတ် ဆိုတဲ့ စကားနဲ့တင် ချီကူယန် မပြောင်းလဲဘူး ဆိုတာ သူအတည်ပြုနိုင် သွားပြီ။ နောက်ထပ် လုပ်ရမယ့် ကိစ္စကတော့ ရှင်းတယ်။ ရွှမ်ယွမ်ဝူကို ကယ်မယ်။ ချီယို့ကို သတ်မယ်။

နတ်ဘုရား မုခ်ဝတွေ ဖျက်ဆီး ခံရချိန်မှာ နွီဝါး မယ်တော်ရဲ့ စိတ်ဝိဉာဉ် ထွက်လာမယ်လို့ ဖန်ကျန်းရှီလဲ မထင်ထား မိခဲ့ဘူး။ ဒါ့အပြင် ချီကူယန်ရဲ့ ခန္ဒာကိုယ်နဲ့လဲ ပေါင်းစည်း သွားသေးတယ်။ ဖြစ်သွားတာတွေက ရူးချင်စရာ ကောင်းလိုက်တာ။

ဒီဇာတ်ကွက်နဲ့ နွီဝါးမယ်တော် လွန်ခဲ့တဲ့ နှစ်ထောင်ချီတည်းက စီစဉ်ခဲ့တဲ့ ကိစ္စတွေကို စဉ်းစားရင်း ဖန်ကျန်းရှီ အထင်ကြီးလာ မိတယ်။

ရှေးရှေးခေတ်မှာ ကြမ္မာဖတ်တဲ့ ကိစ္စမျိုး ရှိခဲ့တာလား။ ဒါမှမဟုတ် ခန့်မှန်း တွက်ချက် နိုင်တဲ့ စွမ်းရည်က မြင့်မားလွန်း နေတာလား။

ဒါပေါ့။ အားလုံးက တိုက်ဆိုင်တာတွေလဲ ဖြစ်နိုင်တယ်။ ဖန်ကျန်းရှီကတော့ အားလုံးကို လိုက်ပြီး ဂရုစိုက် မနေနိုင် တော့ပါဘူး။ ဖြစ်တဲ့ ကိစ္စတွေက ဖြစ်လာပြီ။ ရန်သူ့ကို တိုက်ခိုက်ဖို့ပဲ လိုတော့မယ်။

“တိုက်ခိုက်။” ဖန်ကျန်းရှီ အော်ဟစ်ရင်း ချီယို့ဆီကို ပြေးဝင်တယ်။

အရိပ် တစ်ခုကလဲ သူ့နောက်မှာ ကပ်လိုက် လာခဲ့ပါတယ်။ ဒါ့အပြင် သူမက မြွေတစ်ကောင် အသွင်ကို ပြောင်းလဲ သွားခဲ့ပြီ။

အောက်ပိုင်း တစ်ခုလုံးက မြွေအမြီးကြီး အဖြစ်ကို ပြောင်းလဲပြီး ငါးရောင်ခြယ် အကြေးခွံတွေက တောက်ပ နေခဲ့တယ်။ သူမ ခန္ဒာကိုယ်နဲ့ လုံး၀ အပြည့်အ၀ ပေါင်းစည်းနေပြီး မရပ်မနားတမ်း လှုပ်ရှား နေခဲ့ပါတယ်။

ဖန်ကျန်းရှီ ဒါကို ရင်းနှီး နေခဲ့တဲ့ အတွက် အရမ်းကြီးတော့ မအံ့သြခဲ့ဘူး။ စိတ်ထဲမှာတော့ အတွေး တစ်ခု ရှိနေခဲ့တယ်။ ချီကူယန်ရဲ့ ခြေထောက်တွေက လူသား ခြေထောက် ပြန်ဖြစ် နိုင်အုန်းမှာလား။

မဖြစ်နိုင်ရင်တော့ ဆိုးတော့မှာပဲ။

“ဝုန်း။” ဖန်ကျန်းရှီရဲ့ ဓားက ချီယို့ ခန္ဒာကိုယ်ပေါ်ကို ကျရောက် လာခဲ့တယ်။ ချီယို့က လုံး၀ ခုန်မရှောင်ခဲ့ဘူး။ အရင်လိုပဲ ရပ်နေခဲ့တယ်။ ချီကူယန်ရဲ့ လက်ချောင်းဓားလဲ သူ့အပေါ်ကို ကျရောက် လာခဲ့ပါတယ်။

“ကျာ့။” ချီယို့ နဖူးကို လက်ညှိုးညွှန်ထားတဲ့ ဓားက ချီယို့ ကိုယ်ပေါ် ကျရောက် သွားချိန်မှာ ချက်ခြင်း ပျောက်ကွယ် သွားခဲ့တယ်။

“…”

“…”

အရာအားလုံး တိတ်ဆိတ် သွားသလို ဖန်ကျန်းရှီလဲ ချီကူယန်ကို ကြည့်နေခဲ့တယ်။ ချီကူယန်ကလဲ ဖန်ကျန်းရှီကို ပြန်ကြည့်နေတယ်။ ဒီတော့ တကယ်ပဲ ဘာမှ ဖြစ်မလာဘူးပေါ့။ ဒါဆိုရင် သူမ မြွေအဖြစ် ပြောင်းသွားတာ ဘာများ လုပ်လို့ ရအုန်းမှာလဲ။ ဖန်ကျန်းရှီ တကယ့်ကို ဆွံ့အ နေခဲ့တယ်။

လောကမှာ ရှိသမျှ အရာအားလုံးကို ချီယို့ ဖျက်ဆီးနိုင်တဲ့ အကြောင်း ကြားတဲ့ အချိန်တုန်းက သူအတော်လေး စိတ်ပျက် ခဲ့ပေမယ့် ကောင်းကင်က သူ့ကို မျှော်လင့်ချက် မီးပွားလေး ညှိပေးခဲ့တယ်။

ချီကူယန်ရဲ့ သွေးမျိုးနွယ် နိုးထ လာတာက သူ့ကို မျှော်လင့်ချက် ရစေတယ်။ ဒါပေမယ့် မျှော်လင့်ချက် ရောင်ခြည်က ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားခဲ့တယ်။

သူ မျှော်လင့်ချက် ပျောက်နေချိန်မှာပဲ ရွှမ်ယွမ်ဝူက ချီယို့ လက်ထဲမှာ ရုန်းကန်ရင်း လွတ်မြောက် လာခြ့ပါတယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဖန်ကျန်းရှီ လန့်နေချိန်မှာပဲ ငါးရောင်ခြယ် အလင်းတန်း လင်းလက် လာတာကို သူမြင်လိုက် ရတယ်။ ချီကူယန်ရဲ့ မြွေအမြီးကြီးက ငါးရောင်ခြယ် အကြေးခွံတွေနဲ့ ကျောက်မျက်ရတနာလို တောက်ပနေခဲ့တယ်။

ဝုန်း။ မြွေအမြီးကြီးက ကျာပွတ်လို အသွင်နဲ့ ချီယို့ကို သွားရိုက်ပါတယ်။

ချီယို့ နောက်ကို တစ်လှမ်း ဆုတ်သွားခဲ့တယ်။ ဒါ့အပြင် သူ့ခန္ဒာကိုယ်ကလဲ အမြောက်ဆံ တစ်ခုလိုမျိုး သွေးနီရောင် လှောင်အိမ်ကြီးနဲ့ ဝင်တိုက်မိတယ်။

“ဘန်း။” ခပ်တိုးတိုး အသံ တစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။

“အောင်မြင် သွားပြီလား။”

“ချီကူယန် တိုက်ခိုက်တာက ချီယို့ကို ထိခိုက် စေနိုင်တယ်ပေါ့။” နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက လုံးဝကို မျက်လုံး ပြူးသွားခဲ့ပါတယ်။

ဒါပေမယ့် ရလဒ်ကတော့ ထင်ထားသလို ဖြစ်မလာခဲ့ဘူး။ လှောင်အိမ်ကြီးက တစခဏတာသာ လှုပ်ယမ်း သွားခဲ့ပြီး မူလ အခြေအနေကို ပြန်လည် ရောက်ရှိ သွားခဲ့တယ်။

ချီယို့ကတော့ ခေါင်းခါတယ်။

“စိတ်ဝိဉာဉ်ကို တိုက်ခိုက်တာလား။” ချီယို့က လှမ်းပြောတယ်။ “အင်း။ နည်းနည်းတော့ အကျိုး ရှိသား။”

“စိတ်ဝိဉာဉ် တိုက်ခိုက်မှုက အကျိုးရှိတယ်လား။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မယ်။ ရွှမ်ယွမ်ဝူကတော့ နောက်ဆုတ်လာရင်း ချီကူယန်နဲ့ ဖန်ကျန်းရှီကို ပြန်ဆွဲခေါ်လာ ခဲ့ပါတယ်။

“ငါမှတ်မိပြီ။ ရှေးရှေးခေတ်တည်းက ချီယို့ ခန္ဒာကိုယ်ကို ဘယ်လက်နက်မှ ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဧကရာဇ်ဟွမ် ကိုးကြိမ်တိတိ ရှုံးနိမ့်ပြီး နောက်ဆုံး တစ်ကြိမ်မှ အနိုင်ရလိုက်တာ စိတ်ဝိဉာဉ် တိုက်ခိုက်မှုကြောင့်လား။” ရွှမ်ယွမ်ဝူလဲ ဖြစ်နိုင်ချေ တစ်ခုကို တွေးမိလိုက်တယ်။

“ချီယို့ရဲ့ အားနည်းချက်က စိတ်ဝိဉာဉ်လား။”

“ဖြစ်နိုင်လောက်ပါတယ်။” ပင်းယန်နဲ့ ရန်ရွှယ်လဲ ခေါင်းငြိမ့်မိတယ်။

လောကမှာ ပြိုင်ဘက်ကင်းတဲ့ အသန်မာဆုံး ခန္ဒာရှင်တောင် စိတ်ဝိဉာဉ်မှာတော့ အားနည်းချက် ရှိနိုင်သေးတယ်။ ဘယ်လောက်ပဲ အင်အားကြီးသူ ဖြစ်နေပါစေ အားနည်းချက်ကတော့ သေချာပေါက် ရှိမှာပဲ။

“အရှက်မရှိတဲ့ ကောင်စုတ်။ စိတ်ဝိဉာဉ် တိုက်ခိုက်မှုမှာ နင်က အတော်ဆုံး မဟုတ်လား။” ပင်းယန်က သတိပေးတယ်။

“ဟုတ်တယ်။ ပြန်လည် မွေးဖွားမှု သရဲတာအိုကို သုံးလိုက်ရင် စိတ်ဝိဉာဉ် တိုက်ခိုက်မှု လုပ်လို့ ရတယ်။” ဖန်ကျန်းရှီ ပြန်ဖြေပါတယ်။

“ဒါဆို ဘာစောင့်နေမှာလဲ။ သတ်လေ။” ပင်းယန်ကတော့ အရမ်းကို စိတ်လှုပ်ရှား နေခဲ့တယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ချီကူယန်ကို ပြောတယ်။ “ယန်လေး။ သွားစို့။ စိတ်ဝိဉာဉ် တိုက်ခိုက်မှု အတူတူ လုပ်မယ်။”

“ကောင်းပြီ။” ချီကူယန် ခေါင်းငြိမ့်လိုက်သလို ရွှမ်ယွမ်ဝူရဲ့ မျက်ဝန်းတွေကလဲ ရွှေရောင် တောက်ပ လာပါတော့တယ်။

“မင်းတို့ အတွက် ငါအခွင့်အရေး ရှာပေးမယ်။” အခုလို အချိန်မှာ ချီယို့ကို စိတ်ဝိဉာဉ် တိုက်ခိုက်ချင်ရင် သေချာပေါက် စတေးမှု လုပ်ရယ်မှန်း ရွှမ်ယွမ်ဝူ သိနားလည်တယ်။ ဒါကြောင့် သူစတေးပေးမယ်။

“ဖန်ကျန်းရှီနဲ့ ချီကူယန်။ ချီယို့ ပြောတဲ့ဲ တစ်ခုခု လွဲနေတယ်။ ဒါပေမယ့် ငါ အသေးစိတ် မသိဘူး။” ယွင်ချင်းဝူကတော့ တွေေ၀ နေခဲ့တယ်။

“နတ်ဆိုးမ ပါးစပ် ပိတ်ထားစမ်း။ ချီယို့က နတ်ဆိုး နတ်ဘုရား မလို့ သူ့ကို နင်နိုင်စေချင် နေတာမလား။” ပင်းယန် အော်ထုတ်လိုက်တယ်။

“…” ယွင်ချင်းဝူကတော့ မျက်နှာပျက်သွားပြီး လက်သီးသာ ဆုပ်နေ ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပင်းယန်နဲ့ မငြင်းခုန်တော့ဘဲ ဖန်ကျန်းရှီ ဘက်ကိုသာ လှည့်ပြောတယ်။ “ချီယို့ရဲ့ အားနည်းချက်က သူ့စိတ်ဝိဉာဉ်။ ကျေးဇူးပြုပြီးတော့ သတိထားပါ။”

“အင်း။ စိတ်ချ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။

ဒါပေမယ့် ချီကူယန်ကတော့ ယွင်ချင်းဝူကို လှမ်းကြည့်တယ်။ သူမ ဘာမှ မပြောခဲ့ပေမယ့် သေချာ တွေးနေပုံပါပဲ။

အခုချိန်မှာ တွေဝေနေလို့ မရဘူး။ အခွင့်အရေးက ဘယ်လောက်ပဲ သေးငယ် နည်းပါး နေပါစေ၊ သေချာပေါက် ကြိုးစား ကြည့်ရမယ်။ အန္တရာယ်တွေ ရှိနေရင်တောင် သူမ နောက်မဆုတ်ဘူး။

အပိုင်း (၁၁၀၃) ပြီး၏။

အပိုင်း (၁၁၀၄)

“ထူးဆန်းတဲ့ တိုက်ပွဲနည်းလမ်း။”

…

“မူ။” ရွှမ်ယွမ်ဝူက အရင်ဆုံး လှုပ်ရှားပြီး မီးတောက်တွေကို မှုတ်ထုတ်လိုက်ပါတယ်။ ချီယို့ကတော့ မီးတောက်တွေကို ဒီအတိုင်းသာ မီးတောက်တွေကို သူခန္ဒာကိုယ်နဲ့ ထိတွေ့ဖို့ ခွင့်ပြု ထားခဲ့တယ်။ မီးလျှံတွေကတော့ ချက်ခြင်း အမှုန်အမွှားလေးတွေ အဖြစ် ပျောက်ကွယ် သွားခဲ့ပါတယ်။

သက်ရှိ အားလုံးကို ဖျက်ဆီးမှု။

ဒီအချိန်မှာတော့ ရွှမ်ယွမ်ဝူက ချီယို့ ရှိရာ နေရာကို ရောက်နေခဲ့ပြီ။ ချီယို့ ပုခုံးကို ရွှေရောင် အလင်းတန်းတွေနဲ့ ဝိုင်းပတ်လိုက်တယ်။

“အခွင့်အရေး ရပြီ၊” အခုလို အခွင့်အရေးမျိုးကို လက်လွတ်ခံလို့ မရမှန်း ဖန်ကျန်းရှီ နားလည်တယ်။ ဒါကြောင့် သူချက်ခြင်း ပြေးဝင်ပြီး ပြန်လည် မွေးဖွားမှု သရဲတာအိုကို အသုံးချပါတော့တယ်။

ချီကူယန်လဲ သူ့နောက်ကနေ လိုက်လာခဲ့တယ်။ အကောင်းဆုံး ရလဒ်ကို ရနိုင်ဖို့ အတွက် သူတို့တွေ လက်တွဲ ထားခဲ့ကြတယ်။ ယင်ယန် စက်ကွင်းက သူတို့နဲ့ အတူ တည်ရှိတယ်။ နှစ်ယောက်စလုံးက ချီယို့ရဲ့ နဖူးကို တစ်ချိန်တည်းမှာ ထိလိုက်ကြတယ်။

လျှပ်စီး မီးပွားတွေကလဲ ကြောက်စရာ အရှိန်နှုန်းနဲ့ ပျံ့လာခဲ့တယ်။

ချီယို့ကတော့ ခုန်ရှောင်ဖို့ စိတ်ကူး ရှိနေပုံပါ။ ဒါပေမယ့် ရွှမ်ယွမ်ဝူ တားဆီးတာကို ခံရပြီးနောက် သူခုန်မရှောင်နိုင် ခဲ့ဘူး။ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတူ ချီယို့ တွေေ၀ ငေးမော သွားပါတော့တယ်။

“သူ့ကို ငါတို့ ရိုက်နိုင်ပြီ။”

“တကယ်ကြီးလား။”

နတ်ဆိုးတွေနဲ့ နတ်သားရဲကောင်တွေကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေခဲ့ပါတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန်ကတော့ စိတ်ထဲမှာ ပျော်နေခဲ့တယ်။

သူတို့ နှစ်ယောက်စလုံး တပြိုင်နက် တိုက်ခိုက်ကြတယ်။ ချီယို့ စိတ်ဝိဉာဉ်က ဒဏ်ရာရ ထားရင် ဖျက်ဆီးမှု တာအိုကို သုံးနိုင်မြှ မဟုတ်ဘူး။ ဒါက သူတို့ အတွက် အခွင့်အရေး တစ်ခု ဖြစ်ခဲ့တယ်။

ဖန်ကျန်းရှီက ရွှမ်ယွမ်ဓားကို သုံးပြီး ချီယို့ လည်ပင်းကို ခုတ်ချ လိုက်ပါတယ်။

ချီကူယန်လဲ တူညီစွာ ရက်စက်တယ်။ ချီယို့ ခေါင်းပေါ်ကို နင်းချပြီး သူ့ကို ခေါင်းပြုတ်ထွက်အောင် အားနဲ့ဆွဲတယ်။ ကြောက်စရာ လှိုင်းတွေကတော့ ရေလှိုင်းတွေလို ဆက်တိုက် ပြန့်လာ ခဲ့တယ်။ အစောပိုင်းကလို တည်ငြိမ်မှုနဲ့ တခြားဆီ ဖြစ်နေခဲ့ပြီ။

“တကယ် ထိရောက်တယ်။ တကယ် ထိရောက်တယ်။” ပင်းယန်က အရမ်းကို စိတ်လှုပ်ရှား နေပြီး လေလှိုင်းတွေကို စိုက်ကြည့် နေခဲ့ပါတယ်။

“ချီယို့ သေလောက်ပြီ မဟုတ်လား။”

“တစ်ခုခုတော့ လွဲနေပြီ။” ရန်ရွှယ်ကတော့ မျက်လုံး အပြူးသားနဲ့ အနီရောင် ဒိုင်းကာ တစ်ခုကို သူ့ရှေ့မှာ ဖန်တီးရင်း ပြောလိုက်တယ်။

ဝုန်း။ ဝုန်း။ ဆက်တိုက် ပေါက်ကွဲသံ နှစ်ခုနဲ့ အတူ ရန်ရွှယ် လွင့်ထွက် သွားပါတော့တယ်။ ပင်းယန်လဲ လေလှိုင်းတွေကြောင့် လွင့်ထွက် သွားခဲ့တယ်။ ဒီအင်အားက ပြင်းထန်လွန်းလို့ သူမကိုတောင် ပျက်စီးစေတော့မလို ဖြစ်ခဲ့တယ်။

“ဝေါင်း။” ဧကရီ ပိုင်ကျစ်ကလဲ ဟိန်းဟောက်ရင်း ပင်းယန်၊ ယွင်ချင်းဝူနဲ့ ရန်ရွှယ်ကို သူမရဲ့ အမြီးတွေနဲ့ ကာကွယ်လိုက်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ရိုက်ခတ်အားကြောင့် သူမ လွင့်ထွက်သွားပြီး လှောင်အိမ်နဲ့ ပြင်းပြင်းထန်ထန် ဝင်ဆောင့် မိပါတယ်။

“ဖူး။” ဧကရီ ပိုင်ကျစ် သွေးတွေကို ထွေးထုတ်ရုံတင် မကဘဲ သူမရဲ့ နှာခေါင်းနဲ့ နားရွက်တွေကပါ သွေးတွေ ဆက်တိုက် စီးကျ လာခဲ့တယ်။

“မယ်တော်။” ယွင်ချင်းဝူကတော့ အရမ်းကို စိတ်ပူ နေခဲ့ပါပြီ။

“မယ်တော် အဆင်ပြေတယ်။ လွယ်လွယ် မသေဘူး။” ဧကရီ ပိုင်ကျစ်က ခေါင်းခါရင်း ချီ်ယို့ကို လှမ်းကြည့်တယ်။ “ငါတို့တော့ လှည့်စား ခံရပြီ။”

“လှည့်စားခံရပြီ။”

အားလုံးက ချီယို့၊ ဖန်ကျန်းရှီနဲ့ ရွှမ်ယွမ်ဝူကို လှမ်းကြည့်မိတယ်။ သူတို့တွေ ပြဿနာကို နားလည် သွားခဲ့ပြီ။

လှိုင်းတွေ အောက်မှာ ချီယို့ကတော့ နေရာမှာတင် အေးအေးဆေးဆေး ရပ်နေခဲ့တယ်။ အရင်လို သတိလက်လွတ် ပုံစံ မရှိတော့ဘူး။ ဒါတွေ အားလုံးထက် ပိုပြီး အရေးကြီးတာကတော့ ဖန်ကျန်းရှီပါ တစ်နေရာတည်းမှာ မလှုပ်မယှက် ရပ်နေခဲ့တာပါပဲ။ သူလဲ ကျောက်တုံး တစ်တုံးလိုမျိုး ရပ်နေခဲ့တယ်။

ချီယို့ ခေါင်းပေါ်က ချီကူယန်နဲ့ ရွှမ်ယွမ်ဝူတို့ပါ လုံးဝကို ကျောက်ရုပ်တွေ အတိုင်း မလှုပ်မယှက် ရှိနေကြပါတယ်။

“မြန်မြန်။ ဖန်ကျန်းရှီကို ကယ်မှ ဖြစ်မယ်။ ချီယို့ စိတ်ဝိဉာဉ်က ငါတို့ တွေးထားတာထက် အများကြီး ပိုပြီး အင်အားကြီးတယ်။ ဒါက သူ့အားနည်းချက် မဟုတ်ဘူး။ အားလုံးက စိတ်ဝိဉာဉ်ကို ချုပ်နှောင် ခံလိုက်ရပြီ။” ယွင်ချင်းဝူ အော်ဟစ်ပါတော့တယ်။

ရန်ရွှယ့် အမူအယာကလဲ ချက်ခြင်း ပြောင်းလဲ သွားပါတယ်။ သူချက်ခြင်း ရှေ့ကို ပျံတက် သွားပေမယ့် အချိန်နှောင်း သွားခဲ့တယ်။

ချီယို့က တိုက်ခိုက်ခဲ့ပြီ။ ဖန်ကျန်းရှီတို့တွေ ရပ်တန့် နေကြချိန်မှာ သူက အားလုံးကို လက်ခြောက်ဖက် သုံးရင်း ရိုက်ထုတ် လိုက်ပါတယ်။

“ပျောက်ကွယ်စမ်း။” ချီယို့က ဒေါသတကြီးနဲ့ အော်တယ်။

“မလုပ်နဲ့။”

“မလုပ်နဲ့။”

“…”

ရန်ရွှယ်၊ ပင်းယန်နဲ့ တခြားသူတွေ အားလုံး တပြိုင်နက်တည်း အော်ဟစ် လိုက်ကြတယ်။ ဒါပေမယ့် သူတို့တွေ မတားဆီး နိုင်ခဲ့ပါဘူး။ မြန်ဆန်လွန်းလှတဲ့ ချီယို့က ဖန်ကျန်းရှီတို့ကို ပြေးစရာ မြေမရှိအောင် လုပ်ထားခဲ့တယ်။

ဝုန်း။

ကျေမွပျက်ဆီး သွားတဲ့ အသံနဲ့ အတူ တစ်ခုခု အမှုန့် ဖြစ်သွားတာကို မြင်လိုက်ရတယ်။

“ကျန်းရှီ။” ရန်ရွှယ့် မျက်လုံးတွေက ရဲရဲနီ နေခဲ့တယ်။ သူအားကုန်သုံးပြီး ဖောက်ထွက် ချင်ပေမယ့် မမြင်ရတဲ့ အင်အားတစ်ခု တားဆီး ထားတာကြောင့် သူမလှုပ်ရှား နိုင်ခဲ့ဘူး။

ဟမ်။ ဒီကိစ္စက ရန်ရွှယ့် အမူအယာကို နောက်တစ်ကြိမ် ပြောင်းလဲ သွားစေခဲ့တယ်။ ဒီစွမ်းအားက သူ့ကို ထိခိုက်အောင် မလုပ်မှန်း သူခံစားမိတယ်။ ပြန်လည် မွေးဖွားမှု ကောင်းကင်တာအို။

“ကျန်းရှီ မသေ သေးဘူး။” ချီယို့ လက်ထဲမှာ ချေမွ ခံလိုက် ရတာကို မြင်တဲ့ အတွက် ရန်ရွှယ် အရမ်းကို လန့်နေခဲ့တယ်။ ဒါပေမယ့် ရလဒ်ကတော့ ဆက်တိုက် ကျေမွ သံတွေနဲ့ အတူ မရေမတွက်နိုက်တဲ့ အလင်းတန်းတွေက ကောင်းကင်မှာ ထွက်ပေါ် လာခဲ့တာပါ။

ဒါ့အပြင် မှင်လို မည်းမှောင်နေခဲ့တဲ့ ပစ္စည်း ကိုးခု ပျက်ဆီးပြီး ပြုတ်ကျလာတာကို မြင်လိုက် ကြ၇တယ်။

“အိုး အိုးကြီး ကိုးလုံးလား။”

“တောင်စဉ် ကိုးသွယ်က အိုးကြီးတွေ ဘယ်လိုလုပ် ဒီရောက် လာတာလဲ။”

ဧကရီ ပိုင်ကျစ်က ချက်ခြင်း မှတ်မိပါတယ်။

“ဖန်ကျန်းရှီ မင်းက ငါ့ကို အရူးလုပ်ဝံ့တယ်ပေါ့။” ချီယို့ အရမ်းကို ဒေါသတကြီးနဲ့ လက်တွေကို ဝေ့ယမ်းရင်း ဖန်ကျန်းရှီတို့ကို ဖမ်းဆီးဖို့ လုပ်ပါတော့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီတို့ကတော့ နောက်ကို ပြန်ဆုတ် သွားခဲ့ပြီ။

“ကျန်းရှီ ဘာဖြစ် သွားတာလဲ။”

ရန်ရွှယ်နဲ့ ပင်းယန်ကတော့ ဖြစ်သွားတဲ့ ကိစ္စတွေကို နားမလည် ခဲ့ဘူး။

“ငါတို့တွေက ကစားပေး နေတာလေ။ ချီယို့က သူ့ရဲ့ အားနည်းချက်ကို အတုလုပ်ပြီး ငါတို့ရဲ့ စိတ်ဝိဉာဉ်တွေကို ဖမ်းဆီးချင်တာ။ ဒီတော့ သူ့ကို သုံးပြီး အိုးကိုးလုံးကို ဖျက်ဆီး ပေးရတာပေါ့။ ဖန်ကျန်းရှီက ပုံမှန် အတိုင်းသာ ပြောလိုက်ပါတယ်။

“ချီယို့ကို သုံးပြီး အိုးကိုးလုံးကို ဘာဖြစ်လို့ ဖျက်ဆီးချင်တာလဲ။”

ပင်းယန်နဲ့ ရန်ရွှယ် နားမလည် ခဲ့ပြန်ပါဘူး။

“ဒီအိုးတွေက ရတနာတွေလေ။ ငါလဲ သိမ်းထားတာ ကြာလှပြီ။ ပြီးတော့ သုံးစရာ နေရာလဲ မတွေ့ဘူး။ နတ်ဘုရား မုခ်၀ သုံးခု ပျက်သွားတဲ့ အချိန်တုန်းကတောင် နွီဝါး မယ်တော် ပေါ်လာတော့ ဒါတွေကို ဖျက်စီးလိုက်ရင်လဲ တစ်ခုခု ကြီးကြီးမားမား ပေါ်လာမယ် ထင်လို့လေ။” ဖန်ကျန်းရှီ ရှင်းပြတယ်။

သူ့ရဲ့ ခန့်မှန်းမှုက ဖြစ်နိုင်လောက်စရာ ရှိပေမယ့် ဒီလို အတွေးမျိုး တွေးဝံ့သူက ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိမယ် ဆိုတာလဲ သေချာတယ်။

ချီယို့ရဲ့ ဖျက်ဆီးမှုကို အသုံးချပြီး ရတနာတွေကနေ အကျိုးအမြတ် ရအောင် သူလုပ်တယ်။ အတော့်ကို အတုယူချင်စရာ အတွေးတစ်ခုပါ။

“ဝူး။” အိုးကြီး ကိုးလုံးကနေ အလင်းတန်းတွေ ထွက်ပေါ် လာပြီး အထဲမှာ တစ်ခုခု အော်ဟစ် နေသလို အသံတွေ ထွက်ပေါ် လာပါတော့တယ်။

“အိုး။ အချီကြီး လာပြီ။” ပင်းယန် အော်ပါတော့တယ်။

ဧကရီ ပိုင်ကျစ်လဲ သိသိသာသာကို လန့်နေခဲ့တယ်။ ဒီအထဲမှာ ထူးဆန်းတဲ့ စွမ်းအားတွေ ရှိနေတာလား။

မိုးခြိမ်းသံနဲ့ အတူ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းကြီးက ကျရောက်လာခဲ့တယ်။ ဖန်ကျန်းရှီတောင် ဒီအလင်းတန်းကို မကြည့်နိုင်တဲ့ အတွက် မျက်နှာ လွှဲထား ခဲ့ရပါတယ်။ ဒါပေမယ့် အလင်းတန်းကြီးက သူ့အပေါ်ကို ရောက်မယ့် အစား ပင်းယန်ဆီကို ရောက်သွားခဲ့တယ်။

“အား။ ဘာလို့ ငါ့ဆီ လာတာလဲ။” ပင်းယန်က အော်ရင်း ဖန်ကျန်းရှီ နောက်မှာ ပုန်းဖို့ လုပ်ပေမယ့် အလင်းတန်းကတော့ ရောက်လာခဲ့ပြီ။ သူမ ခန္ဒာကိုယ်ထဲကို ချက်ခြင်း ဝင်သွားခဲ့တယ်။

အဲ့ဒီ့နောက် ပင်းယန် တကိုယ်လုံး အနီ၊ အပြာနဲ့ ရွှေရောင် မီးလျှံတွေ ဖုံးလွှမ်း သွားပါတော့တယ်။ သူမရဲ့ နဖူးပေါ်မှာလဲ မီးတောက် သုံးခုက ပန်းပွင့်တွေလို ပေါ်လာခဲ့တယ်။

အခုချိန်မှာ အားလုံးက စိတ်ရှုပ် နေခဲ့ပြီ။ ဖန်ကျန်းရှီတောင်မှ ဒီမြင်ကွင်းကို ကြည့်ရင်း အော်ဆဲ ချင်လာတော့တယ်။

“ငါ့ရဲ့ ရတနာတွေ အကျိုးအမြတ်တွေ အားလုံးက ဘာဖြစ်လို့ ပင်းယန်ဆီ ရောက်သွားတာလဲ။”

ဒီလိုမျိုး မဖြစ်သင့်ဘူးလေ။ နည်းနည်းလေးတောင် မဖြစ်သင့်ဘူး။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့အထင်တော့။ ငါက ဘိုးဘေးကြီး ဧကရာဇ်ယွိရဲ့ စွမ်းအားတွေ ရလိုက်ပြီ ထင်တာပဲ။” ပင်းယန် တစ်ခွန်းချင်း ပြောလာခဲ့တယ်။

ဖန်ကျန်းရှီကတော့ မျက်လုံး အပြူးသားသာ ရှိနေခဲ့ပါတယ်။

ဒဏ္ဍာရီ အရ အိုးကြီး ကိုးလုံးကို ဧကရာဇ်ယွိ ကိုယ်တိုင် သွန်းလုပ်ခဲ့တယ်။ နယ်မြေ ကိုးခုမှာ အိုးတွေကို သူခွဲထုတ်ခဲ့တယ်။ ကြီးမြတ်သော ရှနိုင်ငံတော်က ဧကရာဇ်ယွိရဲ့ မျိုးဆက်တွေ ဖြစ်ပြီး အိုးတွေကတော့ ဧကရာဇ် ချန်ရစ်ထားတဲ့ အမွေ အနှစ်တွေပါ။

အားလုံးက ဆက်စပ်လို့ ရနေပင်မယ့် ဧကရာဇ်ယွိကတော့ တကိုယ်ကောင်းဆန်တယ်။ ဘာကြောင့်များ သူ့မျိုးနွယ်ကိုသာ စွမ်းအား ပေးတာလဲ။

ဖန်ကျန်းရှီ သက်ပြင်းချရင်း ခန္ဒာကိုယ်ထဲက ရတနာတွေ အားလုံးကို ပြစ်ထုတ်တော့တယ်။ ကောင်းကင်တာအို သုခမိန် ခန်းမက ရခဲ့တဲ့ ကျောက်တုံး၊ သူ့ရဲ့ ပစ္စည်းထည့်နေကျ နေရာကြီး ဖြစ်တဲ့ အဆုံးမဲ့ လောက။ အားလုံးကို သူထုတ်ယူ လာပါတယ်။

သူသေသွား ခဲ့ရင် ဒါတွေကို သိမ်းထားလို့ အသုံးမဝင်ဘူး။ ချီယို့ကို အနိုင် မယူနိုင်ရင် ဒါတွေက ရတနာတွေ သက်သက်ပဲ။

အားလုံး ရှိနေပင်မယ့် ဘာအကျိုးအမြတ်မှ သူမရတာကို ဖန်ကျန်းရှီ တကယ် မယုံနိုင်ပါဘူး။

“ချီယို့ လာစမ်း။ အကုန် ဖျက်ဆီးပြစ်။” ဖန်ကျန်းရှီ အော်ရင်း သူ့ပစ္စည်းတွေ အားလုံးနဲ့ ချီယို့ကို ပြစ်ပေါက် ပါတော့တယ်။

ရတနာတွေက ချီယို့ ကိုယ်ကို ရိုက်မိပေမယ့် အောက်ကိုသာ ပြန်ပြုတ်ကျလာခဲ့တယ်။ ဖန်ကျန်းရှီကတော့ မျက်နှာကြီး မည်းမှောင် နေခဲ့ပြီ။

အရာအားလုံး ဖျက်ဆီးမှု တာအိုက ဘာဖြစ်သွားတာလဲ။ အလုပ် မဖြစ်တော့တာလား။

ချီယို့လဲ မျက်နှာတွေ မည်းမှောင် နေခဲ့ပါတယ်။ သူကတော့ ဖန်ကျန်းရှီ ထက်တောင် ပိုပြီးတော့ ဆိုးသေးတယ်။ အခုချိန်မှာတော့ သူမြေပြင်မှာ မားမားမတ်မတ် ရပ်နေရင်း လက်သီးတွေကို ဆုပ်ထားခဲ့တယ်။

ဖန်ကျန်းရှီက သူ့ကို ငတုံးများ ထင်နေတာလား။ မုခ်ဝတွေကို ဖျက်ဆီး လိုက်တဲ့ အချိန် နွီဝါးမယ်တော် ပေါ်လာတယ်။ အိုးကြီးတွေကို ဖျက်ဆီးလိုက်တော့ ဧကရာဇ်ယွိ ဆိုတဲ့ ကောင်ရဲ့ စွမ်းအား ပေါ်လာတယ်။ သူပိတ်မိနေတာ ကြာမြင့်နေပြီ ဖြစ်တဲ့ အတွက် ဧကရာဇ်ယွိကို မသိပေမယ့် သူနားလည်တယ်။

“ဒီတော့ မင်းက ငါ့ရဲ့ တာအိုကို သုံးချင်နေတာပေါ့။” မီးခိုးငွေ့တွေ ထဲကနေ ချီယို့ ပြောတယ်။

“ဟုတ်တယ်။ မင်းက လောက အရှင်သခင် မဟုတ်လား။ ဘာလဲ ကြောက်နေတာလား။” ဖန်ကျန်းရှီ လှောင်ရယ်ဖို့ ကြိုးစားတယ်။

“ဟဟား။” ချီယို့ကတော့ ဒေါသတကြီးနဲ့ ခြောက်သွေ့သွေ့ ရယ်မောတယ်။ “ကောင်းတယ်။ အရမ်း ကောင်းတယ်။ မင်း ဆန္ဒကို ငါဖြည့်ဆည်း ပေးလိုက်မယ်။”

ဂျိန်း ဂျလိန်း။ မိုးခြိမ်းသံနဲ့ အတူ တိမ်မည်းတွေက ကောင်းကင်ကို ဖုံးလွှမ်း သွားပါတော့တယ်။ ဖန်ကျန်းရှီ ပြန်မဖြေ နိုင်ခင် အချိန်မှာပဲ ချီယို့က သူ့ရှေ့ကို ရောက်နေခဲ့ပြီ။

ရွှမ်ယွမ်ဓားကို ချီယို့ ဖမ်းဆွဲလိုက်တယ်။ ဖန်ကျန်းရှီကို ခုခံချိန်တောင် သူမပေးခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ အမူအယာကတော့ လုံး၀ ပြောင်းလဲ သွားခဲ့ပါတယ်။ ချီယို့ လုပ်မယ့် ကိစ္စကို သူသိနေခဲ့တယ်။

“ငါ့ ရွှမ်ယွမ်ဓားကို မင်းဖျက်ဆီး ပြစ်လို့ မရဘူး။” ဖန်ကျန်းရှီ တင်းတင်း ကြပ်ကြပ် ပြန်ဆွဲထားရင်း ချီယို့ လက်မောင်းကို ကန်လိုက်တယ်။ ချီကူယန်၊ ပင်းယန်၊ ရန်ရွှယ်နဲ့ ရွှမ်ယွမ်ဝူလဲ တပြိုင်နက်တည်း တိုက်ခိုက် ကြပါတယ်။ အားလုံးက ချီယို့ အကြံကို နားလည်ကြတယ်။

ဧကရာဇ်ဟွမ် ချန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ရွှမ်ယွမ်ဓားကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး။

အကယ်၍ ဧကရာဇ်ဟွမ်သာ ရွှမ်ယွမ်ဓားကို သုံးပြီး ချီယို့ကို သတ်နိုင်ခဲ့တယ် ဆိုရင် သူသာ ဖျက်ဆီး ခံရလို့ကတော့ ဘာနဲ့ သတ်လို့ ရနိုင်အုန်းမှာလဲ။ ရွှမ်ယွမ်ဝူက ချီယို့ လက်မောင်းကို ဖက်ကိုက်တယ်။ ချီကူယန်ကလဲ အစွမ်းကုန် ရိုက်ထုတ်တယ်။ အရေးကြီး အချိန်မှာ သူတို့ အားလုံး အစွမ်းကုန် တိုက်ခိုက်တယ်။

ပင်းယန်ကတော့ ချီယို့ လက်မောင်းတွေကို ကန်ထားပြီး သုံးရောင်ခြယ် မီးလုံးတွေကို သုံးရင်း ရွှမ်ယွမ်ဓားကို ပြန်ဆွဲ ထားခဲ့တယ်။

“ချီယို့ မိစ္ဆာအိုကြီး။ နွားဂျိုနဲ့ လက်ခြောက်ဖက်ကောင်။ ရုပ်ဆိုး အကျည်းတန်ကြီး။ အခုလွှတ်စမ်း။ မလွှတ်ရင် ပြာချပြစ်မယ်။” ပင်းယန် အော်ဟစ်ရင်း ကန်ကြောက်တယ်။

အောက်ဘက်မှာ ရှိနေခဲ့တဲ့ နတ်ဆိုး မိစ္ဆာတွေကတော့ ကြောင်အ နေခဲ့ကြတယ်။

ဒါက ဘယ်လို နည်းလမ်းကြီးလဲ။

အပိုင်း (၁၁၀၄) ပြီး၏။

အပိုင်း (၁၁၀၅)

“မူချန်ပုလဲ။ ဝတ်ရုံဖြူ အမျိုးသမီးရဲ့ တကယ့် ဇစ်မြစ် အစစ်။”

…

ဒီနည်းလမ်းကို စကားနဲ့တောင် ပြောပြလို့ မရနိုင်ဘူး။

(မင်းတို့ကောင်တွေ နတ်သခင် အဆင့်တောင် ရောက်နေပြီ။ ဒီလောက်ထိ လုပ်စရာ လိုကြလို့လား။ မင်းတို့တွေ ပညာရှင်ဆန်ဆန် မနေနိုင် ကြဘူးလား။)

…

ဒါပေါ့။ ဖန်ကျန်းရှီက နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေနဲ့ စိတ်ကို နားမလည် ခဲ့ပါဘူး။ သူသိရင်တောင် တစ်ခွန်းသာ ပြန်ပြောလိမ့်မယ်။

“ပညာရှင်တွေရဲ့ ပုံစံက ဘယ်လိုလဲ။”

(အဖြူ ဖြစ်ဖြစ် အမည်း ဖြစ်ဖြစ်၊ ကြွက်ဖမ်းနိုင်တဲ့ ကြောင်က တော်တဲ့ ကြောင်။)

ရလဒ်ကသာ အရေးကြီးတယ်။ ဖန်ကျန်းရှီလဲ ဘယ်နည်းကိုမှ ဂရုမစိုက်ခဲ့ပါဘူး။ သူ့စိတ်ထဲမှာတော့ ချီယို့ လက်ထဲက ရွှမ်ယွမ်ဓားကို ပြန်ယူနိုင်ဖို့သာ အတွေးရှိတယ်။

ရွှမ်ယွမ်ဓား ဖျက်ဆီး မခံရ စေဖို့ အတွက် လိုအပ်တာ အားလုံးကို သူလုပ်မယ်။ ပင်းယန်လို နိုင်ငံတော်ရဲ့ မင်းသမီးတောင် ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ရင်၊ သူက ဘာကြောင့်များ ဂရုစိုက်ဖို့ လိုနေအုန်းမှာလဲ။

အခုချိန်မှာ ချီယို့ကို ခြေစုံကန် ထားရုံတင် မကဘူး။ ဂျိုင်း(ချိုင်း)ကိုပါ လက်နဲ့ ထိုးနေသေးတယ်။ ကလိထိုးနေတာ မဟုတ်ပဲ အားအပြည့်သုံးပြီး သူကုတ်ခြစ်တယ်။

မကြာခင်မှာပဲ ချီယို့ရဲ့ ခါးကို သူဖက်ကိုက် လိုက်ပါတယ်။ ဒီအချိန်မှာပဲ သူနားလည် သွားခဲ့တယ်။ မာကျောလွန်းတယ်။ သူ့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် သတ္တုတွေကိုတောင် ကိုက်ဖြတ် နိုင်ပေမယ့် ချီယို့ကို ကိုက်မိချိန်မှာတော့ သွားတွေ ကျိုးကုန်တော့မလို ခံစား နေရပါတယ်။

“ဖန်ကျန်းရှီ မင်း ဒီလောက် ရယ်စရာ ကောင်းမယ်လို့ ငါထင်မထား မိဘူး။” ချီယို့ရဲ့ အေးစက်စက် အသံနဲ့ အတူ အင်အားလှိုင်း တစ်ခုက ခန္ဒာကိုယ်ထဲကနေ ထွက်ပေါ် လာခဲ့ပါတယ်။

ဝုန်း။ ရွှမ်ယွမ်ဝူ လွင့်ထွက် သွားခဲ့တယ်။ သူ့ပါးစပ် ထဲကနေ သွားကျိုး နှစ်ချောင်း ထွက်ကျလာတယ်။ ချီယို့ကို သူကိုက်တာလဲ အသုံးမဝင် ခဲ့ဘူး။ ချီယို့ရဲ့ တခြား လက်မောင်းတွေကတော့ ရွှမ်ယွမ်ဝူကို ချက်ခြင်း ဖမ်းဆွဲပြီး လည်ပင်း ညှစ်ထား လိုက်ပါတယ်။

“မူး။” ရွှမ်ယွမ်ဝူ အော်ဟစ်ရင်း အစွမ်းကုန် ရုန်းကန်တယ်။ ဒါပေမယ့် ထူထပ်တဲ့ မီးခိုးတွေက သူ့ပါးစပ်ထဲကို ဝင်ရောက် လာခဲ့ပြီး သူ့မျက်လုံးတွေကို မည်းမှောင် လာစေခဲ့တယ်။

ဒီနည်းလမ်းကို သုံးပြီး မော့ရှန်းရှီကိုလဲ ချီယို့ သတ်ခဲ့သေးတယ်။ မီးခိုးငွေ့တွေ ပါးစပ်ထဲ ဝင်ရောက် သွားချိန်မှာ မော့ရှန်းရှီက ပေါက်ကွဲပြီး သေဆုံး သွားခဲ့တယ်။

“ရွှမ်ယွမ်ဝူ။” ဖန်ကျန်းရှီ အရမ်းကို ကယ်တင် ချင်ပေမယ့် အင်အားကြီး စွမ်းအား တစ်ခုကြောင့် သူလွင့်ထွက် သွားသလို ရွှမ်ယွမ်ဓားတောင် သူ့လက်ထဲကနေ လွတ်ထွက် သွားခဲ့ပါတယ်။

သူ့ဘေးမှာတော့ ချီကူယန်၊ ပင်းယန်နဲ့ ရန်ရွှယ်တို့လဲ လွင့်ထွက် လာကြတယ်။ ဒါ့အပြင် ချီယို့ရဲ့ လက်သုံးဖက်က သူတို့ကို ဖမ်းဆီးလိုက်တယ်။

လက်တစ်ဖက်ကတော့ ရွှမ်ယွမ်ဓားကို ဖမ်းဆီးထားပြီး နောက်လက်တစ်ဖက်ကတော့ ရွှမ်ယွမ်ဝူကို ဖမ်းထားခဲ့တယ်။ နောက်ဆုံး လက်တစ်ဖက်တော့ ဖန်ကျန်းရှီ ရှေ့ကို ရောက်လာပါတယ်။

“မဖြစ်ဘူး။” ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက ရဲရဲနီ သွားခဲ့တယ်။ စွမ်းအား အားလုံးကို သုံးပြီးတော့ သူ့ကိုယ်သူ တားမြစ်လိုက်တယ်။ အင်အားကြီး စွမ်းအားတွေ အားလုံးကို သူခုခံတယ်။

ချီယို့ ဖမ်းတာကို မခံခဲ့ဘူး။ ဒါပေမယ့် ရုန်းကန် နေရင်းကနေ သွေးတွေက သူ့လည်ချောင်းထဲကို ထိုးတက် လာပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ထွေးမထုတ်ခဲ့ဘူး။ ချီယို့ကို သူတားဆီးရမယ်။

လက်တစ်ဖက်တည်းနဲ့ သူ့ကို လာပြီး ဖမ်းချင်တယ်ပေါ့ မဖြစ်နိုင်တာပဲ။ ဖန်ကျန်းရှီ ကောင်းကင် တာအိုကို သုံးပြီး ခုန်ရှောင်တယ်။

ဖန်ကျန်းရှီက ချီယို့နဲ့ တိုက်ခိုက်ဝံ့တယ်။ ချီယို့က သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခင် အချိန်မှာပဲ သူအရင် ခုန်ရှောင်လို့ ရပါတယ်။ ချီကူယန်နဲ့ တခြားသူတွေ အတွက်တော့ မတူညီ ခဲ့ဘူး

“ချီယို့ ငါနဲ့ တိုက်ခိုက်။” ဖန်ကျန်းရှီ သွေးတွေကို ပြန်မျိုချလိုက်ရင်း အော်ဟစ်ပါတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ ငါတို့ကို ဂရုမစိုက်နဲ့ သတိထား။” ချီကူယန် လှမ်းအော်တယ်။

“ဘာကြီး။” ဖန်ကျန်းရှီ လန့်သွား ပေမယ့် နောက်ကျ သွားခဲ့ပါတယ်။ ချီယို့ရဲ့ လက်မောင်း သုံးဖက်က ဖန်ကျန်းဆီကို ဆင်းသက်လာရင်း ဘက်ပေါင်းစုံကနေ ဝန်းရံလိုက်တယ်။ ဒါ့အပြင် သူ့နောက်ဘက်မှာ လက်တစ်ဖက် ထပ်ရှိ နေခဲ့သေးတယ်။

“ဒဏ္ဍာရီထဲက လက်မိစ္ဆာဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။” ရှည်လျားလာတဲ့ လက်တွေကို မြင်ချိန်မှာ ဖန်ကျန်းရှီရဲ့ စိတ်က ဗလာ ဖြစ်သွားခဲ့တော့တယ်။ လက်နှစ်ခု အထိ သူခုန်ရှောင် နိုင်ပေမယ့် လက်လေးဖက် ဖြစ်လာချိန်မှာတော့ အခြေအနေက မတူညီတော့ဘူး။ ဒါ့အပြင် လက်တွေက မြန်ဆန်လွန်းလှတယ်။

ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုနဲ့ သူခုန်ရှောင် နိုင်ပေမယ့် အဖက်ဖက်က ဝန်းရံ ခံထား ရချိန်မှာတော့ သူဘယ်လိုများ ခုန်ရှောင် နိုင်တော့မှာလဲ။

အောက်ကို ဆင်းရမှာလား။ ချီယို့က သူ့အောက်ဘက်မှာ ရှိနေတယ်။ အပေါ်ကို တက်ရမလား။

ဖန်ကျန်းရှီ ရွေးချယ်စရာလဲ မရှိခဲ့သလို တွေးစရာ အချိန်လဲ မရှိခဲ့ပါဘူး။ ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုကို သုံးပြီး အပေါ်ကို သူပျံတက် သွားခဲ့တယ်။ ဒီအချိန်မှာပဲ သွေးနီရောင် နေမင်းကြီးရဲ့ အလင်းတန်း တစ်ခုက ဖန်ကျန်းရှီရဲ့ ရင်ဘတ်ကို လာရိုက်ခတ်တယ်။

နေမင်းကြီးနဲ့ တိုက်မိသလို ဖန်ကျန်းရှီ ခံစား လိုက်ရပါတယ်။ ပူပြင်းလွန်းလှတဲ့ အတွက် သူ့တကိုယ်လုံး လောင်မြိုက်နေသလို ဖန်ကျန်းရှီ ခံစားမိတယ်။ အင်အားကြီး ဖိအားကလဲ သူ့ခန္ဒာကိုယ်ကို ဖိချ နေခဲ့တယ်။

“မဖြစ်ဘူး။” ချီယို့နဲ့ သူ့လက်တွေက အောက်ဘက်မှာ ရှိနေတယ်။ ဖန်ကျန်းရှီ ရှောင်ရှား ချင်ပေမယ့် အင်အားကြီး ဖိအားက သူ့ကို ခုခံခွင့် မပေးခဲ့ဘူး။

“ဖန်ကျန်းရှီ သွားသေလိုက်။” ချီယို့ အသံက သူ့နားထဲကို ဝင်ရောက် လာခဲ့တယ်။

အဲ့ဒီ့နောက် လက်မောင်းလေးဖက် သူ့ခန္ဒာကိုယ်ကို လာရိုက်ခတ်တဲ့ အဖြစ်ကို ဖန်ကျန်းရှီ ခံစား လိုက်ရပါတယ်။ သူ့စိတ် တစ်ခုလုံး။ မှောင်အတိ ကျသွားတော့တယ်။

ပါးစပ် အပြည့် သွေးတွေကို ဖန်ကျန်းရှီ အန်ထုတ်ပြီးနောက် ချော်ရည်ပူထဲကို သူတန်းတန်းမတ်မတ် ပြုတ်ကျသွားပါတော့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။”

“ကျန်းရှီ။”

“..”

