ငါသိနေသလိုပဲ။
Vol. 166 Ch. 2313
လင်းယွန် စကားများက မြင့်မြတ်သော သခင်ကို တိတ်ဆိတ်သွားစေ၏။ ခဏအကြာ၌ မြင့်မြတ်သော သခင်က၊
“ ငါ မင်းကို ရိုးသားမယ် ... ဟိုအရင်က လူတချို့ သွားခဲ့ပေမယ့် ဘယ်သူမှ ပြန်မလာနိုင် ကြပါဘူး။ ”
-ဟု ပြန်ဖြေသည်။
လင်းယွန်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး၊
“ ဒါဆို ကျိကျစ်ရှီ ... ။ ”
-ဟု စကားရပ်သွား၏။
မြင့်မြတ်သော သခင်က အတည်ပြု ခေါင်းညိတ်ပြသည်။ ဤခရီးသည် သူမအတွက် အန္တရာယ်ရှိပြီး စွမ်ဆောင်ရည် မထူးခြားသော် ခွန်လွန်သို့ ပြန်လာနိုင်မည် မဟုတ်ချေ။ လင်းယွန်က ကြောက်လန့်လျက်၊
“ နတ်ဘုရားတစ်ပါး ဖြစ်ဖို့ အတွက်နဲ့ ... ဒီလိုကြီးလေးတဲ့ အန္တရာယ်ကို မိန်းကလေး တစ်ယောက်က ခံယူရတာလား။ ”
ထိုစကားကြောင့် မြင့်မြတ်သော သခင်က အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ချေ။ ကောင်းကင် ရေကန် သူတော်စင် သခင်က သက်ပြင်းချလျက်၊
“ မင်းမသိတာ တစ်ခု ရှိတယ်။ ”
-ဟု ဝင်ပြောလိုက်၏။
“ ဟမ့် ... ဘာများလဲ။ ”
ကောင်းကင် ရေကန် သူတော်စင် ဘုရင်က ချက်ချင်း မဖြေသေးဘဲ မြင့်မြတ်သော သခင်ကို ကြည့်သည်။
နတ်ဖီးနစ်တောင်သည် ခွန်လွန်နှင့် မသက်ဆိုင်ချေ။ နဂါးပြာဘိုးဘေး အပေါ် ကြည်ညိုသော နတ်ဖီးနစ် မျိုးနွယ်စုသာ ဖြစ်သည်။
နောက်ဆုံးတိုက်ပွဲတွင် ၎င်းတို့ မျိုးနွယ်စုသည် များစွာ ပေးဆပ်ခဲ့ရ၏။ သို့သော် နတ်ဖီးနစ်တောင် သခင်သည် ဆိုးရွားသော အမှားတစ်ခုကို ကျူးလွန်လိုက်မိသည်။
ထို့ကြောင့် ကောင်းကင်လမ်း ဖြတ်တောက်လိုက်ချိန်တွင် သူတို့သည်လည်း ခွန်လွန်နှင့်အတူ ချိတ်ပိတ်ခံခဲ့ရ၏။
ယင်းအချိန်မှစ၍ နတ်ဖီးနစ် တောင်မှာ ဆုတ်ယုတ်လာပြီး ခွန်လွန်၌သာ နေနိုင်ခဲ့သည်။ ဆိုလိုသည်မှာ ပြင်ပ၌ နှစ်ပေါင်း တစ်သိန်းကျော် လွင့်မြောနေခဲ့သော အိမ်ယာမဲ့များ ဖြစ်ချေ၏။
ထို့ကြောင့် နတ်ဖီးနစ်တောင်ကို အိမ်သို့ ပြန်လည် ပို့ဆောင်လိုကြသည်။ အနှစ်တစ်သိန်း အတွင်း သူတို့၏ ပါရမီရှင်များကို စေလွှတ်ခဲ့ပြီး ကျိကျစ်ရှီသည် နောက်ဆုံး အခွင့်အရေး ပေပင်။
မြင့်မြတ်သောသခင်၏ စကားများကို ကြားပြီးနောက် လင်းယွန်ခမျာ တုန်လှုပ်သွား လေသည်။
“ ဒီအကြောင်းတွေ မင်းကို မပြောပြဖို့ ငါ့သမီးက တောင်းဆိုထားတယ် ဒါကြောင့် သူမ မသွားခင် နတ်ဖီးနစ်တောင်ကို နှုတ်ဆက်တဲ့ အနေနဲ့ ... မင်းကို အလည်ခေါ်လိုက်တာပဲ ...
