← Chapters

ရှောင်ချန်။

Vol. 166 Ch. 2311

ရှောင်ချန်။

Vol. 166 Ch. 2311

ထိုနေ့ ရောက်သောအခါ ကြယ်မြစ် သူတော်စင်ဘုရင်က လင်းယွန်ကို လာရောက် ခေါ်ငင်သွား၏။

“ သွားကြရအောင် ... ဆရာနဲ့တွေ့ဖို့ အချိန်တန်ပြီ။ ”

ကြယ်မြစ် သူတော်စင် သခင်မှ ပြုံးကာ ထွက်ခွာလာစဉ် စကားစမြည် ပြောလာခဲ့သည်။ ပင်မခန်းမ၌ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးနှင့် အနီရောင် သက်တံ သူတော်စင် သခင်ကို တွေ့လိုက်ရ၏။

ယင်းကြောင့် လင်းယွန်ခမျာ ခေတ္တမျှ အံ့အားသင့် သွားခဲ့သည်။ ဤလူသည် ရာထူး အဆင့်အတန်း မြင့်မားသည်ကို သူ သိသည်။ သို့သော် မြင့်မြတ်သော သခင် ဖြစ်နေ လိမ့်မည်ဟု မထင်ချေ။

၎င်းဘေးရှိ လူလတ်ပိုင်း အရွယ် အမျိုးသားသည် သူ့အသိဖြစ်ကာ မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ ကောင်းကင် ရေကန် သူတော်စင် သခင် ဖြစ်နေခဲ့သည်။

“ ကောင်းကင် ရေကန် သူတော်စင် သခင်။ ”

“ ပန်းသင်္ချိုင်း ... မင်းငါ့ကို ကောင်းကင် ရေကန် သူတော်စင် ဘုရင် အဖြစ် ခေါ်သင့်ပြီ။ ”

ကောင်းကင် ရေကန် သူတော်စင် ဘုရင်က ပြုံးလိုက်သည်။

“ ဟား ... ဟား ... ဟား ... မင်းငါ့ကို အခုချိန်ထိ အမှတ်ရ နေနိုင်တာ ဂုဏ်ယူစရာ ပါပဲ။ ”

“ မင်္ဂလာပါ မြင့်မြတ်သော သခင်။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က လေးစားစွာ နှုတ်ဆက် လိုက်လေသည်။

“ သက်တံ ဓားသူတော်စင် တပည့် လင်းယွန်က ... နတ်ဖီးနစ် တောင်တန်းရဲ့ မြင့်မြတ်သော သခင်ကို နှုတ်ဆက်ပါတယ်။ ”

“ လင်းယွန် ... မင်းဆီက ငါ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားလို့ ငါ့ကို အပြစ်မတင်ဘူးလား။ ”

မြင့်မြတ်သော သခင်က မေး၏။

“ မဝံ့ပါဘူး ... အမှန်တော့ သိသင့်တယ် မဟုတ်လား၊ ငရဲမီးလျှံ နတ်ရူရ်ကို ဘယ်သူက ငှားဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိနိုင်မှာလဲ။ ”

မြင့်မြတ်သော သခင်သည် ကြယ်မြစ်သူတော်စင် ဘုရင်ကို ထွက်ခွာရန် အချက်ပြလိုက်သည်။

“ ပထမတော့ ... ကောင်းကင် ရေကန် သူတော်စင် ဘုရင်ကို စောင့်နေတာမို့ ... မင်းနဲ့ တွေ့ဖို့ အစီအစဉ် မရှိခဲ့ပါဘူး ... ဒါပေမယ့် မင်းနဲ့ အမှတ်တမဲ့ တွေ့ခဲ့ရတယ်။ ”

“ အဆင်ပြေပါတယ် ... စီနီယာရဲ့ လမ်းညွှန်ချက်ကြောင့်သာ မဟုတ်ရင် ဒီလောက် လျင်မြန်တဲ့ တိုးတက်မှုမျိုး ရှိလာမှာ မဟုတ်ပါဘူး။ ”

