အပိုင်း (၁၀၉၁-၁၁၀၀)
Vol. 11 Ch. 1091-1100
အပိုင်း (၁၀၉၁)
“နတ်သခင် အဆင့် ပြန်လည် မွေးဖွားမှု။”
…
အားလုံးကတော့ ချီကူယန်ကို ကြည့်နေခဲ့တယ်။ ရှင်းထျန်း ဒီလို ရိုက်နှက်ခံရတာ ပထမဆုံး အကြိမ်ပါ။ ဒါ့အပြင် ရှင်းထျန်းရဲ့ ခန္ဒာကိုယ်ကတောင် လွင့်ထွက် သွားခဲ့သေးတယ်။ အင်အားကြီး လွန်းလိုက်တာ။
ချုံးချီတောင်မှ ဒါကို မြင်ချိန်မှာ လုံးဝကို စကား မပြောနိုင် ဖြစ်နေခဲ့တယ်။
“မမယန်လေး။” ပင်းယန်က အတော်လေးကို အံ့သြ ကျေနပ်နေခဲ့တယ်။ ချီကူယန်ကို သူမ အော်ဟစ် ချီးမွမ်း လိုက်ချင်ပေမယ့် အခုချိန် သူတို့ နောက်မှာ အလစ် ဝင်တိုက်ဖို့ ရှိနေတဲ့ ထျောင်ဝူကိုလဲ လျစ်လျူရှုလို့ မရနိုင်ခဲ့ဘူး။
“ဝုန်း။” ပင်းယန်နဲ့ ရန်ရွှယ် နှစ်ယောက် စလုံးက တပြိုင်နက်တည်း တိုက်ခိုက်ကြတယ်။ အားလုံး လန့်နေ ကြချိန်မှာပဲ ထျောင်ဝူကို ဘယ်ညာ နှစ်ဖက်ကနေ သူတို့ တိုက်ခိုက်ခဲ့တယ်။
ထျောင်ဝူကတော့ တကိုယ်လုံး တုန်ယင် သွားခဲ့တယ်။ သူ့ရဲ့ အလစ်ဝင်တိုက်မှုက မအောင်မြင်ခဲ့ဘူး။ လူနှစ်ယောက်ရဲ့ ပေါင်းစည်း ခုခံမှုကြောင့် နောက်ကို ပြန်ဆုတ် လာခဲ့ရတဲ့ အပြင် ခေါင်းကိုတောင် လက်သီးနဲ့ အထိုးခံခဲ့ရ ပါသေးတယ်။
“ဝေါင်း။” ထျောင်ဝူ ကိုယ်ကို ကိုင်းချလိုက်ပြီး နောက်တစ်ခေါက် ခုန်ပျံတက်ဖို့ အသင့် ဖြစ်နေခဲ့တယ်။ ပင်းယန်နဲ့ ရန်ရွှယ်ကတော့ သူ့ကို တစ်ချက်လေးတောင် မညှာတာ ခဲ့ဘူး။ နှစ်ယောက် စလုံးက အတူတူ ထျောင်ဝူကို တိုက်ခိုက်ကြတယ်။
သူတို့ရဲ့ ပြိုင်ဘက်က ရှေးဟောင်း သားရဲကောင် လေးကောင်ထဲက တစ်ကောင် ဖြစ်နေတာတောင် မကြောက်လန့် ခဲ့ဘူး။ တိုက်ပွဲက နောက်တစ်ကြိမ် စတင် ပြန်တယ်။
မြွေအမြီးကြီးနဲ့ ရိုက်ချ ခံလိုက်ရတဲ့ ရှင်းထျန်းကတော့ ဖုန်တွေကို ခါရင်း ပြန်ထလာ ခဲ့ပါတယ်။ နောက်ထပ် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက် ရပြီးနောက် ဒိုင်းနဲ့ ပုဆိန်ကို သုံးပြီး သူပြန်ထတယ်။
ရှင်းထျန်းက ထွက်မသွားခဲ့ဘူး။
သူ့ပြစ်မှတ်ကို အတည်ပြု ပြီးတာနဲ့ ချက်ခြင်း တိုက်ခိုက်တယ်။
“တိုက်ခိုက်။” ရှင်းထျန်း ဟိန်းဟောက်ရင်း ချီကူယန့်ဆီကို ပြေးဝင် လာခဲ့ပါတယ်။ ပုဆိန်ကြီးကို မြှောက်လိုက်ရင်း ချီကူယန်ကို ရိုက်ချဖို့ လုပ်တယ်။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူ့ပုခုံးကို ဒိုင်းနဲ့ ကာကွယ်ထားခဲ့တယ်။ သူသင်ခန်းစာ ရသွား ပုံပါပဲ။
ချီကူယန်ကတော့ ဖြူဖျော့ နေခဲ့တယ်။ ရှင်းထျန်းရဲ့ တိုက်ခိုက်မှုကို အားကုန်သုံး ခုခံ ပြီးတဲ့နောက် ချီကူယန်က အတော့်ကို အင်အား ကုန်ခမ်း နေခဲ့ပြီ။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့နောက်မှာ လဲကျ နေခဲ့တဲ့ အတွက် နောက်မဆုတ် နိုင်ခဲ့ဘူး။
ချုံးချီကတော့ အရမ်းကို အေးစက် နေခဲ့တယ်။ အရာအားလုံးက အစီအစဉ် အတိုင်း ဖြစ်လာခဲ့ပြီ။ ချီကူယန်၊ ဖန်ကျန်းရှီနဲ့ တခြားသူတွေ အားလုံးက ရှင်းထျန်းကို တိုက်ခိုက်ရင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကုန်ကြတယ်။
ဒါ့အပြင် ဖန်ကျန်းရှီကိုလဲ ရှင်းထျန်းက ပြစ်မှတ်ထားနေသေးတယ်။ ဒီရလဒ်က သူထင်ထားထက် ပိုပြီးတော့တောင် ကောင်းမွန်တယ်။
ချီကူယန်က အတားအဆီး ဖြစ်နေခဲ့ပင်မယ့် သာမာန် အတားအဆီးလေး တစ်ခုပဲ။ ဖယ်ရှားပြစ်နိုင်ဖို့ အချိန်သာ လိုအပ်တယ်။
မမျှော်လင့် ထားပဲ ရူးသွပ်နေတဲ့ ရှင်းထျန်းနဲ့ တစ်ဖွဲ့တည်း ပေါင်းစည်းပြီး ဖန်ကျန်းရှီကို သတ်ဖို့ သူလုပ်နေ ခဲ့ရပြီ။
“နန်ကုန်းမု။ ဒါက မင်း မြင်ချင်တဲ့ ကိစ္စလား။ အကယ်၍ ဖန်ကျန်းရှီသာ သေသွားခဲ့ရင်၊ မင်းနဲ့ ရှင်းထျန်းက နောက်ထပ် ပြစ်မှတ် ဖြစ်လာလိမ့်မယ်။” မုချင်းဖန်း အသံကို ကြားလိုက် ရပါတယ်။
မုချင်းဖန်းက ဟုန်ယို့ ဦးဆောင်တဲ့ နတ်ဆိုးတွေနဲ့ နတ်သားရဲကောင်တွေ တိုက်ခိုက်တာကို တားဆီး နေခဲ့ရတယ်။
သေခြင်းတရားက ကြမ္မာဖန်လာပြီ။ လွတ်မြောက်လမ်း မရှိတော့ဘူး။ ဒါပေမယ့် သူလက်မခံနိုင်ဘူး။ သေရမှာကို သူမကြောက် ပေမယ့် လူသား မျိုးနွယ် တစ်ခုလုံး နတ်ဆိုး မိစ္ဆာတွေ လက်ထဲမှာ ပျောက်ကွယ် သွားမှာကို သူမလို ချင်ဘူး။
“ငါ။” နန်ကုန်းမု အမူအယာ ပြောင်းလဲ သွားပါတယ်။
ဖန်ကျန်းရှီက သူ့ကို အသုံးချပြီး ရှင်းထျန်းကို ထိန်းချုပ်ဖို့ လုပ်ခဲ့တဲ့ အတွက် သူတကယ့်ကို ဒေါသထွက် ခဲ့တယ်။ ဖန်ကျန်းရှီကို သူသတ်ချင်တယ်။ ဒါပေမယ့် မုချင်းဖန်းရဲ့ စကားတွေကြောင့် သူချက်ခြင်း အသိပြန်ဝင်သွားတယ်။
(ဖန်ကျန်းရှီသာ သေသွားရင် ငါနဲ့ ရှင်းထျန်းက နောက်ထပ် ပြစ်မှတ် ဖြစ်လာမှာပဲ။)
နန်ကုန်းမုက အရူး မဟုတ်ခဲ့ဘူး။ မုချင်းဖန်း ပြောတာကို နားမထောင် ချင်ပေမယ့်၊ မမှားမှန်း သူသိနေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီ သေတာကိုသာ အတည်ပြုနိုင် သွားရင် တခြား လူသားတွေလဲ သေကြရ လိမ့်မယ်။ နတ်ဆိုး မိစ္ဆာတွေရဲ့ အန္တရာယ်ကို တားဆီးနိုင်ဖို့ သူနဲ့ ရှင်းထျန်းသာ ကျန်ခဲ့မယ်။
မိစ္ဆာ နတ်ဆိုး အားလုံးကို ရှင်းထျန်းက အနိုင်ယူနိုင်မှာလား။
နန်ကုန်းမု ဒီမေးခွန်းကို တွေးဖို့ လိုအပ် နေခဲ့ပြီ။ ဒါပေမယ့် သူပိုပြီးတော့ တွေးလေလေ ပိုပြီး စိတ်ရှုပ်ထွေး လာလေ ဖြစ်နေခဲ့တယ်။ အခုချိန်မှာ သူ့ကိုယ်သူ ရူးတော့မယ်လို့တောင် ထင်နေခဲ့မိတယ်။
“အား။” နန်ကုန်းမု ဒေါသတကြီးနဲ့ ဟိန်းဟောက်တယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ သူရှိနေပြီး ဘာလုပ်လုပ် သူ့အတွက် အရှုံးချည်း ဖြစ်နေခဲ့တယ်။ အခုချိန်မှာ အတွေး နှစ်ခုက သူ့ခေါင်းထဲမှာ လွန်ဆွဲ နေကြပြီး ခေါင်းက ပေါက်ကွဲ ထွက်တော့မလို ဖြစ်နေခဲ့တယ်။
ဒီအချိန်မှာပဲ ရှင်းထျန်းက ချီကူယန် ရှိရာ နေရာကို ရောက်သွား ခဲ့ပြီ။
“ဝုန်း။” ပုဆိန်ကြီးနဲ့ သူခုတ်ချ လိုက်တယ်။ ချီကူယန်လဲ ချက်ခြင်း ခုခံတယ်။ သူမရဲ့ အပြာရင့်ရောင် ဓားရှည်က တဝီဝီ မြည်သံတွေနဲ့ အတူတူ စတင်ပြီး တောက်ပ နေခဲ့ပြီ။
ရှင်းထျန်းရဲ့ တိုက်ခိုက်မှုတွေကို နှစ်ကြိမ် တိတိ ခုခံ ပြီးတဲ့နောက် သူမ ကိုင်ဆောင်ထားတဲ့ ရတနာဓားက နှစ်ပိုင်း ပြတ်သွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျ သွားတော့တယ်။
သူမရဲ့ လက်နက် မရှိတော့တဲ့ အတွက် ချီကူယန်က ပိုပြီးတော့ ဖြူဖျော့ လာခဲ့ပါပြီ။
သူမရဲ့ နှုတ်ခမ်းတွေက ခရမ်းရောင် သန်းနေပြီး အသက်ရှူဖို့ ခက်ခဲ နေခဲ့တယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပြီး မြေပြင်ပေါ်ကို တစက်စက် စီးကျတယ်။
“ဟဟား။ အင်အားကြီး လူသားတွေ အားလုံး သေကုန်၇တော့မယ်။” ချုံးချီက ရယ်မောရင်း ချီကူယန်ကို တိုက်ခိုက်ပါတယ်။
ချီကူယန်ကတော့ နှှုတ်ခမ်းတွေကို ကိုက်ထားခဲ့တယ်။ ရှင်းထျန်းရဲ့ အင်အားကြီး တိုက်ခိုက်မှုတွေကို ခုခံ ပြီးနောက် သူမရဲ့ လက်တွေက ထုံကျင် နေခဲ့တဲ့ အပြင် အတွင်း ကလီစာတွေကလဲ မီးမြိုက် ခံနေရတဲ့ အတိုင်း ပူလောင် နေခဲ့တယ်။
ချုံးချီက ဒီ အခွင့်အရေးကို အသုံးချပြီး သူမကို အလစ်ဝင်တိုက်ဖို့ လုပ်နေသေးတယ်။ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ။
သူမကတော့ အချိန် မရှိတဲ့ အတွက် အများကြီး မတွေးနိုင် ခဲ့ဘူး။ ကြီးမားတဲ့ မြွေအမြီးကြီးကိုသာ ဝေ့ယမ်းလိုက်ရင်း ချုံးချီကို နောက်ဆုတ် သွားစေတယ်။
ဝုန်း။ နောက်ကို ခြေလှမ်း ၇လှမ်း ၈လှမ်းကျော် လွင့်ထွက် သွားပြီး ချိန်မှသာ ချုံးချီ မြေပြင်ကို လက်သည်းနဲ့ ကုပ်ယူ အားပြုရင်း တည်ငြိမ်အောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်လိုက်တယ်။ ဒီကိစ္စက သူ့ကို အတော်လေး လန့်သွား စေပါတယ်။ ရှင်းထျန်းရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင် ပြီးတာတောင် လူသား တစ်ယောက်က ဒီလောက်ထိ အင်အားကြီးနေတာ သူမယုံနိုင် ခဲ့ဘူး။
ဒီမိန်းမက ကြောက်စရာ ကောင်းတယ်။
ဖန်ကျန်းရှီထက် သေချာပေါက် အင်အားပိုကြီးတာ အသေအချာပဲ။ ဒါ့အပြင် ရင်ဆိုင်ဖို့လဲ ပိုခက်သေးတယ်။ ပြဿနာကို ရှင်းဖို့ သူ့ကို အရင်သတ်ရမယ်။
ချုံးချီ စိတ်ထဲကို အတွေးတွေ ဆက်တိုက် ဝင်လာ ခဲ့ပါတယ်။ ရှင်းထျန်း နောက်တစ်ကြိမ် တိုက်ခိုက်မှာကို သူစောင့်ဆိုင်းရင်း အတောင်ပံကို တဖျပ်ဖျပ် ခတ်ပြီး ချီကူယန်ကို ဆက်တိုက် တိုက်ခိုက်ဖို့ အသင့်ပြင်တယ်။
သူမျှော်လင့် ထားတဲ့ အတိုင်း ချီကူယန်ရဲ့ အမြီးနဲ့ ရိုက်ခံ ရပြီးနောက် ရှင်းထျန်းက နောက်တစ်ကြိမ် ပြေးဝင် လာခဲ့တယ်။ သူ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိနေပုံပါပဲ။ ချီကူယန်ကို ရူးရူးသွပ်သွပ် သူတိုက်ခိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ပိုပြီးတော့ ကြောက်စရာ ကောင်းနေခဲ့ပြီ။ ပုဆိန်ကို သုံးပြီး တိုက်ခိုက်မယ့် အစား ဒိုင်းကာကို ရှေ့မှာ ကာဆီး ထားရင်း ချီကူယန်ကို ခေါင်းနဲ့ ဝင်တိုက်တယ်။ ချီကူယန်ကို လွင့်ထွက်သွားအောင် သူလုပ်ချင် နေပုံပဲ။
ဘန်း။ ချီကူယန်က ဒိုင်းကာကြီးကို လက်နဲ့ ကာတယ်။
အားကောင်းလွန်းလှတဲ့ ရိုက်ခတ်မှုက သူမကို နေရာမှာ တောင့်ခံ မနေနိုင်တဲ့ အထိ ပြင်းထန်လွန်းလှပါတယ်။ ချီကူယန် ချက်ခြင်း နောက်ကို ဆုတ်သွားရင်း မြေပြင်မှာ အက်ကွဲကြောင်းတွေကို ဖြစ်လာစေတယ်။
အဲ့ဒီ့နောက် ရှင်းထျန်းက သူ့ပုဆိန်ကြီးကို သုံးရင်း နောက်တစ်ကြိမ် ခုတ်ချတယ်။ အခုချိန်မှာ ရှင်းထျန်းက ရလဒ်ကို မစဉ်းစားပဲ သတ်ဖြတ်ဖို့ အတွက်သာ အတွေးရှိတဲ့ တိုက်ပွဲ လူသတ်စက်ကြီး တစ်ခုလိုမျိုး ပြုမူ နေခဲ့တယ်။ သူ့စိတ်ထဲမှာ တစ်ခုသာ ရှိတယ်။ ဖန်ကျန်းရှီကို သတ်ရမယ်။
သူ့ကို တားဆီးတဲ့ လူတွေ အားလုံး သေဆုံးရမယ်။
ကျာ့။ ချီကူယန် နောက်တစ်ကြိမ် မြွေအမြီးကြီးကို လှုပ်ရှားလိုက်ပြန်တယ်။ သူမရဲ့ အမြီးက ပုဆိန်ကြီးကို လာပြီး ရစ်ပတ်တယ်။ အင်အားကို ယှဉ်ပြိုင်တယ်။
“အခွင့်အရေးကောင်းပဲ။” မိုးကောင်းကင်က ပေးတဲ့ အခွင့်အရေးကောင်းကို ချုံးချီ ရနေခဲ့ပြီ။ ချီကူယန်က လက်နှစ်ဖက်ကို ဒိုင်းကာမှာ ဖိထားရင်း အမြီးကိုတော့ ပုဆိန်မှာ ရစ်ပတ် ထားခဲ့တယ်။
အခုချိန်မှာ သူမ တန်ပြန် တိုက်ခိုက် နိုင်မှာ မဟုတ်ဘူး။
ဒီလို အခွင့်အရေးကို ချုံးချီက ဘယ်လိုများ ညှာတာ ပေးနိုင်မှာလဲ။ အတောင်ပံတွေကို ဖြန့်ထုတ်လိုက်ရင်း လက်သည်းတွေကို အသင့်ပြင်တယ်။ အဲ့ဒီ့နောက် သူစတင် လှုပ်ရှားတယ်။ ဥက္ကာပျံ တစ်ခုလို အသွင်နဲ့ ချီကူယန့် ခေါင်းပေါ်ကို သူတန်းတန်း မတ်မတ် ရောက်သွား ခဲ့ပြီ။
ချုံးချီရဲ့ စွမ်းအားကုန် တိုက်ခိုက်မှုက အရမ်းကို မြန်ဆန် လွန်းလှတယ်။
“သွားသေလိုက်။” ချုံးချီက နှုတ်ခမ်းတွေ တင်းတင်းစေ့ထားတဲ့ ချီကူယန်ရဲ့ ခေါင်းကို ကိုက်ဖြတ်ဖို့ ပါးစပ်ဟလိုက်ပါတယ်။
“မမယန်လေး။”
“ကူယန်။”
“ချီကူယန်။” ပင်းယန်၊ မုချင်းဖန်းနဲ့ ရန်ရွှယ်တို့ရဲ့ စိုးရိမ် တကြီး အော်သံတွေ ထွက်ပေါ် လာခဲ့တယ်။ အားလုံးက ချီကူယန်ကို ကယ်ချင်ပေမယ့် ရန်သူတွေကို ဘယ်လိုမှ အသာစီး မရခဲ့ဘူး။ မုချင်းဖန်းကတော့ လက်တစ်ဖက်စီမှာ နတ်သားရဲကောင်တွေကို တိုက်ခိုက် နေခဲ့ရတယ်။
“ချုံးချီ။ အတင့်ရဲလိုက်တာ။” ရွှမ်ယွမ်ဝူလဲ ချီကူယန့်ဆီကို ပြေးဝင် သွားခဲ့တယ်။ အခုချိန်မှာတော့ နတ်သားရဲကောင်တွေနဲ့ တိုက်ပွဲကို သူလုံး၀ လက်လျော့လိုက်ပြီ။ ဒါပေမယ့် ချုံးချီက မြန်ဆန်လွန်းနေတယ်။
ရွှမ်ယွမ်ဝူတောင် သူ့ကို အမှီ မလိုက်နိုင် ခဲ့ဘူး။ သူတို့ရဲ့ အကွာအဝေးကလဲ အတော့်ကို လှမ်းတယ်။
ဒီတိုက်ပွဲမှာ ချုံးချီ မသေခဲ့ရင် သေချာပေါက် ကောင်းကောင်း ရှင်သန်နိုင် လိမ့်မယ်။
သွေးနံ့တွေကြောင့် ချုံးချီ သွားရည်ယို လာခဲ့တယ်။ ချီကူယန်ရဲ့ ခေါင်းကို ကိုက်ဖြတ်ရမယ့် ခံစားချက်က သူ့ကို အရမ်း စိတ်လှုပ်ရှားစေတယ်။
ဒါပေမယ့် ချီကူယန်ကို ကိုက်တော့မယ့် အချိန်မှာပဲ အော်သံ တစ်သံကို သူကြားလိုက် ရတယ်။
“ရပ်တန့်။”
သူ့ခေါင်းကို မမြင်ရတဲ့ အင်အား တစ်ခုက တားဆီးလိုက်ပြီး နေရာမှာတင် ရပ်တန့် သွားတာကို ချုံးချီ ခံစားလိုက်မိတယ်။ ပါးစပ်ကို ဖွင့်ထားပေမယ့် ချီကူယန်ကို မကိုက်နိုင်ခဲ့ဘူး။
ဒါ့အပြင် အံ့သြစရာ ကောင်းလောက်အောင် ချီကူယန်က ညာဘက်လက်ကို ဒိုင်းကာဆိကနေ ခွာလာခဲ့တယ်။ ချုံးချီ ခေါင်းကို သူမ လက်ညှိုးနဲ့ ညွှန်ထားတယ်။
ဝုန်း။ ဘန်း။ ပေါက်ကွဲသံကြီး တစ်ခုနဲ့ အတူ ချုံးချီက နောက်ကို ဂျွမ်းပြန် လိမ့်သွားခဲ့ပါတယ်။ ကျောက်တုံးကြီး တစ်တုံးကို ဝင်တိုက်ပြီးမှ သူရပ်တန့်တယ်။
ချုံးချီ ပါးစပ်နေ သွေးတွေ စီးကျလာတယ်။ ရှင်းထျန်းကို ရှုံးနိမ့် ခဲ့တဲ့ ကိစ္စနဲ့ ဒီတစ်ခေါက် အထိနာမှုက သူ အဆင့်တက်ပြီးနောက် အဆိုးဆုံး ဒဏ်ရာတွေ ဖြစ်ခဲ့တယ်။ သူ့စိတ်ထဲမှာ အတွေးတွေက ပြေးလွှားနေတယ်။
မရေမတွက်နိုင်တဲ့ လေလှိုင်းတွေက သူ့ခန္ဒာကိုယ်ကို ဝန်းရံထားသလို ခံစားမိတယ်။ အခုချိန်မှာ ချုံးချီက ပက်လက်လန်နေပြီး နဖူးမှာတော့ အပေါက်ကြီး တစ်ပေါက် ရှိနေခဲ့တယ်။
သူ့အမြီးက ခြေလက်တွေကို ပြန်ချုပ်နှောင်ထားပြီး ပါးစပ်ကလဲ ဟနေခဲ့တယ်။ သူ့ရဲ့ အားကုန်သုံး တိုက်ခိုက်မှုကို ချီကူယန်ရဲ့ စကား တစ်ခွန်းက ဘယ်လို ဖျက်စီး နိုင်ခဲ့မှန်း သူနားမလည် နိုင်ခဲ့ဘူး။ ပထမဆုံး အကြိမ် အနေနဲ့ စော်ကားခံရသလို သူခံစား မိခဲ့တယ်။
သူရုန်းကန်ဖို့ လိုတယ်။ ခန္ဒာကိုယ်ပေါ်က အရှိန်အဝါကို ချိုးဖြတ်ပြီး ချီကူယန်ကို သတ်ရမယ်။ ဒီအချိန်မှာ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီး တစ်ခု သူ့ကို တားနေမှန်း သတိထားမိ သွားခဲ့တယ်။
သူစကား ပြောတော့မယ့် အချိန်မှာပဲ ချီကူယန် သွေးအန်ပြီး လွင့်ထွက် လာတာကို သူမြင်လိုက် ရပါတယ်။
လက်တစ်ဖက်တည်းရဲ့ စွမ်းအားက ရှင်းထျန်းကို ခုခံနိုင်ဖို့ မလုံလောက်ဘူး။
ချီကူယန်က နောက်ဆုံး စွမ်းအားကို သုံးပြီး ချုံးချီကို မလှုပ်နိုင်အောင် တားဆီးခဲ့တယ်။ ဒါ့အပြင် လက်တစ်ဖက်ကို သုံးပြီး ချုံးချီကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်လဲ တိုက်ခိုက် နိုင်ခဲ့တယ်။
အားလုံးရဲ့ အကျိုးဆက်ကတော့ ရှင်းထျန်းရဲ့ တိုက်ခိုက်မှုကို မခုခံ နိုင်တော့တာပါ။
“မမယန်လေး မဖြစ်ဘူး။” ပင်းယန် မျက်ရည်တွေ ရစ်ဝဲ နေခဲ့ပြီ။ သူမ ကလေးဘဝတည်းက ချီကူယန့်ကို ပြိုင်ဘက်ကင်း စံပြ အဖြစ် တွေးထင် မှတ်ယူခဲ့တယ်။ အခုချိန်မှာ စစ်နတ် ရှင်းထျန်းနဲ့ ရှေးဟောင်း သားရဲကောင် လေးကောင်ရဲ့ ခေါင်းဆောင် ချုံးချီ ပေါင်းပြီး တိုက်ခိုက်တာကို ချီကူယန် ခုခံရင်း ဖန်ကျန်းရှီကို ကာကွယ် နေခဲ့တယ်။
အင်အားကောင်းပြီး ကောက်ကျစ်တဲ့ ပြိုင်ဘက်တွေကို ချီကူယန် မနိုင်နိုင်မှန်း ပင်းယန် နားလည်တယ်။
“သေစမ်း။” ရှင်းထျန်း ခုန်ဝင်လာခဲ့တယ်။ ချီကူယန့်ကို သူရိုက်မိတော့မယ့် အချိန်မှာပဲ သူမ မြွေအမြီးကြီးကို ပြန်လွှတ်လိုက်တယ်။
လေထဲမှာ ရပ်နေတဲ့ ချီကူယန်ကို ရှင်းထျန်းက ပုဆိန်ကြီးနဲ့ အားကုန်သုံးပြီး ခုတ်ချတယ်။ အခုချိန်မှာ ရှင်းထျန်း စိတ်ထဲ ဒီအတားအဆီးကို ဖြေရှင်းဖို့ တစ်ခုတည်းသာ အတွေး ရှိနေခဲ့ပါတယ်။
“ချီကူယန်။” ရွှမ်ယွမ်ဝူက ရှင်းထျန်းကို မတားဆီးနိုင်ခဲ့ဘူး။ ရှင်းထျန်းက ဆုံးဖြတ်ချက် ခိုင်မာလွန်းနေ ခဲ့တယ်။
“ငါသေရတော့မှာလား။ အရှက်မရှိတဲ့ ကောင်စုတ်။ နင်ကတော့ အသက်ရှင်ရမယ်။ လောကကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲရမယ်။” ချီကူယန် မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပါတယ်။
သူမ အခုချိန်မှာ ခံနိုင်ရည်စွမ်းကို ကျော်လွန် နေခဲ့ပြီ။ ရှင်းထျန်းရဲ့ ပုဆိန်ကို ခုခံဖို့ အင်အား မရှိတော့ဘူး။ အကယ်၍ နည်းနည်းသာ အနားယူချိန် ရှိခဲ့မယ် ဆိုရင် ဒီလောက် လွယ်လွယ် ရှုံးရမှာ မဟုတ်ဘူး။ ရှင်းထျန်းနဲ့ ချုံးချီ ပူးပေါင်းခဲ့ရင်တောင် ကိစ္စ မရှိဘူး။
အခုတော့ ဒီလို အခွင့်အရေး မရှိတော့တဲ့ အတွက် ရလဒ်ကိုသာ လက်ခံရတော့မယ်။
လေညင်းက အရမ်းကို သိမ်မွေ့လွန်းတယ်။ ဒါ့အပြင် သူ့အနား ကပ်လာနေတဲ့ အလင်းတန်းကိုလဲ ခံစားမိတယ်။ နီးကပ်လွန်းလို့ နာကျင်မှုကိုတောင် သူမ ခံစားရတယ်။
မသေခင် အချိန်ထိ အားလုံးက နာကျင်မှုကို ခံစားရမှာပဲ။ သေပြီးရင်ရော။ နာကျင်မှုကို ခံစား နိုင်အုန်းမှာလား။
ဒီအချိန်မှာပဲ သူ့ဆီကို လာနေခဲ့တဲ့ အလင်းတန်း ပျောက်ကွယ် သွားတာကို ချီကူယန် ခံစားမိလိုက်တယ်။ နာကျင်မှု အစား နွေးထွေးမှုက အစားထိုး ဝင်ရောက် လာခဲ့တယ်။ တစ်ယောက်ယောက်က သူမကို ဖက်ထားတဲ့ အတိုင်းပဲ။
ကြည့်ရတာ သေပြီးသွားရင် နာကျင်မှုကို တကယ်ပဲ မခံစား ရတော့ဘူးနဲ့ တူတယ်။ နွေးထွေးတဲ့ အထိအတွေ့နဲ့ အတူ လက်တစ်ဖက်ကလဲ မသင့်တော်တဲ့ နေရာကို လာထိတယ်။
“ဟမ်။” ချီကူယန်ရဲ့ မှိတ်ထားတဲ့ မျက်ဝန်းတွေက အလန့်တကြား ပွင့်လာပြီး မသင့်တော်တဲ့ နေရာကို ထိထားတဲ့ လက်ကို ငုံ့ကြည့်မိတယ်။
ချက်ခြင်းဆိုသလို သူမကို ဖက်ထားတဲ့ သူကို သတ်ချင်စိတ် ပေါ်လာပေမယ့် သူမ မကြာခင်ပဲ နားလည်သွား ပါတော့တယ်။ လောကကြီးမှာ သူမကို ဒီလို အခွင့်အရေး ယူနိုင်တာ တစ်ယောက်ပဲ ရှိတယ်။
သူမ မျက်စိရှေ့မှာတော့ ရင်းနှီးနေတဲ့ မျက်နှာနဲ့ အတူ မခြောက်သေးတဲ့ သွေးတွေ နှုတ်ခမ်းထောင့်မှာ စီးကျ နေတဲ့ အပြုံးရှင်ကို မြင်လိုက်ရပါ တော့တယ်။
“မိန်းမလှလေး။ ကိုယ်ဖြေရှင်းပေးမယ်။”
ပိုင်း(၁၀၉၁) ပြီး၏။
အပိုင်း (၁၀၉၂)
“နတ်သခင် အဆင့်ရဲ့ ပထမဆုံးလူ နာမည်က ဖန်ကျန်းရှီ။”
…
“ရှင်းလိုက်မယ် ဆိုတာ ဘာကို ပြောချင်တာလဲ။” ချီကူယန်က မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ပြန်မေးတယ်။
“..” ဖန်ကျန်းရှီလို မျက်နှာပြောင်တဲ့ လူတောင်မှ ဘယ်လို ရှင်းပြရမယ်မှန်း မသိခဲ့ဘူး။ ဒါကြောင့် ချီကူယန်ကို လက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်းနဲ့သာ စွမ်းအင် အရင်းအမြစ်ကို လွှဲပြောင်း ပေးနေခြ့ပါတယ်။ ချီကူယန်ရဲ့ မျက်နှာ အသားအရေက မကြာခင်မှာပဲ ပုံမှန် ပြန်ဖြစ် လာတော့တယ်။
“ငါ အဆင်ပြေတယ်။ နည်းနည်း နားဖို့ လိုနေရုံပဲ။”ချီကူယန်က လက်ကို ပြန်လွှတ်လိုက်တယ်။ အခုချိန်မှာ ဖန်ကျန်းရှီရဲ့ စွမ်းအားကို မဖြုန်းတီး သင့်မှန်း ချီကူယန် သိနေခဲ့တယ်။
“ငါ့နောက်မှာ ရပ်နေ။” ချီကူယန့်ကို သူ့နောက်ဘက်ဆီ ဖန်ကျန်းရှီ ဆွဲသွင်းလိုက်ပါတယ်။
“ကောင်းပြီ။” ချီကူယန်က လိမ်လိမ်မာမာလေး နောက်ကို သွားရပ်နေခဲ့တယ်။
သူမ ရှေ့မှာ ရပ်နေသူကို ကြည့်ရင်း စိတ်ထဲမှာ လုံခြုံလာတယ်။ သူ့နောက်မှာသာ ရပ်နေရင် ကိစ္စတွေ အားလုံး ဖြေရှင်း ပြီးသွားတော့မယ့် အတိုင်း ထင်ရပါတယ်။
မှန်ကန်တဲ့ အရာတွေက မှန်ကန်တဲ့ အချိန်မှာ ရောက်လာတာကို သိတဲ့ အတွက် ချီကူယန်က မငြင်းဆို ခဲ့ဘူး။ သူမ ဒီတိုက်ပွဲမှာ ပါဝင်ဖို့ လိုအပ်တယ်။ နားပြီး ကိုယ့်ကိုယ်ကို ပြန်ကောင်းအောင် လုပ်ရမယ်။ ဒါမှသာ ဖန်ကျန်းရှီကို ကူညီနိုင်မယ်။
ဖန်ကျန်းရှီကတော့ ရှင်းထျန်းနဲ့ ရွှမ်ယွမ်ဝူ တားထားတဲ့ ချုံးချီကို လှမ်းကြည့်တယ်။ နှစ်ဖက် စလုံးက အခုချိန်မှာ သူ့ဆီကို ပြေးဝင် လာနေပြီ။ ဒါပေါ့။ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကလဲ သူ့ကို စောင့်ကြည့် နေကြသေးတယ်။
“ဖန်ကျန်းရှီ မသေဘူးလား။”
“မသေရုံတင် မကဘူး အင်အားတောင် ပိုကြီးလာနေသေးတယ်။ ချီကူယန်ကို ကူညီပြီး ရှင်းထျန်းရဲ့ တိုက်ခိုက်မှုကို ကာကွယ် ပေးနိုင်မှာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ လုံး၀ မယုံနိုင် ခဲ့ဘူး။ နောက်ဆုံးတော့လဲ ရှင်းထျန်းရဲ့ တိုက်ခိုက်မှုကို သူတို့ ကောင်းကောင်း မြင်ခဲ့ကြတယ်။ ဖန်ကျန်းရှီ ဒီလောက် မြန်မြန်ကြီး ပြန်ကောင်းဖို့က မဖြစ်နိုင်ဘူး။ ကိစ္စ တစ်ခုတော့ ချွင်းချက်ရှိတယ်။
သူတို့တွေ ဖြစ်နိုင်ချေ တစ်ခုကို တွေးမိ နေချိန်မှာပဲ အင်အားကြီး လေလှိုင်းတွေက ရုတ်တရက် ထွက်ပေါ် လာပါတော့တယ်။ ဖန်ကျန်းရှီက နေရာမှာတင် တိတ်တဆိတ် ရပ်နေခဲ့တယ်။
သူက စိတ်အာရုံ နယ်မြေထဲမှာ ရှိနေတဲ့ ပင်လယ်ကြီးကို ထိန်းချုပ်တယ်။ အခုချိန်မှာ ရေတွေ အားလုံးက ကျောက်မျက် ရတနာတွေလို အသွင် ပြောင်းပြီး စီးဆင်း နေခဲ့ပါပြီ။
ဝုန်း။
ဝုန်း။
မိုးခြိမ်းသံတွေကို ဆက်တိုက် ကြားလိုက်ရတယ်။