ချီကူယန်နဲ့ ရန်ရွှယ် နှစ်ယောက် စလုံးရဲ့ အသံကို တစ်ချိန်တည်းမှာ ကြားလိုက် ရပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူတို့ကို မကြားနိုင်တော့ဘူး။ သူ့ခန္ဒာကိုယ် တစ်ခုလုံးက လောင်မြိုက်နေပြီး မျက်လုံးထဲမှာတော့ အနီရောင်တွေသာ မြင်နေ ခဲ့ရတယ်။

…

နာကျင်တယ် အရမ်းကို နာကျင်တယ်။ ဒါပေမယ့် ဒီခံစားချက်ကို ဖန်ကျန်းရှီ ကောင်းကောင်း ရင်းနှီးနေတယ်။ ပထမဆုံး အကြိမ် ချော်ရည်ထဲ သူပြုတ်ကျတာ မဟုတ်ခဲ့ဘူး။ အိပ်မက်ထဲမှာလဲ တစ်ခေါက် ကြုံခဲ့သေးတယ်။

“ငါသေသွားပြီလား။” ဖန်ကျန်းရှီ ပတ်ပတ်လည်မှာ သူ့ခန္ဒာကိုယ် တည်ရှိမှုကို မခံစားမိတော့ ပါဘူး။

“မသေသေးဘူး။ ဒါပေမယ့် မကြာခင် သေတော့မှာ။” ဒီအချိန်မှာပဲ ပြန်ဖြေသံကို သူကြားလိုက်ရတယ်။

(ဘယ်သူလဲ။ အင်း။ မင်းက လွဲပြီး ဘယ်သူ ထပ်ရှိနိုင်အုန်းမလဲ။)

ဖန်ကျန်းရှီ မျက်လုံး ဖွင့်ဖို့ ကြိုးစားပေမယ့် အနီရောင်တွေကိုသာ မြင်နေခဲ့တယ်။ ဒါပေမယ့် ရင်းနှီးနေတဲ့ အသံကိုတော့ သူမှတ်မိတယ်။ ဒါက အိပ်မက်ထဲမှာ သူတွေ့နေကျ ဝတ်ရုံဖြူ အမျိုးသမီးရဲ့ အသံပါ။

“ငါနင့်ကို ချော်ရည်ပူထဲ ပြစ်ချလိုက်တဲ့ အချိန်က ခံစားချက်ကို မှတ်မိသေးလား။ အဲ့ဒီ့တုန်းက ခံစားချက်ကို ပြန်စဉ်းစား။” နားထဲမှာ အသံက ထပ်ခါထပ်ခါ ပေါ်လာခဲ့တယ်။ အိပ်မက်ထဲက ချော်ရည်ပူတွေ။

ဖန်ကျန်းရှီ ခပ်မြန်မြန် ငြိမ်ကျ သွားပါတယ်။ လောင်မြိုက်နေတဲ့ နာကျင်မှုကို သူခံယူလိုက်တယ်။ အရမ်းကို နာကျင်နေပင်မယ့် သူ့ကိုယ်သူ လေ့ကျင့်နိုင်တယ်။ ခပ်မြန်မြန်ပဲ နှလုံးသားထဲမှာ နွေးထွေးမှုက စတင် ဖြစ်ပေါ် လာပါတယ်။

အပင်တစ်ပင် အညှောင့် ပေါက်သလိုမျိုး ခပ်ဖြည်းဖြည်းချင်း အပူတွေကို ခွဲထုတ်လိုက်တယ်။ သူ့ခန္ဒာကိုယ်က ရေနွေးနွေးထဲ စိမ်နေ ခဲ့ရသလို သက်တောင့်သက်သာ ရှိလာ ခဲ့ပါပြီ။ ဒီအချိန်မှာပဲ လောကကြီးက ပြောင်းလဲ သွားပြန်တယ်။

တောက်ပတဲ့ အနီရောင်က ပျောက်ကွယ် သွားပြီး ပင်လယ်ကြီး တစ်ခု ပေါ်လာခဲ့တယ်။ ပင်လယ် အပေါ်မှာတော့ ပုလဲ တစ်လုံး ရှိနေခဲ့ပါတယ်။

နတ်ဆိုး ကျောင်းတော်ကနေ သူယူလာခဲ့တဲ့ ပုလဲ။ ရေကန်ထဲက ထုတ်ယူပြီးချိန်တည်းက ဒီပုလဲကို သူမမြင်ရတာ ကြာပြီ။ အခုတော့ သူ့ရှေ့မှာ လွင့်မျော နေခဲ့တယ်။ သူဘယ်လိုလုပ် မအံ့သြပဲ နေမလဲ။

“မင်းက တကယ် ဘယ်သူလဲ။” ဒီပုလဲက ဝတ်ရုံဖြူ အမျိုးသမီးရဲ့ အသွင် အစစ်ဆိုတာ ဖန်ကျန်းရှီ ခံစားမိတယ်။

“ငါက လူသား မဟုတ်ဘူး။”

“ဒါဆိုရင် ဘာလဲ။ နတ်ဆိုး မိစ္ဆာ သရဲ ဘာလဲ။”

“…”

“င့ါကို ပြန်ဖြေ။ မင်းက သရဲလား။”

“မဟုတ်ဘူး။ အတိအကျ ပြောရရင်။ ငါက ကျန်ရစ်တဲ့ အသိစိတ် တစ်ခုပဲ။”

“ကျန်ရစ်တဲ့ အသိစိတ်လား။”

“ဟုတ်တယ်။ ခပ်ရှင်းရှင်း ပြောမယ်ဆိုရင် ချီယို့ကို အနိုင်ယူဖို့ နည်းလမ်း ငါနင့်ကို ပြောပြနိုင်တယ်။” ဝတ်ရုံဖြူ အမျိုးသမီးကတော့ စကားပြောနေတာ ရပ်တန့် သွားတော့တယ်။

“ဒါပေမယ့် ဘာဖြစ်လဲ။”

“နင် သင်လို့ မရဘူး၊”

“…” ဖန်ကျန်းရှီကတော့ ကျိန်ဆဲ ချင်လာတော့တယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ယုံကြည်ချက်ကို ဖျက်ဆီးပြစ်ဖို့ ဒီနည်းလမ်းကိုတော့ မသုံးသင့်ဘူး မဟုတ်လား။ ဖန်ကျန်းရှီက မသင်ယူ နိုင်ဘူးလို့ ဘယ်လိုများ ပြောထွက် ဝံ့တာလဲ။ အရင်တုန်းက သူ့ကို ဘာမှလဲ မသင်ပေး ဖူးဘဲနဲ့။

“ငါ့ကို ကျိန်ဆဲ မနေနဲ့။ နင်တကယ် မသင်နိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကတော့ ရတယ်။” သူ့ရှေ့မှာ ရှိနေတဲ့ ပုလဲက ပျောက်ကွယ် သွားပြီး ဝတ်ရုံဖြူ အမျိုးသမီး ပေါ်လာ ပါတော့တယ်။

“ဘယ်သူလဲ။ ချီကူယန်လား။” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ အရင်ဆုံး ဒီအတွေး ဝင်လာခဲ့တယ်။

ဒီတွက်ချက်မှုက အခြေအမြစ် မရှိပြောတာ မဟုတ်ခဲ့ဘူး။ ပုလဲကို နတ်ဆိုး ကျောင်းတော်ကနေ သူရခဲ့တာ ဖြစ်တဲ့ အတွက် နတ်ဆိုး ကျောင်းတော်နဲ့ ဆက်စပ် နေမယ်မှန်း သူသိတယ်။

“အကယ်၍ ချီကူယန်သာ သင်ကြား နိုင်မယ် ဆိုရင် ငါနင့်ကို လာရှာနေမှာတောင် မဟုတ်ဘူး။ သူလဲ အသက် ၁၂နှစ်တုန်းက ကောင်းကင် ရတနာ ခန်းမကို ဝင်ဖူးတယ်။ သေချာပေါက် သူ့ကို စမ်းကြည့်ဖို့ ငါ့မှာ အခွင့်အရေး ရှိသားပဲ။” ဝတ်ရုံဖြူ အမျိုးသမီး ခေါင်းခါလိုက် ပါတယ်။

“ဒါဆိုရင် မင်းပြောချင်တာက။”

“ဟုတ်တယ်။ ယွင်ချင်းဝူ။” ဝတ်ရုံဖြူ အမျိုးသမီး ခေါင်းငြိမ့်ပြတယ်။

“သူ့လို မဖျက်ဆီးနိုင်တဲ့ ဗျူဟာရှင်၊ ခန့်မှန်း တွက်ချက်မှုမှာ အန္တိမ ပါရမီ ရှိတဲ့ သူသာ ဒါကို တတ်မြောက်နိုင်တယ်။”

“..” ဖန်ကျန်းရှီကတော့ တိတ်ဆိတ် သွားခဲ့ပါတယ်။ ဒါပေမယ့် ပြောရမယ် ဆိုရင် ယွင်ချင်းဝူက ဗျူဟာ ဆင်တဲ့ နေရာမှာ အတော်ဆုံးသူ။

ဘာကြောင့်များ ယွင်ချင်းဝူ ဖြစ်ရတာလဲ။

“နင် နားမလည်လဲ ရတယ်။ နင် နိုးတဲ့ အချိန် ငါ့ရဲ့ ကျန်ရစ်တဲ့ အသိစိတ်ကို ယွင်ချင်းဝူ ပါးစပ်ထဲ ထည့်ပေးရုံပဲ။” ဝတ်ရုံဖြူ အမျိုးသမီးက ပြောလိုက်ပါတယ်။

“ဒီတော့ မင်းရဲ့ အကြံက ဒါပေါ့။” ဖန်ကျန်းရှီ တိတ်တဆိတ် ကြည့်နေဲ့တယ်။

“အင်း။”

“ငါမင်းကို ဘာဖြစ်လို့ ယုံရမှာလဲ။”

ဝတ်ရုံဖြူ အမျိုးသမီးနဲ့ သူအကြိမ်ကြိမ် တွေ့ဆုံ ခဲ့သလို သူက အကြံဉာဏ်တွေ ပေးခဲ့ပေမယ့် အကြံပေးချက်တွေ သက်သက်ပဲ။

အမျိုးသမီး ပေါ်လာတဲ့ ပုံစံနဲ့ သူမရဲ့ ဇစ်မြစ်ကိုတော့ မသိခဲ့ဘူး။ ဘယ်သူကများ ကျန်ရစ်တဲ့ အသိဉာဏ် သက်သက်နဲ့ ချီယို့ကို တိုက်ခိုက်နိုင်တယ်လို့ အာမခံ ဝံ့မှာလဲ။

သူမသေမချာ ဖြစ်နေခဲ့တယ်။

“ဒါဆို ဘယ်လိုလုပ်ရင် နင်ယုံမလဲ။” ဝတ်ရုံဖြူ အမျိုးသမီးက မေးလာခဲ့ ပါတယ်။

“အနည်းဆုံးတော့ နာမည် ပြောပြသင့်တယ်။” ဖန်ကျန်းရှီ လေးလေးနက်နက် ပြန်ဖြေတယ်။

“ငါ့နာမည်လား။” အဆုံးမဲ့တဲ့ ကောင်းကင် ပြာကြီးကို မော့ကြည့်ရင်း အမျိုးသမီးက အတိတ်ကို ပြန်တွေး နေခဲ့တယ်။ ဖန်ကျန်းရှီလဲ မနှောက်ယှက်ဘဲ စောင့်ဆိုင်း နေခဲ့ပါတယ်။

ဒီမေးခွန်းက သူ့စိတ်ထဲမှာ ရှိနေတာ အရမ်းကို ကြာနေခဲ့ပြီ။ ဒီအမျိုးသမီးက တကယ်ပဲ ဘယ်သူများလဲ။ ဘယ်လိုများ ချီယို့ကို အနိုင်ယူဖို့ နည်းလမ်းကို သိနေတာလဲ။

“ငါ့နာမည် နင့်ကို ပြောပြပြီး နင့်သံသယတွေကို ရှင်းပေးလို့ ရတယ်။”

ဖန်ကျန်းရှီကတော့ မျက်တောင် တဖျပ်ဖျပ် ခတ်ရင်းနဲ့သာ ကြည့်နေခဲ့တယ်။

“ဧကရာဇ် ဟွမ်ရွှမ်ယွမ် အာကာသထဲကို ဘာလို့ သွားခဲ့လဲ နင်သိချင်ခဲ့တယ် မဟုတ်လား။”

“မင်းကို ကယ်ဖို့ သူသွားတာလား။”

“သူ ငါ့ကို ကယ်ချင်ခဲ့ပေမယ့် သူ့စွမ်းအားက မလုံလောက် ခဲ့ဘူး။ သူ အစွမ်းကုန် ကြိုးစားပေမယ့် မအောင်မြင် ခဲ့တဲ့ အတွက် ငါ့ရဲ့ ကျန်ရစ်တဲ့ စိတ်ဝိဉာဉ် အပိုင်းအစကိုသာ မူချန် ပုလဲထဲ ထည့်ပေး ခဲ့နိုင်တယ်။”

“မူချန် ပုလဲ။” ဖန်ကျန်းရှီ မျက်လုံး အပြူးသား ဖြစ်သွား ခဲ့ပါတော့တယ်။ နတ်ဘုရား ပုလဲ သုံးခုထဲက တစ်ခု။ မသေမျိုး နတ်မီးငှက်ရဲ့ တစ်ခုတည်းသော ပုလဲ။ ဧကရာဇ်ဟွမ်ရဲ့ အမွေအနှစ် တစ်ခု။

နေစမ်းပါအုန်း။ ဧကရာဇ်ဟွမ်က မူချန် ပုလဲကို ချန်ထားခဲ့တယ်။ သမိုင်းမှတ်တမ်း အရဆိုရင် ဧကရာဇ်ဟွမ်က ကောင်းကင်ကို ခွဲပြီး အာကာသထဲကို နောက်တစ်ခေါက် ပြန်ဝင်ရောက်ခဲ့တယ်။ ပြီးတော့မှ အမျိုးသမီးကို ပုလဲထဲ ပြန်ထည့်ပြီး မြေပြင်ပေါ်ကို ပို့လိုက်တယ်။ သူကိုယ်တိုင်ကတော့ ပြန်မလာ နိုင်ခဲ့ဘူး။

အခုချိန်မှာတော့ အံ့သြစရာ မှတ်တမ်းကို ဖန်ကျန်းရှီ လုံးစေ့ ပတ်စေ့ နားလည် သွားခဲ့ပါပြီ။

“တကယ်တော့ ငါက ဒီလောကရဲ့ လူသား မဟုတ်ဘူး။ ဒါပေမယ့် ဒီလောကမှာ နာမည် တစ်ခုတော့ ရှိတယ်။ သူတို့တွေက ငါ့ကို ရွှမ်နူလို့ ခေါ်ကြတယ်။ (ကောင်းကင်ကိုးဘုံရဲ့ ရွှမ်နူ)။” ဝတ်ရုံဖြူ အမျိုးသမီးက သူမ နာမည်ကို ပြောပြချင်ပုံ မပေါ်ခဲ့ပါဘူး။

အပိုင်း (၁၁၀၅) ပြီး၏။

အပိုင်း (၁၁၀၆)

“အမှန်တရား။ မျိုးဆက် ချန်ထားခြင်း။”

…

“ကောင်းကင်ကိုးဘုံရဲ့ ရွှမ်နူ (ကျိုထျန်းရွှမ်နူ)။” ဖန်ကျန်းရှီ အရမ်းကို လန့်သွား ပါတော့တယ်။

အကယ်၍ ဝတ်ရုံဖြူ အမျိုးသမီး ပြောတာသာ မှန်ခဲ့မယ် ဆိုရင် သူမက ချီယို့ကို အနိုင်ယူဖို့ နည်းလမ်း သိတဲ့ တစ်ဦးတည်းသောသူ ဖြစ်လိမ့်မယ်။

ဒဏ္ဍာရီတွေ အရ ရှေးရှေးခေတ်မှာ ဧကရာဇ်ဟွမ်က ချီယို့နဲ့ ကိုးကြိမ် တိုင်တိုင် တိုက်ခိုက်ပေမယ့် ကိုးကြိမ်စလုံး ရှုံးနိမ့်ခဲ့တယ်။ သူတို့မှာ နိုင်ဖို့ မျှော်လင့်ချက် လုံး၀ မရှိခဲ့ဘူး။

ဒါပေမယ့် အဲ့ဒီ့ အချိန်မှာ ဝတ်ရုံဖြူ အမျိုးသမီး တစ်ယောက် အာကာသ ထဲကနေ ရောက်ရှိ လာခဲ့တယ်။

“ချီယို့ရဲ့ စိတ်ဝိဉာဉ်က နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်း သွားတဲ့ ကိစ္စကို သိပြီးတဲ့နောက် ရွှမ်ယွမ်က ချီယို့ကို သတ်ဖို့ နည်းလမ်း ရှာမတွေက နိုင်ခဲ့ဘူး။ ဒါကြောင့် ရှင်းထျန်းကို ဒီနေရာ မြားခေါ်လာပြီး သူ့ရဲ့ အငြိုးအတေးတွေနဲ့ ဒေါသ အရှိန်အဝါတွေကို ထုတ်လွှတ်ပြီး ဖိနှိပ်ခဲ့တယ်။ ဒါပေမယ့် ချီယို့ကို ဖိနှိပ်ရုံသာ တတ်နိုင်ပြီး နောက်တစ်ကြိမ် ပြန်နိုးထ လာမှာကို သူသိခဲ့တယ်။” ရွှမ်နူက ဆက်ပြောပါတယ်။

“ဒါကြောင့် အာကာသထဲကို ဝင်ပြီး မင်းကို ပြန်ခေါ်ထုတ်ဖို့ လုပ်ခဲ့တာလား။” ဖန်ကျန်းရှီ အခုချိန်မှာတော့ နားလည်စ ပြုလာခဲ့တယ်။

“ဟုတ်တယ်။ ချီယို့ကို သူမနိုင်နိုင်မှန်း သိတာကြောင့် ရွှမ်ယွမ်က ငါ့ကို မျှော်လင့်ချက် ထားခဲ့တယ်။ နတ်မီးငှက်ရဲ့ သွေးကို သုံးပြီး မူချန် ပုလဲကို သူဖန်တီးခဲ့တယ်။ အဲ့ဒီ့နောက် ငါ့ရဲ့ ကျန်ရစ်တဲ့ အသိစိတ် အပိုင်းအစကို မဖျက်ဆီး ခံရစေဖို့ ပုလဲထဲမှာ သူထည့်ပိတ် ခဲ့တယ်။” ရွှမ်နူ ခေါင်းငြိမ့်ရင်း ဆက်ပြောပါတယ်။

“နားလည်ပြီ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ ခေါင်းငြိမ့် လိုက်ပါတော့တယ်။ သူ့မေးခွန်းတွေ အတွက် အဖြေတွေ အားလုံးကို သူရသွားခဲ့ပြီ။

ရှေးခေတ်မှာ ကြယ်တာရာ ကပ်ဆိုးကြီးကို ဆွဲဆောင် စေနိုင်တဲ့ အထိ တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီ့ ကပ်ဆိုးကြီးကြောင့် နွီဝါး မယ်တော်က လူသား၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် သုံးခုကို ဦးဆောင်ပြီး ကပ်ဆိုးကြီးကို ခုခံ ခဲ့တယ်။

ကပ်ဆိုးကြီးကို နှိမ်နင်း အောင်မြင် ပြီးတဲ့နောက် မျိုးနွယ်စု သုံးခုရဲ့ အင်အားကြီး ဖြစ်တည်မှုတွေတင် မကဘဲ ရွှမ်နူပါ အာကာသထဲမှာ ကျန်ရစ်ခဲ့တယ်။

ဒါနဲ့ ပတ်သက်ပြီး ဘာမှ မမှားခဲ့ဘူး။

လူသား မျိုးနွယ်ရဲ့ ဧကရာဇ် နှစ်ပါးကတော့ အသက်ရှင် ကျန်ရစ်နိုင် ခဲ့တယ်။ ဒါကြောင့် လူသားမျိုးနွယ်ဆီ သူတို့ ပြန်ရောက်လာ နိုင်အောင် တစ်ယောက်ယောက်က ဦးဆောင် ပေးခဲ့တယ်လို့ ဆိုလိုတာပဲ။

သမိုင်း မှတ်တမ်းတွေထဲမှာ ရွှမ်နူက စစ်ပွဲကြီး အတွင်း ပေါ်လာခဲ့ပြီး စစ်ပွဲ ပြီးချိန်မှာ ပျောက်ဆုံး သွားခဲ့တယ်။

ဖန်ကျန်းရှီ မမျှော်လင့်ထား ခဲ့မိတာကတော့ ရွှမ်နူက အာကာသထဲမှာ ပိတ်မိနေတာပါပဲ။

ချီယို့ကတော့ အဲ့ဒီ့ အချိန်မှာ နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်းသွားပြီး အချိန်မရွေး ပြန်နိုးထ လာတော့မယ့် အသွင် ရှိနေခဲ့တယ်။

ဧကရာဇ်ဟွမ်ကလဲ ရွှမ်နူကို ကယ်တင်ဖို့ စွမ်းအား မလုံလောက် ခဲ့ဘူး။

အရာအားလုံးက တွေးကြည့်ရင် အဓိပ္မာယ် ရှိနေခဲ့တယ်။ ဧကရာဇ်ယန်က ဧကရာဇ်ဟွမ် ပြန်လာတာကို စောင့်နေခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်ဟွမ်က ပြန်မလာနိုင်ခဲ့ဘူး။

မူချန် ပုလဲက ဧကရာဇ်ဟွမ်ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ခဲ့တယ်။

“ငါ့မှာ နောက်ထပ် မေးခွန်း ရှိတယ်။ မင်းက ကောင်းကင် ရတနာ ခန်းမထဲမှာ ဘာဖြစ်လို့ ရောက်နေတာလဲ။ နောက်ပြီး ရေကန်အောက်ခြေမှာ ဘာဖြစ်လို့ နေနေတာလဲ။”

“အစောတုန်းက ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ ပထမဆုံး ဧကရာဇ် လက်ထဲကို ရောက်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော် ပျက်သုန်းသွားတော့ ပြန်ထူထောင် နိုင်ဖို့ အတွက် ရတနာတွေကို ဧကရာဇ် အသစ်က မိသားစုကြီးတွေဆီ ခွဲဝေပေးခဲ့တယ်။ အဲ့ဒီ့ မိသားစုကြီးတွေက နောက်တော့ ကျောင်းတော်တွေ ဖြစ်လာခဲ့ ကြတာပဲ။”

“နားလည်ပြီ၊ ဘယ်သူကမှ မူချန် ပုလဲ အကြောင်းကို မသိကြဘူး။ ရှေးဟောင်း နတ်ပုလဲ သုံးခုထဲမှာ တစ်ခုက နတ်ဆိုး ကျောင်းတော်ကို ရောက်နေတယ်ပေါ့။ မင်းက ကောင်းကင် ရတနာ ခန်းမမှာ စောင့်မနေ ချင်တာနဲ့ ရေကန်ထဲကို ရောက်သွားတာလား။” ဖန်ကျန်းရှီ ခန့်မှန်းလိုက်တယ်။

“ဟုတ်တယ်။”

“ဒါဆိုရင် မင်းငါ့ကို ဘာလို့ ရွေးလိုက်တာလဲ။ ငါက ခံ့ညားလို့လား။” ဖန်ကျန်းရှီ အရှက်မရှိ မေးပါတော့တယ်။

“…” ရွှမ်နူကတော့ ခေါင်းခါပြန်တယ်။ “နင်က လူတစ်ယောက်နဲ့ တူနေလို့ ရွေးလိုက်တာ။ ဒါ့အပြင် နင်တို့ နှစ်ယောက်က ကံစပ်တယ်။”

“ဘယ်သူနဲ့ တူတာလဲ။” ဖန်ကျန်းရှီ ဆက်မေးတယ်။”

“ဇာတ်လမ်းကတော့ ရှည်လိမ့်မယ်။ ငါက ဒီလောကနဲ့ မသက်ဆိုင်ဘူးလို့ နင့်ကို ပြောခဲ့ ပြီးသား။ နင် အနာဂတ်မှာ သူနဲ့ တွေ့လိမ့်မယ်။ သူနဲ့ တွေ့တဲ့ အချိန် ကျေးဇူးပြုပြီး နှုတ်ဆက် ဂါရဝပြုပေးပါ။”

“မင်း အတွက် နှုတ်ဆက်ပေးရမှာလား။ ဘယ်သူ့ကိုလဲ။”

“ငါ့ ဘိုးဘေးတွေကို။”

“…”

…

တစ်ယောက်ကို တစ်ယောက် သေစေနိုင်တဲ့ အချစ်မျိုး လောကမှာ ရှိတယ်။

ရွှမ်နူပြောတဲ့လူနဲ့ ရွှမ်နူ ဘယ်လို ဆက်စပ်နေမှန်း မသိပေမယ့် သူမ အဲ့ဒီ့လူကို မုန်းနေတယ်လို့ သူသေချာပြောနိုင်တယ်။

ဖန်ကျန်းရှီကို သူမ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ မိန်းမတွေရဲ့ စိတ်က တကယ့်ကို နားလည်ဖို့ ခက်လိုက်တာ။ ဖန်ကျန်းရှီလဲ နောက်ထပ် မမေးတော့ဘူး။

“အိုး။ မင်းမှာ နောက်ထပ် နာမည် တစ်ခု ရှိသေးတယ်လို့ ပြောတယ် မလား။ အဲ့တာဘာလဲ။” ဖန်ကျန်းရှီ ပုံမှန် အတိုင်း မေးလိုက်ပါတယ်။

“အဲ့ဒီ့နာမည်က ဒီလောကနဲ့ မသက်ဆိုင်ဘူး။ နင်သိချင်ရင် သူ့ကို မေးလိုက်။ ဒါပေါ့။ အရင်ဆုံး သူ့ကို တွေ့ဖို့ လိုအပ်တယ်။

“ငါခန့်မှန်း ကြည့်မယ်။ ကြာပန်းဖြူလေးလား မင်းနာမည်က။” ဖန်ကျန်းရှီ အတော့်ကို သိချင်နေပုံပါပဲ။

“..” ရွှမ်နူရဲ့ အမူအယာက နည်းနည်းတော့ ပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားတွေက သူမကို ဒေါသ မထွက်စေခဲ့ဘူး။ အတိတ် မှတ်ဉာဏ် တစ်ချို့ကို ပြန်တူးဖော် မိသွားတဲ့ အတိုင်း သူမ သက်ပြင်းချလိုက်ပါတယ်။ အဲ့ဒီ့နောက် လွမ်းမောဖွယ်ရာ အသံနဲ့ သူမ ပြောလာခဲ့တယ်။

“တန်မင်းဆက်မှာ လောကမှာ ရှိသမျှ လူတိုင်းက ပျိုနီပန်းပွင့်ကို နှစ်သက်ကြတယ်။ သူတစ်ယောက်တည်းသာ ကြာပန်းဖြူရဲ့ သန့်စင်မှုကို မြတ်နိုးခဲ့တယ်။”

သူမရဲ့ အသံကတော့ ပဟေဠိ ဆန်လွန်း လှပါတယ်။ ဖန်ကျန်းရှီကတော့ အမူအယာ ပြောင်းလဲ သွားခဲ့တယ်။ ဒီကမ္ဘာမှာ တန်မင်းဆက် မရှိဘူး။

“နင် ဒီလို ဆက်မေးနေရင် ချီယို့က ချီကူယန်၊ ရန်ရွှယ်နဲ့ ပင်းယန်တို့ အားလုံးကို သတ်ပြီး သွားမှာ သေချာတယ်။” ရွှမ်နူ သတိ ပြန်ဝင် လာခဲ့တယ်။

“ငလူးပဲ။”

…

ချန့်ယန်းတောင် အပြင်ဘက် ကောင်းကင် (လက်ရှိ ကျမ်းကောင်းကင်တောင်) မှာတော့ ချီကူယန်၊ ပင်းယန်နဲ့ ရန်ရွှယ်တို့ အားလုံး ဖန်ကျန်းရှီကို ကယ်တင်ဖို့ ချော်ရည်ပူထဲကို ပြေးဆင်း ချင်ကြပေမယ့် ချီယို့က ခွင့်မပြု ခဲ့ပါဘူး။

“ဟမ့်။ သူ့ကို ကယ်ချင်တယ်ပေါ့။ မင်းတို့ကိုယ် မင်းတို့သာ အရင် ကယ်ကြပါအုန်း။” ချီယိုရဲ့ မိုးခြိမ်းသံလို အသံကျယ်ကြီးက ထွက်ပေါ် လာခဲ့ပြီး သူ့လက်မောင်းကြီးတွေက နောက်တစ်ကြိမ် ကျရောက်လာ ခဲ့ပါတယ်။

လက်နှစ်ဖက်က ချီကူယန်ကို ဖမ်းဆီးထားပြီး နောက်လက် ၂ဖက်ကတော့ ပင်းယန်နဲ့ ရန်ရွှယ်ကို ဖမ်းဆီးလိုက်တယ်။

ချီယို့က ဖန်ကျန်းရှီကို ယှဉ်နိုင်တဲ့ ချီကူယန်ရဲ့ စွမ်းအားကို နားလည်ခဲ့တယ်။ ဒါ့အပြင် ချီကူယန်က နွီဝါးမယ်တော်ရဲ့ မျိုးဆက်လဲ ဖြစ်နေပါသေးတယ်။ ချီယို့ ဒါတွေကို မကြောက်ခဲ့ပေမယ့် စိတ်ထဲမှာတော့ သူ့အတွေးနဲ့သူ ရှိနေတယ်။

ဖန်ကျန်းရှီက သေသွားခဲ့ပြီ။

ဒါကြောင့် နွီဝါး မယ်တော်နဲ့ သက်ဆိုင်နေတဲ့ ချီကူယန်ကို အရင်ဆုံး တိုက်ခိုက်ရမယ်။ သူတို့ နှစ်ယောက် သေသွားပြီးရင် ဘာကမှ ပြဿနာ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အခုချိန်မှာ ဖန်ကျန်းရှီကို သတ်ဖို့ အတွက် သွေးနီရောင် လှောင်ချိုင့်ကြီးကို ဖွင့်ခဲ့ရတယ်။

“ပင်းယန် ရန်ရွှယ်နဲ့ အရင် သွားတော့။ ငါ သူ့ကို တားထားမယ်။” ချီကူယန်က ချီယို့ စိတ်ကို ချက်ခြင်း နားလည် ပေမယ့် ထွက်ပြေးဖို့တော့ စိတ်ကူး မရှိခဲ့ ပါဘူး။

“မသွားဘူး။ ဘယ်တော့မှ မသွားဘူး။” ပင်းယန်ကတော့ သူမဆီ ရောက်လာနေတဲ့ ချီယို့ရဲ့ လက်တွေပေါ်မှာ လျှောက်ပြေးနေခဲ့တယ်။

တကယ်တော့ ရန်ရွှယ်က အန္တရာယ် အများဆုံး အခြေအနေမှာ ရှိနေသူပါ။

ပင်းယန်လို ဧကရာဇ်ယွိရဲ့ စွမ်းအား အကုန် ရထားသူနဲ့ မတူညီဘဲ သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေသာ ဖြစ်နေခဲ့တဲ့ အတွက် အားနည်းချက် ရှိနေခဲ့တယ်။

“မဖြစ်ဘူး။ ငါ ကျန်းရှီ အတွက် လက်စားချေရမယ်။ မသွားဘူး။” သွေးလို ရဲရဲနီနေတဲ့ ရန်ရွှယ့် မျက်ဝန်းတွေက တောက်ပနေခဲ့တယ်။ ချီယို့ကို သူမနိုင်မှန်း သူသိပေမယ့် အန္တရာယ် ရှိနေတာကို သိနေတာတောင် သူထိပ်တိုက် ဆက်သွား ခဲ့ပါတယ်။

အရမ်းကို ရူးမိုက်ရာ ကျနေပင်မယ့် ရန်ရွှယ် ပီသလွန်း လှတယ်။

ဘယ်သူကမှ ထွက်သွားဖို့ အတွေး မရှိတော့ဘူး။ နှစ်ယောက် စလုံးက ချီယို့ရဲ့ တိုက်ခိုက်မှုတွေကို ဆက်တိုက်သာ ခုန်ရှောင် နေခဲ့တယ်။

ချီယို့လဲ ဒီလူသား နှစ်ယောက်နဲ့ လှောင်ချိုင့်ထဲမှာ ရှိနေသူတွေ အားလုံး ဒီလောက် မိုက်မဲ လိမ့်မယ်လို့ တကယ် မထင်မိ ခဲ့ပါဘူး။

“ကြည့်ရတာ ဖမ်းထားဖို့ အားမကုန်တော့ဘူးပဲ။” ချီယို့ အကြည့်တွေက အရမ်းကို အေးစက် နေခဲ့တယ်။ တခြားသူတွေ ထွက်မသွားမှတော့ ဘာမှ ညှာတာ နေစရာ မလိုဘူး။ ချီယို့က ညှာတာ တတ်သူလဲ မဟုတ်ခဲ့ဘူး။

“ခြိမ်းခြောက်မှုတွေ အားလုံးကို သတ်ပြစ်။”

“အညံ့မခံတဲ့ သူတွေ အားလုံးကို သတ်ပြစ်။”

“အားလုံးကို သတ်ပြစ်။”

ချီယို့ရဲ့ စရိုက်က အရာအားလုံး ဖျက်ဆီးမှု တာအိုနဲ့ တူညီတယ်။ ကမ္ဘာမြေကို သူအုပ်ချုပ်မယ်။ သူနဲ့ အဆင်မပြေတဲ့ အရာအားလုံးကို သတ်ပြစ်မယ်။

ချီယို့ကတော့ တစ်ချက်လေးတောင် မတုန်လှုပ် ခဲ့ပါဘူး။ သူ့ရဲ့ နှစ်ပေါင်း ထောင်ချီကြာအောင် ခိုင်မာတဲ့ ယုံကြည်ချက်ကိုလဲ ဘယ်သူမှ မပယ်ဖျက် နိုင်ခဲ့ဘူး။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ မြေပြင်မှာ ဦးညွှတ် နေခဲ့ကြတယ်။ ချီယို့က နတ်ဆိုး နတ်ဘုရား တစ်ပါး။ သူ့ကို အညံ့မခံတဲ့ လူတွေ အားလုံး သေဆုံး ရမယ်လို့ သူ ပြသခဲ့ပြီးသား။ ချီယို့ လက်ထဲမှာ ရှိနေခဲ့တဲ့ ရွှမ်ယွမ်ဝူလဲ အတူတူ ဖြစ်ခဲ့ပါတယ်။

ရွှမ်ယွမ်ဝူရဲ့ မျက်လုံးတွေက အမည်းရောင် ပြောင်းသွားခဲ့ပြီ။ မီးခိုးငွေ့တွေက သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲကို ဆက်တိုက် ဝင်ရောက်နေရင်း သူ့ကို ရုန်းကန် စေခဲ့တယ်။ ဒါပေမယ့် ချီကူယန်က အရမ်းကို အင်အားကြီးလွန်း နေပါတယ်။

လောက နံပါတ်တစ် နတ်သားရဲကောင်တောင် သူ့လက်ထဲကနေ မလွတ်မြောက် နိုင်ခဲ့ဘူး။

“ဖန်ကျန်းရှီ နင်တကယ် သေသွားပြီလား။” ယွင်ချင်းဝူ တုန်လှုပ်နေခဲ့သလို ချော်ရည်ပူတွေ ထဲကို သူမ ကြည့်နေခဲ့တယ်။

အံ့ဖွယ်ရာ တစ်ခုခု ဖြစ်လာပါစေလို့ သူမ ဆုတောင်း နေမိပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ ပြုတ်ကျသွားခဲ့တာ ၁၀မိနစ် တိတိ ရှိနေခဲ့ပြီ။ ဒီနေရာမှာ ဂူတွေ တောင်စောင်းတွေ မရှိခဲ့ဘူး။ ချော်ရည်ပူတွေသာ ရှိခဲ့တယ်။

ဖန်ကျန်းရှီ နတ်သခင် အဆင့်ကို တက်ပြီးတာတောင် အဲ့ဒီ့ နေရာမှာ ၁၀မိနစ်နေဖို့က အန္တရာယ် များလွန်းတယ် မဟုတ်လား။

ဒါ့အပြင် ဖန်ကျန်းရှီက သတိလစ်နေတဲ့ အချိန်မှာ ပြုတ်ကျသွားတာ ဖြစ်ခဲ့တယ်။ သတိလစ်နေရင် ချော်ရည်ပူတွေရဲ့ တိုက်စားမှုကို စွမ်းအား အရင်းအမြစ်နဲ့ ခုခံလို့လဲ မရနိုင်ခဲ့ဘူး။

“သူ သေပြီလား။ မသေနိုင်ဘူး မလား။” ဝူယွဲ့အာကတော့ ငိုကြွေး နေခဲ့ပါတယ်။

မော့ရှန်းရှီလဲ သေဆုံး သွားခဲ့ပြီ။

ရွှမ်ယွမ်ဝူကလဲ ချီယို့ လက်ထဲမှာ အချိန်မရွေး ပေါက်ကွဲ သေဆုံး သွားနိုင်တယ်။ အရာအားလုံးက ပြောင်းလဲ နေခဲ့ပြီ။ ချီယို့ကလဲ အရမ်းကို အင်အားကြီးလွန်း နေတယ်။

အရင်ကနဲ့ မတူပဲ အရာအားလုံးက တိုက်ပွဲမှာ မျှော်လင့်ချက် မရှိတော့မယ့် အခြေအနေကို ရောက်နေခဲ့တယ်။ လူသား မျိုးနွယ်တွေ ပျောက်ကွယ် သွားပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက အညံ့ခံရုံပဲ တတ်နိုင်လိမ့်မယ်။

နတ်သားရဲကောင်တွေ ဆက်တိုက် ခပ်တိုးတိုး ဟိန်းဟောက် နေခဲ့ကြတယ်။ ယွင်ချင်းဝူ ဘေးမှာတော့ ဧကရီ ပိုင်ကျစ်က ကာကွယ်နေပါတယ်။ ယွင်ချင်းဝူနဲ့ အတူတူ ထွက်သွား ချပ်ပေမယ့် သူမ မသွားနိုင်ခဲ့ဘူး။ သူ့သမီးရဲ့ စရိုက်ကို ဧကရီ ပိုင်ကျစ် ကောင်းကောင်းကြီး သိတယ်။

ယွင်ချင်းဝူက တစ်ခေါက် စိတ်ဆုံးဖြတ်ပြီးရင် လုံး၀ မပြောင်းလဲ နိုင်ဘူး။ ဒီတစ်ခေါက်ရော သူမ အောင်မြင် နိုင်မှာလား။ ယွင်ချင်းဝူကတော့ ငေးငိုင်နေဆဲပါ။

ဝုန်း။

ဒီအချိန်မှာပဲ ပေါက်ကွဲသံကြီး တစ်ခုကို ချော်ရည်ပူတွေထဲမှာ ကြားလိုက်ရပါတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ။”

“ချော်ရည်ပူတွေက။”

အားလုံး လန့်နေခဲ့ကြတယ်။ ချီယို့တောင်မှ အံ့သြ နေခဲ့ပါတယ်။ ပေါက်ကွဲသံကြီးနဲ့ အတူ လူတစ်ယောက် ချော်ရည်ပူထဲက ထွက်လာတာကို သူမြင်လိုက်ရတယ်။

“ဒီကောင်စုတ်လေး မသေဘူးလား။” ဖန်ကျန်းရှီ ချော်ရည်ပူတွေထဲမှာ အသက်ရှင်နေတာကို ချီယို့ မယုံနိုင်ခဲ့ဘူး။ ဒါ့အပြင် သူ့ရဲ့ ရိုက်ချက်ကိုလဲ ၂ချက် ဆက်တိုက် ခံစားထား ရသေးတယ်။

သွေးနီရောင် လှောင်ချိုင့်ကြီးရဲ့ စွမ်းအား အကုန်လုံးက ဖန်ကျန်းရှီကို တိုက်ခိုက် ခဲ့ရုံတင် မကဘူး ချီယို့ရဲ့ လက်လေးဖက်ကပါ သူ့ကို တိုက်ခိုက်ခဲ့သေးတယ်။

ဖန်ကျန်းရှီ မသေတာကို ချီယို့ နားမလည် နိုင်ပါဘူး။

အခုချိန်မှာ ဖန်ကျန်းရှီ ချော်ရည်ထဲကနေ ထွက်လာ ခဲ့တယ်။ ဒါ့အပြင် သူ့မျက်နှာကလဲ အရက်ကောင်းကောင်း သောက်ထားရသလို နီနေပါသေးတယ်။

ချီယို့ကို စိတ်ရှုပ်ထွေး စေတာကတော့ ချော်ရည်ပူထဲက သူထွက်လာ ပြီးချိန်မှာ ဘယ်သူ့ကိုမှ မကယ်တင်ဘဲ ယွင်ချင်းဝူဆီ ပြေးသွားခဲ့တဲ့ ကိစ္စပါ။

“ဒီကောင် ထွက်ပြေးဖို့ ကြံနေတာလား။” ဒီအတွေး ချီယို့ စိတ်ထဲ ဝင်လာချိန်မှာတော့ ချီကူယန်၊ ပင်းယန်နဲ့ တခြားသူတွေ အားလုံးကို သူလက်လျော့ လိုက်ပါတယ်။ ဖန်ကျန်းရှီကို သူတားဆီးတယ်။

“အဖိုးကြီး ချီယို့။ မင်း အခု စကား မတည်တာလား။ ငါ ရေချိုးတာကို မင်းစောင့်မယ်လို့ မပြောခဲ့ဘူးလား။”

ချီယို့ကတော့ မျက်လုံး ပြူးသွား ခဲ့ပြန်တယ်။

“ဒီကောင်ကတော့လေ။”

အပိုင်း (၁၁၀၆) ပြီး၏။

(ကျိုထျန်းရွှမ်နူ - တောက်(တာအို)ဘာသာ နတ်သမီးတစ်ပါး။ ဧကရာဇ်ဟွမ်အား နည်းဗျူဟာများ သင်ကြား ပေးခဲ့သူ။)

အပိုင်း (၁၁၀၇)

“နောက်ဆုံးသော တိုက်ပွဲ။”

..

အခုချိန်မှာတော့ ရှိနေသူတွေ အားလုံး တအံ့တသြ ဖြစ်နေခဲ့ပါတယ်။ ချီယို့တင်မကလဲ ချီကူယန်၊ ပင်းယန်၊ ရန်ရွှယ်နဲ့ အားလုံးက မျက်လုံး အပြူးသား ဖြစ်သွား နေတယ်။

အားလုံး မှင်သက် အံ့သြ နေကြချိန်မှာပဲ ကောင်းကင်တာအိုကို သုံးပြီး ဖန်ကျန်းရှီက ဝူယွဲ့အာနဲ့ ယွင်ချင်းဝူဆီကို ခုန်ပျံကျော်လွှားရင်း ရောက်သွားတော့တယ်။

ဝူယွဲ့အာကတော့ ချက်ခြင်း ရှက်သွေးဖြာ နေခဲ့ပါတယ်။ ဖန်ကျန်းရှီက သူမနဲ့ တကယ် အတူတူ နေချင်တာလား။ ဒီနေရာမှာ ယွင်ချင်းဝူ၊ ဧကရီ ပိုင်ကျစ်နဲ့ ဝူယွဲ့အာ သုံးယောက်သာ ရှိတယ်။ ဧကရီ ပိုင်ကျစ်ကတော့ မဖြစ်နိုင်ဘူး။ ဒီလောက် အသက်ကွာနေတာကို သူကြိုက်မှာ မဟုတ်ဘူး။

ယွင်ချင်းဝူကလဲ မိစ္ဆာ နတ်ဆိုး သွေးနှော ဖြစ်နေတာကြောင့် မဖြစ်နိုင်သေးဘူး။ ဝူယွဲ့အာက အခွင့်အရေး အများဆုံးသူ ဖြစ်နေခဲ့တယ်။

ဝူယွဲ့အာ နောက်ထပ် မစဉ်းစားတော့ပါဘူး။ သူက လက်ဆန့်ထုတ်ရင်း လှမ်းဆွဲလိုက်တယ်။

“အရှက်မရှိတဲ့ ကောင်။ မလုပ်နဲက။ ငါ အသင့် မဖြစ်သေးဘူး။” ဝူယွဲ့အာ ဆက်မပြောနိုင်ခင် အချိန်မှာပဲ မျက်လုံး ပြူးသွားခဲ့ရပါတယ်။

ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို အားလုံးက စိတ်အား ထက်သန်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ ခါးကို ဖက်ထားရင်း လက်တစ်ဖက်ကတော့ သူမ ခေါင်းကို မော့ထားခဲ့တယ်။ ချက်ခြင်း ဆိုသလို သူတို့ နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေက ထိသွား ခဲ့ပါတယ်။

“..”