အခြေအနေသည် သူမျှော်လင့် ထားသည်ထက် ပိုကောင်းကြောင်း လင်းယွန်မှ သဘောပေါက် လိုက်သည်။

သို့သော် အလျင်စလို မဟုတ်ဘဲ မြင့်မြတ်သော သခင် ပြောလာမည့် စကားကို စောင့်ဆိုင်းနေခဲ့သည်။

မြင့်မြတ်သော သခင်နှင့် ကောင်းကင် ရေကန် သူတော်စင် ဘုရင်က အကြည့်ချင်း ဖလှယ်ပြီး၊

“ လင်းယွန် ... မင်းနဲ့ငါက ဝေ့ဝိုက်ပြော နေစရာ မလိုတော့ဘူး ထင်တယ်။ ”

-ဟု မြင့်မြတ်သော သခင်က စကားစလာသည်။

“ ဟုတ်ကဲ့ ... ပြောပါ။ ”

မြင့်မြတ်သော သခင်က ရှည်လျားလှသည့် သမိုင်းကြောင်း ဖြစ်သောကြောင့် မည်သို့ပြောရ မည်ကို မသိဘဲ စကားစဉ်နေခဲ့၏။

၎င်းကိုမြင်ချိန်၌ ကောင်းကင်ဘုံ ရေကန် သူတော်စင်ဘုရင်က ပြုံးပြီး၊

“ မြင့်မြတ်သော သခင် ... ဘာလို့ ငါတို့ တခြားအကြောင်း အရင် မပြောကြ တာလဲ ... လင်းယွန် ... မင်းကို ငါတစ်ခါက ပြောဖူးတဲ့ စကားတွေ မှတ်မိလား။ ”

လင်းယွန်က အနည်းငယ် စဉ်စားကာ၊

“ တစ်ခုတော့ မှတ်မိတယ် ... ကောင်းကင်လမ်း ချန်ပီယံ ဖြစ်တာမို့ မဟာမိတ် အဖွဲ့က အရိပ်ထဲကနေ စောင့်ရှောက်မယ် ဆိုတာ ပြောခဲ့ဖူးပါတယ်။ ”

“ မှန်တယ် ... ဒီထက်လေးနက်တယ် ... မင်းပြသထားတဲ့ အလားအလာကြောင့် မင်းကို ကူညီခဲ့ပြီး အလားတူ ထူးချွန်သူတွေ ကိုလည်း ငါတို့ အာရုံစိုက်ခဲ့တယ် ...

... မင်းဟာ အရှေ့ဘက် ပျက်စီးမြေရဲ့ နယ်ပယ်ငါးပါး ချိန်ပီယံလည်း ဖြစ်တော့ ငါတို့ စောင့်ကြည့်တဲ့ စာရင်းမှာ ထိပ်ဆုံးကပဲ၊ နဂါးတံခါး ကျသွားတဲ့ အချိန်မှာ ...

.... နဂါးပြာ ဘိုးဘေးအပေါ် လေးစားတဲ့ လူတွေက ခွန်လွန်ကိုကာကွယ်ဖို့နဲ့ ကောင်းကင် လမ်းကို ပြင်ဖို့ မဟာမိတ်ဖွဲ့လိုက်ကြတယ်။ ”

မိုးပြာ နဂါးသခင်ထံမှ ဤအကြောင်းကို ကြားထားဖူးသဖြင့် လင်းယွန်က လေးနက်စွာ ခေါင်းညိမ့်ပြလိုက်သည်။

“ အရင်က တစ်စုံတစ်ယောက် ပြောခဲ့ဖူးပါတယ်။ ”

သူ့စကားကြောင့် ကောင်းကင် ရေကန် သူတော်စင်ဘုရင်က ပြန်ကြည့်သည်။ အချိန် အတော် ကြာပြီးနောက် သက်ပြင်းချကာ၊