လျှပ်စီးတန်းတွေက ကောင်းကင်မှာ ဖြတ်သန်းလာ ခဲ့တယ်။ အရမ်းကို တောက်ပပြီး များပြား အရောင်စုံလှတဲ့ လျှပ်စီးတန်းတွေ အားလုံး ကောင်းကင်ကို ဖြတ်သန်းရင်း ထွက်ပေါ် လာတယ်။ ဒါ့အပြင် အရေအတွက်ကလဲ များပြားလွန်းလှ ပါတယ်။ ကောင်းကင် တစ်ခွင်လုံး လျှပ်စီးတန်းတွေ ပြည့်နှက် နေတဲ့ အပြင် ရေတွက် ကြည့်ရင် အနည်းဆုံး ၃၀၀၀ ကျော် ရှိနေတာကို တွေ့ရလိမ့်မယ်။
အသက်စွမ်းအား ဖြစ်တည်မှုတွေ အားလုံး နိုးထလာတော့မယ့် အသွင်ကို ဆောင်နေခဲ့သလို မဟာ တာအိုကြီးရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှု တစ်ခုလဲ ဖြစ်နေခဲ့ပါတယ်။
အနီ၊ အပြာ၊ အစိမ်း၊ အနက်၊ ငွေရောင် ငါးခုက ဖန်ကျန်းရှီရဲ့ အထက် ကောင်းကင်မှာ စတင် စုဝေးပြီး လျှပ်စီးတန်းတွေနဲ့ ပေါင်းစည်းတယ်။
“နတ်သခင် အဆင့်။ ဒီကောင်က နတ်သခင် အဆင့်ကို ရောက်သွားပြီ။”
“ဘာ ဘာဖြစ်လို့ ဒီလောက်တောင် ထူးခြားတဲ့ ဖြစ်ရပ်ကို သူက ဆွဲဆောင် နိုင်တာလဲ။”
“လျှပ်စီးတန်းတွေက တာအိုတွေပဲ ဖြစ်ရမယ်။ များလိုက်တဲ့ တာအိုတွေပါလား။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အထိတ်တလန့်နဲ့ ပြောမိကြတယ်။ ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်က မြင်ရခဲတယ်။ ရှေးရှေးခေတ် မှာတောင် ဒီလို လျှပ်စီးမိုးကြီးကို ဆွဲငင်နိုင်တဲ့သူ မရှိခဲ့ ဖူးဘူး။
ဒီလို ကြောက်စရာ ဖြစ်ရပ်ကိုလဲ ဘယ်သူမှ မမြင်ဖူးခဲ့ဘူး။
“အရှက်မရှိတဲ့ ကောင်စုတ်။ နင်နောက်ဆုံးတော့ နတ်သခင် အဆင့်ကို တက်နိုင်ပြီပေါ့။” ပင်းယန်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေတောင် ရှိနေခဲ့တယ်။ ဒီမြင်ကွင်းကို ကြည့်နေရင်း သူမ အတော်လေးကို စိတ်နှလုံး တုန်လှုပ် နေပုံပဲ။
“ကျန်းရှီ။ ဂုဏ်ပြုပါတယ်။” ရန်ရွှယ့်ရဲ့ နှုတ်ခမ်းတွေလဲ တဆတ်ဆတ် တုန်နေခဲ့တယ်။ သူတို့တွေ တွေ့ဆုံချိန်က စပြီး အများကြီး ဖြတ်ကျော် ခဲ့ရတယ်။ အခုချိန်ထိ ပထမဆုံး တွေ့ခဲ့တဲ့ နေ့ကို မှတ်မိ နေတုန်းပဲ။ အဲ့ဒီ့ နေ့က လေထန်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီနဲ့ သူ့ဘဝကလဲ စတင် ဆက်နွယ်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ဆက်တိုက် ခွဲခွာတာတွေ ပြန်တွေ့ဆုံ ရတာတွေ ရှိခဲ့ပေမယ့် အားလုံးက ကြမ္မာရေး ထားတဲ့ အတိုင်းပဲ။ အခုတော့ သူနဲ့ ဖန်ကျန်းရှီ နှစ်ယောက်စလုံး နတ်သခင် အဆင့်ကို ရောက်ခဲ့ပြီ။ အရေးအကြီးဆုံးကတော့ နှစ်ယောက်လုံး အတူတူ လောကကြီးရဲ့ အနာဂတ် အတွက် တိုက်ခိုက် နေခဲ့ကြတာပါပဲ။
“တကယ့်ကိုပဲ ဒီကောင်စုတ်လေးက ငါတို့ကို စိတ်မပျက်စေဘူး။ ငါသိတယ်။” မော့ရှန်းရှီ ကောင်းကင်က လျှပ်စီးတန်းတွေကို ကြည့်ရင်း တုန်ယင် နေခဲ့တယ်။
“နောက်ဆုံးတော့ နင်လဲ နတ်သခင် အဆင့်ကို ရောက်သွားပြီလား။ တာအို ၃၀၀၀ ကျော်နဲ့ နောက်ဆုံး အခက်အခဲကို ဖြတ်ကျော် နိုင်သွားပြီ။ ဖန်ကျန်းရှီ နင် အခု ဘယ်လို အဆင့်ကို ရောက်နေပြီလဲ။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောနေခဲ့တယ်။
ဖန်ကျန်းရှီက ဒီအဆင့်ကို တက်ဖို့ တကယ့်ကို မလွယ်ကူခဲ့ဘူး။ အခုတော့ သူအောင်မြင်ခဲ့ပြီ။ တကယ်ကြီး အောင်မြင်ခဲ့ဘူး။
“နတ်သခင် အဆင့်ပဲ မဟုတ်လား။ ငါဖြင့် ရောက်တာ ကြာလှပြီ။” ထျောင်ဝူ စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။ ဘာမဟုတ်တဲ့ လူသားလေး တစ်ယောက်က အများကြီး ကြိုးစားပြီးမှ နတ်သခင် အဆင့်ကို ရောက်တယ်။ လူသား တစ်ယောက်ကနေ နတ်ဘုရား ဖြစ်လာဖို့ အခက်အခဲတွေ ကျော်ဖြတ် ခဲ့ရတော့ရော ဘာဖြစ်လဲ။ ထျောင်ဝူကတော့ ဒီအဆင့်ကို အောင်မြင်ပြီးတာ ကြာလှပြီ။
“သူ နတ်သခင် အဆင့် ရောက်သွားတော့ရော ဘာဖြစ်လဲ။” ပင်းယန်နဲ့ ရန်ရွှယ်တို့ အရမ်း စိတ်လှုပ်ရှား နေတာကို ကြည့်ရင်း ထျောင်ဝူကတော့ အထင်မကြီး ဖြစ်နေခဲ့တယ်။
တခြားသူတွေ အာရုံ လွတ်နေတဲ့ အချိန် ဖန်ကျန်းရှီကို သတ်ပြစ်လိုက်သင့်တယ်။
ထျောင်ဝူလဲ ခေါင်းကို တစ်ချက်လှည့်ရင်း နတ်သားရဲကောင် တစ်ကောင်ကို မျက်စပြစ်လိုက်တယ်။ နတ်သားရဲကောင်က ထျောင်ဝူ ဆိုလိုချင်တာကို ချက်ခြင်း နားလည်တယ်။ ထျောင်ဝူက ချက်ခြင်း ပျောက်ကွယ် သွားပြီး နောက်ထပ် နေရာကို တစ်ခုကို ဝင်ရောက်တယ်။
မျက်တောင် တခတ် အတွင်းမှာပဲ သူပျောက်ကွယ် သွားခဲ့ပြီ။
“ဟမ်။ ထျောင်ဝူ ဘယ်ရောက် သွားတာလဲ။ ကျန်းရှီ သတိထား။” ရန်ရွှယ်က ဖန်ကျန်းရှီ အတွက် ဝမ်းသာ နေပင်မယ့် ထျောင်ဝူကိုလဲ သူဆက်တိုက် အာရုံ စိုက်နေခဲ့တယ်။
ထျောင်ဝူ ရုတ်တရက် ပျောက်ကွယ် သွားတာကြောင့် တစ်ခုခု လွဲနေတာကို သူချက်ခြင်း သတိထားမိတယ်။
“မဖြစ်ဘူး။ အရှက်မရှိတဲ့ ကောင်စုတ်။ ထျောင်ဝူက အလစ်ဝင်တိုက် လိမ့်မ်ယ။”
ပင်းယန်လဲ ချက်ခြင်း သတိဝင်လာတဲ့ အတွက် အော်ဟစ်ပါတယ်။
သူတို့ နှစ်ယောက် အော်လိုက် ချိန်မှာပဲ ထျောင်ဝူက ဖန်ကျန်းရှီ နောက်မှာ ပေါ်လာပြီး ပါးစပ်ဟရင်း မျိုချ ပြစ်ဖို့ လုပ်တယ်။ သူ့ရဲ့ အမြီးရှည်ကြီးကို ဝေ့ယမ်းရင်းနဲ့လဲ အလင်းတန်းတွေကို ပေါင်းစည်းပြီး ကြီးမားတဲ့ ကွန်ယက်ကြီး တစ်ခုကို ဖန်တီးလိုက်ပါတယ်။
“ဟဟား။” ဖန်ကျန်းရှီကတော့ ရယ်သာ ရယ်နေခဲ့တယ်။ ပထမဆုံး တိုက်ခိုက် ချိန်တည်းက ဒီနေရာမှာ လေဟာနယ်ကို ထိန်းချုပ်နိုင်တဲ့ နတ်သားရဲကောင် တစ်ကောင် ရှိနေမှန်း သူခန့်မှန်း မိတယ်။ သူဘယ်လိုများ အတားအဆီး လုပ်မထားပဲ နေမှာလဲ။
ဝုန်း။ သူ့ခန္ဒာကိုယ်ကို အသုံးချပြီး စွမ်းအား အရင်းအမြစ်တွေကို လွှင့်ထုတ်လိုက်တယ်။ ချက်ခြင်းဆိုသလို ငါးရောင်ခြယ် အလင်းမဏ္ဍိုင်ကြီး တစ်ခု ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး မိုးမြေကို ချိတ်ဆက် လိုက်ပါတယ်။
တိုက်ခိုက်မှု အားလုံးကို ခုခံဖို့ အတွက် ရိုးရှင်း ရက်စက်တဲ့ နည်းလမ်းကို ဖန်ကျန်းရှီ သိတယ်။ ဒါကတော့ အားကုန် တိုက်ခိုက်ဖို့ပါ။ တိုက်ခိုက်မှုတွေ အားလုံးကို အင်အားသုံးပြီး ပြန်တိုက်ခိုက်မယ်။
ဒီနည်းလမ်းက လူသားတွေ ကြားမှာလဲ အရမ်းကို ကျော်ကြားလွန်းတယ်။ အထူးးသဖြင့် စွမ်းအား နည်းတဲ့ သူတွေ တိုက်ခိုက်တဲ့ အချိန်မျိုးမှာ အသုံးဝင် လှတယ်။ မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက်စလုံး ဒါကို သုံးခဲ့ပေမယ့် အခုချိန်မှာတော့ ဖန်ကျန်းရှီလဲ သုံးဖို့ လိုအပ်လာခဲ့ပြီ။
အရင်တုန်းက သူရင်ဆိုင် နေရတဲ့ ရန်သူ ၈၀% လောက်က သူ့ထက် အင်အားကြီးနေခဲ့တယ်။ အခုတော့ သူစမ်းကြည့်ဖို့ အချိန်တန်ပြီ။ ထျောင်ဝူ့ထက် သူဘယ်လောက်လောက် အင်အားကြီးနိုင်မလဲ ဖန်ကျန်းရှီ သိချင်နေတယ်။
ဝုန်း။ အလင်းတန်း တိုင်ကြီးနဲ့ တိုက်မိပြီး ထျောင်ဝူက စွန်တစ်ခုလို အသွင်နဲ့ ကောင်းကင်ပေါ်ကို လွင့်ထွက် သွားပါတော့တယ်။ အဲ့ဒီ့နောက် အသံကျယ်ကြီးနဲ့အတူ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။
ထျောင်ဝူ မျက်လုံး ပြူးသွားခဲ့တယ်။ သူ့အပြင် ချုံးချီ၊ ဟုန်ယို့နဲ့ တခြား နတ်သားရဲကောာင်တွေ နတ်ဆိုးတွေကတော့ လုံးဝကို မျက်လုံး ပြူးနေခဲ့တယ်။ ထျောင်ဝူက လွင့်ထွက် သွားတယ်လား။
သစ်သီးကြောင့် အင်အားကြီးနေပြီး ဖြစ်တဲ့ ထျောင်ဝူက ဖန်ကျန်းရှီလို နတ်သခင် အဆင့် ရောက်ခါစ လူသားကြောင့် လွင့်ထွက် သွားခဲ့ရတယ်။
ဘယ်သူကမှ မယုံနိုင် ခဲ့ပေမယ့် ဒါက အမှန်တရား ဖြစ်နေခဲ့ပါတယ်။
နတ်သခင် အဆင့် ဖန်ကျန်းရှီက ဒီလောက်ထိ အင်အားကြီးနိုင် တယ်လား။ ရူးချင်စရာ ကောင်းလိုက်တာ။ ဒါ့အပြင် ဖန်ကျန်းရှီက သူ့စွမ်းအား အရင်းအမြစ်တွေကိုလဲ အလင်းတိုင်လုံးကြီး ဖြစ်အောင် လွှင့်ထုတ် နေသေးတယ်။ ဒါက ဖြုန်းတီးရာ ရောက်လွန်းတယ်။
မိစ္ဆာ နတ်ဆိုးတွေ တွေးရင်း လန့် နေခဲ့ပေမယ့် ဖန်ကျန်းရှီက အရမ်းကို မောက်မာ ဝံ့ကြွား လွန်းနေတယ်လို့လဲ သူတို့ ထင်ကြတယ်။ ဖန်ကျန်းရှီက ထျောင်ဝူထက် ပိုပြီး အင်အားကြီး နေရင်တောင် ဒီလို စွမ်းအားတွေကို ထုတ်ပြ ထားတာက ဖြုန်းတီးရာ ရောက်လွန်းတယ် မဟုတ်လား။
ဒါ့အပြင် လူသား မျိုးနွယ်တွေက အရေအတွက်လဲ များလွန်းနေသေးတယ်။
ဖန်ကျန်းရှီကတော့ ဒါမျိုးတွေ မတွေးခဲ့ဘူး။ သူ့ရဲ့ စွမ်းအား အရင်းအမြစ်ကို အလင်းတိုင် တစ်ခု အဖြစ် ပြောင်းလဲဖို့ စွမ်းအားတွေ အများကြီး လိုပေမယ့် တကယ်တော့ သူ့ စွမ်းအင် ပင်လယ် ထဲကနေ ရေတစ်ဇွန်းစာလောက် ခပ်ထုတ်လိုက်ရုံပါ။
ရေတစ်ဇွန်းစာလောက် ခပ်ထုတ်တာက ပင်လယ်ကြီးကို ဘယ်လိုများ သက်ရောက် စေနိုင်မှာလဲ။
ဖန်ကျန်းရှီ ဒါတွေကို စိတ်ထဲ မထားခဲ့ဘူး။ ဒါ့အပြင် သူ့ကိုယ်သူ အားစိုက်ထုတ်မှု နည်းလွန်းတယ်လို့တောင် ထင်နေခဲ့တယ်။ ဒါကြောင့် နောက်ထပ် စွမ်းအင် အလင်းတန်းတွေကို သူထပ်ပြီး ဆန့်ထုတ်လိုက်ပြန်တယ်။ သစ်ပင်ကြီးရဲ့ သစ်ကိုင်းခက်တွေလို အသွင်နဲ့ အလင်းတန်းတွေက ဆန့်ထွက်လာပြီး နတ်သားရဲကောင်တွေကို တိုက်ခိုက်တယ်။
အလင်းတိုင် တစ်ခုချင်းစီ တိုင်းကလဲ အနည်းဆုံး ငါးမီတာကျော် လုံးပတ် ရှိတယ်။
ဝုန်း။ ဝုန်း။
အလင်းတိုင်တွေက မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ဆက်တိုက် ရိုက်ခတ်ပါတယ်။ သူတို့ဆီကို ပြေးဝင် လာခဲ့တဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ တုံ့ပြန်ချိန်တောင် မရဘဲ ကောင်းကင်ပေါ်ကို လွင့်ထွက်ကုန်တယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရပြီးနောက် ရှေ့ဆုံးမှာ ရှိနေတဲ့ သားရဲကောင်တွေက စတင် လွင့်ထွက် ကုန်ပါတော့တယ်။
“ဒီကောင်စုတ်က။”
“အတင့်ရဲလိုက်တာ။”
အလင်းတိုင်ကြီးတွေက ဓားအလင်းတန်းတွေလို စွမ်းအား မရှိကြတဲ့ အတွက် သားရဲကောင်တွေ သေလောက်တဲ့ထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ကြဘူး။
မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို ပိုပြီး ဒေါသထွက်စေတဲ့ အကြောင်း အရင်းကတော့ ဖန်ကျန်းရှီရဲ့ ကျီစားမှုပါ။
“သူ့ကိုသတ်။”
“အားလုံး အတူတူ သတ်ကြမယ်။”
“သွား သေစမ်း။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက အရမ်းကို ဒေါသ ထွက်လွန်းတဲ့ အတွက် ဖန်ကျန်းရှီကို သတ်ပြစ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ အားလုံးကို လျစ်လျူရှု ထားတယ်။ သူ့ဘာသူသာ သက်ပြင်းချရင် းခေါင်းခါမှုလိုက်တယ်။
“တကယ့်ကို ဟန်ပြနည်းလမ်း သက်သက်ပဲ။” ဖန်ကျန်းရှီ စွမ်းအား အရင်းအမြစ်ကို ပြန်သိမ်းပြီး ခြေရာမဲ့ ဓားကို ဝေ့ယမ်း လိုက်ပါတယ်။
ခြေရာမဲ့ဓားက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြန်တုံ့ပြန် အော်ဟစ်တယ်။
“ကြည့်ရတာ မင်းလဲ နောက်ထပ် မစောင့်ချင် တော့ဘူးပေါ့။” ဖန်ကျန်းရှီ ပြုံးလိုက်ရင်း ဓားကို ရင်ဘတ်နားမှာ ကပ်လိုက်ပါတယ်။
ဖန်ကျန်းရှီ အနားကို ပြေးလာ နေခဲ့တဲ့ မိစ္ဆာ နတ်ဆိုး တွေကတော့ ဖန်ကျန်းရှီ စွမ်းအား အရင်းအမြစ်ကို သိမ်းလိုက်တဲ့ အဖြစ်ကို ကြည့်ရင်း ပျော်သွား ခဲ့ကြတယ်။ သူတို့ အတွက် အခွင့်အရေး ရခဲ့ပြီ။
ဖန်ကျန်းရှီက ရှင်းထျန်းထက် အင်အားကြီးမယ်လို့ ဘယ်သူမှ မယုံကြဘူး။
အကယ်၍ သူတို့သာ ရှေးဟောင်း စစ်နတ်ဘုရား ရှင်းထျန်းကိုသာ ထိန်းချုပ် နိုင်မယ် ဆိုရင် လူသား မျိုးနွယ်တွေ နတ်သခင် အဆင့်ကို ရောက်နေလဲ ကြောက်စရာ မလိုတော့ဘူး။
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက စတင် ပြေးဝင် ပါတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ သူတို့ကို မမြင်တဲ့ အတိုင်းသာ ပြုမူ နေခဲ့တယ်။
ဘယ်ဘက်လက်ကို ဓားသွားပေါ်မှာ ဖိရင်း အထက်အောက် ပွတ်သပ်တယ်။ အဲ့ဒီ့နောက် ခြေရာမဲ့ဓား ပေါ်က ခရမ်းရောင် အမှတ်အသားလေးကို ထိလိုက်တယ်။
ဖန်ကျန်းရှီရဲ့ ပွတ်တိုက်မှု အောက်မှာ ခရမ်းရောင် အမှတ်အသားက ပျောက်ကွယ် သွားခဲ့ပြီ။ မျက်စိကျိန်းလောက်တဲ့ အလင်းတန်းတွေနဲ့ အတူ စတင် တောက်ပလာပါတယ်။
အခုချိန်မှာတော့ ကြောက်စရာ အငွေ့အသက်တွေ ရှိမနေတော့ပဲ အမှန်တရား ဘက်တော်သား တစ်ယောက်လို တောက်ပ လင်းလက် နေခဲ့တယ်။
အမှန်တရား စွမ်းအင်တွေ အားလုံးက ခြေရာမဲ့ဓားမှာ စုဝေးပြီး ကောင်းကင်ပေါ်ကို ထိုးတက် သွားသလိုပါပဲ။ ရွှေရောင် အလင်းတန်းက အားကောင်းတဲ့ လေလှိုင်းတွေနဲ့ အတူ ပျံ့ထွက်လာခဲ့တယ်။
ဖန်ကျန်းရှီ အနားကို ရောက်လာတဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ နောက်ထပ် လွင့်ထွက် ကုန်ကြပြန်ပြီ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်လို ကံမကောင်း ကြတော့ပါဘူး။ ရွှေရောင် အလင်းတန်းက အရင်တစ်ခေါက် အလင်းတန်းတွေနဲ့ ကွာခြားတယ်။
သွေးနီရောင် မြူနှင်းတွေကလဲ လေထုထဲမှာ ထွက်ပေါ် လာပြီး ရွှေရောင် အလင်းတန်းက အားလုံးကို ဒဏ်ရာရ စေခဲ့တယ်။
“အား။”
“အား။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ အော်သံတွေက လေထဲမှာ ပဲ့တင့်ထပ် နေပြီးနောက် လှုပ်ရှားဖို့ လုပ်နေခဲ့တဲ့ နောက်ထပ် မိစ္ဆာ နတ်ဆိုးတွေ အားလုံးလဲ ရပ်တန့် သွားခဲ့ပါတော့တယ်။
ချုံးချီတောင် မျက်လုံး အပြူးသားနဲ့ ဖြစ်နေခဲ့ပြီ။
အပိုင်း (၁၀၉၂) ပြီး၏။
အပိုင်း (၁၀၉၃)
“ဓားနှစ်လက်။”
…
ဓားအလင်းတန်း တစ်ခုကတောင် နတ်သခင် အဆင့်တွေကို ထိခိုက်အောင် လုပ်နိုင်တယ် ဆိုရင် ဓားနဲ့ ထိုးခံလိုက်ရတဲ့ သူတွေက ဘယ်လို ဖြစ်မလဲ။ လုံးဝကို မတွေးရဲ စရာ ကိစ္စ ဖြစ်လာလိမ့်မယ်။
ချုံးချီ၊ ဟုန်ယို့နဲ့ တခြား နတ်သားရဲကောင်တွေ အားလုံးလဲ မယုံနိုင် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ လက်ထဲက ရွှေရောင်ဓားကို သူတို့ အာရုံစိုက် ကြည့်မိတယ်။
မကြာခင်မှာပဲ ရွှေရောင် အလင်းတန်းက ပျောက်ကွယ် သွားပြီး အလင်းတန်းတွေက ဓားနှောင့်အထိ ထပ်မံ စီးဆင်း သွားခဲ့တယ်။
“အဲ့တာက ဟိုဓားလား။”
“မဖြစ်နိုင်တာပဲ။”
ချုံးချီနဲ့ ဟုန်ယို့ အပါအဝင် ရပ်နေတဲ့ နတ်ဆိုး မိစ္ဆာတိုင်း အရမ်းကို ကျက်သေသေ နေခဲ့တယ်။ ဒီဓားနဲ့ တူတဲ့ ဓားတစ်လက်ကို သူတို့ စိတ်ထဲမှာ တွေးမိတယ်။
ဓားရဲ့ နှစ်ဖက်မှာ ကြည်လင်တဲ့ သင်္ကေတ တစ်ခုက စီးဆင်း နေပြီးတယ်။ တစ်ဖက်မှာ နေမင်းနဲ့ လမင်း ရှိနေပြီး ကြယ်တာရာတွေကလဲ မျက်စိ ကျိန်းစရာ ကောင်းလောက်အောင် တောက်ပ နေခဲ့တယ်။
နောက်တစ်ဖက်မှာတော့ အရမ်းကို အသက်ဝင်တဲ့ အပင်တွေ ရှိနေခဲ့တယ်။ ဓားပေါ်မှာ လှုပ်ရှားနေတဲ့ သင်္ကေတတွေကို ကြည့်ရုံနဲ့တင် နှလုံးသားတွေကို တုန်ယင် စေနိုင်ပါတယ်။
ဓားနှောင့်မှာလဲ များပြားတဲ့ သင်္ကေတတွေက စီးဆင်း နေပါတယ်။ ဓားပေါ်မှာ ရေးထားတဲ့ စာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် ဓားပေါ်မှာ ဘာရေးထားမယ်မှန်း အားလုံး သိနေခဲ့တယ်။
တစ်ဖက်မှာ စိုက်ပျိုးနည်းလမ်းတွေနဲ့ လယ်ယာ လုပ်ကိုင်နည်းတွေကို မှတ်တမ်း တင်ထားပြီး တခြားတစ်ဖက်မှာတော့ လောကကြီးကို အုပ်ချုပ်ရမယ့် နည်းလမ်းတွေကို ရေးထိုးထားတယ်။
ဒါကတော့ ရွှမ်ယွမ်ဓားပါ။
“ရွှမ်ယွမ်ဓားလား။”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်က ဘယ်လိုများ ရွှမ်ယွမ်ဓားကို ကိုင်ထား နိုင်ရတာလဲ။”
“သူက။”
“…”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အရမ်းကို ထိတ်လန့် ကြောက်ရွံ့ နေခဲ့တယ်။
သူတို့တင် မကပဲ ရွှမ်ယွမ်ဝူပါ ရင်းနှီးနေတဲ့ အရှိန်အဝါကြောင့် မျက်လုံး ပြူးသွား ခဲ့ပါတယ်။
ရွှမ်ယွမ်ဓား။ ဒါက တကယ့်ကို ရွှမ်ယွမ်ဓားပဲ။ ဒီကောင်စုတ်လေးက သူများ ဖြစ်နိုင်မလား။
“ဟုတ်တယ်။ ငါက ဧကရာဇ် ဟွမ်ရွှမ်ယွမ် ပြန်ဝင်စားတဲ့သူ။” ဖန်ကျန်းရှီ ဓားကို မြှောက်ထားရင်း ပတ်ပတ်လည်ကို လှည့်ကြည့်တယ်။
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကတော့ လုံး၀ တိတ်ဆိတ် နေခဲ့ပြီ။
ရွှမ်ယွမ်ဝူ၊ ပင်းယန်နဲ့ ရန်ရွှယ်တို့လဲ တိတ်ဆိတ် နေခဲ့တယ်။ ဖန်ကျန်းရှီက ရွှမ်ယွမ်ဓားကို မြှောက်နိုင်တာ မြင်လိုက်တဲ့ အတွက် ဧကရာဇ်ဟွမ်နဲ့ တစ်ခုခု ပတ်သတ်နေမယ်လို့ သူတို့ တွေးမိကြတယ်။ ဒါပေမယ့် တွေးမိရုံ ခန့်မှန်းချက် သက်သက်ဘဲ။
သူက ဘာဖြစ်လို့ သူ့ဘာသူ ဝန်ခံနေတာလဲ။
ဖန်ကျန်းရှီရဲ့ အသံက ချန့်ယန်းတောင် တစ်ခုလုံးကို ဟိန်းထွက် သွားပါတော့တယ်။ ဒါပေမယ့် သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ အခြေအနေကတော့ အရမ်းကို ထူးဆန်း နေခဲ့တယ်။ ပင်းယန် အပါအဝင် အားလုံးက သူ့ကို ထူးထူးဆန်းဆန်းကြီး ကြည့်နေခဲ့တယ်။
“ငါ့မှာ ရွှမ်ယွမ်ဓား ရှိတယ်။ ဒါတောင် မင်းတို့ အားလုံးက ငါ့ကို မယုံကြဘူးလား။” ဖန်ကျန်းရှီ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို ကြည့်ရင်း ပြောလိုက်ပါတယ်။ အဲ့ဒီ့နောက် ရွှမ်ယွမ်ဓားကို မြှောက်လိုက်တယ်။
“…” ဘယ်သူကမှ ပြန်မဖြေခဲ့ဘူး။
“ငါ ပြောသားပဲ။ ငါက ဧကရာဇ် ဟွမ်ရွှမ်ယွမ် ပြန်ဝင်စားတဲ့သူ။ မင်းတို့ အားလုံး ငါ့ကို ဦးမညွှတ်ကြသေးဘူးလား။ မင်းတို့ အားလုံး သေချင်နေတာလား။” ဖန်ကျန်းရှီ တည်ငြိမ် လေးနက်မှု အပြည့်နဲ့ ပြောလိုက်ပါတယ်။ အခုချိန်မှာ ဘယ် နတ်ဆိုး မိစ္ဆာကမှ ပြန်မဖြေခဲ့ဘူး။
ဖန်ကျန်းရှီ မျက်မှောင် ကြုတ်သွားခဲ့တယ်။ ဘာဖြစ်လို့လဲ။ သူက ဧကရာဇ်ဟွမ်လို မပြုမူမိ လို့လား။
အားလုံးက ဓားကို မြင်မြင်ချင်း ရွှမ်ယွမ်ဓားမှန်း သိကြတယ်။ ဒါက သူတို့ကို လန့်စေနိုင်ဖို့ မလုံလောက်ဘူးလား။ ဖန်ကျန်းရှီ သူတို့ တွေဝေနေတဲ့ အချိန်မှာ ဓားကို ပိုပြီးတော့ မြင့်မြင့် မြှောက်ပြတယ်။
သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားက တကယ့်ကို ရွှမ်ယွမ်ဓားပါ။
ဒါပေမယ့် ဒေါသတကြီး အော်သံ တစ်သံက သူ့ အစီအစဉ်ကို ဖျက်စီးလိုက်တယ်။
“အား။ မင်းက ဧကရာဇ် ဟွမ်ရွှမ်ယွမ်လား။ မင်း မင်း ဘာဖြစ်လို့ ငါ့ကို ထိခိုက်အောင် လုပ်တာလဲ။ ငါ ငါမင်းကို သတ်မယ်။” နက်ရှိုင်း ကျယ်လောင်တဲ့ အသံကျယ်ကြီးနဲ့ အတူ ကြီးမားတဲ့ လူကြီး တစ်ယောက်က ဖန်ကျန်းရှီ အနားကို ပြိုင်မြင်း တစ်ကောင်လို ရောက်လာ ခဲ့ပါတော့တယ်။
“..” ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေ တွန့်သွားခဲ့တယ်။ သူဒီလောက်ထိ ကြိုးစား သရုပ်ဆောင် ထားတာတောင် ခေါင်းမပါတဲ့ ရှင်းထျန်း တစ်ယောက်ကပဲ သူ့ကို ပြန်တုံ့ပြန်တယ်လား။
ပြန်ဝင်စားတဲ့ ဧကရာဇ်ဟွမ်က သူ့ကို ထိခိုက်အောင် လုပ်ပြီး လက်စားစေဖို့ နောက်တစ်ခေါက် ဒီနေရာကို လာမယ်များ ထင်နေတာလား။ တုံးအလိုက်တာ။
(ဧကရာဇ် ဟွမ်က မင်းကို ဘာလို့ ထိခိုက်အောင် လုပ်လဲ ငါဘယ်လို သိမှာလဲ။)
ဖန်ကျန်းရှီ အရမ်းကို မကျေမနပ် ဖြစ်နေခဲ့တယ်။ အခုချိန်မှာ မိစ္ဆာ နတ်ဆိုးတွေက သေချာပေါက် တုန်ယင်ပြီး ဒူးထောက် သင့်တာ မဟုတ်လား။
ဧကရာဇ်ကို ကိုးကွယ် ဦးညွှတ်တာမျိုးတော့ မရှိသင့် ပင်မယ့် ဒီလို တိတ်ဆိတ် နေတာကလဲ မဖြစ်သင့်ဘူး။ အခုတော့ ရှင်းထျန်းကို သူတိုက်ခိုက်ဖို့ လိုနေခဲ့ပြီ။
“ရှင်းထျန်း အတင့်ရဲ လိုက်တာ။” ဖန်ကျန်းရှီက ဆက်ပြီး ဟန်ဆောင် နေခဲ့တယ်။ သူထွက်မပြေးခဲ့ဘူး။ ရွှေရောင် အလင်းတန်းတွေကို ခန္ဒာကိုယ်ကနေ တမင်တကာ ထုတ်လွှတ်ပြီး ရွှမ်ယွမ်ဓားနဲ့ ပေါင်းစည်းလိုက်တယ်။ အဲ့ဒီ့နောက် ရှင်းထျန်းရဲ့ ပုဆိန်ကြီးကို သူပြန်ခုတ်ချတယ်။
ဝုန်း။
ရှင်းထျန်း နောက်ဘက်ကို ခြေငါးလှမ်း ဆုတ်သွား ခဲ့ရ ပါတယ်။ ဖန်ကျန်းရှီလဲ နောက်ဆုတ် သွားခဲ့ ရပေမယ့် ခြေတစ်လှမ်းသာ နောက်ဆုတ် ခဲ့ရတယ်။
ဒါက ရူးချင်စရာပါ။
မှင်သက် အံ့သြ နေကြတဲ့ မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ အားလုံးက အသက်ပြင်းပြင်း ရှူသွင်း လိုက်မိတယ်။ ရှင်းထျန်းက ဒီတစ်ခေါက် တိုက်ပွဲမှာ အေရေးနိမ့် နေမယ်လို့ သူတို့ မထင်ထား မိခဲ့ကြဘူး။ ရွှမ်ယွမ်ဓားကြောင့် များလား။
မဟုတ်ဘူး။ ရွှမ်ယွမ်ဓားက အကြောင်း အရင်း တစ်ခု ဖြစ်နိုင်ပေမယ့်။ ဖန်ကျန်းရှီက တကယ်ပဲ ရှင်းထျန်းကို ပြန်တိုက်ခိုက်နိုင်တဲ့ အထိ အင်အားကြီးနေတာ ဖြစ်လိမ့်မယ်။ ကြောက်စရာ ကောင်းလိုက်တာ။ သူအခုမှ နတ်သခင် ဖြစ်တာ မဟုတ်လား။
ဒါတောင် ရှေးဟောင်း စစ်နတ်ဘုရား ရှင်းထျန်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက် နိုင်နေပြီ။ ဒါ့အပြင် သူက သေချာပေါက် အသာစီး ရနေသေးတယ်။
“တိုက်ခိုက်ကြ။”
“သူ့ကို အသက်ရှင်လျက် မထားနဲ့။”
“သူ့ ဒဏ်ရာတွေ အကုန် မပျောက်သေးခင် အတူတူ သတ်ပြစ်ကြမယ်။”