... ဒါပေမယ့် ... ငါက ဖခင်တစ်ယောက် အနေနဲ့ တစ်ကိုယ်ကောင်း ဆန်မိတယ် ... မင်း နတ်ဖီးနစ်တောင် ရောက်လာတဲ့အခါ စိတ်ပြောင်းသွားပြီး ...
... ကျိကျစ်ရှီ အသက်ရှင်ဖို့ ... မင်းကို ဆွဲဆောင်မိတယ် ... မင်းအတွက် ခက်ခဲမှန်း ... သိပါတယ် ... ဒါပေမယ့် မင်းသဘောတူရင် ငါ့ဘဝကို ပေးနိုင်တယ်။ ”
မြင့်မြတ်သောသခင်က ရိုးသားစွာ ပြောကြားလာသည်။ ယခု အချိန်တွင် သူသည် မြင့်မြတ်သော သခင် မဟုတ်တော့ချေ။ ဖခင် တစ်ဦးသာ ဖြစ်သည်။
“ မြင့်မြတ်သော သခင် ... အရမ်းကြီး တွေးနေစရာ မလိုပါဘူး ... ကျွန်တော် ဒီကို လာတုန်းက နတ်ဖီးနစ်တောင် အပေါ် ဘယ်လို စည်းရုံးရမလဲ တွေးနေတာ ... ။ ”
လင်းယွန်က ပြုံးပြီး တုန့်ပြန်လိုက်၏။ ထိုစကားကြားချိန်၌ မြင့်မြတ်သော သခင်က အံ့အားသင့်သွားသည်။ ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က ပြုံးလျက်၊
“ မင်းတို့ နှစ်ယောက် အတွေးအမြင်တွေ တူညီနေကြပုံပဲ။ ”
-ဟု သုံးသပ်ချက် ပေးလိုက်သည်။
မြင့်မြတ်သော သခင်နှင့် လင်းယွန်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက် ကြ၏။
တစ်ယောက်သည် ဆရာသခင်အတွက် အသက်ကို ပေးနိုင်သကဲ့သို့ တစ်ယောက်သည် သမီးအတွက် အသက် ပေးနိုင်သည်။
“ ဒါဆို သဘောတူပြီ ... ။ ”
မြင့်မြတ်သော သခင်က ပြောသည်။ လင်းယွန်က ပြုံး၏။ ဆရာသခင် ဒုက္ခခံယူချိန်၌ သူနှင့်စာသော် မြင့်မြတ်သော သခင်သည် များစွာ အသုံးဝင်နိုင်မည်။
နိဗ္ဗာန်တာအိုကို နားလည်သော်လည်း အရာမရောက် သေးချေ။ တျန်ရွှမ်ဇီ အတွက် မြင့်မြတ်သော သခင်သည်သာ ပြိုင်ဘက် ဖြစ်နိုင်ပေမည်။ မြင့်မြတ်သော သခင်က၊
“ ကောင်းပြီ ... ကောင်းကင် သစ္စာ ကျိန်ဆိုကြမယ် ... ။ ”
-ဟု ပြောကြားလာ၏။
“ မလိုအပ်ပါဘူး ... မြင့်မြတ်သော သခင်ကို ယုံပါတယ်။ ”
လင်းယွန်က ပြုံးပြီး လက်ဝှေ့ယမ်းပြသည်။ နှစ်ယောက်သား တိုက်ခိုက်ခဲ့စဉ် ကတည်းကပင် မြင့်မြတ်သော သခင် ဟူသည် မည်သို့သော လူစားဆိုသည်ကို သိရှိခဲ့၏။