“ အဲဒါက မိုးပြာနဂါးသခင် မဟုတ်လား၊ သူက နဂါးတံခါးရဲ့ နောက်ဆုံး ဂိုဏ်းချုပ် ဖြစ်ပြီး ကောင်းကင်လမ်းကို ဖြတ်တောက်ခဲ့တဲ့ သူပဲ။ ”

-ဟု ခန့်မှန်းချက် ထုတ်လိုက်သည်။

“ ဟုတ်ပါတယ် ... နဂါး ဘုရင် အရိုးကို လက်ခံတုန်းက ကောင်းကင်လမ်း ပြင်ဖို့ သူ့ထံ ကတိပေးခဲ့ရပါတယ်၊ ဒါကြောင့် ဘယ်သူမှ မခိုင်းရင်တောင် လုပ်ရမှာပါ။ ”

“ ဒါဆို ငါတို့ရဲ့ အမြင်က တူနေတာပေါ့ အဆုံးမှာတော့ ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်း တုန်းက နဂါးသခင် ရွေးခဲ့တဲ့ မင်းကို ငါလည်း ရွေးခဲ့တယ်။ ”

လင်းယွန်က စဉ်းစားပြီး၊

“ ကောင်းကင်လမ်းကို ဘာလို့ ... ဖြတ်ခဲ့တာလဲ ... နဂါးသခင်က အကြွင်းအကျန် ဝိညာဉ်မို့ ... ဒီအကြောင်း ပြောဖို့ အချိန် မလောက်ခဲ့ဘူး။ ”

-ဟု မေးလိုက်သည်။

“ အဲဒါက ရှည်လျားတဲ့ ... ဇာတ်လမ်း တစ်ပုဒ်ပဲ။ ”

ကောင်းကင် ရေကန် သူတော်စင် ဘုရင်က ရေနွေးကြမ်း ငှဲ့သောက်ကာ၊

“ နတ်ဘုရားခေတ် ပျက်စီး ပြီးနောက် နဂါးပြာဘိုးဘေးက နတ်နတ်နဂါး တည်ထောင် လိုက်တယ်၊ ဒါကြောင့် ခွန်လွန်ဟာ စကြာဝဠာ ဗဟိုချက် ဖြစ်လာတယ် ... အရေးကြီးဆုံးက ဘိုးဘေးရဲ့ ရှာဖွေတွေ့ရှိမှုပဲ ...

... စကြာဝဠာကြီးမှာ မရေမတွက်နိုင်တဲ့ ခေတ်တွေရှိပြီး အဲဒီခေတ်အချင်းချင်းကို တံခါး တစ်ချပ်က ချိတ်ဆိတ်ပေးထားတယ် ... ဒါကို ဘိုးဘေးက ရှာတွေ့ခဲ့တဲ့အတွက် ...

... ရှေးဦး ဖျက်ဆီးခြင်း နတ်ဘုရားတွေက ခွန်လွန်ကို ကျူးကျော်လာတယ် တကယ်တော့ ခေတ်သစ်တစ်ခု မွေးဖွားဖို့က ရှားပါတယ် ... အထူးသဖြင့် ခေတ်တံခါးကြောင့် ခွန်လွန်က အုပ်စိုးရှင် ကမ္ဘာကြီး ဖြစ်လာနိုင်တယ် ...

... နဂါးပြာ ဘိုးဘေးက ... အဲဒီ ရှေးနတ်ဘုရားတွေ အားလုံးကို သတ်ပစ်ပြီး စကြဝဠာတခွင် ကျော်ကြားလာတယ်၊ ...

... နတ်နဂါးခေတ်ရဲ့ ... အဖြူရောင် ဓားမော့သမားဆိုရင် လူတိုင်းသိကြတယ်၊ ဒါက နဂါးပြာဘုရင်ဘွဲ့ မခံယူခင်က ဝိသေသပဲ။ ”

လင်းယွန်က လျှို့ဝှက်ဓားစံအိမ်ရှိ နောက်ဆုံးတိုက်ပွဲကို ရုတ်တရက် ပြန်သတိရ သွားသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ဓားသည် ထွက်လုနီးပါး ဖြစ်လာသောအခါ အဖြူဝတ် ဓားသမားတစ်ဦးက တားမြစ်ခဲ့၏။

“ အခြေအနေတွေ ငြိမ်သက်သွားတဲ့အခါ၊ နဂါးပြာဘိုးဘေးက စကြဝဠာအနှံ့လှည့်လည်ပြီး လူများစွာနဲ့ ခင်မင်ရင်းနှီးခဲ့တယ် ... သူ့နာမည် ကိုလည်း ဖြန့်ကျက်နိုင်ခဲ့တယ်၊ ...

