ဘာလို့ ပြောပြရမှာလဲ။
Vol. 166 Ch. 2314
သုံးရက်အကြာတွင် ကျိကျစ်ရှီအတွက် အရေးကြီးသော အခိုက်အတန့် ရောက်ရှိလာပြီး ဖီးနစ်တောင်ပေါ်ရှိ သူတော်စင်များ အားလုံး အတူတကွ စုရုံးနေခဲ့ကြသည်။
တောင်ထိပ်သည် ကောင်းကင် ကပ်ဘေးကြောင့် အနည်းငယ် ပဲ့ကြွေကုန် သော်လည်း ရှေးဟောင်း အသွင်အပြင်ကို ပေးစွမ်းနေဆဲ ဖြစ်၏။
ယဇ်ပလ္လင် ပေါ်တွင် ရွှေမီးတောက်များ လောင်ကျွမ်းနေသော ကျိကျစ်ရှီ ထိုင်နေသည်။ အဝေး၌ မြင့်မြတ်သော သခင်နှင့် သူတော်စင် အကြီးအကဲများက စိတ်လှုပ်ရှားစွာ ရှိနေ၏။
ကြယ်မြစ် သူတော်စင် ဘုရင်က၊
“ ဆရာ ... ဘာမှ စိုးရိမ်စရာ မရှိပါဘူး ... ကျစ်ရှီ အောင်မြင်မှာ သေချာပါတယ်။ ”
-ဟု နှစ်သိမ့်ပေး၏။ မိုးကောင်းကင် မဟာ သူတော်စင်ကလည်း ပြုံးပြီး၊
“ ကျစ်ရှီက အရည်အချင်းရှိပြီး ... သိပ်သည်းတဲ့ ဖီးနစ်သွေးလိုင်း ရှိပါတယ် ... အဆင်ပြေမှာပါ ... နတ်ဖီးနစ် တောင်ပံတွေ ရနိုင်မလားဆိုတာပဲ ကြည့်ရမယ်။ ”
“ ငါလည်း မျှော်လင့်ပါတယ်။ ”
သို့မှသာ မြင့်မြတ်သောသခင် အမူအရာ ဖြေလျော့သွားသည်။ သို့တိုင် လက်သီးများကို မသိမသာ ဆုပ်ထားမိသေး၏။
ထိုအချိန်တွင် မိုးကောင်းကင် မဟာ သူတော်စင်က လှည့်ကြည့်ပြီး၊
“ ပန်းသင်္ချိုင်းလာပြီ။ ”
-ဟု ပြောကြားလာလေသည်။
ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးထားသော အပြာဝတ် လူငယ် တစ်ယောက် လူတိုင်း ရှေ့၌ ပေါ်လာ၏။
“ လင်းယွန် ... မင်းရောက်လာပြီ။ ”
မြင့်မြတ်သောသခင် စကားကို လင်းယွန်က ခေါင်းညိတ်ပြပြီး ယဇ်ပလ္လင်ပေါ်ရှိ ကျိကျစ်ရှီထံ လှမ်းကြည့်မိ၏။
“ မင်္ဂလာပါ ... ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီကို ... ။ ”
“ မင်္ဂလာပါ ... ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီကို ... ။ ”
“ မင်္ဂလာပါ ... ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီကို ... ။ ”
လူတိုင်းက ချက်ချင်း ဒူးထောက်ကြ၏။ ဤအခင်းအကျင်းကို မျှော်လင့်မထားသဖြင့် လင်းယွန်က အံ့အားသင့်သွားသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ဓားသေတ္တာထဲမှ အလင်းတန်းများ ထွက်လာပြီး ခရမ်းငယ်က ကောင်းကင်ပေါ် ပျံတက်သွားခဲ့၏။