“ ကျစ်ရှီက ဒါကို မသိသေးဘူး ... သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် ပြုပြင်နေတယ် သုံးရက်လောက် လိုဦးမယ်။ ”
“ ဟုတ်ကဲ့ ... ကျွန်တော် ကိုယ်တိုင် ပြောပြလိုက်ပါမယ်။ ”
“ မင်းအတွက် ခက်ခဲသွားပြီ။ ”
“ အဆင်ပြေပါတယ်။ ”
ကောင်းကင် ပျက်စီးမြေသည် အခွင့်အရေးတစ်ခု ဖြစ်၏။ နောင်တွင် ခွန်လွန်ရှိ နိယာမများကြောင့် သူ့ခွန်အားကို မြှင့်တင်ရ ခက်ခဲလာနိုင်မည်။
“ အန္တရာယ်နဲ့ အခွင့်အလမ်းတွေက အတူရှိတယ်၊ ဒါက ငရဲမီးလျှံ နတ်ရူရ်ကို ငှားတာ နဲ့တင် ... တန်နေပါပြီ။ ”
လင်းယွန် စကားကြောင့် မြင့်မြတ်သော သခင်နှင့် ကောင်းကင်ဘုံ ရေကန် သူတော်စင် သခင်တို့က ရွှင်မြူးစွာ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။
ဤလူငယ်သည် ငယ်ရွယ်သော်လည်း မောက်မာခြင်း မရှိချေ။ မြင့်မားသော အမြင် ရှိလေသည်။
“ ပန်းသင်္ချိုင်းက တကယ်ပဲ ရင်သပ်ရှုမောဖွယ် ဆိုတာ ဒီနေ့ ကြုံရပါပြီ။ ”
မြင့်မြတ်သော သခင်က မှတ်ချက် ပေးလိုက်၏။
“ ကောင်းပြီ ... သုံးရက်နေရင် ကျစ်ရှီရဲ့ နတ်ခန္ဓာကိုယ်ကို ကြည့်ဖို့ ဖိတ်ခေါ်လိုက်မယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် သုံးယောက်သား နိဗ္ဗာန် တာအိုအပေါ် အလေးအနက်ထား ဆက်လက် ဆွေးနွေးနေခဲ့သည်။
“ မြင့်မြတ်သော သခင် ... အချိန်တာအိုနဲ့ အချိန်ယန္တရားကို နောက်ပြန် လှည့်နိုင်မလား။ ”
“ မလှည့်နိုင်ဘူး။ ”
မြင့်မြတ်သော သခင်က ပန်းအိုးပေါ်သို့ အချိန်တံဆိပ်ကို တင်လိုက်သည်။ ပန်းပွင့်မှာ ကြီးထွားလာပြီး ညှိုးနွမ်းသွား၏။
ထို့နောက် ပန်းတစ်ပွင့် ဖူးပွင့်လာကာ ညှိုးနွမ်းသွားပြန်သည်။ ဤသို့သော ဖြစ်စဉ်က အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ ဖြစ်ပျက်နေခဲ့၏။ တံဆိပ် ပျောက်ကွယ်သွား မှသာ ရပ်တန့်သွားသည်။
“ စိတ်ဝင်စားစရာပဲ … ။ ”
လင်းယွန်၏ မျက်လုံးများ တောက်ပလာသည်။ မြင့်မြတ်သော သခင်က၊
“ အချိန်တာအို ဆိုတာ .... အချိန် ယန္တရားအပေါ် အရှိန် မြှင့်ပေးနိုင်ပြီး နှေးကွေး အောင်လည်း လုပ်နိုင်တယ် ... နောက်ပြန် သွားလို့တော့ မရဘူး ...