ချုံးချီနဲ့ ဟုန်ယို့ရဲ့ အမိန့် ချလိုက်တယ်။ သူတို့တွေ လန့်နေခဲ့ကြပေမယ့် အားလုံးကလဲ ကြမ်းတမ်း ခက်ထန် နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ မျက်ခုံး တွန့်သွား ခဲ့ပြန်ပြီ။ ဒီကောင်တွေ ပေါင်းသွား ပြန်ပြီလား။ ဘာတွေ ဖြစ်နေတာလဲ။
(ဧကရာဇ်ဟွမ် နာမည်က အသုံးမဝင် ဘူးလား။ ငါက ပြန်ဝင်စားတဲ့ ဧကရာဇ်ဟွမ်မှန်း သိနေတာတောင် သူတို့က ငါ့ကို သတ်ချင် နေသေးတယ်ပေါ့။ နေစမ်းပါအုန်း။ ဧကရာဇ်ဟွမ်က တကယ်ပဲ မိစ္ဆာ နတ်ဆိုးတွေကို ခြိမ်းခြောက်ဖို့ အသုံး မဝင်ပုံပဲ။)
ဖန်ကျန်းရှီ ရုတ်တရက် နားလည် သွားခဲ့ပါတယ်။ လူသားတွေကို ဦးဆောင်တဲ့ ဧကရာဇ်ဟွမ်က လူသားတွေသာ လေးစားရတဲ့သူ။
ရှေးဟောင်း တိုက်ပွဲကြီးမှာ ဧကရာဇ်ဟွမ်က လူသားတွေကို ဦးဆောင်ပြီး မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေကို တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ့နောက် ကပ်ဆိုးကြီးလဲ ကျရောက် လာခဲ့တယ်။ မျိုးနွယ်စု သုံးခုက နွီဝါး မယ်တော်ရဲ့ ဦးဆောင်မှုနဲ့ ရန်မီးတွေကို တစ်ခဏတာ ငြိမ်းသက် ခဲ့ကြတယ်။
ဒါကြောင့် သူတို့တွေက ဆက်ဆံရေး မကောင်းကြဘူး။ ဖန်ကျန်းရှီကတော့ ခြေလှမ်း မှားသွားခဲ့ပြီ။ သူ့ကိုယ်သူ ဧကရာဇ်ဟွမ် ဝင်စားတယ်လို့ မပြောသင့်ဘူး။
သူပြောသင့်တာက။
“နေအုန်း။ ရွှမ်ယွမ်ဝူ။ မိစ္ဆာ နတ်ဆိုးတွေရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။” ဖန်ကျန်းရှီ မျက်လုံး အပြူးသား ဖြစ်နေတဲ့ ရွှမ်ယွမ်ဝူကို လှမ်းမေးတယ်။
“..” ရွှမ်ယွမ်ဝူကတော့ မျက်လုံး အပြူးသားနဲ့ ခေါင်းခါတယ်။ “ကောင်လေး မင်း ဘေးပတ်လည်ကို ကြည့်လိုက်အုန်း။”
“ဟီးဟီး။” ဖန်ကျန်းရှီ ရယ်လိုက်တယ်။ ရွှမ်ယွမ်ဝူ ပြောချင်တာကို သူနားလည်တယ်။ ချုံးချီနဲ့ ဟုန်ယို့က ပူးပေါင်းတိုက်ခိုက် နေပြီ။ သူက အခုချိန်မှာ မိစ္ဆာ နတ်ဆိုးတွေ ဝန်းရံ ထားတာကို ခံနေရတယ်။
ရွှမ်ယွမ်ဝူက မုချင်းဖန်းနဲ့ အတူ ဖန်ကျန်းရှီ အနားကို ရောက်လာတယ်။
ပင်းယန် ရန်ရွှယ်နဲ့ ဧကရီ ပိုင်ကျစ်ကလဲ ဒီအချိန် အတွင်းမှာ ဖန်ကျန်းရှီ အနားကို ကပ်လာခဲ့ပတယ်။ လူသားနဲ့ မိစ္ဆာ နတ်ဆိုး တိုက်ပွဲကြီးက စတင်ပြီ။
အဲ့ဒီ့နောက် ရှင်းထျန်းနဲ့ ရှင်းထျန်း ပုခုံးပေါ်မှာ လဲလျောင်းနေခဲ့တဲ့ နန်ကုန်းမုသာ ကွဲထွက် နေခဲ့တော့တယ်။ ရှင်းထျန်းရဲ့ ခန္ဒာကိုယ်ကြီးက ကြီးမားတဲ့ အတွက် သူက နေရာ ကောင်းကောင်း ယူထားနိုင်ခဲ့တယ်။
ချက်ခြင်း ဆိုသလို တခြား နေရာတွေကို ချုံးချီ၊ ထျောင်ဝူနဲ့ ဟုန်ယို့က နေရာယူသွားပါတယ်။ သူတို့တွေက ဖန်ကျန်းရှီတို့ကို ဘက်ပေါင်းစုံကနေ တားဆီးထားတယ်။
“ဖန်ကျန်းရှီ နင်ဘယ်လို လုပ်ချင်လဲ။” ဧကရီ ပိုင်ကျစ်က ပုံမှန်ဆိုရင် ဒီတိုက်ပွဲမှာ ဝင်ပါဖို့ မလိုအပ်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ဝင်ပါ နေခဲ့ရပြီ။
ဖန်ကျန်းရှီနဲ့ သဘောတူထားတဲ့ အတွက် သူမက ရန်ရွှယ့်ကို ယာယီ အကူအညီ ပေးပြီး စီးတော်ယာဉ် ဖြစ်လာဖို့သာ တွေးထား ခဲ့တယ်။ မိစ္ဆာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖို့ သူမ မလိုအပ်ခဲ့ဘူး။
ဧကရီ ပိုင်ကျစ်နဲ့ ယှဉ်လိုက်ရင် ပီဖန်းကတော့ ပိုပြီး အသင့်ဖြစ်နေခဲ့တယ်။ သူမက မေးခွန်းလဲ မထုတ်သလို ဆုတ်လဲ မဆုတ်ခွာ ခဲ့ဘူး။ ပင်းယန် အသက်ရှင်ရင် သူမ အသက်ရှင်မယ်။ ပင်းယန်သေရင် သူမလဲ သေမယ်။
“ငါတို့တွေ ဘာလုပ်ကြမလဲ။ ပိုင်။ ဒေါ်လေးပိုင်ကျစ်။ ဘာလုပ်သင့်လဲ။” ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ရဲ့ မေးခွန်းကြောင့် ပြန်မေးလိုက်တယ်။
“နင်က ငါ့ကို ဒေါ်လေးလို့ ခေါ်လိုက်တာလား။” ဧကရီ ပိုင်ကျစ်လဲ အံ့သြ နေခဲ့တယ်။ ဒါပေမယ့် အဖြေကတော့ မထူးဆန်းခဲ့ဘူး။
“ဒါဆိုရင် စုန်းမအိုကြီးလို့ ပြန်ခေါ်ရမလား။”
“ထားလိုက်။ ဒေါ်လေးပဲခေါ်။”
“ဘာလုပ်သင့်လဲဟင်။” ဖန်ကျန်းရှီက ပြုံးပြရင်း ပြန်မေးပြန်တယ်။
“ငါ နင့်ကို အရင်မေးထားတာလေ။” ဧကရီ ပိုင်ကျစ် ဒေါသတကြီးနဲ့ ပြန်ပြောတယ်။
“ဟဟား။ ကောင်းပြီ။ ဒေါ်လေး မေးမှတော့ ဖြေရတာပေါ့။ ရှင်းရှင်းလေးပါ။ လာပြီး တိုက်ခိုက်ဝံ့တဲ့ သူတွေ အကုန်လုံးကို သတ်မယ်။” ဖန်ကျန်းရှီက အရမ်းကို အေးဆေး နေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကတော့ အခုချိန်မှာ စကားပြန်ပြော ချင်ပေမယ့် သူမ စကားလုံးတွေကို ပြန်မျိုချ လိုက်ပါတယ်။
(နင်က တော်တာပဲ။ ဆက်ပြီးတော့ သတ်လေ။ ဒီနေရာမှာ အင်အားကြီး နတ်ဆိုး မိစ္ဆာ ၂၀၀ နီးပါး ရှိတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ အင်အားကြီးပါစေ စွမ်းအားက အကန့်အသတ် ရှိတယ် မဟုတ်လား။)
သူက အကုန်လုံးကို သတ်နိုင်မှာလား။ ဧကရီ ပိုင်ကျစ် တွေးနေချိန်မှာပဲ အသံ တစ်သံကို ကြားလိုက် ရပြီး ဖန်ကျန်းရှီ ပြေးထွက် သွားတာကို အလန့်တကြား တွေ့လိုက် ရပါတယ်။
သူတကယ်ပဲ မိစ္ဆာ နတ်ဆိုးတွေ ဆီကို သူ့ဘာသူ ပြေးဝင် သွားတာလား။
“တိုက်ခိုက်။” ရှင်းထျန်းက အော်ဟစ်ရင်း ဖန်ကျန်းရှီဆီကို ပြေးဝင်တယ်။
သူ့ပုခုံးပေါ်မှာ လဲလျောင်းနေခဲ့ နန်ကုန်းမုကတော့ ရုတ်တရက် ကုန်းထလာခဲ့တယ်။ သူ့ကြည့်ရတာ အရမ်းကို နာကျင် ပူဆွေး နေပုံပဲ။
“ရှင်းထျန်း မလုပ်နဲ့။ ဖန်ကျန်းရှီကို မသတ်နဲ့။” နန်ကုန်းမုက ဘာကြောင့်များ ဒီစကားကို ပြောမိမှန်း သူကိုယ်တိုင် မသိခဲ့ဘူး။ ဒါပေမယ့် ပြောပြီး ချိန်မှာပဲ သူက လဲကျတော့မလို ဖြစ်နခဲ့တယ်။ တကိုယ်လုံး ချွေးတွေ အပြည့်နဲ့ တိုက်ပွဲကြီး တစ်ပွဲကို တိုက်ခိုက် ထားရသလို ပင်ပန်းနေခဲ့ပါတယ်။
ရှင်းထျန်းကတော့ နန်ကုန်းမု စကားကို လုံး၀ နားမထောင်ခဲ့ဘူး။
“တိုက်ခိုက်။” ရှင်းထျန်း အသံကြီးက မိုးခြိမ်းသံလို ကျယ်လောင်လှတယ်။ ဖန်ကျန်းရှှီဆီကို တန်းတန်း မတ်မတ် ပြေးဝင်သွားပြီး နန်ကုန်း ပြောတာ အားလုံးကို လျစ်လျူရှု ထားခဲ့တယ်။ သူ့စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိတယ်။ ဧကရာဇ်ဟွမ် ပြန်ဝင်စားတဲ့ ဖန်ကျန်းရှီကို သတ်ရမယ်။
ဖန်ကျန်းရှီကတော့ ဒီအချိန်မှာ ရယ်မော နေခဲ့ပါတယ်။
သူက နောက်ဆုတ်ဖို့ စိတ်ကူး လုံး၀ မရှိခဲ့ဘူး။ အဲ့ဒီ့ အစား ရှင်းထျန်းဆီကိုသာ ပြေးသွားခဲ့တယ်။ အဲ့ဒီ့နောက် သူပျောက်ကွယ် သွားပြန်တယ်။
နတ်ဆိုး မျိုးနွယ် စစ်သည်တော် တစ်ယောက်က ဖန်ကျန်းရှီရဲ့ နေရာမှာ အစားထိုး ပေါ်လာပြီး ရှင်းထျန်း မျက်နှာ အနားကို ပြေးမိပြီးသား ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် ရှင်းထျန်းရဲ့ ပုဆိန်စာ မိသွားခဲပါတယ်။ ဖရဲသီး တစ်လုံး ခုတ်ပိုင်း ခံလိုက်ရသလို အလယ်ကနေ တည့်တည့်ကြီး ကွဲထွက် သွားတယ်။
“ဝုန်း။” သွေးတွေက ရေစီးသလို စီးကျ လာခဲ့ပြီ။ ဒီအချိန်မှာပဲ အပြာရောင် ဝတ်ရုံ ဝတ်ထားသူက နတ်ဆိုး စစ်သည်တော် ရှိခဲ့တဲ့ နေရာမှာ ပြန်ပေါ်လာခဲ့တယ်။ ဖန်ကျန်းရှီနဲ့ မျက်နှာချင်း ဆိုင်နေတဲ့ နေရာမှာ နောက်ထပ် စစ်သည်တော် တစ်ယောက် ရှိနေခဲ့တယ်။
တခြား စစ်သည်တော် သေသွားသလိုပဲ သူလဲ မျက်လုံး အပြူးသားနဲ့သာ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီက သူ့နဖူးကို ဓားနဲ့ ထိုးစိုက် ထားခဲ့ပြီ။ ရွှေရောင် အလင်းတန်းက တချက် လက်သွားရင်း ဖန်ကျန်းရှီက သူ့နဖူး အမှတ်ကို လုံး၀ ဖျက်စီးလိုက်ပါတယ်။
“ငါပြောသားပဲ။ လာပြီး တိုက်ခိုက်ဝံ့တဲ့ အားလုံးကို ငါသတ်ပြစ်မှာလို့။” ဖန်ကျန်းရှီက နတ်ဆိုး စစ်သည်တော်ရဲ့ ခေါင်းကို လက်တစ်ဖက်နဲ့ ဖိထားရင်း ပြောလိုက်ပါတယ်။
နတ်ဆိုး စစ်သည်တော်ရဲ့ ခေါင်းက မြေပြင်ကို တန်းတန်း မတ်မတ် ကျရောက်သွားပြီး မျက်လုံးတွေကတော့ အပြူးသား ဖြစ်နေခဲ့တယ်။ အရာအားလုံး ဖြစ်ပျက် သွားတာက မြန်ဆန် လွန်းလှတဲ့ အပြင် တုံ့ပြန်ချိန်လဲ မရခဲ့ဘူး။
“ဒါက ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုရဲ့ နေရာပြောင်း နည်းလမ်းလား။”
“နေရာပြောင်းလို့ ရတဲ့ အကွာအဝေးကို သူက ပေ၂၀ ပတ်ပတ်လည်အထိ ချဲ့လိုက်ပြီ။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ ဖန်ကျန်းရှီကို ကြည့်နေရင်း ချွေးပျံ လာကြတော့တယ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီ လုပ်ချင်တဲ့ ကိစ္စကို သူတို့ နားလည် သွားခဲ့ပြီ။
ရှင်းထျန်းက မိစ္ဆာ နတ်ဆိုးတွေရဲ့ ဘက်မှာ ရှိနေခဲ့တယ်။ အပြင်ပန်းက ကြည့်ရင် ဒီလို ထင်ရပေမယ့် ရှင်းထျန်းက တကယ်တော့ ဖန်ကျန်းရှီ အစား သတ်ဖြတ် ပေးနေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ဓားတစ်လက် အဖြစ် သူက အသုံးချ ခံနေရတယ်။
ဓားတစ်ချောင်းက ရွှမ်ယွမ်။ ဓားတစ်ချောင်းက ရှင်းထျန်း။
နေရာပြောင်း နည်းလမ်းကို သူအသုံးချ ပြီးချိန်မှာ ဖန်ကျန်းရှီက နတ်ဆိုး မိစ္ဆာ နှစ်ယောက် သုံးယောက်ကို အသာလေး သတ်နိုင်တယ်။
ဒီလို ဓားနဲ့ ပုဆိန် နှစ်ဖက် ညပ်တိုက်နေ တိုက်ပွဲမှာ သူတို့တွေ ဘယ်လိုများ ဆက်ပြီး တိုက်ခိုက်နိုင်မှာလဲ။
ရွံ့ပေါ်မှာ ငါးဖမ်း နေရသလို အရမ်း ချော်ထွက်နေလွန်းတယ်။
မဟုတ်ဘူး။ အခု အဖြစ်က မြွေဖမ်းနေတာပဲ။ ဒါ့အပြင် ရွံ့ရေထဲမှာ လက်ဗလာနဲ့ မြွေဖမ်းတဲ့ အပြင် မြွေအရိပ်ကိုတောင် မမြင်ရတဲ့ အဖြစ်မျိုးကို ရောက်နေပြီ။
“ရှင်းထျန်း။ ငါဒီမှာ ရောက်နေပြီ။ ငါ့ကို လာသတ်လှည့်။” ဖန်ကျန်းရှီက ရှင်းထျန်းကို လက်ဝေ့ယမ်း ပြရင်း လှမ်းအော်တယ်။
အပိုင်း (၁၀၉၃) ပြီး၏။
အပိုင် (၁၀၉၄)
“ချန့်ယန်းတောင် လျှို့ဝှက်ချက်။”
…
“…” မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံး ကျောရိုးထဲကတောင် စိမ့်ချမ်း ကုန်ပါတယ်။ လွန်ခဲ့ဲ့တဲ့ အချိန်တုန်းကပဲ ဖန်ကျန်းရှီက ရှင်းထျန်း အနားမှာ အရူး တစ်ယောက်လို လှည့်ပတ် နေခဲ့သေးတယ်။ အခုတော့ ခံစားချက်က လုံးဝကို ကွာခြား နေခဲ့ပြီ။
အခုချိန်မှာ သူက ရှင်းထျန်း အနားကို လှည့်ပတ်ပြီး အရူးလို လုပ်မနေတော့ဘူး။ ရှင်းထျန်းကို လက်နက် တစ်ခု အဖြစ် သုံးပြီး အားလုံးကို သတ်ဖို့ လုပ်နေမှန်း လုံးဝကို သေချာနေတယ်။
“ငါတို့ ဘာလုပ်ကြမလဲ။”
“ဒီတိုက်ပွဲကို ဆက်တိုက် သင့်လား။”
ရိုးရိုးသားသား ပြောရရင် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ခေါင်းမာသူတွေ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် သူတို့ နိုင်နိုင်ချေ မရှိတဲ့ ကိစ္စကိုလဲ အတင်းအကြပ် လုပ်နေမယ့် သူတွေ မဟုတ်ကြဘူး။
အခုတော့ သူတို့မှာ ရွေးချယ်စရာ မရှိ ဖြစ်နေခဲ့တယ်။
ရှင်းထျန်းက ဖန်ကျန်းရှီရဲ့ စကားသံကို ကြားကြားချင်း ချက်ခြင်း ပြေးဝင် သွားခဲ့တယ်။ ဖန်ကျန်းရှီကို သူ့ပုဆိန်ကြီးနဲ့ ခုတ်ဖို့ လုပ်တယ်။
“မဖြစ်ဘူး ခုန်ရှောင်လိုက်။”
“ဖန်ကျန်းရှီနဲ့ ဝေးဝေးနေ။ သူ့ရဲ့ ပြန်လည် မွေးဖွားမှု တာအိုက ပေနှစ်ဆယ် ပတ်လည်ကို သုံးနိုင်တယ်။ အဲ့ဒီ့ နေရာပတ်လည်ကို မဝင်မိ စေနဲ့။”
မိစ္ဆာ နတ်ဆိုးတွေ အားလုံးက ကြုံရာ ကျပန်း နေရာတွေကို ထွက်ပြေး ကြပါတော့တယ်။
ဒါပေမယ့် မျှော်လင့် ထားသလို မဟုတ်ခဲ့ဘူး။ ပေ၂၀ ပတ်လည်က စကား အရသာ နည်းပါးတယ် ထင်ရပေမယ့် တကယ်တမ်းမှာတော့ အတော့်ကို ကျယ်ဝန်းလှတယ်။ အထူးသဖြင့် သူတို့ အရှိန်တွေ ထိန်းချုပ် ခံထားရတဲ့ အချိန်မှာ လွတ်မြောက်ဖို့ မလွယ်ကူခဲ့ဘူး။
ဖန်ကျန်းရှီကတော့ ကောင်းကင် တာအို အစွမ်းရဲ့ အားဖြည့်မှုကြောင့် ရှင်းထျန်းထက်တောင် မြန်ဆန် နေခဲ့သေးတယ်။ ဒါက အတော့်ကို ကြောက်စရာ ကောင်းလှတယ်။
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက ဖန်ကျန်းရှီနဲ့ ဝေးရာကို ပြေးဖို့ ကြိုးစား နေကြပေမယ့် ဝေးမသွားပဲ အနားကိုသာ ပြန်ရောက်လာခဲ့တယ်။
“မလာနဲ့။ ငါ့အနားကို မလာနဲ့။” နတ်သားရဲကောင် တစ်ကောင် အော်ဟစ်တယ်။ ဒါပေမယ့် အသုံးမဝင် ခဲ့ပါဘူး။ အပြာရောင် အလင်းတန်း တစ်ခုနဲ့ အတူ ဖန်ကျန်းရှီက သူ့ရှေ့ကို ရောက်လာခဲ့တယ်။ အဲ့ဒီ့နောက် လက်ချောင်းတွေကို လှုပ်ရှားလိုက်ရင်း နတ်သားရဲကောင်နဲ့ နေရာ လဲလိုက်ပါတယ်။
နတ်သားရဲကောင် မကျေမနပ် အော်ဟစ် ဟိန်းဟောက် လိုက်ပေမယ့် ရှင်းထျန်း သူ့ဆီ ပြေးလာနေတာကို မြင်ချိန်မှာတော့ တကိုယ်လုံး တုန်ယင် သွားခဲ့ပါတယ်။
ဘန်း။ သူတို့ နှစ်ယောက် ဝင်တိုက် မိချိန်မှာတော့ နတ်သားရဲကောင်က စွမ်းအားကုန်သုံး ခုခံရင်း ရှင်းထျန်း လက်ထဲက လွတ်အောင် ပြေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ရှင်းထျန်းရဲ့ ဒိုင်းကာကြီး ရိုက်ချတာကို သူခံလိုက် ရပြီးနောက် ပုဆိန်ကြီး တစ်လက် သူ့ဆီ ရောက်လာတာကို မြင်လိုက် ၇တော့တယ်။
အရိုးတွေ ကျိုးကျေ ကုန်တဲ့ အသံနဲ့ နတ်သားရဲကောင်က နှစ်ပိုင်း ပြတ်သွားရင်း မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။
ဒီအချိန်မှာပဲ အနားမှာ ရှိနေခဲ့တဲ့ နတ်ဆိုး စစ်သည်တော် တစ်ယောက်လဲ တူညီတဲ့ ကံကြမ္မာကို ကြုံတွေ့ ခဲ့ရတယ်။ ဖန်ကျန်းရှီရဲ့ ဓားက မြန်ဆန် လွန်းလှတဲ့ အပြင် အမှန်တရား အရှိန်အဝါကလဲ သူတို့ကို ဖိနှိပ်ထားပါသေးတယ်။
“မလုပ်နဲ့။” နတ်ဆိုး စစ်သည်တော် ထွက်ပြေး ချင်ပေမယ့် မဖြစ်နိုင် ခဲ့ဘူး။ သေမင်း ခံတွင်းဝကို ရောက်ချိန်မှာ လူတစ်ယောက်ရဲ့ အစွမ်းက မျှော်မှန်း မရနိုင်အောင် ကြီးမားလာနိုင်တယ်။
နတ်ဆိုး စစ်သည်တော်က သူ့ခန္ဒာကိုယ် အစွမ်းကို အဆုံးစွန်ထိ အသုံးပြုပြီး ရွှမ်ယွမ်ဓား လက်ကနေ လွတ်အောင် ရှောင်ရှား နိုင်ခဲ့တယ်။ ဒါပေမယ့် လက်မောင်း တစ်ဖက်ကိုတော့ သူပေးဆပ် လိုက်ရပါတယ်။
သွေးတွေက ကောင်းကင်မှာ ဖြာထွက် လာပြီး သူပြေးတော့တယ်။
ဖန်ကျန်းရှီရဲ့ ပြိုင်ဘက် မဟုတ်မှန်း သူ့ကိုယ်သူ ကောင်းကောင်း သိထားတဲ့ အတွက် ခုခံဖို့ အတွေး လုံး၀ မရှိခဲ့ဘူး။ ဒါပေမယ့် ခြေ၂လှမ်း လှမ်း အပြီးမှာတော့ အနက်ရောင် မီးလျှံတွေက သူ့ကို ဝန်းရံ သွားပါတော့တယ်။
ပြန်လည် မွေးဖွားမှု ငရဲတာအို။
“အား။” နတ်ဆိုး စစ်သည်တော်က နာကျင်မှု အပြည့်နဲ့ အော်ဟစ်ရင်း မီးလုံး ရှစ်လုံး ဝိုင်းပြီး မီးမြိုက်တာကို ခံနေခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူပြာဖြစ် သွားခဲ့ပါပြီ။
“…”
“…”
မိစ္ဆာ နတ်ဆိုး စစ်သည်တော်တွေ ကတော့ လုံးဝကို မျက်လုံး ပြူးနေခဲ့တယ်။ ဖန်ကျန်းရှီက အရမ်းကို အင်အားကြီးလွန်း လှတယ်။ သူနဲ့ နှစ်ခေါက် ရင်ဆိုင် လိုက်ချိန်မှာ နတ်ဆိုး စစ်သည်တော် သုံးယောက်နဲ့ နတ်သားရဲကောင် တစ်ကောင် သေသွားခဲ့ပြီ။
နတ်ဆိုး မိစ္ဆာတွေက အရေအတွက် များနေပင်မယ့် ဒါက သေချာပေါက် မလုံလောက် ခဲ့ဘူး။ မိနစ်ပိုင်း အတွင်း လေးယောက် သေသွားမှတော့ အားလုံးက ဘယ်လောက် ကြာကြာတောင့်ခံ နိုင်တော့မှာလဲ။
ဖန်ကျန်းရှီသာ ဒီတိုင်း ဆက်သွားခဲ့မယ်ဆိုရင် ၂နာရီ အတွင်းမှာပဲ အင်အားကြီး နတ်ဆိုး မိစ္ဆာတွေ အားလုံး ပျောက်ကွယ် သွားလိမ့်မယ်။
“ငါတို့ နောက်ထပ် ပြေးလို့ မဖြစ်တော့ဘူး။”
“အကုန်လုံး စည်းလုံးမှ ရမယ်။ မဟုတ်ရင် အားလုံး သေကုန်လိမ့်မယ်။”
“ငါတို့ အကုန် ပေါင်းစည်းပြီး ရှင်းထျန်းကို ခုခံရင်း ဖန်ကျန်းရှီကို သတ်ရမယ်။”
“..”
ချုံးချီနဲ့ ဟုန်ယို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေက သွေးလို ရဲရဲ နီနေခဲ့ပါတယ်။ အခုချိန်မှာ ဒီလို အရှုံးမျိုးကို သူတို့ လုံး၀ သည်းမခံ နိုင်ခဲ့ဘူး။ ဖန်ကျန်းရှီနဲ့ ရှင်းထျန်း သတ်တာလဲ သူတို့ မခံနိုင်ဘူး။
အားလုံး အစွမ်းကုန် တိုက်ခိုက်ဖို့ လိုအပ်တယ်။ သူတို့ မတိုက်ခိုက်ရင် သေရလိမ့်မယ်။
“ဝေါင်း။”
“တိုက်ခိုက်။”
ချုံးချီနဲ့ ဟုန်ယို့ရဲ့ စကားကို ကြားချိန်မှာတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အားလုံး ဒေါသတကြီးနဲ့ ဟိန်းဟောက် နေကြပေမယ့် တကယ်တမ်းမှာ သူတို့ အရမ်းကို ကြောက်နေ ခဲ့ကြတယ်။
ရှင်းထျန်းက လူသတ်စက်ကြီး တစ်ခုဆိုရင် ဖန်ကျန်းရှီက လူသတ်စက်ကြီးကို ထိန်းချုပ်နေတဲ့ ပညာရှင် ဖြစ်လိမ့်မယ်။ ဒါ့အပြင် ပညာရှင်က ရှင်းထျန်းကိုလဲ အနိုင်ယူနိုင်တယ်။
နှစ်ယောက် ပေါင်းစည်း သွားချိန်မှာတော့ လုံးဝကို ကပ်ဆိုက် တော့တာပဲ။ ဘယ်နတ်ဆိုး မိစ္ဆာကမှ ကိစ္စတွေ ဒီလို အဆုံးသတ် သွားမယ်လို့ ထင်မထား ခဲ့ကြဘူး။ ဖန်ကျန်းရှီက အသက်ရှင်နေ သေးတဲ့ အပြင် အဆင့်လဲ တက်သွားသေးတယ်။ နတ်သခင် အဆင့်ကို တက်သွားပြီး ရှင်းထျန်းထက်တောင် အင်အားကြီးနေခဲ့တယ်။
…
ဧကရီ ပိုင်ကျစ်ကတော့ မျက်လုံး အပြူးသားလေး ဖြစ်နေခဲ့ပါတယ်။
သူ့ကို တိုက်ခိုက်သူတွေ အားလုံးကို ဖန်ကျန်းရှီ သတ်ပြစ်မယ် ပြောခဲ့တုန်းက နောက်တစ်ခေါက် ဟန်ဆောင် နေပြန်ပြီလို့သာ တွေးမိခဲ့တယ်။ ဒါပေမယ့် ဖြစ်နေတာတွေကို မြင်ပြီး နောက်မှာတော့ ခံစားချက်တွေကို စကားနဲ့တောင် မဖော်ပြ နိုင်တော့ဘူး။
ဖန်ကျန်းရှီက ဘယ်လိုများ ဒီလောက်ထိ အင်အားကြီး နေရတာလဲ။ ဘယ်လိုတောင် ဖြစ်နိုင် ရတာလဲ။
အားနည်းတဲ့ လူသား တစ်ယောက်က ဒီလောက် အချိန်တိုလေး အတွင်း ဘယ်လိုများ စွမ်းအားတွေကို ကြောက်စရာ ကောင်းအောင် ရလာ နိုင်တာလဲ။ ဖန်ကျန်းရှီ အလားအလာ ကောင်းမှန်း သူမ သိပေမယ့် လေးလေးနက်နက် သဘောမထားခဲ့ ဖူးဘူး။
မဟာနွံအိုင်ကြီး ထဲမှာ ယွင်ချင်းဝူက သူမကို အစီအစဉ် တစ်ခု အကြောင်း ပြောပြဖူး ခဲ့တယ်။ ဖန်ကျန်းရှီကို အသုံးချပြီး မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကို အတွင်းပိုင်း ပြဿနာတက်အောင် လုပ်မယ်။
ယွင်ချင်းဝူ စကားကို သူမ နားထောင် ခဲ့ပေမယ့် ဒီအစီအစဉ် အလုပ်ဖြစ် လာမယ်လို့ မထင်မှတ် ထားခဲ့မိဘူး။ အခုချိန်မှာတော့ သူမ ရှင်းရှင်းလင်းလင်း နားလည် သွားခဲ့ပြီ။ သူမက ယွင်ချင်းဝူနဲ့ ယှဉ်လိုက်ရင် တကယ့်ကို အမြင်ကျဉ်းလွန်းခဲ့တယ်။
“ချင်းဝူ။ ငါ့သမီးက မယ်တော့်ကို ရန်ရွှယ့် စီးတော်ယာဉ် အဖြစ် လုပ်ခိုင်းခဲ့တာ အသက်ကို ကယ်တင် နိုင်ဖို့လား။” ဧကရီ ပိုင်ကျစ် စိတ်ထဲမှာ ဒွိဟ ဖြစ်နေခဲ့တယ်။ ယွင်ချင်းဝူ စကားကို နားထောင် မိခဲ့တဲ့ အတွက် သူမ စိတ်သက်သာရာ ရမိတယ်။ မဟုတ်ရင် အခု မျက်စိရှေ့မှာ မြင်နေရတဲ့ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေလို အဆုံးသတ် သွားလောက်တယ်။
“ဒီကောင်စုတ်လေးက တကယ်ပဲ ဧကရာဇ်ဟွမ် ပြန်ဝင်စားတာလား။” ဧကရီ ပိုင်ကျစ်နဲ့ အတွေး မတူပဲ ရွှမ်ယွမ်ဝူကတော့ သူ့အတွေးနဲ့သူ ရှိနေခဲ့တယ်။ သူလုံး၀ မယုံနိုင်ဘူး။ ဧကရာဇ်ဟွမ်နဲ့ ဖန်ကျန်းရှီရဲ့ စရိုက် လုံးဝကို ကွာခြားတယ်။ ဒါပေမယ့် ဖန်ကျန်းရှီ တကယ့် ရွှမ်ယွမ်ဓား အစစ်ကြီးကို ကိုင်ပြီး သုံးနေနိုင်တယ်။
ရွှမ်ယွမ်ဓားကလဲ သူ့ကို သခင် အဖြစ် အသိအမှတ် ပြုထားသေးတယ်။ ဒါက ဖြစ်လာဖို့ ကြမ္မာဖန် ထားပြီးသားလား။
“ဟဟား။ သတ်ပြစ် အားလုံးကို သတ်ပြစ်။” ပင်းယန်ကတော့ အတော့်ကို စိတ်လှုပ်ရှား နေခဲ့တယ်။
သူမ နောက်ဘက်မှာ ရှိနေတဲ့ ချီကူယန်ကတော့ မျက်လုံးတွေကိုသာ ပိတ်ထားပါတယ်။
သူမက ကိုယ့်ကိုယ်ကို ပြန်လည် အားဖြည်ပြီး ကောင်းမွန်အောင် လုပ်နေခဲ့တယ်။
လက်ရှိ အခြေအနေမှာ ဖန်ကျန်းရှီက လုံးဝကို အသာစီး ရနေပုံ ရှိပေမယ့် ဒီလောက် ရိုးရှင်းမှာ မဟုတ်မှန်း သူမ နားလည် နေခဲ့တယ်။
မဖြေရှင်းရ သေးတဲ့ ပဟေဠိတွေက အများကြီး ကျန်ရစ် နေသေးတယ်။
ဧကရာဇ် နှစ်ပါးက ရှင်းထျန်းကို ဘာကြောင့်များ ပူးပေါင်းပြီး စတေး ခဲ့ကြတာလဲ။ သူ့ကို တစ်ခါတည်း သတ်ပြစ်မယ့် အစား ဘာကြောင့်များ ခေါင်းကို မြုပ်ထား ခဲ့တာလဲ။ ချန့်ယန်းတောင် လျှို့ဝှက်ချက်က တကယ်ပဲ ဘာများ ဖြစ်နေမလဲ။
ဒါ့အပြင် ဧကရာဇ် ဟွမ်က အတိတ်မှာ အာကာသထဲကို နောက်တစ်ခေါက် ဝင်ခဲ့တယ်။ အဲ့ဒီ့မှာ ဘာလျှို့ဝှက်ချက်များ ရှိနေမလဲ။ ဒီလျှို့ဝှက်ချက်တွေ အားလုံး မကြာခင်မှာ အဖြေပေါ်လာတော့မယ်မှန်း ချီကူယန် သိနေခဲ့တယ်။
အခုချိန်မှာတော့ စွမ်းအားတွေကို အထွတ်အထိပ် ရောက်စေဖို့ သူမ ပြင်ဆင် ထားရမယ်။
…
ချန့်ယန်းတောင် တစ်ခုလုံးကတော့ သွေးနံ့တွေ လှိုင်နေခဲ့တယ်။ မိစ္ဆာ နတ်ဆိုးတွေရဲ့ သွေးက ချန့်ယန်းတောင်ပေါ်ကို ကျရောက် လာပေမယ့် မြေပြင်ပေါ်ကို ကျရောက်ချိန်မှာ ချက်ခြင်း ပျောက်ကွယ် ကုန်တယ်။
ဒီမြင်ကွင်းက ထူးဆန်းလွန်း နေပင်မယ့် ဘယ်သူကမှ သတိ မထားမိ ခဲ့ကြဘူး။ ဝူယွဲ့အာနဲ့ ယွင်ချင်းဝူတို့တောင် တိုက်ပွဲကြီးကို အာရုံစိုက် ကြည့်ရင်း လန့်နေခဲ့တဲ့ အတွက် ဒါကို သတိမထားမိ ဖြစ်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ ကြားမှာ လှည့်ပတ် ပြေးလွှားရင်း အများကြီး စိတ်သက်သာရာ ရနေခဲ့တယ်။