ယွင်ချင်းဝူ မျက်လုံး အပြူးသားနဲ့ သူမရှေ့မှာ ရှိနေသူကို ကြည့်နေခဲ့ပါတယ်။ သူမ ချက်ခြင်း ရုန်းကန်မိပေမယ့် ဒီလူကတော့ အရမ်းကို ခေါင်းမာ နေခဲ့တယ်။ ဘာမှ မပြောဘဲ သူက သူမကို ဆက်တိုက် နမ်းနေခဲ့ပါတယ်။

ဒါ့အပြင် သူမရဲ့ နှုတ်ခမ်းတွေကို အတင်း တွန်းဖွင့် နေခဲ့တယ်။

“မွမ်း။ အွမ်း။” ယွင်ချင်းဝူ ဆက်တိုက် ဆိုသလို အသံတွေ ပြုနေခဲ့တယ်။

လောကကြီး တစ်ခုလုံးကတော့ ရပ်တန့်သွားသလို အရင် ရှိနေခဲ့တယ်။

ချီယို့လဲ အခုချိန်မှာ ဖန်ကျန်းရှီကို ချက်ခြင်း မတိုက်ခိုက် ခဲ့ဘူး။

“ဒီကောင်စုတ်လေး ယောကျာ်းပီသ ပေမယ့် နှေးလိုက်တာ။ နမ်းနေတာ ဒီလောက်တောင် ကြာပြီ။ ငါ့ရဲ့ ကျူးလီ မျိုးနွယ်စုက လူတွေဆိုရင် အစောကြီးတည်းက အဝတ်အစားတွေကို ချွတ်ပြစ် နေလောက်ပြီ။” ဖန်ကျန်းရှီကို ကြည့်ရင်း ချီယို့ ခေါင်းခါ နေခဲ့ပါတယ်။

“…”

“…”

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အားလုံးကလဲ ထူးထူးဆန်းဆန်း ပုံစံနဲ့ ကြည့်နေ ခဲ့ာကတယ်။ ယွင်ချင်းဝူကတော့ ချီယို့ ပြောတာကို ကြားချိန်မှာ နောက်ထပ် ဖန်ကျန်းရှီကို မထုရိုက်တော့ဘဲ သူမရဲ့ အကျီ ရင်ဘတ်ကိုသာ ဆွဲစေ့ ထားခဲ့တော့တယ်။

ဒီအချိန်မှာပဲ တစ်ခုခုက သူမ ပါးစပ်ကနေ တဆင့် လည်ချောင်းထဲကို ကျသွားခဲ့ပါတယ်။

“အင်း။” ယွင်ချင်းဝူ တကိုယ်လုံး တုန်ခါ သွားပြီးနောက် သူမ ခန္ဒာကိုယ်က ပူလောင် လာတာကို ခံစား မိလိုက်တယ်။

ဝူး။ လေလှိုင်းတွေရဲ့ ပြင်းထန်တဲ့ စွမ်းအားကြောင့် အနီရောင် နေမင်းကြီးတောင်မှ သက်ရောက် ခံလိုက်ရတယ်။ ဖန်ကျန်းရှီလဲ အဲ့ဒီ့ အင်အားကြောင့် လွင့်ထွက် သွားခဲ့ပါတယ်။

“ဘာ ဖြစ်သွားတာလဲ။”

“အဲ့ဒီ့ စွမ်းအင်လှိုင်းကို ရင်းနှီးလိုက်တာ။”

“အဲ့တာ မသေမျိုး နတ်မီးငှက်ရဲ့ စွမ်းအား မဟုတ်လား။”

ဒါကို မြင်ချိန်မှာတော့ နတ်သားရဲကောင်တွေ အထိတ်တလန့် ပြောကြပါတော့တယ်။ အနီရောင် လေလှိုင်းကို သူတို့တွေ ရင်းနှီးနေ ကြတယ်။

နတ်သားရဲကောင်တွေ ထဲမှာ မသေမျိုး နတ်မီးငှက်က ရွှမ်ယွမ်ဝူနဲ့ အမြဲ တိုက်ခိုက်နေကျ သတ္တဝါ ဖြစ်ခဲ့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။ အရှက်မရှိတဲ့ ကောင်စုတ် ဘာတွေ လုပ်လိုက်တာလဲ။ ယွင်ချင်းဝူကရော ဘာလို့ စွမ်းအား ဒီလောက်တောင် ကြီးလာတာလဲ။” ပင်းယန် အရမ်းကို လန့်နေ ခဲ့ပါတယ်။

“သူတို့တွေ နမ်းနေတာ မဟုတ်ဘူးပေါ့။ ဟုတ်တယ်ဟုတ်။” ရန်ရွှယ် မေးလာခဲ့တယ်။

“…” ပင်းယန်ကတော့ ချက်ခြင်း တိတ်ဆိတ် သွားပါတော့တယ်။

အကြောင်းအရင်း မရှိ အကြွင်းမဲ့ ယုံကြည် နေတာမျိုးက လောကမှာ တကယ်ပဲ တည်ရှိတယ်။ တဖက်သူ ဘာပဲ ပြောပါစေ လုံး၀ မေးခွန်း မထုတ်ဘူး။ ဒါက ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ ကြားက ဆက်ဆံရေးနဲ့ တူညီတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်က ယွင်ချင်းဝူကို ပါးစပ်ကနေ တဆင့် စွမ်းအား တစ်ခုခု ပေးလိုက်ပုံပဲ။” ချီကူယန်ကတော့ အရမ်းကို တည်ငြိမ် နေခဲ့ပါတယ်။ သူမလဲ ဖန်ကျန်းရှီကို ယုံကြည်တယ်။ ဒါပေမယ့် ရန်ရွှယ်နဲ့ မတူညီဘဲ သူမက စဉ်းစားချင့်ချိန်ပြီး ယုံကြည်တယ်။

နောက်ဆုံးတော့လဲ ဖန်ကျန်းရှီရဲ့ စရိုက်ကို သူမ သိနေခဲ့တယ်။ သူက အရေးကြီး ကိစ္စတွေကို လုပ်မှသာ အလောကြီးတယ်။ ဒီလို အချိန်မှာ ဘာကြောင့်များ အကြောင်းအရင်း မရှိပဲ နမ်းရမှာလဲ။

“စွမ်းအား ပေးလိုက်တယ် ဟုတ်လား။ ဒီကောင်စုတ် ဘက်လိုက် လိုက်တာ။ ဘာလို့ ငါ့ကျတော့ မပေးလဲ။”

ဒီအချိန်မှာပဲ ယွင်ချင်းဝူက သူမ စွမ်းအားတွေကို ချက်ခြင်း ပြန်သိမ်း လိုက်ပါတော့တယ်။ သူမရဲ့ စွမ်းအားတွေက ရုတ်ချည်း တည်ငြိမ် သွားခဲ့ပြီးနောက် ငှက်မွှေး အသွင်နဲ့ ရဲရဲနီနေတဲ့ အလင်းတန်း ကိုးခုက သူမ နောက်ကျောကနေ ထွက်ပေါ် လာခဲ့ပါတယ်။

“ချီယို့။” ယွင်ချင်းဝူ ပြောတယ်။

“ဟမ်။” ချီယို့ကတော့ မျက်နှာပျက် သွားခဲ့ပါတယ်။

ယွင်ချင်းဝူက သူ့နာမည်ကို ခေါ်လိုက်တာသာ ဖြစ်ပေမယ့် ရင်းနှီးနေတဲ့ အငွေ့အသက်ကို သူချက်ခြင်း ခံစားမိတယ်။ ဒီအရှိန်အဝါက မေ့ဖျောက်လို့ မရနိုင်လောက်အောင် ရင်းနှီးတယ်။

“နှစ်တွေ ထောင်သောင်းချီအောင် ကြာသွားပြီ ဆိုတော့ နင် ငါ့ကို မှတ်မိ သေးရဲ့လား။”

ယွင်ချင်းဝူရဲ့ အရှိန်အဝါကို ကြည့်ရင်း ချီယို့ တုန်လှုပ် နေမိတယ်။ ဒီအငွေ့အသက်က ဘာဖြစ်လို့ ဒီလောက်တောင် ရင်းနှီး နေရတာလဲ။

(မဖြစ်နိုင်ဘူး။ သူတော့ မဖြစ်နိုင်ဘူး။ သူက အာကာသထဲမှာ သေလောက်ပြီ။ ဘယ်လိုလုပ် အသက်ပြန် ရှင်နိုင်မှာလဲ။)

ချီယို့ အမူအယာ ဆက်တိုက် ပြောင်းလဲ နေသလို ရွှမ်ယွမ်ဝူနဲ့ သူ့လက်ထဲက ရွှမ်ယွမ်ဓားကိုတောင် မေ့လျော့ သွားခဲံပါတယ်။

ပင်းယန်ကတော့ စိတ်ရှုပ်ထွေး နေခဲ့တယ်။ ဘာဖြစ်လို့ စကားပြောနေ ကြတာလဲ။

ဒီအချိန်မှာပဲ ချီယို့ဆီကို လူတစ်ယောက် ပြေးဝင်သွားပြီး လက်ထဲက ဓားကို ဆွဲယူလိုက်တဲ့ အဖြစ်ကို သူမ မြင်လိုက် ရပါတယ်။

ရွှေရောင် အလင်းတန်းက ရွှမ်ယွမ်ဝူရဲ့ လက်ပေါ်ကို ပြုတ်ကျ လာပြီးနောက် ရွှမ်ယွမ်ဝူကို ဖုံးလွှမ်းနေတဲ့ မီးခိုးငွေ့တွေက ချက်ခြင်း ပျောက်ကွယ် သွားခဲ့ပါတော့တယ်။

အင်အားကြီး စွမ်းအားက ရွှမ်ယွမ်ဝူကို ချီယို့ လက်ထဲကနေ လွင့်ထွက် လာစေခဲ့တယ်။ ဒါပေမယ့် ရွှမ်ယွမ်ဝူကတော့ သတိလစ် နေခဲ့တဲ့ အပြင် ခေါင်းငိုက်စိုက်နဲ့သာ ချော်ရည်ပူထဲ ထိုးကျ သွားခဲ့တယ်။

ရွှမ်ယွမ်ဝူ ကယ်တင် ခံလိုက် ရတာလား။ ချီယို့ နတ်ဆိုး နတ်ဘုရား ဘာတွေ လုပ်နေတာလဲ။ ယွင်ချင်းဝူရဲ့ စကားကို ကြားတာနဲ့ ဘာကြောင့် သတိလက်လွတ် ဖြစ်သွား ရတာလဲ။

“ဟဟား။” နတ်သားရဲကောင်နဲ့ နတ်ဆိုးကောင်တွေ အရမ်းကို အံ့သြ နေကြချိန်မှာပဲ ချီယို့က ရယ်မောတော့တယ်။

“ကျိုထျန်းရွှမ်နူ မင်းက မသေဘူးပေါ့။”

“ဘာဖြစ်တယ်။ သူက ကျိုထျန်းရွှမ်နူလား။”

“ယွင်ချင်းဝူကလေ။”

အားလုံးက မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

“အဲ့ဒီ့ နတ်ဆိုးမ ယွင်ချင်းဝူက ကျိုထျန်း ရွှမ်နူလို့ ပြောချင်တာလား။”

“ရှေးရှေးခေတ်က စစ်နတ် ဘုရားမ။ ကျိုထျန်း ရွှမ်နူ။” ချီကူယန်ရဲ့ မျက်ဝန်းတွေလဲ တလက်လက် တောက်ပ လာခဲ့ပါတယ်။

စစ်ပွဲနဲ့ သက်ဆိုင်တဲ့ စာပေတွေ အများကြီးတွေ ဖတ်ဖူးတဲ့ အတွက် ရှေးရှေးခေတ်က စစ်နတ်ဘုရားတွေ အကုန်လုံ းနီးပါး အကြောင်းကို သူမ သိတယ်။

ဒီနတ်ဘုရားက ခန္ဒာကိုယ် စွမ်းအား မမြင်မားပေမယ့် စစ်ဗျူဟာမှာ ထိပ်တန်း ပါရမီရှင် တစ်ယောက်။ ဧကရာဇ်ဟွမ်ကို စစ်ဗျူဟာ နည်းလမ်းတွေ သင်ကြား ပေးခဲ့တဲ့ အပြင် ဧကရာဇ်ဟွမ်ရဲ့ ဆရာသခင်လို့တောင် ခေါ်တွင်ခဲ့တယ်။

ယွင်ချင်းဝူ မိစ္ဆာ နတ်ဆိုး သွေးနှော။ မျိုးနွယ်စု နှစ်ခုရဲ့ စစ်ဗျူဟာ ပါရမီရှင်က ကျိုထျန်းရွှမ်နူရဲ့ စွမ်းအားတွေကို အမွေ ရခဲ့တယ်။

“ငါ့ သမီးက ကျိုထျန်း ရွှမ်နူတဲ့လား။” ဧကရီ ပိုင်ကျစ်လဲ အရမ်းကို စိတ်ရှုပ်ထွေးနေပြီး ပျော်ရမလား ကြောက်ရမလားတောင် မသိတော့ပါဘူး။

“…”

ဖန်ကျန်းရှီက လွဲပြီး အားလုံး တအံ့တသြ ဖြစ်နေခဲ့ကြတယ်။

ယွင်ချင်းဝူ လုပ်နေတာကို သူကတော့ ကောင်းကောင်းကြီး သိနေတယ်။ ယွင်ချင်းဝူက မူချန် ပုလဲထဲကနေ ကျိုထျန်း ရွှမ်နူရဲ့ စွမ်းအားတွေကို ရထားပေမယ့် သူမ ကိုယ်တိုင်ကိုက ထူးခြားသူ ဖြစ်နေပြီးပြီ။

သူမကိုယ် သူမ ကျိုထျန်း ရွှမ်နူလို ဟန်ဆောင်နေရတဲ့ အကြောင်း အရင်းကတော့ အရမ်းကို ရိုးရှင်းတယ်။ သရုပ်ဆောင်နေတာပါ။

သူမရဲ့ ပညာဉာဏ်နဲ့ ထောက်ချင့်မယ်ဆိုရင် ဒီနာမည်က ချီယို့ကို ထိတ်လန့် စေနိုင်မယ်မှန်း သိနေခဲ့တယ်။

(ဒီကောင်မလေး သရုပ်ဆောင်တော့ တော်တော် ကောင်းတာပဲ။)

ဖန်ကျန်းရှီကတော့ ချီယို့ကို ဘယ်လို တိုက်ခိုက်ရမလဲ စဉ်းစားရင်း အလုပ်များနေ ခဲ့ပါတယ်။

“ချီယို့ကို သတ်ဖို့ ဓာတ်ကြီး ငါးပါး ဗျူဟာကို သုံးရမယ်။”

ဓာတ်ကြီး ငါးပါး ဗျူဟာက ရှေးရှေးခေတ်မှာ မှတ်တမ်းတွေမှာတော့ ပိုပြီး ရှုပ်ထွေး ခဲ့တယ်။

နတ်မီးငှက်က အရှေ့။ လိပ်နက် အနောက်။ မိုးပြာ နဂါးက ဘယ်ဘက်။ ကျားဖြူကတော့ ညာဘက်။ စစ်သည်တော်တွေကတော့ အလယ်မှာ။” ယွင်ချင်းဝူ အော်လိုက်ပါတယ်။

မရေမတွက်နိုက်တဲ့ အလင်းတန်းတွေက ယွင်ချင်းဝူ ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာပြီး ချီယို့ကို ဝန်းရံ လိုက်ပါတယ်။ ဖန်ကျန်းရှီနဲ့ တခြားသူတွေ အားလုံးကတော့ ကြီးမားတဲ့ ကျားစေ့ခုံကြီးရဲ့ အပေါ်ကို ရောက်သွားခဲ့တယ်။

“ဒီ နတ်ဆိုးမ ယွင်ချင်းဝူက ဘာတွေ လုပ်နေတာလဲ။”

“အဲ့ဒီ့မှာ ရပ်မနေနဲ့။ ဗျူဟာထဲက မီးလျှံနေရာကို ဝင်လိုက်။” ပင်းယန်ဆီကို ပြေးသွားရင်း ဖန်ကျန်းရှီ အော်လိုက်ပါတယ်။

“ဘာ ဘာဖြစ်တယ်။” ပင်းယန်ကတော့ နားမလည် ခဲ့ပါဘူး။

(ယွင်ချင်းဝူက ချီယို့ကို တိုက်ခိုက်မှာ မဟုတ်လား။ ငါက ဘာဖြစ်လို့ နေရာမှာ ဝင်ရမှာလဲ။)

ပင်းယန် မေးတော့မယ့် အချိန်မှာပဲ အင်အားကြီး တစ်ခုက သူမကို တွန်းပို့လိုက်ပါတယ်။ ဖန်ကျန်းရှီ နောက်ထပ် ပြောမနေတော့ဘဲ ချီကူယန်နဲ့ ရန်ရွှယ်ကိုလဲ တွန်းလွှတ်တယ်။

“ယန်လေးက ရေနေရာကို သွားပြီး ပင်းယန်ကို ထောက်ပံ့ပေး။ ရန်ရွှယ်ကတော့ အဇူရာ တာအိုနဲ့ သုံးပြီး ရွှေနေရာကို သွား။ ဒါပေမယ့် အလောတကြီးတော့ မလှုပ်ရှားနဲ့။”

“အမိန့် အတိုင်းပါ။”

“ကောင်းပြီ။” ရန်ရွှယ် မေးခွန်း မထုတ်ခဲ့ဘူး။

ချီကူယန်နဲ့ ရန်ရွှယ် လှုပ်ရှားပြီးချိန်မှာတော့ ဖန်ကျန်းရှီရဲ့ အကြည့်က အနီးနားမှာ ရှိသူဆီကို ရောက်သွားတော့တယ်။

“နန်ကုန်းမု သစ်သား နေရာကို ယူလိုက်။”

နန်ကုန်းမုကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း တိတ်ဆိတ် သွားတော့တယ်။ အဲ့ဒီ့နောက် သစ်သား နေရာမှာ သူသွားရပ် လိုက်ပါတယ်။

စကား အပိုတွေ သူမပြောခဲ့ဘူး။ ဖန်ကျန်းရှီ အဖွဲ့ကို ဝင်ရောက်လိုက်ပြီး ဖြစ်တဲ့ အတွက် သူ့ကို နောက်ကွယ်က မတိုက်ခိုက်တော့ဘူးမှန်း နားလည် နေခဲ့တယ်။

ဧကရာဇ်ယန်နဲ့ ဧကရာဇ်ဟွမ်က အရမ်းကို ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတယ်။

နန်ကုန်းမု အခုချိန်မှာ မျိးဆက်တွေ အကြောင်းတွေ မတွေးမိ တော့ပါဘူး။ ချီယို့ကို သတ်ဖို့ နည်းလမ်းကိုသာ သူစဉ်းစား နေခဲ့ပါတယ်။

“ငါအလယ်မှာ နေလိုက်မယ်။” လူလေးယောက် နေရာယူပြီးတာကို မြင်ချိန်မှာတော့ ဖန်ကျန်းရှီလဲ ရွှမ်ယွမ်ဓားကို ယူပြီး ချက်ခြင်း အလယ်ကို ခုန်ဝင် လိုက်ပါတော့တယ်။

အခုချိန်မှာ နတ်ဆိုး မိစ္ဆာတွေကတော့ အတော့်ကို မျက်နှာ ပျက်နေခဲ့ကြတယ်။

ရှေးခေတ် တိုက်ပွဲကြီးမှာ ဧကရာဇ်ဟွမ်က ဒီနည်းဗျူဟာကို အသုံးပြုပြီး ချီယို့ကို အနိုင်ယူခဲ့တယ်။

လူငါးယောက် ပေါင်းစည်းထားတဲ့ ဓာတ်ကြီးငါးပါး ဗျူဟာ။ အရင်တုန်းကလို မရေမတွက်နိုင်တဲ့ စစ်သည်တော်တွေ ပါဝင် မနေပင်မယ့် တူညီတဲ့ စွမ်းအားကိုတော့ ပိုင်ဆိုင် ထားခဲ့တယ်။ ဒါ့အပြင် ချီယို့ နောက်မှာတော့ ဘယ်သူမှ မရှိခဲ့ဘူး။

ငါးယောက် တစ်ယောက် တိုက်ပွဲကို ယွင်ချင်းဝူကလဲ အမိန့် ပေးနေသေးတယ်။

“သူက တကယ်ပဲ ကျိုထျန်းရွှမ်နူလား။”

နတ်သခင်တွေ မော့ကြည့်နေရင်း စိတ်လှုပ်ရှား နေကြပါတယ်။ ဒီဗျူဟာကို ကျိုထျန်း ရွှမ်နူကိုယ်တိုင် ဖန်တီးခဲ့ပြီး ချီယို့ကို အနိုင်ယူခဲ့ဖူးတယ်။

ဒီတစ်ခေါက်မှာရော ချီယို့ ပြန် အနိုင်ရ နိုင်မှာလား။

“ချီယို့ နင် ငါ့လက်ထဲမှာ တစ်ခေါက် ရှုံးခဲ့ပြီးပြီ။ အခုလဲ နင် မနိုင်နိုင်ဘူး။ နင် အညံ့ခံမလား သေမလား။” ယွင်ချင်းဝူ လက်တွေကို လှုပ်ရှား လိုက်ချိန်မှာတော့ အလင်းတန်းတွေက သူမ လက်ထဲမှာ စတင် စုစည်း လာပါတော့တယ်။

တောင်ပေါ်လေနဲ့ အတူ သူမရဲ့ ဆံကေသာတွေ ဝဲလွင့်သွားခဲ့တယ်။

ဒီအချိန်မှာပဲ မျက်စိကို ကျိန်းစေတဲ့ သွေးနီရောင် နေမင်းကြီးက ကြောက်စရာ ကောင်းအောင် တောက်ပ လာပါတော့တယ်။

အပိုင်း (၁၁၀၇) ပြီး၏။

အပိုင်း (၁၁၀၈)

“ဓာတ်ကြီး ငါးပါး ဗျူဟာက ဒီနည်းလမ်းနဲ့ အလုပ် ဖြစ်တယ်လား။”

….

“ဟဟား။ ဓာတ်ကြီး ငါးပါး ဗျူဟာတဲ့လား။ အရင်က နေ့တွေကိုတောင် ပြန်သတိရသွားတယ်။” ချီယို့ကတော့ သူ့ဘေးပတ်လည်မှာ ရှိနေတဲ့ အလင်းတန်းတွေကို ကြည့်ရင်း ပြောလိုက်ပါတယ်။

ဓာတ်ကြီးငါးပါး၊ ပူးတွဲ တည်ရှိမှုနဲ့ နှစ်ဖက်စလုံးကို ဖျက်ဆီးမှု။

လောကမှာ အင်အား အကောင်းဆုံး ဗျူဟာ တစ်ခု ဖြစ်ခဲ့တယ်။ မိုးမြေ စွမ်းအားတွေကို အသုံးချ ထားရုံတင် မကဘဲ တွက်ချက်မှုတွေ ဗျူဟာတွေလဲ အပြည့် ပါဝင်နေတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီတုန်းက ဒီဗျူဟာကို သုံးပြီး ဧကရာဇ်ဟွမ်က သူ့ကို အနိုင်ယူနိုင်ခဲ့တယ်။

သမိုင်းက တစ်ပတ်ပြန်လည် လာတာလား။

ချီယို့က သက်တောင့်သက်သာပြောနေခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ အလေးအနက်ထားပြီး အသင့် ပြင်ဆင် ထားခဲ့ပါတယ်။ အရင် အချိန်တုန်းက ဓာတ်ကြီး ငါးပါး ဗျူဟာကြောင့် ရှုံးနိမ့် ခဲ့ရတဲ့ အတွက် သူ့စိတ်မှာ သက်ရောက်မှုကတော့ အနည်းနဲ့ အများ ရှိနေခဲ့တယ်။

ဒါပေမယ့် ဗျူဟာက အသက်မရှိဘူး။ လူတွေကတော့ အသက်ရှိတယ်။ ဓာတ်ကြီး ငါးပါး ဗျူဟာရဲ့ အစွမ်းက အမိန့်ပေးသူနဲ့ လှုပ်ရှားသူတွေ အပေါ်မှာ အဓိက မူတည်နေတယ်။

ဒါကို အသုံးချ နိုင်ဖို့ အတွက် အင်အားကြီး လူတွေ လိုအပ်ရုံတင် မကဘူး။ ဗျူဟာ ပါရမီရှင် တစ်ယောက်လဲ လိုအပ်တယ်။ ယွင်ချင်းဝူက ဒါကို လုပ်နိုင်မှာလား။

နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေလဲ ဒီကိစ္စကို စိုးရိမ် နေခဲ့ကြတယ်။ ဒီဗျူဟာ ရှုပ်ထွေး လွန်းလှတဲ့ အပြင် ရွှမ်နူ ပေးအပ် ပြီးချိန်ကနေ အခု လက်ရှိ အထိ ကြားထဲမှာ အချိန်က တိုတောင်းလွန်းလှပါတယ်။

ယွင်ချင်းဝူက ဒီပညာရပ်ကို တတ်မြောက် နိုင်ပါ့မလား။

ဒီအချိန်မှာပဲ ချီယို့က စတင်လှုပ်ရှားတော့တယ်။

“သွားသေလိုက်။” ဖန်ကျန်းရှှီနဲ့ ပင်းယန်တို့ကို သူမတိုက်ခိုက်ဘဲ ယွင်ချင်းဝူကိုသာ ချီယို့ တိုက်ခိုက် ခဲ့ပါတယ်။

ယွင်ချင်းဝူကို သတ်လိုက်တာနဲ့ ဒီဗျူဟာက အလိုလျောက် ပျက်ဆီး သွားလိမ့်မယ်။

“သစ်သား နေရာက ချည်နှောင်။” ယွင်ချင်းဝူကတော့ မအံ့သြခဲ့ဘူး။ လက်ချောင်းတွေကို သုံးပြီး ချက်ခြင်း ပြန်လှုပ်ရှားတယ်။ သူမ လက်ချောင်းတွေ လှုပ်ရှား သွားချိန်မှာတော့ အစိမ်းရောင် အလင်းတန်းက နန်ကုန်းမု ခန္ဒာကိုယ်ကို ရစ်ပတ် သွားပါတော့တယ်။

“ဝုန်း။” မြင့်မားတဲ့ သစ်ပင်ကြီး တစ်ပင် ရုတ်ချည်း ပေါ်ထွက်လာပြီး အကိုင်းတွေနဲ့ ချီယို့ကို ရိုက်နှက်ပါတော့တယ်။

နတ်သစ်ပင် နန်ကုန်းမုက ဓာတ်ကြီး ငါးပါး ဗျူဟာကြောင့် ပိုမို သန်မာ လာခဲ့ပြီး သစ်ကိုင်းတွေကတော့ ကျောက်မျက် ရတနာတွေလို ခိုင်ခံ့ သန်မာ နေခဲ့ပါတယ်။

ချီယိုရဲ့ လက်ခြောက်ဖက်နဲ့ ခြေထောက်တွေ ချက်ခြင်း ချည်နှောင် ခံလိုက်ရပါတယ်။

“သစ်သားကနေ မီးကို ထုတ်လွှတ်။” ယွင်ချင်းဝူရဲ့ စွမ်းအားတွေက ပင်းယန် ခန္ဒာကိုယ်ကို စီးဝင် သွားချိန်မှာတော့ သုံးရောင်ခြယ် မီးလျှံတွေက စတင် ထွက်ပေါ် လာပါတော့တယ်။

အနီ၊ အပြာနဲ့ ရွှေရောင် မီးလျှံတွေ တောက်ပ လာချိန်မှာတော့ ပူပြင်းလှတဲ့ အပူရှိန်က လေဟာနယ်ကိုတောင် အက်ကွဲ သွားစေခဲ့တယ်။ ဒါ့အပြင် ချီယို့ ခန္ဒာကိုယ်ကို ရွှေရောင် မီးလျှံတွေက လောင်ကျွမ်းတယ်။ လက်မောင်းတွေကို အနီရောင် မီးတောက်တွေက ကူးစက်ပြီး ခြေထောက်တွေကိုတော့ အပြာရောင် မီးလျှံတွေက လောင်ကျွမ်းတိုက်စား ပြစ်ပါတယ်။

ချီယို့ တကိုယ်လုံး မီးတွေ အပြည့် ဖြစ်နေခဲ့ပြီ။

“အောင်မြင် သွားပြီလား။”

“နတ်ဆိုး နတ်ဘုရား ချီယို့ကို သူတို့တွေ ဖမ်းမိ သွားပြီလား။”

“…”

အားလုံးက အခုချိန်မှာ မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့ကြတယ်။

“ဟမ့်။ ဒီလောက်လေးနဲ့ မင်းတို့တွေက အားနည်းလွန်း နေတာ မဟုတ်ဘူးလား။” ချီယို့ ရယ်မောရင်းနဲ့ ပါးစပ်ကို ဟလိုက်ပြီး မီးလျှံတွေကို ဝါးမျို လိုက်ပါတော့တယ်။

ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းလှတယ်။

ပင်လယ်ကြီးထဲကို ရေတွေ စီးဝင် သွားသလို မီးလျှံတွေက ချီယို့ ပါးစပ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားခဲ့ပါတယ်။ အစိမ်းရောင် သစ်ကိုင်းတွေကလဲ တစ်ခုပြီး တစ်ခု ပျက်ဆီး ကုန်ပြီး အစိမ်းရောင် အလင်းတန်းလေးတွေ အဖြစ်ကို ပြောင်းလဲတယ်။

“ဒါကြီးက လွန်လွန်း နေတာ မဟုတ်လား။”

“ဓာတ်ကြီး ငါးပါး ဗျူဟာကတောင် ချီယို့ကို မထိခိုက် စေနိုင်ဘူး။”

နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ အားလုံး ချီယို့ ဖောက်ထွက်သွားတဲ့ ပုံစံကို ကြည့်ရင်း တအံ့တသြ ဖြစ်နေခဲ့ ကြပါတယ်။ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း။ ချီယို့ ထိတွေ့လိုက်တဲ့ အရာအားလုံး သူ့လက်ထဲမှာ ပျက်ဆီးရတယ်။ သူတို့တွေ ဆက်ပြီး တိုက်ခိုက် နေလို့ မဖြစ်တော့ဘူး။

“မဟုတ်ဘူး။ ဓာတ်ကြီး ငါးပါး ဗျူဟာက ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး။” နတ်သားရဲကောင် တစ်ကောင်က ဝင်ပြောပါတယ်။

ဒါကတော့ အစောပိုင်းမှာ ဟွမ်တွမ့်ရဲ့ သစ်သီးကို လုယူခဲ့တဲ့ ခွန်ပန်းပါ။

“မီးက မြေကို ဖန်တီး။” ယွင်ချင်းဝူရဲ့ အသံက စူးရှပေမယ့် အေးစက်တယ်။ ချီယို့ စွမ်းအားကိုတောင် သူမက မကြောက်ခဲ့ဘူး။

ဝုန်း။ သူမ ပြောပြီးချိန်မှာပဲ ချီယို့ အမူအယာက ပြောင်းလဲ သွားပါတော့တယ်။ သူ့ပုံစံက နာကျင် ခံစား နေရပုံပါပဲ။

အဲ့ဒီ့နောက် သူမျိုချလိုက်တဲ့ မီးလျှံတွေကို သူပြန်ထွေးထုတ် လိုက်ပါတယ်။ မီးလျှံတွေကတော့ အခုချိန်မှာ မြေကြီးတွေ ဖြစ်သွားခဲ့ပြီ။

ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်။ ဒါပေမယ့် ပိုပြီးတော့ ထူးဆန်းတဲ့ အရာကတော့ မြေကြီးတွေက ချီယို့ ခန္ဒာကိုယ် ပတ်ပတ်လည်မှာ အသက်ဝင် လာတဲ့ အတိုင်း ရွေ့လျား နေခဲ့တာပါ။

ချီယို့ကို ကြီးမားတဲ့ ရုပ်တုကြီး ဖြစ်အောင် ပြောင်းလဲ ပြစ်နေခဲ့တယ်။

“အင်အားကြီးလိုက်တာ။”

“ဒီတော့ ဓာတ်ကြီး ငါးပါး ဗျူဟာ ပူးတွဲ တူရှိမှုဆိုတာ ဒါပေါ့။ အံ့သြစရာ ကောင်းလိုက်တာ။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ တအံ့တသြ ပြောနေခဲ့ကြတယ်။ ဒီဗျူဟာက ဆက်တိုက် ပြောင်းလဲနိုင်တယ်။ တစ်ခု ပေါ်လာတာနဲ့ နောက်က ဆက်တိုက် လိုက်လာတဲ့ အပြင် အပြောင်းအလဲကလဲ အင်အားကြီးလွန်းလှတယ်။

ချီယို့ ဘယ်လောက်ပဲ အင်အားကြီး နေပါစေ သေတဲ့ အထိ နှိပ်စက်ခံရမှာ သေချာတယ်။

ဝုန်း။ ချီယို့ ခန္ဒာကိုယ်ကို ခါလိုက် ချိန်မှာတော့ မြေကြီးတွေက ပျောက်ကွယ် သွားပါတော့တယ်။ အရာအားလုံး ဖျက်ဆီးမှု တာအိုက တကယ့်ကို အင်အားကြီးလွန်းလှတယ်။ ဒီအချိန်မှာပဲ ထက်မြက် စူးရှတဲ့ ဓားအလင်းတန်း တစ်ခုက သူ့ဆီကို ရောက်ရှိ လာပါတယ်။

ရန်ရွှယ်ရဲ့ ငွေရောင် ယပ်တောင်က အခုချိန်မှာတော့ ဓားတစ်လက် အသွင်ကို ပြောင်းလဲ သွားခဲ့ပြီ။ ဒါ့အပြင် အလယ်မှာ ရှိနေတဲ့ ဖန်ကျန်းရှီလဲ လှုပ်ရှားတယ်။

အလယ်မှာ ရှိနေခဲ့တဲ့ အတွက် သူက ဘယ်သူ့ကို မဆို ချက်ခြင်း အထောက်အကူ ပေးနိုင်တယ်။ ဓာတ်ကြီး ငါးပါ ဗျူဟာမှာ ပူးတွဲ တည်ရှိမှုက အားလုံးကို အတူတူ ပျက်ဆီး စေနိုင်ရုံတင် မကဘဲ ပူးပေါင်း တိုက်ခိုက်မှု အတွက်လဲ ကောင်းမွန်တယ်။

“ဝူး။” ရွှေရောင် အလင်းတန်းကို ရွှမ်ယွမ်ဓားကနေ ထွက်ပေါ်လာတာ မြင်လိုက် ရပြီးနောက် ဓားနဲ့အတူ လေတိုးသံ တစ်ခုက ထွက်ပေါ် လာပါတော့တယ်။ နဂါးတစ်ကောင် တိမ်တိုက်တွေထဲမှာ ရှိနေတဲ့ ခမ်းနားမှုနဲ့ တူညီတဲ့ အရှိန်အဝါက တူညီစွာ ကျရောက် လာခဲ့တယ်။

ဓားနှစ် ချီယို့ ခေါင်းကို ထိမိ သွားချိန်မှာတော့ လေလှိုင်းတွေ ထွက်ပေါ် လာပြီး ဖန်ကျန်းရှီနဲ့ ရန်ရွှယ် နှစ်ယောက် စလုံးလဲ မူလ နေရာကို ပြန်ရောက် သွားပါတော့တယ်။

“ဘာမှ ဖြစ်မလာဘူးလား။”

“ချီယို့ကို တားဆီး ထားနိုင်ပေမယ့် မသတ်နိုင် ကြဘူးလား။”

အားလုံးကတော့ ချီယို့ကို ကြည့်ရင်း သက်ပြင်း ချလိုက်မိတယ်။ ဓာတ်ကြီး ငါးပါး ဗျူဟာက ဘယ်လောက် အင်အား ကြီးပါစေ ချီယို့ကို မသတ်နိုင်ရင်တော့ သေချာပေါက် အသုံး မဝင်နိုင်ဘူး။

“ဒါက မင်းတို့ လုပ်နိုင်တာ အကုန်ပဲလား။ ဘာများ ထပ်ရှိအုန်းမလဲ သိချင်လိုက်တာ။” ချီယို့ကတော့ ယွင်ချင်းဝူကို လှမ်းကြည့်ရင်း မေးနေခဲ့တယ်။

ယွင်ချင်းဝူကတော့ အေးအေးဆေးဆေး ရှိနေခဲ့တယ်။ ချီယို့ မထိခိုက်တာကို သူမ မအံ့သြခဲ့ဘူး။

ယွင်ချင်းဝူရဲ့ တုံ့ပြန်မှုကို မြင်ချိန်မှာတော့ ချီယို့ သူ့လက်ခြောက်ဖက်လုံးကို လက်သီး ဆုပ်လိုက် ပါတော့တယ်။

ရှေးဟောင်း စစ်ပွဲကြီးမှာ ဓာတ်ကြီး ငါးပါး ဗျူဟာ ဘယ်လောက်ထိ အင်အားကြီးမှန်း သူနားလည် ခဲ့ရတယ်။ ဧကရာဇ်ဟွမ်က သူ့ကို ဒီဗျူဟာနဲ့ အနိုင်ယူ ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ အချိန်တုန်းက ဖျက်ဆီးမှု တာအိုကို သူမတတ်မြောက် ခဲ့သေးဘူး။

ဒါကြောင့် ဓာတ်ကြီး ငါးပါး ဗျူဟာထဲမှာ ပိတ်မိပြီးနောက် သူ့မှာ သန်မာတဲ့ အရိုးတွေ ရှိနေတာတောင် ဒါကို အဆုံးထိ တောင့်မခံနိုင်ပဲ ရှုံးနိမ့်ခဲ့ရတယ်။ အခုတော့ ကွာခြားနေခဲ့ပြီ။

အရင်က ချီယို့နဲ့ အခု ချီယို့က မတူတော့ဘူး။

အရာအားလုံး ဖျက်ဆီးမှု တာအိုကို သူနားလည် တတ်မြောက် ထားတဲ့ အတွက် ဓာတ်ကြီး ငါးပါး ဗျူဟာကို အနိုင်ယူဖို့ သူ့မှာ ယုံကြည်ချက် ရှိနေခဲ့တယ်။

ယွင်ချင်းဝူနဲ့ ဖန်ကျန်းရှီကသာ သူ့ထက် ပိုပြီးတော့ စိတ်ပူ သင့်တယ်လို့ သူတွေးမိတယ်။ သူတို့တွေက မစိုးရိမ်ကြဘူးလား။ ဘာကြောင့်များ ဒီလောက် တည်ငြိမ်နေ ကြတာလဲ။

ဧကရာဇ်ဟွမ်သာ အခုလို အခြေအနေမှာ ရှိနေခဲ့ရင် အစောကြီးတည်းက သူကြောက်နေလောက်ပြီ။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ယုံကြည်ချက် အပြည့် ရှိတဲ့ အတိုင်း တည်ငြိမ် နေခဲ့တယ်။

ဒီမိန်းမက ဧကရာဇ်ဟွမ်ထက်တောင် ရင်ဆိုင်ရ ခက်နေတာလား။

“သစ်သား ဆက်လုပ်။” ယွင်ချင်းဝူ အေးအေးဆေးဆေးသာ ပြောလိုက်တယ်။ သူမရဲ့ တိုက်ခိုက်မှုတွေ မထိရောက်တာကို သတိထားမိတဲ့ ပုံစံတောင် မရှိခဲ့ဘူး။

ဒီအချိန်မှာပဲ နတ်သစ်ပင်ကြီးက ချီယို့ အနားမှာ ပေါ်လာခဲ့ပြန်တယ်။

“…”

“…”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေက တိတ်ဆိတ် သွားခဲ့ကြတယ်။

တူညီတဲ့ နည်းလမ်းကို သုံးပြီး စွမ်းအားကို ဖြုန်းတီး နေတာက အသုံးဝင်လို့လား။

နတ်ဆိုး မိစ္ဆာတွေတင် မကပါဘူး ပင်းယန်တောင်မှ အတော့်ကို ဆွံ့အ နေခဲ့တယ်။ နောက်တစ်ခေါက်လား။ ယွင်ချင်းဝူကို ဘာတွေ လုပ်နေလဲလို့ မေးလိုက်ချင်တယ်။

ဒါပေမယ့် မမေးနိုင်ခဲ့ဘူး။ ဖန်ကျန်းရှီက သူမကို မလုပ်ဖို့ အချက်ပြ နေခဲ့တယ်။ အခုချိန်မှာတော့ ယွင်ချင်းဝူကို ယုံကြည်ဖို့သာ သူတတ်နိုင်တယ်။

ပင်းယန်က ယွင်ချင်းဝူနဲ့ မတူညီပေမယ့် အခုလို အခြေအနေမျိုးမှာ သည်းခံဖို့ လိုမှန်း သူမ နားလည်တယ်။ ယွင်ချင်းဝူက ဗျူဟာ ချတဲ့ နေရာမှာ အတော်ဆုံးသူ။

“ရေက သစ်သားကို အားဖြည့်။” ယွင်ချင်းဝူ ပြောလိုက်ပါတယ်။

“ဟမ်။ မီးကို မသုံးဘူးလား။”

“အဲ့တာ ပြောင်းပြန် သွားမှာလား။”

အပြောင်းအလဲ ရှိရင် မျှော်လင့်ချက်လဲ ရှိတယ်။ တကယ်တော့ ယွင်ချင်းဝူ ပြောလိုက်ချိန်မှာပဲ နတ်သစ်ပင်ကြီးက ၂ဆ ကြီးမား လာခဲ့ပါတယ်။ ကြီးမားတဲ့ သစ်ပင်ကြီးက ချီယို့ကို ပတ်ပတ်လည်မှာ ဝန်းရံ ထားခဲ့တယ်။

ယွင်ချင်းဝူကတော့ ချီယို့ ရုန်းကန်မှာကိုသာ စောင့်နေခဲ့တယ်။

“ဒါ အကုန်ပဲလား။” ချီယို့လဲ ယွင်ချင်းဝူ တခြား နည်းလမ်း ပြောင်းသုံးမှာကို စောင့် နေခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။

ဒါက သူ့ကို စိတ်ရှုပ်ထွေးစေတယ်။ ငါ့ကို ပတ်ပတ်လည်မှာ ဝန်းရံနေတာ ဘာအတွက်လဲ။ ဘာအတွက်လဲ။

သူစကားပြောတော့မယ့် အချိန်မှာပဲ သစ်ကိုင်း တစ်ခုက သူ့ပါးစပ်ထဲကို ဝင်ရောက်လာပြီး ချိတ်ပိတ် လိုက်ပါတယ်။

“..” ချီယို့ကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

ယွင်ချင်းဝူကတော့ ချီယို့ကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။

“နင် ပေါက်ကရ အသုံး မဝင်တာတွေ ပြောနေမယ့် အစား ရုန်းကန်သင့်တယ် မဟုတ်လား။ စကား များတာက နတ်ဆိုး နတ်ဘုရား ချီယို့ရဲ့ ပုံစံ မဟုတ်ဘူး။ ဟုတ်တယ်ဟုတ်။” ယွင်ချင်းဝူ စိတ်ပျက်လက်ပျက်နဲ့ ထောက်ပြ လာပါတယ်။

သစ်ကိုင်းတွေကတော့ ချီယို့ ပါးစပ်ထဲကို ဝင်ရောက်ပြီး အလင်းစက်လေးတွေ အဖြစ်ကို ပြောင်းလဲ ပျောက်ကွယ် သွားပါတော့တယ်။

အစောပိုင်းနဲ့ ယှဉ်လိုက်ရင် ချီယို့က အများကြီး ပိုပြီး ဒေါသ ထွက်နေခဲ့တယ်။

အစောပိုင်းမှာ ယွင်ချင်းဝူကို ဝှက်ဖဲတွေ ထုတ်သုံး စေချင်ပေမယ့် ယွင်ချင်းဝူကတော့ သူ့ဒေါသကို ဆွသွားခဲ့တယ်။ သူ့ဂုဏ်သိက္ခာကို ထိပါးတဲ့ ကိစ္စကို ချီယို့ ဘယ်လိုများ သည်းခံ နိုင်မှာလဲ။

“ငါ မင်းကို သတ်ပြစ်မယ်။” နတ်သစ်ပင် ချုပ်နှောင် ထားတာကနေ လွတ်အောင် ထွက်လာပြီးနောက် ချီယို့ ဒေါသတကြီးနဲ့ ယွင်ချင်းဝူဆီကို ပြေးလာ ခဲ့ပါတယ်။

“ချီယို့ မြားခေါ် ခံရတာလား။”

“သူအရင် ထိန်းချုပ်မှု လွတ်သွားမယ်လို့ မထင်ထားဘူး။ အစောပိုင်းတုန်းက သူအသာစီး ရနေခဲ့တာလေ။”

စကားတစ်ခွန်းတည်းနဲ့ ချီယို့ကို စိတ်လွတ်အောင် လုပ်နိုင်တယ်။ မယုံနိုင်စရာ ကောင်းလိုက်တာ။

“လှိုဏ်ခေါင်းထဲမှာ ရှိသူတွေက ကောင်းကောင်း မမြင်နိုင် ကြပေမယ့် အပေါ်စီးကနေ ကြည့်နေသူတွေကတော့ အားလုံးကို မြင်နိုင်တယ်။” (ကာယကံရှင်ထက် ဘေးလူတွေက အခြေအနေကို ပိုပြီး ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်တယ်။)

“ရေနဲ့ မြေ အတူတကွ တည်ရှိ။” ယွင်ချင်းဝူကတော့ အခုချိန်ထိ တစ်လှမ်းမှ မရွေ့ပဲ ရှိနေခဲ့ပါတယ်။”

“ရေနဲ့ မြေကြီးတဲ့ ဒါမျိုးလဲ ရှိတယ်ပေါ့။”

အောက်မှာ ရှိနေတဲ့ သူတွေ ကြည့်နေ ကြချိန်မှာပဲ ကြီးမားတဲ့ မြေသားဒိုင်းကာကြီးက အပြာရောင် မိုးစက်တွေနဲ့ အတူတူ ထွက်ပေါ်လာရင်း ချီယို့ကို တားဆီး လိုက်ပါတယ်။ အဲ့ဒီ့နောက် အရမ်းကို ထက်ရှတဲ့ ဆူးကြီးတွေလဲ ထွက်ပေါ်လာခဲ့တယ်။

“ဝုန်း။” မြေသား ဒိုင်းကာကြီးနဲ့ ချီယို့ ဝင်တိုက် မိပြီးချိန်မှာတော့ ဒိုင်းကာကြီးက ရွံ့တွေ အဖြစ်ကို ပြောင်းလဲ သွားပါတယ်။

ရွံ့မြေတွေက ချီယို့ရဲ့ ခြေထောက်ကို လက်ဝါးလို အသွင်နဲ့ ဆွဲယူရင်း ရစ်ပတ်တယ်။ အားလုံးက ရွံ့စေးမြေတွေ အဖြစ်ကို ပြောင်းလဲ နေပြီး ချီယို့ကို ဝါးမျိုပြန်တယ်။

“…”

“…”

ပင်းယန်တောင်မှ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း တံတွေးတွေ မျိုချပြီး ချီယို့ ဝါးမျို ခံနေရပုံကို ကြည့်နေခဲ့ပါတယ်။

“ဒါက အလုပ် ဖြစ်တာပဲလား။” ပင်းယန် တအံ့တသြ ပြောမိတယ်။

ရေနဲ့ မြေ အတူတူ ပေါင်းစည်း လိုက်ချိန်မှာ ရွံ့စွမ်းအား အဖြစ်လဲ ပြောင်းလဲနိုင်တယ်။ ထက်မြက်မှုကြောင့် ယုံကြည်တာ မှန်ကန်သွားတဲ့ အတွက် ပင်းယန် ကိုယ့်ကိုယ်ကို ဂုဏ်ယူ နေခဲ့ပါတယ်။

အပိုင်း (၁၁၀၈) ပြီး၏။

အပိုင်း (၁၁၀၉)

“ကောင်းကင် လက်ခံ မြေပုံ ၃၆ခု ပေါင်းစည်းခြင်း။”

…

ရွံ့တွေ ကြားမှာ ပိတ်မိနေခြင်း။ သူဘယ်လောက်ပဲ အင်အားကြီး နေပါစေ မလွတ်မြောက် နိုင်တော့ဘူး မဟုတ်လား။

ပင်းယန်ကတော့ ချီယို့ ဆွဲချ ခံရတာကို မြင်ချိန်မှာ အရမ်းကို မျှော်လင့် နေမိပါတယ်။ နောက်ဆုံးတော့လဲ သူမမှာ ပင်ကိုယ် သိစိတ်က ရှိနေခဲ့တယ်။

ဒါပေမယ့် ပင်းယန်နဲ့ ယှဉ်လိုက်ရင် ဖန်ကျန်းရှီ ချီကူယန်နဲ့ ယွင်ချင်းဝူတို့တွေ ကတော့ အခုချိန်မှာ စိတ်အေးလက်အေး ရှိနေခဲ့ကြတယ်။ တစ်ခုခုကို စောင့်ဆိုင်း နေတဲ့ အတိုင်းသာ သူတို့ ရှိနေခဲ့ပါတယ်။

“ဒီတော့ ငါတို့တွေ စောင့်နေအုန်းမှာလား။” ပင်းယန်က အရမ်းကို စိတ်ရှုပ် လာခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ့ အချိန်မှာပဲ အနက်ရောင် ရွံ့တွေက ပြင်းပြင်းထန်ထန် လှုပ်ရှားနေပြီး တစ်ခုခု ထွက်လာတော့မယ့် ပုံစံနဲ့ ရွေ့လျား နေခဲ့တယ်။

“ဘာတွေ ဖြစ်နေတာလဲ။” ပင်းယန် လန့်နေမိတယ်။

“ဒါက အရာအားလုံးရဲ့ ဖျက်ဆီးမှုလား။ ချီယို့က စွမ်းအားကို ရွံ့ထဲမှာ မသုံးနိုင် ပေမယ့် တိုက်ရိုက်တော့ ဖျက်ဆီးနိုင်တယ်။” ချီကူယန်က ပြောလိုက်ပါတယ်။

“ဒီလိုလဲ အလုပ် ဖြစ်တယ်လား။” ပင်းယန်ကတော့ အခုချိန်မှာ တကယ့်ကို ဆွံ့အ နေခဲ့ပါတယ်။

ချီကူယန် ရှင်းပြတဲ့ အတိုင်းသာ ဖြစ်ခဲ့ရင် ချီယို့က ရွံ့တွေ အားလုံးကို အရာ အားလုံး ဖျက်ဆီးမှု တာအိုနဲ့ တိုက်ရိုက် ဖျက်ဆီး နိုင်တယ်။ စွမ်းအားတွေကို အများကြီး သုံးဖို့တောင် မလိုအပ်ခဲ့ဘူး။

“ရေနဲ့ ရွံ့ရဲ့ ပေါင်းစည်း တည်ရှိမှု။” ယွင်ချင်းဝူရဲ့ အသံကို နောက်တစ်ကြိမ် ကြားလိုက် ရပြန်ပါတယ်။

အနက်ရောင် မြေကြီးတွေနဲ့ အပြာရောင် မုန်တိုင်း တစ်ခုက ဓာတ်ကြီး ငါးပါး ဗျူဟာထဲမှာ နောက်တစ်ကြိမ် ပေါ်ထွက် လာခဲ့တယ်။

အရာအားလုံးကို ဖျက်ဆီးမှု။

သူမက ပိုပြီး မြန်ဆန်တဲ့ ဖျက်ဆီးမှုနဲ့ ဖန်တီးမှုကို မြင်နေချင်နေတယ်။

ယွင်ချင်းဝူကတော့ ချီယို့နဲ့ အချိန်ဆွဲနေဖို့ စိတ်ကူး မရှိခဲ့ဘူး။ ဓာတ်ကြီး ငါးပါး ဗျူဟာကို အသုံးချရင်း နောက်ထပ် ပစ္စည်း အသစ်တွေကို ဖန်တီး ပြစ်ပြီး ချီယို့ကို ဖျက်ဆီးခွင့် ပြုထားခဲ့ပါတယ်။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကတော့ ဆက်တိုက် ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေခဲ့တဲ့ ရွံ့တွေကို ကြည့်နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ အခု အစီအစဉ်ကို သူတို့ ပြောနိုင်နေတယ်။

ဒါပေမယ့် ချီယို့ကို သူမ အနိုင်ယူ နိုင်မှာလား။ ဒီမေးခွန်းကို အများကြီး စဉ်းစားနေ စရာ မလိုခဲ့ပါဘူး။ သေချာပေါက် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။

ဖန်ကျန်းရှီလဲ ဒီကိစ္စကို ကောင်းကောင်း သိတယ်။ ယွင်ချင်းဝူလဲ သိသင့်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ဘာမှ မပြောခဲ့ဘူး။ ဓာတ်ကြီး ငါးပါး ဗျူဟာသာ ချီယို့ကို အနိုင်မယူနိုင်ရင် ဘယ်လို အရာကမှ နိုင်တော့မှာ မဟုတ်မှန်း သူသိနေခဲ့တယ်။

“နန်ကုန်းမု။ နင် ဆက်ပြီး ဖုံးကွယ် နေအုန်းမှာလား။” အားလုံးက ယွင်ချင်းဝူ နောက်ထပ် လှုပ်ရှားမှာကို စောင့်ဆိုင်း နေခဲ့ကြချိန်မှာပဲ ယွင်ချင်းဝူက နောက်ထပ် မေးလိုက်ပါတော့တယ်။

“ဘာဖြစ်တယ်။”