ငွေလမင်း မျက်နှာဖုံး တပ်လျက် ကျစ်ဆံမြီးကို ပခုံးတွင် ပတ်ကာ မြင့်မြတ်သော အသွင်ဖြင့် ပြင်းထန်သော ဖိအားများ ပေးစွမ်းလာလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မြင့်မြတ်သော သခင်က ယစ်ပလ္လင်ရှိ ပြာပုံကို ကြည့်ခွင့်ပေးကာ အကဲခတ်ခဲ့၏။
ထို့နောက် နိဗ္ဗာန် တာအိုကို လင်းယွန် ပြသသောအခါတွင် အထောက်အထား အပေါ် အတည်ပြု နိုင်သွားလေသည်။
ဆိုလိုသည်မှာ လင်းယွန်သည် အိုင်းရစ် ဓားသူတော်စင်၏ အမွေကို ရရှိထားခဲ့သဖြင့် နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်၌ ထွက်ပေါ်လာဖူးသော ဧကရီဟူသည် ဧကန်ဖြစ်ချေပြီ။
နတ်ဖီးနစ်တောင်သည် လွန်ခဲ့သော နှစ်တစ်သိန်းက ထိုဧကရီ၏ နောက်လိုက်များ ဖြစ်ကြပြီး သူမကို စောင့်မျှော်နေခြင်းဖြစ်၏။
“ တကယ်ပဲ ... ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီပဲ ... သခင် ဖီးနစ်ကို နှုတ်ဆက်ပါတယ်။ ”
“ သခင် ဖီးနစ် ... သခင့်ကို ငါတို့ စောင့်နေတာပါ။ ”
နတ်ဖီးနစ် တောင်ပေါ်ရှိ လူတိုင်းက ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာကြသည်။ ထိုမြင်ကွင်းကြောင့် လင်းယွန်က သက်ပြင်းချ လိုက်၏။
ခရမ်းငယ်သည် ဤအခိုက်အတန့်ကို စောင့်မျှော် နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် ဖြေရှင်းရန် လိုအပ်ချေ၏။
ခရမ်းငယ်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊
“ ထကြ ... ။ ”
-ဟု မိန့်ကြားလိုက်သည်။
ထို့နောက် လူတိုင်းထရပ်ကာ ခရမ်းငယ်အနား တိုးကပ် ဝိုင်းအုံလာကြသည်။ လင်းယွန်က လူပိုတစ်ယောက် ဖြစ်သွား၏။
မြင့်မြတ်သော သခင်က၊
“ သခင်ဖီးနစ် ... နတ်ဖီးနစ်တောင် တစ်ခုလုံးက သခင် ပြန်လာမယ့် အချိန်ကို စောင့်နေတာ နှစ်ပေါင်း တစ်သိန်း ရှိနေပြီ။ ”
-ဟု ဝမ်းသာအားရ ပြောကြားလာသည်။
“ အရမ်း ကြာခဲ့တယ် ... မင်းတို့ အားလုံးအတွက် ... ခက်ခဲတဲ့ အချိန်တွေ ဖြစ်စေမိပြီ တောင်းပန်ပါတယ်။ ”
ခရမ်းငယ်က လူတိုင်းထံ ဝေ့ကြည့်ကာ တိုးညှင်းစွာ ဝန်ခံစကား ပြောကြားလိုက်၏။
“ ကျေးဇူးပြုပြီး အဲဒီလို မပြောပါနဲ့ ... ကျွန်တော်တို့ အားလုံး နောင်တမရပါဘူး ။ ”
“ သခင် ဖီးနစ် ... ။ ”
အကြီးအကဲများက ခရမ်းငယ်ကို လက်ဝှေ့ယမ်းလျက် ပြန်လည် နှစ်သိမ့်လိုက်ကြ လေသည်။ သူတို့ သခင် မည်မျှ ခက်ခဲခဲ့မည်ကို နားလည်ပေးနိုင်၏။
“ အခမ်းအနားကို အရင် ကြည့်ရအောင်။ ”