သူတွေ့သမျှ နတ်ဆိုး မိစ္ဆာတွေကို ဓားနဲ့ ဝေ့ယမ်းပြီး ဖြတ်တောက်ပြစ်တယ်။
သူသတ်ချင်တဲ့ နေရာမှာ သတ်တယ်။ အခုချိန်မှာ လမ်းတွေကို ဂရုစိုက် မနေတော့ဘဲ စိတ်နှလုံးသား စေရာကိုသာ သူလုပ်ဆောင်နေခဲ့တယ်။
သူမကြိုက်တဲ့ သူတွေကို သတ်ပြစ်ပြီ။ တစ်ခါတလေမှာတော့ ရှင်းထျန်းကို အော်ဟစ်ရင်း နတ်ဆိုးတွေကို ပြစ်ပေးတယ်။
ချုံးချီနဲ့ ဟုန်ယို့ကတော့ ဖြူဖျော့ နေခဲ့ကြပြီ။ မိစ္ဆာ နတ်ဆိုးတွေကို စည်းလုံးအောင် စည်းရုံး ချင်ပေမယ့် ထင်ထားသလို မလွယ်ကူခဲ့ဘူး။
တစ်ချို့ နတ်ဆိုး မိစ္ဆာတွေက လက်လျော့ပြီး ထွက်ပြေး ကုန်ကြပြီ။ သေခြင်းတရားကို ရင်ဆိုင် ရချိန်မှာ ရတနာတွေ အခွင့်အရေးတွေက ဘာမှ မဟုတ်ကြတော့ဘူး။
အသက်ကိုသာ ဆုံးရှုံးရမယ် ဆိုရင် ရတနာတွေ အခွင့်အရေးတွေကလဲ သုံးစားလို့ ရနိုင်မှာ မဟုတ်ဘူး။
နတ်သားရဲကောင်တွေ အတော်များများက ပြန့်ကျဲ ကုန်ကြပြီ။ ချုံးချီ ဘယ်လောက်ပဲ အော်အော် သူတို့တွေက ဆက်တိုက် ထွက်ပြေး နေခဲ့ကြတယ်။
နတ်ဆိုး မျိုးနွယ်လဲ တူညီတဲ့ အဖြစ်ကို ကြုံတွေ့ နေရပါတယ်။
နတ်ဆိုး ၂၀၀မှာ ဆယ်ချီ သေဆုံး ပြီးတဲ့နောက် ကျန်ရစ်တဲ့ သူတွေ အားလုံးက အသက်ဆက်ရှင်ဖို့ အစီအစဉ် ဆွဲပြီး နေရာ အနှံ့ကို ထွက်ပြေးကုန် ကြတယ်။
“ငါတို့ ဘာလုပ်ကြမလဲ ညီနောင်။” စစ်နတ် တစ်ယောက်က ဒါကို မြင်ချိန်မှာ မေးလိုက်ပါတယ်။ သူတို့ ဒီအတိုင်းသာ ဆက်သွားနေရင် အားလုံး သေကုန်ကြလိမ့်မယ်။
“ငါတို့ ထွက်ပြေးကြမလား။”
“မဖြစ်ဘူး။” ဟုန်ယို့ ဒေါသထွက်နေခဲ့တယ်။ ထွက်ပြေးတယ် ဆိုတာက စစ်နတ်တွေရဲ့ အကျင့် မဟုတ်ဘူး။ ဘယ်တိုက်ပွဲမှာမှ သူတို့တွေ ထွက်မပြေး ခဲ့ဖူးဘူး။
ရှေးဟောင်း စစ်ပွဲကြီးမှာ ဧကရာဇ် ဟွမ်နဲ့ တိုက်ခိုက်ချိန်ကတောင် သူတို့တွေ တစ်ခေါက်မှ ထွက်မပြေးခဲ့ ဖူးဘူး။ ဒါကြောင့် အခုလဲ သေချာပေါက် မပြေးဘူး။
“ဟုန်ယို့ မင်းတို့တွေ ဘာလုပ်ဖို့ တွေးထားလဲ။” ချုံးချီက မေးလိုက်တယ်။
“ရှေ့တန်းက တိုက်မယ်။” ဟုန်ယို့ အေးစက်စက် ပြောတယ်။ အခုလို ဆက်တိုက် အသတ် မခံရဖို့ အတွက် ဒီအခြေအနေကြီးမှာ တစ်ယောက်ယောက် ရှေ့ထွက် ရပ်ဖို့ လိုမှန်း သူသိတယ်။
အကယ်၍ ဘယ်သူကမှ ရှင်းထျန်းနဲ့ ဖန်ကျန်းရှီကို မနိုင်နိုင်ရင် သူတို့ တိုက်ပွဲကို လုံး၀ ရှုံးသွားလိမ့်မယ်။
“ကောင်းပြီ။ ထျောင်ဝူနဲ့ ငါက ရှင်းထျန်းကို တားထားမယ်။ မင်းတို့တွေက ဖန်ကျန်းရှီကို တိုက်ခိုက်။ ဘယ်လိုလဲ။” ချုံးချီ ပြောလိုက်တယ်။
“ကောင်းပြီ။ ဒီအစီအစဉ် အတိုင်း လုပ်မယ်။” ဟုန်ယို့ နောက်ထပ် မငြင်းပယ်တော့ဘဲ ပြိုင်ဘက်ကို ရွေးချယ် လိုက်ပါတယ်။ အခုချိန်မှာ မဟာမိတ် ပြုပြီး တိုက်ခိုက်မှ ဖြစ်မယ်။ ဒါ့အပြင် ရှေးဟောင်း သားရဲကောင် လေးကောင်ထဲမှာ နှစ်ကောင်က သေသွားခဲ့ပြီ။ နှစ်ကောင်တည်းနဲ့ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့က ခက်ခဲလိမ့်မယ်။
စစ်နတ်တွေ ပူးပေါင်းပြီး ဖန်ကျန်းရှီကို တိုက်ခိုက်တာက နိုင်နိုင်ချေ များတယ်။
“ဝေါင်း။” ချက်ခြင်း ဟိန်းဟောက်ရင်း ချုံးချီက ရှင်းထျန်းဆီ ပြေးဝင် သွားခဲ့တယ်။ ထျောင်ဝူလဲ ကပ်လိုက်လာတယ်။ နှစ်ယောက်သား ပူးပေါင်း တိုက်ခိုက်ရင်း ရှင်းထျန်းကို တားဆီးဖို့ လုပ်ပါတယ်။
တခြား နတ်သားရဲကောင်တွေ ကတော့ ဒါကို မြင်ချိန်မှာ တွေေ၀ ကုန်ကြတယ်။ သူတို့ရဲ့ အသိစိတ်က ပူးပေါင်း တိုက်ခိုက် ပေးသင့်တဲ့ အကြောင်း လှုံ့ဆော် နေပင်မယ့်၊ ပင်ကိုယ် သိစိတ်ကတော့ နောက်ဆုတ်ပြီး စောင့်ဖို့သာ ပြောနေခဲ့တယ်။
တခြား နတ်သားရဲကောင်တွေကို ခေါ်နေမယ့် အစား ချုံးချီနဲ့ ထျောင်ဝူ နှစ်ယောက်ကသာ နှစ်ဖက်စလုံး ကနေ တိုက်ခိုက်တယ်။
“ထွက်သွာစမ်း။” ရှင်းထျန်းကတော့ ဒေါသတကြီး ဟိန်းဟောက်ရင်း ကြောက်စရာ အရှိန်အဝါတွေကို လွှင့်ထုတ် လိုက်ပါတယ်။
ဒါပေမယ့် သူ့ပုဆိန်ကြီးက သားရဲကောင် နှစ်ကောင်ကို မထိခဲ့ဘူး။
ချုံးချီနဲ့ ထျောင်ဝူကလဲ ရှင်းထျန်းကို သတ်ဖို့ စိတ်ကူး မရှိသလို အချိန် ဆွဲထားဖို့သာ လုပ်နေခဲ့ကြတယ်။
တခြား တစ်ဖက်မှာတော့ စစ်နတ်တွေက ဖန်ကျန်းရှီကို ဝန်းရံ လိုက်ကြပြီ။ ဟုန်ယို့က ဖန်ကျန်းရှီရဲ့ ရှေ့တည့်တည့်မှာ ရပ်နေခဲ့တယ်။ တခြား စစ်နတ်တွေကတော့ လက်နက်တွေကို အသီးသီး ကိုင်ဆောင်ထားပြီး အလေးအနက် ကြည့်နေ ခဲ့ကြတယ်။
စစ်နတ် ၁၂ပါးလုံး ပူးပေါင်း တိုက်ခိုက်တာကို မြင်ရဖို့က ရှားပါးလွန်းလှတယ်။
ကောလဟာလတွေ အရတော့ သူတို့ ပူးပေါင်းလိုက်မယ် ဆိုရင် ဧကရာဇ်ဟွမ်ကိုတောင် တိုက်ခိုက် နိုင်တဲ့ အထိ အင်အားကြီးမားတယ်။ ဖန်ကျန်းရှီကတော့ ဒါကို မသိခဲ့ဘူး။
“အိုး။ မင်းတို့ ၁၂ယောက်က အတူတူ သေချင် ကြတာလား။ ထူးခြားလိုက်တာ။” ဖန်ကျန်းရှီက တအံ့တသြ ပြောတယ်။ ဒါပေမယ့် လက်ကတော့ ချက်ခြင်း ဆိုသလို ဓားကို တင်းတင်းကြပ်ကြပ် ကိုင်လိုက်ပါတယ်။
စစ်နတ် ၁၂ပါးက ရှေးရှေးခေတ်မှာ ကျော်ကြာားလွန်းတဲ့ အပြင် နတ်ဆိုး နတ်ဘုရား ချီယို့ရဲ့ အင်အားအကြီးဆုံး နောက်လိုက်တွေလို့ ဆိုကြတယ်။ သူတို့ ပူးပေါင်း တိုက်ခိုက်ရင် ဘာဖြစ်မလဲ ဘယ်သူမှ မသိကြပေမယ့် အင်အားကြီးတာကိုတော့ အားလုံးက သိနေခဲ့တယ်။
ဖန်ကျန်းရှီက ဂရုမစိုက်ချင်ယောင် ဆောင်နေပင်မယ့် စိတ်ထဲမှာတော့ သတိကြီးကြီးထားရင်း ဓားကို ချိန်ရွယ်နေတယ်။ အခုချိန်မှာ တိုက်ခိုက်ဖို့နဲ့ အကူအညီ တောင်းဖို့ သူအဆင်သင့် ဖြစ်နေခဲ့ပြီ။
“စစ်နတ် ၁၂ပါး ဗျူဟာ။ ဖန်ကျန်းရှီ မင်းနဲ့ ငါတို့ တစ်ဖက်ဖက်က ဒီနေ့ အသေပဲ။” ဟုန်ယို့ သူ့ခန္ဒာကိုယ်ကို ကွေးညွှတ် လိုက်ချိန်မှာတော့ ထူးဆန်းတဲ့ မြင်ကွင်း တစ်ခု ဖြစ်လာတော့တယ်။
ကြီးမားတဲ့ ဘုကြီး ၂ဘုက ဟုန်ယို့ နောက်ကျောမှာ ပေါ်ထွက်လာခဲ့တယ်။ ဒီဘုကြီးက အသက်ရှိ နေတဲ့ အတိုင်း ဆက်တိုက်လဲ ကြီးထွား လာခဲ့ပါတယ်။
အပိုင်း (၁၀၉၄) ပြီး၏။
အပိုင်း (၁၀၉၅)
“အန္တိမ တိုက်ပွဲ။”
…
ဟုန်ယို့ တစ်ယောက်တည်းတင် မကဘဲ တခြား စစ်နတ်တွေ အားလုံးလဲ အတူတူ တုံ့ပြန်ကြတယ်။ အားလုံးက ရုပ်သေးရုပ်တွေလို အသွင်မျိုးနဲ့ အတူတူ ချိတ်ဆက် သွားခဲ့ကြပြီ။ ဘုကြီးတွေက စစ်နတ်တိုင်းရဲ့ ကိုယ်ပေါ်မှာ ပေါ်လာခဲ့တယ်။
“အား။”
“အား။”
အော်သံကြီးတွေ ထွက်လာ ပြီးနောက် စစ်နတ် ၁၂ပါးရဲ့ မျက်လုံးတွေက ရဲရဲနီ သွားပါတော့တယ်။ တကယ့် သွေးတွေ စီးဆင်း နေတဲ့ အတိုင်း သူတို့ မျက်ဝန်းတွေက ကြောက်စရာ ကောင်းနေခဲ့တယ်။
ဒါပေမယ့် ပိုပြီး ကြောက်စရာ ကောင်းတဲ့ အချက်ကတော့ ဟုန်ယို့ နောက်ကျောမှာ နောက်ထပ် ကြီးမားတဲ့ ခေါင်းတစ်လုံးနဲ့ လက်၂ဖက် ထပ်ထွက် လာခဲ့တာပါပဲ။
“..” ဖန်ကျန်းရှီ လုံးဝကို ဆွံ့အ နေခဲ့တယ်။
“အဲ့တာ ဘာကြီးလဲ။ လက်မောင်း နှစ်ဖက်နဲ့ ခေါင်းတစ်ခေါင်း အသစ် ထပ်ထွက် လာတယ်ပေါ့။”
ဟုန်ယို့ တစ်ယောက်တည်းတင် ဖြစ်နေတာ မဟုတ်တဲ့ အတွက် ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားပါတယ်။ အခုချိန်မှာ တခြား စစ်နတ်တွေလဲ အတူတူ အသွင် ပြောင်းနေကြပြီ။ အတော်ကြီးကို ကြောက်စရာ ကောင်းလွန်းလှတယ်။
(သူရဲကောင်း နီကျားနဲ့ သက်ဆိုင် နေတာလား။)
(*ခေါင်း သုံးလုံး လက်ခြောက်ဖက် ပါသော ဒဏ္ဍာရီ သူရဲကောင်း နီကျား။)
မဖြစ်နိုင်ဘူး။
ခေါင်းနဲ့ လက်အရွယ် အစား မတူတဲ့ အပြင် နီကျားရဲ့ လက်နဲ့ ခေါင်းတွေက ယာယီ အသွင် ပြောင်းရုံပဲ။
ဒါပေမယ့် စစ်နတ်တွေကတော့ တကယ့်ကို ပေါက်နေကြတာ။
“သေပေရော့။” စစ်နတ်တွေရဲ့ အော်ဟစ်သံနဲ့ အတူ လက်နက်ကြီးတွေက သူတို့ လက်ထဲမှာ ပေါ်လာပါတော့တယ်။ သူတို့တွေ ဖန်ကျန်းရှီဆီကို ပြေးဝင်တယ်။
“စစ်နတ် ၁၂ပါး ဗျူဟာမှာ ဘာတွေ ဖြစ်နေတာလဲ။ နောက်ထပ် ဖွဲ့စည်းထားတာ ရှိအုန်းမှာလား။” ဖန်ကျန်းရှီကတော့ စစ်နတ်တွေ အလောတကြီး ပြေးဝင် လာတာကို ကြည့်ရင်း အံ့သြ နေခဲ့တယ်။
(အနည်းဆုံးတော့ သူတို့တွေ တန်းစီပြီး တိုက်ခိုက်သင့်တယ် မဟုတ်လား။ အခုလို တပြိုင်တည်းကြီး ပြေးလာ တာကတော့ နည်းလမ်း မကျဘူး။)
ဖန်ကျန်းရှီ တွေးနေပင်မယ့် သူတို့ရဲ့ တိုက်ခိုက်မှုကို ပြန်ခုခံဖို့ အသင့် ဖြစ်နေခဲ့တယ်။ စစ်နတ် ၁၂ပါးလုံးရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ဖို့က ခက်ခဲတဲ့ အပြင် အဓိပ္မာယ်လဲ မရှိဘူး။ ဒါကြောင့် သူမလုပ်ခဲ့ဘူး။
ကောင်းကင်ပေါ်ကို ခပ်မြန်မြန် ထိုးတက် သွားခဲ့တယ်။ စစ်နတ်တွေကတော့ သူ့နောက်ကနေ ကြောက်စရာ အရှိန်နှုန်းနဲ့ ပြေးလိုက်လာခဲ့ပါတယ်။
မကြာခင်မှာပဲ သူ့ဘေးနားကို ရောက်လာခဲ့တဲ့ စစ်နတ်တွေက လက်နက်ပေါင်း ၄၈ခုနဲ့ အတူ သူ့ရှိရာ နေရာဆီကို ပြေးလာခဲ့တယ်။
ဖန်ကျန်းရှီကတော့ ပျောက်ကွယ် သွားခဲ့ပြီ။ ကောင်းကင်မှာ အပြာရောင် အလင်းတန်းလေး တစ်ခုသာ ကျန်ရစ်ခဲ့တယ်။ အဲ့ဒီ့နောက် သူ့ခန္ဒာကိုယ်က အောက်ကို ထိုးဆင်း သွားခဲ့ပါတယ်။ ကောင်းကင်တာအိုကို အသုံးပြုပြီး စစ်နတ်တွေကို တစ်ယောက်ချင်း သူရှင်းပြစ်ချင်တယ်။
ဒါပေမယ့် စစ်နတ် တစ်ယောက်ရဲ့ နောက်ကို သူရောက် သွားချိန်မှာပဲ အဲ့ဒီ့ စစ်နတ်က အရိပ်အယောင်တောင် မရှိတော့ပဲ ပျောက်ကွယ် သွားတာကို သူတွေ့လိုက် ရတယ်။
“ဘာဖြစ် သွားတာလဲ။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။ အစောပိုင်းတုန်းက တိုက်ခိုက်မှုကို သူလွဲချော်သွားခဲ့တယ် ဒါမျိုးက နတ်သခင် အဆင့်မှာ ဖြစ်မလာသင့်ဘူး။ ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲ။
သူစဉ်းစား နေချိန်မှာပဲ စစ်နတ်တွေက သူ့အနားမှာ နောက်ထပ် ပေးလာပြန်တယ်။ အခုချိန်မှာလဲ သူ့ကို တူညီတဲ့ ပုံစံနဲ့ ဝန်းရံ ထားကြတယ်။ နေရာကလဲ အတူတူပဲ ဖန်ကျန်းရှီက အလယ်မှာ ရှိနေပြီး သူ့ကို ဝန်းရံ ခံထားရတယ်။
“လေဟာနယ်ကို ပြောင်းလဲတာလား။ ဒါကြီးက ဘာကြီးလဲ။” ဖန်ကျန်းရှီ ဖြစ်နိုင်ချေတွေ အများကြီးကို တွေးမိတယ်။ ဒါပေမယ့် ဘယ်တစ်ခုကိုမှ အတည်မပြုနိုင်ခဲ့ပါဘူး။
“ဖန်ကျန်းရှီ ငါတို့ရဲ့ ဝန်းရံမှုကနေ မင်း မလွတ်နိုင်ပါဘူး။” ဟုန်ယို့က ပြောလိုက်တယ်။ အသံကတော့ စစ်နတ် ၁၂ပါးလုံးရဲ့ ပါးစပ်ကနေ တပြိုင်နက်တည်း ထွက်လာခဲ့ပါတယ်။
စစ်နတ်တွေ အားလုံးရဲ့ လှုပ်ရှားမှုက တစ်ထပ်တည်း ထပ်တူကြနေခဲ့တယ်။
“စစ်နတ်တွေ ပေါင်းစည်း သွားတာပဲ။ ဖန်ကျန်းရှီ ဒီဗျူဟာကြောင့် စစ်နတ်တွေရဲ့ ခန္ဒာကိုယ်နဲ့ စိတ်ဝိဉာဉ်က တသားတည်း ဖြစ်သွားပြီ။” ရွှမ်ယွမ်ဝူ ရှင်းပြတယ်။
“တကယ်ကြီးလား။ ဒီလို ဗျူဟာမျိုး ရှိတယ်လား။” ဖန်ကျန်းရှီ မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း ပြန်မေးတယ်။
(လုံးဝကို သိပ္မံနည်း မကျတာပဲ။ လူ၁၂ယောက်က ဘယ်လိုများ တစ်ယောက်တည်း ဖြစ်သွား နိုင်တာလဲ။ ပုံပြောင်းစက်ရုပ်တွေလဲ မဟုတ်ဘဲနဲ့ကို။)
ဖန်ကျန်းရှီ တကယ့်ကို စကား ပြောချင်စိတ် ပျောက်နေခဲ့ပြီ။ ဒါ့အပြင် သူရောက်နေတဲ့ လောကက သိပ္မံ နည်းကျ လောက မဟုတ်တဲ့ အတွက် တော်တော်များများကို ရှင်းပြလို့ မရနိုင်ခဲ့ဘူး။
ဒီစစ်နတ်တွေက ချီယို့ရဲ့ အသန်မာဆုံး အင်အားတွေ ဖြစ်နေတဲ့ အတွက် သူတို့မှာ ပြိုင်ဘက်ကင်း စွမ်းရည်တွေ ရှိနေတာ လက်ခံနိုင်စရာ ရှိပါတယ်။ အခုတော့ ဒါတွေက ပျော်စရာ မကောင်းတော့ဘူး။
စစ်နတ်တွေက တစ်ယောက်ချင်းစီ ဆိုရင် အရမ်းကြီး အင်အား မကြီးကြပေမယ့် တစ်ယောက်ချင်းစီတိုင်းက နတ်သားရဲကောင်တွေထက်တော့ သန်မာတယ်။ ချုံးချီတို့ကိုတော့ မယှဉ်နိုင်ဘူး။
ဒါကြောင့် ၁၂ယောက်လုံး တပြိုင်နက်တည်း ပြေးလာ နေတာကို မြင်ချိန်မှာ အသတ်ခံဖို့ လာနေကြတယ်လို့ အတွေးဝင်ခဲ့ ဖူးတယ်။
(ဒီတော့ ၁၂ယောက်လုံးကို ငါတစ်ယောက်တည်းနဲ့ တိုက်ခိုက် ရတော့မှာလား။)
“မင်း လုပ်ရမှာ သူတို့ထဲက တစ်ယောက်ကို သတ်ပြီး လမ်းဖောက်ရုံပဲ။ ဒါကို လုပ်နိုင်ရင် စွမ်းအားက ၁၀% လျော့သွားလိမ့်မယ်။ ဖြေရှင်းရတာလဲ ပိုလွယ်တယ်။” ရွှမ်ယွမ်ဝူ လှမ်းရှင်းပြ ပြန်တယ်။
“ဒီအကြံ မဆိုးဘူး။” ဖန်ကျန်းရှီ ပြန်ပြီး မှတ်ချက်ပေးတယ်။
(ပြဿနာကို ဖြေရှင်းနိုင်ဖို့ တစ်ယောက်ကို သတ်ရမှာ ဖြစ်ပေမယ့် သတ်နိုင်မလား မသတ်နိုင်ဘူးလား ဆိုတာက ပြဿနာ ဖြစ်နေပြန်တယ်။)
အတွေး မလွန်တော့ဘဲ ဖန်ကျန်းရှီက ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကြိုးစားကြည့်တာက ဘယ်သူ့ကိုမှ ကိုယ်ဝန်ရအောင် လုပ်မိမှာ မဟုတ်ဘူးလေ။ (သူပြောသလို အတိအကျကြီး မရေးနိုင်လို့ ဆင်ဆာ ဖြတ်ထားပါတယ်။)
“သေပေရော့။” စစ်နတ်တွေက နောက်တစ်ကြိမ် ပြေးဝင် လာခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ ဖန်ကျန်းရှီက ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့် ပြင်လိုက်ပါတယ်။ ရွှမ်ယွမ်ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်းနဲ့ သူ့မျက်ဝန်းထဲကနေ မှိန်ဖျော့ဖျော့ အလင်းတန်းတွေကို ထုတ်လွှတ်လိုက်တယ်။
သူတို့တွေ နီးလာနေပြီ။ စစ်နတ်တွေရဲ့ လက်နက်တွေက အအေးဓာတ်ကိုတောင် ဖန်ကျန်းရှီ ခံစားနေမိတယ်။
အနက်ရောင် မီးတောက်တွေက ပြင်းပြင်းထန်ထန် တောက်လောင်ရင်း ဝန်းရံခံရမှုရဲ့ အလယ်မှာ စတင် ပေါ်ထွက် လာပါတော့တယ်။
“သူဘယ်ရောက် သွားတာလဲ။”
“နောက်ဆုတ်ကြ။”
စစ်နတ်တွေက ဖန်ကျန်းရှိကို ချက်ခြင်း ပြန်မရှာကြဘူး။ သူက ရုတ်တရက်ကြီး ပျောက်ကွယ် သွားတဲ့ အတွက် အားလုံးက သတိကြီးကြီး ထားဖို့သာ ဆုံးဖြတ် လိုက်ပါတယ်။
“လိပ်ပြာ တစ်ကောင်လို လွင့်မျောပြီး ပျားတစ်ကောင်လို အဆိပ်ပြင်းရမယ်။”
စစ်နတ်တွေက ဒီခံယူချက်အတိုင်း တိုက်ခိုက်မှုနဲ့ ခုခံမှုကို ဆက်တိုက် လုပ်ဆောင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အချိန် မရခဲ့ဘူး။
အရောင်စုံ သံကြိုးတွေက မီးလျှံတွေ ကြားမှာ ထွက်ပေါ် လာပြီး စစ်နတ် တစ်ပါးကို ဖမ်းချုပ် လိုက်ပါတယ်။ တခြား စစ်နတ်တွေလဲ ချက်ခြင်း လှုပ်ရှားတာ ရပ်တန့်သွားတယ်။ သူတို့တွေ အဖမ်းမခံ ရပေမယ့် သူတို့တွေ ရပ်တန့် နေခဲ့တာတော့ အမှန်ပါ။
“ဟမ့်။ သေရှင် သံကြိုးတွေပေါ့။ ငါတို့တွေကို မိစ္ဆာတွေများ ထင်နေတာလား။ ပွင့်စမ်း။” ဟုန်ယို့နဲ့ အတူ တခြား စစ်နတ်တွေ အားလုံး ပါးစပ် ဖွင့်ပြီး အော်ဟစ် လိုက်ချိန်မှာပဲ သံကြိုးတွေ စတင် အက်ကွဲကုန်တယ်။
စစ်နတ်တွေက ပေါင်းစည်းပြီး တစ်သားတည်း ဖြစ်သွားခဲ့ပြီ။ စွမ်းအားတွေလဲ ချိတ်ဆက် နေခဲ့တဲ့ အတွက် သံကြိုးတွေကို တစ်ခုပြီး တစ်ခု ဖြတ်ပြစ်ပါတော့တယ်။
နောက်ဆုံး သံကြိုး ပျက်စီးတော့မယ့် အချိန်မှာပဲ အနက်ရောင် အရိပ် ၁၂ခုက မီးလျှံတွေ ထဲမှာ ပေါ်လာခဲ့တယ်။ အားလုံးကလဲ ရွှမ်ယွမ်ဓားကို ကိုင်ဆောင်ထားပါတယ်။
“နဂါးသတ်။”
“ဓားချက်။”
“ပင်လယ် ရှစ်ခွင် နဂါး နှိမ်နင်း။”
ဖန်ကျန်းရှီရဲ့ အသံကို သူတို့ ကြားလိုက် ရပါတယ်။
“မင်းက ငါတို့ ၁၂ယောက်ကို တစ်ချက်တည်းနဲ့ အသေသတ် နိုင်မယ် ထင်နေတာလား။” ဟုန်ယို့ရဲ့ အမူအယာကတော့ လုံးဝကို အေးစက် နေခဲ့ပါတယ်။ အရိပ် တစ်ခုက သူ့အနားကို ဖြည်းဖြည်းချင်း ချဉ်းကပ် လာချိန်မှာပဲ သံသတ္တုလို အလင်းတန်းက သူ့ခန္ဒာကိုယ်မှာ ပေးထွက် လာပါတော့တယ်။
သူ့ရှေ့က အရိပ်ကို ကြည့်ရင်း ဟုန်ယို့ မျက်လုံး ပြူးသွားခဲ့တယ်။ ဒီအရိပ်က သူတွေးထားသလို သူ့ကို မတိုက်ခိုက်ခဲ့ဘူး။ နှင်းဖြူရောင် အမှုန့်တွေနဲ့သာ သူ့ကို ပက်လိုက်တယ်။
“ဘာတွေလဲ။” ဟုန်ယို့ အထိတ်တလန့်နဲ့ အော်ဟစ်ရင်း တားဆီး ချင်ပေမယ့် နောက်ဆုံး သံကြိုးကို မဖြတ်တောက် ရသေးတာကြောင့် မျက်လုံး တစ်ခုလုံး နာကျင် သွားခဲ့ရတယ်။
“ငါ့ မျက်လုံးတွေ။”
“အား ငါ့မျက်လုံးတွေ။”
စစ်နတ်တွေလဲ တပြိုင်နက်တည်း ဟုန်ယို့ အတူတူ ခံစားနေခဲ့ ရတယ်။ အရိပ်တွေက သူတို့ကို သတိမပေးဘဲ သံပရာမှုန့်တွေ ပြစ်ထည့် နေခဲ့တယ်။
အခုချိန်မှာ အားလုံးက ယာယီ အမြင်ကွယ် သွားခဲ့ပြီ။ သူတို့ မျက်ဝန်းတွေက မကြာခင်မှာပဲ အမြင်ပြန်ရ လာခဲ့တယ်။ ဒီအချိန်မှာပဲ သူတို့တွေ နားလည် သွားခဲ့တာ တစ်ခု ရှိပါတယ်။
သူတို့ ရင်ဆိုင် နေရတဲ့ ပြိုင်ဘက်က အံ့သြစရာ ကောင်းလောက်အောင် အင်အားကြီးနေရုံတင် မကဘူး။ အရှက်မရှိတဲ့ နည်းလမ်းတွေကို သုံးဖို့လဲ လုံး၀ ဂရုမစိုက်တဲ့သူ ဖြစ်နေသေးတယ်။
“မြန်မြန် နောက်ဆုတ်ကြ။” ဟုန်ယို့ တွေေ၀ မနေခဲ့ဘူး။ လက်ရှိ အချိန်မှာ ဖန်ကျန်းရှီ အတွက် အခွင့်အရေးကောင်း ဖြစ်လာမယ်မှန်း သူခန့်မှန်းမိတယ်။ ဖန်ကျန်းရှီက သူတို့ရဲ့ ပေါင်းစည်း အင်အားကို ဘယ်လို ဖျက်စီးမယ်မှန်း သူသေချာ မသိပေမယ့် အချိန်နှောင်းမှ ဝမ်းနည်း ရတာထက် ကြိုလှုပ်ရှား ထားဖို့ကိုသာ သူပြင်ဆင်တယ်။
စစ်နတ်တွေ နောက်ကို ခပ်မြန်မြန် ပျံသန်း နေချိန်မှာပဲ ဟုန်ယို့ သူ့တင်ပါး တစ်ခုလုံး နာကျင် သွားတာကို ခံလိုက်မိလိုက်တယ်။
“အား။” ပြင်းထန်လွန်းလှတဲ့ နာကျင်မှုက ဟုန်ယို့ရဲ့ အာရုံကြောတွေ အားလုံးကို ပျံ့နှံ့သွားပြီး သူဘယ်လိုမျိုး ဖော်ပြရမလဲတောင် မသိတော့တဲ့ အထိ ဖြစ်သွား ခဲ့ရပါတယ်။
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကတော့ လုံးဝကို ကြောင်အ နေခဲ့တယ်။
”ဒီလောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ။”
“ပညာရှင် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်မလဲ။”
…
ဂုဏ်သိက္ခာလား။ ဖန်ကျန်းရှီ ဒါမျိုးကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးဘူး။ သူသေချာ သိတာ တစ်ခု ရှိတယ်။ ခုခံစစ်တောင် အတူတူ ချိတ်ဆက် နေမှတော့ နာကျင်မှုကလဲ သေချာပေါက် ချိတ်ဆက် နေလိမ့်မယ်။
တင်ပါးတစ်ခုကို နာအောင် လုပ်တာက တင်ပါး ၁၂ခုကို နာအောင် လုပ်တာနဲ့ အတူတူပဲ။
အားလုံးရဲ့ ခုခံမှုကို တစ်ခေါက်တည်းနဲက အပြတ်ရှင်းချင်တယ် ဆိုရင် သေချာပေါက် အညှာအတာ ကင်းမဲ့ရမယ်။ ဒါ့အပြင် ဟုန်ယို့ အပါအဝင် အားလုံးကလဲ နာကျင် နေကြပြီ။
တကယ်တော့ ပထမဆုံး ခံစားရတဲ့ ကာယကံရှင်က ဟုန်ယို့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် အရမ်းကို ထိရောက်လွန်းလှတယ်။
“ချိုးဖျက်။” ဟုန်ယို့ နောက်ဆုံးမှာတော့ နာကျင်မှုကို မခံစား နိုင်တော့တဲ့ အတွက် ထုတ်ပြော လိုက်မိပါတယ်။
အခုချိန်မှာတော့ စစ်နတ် ၁၂ပါး ဗျူဟာက လုံးဝကို ပျက်စီး သွားခဲ့ပြီ။ တစ်ခေါက် ပေါင်းစည်းပြီးရင် နာကျင်မှုကိုလဲ အတူတူ ခံစားရတယ်။ နောက်ထပ် ပြန်မပေါင်းစည်း ရင်တော့ နာကျင်မှုကို အတူတူ ခံစား ရတော့မှာ မဟုတ်ဘူး။
သူတို့မှာ ကိုယ်ပိုင် အားသာချက် ရှိတဲ့ အပြင် ပေါင်းစည်းလိုက်တဲ့ အချိန်မှာ အရမ်းကို ကြမ်းတမ်းကြတယ်။ သူတို့တွေ မခံစား နိုင်လောက်တဲ့ အထိ နာကျင်မှုကို တောင့်ခံ ပြီးသွားရင် နောက်တစ်ခေါက် ပြန်လည် ဖွဲ့စည်းနိုင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ မျက်ဝန်းတွေက အရမ်း အရမ်းကို တောက်ပ နေခဲ့ပြီ။
(သူတို့တွေ နောက်ဆုံးတော့ လူကွဲ သွားပြီ။ ကိစ္စတွေကတော့ ပိုလွယ်လာပြီပဲ။)
အပေါ်ကနေ ထိုးပြီးပြီ ဆိုတော့ အောက်ကနေ ထိုးချိန်တန်ပြီ။ အပေါ်နဲ့ အောက် နှစ်ခုစလုံးကနေ ထိုးချပြစ်မှသာ သေချာပေါက် စစ်မှန်တဲ့ အနှစ်သာရကို ရလိမ့်မယ်။ ဒါက လုံး၀ အမှန်တရားကြီးပါ။
ဖန်ကျန်းရှီ ကောင်းကင်နေ ဆင်းသက်လာပါတယ်။ သူ့လက်ထဲမှာ ရှိနေတဲ့ ရွှမ်ယွမ်ဓားက ရွှေရောင် အလင်းတန်းတွေ တောက်ပရင်း အရမ်းကို လင်းထိန် နေခဲ့တယ်။
စစ်နတ်တွေ အပေါ်မှာ ဖြာကျနေခဲ့တဲ့ အလင်းတန်းက မိုးကြိုး အပြစ်ခံရသလို နာကျင်မှုကို ခံစားရစေတယ်။
အမြင် ပြန်ကောင်း သွားပြီး ဖြစ်တဲ့ ဟုန်ယို့က ရွှေရောင် အလင်းတန်းကို မြင်ချိန်မှာ ချက်ခြင်း အော်ဟစ်ပါတယ်။
“မြန်မြန် ပေါင်းစည်း။”
ဒါပေမယ့် အချိန်နှောင်း သွားခဲ့ပြီ။ ဖန်ကျန်းရှီက မြန်ဆန်လွန်းလှတယ်။ ရွှမ်ယွမ်ဓားက သူ့ခေါင်းကို ဖောက်သွား ခဲ့ပြီ။
ဓားသွားက ဘယ်လောက်အထိ ထက်နေမယ်မှန်း စစ်နတ်တွေ အားလုံး သတိထားမိကြတယ်။ သူတို့တွေ လူခွဲလိုက်တာနဲ့ အားလုံးက ကိုယ်ကိုယ်တိုင် အတွက်သာ ခုခံ ရတယ်။
သေတဲ့ အထိ စစ်နတ်က မယုံနိုင် သေးဘူး။ သူတို့ရဲ့ အစွမ်းထက် ဗျူဟာကို ဖန်ကျန်းရှီက အရှက်မရှိတဲ့ နည်းလမ်းနဲ့ အလွယ်လေး ဖျက်စီး သွားခဲ့တယ်။
သံပရာ မှုန့်တွေနဲက့ မျက်လုံး အမြင်ကွယ်အောင် လုပ်ပြီး နောက်ကျောကနေ ဓားနဲ့ ထိုးတယ်။