... နောက်လိုက်တွေနဲ့ တချို့သော နတ်ဘုရားတွေက နတ်နဂါးခေတ်ဆီပြောင်းရွေ့ နေထိုင်လာကြတယ် ... နဂါးပြာဘိုးဘေးက ထာဝရ ရှင်သန်ခြင်းကို ရှာမယ့်အစား ...

... လူတိုင်း ... အိပ်မက်နောက်ကို လိုက်နေသင့်တယ်လို့ ညွှန်ကြားခဲ့တယ် ... ဒါမှ သေရင်တောင် နောင်တရမှာ မဟုတ်ဘူး မဟုတ်လား။ ”

ထိုလမ်းညွှန်ချက်ကို ပထမဆုံး အကြိမ် ကြားဖူးခြင်း မဟုတ်သော်လည်း ကြားချိန်တိုင်း သူ့သွေးများ ပွက်ပွက်ဆူ လာသည်ကို လင်းယွန် ခံစားရသည်။

“ အဲဒီနောက် နဂါးပြာ ဘိုးဘေးက ... သူ့ကြုံတွေ့ခဲ့ရတဲ့ နတ်ဒုက္ခကိုးပါးကို အခြေခံပြီး ကောင်းကင်လမ်း ကိုးခု ဖောက်လုပ်ခဲ့တယ် ... ဒါကို နတ်ဘုရားလမ်းစဉ် ကိုးပါးလို့ ပြောလည်းရတယ်၊ ...

... အဲဒီကစပြီး ခွန်လွန်က လူတိုင်းမှာ နတ်ဘုရားဖြစ်ရန် အခွင့်အလမ်းတွေ မြင့်တက် လာကြတယ် ... တခြားအုပ်စိုးရှင် ကမ္ဘာ တွေတောင် နတ်ဘုရား တစ်ပါးကို ...

... မွေးဖွားချင်ရင် သူတို့ရဲ့ ရှေးဟောင်း နတ်နန်းတော် အပေါ် အားကိုးရမယ် ... ငါတို့ ခွန်လွန်မှာတော့ နဂါးပြာ ဘိုးဘေးကြောင့် ဒါမျိုး မလိုဘူး၊ ...

... အဲဒီအချိန်မှာ နဂါးပြာဘိုးဘေးရဲ့ ... ဂုဏ်သတင်း ဘယ်လောက် ကျော်ကြားခဲ့မယ် ဆိုတာ ... တွေးသာကြည့်လိုက် ... သူ့ရဲ့ လမ်းညွှန်ချက်တိုင်းကို ကမ္ဘာတိုင်းက နားထောင်ချင်ကြတယ် ...

... ခွန်လွန်က လူတိုင်းရဲ့ နောက်ခံကို မကြည့်ဘူး ကြိုးကြိုးစားစား လုပ်နေခဲ့သရွေ့ ... နတ်ဘိုးဘေး နယ်ပယ်ကို ရောက်နိုင်တယ်၊ ဒါကြောင့် နတ်ဘုရားတိုင်းက ခွန်လွန်ကို လာပြီး ကြိုးစား ကြည့်ကြတယ်။ ”

“ ဒါဆို ကောင်းကင်လမ်းကို လျှောက်ရင် နတ်ဘုရားနယ်ပယ်ကို ရောက်စေ နိုင်တယ်လို့ ပြောချင်တာလား အဲဒီလောက် လွယ်လား ...