အားလုံး လန့်နေကြပြီး ယွင်ချင်းဝူ ပြောတာကို နားမလည် နိုင်ခဲ့ကြဘူး။

နန်ကုန်းမုကလဲ အားလုံးနဲ့ အတူတူ တစ်ဖွဲ့တည်းမှာ ရှိနေခဲ့တဲ့ အပြင် ဗျူဟာကို ထိန်းချုပ် နိုင်စွမ်းကလဲ ယွင်ချင်းဝူမှာ ရှိနေခဲ့တယ်။ နန်ကုန်းမုက ဘာကိုများ ဖုံးကွယ် ထားတာ ရှိနေမလဲ။

“မင်း မင်းဘာတွေ ပြောနေတာလဲ။” နန်ကုန်းမုကတော့ မျက်နှာပျက် သွားခဲ့ပါတယ်။

“ချီယို့နဲ့ ဆက်ပြီး တိုက်ခိုက်ချင်တယ် ဆိုရင် ငါပြောနေတာကို နင်သိသင့်တယ်။” ယွင်ချင်းဝူက ပြောလိုက်ရင်း မျက်လုံးတွေ မှေးစင်း သွားခဲ့တယ်။

“မင်း ဘယ်လို သိလဲ။” နန်ကုန်းမုကတော့ ဒါကိုကြားချိန်မှာ အရမ်းကို လန့်နေခဲ့ပါတယ်။

“နောက်ထပ် ဖြစ်နိုင်ချေ မရှိဘူး။” ယွင်ချင်းဝူရဲ့ အဖြေကတော့ ရိုးရှင်းတယ်။

ဖန်ကျန်းရှီကတော့ ယွင်ချင်းဝူ မေးနေတဲ့ အကြောင်း အရာကို သိတာကြောင့် သူ့မျက်လုံးတွေက တလက်လက် တောက်ပ လာခဲ့ပါတယ်။

ကောင်းကင် လက်ခံ မြေပုံ ၃၆ခုမှာ နောက်ဆုံး ကျန်တဲ့ ကောင်းကင် လက်ခံ မြေပုံ ၄ခုကို ယွင်ချင်းဝူနဲ့ နောက်တစ်ယောက်က သိမယ်လို့ သူအတွေး ဝင်ခဲ့ဖူးတယ်။ နန်ကုန်းမုက လစ်လျူရှု ခံထားရပေမယ့် အားလုံးကို သူသိတယ်။

ကောင်းကင် လက်ခံ မြေပုံ တစ်ချို့က လွန်ခဲ့တဲ့ နှစ်၂၀က တိုက်ပွဲမှာ ပျောက်ဆုံး သွားခဲ့တယ်။

စစ်ပွဲကြီး ပြီးတဲ့နောက် လရောင်ဖြာနိုင်ငံတော်၊ သီးခြား မြင့်မြတ် နိုင်ငံတော်နဲ့ စစ်မက်လိုလား နိုင်ငံတော်က လေးခုကို ရခဲ့တယ်။ အားလုံးကို သူသိမ်းယူ ပြီးပြီ။ ဒါ့အပြင် ကောင်းကင် တာအို ခန်းမက ကောင်းကင် လက်ခံ မြေပုံ ၉ခုကိုလဲ ရလိုက်သေးတယ်။

ကြီးမြတ်သော ရှမင်းဆက်ကို ကောင်းကင် တာအို ခန်းမက အမြဲ ကာကွယ် ပေးထားတဲ့ အပြင် အနီးဆုံးလဲ ဖြစ်နေတဲ့ အတွက် ဒီလောက် ပမာဏက အံ့သြစရာ မရှိခဲ့ဘူး။ စစ်ပွဲထဲမှာ နိုင်ငံတော်က အတော်ကြီးကို အထိနာ ခဲ့တဲ့ အတွက် အကာအကွယ် အဖြစ် ပေးအပ်ခဲ့တာလဲ မဆန်းခဲ့ဘူး။

တခြား ထူးခြားတဲ့ မျိုးနွယ်စုတွေကလဲ လုယူသွားတာ ဖြစ်နိုင်တယ်။

လင်းယွမ် မျှော်စင် တိုက်ရိုက် ပါဝင်သူ ဖြစ်ခဲ့တဲ့ အပြင် စစ်ပွဲကြီးကို ချင်းယွိက အဓိက ထိန်းချုပ် ခဲ့တဲ့ အတွက် သူမလဲ ရနိုင်တယ်။

ကျန်ရစ်တဲ့ ယင်ယန်ခန်းမ၊ တောင်စဉ် ကိုးသွယ်နဲ့ ဖူရှီးတောင်ကြား တို့တွေမှာတော့ အရေအတွက် ဘယ်လောက် ရှိမလဲ ဆိုတာကို မသိနိုင်ခဲ့ဘူး။

ဒါ့အပြင် ယွင်ချင်းဝူက တောင်စဉ် ကိုးသွယ်ကို ထိန်းချုပ် ခဲ့ဖူးတယ်။ တောင်စဉ် ကိုးသွယ်မှာ ကောင်းကင် လက်ခံ မြေပုံတွေ ရှိနေခဲ့ရင် သူမ ယူလာပြီးလောက်ပြီ။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက လောကကြီးကို ခြောက်လ တိတိ အုပ်ချုပ်ခဲ့တဲ့ အတွက် သေချာပေါက် ရှာတွေ့နိုင်မှာ အှန်ပဲ။

ဒါပေမယ့် အကြာကြီး ရှာဖွေ ပြီးချိန်မှာတောင် သူမ ရှာမတွေ့ခဲ့ဘူး။ အရင်တုန်းကတော့ ရှိနိုင်တဲ့ နေရာက ပဟေဠိ ဖြစ်ခဲ့တယ်။

အခုချိန်မှာတော့ ပဟေဠိက အဖြေပေါ် သွားခဲ့ပါပြီ။

မဟာစစ်ပွဲကြီးနဲ့ ကောင်းကင် လက်ခံ မြေပုံတွေရဲ့ တကယ့် စစ်ပွဲ အကြောင်းအရာက လျှို့ဝှက်လွန်းလို့ တော်တော်များများ မသိခဲ့ကြဘူး။

ဒီလောက်တောင် လျှို့ဝှက်တဲ့ ကိစ္စကို နန်ကုန်း မျိုးနွယ်တွေသာ လုပ်နိုင်တယ်။

“နောက်ဆုံး ကောင်းကင်လက်ခံ မြေပုံ လေးခုက မင်းနဲ့ ရှိနေတယ် မဟုတ်လား နန်ကုန်းမု။” ဖန်ကျန်းရှီ မေးလိုက်ပါတယ်။

“ရှိတယ်။” နန်ကုန်းမု နောက်ဆုံးမှာတော့ ခေါင်းငြိမ့် လိုက်ပါတယ်။ “နန်ကုန်း မျိုးနွယ်တွေ လွန်ခဲ့တဲ့ နှစ်၂၀တုန်းက ရအောင် ယူလာခဲ့တယ်။ အခုတော့ ငါနဲ့ အတူ ရှိနေတယ်။”

“ဒါဆိုရင် ထုတ်လေ။” ပင်းယန်က စိတ်မရှည် လက်မရှည်နဲ့ အော်ပါတော့တယ်။

ရန်ရွှယ်နဲ့ ချီကူယန်ကတော့ တိတ်ဆိတ် နေခဲ့တယ်။ နန်ကုန်းမု အစောပိုင်းတုန်းက မထုတ်ခဲ့တာ ဖန်ကျန်းရှီနဲ့ ရှိတဲ့ ပြဿနာတွေကြောင့် ဖြစ်လိမ့်မယ်။ အခုချိန်မှာတော့ နန်ကုန်းမုကို သူတို့ ဖိအား မပေးနိုင်ဘူး။

“ဖန်ကျန်းရှီ မင်းမှာ ၃၂ ခု ရှိနေတယ် မဟုတ်လား။” နန်ကုန်းမုက မေးလိုက်ပါတယ်။

“ဟုတ်တယ်။”

“ကောင်းပြီ။ နောက်ဆုံး မျှော်လင့်ချက် မင်းလက်ထဲ အပ်လိုက်တော့မယ်။” နန်ကုန်းမုက သတ္တု သေတ္တာလေး တစ်ခုကို ထုတ်လာခဲ့ပါတယ်။

ယွင်ချင်းဝူ ပေးခဲ့တဲ့ သံသေတ္တာနဲ့ အဲ့ဒီ့ သေတ္တာက တစ်ပုံစံတည်း တူညီတယ်။

ဧကရာဇ်ယန်ရဲ့ မျိုးဆက်တွေက ကောင်းကင် လက်ခံ မြေပုံတွေကို စုဆောင်းဖို့ အတွက် တူညီတဲ့ နည်းလမ်း ရှိတာကို ဖန်ကျန်းရှီလဲ နားလည်သွားခဲ့ပါတယ်။

“နောက်ဆုံး ကောင်းကင် လက်ခံ မြေပုံ လေးခု။ ဘယ်လို သုံးရမလဲ သိသင့်ပြီ မဟုတ်လား။” ဖန်ကျန်းရှီ သေတ္တာကို ဖွင့်ရင်း မျက်လုံးတွေ တလက်လက် တောက်ပ လာခဲ့ပါတယ်။

ဒဏ္ဍာရီတွေ အရတော့ ကောင်းကင် လက်ခံ မြေပုံတွေကို နွီဝါး မယ်တော်က ချန်ရစ် ထားခဲ့တယ်။ ဒါတွေကို ဧကရာဇ်ဟွမ်က သိမ်းဆည်း ဖို့ အတွက် တာဝန် ရှိခဲ့ပါတယ်။

အခုချိန်မှာ မြေပုံ အားလုံးက ပြည့်စုံ သွားခဲ့ပြီ။ သူတို့တွေ ဘယ်လောက်ထိ အင်အားကြီးမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။

“ဝူး။” အလင်းတန်းကြီး တစ်ခု ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ပြေးထွက် လာခဲ့ပါတယ်။

အဲ့ဒီ့နောက် သူ့ခေါင်းပေါ်မှာ ကွမ်းလင်စန်း ပန်းချီကားက ပေါ်ထွက်လာပြီး ကောင်းကင်မှာလဲ မိုးကြိုးတွေ ဖြစ်တည် လာခဲ့ပါတယ်။

အလင်းတန်းကြီး လေးခုက ဖန်ကျန်းရှီရဲ့ သတ္တု သေတ္တာတွေ ထဲကနေ စတင် ထွက်ရှိ လာပြီး ကွမ်းလင် ပန်းချီကားဆီကို ပြေးဝင် သွားခဲ့တယ်။ ယွင်ချင်းဝူက အစီအစဉ်ကို အစောပိုင်းတည်းက တွက်ချက် ထားခဲ့တယ်။

ကွမ်းလင် ပန်းချီကားကတော့ ကြောက်စရာ ဆွဲငင်အား တစ်ခုနဲ့ မျက်တောင် တခတ် အတွင်းမှာပဲ အလင်းတန်း လေးခုကို စုပ်ယူပြီး ပေါင်းစည်း သွားခဲ့ပါတယ်။

“ဝူး။” အင်အားကြီး စွမ်းအားတွေ စီးဆင်း လာပြီးနောက် ကွမ်းလင် ပန်းချီကားက နတ်ဘုရား တေးသံသာလို အသံတွေ ထွက်ပေါ် လာခဲ့တယ်။

ပတ်ပတ်လည်က ပတ်ဝန်းကျင် အခြေအနေတွေ ရပ်တန့် သွားတော့မယ့် အချိန်မှာပဲ ရွံ့ထဲက ချီယို့ ခေါင်းထွက်လာ ခဲ့ပါတယ်။

“ဟမ်။ ကောင်းကင် လက်ခံ မြေပုံတွေလား။”

“အဲ့တာ နွီဝါး မယ်တော် ချန်ထားတဲ့ ပစ္စည်းတွေလား။” ဒါကို မြင်ချိန်မှာတော့ နတ်သားရဲကောင်တွေ မျက်လုံး အပြူးသားနဲ့ မေးလာခဲ့တယ်။

ဝုန်း။ ဓာတ်ကြီး ငါးပါး ဗျူဟာက ပြင်းပြင်းထန်ထန် တုန်ခါ သွားပြီးနောက် ထောင်ချီတဲ့ အလင်းတန်းတွေ အားလုံး မြေပုံကနေ ပေါက်ကွဲ ထွက်လာ ပါတော့တယ်။

ဝတ်ရုံဖြူ ဝတ်ထားတဲ့ အရိပ် ၃၆ခုက မတူညီတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားရင်း ထွက်ပေါ် လာခဲ့တယ်။ လက်နက် ၃၆မျိုး (ဓား၊ လှံ၊ ဓားချောင်း၊ ပုလွေ၊ တုတ်ချောင်း၊ ကုချင်း အပါအဝင် လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ နတ်စစ်တပ်ကြီး ပေါ်ထွက် လာပါတယ်။)

“ဒါက ကောင်းကင် လက်ခံ မြေပုံ တွေပေါ့။” ပင်းယန်ကတော့ မျက်လုံး အပြူးသားနဲ့ ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ရွှမ်ယွမ်ဓားကို ကိုင်ထားပြီး အော်ဟစ်လိုက်တယ်။

“တိုက်ခိုက်။” သူ့ဓားကတော့ ချီယို့ကို တန်းတန်း မတ်မတ် ချိန်ရွယ် ထားခဲ့ပါတယ်။

“တိုက်ခိုက်။”

“တိုက်ခိုက်။”

“…”

အသံ ၃၆သံ ထွက်ပေါ် လာပြီးနောက် ချီယို့ ဆီကို ပြေးဝင် သွားခဲံကြတယ်။

ယွင်ချင်းဝူကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက် မိပါတယ်။ ချီယို့ အရမ်းကို အင်အားကြီးလွန်း နေတယ်။

တိုက်ခိုက်မှု အချီ နည်းနည်း ပြီးချိန်မှာတောင် ချီယို့ကို သတ်နိုင်ဖို့ ရာခိုင်နှုန်းက ၁၀%သာ ရှိမယ်လို့ သူမ တွက်ချက် မိတယ်။

အကယ်၍ ကောင်းကင် လက်ခံ မြေပုံတွေသာ ရှိမယ် ဆိုရင်တော့ သတ်နိုင်ချေက ၅၀% အထိ တက်သွားလိမ့်မယ်။

“ငါ အောင်မြင်မှ ဖြစ်မယ်။ ကွမ်းလင် ပန်းချီကားက သတ်နိုင်ရုံတင် မကဘူး ဓာတ်ကြီး ငါးပါး ဗျူဟာရဲ့ စွမ်းအားတွေကိုလဲ တိုးမြှင့်နိုင်တယ်။ ချီယို့ကို သတ်နိုင်မှာပါ။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးလဲ မျက်လုံး အပြူးသားနဲ့ စောင့်ကြည့် နေခဲ့ကြတယ်။ သူတို့ ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းက ယုံကြည်ဖို့ အတွက် ခက်ခဲ လွန်းလှတဲ့ အပြင် တစ်ခုလေးကိုမှ အလွတ် မခံနိုင်ကြဘူး။

ပေါက်ကွဲမှု တစ်ခုနဲ့ အတူ အဖြူရောင် အရိပ်တွေက ချီယို့ ခန္ဒာကိုယ်ထဲကို ဝင်ရောက်သွား ပါတယ်။

အချိန်တွေ ရပ်တန့် သွားသလိုမျိုး ချီယို့လဲ တောင့်တင်း သွားခဲ့တယ်။ အခုချိန်မှာ မြေကြီးနဲ့ အမြစ်တွယ် သွားသလို ခံစားမှုမျိုးကို ချီယို့ ခံစားလိုက်ရတယ်။

“ငါတို့ အတွက် အခွင့်အရေးပဲ။”

“တိုက်ခိုက်ကြ။”

ပင်းယန်နဲ့ ရန်ရွှယ်လဲ ချက်ခြင်း တိုက်ခိုက်ကြတယ်။ ချီယို့ ဘာတွေ တွေ့ကြုံ နေရမှန်း ဘယ်သူမှ မသိခဲ့ပေမယ့် အခုချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံးမှန်းတော့ သူတို့ သိကြပါတယ်။

“တိုက်ခိုက်။” ဖန်ကျန်းရှီလဲ တိုက်ခိုက်တယ်။

အခုချိန်မှာတော့ အားလုံးက တပြိုင်နက်တည်း ချီယို့ဆီကို ပြေးဝင် သွားကြပါပြီ။ ရွှေရောင်၊ အပြာ၊ အနီ၊ အနက်နဲ့ အစိမ်း အလင်းတန်းတွေက ချီယို့ကို ပိုင်းဖြတ်ဖို့ အတွက် ရောက်ရှိ လာခဲ့ကြတယ်။

“ဝုန်း။” ရွှမ်ယွမ်ဓားကလဲ ချီယို့ လည်ပင်းကို ဖြတ်ဖို့ လုပ်တယ်။

လူသားတွေ အတွက် အကြီးမားဆုံး အားနည်းချက် တစ်ခု ဖြစ်သလို ဖြတ်ဖို့လဲ လွယ်ကူလှတယ်။

ချီကူယန်၊ ရန်ရွှယ်နဲ့ တခြားသူတွေ ကတော့ အသီးသီး တိုက်ခိုက်ဖို့ နေရာတွေကို ရွေးချယ် တိုက်ခိုက်ကြပါတယ်။

နှလုံးသား၊ ကောင်းကင်ဝိဉာဉ်နဲ့ တခြား သေကွင်း သေကွက် လေးနေရာကို သူတို့ ပြစ်မှတ် ထားတယ်။

ပေါက်ကွဲသံတွေက ကောင်းကင်ကြီးကိုတောင် တုန်ခါ နေစေပါတယ်။

မြေပြင်ကတော့ ကြီးမားတဲ့ အက်ကွဲလှိုင်းတွေကြောင့် ဆက်တိုက် အက်ကွဲပြီး ချော်ရည်ပူတွေ ထွက်ပေါ် လာရင်း လွင့်စင် ပါတော့တယ်။ ဒါပေမယ့် သူတို့တွေ ဂရုစိုက်တဲ့ ပုံစံ မရှိခဲ့ပါဘူး။ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေက ချီယို့တို့ တိုက်ပွဲကိုသာ အာရုံစိုက်နေ ခဲ့တဲ့ အတွက် ဘာကိုမှ အလွတ် မခံနိုင် ခဲ့ဘူး။

နောက်ဆုံးမှာတော့ ဖန်ကျန်းရှီနဲ့ တခြားသူတွေလဲ ချီယို့ ခန္ဒာကိုယ်ကို အရိပ်တွေလို ဖြတ်သန်း ထွင်းဖောက် နိုင်ခဲ့ပါတယ်။

ချီယို့ လည်ပင်းကနေ သွေးတွေ စီးကျလာပြီး နေရာ အနှံ့ကို ရေတံခွန် တစ်ခုလို ကျဆင်း လာခဲ့တယ်။

လက်မောင်းနဲ့ ရင်ဘတ်တွေကလဲ သွေးတွေ ထွက်လာပြီး ရွံ့တွေနဲ့ ရောနှော ကုန်ပါတယ်။

“သူတို့တွေ ချီယို့ကို တကယ်ပဲ သတ်နိုင်တော့မှာလား။”

“လောက နံပါတ်တစ် နတ်ဆိုး နတ်ဘုရားက သူတို့ လက်ထဲမှာ သေတော့မှာလား။”

တစ်ချို့ကတော့ စိတ်လှုပ်ရှား နေခဲ့ကြတယ်။ တစ်ချို့ကတော့ အံ့သြ နေပြီ။ တစ်ချို့ကတော့ မယုံနိုင် ဖြစ်နေခဲ့ပါတယ်။

ဘယ်သူကမှ ချီယို့ကို သတ်နိုင်မယ်လို့ မျှော်လင့်ထားတာ မရှိခဲ့ဘူး။

အပိုင်း (၁၁၀၉) ပြီး၏။

အပိုင်း (၁၁၁၀)

“နောက်ဆုံးတိုက်ပွဲ။”

…

ချီယို့ တကယ် သေသွားပြီလား။ ဖန်ကျန်းရှီတို့တွေ မယုံခဲ့ ပါဘူး။ သူတို့ရဲ့ ဓားတွေက ချီယို့ ခန္ဒာကိုယ်ကို ဖြတ်သွား ပေမယ့် ဒါကို သူတို့ မယုံနိုင် ခဲ့ဘူး။

လောက နံပါတ်တစ် နတ်ဆိုး နတ်ဘုရားက တကယ်ပဲ ချီယို့ လက်ထဲမှာ သေရမှာလား။

ဝုန်း။ ဝုန်း။ လျှပ်စီးတန်းတွေ ကျဆင်း လာချိန်မှာတော့ အားလုံးက ဓာတ်ကြီး ငါးပါး ဗျူဟာ အလယ်ကို ကြည့်နေကြပါတော့တယ်။

သူတို့တွေ စိုးရိမ်မှု အပြည့်နဲ့ စောင့်ဆိုင်းနေတယ်။

ဖန်ကျန်းရှီတို့ အုပ်စုလဲ အတော်လေး ချွေးပျံနေခဲ့ ကြပြီ။ သူတို့တွေ အားလုံးက တစ်ချက်လေးတောင် မညှာတာပဲ တိုက်ခိုက်ခဲ့ ကြပေမယ့် အခုတော့ အားလုံးက တကယ်ပဲ ပြီးဆုံး သွားပြီလား။

ချီကူယန်ကတော့ ရုတ်တရက် မျက်လုံး အပြူးသားနဲ့ ဖြူဖျော့ သွားခဲ့ပါတယ်။ သူမ အပေါ်ကို မော့ကြည့် နေခဲ့တယ်။

“မ မသေဘူးလား။”

“သူဘာဖြစ်လို့ မသေရတာလဲ။”

ဖန်ကျန်းရှီ၊ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး လန့်နေခဲ့တယ်။

“သွေးနီရောင် နေမင်းကြီးက ဒီမှာ ရှိနေသေးတယ်။ ချီယို့ မသေသေးဘူး။” ချီကူယန်က သွေးနီရောင် နေမင်းကြီးကို လက်ညှိုးထိုးပြရင်း ပြောနေခဲ့တယ်။ ကောင်းကင်မှာ ရှိနေတဲ့ သွေးနီရောင် နေမင်းကြီးက မျက်လုံး တစ်လုံးလို အသွင်နဲ့ မြေပြင်ကို ငုံ့ကြည့် နေခဲ့တယ်။

“ချီယို့သာ သေသွားခဲ့ရင် ဒါရှိနေမှာ မဟုတ်ဘူး။”

“သွေးတွေကို ကြည့်။”

“သွေးတွေ ဆက်ပြီး လှည့်နေတုန်းပဲ။”

“ဘာဖြစ်တယ်။” အားလုံးကတော့ ဒါကို ကြားချိန်မှာ ဓာတ်ကြီး ငါးပါး ဗျူဟာ အလယ်ကို ကြည့်လိုက်မိပါတယ်။ အဲ့ဒီ့ နေရာမှာတော့ သွေးတွေနဲ့ အသားတွေက ဖြည်းဖြည်းချင်း ပြန်ဖြစ်တည် နေခဲ့တယ်။

“ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ငါ သူ့ကို သတ်တာတောင် မသေဘူးလား။” ပင်းယန် မယုံနိုင် ခဲ့ပါဘူး။

ရန်ရွှယ်နဲ့ နန်ကုန်းမုတို့လဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ ချီယို့ကို သူတို့ ဓားနဲ့ ဖြတ်မိတဲ့ အကြောင်း ကောင်းကောင်း ခံစား မိပေမယ့် မြင်ကွင်းကတော့ ထူးဆန်းလွန်းလှတယ်။

“ချီယို့ မသေဘူးလား။”

သူတို့တွေ ချီယို့ကို မသတ်နိုင် ခဲ့တာလား။

“မဟုတ်ဘူး။ ငါတို့ သူ့ကို သတ်လို့ မရတာ မဟုတ်ဘူး။ နတ်ဘုရား အရင်းအမြစ်ပဲ။ နတ်ဘုရား အရင်းအမြစ်သာ ဖျက်ဆီး မခံရရင် ချီယို့က သေမှာ မဟုတ်ဘူး။” ချီကူယန်က အဖြေကို အမြန်ဆုံး ရသွားခဲ့ပါတယ်။

သူတို့တွေ အရေးအကြီးဆုံး အရာကို လျစ်လျူရှု ထားမိတယ်။ အားလုံးက ချီယို့ရဲ့ အရာအားလုံး ဖျက်ဆီးမှုကိုသာ အာရုံ စိုက်နေပြီး ဒါကို ကျော်ဖြတ်နိုင်ဖို့ တွေးခဲ့ကြတယ်။

ကောင်းကင် လက်ခံ မြေပုံ ၃၆ခုနဲ့ ဓာတ်ကြီး ငါးပါး ဗျူဟာ နှစ်ခုက ချီယို့ကို သတ်ဖို့သာ အဓိက အသုံးဝင်တယ်။ အရေးအကြီးဆုံး အချက်ကိုတော့ သူတို့တွေ လျစ်လျူရှု ထားမိတယ်။

ချီယို့ အခုချိန်ထိ အသက်ရှင် နေနိုင်ခဲ့တာ ရှေးဟောင်း စစ်ပွဲကြီးကို အနိုင် ရခဲ့လို့ မဟုတ်ပါဘူး။ နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်း နိုင်ခဲ့လို့ပါ။ သူက မသေမျိုး ဖြစ်ခဲ့တယ်။

ဧကရာဇ် ရွှမ်ယွမ်ဝူက ချီယို့ကို မသတ်နိုင်ခဲ့တဲ့ အတွက် ရှင်းထျန်း ခေါင်းကို သုံးပြီး နတ်ဆိုး ဗျူဟာနဲ့ အတူ ချိတ်ပိတ် ခဲ့တယ်။ အခုချိန်မှာ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ။

“ဝုန်း။” မိုးမြေ တစ်ခွင်လုံး တုန်ဟီး သွားပြီးနောက် ယွင်ချင်းဝူရဲ့ အမူအယာက နောက်ဆုံးမှာတော့ ပြောင်းလဲ သွားပါတော့တယ်။ မရေမတွက်နိုင်တဲ့ အစီအစဉ်တွေကို သုံးပြီး ချီယို့ တုံ့ပြန်လာအောင် သူမ မြားခေါ် ခဲ့တယ်။ နည်းလမ်း ပေါင်းစုံကို သုံးပြီး ချီယို့ကို သတ်ဖို့ သူမ လုပ်ခဲ့ပေမယ့် အခုချိန်မှာ အားလုံးက အစကို ပြန်ရောက် သွားခဲ့ပါပြီ။

ချီယို့ကို သတ်ဖို့ မဖြစ်နိုင်ပါဘူး။

“အမျိုးသမီးလေး မင်းက အတော် ထက်တာပဲ။” ချီယို့ အသံကို ပြန်လည် ဖြစ်တည်နေတဲ့ ခန္ဒာကိုယ်ကနေ ကြားလိုက် ရပါတယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်ကနေ အလင်းတန်း တစ်ခု စတင် ပေါ်ထွက်လာခဲ့တယ်။

သွေးတွေ ထဲကနေ သူထွက်လာပြီး သွေးနီရောင် အလင်းတန်းတွေကို လွင့်ထုတ် နေခဲ့ပါတယ်။

ချီယို့ကတော့ တစ်ချက်လေးမှ ပုံစံ မပြောင်း မပျက်မဆီးဘဲနဲ့သာ ရှိနေခဲ့တယ်။ သူ့ရဲ့ ကြောက်စရာ ဖိအားနဲ့ အေးစက်တဲ့ အကြည့်ကတော့ ပိုပြီး စူးရှ ပြတ်သား လာခဲ့ပါတယ်။

“…”

“…”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက အရမ်းကို တောင့်တင်း ကုန်ကြတယ်။ အရာအားလုံး ဖျက်ဆီးမှု တာအိုကို ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်း နတ်ဆိုး နတ်ဘုရားက သတ်လို့ မသေနိုင်ဘူး။ ဘယ်သူကများ ဒီမိစ္ဆာကြီးကို အနိုင်ယူဖို့ အခွင့်အရေး ရှာနိုင်တော့မှာလဲ။

ရန်ရွှယ်နဲ့ နန်ကုန်းမုလဲ အသက်ရှူရ ခက်နေခဲ့တယ်။ ချီယို့ အင်အားကြီးတာကို သူတို့ မကြောက်ပေမယ့် သတ်လို့ မသေတဲ့ အဖြစ်ကတော့ သူတို့ရဲ့ ကြိုးစား အားထုတ်မှုတွေ အကုန်လုံးကို အလဟသတ် ဖြစ်သွားစေနိုင်တယ်။

“နတ်ဘုရား အရင်းအမြစ်က ချီယို့။ ချီယို့က နတ်ဘုရား အရင်းအမြစ် ဖြစ်နေမှတော့၊ ငါတို့တွေ နတ်ဘုရား အရင်းအမြစ်ကို ဖျက်ဆီးပြစ်လို့ မရဘူးလား။” ပင်းယန် မေးလိုက်ပါတယ်။

“နတ်ဘုရား အရင်းအမြစ်က စွမ်းအား အရင်းအမြစ်ပဲ။ သူ့ကို အလွယ်လေး ဖျက်ဆီးလို့ ရနေရင် ဧကရာဇ်ဟွမ်က ဖျက်ဆီးပြီး ချီယို့ကို သတ်ပြီးလောက်ပြီ။” ချီကူယန် ခေါင်းခါလိုက်တယ်။

“ဒီတော့ နည်းလမ်း ထပ်မရှိတော့ဘူးပေါ့။” ပင်းယန်ကတော့ မကျေမနပ် ဖြစ်နေခဲ့ပါတယ်။

“မဖြစ်နိုင်မှာကို စိုးရိမ် မိတယ်။” ချီကူယန်က ခေါင်းခါရင်း ပြန်ဖြေပါတယ်။ “ငါ ထင်တာသာ မှန်မယ် ဆိုရင်၊ နတ်ဘုရား အရင်းအမြစ်က လောကကြီး တည်ရှိနေတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်လိမ့်မယ်။”

“…” ပင်းယန် တိတ်ဆိတ် သွားတော့တယ်။

(လောကကြီး တည်ရှိမှု အကြောင်းတရား။ စွမ်းအား အရင်းအမြစ်။)

နတ်ဘုရား အရင်းအမြစ်ကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး။ သူ့ကိုသာ ဖျက်ဆီးလိုက်ရင် လောကကြီးက ဆက်ပြီး တည်ရှိ နေနိုင်ပါ့မလား။

“ငါက လောက သခင်၊ နတ်ဘုရားတွေထက် အင်အား ကြီးတဲ့သူလို့ ပြောထား ပြီးသားပဲ။ မင်းတို့ အားလုံးမှာ ရွေးချယ်စရာ ရှိတယ်။ အညံ့ခံမလား သေမလား။” ချီယို့ရဲ့ စကားသံနဲ့ အတူ ပြင်းထန်တဲ့ အရှိန်အဝါက အဖြူရောင် အရိပ် ၃၆ခုကို လွင့်ထွက် သွားစေခဲ့တယ်။

“ငါ အညံ့ခံရင်တောင် သေရမှာပဲ။ အညံ့မခံပဲ သေမယ်။” ပင်းယန်ကတော့ မားမားမတ်မတ် ရပ်နေရင်း ပြောလိုက်ပါတယ်။

“မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်။” ချီယို့က ပြုံးလိုက်တယ်။

“တိုက်ခိုက်ဖို့ အသင့်။”

ရန်ရွှယ်နဲ့ နန်ကုန်းမုလဲ လက်မလျော့ ခဲ့ဘူး။ မျှော်လင့်ချက် မရှိတာကို သိရင်တောင် သူတို့ လက်မလျော့ဘူး။ ပင်းယန် ပြောသလို ဘယ်လိုပဲ ဖြစ်ဖြစ် သေရမယ့် ကိစ္စမှာ ဘာကြောင့်များ ထိုင်စောင့် နေရမှာလဲ။

“ရေနဲ့ မြေကြီးရဲ့ ပူးတွဲ တည်ရှိမှု။” ယွင်ချင်းဝူရဲ့ အသံ ထွက်ပေါ် လာပါတယ်။

ကောင်းကင် လက်ခံ မြေပုံတွေနဲ့ ပေါင်းစည်း လိုက်ချိန်မှာ ဓာတ်ကြီး ငါးပါး ဗျူဟာ အစွမ်းက အများကြီး တိုးတက်နိုင်တယ်။ သူမ အော်လိုက်ချိန်မှာပဲ ကြီးမားတဲ့ မြေသားထုနဲ့ ရေလှိုင်းကြီးတွေက ချီယို့ကို တိုက်ခိုက် ပြန်ပါတယ်။

“ဟမ့်။” ဒီတစ်ခေါက်မှာတော့ ချီယို့ မြေကြီးတွေ ဝါးမျိုတာကို မစောင့်တော့ဘူး။ မြေကြီးတွေကိုသာ သူက အရင် ဝါးစားပါတော့တယ်။

ရွံ့မြေတွေကို ချီယို့ ပျော်ပျော်ကြီး ဝါးနေခဲ့တယ်။

“…” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ အတွေးတွေ ဝင်နေခဲ့တယ်။ အရင် လောကမှာ ဆင်းရဲ သူတွေကသာ မြေကြီးကို စားကြတယ်။ အခုတော့ နတ်ဆိုး နတ်ဘုရား ချီယို့က မြေကြီးတွေကို စားနေတယ်။ အပြုသဘော ဆောင်တဲ့ လုပ်ရပ် တစ်ခု ဖြစ်ပေမယ့် ရွံ့တွေ အားလုံးက ချီယို့ ပါးစပ်ထဲ ဝင်ရောက် ချိန်မှာ အားလုံး ပျောက်ကွယ် သွားပါတော့တယ်။

အရာအားလုံးကို ဖျက်ဆီးမှုက တကယ့်ကို အင်အားကြီးလွန်းတယ်။ ဒါ့အပြင် ချီယို့က မသေနိုင်ဘူး။ အကယ်၍ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ စိတ်မဖိစီး ရဘူးလို့ ပြောမယ် ဆိုရင် လိမ်ရာ ရောက်လိမ့်မယ်။ ဖန်ကျန်းရှီ တခြား ကိစ္စတွေကို စဉ်းစား နေပင်မယ့် သူ့အဖြစ်က စိတ်ဖိစီး တာထက်တောင် ကျော်လွန် နေခဲ့ပြီ။

စိတ်ပျက် အားလျော့ နေပင်မယ့် ဆက်ပြီး တိုက်ခိုက်ရမယ်။

“မီးနဲ့ သစ်သား။ ကောင်းကင်ကို လောင်ကျွမ်း။” ယွင်ချင်းဝူ နောက်တစ်ခေါက် ပြောလိုက်ပါတယ်။

ချီယို့ ရွံ့မြေတွေကို ဝါးစား နေချိန်မှာပဲ နတ်သစ်ပင်ကြီးက ချီယို့ ခန္ဒာကိုယ်ကို တိုက်ခိုက်တယ်။ သုံးရောင်ခြယ် မီးလျှံတွေကလဲ စတင် လောင်ကျွမ်း ပါတယ်။

“ဖျက်ဆီး။” ချီယို့ ဒီတစ်ခေါက်တော့ တစ်ခွန်းသာ ပြောပြီး အားလုံးကို ဖျက်ဆီးလိုက်တယ်။

လေဟာနယ်ကြီးကတော့ ပြင်းပြင်းထန်ထန် တုန်ခါ နေခဲ့ပါတယ်။

“မဖြစ်ဘူး။ ယွင်ချင်းဝူ သတိထား။” ယွင်ချင်းဝူ ရှေ့ကို ကောင်းကင် တာအို သုံးရင်း ဖန်ကျန်းရှီ ရောက်လာခဲ့တယ်။

“သွားသေလိုက်။” ချီယို့က သူ့ လက်ခြောက်ဖက်ကို သုံးရင်း ဖန်ကျန်းရှီကို တိုက်ခိုက်ပါတော့တယ်။ သူ့ရဲ့ ကြီးမားတဲ့ လက်သီးကြီးတွေက ဖန်ကျန်းရှီ ပေါ်ကို တောင်တွေ ကျသလို ကျဆင်း လာခဲ့တယ်။

ဖန်ကျန်းရှီလဲ ချီယို့ရဲ့ အားကောင်းတဲ့ တိုက်ခိုက်မှုတွေကို တိုက်ရိုက် ရင်မဆိုင်နိုင် ခဲ့ဘူး။

“ကွမ်းလင်စန်း ပန်းချီကား။” ဖန်ကျန်းရှီ ဆုတ်ခွာ နေချိန်မှာ ချီယို့ကို အရိပ် ၃၆ခုက ထိန်းချုပ် ထားခဲ့တယ်။

“တိုက်ခိုက်။”

ဟိန်းဟောက်သံတွေကို ဆက်တိုက် ကြားရပြီးနောက် အရိပ် ၃၆ခုက ချက်ခြင်း ပြေးဝင် လာပါတော့တယ်။

“ထွက်သွားစမ်း။” ချီယို့ အော်ဟစ် လိုက်ချိန်မှာ သူ့နှလုံးခုန်သံကလဲ အရှိန်ပြင်းပြင်း ထွက်ပေါ် လာခဲ့တယ်။

“ဒုန်း။ ဒုန်း။” သန်မာတဲ့ အသံလှိုင်းကြောင့် အရိပ်တွေက အနားမကပ်နိုင်ဘဲ ရှိနေခဲ့တယ်။ ဖန်ကျန်းရှီက မျက်နှာပျက် နေခဲ့ပါပြီ။ ချီယို့ကို သူလျော့တွက် မိသွားခဲ့တယ်။

လောက နံပါတ်တစ် အရက်စက်ဆုံး သတ်ဖြတ်ရေး နတ်ဘုရားက ဧကရာဇ်ဟွမ်ကို ကိုးကြိမ်တိတိ အနိုင်ယူခဲ့တယ်။ အရာအားလုံး ဖျက်ဆီးမှု တာအိုကြောင့် သူ့ကို သတ်ဖို့လဲ မဖြစ်နိုင်ခဲ့ဘူး။

ချီယို့မှာ ကွမ်းလင်စန်း ပန်းချီကို တားဆီးနိုင်တဲ့ တခြား ထူးဆန်း စွမ်းအားတွေလဲ ရှိနေသေးတယ်။

ကျိုထျန်း ရွှမ်နူက ဓာတ်ကြီးငါးပါး ဗျူဟာ တစ်ခုသာ ချီယို့ကို အနိုင်ယူ နိုင်မယ်လို့ ပြောခဲ့တာ မဆန်းပါဘူး။

ကွမ်းလင်စန်း ပန်းချီကားရဲ့ အားအကောင်းဆုံး အရာကတော့ ဓာတ်ကြီး ငါးပါး ဗျူဟာကို အစွမ်း တိုးမြှင့် ပေးနိုင်တာပါ။ ဒါပေမယ့် အရိပ် ၃၆ခုက ချီယို့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် မရစေ နိုင်ပါဘူး။ စိတ်ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိတယ်။

အခုချိန်မှာတော့ ချီကူယန်ရဲ့ စိတ်ကို ထိန်းချုပ် နိုင်စွမ်းနဲ့ နွီဝါး မယ်တော် ပိုင်ဆိုင်တဲ့ စွမ်းအားတွေကိုလဲ ဖန်ကျန်းရှီ ဖြည်းဖြည်းချင်း နားလည် လာခဲ့ပါတယ်။ အစောပိုင်းက အရိပ် ၃၆ခုလို ချီယို့ကို တစ်ခဏတာ တွေေ၀ သွားအောင် လုပ်နိုင်စွမ်းကို ချီကူယန်လဲ ပိုင်ဆိုင်ထားတယ်။

အခုချိန်မှာတော့ ကိစ္စတွေက ပိုပြီး ခက်ခဲ နေခဲ့ပါပြီ။ ချီယို့က တစ်ကြိမ်သာ လှည့်စား ခံရတယ်။

အမြဲတမ်း စိတ်ကို ပြင်ဆင် ထားခဲ့တဲ့ အတွက် တူညီတဲ့ ကိစ္စကို သူအဖြစ် မခံပါဘူး။

သူ ဘာလုပ် ရတော့မလဲ။ ဖန်ကျန်းရှီ ကိုယ့်ကိုယ်ကို သနားစရာ ကောင်းတယ်လို့ ထင်လာခဲ့မိတယ်။

“ဓာတ်ကြီးငါးပါး နေရာပြောင်း။” ယွင်ချင်းဝူ ပြောလိုက်ချိန်မှာပဲ ဓာတ်ကြီး ငါးပါး နေရာ ချထားမှုက နေရာ ပြောင်းလဲ သွားခဲ့တယ်။

မျက်တောင် တခတ် အတွင်းမှာပဲ ယွင်ချင်းဝူက ချီယို့ တိုက်ခိုက်မယ့် နေရာကနေ လွတ် မြောက် သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ ဗဟိုချက်ကို ပြန်လည် ရောက်ရှိ သွားခဲ့ပါတယ်။

“ယွင်ချင်းဝူ ဒါကို ပညာရှင် အဆင့် ရောက်နေတာ အံ့သြစရာ မရှိဘူးပဲ။” ဖန်ကျန်းရှီ အထင်ကြီးသွားမိတယ်။

ချီယို့ကို တားဆီးဖို့ အတွက် ဖန်ကျန်းရှီ့ အလယ် ဗဟိုချက်ကနေ ထွက်ခွာ လာခဲ့တယ်။ ယွင်ချင်းဝူကတော့ အားလုံးကို နေရာ ပြန်ချ ပေးနိုင်တယ်။

နတ်သားရဲကောင်နဲ့ မိစ္ဆာတွေကတော့ အောက်ဘက်ကနေသာ တအံ့တသြ ကြည့်နေခဲ့ကြပါတယ်။

“ယွင်ချင်းဝူက ဧကရာဇ်ဟွမ် ထက်တောင် တွက်ချက်တဲ့ နေရာမှာ ပိုတော်နေတာလား။”

အစောပိုင်းမှာ သူမ စွမ်းအားကို အားလုံးက သံသယ ဝင်ခဲ့ပေမယ့် အခု ချိန်မှာတော့ သူမရဲ့ စွမ်းရည်ကို အတည်ပြုနိုင် သွားခဲ့ပြီ။

ချီယို့ကတော့ တစ်ခဏတာ အံ့သြ သွားခဲ့တယ်။ အားလုံး နေရာ ပြောင်းလဲ သွားတာကို ကြည့်ရင်း သူပြောလာ ခဲ့ပါတယ်။

“မဆိုးဘူးပဲ ကောင်မလေး။ ကြည့်ရတာ မင်းကို တိုက်ရိုက် ဖျက်ဆီးဖို့ အချိန် ယူရမယ့် ပုံစံပဲ။ ဒီလို ဖြစ်မှတော့ အရင်ဆုံး ဓာတ်ကြီး ငါးပါး ဗျူဟာကို ဖျက်ဆီးပြစ် ရတာပေါ့။”

“ဓာတ်ကြီး ငါးပါး ဗျူဟာကို တိုက်ရိုက် ဖျက်ဆီး ပြစ်မှာလား။”

“ချီယို့ တကယ် ပြောနေတာလား။”

ချီယို့ကတော့ အခုချိန်မှာ ဗျူဟာရဲ့ တုံ့ပြန်ပုံကို နားလည် နေခဲ့ပြီ။ ဒါကြောင့် အားအနည်းဆုံး ယွင်ချင်းဝူကို သူပြစ်မှတ် ပြောင်းခဲ့တယ်။

ဖန်ကျန်းရှီနဲ့ ချီကူယန်က အစွမ်း အထက်ဆုံး ဖြစ်ပြီး နန်ကုန်းမုရဲ့ နတ်သစ်ပင်က ကောင်းကောင်း ခုခံ ထားနိုင်စွမ်း ရှိတာကို ချီယို့ သတိထားမိတယ်။ သူတို့ သုံးယောက်ကို အချိန်တို အတွင်း ဖြိုဖျက်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒါ့အပြင် သူတိုက်ခိုက်နေတဲ့ အချိန် အတွင်းမှာလဲ နေရာ ပြောင်းလဲ သွားနိုင်သေးတယ်။

သူသာ အဲ့ဒီ့ နေရာ သုံးခုကို တိုက်ခိုက်မယ် ဆိုရင် တခြား နေရာ လေးခုက အင်အားပေါင်းစည်းပြီး သူ့ကို ပြန်တိုက်ခိုက် ကြလိမ့်မယ်။

ဓာတ်ကြီး ငါးပါး ဗျူဟာကို သူကြုံဖူးတာ ပထမဆုံး အကြိမ် မဟုတ်ခဲ့ဘူး။ နေရာ တစ်ခုကို တိုက်ခိုက်တာနဲ့ တခြား လေးခုကလဲ တုံ့ပြန်လိမ့်မယ်။ ဒါကြောင့် အားအနည်းဆုံး နေရာကို ရွေးရမယ်။

ပင်းယန်နဲ့ ရန်ရွှယ် နှစ်ယောက်မှာ ရန်ရွှယ်ကို ချီယို့ ရွေးခဲ့တယ်။ သူ့ရဲ့ တည်ငြိမ်မှုက ချီယို့ကို စိတ်ရှုပ်စေတဲ့ အတွက် သူ့ကိုသာ ပြစ်မှတ်ထားခဲ့ပါတယ်။

“သွားသေလိုက်။” ရန်ရွှယ့်ဆီကို ချီယို့ တိုက်ရိုက် ပြေးသွားခဲ့တယ်။ အခုချိန်မှာတော့ တောင်ကြီး တစ်လုံးလို သူ့အသွင်က မြူခိုးတွေ အပြည့်နဲ့ ဖြစ်နေပြီး ကြောက်စရာ ကောင်းနေခဲ့ပါတယ်။

အပိုင်း (၁၁၁၀) ပြီး၏။

အပိုင်း (၁၁၁၁)

“သေခြင်းတရား ရောက်ရှိလာခြင်း။ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုမြောက် နည်းလမ်း။”

….