နောက်ဆုံးမှာတော့ လူခဏ ကွဲနေတုန်း အချိန်မှာ တစ်ယောက်ကို သတ်ဖြတ်ပြစ်တယ်။ ဒီလို အရှက်မရှိတဲ့ နည်းလမ်းကို ဘယ်လို ဂုဏ်သိက္ခာရှိ ပညာရှင်မ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနည်းလမ်းတွေ အားလုံး ပေါင်းစည်း သွားချိန်မှာတော့ တကယ်ပဲ စစ်နတ်တွေရဲ့ ဗျူဟာကို ဖျက်စီးပြစ် နိုင်တယ်။
“လန်လင်း။”
“လန်လင်း။”
ကျန်ရစ်တဲ့ စစ်နတ်တွေ အားလုံး ဒေါသတကြီးနဲ့ အော်ဟစ် ကြပါတော့တယ်။
သူတို့တွေ မွေးဖွားခဲ့တဲ့ ရှေးရှေးခေတ်တည်းက တစ်ခါမှ မခွဲခွာ ခဲ့ဖူးဘူး။ အခုတော့ ဖန်ကျန်းရှီက လန်လင်းကို သတ်လိုက်ပြီ။
စစ်နတ်တွေ အားလုံး စိတ်ထဲမှာ အတွေး တစ်ခုသာ ရှိကြတယ်။ အင်အားက ၁၀% အထိ လျော့ကျ သွားခဲ့ပေမယ့် သူတို့ရဲ့ စိတ်ဆုံးဖြတ်ချက် ကတော့ ခိုင်မာ နေခဲ့ပါတယ်။
“တကယ်ပဲ တစ်ယောက်ကို သတ်ပြီးတာတောင် နောက်ထပ် ၁၁ယောက်က ပေါင်းနေတုန်းပဲ။ သန်မာလိုက်တာ။” ဖန်ကျန်းရှီ ပြုံးလိုက်ပါတယ်။
ဒီလို ဖြစ်မှတော့ သူနောက်တစ်ခေါက် ကြိုးစားကြည့်ရမယ်။ ပထမ တစ်ခေါက် ကြိုးစားကြည့်လို့ မလုံလောက်ရင် နောက်ထပ် ကြိုးစားရမှာ ပုံမှန်ပဲ။
“သေပေရော့။” ဖန်ကျန်းရှီ အော်ဟစ်ရင်း စစ်နတ်တွေရဲ့ အပေါ်ကို ခုန်တက် သွားခဲ့ပါတယ်။
(ခြေရာမဲ့။ မင်းကို ခြေရာမဲ့လို့ ခေါ်တာ မင်းက တကယ့်ကို ခြေရာလက်ရာ မကျန်အောင် အစွမ်းထက်လို့ပဲ။ မင်းရဲ့ နာမည်ကတော့ ခြေရာမဲ့။ ဓားသွားကတော့ ရွှမ်ယွမ်။)
ဝူး။ ဖန်ကျန်းရှီရဲ့ နှလုံးသားထဲက စကားတွေကို နားလည်တဲ့ အတိုင်း ရွှမ်ယွမ်ဓားက ပြန်တုံ့ပြန်တယ်။ သူ့ကိုယ်ထည်မှာတော့ ရွှေရောင် အလင်းတန်းတွေက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားလာခဲ့တယ်။
တစ်လက်မ နှစ်လက်မ။ ဆယ်လက်မ။ လက်မ တစ်ရာ။
“ခြေရာမဲ့ရေ။ ငါတို့ အတူတူ လုပ်လိုက်ကြစို့။”
“နတ်ဘုရားသတ် ဓားကွက်။”
ဖန်ကျန်းရှီရဲ့ ဓားသွားက ရုတ်တရက် ဆိုသလို ကြီးမား သွားပြီးနောက် စစ်နတ်တွေရဲ့ ခေါင်းပေါ်ကို ရောက်ရှိ သွားပါတော့တယ်။ ဒီအချိန်မှာတော့ ကောင်းကင်ကြီး တစ်ခွင်မှာ ရွှေရောင် အလင်းတန်း တစ်ခုက လွဲပြီး တခြား အရောင်တွေ မရှိတော့ပါဘူး။
“နတ်ဘုရားသတ် ဓားကွက်တဲ့လား။” ရွှမ်ယွမ်ဝူရဲ့ မျက်ဝန်းတွေက တစ်ခဏတာ တောက်ပ လာခဲ့တယ်။ ရွှေရောင် အလင်းတန်းထဲမှာ သစ်ပင် ပန်းမန် မြက်ခင်းတွေ ရှိနေပြီး ရှေးဟောင်း သမိုင်းကြောင်းကြီး တစ်ခု သူ့ရှေ့မှာ ရောက်နေသလိုမျိုး သူခံစား နေခဲ့ရတယ်။
“ဟုတ်တယ်။ သူက တကယ့် ရွှမ်ယွမ်အစစ်ပဲ။”
ဓားအလင်းတန်းက စစ်နတ်တွေရဲ့ အလယ်တည့်တည့်ကို ရောက်ရှိလာပြီး သန်းနဲ့ ချီတဲ့ အလင်းတန်း လေးတွေက ကောင်းကင်မှာ နေမင်းလိုမျို တောက်ပ လာပါတော့တယ်။
ဝုန်း။
ဝုန်း။
ဆက်တိုက် ထွက်ပေါ်လာတဲ့ အသံတွေနဲ့ အတူ ရွှေရောင် အလင်းတန်း ကြီးက မြေပြင်ပေါ်ကို ကျယ်လောင်တဲ့ အသံနဲ့ အတူတူ ကျရောက်လာခဲ့တယ်။
တောက်ပတဲ့ အနီရောင် သွေးစက်တွေက လေထဲမှာ မိုးတွေလို ရွာကျလာပြီး မြေပြင် တစ်ခုလုံး အစအန မကျန်တော့တဲ့ အထိ ဖုံးလွှမ်း သွားခဲ့ပါတယ်။
သွေးကျတဲ့ နေရာမှာတော့ အက်ကွဲကြောင်းကြီးတွေ စတင် ဖြစ်ပေါ် လာခဲ့တယ်။
ချော်ရည်ပူတွေ အထဲမှာ စီးဆင်းနေသလို အသွင်မျိုးနဲ့ မြေပြင်မှာ ပူလောင်မှုတွေက စတင် လာခဲ့ပါတယ်။
“မြေပြင်က တကယ် အက်ကွဲ သွားပြီပေါ့။” အားလုံးက ကောင်းကင်ကို အာရုံ စိုက်နေပင်မယ့် ယွင်ချင်းဝူကတော့ မြေပြင်ကိုသာ ကြည့်နေခဲ့တယ်။
အပိုင်း (၁၀၉၅) ပြီး၏။
အပိုင်း (၁၀၉၆)
“ကောင်းကင် လက်ခံ လှေကားနဲ့ ရှင်းထျန်းရဲ့ ခေါင်း။”
…
ဝုန်း။
ကောင်းကင်မှာတော့ စစ်နတ် သုံးပါးက မြေပြင်ပေါ်ကို တန်းတန်း မတ်မတ် ပြုတ်ကျလာခဲ့ပါတယ်။ မယုံနိုင်မှုတွေက သူတို့ မျက်နှာမှာ အထင်းသား ပေါ်နေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ ဓားက ဘယ်လောက်တောင် ထက်မြက်နေမှန်း သူတို့ လုံး၀ မယုံနိုင် ခဲ့ကြဘူး။
စစ်နတ် ၁၂ပါး ဗျူဟာကို ဖျက်စီး နိုင်ရုံတင် မကပဲ စစ်နတ် ၃ပါးကိုတောင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့တယ်။ သူတို့ ခန္ဒာကိုယ်ကနေ သွေးတွေ စိမ့်ထွက် နေခဲ့ပြီး ဘယ်သူကမျှ ပြီးပြည့်စုံတဲ့ ခန္ဒာကိုယ် မရှိတော့ပါဘူး။
အားလုံးက နှစ်ပိုင်း ပြတ်ပြီး မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့တယ်။
ဒီအချိန်မှာပဲ အနီရောင် ချော်ရည်တွေက စီးဆင်း လာခဲ့ပါတယ်။
“အား။”
“မြေကြီးထဲမှာ ဘာကြီးလဲ။”
ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ စစ်နတ်တွေ မြေပြင်ပေါ် မဆင်းသက် နိုင်ခင် အချိန်မှာပဲ သူတို့တွေကို အနီရောင် ချော်ရည်ပူတွေက ဝါးမျို လိုက်ပါတယ်။
သူတို့တွေက နှစ်ပိုင်း ဖြတ်ခံရပြီး ချော်ရည်ပူတွေ တိုက်စား ခံနေရတာတောင်မှ မသေခဲ့ကြဘူး။ အားလုံးက အရမ်းကို စိတ်ဓာတ် မာကျော လွန်းကြတဲ့ အတွက် ချက်ခြင်း မသေတာက အဆန်း မဟုတ်ခဲ့ပေမယ့် နာကျင်မှုကတော့ ပြင်းထန် လွန်းလှတယ်။
“ကယ်ပါ။ ကယ်တင်ပေးပါ။” စစ်နတ်တွေ နာကျင်မှု အပြည့်နဲ့ အော်ဟစ်ရင်း ဟုန်ယို့တို့ကို အကူအညီ တောင်းတယ်။ ဒါပေမယ့် ပါးစပ် ဖွင့်လိုက် ချိန်မှာပဲ ချော်ရည်ပူတွေက အတွင်း ကလီစာထဲကို ဝင်ရောက်ပြီး နာကျင်မှုကို ပိုမို ပြင်းထန် လာစေခဲ့ပါတယ်။
“မလှုပ်နဲ့။ ငါတို့ လာကယ်မယ်။” ဟုန်ယို့လဲ ဒဏ်ရာ ရထားပေမယ့် အပေါ်ယံသာ ဖြစ်ခဲ့တယ်။
သူတို့တွေ ရှုံးသွားပြီလား။ ဟုန်ယို့ မမျှော်လင့် ထားခဲ့မိဘူး။ ရှေးရှေးခေတ်တည်းက ဧကရာဇ်ဟွမ်နဲ့ တိုက်ခိုက် ခဲ့ပေမယ့် ဒီနေ့လို ဒဏ်ရာမျိုး မရခဲ့ဖူးဘူး။
အော့နှလုံးနာလိုက်တာ။
ဒေါသအပြည့်နဲ့ ဟုန်ယို့က စစ်နတ်တွေကို ကယ်တင်ဖို့ အတွက်သာ လုပ်တော့တယ်။ သူပြေးဆင်း သွားခဲ့ပါတယ်။ ဒါပေမယ့် အရိပ် တစ်ခုကတော့ သူ့ထက် ပိုပြီးတော့ မြန်ဆန်တယ်။
ဓားအလင်းတန်း တစ်ခုနဲ့ အတူ အပြာရောင် အလင်းတန်းက ချော်ရည်ပူတွေထဲ အရင် ရောက်သွားခဲ့တယ်။
ချော်ရည်ပူတွေထဲမှာ ရှိနေခဲ့တဲ့ စစ်နတ်တွေကတော့ သေခြင်းတရားကို မလွဲမသွေ ရင်ဆိုင် ရပါတော့မယ်။
ဝုန်း။
ဝုန်း။
စစ်နတ်တွေရဲ့ ခန္ဒာကိုယ်တွေ ပေါက်ကွဲထွက် ကုန်ပြီး ချော်ရည်ပူတွေ ဝါးမျိုတာကို ခံလိုက် ရပါတယ်။ သူတို့တွေ မီးသွေးလို မည်းမှောင်ပြီး ပြာအဖြစ်ကို ပြောင်းလဲ ကုန်ကြပြီ။
“ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။” ဟုန်ယို့က ချော်ရည်ပူတွေ အနားမှာ ရပ်နေတဲ့ သူကို ကြည့်ရင်း အော်လိုက်ပါတယ်။
ရှေးရှေးခေတ်တည်းက စစ်နတ် ၁၂ပါး ပေါင်းစည်းပြီး တိုက်ပွဲတွေ အများကြီးကို တိုက်ခိုက်ခဲ့တယ်။ ဘယ်တိုက်ပွဲကိုမှ မရှုံးခဲ့ဖူးဘူး။ ဒီနေ့တော့ သူတို့ထဲက လေးယောက် တိတိ တိုက်ပွဲ တစ်ခုမှာ သေဆုံး ကုန်ကြပြီ။ ဒီတိုက်ပွဲက ကျန်ရစ်ခဲ့တဲ့ သူတို့တွေကို နောင်တ အရစေဆုံး တိုက်ပွဲ တစ်ခု ဖြစ်စေခဲ့တယ်။
“အား။”
“ဖန်ကျန်းရှီကို သတ်ကြ။”
တခြား စစ်နတ်တွေ ဒေါသတကြီးနဲ့ အော်ဟစ်ကြတယ်။ သူတို့တွေ ဘာကိုမှ ဂရုမစိုက်ကြတော့ဘဲ ဖန်ကျန်းရှီကို သတ်ဖို့ ကျိန်ဆိုပြီး ပြေးဝင် လာခြ့ပါတယ်။
“အိုး။ မင်းတို့တွေ ဒေါသထွက်နေတာလား။ ဒီတော့ ငါ့ကို မသတ်နိုင်ခင် ငါသတ်တာကို ခံရမယ်မှန်း နားမလည် ကြတော့တာလား။” ဖန်ကျန်းရှီ လှောင်ပြုံးပြုံး လိုက်ပါတယ်။
သူက သတ်ဖြတ် ရတာကို မကြိုက်ဘူး။ ရန်သူတွေကိုလဲ အလွတ်မပေး နိုင်ဘူး။ တက်ယတော့ အခုချိန်မှာ သနားညှာတာမှုက မိုက်မဲတာနဲ့ အတူတူပဲ။
စစ်နတ် ၁၂ပါးမှာ ၄ယောက်က သေသွားခဲ့ပြီ။ သူလဲ အတော်လေးကို စိတ်ဖိစီးမှု လျော့သွားခဲ့ ရတယ်။ ဒါ့အပြင် စိတ်ခံစားချက်တွေကြောင့် အမှောင်ဖုံးနေတဲ့ သူတွေက ဖန်ကျန်းရှီ အတွက်တော့ အန္တရာယ် မဟတု်ခဲ့ဘူး။
စစ်နတ် ၈ပါးလုံးကို ဖန်ကျန်းရှီ မကြောက်တဲ့ အပြင် ပြေးဝင် လာမှာကို ဓားတစ်ချောင်းနဲ့ စောင့် နေခဲ့ပါတယ်။
သူတကယ်တော့ တခြားသူတွေ သူ့ကို မသတ်နိုင်ဘူး ဆိုတဲ့ ခံစားချက်ကို သူတကယ် နှစ်သက်တယ်။
“လာလိုက်စမ်းပါ။ တစ်ယောက်ကို တစ်ယောက် နာအောင် လုပ်ကြမယ်။”
“ငါကတော့ မကြောက်ဘူး။”
“ဝုန်း။” ဒီအချိန်မှာပဲ နောက်ထပ် ချော်ရည်ပူ ရေပန်းကြီး တစ်ခု မြေပြင်ကနေ ထွက်ပေါ် လာပြီး ကောင်းကင်ပေါ်ကို မီးရှူး မီးပန်းကြီး တစ်ခုလို အသွင်နဲ့ ထိုးတက် သွားခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ ရှိနေတဲ့ နတ်သားရဲကောင်တွေ နတ်ဆိုးတွေ အားလုံးက ဒါကို မြင်ချိန်မှာ မျက်မှောင်ကြုတ်လိုက် ပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“သူတို့ တိုက်ခိုက် နေလို့ ဒီလို ပေါက်ကွဲမှု ဖြစ်တာလား။”
“အင်း။ တိုက်ပွဲကြီး ဆိုရင်တော့ ပေါက်ကွဲမှု ဖြစ်နိုင်တယ်။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ တစ်ချက် သတိ ထားမိပေမယ့် သူတို့တွေ ဂရုမစိုက်ကြပါဘူး။ နောက်ဆုံးတော့လဲ တိုက်ပွဲကြီးတွေကြောင့် မြေပြင် အက်ကွဲတာက အဆန်း မဟုတ်ခဲ့ဘူးလေ။
အင်အားကြီး ဖြစ်တည်မှု တွေရဲ့ တိုက်ပွဲမှာ မြေပြင် အက်ကွဲတာတွေ တောင်ပြိုတာတွေက အဆန်း မဟုတ်ခဲ့ဘူး။
ဖန်ကျန်းရှီလဲ ဂရုမစိုက်ခဲ့ပါဘူး။ သူက ဟုန်ယို့နဲ့ စစ်နတ်တွေ ဝန်းရံ ထားတဲ့ အလယ်မှာ ရှိနေခဲ့တယ်။
“တိုက်ခိုက်။”
“တိုက်ခိုက်ကြ။”
“…”
ဟုန်ယို့နဲ့ ကျန်ရစ်တဲ့ စစ်နတ်တွေ အားလုံးက ဖန်ကျန်းရှီရဲ့ သေကွင်း သေကွက် နေရာတွေကိုသာ ပြစ်မှတ် ထားရင်း တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ မျက်ဝန်းတွေက သွေးလို ရဲရဲ နီနေ ခဲ့ပါတယ်။
ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကလဲ တောက်ပ နေခဲ့တယ်။
သူက ဟုန်ယို့နဲ့ တခြား စစ်နတ်တွေ ကြားမှာ အသာလေး လှုပ်ရှားရင်း တိုက်ခိုက် နေခဲ့တယ်။ သူ့လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ သွေးတွေက ဆက်တိုက် စီးကျတယ်။ သူကလဲ အခုချိန်မှာ ရူးသွပ်နေတဲ့ အသွင် ရှိနေခဲ့ပါတယ်။
“အခုချိန်က စပြီး စစ်နတ် ၁၂ပါးက သမိုင်းထဲကနေ ပျောက်ကွယ် ရလိမ့်မယ်။” ဖန်ကျန်းရှီ လက်ထဲက ရွှမ်ယွမ်ဓားကို လှုပ်ရှားရင်း လေတိုးသံတွေ ထုတ်လွှတ်လိုက်တယ်။ အဲ့ဒီ့နောက် စစ်နတ် တစ်ပါးရဲ့ ခေါင်းက လေထဲကို ပျံထွက် သွားပါတော့တယ်။
နောက်ထပ် ခေါင်းတစ်ခေါင်းပါ ထပ်ပြတ်တယ်။ စစ်နတ်တွေ အားလုံးမှာ ခေါင်း ၂လုံးစီ ရှိနေခဲ့တဲ့ အတွက် ဖန်ကျန်းရှီက မညှာတာ ခဲ့ဘူး။ ရွှမ်ယွမ်ဓားကို ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲရင်း စစ်နတ်တွေကို အပိုင်းပိုင်း ဖြတ်ပြစ်တော့တယ်။
နောက်ထပ် စစ်နတ်တွေလဲ ချော်ရည်ပူထဲမှာ သေဆုံးရပြန်တယ်။
တတိယ ချော်ရည်ပူ ရေပန်းကြီးကတော့ မြေအောက်ကနေ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ ပါတယ်။ ထူထပ်တဲ့ မြူနှင်း တိမ်တိုက်တွေက ပူလောင်တဲ့ ချော်ရည်တွေ လေနဲ့ ထိတွေ့တဲ့ အချိန်မှာ ဖြစ်ပေါ် လာခဲ့တယ်။
ဖန်ကျန်းရှီနဲ့ စစ်နတ်တွေကိုလဲ ခပ်မြန်မြန် ဖုံးအုပ် သွားခဲ့ပါတယ်။
“ဖန်ကျန်းရှီ ငါမင်းကို သတ်မယ်။ သတ်မယ်။” ဟုန်ယို့က မြူနှင်းတွေထဲမှာ ရူးရူးသွပ်သွပ် ပြေးလွှား နေခဲ့တယ်။ ဖန်ကျန်းရှီကို သူအရမ်း သတ်ချင် နေခဲ့တယ်။
ဒါပေမယ့် ဖန်ကျန်းရှီက ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုကို သုံးပြီး လျှောက်ပြေး နေတဲ့ အတွက် ဖမ်းဖို့ မလွယ်ကူခဲ့ဘူး။
ဒါ့အပြင် ဖန်ကျန်းရှီ ကိုင်ဆောင်ထားတဲ့ ရွှမ်ယွမ်ဓားကလဲ ထက်မြက်လွန်းတဲ့ အတွက် စစ်နတ်တွေရဲ့ ခုခံစစ်ကို အလွယ်လေး ဖြတ်ကျော်နိုင် တယ်။
အကယ်၍ သူသာ ဖန်ကျန်းရှီကို မဖမ်းနိုင်ခဲ့ရင် သူ့ဓားစာကို အချိန်မရွေး မိနိုင်လောက်တယ်။ ဟုန်ယို့ကတော့ လုံးဝကို ရူးသွပ် နေပါပြီ။
…
ချုံးချီနဲ့ ထျောင်ဝူကလဲ ရှင်းထျန်းနဲ့ တိုက်ခိုက် နေခဲ့တယ်။
သူတို့တွေလဲ ဒဏ်ရာရထားခဲ့တယ်။ ဘယ်သူကမှ ရှင်းထျန်း အနားကို မကပ်ကြဘူး။ အခုချိန်မှာ အချိန်ဆွဲတဲ့ နည်းလမ်းကိုသာ သူတို့ သုံးနေကြတယ်။ ဒါပေမယ့် သူတို့ အချိန် ဆွဲထားရတဲ့ အဓိက အကြောင်း အရင်းကတော့ ဖန်ကျန်းရှီကို စစ်နတ်တွေ သတ်နိုင်ဖို့ပါ။
ဒါပေမယ့် အခုချိန်မှာတော့ စစ်နတ် ၅ယောက်က သေဆုံး သွားခဲ့ပြီ။ ကျန်ရစ်တဲ့ စစ်နတ်တွေကလဲ ဖန်ကျန်းရှီနဲ့ ပြေးတမ်းလိုက်တမ်း ဆော့်နေရတယ်။ ဖန်ကျန်းရှီကတော့ စိတ်လွတ်လက်လွတ် သတ်ဖြတ်ပြနေတယ်။
ဒီလို ဖြစ်မှတော့ သူတို့တွေ ဆက်ပြီး အချိန်ဆွဲထားဖို့ လိုအုန်းမှာလား။
“ဝေါင်း။ ကြည့်ရတာ ဟုန်ယို့နဲ့ စစ်နတ်တွေ တောင့်ခံ မထားနိုင် တော့ပုံပဲ။” ထျောင်ဝူ ပြောတယ်။
“အင်း။ နောက်ဆုတ်ကြမယ်။” ချုံးချီ ချက်ခြင်း ခေါင်းငြိမ့်ရင်း ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ စစ်နတ်တွေ အားလုံး သေသွားတာနဲ့ သူတို့က နောက်ထပ် အသတ် ခံရသူတွေ ဖြစ်လာလိမ့်မယ်။
“သိပြီ။” ထျောင်ဝူ နားလည်တယ်။
ဘယ်သူကမှ ရထားတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်ဘူး။ ဒါပေမယ့် အခွင့်အရေးကို မယူနိုင်ရင်တော့ အရေးအကြီးဆုံး ကိစ္စက အသက်ကို ကယ်နိုင်ဖို့ပဲ ဖြစ်လိမ့်မယ်။ မဟာမိတ်တွေကို ပြုဖို့က လွယ်ကူတယ်။ တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ရင် မဟာမိတ်ကို ပြန်ချိုးဖောက်ဖို့က ပိုလို့တောင် လွယ်ကူ နေသေးတယ်။
ချုံးချီနဲ့ ထျောင်ဝူက နှစ်ဖက်ခွဲ ပြေးတယ်။ ဟုန်ယို့တို့ကိုတောင် နှုတ်မဆက်တော့ပဲ တိုက်ပွဲကနေ သူတို့ ထွက်ခွာ သွားခဲ့ပါပြီ။
“တိုက်ခိုက်။” ရှင်းထျန်း အော်ဟစ်တယ်။ သူ့ပြစ်မှတ်က ဘယ်တုန်းကမှ ချုံးချီနဲ့ ထျောင်ဝူ မဟုတ်ခဲ့ ဖူးဘူး။ ဒါကြောင့် အခုချိန်မှာ ဖန်ကျန်းရှီ ဆီကို သူတန်းတန်း မတ်မတ် ပြေးသွား ပါတော့တယ်။
ဘန်း။ သူ့ခန္ဒာကိုယ်ကြီးက မြူနှင်းထဲကို ဝင်ရောက်ပြီး စစ်နတ် တစ်ပါးကို ဝင်တိုက်မိတယ်။ ဘန်း။
ပုဆိန်ကြီး ကျလာချိန်မှာတော့ စစ်နတ်လဲ သေဆုံး သွားပါတော့တယ်။
“ဘာကြီးလဲ။”
“ရှင်းထျန်းကြီး။”
“ညီနောင် ငါတို့ ဘာလုပ်ကြမလဲ။”
စစ်နတ်တွေလဲ ရှင်းထျန်း ရောက်လာတာကို မြင်ချိန်မှာ ဖြူဖျော့ ကုန်ကြတော့တယ်။ အခုချိန်မှာ မီးလောင်ရာ လေပင့်သလို ဖြစ်နေပြီ။ နှင်းမုန်တိုင်းထဲမှာ မိုးသီးတွေ ထပ်ရောက် လာသလိုပဲ။
ဝုန်း။ လေးခုမြောက် ချော်ရည်ပူ ရေပန်းကြီး ထပ်မံ ထွက်ပေါ် လာပါတယ်။ အနီရောင် ချော်ရည်ပူတွေက လေကို လောင်မြိုက်အောင် လုပ်နေခဲ့တယ်။
ကောင်းကင်ကြီးတောင် အတော် ပူပြင်း နေခဲ့ပြီ။
အဖြူရောင် မြူခိုးတွေနဲ့ ထိမိတဲ့ နေရာတိုင်းမှာ အပူရှိန်က အရမ်းကို မြင့်မား နေခဲ့တယ်။ ဟုန်ယို့ ခန္ဒာကိုယ်ကလဲ ရဲရဲ နီနေခဲ့ပြီး ချွေးတွေ အပြည့် စီးကျ နေခဲ့ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားကတော့ ရေခဲလို အေးခဲ့နေခဲ့ပြီ။ ဒါကို ဘယ်အရာမှ မယှဉ်နိုင်ခဲ့ဘူး။
“ငါတို့ ဘာလုပ်ကြမလဲ။ တကယ် ဘာလုပ်သင့်လဲ။”
စစ်နတ်တွေက ခြောက်ယောက်သာ ကျန်ရစ်တော့တယ်။
ဒီအချိန်မှာပဲ လူတစ်ယောက်က သူတို့ အနားကို ရောက်လာခဲ့ပါတယ်။ အပြာရောင် ဝတ်ရုံက လေထဲမှာ လွင့်နေခဲတယ်။ ဖန်ကျန်းရှီက ဟုန်ယို့ကို အထင်ကြီး နေတာ အမှန်ပဲ။
သေတော့မယ့် အချိန်မှာတောင် နောက်ဆုတ်ဖို့ မပြောသေးဘူး။ နောက်ဆုတ်မယ်လို့ ပြောရမှာ ဒီလောက်တောင် ခက်နေတာလား။
“မနိုင်နိုင်တော့မယ့် အချိန်မှာ ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင် တုံးလွန်းရာ ရောက်မှာပေါ့။” ဖန်ကျန်းရှီက ဟုန်ယို့ကို ဓားနဲ့ ချိန်ရွယ်ရင်း ပြောလိုက်ပါတယ်။ သူ့ဓားက နေမင်း တစ်စင်းလို ပူပြင်း တောက်ပ နေခဲ့တယ်။
“ဖန်ကျန်းရှီ ငါတို့က ရန်သူတွေ။” ဟုန်ယို့က အရမ်းကို ဒေါသထွက်နေခဲ့တယ်။ ဖန်ကျန်းရှီကို သူတိုက်ခိုက်ဖို့ ရှာတဲ့ အချိန်တိုင်းမှာ အရိပ်အယောင်တောင် မတွေ့ခဲ့ဘူး။
သူထွက်ပြေး ချင်တဲ့ အချိန်မှာတော့ ဖန်ကျန်းရှီ ပေါ်လာပြီး သူ့လမ်းကို ပိတ်ထားခဲ့တယ်။ ဘယ်သူက ကိုယ့်ခံစားချက်တွေကို ကစားခံနေရတာ ကြိုက်မှာလဲ။
ဖန်ကျန်းရှီ မတိုက်ခိုက်ခင် ဟုန်ယို့ အရင်တိုက်ခိုက်တယ်။ သူ့အသက်ကို တခြား စစ်နတ်တွေ အတွက် စတေးဖို့ သူအသင့် ဖြစ်နေခဲ့ပြီ။
“ကြည့်ရတာ မင်းက အရိုင်းဆန်တာပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ စစ်နတ်တွေက ရက်စက် ကြပေမယ့် အသုံးမကျတဲ့ သူတွေတော့ မဟုတ်ခဲ့ဘူး။ သူတို့တွေက သတ်ဝံ့ သေဝံ့ကြတယ်။
သူတို့ စရိုက်တွေကို လေးစားပေမယ့် အလွတ်ပေးဖို့ ဖန်ကျန်းရှီမှာ စိတ်ကူး မရှိခဲ့ဘူး။ အကြောင်း အရင်းကတော့ ရှင်းပါတယ်။ သူတို့တွေကို အပြတ် မရှင်းနိုင်ရင် သူတို့ အားလုံးက နောက်တစ်ကြိမ် ပုန်ကန် ကြလိမ့်မယ်။
“မင်းတို့ ဘယ်သူမှ မသွားရဘူး။” ဖန်ကျန်းရှီ အော်လိုက် ပြီးချိန်မှာပဲ မီးလုံး ၁၂လုံးက စစ်နတ်တွေကို ဝန်းရံ လိုက်ပါတော့တယ်။
ပြန်လည် မွေးဖွားမှု ငရဲတာအို။ အင်အားကြီး ဆွဲငင်အားက စစ်နတ်တွေကို မြေပြင်ဆီ ဆွဲချ သွားခဲ့တယ်။ ဟုန်ယို့ကိုတော့ သူတိုက်ရိုက် သတ်ဖို့ အတွက် ဆုံးဖြတ်လိုက် ပါတယ်။
“သေစမ်း။”
“သေပေရော့။”
ဟုန်ယို့နဲ့ ဖန်ကျန်းရှီရဲ့ အသံတွေ တချိန်တည်းမှာ ထွက်ပေါ် လာပြီးနောက် ဖန်ကျန်းရှီရဲ့ ဓားက ဟုန်ယို့ ရင်ဘတ်ကို ထိုးဖောက် သွားခဲ့ပါတယ်။ ဟုန်ယို့ကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။
ဟုန်ယို့ရဲ့ လက်မောင်း လေးဖက်က ဖန်ကျန်းရှီရဲ့ ခေါင်းနဲ့ ရင်ဘတ်ကို တိုက်ခိုက်တယ်။ ဒါပေမယ့် လက်မောင်း လေးခု စလုံးက ရွှေရောင် ဒိုင်းကာ တားဆီး ထားတာကို ခံရပြီး ရပ်တန့် နေခဲ့ကြတယ်။
“မင်းက တကယ့်ကို အင်အားကြီးတာပဲ။ ဧကရာဇ်ဟွမ် ထက်တောင် ပိုပြီးတော့ အင်အားကြီး သေးတယ်။” ဟုန်ယို့ ပါးစပ် အပြည့် သွေးတွေကို အန်ထုတ်ရင်း ပြောလိုက်တယ်။
ဖန်ကျန်းရှီက သူ့ဒိုင်းကာကို သုံးပြီး ဟုန်ယို့ရဲ့ တိုက်ခိုက်မှုတွေကို ခုခံ ထားတယ်။ ဟုန်ယို့လဲ ဒါကို မချိုးဖောက် နိုင်မှန်း နားလည် ထားပေမယ့် စစ်နတ်တွေကို ဖန်ကျန်းရှီရဲ့ လက်ထဲမှာ မသေစေချင် ခဲ့ဘူး။
ဒီလို အရှက်မရှိတဲ့ နည်းလမ်းတွေ အောက်မှာ စစ်နတ် ၁၂ပါး ဗျူဟာက ဘယ်လိုများ ပျက်စီး သွားရတာလဲ
ဟုန်ယို့ နောက်ထပ် သွေးတွေကို အန်ထုတ် လိုက်ပါတယ်။ ဖန်ကျန်းရှီရဲ့ ဓားက မသေစေ နိုင်ပေမယ့် ဟုန်ယို့ကတော့ ခုခံဖို့ လက်လျော့လိုက်တယ်။
ချုံးချီနဲ့ ထျောင်ဝူက ထွက်ပြေးသွား ခဲ့ပြီ။ တခြား စစ်နတ်တွေကလဲ ပိတ်မိနေတယ်။ သူတို့တွေက သေလူတွေပဲ။ ဒါကြောင့် တခြား စစ်နတ်တွေ သေတာကို ထိုင်မကြည့်ရင် သူအရင် သေသွားဖို့ကိုသာ ဟုန်ယို့ မျှော်လင့်တယ်။
“သတ်လိုက်။ ငါ့ကို သတ်လိုက်။” ဟုန်ယို့ ရွှမ်ယွမ်ဓားကို ဆွဲယူရင်း ပြောတယ်။ တခြား နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးကတော့ ခေါင်းငုံ့ ထားခဲ့ကြတယ်။ သူတို့တွေ ရှုံးသွားပြီ။
ရှင်းထျန်းနဲ့ ဖန်ကျန်းရှီကို ရှင်းပြစ်နိုင်ဖို့ နည်းလမ်း ထပ်မရှိတော့ဘူး။
“ပြေးတော့။”
“အားလုံး ပြေးတော့။”
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ စတင် ထွက်ပြေး ပါတော့တယ်။ ဒီအချိန်မှာပဲ ငါးခုမြောက် ချော်ရည်ပူ ရေပန်းကြီးက ကောင်းကင်ကို ထိုးတက် လာခဲ့တော့တယ်။ ဒီရေပန်းကြီးက ကြီးမား လွန်းလှတဲ့ အပြင် အပူရှိန်ကလဲ မြင့်မားလွန်း လှတယ်။
ဝုန်း။ မြေပြင်က အက်ကွဲကုန်ပြီး ရဲရဲ နီလာပါတော့တယ်။ အခုချိန်မှာ ချန့်ယန်းတောင်ကြီးက မီးပင်လယ် အပြည့်နဲ့ ငရဲလို အသွင် ပြောင်းနေခဲ့ပြီ။
“ဘာတွေ ဖြစ်နေတာလဲ။”
“ချော်ရည်တွေက ထူးဆန်းတယ်။”
“မြေအောက်မှာ နောက်ထပ် သက်ရှိတွေ ထပ်ရှိ နေတာလား။”
နတ်သားရဲကောင်တွေ မျက်လုံး အပြူသားနဲ့သာ ကြည့်နေခဲ့တယ်။ ဒီချော်ရည်ပူ ရေပန်းကြီးက မိုးကောင်းကင်နဲ့ မြေကြီးကို ချိတ်ဆက်ထားတဲ့ အသွင် ရှိနေတဲ့ အပြင် အမည်းရောင် လုံးလုံးဝိုင်းဝိုင်း ပစ္စည်း တစ်ခုကလဲ ချော်ရည်ပူထဲမှာ ရှိနေခဲ့ပါတယ်။
“အဲ့တာ ဘာကြီးလဲဟ။”
“ခေါင်းလိုပဲ။”
“ခေါင်းကြီး။”
“မြေအောက်ထဲက ရှင်းထျန်းရဲ့ ခေါင်းလား။”
အပိုင်း (၁၀၉၆) ပြီး၏။
အပိုင်း (၁၀၉၇)
“အသေကောင်လို ရှေးဟောင်း သတ်ဖြတ်မှု နတ်ဘုရား။”
..
“ရှင်းထျန်းရဲ့ ခေါင်းလား။”
“ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ရှင်းထျန်း ခေါင်းက ချော်ရည်တွေ ထဲကနေ ထွက်လာတယ်ပေါ့။”
“..”
မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံးလဲ မျက်လုံး ပြူးနေခဲ့တယ်။
ရှင်းထျန်းရဲ့ ခေါင်းက ချန့်ယန်တောင် အောက်မှာ မြုပ်ထားခဲ့တယ်။ အခုတော့ အပြင်ကို ပြန်ထွက်လာပြီ။
ဘယ်လိုလုပ် သူတို့တွေ တည်ငြိမ် နေနိုင်မှာလဲ။ အခုချိန်မှာ ရှင်းထျန်းကတော့ ချော်ရည်တွေ ထဲမှာ ရှိနေတဲ့ သူ့ခေါင်းကို စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကြည့်နေခဲ့ပါတယ်။
“ငါ့ခေါင်း။ ငါ့ခေါင်း။” ရှင်းထျန်းက ဟိန်းဟောက်ရင်း ချော်ရည်ပူတွေထဲကို ပြေးဝင် သွားခဲ့တယ်။
“ဟဟား။ ဖန်ကျန်းရှီ မင်းတော့ ရှင်းထျန်း လက်ထဲမှာ သေချာပေါက် သေရတော့မှာပဲ။” ဟုန်ယို့ကတော့ ရယ်မောရင်း ပြောတော့တယ်။
သူလဲ ဖန်ကျန်းရှီကို သတ်ချင်တယ်။ ဒါပေမယ့် ကိုယ်တိုင် မလုပ်နိုင်မှတော့ တခြားသူ တစ်ယောက်ကို မျှော်လင့်ချက် ထားလိုက်တာက အကောင်းဆုံးပဲ။ ရှင်းထျန်းပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် သူဂရုမစိုက်ဘူး။ ဖန်ကျန်းရှီကိုသာ သေစေချင်တယ်။
“လွန်ခဲ့တဲ့ နှစ်သန်းချီက မြုပ်ထားခဲ့တဲ့ ခေါင်းကြီး အခုချိန်ထိ ရှိနေသေးတယ်ပေါ့။” ဖန်ကျန်းရှီလဲ အံ့သြ နေခဲ့တယ်။ ထူးဆန်းတဲ့ လောကမှန်း သူနားလည် ပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းက သူ့နှလုံးသားတွေကို တုန်ယင် လာစေတယ်။
“ရှင်းထျန်း ခေါင်းပေါ်လာပြီ။”
“ချန့်ယန်းတောင် အောက်မှာ မြုပ်နေတဲ့ လျှို့ဝှက်ချက်က ဒါလား။”
ဖန်ကျန်းရှီ တွေးနေချိန်မှာပဲ ရှင်းထျန်း ခေါင်းက စတင် လှုပ်ရှားလာပြီး ရှင်းထျန်း ခန္ဒာကိုယ်ဆီကို ပြေးဝင် လာပါတော့တယ်။
ဝူး။ ကြောက်စရာ မှောင်မိုက်နေတဲ့ အရှိန်အဝါတွေက ခေါင်းကြီး ပတ်လည်ကို ဝန်းရံ ထားခဲ့တယ်။
ရှင်းထျန်း ခန္ဒာကိုယ်က ဆက်တိုက် တုန်ယင် နေခဲ့ရင်း ထူးဆန်းတဲ့ အသံတွေလဲ ဆက်တိုက် ထွက်ပေါ် နေခဲ့ပါတယ်။ ငှက်အော်သံလို အသံနဲ့ တူနေသလို သားရဲကောင်တွေ အော်နေတဲ့ အသံနဲ့လဲ တူညီနေတယ်။ ကြားရသူတွေကို ကြက်သီးမွေးညင်း ထစေ နိုင်လောက်တဲ့ အထိ ကျောချမ်းစရာလဲ ကောင်းနေသေးတယ်။
အဲ့ဒီ့နောက် ထူးဆန်းတဲ့ ကိစ္စ ဖြစ်လာပါတယ်။ ထူးဆန်းတဲ့ အသံတွေနဲ့ အတူ ရှင်းထျန်းရဲ့ ခေါင်းကြီးက ရှင်းထျန်း ခန္ဒာကိုယ်နဲ့ သံလိုက်တွေလို တွဲဆက် သွားပါတော့တယ်။
“အံ့သြစရာ ကောင်းလိုက်တာ။” ပင်းယန်ကတော့ မျက်လုံး အပြူးသားနဲ့ ပြောနေခဲ့တယ်။
“မဖြစ်ဘူး။ ငါတို့ တားရမယ်။” ရန်ရွှယ့်ရဲ့ အမူအယာက အရမ်းကို အေးစက် နေခဲ့ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာ ဘာအကြောင်း ကြောင့်မှန်း မသိ ဒီလို ချိတ်ဆက်မှုက တစ်ခုခု ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တယ်။
“တားဖို့ နောက်ကျလွန်း သွားပြီ။” ရွှမ်ယွမ်ဝူ ခေါင်းခါမိတယ်။
သူ့စိတ်ထဲမှာလဲ မကောင်းတဲ့ နိမိတ်ကို ခံစားနေရတယ်။ ဒါပေမယ့် ရှင်းထျန်းက အရမ်းကို အင်အားကြီးလွန်းတဲ့ ခေါင်းကို ပြန်ရ သွားပြီ ဖြစ်တဲ့ အတွက် တားဖို့ မဖြစ်နိုင် တော့ဘူး။
ဝုန်း။ မိုးကြိုး တစ်ခု ဆင်းသက် လာခဲ့ပါတယ်။ ရှင်းထျန်းရဲ့ ခေါင်းနဲ့ ကိုယ်က နောက်ဆုံးမှာတော့ ပေါင်းစပ် သွားခဲ့ပြီ။ ဒီအချိန်မှာ မိုးကောင်းကင်နဲ့ မြေပြင်တောင်မှ အရောင် ပြောင်းလဲ သွားခဲ့တော့တယ်။ ရှင်းထျန်း ခန္ဒာကိုယ်က သတ်ဖြတ် လိုစိတ်တွေ လျှံထွက်လာပြီး လေထဲမှာ မလှုပ်မယှက် ရှိနေခဲ့တယ်။
“တကယ်ကြီး ပေါင်းသွားတယ်ပေါ့။”
“ဘာတွေ ဆက်ဖြစ် လာမှာလဲ။”
နတ်သားရဲကောင်တွေက ရှင်းထျန်းကို မျက်လုံး အပြူးသားနဲ့သာ ကြည့်နေခဲ့တယ်။ ရှင်းထျန်းကတော့ မလှုပ်ရှား ခဲ့ဘူး။ ကြီးမားတဲ့ ကျောက်တုံးကြီး တစ်တုံးလိုမျိုးသာ လှုပ်ရှားမှု မရှိဘဲ ရှိနေခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။”
“သူက မလှုပ်ရှားဘူးလား။”
“ငါတို့တွေ ဒီအခွင့်အရေးကို ယူသင့်တယ် မဟုတ်လား။”
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ တစ်ချို့ကတော့ ရှင်းထျန်းကို တိုက်ခိုက် ချင်ကြပေမယ့် သူ့အင်အားကြောာင့် နောက်တွန့် နေခဲ့ကြတယ်။ ဒီအချိန်မှာပဲ ရှင်းထျန်းက ခေါင်းကို မော့လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက် လိုက်ပါတယ်။
“အား။” ကျယ်လောင် လွန်းလှတဲ့ အသံက အခုချိန်မှာတော့ ကြည်လင် ပြတ်သား နေခဲ့တယ်။ အဲ့ဒီ့နောက် ခန္ဒာကိုယ်မှာ ပေါက်နေခဲ့တဲ့ မျက်လုံးနဲ့ ပါးစပ်တွေ ပျောက်ကွယ် သွားပြီး ခေါင်းပေါ်မှာ မျက်လုံးနဲ့ ပါးစပ်တွေ ပြန်ပေါ်လာ ခဲ့ပါတယ်။
“သူ ပြန်နိုးလာတာလား။”
“ရှင်းထျန်း တကယ်ကြီး နိုးလာတာလား။”
ဒီအချိန်မှာ နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ ချက်ခြင်း ထွက်ပြေး ကြပါတော့တယ်။ ရှင်းထျန်းကတော့ ဘာကိုမှ ဂရုစိုက်နေပုံ မပေါ်ဘူး။
ဟိန်းဟောက် ပြီးတာနဲ့ ချော်ရည်တွေကို ကြည့်ရင်း မြေကြီးထဲကို ထိုးဆင်း သွားပါတော့တယ်။
အစောပိုင်းတုန်းက သတ်ဖြတ် ချင်နေတဲ့ ပုံစံမျိုး မရှိတော့ဘဲ သူက ချော်ရည်တွေထဲကိုသာ ပြေးဝင် သွားခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ။” မုချင်းဖန်း သူ့ဘာသူ ပြောလိုက်မိတယ်။
ပင်းယန်လဲ မျက်တောင် တဖျတ်ဖျတ် ခတ်နေရင်းနဲ့သာ စဉ်းစား နေခဲ့တယ်။ ရှင်းထျန်းက အားပိုကောင်း လာခဲ့ပေမယ့် တည်ငြိမ် နေတယ်။
ဒီခံစားချက် ထူးဆန်းလွန်း နေပြီး စကားနဲ့လဲ ပြောပြလို့ မရနိုင်ခဲ့ဘူး။ သူက တစ်ခုခုကို မှတ်မိသွားသလို မှတ်ဉာဏ်တွေ ပြန်ရ သွားသလိုမျိုး ရှိနေခဲ့တယ်။
အားလုံး ပေါင်းလိုက်တဲ့ ခံစားချက်ကြီးကတော့ အရမ်းကို ထူးဆန်းတယ်။
ဝုန်း။
ရှင်းထျန်း ပြေးဆင်း သွားတဲ့ အချိန်မှာပဲ ချော်ရည်တွေက မီးလုံးတွေလို အသွင်နဲ့ စတင် ပေါက်ကွဲ ပါတော့တယ်။
“နေအုန်း။ မြေကြီးထဲမှာ တစ်ခုခု ရှိနေတယ်။” ယွင်ချင်းဝူ စပြောတယ်။ သူမ အတော်လေး ကြောက်လန့် နေပုံပါပဲ။ ဒီကိစ္စမျိုးက ရှားပါးတယ်။
“တစ်ခုခု ရှိနေတာလား။ ဘာကြီးလဲ။” ဝူယွဲ့အာကတော့ ပဟေဠိ ဖြစ်နေခဲ့တယ်။ ယွင်ချင်းဝူ မတည်ငြိမ် နိုင်တော့တဲ့ အတွက် သူမက ပိုလို့တောင် အံ့သြ နေသေးတယ်။
(ချန့်ယန်းတောင် အောက်မှာ ရှင်းထျန်းရဲ့ ခေါင်း အပြင် နောက်ထပ် တစ်ခုခု ရှိနေတယ်လို့ သူပြောချင်တာလား။)
“ချိတ်ပိတ်စည်းပဲ။ ရှင်းထျန်း ခေါင်းက ချိတ်ပိတ်စည်း ဖြစ်နေတာ။ ချော်ရည်ပူတွေရဲ့ ပုံစံ အရဆိုရင် အဲ့တာက နတ်ဆိုး ချိတ်ပိတ်ခြင်း ဓာတ်ကြီး ငါးပါး ဗျူဟာ ဖြစ်လိမ့်မယ်။” ယွင်ချင်းဝူ ပြောပြီး ချိန်မှာပဲ ဖန်ကျန်းရှီကို လှမ်းအော် ပါတော့တယ်။
“ဖန်ကျန်းရှီ။ မြန်မြန် ရှင်းထျန်း ခေါင်းကို ပြန်ဖြတ်လိုက်။”
“ဘာကြီး နောက်ထပ် ပြန်ဖြတ် ရမှာလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးနေခဲ့တယ်။
(ဟင်းသီး ဟင်းရွက် လှီးတယ်များ ထင်နေတာလား။ အဲ့တာ ရှင်းထျန်းကြီး။ ပြီးတော့ ချော်ရည်တွေထဲကို သူထိုးဆင်း သွားပြီ။)
ယွင်ချင်းဝူရဲ့ အကဲဖြတ်မှုကို ဖန်ကျန်းရှီ သံသယ မဝင်ပေမယ့် ရှင်းထျန်း ခန္ဒာကိုယ်ကနေ ခေါင်းကို ဖြတ်ဖို့က ဘယ်လိုများ လွယ်ကူ နိုင်မှာလဲ။
ဒါပေါ့။ အခုချိန်မှာ သူဆွံ့အ နေပင်မယ့် ဘာလုပ်ရမယ်မှန်း သူသိတယ်။ တစ်ခဏတာ ရပ်တန့်ပြီးနောက် ရွှမ်ယွမ်ဓားကို ဟုန်ယို့ ရင်ဘတ်ကနေ သူဆွဲထုတ်လိုက်တယ်။ ဟုန်ယို့ ရင်ဘတ်ကနေ သွေးတွေ မိုးရွာသလို စီးကျ လာပါတော့တယ်။
“ဖန်ကျန်းရှီ မ မသွားနဲ့။” ဟုန်ယို့ အော်ဟစ်တယ်။ အခုချိန်မှာ သူက သေဖို့ ပြင်ဆင် ထားပြီး ဖြစ်ပေမယ့် ဖန်ကျန်းရှီကတော့ သူ့ကို ချန်ရစ် ထားခဲ့ပြီ။
မကျေနပ်စရာ ကောင်းလိုက်တာ။
ဟုန်ယို့ ပြောလိုက် ချိန်မှာပဲ ဓားအလင်းတန်း တစ်ခု သူ့ခန္ဒာကိုယ် ထဲကနေ ထွက်ပေါ်လာပြီး နဂါး တစ်ကောင် အသွင်ကို ပြောင်းလဲရင်း ကောင်းကင်ပေါ်ကို ထိုးတက် သွားပါတော့တယ်။
“စိတ်ချ။ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်။ တစ်ခါတည်း အသေသတ်ပေးမယ်။” ဖန်ကျန်းရှီရဲ့ အသံက လေတိုးသံနဲ့ အတူတူ ထွက်ပေါ် လာခဲ့ပါတယ်။
ဟုန်ယို့ကတော့ ကြက်သီးတွေ ထရင်း ပြုံးသွားခဲ့တယ်။ သူ့ခန္ဒာကိုယ်ကို ဝါးမျိုနေတဲ့ နဂါးကြီးကို ကြည့်ရင်း သူစိတ်သက်သာရာ ရသွားခဲ့တယ်။
(ငါသေသွား ပြီလား။ တကယ် သေပြီလား။ ငါသိတယ်။ သေခြင်းတရား ဆိုတာက လွတ်မြောက်တာပဲ။ အခုတော့ တိုက်ခိုက်စရာ မလိုတော့ဘူး။ ငြင်းခုန် နေစရာလဲ မလိုတော့ဘူး။ လောကကြီးရဲ့ ပြဿနာတွေကို ငါဝင်ပါဖို့လဲ မလိုတော့ဘူး။)
ဝုန်း။
ဟုန်ယို့ ခန္ဒာကိုယ်က ပေါက်ကွဲ သွားပါတော့တယ်။
တခြား စစ်နတ်တွေကတော့ ဒါကို မြင်ချိန်မှာ နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ အော်ဟစ်ကြတယ်။
“အစ်ကိုကြီး။”
မကြာခင်မှာ သူတို့တွေလဲ အနားယူခွင့် ရသွားခဲ့တယ်။ ဓားအလင်းတန်းတွေက သူတို့ ခန္ဒာကိုယ်ကို ဖောက်ထွက် သွားခဲ့ပါပြီ။ မြန်ဆန်လွန်းတဲ့ အတွက် ရှောင်ရှားချိန်လဲ မရခဲ့ကြဘူး။
ဝုန်း။
ဝုန်း။
ဒီအချိန်မှာ ရှေးဟောင်း စစ်နတ် ၁၂ပါးက သမိုင်း တစ်ခု ဖြစ်သွားခဲ့ပြီ။ ဖန်ကျန်းရှီကတော့ မြေပြင်ပေါ်မှာ ရှိနေခဲ့တယ်။ သူ့ ခြေထောက်က ချော်ရည်ပူတွေနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ အပြင် အဝတ်အစားတွေကလဲ လောင်ကျွမ်းတော့မလို ရှိနေခဲ့ပါတယ်။
“ငါ တကယ်ပဲ ဆင်းသွားလို့ ရမလား။” ဖန်ကျန်းရှီ ဒီချော်ရည်ပူထဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ စစ်နတ်တွေကို အဆုံးသတ် ပေးခဲ့ဖူးဘူး။ ဒါပေမယ့် အဲ့ဒီ့နေရာမှာ သူနေရမှာကိုတော့ မကြိုက်ဘူး။ သူက နတ်မီးငှက်လဲ မဟုတ်ဘူးလေ။
နေစမ်းပါအုန်း။
“ပီဖန်းက နတ်မီးငှက် အမျိုးအစား ထဲကမလား။”
“ပင်းယန် ဒါလေး ငှားအုန်း။” ဖန်ကျန်းရှီက ပီဖန်းကို ပြုံးပြလိုက်တယ်။ (မင်းဟာလဲ ငါ့ဟာ ငါ့ဟာလဲ ငါ့ဟာ ဆိုတဲ့ အပြုံးမျိုးနဲ့ သူပြောနေခဲ့ပါတယ်။)
“ကိစ္စ ပြီးတာနဲ့ ပြန်ပေးဖို့ မမေ့နဲ့။” ပင်းယန်က ပီဖန်း ခေါင်းကို ပုတ်ရင်း ပြောလိုကတယ်။
“ယို့။”
ပီဖန်းကတော့ အော်ဟစ်တယ်။ သူမ မလိုလားတဲ့ ပုံစံပါ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ ကိစ္စ ဖြေရှင်းနည်းတွေကို ပြန်စဉ်းစား မိချိန်မှာ သူမ ဘယ်လိုများ ငြင်းဆို ဝံ့မှာလဲ။ ပီဖန်း အတောင်ပံတွေကို ခတ်ရင်း ဖန်ကျန်းရှီဆီကို ပျံသန်းလာခဲ့တယ်။
ဒါပေမယ့် သူမ လှုပ်ရှား ချိန်မှာပဲ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီး တစ်ခုက ချော်ရည်တွေထဲကနေ ထိုးတက် လာခဲ့ပါတယ်။
ဒါကတော့ ရှင်းထျန်းပါ။ မီးလျှံ နတ်ဘုရား တစ်ပါးလို အသွင်နဲ့ သူအပေါ်ကို တက်လာ ခဲ့ပေမယ့် လက်မောင်းကတော့ ဒဏ်ရာ ရနေခဲ့တယ်။ ဒါ့အပြင် ဒဏ်ရာက နက်လွန်းလှတယ်။
“ရှင်းထျန်းက ဒဏ်ရာရ လာတယ်လား။
“…”
နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေလဲ အဝေးက မြင်ချိန်မှာ အံ့သြ နေခဲ့ကြတယ်။
ဖန်ကျန်းရှီကတော့ အရမ်းကို အလန့်တကြားနဲ့ ရှိနေခဲ့တယ်။ အစောပိုင်း ချော်ရည်ပူထဲ ဆင်းသွားချိန်မှာ ရှင်းထျန်း ဘာဒဏ်ရာမှ ရှိနေခဲ့ဘူး။
ရှင်းထျန်းကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာ ဘယ်သူ ရှိမလဲ။ ဒီအချိန်မှာပဲ လူနဲ့ သားရဲကောင် အော်သံတွေလို အသံ တစ်ချို့ကို ဖန်ကျန်းရှီ ကြားလိုက် ရပါတယ်။ နှစ်သန်းပေါင်း များစွာ ခံစားခဲ့ရတဲ့ ဒေါသတွေကို ဖွင့်ထုတ်နေတဲ့ အသံကြီးနဲက့ တူညီတယ်။
“အောက်မှာ တကယ်ပဲ တစ်ခုခု ရှိနေတယ်။”
“အဲ့တာ ဘာကြီးလဲ။”
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံးက အော်ဟစ်သံကို ကြားချိန်မှာ မျက်လုံး အပြူးသား ဖြစ်ကုန်ကြတယ်။ ရှင်းထျန်းကတော့ အံကြိတ်ရင်း ဖန်ကျန်းရှီ အနားကို ရောက်လာပြီး ပြောတယ်။
“လူသား ငါ့ကို ကူညီပါ။”
“ကူညီရမယ်။” ဖန်ကျန်းရှီ မျက်လုံး ပြူးနေဆဲပဲ။
(ဘယ်လို ကူညီရမှာလဲ။)
“ငါ့ခေါင်းကို မြန်မြန် ဖြတ်ပြီး ပြန်မြုပ်လိုက်။” ရှင်းထျန်း အော်ဟစ်ရင်း ခေါင်းထိုးပေးတယ်။
“မြန်မြန်။” ရှင်းထျန်း ထပ်အော်ပြန်တယ်။
“နောက်ကျသွားပြီ ရှင်းထျန်း။” မိုးခြိမ်းသံလို အသံကြီးနဲ့ အတူ အင်အားကြီးှလှတဲ့ တုန်ခါမှုက မြေအောက်ကနေ ထွက်ပေါ် လာပါတော့တယ်။ အဲ့ဒီ့နောက် ကြီးမားတဲ့ လက်ကြီးတစ်ဖက် ထိုးထွက် လာခဲ့တယ်။ ဒုတိယလက်၊ တတိယ လက်။ ပြီးတော့ စတုတ္ထလက်။
…
လက်ခြောက်ဖက် တိတိ ချော်ရည်ပူတွေထဲကနေ ထွက်ပေါ်လာတယ်။ ဒီမြင်ကွင်းက ဖန်ကျန်းရှီ တစ်ယောက်တည်းကိုတင် လန့်စေတာ မဟုတ်ခဲ့ဘူး။ မုချင်းဖန်းနဲ့ တခြားသူတွေ အားလုံးကိုပါ ကြောင်အ သွားစေတယ်။
ရှင်းထျန်းတောင်မှ ဒီလက်တွေကို မြင်ချိန်မှာ မျက်လုံး အပြူးသားနဲ့ တုန်ယင် နေခဲ့တယ်။ အဲ့ဒီ့နောက် သူနောက်တစ်ကြိမ် ချော်ရည်ပူထဲကို ပြေးဆင်းပြန်တယ်။
“သေစမ်း။” ရှင်းထျန်း ဟိန်းဟောက်ရင်း ပုဆိန်ကြီးနဲ့ ခုတ်ချလိုက်တယ်။ သူ့ဒိုင်းကြီးနဲ့ လျှပ်စီးတွေကို ဆင့်ခေါ်ရင်း ချော်ရည်ပူတွေကို ဆက်တိုက် တိုက်ခိုက်တယ်။ ဒါပေမယ့် နောက်ကွယ်မှာ ဖြစ်နေတဲ့ ကိစ္စက အရမ်းကို မြန်မြန်ကြီး ပေါ်လာခဲ့တဲ့ အတွက် ဖန်ကျန်းရှီ နားမလည် နိုင်ခဲ့ဘူး။
ရှင်းထျန်း ခေါင်းနဲ့ ကိုယ် ပြန်ဆက်သွားပြီး ချိန်မှာ သူက လုံးဝကို တခြားသူ တစ်ယောက် အသွင် ပြောင်းလဲ သွားခဲ့တယ်။ သူ့ကို လိုက်ဖမ်းမယ့် အစား ချော်ရည်ထဲမှာ ရှိနေခဲ့တဲ့ မိစ္ဆာနဲ့သာ တိုက်ခိုက်တယ်။ အရေးအကြီးဆုံး ကတော့ သူ့ခေါင်းကို ဖြတ်ဖို့ လာထိုးပေး နေခဲ့တာပါပဲ။
ဝုန်း။
မြေပြင် အက်ကွဲပြီးချိန်မှာ လက်ခြောက်ဖက်က ရှင်းထျန်းနဲ့ တိုက်ခိုက်နေခဲ့တယ်။ ချော်ရည်ပူတွေကတော့ မီးလျှံတွေလို နောက်တကြိမ် ထိုးတက်လာပြီး ဆက်တိုက် ဆိုသလို အပူလှိုင်းတွေ ထုတ်လွှတ် နေခဲ့တယ်။
အဲ့ဒီ့နောက် ဂျို(ချို)နှစ်ချောင်းက မြေအောက်ကနေ ထိုးထွက်လာပါတယ်။ ဒါတွေက နွားဂျိုနဲ့ တူညီတယ်။
“ချန့်ယန်းတောင် အောက်မှာ မြုပ်နေတဲ့ မိစ္ဆာ တကယ်ပဲ ရှိသေးတာပေါ့။ ဘာကြီးလဲ။” ပင်းယန်လဲ လန့်နေခဲ့တယ်။ အထူးသဖြင့် ဒါကြီးက သာမာန် လူပုံစံနဲ့ မတူခဲ့ဘူး။
ဒါက နတ်သားရဲကောင်လား။
ဒါပေမယ့် ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ ဖြူဖျော့လာခဲ့တယ်။ ဒီနေရာမှာ ပူလွန်း အေးလွန်းတာကြောင့် သူမျက်နှာ ပျက်သွားတာ မဟုတ်ခဲ့ဘူး။ ဒီဂျိုတွေရဲ့ အစွမ်းကို သူ့ခန္ဒာကိုယ်က ထူးထူးခြားခြား တုံ့ပြန် နေခဲ့တယ်။
သူ့ခန္ဒာကိုယ်ထဲကနေ တစ်ခုခု ထွက်ချင်နေတဲ့ ပုံစံလဲ ရှိနေတယ်။
“ဘာကြောင့်များလဲ။” ဖန်ကျန်းရှီ နောက်ကျောကို လက်လှမ်းလိုက်မိတယ်။ အဲ့ဒီ့နောက် မဟူရာ ရွှေတောင်ပံတွေက သူ့အလိုလို လှုပ်ရှားနေပြီး သူ့ထိန်းချုပ်မှုကနေ လွတ်သွားခဲ့တယ်။
ဝူး။
မဟူရာ ရွှေတောင်ပံတွေက ဆန့်ထွက်လာပြီး ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်ကနေ ထွက်ခွာ သွားခဲ့ပါတယ်။ အဲ့ဒီ့နောက် ဂျိုတွေ ရှိရာ နေရာဆီ ပြေးသွားခဲ့တယ်။
ဝူး။
“ကံကောင်းလိုက်တာ။ မင်းတို့ကို ဒီမှာ တွေ့ရမယ် မထင်ထားဘူး။” ချော်ရည်ပူထဲက အသံ ထွက်လာ ပြီးနောက် မဟူရာ ရွှေတောင်ပံတွေ ချက်ခြင်း ပျောက်သွား ပါတော့တယ်။ အဲ့ဒီ့နောက် ကြောက်စရာ အင်အားကြီး တစ်ခု ချော်ရည်ပူထဲကနေ ထွက်ပေါ်လာခဲ့တယ်။
ရှင်းထျန်းလဲ လုံးဝကို လွင့်ထွက် သွားပါတော့တယ်။ သူက ပြိုင်ဘက် မဟုတ်ခဲ့ဘူး။
ဒါ့အပြင် ကြီးမားတဲ့ ပုံရိပ်ကြီးက ကောင်းကင်မှာ မီးခိုးငွေ့တွေ အပြည့် ဝန်းရံထားရင်း ရှိနေခဲ့တယ်။ လက်မောင်း ခြောက်ဖက်ကို ဝိုးတဝါး မြင်နေရပြီး ကြီးမားတဲ့ အတောင်ပံကြီးက သူ့နောက်ကျောမှာ ရှိနေခဲ့ပါတယ်။
မဟူရာ ရွှေတောင်ပံတွေက ဖန်ကျန်းရှှီ နောက်ကျောမှာ ရှိခဲ့တဲ့ အချိန်ထက် အများကြီး ပိုပြီးတော့ ကြီးမား နေခဲ့တဲ့ အပြင် နေမင်းလမင်း တွေကိုတောင် ဖုံးအုပ် နိုင်တော့မယ့် အရွယ်အတိုင်း ရှိနေခဲ့တယ်။
“နွားဂျိုနဲ့ အတောင်ပံတွေ။ ပြီးတော့ လက်ခြောက်ဖက်။”
ဖန်ကျန်းရှီရဲ့ စိတ်ထဲကို အတွေး တစ်ခု ဝင်ရောက် လာခဲ့တဲ့ အတွက် သူတုန်ယင် သွားခဲ့တယ်။ ဒါက ရှေးရှေးတည်းက ကြောက်စရာ အကောင်းဆုံး အရာကြီး တစ်ခု။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီ အားလုံးကို နားလည် သွားပါတော့တယ်။
ချန့်ယန်းတောင်ကို ဧကရာဇ် နှစ်ပါး နာမည်ပြောင်းခဲ့ရတဲ့ အကြောင်းအရင်း၊ ရှင်းထျန်းကို လှည့်စားပြီး ခေါင်းကို ဖြတ်လို့ ပိတ်ဆို့ ထားခဲ့တဲ့ အကြောင်းအရင်းတွေ နဲ့ ရှင်းထျန်းရဲ့ ဂုဏ်သတင်းကိုပါ စတေးပြီး လုပ်ခဲ့တဲ့ လုပ်တွေ အားလုံးကို သူသဘောပေါက် သွားခဲ့တယ်။
ချန့်ယန်းတောင်ရဲ့ လျှို့ဝှက်ချက်က ရှင်းထျန်း မဟုတ်ခဲ့ဘူး။
အသေကောင်လို သတ်ဖြတ်မှု နတ်ဘုရား ကြောင့်ပဲ။
ရှေးဒဏ္ဍာရီထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲ့ဒီ့ သူရဲ့ ခေါင်းက သံမဏိလို မာကျောတယ်။ ခန္ဒာကိုယ်ကို ဖောက်ထွင်းနိုင်မယ့် လက်နက်လဲ မရှိဘူး။ ဒါ့အပြင် သတ်လို့ မသေနိုင်တဲ့ သူလို့ ကျော်ကြားတဲ့ ဖြစ်တည်မှု တစ်ခု။
တစ်ချိန်တုန်းက ကျုးလီနယ်မြေကို အုပ်ချုပ်ခဲ့သူ။ နတ်ဆိုး နတ်ဘုရားတွေမှာ အသန်မာဆုံး နတ်ဘုရား။ နွားနဲ့ ငှက် စွမ်းအား နှစ်ခုလုံးကို ပိုင်ဆိုင်သူ။
ချီယို့။
“ငါဒီမှာ ပိတ်မိနေတာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ နောက်ဆုံးတော့ ငါလွတ်လာပြီ။ ရှင်းထျန်း။ မင်းရဲ့ အငြိုးအတေးက တကယ့်ကို သန်မာတာပဲ။ သတ်ဖြတ်လိုတဲ့ အရှိန်အဝါက နှစ်တွေ သန်းနဲ့ ချီပြီး ကြာတာတောင် မပျောက်သွားဘူး။ ကောင်းတယ်။ အရမ်း ကောင်းတယ်။” ရဲရဲနီနေတဲ့ မျက်ဝန်းတွေက ထူးဆန်းတဲ့ သင်္ကေတတွေ တောက်ပနေရင်း ပြောလိုက်တယ်။
ဒီအရာတွေက နန်ကုန်းဟောင်နဲ့ နန်ကုန်းမု အသုံးပြုခဲ့ ဖူးတဲ့ သွေးမှော်စက်ကွင်းပါ။
အပိုင်း (၁၀၉၇) ပြီး၏။
အပိုင်း (၁၀၉၈)
“သွေးနီရောင် နေမင်းကြီး ပေါ်ထွက်လာမှု။ ဖြစ်တည်မှု အားလုံး သေဆုံးဖို့ အကြောင်းဖန်လာခြင်း။”
…
“ချီယို့။” ရှင်းထျန်းက အော်ဟစ်ရင်း မီးခိုးတွေထဲကို နောက်တစ်ကြိမ် ပြေးဝင် သွားပြန်တယ်။
ဖန်ကျန်းရှီကတော့ တုန်ယင် နေခဲ့တယ်။ နန်ကုန်း မျိုးနွယ်တွေရဲ့ စွမ်းအား အရင်းအမြစ် ဖြစ်တဲ့ သွေးမှော် စက်ဝန်းက တကယ်ပဲ ချီယို့ ဖန်တီးထား ခဲ့တာလား။
“နေစမ်းပါအုန်း။”
“ချီယို့က သွေးမှော် စက်ဝန်းရဲ့ အရင်းအမြစ် ဖြစ်နေရင် ရှင်းထျန်းက။”
“သတိထား။” ဖန်ကျန်းရှီ အလိုလို ပြေးထွက် သွားပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။
ချီယို့ ခန္ဒာကိုယ်ကို ဖုံးလွှမ်းထားခဲ့တဲ့ အနက်ရောင် မီးခိုးတွေက ရှင်းထျန်းကို ချက်ခြင်း ဝါးမျို သွားပါတော့တယ်။ သွေးနီရောင် အလင်းတန်းတွေ တောက်ပနေတဲ့ မီးလုံးကြီး တစ်လုံးတည်းသာ ဒီနေရာမှာ ကျန်ရှိနေတယ်။
“အား။” ရှင်းထျန်း အော်ဟစ် ဟိန်းဟောက်ရင်း သူ့ပုဆိန်ကြီးနဲ့ ဆက်တိုက် ခုတ်ချပြစ်ရင်း မီးခိုးတွေထဲက ထွက်ဖို့ လုပ်တယ်။ ဒါပေမယ့် ရှင်းထျန်းကို များပြားတဲ့ လက်တွေက ချုပ်ကိုင် ထားတာကြောင့် သူမလှုပ်ရှား နိုင်ခဲ့ဘူး။
ကြည့်ဖို့ အတွက်တောင် ရူးချင်စရာ ကောင်းလွန်းတဲ့ အပြင် ကြောက်စရာလဲ ကောင်းလွန်းလှတယ်။ ရှင်းထျန်းရဲ့ ခန္ဒာကိုယ်ကြီးက တဖြည်းဖြည်းချင်း ကြုံ့လာ နေခဲ့တယ်။ ကြောက်စရာ လူသတ်ငွေ့တွေနဲ့ စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်း အရည်ပျော် နေခဲ့ပြီ။
နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ တောင်မှ နောက်ထပ် မပြေးနိုင်တော့ဘဲ အဝေးကနေသာ ရပ်ကြည့် နေခဲ့ကြတယ်။ ဖန်ကျန်းရှီနဲ့ တခြားသူတွေကတော့ ပိုပြီးတော့တောင် အခြေအနေ ဆိုးနေတယ်။
“နတ်ဆိုး နတ်ဘုရား ချီယို့လား။”
“သူ့ကို တောင်အောက်မှာ မြုပ်ထားတာပေါ့။”
“ထာဝရ မပျက်စီးနိုင်တဲ့ ခန္ဒာရှင်။”
အားလုံး မျက်လုံး ပြူးနေခဲ့သလို အမူအယာတွေကလဲ လုံး၀ ရှုပ်ထွေး နေခဲ့တယ်။
ချီယို့ ပြန်လာပြီ။
နတ်ဆိုး နတ်ဘုရား ချီယို့။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ အသန်မာဆုံးသူ။ အန္တိမ သတ်ဖြတ်ရေး နတ်ဘုရား။ ရှေးရှေးခေတ်တည်းက ကြောက်စရာ အကောင်းဆုံးသူ ပြန်လာခဲ့ပြီ။ ဒါက သူတို့ အတွက် သေချာပေါက် သတင်းကောင်း တစ်ခုပါ။
သို့သော်ငြား သူတို့တွေ မပျော်နိုင် ခဲ့ကြဘူး။ ချီယို့က အညှာအတာ ကင်းမဲ့ပြီး သတ်ဖြတ်တဲ့ နေရာမှာ ကြောက်စရာ ကောင်းလွန်းလှတယ်။
“မင်းတို့ အားလုံး ပြန်လာစမ်း။” မီးခိုးငွေ့တွေ ထဲကနေ ချီယို့ရဲ့ အသံကို ကြားလိုက် ရပါတယ်။ အဲ့ဒီ့နောက် ကောင်းကင် တစ်ခုလုံး မီးခိုးတွေ ပြည့်နှက်သွားပြီး နတ်ဆိုး မိစ္ဆာတွေကို ဖုံးလွှမ်း သွားတော့တယ်။
“အား။” နတ်သားရဲကောင် တစ်ကောင်ကတော့ မီးခိုးငွေ့တွေ ကြားမှာ အော်ဟစ်ရင်း အရိုးစု ဖြစ်သွားခဲ့ပါပြီ။
“…”
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး ဒါကို မြင်ချိန်မှာ အထိတ်တလန့်နဲ့ မြေပြင်ပေါ်ကို ပြေးဆင်းပြီး ဝပ်တွား ဦးညွှတ် ပါတော့တယ်။
“နတ်ဆိုး နတ်ဘုရားကို ဂါရ၀ ပြုပါတယ်။”
“နတ်ဆိုး နတ်ဘုရားကို ဂါရ၀ ပြုပါတယ်။”
မီးခိုးငွေ့တွေ သူတို့ကို ဖုံးအုပ် သွားချိန်မှာ ကြီးမားတဲ့ လက်ကြီး တစ်ခုနဲ့ ဖမ်းဆွဲ ခံရထားသလို ဘယ်သူမှ ပြန် မတိုက်ခိုက် ဝံ့ကြဘူး။
“ဒီလောက် နှစ်တွေ ကြာတာတောင် မင်းတို့ ဘယ်သူကမှ ငါ အကျဉ်းကျနေတာကို လာမကယ်တင် ကြတာလဲ။” မီးခိုးငွေ့တွေ ထဲကနေ ချီယို့ ထွက်လာရင်း ပြောလိုက်ပါတယ်။ သူ့လက်ထဲမှာတော့ ရှင်းထျန်းကို လက်တစ်ဖက်ကနေ ကိုင်ထားခဲ့တယ်။ အခုချိန်မှာ ရှင်းထျန်းက အရင်လို မကြီးမားတော့ ပါဘူး။
အရိုးပေါ် အရေတင်ပြီး ပိန်ခြောက် သွားတဲ့ အပြင် အခြေအနေကိုလဲ မကြည့်နိုင် ဖြစ်နေခဲ့တယ်။ ဒိုင်းနဲ့ ပုဆိန်ကို ကိုင်ထားပေမယ့် အားမရှိတော့တဲ့ အတိုင်း လက်တွေက ခါးနားမှာ ကျနေခဲ့တယ်။
ဖန်ကျန်းရှီရဲ့ အမူအယာကတော့ ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ နေခဲ့ပါတယ်။
ချီယို့က အရမ်း အင်အားကြီးမှန်း သူသိပေမယ့် တကယ် ကိုယ်တိုင် မကြုံရခင် အထိ သူနားမလည် ခဲ့ဘူး။ သွေးမှော်စက်ဝန်း။ ခေါင်းသုံးလုံး။ လက်ခြောက်ဖက်နဲ့ မပျက်စီးနိုင်တဲ့ ခန္ဒာရှင်။
ချီယို့က ရှေးဟောင်း စစ်ပွဲထဲမှာ မသေရုံတင် မကဘူး ချန့်ယန်းတောင် အောက်မှာ ချိတ်ပိတ် ခံထား ရသေးတယ်။ တကယ့်ကို ယုံနိုင်ဖို့ ခက်ခဲတာပဲ။
ယွင်ချင်းဝူလဲ မယုံနိုင် ခဲ့ဘူး။
“တကယ်ပဲ နတ်ဆိုး နတ်ဘုရား ချီယို့က ဘယ်လိုများ။” ယွင်ချင်းဝူ ခပ်တိုးတိုး ပြောနေခဲ့သလို သူမ အတွေးတွေကိုလဲ ဘယ်သူမှ နားမလည် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မျက်နှာ အမူအယာကတော့ မကောင်းဘဲ ရှိနေခဲ့တယ်။
ဝူယွဲ့အာလဲ ပါးစပ် အဟောင်းသားနဲ့သာ ရှိနေခဲ့တယ်။ ဒီအချိန်မှာပဲ ရွှေရောင် အလင်းတန်း တစ်ခုက ချီယို့ဆီကို ပြေးတက် သွားခဲ့တယ်။ ဒါကတော့ ရွှမ်ယွမ်ဝူပါ။
“ဝေါင်း။” အခုချိန်မှာတော့ ရွှမ်ယွမ်ဝူက တွေေ၀ မနေခဲ့သလို ဖန်ကျန်းရှီကိုလဲ အကြံ မတောင်းခဲ့ဘူး။ နဂါး မီးလျှံတွေနဲ့ ချီယို့ကို သူတိုက်ခိုက်တယ်။
“ဟဟား။ ရွှမ်ယွမ်ဝူ။ ဘာမဟုတ်တဲ့ မင်းလို နိမ့်နိမ့်ပါးပါး သားရဲကောင် တစ်ကောင်က ငါ့ကို စိန်ခေါ်ဝံ့တယ်ပေါ့။” ချီယို့က ရွှမ်ယွမ်ဝူကို အေးစက်စက် ပြုံးပြတယ်။
ဒါပေမယ့် သူ လက်တစ်ဖက်ကို မြှောက်လိုက်ရင်း နဂါး မီးလျှံကို တားဆီး လိုက်ပါတယ်။
ဝုန်း။ မီးတောက်တွေ ချက်ခြင်း ငြိမ်းသွားခဲ့တယ်။
ချီယို့ရဲ့ လက်တစ်ဖက်က ရွှမ်ယွမ်ဝူရဲ့ လည်ပင်းကို မယုံနိုင်စရာ အရှိန်နှုန်းနဲ့ ဖမ်းဆွဲထားလိုက်တယ်။ ရှင်းထျန်းကို ဖမ်းတုန်းက အတိုင်း အသာလေးသာ သူဖမ်းထားနိုင်တယ်။