... အတိအကျ ပြောရရင် ... မင်းရဲ့ နိဗ္ဗာန်တာအိုလည်း အချိန်ကို နောက်ပြန် မသွားနိုင်ဘူး ထိန်းထားရုံပဲ ရတယ်။ ”
“ ထပ်ရှင်းပြပါဦး ... ။ ”
လင်းယွန်က မရှင်းသေးချေ။
“ အချိန်ကို ... ထိန်းချုပ်နိုင်တယ်ဆိုတာ အချိန်နဲ့အာကာသ ပေါင်းစပ်ပြီး ... အရွေ့တစ်ခု ဖန်တီးခြင်းပဲ ... အချိန်ကို နောက်ပြန် သွားနိုင်တယ်လို့ မဆိုလိုဘူး။ ”
“ တစ်စုံ တစ်ယောက်က ... အချိန်နဲ့ အာကာသ တာအို နှစ်ခုလုံးကို ဆုပ်ကိုင်ထားရင် ဘာဖြစ်မလဲ။ ”
“ ဒါဆို တစ်စက္ကန့်ကို လေးပိုင်းခွဲပြီး ... မြင်နိုင်လာလိမ့်မယ် ... တိတိကျကျ ပြောရရင် အဲဒီထက် နည်းပါးတဲ့ မိုက်ခရို စက္ကန့်တွေ အဖြစ် ... အချိန်ကို ပိုင်းခြားနိုင်မယ် ဒါကြောင့် မင်းအမြင်မှာ အချိန်တွေ ရပ်သွားပြီး ...
... အာကာပြင်မှာ နေရာလွတ် တစ်ခု ဖြစ်လာမယ်... နေရာလွတ် ဘယ်နှစ်ခု ဖြစ်မလဲ ဆိုတာတော့ ... မင်းခွဲချလိုက်တဲ့ မိုက်ခရို စက္ကန့်တွေ အပေါ် မူတည်တယ်၊ ...
... ဥပမာအားဖြင့် (၄) မိုက်ခရိုစက္ကန့် ခွဲနိုင်မယ်ဆိုရင် ... နေရာလွတ် (၄)ခုပဲ ... ဒါက သာမာန် လူတွေ မလုပ်နိုင်ဘူး၊ မင်းက နိဗ္ဗာန် တာအိုကို ဆုပ်ကိုင်နိုင်လိုက်တဲ့ အတွက်သာ ...
... အချိန်-အာကာသ ကန့်သတ်ချက်ကို ကျော်လွှားသွားနိုင်တာ ... ဒါပေမယ့် နောက်ပြန် ဆုတ်လို့မရဘူး၊ ...
... နိဗ္ဗာန်တာအိုကို ကျွမ်းကျင်လာရင် အချိန်နဲ့ အာကာသ နိယာမကို ထိန်းချုပ်နိုင်မှု ပိုကောင်း လာလိမ့်မယ် ... ဒါပေမယ့် နိဗ္ဗာန် ကုန်သွားရင်တော့ အချိန်က ဆက်သွားမယ်၊
... ဒီလိုနဲ့ မင်းက အချိန်-အာကာသရဲ့ အလွန်သေးငယ်တဲ့ ပမာဏ (ယူနစ်ငယ်)တွေ အထိ ခံစားလာနိုင်ပြီး ... အန္တရာယ်လည်း ပိုပိုများလာ လိမ့်မယ် ...
... တစ်စုံ တစ်ယောက်က အချိန်နဲ့ အာကာသတာအို နှစ်ရပ်လုံးကို ဆုပ်ကိုင်နိုင်ရင် အလားတူ အကျိုး သက်ရောက်မှုမျိုးတွေကို ခံစားရမယ် ...
... ဒါပေမယ့် မင်းရဲ့ နိဗ္ဗာန်တာအို လောက်တော့ အသေးစိတ်မကျဘူး နည်းနည်း ကွာခြားနိုင်မယ်။ ”
“ နားလည်ပါပြီ … ။ ”
“ နိဗ္ဗာန်တာအိုက ပြိုင်ဘက်ကင်းပဲ... မြင့်မြတ်သောသခင် စကားအရ ဆိုရင် မင်းရဲ့ ပြိုင်ဘက်က အားကောင်းလွန်းရင် နိဗ္ဗာန်ကို ဖန်တီးဖို့ မဖြစ်နိုင်ဘူး။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က မြင့်မြတ်သော သခင်အစား တစ်လှည့် ပြောကြားပေးလာသည်။
“ ဟုတ်ကဲ့ ... နားထောင်နေပါတယ်။ ”
“ ဥပမာ ... မင်း ဧကရာဇ်တစ်ပါးနဲ့ ရင်ဆိုင်ရရင် မင်းပတ်ဝန်းကျင်မှာရှိတဲ့ အချိန်နဲ့ အာကာသကို ရပ်တန့်ဖို့ ခက်ခဲလိမ့်မယ်၊ ဆိုလိုတာက မင်းရဲ့ လုပ်နိုင်စွမ်းအရ...