ရန်ရွှယ့် အမူအယာကတော့ နည်းနည်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဓာတ်ကြီး ငါးပါး ဗျူဟာရဲ့ ရွှေနေရာမှာ ရှိနေခဲ့တဲ့ သူက အဓိက တိုက်ခိုက်သူ ဖြစ်နေတယ်။ ဒီနေရာမှာ သူ့ရဲ့ အဇူရာ တာအိုက တိုက်ခိုက်ရေး အတွက် အမြင့်ဆုံး စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ခုခံနိုင်စွမ်းကတော့ မမြင့်မား ခဲ့ပါဘူး။

ချီယို့ ပြေးဝင် လာတာကို မြင်ချိန်မှာတော့ ခုခံဖို့သာ သူလုပ်နိုင် ခဲ့တယ်။

“ဝူး။” အလင်တန်းကြီးတွေ သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ် လာပြီး အလင်းတန်း ဒိုင်းကာ ၁၂ခု အဖြစ်ကို ပြောင်းလဲသွား ခဲ့ပါတယ်။

ချီယို့ကတော့ ပထမဆုံး ဒိုင်းကာကို တစ်ခဏ အတွင်း ဖျက်ဆီး ပြစ်လိုက်တယ်။

“ဘန်း။” ရန်ရွှယ့်ရဲ့ ဒိုင်းကာက ချီယို့ရဲ့ အင်အားကြီး တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ချက်ခြင်း ပျက်ဆီး သွားခဲ့ပါတော့တယ်။

ဖန်ကျန်းရှီနဲ့ တခြားသူတွေလဲ ဒီအချိန်မှာ သတိပြန်ဝင်လာ ခြ့တယ်။

“ရန်ရွှယ်။”

“မဖြစ်ဘူး။ ချီယို့က ရန်ရွှယ့်ကို ပြစ်မှတ် ပြောင်းလိုက်ပြီ။”

“နောက်ကနေ တိုက်ခိုက်။”

ချီကူယန်၊ ဖန်ကျန်းရှီ၊ ပင်းယန်နဲ့ နန်ကုန်းမုတို့လဲ တပြိုင်နက်တည်း တိုက်ခိုက်ကြတယ်။ သူတို့တွေက ပူးတွဲ တည်ရှိ နေတဲ့ အတွက် တစ်ယောက်ကို တစ်ယောက် ကူညီ နိုင်သလို အတူတူလဲ တိုက်ခိုက်နိုင်တယ်။

ယွင်ချင်းဝူကတော့ ခုခံဖို့ကို မရွေးချယ်ခဲ့ဘူး။ ချီယို့က လှောင်ချိုင့်ထဲမှာ ရုန်းကန်နေတဲ့ သားရဲ ကောင်ကြီး တစ်ကောင်လို ဖြစ်နေတာကြောင့် သူ့ကို ဘယ်သူမှ အချိန် အကြာကြီး မခုခံ နိုင်ပါဘူး။

ချီယို့က အားအနည်းဆုံး နေရာကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ်။ အခုချိန်မှာတော့ ယွင်ချင်းဝူလဲ ရွေးချယ်စရာ များများစားစား မရှိခဲ့ဘူး။ အတင်းအကြပ် ခုခံဖို့ ကြိုးစား ခဲ့ရင်လဲ သေဆုံး ရလိမ့်မယ်။ တိုက်ခိုက်ရင်လဲ သေဆုံး ရလိမ့်မယ်။

ချီယို့ကို သတ်ဖို့နည်းလမ်း ရှာမတွေ့ သေးတဲ့ အတွက် သူမ အချိန်ဆွဲထားရုံသာ တတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အားနည်းချက်ကိုလဲ ရှာဖို့ လိုသေးတယ်။ အရမ်းကို ခက်ခဲလွန်း နေပင်မယ့် ယွင်ချင်းဝူ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် တောင့်ခံ ထားဖို့သာ သူမ တွေးရတော့တယ်။

ဘန်း။ ဘန်း။ ဘန်း။

ဆက်တိုက် ပေါက်ကွဲသံတွေနဲ့ အတူ ဖန်ကျန်းရှီတို့ အုပ်စုက ချီယို့ကို တိုက်ခိုက်ခဲ့တယ်။ ချီယို့ကတော့ အားလုံးကို လျစ်လျူရှု ထားပြီး ရန်ရွှယ့် ဒိုင်းတွေကိုသာ ဖျက်ဆီး ပြစ်နေပါတယ်။

ဒိုင်းကာ ၇ခုက ချက်ခြင်း ဆိုသလို ပျက်စီး သွားခဲ့ပါပြီ။

ဖြစ်ပျက်သွားတာ မြန်ဆန် လွန်းတဲ့ အပြင် ချီယို့က တခြားသူတွေကို ခုခံဖို့ လုံး၀ စိတ်ကူး မရှိခဲ့ဘူး။ စွမ်းအားကုန်သာ တိုက်ခိုက် နေခဲ့တယ်။ သူက မြန်ဆန်ရုံတင် မကဘဲ တောင်တစ်လုံးလို အားပြင်းတဲ့ လက်သီးချက်တွေနဲ့ ထိုးချ နေပါတယ်။

လက်သီး တစ်ချက် ထိုးလိုက်တိုင်း မိုးခြိမ်းသံလို အသံတွေ ထွက်ပေါ် လာပြီးနောက် မြေပြင်တွေ အက်ကွဲကုန်တယ်။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးက ရန်ရွှယ့် ရှေ့ကို ရောက်နေခဲ့ပြီ။

ဖန်ကျန်းရှီတို့ အားကုန် သုံးပြီး တိုက်ခိုက်နေပင်မယ့် နောက်ဆုံး ဒိုင်းကာ တစ်ခုသာ ကျန်ပါတော့တယ်။

“ဓာတ်ကြီး ငါးပါး အသွင်ပြောင်း။”

မျက်စိကျိန်းလောက်တဲ့ အလင်းတန်းနဲ့ အတူ ရန်ရွှယ်က နောက်ထပ် နေရာတစ်ခုမှာ ပေါ်လာခဲ့တယ်။

“နောက်တစ်ခေါက် ပြောင်းသွားပြီလား။”

“ယွင်ချင်းဝူက ဒီလောက် အချိန်လေး အတွင်း နေရာတွေကို တွက်ချက်ပြီး ပြောင်းနိုင်တယ်ပေါ့။”

“တကယ့်ကို တော်တာပဲ။”

နတ်သားရဲကောင်တွေ ချီးမွမ်း နေခဲ့ကြပါတယ်။

ချီယို့ကတော့ အဝေးကို ရောက်သွားတဲ့ ရန်ရွှယ့်ကို ကြည့်ရင်း အမူအယာ ပြောင်းလဲ မသွားခဲ့ဘူး။ အစောကြီးတည်းက ကြိုခန့်မှန်း ထားသလို တည်ငြိမ် နေခဲ့တယ်။

အကယ်၍ ယွင်ချင်းဝူကို တိုက်ခိုက်ရင် အားလုံးက နေရာ ပြောင်းလိမ့်မယ်။ ရန်ရွှယ့်ကို တိုက်ခိုက်ရင်တော့ လူလေးယောက် တိုက်ခိုက် တာကိုသာ ခံရမယ်။ ရန်ရွှယ့်ကို တစ်ချက်တည်းနဲ့ အသေသတ်ဖို့ မဖြစ်နိုင်မှန်း ချီယို့ သိပါတယ်။ ဒါပေမယ့် ယွင်ချင်းဝူ့ရဲ့ တွက်ချက်မှုကလဲ ကန့်သတ်ချက် ရှိတယ်။

သူ့အတွက် ကန့်သတ်ချက်ကတော့ အချိန်ပါပဲ။ နေရာပြောင်း တွက်ချက်မှု အတွက် သူမ အချိန် လိုအပ်တယ်။

“အရမ်း ကောင်းတယ်။ အခုတော့ ဘယ်လို လုပ်မလဲ။” ချီယို့လဲ ရန်ရွှယ့်ကို နောက်တစ်ခေါက် လက်သီးနဲ့ ထိုးချလိုက်တယ်။ ရန်ရွှယ်ကတော့ ဖြူဖျော့ သွားခဲ့ပါပြီ။ ဒိုင်းကာတွေကို ထပ်မံ ဖန်တီးလိုက်ရင်း ယွင်ချင်းဝူ တွက်ချက်ချိန် ရဖို့ အတွက် သူကြိုးစားတယ်။

ဒီတစ်ခေါက်မှတော့ ချီယို့ရဲ့ တိုက်ခိုက်မှုက အများကြီး ပိုပြီး ကြမ်းတမ်း ပြင်းထန် နေခဲ့ပါတယ်။ အစောပိုင်း တခေါက်မှာ စွမ်းအား မသုံးထားတဲ့ အတိုင်း သူတိုက်ခိုက် နေခဲ့တယ်။ ချီယို့ လက်သီးက ဒိုင်းကို ဖောက်ထွက်ရင်း ဖျက်ဆီး ပြီးချိန်မှာတော့ ရန်ရွှယ့် ရှေ့ကို သူရောက်သွား ပါတော့တယ်။

ဒီအချိန်မှာ နောက်ထပ် အသံ တစ်သံကို ကြားလိုက် ရတယ်။

ဝူး။ ရန်ရွှယ့်ရဲ့ နေရာက ပြောင်းလဲ သွားပေမယ့် သူ့ရဲ့ ရင်ဘတ်မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေ ရှိနေခဲ့တယ်။

“ရန်ရွှယ် မင်း အဆင်ပြေရဲ့လား။” ဖန်ကျန်းရှီ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

“ယွင်ချင်းဝူ ငါတို့ အားလုံး နေရာပြောင်းလို့ မရဘူးလား။ ရန်ရွှယ်နဲ့ မမယန်လေး နေရာပြောင်း လိုက်ရင်ရော။” ပင်းယန်လဲ စိတ်ပူ နေခဲ့တယ်။

ယွင်ချင်းဝူကတော့ ပြန်မဖြေ ခဲ့ပါဘူး။ သူမ အခုချိန်မှာ လက်တွေ တုန်ယင် နေခဲ့တယ်။ တွက်ချက်မှုတွေက ပင်ပန်းတဲ့ အပြင် သူမ အများကြီး အာရုံ စိုက်ဖို့ လိုတာကြောင့် အခုချိန်မှာ အာရုံလွင့်လို့ မဖြစ်ခဲ့ဘူး။

ဖန်ကျန်းရှီက ဒါကို မြင်ချိန်မှာ ဝင်ပြောပါတယ်။

“ပင်းယန် နေရာပြောင်းဖို့ နောက်ကျ သွားပြီ။ ဒါ့အပြင် ရန်ရွှယ့် နေရာကို အဲ့ဒီ့လို ပြောင်းတာက အကျိုးသက်ရောက်မင မများဘူး။”

“ပင်းယန် တိုက်ပွဲကို အာရုံစိုက်။” ချီကူယန် ဝင်ပြောတယ်။

ယွင်ချင်းဝူက နေရာ အပြောင်းအလဲကို တွက်ချက် နေရတဲ့ အတွက် အရမ်းကို စိတ်ဖိအား များလွန်းလှတယ်။ ဒါကြောင့် သူမ အာရုံလွင့်လို့ မဖြစ်ဘူး။

“ငါနဲ့ ရန်ရွှယ် ခုခံမယ်။ မင်းတို့တွေ တိုက်ခိုက်ကြ။” နန်ကုန်းမုက ပြောလိုက်တယ်။ သူက ရန်ရွှယ့်ထက် ခုခံစစ်မှာ အင်အား အများကြီး ပိုကောင်းသူပါ။

“ကောင်းပြီ။”

“တိုက်ခိုက်။”

…

နန်ကုန်းမု ဝင်လာ ချိန်မှာတော့ တိုက်ပွဲက နှောင့်နှေး သွားပါတော့တယ်။ ၇ကြိမ် တိတိ နေရာ ပြောင်းရွေ့ ပြီးနောက် ရန်ရွှယ့် စွမ်းအားတွေက ကုန်လုနီးပါး ဖြစ်နေတဲ့ အတင် မတ်မတ် ရပ်နိုင်ဖို့တောင် သူ့အတွက် ခက်ခဲ နေခဲ့တယ်။ နန်ကုန်းမုလဲ အတော်ကြီးကို ဖြူဖျော့နေ ခဲ့ပါပြီ။

ချီယို့က အင်အားကြီးလွန်းတယ်။ နန်ကုန်းမုနဲ့ ရန်ရွှယ် နှစ်ယောက်က ချီယို့ကို ခုခံဖို့ အတွက် မဖြစ်နိုင် ခဲ့ဘူး။

“ရန်ရွှယ်နဲ့ နန်ကုန်းမု အကြာကြီး တောင့်ခံ နိုင်တော့မှာ မဟုတ်ဘူး။ ငါနဲ့ မမယန်လေး ခုခံပြီး အရှက်မရှိတဲ့ ကောင်စုတ်ကို တိုက်ခိုက် ခိုင်းရင် ဘယ်လိုလဲ။” ပင်းယန် ပြောလိုက်တယ်။

“ငါတို့လဲ အကြာကြီး တောင့်ခံ နိုင်မယ်လို့တော့ မထင်ဘူး။” ချီကူယန်က မငြင်းခဲ့သလို သဘောလဲ မတူခဲ့ပါဘူး။

ယွင်ချင်းဝူက အခုချိန်မှာ ချွေးတွေ စိုရွှဲနေတဲ့ အပြင် သူမရဲ့ ငှက်မွှေး ကိုးချောင်းကလဲ မှောင်မိုက် နေခဲ့တာကို ချီကူယန် သတိ ထားမိခဲ့တယ်။ ယွင်ချင်းဝူ နောက်ထပ် တောင့်ခံ နိုင်ဖို့ မလွယ်ဘူး။ ရန်ရွှယ်နဲ့ နန်ကုန်းမုတင် မကဘဲ ယွင်ချင်းဝူပါ အားကုန်ဖို့ အလားအလာတွေ များနေခဲ့တယ်။

“နောက်ထပ် နည်းလမ်း မရှိတော့ဘူးလား။ ငါတို့ ဒီမှာ သေရတော့မှာလား။” ချီကူယန်လဲ မကျေနပ်ပေမယ့် တကယ့်ကို နည်းလမ်း မရှိ ဖြစ်နေခဲ့တယ်။

သူမတို့ အချိန်ဆွဲ ပေးထားတာ ၁နာရီ နီးပါး ရှိခဲ့ပြီ။ အားလုံး မောပန်းပြီး နောက်ထပ် တောင့်မခံ နိုင်တော့ဘူး။

အခုချိန်မှာ စွမ်းအား အပြည့် ရှိနေသူက ချီယို့နဲ့ ဖန်ကျန်းရှီသာ ကျန်၇စ်တော့တယ်။

“ကောင်စုတ်လေး မင်း မမော သေးဘူးလား။” ချီယို့ကတော့ သူ့ကို အရူး တစ်ယောက်လို ပြေးလိုက်ရင်း တိုက်ခိုက်နေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း နည်းနည်းတော့ လန့်နေခဲ့ပါတယ်။

နှစ်ပေါင်း ထောင်သောင်းချီအောင် စွမ်းအားတွေကို စုစည်း လာပြီးတဲ့နောက် ချီယို့ ခန္ဒာကိုယ်ထဲမှာ သုံးမကုန်တဲ့ စွမ်းအားတွေက အပြည့် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် လောကကြီးမှာ သူ့လို မိစ္ဆာ နောက်တစ်ယောက် ရှိနေမယ်လို့ မမျှော်လင့် ထားခဲ့မိဘူး။

တစ်နာရီကျော် တိုက်ခိုက်ပြီးတာတောင် အခုထိ စွမ်းအား အပြည့် ရှိနေ ပါသေးတယ်။

“မင်း အားကုန်ပြီး သေရင်တောင် ငါကတော့ မသေဘူး။” ဖန်ကျန်းရှီ ပြန်ဖြေ လိုက်ပါတယ်။

“ဟဟား။ စိတ်ဝင်စားစရာပဲ။ လောကမှာ ဖန်ကျန်းရှီ ငါးယောက် ရှိနေရင်တော့ ငါနိုင်မယ်လို့ အာမ မခံနိုင်ဘူး။ ဒါပေမယ့် လူတိုင်းကတော့ ဖန်ကျန်းရှီ ဟုတ်မနေဘူးလေ။” ချီယို့က ပြောပြီးတာနဲ့ ရန်ရွှယ့်ကို တိုက်ခိုက် ပါတော့တယ်။

ဘန်း။

ဒိုင်းကာတွေ အားလုံး ပျက်ဆီး သွားခဲ့ပါတယ်။ ရန်ရွှယ့် နှုတ်ခမ်းကတော့ ခရမ်းရောင် တောက်နေပြီး နောက်ထပ် မလှုပ်ရှား နိုင်တော့ပါဘူး။ ဒီအားကုန်မှုက သူ့ကို အသက်ရှူရတာ ခက်ခဲ လာစေခဲ့တယ်။ သူ့ရဲ့ လေးလံနေတဲ့ အသက်ရှူသံကို ရန်ရွှယ် ပြန်ကြား နေခဲ့ရတယ်။

“ဟူး။”

ဒီအချိန်မှာပဲ အင်အား တစ်ခုက သူ့ကို ဆွဲခေါ် သွားပြီး ဆယ်ပေအကွာကို ရောက်သွား စေခဲ့တယ်။

ရန်ရွှယ် အသက်ကို ဖြည်းဖြည်းချင်း ရှူနေ ရဆဲပါ။ လက်ကို မြှောက်ပြီး ဒိုင်းကာတွေကို ထပ်ထုတ်ဖို့ ပြင်နေပင်မယ့် လက်ကိုတောင် မမြှောက်နိုင်တော့ဘဲ ဖြစ်နေခဲ့တယ်။

“ရန်ရွှယ် အဆင်ပြေရဲ့လား။” နန်ကုန်းမုကတော့ နတ်သစ်ပင်ကြီး အသွင်နဲ့ ရန်ရွှယ့် ရှေ့မှာ ရပ်နေရင်း ချီယို့ရဲ့ တိုက်ခိုက်မှုကို ကာကွယ် ပေးနေခဲ့တယ်။

“ငါ ငါ ရသေးတယ်။ တောင့် ခံ။” ရန်ရွှယ့် သူ့နှုတ်ခမ်းသူ တင်းတင်း စေ့လိုက်ပေမယ့် နှုတ်ခမ်းထောင့်က သွေးတွေ စီးကျ လာခဲ့ပါတယ်။ အဲ့ဒီ့နောက် သူ့လက်ကို နောက်တစ်ခေါက် မြှောက်လိုက်တယ်။

ဒိုင်းကာ ၁၂ခု ပေါ်ထွက် လာချိန်မှာပဲ ရန်ရွှယ့် မျက်နှာက ရဲရဲနီ သွားပြီး သွေးတွေကို သူအန်ထုတ် မိတယ်။ ခြေထောက်တွေကတော့ ပျော့ခွေ ကုန်ပြီး မြေပြင်ကို ပြုတ်ကျ မတတ် ဖြစ်နေခဲ့ပြီ။

ချီယို့ အမူအယာကတော့ အေးစက် သွားခဲ့တယ်။

“မင်းက အားကုန်တော့မှာပေါ့။ ကောင်းတယ်။”

ချီယို့ အရှိန်ကို မြင့်လိုက်ရင်း ရှေ့က နတ်သစ်ပင်ကို ဖျက်ဆီးပါတယ်။

“မဖြစ်ဘူး။ ရန်ရွှယ် သတိထား။” ဖန်ကျန်းရှီ လှမ်းအော်တယ်။ ရန်ရွှယ် ပင်ပန်းနေပြီမှန်း သူသိတယ်။

ခိုင်မာ လွန်းတဲ့ စိတ်ဓာတ်ကြောင့်သာ အခုချိန်ထိ တောင့်ခံ ထားနိုင်ပေမယ့် ခန္ဒာကိုယ် အင်အားသာ ကုန်ခမ်း သွားခဲ့ရင် သူဘယ်လောက် စိတ်ဓာတ်ခိုင်မာ နေပါစေ အသုံးမဝင်တော့ဘူး။

“သွားသေလိုက်။” ချီယို့က ဟိန်းဟောက်ရင်း ပြေးဝင် လာခဲ့ပါတယ်။ အချိန် မဖြုန်းဘဲ ဒိုင်းကာတွေကိုဖျက်ဆီးဖို့ သူလုပ်တယ်။

အခုချိန်မှာ ဂျို(ချို)နှစ်ချောင်းက ထူးဆန်းတဲ့ အလင်းတန်းတွေ ထွက်ပေါ် လာပြီးနောက် ဒိုင်းကာ အားလုံးက စက္ကန့်ပိုင်း အတွင်း ပျက်ဆီး သွားပါတော့တယ်။ ဂျိုနှစ်ချောင်းကတော့ ရန်ရွှယ့်ရဲ့ နှလုံးသား တည့်တည့်ကို ချိန်ရွယ် ထာခးဲ့တယ်။

ယွင်ချင်းဝူ တုန်လှုပ် သွားခဲ့တယ်။ ရန်ရွှယ့်ကို သူမ ကယ်တင်ချင်ပေမယ့် အချိန်က နည်းပါး လွန်းတာကြောင့် နောက်ထပ် ပြောင်းရွေ့ရမယ့် နေရာကို သူမ မတွက်ချက် နိုင်ခဲ့ဘူး။

“ဖူး။” ယွင်ချင်းဝူ သွေးတွေကို အန်ထုတ် လိုက်ချိန်မှာပဲ သူမ နောက်မှာ ရှိနေခဲ့တဲ့ အလင်းတန်း ကိုးခုက ချက်ခြင်း ပျောက်ကွယ် သွားပါတော့တယ်။ ယွင်ချင်းဝူလဲ မီးစာကုန် ဆီခမ်း ဖြစ်နေခဲ့ပြီ။

သူမက အားလုံးထက် ပိုပြီးတော့ စိတ်ဖိစီးမှု များနေခဲ့တယ်။

“မဖြစ်ဘူး။” ဖန်ကျန်းရှီက ယွင်ချင်းဝူ လဲပြို သွားတာကို မြင်ချိန်မှာ ချက်ခြင်း လှုပ်ရှားလိုက်တယ်။ မိုးပြာရောင် အလင်းတန်းကို သုံးပြီး ချီယို့ကို သူတားဆီးချင်ပေမယ့် ချီယို့က မြန်ဆန်လွန်းနေတယ်။

ခရမ်းရောင် ပြောင်းနေပြီ ဖြစ်တဲ့ ရန်ရွှယ်ကတော့ အခုချိန်မှာ စကားပြောဖို့တောင် အားမရှိ တော့ပါဘူး။

“ရန်ရွှယ် ရှောင်လိုက်။” ဖန်ကျန်းရှီ အော်ဟစ်တယ်။

ရန်ရွှယ်ကတော့ အသံတောင် မထွက်နိုင် ခဲ့ပါဘူး။ စိတ်ကသာ တွေးနိုင် ခဲ့တယ်။

(ဘယ်ကို ရှောင်ရမှာလဲ။ တကယ် ပင်ပန်းတယ်။ ကျန်းရှီ။ ငါ့ဘဝမှာ တန်ဖိုး အရှိဆုံး မိတ်ဆွေ ဖြစ်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ငါမင်းနဲ့ ဆက်တိုက်ခိုက် ချင်ပေမယ့် မဖြစ်နိုင်ဘူး။ ငါ သွားတော့မယ်။ မင်း ဆက်ပြီး တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။)

ရန်ရွှယ့် မျက်လုံးတွေ ပိတ်သွား ခဲ့ပြီးနောက် မြင်ကွင်းတွေက သူ့စိတ်ထဲကို ဆက်တိုက် ဝင်ရောက် လာပါတော့တယ်။

ဖန်ကျန်းရှီနဲ့ ပထမဆုံး စတွေ့တဲ့ အချိန်က မြင်ကွင်းက သူမှတ်မိ နေသေးတယ်။ ဖန်ကျန်းရှီက ထူးဆန်းပြီး ပုန်ကန်ချင်တဲ့ စိတ်ရှိသူ တစ်ယောက်။ အများနဲ့ မတူပဲ ခွဲထွက် နေရတာကို ကြိုက်တယ်။ မသိလိုက်ဘဲနဲ့ သူလဲ ဖန်ကျန်းရှီနဲ့ စပြီး စကားပြောမိ ခဲ့တယ်။

“သူငယ်ချင်း လုပ်ကြမလား။”

“ဒါပေါ့။ ငါတို့က သူငယ်ချင်း တွေပဲလေ။”

“သူငယ်ချင်းတွေက တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့ လိုတယ်။”

“ငါမင်းကို ယုံတယ်။”

“လောကကြီးမှာ အားလုံးကို ငါ သစ္စာဖောက်နိုင်တယ် တစ်ယောက်က လွဲရင်။”

“…”

(ငါတစ်ကယ်ပဲ ဒီလောကက စွန့်ခွာ ရတော့မှာလား။ ကျန်းရှီ ငါမသွားချင် သေးဘူး။)

ရန်ရွှယ် ခုခံ နေတာကို ရပ်လိုက်ပြီး လုံး၀ အေးအေးဆေးဆေး နေလိုက်ပါတော့တယ်။ အခုချိန်မှာ သူငယ်ချင်းကို နှုတ်ဆက် စကား ပြောဖို့တောင် သူ့မှာ အားမရှိတော့ဘူး။

“ဝုန်း။” ကျယ်လောင်တဲ့ ပေါက်ကွဲ သံ တစ်ခုနဲ့ အတူ စွမ်းအားကြီးတစ်ခုက သူ့ကို ဆွဲယူ သွားခဲ့တယ်။ လေတွေက အေးစိမ့်နေပြီး ကျောချမ်းစရာ ကောင်းလွန်းတယ်။

ကျန်ရစ်တဲ့ အားအင်ကို သုံးပြီး မျက်လုံးတွေကို ဖွင့်လိုက်မိတယ်။ သွေးနီရောင် နေမင်းကြီးက ကောင်းကင်မှာ ရှိနေဆဲ ဖြစ်ပြီး အရမ်းကို နီရဲရင်း ကြောက်စရာ ကောင်းနေခဲ့တယ်။

ဒါပေမယ့် သူမသေသေးပုံပဲ။ လေထဲမှာ လွင့်မျောနေပြီး ပူပူနွေးနွေး သွေးတွေက သူ့မျက်နှာပေါ်မှာ ရှိနေခဲ့တယ်။ သွေးတွေက လေထဲမှာ စီးကျနေပြီး အရမ်း အရမ်းကို ပူပြင်းလှတယ်။

(ဘာလို့ ငါမသေသေးတာလဲ။)

(ကျန်းရှီ ဘယ်မှာလဲ။)

ရန်ရွှယ် ရှိနေခဲ့တဲ့ နေရာမှာတော့ တခြားသူ တစ်ယောက်က အစားထိုး ရောက်နေခဲ့ပါတယ်။ ချွန်ထက်တဲ့ ဦးချိုက သူ့ခန္ဒာကိုယ်ကို ဖောက်ထွက် လျက်သား ရှိနေပြီး သွေးတွေကတော့ လေထဲမှာ လွင့်စင် နေခဲ့တယ်။

“နေရာပြောင်း လိုက်တာလား။” ရန်ရွှယ့် မျက်လုံးတွေ ချက်ခြင်း ပွင့်လာပြီး နှာခေါင်းနဲ့ ပါးစပ်ထဲကနေ သွေးတွေ စီးကျလာ ခဲ့ပါတော့တယ်။

“မဖြစ်ဘူး။”

အပိုင်း (၁၁၁၁) ပြီး၏။

အပိုင်း (၁၁၁၂)

“တာအို ခြောက်ခုကို ပေါင်းစည်းခြင်း။ အန္တိမ တာအို။”

…

ရန်ရွှယ်ကတော့ အော်ငြီး နေခဲ့ပါတယ်။ သူ့မှာ စွမ်းအား မကျန်တော့ပေမယ့် နာနာကျင်ကျင်နဲ့ အော်ငြီး နေဆဲပါ။ အခုချိန်မှာ ဖြစ်သွားတဲ့ ကိစ္စကို သူမယုံကြည် နိုင်ခဲ့ဘူး။ ယုံကြည်ဖို့လဲ ငြင်းပယ်ခဲ့တယ်။

အကယ်၍ ဖန်ကျန်းရှီသာ သူ့နေရာမှာ ဖြစ်ခဲ့ရင် သူလဲ သေချာပေါက် တူညီတဲ့ ဆုံးဖြတ်ချက်ကို ချမိလိမ့်မယ်။ အသက်ကို ရင်းပြီး မိတ်ဆွေကို ကာကွယ်မယ်။ ဒါပေမယ့် ကိုယ်တိုင် ကြုံရချိန်မှာတော့ သူမယုံနိုင် ခဲ့ပါဘူး။

“မလုပ်နဲ့။” ရန်ရွှယ့် အသံက ချန့်ယန်းတောင် တစ်ခုလုံးကို ဟိန်းထွက် သွားခဲ့တယ်။

ချီကူယန်၊ နန်ကုန်းမု၊ ပင်းယန်နဲ့ ယွင်ချင်းဝူတို့လဲ မျက်လုံး အပြူးသားနဲ့သာ ကြည့်နေ ခဲ့ကြတယ်။

ဖန်ကျန်းရှီက သူ့ရဲ့ နောက်ဆုံး စွမ်းအားကို အသုံးပြုလိုက် တာတောင် ချီယိုကို တားဆီးဖို့ မဖြစ်နိုင်တဲ့ အတွက် ခန္ဒာကိုယ်ကို အသုံးပြုပြီး ရန်ရွှယ့်ကို ကယ်တင် ခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။” ချီကူယန်ရဲ့ အမြင် အာရုံတွေ ေ၀ဝါး သွားပါတယ်။ အခုချိန်မှာ သူမရဲ့ မျက်ရည်တွေကို နောက်ထပ် ထိန်းမထား နိုင်တော့ပါဘူး။

“အား။” ပင်းယန်ကတော့ အော်ဟစ်တယ်။

ဒီအချိန်မှာ ပင်းယန် ဘာကိုမှ ဂရု မစိုက်တော့ပါဘူး။ သူမ စိတ်ထဲမှာတော့ ဖန်ကျန်းရှီဆီ ပြေးသွားဖို့သာ အတွေး ရှိနေခဲ့တယ်။

ဓာတ်ကြီး ငါးပါး ဗျူဟာလဲ အသုံး မဝင်တော့ဘူး။ ဖန်ကျန်းရှီသာ သေသွားခဲ့ရင် ဒီဗျူဟာက အသုံးဝင်အုန်းမှာလား။ ပင်းယန် ပြေးထွက် လာချိန်မှာပဲ ချီကူယန်နဲ့ နန်ကုန်းမုက ကပ်လိုက် လာခဲ့ပါတယ်။

“မဖြစ်ဘူး။ မလာနဲ့။” ဖန်ကျန်းရှီ လက်တစ်ဖက်မှာ ဦးဂျိုကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း ပြောတယ်။ သူ့ပါးစပ်ကနေ သွေးတွေ ဆက်တိုက် စီးကျ လာခဲ့ပါတယ်။ အခုချိန်မှာ သေကွင်း သေကွက်ကို မထိခိုက်အောင် သူရှောင်ထား နိုင်ခဲ့တယ်။ သူ့နှလုံးသား မထိခိုက် ခဲ့ဘူး။

ဦးဂျိုနဲ့ ဖောက်ထွက် ခံရပြီးတဲ့နောက် သူ့ရဲ့ စွမ်းအား အရင်းအမြစ်က ရူးချင်စရာ ကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ကုန်ဆုံး နေပါတယ်။ သူချက်ခြင်း မသေရင်တောင် အကြာကြီး ခံတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် ချီယို့ ဖမ်းတာကို သူခံလိုက် ရပြီ။

“ဟဟား ဖန်ကျန်းရှီ ငါမထင်ထားမိဘူး။ မင်း ဒီလောက် ရူးမိုက် မယ်လို့ မထင်ထား ခဲ့မိဘူး။” ချီယို့လဲ မျက်လုံး အပြူးသား ဖြစ်နေခဲ့ ပင်မယ့် သူရယ်မော လိုက်ပါတယ်။

ရူးမိုက်လိုက်တဲ့ လူသားတွေ မိတ်ဆွေ အတွက်နဲ့ ကိုယ့်ကိုယ်ကို စတေးတယ်ပေါ့။ ဘယ်လောက်တောင် တုံးအ လိုက်သလဲ။

ရှေးရှေးခေတ်တည်းက လူသားတွေ ပျောက်ကွယ် ရတဲ့ အဓိက အကြောင်းအရင်းကို သူတို့ရဲ့ မိုက်မဲမှုလို့ ချီယို့ အမြဲတမ်း တွေးခဲ့ဖူးတယ်။ ဥပမာ အားဖြင့် နွီဝါး မယ်တော်နဲ့ ကျိုထျန်းရွှမ်နူ။ ဘာမဟုတ်တဲ့ သာမာန် လူသားတွေ အတွက် သူတို့ အသက်တွေကို စတေးရင်း တိုက်ခိုက်ပြီး ကပ်ဆိုးကြီးကို ကာကွယ်ခဲ့တယ်။

ဒီအတွက် အသက်ပေးဆပ်ခဲ့ ကြရတယ်။ တကယ့်ကို မိုက်မဲလိုက် ကြတာ။ လောကကြီးမှာ ဒီလို လူသားတွေ တည်ရှိနေဖို့ မလိုအပ်ဘူး။ လွှမ်းမိုး တိုက်ခိုက် နိုင်တဲ့ အင်အားကြီး ဖြစ်တည်မှုတွေပဲ အသက်ရှင်ဖို့ လိုတယ်။

ချီယို့ကတော့ အရမ်းကို အူလှိုက်သည်းလှိုက် ရယ်မော နေခဲ့ပါတယ်။

ဖန်ကျန်းရှီရဲ့ မိုက်မဲမှုက သူ့ကို အံ့သြ စေတယ်။ အခုချိန်မှာ သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဒီအတိုင်း သတ်လိုက် နိုင်ပြီ။ သူထင် ထားတာတောင် ရိုရှင်းသေးတယ်။ ဖန်ကျန်းရှီကို ကောင်းကောင်း ပေးဆပ်စေဖို့ပဲ ကျန်တော့မယ်။

“သွားသေလိုက်။” ချီယို့ မျက်ဝန်းတွေက သွေးနီရောင် တောက်လာခဲ့တယ်။

“ရပ်တန့်။” ချီကူယန် ဟိန်းဟောက်ရင်း ချီယို့ကို ချက်ခြင်း တားဆီးတယ်။

“ထွက်သွား။” ချီယို့ ပြန်အော်လိုက်ပါတယ်။

မမြင်ရတဲ့ စွမ်းအားက သူ့ခန္ဒာကိုယ်ကို ရစ်ပတ် လာခဲ့ပေမယ့် ချက်ခြင်း ပျက်ဆီး သွားခဲ့တယ်။

“ဖူး။” ချီကူယန် ပါးစပ် အပြည့် သွေးတွေကို အန်ထုတ် လိုက်ပါတယ်။ သူမ အရမ်းကို ပင်ပန်း နေခဲ့ပြီ။ အစောပိုင်း မြင်ကွင်းကြောင့် ပြင်းထန်တဲ့ နာကျင်မှုက သူမ နှလုံးသားကို ထိုးနှက်ခဲ့တယ်။ သူမ အဆုံးစွန် အခြေအနေကို ရောက်ဖို့ တည်းတည်းလေးသာ လိုပါတော့တယ်။

ပင်းယန်ကတော့ သူ့ဆီကို ပြေးဝင် လာခဲ့တယ်။

“အား။ ချီယို့ ငါနင့်ကို သတ်ပြစ်မယ်။” သုံးရောင်ခြယ် မီးတောက်တွေက သူမ ခန္ဒာကိုယ်မှာ တောက်ပနေပြီး တကိုယ်လုံး မီးလျှံတွေလို အသွင် ရှိနေခဲ့ပါတယ်။ စွမ်းအားကို ပြောမယ် ဆိုရင် သူမက ဧကရာဇ်ယွိရဲ့ စွမ်းအင်တွေ အားလုံးကို အမွေ ရထားတဲ့ အတွက် အရမ်းကို အင်အားကြီးနေတယ်။

ဒါပေမယ့် ချီယို့ရဲ့ ပြိုင်ဘက်တော့ မဟုတ်ခဲ့ပါဘူး။

ချီယို့ရဲ့ လက်သီးချက်က ပင်းယန်ကို ထိမိ သွားချိန်မှာ သူမရဲ့ မီးလျှံတွေက ချက်ခြင်း ပျောက်ကွယ် သွားပါတော့တယ်။ န

နန်ကုန်းမုလဲ ချီယို့ရဲ့ လက်သီးချက်ကို ခံလိုက် ရတဲ့ အတွက် သွေးအန်ရင်း လေထဲကို လွင့်ထွက် သွားခဲ့ပါတယ်။ နန်ကုန်းမုနဲ့ ရန်ရွှယ် နှစ်ယောက်က ချီယို့ကို အတူတူ ခုခံ တိုက်ခိုက် ခဲ့ကြတယ်။ သူတို့တွေ စွမ်းအား အတော်ကြီးကို ကုန်ဆုံး နေခဲ့ပြီ။

ဒါ့အပြင် နန်ကုန်းမုက တိုက်ပွဲထဲမှာ ပါဝင်နေတာ အချိန် ကြာလွန်း နေတဲ့ အပြင် နတ်သစ်ပင်ရဲ့ ကုသ နိုင်စွမ်းနဲ့တောင် ခြေကုန် လက်ပမ်းကျတဲ့ အခြေအနေမှာ ရှိနေခဲ့တယ်။

“ပြီးသွားပြီလား။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက လွင့်ထွက် သွားသူတွေကို ကြည့်ရင်း ပြောမိကြတယ်။ အခုတော့ သူတို့မှာ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဖန်ကျန်းရှီနဲ့ တခြားလူသားတွေ တိုက်ပွဲ နိုင်ဖို့ မျှော်လင့် ခဲ့ကြပေမယ့် အခုချိန်မှာ ချီယို့က အရမ်းကို အင်အားကြီးလွန်း နေခဲ့တယ်။

သက်ရှိ အားလုံးကို ဖိနှိပ် ဖျက်ဆီးနိုင်တဲ့ သူ့အစွမ်းကို ဘယ်သူကမှ မလွန်ဆန် နိုင်ခဲ့ဘူး။

“ဟဟား။ အသုံးမကျ ရူးမိုက်တဲ့ လူသားတွေ မင်းတို့တွေမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိခဲ့တယ်။ အခုတော့ မင်းတို့တွေ နောက်ဆုံး အခွင့်အရေးကို လက်လွှတ် လိုက်ပြီးပြီ။ ဘယ်လောက်တောင် မိုက်မဲ လိုက်သလဲ။” ချီယို့ကတော့ အထိန်းအကွပ် မရှိ ရယ်မော နေခဲ့ပါတယ်။

သူ့မှာ စွမ်းအားတွေက အဆုံးမဲ့အောင် ရှိနေခဲ့တယ်။

ဒါပေမယ့် ချီကူယန်၊ ပင်းယန်နဲ့ တခြားသူတွေက လုံးဝကို မောပန်း နေခဲ့ပါပြီ။

ဒီအခြေအနေမှာ လက်ချောင်းလေးတွေ လှုပ်ရှား လိုက်ရုံနဲ့တင် အားလုံးကို သတ်လို့ ရနေခဲ့တယ်။

လောကသခင် နတ်ဆိုး နတ်ဘုရား ချီယို့ ပြန်လာပြီ။ ချီယို့က သွေးနီရောင် နေမင်းကြီးကို မော့ကြည့်လိုက်တယ်။ နှစ်ပေါင်း ထောင်ချီကြာအောင် သူတိတ်တဆိတ် သည်းခံ ခဲ့ရပေမယ့် ဘယ်တုန်းကမှ လက်မလျော့ ခဲ့ဘူး။ လောကကြီးကို သူပိုင်ဆိုင်တယ်။

ရှေးရှေးခေတ်တည်းက သူ့အပိုင်ပဲ ဖြစ်သင့်တယ်။ လောကထိပ်ဆုံးမှာ အမြဲ ရပ်နေရမယ့် သူက ဘာမဟုတ်တဲ့ လူသားတွေကို အပေါ်ကနေ ကြည့်ရင်း ကိုးကွယ်မှုကို ခံယူရမယ့်သူ။

“အညံ့ခံမလား သေမလား။” ချီယို့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဟိန်းဟောက် လိုက်ပါတယ်။ အချိန်အကြာကြီး စောင့်ဆိုင်း ခဲ့ရတဲ့ ဒီလိုနေ့ နောက်ဆုံးမှာတော့ ရောက်လာခဲ့ပြီ။ ချီယို့ အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင် နေခဲ့ပါတယ်။

“ငတုံးတွေ။ လူမိုက်တွေ။”

“လောကကြီးက ငါ့အပိုင်ပဲ။”

“ငါက လောကကို အုပ်စိုးရမယ့်သူ။”

“ဘယ်သူကမှ ငါ့ကို မတားနိုင်ဘူး။”

ချီယို့ကတော့ ဆက်တိုက် ဟိန်းဟောက်နေရင်း နှစ်ပေါင်း များစွာ မျိုသိပ်လာတဲ့ ဒေါသတွေကို ချေဖျက်နေခဲ့တယ်။

“မဟုတ်ဘူး။ မင်းက လောကသခင် မဟုတ်ဘူး။”

“ဘယ်သူ ငါ့ကို တားဝံ့သလဲ။”

သူ့ရှေ့မှာ သွေးတွေ အပြည့်နဲ့ ဖန်ကျန်းရှီက လွဲပြီး ဘယ်သူမှ မရှိခဲ့ပါဘူး။

“ဖန်ကျန်းရှီ မင်းက မင်းဘာမင်း ပြောနေတာလား။” ချီယို့ နှာခေါင်းရှုတ်လိုက်တယ်။

“သက်ရှိတွေ အကြောင်း နားမလည်တဲ့ နတ်ဆိုး နတ်ဘုရား တစ်ပါးက လောက အုပ်ချုပ်သူ မဖြစ်သင့်ဘူး။ ဘယ်လောက်ပဲ အင်အားကြီး နေပါစေ ကိစ္စ မရှိဘူး။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်ပါတယ်။

“အိုး။ ကြည့်ရတာ မင်းက မကျေမနပ် ဖြစ်နေပုံပဲ။ စိတ်မကောင်း စရာပဲ။ မင်းက ငါနဲ့ ဆက်မတိုက်ခိုက် နိုင်တော့တဲ့ အပြင် အသုံးမဝင်တဲ့ မိတ်ဆွေ တစ်ယောက်နဲ့ အသက်ကိုတောင် လဲထားသေးတယ်။” ချီယို့ကတော့ ဖန်ကျန်းရှီကို အားနည်းသူ တစ်ယောက်လို ငုံ့ကြည့် နေခြ့ပါတယ်။

“မင်း အခုထိ နားမလည် သေးဘူးလား။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“ဟဟား ငါ့ကို နားမလည်သေးဘူးလို့ မင်း ပြောဝံ့တယ်ပေါ့။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါက အရာအားလုံး ဖျက်ဆီးမှုကို တတ်မြောက် ထားတဲ့သူ။ လောကမှာ ရှိသမျှ အရာအားလုံးက ငါ့ကို အညံ့ခံရမယ်။” ချီယို့ကတော့ ဒေါသထွက်နေပင်မယ့် ဆက်ပြီး ရယ်မော နေခဲ့ပါတယ်။

“သက်ရှိ အားလုံးက မင်းကို အညံ့ခံ တော့ရော ဘာဖြစ်လဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“မင်း ဘာပြောချင်တာလဲ။ သူတို့တွေ အညံ့ခံမယ် ဆိုရင် ငါက အားလုံးကို အုပ်ချုပ်သူ ဖြစ်ပြီ။ သူတို့တွေ ငါ့ကို ဧကရာဇ် နတ်ဘုရားလို့ ခေါ်ရမယ်။”

“တကယ့် နတ်ဘုရား အစစ်က သူများတွေ အညံ့ခံတာ ကိုးကွယ်တာကို မလိုအပ်ဘူး။ တခြားသူတွေက သူ့ကို လိုလိုလားလားနဲ့ နတ်ဘုရား အဖြစ် ဦးညွှတ်လိမ့်မယ်။ နွီဝါး မယ်တော်နဲ့ ကျိုထျန်း ရွှမ်နူတို့လို လေးစား ခံရလိမ့်မယ်။ ဒါပေမယ့် ချီယို့။ မင်းကတော့ ဘယ်တော့မှ တခြားသူတွေ လေးစားတာကို ခံရမှာ မဟုတ်ဘူး။”

“ဖန်ကျန်းရှီ သွားသေလိုက်။” ချီယို့ အရမ်းကို ဒေါသထွက် နေခဲ့ပါတယ်။ ဖန်ကျန်းရှီရဲ့ အသက်က သူ့လက်ထဲမှာ ရှိနေခဲ့တဲ့ အတွက် ဖန်ကျန်းရှီနဲ့ ငြင်းခုန် နေရမယ်လို့ သူမထင်ထား ခဲ့မိဘူး။

ဖန်ကျန်းရှီကို လက်လေး ညှစ်လိုက်ရုံနဲ့တင် သတ်လို့ ရတယ်။ အရာ အားလုံးက သူ့လက်ထဲမှာ သေဆုံး နိုင်တယ်။

သေခြင်းတရားက အကောင်းဆုံး ခြိမ်းခြောက်မှု တစ်ခုပဲ။ လောကမှာ အင်အားကြီးသူတွေက လေးစားခံရမယ်။ ဒါက တစ်ခုတည်းသော ခံယူချက်ပဲ။

“သေစမ်း။” ချီယို့ ဒေါသတကြီးနဲ့ အရာအားလုံး ဖျက်ဆီးမှု တာအိုကို အသုံးပြုပြီး ဖန်ကျန်းရှီကို ဖျက်ဆီးပါတော့တယ်။ ဒါပေမယ့် သူ့လက်ထဲမှာ ရှိနေခဲ့တဲ့ ဖန်ကျန်းရှီက ကျောက်တုံး တစ်တုံးလို မာကျောနေပြီး သူ့ရဲ့ တိုက်ခိုက်မှုကို မတုံ့ပြန် ခဲ့ဘူး။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချီယို့ သူရဲ့ အရာအားလုံး ဖျက်ဆီးမှု တာအိုက ဘယ်တုန်းကမှ မကျရှုံး ခဲ့ဖူးတဲ့ အတွက် နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ကြယ်တွေကိုတောင် ဖျက်ဆီးနိုင်တဲ့ သူက လက်ထဲမှာ ရှိနေတဲ့ လူသားကို မဖျက်ဆီး နိုင်ဘူးလား။

“သေစမ်း။” ချီယို့ နောက်တစ်ကြိမ် ညစ်ပင်မယ့် ဖန်ကျန်းရှီကတော့ မထိခိုက်ပဲ ရှိနေခဲ့ပါတယ်။ ဖန်ကျန်းရှီ ဘာဖြစ်လို့ မသေသေးတာလဲ။

“..” သူတကယ်ပဲ ဘာလို့ မသေသေးတာလဲ။

နတ်သားရဲကောင်တွေ တအံ့တသြ ကြည့်နေမိတယ်။

ရန်ရွှယ်၊ ချီကူယန်၊ ပင်းယန်၊ နန်ကုန်းမုနဲ့ ယွင်ချင်းဝူတို့ကတော့ ဖန်ကျန်းရှီကို မသေစေ ချင်တဲ့ အတွက် မျက်တောင် မခတ်တမ်း စောင့်ကြည့် နေခဲ့ကြတယ်။

ချီယို့လို အရာအားလုံး ဖျက်ဆီးမှုကို ဘယ်သူကများ တားဆီး နိုင်မှာလဲ။

“သေ။”

“သေ။”

“သေ။”

ချီယို့ ဆက်တိုက် အော်ဟစ်နေတဲ့ အသံက တောင်ကြောတစ်လျှောက်မှာ ဟိန်းထွက် နေခဲ့တယ်။ သူ့အသံက လွဲပြီး တခြား နေရာတွေမှာတော့ လုံး၀ ဥဿုံတိတ်ဆိတ် နေခဲ့ပါတယ်။ သွေးနီရောင် နေမင်းကြီးကတော့ အခုချိန်မှာ တောက်ပ ထိန်လင်း နေပင်မယ့် ဖြစ်နေတဲ့ ကိစ္စ ပိုပြီး ကြောက်စရာ ကောင်းနေခဲ့တယ်။

ဖန်ကျန်းရှီက မသေနိုင်ဘူးလား။

“ဘာလို့ မင်း အသက်ရှင်နေတာလဲ။ ငါ့ရဲ့ အရာအားလုံး ဖျက်ဆီးမှုက ဘယ်တုန်းကမှ မကျရှုံး ခဲ့ဖူးဘူး။ အရာအားလုံးကို ငါဖျက်ဆီး နိုင်ပေမယ့် မင်းကို ဘာကြောင့် မဖျက်ဆီး နိုင်တာလဲ။” ချီယို့ ဆက်တိုက် ဟိန်းဟောက် ပါတယ်။

“အကြောင်းအရင်းကို သိချင်လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အင်း။” ချီယို့ တကိုယ်လုံး တုန်ခါသွားပြန်ပါတယ်။

“ငါပြောမယ်။ မင်းက လောကကို အုပ်စိုးသူ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မင်းက မထိုက်တန်လို့။” ဖန်ကျန်းရှီရဲ့ အကြည့်တွေက ဓားတစ်ချောင်းလို ထက်မြက်စူးရှ လာခဲ့တယ်။ သူ့မှာ မျှော်လင့်ချက်ကို မတွေ့ရသလို အသက်ရှင်သန် ချင်စိတ်နဲ့ သေဆုံးချင်တဲ့ စိတ်တွေ ဘာဆိုဘာမှ မရှိခဲ့ဘူး။

“မဖြစ်နိုင်ဘူး။” ချီယို့ လက်ခြောက်ဖက်ကို သုံးပြီး ဖန်ကျန်းရှီကို ဖျက်ဆီးဖိုက လုပ်ပါတယ်။ ဒါပေမယ့် ကြောက်စရာ အင်အားတွေက သူ့လက်ကို ဆက်တိုက် တွန်းဖွင့်နေခဲ့တယ်။ သူ့လက်တွေ ကွာကျ သွားချိန်မှာတော့ ဖန်ကျန်းရှီက အေးအေးဆေးဆေး ပြန်ထွက်လာခဲ့ပါတယ်။

ချီယို့ အစောပိုင်းက သူ့ကို စိုက်ကြည့် ခဲ့သလို အကြည့်မျိုးနဲ့ ပြန်ကြည့်တယ်။ ချီယို့ကို အထင်သေးတဲ့ မျက်ဝန်းတွေက အထင်းသား ရှိနေခဲ့ပါတယ်။

“မင်းက နတ်ဘုရားတွေထက် ပိုအင်အားကြီးပြီး အရာအားလုံး ဖျက်ဆီးမှုကို ပိုင်ဆိုင်ထားတယ်။ နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်းထားတဲ့ အပြင် ဘယ်သူကမှ မင်းကို မသတ်နိုင်ဘူး။ ဒါပေမယ့် မင်း ဘယ်တော့မှ လောကကို အုပ်စိုးနိုင်မှာ မဟုတ်ဘူး။”

ဖန်ကျန်းရှီရဲ့ ဒဏ်ရာတွေက ကြောက်စရာ အမြန်ဆုံးနဲ့ ပျောက်ကင်း နေခဲ့တယ်။ အားလုံးကတော့ အခုချိန်မှာ အသက်တောင် ရဲရဲ မရှူဝံ့သလို သူတို့ ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းက အမှန်ဟုတ်မဟုတ် အတည်ပြုဖို့ စောင့်ကြည့် နေခဲ့ကြတယ်။

ဖန်ကျန်းရှီက ချီယို့ လက်ကို အားသုံးပြီး ဖွင့်ခဲ့တယ်။ အဲ့ဒီ့နောက် အေးအေးဆေးဆေး ရပ်နေသေးတယ်။ ဒါက အမှန် တကယ်လား ပုံရိပ်ယောင်လား။ ချီယို့ မယုံနိုင်ပါဘူး။

ဘာမဟုတ်တဲ့ လူသား တစ်ယောက် သူ့အစွမ်းကို ဆန့်ကျင် နိုင်နေတယ်။

“ဘာလို့ မဖြစ်နိုင်တာလဲ။ ငါက လောကမှာ အင်အားအကြီးဆုံးသူ။ တစ်ပါးတည်းသော ဧကရာဇ်။ ထာဝရ ဧကရာဇ်။” ချီယို့ အရမ်းကို ရူးရူးသွပ်သွပ် ပြောနေခြ့တယ်။

“မဟုတ်ပါဘူး။”

“မိုက်မဲတဲ့ လူသား။ ငါမင်းကို သတ်မယ်။” ချီယို့ ချက်ခြင်း ဖန်ကျန်းရှီကို လက်သီးနဲ့ ထိုးပါတော့တယ်။ မိုးကောင်းကင်နဲ့ မြေပြင် အားလုံး တုန်ခါ နေပြီးနောက် မိုးကြိုးတွေက ဆက်တိုက် ကျဆင်း လာနေခဲ့တယ်။

ချီယို့ရဲ့ စွမ်းအားက ကောင်းကင်ကို အရောင်ပြောင်းစေ နိုင်တဲ့ အထိ ကြီးမားလွန်းလှပါတယ်။

ဒါပေမယ့် လက်သီး ငါးခုစလုံး ဖန်ကျန်းရှီကို ထိမိ သွားချိန်မှာ ဖန်ကျန်းရှီက မသေခဲ့ဘူး။ လက်သီးတွေက သူ့ခေါင်းပေါ်မှာသာ ရပ်နေခဲ့တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ခြေထောက်အောက်မှာ ကြီးမားတဲ့ စက်ဝန်းကြီး တစ်ခု ပေါ်ထွက်လာပြီး စတင် တောက်ပ လာတော့တယ်။ မဟာတာအို ၃၀၀၀ ပေါင်းစည်းထားတဲ့ အစုအဝေးကြီးက ကြယ်စင်တန်းကြီးလို ဖြစ်တည်နေခဲ့တယ်။