ရွှမ်ယွမ်ဝူလဲ သူ့လက်ထဲကို ဒီအတိုင်းသာ ရောက်သွား ခဲ့ရပါတယ်။ ရွှမ်ယွမ်ဝူ ဒေါသတကြီး အော်ဟစ်ရင်း ခန္ဒာကိုယ်ကြီးကို ရူးရူးသွပ်သွပ် လှုပ်ရှားတယ်။ ချီယို့ လက်မောင်းတွေကို အမြီးနဲ့ ခန္ဒာကိုယ် သုံးရင်း တိုက်ခိုက်တယ်။
ဒါပေမယ့် ချီယို့ကတော့ ဂရုမစိုက်ခဲ့ ပါဘူး။ ရွှမ်ယွမ်ဝူကို စိတ်ကြိုက် ရုန်းကန်ခွင့် ပြုထားခဲ့တယ်။ ဧရာမ ဘီလူးကြီး တစ်ကောင် နဂါးကို သတ်နေတဲ့ ပုံစံကို အားလုံး မြင်နေခဲ့ရတယ်။
ရွှေရောင် နဂါး ရွှမ်ယွမ်ဝူက ချီယို့ကို ရစ်ပတ်ထား ပေမယ့် ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ချီယို့ကတော့ ခြစ်ရာလေး တစ်ခုတောင် မထင်ဘဲ အေးအေးဆေးဆေး ရှိနေခဲ့တယ်။
“ဒါက ဒဏ္ဍာရီ နတ်ဆိုး နတ်ဘုရား ချီယို့လား။” ပင်းယန် တစ်ချက် တုန်ယင် သွားတယ်။ ဒီအဖြစ်က လန့်စရာ ကောင်းလွန်းလှတဲ့ အပြင် ချီယို့က ရွှမ်ယွမ်ဝူနဲ့ ရှင်းထျန်းကို တပြိုင်နက်တည်း ဖမ်းချုပ် ထားနိုင်သေးတယ်။ ကြောက်စရာ ကောင်းလိုကတာ။
သူမ ဖန်ကျန်းရှီကို လှမ်းကြည့်မိတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းလောက်အောင်ဘဲ ဖန်ကျန်းရှီက ပျောက်ကွယ် သွားခဲ့ပါတယ်။ူ
ဝူး။ ဓား အလင်းတန်း တစ်ခုက ကောင်းကင်ကနေ ဆင်းသက် လာခဲ့တယ်။
ရွှေရောင် တောက်ပနေတဲ့ အလင်းတန်းက လုံးဝကို မရပ်တန့် ခဲ့ဘူး။ မီးခိုးတွေကို ဖြတ်သန်းရင်း ချီယို့ဆီကို တန်းတန်း မတ်မတ် ဆင်းသွားခဲ့တယ်။
“ဟမ်။” ချီယို့ကတော့ နည်းနည်း အံ့သြ သွားခဲ့တယ်။ ရွှေရောင် အလင်းတန်းကို သူအရမ်း ရင်းနှီး နေတဲ့ အပြင် အငွေ့အသက်ကလဲ အတိတ် နေ့ရက်တွေကို ပြန်ပြီး သတိရစေတယ်။
“ရွှမ်ယွမ်လား။”
ဝုန်း။ ရွှေရောင် အလင်းတန်းတွေ လင်းလက် လာပြီးနောက် မီးခိုးတွေကို ပျောက်ကွယ်အောင် ဖျက်ဆီးပါတော့တယ်။
ဓားအော်သံကို ဆက်တိုက် ကြားနေခဲ့ ရတယ်။ အစောပိုင်း တိုက်ခိုက်မှုမှာ ဒီဓားကွက် တစ်ခုတည်းနဲ့ စစ်နတ် ၃ပါးကို ဒဏ်ရာရအောင် သူလုပ်နိုင်ခဲ့တယ်။ အခုချိန်မှာတော့ ချီယို့ ခန္ဒာကိုယ်ကို ဓားနဲ့ ခုတ်ချိန်မှာ စိန်တုံးကို ခုတ်ရသလိုမျိုး သူခံစားလိုက်မိတယ်။
ရွှမ်ယွမ်ဝူကလဲ ဟိန်းဟောက်ရင်း သူ့ဗိုက်မှာ ပေါ်လာခဲ့တဲ့ လက်သည်းနဲ့ ချီယို့ ရင်ဘတ်ကို ချက်ခြင်း ကုတ်ခြစ်လိုက် ပါတယ်။
ချီယို့ကတော့ ခြေတစ်လှမ်း နောက်ဆုတ် သွားခဲ့ပြီး သူ့လက်ထဲက ရွှမ်ယွမ်ဝူနဲ့ ရှင်းထျန်းကို လွှတ်ချလိုက်မိတယ်။ သူ့မျက်နှာပေါ်မှာတော့ အံ့သြရိပ် တစ်ချို့ ပေါ်လာခဲ့တယ်။
နောက်ဆုံးမှာတော့ သူ့ရှေ့ ရောက်နေခဲ့တဲ့ ဖန်ကျန်းရှီကို တွေ့လိုက် ပါတော့တယ်။
“မင်း က ဘယ်သူလဲ။” ရွှမ်ယွမ်ဓားနဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း ချီယို့ မေးလိုက်တယ်။ သူ သိချင် နေပုံပါပဲ။
“ငါက ဧကရာဇ် ဟွမ်ရွှမ်ယွမ်။” ဖန်ကျန်းရှီ မျက်နှာသေနဲ့ ပြန်ဖြေတယ်။
“…”
“…”
ပတ်ဝန်းကျင်က လူတွေ အားလုံး ချက်ခြင်း တိတ်ဆိတ် သွားပါတော့တယ်။
မုချင်းဖန်းနဲ့ တခြားသူတွေတောင် အီလည်လည် မျက်နှာတွေနဲ့ ရှိနေခဲ့တယ်။ ဒီလို အချိန်မျိုးမှာတောင် အရှက်မရှိ မဟုတ်တမ်းတရား စကားကို ပြောနိုင်တာ ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိနိုင်လိမ့်မယ်။
“ရွှမ်ယွမ်တဲ့လား။ ဟဟား။ မင်းက ရွှမ်ယွမ်လား။” ချီယို့ကတော့ လောကမှာ အရယ်ရဆုံးသော ဟာသကို ကြားတဲ့ အတိုင်း ရယ်မောပါတော့တယ်။
ဖန်ကျန်းရှီလဲ ရယ်နေခဲ့တယ်။ ဒါပေမယ့် သူကတော့ မပျော်ခဲ့ဘူး။ သူ့ဓားက ချီယို့ ခန္ဒာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့လို့ပါ။
“လွန်လွန်းတယ် မဟုတ်လား။”
ဖန်ကျန်းရှီ နားမလည်ခဲ့ဘူး။ သူ့အင်အားနဲ့ ဆိုရင် ဧကရာဇ်ဟွမ် အထွတ်အထိပ် အချိန်ကို ရောက်တဲ့ စွမ်းအားနဲ့ ယှဉ်လို့ ရနေခဲ့ပြီ။ ဒါ့အပြင် စစ်နတ် ၁၂ပါးကိုလဲ သူသတ်နိုင် ခဲ့သေးတယ်။ ပြောရမယ် ဆိုရင် သူနဲ့ ချီယို့ကြားမှာ စွမ်းအား ကွာခြားချက်က ဒီလောက်ထိ မကြီးမား သင့်ဘူး။
(ဘာတွေ ဖြစ်ကုန်တာလဲ။)
ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ ရှင်းထျန်းက နောက်တစ်ခေါက် လှုပ်ရှား ပြန်တယ်။ ဖန်ကျန်းရှီ ဆီကို ပြေးမယ့် အစား ချီယို့ ဆီကိုသာ ပြေးဝင်သွားခဲ့တယ်။
“မသွားနဲ့။” ဖန်ကျန်းရှီ တားချင်ခဲ့ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ရှင်းထျန်းက သူ့စကားကို နားမထောင်ခဲ့ဘူး။ ချီယို့ကို သတ်ဖို့သာ သူ့စိတ်ထဲမှာ ရှိနေခဲ့တယ်။
ချီယို့ကတော့ အူလှိုက်သည်းလှိုက် ဆက်တိုက် ရယ်မော နေခဲ့တယ်။ ဒါတွေ ဖြစ်လာမယ်လို့ သူမျှော်လင့် ထားသလိုပါပဲ။ အရမ်းကို စိတ်လှုပ်ရှား နေတဲ့ အပြင် ကြောက်လန့်မယ့် အစား အတောင်ပံတွေကို ဖြန့်ထားရင်း ရှင်းထျန်းဆီကို ပြေးဝင် သွားခဲ့တယ်။
ဝူး။ မိုးကောင်းကင်နဲ့ မြေပြင် တုန်ခါ သွားပြီးနောက် ကြောက်စရာ အရှိန်အဝါတွေ ချီယို့ ကိုယ်က ထွက်ပေါ် လာပြီး သွေးမှော် စက်ဝန်းက ရှင်းထျန်း ခန္ဒာကိုယ်ကို ဖုံးလွှမ်း သွားပါတော့တယ်။
“အဲ့တာ သွေးမှော် စက်ဝန်းကြီးပဲ။”
မုချင်းဖန်းနဲ့ တခြား လူသားတွေ အတွက်တော့ အံ့သြတာ ထက်ကို ပိုနေခဲ့တယ်။ နန်ကုန်းမုကတော့ ကြောင်အ နေခဲ့ပြီး မယုံနိုင်မှုတွေ အထင်းသား ဖြစ်နေခဲ့တယ်။ ချီယို့ မျက်ဝန်းတွေကို မြင်လိုက်ချိန်တည်းက ထူးဆန်း နေတာကို သူသတိထား မိတယ်။
ဒါပေမယ့် သွေးမှော် စက်ဝန်း တကယ်တမ်း ပေါ်လာချိန်မှာတော့ သူအံကြိတ် လိုက်မိတယ်။
(ဘာဖြစ်လို့ သွေးမှော် စက်ဝန်းက ချီယို့ဆီမှာ ရှိနေ ရတာလဲ။)
သူမသိဘူး။ ဒါပေမယ့် ရှင်းထျန်းကို ဝါးမျို ပြစ်တော့မှာမှန်းတော့ သူသိတယ်။
“သွေးမှော် စက်ဝန်း အသက်သွင်း။” နန်ကုန်းမုလဲ လှုပ်ရှားပါတယ်။
သူလဲ ချီယို့နဲ့ တပြိုင်တည်း သွေးမှော်စက်ဝန်းကို ဆင့်ခေါ်တယ်။
သင်္ကေတ ရှစ်ခု ပေါ်ထွက် လာပြီးနောက် ကောင်းကင်မှာ သွေးမှော် စက်ဝန်း နှစ်ခုက ထပ်သွားပါတော့တယ်။
“ဟမ်။ ဧကရာဇ်ယန်ရဲ့ မျိုးဆက်လား။” ချီယို့က အခုမှ နန်ကုန်းမုကို သတိထားမိ သွားခဲ့တယ်။ ဒါပေမယ့် သူပြုံးပြရင်း ဆက်ပြောတယ်။
“နှမြောစရာ ကောင်းလိုက်တာ။ အဲ့ဒီ့ အချိန်တုန်းက ငါ့ရဲ့ အသွေးအသား နည်းနည်းကိုပဲ ဧကရာဇ်ယန် ခိုးသွား နိုင်တယ်။ ဒီနေ့တော့ မင်းကို တကယ့် သွေးမှော် စက်ဝန်း အစစ်က ဘာလဲ ဆိုတာ ပြပေးလိုက်မယ်။”
ဝုန်း။ ခမ်းနားတဲ့ အရှိန်အဝါတွေ ပေါက်ကွဲ ထွက်လာ ပါတော့တယ်။ ကောင်းကင်ကြီးတစ်ခုလုံး အရောင် ပြောင်းသွားခဲ့တယ်။ နေရောင်ခြည်က တဖြည်းဖြည်း အားနည်း လာခဲ့ပြီး ရွှေရောင် နေမင်းကြီးက သွေးနီရောင် ပြောင်းသွားခဲ့တယ်။
သွေးနီရောင် နေမင်းာကီး ပေါ်ထွက် လာချိန်မှာပဲ ကောင်းကင်မှာ ရှိနေခဲ့တဲ့ သွေးမှော်စက်ဝန်းက မြေပြင်ပေါ်ကို ဆင်းသက်လာပြီး ချော်ရည်ပူတွေနဲ့ ပေါင်းစည်း သွားပါတော့တယ်။
မိုးကောင်းကင်နဲ့ မြေပြင်က အခုချိန်မှာ ချိတ်ဆက် သွားမယ့် အသွင် ရှိနေခဲ့တယ်။
ဝုန်း။
ဝုန်း။
သွေးနီရောင် မိုးကြိုးတွေ ဆင်းသက် လာပြီးနောက် ကြီးမားတဲ့ လက်ကြီးတွေလို အသွင်နဲ့ မြေပြင်က နတ်ဆိုး မိစ္ဆာတွေပေါ်ကို ကျရောက် လာပါတော့တယ်။
အနီရောင် လျှပ်စီးတန်းတွေ ရိုက်ခတ် ခံရတဲ့ နတ်ဆိုး မိစ္ဆာတွေက အော်ဟစ်ရင်း မီးခိုးငွေ့တွေ အဖြစ်ကို အသွင်ပြောင်းပြီး သေဆုံး ပျောက်ကွယ် ကုန်ကြတယ်။ မီးခိုးတွေကတော့ ချီယို့ ပတ်ပတ်လည်မှာ သွားစုစည်းတယ်။
“မြန်မြန် ပြေးပေတော့။”
“မြန်မြန်။”
နတ်သားရဲကောင်တွေ စတင်ပြီး တကွဲတပြား ပြေးလွှား ကြပေမယ့် မြေပြင်မှာ ရှိနေတဲ့ အနီရောင် စက်ဝန်းက သူတို့ ခန္ဒာကိုယ်ကို ဆွဲယူထားပြီး နောက်ထပ် မလှုပ်ရှား နိုင်အောင် ကာကွယ် ထားခဲ့တယ်။
“ငါ့ကို ဦးညွှတ်ကြစမ်း။” ချီယို့ ပြောလိုက်တယ်။ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ သူ့ခန္ဒာကိုယ်ကနေ ဆက်တိုက် ထွက်ပေါ် လာခဲ့ပါပြီ။ “ငါ့ကို ဦးမညွှတ်တဲ့ သူတွေ အားလုံး သေဆုံးရမယ်။”
“…”
“နတ်ဆိုး နတ်ဘုရား အရှင် ချီယို့ ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ။”
“ဦးညွှတ် ပါမယ်။”
နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ ကြောက်လွန်းလို့ တုန်ယင် နေခဲ့ပြီ။ စစ်မှန်တဲ့ အင်အားအောက်မှာ သူတို့တွေ အညံ့ခံရုံသာ တတ်နိုင်ကြတယ်။ ချီယို့က သူတို့ကို သတ်ဖြတ် နေရင်တောင် ဦးညွှတ် နေဖို့က တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့တယ်။
“အရှက်မရှိတဲ့ ကောင်စုတ်။ ကျေးဇူးပြုပြီး ကယ်တင်ပေးပါ။” ပင်းယန်ရဲ့ အသံ ထွက်ပေါ် လာခဲ့တယ်။
သူမရဲ့ ခေါင်းပေါ်မှာ အနီရောင် မိုးကြိုးတစ်ခုက ရှိနေခဲ့ပြီ။ သူမ ထွက်ပြေးချင်ပေမယ့် ချီကူယန်ကို ပြစ်မထား နိုင်ခဲ့ဘူး။
“ချီကူယန်ကို ခေါ်ပြီး သွားတော့။” မုချင်းဖန်းက ကောင်းကင်ပေါ်ကို ပျံတက်သွားရင်း မိုးကြိုးကို တားဆီးဖို့ လုပ်တယ်။
ဒီအချိန်မှာပဲ ရန်ရွှယ်က လှုပ်ရှားပါတယ်။ ငွေရောင် ယပ်တောင်ကို ဝေ့ယမ်းလိုက်ရင်း အနီရောင် အလင်းတန်းကို သူထုတ်လွှတ်တယ်။ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အလင်းတန်းက မုချင်းဖန်းထက် အရင် မိုးကြိုးကို သွားပြီး ရိုက်ခတ်တယ်။
မိုးကြိုးနဲ့ အနီရောင် အလင်းတန်း ထိမိ ချိန်မှာတော့ ထင်ထားသလို ပေါက်ကွဲမှုမျိုး မဖြစ်ခဲ့ပါဘူး။ အဲဒီ့အစား အလင်းတန်းက ဆုပ်ယူ ခံလိုက်ရတယ်။ မုချင်းဖန်းရဲ့ အမူအယာလဲ ပြောင်းလဲ သွားခဲ့ပါတယ်။
“ရန်ရွှယ့်ရဲ့ အဇူရာ တာအိုကို သွေးမှော်စက်ဝန်းက စုပ်ယူနိုင်တာလား။”
သူ့ဆီကို ကျလာနေဆဲ ဖြစ်တဲ့ အနီရောင် အလင်းတန်းကို မုချင်းဖန်း ကြည့်လိုက်မိတယ်။ အဲ့ဒီ့နောက် ချီကူယန်ကို ခေါ်သွားနိုင်ဖို့ ရုန်းကန်နေရတဲ့ ပင်းယန်နဲ့ ရန်ရွှယ်ကို သူကြည့်မိတယ်။
အချိန်တိုလေး အတွင်းမှာပဲ သူ့စိတ်ထဲကို အတွေးတွေ အများကြီး ဝင်ရောက် လာခဲ့ပါတယ်။ ကောင်းကင်တာအို ခန်းမ ခေါင်းဆောင် အနေနဲ့ သူအသက် ရှင်ခဲ့တာ ကြာလှပြီ။ ဒါပေမယ့် ဘဝမှာ တစ်သက်လုံး မမေ့နိုင်သူ တစ်ယောက်တော့ ရှိခဲ့ဖူးတယ်။
အဲ့ဒီ့လူက သူ့မျက်စိ ရှေ့မှာ ပြန်ပေါ် လာခဲ့တယ်။ ကျက်သရေ အပြည့်နဲ့ နူးညံ့လွန်းတဲ့ သူမက မုချင်းဖန်းရဲ့ နှလုံးသားကိုတောင် ခုန်ဖို့ မေ့လျော့ စေတယ်။ ဒါ့အပြင် သူမက ပြုံးပြ နေပါသေးတယ်။
“စောင့်နေမယ်နော်။”
“…”
ဝုန်း။ သွေးနီရောင် အလင်းတန်းက မုချင်းဖန်းကို ရိုက်ခတ်ပြီးနောက် သူ့ခန္ဒာကိုယ်ကို ဘာမှ မကျန်တော့တဲ့ အထိ ဖျက်ဆီး ဝါးမျို ပြစ်လိုက်ပါတယ်။
“အဖိုးကြီးမု။” မော့ရှန်းရှီရဲ့ ဒေါသစွက်တဲ့ ဝမ်းပန်းတနည်း အော်သံ ထွက်ပေါ်လာခဲ့တယ်။
အဲ့ဒီ့နောက် သူ့ခေါင်းပေါ်မှာ နောက်ထပ် မိုးကြိုး တစ်ခု ရှိနေတာကို သတိထားမိသွားတယ်။ သူ့ဘေးမှာတော့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး၊ ရန်ချန်လိ၊ ဝူယွဲ့အာနဲ့ ယွင်ချင်းဝူတို့ ရှိနေခဲ့တယ်။
“ဟဟား။” မော့ရှန်းရှီ ရယ်မောပါတယ်။ သူ့ရယ်သံကတော့ နှလုံးသား နာကျင်လောက်အောင် ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက် နေခဲ့တယ်။
ရန်ချန်လိနဲ့ တခြားသူတွေကို တစ်ချက်တောင် မကြည့်တော့ဘဲ သူဆုံးဖြတ်ချက် ချလိုက်တယ်။ သူ့တကိုယ်လုံးကို တောက်ပတဲ့ အလင်းတန်းတွေက ဖုံးအုပ် သွားခဲ့ပြီ။
အဲ့ဒီ့နောက် သူလှုပ်ရှားတယ်။ ခေါင်းမော့ရင်း အနီရောင် အလင်းတန်းဆီကို သူပျံသန်းတယ်။
“အဖိုးကြီးမု။ ငါ့ကို စောင့်နေ။”
“..”
“တောင်ကြား ခေါင်းဆောင်မော့။”
“တောင်ကြား ခေါင်းဆောင်။”
“…”
“အား။” သူတို့တွေ ကျယ်လောင်တဲ့ အော်သံကြီးကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် အနီရောင် အလင်းတန်း အောက်မှာ ကောင်းကင်ပြာရောင် အလင်းတန်း ပေါ်လာခဲ့ပါတယ်။ သူ့လက်ထဲမှာ ရွှေရောင် ဓားကို ကိုင်ထားပြီး သွေးနီရောင် အလင်းတန်း အောက်မှာ ထူးထူးခြားခြား တောက်ပ နေခဲ့တယ်။
“ပင်းယန်နဲ့ ရန်ရွှယ်။ ယန်လေးကို ငါ့ဆီ ခေါ်ခဲ့။” ဖန်ကျန်းရှီ ပြောရင်း သွေးနီရောင် အလင်းတန်းကို ခုတ်ချလိုက်တယ်။
ရုတ်တရက် ပေါ်လာတဲ့ အနီရောင် အလင်းတန်းကြောင့် မုချင်းဖန်းကို မကယ်တင် နိုင်ခဲ့ပေမယ့် မော့ရှန်းရှီကိုတော့ ဒီလို အဖြစ်မျိုး ဖြစ်ခွင့် မပြုနိုင်ဘူး။
အပိုင်း (၁၀၉၈) ပြီး၏။
အပိုင်း (၁၀၉၉)
“ကံတရား။ နတ်ဘုရားတို့ကို ကျော်လွန်မှု။”
…
ဝုန်း။ ရွှမ်ယွမ်ဓားရဲ့ ရွှေရောင် အလင်းတန်းက အရမ်းကို တောက်ပလွန်း နေတဲ့ အပြင် သွေးနီရောင် လျှပ်စီးတန်းနဲ့ တိုက်ခိုက်ပါတော့တယ်။ ရွှေရောင်နဂါး တစ်ကောင်နဲ့ အနီရောင် နဂါးတစ်ကောင် ကောင်းကင်မှာ တိုက်ခိုက်နေတဲ့ အသွင် ရှိနေခဲ့တယ်။
ဝုန်း။ မိုးခြိမ်းသံကြီးနဲ့ အတူ မြေပြင်တွေ အက်ကွဲ လာပြီးနောက် ချော်ရည်ပူတွေက ဆက်တိုက် စီးထွက် လာပါတော့တယ်။ မြေပြင်ကတော့ မီးပင်လယ်ကြီး ဖြစ်နေခဲ့ပြီ။ ကမ္ဘာမြေကြီးက ငရဲ တစ်ခု အသွင်ကို ပြောင်းလဲ နေပြီး မြင့်မား လွန်းလှတဲ့ အပူရှိန်ကြောင့် လူတွေ အနားမကပ် နိုင်အောင် ဖြစ်နေခဲ့တယ်။
မော့ရှန်းရှီကတော့ လေထဲမှာ တောင့်တင်း နေပြီး သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း လန့်နေခဲ့တယ်။
(သူတားလိုက်တာလား။)
ဖန်ကျန်းရှီ မိုးကြိုးကို တားနိုင်မယ်လို့ သူထင်မထား ခဲ့မိဘူး။ ရလဒ် အနေနဲ့ လျှပ်စီးတန်း ဝါးမျိုခံလိုက်ရတဲ့ မုချင်းဖန်းလို အဖြစ်မျိုးကို သူ မကြုံခဲ့ရဘူး။ ဒါပေမယ့် မော့ရှန်းရှီကတော့ မပျော်နိုင် ခဲ့ပါဘူး။
“ချီယို့။” မော့ရှန်းရှီ အံကြိတ်ရင်းနဲ့ ဖြူဖျော့ နေခဲ့တယ်။
“တောင်ကြား ခေါင်းဆောင်မော့။ ဝူယွဲ့အာနဲ့ တခြားသူတွေကို ခေါ်ပြီး နောက်ဆုတ်တော့။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ဓားကို ယမ်းလိုက်တယ်။ ရွှမ်ယွမ်ဓားက နောက်တစ်ကြိမ် အော်မြည်ရင်း ကောင်းကင်ပေါ်ကို ထိုးတက် သွားပါတယ်။ သွေးနီရောင် လျှပ်စီးတန်းကတော့ ပျောက်ကွယ် သွားခဲ့ပြီ။
မော့ရှန်းရှီ မြင်ခဲ့သလိုပဲ သူက လျှပ်စီးတန်း တစ်ခုကို တားလိုက်နိုင်ခဲ့တယ်။ ဒါပေမယ့် လျှပ်စီးတန်းရဲ့ အင်အားကိုလဲ သူခံစားမိတယ်။
“လျှပ်စီးတန်း တစ်ခုတည်းက ဒီလောက် အင်အားကြီးနိုင်တယ်လား။”
ဖန်ကျန်းရှီ ပတ်ပတ်လည်က မရေမတွက်နိုင်တဲ့ သွေးနီရောင် မိုးကြိုးတွေကို လှည့်ကြည့်မိတယ်။ ကိစ္စတွေကို ပိုပြီးတော့ ဆိုးဝါး စေတဲ့ ကိစ္စကတော့ မိုးကြိုးတွေ ပိုပိုပြီး များပြား လာတာပါ။ အားလုံးက ကြီးမားတဲ့ ကွန်ယက်ကြီး တစ်ခုလို အသွင် ပြောင်းနေ ခဲ့တယ်။
နောက်တစ်နည်း ပြောရရင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
“အင်အားကြီးလိုက်တာ။”
“ဒါက တကယ့် သွေးမှော် စက်ဝန်း အစစ်လား။”
“ချီယို့ရဲ့ တကယ့် စွမ်းအား အစစ်ပဲ ဖြစ်လိမ့်မယ်။ ရှေးရှေးခေတ်ရဲ့ အင်အား အကြီးဆုံး နတ်ဆိုး နတ်ဘုရား။”
“ဧကရာဇ်ဟွမ်နဲ့ ဧကရာဇ်ယန်က ဒီလို ဖြစ်တည်မျိုးကို အနိုင်ယူနိုင် ခဲ့တယ်လား။”
ဖန်ကျန်းရှီ ကျောချမ်း သွားခဲ့တယ်။ အဝေးမှာ ရှိနေတဲ့ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေ အားလုံးကတော့ ဒူးထောက် နေခဲ့ကြပြီ။ ဘယ်သူကမှ ခေါင်းမော့ မကြည့်ဝံ့ခဲ့ဘူး။ အားလုံးကလဲ တုန်ယင် နေခဲ့တယ်။
“အား။” ဒေါသတကြီး အော်သံကြီးကို ဖန်ကျန်းရှီ ကြားလိုက် ရပါတယ်။ ဒါကတော့ ရှင်းထျန်းရဲ့ အသံပါ။ အခုချိန်မှာ ရှင်းထျန်းက ပုံမှန် လူသား တစ်ယောက် အရွယ် အထိ ကျုံ့သွားခဲ့ပြီ။ တကိုယ်လုံးကလဲ အရိုးပေါ် အရေတင် ဖြစ်နေပြီး အနီရောင် အလင်းတန်း အောက်မှာ ရုန်းကန် နေခဲ့တယ်။
“ရှင်းထျန်း။” နန်ကုန်းမုကလဲ အရမ်းကို ဖြူဖျော့ နေခဲ့တယ်။ ရှင်းထျန်းကို သူကယ်ချင် ပေမယ့် ရွှမ်ယွမ်ဝူက သူ့ကို တားထားခဲ့တယ်။
“နန်ကုန်းမု။ စိတ်မလောနဲ့။ ရှင်းထျန်းက သေပြီး နေပြီ။” ရွှမ်ယွမ်ဝူလဲ ဒဏ်ရာရ ထားခဲ့တယ်။ ဒါ့အပြင် သူ့လည်ပင်း နောက်နားမှာ လတ်လတ်ဆတ်ဆတ် ဒဏ်ရာ တစ်ခု ရှိနေခဲ့တယ်။
“မဟုတ်ဘူး။ သူမသေသေးဘူး။ ငါ့ရှေ့က ဖယ်စမ်း။”
“ချီယို့။ ငါမင်းကို သတ်ပြစ်မယ်။ သတ်ပြစ်မယ်။” ရှင်းထျန်းက ဆက်တိုက် အော်ဟစ်နေပြီး ခန္ဒာကိုယ်ကနေ အလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်လာခဲ့တယ်။ ဒါပေမယ့် သွေးမှော်စက်ဝန်း လက်ထဲကနေ သူမလွတ်မြောက် နိုင်ခဲ့ပါဘူး။
ဝုန်း။
နောက်ဆုံးမှာတော့ ရှင်းထျန်း ခန္ဒာကိုယ်က ပေါက်ကွဲပြီး အလင်းစက်လေးတွေ အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။
နတ်ဆိုးတွေနဲ့ နတ်သားရဲကောင်တွေ ကတော့ ဒီပေါက်ကွဲသံကြီးကို ကြားချိန်မှာ အားလုံး ပိုပြီး ဖြူဖျော့ သွားခဲ့တယ်။ သူတို့ ပတ်ပတ်လည်မှာ အပူရှိန်က အရမ်းကို မြင့်တက် နေပါတယ်။ ဒါပေမယ့် ဘယ်သူမှ မလှုပ်ရှား ဝံ့ခဲ့ဘူး။ ထွက်လာတဲ့ ချွေးတွေတောင် အပူကြောင့် ပြန်အငွေ့ပျံ သွားပြီး အရေပြားတွေက အပူရှိန်ကြောင့် ရဲရဲ နီနေခဲ့တယ်။
“ရှင်းထျန်း မဖြစ်ဘူး။” နန်ကုန်းမု ဝမ်းနည်းမှု အပြည့်နဲ့ အော်ဟစ်လိုက်တယ်။ သူ့ဘဝမှာ မိတ်ဆွေ များများစားစား မရှိခဲ့ဘူး။ သူ့အဖေ၊ သူ့အကိုကြီး အားလုံးကလဲ သေဆုံးကုန်ပြီ။ သူချစ်တဲ့သူတွေ အားလုံး ပျောက်ဆုံးကုန် ကြပြီ။ ဒါပေမယ့် ရှင်းထျန်းကတော့ သူ့အတွက် ထူးခြားတယ်။
ရှင်းထျန်းက သူ့စကားကို ဘယ်တုန်းကမှ နားမထောင် ခဲ့ပေမယ့် သူတို့တွေ သွေးသားချင်း ရင်းနှီးမှု ရှိတဲ့ အတိုင်း နန်ကုန်းမု စိတ်ထဲမှာ ခံစားရတယ်။
“ရှင်းထျန်းက တကယ်ကြီး သေသွားပြီလား။” ဝူယွဲ့အာလဲ မယုံနိုင် ခဲ့ပါဘူး။ သူက ရှေးဟောင်း စစ်နတ် ဘုရား ဖြစ်ခဲ့ဖူးတယ်။
ဧကရာဇ်ယန်ရဲ့ အသန်မာဆုံး စစ်သည်တော်လဲ ဖြစ်ခဲ့တဲ့ အပြင် ဧကရာဇ်ဟွမ်တောင်မှ သူ့ကို ပေါ့သေးသေး မမှတ်ယူ ဝံ့ခဲ့ဘူး။ ခုတော့ ချီယို့က သူ့ကို ဒီလို သတ်လိုက်ပြီ။
“…” ဝူယွဲ့အာ ဘယ်လို ပြောရမယ်မန်းတောင် မသိတော့ပါဘူး။ ရှင်းထျန်းက တိုက်ခိုက်တာ အချိန် ကြာသွားပြီး စွမ်းအားတွေ ကုန်ဆုံး သွားခဲ့တာကြောင့်လဲ ဖြစ်နိုင်တယ်။ ပြောရမယ် ဆိုရင် သူက ဘယ်လိုပဲ ဖြစ်ဖြစ် ရှေးဟောင်း စစ်နတ် ဘုရားကြီးလေ။
ချီယို့က ဘာကြောင့်များ ဒီလောက် အင်အားကြီး လာတာလဲ။ ဖန်ကျန်းရှီလဲ အံ့သြ နေခဲ့တယ်။
သူက လက်ရှိ အချိန်မှာ ရှင်းထျန်းထက် အများကြီး အင်အားမကြီး ခဲ့ဘူး။ နည်းနည်းလောက် အင်အား ကြီးနေရုံပဲ ဖြစ်တဲ့ အတွက် ရှင်းထျန်းကို ဒီလောက် အလွယ်လေးလဲ သတ်နိုင်မှာ မဟုတ်ပါဘူး။
“ချီယို့ စွမ်းအားက ဒီလောက် အံ့သြစရာ ကောင်းတယ်လား။” ဖန်ကျန်းရှီ ပထမဆုံး အနေနဲ့ အကြောက်တရားကို ခံစားမိလိုက်တယ်။
အရေးအကြီးဆုံး ကတော့ ရှင်းထျန်းကို ချီယို့က သွေးမှော်စက်ဝန်း သုံးပြီး သတ်လိုက်တဲ့ အတွက် အခုချိန်မှာ ရှင်းထျန်းရဲ့ စွမ်းအားတွေက ချီယို့ အပိုင်ဖြစ်သွား ခဲ့ပြီ။
(ချီယို့နဲ့ ရှင်းထျန်း နှစ်ယောက် ပေါင်းလိုက်ရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။)
“ငါက ဘယ်လို တိုက်ခိုက် ရတော့မှာလဲ။”
…
လောကကြီး တစ်ခုလုံး လုံးဝကို တိတ်ဆိတ် နေခဲ့ပါတယ်။ ယွင်ချင်းဝူကတော့ မီးခိုထုကြီးထဲက ကြီးမားတဲ့ ပုံရိပ်ကြီးကို ကြည့်ရင်း အမူအယာတွေ ဆက်တိုက် ပြောင်းလဲ နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူမရဲ့ မျက်နှာပေါ်မှာ အကြောက်တရား တစ်ခုသာ ကျန်ရစ် ခဲ့တယ်။
“မဖျက်ဆီးနိုင်တဲ့ ချီယို့က ချန့်ယန်းတောင် အောက်မှာ အကျဉ်းချ ခံထားရတယ်။ ရှင်းထျန်းရဲ့ ခေါင်းကလဲ ချန့်ယန်းတောင် အောက်မှာ မြုပ်ထား ခံရသေးတယ်။ ဒါ့အပြင် ခန့်ယန်းတောင်က နတ်ဘုရား အရင်းအမြစ် ရှေးတည်းက ရှိခဲ့တဲ့ နေရာ။ အားလုံးက တိုက်ဆိုင်လွန်း နေတယ်။ ချီယို့က နတ်ဘုရား အရင်းအမြစ်ကို အရင်တည်းက ဝါးမျို ပြီးသား ဖြစ်နေတာလား။”
ယွင်ချင်းဝူ လန့်နေခဲ့တယ်။ အကယ်၍ အားလုံးကိုသာ ချိတ်ဆက် လိုက်မယ် ဆိုရင် ဖြစ်ရပ်တွေ အားလုံးက ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ သွားနိုင်တယ်။ ရှေးရှေး ခေတ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးရဲ့ သမိုင်းတောင်မှ အသစ်ပြန်ဖြစ် လာလိမ့်မယ်။
“နင်ဘာတွေ တွေးနေတာလဲ။” ဝူယွဲ့အာ စိုးရိမ် တကြီးနဲ့ မေးလိုက်တယ်။
“ငါ မသေချာဘူး။ ဒါပေမယ့် ငါထင်တာသာ မှန်မယ် ဆိုရင် ချီယို့က နတ်ဘုရား အရင်းအမြစ်ကို သွေးမှော် စက်ဝန်းနဲ့ ဝါးမျို ပြီးလောက်ပြီ။” ယွင်ချင်းဝူ သူမ မှန်ကန်တယ်လို့ မပြောနိုင် ပေမယ့် ချီယို့ရဲ့ လက်ရှိ စွမ်းအားကို ကြည့်ရင်း သူမ ခန့်မှန်းမိတယ်။
“ဘာ ဘာဖြစ်တယ်။ ချီယို့က နတ်ဘုရား အရင်းအမြစ်ကို ဝါးမျိုထားတယ်။” ဝူယွဲ့အာ တုန်ယင် သွားပါတယ်။
ယွင်ချင်းဝူက ခန့်မှန်း ပြောနေပင်မယ့် သူ့အစွမ်းအစကို ဝူယွဲ့အာ နားလည်တယ်။ သူမရဲ့ ခန့်မှန်းချက်တွေက များသော အားဖြင့် မှန်ကန်တယ်။
နတ်ဘုရား အရင်းအမြစ်ကို ဝါးမျို ထားသူက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။
“နတ်ဆိုးမ ယွင်ချင်းဝူ ဘာမဟုတ်တမ်း တရားတွေ လျှောက်ပြော နေတာလဲ။” ပင်းယန်နဲ့ ရန်ရွှယ် နှစ်ယောက်က ချီကူယန်ကို ခေါ်ရင်း သူတို့ အနားကို ရောက်လာ ခဲ့ပါတယ်။ ပင်းယန် ဒီစကားကို ကြားသွားချိန်မှာ လုံးဝကို မယုံနိုင် ခဲ့ဘူး။ သူမ အရမ်းကို လန့်နေခဲ့တယ်။
“ပင်းယန်။ ယွင်ချင်းဝူ ပြောတာက မှန်နိုင်ချေ များတယ်။” ချီကူယန်က နောက်ဆုံးမှာတော့ မျက်လုံးတွေကို ဖွင့်လိုက်ပါတယ်။ သူမ မျက်ဝန်းထဲမှာ သန်းနဲ့ ချီတဲ့ ကြယ်တာရာတွေက စီးဆင်း နေခဲ့တယ်။
“မမယန်လေးလဲ ချီယို့က နတ်ဘုရား အရင်းအမြစ်ကို ဝါးမျို လိုက်ပြီလို့ ထင်နေတာလား။ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။” ပင်းယန်က အရမ်းကို လန့်နေခဲ့တယ်။
“မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ ဒီချီယို့က ရှေးခေတ်ရဲ့ ချီယို့နဲ့ မတူတော့ဘူး။” ချီကူယန်က အရမ်းကို သေချာ နေခဲ့ပါတယ်။
ချီယို့က ဒီလောက်ထိ အင်အားကြီးနေတာ သေချာပေါက် ရှေးဟောင်း စစ်ပွဲထဲမှာ တစ်ခုခု ဖြစ်ခဲ့လို့ပဲ ဖြစ်ရမယ်။ ဒါ့အပြင် သူက နတ်ဘုရားတွေထက်ကို သာလွန်နေတယ်။
“ဒါဆို ဘာလုပ် ကြမလဲ။” ပင်းယန်ကတော့ ချီကူယန်ရဲ့ စကားတွေကို သံသယ မဝင်ခဲ့ဘူး။ ဒီကိစ္စက အမှန် ဖြစ်နိုင်တာကို နားလည် သွားချိန်မှာတော့ သူမ နှလုံးသား တစ်ခုလုံး အရမ်းကို လေးလံ နေခဲ့ပါတယ်။
အကယ်၍ ချီယို့သာ နတ်ဘုရား အရင်းအမြစ်ကို တကယ် ဝါးမျို ပြီးသား ဖြစ်နေခဲ့ရင် သူက ချန့်ယန်းတောင် အောက်မှာ ပိတ်မိနေရင်း စွမ်းအားတွေကို ဆက်တိုက် ကြီးထွားအောင် လုပ်နေတာပဲ ဖြစ်လိမ့်မယ်။
လောက ထိပ်တန်း နတ်ဆိုး နတ်ဘုရား တစ်ပါးက နှစ်ပေါင်း သန်းနဲ့ ချီပြီး ကြာမြင့်အောင် ဆက်တိုက် လေ့ကျင့် နေခဲ့တယ်။ ဒီအတွေး တစ်ခုတည်း ကတင် နှလုံးသားကို တုန်ယင်စေဖို့ လုံလောက် နေခဲ့ပြီ။
…
“ဦးညွှတ်ကြ။ မဟုတ်ရင် သေမယ်။” ချီယို့ အသံက ချန့်ယန်းတောင် တစ်ခွင်လုံးကို ပဲ့တင့်ထပ် သွားခဲ့ပါတယ်။ အခုချိန်မှာတော့ ဖန်ကျန်းရှီကို သူအာရုံ စိုက်နေခဲ့ပြီ။
နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေ အားလုံးက တိတ်ဆိတ် နေသလို ဖန်ကျန်းရှီလဲ တိတ်ဆိတ် နေခဲ့တယ်။ ရွှမ်ယွမ်ဝူက ချီယို့ကို တိုက်ခိုက် ချင်ပေမယ့် ရှင်းထျန်း အဖြစ်ကို မြင်ခဲ့တဲ့ အတွက် သူအလောတကြီး မလှုပ်ရှား ခဲ့ဘူး။
“မင်းတို့ နှစ်ယောက်ရော ဘယ်လိုလဲ။” ချီယို့က နန်ကုန်းမုနဲ့ ရွှမ်ယွမ်ဝူကို လှမ်းမေးလိုက်တယ်။
“ချီယို့။ မင်းကို ဦးညွှတ်မယ့် အစား အသေခံလိုက်မယ်။” ရွှမ်ယွမ်ဝူ လှမ်းအော်တယ်။ သူက ချီယို့ကို အနိုင်မယူ နိုင်ပေမယ့် တခြား နတ်သားရဲကောင်တွေလိုလဲ ဦးမညွှတ်နိုင်ဘူး။ ရွှမ်ယွမ်ဝူက သူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်။ ရွှမ်ယွမ် နာမည်ကို ခံယူထားတဲ့ အတွက် သူ့နာမည်ကို အပျက်မခံနိုင်ဘူး။