... ပြီးတော့ အခု ကောင်းကင်လမ်း ဖြတ်ထားတော့ ခွန်လွန်က လူတွေ အားလုံး နတ်ဘုရား မဖြစ်နိုင်တော့ဘူးလား။ ”

လင်းယွန် မေးခွန်းကို ကောင်းကင် ရေကန် သူတော်စင် ဘုရင်က ခေါင်းညိတ်ပြပြီး၊

“ ကောင်းကင်လမ်းကို ဖန်တီးပြီးထဲက ရှေးဟောင်း နတ်ဘုရားတွေက ခွန်လွန်အပေါ် ကျူးကျော် လာခဲ့ကြတယ် တိုက်ပွဲများစွာနဲ့ လူပေါင်းများစွာ ပါဝင်ခဲ့တယ် ...

... တိုက်ပွဲတိုင်းကို ငါတို့နိုင်ခဲ့ပြီး ခွန်လွန်ရဲ့ ဂုဏ်သတင်း မြင့်တက်လာခဲ့ပါတယ် ဒါပေမယ့် နောက်ဆုံးတိုက်ပွဲမှာ ရှုံးခဲ့လို့ ... နတ်ဘုရား အချို့က ခွန်လွန်ကို စွန့်ခွာပြီး၊ အချို့က သေဆုံးကုန်တယ်၊ ...

... ဒါကြောင့် နဂါးပြာဘိုးဘေးက ကောင်းကင်လမ်းကို ဖြတ်ပြီး ခွန်လွန်ကို ပိတ်ဖို့ ဆုံးဖြတ်လိုက်ရတယ်၊ ဘယ်သူမှ ခွန်လွန်ကို မလာနိုင်တော့ သလို ... ဘယ်သူမှလည်း ထွက်မသွား နိုင်တော့ဘူး။ ”

“ အခု နဂါးပြာဘိုးဘေး ဘယ်မှာလဲ။ ”

လင်းယွန်က မေးသည်။

“ ခေတ်တစ်ခေတ်ရဲ့ သခင်အနေနဲ့ နဂါးပြာဘိုးဘေးက နတ်ဘုရားတွေ ကြားမှာ ဝင်တိုက်ခွင့် မရှိဘူး၊ သူ ဘယ်ရောက်သွားလဲ ဆိုတာ အများကြီး မသိပေမယ့် ...

... သူငယ်ချင်း တစ်ယောက်အတွက် ငရဲကမ္ဘာကို ခရီးထွက်သွားတယ် ကြားတယ်၊ သူ့သူငယ်ချင်းက ခွန်လွန်ရဲ့ အနာဂါတ်ဘဲ၊ ...

... အဲဒီမှာ ... ငရဲကမ္ဘာရဲ့ ကံကြမ္မာ နတ်နန်းတော်က ဘိုးဘေးကို ခုထိ ဖိနှိမ်ထား တုန်းပဲ လို့လည်း ကြားတယ် ဘယ်သတင်းက မှန်သလဲ ... သူ ဘယ်သွားလဲ ဆိုတာတော့ ... အိုင်းရစ် ဓားသူတော်စင် တစ်ယောက်ပဲ သိနိုင်မယ်။”

“ နဂါးပြာဘိုးဘေး နာမည်ကို သိခွင့်ရမလား။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ မေးမြန်း လိုက်သည်။ မည်သည့် အတွက် မေးမြန်းနေ သည်ကို မသိသဖြင့် ကောင်းကင် ရေကန် သူတော်စင် ဘုရင်က လင်းယွန်ထံ ကြည့်၏။

နတ်ဖီးနစ် တောင်တန်း သခင်က၊

“ ငါပြောပါရစေ ... နဂါးပြာ ဘိုးဘေး အမည်ကို ငါတို့က တိုက်ရိုက်ခေါ်ဖို့ မသင့်ဘူး၊ ဒါပေမယ့် ... သူ့နာမည်က ရှောင်ချန်ပါ။ ”

-ဟု ဝင်ရောက် ဖြေကြားပေး လာတော့သည်။

***

All Chapters