တာအို တစ်ခုချင်းစီတိုင်းက အရာအားလုံး ဖြစ်တည်မှုတွေကို ကိုယ်စားပြုနေတယ်။ နေ၊ လ၊ ကြယ်နဲ့ သစ်ပင် ပန်းမာန်တွေ။ ဒီအချိန်မှာပဲ ခြောက်ရောင်ခြယ် အလင်းလုံးတွေက မတူညီတဲ့ နေရာတွေမှာ လင်းလက် လာခဲ့တယ်။

အပြာ၊ အနက်၊ အနီ၊ ငွေရောင်၊ အစိမ်းရောင်၊ ရွှေရောင်။

မီးလုံးကြီး ခြောက်ခုလိုမျိုး တောက်ပနေရင်း ထူးဆန်းတဲ့ သင်္ကေတတွေနဲ့ အတူ စတင် လှည့်ပတ် နေပါတယ်။

ပြန်လည် မွေးဖွားမှု တာအို ခြောက်ခု။

ကောင်းကင်တာအို၊ ငရဲတာအို၊ အဇူရာ တာအို၊ သရဲတာအို၊ သေရှင်တာအိုနဲ့ လူသား တာအို။ လောကမှာ ရှိသမျှ ဖြစ်တည်မှုတိုင်းကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ဖန်တီးထားတယ်။

ပြန်လည် မွေးဖွားမှု တာအို ခြောက်ခု ကိုယ်တိုင်က အရာအားလုံးရဲ့ စည်းမျဉ်း ဥပဒေပါ။

“မင်းရဲ့ အရာအားလုံး ဖျက်ဆီးမှုက အင်အားကြီးပေမယ့်၊ လောက စည်းမျဉ်းတွေကိုတော့ မချိုးဖျက်နိုင်ဘူး။ မင်းက ဒါကို လျစ်လျူရှုခဲ့တယ်။ လောကမှာ အင်အား အကြီးဆုံးက ဖျက်ဆီးမှု လုံး၀ မဟုတ်ဘူး။” ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုက ဖန်ကျန်းရှီရဲ့ အပေါ်ကို ဖြည်းဖြည်းချင်း ပျံဝဲတက်လာ ခဲ့ပါတယ်။

အပိုင်း (၁၁၁၂) ပြီး၏။

အပိုင်း (၁၁၁၃)

“အရာအားလုံးကို ဖန်တီးမှု။“

…

ချီယို့ စိတ်ဖိစီးမှုကို ခံစားရတာ ပထမဆုံး အကြိမ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အနိုင်ယူနိုင်မယ့်သူ လာခဲ့တဲ့ ကိစ္စကို သူမယုံနိုင်ခဲ့ဘူး။ နှစ်ပေါင်း ထောင်သောင်းချီကြာအောင် သူက စွမ်းအား အရင်းအမြစ်ကို စုပ်ယူ ခဲ့ပြီးပြီ။

မဖြစ်နိုင်ဘူး။ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး။

“မင်း လိမ်နေတာ။ ဖျက်ဆီးမှုက အရာအားလုံးနဲ့ ယှဉ်ရင် အင်အား အကြီးဆုံးပဲ။” ချီယို့ကတော့ အခုချိန်မှာတော့ မီးခိုးငွေ့တွေထဲ ရုန်းကန် နေခဲ့ရပါတယ်။ မီးခိုးငွေ့တွေက သူ့ခန္ဒာကိုယ်ထဲကို ဆက်တိုက် ဆိုသလို ဝင်ရောက် လာခဲ့တယ်။

လျှပ်စီးတန်းတွေနဲ့ အတူ မိုးကြိုး မုန်တိုင်းတွေက ဆက်တိုက် ကျရောက် လာပါတော့တယ်။ အားလုံးကို ချီယို့က ထိန်းချုပ် ထားပြီးတော့ ဖန်ကျန်းရှီရဲ့ ခေါင်းအပေါ် တည့်တည့်ကို ကျရောက် လာစေခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်ရင်းနဲ့သာ ကြောင်ပေါက်လေး တစ်ကောင်းကို ထိတွေ့ သလိုမျိုး ထိကိုင်လိုက်ရင်း ယဉ်ပါး သွားစေခဲ့တယ်။

“…”

“…”

အားလုံးကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း စကားနဲ့တောင် ဘယ်လို ပြောရမယ်မှန်း မသိတော့ပါဘူး။

လက်တစ်ဖက်မှာ လျှပ်စီးတန်းတွေကို ကိုင်ထားရင်း ဖန်ကျန်းရှီကတော့ မဖျက်ဆီး ခဲ့ပါဘူး။ ဒါပေမယ့် လျှပ်စီးတန်းတွေကတော့ ဖန်ကျန်းရှီ လက်ထဲမှာ ငြိမ်သက် နေခဲ့တယ်။

သူတို့တွေ နားမလည် နိုင်လောက်တဲ့ထိ ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းနေတယ်။

“ငါ ပြောပြီးသားပဲ အရာအားလုံး ဖျက်ဆီးနိုင်စွမ်းက အင်အား အကြီးဆုံး တာအို မဟုတ်ဘူး။” ဖန်ကျန်းရှီ ပြောပြီး ချိန်မှာပဲ လျှပ်စီးတန်းတွေကို ပြန်လည် မွေးဖွားမှု စက်ဝန်း အပေါ် တင်လိုက်ပါတယ်။

အခုချိန်မှာတော့ စက်ဝန်း တစ်ခုလုံး လျှပ်စီးတန်းတွေ ပြည့်နှက်သွားပြီး အလင်းတန်းကြီးတွေ အသွင်နဲ့ ချီယို့ကို ပြစ်ချတော့တယ်။

ဝုန်း။

ဝုန်း။

ပြင်းထန် အားကောင်းတဲ့ မိုးကြိုး မုန်တိုင်းကြီးတွေောကာင့် ချီယို့ နောက်ဆုံးမှာတော့ အမူအယာ ပြောင်းလဲ သွားခဲ့ပါတယ်။ ဖန်ကျန်းရှီကို ထိန်းချုပ်ဖို့ သုံးခဲ့တဲ့ စွမ်းအားတွေက အခုချိန်မှာ သူ့ကို ပြန်ပြီး တိုက်ခိုက် နေခဲ့ကြတယ်။

သွေးမှော်စက်ဝန်းလို အစွမ်းကို ဖန်ကျန်းရှီ ဘယ်အချိန်တုန်းက တတ်မြောက် ကျွမ်းကျင် သွားခဲ့တာလဲ။

မဖြစ်နိုင်ဘူး။

ချီယို့ မယုံနိုင်ပေမယ့် နောက်ဆုံးမှာတော့ မိုးကြိုး မုန်တိုင်းတွေက သူ့ခန္ဒာကိုယ်ကို ရိုက်ခတ်ပြီး နေခဲ့ပြီ။ ဒီအဖြစ်က ချီယို့ကို တုန်ယင် သွားစေခဲ့တယ်။ သူက အရာအားလုံးကို ဖျက်ဆီးဖို့ အတွက် ခန္ဒာကိုယ် အင်အားကို လိုအပ်တယ်။

နောက်ဆုံးမှာတော့ မုန်တိုင်းတွေ ပြီးဆုံး သွားချိန်မှာ လောကကြီးက ပြန်လည်ငြိမ်သက် သွားပါတော့တယ်။

ချီယို့ကတော့ ဖန်ကျန်းရှီကို သွေးနီရောင် တောက်နေတဲ့ မျက်ဝန်းတွေနဲ့သာ ကြည့်နေခဲ့တယ်။ ကြောက်စရာ လူသတ်ငွေ့တွေကလဲ တစ်ဖန် ပြန်လည် ထွက်ပေါ် လာခဲ့ပြန်ပါတယ်။

“ငါေ့ရှ့မှာ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ မင်း ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံ နိုင်ရင်တောင် ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး။ လောကကြီးမှာ ရှိသမျှ အရာအားလုံးကို ငါဖျက်ဆီး ပြစ်တာပဲ မင်း ကြည့်နေ ရလိမ့်မယ်။” ချီယို့ အရမ်းကို ဒေါသ ထွက်နေခဲ့ပင်မယ့် ဖန်ကျန်းရှီကို မတိုက်ခိုက် ခဲ့ပါဘူး။ မြေပြင်ကိုသာ လက်သီးနဲ့ ထိုးချလိုက်တယ်။

“မဖြစ်ဘူး။”

“ပြေးကြ။”

မြေပြင်မှာ ရှိနေတဲ့ သားရဲကောင်တွေ အားလုံး အထိတ်တလန့်နဲ့ အော်ဟစ် ကြတော့တယ်။ ဒါပေမယ့် လက်သီးချက် အင်အားက ကြောက်စရာ ကောင်းလွန်းလှတဲ့ အတွက် မြေပြင်ကို အက်ကွဲစေပြီး ချော်ရည်ပူတွေကို ဆက်တိုက် ထွက်ပေါ် လာစေခဲ့ပါတယ်။

ဒီလို ပူပြင်းတဲ့ လေလှိုင်းတွေ အပေါ် တက်လာချိန်မှာပဲ အပြာရောင် အလင်းတန်းကြီး တစ်ခုက တောက်ပလာပြီး ပင်လယ်လှိုင်းလို အသွင်နဲ့ အားလုံးကို လွှမ်းခြုံ သွားတော့တယ်။

ပြန်လည် မွေးဖွားမှု ကောင်းကင် တာအို အစွမ်းနဲ့ အားလုံးက လေထဲကို ရောက်သွား ခဲ့ပါပြီ။

ဒါပေမယ့် ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုက တကယ့် ကောင်းကင် အစစ် တစ်ခုလို ဖြစ်နေခဲ့တယ်။ အရမ်းကို ကျယ်ပြန့် နေပြီး နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကလဲ လုံး၀ မခုခံ ခဲ့ဘူး။

“အင်အားကြီးလိုက်တာ။”

“ဒါပေမယ့် ဘာကြောင့်များ လူသတ်ငွေ့ တစ်ခုမှ မခံစား ရတာလဲ။”

“အမှန်ပဲ။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး အထိတ်တလန့် ဖြစ်နေခဲ့ကြသလို သူတို့တွေ ဘာမှ မလုပ်ပေမယ့် လေထဲ ရောက်နေတဲ့ အတွက် လန့်နေခဲ့ကြတယ်။

ဒါက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုရဲ့ တကယ့် စွမ်းအား အစစ်လား။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ မျက်လုံး အပြူးသားနဲ့သာ ကြည့်နေ ခဲ့ကြပါတယ်။ ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုကို ပိုင်ဆိုင်ထားတဲ့ တစ်ယောက်တည်းသောသူပါ။

ဘယ်သူကမှ ဒီအဆင့်ကို မရောက်ခဲ့ ဖူးဘူး။

အခုချိန်မှာ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုက သူတို့ မျက်စိရှေ့မှာ ရှိနေခဲ့ပြီ။ ချီယို့ရဲ့ အရာအားလုံး ဖျက်ဆီးမှုထက်တောင် ပိုပြီးတော့ အင်အားကြီးသေးတယ်။

တကယ်ပဲ ဒါက ဘာများလဲ။

“သူတို့ကို ကယ်တင်ပြီး ဘာကြောင့်များ စွမ်းအား အကုန်ခံနေတာလဲ။ ရန်သူတွေ မဟုတ်ဘူးလား။ မင်းက လူသား သူတို့က မိစ္ဆာ နတ်ဆိုး ဆိုတာ မေ့နေတာလား။” ချီယို့က ဖန်ကျန်းရှီကို လှည့်ပြောလိုက်ပါတယ်။

“အင်း။ လွန်ခဲ့တဲ့ တစ်နာရီကသာ ဖြစ်မယ် ဆိုရင်တော့ သူတို့တွေ အားလုံးကို သတ်ပြစ် မိလိမ့်မယ်။ ဒါပေမယ့် အခုတော့ မလုပ်ပါဘူး။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ပြီးနောက် ခေါင်းခါလိုက်တယ်။

“သနားညှာတာ ပေးတာလား။” ချီယို့က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်ပါတယ်။ “လူသားတွေက ရူးမိုက်လိုက်တာ။ ရူးမိုက်လွန်းလို့ နတ်ဆိုး မိစ္ဆာတွေကိုတောင် ကာကွယ်နေတယ်။”

“ငါလဲ အစတုန်းကတော့ ရူးမိုက်တယ်လို့ တွေးခဲ့မိတယ်။ ဒါပေမယ့် တစ်နေ့မှာ မင်းရဲ့ အမေက မိစ္ဆာဆိုတာ မင်းနားလည် သွားခဲ့ရင် ဘယ်လို ဖြစ်လာမလဲ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေလိုက်ပါတယ်။

“…”

လောကကြီး တစ်ခုလုံးကတော့ တိတ်ဆိတ် နေခဲ့တယ်။ ဒါပေမယ့် အဝေးမှာ ရှိနေတဲ့ ယွင်ချင်းဝူကတော့ အမူအယာတွေ အမျိုးမျိုး ပြောင်းသွား ခဲ့ပါတယ်။

“အကယ်၍ ငါ့အမေသာ မိစ္ဆာ ဖြစ်ခဲ့ရင် သူ့ကို ငါသတ်မယ်။” ချီယို့ အော်လိုက်တယ်။

“မင်းရဲ့ ညီနောင်တွေကိုရော သတ်မှာလား။” ဖန်ကျန်းရှီက ချီယို့ အဖြေကြောင့် မတုန်လှုပ် ခဲ့ပါဘူး။

“သတ်မယ်။”

“ဒါဆိုရင် ဘာဖြစ်လို့ အံကြိတ် နေတာလဲ။ ဘာဖြစ်လို့ တုန်ယင် နေတာလဲ။ ဖြေဖို့ ခက်ခဲ လွန်းတာကြောင့် တုန်ယင် နေတာ မဟုတ်လား။”

“မင်းပြော ချင်တာကို နားမလည်ဘူး။”

“အင်း။ နားမလည်တာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မေးပါရစေ။ လောကမှာ သက်ရှိ အားလုံးသာ သေကျေသွားခဲ့ရင် စွမ်းအားတွေနဲ့ ဘာများ လုပ်လို့ ရအုန်းမှာလဲ။”

“မဟုတ်တမ်း တရားတွေ။ ငါက လောက အရှင်သခင်ပဲ။ ငါက။” ဒီအချိန်မှာ ချီယို့က အမူအယာ ရုတ်တရက် ပြောင်းလဲ သွားခဲ့ပါတယ်။

“မင်း ဘာလုပ်နိုင်လဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“မင်း မင်းမှာ။” ချီယို့ စတင်ပြီး မွမ်းကြပ်လာပါတယ်။

“မင်း နားလည် သွားပုံပဲ။ လောကကြီးမှာ အင်အား အကြီးဆုံး အရာက ဖျက်ဆီးမှု မဟုတ်ဘူး။ ဖန်တီးမှုပဲ။ အရာအားလုံးကို ဖန်တီးမှု။” ဖန်ကျန်းရှီ ပြောပြီးချိန်မှာတော့ အလင်းတန်းတွေက သူ့ပတ်ပတ်လည်ကို ဝန်းရံ သွားပါတော့တယ်။

ဒါပေမယ့် တောက်ပ မနေတော့ပဲ အေးဆေးတဲ့ အခြေအနေကိုသာ ပြန်ရောက် သွားခဲ့တယ်။ မီးလျှံ ခြောက်ခုလဲ အခုချိန်မှာ ပျောက်ကွယ် သွားပြီး စက်ဝိုင်း တစ်ုခသာ ကျန်ရစ် ပါတော့တယ်။

ငြိမ်းချမ်းမှု စက်ဝန်း။

“မဖြစ်နိုင်တာတွေ။ ဖန်တီးမှုက ဖျက်ဆီးတာထက် ဘယ်လိုများ အင်အား ပိုကြီးမှာလဲ။ အင်အားက အားလုံးကို ဖန်တီးတယ်။ အကယ်၍ မင်း ငါ့ကို မသတ်နိုင်ရင် လောကကြီးကို ဘယ်လိုများ အုပ်ချုပ် နိုင်မှာလဲ။” ချီယို့ မယုံနိုင် ခဲ့ပါဘူး။

သူယုံဖို့လဲ လက်မခံ နိုင်ခဲ့ဘူး။ နှစ်ပေါင်း ရာထောင်ချီ ကြိုးစား လာပြီးတဲ့နောက် ဖန်တီးမှုက ဖျက်ဆီးမှုထက် အင်အားကြီးတယ်လို့ သူ့ကို လာပြော နေခဲ့တယ်။

သူလုံး၀ လက်မခံနိုင်ဘူး။

“ဟဟား။” ဖန်ကျန်းရှီကတော့ နောက်ထပ် မပြောတော့ပါဘူး။ အခုချိန်မှာ ချီယို့ သူ့စကားကို လက်မခံရင်တောင် သူ့မှာ အနိုင်ယူဖို့ နည်းလမ်း ရှိနေခဲ့ပြီ။

“တောင်။” ဖန်ကျန်းရှီ မြေပြင်ကို လက်ညှိုးထိုးလိုက်တယ်။

ဝုန်း။ ကြီးမားတဲ့ တောင်ကြီး တစ်လုံး မြေပြင်ကနေ ကြောက်စရာ အရှိန်နှုန်းနဲ့ ထိုးထွက်လာပြီး ချီယို့ ခြေထောက်အောက်ကို ချက်ခြင်း ရောက်လာပါတော့တယ်။

အခုချိန်မှာ အားလုံးက ထိတ်လန့် နေခဲ့ကြပါတယ်။ ချီယို့လဲ အတူတူပါ။

သွေးနီရောင် နေမင်းကြီး ပေါ်ကို ထိုးတက်သွားရင်း တောင်ကို ခုန်ရှောင်ဖို့ အတွက် ကြိုးစားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ လက်ကတော့ ဒီအချိန်မှာ နောက်ထပ် လှုပ်ရှား သွားခဲ့တယ်။

“တောင်။” တူညီတဲ့ တောင်ကြီး တစ်လုံးက ချီယို့ ခေါင်းပေါ်မှာ ပေါ်ထွက်လာပြီး သူ့ကို ဖိချ လိုက်တော့တယ်။

ဝုန်း။

ချီယို့ တစ်ကိုယ်လုံး တုန်ယင် သွားပြီးနောက် တောင်နှစ်လုံးက ချီယို့ကို အလယ်မှာ ဖိနှိပ်ရင်း ကျောက်တုံးမိုးတွေ ရွာချ ပါတော့တယ်။

“…”

ကြီးမားတဲ့ တောင်ကြီး နှစ်လုံးကို တပြိုင်နက်တည်း ဖန်တီးနိုင်သူက လူရော ဟုတ်သေးရဲ့လား။

အခုချိန်မှာ အားလုံးကတော့ ချီယို့ ပိတ်မိနေတဲ့ တောင်ကြားထဲကိုသာ စိုက်ကြည့် နေခဲ့ကြတယ်။

ချီယို့ကတော့ တောင်တွေ ကြားကနေ ပြေးထွက်လာပြီး ဖန်ကျန်းရှီဆီကို ပြေးဝင် လာခဲ့ပါတယ်။ အစောပိုင်းနဲ့ မတူညီဘဲ သူ့ခန္ဒာကိုယ်ကို အနက်ရောင် သံချပ်ကာက ဖုံးအုပ် ထားခဲ့တယ်။

ဒါကတော့ ချီယို့ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေး အသွင်ပါ။ အနက်ရောင် မြူခိုးတွေကို အခုချိန်မှာတော့ ကြီးမားတဲ့ သံချပ်ကာ တစ်ခု အသွင်ကို သူပြောင်းလဲ လိုက်ပြီ။ ရှေးခေတ်ရဲ့ စွမ်းအား အဆီအနှစ်တွေ အားလုံး ပေါင်းစည်းထားတဲ့ ဒီသံချပ်ကာကို ဘယ်အရာကမှ မဖျက်ဆီး နိုင်ဘူး။

“ဖန်ကျန်းရှီ မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။” ချီယို့ အော်ဟစ်ရင်း ဖန်ကျန်းရှီရဲ့ ခေါင်းကို လက်နဲ့ ရိုက်ချ လိုက်တယ်။

“မိုး။” ဖန်ကျန်းရှီကတော့ လက်ညှိုး တစ်ချောင်းနဲ့သာ ချီယို့ မျက်နှာကို ညွှန်လိုက်ပါတယ်။

များပြားတဲ့ မိုးစက် မိုးပေါက်တွေက ချီယို့ မျက်နှာပေါ်ကို ဓားတွေ အသွင်နဲ့ ကျရောက် လာပြီး သူ့မြင်ကွင်းကို တားဆီး ပြစ်လိုက်တယ်။ အခုချိန်မှာတော့ သူရှေ့ဆက် မတိုးနိုင် ခဲ့ပါဘူး။

ချီယို့ ဒေါသ အပြည့်နဲ့ အော်ဟစ်ဖို့ ပါးစပ်ဖွင့်တယ်။ မိုးစက်တွေက သူ့ပါးစပ်ထဲကိုပါ ဝင်လာခဲ့တဲ့ အတွက် နောက်ထပ် စကား မပြောနိုင်တော့ဘဲ ဖြစ်သွားခဲ့ ပါပြီ။

“ငါမင်းကို ရေညှစ်သတ်မယ်။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။

ဒါကို ကြားချိန်မှာတော့ နတ်သားရဲကောင်နဲ့ မိစ္ဆာတွေရဲ့ အမူအယာက ထူးဆန်း သွားခဲ့တယ်။ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုကို တတ်မြောက် ပြီးတာတောင် သူ့ဗီဇက မပြောင်းသေးဘူး။

ဒီနည်းလမ်းက တကယ့်ကို ကလေးဆန်လွန်းတယ်။ ရေပူဖောင်းတွေ ချီယို့ ပါးစပ်ထဲက ထွက်ပေါ် လာပြီး ချီယို့လဲ အားလုံးကို အန်ထုတ် ဖျက်ဆီး ပြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ် မိုးကြိုးတွေ ရောက်ရှိ လာခဲ့တယ်။ အခုချိန်မှာတော့ ကြီးမားတဲ့ မိုးသက်မုန်တိုင်းကြီးက ပိုမို အားကောင်း လာခဲ့ပါပြီ။ ဖန်ကျန်းရှီကတော့ မကျေနပ်သေးဘူး။

“ကြည့်ရတာ နည်းနည်းတော့ ပေါင်းထည့် ပေးရမယ်။” ဖန်ကျန်းရှီ ပြောပြီးနောက် မျက်လုံး မှိတ်လိုက်တယ်။

“ငရုတ်သီးလေး ထည့်ရင် ဘယ်လိုလဲ။”

ထူးဆန်းတဲ့ အနီရောင် အရာတွေက ရေထဲမှာ ပေါ်လာခဲ့တယ်။ အနံ့ပြင်းပြင်း အနီတောက်တောက် ငရုပ်သီးတောင့်တွေက မြင်ရသူတွေကိုတောင် စပ်စေတယ်။

ချီယို့ မျက်နှာကတော့ ရဲရဲနီ နေခဲ့ပြီ။ သူ့အစာအိမ်ထဲမှာ ပူလောင်နေတဲ့ အပြင် ထူးခြားတဲ့ နာကျင်မှု တစ်ခုလဲ ရှိနေသေးတယ်။

“ဖျက်ဆီး။” အရာအားလုံးကို သူဖျက်ဆီး ပြစ်လိုက် ချိန်မှာပဲ နောက်တစ်ကြိမ် အသစ် ပြန်လည် ဖြစ်တည် လာတာကို သူတွေ့လိုက် ရပါတော့တယ်။

(ဘယ်တော့မှ မပြီးနိုင်တော့ဘူးလား။) ချီယို့ သူ့ကိုယ်သူ လှောင်အိမ်ထဲ ပိတ်မိနေသူလို့ ခံစားမိ နေခဲ့တယ်။

မိုးကြိုးနဲ့ မုန်တိုင်းတွေက ဆက်တိုက် ဆင်းသက် နေခဲ့တဲ့ အပြင် ရေအရသာက သူ့ကို သီးစေတယ်။

“မင်းကို ငန်ပြီး သေအောင် လုပ်မယ်။” ဖန်းကျန်းရှီ အခုချိန်မှာတော့ ငရုတ်သီးအစား ဆားတွေကို ပြောင်းထည့်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စမ်းကြည့်တာက မထိခိုက်နိုင်ဘူး။ အရာအားလုံး ဖန်တီးနိုင်စွမ်းက ပျော်စရာ ကောင်းတယ်။

လေနဲ့ မုန်တိုင်းတွေကို ထပ်ခါ ထပ်ခါ သုံးရတာက ပျင်းစရာ ကောင်းလွန်းပါတယ်။ ဒါကြောင့် အကြံရပြီး နောက်ထပ် ပစ္စည်း အစုံကို သူထပ်ထည့်တော့တယ်။ အားလုံးကလဲ ဒီလောကမှာ မြင်ဖို့ လွယ်တဲ့ အရာတွေ မဟုတ်ခဲ့ဘူး။ အနည်းဆုံးတော့ ရှေးခေတ် နတ်ဘုရားကြီး ချီယို့ မမြင်ဘူး မကြားဘူးတဲ့ ပစ္စည်းတွေချည်း ဖြစ်ခဲ့တယ်။

ချီယို့ကတော့ သူခံစား နေရတဲ့ အရသာတွေကြောင့် သေချင်စိတ် ပေါက်နေခဲ့ပြီ။

“ဖျက်ဆီး။” အရာအားလုံး ဖျက်ဆီးမှုကို သူထပ်သုံး လိုက်ပေမယ့် အခုချိန်မှာတော့ အတော့်ကို မောပန်း နေခဲ့ပါတယ်။

ဖန်ကျန်းရှီက သူ့ကို ဆက်တိုက် နှိပ်စက်နေခဲ့တယ်။

“-ျီးတုံးလေး နည်းနည်းလောက် ထည့်ရမလား။ ဒါမှမဟုတ် -ျီးပေါ်မှာ အဆိပ်လေး ဖြူးပေးရမလား။” ဖန်ကျန်းရှီ ဒီအကြံကောင်းမှန်း သိပေမယ့် နည်းနည်း ရွံစရာ ကောင်းတာကြောင့် လက်လျော့ဖို့ ဆုံးဖြတ်လိုက်တယ်။

“အဆိပ်ပဲ တိုက်ရိုက်ထည့်တော့မယ်။”

“ချီယို့လို ဒဏ္ဍာရီ သတ္တဝါကြီးက ဘယ်လို အဆိပ်ကို ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။”

ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေအောက်မှာ ချီယို့ကတော့ ပုရွက်ဆိတ် ထောင်ချီ အကိုက်ခံရတဲ့ နာကျင်မှု၊ နှလုံးသားကို ဓားနဲ့ စိုက်ခံရသလို နာကျင်မှုတွေကို မခံမရပ်နိုင်အောင် ခံစား နေခဲ့ရပါတယ်။

ဝုန်း။

ဝုန်း။

ထပ်ခါ ထပ်ခါ နှိပ်စက်မှုတွေက ပေါ်လာတယ်။ ပျောက်သွားတယ်။ ထပ်ပေါ်လာတယ်။ ထပ်ပျောက်သွားတယ်။ ချီယို့ကတော့ နှိပ်စက်မှုတွေကြောင့် အရမ်းကို အကျည်းတန်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

“မင်းကို သတ်မယ်။” ချီယို့ ခန္ဒာကိုယ်က ပိုမို ကြီးမားလာပြီး နှိပ်စက်မှုတွေ အားလုံးကို ကျော်လွန်နိုင်တဲ့ ခန္ဒာကိုယ် အဖြစ်ကို ပြောင်းလဲ သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီနဲ့ လက်သီး တစ်ချက်တည်းနဲ့ သတ်ပြစ်ဖို့ သူပြင်ဆင်တယ်။ အခုချိန်မှာပဲ ပေါက်ပေါက်ဖောက်သလို အသံတစ်ချို့ကို သူထပ်မံ ကြားလိုက် ရပါတယ်။

“မိုး။” “ရေခဲ။” “လေ။”

ချီယို့ ခန္ဒာကိုယ်က ရေခဲတောင်ကြီး တစ်ခုထဲမှာ ချက်ခြင်း ပိတ်မိ သွားခဲ့ပြီ။

“အရာအားလုံးကို ဖန်တီးမှု။”

“သူက တကယ့် နတ်ဘုရား အစစ်ပဲ။”

ချီယို့ ပိတ်မိ သွားတာကို မြင်ချိန်မှာတော့ နတ်ဆိုး မိစ္ဆာတွေ အားလုံးက အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက် ရသွားတဲ့ အတိုင်း မျက်လုံးတွေ တောက်ပ လာခဲ့ပါတော့တယ်။

အပိုင်း (၁၁၁၃) ပြီး၏။

အပိုင်း (၁၁၁၄)

“အနိုင်မယူ နိုင်လောက်တဲ့ စည်းမျဉ်း ဥပဒေ။”

…

အကယ်၍ ရွေးချယ်စရာ ရှိမယ်ဆိုရင် လောကကြီးမှာ ဘယ်သူကမှ ကျွန်ဖြစ်ချင်မှာ မဟုတ်ခဲ့ဘူး။

ချီယို့က အညှာအတာ ကင်းမဲ့တဲ့ အုပ်ချုပ်သူ တစ်ယောက်။ ပြီးတော့ သူက သွေးဆာတဲ့သူ။ သူ့ကို အညံ့မခံတဲ့ လူတွေ အားလုံးကို သူက သတ်ပြစ်လိမ့်မယ်။

ဒါ့အပြင် ချီယို့က အရမ်းကို အင်အားကြီးလွန်းတဲ့ အပြင် ဘယ်သူကမှ သူ့ကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေမှာ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး။ အသက်ရှင်ဖို့ အတွက် အားလုံးက ဦးညွှတ်ဖို့ကိုသာ ရွေးချယ်ပြီး အနာဂတ်မှာ စောင့်ဆိုင်းနေမယ့် အရာကို သိခဲ့တယ်။

အခုချိန်မှာတော့ အားလုံးက ကွာခြား နေခဲ့ပြီ။ ဖန်ကျန်းရှီက ချီယို့ထက်ကို ပိုပြီးတော့ အင်အားကြီးနေခဲ့တယ်။ ဒါကို သူတို့တွေ ဘယ်လိုများ မပျော်ဘဲ နေမလဲ။

ဝုန်း။

ဝုန်း။

လျှပ်စီးတန်းတွေက တစ်ခုပြီး တစ်ခု ကျရောက် လာခဲ့တယ်။ အားလုံးက ချီယို့ကို ဖမ်းဆီးထား ခဲ့တဲ့ ကျောက်စိုင်ကြီးကို ဖျက်ဆီးဖို့ လုပ်ပါတယ်။

လျှပ်စီးတန်းတွေကတော့ ရေခဲတုံးကြီး အပေါ် မရောက်ခင် အချိန်မှာပဲ ကြောင်ပေါက်လေးတွေလို ယဉ်ပါး ကုန်တယ်။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ အခုချိန်မှာ မှင်သက် အံ့သြ နေခဲ့ပါတယ်။ ဖန်ကျန်းရှီရဲ့ စွမ်းအားတွေက သူတို့ နားလည် နိုင်တာထက် အများကြီး ကျော်လွန် နေခဲ့ပြီ။ ဒီလို စွမ်းအားမျိုးကို သူတို့တွေ ရှေးရှေးခေတ်မှာတောင် မမြင်ခဲ့ဖူးဘူး။

ဘယ်အရာကမှ သူ့ကို မထိခိုက်စေနိုင်ဘူး။ အရာအားလုံး နီးပါးကို သူက ယဉ်ပါးအောင် လုပ်နိုင်တဲ့ အတိုင်းသာ ရှိနေခဲ့တယ်။

ဒါပေမယ့် ထူးဆန်းတဲ့ အချက်ကတော့ သူက အရာအားလုံးကို ယဉ်ပါးအောင် လုပ်တာ မဟုတ်ဘဲ အရာ အားလုံးနဲ့ တစ်သားတည်း ဖြစ်နေတဲ့ အတိုင်း ထူးဆန်းတဲ့ ခံစားချက်ကြီး ရှိနေခဲ့တယ်။ ဖန်ကျန်းရှီက အရာအားလုံး အရာအားလုံးက ဖန်ကျန်းရှီ။

ဝုန်း။ ချီယို့ကတော့ သူ့ရဲ့ စွမ်းအား အဆုံးစွန်နဲ့ ရေခဲတောင်ကြီးကို ဖျက်ဆီးပြစ် လိုက်ပါပြီ။

“အား။” ချီယို့က ဟိန်းဟောက်နေရင်း ရေခဲတွေကို ဆက်တိုက် ဝေ့ယမ်း ပြစ်လိုက်ပါတယ်။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ အရာအားလုံးကို မျှော်လင့်ထားတဲ့ အတိုင်းသာ ကြည့်နေခဲ့တယ်။

“ရှုပ်ထွေး ငြိတွယ်။”

များပြားတဲ့ ဆူးချွန်တွေကတော့ ချီယို့ ခန္ဒာကိုယ်ကို ချက်ခြင်း တားဆီး လိုက်ပါတယ်။ ဒါ့အပြင် ဆူးတွေမှာ ထူးခြားတဲ့ အစွမ်း တစ်ချို့ ပါနေခဲ့တယ်။ သူတို့တွေက ခန္ဒာကိုယ်ကို အခုချိန်မှာ တောင့်တင်းအောင် လုပ်နိုင်တယ်။

“မင်း ဆက်ပြီးတော့ တိုက်ခိုက်ချင်တာလား။ ချီယို့။ မင်းငါ့ကို အနိုင်ယူနိုင်ဖို့ နည်းလမ်း မရှိဘူး။ ဒီအတိုင်း လက်လျော့လိုက်။” ဖန်ကျန်းရှီက ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးကို ထိန်းချုပ်ထားရင်း ဆူးတွေနဲ့ ဝန်းရံလိုက်တယ်။

ကြီးမားတဲ့ တောင်ကြီး တစ်ခု ဖြစ်နေပင်မယ့် သူကတော့ စိတ်ရှိတဲ့ အတိုင်းသာ ဆော့ကစား နေခဲ့ပါတယ်။

“ဟဟား။” ချီယို့က စတင် ရယ်မောတော့တယ်။ အလင်းတန်းတွေက သူ့ခန္ဒာကိုယ်မှာ စတင် စုဝေးလာပြီး ဆူးတွေလဲ ပျောက်ကွယ် သွားပါတော့တယ်။ သူကတော့ လေထဲမှာ ရပ်နေဆဲ ဖြစ်ပေမယ့် နောက်တစ်ကြိမ် ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။

“မင်းက ငါ့ကို ဦးညွှတ် စေချင်တာလား။” ချီယို့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လိုက်ပါတယ်။

“မင်း အတွေးလွန် နေပြီ။ ငါက ဘာအိမ်မွေး တိရစ္ဆာန်မှ မလိုအပ်ဘူး။ မင်းကို ဘာဖြစ်လို့ လိုအပ် ရမှာလဲ။” ဖန်ကျန်းရှီက ချီယို့ကို ကြည့်ရင်း ခေါင်းခါလိုက်ပါတယ်။

“ဒီတော့ မင်းက ငါ့ကို မင်းရဲ့ တိရစ္ဆာန်လို့ ခေါ်လိုက်တာလား။”

“ငါ မပြောမိပါဘူး။ မင်းဘာမင်း ပြောနေတာ။ ဒါ့အပြင် မင်းနောက်ထပ် မတိုက်ခိုက်တော့တာ အသုံးမဝင်မှန်း သိလို့ မဟုတ်လား။ မင့်ကို သတ်ဖို့ နည်းလမ်း မရှိဘူး မဟုတ်လား။” ချီယို့ ပြောလာ ခဲ့ပါတယ်။

“ငါက မင်းနဲ့ ကစား ချင်ရုံ သက်သက်ပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

သူ့မှာ ဝန်ခံဖို့ စိတ်ကူး မရှိခဲ့ပေမယ့် ချီယို့က မေးလာခဲ့တယ်။ သူ့ကို သတ်ဖို့ နည်းလမ်း တကယ့်ကို မရှိသေးတဲ့ အပြင် ချီယို့ကလဲ မသေနိုင်တဲ့ အရာကြီး ဖြစ်နေခဲ့တယ်။ သူ့ရဲ့ ဝိဉာဉ်နဲ့ ခန္ဒာကိုယ်က နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်း ထားမှတော့ ဘယ်လိုများ သတ်လို့ ရနိုင်မှာလဲ။

နတ်ဘုရား အရင်းအမြစ်ကို သူမဖျက်ဆီး နိုင်ဘူးလေ။ ဟုတ်တယ်ဟုတ်။ ချီယို့ကို ဆက်တိုက် နှိပ်စက် နေလို့ ရပေမယ့် မသတ်နိုင်ရင် အချိန်နဲ့ အမျှ ပြဿနာ ဖြစ်လာ လိမ့်မယ်။ ပြဿနာကို အမြစ်ကနေ မရှင်းထုတ် နိုင်သရွေ့ သူ့ကို ပြန်ကိုက်လိမ့်မယ်

ဧကရာဇ်ဟွမ်နဲ့ ဧကရာဇ်ယန်လဲ ဒီလို အဖြစ်မျိုးကို ကြုံခဲ့ပြီးပြီ။ သူတို့တွေ ချီယို့ကို မသတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ချန့်ယန်းတောင် အောက်ခြေမှာ ပိတ်လှောင် ထားခဲ့တယ်။ ဒါ့အပြင် ရှင်းထျန်း ခေါင်းကို အသုံးပြုပြီး ချိတ်ပိတ်မှုရဲ့ အခြေခံ အဖြစ် အသုံးချခဲ့ပါတယ်။

ဒီလို ချိတ်ပိတ်စည်းကို ဖန်တီးဖို့ အတွက် ဘယ်သူ့ ခေါင်းကို သုံးရမလဲ။ ရှင်းထျန်းကလဲ သေပြီးနေပြီ။ ရှင်းထျန်းလို အင်အားကြီး လူမျိုးကို ရှာတွေ့ဖို့ ဘယ်လောက်တောင် ခက်ခဲ လိုက်လေမလဲ။

အရေးအကြီးဆုံးကတော့ အမြဲ ထာဝရ ရှိနေမယ့် လူသတ်ငွေ့တွေကို အလွယ်လေး မထုတ်လွှတ် နိုင်ဘူး။ သစ္စာဖောက်တာကို ခံရမယ့် အပြင် မကျေနပ်ချက်တွေ များပြားနေမှာသာ ဒါမျိုးကို ဖန်တီးနိုင်တယ်။

ရှေးအချိန်မှာ ရှင်းထျန်းက ဧကရာဇ်တစ်ပါး ဖြစ်ချင် ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့ဆန္ဒ မပြည့်ဝခဲ့ပါဘူး။

ဧကရာဇ် နှစ်ပါးက သူ့ကို လှည့်စားပြီး ခေါင်းကို ဖြတ်ခဲ့တယ်။ ဒါ့အပြင် များပြားတဲ့ အမုန်းတရားတွေလဲ ပါဝင် နေခဲ့ပါတယ်။

ချီကူယန်၊ ပင်းယန်၊ ရန်ရွှယ်။ ယွင်ချင်းဝူ။ နန်ကုန်းမု။ ဘယ်သူ့ကိုမှ သူသတ်လို့ မရဘူး။ ဒါ့အပြင် ဒီလူတွေရဲ့ ပုံစံက ရှင်းထျန်းနဲ့လဲ ကွာခြားတယ်။

ရှင်းရှင်း ပြောရမယ် ဆိုရင် ချီကူယန်နဲ့ ရန်ရွှယ်ကို အခုချိန်မှာ သူသတ်လိုက်ရင်တောင် သူတို့တွေက သူ့ကို နှစ်ပေါင်း သန်းနဲ့ချီပြီး မကျေမနပ် ဖြစ်နေမှာ မဟုတ်ခဲ့ဘူး။

ဖန်ကျန်းရှီက နတ်ဆိုး ချိတ်ပိတ်စည်းကို အခုချိန်မှာ သုံးနိုင်ဖို့ အတွက် များပြားတဲ့ မကျေနပ်ချက်တွေကို ဘယ်လိုများ ရှာဖွေ ရမှာလဲ။

နန်ကုန်းမုကတော့ သင့်တော်တဲ့ ပြစ်မှတ်တစ်ခု ဖြစ်ခဲ့ပေမယ့် ရှင်းထျန်းလောက်တော့ အမုန်းတရား ကြီးနိုင်မှာ မဟုတ်ဘူး။ သူ့ကို အသက်နဲ့ ရင်းပြီး ယုံတဲ့ သူကို ဧကရာဇ် နှစ်ပါး လုပ်ခဲ့သလို မသတ်ပြစ်နိုင်ပါဘူး။ ဖန်ကျန်းရှီက ဧကရာဇ်တွေလောက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မခိုင်မာ ခဲ့ဘူး။

ကြင်နာ လွန်းတာကြောင့် မဟုတ်ဘဲ သူ့ဘ၀ ရည်မှန်းချက်နဲ့ ကွာခြား လွန်းတာကြောင့် ဖြစ်ခဲ့တယ်။ ဖန်ကျန်းရှီက လွတ်လပ်ပြီး အထိန်းအကွပ် မဲ့ရတာကို ကြိုက်တယ်။ ဒါ့အပြင် ပြဿနာများတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင် နေရတာကို မကြိုက်ဘူး။

ချီယို့ကို သတ်လို့ မရသလို အကြာကြီး ချိတ်ပိတ်ထားလို့ မရတဲ့ ကိစ္စက ဖန်ကျန်းရှီ အတွက်တော့ ခေါင်းကိုက်စရာ ကိစ္စ ဖြစ်နေခဲ့ပါတယ်။

“အကယ်၍ တခြား နည်းလမ်းနဲ့သာ မရှိရင် သူ့ကို အရင်ဆုံး ချိတ်ပိတ်ထားလိုက်မယ်။ နောက်ထပ် အကြံ မရမချင်း နှိပ်စက်ပြီး သတ်မယ်။”

“အကယ်၍ ချီယို့ နောက်တစ်ခေါက် ထွက်လာခဲ့ရင်လဲ ပြဿနာ မဟုတ်ဘူး။ နောက်တစ်ကြိမ် ချိတ်ပိတ်မယ်။ ထွက်လာတာနဲ့ နောက်တစ်ခေါက် ချိတ်ပိတ်မယ်။ တစ်ခုခု မတွေးမိခင် အထိ ပိတ်ထားမယ်။ အနည်းဆုံးတော့ လက်ရှိ အချိန်လို အားအင် ဖြုန်းတီး ရတာထက်တော့ ကောင်းပါသေးတယ်။”

ဖန်ကျန်းရှီက စိတ်ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့် ချီယို့ကတော့ အခုချိန်မှာ ချီကူယန်၊ ရန်ရွှယ်၊ ပင်းယန်နဲ့ တခြားသူတွေ ဘက်ကို လှည့်သွား ခဲ့ပါတယ်။

“မင်းတို့က ငါ့ကို ပြဿနာ လာရှာမှတော့ ငါလဲ အလွတ်မပေးနိုင်ဘူး။” ချီယို့ရဲ့ စိတ်ကတော့ ရှင်းပါတယ်။ (မင်းတို့ ငါ့ကို လာစမ်းချင်တယ်ပေါ့။ လုပ်လိုက်ကြစို့။)

(ငါက မင်းကို အနိုင် မယူနိုင်ပေမယ့် သူတို့တွေကိုတော့ သတ်လို့ ရတယ်။ မင်းကို ခံစားရအောင် လုပ်ပြစ်မယ်။)

ချီယို့ကတော့ အတွေးအတိုင်း လှုပ်ရှားပါတယ်။ အခုချိန်မှာ သူအများကြီး တွေေ၀ မနေတော့ဘူး။ အနားမှာ ရှိနေတဲ့ ပင်းယန်ဆီကို သူပြေးဝင် သွားတယ်။

“သေပေရော့။” ချီယို့ ပြေးဝင် တိုက်ခိုက်တဲ့ အချိန်မှာပဲ တောက်ပတဲ့ ရွှေရောင် အလင်းတန်း တစ်ခုက နတ်သားရဲကောင်တွေ ဘက်ကနေ ထွက်ပေါ် လာခဲ့ပါတယ်။ သူ့အရှိန်နှုန်းက ချီယို့ထက်တောင် မြန်ဆန်တယ်။

ဒါကတော့ မြန်ဆန်လှတဲ့ ခွန်ပန်းပါ။ သူက ရှင်းထျန်းကို အင်အား အရာမှာ မယှဉ်နိုင်ပေမယ့် အရှိန်နှုန်းမှာတော့ သူက ထိပ်ဆုံး နတ်သားရဲကောင် ဖြစ်နေပါတယ်။

အလင်းတန်းက ပင်းယန်တို့ ရှေ့ကို ချီယို့ထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရောက်ရှီ လာခဲ့တယ်။

“ယို့။ ငါ့ပေါ်တက်လိုက်။” ခွန်းပန်းက အားလုံးကို သယ်ဆောင်သွားပြီး ကောင်းကင်ပေါ်ကို ချက်ခြင်း ပျံတက် သွားပါတော့တယ်။ ဒီလို အခြေအနေ အလှည့်အပြောင်းက အားလုံးကို မျက်လုံးပြူးသွား စေခဲ့တယ်။ ချီယို့တောင်မှ ထိတ်လန့် သွားခဲ့ရတယ်။

“ဖန်ကျန်းရှီ သူတို့ကို ငါ့လက်ထဲ စိတ်ချထားလိုက်။ မင်းက ချီယို့ကိုပဲ ရင်ဆိုင်။”

“မင်းက သေချင် နေတာလား။” ချီယို့ အရမ်းကို ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။

ခွန်းပန်းက သူ့ကို သစ္စာဖောက်မယ်လို့ မထင်ထား မိခဲ့ဘူး။ ဒါက သူ့ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန် သွားခဲ့ပြီ။ ဒါကြောင့် ခွန်ပန်းကို သတ်ဖို့ အတွက် သူကျိန်ဆို လိုက်ပါတယ်။

ခွန်းပန်းဆီကို လိုက်ဖမ်းတော့မယ့် ဒီအချိန်မှာပဲ များပြားတဲ့ အရိပ်တွေက ကောင်းကင်ပေါ်ကို ထိုးတက် လာပါတော့တယ်။ သူတို့တွေ အားလုံးက ချီယို့ လမ်းကို တားဆီးတယ်။

“ချီယို့ ခွန်းပန်း မင်း မသတ်နိုင် စေရဘူး။”

“ငါတို့ အသက်နဲ့ ရင်းပြီး တားဆီးထားမယ်။”

“…”

ဖန်ကျန်းရှီ ကယ်တင်ခဲ့တဲ့ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက ချီယို့ လမ်းကို လာပိတ် ပါတော့တယ်။

ချီယို့ မျက်နှာကတော့ မည်းမှောင် နေခဲ့ပြီ။ အားနည်းပြီး ကြောက်ရွံ့ နေခဲ့တဲ့ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေက သူ့ကို သစ္စာဖောက်မယ်လို့ သူတကယ် မထင်မိ ခဲ့ပါဘူး။

“သေစမ်း။ မင်းတို့ အားလုံး သေရမယ်။” ချီယို့ရဲ့ ဟိန်းဟောက်သံက ဆက်တိုက် ထွက်ပေါ် လာခဲ့တယ်။

ဒါပေမယ့် ရုတ်တရက် လေထဲကနေ ကြီးမားတဲ့ တောင်ကြီး တစ်လုံး ပေါ်ထွက်လာပါတယ်။

“တောင်။” ဖန်ကျန်းရှီက ချီယို့ကို လက်ညှိုးညွှန်ရင်း နောက်ထပ် တောင်တစ်လုံးကို ဆင့်ခေါ်လိုက်တယ်။ ကြောက်စရာ ရိုက်ခတ်မှုက သူ့ကို ဖိချ လိုက်ပါတယ်။

“အား။ ဘယ်လို ဖြစ်လာ ပြန်တာလဲ။” ချီယို့ရဲ့ မျက်လုံးတွေကတော့ ဒေါသကြောင့် နီရဲ နေခဲ့ပြီ။ အရေး အကြီးဆုံး ကိစ္စကတော့ သူက ဖန်ကျန်းရှီရဲ့ ပြိုင်ဘက် မဟုတ်တော့တာပါပဲ။

ဖန်ကျန်းရှီသာ ဒီနတ်သားရဲကောင်နဲ့ မိစ္ဆာတွေကို ကာကွယ် ချင်ရင်၊ သူလဲ သူတို့ကို ဘာမှ မလုပ်နိုင်ဘူး။

ဒါ့အပြင် ခွန်းပန်းက ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အတွက် ချီယို့ ဒေါသထွက်လွန်းလို့ ရူးမတတ် ဖြစ်နေခဲ့ပြီ။ ဖန်ကျန်းရှီကို သူမသတ်နိုင်ဘူး။ ဒါ့အပြင် ချီကူယန်၊ ပင်းယန်နဲ့ တခြားသူတွေကိုလဲ မသတ်နိုင် ပြန်ဘူး။ အဆိုးဆုံးကတော့ နတ်ဆိုး မိစ္ဆာတွေကိုပါ မသတ်နိုင်တော့တဲ့ ကိစ္စပါ။

သူ့လို အန္တိမ သတ်ဖြတ်မှု နတ်ဘုရားက ဘယ်သူ့ကိုမှ မသတ်နိုင်တော့ဘူး။ သူ့အတွက်တော့ ဒါက လုံးဝကို ကြီးမားတဲ့ အရှက်ရမှုကြီး တစ်ခု ဖြစ်နေတယ်။ သေတာထက်တောင် ဆိုးသေးတယ်။

အဲ့ဒီ့နောက် သူဘယ်တော့မှ မမေ့မယ့် အရာ တစ်ခုကို ပြန်မြင် လိုက်ရပါတယ်။ ရှည်လျား မြင့်မားတဲ့ သစ်ပင်ကြီး တစ်ပင်။ ဒီသစ်ပင်ကြီးက အကိုင်းအခက်တွေ အများကြီး ဖြာထွက် မနေပင်မယ့် သူ့နှလုံးသားကို တုန်ယင်စေတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။

“နတ်ဆိုး ချိတ်ပိတ်စည်းလား။” ချီယို့ အမူအယာ လုံး၀ ပြောင်းလဲ သွားပါတယ်။

ခွန်းပန်းရဲ့ နောက်ကျောဘက်မှာ ရှိနေတဲ့ ယွင်ချင်းဝူတို့တွေလဲ အကုန် မျက်လုံး ပြူးကုန်ကြတယ်။ အရာအားလုံး ဖန်တီးမှုက ဒါ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။