ခရမ်းငယ်က ယဇ်ပလ္လင်ထံ ပျံသန်းကာ ကျိကျစ်ရှီကို ကြည့်၏။
“ စိတ်ဝင်စားစရာပဲ ... ။ ”
လင်းယွန်က နှာခေါင်းကို ပွတ်လျက် ပြုံးလိုက်သည်။
“ ပန်းသင်္ချိုင်း ... ။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က အပြုံးဖြင့် သူ့အနား ရောက်လာသည်။
“ မင်း ... ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ ”
“ အင်း ... ။ ”
“ သူတို့အားလုံးမှာ အဲဒီသခင်ရဲ့ အသွေးအသားတွေ ရှိတယ် ... ဒါက သူတို့ကို ခံစားမိစေတယ်။ ”
“ ဟမ့် ... ဖီးနစ်သွေးလိုင်းက ဒီလို လျှို့ဝှက်ချက်မျိုး ရှိတာလား။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။
“ ဒါဟာ သန့်စင်တဲ့ နတ်သားရဲတွေရဲ့ ဂုဏ်သတ္တိပဲ ... ဖီးနစ်တွေက စကြာဝဠာကြီး မှာတောင် ရှားပါးပါတယ်။ ”
ထိုအချိန်တွင် နတ်နဂါးခေတ်သည် အထွတ်အထိပ် ဖြစ်ခဲ့ပြီး နတ်သားရဲများစွာကို ဆွဲဆောင် ထားနိုင်၏။ ခွန်လွန်၏ ကြီးကျယ် ခမ်းနားသော အခါသမာယ ပေပင်။
“ အဲဒီတုန်းက ခွန်လွန်ရဲ့ ... ကောင်းကင်ပြင်မှာ နတ်သားရဲတွေနဲ့ ... ပြည့်နေတာပဲ။ ”
“ ဒါဆို ကောင်းကင်လမ်းကို ပြုပြင်ပြီးတဲ့အခါ ... ဒီလို ခမ်းနားတဲ့ ခေတ်ကြီး ပြန်ဖြစ်လာမှာလား။ ”
“ သေချာ တာပေါ့။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်လေသံက ပြတ်သား ရွှင်မြူးနေချေ၏။ သို့သော် ချက်ချင်း သတိရသွားပြီး၊
“ ဒါပေမယ့် ... နတ်ဘုရား သင်္ချိုင်း တောင်တန်း အောက်က အဲဒီကြွက်သေတွေကို ဖြေရှင်းဖို့တော့ လိုတယ်။ ”
-ဟု ထပ်မံ ဖြည့်စွက်လိုက်သည်။
“ ကျီး ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး ဆက်မပြောတော့ချေ။ ထိုအချိန်တွင် ဖီးနစ် အော်သံနှင့်အတူ ယဇ်ပလ္လင်မှ ရွှေရောင် အလင်းများ ထွက်ပေါ်လာသည်။
ကျိကျစ်ရှီက မျက်လုံးများ ဖွင့်ကာ ပြင်းထန်သော ရောင်ဝါကို ထုတ်ဖော်လျက် မီးလျှံများ လောင်ကျွမ်းလာ၏။
၎င်းသည် အပြစ်ကင်းစင်သော အသွင်အပြင်ဖြင့် ပို၍ ရင်သပ်ရှုမော စေခဲ့သည်။
“ ဒါ အောင်မြင်တယ်။ ”
လူတိုင်း ရွှင်လန်းကုန်၏။
“ ကောင်းလိုက်တာ ... ။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က ပြုံးပြီး မှတ်ချက်ပေးသည်။ နတ်ဖီးနစ် တောင်သည် နတ်ခန္ဓာကိုယ်ကို မွေးဖွားနိုင်ခြင်း မရှိသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာနေခဲ့ပြီ ဖြစ်၏။ နိမိတ်ကောင်း ပေပင်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ခရမ်းငယ်က လက်ကို ဝှေ့ယမ်းပြီး ကျိကျစ်ရှီ နဖူးထဲသို့ ရွှေသွေးစက် ပစ်ထည့်ပေးလိုက်သည်။