“ဒါဆို သွားသေလိုက်။” ချီယို့ကတော့ နောက်ထပ် ထပ်မေး မနေတော့ဘူး။ အနီရောင် မိုးကြိုးတန်း နှစ်ခုကတော့ ရွှမ်ယွမ်ဝူရဲ့ ခေါင်းပေါ်မှာ ရောက်ရှိ နေခဲ့ပါပြီ။
ဝုန်း။
လျှပ်စီးတန်းတွေရဲ့ တိုက်ရိုက်တိုက်ခိုက် မှုကို ရင်ဆိုင် ရချိန်မှာ ရွှမ်ယွမ်ဝူက နန်ကုန်းမုကို ခေါ်ပြီး အမြန်ဆုံး ပြေးပါတော့တယ်။ သူက ဦးညွှတ်မှာ မဟုတ်သလို သေရမှာကို ကြောက်တဲ့သူလဲ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူက ငတုံး တစ်ယောက် ပိုလို့တောင် မဟုတ်သေးတယ်။
ပြေးသင့်တဲ့ အချိန် ပြေးရမှာကို သူရှက်ရွံ့ မနေခဲ့ဘူး။
“နေအုန်း။ မင်းကို ဦးညွှတ်မယ် ဆိုရင် ဘာကောင်းကျိုးတွေ ရမလဲ သိချင်တယ်။” ဒီအချိန်မှာ ဖန်ကျန်းရှီ လှမ်းပြောပါတယ်။
အားလုံးက ဖန်ကျန်းရှီကို လှမ်းကြည့်မိတယ်။ ဘယ်သူကမှ ချွင်းချက် မရှိခဲ့ဘူး။
“အကျိုးအမြတ်တဲ့လား။” ချီယို့က ရယ်မောပါတယ်။ လက်မောင်း တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရင်း လျှပ်စီးတန်း တစ်ခုကို ညွှန်ပြတယ်။ “မင်းရဲ့ အသက်ကို အကျိုးအမြတ် တစ်ခုလို့ တွက်နိုင်လား။”
“တွက်နိုင်တယ်။ ဒါပေမယ့် ငါပိုပြီးတော့ လိုချင်တယ်။ နောက်ဆုံးတော့လဲ ငါက ဧကရာဇ်ဟွမ် ပြန်ဝင်စားတဲ့ သူလေ။ ဧကရာဇ်ဟွမ် မင်းကို လိုလိုလားလား ဦးညွှတ်တဲ့ ခံစားချက်ကို မခံစားချင်ဘူးလား။” ဖန်ကျန်းရှီ ဆက်ပြောတယ်။
“အိုး။” ချီယို့ကတော့ နည်းနည်း စိတ်ဝင်စား လာပုံပါပဲ။ ဖန်ကျန်းရှီ လက်ထဲမှာ ကိုင်ထားတဲ့ ရွှမ်ယွမ်ဓားကို ကြည့်ရင်း သူမေးတယ်။
“စစ်နတ် ၁၂ပါးကို မင်းသတ်ခဲ့လား။”
“သတ်ခဲ့တယ်။”
“ကောင်းပြီ။ ရွှမ်ယွမ်ဝူကို မင်းသတ် လိုက်မယ် ဆိုရင်၊ စစ်နတ် ၁၂ပါး နေရာမှာ မင်းကို အစားထိုးဖို့ ငါစဉ်းစား ပေးမယ်။” ချီယို့က ရွှမ်ယွမ်ဝူကို လက်ညှိုးထိုး ပြရင်း ပြောလိုက်ပါတယ်။
“ကောင်းပြီ။ ဒါပေမယ့် အရင်ဆုံး မေးခွန်း နည်းနည်း မေးလို့ ရမလား။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“မင်းက စကားများလိုက်တာ။ ရွှမ်ယွမ်ဝူကို သတ်ရင်သတ် မသတ်ရင် မင်းသေရမယ်။ ရွေးလိုက်။” ချီယို့ကတော့ ဖန်ကျန်းရှီနဲ့ စကားပြောပြီး အချိန်တွေ ဖြုန်းမနေခဲ့ဘူး။
“ငါထင်တာသာ မှန်မယ် ဆိုရင် မင်းက ရှေးစစ်ပွဲမှာ ဧကရာဇ်ဟွမ်ရဲ့ လက်ထဲ သေခဲ့တယ် မဟုတ်လား။” ဖန်ကျန်းရှီကတော့ လျစ်လျူရှု ထားရင်းနဲ့သာ ဆက်ပြောတယ်။
“ဟမ့်။” ချီယို့ကတော့ အေးစက်စက် နှာခေါင်းရှုတ်လိုက် ပါတယ်။
ကောင်းကင်နဲ့ မြေကြီး နှစ်ခုလုံး ချက်ခြင်း တုန်ခါ သွားပြီးနောက် အနီရောင် နေမင်းကြီးကလဲ စတင်ပြီး လှုပ်ရှားတော့တယ်။ အခုချိန်မှာ မိုးကောင်းကင်ကြီး တစ်ခုလုံး မြေပြင်ပေါ် ပြုတ်ကျ လာတော့မယ့် အသွင် ရှိနေခဲ့ပြီ။
ကြောက်စရာ ဖိအားတွေက ဘက်ပေါင်းစုံကို ပျံ့နှံ့ နေခဲ့ပါတယ်။
ရွှမ်ယွမ်ဝူရဲ့ အမူအယာကလဲ ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ နေသလို ဖန်ကျန်းရှီဆီ မျက်တောင် တစ်ခတ် အတွင်း သူရောက်ရှိ သွားပါတယ်။
“ဖန်ကျန်းရှီ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး။ ချီယို့သာ လောကကြီးကို သိမ်းပိုက်နိုင်သွားရင် သက်ရှိတွေ ကုဋေချီပြီး သေဆုံးလိမ့်မယ်။ အခုချိန်မှာ သူ့ကို ငါတို့ အစွမ်းကုန် တိုက်ခိုက်ရမယ်။” ရွှမ်ယွမ်ဝူ အော်ဟစ် လိုက်ပါတယ်။ ချီယို့ဆီမှာ ဖန်ကျန်းရှီ ဦးညွှတ် လိုက်မှာကို သူတကယ် ကြောက်နေတယ်။
“ငါက ငတုံး မဟုတ်ဘူး။” ဖန်ကျန်းရှီ စကား ဆက်မပြောချင်တော့ ပါဘူး။ (ငါ အချိန်ဆွဲ ပေးနေတာကို မင်းမသိဘူးလား။)
“ဒါဆို မင်း ဘာကို စောင့်နေတာလဲ။ တိုက်ခိုက်မယ်လေ။” ရွှမ်ယွမ်ဝူက အရမ်းကို စိုးရိမ် နေခဲ့တယ်။ ကောင်းကင်ကနေ အနီရောင် အလင်းတန်းတွေကလဲ ဆက်တိုက် ကျဆင်း လာနေပါတယ်။
“မင်းနဲ့ ဧကရာဇ်ဟွမ်က ချီယို့ကို အနိုင်ယူခဲ့ ဖူးတယ် မဟုတ်လား။ သူ့အားနည်းချက်က ဘာလဲ။” ဖန်ကျန်းရှီလဲ စိုးရိမ် နေခဲ့တယ်။ ဒါပေမယ့် အခုက ပူပန် နေရမယ့် အချိန် မဟုတ်ခဲ့ဘူး။ ချီယို့က အရမ်းကို အင်အားကြီးလွန်း နေတယ်။ မတွေးနိုင်လောက်တဲ့ အထိကို အင်အားကြီးလွန်းတယ်။
သူ့ဓားကတောင် ချီယို့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး။ အဆိုးဆုံးကတော့ ချီယို့ရဲ့ သွေးမှော်စက်ဝန်းကို ဖောက်ထွက်ဖို့ နည်းလမ်း မရှိတာပါ။
အခုချိန်မှာ ဖြေရှင်းချက် တစ်ခုတောင် မရှိဘဲ သူက ဘယ်လို တိုက်ခိုက်ရမှာလဲ။ ချီယို့ရဲ့ စွမ်းအားတွေကို ထုတ်ပြဖို့ အတွက် လှည့်စားဖို့သာ သူ့မှာ နည်းလမ်း ရှိတယ်။
ချီယို့ကတော့ သူနဲ့ စကားပြောချင်ပုံ မပေါ်ခဲ့ဘူး။ ဒါက ကိစ္စတွေကို ပိုဆိုးလာ စေခဲ့တယ်။ ချီယို့က အရူးလုပ် ခံရဖို့ ထက်မြက်လွန်း နေတယ်။
“ချီယို့မှာ ဘာ အားနည်းချက်မှ မရှိဘူး။ ဒါပေမယ့်။” ရွှမ်ယွမ်ဝူ စကား ထစ်သွားခဲ့တယ်။
“ဒါပေမယ့် ဘာဖြစ်လဲ။”
“မင်းပြောတဲ့ ကိစ္စကြောင့် ငါ့စိတ်ထဲ သတိရမိတာတော့ ရှိတယ်။ အခု ငါတို့ ရှေ့မှာ ရှိနေတဲ့ ချီယို့က အရင် ချီယို့နဲ့ မတူတော့ဘူး။”
“ဒီတော့ လောကမှာ ချီယို့ နှစ်ယောက် ရှိနေတာလား။” ဖန်ကျန်းရှီ ဒါကို ကြားချိန်မှာ နည်းနည်းတော့ အံ့သြ သွားခဲ့တယ်။
“..” ရွှမ်ယွမ်ဝူကတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ ပါဘူး။
“ငါခန့်မှန်းတာ မှန်သွားလို့လဲ။” ရွှမ်ယွမ်ဝူ ပါးစပ် ပိတ်သွားတာကို မြင်တဲ့ အတွက် ဖန်ကျန်းရှီ ပြန်မေးလိုက်တယ်။ (ဒီ ဇာတ်လမ်းကြီးက ဖန်တရာတေ နေသလို ဖြစ်လာတာလား။ လောကမှာ ချီယို့ နှစ်ယောက် ရှိနေတယ်။ တစ်ယောက်က အထီး။ တစ်ယောက်က အမ။ ဧကရာဇ် နှစ်ပါးက အထီးကို သတ်လိုက်တယ်။ ကျန်ရစ်တဲ့ အမက သူ့အတွက် လက်စားချေဖို့ ထွက်လာတယ်။)
(ဒီလိုသာ ဖြစ်မယ် ဆိုရင်တော့ လောကမှာ အံ့သြစရာ အကောင်းဆုံး ကိစ္စကြီး ဖြစ်သွား တော့မှာပဲ။)
“ပေါက်ကရတွေ။ လောကမှာ ချီယို့က တစ်ယောက်ပဲ ရှိတယ်။ အခု ချီယို့ရဲ့ အရှိန်အဝါက အရင်နဲ့ မတူတော့တာ တစ်ခုပဲ။” ရွှမ်ယွမ်ဝူ ပြန်အော် ပါတော့တယ်။
(ဒီကောင်စုတ်လေး ဘယ်လိုတောင် တွေးနေရတာလဲ။ ချီယို့က ဘယ်လိုများ နှစ်ယောက် ရှိနိုင်မှာလဲ။)
“ဒါဆို သူက ပိုပြီးတော့ ရုပ်ဆိုး သွားတာလား။” ဖန်ကျန်းရှီက ချီယို့ရဲ့ ကြမ်းတမ်းတဲ့ ရုပ်သွင်၊ လက်ခြောက်ဖက် ခေါင်းသုံးလုံးကို ကြည့်ရင်း မေးလိုက်တယ်။
(ဒီကောင်က တကယ် အတော်လေး ရုပ်ဆိုးတာပဲ။ ဒါပေမယ့် အဓိက ကိစ္စတော့ မဟုတ်လောက်ဘူး။)
“ရုပ်ဆိုးတယ်။ နေအုန်း။ ရုပ်ဆိုးတယ်လို့ မင်းပြောလိုက်တယ်။” ရွှမ်ယွမ်ဝူ ဒေါသထွက်တော့မယ့် အချိန်မှာပဲ သူ့အမူအယာ ချက်ခြင်း ပြောင်းလဲ သွားပါတော့တယ်။ “ဘာကွာနေလဲ ငါသိပြီ။ ခန္ဒာကိုယ် မတူတော့တာပဲ။”
(သူတို့တွေ မတူဘူး ဆိုမှတော့ နှစ်ယောက် ရှိနေတာ မဟုတ်လား။) ဖန်ကျန်းရှီ ပြန်ပြော ချင်ပေမယ့် စကား မစရ သေးခင် အချိန်မှာဘဲ ပြင်းထန်တဲ့ ဖိအားက ခန္ဒာကိုယ်ပေါ်ကို ကျရောက် လာခဲ့တယ်။
မိုးကြိုးတွေနဲ့ အတူ အနီရောင် ကောင်းကင်ကြီးက ဆင်းသက် လာခဲ့ပါတယ်။
မရေမတွက်နိုင်တဲ့ အနီရောင် မိုးကြိုးတွေ ပေါင်းစပ် ဖန်တီးထားတဲ့ ကောင်းကင်ကြီးက အညှာအတာ ကင်းမဲ့ပြီး ရူးချင်စရာ ကောင်းလောက်အောင် ကြမ်းတမ်း ခက်ထန်နေခဲ့တယ်။ သူ့ရဲ့ ဒေါသလှိုင်းတွေက ပင်လယ်ကြီး တစ်ခုလို ကျယ်ပြန့်ပြီး ခိုင်မာနေပါတယ်။
အပိုင်း (၁၀၉၉) ပြီး၏။
အပိုင်း (၁၁၀၀)
“ချီယို့ မှတ်ဉာဏ်။ ရှေးခေတ်ရဲ့ လျှို့ဝှက်ချက်တွေ။”
…
ချီယို့ကတော့ လုံးဝကို ချီယို့ ပီသတယ်။ သူနဲ့ ရင်ဆိုင်ရမယ့် လူတွေ အတွက် လမ်းနှစ်ခုသာ ရှိတယ်။ အညံ့ခံ မဟုတ်ရင် သေရမယ်။
နောက်ထပ် ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါ့အပြင် ချီယို့ကလဲ လူတစ်ယောက်ကို စဉ်းစားချိန် အများကြီး ပေးနေမှာ မဟုတ်ဘူး။ ဖန်ကျန်းရှီရဲ့ စကားတွေက သူ့ကို စိတ်ဝင်စား စေနိုင်ပေမယ့် တစ်ခဏတာသာ ဖြစ်ခဲ့တယ်။
လူတစ်ယောက်က လောကကြီးကို အုပ်စိုးချင်တယ် ဆိုရင် သူ့ရဲ့ အောက်လက်ငယ်သားတွေ အင်အား ကြီးသလား ငယ်သလားဆိုတာ အာရုံစိုက်ဖို့ လိုအုန်းမှာလား။
ရှင်းရှင်း ပြောရမယ် ဆိုရင် မင်းမှာ တန်ဖိုး ရှိနေသရွေ့ ညှိနှိုင်းလို့ ရနိုင်တယ်။
ချီယို့ အုပ်ချုပ်တဲ့ ပုံစံက ဒီလိုပါ။
“မိုးကောင်းကင်ကြီး ပြိုကျ လာနေပြီလား။”
“…” နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ အားလုံး ကြီးမား ပြင်းထန်လှတဲ့ ဖိအားကြောင့် အသက် မရှူနိုင် ဖြစ်နေခဲ့ကြတယ်။
ဖန်ကျန်းရှီကတော့ ပြိုကျလာနေခဲ့တဲ့ ကောင်းကင်ကို ကြည့်ရင်း ရွှမ်ယွမ် ဓားကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထား ခဲ့ပါတယ်။ ကိစ္စတွေကို သူလေးလေးနက်နက် လုပ်တာ ရှားပါးတယ်။ ဒီတစ်ကြိမ်မှာတော့ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက်က သူ့မျက်နှာမှာ အထင်းသား ပေါ်နေခဲ့ပါပြီ။
ပြောရမယ် ဆိုရင် သူက ထွက်ပြေး နိုင်ပေမယ့် ဝူယွဲ့အာနဲ့ တခြားသူတွေက ထွက်မပြေးနိုင်ဘူး။ ဒါ့အပြင် ဘယ်ကို သူပြေးလို့ ရမှာလဲ။
ချန့်ယန်းတောင် အပြင်ကို ပြေးရမှာလား။
သူအသက်ရှင် နေသရွေ့ ချီယို့နဲ့ တိုက်ခိုက်ရမယ့် တိုက်ပွဲကို ရှောင်လွှဲလို့ မရနိုင်ဘူး။
“ရွှမ်ယွမ်ဝူ။ ယန်လေးနဲ့ တခြားသူတွေကို ကာကွယ်ထား။ နန်ကုန်းမုကိုရော။ ငါဦးဆောင်မယ်။ ကောင်းကင်ကို ငါဆွဲဖြဲ ပြမယ်။” ဖန်ကျန်းရှီ ပြောရင်းနဲ့ စတင် လှုပ်ရှား ပါတော့တယ်။
“ကောင်းကင်ကို ဆွဲဖြဲမှာလား။” ရွှမ်ယွမ်ဝူ မျက်လုံး ပြူးသွားခဲ့တယ်။
ပထမဆုံး အကြိမ် အနေနဲ့ ဧကရာဇ်ဟွမ်ရဲ့ အငွေ့အသက်တွေကို ဖန်ကျန်းရှီ ဆီမှာ သူခံစား လိုက်ရတယ်။ မယိုင်လဲတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ တာဝန် ယူတတ်တဲ့သူ။ ဒါပေမယ့် တကယ်ပဲ လုပ်နိုင်ပါ့မလား။ ရွှမ်ယွမ်ဝူ စိတ်ထဲမှာ သံသယတွေ ဝင်ရောက် လာခဲ့တယ်။
ဒါပေမယ့် သူမတွေေ၀ ခဲ့ပါဘူး။ အခုချိန်မှာ နောက်ထပ် ရွေးချယ်စရာ မရှိတော့တဲ့ အတွက် ကောင်းကင်ကို ဖြဲပြစ်မှပဲ ရလိမ့်မယ်။ မဟုတ်ရင် အားလုံး သေဆုံးကုန် လိမ့်မယ်။
ဖန်ကျန်းရှီရဲ့ ဦးဆောင်မှုကို လိုက်ပြီး သေချာပေါက် လုပ်ဆောင် ရမယ်။
“ချီကူယန်၊ ပင်းယန်နဲ့ တခြားသူတွေ ငါ့ကျောပေါ် တက်လိုက်ကြ။ နန်ကုန်းမုလဲ မြန်မြန်လာ။” ရွှမ်ယွမ်ဝူ သူ့ခန္ဒာကိုယ်ကြီးကို ဆန့်ထုတ်ရင်း ပြောလိုက်တယ်။
“ပင်းယန် သွားမယ်။” ချီကူယန် ပြောရင်းနဲ့ ခုန်တက်လိုက်ပါတယ်။
“ကောင်းပြီ။” ပင်းယန်လဲ ခေါင်းငြိမ့်ရင်း ခုန်တက်လာတယ်။ ဒါပေမယ့် သူမက ခေါင်းပေါ်မှာ ရှိနေခဲ့တဲ့ ရွှေရောင် အလင်းတန်းကို တစ်ချက်လေးတောင် အာရုံမစိုက်ဘဲ မနေခဲ့ဘူး။ ဖန်ကျန်းရှီက ပေါက်ကရတွေ ပြောရင်း ပြေးလွှားနေတာကို သူမ မြင်ပေမယ့် လိုက်မသွားခဲ့ဘူး။ သူမ သူ့ကို ယုံကြည်တယ်။
ဒါပေမယ့် ဖန်ကျန်းရှီသာ ကောင်းကင်ကို ဆွဲမဖြဲ နိုင်ခဲ့ရင် သူတို့ အားလုံး သေရမှာကို သူမ နားလည်တယ်။
“နန်ကုန်းမု သွားမယ်။” ရန်ရွှယ်က နန်ကုန်းမုကို လှမ်းပြောတယ်။ နန်ကုန်းမုကတော့ ပြန်မဖြေခဲ့ဘူး။ နှုတ်ခမ်းတွေကို ကိုက်ထား ရင်းနဲ့သာ ရွှေရောင် အလင်းတန်းကို မော့ကြည့်တယ်။ ချက်ခြင်း ရွှမ်ယွမ်ဝူရဲ့ ကျောပေါ်ကို သူခုန်တက်တယ်။
အားလုံး အပေါ်ကို တက်ပြီး ချိန်မှာတော့ ရွှမ်ယွမ်ဝူက သူတို့ကို အလင်းတန်းနဲ့ ကာကွယ် လိုက်ပါတယ်။ နတ်သားရဲကောင်တွေနဲ့ နတ်ဆိုးတွေလဲ ခေါင်းမော့ကြည့်မိတယ်။ သူတို့တွေလဲ အခုချိန်မှာ စိတ်ရှုပ်ထွေး နေကြပါတယ်။
ကြောက်လန့်မှု၊ မဝံ့မရဲ ဖြစ်မှု၊ မယုံနိုင်မှုတွေနဲ့ မျှော်လင့်ချက် တစ်ချို့ကို သူတို့ မျက်လုံးတွေထဲမှာ မြင်နေ ခဲ့၇တယ်။ ဓားကတော့ မရပ်တန့် ခဲ့ဘူး။
ဖန်ကျန်းရှီကတော့ အောက်ကို ငုံ့မကြည့်ဘဲ ကောင်းကင်က အလင်းတန်း ဆီကိုသာ ပြေးတက် သွားခဲ့တယ်။ သူဒေါသတကြီးနဲ့ တိုက်ခိုက်တယ်။
ဝုန်း။ ဝုန်း။
သူ့ဆီကို ဆင်းသက်လာခဲ့တဲ့ အနီရောင် မိုးကြိုးတွေ အားလုံးကို သူဖျက်ဆီး ပြစ်တယ်။ ဒါပေမယ့် လျှပ်စီးတန်းတွေက များပြား လွန်းတာကြောင့် ကိစ္စတွေက ပိုပြီး ဆိုးဝါး လာပါတယ်။ မိုးကြိုး မုန်တိုင်းကြီး တစ်ခုလိုမျိုး ကောင်းကင်ပေါ်ကနေ ဆက်တိုက် ကျဆင်းလာခဲ့တယ်။
ဖန်ကျန်းရှီရဲ့ နောက်ကျောလဲ ဒီအချိန်မှာ ထိခိုက် သွားပါတယ်။
သူ့ခန္ဒာကိုယ်က စွမ်းအားတွေကို စုပ်ယူ ခံနေမှန်း သူသိသွားတယ်။ ဒါပေမယ့် သူ့ကို ဒီလို စုပ်ယူလို့ ခမ်းခြောက် သွားနိုင်မှာလား။
“ပျက်ဆီး။” ရပ်တန့်မယ့် အစား ဖန်ကျန်းရှီက ကိုယ့်ကိုယ်ကို ခုခံ မနေတော့ဘူး။ သူပြောခဲ့တဲ့ အတိုင်း မိုးကောင်းကင်ကို ဆုတ်ဖြဲဖို့သာ ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့တယ်။
အစကနေ အဆုံးအထိ မလိုအပ်တဲ့ လှုပ်ရှားမှု တစ်ခုမှ မရှိခဲ့ဘူး။ သူက အပေါ်ကို ဆက်တိုက် တက်ရင်း မိုးကြိုးတွေကို ရွှမ်ယွမ်ဓားနဲ့ ဆက်တိုက် ဖျက်စီး ပြစ်တယ်။
ရွှမ်ယွမ်ဝူလဲ သူ့နောက်ကနေ ကပ်လိုက် လာပါတယ်။ မိုးကြိုး တစ်ခုက သူ့ကိုယ်ပေါ်ကို ကျရောက် လာချိန်မှာတော့ မိုးကြိုးကို သူဆုတ်ဖြဲ ပြစ်လိုက်တယ်။
ရွှမ်ယွမ်ဝူလဲ ကြောက်စရာ စုပ်ယူအားကို ခံစားမိပေမယ့် ဖန်ကျန်းရှီလိုပဲ မရပ်မနားတမ်း အပေါ်ကို တက်လာခဲ့ ပါတယ်။ အခုချိန်မှာ သူ့ကတော့ ဖန်ကျန်းရှီထက် ပိုပြီးတော့ သက်သာ နေခဲ့တယ်။
ဝုန်း။
နောက်ထပ် မိုးကြိုး တစ်ခုကတော့ ရွှမ်ယွမ်ဝူရဲ့ နောက်ကျောပေါ်ကို တန်းတန်းမတ်မတ် ကျရောက်လာခဲ့တယ်။
“ပင်းယန် နောက်ဆုတ်။” လူတစ်ယောက် အော်လိုက်တယ်။
ချီကူယန်လဲ လှုပ်ရှားတယ်။ လက်နက် တစ်ခုကိုတောင် မသုံးဘဲ လက်ညှိုးနဲ့ လျှပ်စီးတန်းကို သူမ တားဆီးတယ်။ ဒီလို တားဆီးမှုက ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ဆက်တိုက် ဖန်တီးပါတယ်။ သူမရဲ့ ဆံပင်တွေတောင် ချက်ခြင်း ရှုပ်ပွ သါားခဲ့တယ်။
“ဟမ်။” ချီယို့လဲ ဒါကို ချက်ခြင်း သတိ ထားမိသွားတယ်။ သူချီကူယန်ကို တစ်ချက် လှမ်းကြည့်တယ်။ မကြာခင်မှာပဲ ဖန်ကျန်းရှီ ဘက်ကို သူပြန်လှည့် သွားခဲ့တယ်။
“ဧကရာဇ်ဟွမ် ပြန်ဝင်စားတာပေါ့။ ဟမ့်။” ချီယို့ လက်ခြောက်ဖက်ကို လက်ဖဝါးချင်း အပ်လိုက်ပါတယ်။ အဲ့ဒီ့နောက် ကောင်းကင်မှာ ရှိနေတဲ့ လျှပ်စီးတန်းတွေ အားလုံး ထိန်းချုပ် ခံလိုက် ရတဲ့ အတိုင်း ဖန်ကျန်းရှီ ရှေ့ကို ရောက်ရှိ လာကြတယ်။
မိုးကြိုး မုန်တိုင်းကြီးက ဖန်ကျန်းရှီကို ဦးတည် တိုက်ခိုက်ပြီး များပြားတဲ့ လျှပ်စီးတန်းတွေ ပြစ်ချတာကို သူခံစား ရပါတော့တယ်။ သူ့ရဲ့ အပြာရောင် ဝတ်ရုံကတော့ မည်းမှောင် နေခဲ့ပြီ။
“ချီယို့။ မင်း ငါ့ အဝတ်အစားကို ဖျက်စီးတယ်ပေါ့။ မင်း ကန်းနေလား။ နောက်ဘက်မှာ အမျိုးသမီးတွေ ရှိနေတာကို မမြင်ဘူးလား။” ဖန်ကျန်းရှီ အော်ဟစ်ရင်း ရွှမ်ယွမ်ဓားကို ပြင်းပြင်းထန်ထန် ဝေ့ယမ်း ပါတယ်။ ဒါပေမယ့် သူ့အဝတ်အစားတွေက မကြာခင်မှာ အကုန် ပျက်ဆီးကုန်ပြီး ကိုယ်လုံးတီး ဖြစ်သွားခဲ့တယ်။ မိုးကြိုးတွေလဲ ပြစ်ခံ ထားရတဲ့ အတွက် သူ့တကိုယ်လုံးကလဲ မည်းတူး နေခဲ့ပါတယ်။
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေကတော့ ဆွံ့အ နေခဲ့တယ်။
(ဒီလို အခြေအနေမှာတောင် ဂုဏ်သိက္ခာကို အာရုံ စိုက်နေတယ်ပေါ့။
သူ့စိတ်ထဲ ဘာတွေ ဖြစ်နေမှန်း မိုးနတ်မင်းသာ သိလိမ့်မယ်။
အခု အခြေအနေမှာ ကောင်းကင်က မိုးကြိုးတွေကို ဖျက်ဆီးဖို့ပဲ စိတ်က အာရုံစိုက်သင့်တယ် မဟုတ်လား။)
“အရှက်မရှိတဲ့ ကောင်စုတ် နင့် တင်ပါး ပေါ်နေပြီ။” ချီကူယန်က လျှပ်စီးတန်းကို တားရင်း လှမ်းပြောတယ်။
နတ်ဆိုးနဲ့ နတ်သားရဲကောင်တွေရဲ့ အမူအယာကတော့ နောက်ထပ် ပြောင်းလဲ သွားပြန်တယ်။
(ဒီတော့ ဖန်ကျန်းရှီ တစ်ယောက်တည်း ထူးဆန်း နေတာ မဟုတ်ဘူး။ ချီကူယန်လဲ အတူတူပဲလား။ ဒါပေမယ့် ဒီလို အာရုံလွင့်စေ နိုင်တဲ့ အချိန်မှာမှ ဘာဖြစ်လို့ ပြောရတာလဲ။)
သူတို့ တွေးနေချိန်မှာပဲ ဒေါသတကြီး အော်သံ တစ်ခု ထွက်ပေါ် လာပါတော့တယ်။
“ချီယို့။ ငလူးကောင်။ ငါ့တင်ပါးတွေ ပေါ်ကုန်ပြီ။ ငါမင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။” ဖန်ကျန်းရှီရဲ့ အသံကြီး ထွက်လာ ချိန်မှာပဲ ကြီးမားတဲ့ ရွှေရောင် အလင်းတန်းက ကောင်းကင်မှာ တောက်ပ လာပါတော့တယ်။
ရွှမ်ယွမ်ဓားက နေမင်းကြီး တစ်စင်းလို တောက်ပပြီး အရမ်းကို ကြီးမား လာခဲ့တယ်။ ဓားကိုယ်ထည် ပေါ်မှာ ရှိနေတဲ့ တောင်တန်းနဲ့ မြစ်ချောင်းတွေကတော့ အခုချိန်မှာ ရှင်းရှင်းလင်းလင်း မြင်သာ နေခဲ့ပြီ။
အရေးအကြီးဆုံးကတော့ ဖန်ကျန်းရှီက ရွှမ်ယွမ်ဓားကြီးကို ပိုက်ပြီး ကောင်းကင်မှာ ကူးခတ် နေတာပါပဲ။
ကြီးမားတဲ့ လှိုင်းကြီး နှစ်ခု တိုက်မိကြပါတယ်။
ဖန်ကျန်းရှီဆီကို ဦးတည် လာနေခဲ့တဲ့ မိုးကြိုးတွေ အားလုံးကို ရွှမ်ယွမ်ဓားက ဖျက်ဆီး ပြစ်လိုက်တယ်။ အစပိုင်းမှာ ရွှမ်ယွမ်ဝူ လိုက်ပါနိုင်အောင် အထိသာ နေရာလွတ် ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဓားကြီးက ဆယ်ဆမက ကြီးမားတဲ့ နေရာ ဖြစ်အောင် ဆုတ်ဖြဲ ပြစ်လိုက်ပြီ။
အရှေ့ ပင်လယ်ကို စွန်းဝူခုန်း ပြဿနာ ရှာခဲ့တဲ့ အချိန်နဲ့ ဆင်တူ နေခဲ့တယ်။
နတ်သားရဲကောင်နဲ့ နတ်ဆိုးတွေ ကြောင်အ နေခဲ့ကြ ပါတယ်။ ဖန်ကျန်းရှီက ဒီစကားလေး တစ်ခွန်းကြောင့် ဒီလောက်ထိ အစွမ်းပြမယ်လို့ သူတို့ မထင်မှတ် ထားခဲ့မိကြဘူး။
ဒီကောင့်ကို ရူးနေပြီလို့ ပြောရင်တောင် လွန်ရာ မရောက်လောက်ဘူး။
ဖန်ကျန်းရှီ ရူးသွပ် သွားချိန်မှာ ဘယ်လောက် ကြောက်စရာ ကောင်းမယ်မှန်း သူတို့ တွေးတောင် မတွေးနိုင် ခဲ့ဘူး။
ဒါက အရေးအကြီးဆုံး အရာ မဟုတ်သေးဘူး။ ဖန်ကျန်းရှီက ဆယ်ဆ အားကောင်းအောင် တိုက်ခိုက် နေတဲ့ အတွက် သူ့စွမ်းအားကလဲ ဆယ်ဆ အကုန်မြန်တယ်။
သွေးနီရောင် အလင်းတန်းက အင်အား ကြီးရုံတင် မကဘူး စုပ်ယူနိုင်စွမ်းကလဲ အားကောင်းလွန်းတယ်။
(တိုက်ခိုက်မှုနဲ့ ဆွဲငင်အားကို တပြိုင်နက်တည်း တောင့်ခံထားတယ်။
ဒါတောင်မှ မောပန်းပြီး မသေသေးဘူးလား။)
ရူးချင်စရာ ကောင်းလိုက်တာ။
“သူ့စွမ်းအားတွေကို ချန်ထားရင် အောင်မြင်နိုင်ချေ ရှိအုန်းမယ် အခုတော့ ဒီလောက် စွမ်းအား ကုန်နေတာ မဖြစ်သင့်ဘူး။”
“မျှော်လင့်ချက် မရှိတော့ဘူး။”
နတ်ဆိုးနဲ့ နတ်သားရဲ ကောင်တွေကတော့ ဖန်ကျန်းရှီ ရူးသွားရုံတင် မကဘူး ငတုံး ဖြစ်သွားတယ်လို့တောင် ထင်နေခဲ့တယ်။
ချီယို့လဲ အလန့်တကြား မျက်မှောင်ကြုတ် မိတယ်။ တကယ်တော့ ဖန်ကျန်းရှီရဲ့ စွမ်းအားနဲ့ ကြမ်းတမ်းမှုကို သူအံ့သြ နေခဲ့တယ်။ ရှေးဟောင်း စစ်ပွဲကြီးမှာ အရှုံးကို သူပထမဆုံး ကြုံတွေ့ ခဲ့၇တယ်။
အဲ့ဒီ့ စစ်ပွဲကြီး မစခင်တုန်းက ကျူးလီနယ်မြေကို စုစည်းပြီး သက်ဦးဆံပိုင် စနစ်နဲ့ သူအုပ်စိုးခဲ့တယ်။
မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေထဲမှာ သူက အသန်မာဆုံး နံပါတ်တစ် ဖြစ်ခဲ့တဲ့သူ။ ဒါပေမယ့် ရှေးဟောင်း စစ်ပွဲမှာ ရှုံးနိမ့် ခဲ့တယ်။
“မပျက်စီးနိုင်တဲ့သူ။”
ဒီအားအကိုးဆုံး ဒီစွမ်းရည်က သံမဏိထက် မာကျောတဲ့ ခန္ဒာကိုယ်ပါ။ ဒါက စစ်ပွဲကို မနိုင်စေခဲ့ဘူး။
ဖန်ကျန်းရှီ တွက်ချက် ခဲ့တဲ့ အတိုင်း သူက သေမလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဧကရာဇ် နှစ်ပါး လက်ထဲမှာ မသေခဲ့ဘူး။
ရန်သူတွေ မသတ်နိုင်ခင် အချိန်မှာ သူလွတ်မြောက်ခဲ့တယ်။ မကျေနပ်ချက်တွေ နောင်တတွေ အပြည့်နဲ့ အရှုံးကို သူလက်မခံ နိုင်ခဲ့ဘူး။
အဲ့ဒီ့ အချိန်တုန်းက သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တဲ့ အတွက် မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက လူသားတွေ လက်ထဲမှာ အညံ့ ခံခဲ့တယ်။ လူသားတွေက လောကကြီးကို အုပ်ချုပ်ပြီး ဧကရာဇ် နှစ်ပါးက အားလုံးကို သိမ်းယူ သွားခဲ့တယ်။
ချီယို့ တန်ပြန် တိုက်ခိုက် ချင်ပေမယ့် တစ်ယောက်တည်း မလုပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် ဧကရာဇ် နှစ်ပါးကလဲ ပူးပေါင်းပြီး သူ့ကို ဖိနှိပ်ဖို့ နည်းလမ်း ရှိနေပြီးပြီ။
သူ့ရဲ့ ကျရှုံးမှုကို သူဘယ်လိုများ အလွယ်လေး လက်ခံ နိုင်မှာလဲ။
စိတ်ပျက်မှုကို ရင်ဆိုင် ရချိန်မှာ အားလုံးကို ပြောင်းပြန်လှန်ပြစ် နိုင်ဖို့ အခွင့်အရေး တစ်ခုတည်း ရှိမှန်း သူနားလည် သွားခဲ့တယ်။
နတ်ဘုရား အရင်းအမြစ်။
အခုချိန်မှာ လောကကြီး တစ်ခုလုံးက သာယာ နေခဲ့တဲ့ အတွက် နတ်ဘုရား အရင်းအမြစ်ကို သူယူနိုင်ဖို့ နည်းလမ်း မရှိခဲ့ဘူး။ ဒါ့အပြင် စွမ်းအား အရင်းအမြစ်ကို စုပ်ယူခွင့်လဲ ဧကရာဇ်တွေက ခွင့်ပြုမှာ မဟုတ်ဘူး။
ကံကောင်းစွာနဲ့ပဲ စစ်ပွဲကြီး အပြီးမှာ ကြယ်တာရာ ကပ်ဆိုးကြီးက ကမ္ဘာပေါ် ကျရောက်လာပြီး ဖျက်စီး ပါတော့တယ်။
အဲ့ဒီ့ အချိန်တုန်းက ဧကရာဇ် နှစ်ပါးလဲ သူ့ကို လိုက်မဖမ်း နိုင်တော့တဲ့ အတွက် သူ့မှာ မျှော်လင့်ချက် ရှိလာခဲ့တယ်။
ယွင်ချင်းဝူ ခန့်မှန်း တွက်ချက်ခဲ့တဲ့ အတိုင်း နတ်ဘုရား အရင်းအမြစ်ကို သူ့ကိုယ်ကျိုး အတွက် သုံးစွဲပြီး ကုသဖို့ သူဆုံးဖြတ် ခဲ့တယ်။ ဒါပေမယ့် သူ့အစီအစဉ်မှာ အနှောက်အယှက်လဲ ရှိနေခဲ့ပါတယ်။
နတ်ဘုရား အရင်းအမြစ်က မိုးမြေ ဗဟိုချက်မှာ ရှိနေခဲ့တဲ့ အတွက် စွမ်းအားတွေ အားလုံးက စုဝေးနေတယ်။
ဒါကို သူဝါးမျို ချင်ရင် ခက်ခဲလိမ့်မယ်။
ချီယို့ အကောင်းဆုံး ကြိုးစား ခဲ့ပေမယ့် မအောင်မြင် ခဲ့ဘူး။
အဲ့ဒီ့နောက် မယ်တော်နွီဝါးက မျိုးနွယ်စု သုံးခုကို ဦးဆောင်ပြီး ကပ်ဆိုးကြီးကို ရပ်တန့်ရင်း လောကကြီးကို ငြိမ်းချမ်း စေခဲ့တယ်။ အရေးအကြီးဆုံး ကတော့ ဧကရာဇ် နှစ်ပါးလုံး မသေခဲ့တာပဲ။
သူတို့တွေက တခြားသူတွေလို အာကာသထဲမှာ အကျဉ်းမကျခဲ့ဘူး။ ဒါ့အပြင် စွမ်းအား ကုန်ဆုံးသွားတဲ့ နွီဝါး မယ်တော်ကို အားပြန်ဖြည့်ဖို့ စွမ်းအား အရင်းအမြစ်ကို သူတို့ သုံးဖို့ စီစဉ်ခဲ့တယ်။
ဒီကိစ္စက ချီယို့ နှလုံးသားတွေကို ကွဲကြေစေတယ်။
သူ့ရဲ့ ဒဏ်ရာ ရထားတဲ့ ခန္ဒာကိုယ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် အလဟသတ်သာ ဖြစ်ခဲ့ရတယ်။ ဧကရာဇ် နှစ်ပါးက သူ့ကို အနိုင်ယူခဲ့တယ်။
စိတ်ပျက်အားလျော့ နေတဲ့ ချီယို့က နောက်ဆုံး နှစ်ဖက် ပျက်သုန်းစေမယ့် နည်းလမ်းကို အသုံးချ ခဲ့တယ်။
သူ့ရဲ့ နတ်ဆိုး စွမ်းအားတွေ အားလုံးကို လွှင့်ထုတ်ပြီး ဧကရာဇ် နှစ်ပါးနဲ့ နွီဝါး မယ်တော်ကို သတ်ဖို့ လုပ်ခဲ့ပေမယ့် နွီဝါး မယ်တော်ကိုသာ သတ်နိုင်ခဲ့တယ်။
အံ့သြစရာ ကောင်းလောက်အောင် သူ့ဝိဉာဉ်ကတော့ နတ်ဘုရား အရင်းအမြစ်နဲ့ စတင် ပေါင်းစည်း သွားခဲ့တယ်။
သူ့ရဲ့ ဝိဉာဉ်က နတ်ဘုရား အရင်းအမြစ်ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် စီးဝင်ပြီး နောက်ဆုံးမှာတော့ တစ်သားတည်း ဖြစ်လာခဲ့တယ်။ နောက်တစ်နည်း ပြောရမယ် ဆိုရင် နတ်ဘုရား အရင်းအမြစ်က ချီယို့။ ချီယို့က နတ်ဘုရား အရင်းအမြစ်။
ဒီအချိန်မှာ သူအရမ်းကို အပျော်လွန်သွားပြီး အောင်မြင်မှု ပန်းတိုင်ကို ရောက်တော့မယ်လို့ သူထင်ခဲ့တယ်။
သူ့ခန္ဒာကိုယ်ကို ဆယ်စုနှစ်နဲ့ ချီပြီး ပြန်တည်ဆောက်လိုက်ရင် ဧကရာဇ် နှစ်ပါးကို အနိုင်ယူနိုင်ပြီ။
သူဆုံးရှုံးခဲ့တဲ့ အရာအားလုံးကို ပြန်ရယူနိုင်မယ်။ သူမျှော်လင့်တကြီး စောင့်ဆိုင်း နေရတဲ့ နေ့က ရောက်လာခဲ့တယ်။
ဧကရာဇ် နှစ်ပါးက ပြန်လာရုံတင် မကဘူး။ အသန်မာဆုံး စစ်သည်တော် ရှင်းထျန်းကိုပါ ခေါ်လာခဲ့ပါတယ်။
အဲ့ဒီ့နေ့မှာတော့ ပြဇာတ်ကြီး တစ်ခုကို သူကြည့်ခဲ့ရတယ်။
အပိုင်း (၁၁၀၀) ပြီး၏။