သူက တကယ်ပဲ နတ်ဆိုး ချိတ်ပိတ်စည်းကို ဖန်တီး လိုက်တာလား။

“အချိန် နည်းနည်းတော့ ယူရတာပေါ့။ ဒါပေမယ့် တန်ပါတယ်။ ချီယို့။ ငါမင်းကို မသတ်နိုင်ပေမယ့် တသက်လုံးတော့ အကျဉ်းချ ထားနိုင်တယ်။” ဖန်ကျန်းရှီ သူ့လက်ထဲမှာ အနက်ရောင် သစ်ပင်ကြီးကို ကိုင်ထားရင်း ကျာပွတ် တစ်ခုလို လွှဲယမ်း လိုက်ပါတော့တယ်။

“မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ နတ်ဆိုး ချိတ်ပိတ်စည်း ဆိုတာ ဟိုခွေးမသား နှစ်ကောင်ရဲ့ ပြိုင်ဘက်ကင်း ဖန်တီးမှုပဲ။ မင်းဘယ်လိုလုပ် ပြန်ဖန်တီး နိုင်ရတာလဲ။” ချီယို့ လုံးဝကို မယုံပါဘူး။

“ငါပြောသားပဲ။ လောကမှာ အရာအားလုံးကို စည်းမျဉ်း စည်းကမ်းတွေက ထိန်းချုပ်ထားတယ်။ ဒါကြောင့် အားလုံးကို ဖန်တီးနိုင်တယ်။ နတ်ဆိုး ချိတ်ပိတ်စည်း ဆိုတာလဲ လောက စည်းမျဉ်းနဲ့ ဖန်တီးလို့ ရတယ်လေ။” ဖန်ကျန်းရှီကတော့ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်ပါတယ်။

ကောင်းကင်မှာ ရှိတဲ့ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ တုန်ယင် နေခဲ့ကြတယ်။

(သဘာဝကို ဖန်တီးတယ်။ အရာအားလုံးကို ဖန်တီးနိုင်တယ်။ ဒါက ဘယ်လို အခြေအနေမျိုးလဲ။)

ကံကောင်းလို့ သူတို့တွေ အချိန်မှီလေး ပြောင်းလဲနိုင် လိုက်တယ်။

“ချီယို့ မင်းလာခဲ့တဲ့ နေရာကို ပြန်သွားစမ်း။” ဖန်ကျန်းရှီက ချီယို့ဆီကို ပြေးဝင် သွားခဲ့ပါတယ်။

မြင့်မား နက်မှောင်နေတဲ့ သစ်ပင်ကြီးကတော့ ချီယို့ဆီကို ရောက်ရှိ သွားခဲ့ပြီ။ ချက်ခြင်းဆိုသလို ချီယို့က လှည့်ပြေးတော့တယ်။ စစ်မြေပြင်ကနေ ထွက်ပြေးရတာ သူ့ဘဝမှာ ဒုတိယ အကြိမ်မြောက် ဖြစ်ခဲ့တယ်။

ပထမ တစ်ကြိမ်မှာတော့ ဧကရာဇ်ဟွမ်နဲ့ ဧကရာဇ်ယန်က ကျိုထျန်းရွှမ်နူရဲ့ ညွှန်ကြားမှုနဲ့ သူ့ကို အနိုင်ယူ ခဲ့တယ်။ အဲ့ဒီ့နောက် သူ့တပ်ဖွဲ့တွေ အားလုံးကိုလဲ တိုက်ပွဲထဲမှာ ချီယို့ ဆုံးရှုံးခဲ့ရပါတယ်။ ဒီတစ်ခေါက်တော့ သူဘာမှ အဆုံးရှုံး မခံနိုင်တော့ဘူး။ သူထွက်ပြေးရမယ်။

ဒါပေမယ့် သူလှည့်လိုက် ချိန်မှာပဲ ကြီးမားတဲ့ တောင်ကြီး ငါးလုံးက ရုတ်တရက် ပေါ်ထွက်လာ ခဲ့ပြီး သူ့ကို ဝန်းရံ လိုက်ပါတော့တယ်။

တောင်တစ်ခု ချင်းစီတိုင်းက မတူညီတဲ့ အရောင်တွေနဲ့ တောက်ပ နေခဲ့တယ်။

တောင်တစ်ခုက မီးလျှံတွေနဲ့ တောက်ပနေတယ်။ နောက်တစ်ခုမှာတော့ ရေတံခွန်တွေ အပြည့် ရှိနေခဲ့ပြီး နောက်တစ်လုံးကတော့ သတ္တုတွေ ပြည့်နေခဲ့ပါတယ်။ နောက်တစ်ခုကတော့ သစ်ပင်တွေနဲ့ ပြည့်နေခဲ့တယ်။ နောက်ဆုံး တစ်ခုကတော့ ရွှေတောင်ကြီးပါ။

“ဓာတ်ကြီး ငါးပါး ဗျူဟာကို တောင်တွေနဲ့ ဖန်တီးလိုက်တယ်လား။” ချီယို့ကတော့ တုန်ယင် နေခဲ့ပါတယ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီ ပြောတဲ့ စကားကို သူနားလည် သွားခဲ့ပါပြီ။

အရာအားလုံး ဖျက်ဆီးမှုက အသန်မာဆုံး မဟုတ်ခဲ့ဘူး။ ဖန်တီးမှုက အားလုံးထက် ပိုပြီးတော့ သာလွန်တယ်။ ဖန်တီးမှုက အသန်မာဆုံး တာအိုပဲ။

“မင်း ငါ့ကို ဖမ်းချုပ်ထားလို့ မရဘူး။ မရဘူး။” ချီယို့က အရမ်းကို ရုန်းကန်နေ ခဲ့ပေမယ့် ဓာတ်ကြီး ငါးပါး ဗျူဟာကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။

တောင်ငါးလုံးက သူ့ရှေ့မှာ ဆက်တိုက် ရွေ့ပြောင်းနေပြီး သူ့ကို မလွတ်မြောက် နိုင်အောင် တားဆီး ထားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီက သူ့ရှေ့မှာ ပေါ်လာ ပါတော့တယ်။

သစ်ကိုင်းတွေက ချီယို့ ခြေထောက်ကို လာရစ်ပတ်တယ်။ အဲ့ဒီ့နောက် အသက်ရှိ နေတဲ့ အသွင်နဲ့ သစ်ပင်က စတင်ပြီး အပေါ်ကို တက်လာတော့တယ်။ ချီယို့ရဲ့ ခြေသလုံးတွေ စက္ကန့်ပိုင်းအတွင်း ရစ်ပတ် ခံလိုက် ရပါပြီ။

“မဖြစ်ဘူး။ မဖြစ်နိုင်ဘူး။” ချီယို့ကတော့ အခုချိန်မှာ မလှုပ်ရှား နိုင်တော့မှာကို သိနေတဲ့ အတွက် အရမ်းကို စိတ်ပူပန် နေခဲ့တယ်။

ထပ်ပြီး အကျဉ်းကျ မခံနိုင်တော့ဘူး။ နှစ်ပေါင်း သန်းနဲ့ချီအောင် သူအိပ်ပျော် ခဲ့ပြီးပြီ။ နောက်တစ်ခေါက်သာ အကျဉ်းကျ ခံလိုက်ရရင် ဘယ်လိုများ ထပ်ပြီး ထွက်လာ နိုင်အုန်းမှာလဲ။

အခုချိန်မှာတော့ သူ မသေ နိုင်တော့ရင်တောင် နောက်ထပ် အထီးကျန်အုန်းမယ်။ အဆုံးမဲ့အောင် စောင့်ဆိုင်း ရလိမ့်မယ်။ မဖြစ်ဘူး။ လုံး၀ မဖြစ်ဘူး။

အပိုင်း (၁၁၁၄) ပြီး၏။

အပိုင်း (၁၁၁၅)

“နတ်ဘုရား အရင်းအမြစ် အထိမ်းအမှတ်။ အဆုံးမဲ့ စက်ဝန်း။”

…

“သွားအိပ်လိုက်။ ချီယို့။ မင်းဘာမှ မခုခံ နိုင်ဘူး။” ဖန်ကျန်းရှီကတော့ ချီယို့ရဲ့ အမြင်ကို ဂရုမစိုက်ခဲ့သလို ချီယို့တောင်းဆို ရင်တောင် ရပ်တန့်မှာ မဟုတ်ပါဘူး။

ဒီကိစ္စကို အောင်မြင်အောင် လုပ်ရမယ်။ အနက်ရောင် အကိုင်းအခက်တွေ အားလုံးက ချီယို့ဆီကို ရောက်ရှိ လာပြီး ဆက်တိုက် ရစ်ပတ် ပါတော့တယ်။ သူ့ကို မရုန်းကန်နိုင်တော့အောင် ဆက်တိုက် ဖမ်းဆီးထားတယ်။

“ဖန်ကျန်းရှီ။ မင်းငါ့ကို လုပ်တာ လွန်သွားပြီ။” ချီယို့ ကြောက်နေခဲ့တယ်။ ကြောက်လန့်လွန်းလို့ တုန်ယင်နေပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်တွေက သူ့စိတ်ထဲကို ဆက်တိုက် ဝင်ရောက် လာနေခဲ့ပါတယ်။

ရှေးဟောင်း စစ်ပွဲကြီးထဲမှာ သွေးတွေနဲ့ အညှာအတာ ကင်းမဲ့တဲ့ လုပ်ရပ်တွေ အပြည့် အချိန်တွေသာ ရှိခဲ့တယ်။ သူကလဲ လောက ထိပ်ဆုံးမှာ ရှိနေပြီး မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို အောင်မြင်ခဲ့တယ်။ ကျူးလီ နယ်မြေကို သူအုပ်ချုပ်ခဲ့တဲ့ အပြင် ဧကရာဇ် နှစ်ပါးကိုတောင် အနိုင်ယူခဲ့ပါတယ်။

ကျိုထျန်းရွှမ်နူသာ ရုတ်တရက်ကြီး ပေါ်မလာခဲ့ရင် လောကကြီးကို အစောကြီးတည်းက သူအုပ်ချုပ်ပြီး နေလောက်ပြီ။ နှစ်ပေါင်း သန်းနဲ့ချီပြီး ကြာအောင် အကျဉ်းချ ခဲ့ခဲ့ရတယ်။ နောက်ဆုံး ပြန်လွတ်မြောက် လာပြီးချိန်မှာပဲ သူလာတဲ့ နေရာကို ပြန်ရတော့မယ်။

ဒါကို ဘယ်လိုများ လက်ခံနိုင်မှာလဲ။ တစ်စက္ကန့်လေးတောင် မနေနိုင်ဘူး။ ဒီလို နာကျင်မှု၊ အထီးကျန် စိတ်ပျက်မှုတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ မကြုံနိုင်တော့ဘူး။

“ဖန်ကျန်းရှီ ငါ မင်းကို ခွင့်မလွှတ်ဘူး။” ချီယို့ အော်လိုက်ပါတယ်။ သူ့တကိုယ်လုံးကလဲ တစ်ဝက်တိတိ ကြုံ့သွားခဲ့ပြီ။

အခုလို အချိန်မှာ ကြီးမားတဲ့ အသားလုံးကြီး တစ်လုံး သူ့ခန္ဒာကိုယ်က ထွက်လာပြီး ချီယို့ နောက်တစ်ယောက် အဖြစ်ကို ပြောင်းလဲ သွားပါတော့တယ်။

“…” ဖန်ကျန်းရှီလဲ လန့်သွားတယ်။ “ဘာလဲ သူက ကလေး မွေးလိုက်တာလား။”

ချီကူယန်နဲ့ တခြားသူတွေလဲ မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

ချီယို့ ခန္ဒာကိုယ်က ကွဲထွက်သွားပြီး နှစ်ယောက် ဖြစ်သွားခဲ့တယ်။ ဘယ်လိုများ ဆက်ဖြစ်မှာလဲ။

အားလုံး လန့်နေကြချိန်မှာပဲ ချီယို့က ဆက်တိုက် လူခွဲ နေပါတယ်။ နှစ်ယောက်ကနေ လေးယောက် လေးယောက်ကနေ ရှစ်ယောက် အဆုံးမဲ့အောင် ကွဲထွက် သွားတယ်။ ကွဲထွက်မှုနဲ့ အတူ ခန္ဒာကိုယ်ကလဲ ကြုံ့သွားခဲ့တယ်။

ကောင်းကင် တစ်ခွင်လုံး ချီယို့တွေနဲ့ ပြည့်သွားခဲ့တယ်။ ချီယို့ကတော့ စုစုပေါင်း ၈၁ယောက် ရှိနေခဲ့ပြီ။

“ချီယို့ရဲ့ ညီနောင်တွေလား။”

“မဟုတ်ဘူး သူကိုယ်တိုင်ပဲ။”

“…”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက မျက်လုံး အပြူးသား ဖြစ်နေခဲ့ပါတယ်။

သူတို့တွေ ဒါကို ရှေးအချိန်တုန်းက မြင်ခဲ့ဖူးတယ်။ ချီယို့ရဲ့ ညီနောင်တွေလို့ ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ အမှန်တရားကို သိနားလည်သွား ခဲ့ပါတယ်။ ဒီ ၈၁ယောက်လုံးက ချီယို့ အစစ်တွေ။

“ဖန်ကျန်းရှီ။ မင်းငါ့ကို ဖမ်းမထားနိုင်ဘူး။” တိုက်ခိုက်နေမယ့် အစား ချီယို့က ခန္ဒာကိုယ် ၈၁ခုကို နေရာ ပေါင်းစုံ ခွဲပြီး ပြေးတော့တယ်။

“ပြေးဖို့ ကြိုးစားနေတာလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်လိုက်ပါတယ်။ ချီယို့က နောက်ဆုံး တိုက်ပွဲကို ခန္ဒာကိုယ် ၈၁ခု ခွဲပြီး တိုက်ခိုက်မယ် ထင်ခဲ့ပေမယ့် အားလုံးကတော့ ပြေးနေခဲ့တယ်။

(တစ်ခုတည်းကို ချန်ထားပြီး ကျန်တာတွေ အားလုံးက ပြေးနေတယ်ပေါ့။)

“ချီယို့ မင်းပြေးလို့ မရပါဘူး။” ဖန်ကျန်းရှီကတော့ ချီယို့ ပြေးတာကို မြင်ချိန်မှာ တောင့်ခံ နေတာ ရပ်လိုက်ပါတယ်။ သူ့ခန္ဒာကိုယ်ကနေ စွမ်းအားတွေ ဆက်တိုက် ထွက်ပေါ် လာခဲ့တယ်။

“တောင်။”

“တောင်။”

သူဆက်တိုက် အော်ဟစ် နေခဲ့သလို မရေမတွက်နိုင်တဲ့ တောင်တွေလဲ ဆက်တိုက် ပေါ်လာခဲ့ပါတယ်။ တောင်စဉ် ငါးသွယ်က ဓာတ်ကြီး ငါးပါး ဗျူဟာနဲ့ ဆက်တိုက် လှုပ်ရှားနေရင်း ဗျူဟာ ၈၁ခုကို အချိန်တို အတွင်းမှာတင် သူဖန်တီးလိုက်တယ်။

အခုချိန်မှာ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ လုံးဝကို ပြောစရာ စကား မရှိ ဖြစ်နေခဲ့ပါပြီ။ ချီယို့ကတော့ ဖန်ကျန်းရှီ သူ့ခန္ဒာကိုယ် အားလုံးကို ပိတ်ဆို့ ထားနိုင်မယ်လို့ မထင်ခဲ့ မိတဲ့ အတွက် ကြောင်အ နေခဲ့တယ်။ သူကတော့ လုံးဝကို မညှာတာ ခဲ့ပါဘူး။

ချီယို့ နေရာချင်း လဲမယ် ဆိုရင်တောင် ဖန်ကျန်းရှီ လက်ထဲကနေ မလွတ်မြောက် နိုင်မှာ သိနေခဲ့တယ်။ အခုချိန်မှာ ခန္ဒာကိုယ်က သေးငယ် သွားတာကြောင့် ဆက်တိုက် ခုန်ပျံ ကျော်လွှား နိုင်ပေမယ့်၊ အနက်ရောင် သစ်ကိုင်းတွေကတော့ သူကို ခပ်မြန်မြန် ဖမ်းဆီးထား ခဲ့ပါတယ်။

“အား။” ပထမ ချီယို့က အော်ဟစ်ရင်း လဲကျ သွားပြီးနောက် နောက်ထပ် ချီယို့တွေ တစ်ယောက်ပြီး တစ်ယောက် ပျက်ဆီး ပါတော့တယ်။

ဖန်ကျန်းရှီ လှုပ်ရှား နေချိန်မှာပဲ ချီယို့ ရှစ်ယောက်ရဲ့ ခန္ဒာကိုယ်က ချန့်ယန်းတောင် အောက်ချော်ရည်ပူတွေ ထဲမှာ နစ်မြုပ် ခံလိုက်ရတယ်။

“ပြေးချင် နေတုန်းလား။” ဖန်ကျန်းရှီကတော့ ချီယို့ကို လွတ်မြောက်ချိန် မပေးခဲ့ပါဘူး။ တစ်ယောက်ယောက်ကိုသာ လွတ်မြောက်ခွင့် ပေးလိုက်ရင် လောကကြီး တစ်ခုလုံးက အဆုံးသတ် သွားလိမ့်မယ်။

ချီယို့ကတော့ ပိုပိုပြီး မျက်နှာပျက် လာခဲ့တယ်။

ဖန်ကျန်းရှီက သူ့ခန္ဒာကိုယ်တွေကို ဆက်တိုက် ဖိနှိပ် ထားတဲ့ အတွက် အားနည်းမှုက ပိုဆိုးလာ ခဲ့တယ်။

“ဖန်ကျန်းရှီ၊ ငါ့ကို အကျဉ်းချပြီး လောကကြီးကို ကာကွယ် စေချင်တာလား။ ကောင်းတယ်။ အရမ်း ကောင်းတယ်။ ဒီလို ဖြစ်လာမှတော့ ငါဖျက်ဆီး ပြစ်ရတာပေါ့။ ငါနဲ့ အတူတူ ငရဲကို လိုက်ခဲ့။” ချီယို့ မျက်လုံးတွေက သွေးလို နီရဲ သွားခဲ့ပါတယ်။

နောက်ထပ် အကျဉ်းကျ ခံမယ့် အစား သေပဲ သေပြစ်မယ်။

ဒါကြောင့် လောကကြီးကို သူနဲ့ အတူ ဖျက်ဆီးဖို့ အတွက် ချီယို့ ရွေးချယ် လိုက်ပါတယ်။

ဝုန်း။ ချီယို့ ခန္ဒာကိုယ်က လွင့်ထွက် သွားပြီးနောက် ကိုယ့်ကိုယ်ကို ဖျက်ဆီးမှု စတင် ပါတော့တယ်။ အသတ်ခံရတာနဲ့ ဒီကိစ္စက လုံးဝကို ကွာခြားတယ်။ ချီယို့ရဲ့ နတ်ဆိုး စွမ်းအားတွေ အကုန်လုံး လွင့်စင် ထွက်လာခဲ့ပြီး သူ့ရဲ့ စိတ်ဝိဉာဉ်တောင်မှ ပျက်ဆီး သွားပါလိမ့်မယ်။ ဒါ့အပြင် အနာဂတ်မှာ ပြန်ရှင်သန်ဖို့လဲ မျှော်လင့်ချက် မရှိနိုင်ဘူး။

ကြီးမားတဲ့ ပေါက်ကွဲမှုကြီးက မိုးကောင်းကင်နဲ့ မြေပြင်ကို တုန်ခါ လာစေခဲ့တယ်။

“ဘာဖြစ်တယ်။”

“ချီယို့က တကယ်ကြီး ကိုယ့်ကိုယ်ကို သတ်သေ သွားတာလား။”

“သူ ဘာလုပ်မှာလဲ။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက အထိတ်တလန့် ဖြစ်နေခဲ့တယ်။ ချီယို့ လက်လျော့ သွားပြီး ချိန်မှာတော့ အားလုံးလဲ ကျမ်းကောင်းကင်တောင်ရဲ့ ကောင်းကင်ပေါ်က အပြောင်းအလဲကို သတိ ထားမိ သွားပါတယ်။

“ချီယို့က သူ့ခန္ဒာကိုယ်နဲ့ ဝိဉာဉ်ကို နတ်ဘုရား အရင်းအမြစ်နဲ့ ပေါင်းစည်း ထားပြီးပြီ။ သူ့ကိုယ်သူ ဖျက်ဆီးတာက နတ်ဘုရား အရင်းအမြစ်ကို ဖျက်ဆီးတာ လောကကြီးကို ဖျက်ဆီးတာနဲ့ အတူတူပဲ။” ယွင်ချင်းဝူက ပြန်ဖြေလိုက်တယ်။

“လောကကြီးကို ဖျက်ဆီးတာလား။”

ပင်းယန်နဲ့ ရန်ရွှယ် နှစ်ယောက်စလုံး တုန်လှုပ်နေသလို ချီကူယန်တောင် လက်သီးကို ဆုပ်ထားမိတယ်။ အကယ်၍ ချီယို့ တကယ် သေသွားခဲ့ရင် လောကကြီး တစ်ခုလုံးလဲ ပျက်သုန်း သွားလိမ့်မယ်။

ဝုန်း။ နောက်ထပ် ပေါက်ကွဲမှုနဲ့ အတူ ချီယို့ ခန္ဒာကိုယ်က လွင့်ထွက် သွားပါတော့တယ်။

မိုးမြေ တစ်ခွင်လုံး စတင် တုန်ခါ လာပြီးနောက် လျှပ်စီးတန်းတွေက ကောင်းကင်ကြီးကို ဆွဲဖြဲ ပါတော့တယ်။

ဝုန်း။ ဝုန်း။

ချီယို့ကတော့ လုံး၀ ရူးသွပ် သွားခဲ့ပြီ။ သူ့ခန္ဒာကိုယ်က ချော်ရည်ပူတွေထဲကို ပြုတ်ကျရင်း မြေပြင်ပေါ်ကို ချော်ရည်ပူတွေ စီးထွက် လာစေခဲ့တယ်။

အဝေးမှာ ရှိနေတဲ့ သစ်ပင်တွေတောင် ချော်ရည်ပူတွေကြောင့် လောင်ကျွမ်းကုန်ပါတော့တယ်။ ဒီအချိန်မှာပဲ ကောင်းကင်မှာ ရှိနေတဲ့ နေမင်းကြီးက နေကြတ်သလို မည်းမှောင် သွားခဲ့တယ်။

“ငါတို့တွေ ရပ်ပြစ်မှ ဖြစ်မယ်။”

“သူ့ကို မရပ်နိုင်ရင် နောက်ထပ် ကပ်ဆိုးကြီး ထပ်ဆိုက်လိမ့်မယ်။”

“သမိုင်း နောက်တစ်ခေါက် တစ်ပတ် ပြန်လည် လာခဲ့ရင် လောကကြီးက ငရဲမှာ နေရသလို ဖြစ်သွားလိမ့်မယ်။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး အထိတ်တလန့် အော်ကြ ပါတော့တယ်။

ဒါပေမယ့် ဘယ်သူကများ ချီယို့ကို တားဆီးနိုင်မှာလဲ။

လူတစ်ယောက်ရဲ့ စိတ်လိုက်မာန်ပါ ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုကို ဘယ်သူကမှ မတားမြစ်နိုင်ဘူး။ ဖန်ကျန်းရှီက ချီယို့ကို ချိတ်ပိတ် နိုင်ပေမယ့် သူ့အတွေးတွေကိုတော့ မထိန်းချုပ် နိုင်ပါဘူး။

မကြာခင်မှာပဲ ချော်ရည်ပူ ရေလှိုင်းကြီးတွေက မြေပြင်ပေါ်ကို တက်လာ ပါတော့တယ်။

မြေပြင်တွေ အက်ကွဲ ကုန်ပြီးနောက် မှောင်မိုက်နေတဲ့ ကောင်းကင်မှာ ကြီးမားတဲ့ အနက်ရောင် အပေါက်ကြီး တစ်ပေါက် ပေါ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ သေးငယ်တဲ့ အနက်ရောင် အစက် အပျောက်လေးတွေက တွင်းနက်ကြီးထဲမှာ ပေါ်လာခဲ့တယ်။

အစက်အပျောက်လေးတွေ ကြီးမား လာချိန်မှာတော့ မီးလျှံကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပါတယ်။

ဝုန်း။ ကြီးမားတဲ့ ဥက္ကာပျံကြီး တစ်ခုလဲ ကျဆင်းလာပြီး မြေပြင်ကို အက်ကွဲ သွားစေတော့တယ်။

“ကြယ်တာရာ ကပ်ဆိုးကြီး ရောက်လာပြီ။”

“လောကကြီး ပျက်စီးတော့မယ်။”

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက အရမ်းကို အထိတ်တလန့်နဲ့ အော်ဟစ် ကြပါတယ်။ ဖန်ကျန်းရှီကတော့ ရပ်ကြည့်နေရင်း သူ့စိတ်ထဲမှာတော့ မရေမတွက်နိုင်တဲ့ အတွေးတွေနဲ့ ပြည့်နှက် နေခဲ့တယ်။

“ဥက္ကာပျံ ကပ်ဆိုးကြီး ကျရောက်လာပြီ။”

“ရှေးခေတ်က ကပ်ဆိုးကြီးပဲလား။

“ဒီ ကိစ္စက ဒဏ္ဍာရီလာ ဥက္ကာပျံမိုး မဟုတ်ဘူးလား။”

လူသားတွေ မဖြစ်လာခင် အချိန်တုန်းက ဒီလို ခေတ်ကြီး တစ်ခု ရှိခဲ့တာကို အရင်လောက မှတ်ဉာဏ်တွေကြောင့် သူမှတ်မိတယ်။ အဲ့ဒီ့ အချိန်မှာ သက်ရှိ အားလုံးက ဒီကပ်ကြီးက ပျက်စီးခဲ့ာကတယ်။

လက်ရှိ လောကရဲ့ မှတ်တမ်းတွေ အရတော့ လောက ပျက်စီးချိန်မှာ ဒီလို ကပ်မျိုး ကျရောက်တယ်။ ဒါပေမယ့် အရင်လောကမှာတော့ ဥက္ကာမိုး ရွာသွန်းတာလို့ ဆိုတယ်။

“ငါ သိပြီ။ သိပြီ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ လောက နှစ်ခု ကွာခြားချက် ရှိမနေမှန်း နားလည် သွားတော့တယ်။ သူတို့တွေက စကြဝဠာ တစ်ခုတည်းမှာ ရှိနေတယ်။

ဒါ့အပြင် မြေပြင်ကြီးက စတင် အက်ကွဲနေပြီ။ လိုအပ်တဲ့ လောက ပြောင်းလဲမှုတွေက စတင် ဖြစ်လာတော့မယ်။

ကမ္ဘာမြေရဲ့ မြေဆွဲအား ပြောင်းလဲ သွားတာနဲ့ သန်မာ အားကောင်းတဲ့ ဆွဲငင်အား တစ်ခု ဖြစ်ပေါ် လာပြီး ဥက္ကာပျံတွေကို ဆွဲခေါ် လိမ့်မယ်။ ဒါက သိပ္မံ ပညာပဲ။ စာသေချာ မသင်ခဲ့ရင် မသိနိုင်ဘူး။

ရုတ်တရက် ဆိုသလို ဒီအရာတွေ အကြောင်း သင်ကြားခဲ့ မိတဲ့ အတွက် ကိုယ့်ကိုယ်ကို ကံကောင်း သလို ခံစားမိတယ်။

“ချီယို့ မင်း လောကကြီးကို မဖျက်ဆီး နိုင်ပါဘူး။” ဖန်ကျန်းရှီရဲ့ အသွင်က ရုတ်တရက် ကြမ်းတမ်း ခက်ထန် သွားခဲ့ပါတယ်။

အဲ့ဒီ့နောက် ကိုယ့်ကိုယ်ကို ပေါက်ကွဲအောင် လုပ်နေဆဲ ဖြစ်တဲ့ ချီယို့ဆီကို သူပြေးဝင် သွားတော့တယ်။

“ဖန်ကျန်းရှီ။ မင်း ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ။” ချီယို့ကတော့ ဖန်ကျန်းရှီသ ူ့အနား ပြေးဝင် လာတာကို မြင်ချိန်မှာ ပျော်သွား ခဲ့ပါတယ်။

ဖန်ကျန်းရှီက သူ့အနားကို လာပြီး ကိုယ့်ကိုယ့်ကို သတ်သေနေတယ်။ သူ့ကိုသာ သတ်နိုင်သွားရင် ခန္ဒာကိုယ်ကို ဖျက်ဆီး လိုက်တာတောင် စွမ်းအား ကိုးဆယ် ရာခိုင်နှုန်းကို ပြန်ရနိုင်တယ်။ သူလဲ လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လာနိုင်တယ်။

“သေစမ်း။”

ဖန်ကျန်းရှီနဲ့ အနီးဆုံး ခန္ဒာကိုယ် အစိတ်အပိုင်းက ပေါက်ကွဲ ပြီးနောက် အင်အားလှိုင်းတွေက ဖန်ကျန်းရှီကို လာရိုက်ခတ်တယ်။ လက်တစ်ချက် ဝေ့ယမ်းရင်း ပေါက်ကွဲမှုကို ဖန်ကျန်းရှီက စုပ်ယူ လိုက်ပါတယ်။

“ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ။” ချီယို့ လက်မလျော့ဘဲ ဆက်တိုက် ဖောက်ခွဲ ပြစ်ပင်မယ့် အခြေအနေကတော့ မပြောင်းလဲ ခဲ့ပါဘူး။

အရေးကြီး အချိန်မှာပဲ သူ့စွမ်းအားတွေ အရမ်းကို မြန်မြန် ကုန်ဆုံးနေမှန်း သတိ ထားမိ သွားခဲ့တယ်။

သူ့ခန္ဒာကိုယ်က စွမ်းအားတွေကို စုပ်ယူ ခံနေရပြီး ဝိဉာဉ်နဲ့ ခန္ဒာကိုယ် ပျောက်ဆုံးတော့မလို အရာကို သူခံစားမိတယ်။

နတ်ဘုရား အရင်းအမြစ်ကို သူ့ဆီကနေ တစ်ယောက်ယောက် စုပ်ယူနေပြီ။ ဒါ့အပြင် ချော်ရည်ပူတွေကလဲ မြေပြင်က ဆက်တိုက် ထွက်လာ နေခဲ့တယ်။ ချီယို့ နှလုံးသားက နာကျင်နေပြီး အစာအိမ်က အေးခဲ သွားခဲ့တယ်။

“ဘာ ဘာလို့ ဒီလို ဖြစ်ရတာလဲ။” ချီယို့ နားမလည်နိုင်သလို တွေးလဲ မတွေးတတ် ဖြစ်နေခဲ့တယ်။

“မင်းနတ်ဘုရား အရင်းအမြစ်နဲ့ ဘာဖြစ်လို့ ပေါင်းစည်း ထားနိုင်လဲ မင်းသိလား။” ဖန်ကျန်းရှီက ချီယို့ ရှေ့မှာ ပေါ်လာခဲ့တယ်။

“မင်း မင်းဘာတွေ ပြောနေတာလဲ။”

“အရာအားလုံးက ပြောင်းလဲ နိုင်တယ်။ မင်းနဲ့ နတ်ဘုရား အရင်းအမြစ်လဲ အတူတူပဲ။ နတ်ဘုရား အရင်းအမြစ်ကို အချိန်နဲ့ လိုက်ပြီး ပြောင်းလဲလို့ မင်းတို့တွေ ပေါင်းစည်း သွားတာ။”

“ငါ နားမလည်ဘူး။ မင်းပြောတာ နားမလည်ဘူး။”

“သစ်ပင်က ကျောက်တုံးနဲ့ ပေါင်းစည်းနိုင်တယ်။ ဓားကလဲ နောက်ဓား တစ်ချောင်းနဲ့ ပေါင်းစည်းနိုင်တယ်။ မင်းသာ ဓားကို ကောင်းကောင်း အရည်ပျော်အောင် အပူပေးနိုင်မယ် ဆိုရင် ပေါင်းစည်း သွားမှာပဲ။ နတ်ဘုရား အရင်းအမြစ်ကလဲ ဒါနဲ့ တူတယ်။ မင်းနဲ့ ပေါင်းစည်းနိုင်မှတော့ သေချာပေါက် ခွဲထုတ် နိုင်မှာပဲ။”

“မင်း မင်းဘာလုပ်မလို့လဲ။”

အခုချိန်မှာတော့ ဖန်ကျန်းရှီ ပြောချင်တာကို ချီယို့ နည်းနည်းချင်း သဘောပေါက်လာခဲ့ပါတယ်။

“မင်းကို သတ်ဖို့က လွယ်လွယ်လေး။ နတ်ဘုရား အရင်းအမြစ်နဲ့ ခွဲထုတ်လိုက်ရင် မင်းက မပျက်ဆီးတဲ့သူ မဟုတ်တော့ဘူး။ ဒါက သိပ္မံ ပညာရဲ့ စွမ်းအားပဲ။”

“ဘာကြီး။”

“မင်း ဘယ်တုန်းကမှ စာမသင်ဖူးဘူး ဆိုတော့ နားလည်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ မှတ်ထားလိုက်။ မင်း ပြန်ပြီး မွေးဖွားခဲ့ရင် သိပ္မံ ပညာရပ်ကို ပညာရှင် အဆင့် ရောက်အောင်သင်။ အရမ်း အသုံးဝင်တယ်။”

နောက်ထပ် ဆက်မပြော မနေတော့ဘဲ ချီယို့ကို လက်နဲ့ ထိလိုက်ပါတယ်။ အဲ့ဒီ့နောက် ထူးဆန်တဲ့ ကိစ္စ တစ်ခု ဖြစ်လာခဲ့တယ်။ ပျက်ဆီးသွားတဲ့ ချီယို့ ခန္ဒာကိုယ်က ကြောက်စရာ အရှိန်နှုန်းနဲ့ ပြန်ကောင်းမွန် လာနေခဲ့တယ်။

ဝုန်း။ ချီယို့ ခန္ဒာကိုယ် ချက်ခြင်း အရွယ်အစား ကြီးမား သွားပြီး အင်အားအပြည့် ပြန်ဖြစ်သွား ခဲ့ပါတယ်။ ဒါပေမယ့် သူအရမ်းကို စိတ်ပျက် အားလျော့ နေခဲ့တယ်။ ဘယ်နေရာမှာ မှားသွားမှန်း သူမသိပေမယ့် ဖန်ကျန်းရှီရဲ့ လုပ်နိုင်စွမ်းကို သူနားမလည် နိုင်ခဲ့ဘူး။

လက်ရှိ အခြေအနေကို စကား တစ်ခွန်းတည်းနဲ့ ပြောရမယ် ဆိုရင် (ကြောက်တယ်။)

နှလုံးသား အတွင်းထဲကနေ ကြောက်တယ်။

“မဟုတ်ဘူး။ မင်းတို့ အားလုံး ငါနဲ့ အတူ သေရမယ်။” ချီယို့ ရလဒ်ကို လက်မခံ နိုင်တဲ့ အတွက် အော်ပါတော့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ကြီးမားတဲ့ လေဝဲကတော့ကြီး တစ်ခုလို သူ့အစွမ်းတွေကို စုပ်ယူ နေခဲ့တယ်။

“မင်း မကောင်းဆိုးဝါး။ မကောင်းဆိုးဝါးကောင်။” ချီယို့ ခန္ဒာကိုယ် နောက်တစ်ခေါက် အရွယ်ပြန်ကျုံ့ သွားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ စွမ်းအားတွေ ကုန်ဆုံး သွားတာကြောင့် လုံး၀ သေးငယ်သွားတာ ဖြစ်ပါတယ်။

ချီယို့ ခန္ဒာကိုယ်ထဲကနေ နေမင်းလို တောက်ပတဲ့ အရာ တစ်ခု ထွက်ပေါ် လာပြီး သွေးနီရောင်ကို လင်းထိန် သွားစေတယ်။

နတ်ဘုရား အရင်းအမြစ်က အရာအားလုံးရဲ့ စွမ်းအား အရင်းအမြစ် ဖြစ်တဲ့ အပြင် အဆုံးမဲ့တဲ့ သံသရာ စက်ဝန်းကြီးပါ။

အပိုင်း (၁၁၁၅) ပြီး၏။

အပိုင်း (၁၁၁၆)

“ကောင်းကင်ကို ဖာထေးခြင်း။”

…

“မဖြစ်ဘူး။” ချီယို့ အော်ဟစ်လိုက်တယ်။ အခုချိန်မှာ သူကခန္ဒာကိုယ်က အရမ်းကို နီရဲနေပြီး အထဲကနေ လောင်ကျွမ်း နေတဲ့ အတိုင်း ပူလောင် နေခဲ့ပါတယ်။ သူ့တကိုယ်လုံးက ကြီးမားတဲ့ မီးပြင်းဖိုကြီး တစ်ခုလို အသွင် ဖြစ်နေခဲ့တယ်။

ချီယို့ ခန္ဒာကိုယ်ကြီး ရုတ်တရက် ပေါက်ကွဲ သွားခဲ့ပါပြီ။

အစောပိုင်းမှာ နတ်ဘုရား အရင်းအမြစ်ကို သူနဲ့ အတူ ဖျက်ဆီးရင်း လောကကို အဆုံးသတ်စေဖို့ သူကြံဆောင် ခဲ့တယ်။

ဝုန်း။

ဝုန်း။ ချီယို့ ခြေထောက်အောက်မှာ မြေသား အက်ကွဲကြောင်းတွေ ဖြစ်ပေါ် လာပြီး ချော်ရည်ပူတွေ ဆက်တိုက် ထွက်လာ နေပါတယ်။ ချန့်ယန်းတောင် တစ်ခုလုံး သက်ရောက် ခံနေရပြီ။ ဒါ့အပြင် သက်ရောက်မှုက ကြီးမားလွန်းတဲ့ အတွက် တောင် အပြင်ဘက်ကိုတောင် ရောက်သွားခဲ့တယ်။

နောက်ဆုံး ပေါက်ကွဲမှုက ကြီးမားတဲ့ စွမ်းအားတွေကို ဖန်တီးတယ်။ ဖန်ကျန်းရှီ ဒီစွမ်းအားတွေကို ချက်ခြင်း ထိန်းချုပ် ပေမယ့် သူကိုယ်တိုင်က လွင့်ထွက် သွားခဲ့ပါတယ်။ လေထဲမှာ ဂျွမ်းသုံးလေးပတ် ပြစ်ပြီးချိန်မှ အခြေခိုင်အောင် သူလုပ်နိုင်လိုက်တယ်။

“မြေပြင်ကတော့ ပျက်စီးသွားပြီ။”

“ကြယ်တာရာ ကပ်ဆိုးက ငါတို့ဆီ နောက်တစ်ခေါက် ရောက်လာတော့မှာလား။”

“မြန်မြန် ပြေးကြ။”

“ပြေးလို့ မရဘူး။ ကပ်ဆိုးကို တားရမယ်။ ဒါပေမယ့် ဘယ်သူက ငါတို့ကို ဦးဆောင်မှာလဲ။” အခုချိန်မှာ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက အရမ်းကို စိတ်ဖိစီးနေ ခဲ့ကြတယ်။ သူတို့တွေထဲမှာ အများစုက ဂုဏ်သိက္ခာကို တန်ဖိုးထားသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကပ်ဆိုးကြီးကို တားမြစ်နိုင်ဖို့နဲ့ လောကကြီး တစ်ခုလုံး မပျက်စီး စေဖို့ အတွက် လုပ်နိုင်တာ အကုန် လုပ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

သူတို့တွေ ဖန်ကျန်းရှီကို လှမ်းကြည့်မိလိုက်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နွီဝါး မယ်တော်က အားလုံးကို ဦးဆောင်ပြီး ကြယ်တာရာ ကပ်ဆိုးကြီးကို ရပ်တန့် ပေးခဲ့ဖူးတယ်။ ငါက သူ့ရဲ့ မျိုးဆက် ဖြစ်နေမှတော့ ဒီတာဝန်ကို ငါဆက်ယူမယ်။” ချီကူယန်က ရုတ်တရက် ပြောလာခဲ့ပါတယ်။ အားလုံးလဲ သူမကို သတိ ထားမိသွားတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းချီက နွီဝါး မယ်တော် ဦးဆောင်ပြီး ကပ်ဆိုးကြီးကို အောင်အောင်မြင်မြင် ရပ်တန့် နိုင်ခဲ့တယ်။ အခုချိန်မှာ ချီကူယန်က အကောင်းဆုံး ရွေးချယ်မှုပါ။

“နွီဝါး မယ်တော်ရဲ့ ဦးဆောင်မှုနောက်ကို ငါတို့ လိုက်ပါမယ်။”

“ငါရောပါမယ်။”

ပင်းယန်ကတော့ ဒီအချိန်မှာ ချီကူယန်ရဲ့ လက်ကို လှမ်းဆွဲလိုက်တယ်။ ချီကူယန် လုပ်နိုင်မှာကို သူမ သိပေမယ့် ရှေးခေတ်မှာတောင် နွီဝါး မယ်တော်က စွမ်အား ကုန်စင်တဲ့ အထိ အသုံးပြုပြီး တားဆီး ခဲ့ရတာကို သူမ နားလည်တယ်။

ချီကူယန်က နွီဝါး မယ်တော်ရဲ့ မျိုးဆက် ဖြစ်နေပင်မယ့် သူမ အသက်ရှင်လျက် ပြန်လာ နိုင်မလား ဆိုတာ မသေချာပါဘူး။

“ယန်လေး သွားစရာ မလိုဘူး။” ဖန်ကျန်းရှီ ဝင်ပြောတယ်။

“ငါ သွားရမယ်။ နင်က ငါ့ထက် သန်မာပေမယ့်၊ ဒီလောကကြီးက နင့် အကာအကွယ်ကို လိုအပ်တယ်။ ချီယို့က သေသွားပေမယ့် နောက်ထပ် ချိတ်ပိတ် ခံထားရတဲ့ နတ်ဆိုးတွေ ရှိနေမလား ဆိုတာ မသိနိုင်ဘူး။” ချီကူယန်က ချက်ခြင်း ပြန်ငြင်းပယ်ပါတယ်။

“ဟုတ်တယ်။ စွမ်းအား ပိုကြီးတဲ့သူက တာဝန် ယူရမှာ ပိုများတယ်။”

“ကပ်ဆိုးကြီးကို ငါတို့ တားလိုက်မယ်။ ငါတို့တွေက အာကာသထဲမှာ နေရတာ ကျင့်သား ရနေပြီ။ နောက်တစ်ခေါက် ပြန်နေရလဲ ဘာမှ မဖြစ်ဘူး။”

အားလုံးက သဘောတူကြပါတယ်။ ပင်းယန်လဲ အခုချိန်မှာ အရမ်းကို ဝမ်းနည်း နေခဲ့တယ်။ ချီကူယန်ကို မျက်ရည်သွင်သွင် စီးကျနေတဲ့ မျက်ဝန်းတွေနဲ့သာ သူမ ကြည့်နေ ခဲ့ပါတယ်။

ချီကူယန်ကတော့ ပင်းယန်ရဲ့ ခေါင်းလေးကို ပုတ်ပေးရင်း နှစ်သိမ့်တယ်။

“ပင်းယန်။ အခုချိန်က စပြီး အရှက်မရှိတဲ့ ကောင်စုတ်ကို ဂရုစိုက် ရမယ်နော်။”

“ယန်လေး။ မင်းသွားဖို့ မလိုဘူး။ တခြား နတ်သားရဲကောင်နဲ့ နတ်ဆိုး နတ်သခင်တွေလဲ သွားစရာ မလိုဘူး။” ဖန်ကျန်းရှီ ဝင်ပြောတယ်။

“မင်း ဘာကို ဆိုလို ချင်တာလဲ။”

“ဖန်ကျန်းရှီ မင်းဘာတွေ တွေးနေတာလဲ။”

အခုချိန်မှာ ချီကူယန်ကို ဖန်ကျန်းရှီ တားချင်တဲ့ စိတ်ကို သူတို့ နားလည် နိုင်ပေမယ့် အားလုံးကို သူတားနေတဲ့ ကိစ္စကိုတော့ နားမလည် နိုင်ပါဘူး။

ဖန်ကျန်းရှီက လောကကြီး ပြာကျ သွားမှာကို ဒီအတိုင်း ကြည့်နေမလို့လား။ ဒါမှမဟုတ် ကပ်ဆိုးကြီးကို တစ်ယောက်တည်း တားလို့ ရမယ် ထင်နေတာလား။ မဖြစ်နိုင်ဘူး။ နွီဝါး မယ်တော် တစ်ယောက်တည်းတောင် မတားဆီး နိုင်တဲ့ ကိစ္စကို သေချာပေါက် သူတို့တွေ ပေါင်းစည်းပြီး ဖြေရှင်းရမယ်။

ဒါက လုံးဝကို ကြယ်တာရာ ကပ်ဆိုးကြီး ဖြစ်နေတယ်။ ဒါ့အပြင် အရမ်းလဲ များလှတယ်။

မရေမတွက်နိုင်တဲ့ ကျောက်တုံးတွေက မီးလျှံတွေ အပြည့်နဲ့ ကောင်းကင်ကနေ ကျဆင်း လာနေခဲ့ပါတယ်။ အားလုံးကလဲ အင်အားကြီးလွန်းတဲ့ အပြင် လူတစ်ယောက်တည်းရဲ့ အင်အားနဲ့ များပြားတဲ့ ဥက္ကာပျံတွေကို တားဆီးဖို့ လုံး၀ မဖြစ်နိုင်ပါဘူး။

“နင်ပြောချင်တာက။” ချီကူယန်လဲ ပဟေဠိ ဖြစ်နေခဲ့တယ်။

“ဟုတ်တယ်။ ဒါကို ငါတစ်ယောက်တည်း တားနိုင်တယ်။”

ဖန်ကျန်းရှီရဲ့ ယုံကြည်ချက် အပြည့် စကားသံကို ကြားချိန်မှာတော့ အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွား ခဲ့ရပါတော့တယ်။

ဒီလို စကားကို မျှော်လင့် ထားကြပေမယ့် တကယ် ကြားရချိန်မှာ မအံ့သြဘဲ မနေနိုင်ခဲ့ဘူး။

(ဒီကောင် ဟိတ်ဟန် များလွန်းနေတာ မဟုတ်လား။

ဒီလောက်များတဲ့ ကျောက်တုံးတွေက လောက တစ်ခုလုံး အနှံ့ ကျလာတာကို လူတစ်ယောက်တည်းနဲ့ ဘယ်လိုများ တားဆီး နိုင်မှာလဲ။)

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်လုပ်ချင်တာကို ငါသိတယ်။ ဒါပေမယ့် များလွန်းတယ်လေ။”

“ပုံမှန် နည်းလမ်းနဲ့ ဆိုရင်တော့ တားနိုင်ဖို့ မသေချာဘူး။ ဒါပေမယ့် ကပ်ဆိုးကြီး ပြန်မလာ နိုင်အောင်တော့ ငါလုပ်ပေးလို့ ရတယ်။” ဖန်ကျန်းရှီ လက်ကို ဝေ့ယမ်းရင်း ပြန်ရှင်းပြတယ်။

“ကပ်ဆိုးကို ပြန်မလာအောင် လုပ်နိုင်တယ်။”

အားလုံးက နောက်ထပ် မတွေးတတ်အောင် ဖြစ်နေခဲ့ကြပြန်တယ်။

ဖန်ကျန်းရှီလဲ အခုချိန်မှာ ရှင်းပြလို့ မရနိုင်မှန်း သိနေခဲ့တယ်။ ဒါပေမယ့် ကပ်ဆိုးကြီး အကြောင်းကို သူသဘောပေါက် ခဲ့ပြီးပြီ။ ဒီဥက္ကာပျံမိုးက မြေကမ္ဘာ ဆွဲအား အပြောင်းအလဲနဲ့ သက်ဆိုင်နေတယ်။ ချီယို့ သေဆုံးချိန်မှာ စွမ်းအား အကုန်လုံးကို အသုံးပြုပြီး ကမ္ဘာ့ ဝင်ရိုးကို ပြောင်းစေခဲ့တယ်။

ဒီလို အဖြစ်မျိုးက နျူကလီးယား လက်နက် ပေါက်ကွဲတာကြောင့် ကမ္ဘာမြေ ပျက်စီးတာနဲ့ အတူတူပါပဲ။ သူ့အရင် လောကမှာတော့ နျူကလီးယား လက်နက်တွေ မသုံးနိုင်အောင် ဒီကိစ္စကြောင့် ပိတ်ပင်ထားတယ်။

နျူလက်နက်တစ်ခု ပေါက်ကွဲတာနဲ့ ကမ္ဘာ့ ဝင်ရိုးကို ထိခိုက်ပြီး ပတ်ဝန်းကျင်လဲ ပျက်စီးနိုင်တယ်။ လက်နက် ဒါဇင်ချီသာ ပေါက်ကွဲခဲ့ရင် ကမ္ဘာမြေကြီးလဲ ဝင်ရိုး လုံး၀ ပြောင်းလဲ သွားပါလိမ့်မယ်။

အရင်လောကမှာ မူလတန်း အလယ်တန်း ကျောင်းသားတွေတောင် ဒီကိစ္စကို သိနားလည် ကြပေမယ့် ဒီလောကမှာတော့ ရှင်းပြဖို့ ခက်ခဲလွန်းတယ်။

ဖန်ကျန်းရှီ ရှင်းမပြနိုင်ပေမယ့် သူလုပ်ရမယ့် ကိစ္စကိုတော့ သူသိပါတယ်။ များပြားတဲ့ စွမ်းအားကို အသုံးပြုပြီး ကမ္ဘာ့ ဝင်ရိုးကို တည့်အောင် ပြန်လုပ်ရမယ်။ ဒါဆိုရင် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်သွား ပါလိမ့်မယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်လုပ်နိုင်မှာ သေချာရဲ့လား။” ချီကူယန် အလေးအနက် မေးတယ်။