“ ရွှီး ... ။ ”
မီးတောက်မှာ ပို၍ ပြင်းပြလာပြီး မျက်လုံးများ မှိတ်ကျသွားသည်။ မျက်လုံးများ ပြန်ဖွင့်လာချိန်၌ လက်နှစ်ဖက်ကို ဆန့်ခွဲ လိုက်ရာ တောင်ပံတစ်စုံ ပေါ်လာ၏။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
လင်းယွန်က မေးသည်။ ယခု အချိန်တွင် ကျိကျစ်ရှီထံမှ သူတော်စင် ဘုရင် ကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
“ ဒါဟာ ဖီးနစ်တောင်ပံတွေပဲ ... ပိုင်ဆိုင်ထားသူအတွက် ကောင်းကင်ဘုံ ဖီးနစ် သမီးတော်လို့ ခေါ်တယ်၊ စကြဝဠာတိုက်ကြီး မှာတောင် အမြောက်အမြား မရှိဘူး။ ”
“ ဝှစ် ... ။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်ကပြန်ဖြေ၏။ ကျိကျစ်ရှီမှ အတောင်ပံများ သိမ်းဆည်းလျက် မြင့်မြတ်သော သခင်နှင့် ခရမ်းငယ် ရှေ့သို့ ပျံသန်းသွားသည်။
မြင့်မြတ်သော သခင်၏ မိတ်ဆက် ပေးမှုကြောင့် တုန်လှုပ် ချောက်ချားစွာဖြင့် ခရမ်းငယ်ထံ အလျင်အမြန် ဦးညွှတ် လိုက်တော့၏။
“ မင်္ဂလာပါ သခင်ဖီးနစ် ... ။ ”
သည့်နောက် ချက်ချင်းပင် အဝေးမှ ရပ်ကြည့်နေသော လင်းယွန်ထံ လှည့်ကြည့်ကာ ပြုံးရယ်ပြလိုက်လေသည်။
“ ဟမ့် ... ။ ”
ဤအရာက မြင့်မြတ်သော သခင်ကို ဒေါသထွက်စေ၏။ သို့သော် ခရမ်းငယ်က ပြုံးပြီး၊
“ သူ့ကို လွှတ်ပေးလိုက်ပါ။ ”
-ဟု ဆိုလိုက်ရသည်။
“ ကျေးဇူးတင်ပါတယ် သခင်ဖီးနစ် ... ။ ”
ကျိကျစ်ရှီက ဟန်ပင်မဆောင်ဘဲ လင်းယွန်ထံ ဝမ်းသာအားရ ပျံသန်းလာသည်။ ဤလုပ်ရပ်က ဖီးနစ်တောင်မှ လူတိုင်းကို မပျော်မရွှင် ဖြစ်စေ၏။
အကြင်သူသည် သခင်အပေါ် ရိုင်းပျဝံ့သည်လော။ လူများစွာက သမီးအပေါ် ထိန်းမတ်နိုင်ခြင်း မရှိသည့် မြင့်မြတ်သော သခင်ထံ ပြန်ကြည့်လိုက်ကြသည်။
“ အရေးမကြီးပါဘူး ... ငါတို့မှာ ဆွေးနွေးစရာ တစ်ခု ရှိတယ်၊ ဒါက မှန်ကန်တဲ့ နေရာ မဟုတ်ဘူး။ ”
ခရမ်းငယ်က လင်းယွန်ထံ မျက်လုံး မှိတ်ပြလျက် မြင့်မြတ်သော သခင်ကို ဆွဲထုတ် သွားတော့သည်။
“ အစ်ကိုကြီး လင်း ... ငါ မင်းကို နောက်ဆုံးတော့ တွေ့ခွင့်ရပြီ ... အရမ်း သတိရတယ်။ ”
ကျိကျစ်ရှီက ဆည်းလည်းသံကဲ့သို့ သာယာသော အသံဖြင့် ပြုံးကာ ပြောကြား လိုက်သည်။