... အချိန်၊ အာကာသ၊ နိဗ္ဗာန် ... အကုန်လုံးဟာ သူတော်စင် တစ်ပါး ရှေ့မှာထက် ဧကရာဇ်တစ်ပါး ရှေ့မှာ ... အလုပ်လုပ်နိုင်စွမ်း အားနည်းသွားတယ် ... ငါတို့ သိတာ ဒီလောက်ပဲ။ ”
ရှင်းပြချက်ကို နားထောင်ပြီး လင်းယွန်အတွက် အကျိုးအမြတ် များစွာ ရရှိ လာသည်။ တိမ်စမ်းရေ တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ထိုအကြောင်းကို ခရမ်းငယ်နှင့် ပြန်ပြောမိ၏။
“ နင်က စိတ်မြန်လွန်းတယ်။ ”
ကောင်းကင်ဘုံ ပျက်စီးမြေသို့ လိုက်ပါ သွားရန် ခရီးစဉ်အတွက် သဘော တူညီချက်ကို ခရမ်းငယ်မှ ရည်ရွယ်ခြင်း ဖြစ်သည်။
“ မင်းက သဘော မတူဘူးလား။ ”
“ နင့်ဆုံးဖြတ်ချက်ကို ငါဘယ်တုန်းက ငြင်းဆန်တာရှိလို့လဲ ... ပြီးတော့ နင့်အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်၊ ...
... ကောင်းကင်လမ်း ပျက်စီးသွား ပြီးတည်းက ဒီမှာ သူတော်စင်တာအို တွေကို နားလည်ရ ခက်ခဲလာတယ် ... ကောင်းကင်ဘုံ ပျက်စီးမြေမှာဆိုရင်တော့ ကွဲပြားနိုင်မယ် ... ပြဿနာက နင့်ဆရာရဲ့ ဒုက္ခက အစောကြီး ကျရောက်လာရင် ဘယ်လိုလုပ်မလဲ။ ”
ခရမ်းငယ် စကားကို လင်းယွန်က ခေါင်းညိတ်ပြီး၊
“ ဒါကို ငါလည်း စိတ်ပူမိပါတယ် ... ဒါပေမယ့် ရွေးချယ်စရာ မရှိဘူး ... ငါနဲ့ယှဉ်ရင် မြင့်မြတ်သောသခင်က ဒီကိစ္စမှာ ပိုပြီး အကူအညီရလိမ့်မယ်။ ”
-ဟု မှတ်ချက်ပေး လိုက်သည်။
“ တကယ်တော့ … ကောင်းကင်လမ်း ဆိုတာ လှောင်အိမ်တစ်ခုပဲ ... အပြင်လူတွေ မဝင်နိုင်သလို ... အတွင်းက လူတွေလည်း မထွက်နိုင်ဘူး ... နင် ထွက်သွားပြီးရင် ပြန်လာနိုင်ပါ့မလား။ ”
“ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ မတောင်းဆို ရင်တောင် အဲဒီ ကောင်းကင်လမ်းကို ပြုပြင်ဖို့ ငါကြိုးစားရမှာပဲ မဟုတ်လား။ ”
“ နင့် ခန္ဓာကိုယ်က ဓားနဲ့ ရှေးဟောင်း ခွန်လွန်က ဆန်းကြယ်မှုတစ်ခု ရှိတယ် နဂါးပြာ ဘိုးဘေးနဲ့ ဆက်နွယ်နေပုံပဲ။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန် တစ်ယောက် အတွေးထဲ နစ်မျောသွားတော့ သည်။
“ ဒါက ... နက်နက်ရှိုင်းရှိုင်းကို ဆက်နွယ်နေနိုင်တယ် ... ပြီးတော့ ရှောင်ချန် ... ရှောင်ချန် ... ဒီလူကို ငါသိနေသလိုပဲ။ ”
***