“သေချာတယ်။ ဒီအခြေအနေထိ အများကြီး ဖြတ်ကျော် လာခဲ့ပြီးပြီ။ မင်းတို့တွေကို ငါ အဆုံးရှုံး မခံနိုင်ဘူး။ ဘယ်သူ့ကိုမှ အဆုံးရှုံး မခံနိုင်ဘူး။” ဖန်ကျန်းရှီ ပြောလိုက်ပါတယ်။

ချီကူယန် အပါအဝင် အားလုံးက တိတ်ဆိတ် သွားခဲ့တယ်။

ဖန်ကျန်းရှီက သူရဲကောင်း ဆန်ဆန် စကားလုံးတွေနဲ့ မြင့်မြတ် ထည်ဝါတဲ့ ပုံစံ လုပ်ပြ မနေခဲ့ ပေမယ့် ဖန်ကျန်းရှီရဲ့ ဂရုစိုက်မှုကိုတော့ အားလုံး နားလည်ကြတယ်။ စကား တစ်ခွန်းမှ ပြောဖို့ မလိုခဲ့ပါဘူး။

ဖန်ကျန်းရှီရဲ့ အပြုအမူက အားလုံးကို သက်သေပြ နေခဲ့ပြီးပြီ။

“ကပ်ဆိုးကြီးကို သူတစ်ယောက်တည်း တားမှာလား။”

“ဖန်ကျန်းရှီ လုပ်နိုင်မယ် ထင်လား။”

“…”

နတ်ဆိုး မိစ္ဆာတွေလဲ ယုံဖို့ ခက်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ အရှိန်အဝါကို သူတို့ ခံစားမိတယ်။ လောကဥသျှောင် တစ်ယောက်ရဲ့ အရှိန်အဝါ ဘုရင် ဖြစ်ဖို့ မွေးဖွားလာသူ။

ဒီအချိန်မှာပဲ အားလုံးက လိုလိုလားလားနဲ့ သူ့ကို ဦးညွှတ်လိုက်ကြတယ်။

အကယ်၍ ဖန်ကျန်းရှီသာ ကပ်ဆိုးကြီးကို ရှင်းထုတ်နိုင်ခဲ့ရင် လောက အတွက် နတ်ဘုရား အစစ် ဖြစ်လာလိမ့်မယ်။ ဘယ်သူမှ မကျော်လွန်နိုင်တဲ့ နတ်ဘုရား အစစ်။

“ကြယ်တာရာ ကပ်ဆိုးကို ငါတားမယ်။” ဖန်ကျန်းရှီ မြေအောက်က ထွက်လာတဲ့ ချော်ရည်တွေကို ကြည့်ရင်း တစ်ခွန်း ထပ်ပြောပါတယ်။

“မြေကြီး။”

ဝုန်း။ ဝုန်း။ သူ့အော်သံ အဆုံးမှာပဲ ကောင်းကင် တစ်ခုလုံးကနေ ကျောက်တုံးတွေ ပြုတ်ကျလာ ပါတော့တယ်။ ချော်ရည်ပူတွေကို တားဆီးပြီး မြေကမ္ဘာပေါ် ထွက်မလာနိုင်အောင် ကာကွယ်ပေးတယ်။ ဒါပေမယ့် များပြားလွန်းတဲ့ ချော်ရည်ပူတွေကြောင့် ဒီအရာတွေက မလုံလောက် ခဲ့ပါဘူး။

“ကျောက်တုံး။”

“တောင်။”

“မြေကြီး။” ဖန်ကျန်းရှီ တစ်ခွန်းပြီး တစ်ခွန်း ပြောလိုက် ချိန်မှာတော့ ချော်ရည်ပူထဲမှာ ရှိနေတဲ့ ကျောက်တုံးတွေက တိုးပွားလာခဲ့တယ်။

“မိုး။”

“လေ။”

“ရေခဲ။”

မိုးသက်မုန်တိုင်းကြီး တစ်ခုလဲ ထပ်မံ ဖြစ်ပေါ် လာပြီး မြေပြင် အခြေအနေကတော့ ငြိမ်သက် သွားခဲ့တယ်။ အခုချိန်မှာတော့ အားလုံးက အသက်တောင် ရဲရဲ မရှူဝံ့ ဖြစ်နေခဲ့ကြတယ်။

နှလုံးသားကို တုန်လှုပ်စေတဲ့ အံ့သြ မှင်သက်မှုကြောင့် သူတို့တွေ မလှုပ်ရှား နိုင်တော့ပါဘူး။

ချော်ရည်ပူတွေနဲ့ ပြည့်နေတဲ့ မြေကြီးကို ပြန်ကောင်းအောင် ပြုပြင်နိုင်ဖို့ ဖန်ကျန်းရှီ တစ်ယောက်တည်းသာ စွမ်းနိုင်တယ်။ သူ့အစွမ်းက အားလုံး မျှော်မှန်း ထားနိုင်တာထက် ကျော်လွန် နေခဲ့ပြီ။

ဒါပေမယ့် ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ကောင်းကင်က ဆက်တိုက် ဆင်းသက်လာနေဆဲ ဖြစ်တဲ့ အတွက် မီးလျှံတွေက အလုံးစုံ မငြိမ်းသက် သေးပါဘူး။

“ယန်လေး။ ပင်းယန်၊ ချင်းဝူ၊ ယွဲ့အာ၊ ရန်ရွှယ် ငါ့ကို စောင့်နေ။” ဖန်ကျန်းရှီ ပြောရင်း ကောင်းကင်ပေါ်ကို ထိုးတက် သွားတော့တယ်။

ကျောက်တုံးတွေက သူ့လမ်းတစ်လျှောက်မှာ ပျက်စီးပြီးနောက် အမှုန့်တွေ အဖြစ်နဲ့ လေထဲကို လွင့်လာခဲ့ပါတယ်။ ဖန်ကျန်းရှီက အားလုံးကို သူမတူတဲ့ နည်းလမ်းနဲ့ ဖျက်ဆီး ပြစ်နေခဲ့တယ်။

ချီကူယန်၊ ပင်းယန်နဲ့ တခြားသူတွေ အားလုံး ကောင်းကင်ကို မော့ကြည့် နေကြပေမယ့် သူတို့တွေ ဖန်ကျန်းရှီကို မတွေ့တော့ပါဘူး။ အခုချိန်မှာ သူထုတ်လွှတ်နေတဲ့ ကြီးမားတဲ့ စွမ်းအားကိုသာ ခံစားမိနေ ကြတယ်။

ထူးဆန်းတဲ့ စွမ်းအားက မြေပြင်ကို ဆက်တိုက် ရိုက်ခတ် နေပင်မယ့် မြေပြင်က မအက်ကွဲခဲ့ဘူး။

ဒါ့အပြင် ပျက်ဆီးတဲ့ နှုန်းကိုလဲ လျော့ကျအောင် လုပ်နေခဲ့တယ်။ အားလုံးကို ဒီကိစ္စက စိတ်သက်သာရာ ရစေခဲ့ပါတယ်။

သူတို့တွေ ကောင်းကင်က ထွက်ပေါ်နေတဲ့ အသံကျယ်ကြီးတွေကို ဆက်တိုက် ကြားနေရတယ်။ ဖန်ကျန်းရှီက ကျဆင်းလာတဲ့ ကျောက်တုံးတွေကို တိုက်ခိုက်နေရင်း ကမ္ဘာမြေကို ဖြည်းဖြည်းချင်း လမ်းကြောင်း တည့်ပေးလိုက်တယ်။

စွမ်းအား အရင်းအမြစ်ကို အသုံးချရင်း မြေကမ္ဘာကိုလဲ အာဟာရ ဖြည့်ပေး နေခဲ့ပါတယ်။ အချိန်တွေကတော့ ဖြည်းဖြည်းချင်း ကုန်ဆုံး သွားခဲ့ပြီ။ ၂နာရီ၊ လေးနာရီ၊ ခြောက်နာရီ။ ကောင်းကင်မှာ အသံတွေက မရပ်တန့် ခဲ့ပါဘူး။ အားလုံးလဲ မထွက်ခွာသေးပဲ စောင့်ဆိုင်း နေခဲ့ကြတယ်။

ကပ်ဆိုးကြီးရဲ့ အဆုံးသတ်ကို အားလုံးက သိချင်နေကြသလို သိသိသာသာကြီးကို စိတ်ပူ နေခဲ့ကြပါတယ်။

…

၁ရက်။ ၂ရက်၊ ၃ရက်ကနေ ၇ရက်အထိ အချိန်တွေက မျက်တောင် တခတ်စာ အချိန်အတွင်းမှာ ကုန်ဆုံး သွားခဲ့ပြီ။ ချန့်ယန်းတောင်ရဲ့ မြေပြင်က လုံး၀ ပြန်ကောင်းမွန်ပြီး ဖြစ်သလို ကောင်းကင်မှာလဲ ဖုန်မှုန့်တွေ မရှိတော့ပါဘူး။

“မမယန်လေး။ သူပြန်လာမယ် ထင်လားဟင်။” ပင်းယန်က မေးလိုက်တယ်။

“သူပြန်လာမှာ။” ချီကူယန် အသေအချာ ပြန်ဖြေတယ်။

“ဒါပေမယ့် ၇ရက်တောင် ရှိနေပြီ။ သူ ဗိုက်ဆာနေမလား။ အားကုန်မလား။ ပင်ပန်းနေမလားဟင်။ ပင်းယန်တို့တွေ သွားကူသင့်တယ် မဟုတ်လား။”

“ပင်းယန် သူ့ကို မယုံဘူးလား။”

“ပင်းယန် ယုံတယ်။”

ရန်ရွှယ်နဲ့ နန်ကုန်းမုလဲ ရပ်စောင့် နေခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၇ရက် လုံးလုံး သူတို့တွေ လုံး၀ မနားခဲ့ ကြပါဘူး။ ကျောက်တုံးပေါ်မှာသာ ၇ရက် ၇ည တိတိ ရပ်နေခဲ့တယ်။

နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေလဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း နေခဲ့ကြပါတယ်။ အားလုံးကလဲ ငြိမ်းချမ်း နေခဲ့ပြီး ဘယ်သူမှ မတိုက်ခိုက် ခဲ့ကြဘူး။

“ချင်းဝူ တစ်ခုခု စားချင်လား။” ဧကရီ ပိုင်ကျစ်က သူ့သမီးလေးကို ချစ်ခင်မြတ်နိုးမှု အပြည့်နဲ့ ကြည့်ရင်း သစ်သီးတစ်လုံး ပေးနေခဲ့တယ်။

“မစားချင်သေးဘူး မယ်တော်။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။ ချီကူယန်တို့လိုပဲ သူမလဲ ၇ရက်လုံးလုံး အနားမယူခဲ့ပါဘူး။ ဧကရီ ပိုင်ကျစ် ဘယ်လောက်ပဲ ဖြောင်းဖြပါစေ သူမ လုံး၀ ထွက်မသွားခဲ့ဘူး။

ဒီအချိန်မှာပဲ ရွှေရောင်ဝတ်ရုံနဲ့ လူကြီး တစ်ယောက်က ခေါင်းပြူ လာခဲ့တယ်။ သူ့ရဲ့ ရွှေရောင် မျက်ဝန်းတွေကလဲ တလက်လက် တောက်ပနေခဲ့ပါတယ်။

“သူမစားချင်မှတော့ ငါ့ကို ကျွေးပါ့လား။”

“…” ဧကရီ ပိုင်ကျစ် နောက်ဆုံးမှာတော့ သူ့ကို ပေးလိုက်ပေမယ့် မကျေမနပ်တော့ ခွန်းတုံ့ပြန်ခဲ့တယ်။ “နင်က ရှေးခေတ်ရဲ့ နံပါတ်တစ် နတ်သားရဲကောင်လေ ရွှမ်ယွမ်ဝူ။ နည်းနည်းလေးတောင် သိက္ခာ မရှိဘူးလား။”

“သိက္ခာလား။ ငါဒဏ်ရာ ရပြီး ချီယို့ ရိုက်သတ်တာ ခံရတဲ့ အချိန်တုန်းက မင်းတို့တွေ ဘယ်ရောက်နေလဲ။ ငါ့ကိုများ သိက္ခာ အကြောင်း ပြောဝံ့တယ်ပေါ့။” လူအသွင် ပြောင်းထားတဲ့ ရွှမ်ယွမ်ဝူကတော့ ဧကရီ ပိုင်ကျစ် စကားကို ဂရုမစိုက်ခဲ့ပါဘူး။ ဒေါသတကြီးနဲ့သာ သစ်သီးကို ဝါးစား နေခဲ့တယ်။

“ဟဟား။” ဧကရီ ပိုင်ကျစ်လဲ ဆက်မငြင်းတော့ဘူး။ ရွှမ်ယွမ်ဝူက လူအသွင် ပြောင်းထားချိန်မှာ လုံးဝကို မခံ့ညားတဲ့ အပြင် ရုပ်ဆိုးနေသေးတယ်။ ဒါပေမယ့် သူကတော့ နားလည်ပုံ မပေါ်ပါဘူး။ ဧကရီ ပိုင်ကျစ်နဲ့ ငြင်းခုန် ပြီးချိန်မှာ နန်ကုန်းမု ဘက်ကို လှည့်သွားခဲ့တယ်။

“ဧကရာဇ်ယန် မိသားစုက ကလေး။ ငါ မင်းအသက်ကို ကယ်ဖူးတယ်။ မင်းရဲ့ နတ်သစ်ပင်မှာ အသီးမသီးဘူးလား။ သီးရင် ပေးပါအုန်း။”

နန်ကုန်းမုကတော့ တစ်ချက်သာ ပြန်ကြည့်ပြီး ပြန်မဖြေခဲ့ပါဘူး။

ရွှမ်ယွမ်ဝူကတော့ ပျင်းနေခဲ့တယ်။ အားလုံး စောင့်နေမှန်း သူသိပေမယ့် ဘယ်သူကမှ စကားတစ်ခွန်းတောင် မဟကြဘူး။ သူက အာကာသထဲမှာ ပိတ်မိနေတာ ကြာလှပြီ။ ချီယို့ လက်ထဲကလဲ ကံကောင်းပြီး လက်မတင်လေး လွတ်လာခဲ့တယ်။ အခုချိန်မှာ ချီယို့ သေပြီး သူလဲ လွတ်မြောက် သွားပြီ။ တစ်ယောက်ယောက်ကို စကားပြောချင် ပေမယ့် အားလုံးက သူ့ကို လျစ်လျူရှု ထားကြတယ်။ ဒါကြောင့် ရွှမ်ယွမ်ဝူ ဒေါသ ထွက်နေခဲ့ပါတယ်။

“ယွင်ချင်းဝူ။ မင်းက နတ်ဆိုး မိစ္ဆာ အရော မဟုတ်လား။ မင်းအမေက မိစ္ဆာ ဧကရီ ဖြစ်နေမှတော့ မင်းအဖေက နတ်ဆိုးပေါ့။ နတ်ဆိုး ဧကရာဇ် ဖြစ်လိမ့်မယ် မလား။ မင်း အဖေကို ငါ ဘာလို့ မတွေ့တာလဲ။ မင်း မိဘတွေ အဆင်မပြေဘူးလား။ ရန်ဖြစ် ထားကြတာလား။ လာ ပြောပြပါအုန်း။” ရွှမ်ယွမ်ဝူ နေရာတစ်ခုမှာ ထိုင်ပြီး နားထောင်ဖို့ စောင့်နေခဲ့တယ်။

ထိုင်ပြီး ခေါင်းမော့ လိုက်ချိန်မှာပဲ သူမျက်လုံး ပြူးသွားခဲ့ရပါတယ်။

“ကြယ် ကြွေ နေတာလား။”

အပိုင်း (၁၁၁၆) ပြီး၏။

အပိုင်း (၁၁၁၇)

“ခရီးစဉ် အသစ်” (ပြီးပါပြီ။)

….

“ကြယ်ကြွေတာလား။”

အားလုံးကတော့ ကောင်းကင်ကနေ ဆင်းသက်လာနေတဲ့ ကြယ်ပွင့်ကို ကြည့်နေမိကြတယ်။ နေ့အချိန်မှာတောင် သူ့ရဲ့ တောက်ပတဲ့ အလင်းတန်းက ထင်ရှား နေတာကြောင့် အားလုံး ချက်ခြင်း သတိပြုမိ ကြပါတယ်။

“သူပြန်လာပြီ။”

“သူတကယ်ပဲ ပြန်လာပြီ။”

“ကပ်ဆိုးကြီးကို သူတားမြစ် နိုင်သွားပြီပေါ့။”

အားလုံး အံ့သြ စိတ်လှုပ်ရှား နေခဲ့ကြပါတယ်။ ဖန်ကျန်းရှီ ပြန်လာခဲ့ပါပြီ။ ကောင်းကင်ကနေ ကြယ်တစ်စင်းလို ဆင်းသက်လာပြီး ချီကူယန်တို့ ရှေ့ကို သူရောက်လာခဲ့တယ်။

“အားလုံး မစားခင် ငါ့ကို စောင့်နေ ကြတာလား။” ဖန်ကျန်းရှီက ပြုံးပြရင်း ဖုန်ခါ နေခဲ့တယ်။

သူတို့ အားလုံး တခဏတာ တိတ်ဆိတ် သွားပြီးနောက် အောင်ပွဲခံတဲ့ အသံတွေ ဆက်တိုက် ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီကတော့ အဝေးမှာ ထိုင်နေတဲ့ ရွှမ်ယွမ်ဝူကို လှမ်းကြည့်ရင်း ချက်ခြင်း ပြောတယ်။

“ဟ အဲ့ဒီ့ ရုပ်ဆိုးကြီးက ဘယ်သူလဲ။ ငါ သူ့ကို မမြင်ဖူးပါဘူး။”

“သေသင့်တဲ့ ကောင်စုတ်လေး။ ငါမင်းကို သတ်မယ်။”

….

တစ်လကြာပြီးနောက်။

မြောက်ပိုင်းဒေသ တောင်ပေါ်ရွာမှာ အိမ်တိုင်းက မီးပုံးအနီတွေ ချိတ်ထားပြီး အနီရောင် ပိုးချည်စတွေကို ချည်နှောင် ထားကြပါတယ်။

ဖန်မိသားစုရဲ့ အိမ်ဝင်လေးကတော့ အခုချိန်မှာ ကျယ်ပြန့်တဲ့ အိမ်ကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။ တောက်ပတဲ့ အနီရောင် တံခါးက ရွှေနဲ့ ကျောက်စိမ်းတွေကို သုံးပြီး အလှဆင် ထားတဲ့ အပြင် ခြင်္သေ့ရုပ်တုကြီး နှစ်ခုကလဲ တံခါးဝမှာ ရှိနေပါသေးတယ်။ ကျောက်စိမ်းနက်နဲ့ လုပ်ထားတဲ့ ခြင်္သေ့ရုပ်တွေက အရမ်းကို အသက်ဝင်လှတယ်။

အခုချိန်မှာ တော်ဝင် နန်းတော်နဲ့တောင် ယှဉ်လို့ ရတဲ့ အိမ်တော်ကြီး ဖြစ်နေခဲ့ပါပြီ။

ဖန်ကျန်းရှီကတော့ သူ့အိမ်တော်ကို တတ်နိုင်သလောက် ခမ်းနားပြီး ထည်ဝါနေအောင် ပြင်ဆင်နေခဲ့တယ်။ ဒါ့အပြင် အိမ်သာခုံတွေကို ကျောက်စိမ်းအိုးတွေနဲ့ လုပ်ချင်စိတ် အရမ်းကို ပြင်းပြ နေခဲ့ပါတယ်။

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့ကတော့ နည်းနည်း စိတ်ပူ နေခဲ့ကြတယ်။

ဒါပေမယ့် ဧကရာဇ်အသစ် လင်းယွမ် ပြုံးပျော် နေတာကို မြင်ချိန်မှာတော့ သူတို့ရဲ့ စိုးရိမ်မှုတွေ ပျောက်ကွယ် သွားခဲ့ပါတော့တယ်။

“ကောင်လေး။ ဒီလောက်ကြီး ထည်ဝါနေတာ အဆင်ပြေလို့လား။” ရွှမ်ယွမ်ဝူကတော့ နန်းတော် မုခ်ဝလောက် ရှိနေတဲ့ အိမ်တော် နံရံတွေကို ကြည့်ရင်း အတော်လေး ရင်ခံ နေခဲ့တယ်။

“မင်းက ငါ့ကို သိုသိုသိပ်သိပ် နေစေချင်တာလား။ မဖြစ်နိုင်ဘူး။ ဒါနဲ့ လင်းယွမ်က ငါ့ကို ညလင်းပုလဲ ၃၀၀၀ ပေးမယ် ပြောထားတယ် မလား။ ဘာလို့ မရောက်သေးလဲ။ ကတိမတည်တာလား။” ဖန်ကျန်းရှီ ပြောရင်း လင်းယွမ် ဘက်ကို လှည့်သွားခဲ့တယ်။

“အဆင့်နိမ့်။” ရွှမ်ယွမ်ဝူ ခေါင်းခါရင်း သုံးသပ် ပြီးချိန်မှာပဲ ချက်ခြင်း ထပြောတော့တယ်။ “ဟေ့ကောင်လေး ငါ့ကို ညလင်းပုလဲ ၃၀၀လောက် ပေးပါလား။”

“ထွက်သွား။”

ဖန်ကျန်းရှီက ချက်ခြင်း လက်ခလယ် ထောင်ပြပါတယ်။ အဲ့ဒီ့နောက် လင်းယွမ် အခန်းဝကို ရောက်ချိန်မှာပဲ လူနှစ်ယောက် တံခါးပေါက်ဝမှာ ရောက်တာကို တွေ့လိုက်ရတယ်။

နှစ်ယောက်စလုံးက တစ်ခုခုကို စောင့်နေကြပုံပါပဲ။ ရန်ရွှယ်နဲ့ ချင်းရိ။

“..” ဖန်ကျန်းရှီကတော့ သူတို့ကို ကြည့်ရင်း ချောင်းဟန့်လိုက်မိတယ်။ နှစ်ယောက်စလုံးက ချက်ခြင်း ဖန်ကျန်းရှီကို ဘက်ကို လှည့်လာခဲ့သလို ချင်းရိက သူ့လက်ကို ပြန်ဆွဲယူလိုက်တယ်။

ရန်ရွှယ်ကတော့ လွှတ်မပေးပဲ လက်မောင်းချင်းချိတ်ပြီး ပြောလာပါတယ်။

“နောက် ၂ရက် အတွင်း အနောက်ပိုင်းလျန်ကို ပြန်တော့မယ်။”

“ဒီလောက် မြန်လား။”

“မြန်တယ်။ ငါ ပြောထားပြီးပြီ မလို့ သူတို့လဲ ပြင်ဆင်နေကြပြီ။”

“ဘာအတွက်လဲ။”

“ငါမင်းကို အနောက်လျန်က စစ်မြင်း တစ်သောင်း မင်္ဂလာ လက်ဖွဲ့ ပေးထားပြီးသား။ မင်း အသုံးမလိုမှတော့ ငါ့ကို ရက်နည်းနည်းလောက် ပြန်ငှားပေးလိုက်လေ။” ရန်ရွှယ် ပြုံးပြရင်း ဆက်ပြောတယ်။

“ဒီတော့ ငါ့ အိမ်မှာ လဝက်လောက် စားသောက်ထားတဲ့ မြင်းတွေ မင်းကို ပြန်ပေး ရအုန်းမယ် အပြင် သုခမိန် အဆင့် ဓားပညာရှင် သက်တော်စောင့်ပါ ထည့်ပေး လိုက်ရအုန်းမယ်။ အာ ဟုတ်လား။ မရီးလို့ ခေါ်ရမှာပေါ့။ ပြောစမ်းပါအုန်း။ ဘယ်တုန်းက စတွဲ ဖြစ်တာလဲ။”

“ငါက မင်းထက် အသက်ကြီးတယ်။ မင်းက ချင်းရိကို အစ်မကြီးလို့ ခေါ်ရမှာ။” ရန်ရွှယ် စကားပြန်ပြင်ပေးတယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ ငါကတော့ နှစ်ပြန်ရှုံးသလိုပဲ။”

ဒီအချိန်မှာပဲ ခွာသံတွေကို ကြားလိုက် ရပါတယ်။ ကြီးမားတဲ့ အနီရောင် ယာဉ်တန်းရှည်ကြီး ငါးခုက ရွာထဲကို ဝင်ရောက်လာတယ်။ အခုချိန်မှာတော့ ပွဲတော် တစ်ခုလို ခမ်းနားမှုနဲ့ သက်ဝင်လှုပ်ရှားမှုက ရွာတစ်ခုလုံးကို တက်ကြွ နေစေခဲ့ပါပြီ။

“သတို့သမီးတွေ ရောက်လာပြီ။”

“မြန်မြန် သွားကြည့်ရအောင်။”

“ဟဟား။ ကျန်းရှီကတော့ တကယ် ကံကောင်းတာပဲ။”

ရွာသားတွေ ပြေးထွက် လာခဲ့ပါတယ်။

“ကံကောင်းတယ် ဟုတ်လား။ ဒီငါးယောက်မှာ ဘယ်သူကမှ လွယ်မနေဘူး။” ဖန်ကျန်းရှီလဲ ခါးသက်သက်နဲ့သာ ကြည့်နေခဲ့ရတယ်။

ပထမဆုံး ရောက်လာသူတော့ သံမဏိ သံချပ်ကာ အစောင့်တပ်တွေနဲ့ နတ်ဆိုး ကျောင်းတော်က ဝေါယာဉ်ပါ။ မြောက်ပိုင်းဒေသ နယ်စားမင်းချီက အားလုံး ရှေ့မှာ ရပ်ရင်း ပန်းတစ်ပွင့်လို ပြုံးပြုံးကြီး ရှိနေခဲ့တယ်။

နောက်ဘက်မှာတော့ အပြိုင်လာနေတဲ့ ဝေါယာဉ် လေးခု ရှိပါတယ်။

ကြီးမြတ်သော ရှနိုင်ငံတော် လင်းမုပိုင်အဖွဲ့။

အရိပ်မျိုးနွယ် အဖွဲ့။

တောင်ပိုင်းဒေသ အဖွဲ့နဲ့ အံ့သြစရာ အကောင်းဆုံး ကောင်းကင် အဖွဲ့။

ကြီးမားတဲ့ အရောင်မတူ သားရဲကောင်ကြီး ကိုးကောင်က ရွှေရောင် လှည်းကြီးကို လေထဲမှာ ဆွဲရင်း ပျံသန်းလာခဲ့တယ်။ အနောက်ဘက်မှာလဲ ကြီးမားတဲ့ သတ္တဝါကြီးတွေ အမြောက်အများ ပါနေခဲ့ပါတယ်။

နှင်းဖြူရောင် ဝတ်ရုံနဲ့ ဧကရီ ပိုင်ကျစ်က ကိုယ်လုံးပေါ်အောင် ဝတ်စားလာရင်း အားလုံး ရှေ့မှာ ရှိနေခဲ့တယ်။ ဖန်ကျန်းရှီကို သူအရင်ဆုံး စကား စပြောတယ်။

“ဖန်ကျန်းရှီ ငါ့မှာ တောင်းဆိုစရာ တစ်ခု ရှိတယ်။ ဒီနေ့ ချင်းဝူ အခန်းတံခါးကို အရင်ဆုံး ဖွင့်ရမယ်။”

“ဘာဖြစ်လို့ နင့်သမီးကို ရွေးရမှာလဲ။ လင်းယွမ် မျှော်စင်ကို အခွံသက်သက် ထင်လို့လား။” ချင်းယွိက ဝင်အော်တယ်။

ချက်ခြင်း ဆိုသလို ငွေရောင် အလင်းတန်း တစ်ခု အသွင်နဲ့ သူမ ပြေးထွက် လာခဲ့ပါတယ်။

“နင်က ငါ့ကို ရိုက်နိုင်မှာလား။” ဧကရီ ပိုင်ကျစ် အထင်သေးတဲ့ အသံနဲ့ ပြန်ဖြေတယ်။

“ငါရိုက်နိုင်တယ်။” အရှေ့ဆုံး လှည်းကနေ အသံ ထွက်ပေါ်လာပြီး အားလုံးကို တိတ်ဆိတ် သွားစေခဲ့တယ်။

ဒါကတော့ ချီကူယန်ပါ။ သူမ လှည်းကနေ ထွက်မလာပေမယ့် စကား တစ်ခွန်းတည်းနဲ့တင် အားလုံးကို ပါးစပ်ပိတ် သွားအောင် လုပ်နိုင်ခဲ့တယ်။

နယ်စားမင်းချီကတော့ ဂုဏ်ယူဝံ့ကြွားမှု အပြည့်နဲ့ ခေါင်းမော့ရင်ကော့ နေခဲ့ပါပြီ။

(ဟမ့်။ မင်းတို့ ကိုယ် မင်းတို့ အဟုတ်မှတ်နေ ကြတယ်ပေါ့။ ကြီးမြတ်သောရှရဲ့ မင်းသမီး။ နတ်ဆိုး အရှင်သခင်ငယ်။ အရိပ်မျိုးနွယ် ခေါင်းဆောင်။ တောင်ပိုင်းဧကရီ။ မင်းတို့ဘာ မင်းတို့ ဘာကောင်ပဲ ဖြစ်နေပါစေ ငါ့တစ်ဦးတည်းသော သမီးလေးနဲ့ ယှဉ်လိုက်ရင် အားလုံးက နောက်မှာပဲ။)

သူ ထုတ်တော့ မပြောခဲ့ပါဘူး။

ဖန်ကျန်းရှီကတော့ အမျိုးသမီး ငါးယောက်ကို တပြိုင်နက်တည်း ကိုင်တွယ်ရမယ့် အကြောင်း တွေးတောရင်း အတော်လေးကို မျက်နှာပျက် နေခဲ့တယ်။

ချီကူယန်ကိုက မဖြစ်မနေ လက်ထပ်ရမယ်။ ပင်းယန်ကလဲ သူ့ကို ဘယ်လို ဖြစ်ဖြစ် လက်ထပ်ချင် နေတာကြောင့် ရွေးစရာ မရှိခဲ့ဘူး။

ဝူယွဲ့အာကတော့ လက်ထပ်မယ် မပြောမချင်း ဆက်တိုက် ငိုနေတယ်။ ယွင်ချင်းဝူနဲ့ တောင်ပိုင်း ဧကရီကတော့ ပိုလို့တောင် ဆိုးနေသေးတယ်။

ယွင်းချင်းဝူကို လောက ငြိမ်းချမ်းရေး အတွက် လက်ထပ် ရတာက ကျိုးကြောင်း သင့်တော်တယ်။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ လောကမှာ ရပ်တည်နိုင်ဖို့ ကူညီရေး အတွက် ကိစ္စ မရှိဘူး။ ရှန်းယွီကတော့ ကွာခြားတယ်။

ချန့်ယန်းတောင် တိုက်ပွဲ အချိန်တွေမှာ သူမက သူ့မိဘတွေကို ဆက်တိုက် စောင့်ရှောက် ပေးခဲ့တဲ့ အပြင် သူ့မိဘတွေကလဲ သူမကို ချွေးမ တော်ချင်ကြတယ်။ သူပြန်လာ ပြီးချိန်မှာတော့ ကိစ္စတွေက ထိန်းမရအောင် ဖြစ်နေခဲ့ပြီ။

“ဒီငါးယောက်ကို ဘယ်လို ထိန်းရတော့မှာလဲ။”

“မာကျောက် ဆော့ဖို့ဆို တစ်ယောက် ပိုနေတယ်။ ငါးယောက် ဆော့လို့ ရမယ့် ကစားနည်းများ မရှိဘူးလား။” ဖန်ကျန်းရှီ တကယ်ပဲ အရင်လောကက အချိန်တွေကို လွမ်းနေမိတယ်။ ဒီနေရာကြီးက ကောင်းနေပင်မယ့် သူ့စိတ်ထဲမှာတော့ လစ်ဟာ နေဆဲပါ။

…

တောက်ပနေတဲ့ ညမီးတွေ အောက်မှာ ခမ်းနားတဲ့ လက်ထပ်ပွဲကြီး စတင် ခဲ့ပါပြီ။ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲတို့က မိဘ နေရာမှာ ထိုင်နေခဲ့ကြပြီး ပျော်လွန်းလို့ ပါးစပ် မစေ့နိုင်အောင် ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ချွေးမ ငါးယောက်ကတော့ အခုချိန်မှာ ဒူးထောက နေခဲ့ကြပါတယ်။

“ယန်လေး။ ပင်းယန်၊ ချင်းဝူ။ ယွဲ့အာ။ ရှန်းယွီ အားလုံး ထကြပါ။”

“အမေ့ကို ကျေးဇူးတင်ပါတယ်။ အဖေ့ကို ကျေးဇူးတင်ပါတယ်။”

“မောင်ကြီး(ခင်ပွန်း)ကို ဂါရဝပြုပါတယ်။”

“ချစ်ဇနီးတို့ကို ဂါရဝပြုပါတယ်။” ဖန်ကျန်းရှီ ပြန်ဦးညွှတ်လိုက်တယ်။

အခုချိန်မှာတော့ အခမ်းအနား ပြီးမြောက်ခဲ့ပြီ။

လက်ထပ်ပွဲက ကြာမြင့်တဲ့ အပြင် လောက တစ်ခွင်က ဧည့်သည်တွေ လာရောက်တာကြောင့် ဖန်မိသားစု အိမ်တော် တစ်ခုလုံး အရမ်းကို ပျော်ရွှင်မှုတွေ ပြည့်နှက် နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရွေးရခက်မယ့် ညအချိန်ကို ရောက်ရှိ လာခဲ့တော့တယ်။

ဖန်ကျန်းရှီမှာ ရွေးစရာ ငါးလမ်း ရှိနေပင်မယ့် အရမ်းကို တွေေ၀ နေခဲ့တယ်။ ချီယို့နဲ့ တိုက်ခိုက်ချိန်တုန်းက ထက်တောင် သူ့အတွက် ပိုပြီး ခက်ခဲ နေခဲ့ပါတယ်။

အခုချိန်မှာ မှားသွားရင် အခုကနေ စပြီး ညတိုင်း နာကျင်ရလိမ့်မယ်။

“ယန်လေးက အကောင်းဆုံး။ ချင်းဝူလဲ ရတယ်။ ပင်းယန်လဲ အဆင်ပြေတာပဲ။ ယွဲ့အာကတော့ ငါ့ကို ကျေနပ်အောင် လုပ်မယ့် နည်းလမ်း သိတယ်။ ရှန်းယွီကတော့ တကိုယ်လုံး ကောင်းတယ်။ ဘယ်သူ့ကို ရွေးရမလဲ။”

အဆုံးမသတ်နိုင်တဲ့ စိတ်ရှုပ်ထွေးမှုကို သည်းခံရင်း ၁၅မိနစ် စောင့်ဆိုင်း တွေးတော ပြီးချိန်မှာတော့ ဖန်ကျန်းရှီ နားလည် သွားပါတော့တယ်။

သူ့မှာ ဘယ်တုန်းကမှ ရွေးချယ်စရာ မရှိခဲ့ဘူး။ အားလုံးက အတုအယောင် သက်သက်ပဲ။

“ကောင်းပြီ။ ရွေးချယ်စရာ မရှိမှတော့ သွားကြတာပေါ့။” ဖန်ကျန်းရှီ အလယ် အခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပါတယ်။

တောက်ပတဲ့ အနီရောင် ဖယောင်းတိုင်တွေက လင်းနေခဲ့တယ်။

“ယန်လေး ငါ။” ဖန်ကျန်းရှီ အခန်းထဲ ဝင်လာချိန်မှာပဲ စကားရပ်သွားခဲ့တယ်။ ချီကူယန်ရဲ့ အခန်းထဲမှာ ငါးယောက်က တန်းစီပြီး ထိုင်နေခဲ့ပါတယ်။ ဒါ့အပြင် အားလုံးကလဲ ပုဝါတွေ အုပ်ထားခဲ့တယ်။

“ငါသိသားပဲ။ မမယန်လေး အတော်ဆုံး။ ဒီကောင်စုတ် မမအခန်း လာမယ်ဆိုတာ ချက်ခြင်း သိတယ်။”

“ဟုတ်တယ်။ မမယန်လေးက တော်တယ်။” ဝူယွဲ့အာ ချက်ခြင်း ခေါင်းငြိမ့်တယ်။

“မမယန်လေးက ငါတို့ ခေါင်းဆောင် ဖြစ်သင့်တယ်။” ရှန်းယွီလဲ ပါလာခဲ့ပါတယ်။

ယွင်ချင်းဝူကတော့ တိတ်ဆိတ် နေရင်းနဲ့သာ အတည်ပြုတယ်။

“သူ တခြား နေရာကို မသွားရဲဘူး။” ချီကူယန်က ပုဝါကို ချက်ခြင်း ဖယ်လိုက်ရင်း ဖန်ကျန်းရှီကို တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။

“ဟဟား။” ဖန်ကျန်းရှီကတော့ တောက်တောက်ပပ ရယ်မောရင်း ပြန်ပြောတယ်။ “မင်းတို့ ငါးယောက်က အတူတူ လုပ်မလို့လား။”

“ဘာလဲ။ နင်က ငါတို့ကို မထိန်းနိုင်ဘူးလား။”

“သေချာပေါက် ထိန်းနိုင်တာပေါ့။”

“ဒါဆို ဘာလို့ စောင့်နေတာလဲ။”

“ဟဟား။ ချစ်ဇနီးတို့ရေ ကိုယ်လာပြီ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ စိတ်ညစ်စရာ မလိုတော့မှန်း နားလည် သွားခဲ့ပါတယ်။ ချီကူယန် ရှိနေသရွေ့ အားလုံးကို သူစီစဉ် ပေးလိမ့်မယ်။

“ဒေါက်ဒေါက်။” သူခုန်အုပ်တော့မယ့် အချိန်မှာပဲ တံခါးကို လူတစ်ယောက်က လာခေါက်တယ်။

“ဘယ်သူလဲ။” ဖန်ကျန်းရှီ ဒေါသထွက်သွားခဲ့တယ်။

(ဒီလို အချိန်မှာမှ လာရသလား။ မင်း တံခါးကိုတောင် ပျက်အောင် လုပ်တော့မလို့လား။)

“အရှင်သခင် ပြဿနာ တက်နေပါတယ်။ လူတစ်ယောက် ကျူးကျော်လာတယ်။ သူ့ကို ကျွန်တော်တို့ မတားနိုင်ဘူး။” နတ်ဆိုး ကျောင်းတော်ရဲ့ စစ်သည်တော်က သတင်းပို့ လာခဲ့တယ်။

“မင်းတို့ မတားနိုင်တဲ့သူက ငါ့အိမ်တော်ထဲကို ဝင်လာတယ်လား။” ဖန်ကျန်းရှီ လန့်သွားခဲ့တယ်။ အခုချိန်မှာ ရာချီတဲ့ မိစ္ဆာ နတ်ဆိုးတွေနဲ့ အုပ်ချုပ်သူတွေ အကုန်လုံး သူ့အိမ်မှာ ရှိနေခဲ့တယ်။

ဘယ်သူကမှ ကျူးကျော်ဝံ့မှာလဲ။

“အဲ့ဒီ့ လူက အင်အားကြီးလွန်းတဲ့ အပြင် လက်မြှောက်လိုက်ရုံနဲ့ နတ်သခင်တွေ၊ အရှင်ချင်းယွိနဲ့ ဧကရီ ပိုင်ကျစ်ကိုပါ မလှုပ်နိုင်အောင် လုပ်နိုင်ပါတယ်။”

“ဘာကြီးလဲ။ နောက်ထပ် အင်အားကြီး ခွေးသား တစ်ကောင် အသက်ဝင်လာပြန်တာလား။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ အဲ့ဒီ့ လူကို အထင် မသေးဝံ့တော့ ပါဘူး။

(ဧကရီ ပိုင်ကျစ်တောင် မတားနိုင်ရင် ဘယ်လို ဖြစ်မလဲ။)

ဘန်း။ အသံကျယ်ကြီးကို ကြားလိုက်ချိန်မှာတော့ ဖန်ကျန်းရှီ မတွေေ၀ ဝံ့တော့ပါဘူး။

“ချစ်ဇနီးတို့ ကိုယ့်ကို ခဏစောင့်။ ပြန်လာခဲ့မယ်။” ဖန်ကျန်းရှီ ချက်ခြင်း ထွက်သွား ပါတော့တယ်။

(မင်္ဂလာဦးည အချိန် တစ်စက္ကန့်က ဒေါ်လာတစ်ထောင်တန်တယ်။ မင်းက ငါ့ကို လာနှောက်ယှက်မှတော့ ငါမင်းကို သတ်ပြစ်မယ်။)

အပြင်ကို ရောက်သွား ချိန်မှာတော့ လရောင်အောက်မှာ ရပ်နေတဲ့ ပိန်ပိန်ပါးပါး ရေညှိစိမ်းရောင် ဝတ်ရုံရှင်ကို တွေ့လိုက် ရပါတော့တယ်။ အသက် ၂၀ ဝန်းကျင် ဒီလူက ပြုံးနေခဲ့တယ်။

“ငါ အချိန်တွက်ပြီး လာတာ မင်းမင်္ဂလာဦး ညလယ်မှာ ရောက်နေမှန်း သိတယ်။ နှောက်ယှက်တဲ့ အတွက် စိတ်တော့ မဆိုးဘူးမလား။”

“စိတ်ဝင်စား စရာပဲ။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။ (ခွေးမသား မင်းက ပြဿနာ လာရှာနေတာပဲ။)

“မင်း ဒေါသထွက်နေတာလား။”

“ဟုတ်တယ်။”

“တိုက်ခိုက်ချင်လား။” ဖန်ကျန်းရှီ ဒေါသ ထွက်နေမှန်း သိတဲ့ အတွက် သူပြောတယ်။

“တိုက်ခိုက်မယ်။ ဒါပေမယ့် ငါ့ အိမ်က အပင်တွေကို မပျက်ဆီး စေချင်ဘူး။ ကောင်းကင်ပေါ် ပျံနိုင်လား။” ဒီလောက် အကျင့်မကောင်းတဲ့ ကောင်ကို ဖန်ကျန်းရှီ မြင်ဖူးတာ ပထမဆုံးပါ။

“ရတာပေါ့။ ကောင်းကင်ပေါ်မှာ ငါနေတာလေ။” လူငယ်က သူ့ဘာသူ ဆက်ပြောနေတယ်။ “လထွက်လာချိန်မှာ ကောင်းကင်ကို အရက်ခွက်လေး မြှောက်ရင်း ငါမေးမိတယ်။ ကောင်းကင်မှာ ဘယ်နေ့များ ဖြစ်နေမလား။ စုန့်မင်းဆက် စုရှီ။ ဟုတ်သား။ ဒီကဗျာ အကြောင်း သီချင်းလဲ ရှိတယ်လေ။ မင်း အဆိုတော ဝမ်ဖုန်းကို ကြိုက်လား။”

ဖန်ကျန်းရှီ တောင့်တင်း သွားပါတော့တယ်။

“စုန့်မင်းဆက် စုရှီ။”

“ဝမ်ဖုန်း။ ရင်းနှီးတဲ့ နာမည်တွေ။”

ရွှမ်နူပြောတုန်းက ဒါမျိုးကို ကြားခဲ့ပေမယ့် အဖြေ မရခဲ့ပါဘူး။

“မင်း ဘယ်သူလဲ။”

“ငါ့နာမည်က လင်းယိ။”

“မင်းဘယ်ကလာလဲ။”

“ခန့်မှန်း မနေနဲ့ ။ မင်းနဲ့ငါ လာတဲ့ နေရာ အတူတူပဲ။ ငါက ဒီလောကကို ဖန်ဆင်းပေး ထားတဲ့သူ။”

“မင်း ဖန်တီးထားတာလား။” ဖန်ကျန်းရှီ ဒါမျိုးတွေကို လွန်ခဲ့တဲ့ ၂လကသာ ကြားခဲ့ရင် ယုံမှာ မဟုတ်ပေမယ့် အခုတော့ သူမပြောနိုင် တော့ပါဘူး။

(ငါနဲ့ နေရာတူကနေ လာတဲ့သူက လောကကို ဖန်တီးနိုင်တယ်။ ဒါကြောင့် အရင်ဘဝက အသိပညာရှင် ကျော်ကြားတဲ့ စကားတွေကို ကြားနေ ရတာပေါ့။ အားလုံးက တစ်ခုတည်း ပေါင်းသွားတယ်။ တာအို နိယာမ။)

“မင်းငါ့နောက်ကို လိုက်ပြီး ကမ္ဘာ တစ်ခု ဖန်တီးရင်း အမတ ဘဝကို ရချင်လား။” လင်းရိက နေရာတစ်ခု ရှာထိုင်ရင်း ပြောလိုက်တယ်။ အဲ့ဒီ့နောက် ကျောက်တုံး စားပွဲ တစ်ခုနဲ့ ဝိုင်ပုလင်းတွေ ဝိုင်ခွက်တွေကို ဖန်တီး လိုက်ပါတယ်။

“လောကကို ဖန်ဆင်းရုံနဲ့ အမတ မသေမျိုး ဘဝကို ရတယ်လား။” ဖန်ကျန်းရှီ ချက်ခြင်း ဝိုင်သောက်ရင်း မေးတယ်။ ခွက်ထဲက ဝိုင်တွေ ကုန်သွားချိန်မှာ လင်းရိက ပြန်ဖြည့်ပေးပါတယ်။

“ဒါပေမယ့် မင်းလိုတော့ မဖြစ်ချင်ဘူး။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“မင်း မသေမျိုး မဖြစ်ချင်းဘူးလား။ မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ လောကတစ်ခု ဖန်တီးဖို့ မခက်ပါဘူး။ လောက ဖြစ်တည်မှုကို နားလည် နေပြီး အားလုံးကို ဖန်ဆင်း နိုင်နေပြီပဲ။ အချိန် နှစ်ဆယ်သန်းလောက် ရရင် ကိုယ်ပိုင် လောက ဖန်တီး နိုင်မှာ သေချာတယ်။”

“အလုပ်ရှုပ်လွန်းတယ်။”

“ဟုတ်လား။”

“ဟုတ်တယ်။ အလုပ်ရှုပ်တယ် မထင်ဘူးလား။ ကျောက်တုံးကို တောင်ဖြစ်အောင် လုပ်။ သစ်ပင်ကို သစ်တော ဖြစ်အောင်လုပ် နေရတာ အချိန်ကုန်တယ်။ ဒါ့အပြင် အချိန်ဖြုန်းရာလဲ ရောက်တယ်။ မင်းလို မပြည့်မစုံ လောကကို ဖန်တီးပြီး စွမ်းအား ဖြုန်းတီးတာမျိုး ငါမလုပ်ဘူး။”

“မင်း သေချာ နားလည်တဲ့ ပုံပဲ။ ဒါပေမယ့် ကိုယ်ပိုင် လောက မရှိရင် ထာဝရ မရှင်သန်နိုင်ဘူးနော်။”

“ကောင်းပြီ။ ဖန်တီးစရာ မလိုဘူးလေ။”

“မင်း ဘာတွေ တွေးနေတာလဲ။” လင်းရိ အခုချိန်မှာတော့ အတော့်ကို စိတ်ဝင်တစား မေးလိုက်တယ်။

“တစ်ခုလောက် ဓားပြတိုက် လိုက်မယ်လေ။” ဖန်ကျန်းရှီ ခပ်ရှင်းရှင်းသာ ပြန်ဖြေတယ်။

“ဟဟား။” လင်းရိ အရမ်းကို အူလှိုက်သည်းလှိုက် ရယ်မောရင်း ဝိုက်အရက်ကို သောက်လိုက်တယ်။

“ဘယ်တစ်ခုကို ဓားပြတိုက်မှာလဲ။”

“တခြား ဘာထပ်ရှိအုန်းမလဲ။”

“ဒီတစ်ခုကတော့ မလွယ်ဘူးနော်။”

“ဘယ်လောက်များ ခက်မှာလဲ။”

“ငါပြောပြမယ်။ အရင်တုန်းက ငါလဲ မင်းလို စိတ်ကူး ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ထိုက်ပိုင်က ငါ့ကို လုံး၀ သဘောမတူဘူး။ (ငါတို့တွေက တစ်မြေတည်းနေ တစ်ရေတည်းသောက် သူတွေ ဘာကြောင့်များ တစ်ယောက်နဲ့ တစ်ယောက် ဒီလို တိုက်ခိုက် နေရမှာလဲ။) အဲ့ဒီ့နောက် ငါကိုယ်တိုင် ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူးလေ။” လင်းရိ ဆက်မပြောတော့ပါဘူး။

“ထိုက်ပိုင်က ဘယ်သူလဲ။”

“လူကြီး တစ်ယောက်ပါ။”

“ဒါဆိုရင် ငါတို့နှစ်ယောက် ပူးပေါင်းပြီး အလုပ်လုပ်မယ် ဆိုရင် ဘယ်လို ဖြစ်မလဲ။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“ဟီးဟီး။” လင်းရိကတော့ လက်ဝါး နှစ်ဖက်ကို ပွတ်ရင်း တလက်လက် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ပြန်ဖြေလိုက်တယ်။

“ကောင်းကောင်း ပြင်ဆင် ရမှာပေါ့။ ဘယ်တော့ လုပ်ကြမလဲ။ ငါ လမ်းပြပေးမယ်။ တကယ်တော့ ငါမလာခင် ပြင်ထားပြီးသား။”

“ဇူလိုင်လ ၁၀ရက်နေ့။”

“ဘာလို့ အဲ့ဒီ့နေ့လဲ။”

“အဲ့ဒီ့နေ့ ရာသီ ဥတုကောင်းတယ်လေ။” ဖန်ကျန်းရှီ ရှင်းမပြတော့ပါဘူး။ ကောင်းကင်ကို မော့ကြည့်ရင်း သူပြောလိုက်တယ်။

“ကမ္ဘာမြေရေ။ ငါလာမယ်။”

အပိုင်း (၁၁၁၇) ပြီး၏။

(Wang Feng - သက်ရှိ ထင်ရှားရှိနေဆဲ အဆိုတော်။)

ပြီးပါပြီ။

All Chapters