“ အဟမ်း ... ငါအရင် အနားယူတော့မယ်။ ”
ဘေးနားရှိ ကောင်းကင်ဘုံ ရေကန် သူတော်စင်ဘုရင်က ပြုံးကာ နှုတ်ဆက် စကား ပြောကြားလာတော့၏။
“ အဟီး ... အစ်ကိုကြီးလင်း သွားကြရအောင် ... ဒီနေရာက ပျင်းစရာကြီး ငါလိုက်ပြမယ်။ ”
တစ်နာရီ အကြာတွင် ပန်းတောင်ကြား တစ်ခုကို ဖြတ်သန်းပြီး ရေကန်တစ်ကန် ရှေ့သို့ ရောက်ရှိလာသည်။
“ လှတယ် ... ။ ”
လင်းယွန်က ရှုခင်းများကို ကြည့်ကာ ချီးကျူးမိ၏။
“ ဟုတ်တယ် ... ဒါက အရိပ်ကန်ပဲ၊ ရေကန်အောက်ခြေမှာ မိုးပြာ ငှက်မောင်နှံ ရှိတယ်လို့ ပြောကြတယ်၊ ဒီနေရာကို ကျစ်ရှီ အနှစ်သက်ဆုံးပဲ။ ”
ကျိကျစ်ရှီက ပြုံးရွှင်ကာ မိတ်ဆက် ပေးလာ၏။ ထို့ကြောင့် လင်းယွန်က နိဗ္ဗာန် ပွဲတော်ကို ပြန်သတိရသွားသည်။
“ အစ်ကိုကြီးလင်း ... မင်းဘာတွေ တွေးနေတာလဲ။ ”
“ ဘာမှ မဟုတ်ပါဘူး ... ဒီနေရာက နိဗ္ဗာန်ပွဲတော်ရဲ့ ဘဝ-သုံးပါး ရေကန်ကြီးကို သတိရမိစေလို့ပါ။ ”
“ အိုး ... ငါသိပြီ အဲဒီနေရာမှာ ဖီးနစ်ရည်းစားထားခြင်း သီချင်းကို ကစားပြီး ဘဝ-သုံးပါး သစ်ပင် ပွင့်အောင်လုပ်ခဲ့တယ် မဟုတ်လား၊ ...
... အဲဒီတုန်းက ဖီးနစ်သီချင်းတွေကို အပြင်လူ တစ်ယောက်က ... တီးခတ် နေခဲ့လို့ အံသြမိပါ သေးတယ်။ ”
ထိုစဉ် တစ်ခုခုကို တွေးမိပြီး၊
“ ဟုတ်သားဘဲ ... အဲဒီ နတ်သမီးက အစ်ကိုကြီးလင်းရဲ့ မိန်းမလား သူက တကယ် လှတယ်။ ”
-ဟု ရုတ်တရက် မေးမြန်းလာ၏။
လင်းယွန်က ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေချေ။
“ ဘာလို့လဲ အစ်ကိုကြီးလင်း ... သူ့အကြောင်း ပြောရတာ အဆင်မပြေဘူးလား။ ”
“ မဟုတ်ပါဘူး။ ”
လင်းယွန်က ပြုံး၏။ ယွဲ့ဝေဝေ အကြောင်းကို ဆုစီယာက နားထောင်လိုခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သဘာဝအတိုင်း ကျိကျစ်ရှီ ရှေ့၌လည်း နှုတ်ဆိတ်နေမိခြင်း ဖြစ်၏။
“ ငါ ... လက်ထပ်လိုက်တာ ... သူ မဟုတ်ဘူး ဒါပေမယ့် ... အချိန်တစ်ခုပဲ လိုပါ တော့တယ်။ ”
ထိုအဖြေကြောင့် ကျိကျစ်ရှီက အံ့အားသင့် သွားပြီးနောက် မျှော်လင့်ချက် အရိပ်အမြွက်များ ထင်ဟပ်လာတော့သည်။
“ ဘာဖြစ် သွားတာလဲ။ ”
ထိုအမူအရာကို သတိထားမိသော လင်းယွန်က ပြန်မေးမိ၏။
“ ဟီးဟီး ... မပြောပြဘူး။ ”
ကျိကျစ်ရှီက ပြုံးကာ ရေကန်ဆီသို့ ပြေးသွားပြီး၊
“ အစ်ကိုကြီးလင်း ... လာ ... ။ ”
-ဟု ခေါ်လိုက်တော့သည်။
***