တစ်နှစ် အတွင်း။
Vol. 166 Ch. 2316
နောက်ဆုံးတွင် တည်နေရာ ရွေ့ပြောင်း အစီရင်ကို အသက်သွင်းရန် ပြင်ဆင်ခဲ့နေကြရာ နတ်ဖီးနစ်တောင်မှာ စည်ကားနေချေ၏။
လင်းယွန်မှာမူ စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရန် အစွမ်းကုန် ကြိုးစားနေသည်။
နိဗ္ဗာန်တာအိုနှင့် ပိုးစုန်းကြူး နတ်ဓား တို့ကိုလည်း ပစ်ပယ်မထားချေ။ အဆုံးတွင် ကျင့်ကြံခြင်းကို ရပ်နားကာ ထွက်ခွာ လာခဲ့သည်။
“ နောက်ဆုံးတော့ နင်ထွက်လာပြီ။ ”
ခရမ်းငယ်က ပြုံးပြီး ပြောသည်။ ဤရက်များအတွင်း လင်းယွန်နှင့် မတွေ့မိချေ။ ၎င်းက ကျင့်ကြံနေ သကဲ့သို့ သူမသည်လည်း ငရဲမီးလျှံ နတ်ရူရ်ကို သန့်စင်နေခဲ့သည်။
“ မင်းက ပို ကြည့်ကောင်းလာတယ်။ ”
နတ်ရူရ်များ တိုးပွားလာသည်နှင့် အမျှ ခရမ်းငယ်အသွင်မှာ ပို၍ ကြီးထွားလာခဲ့သည်။ ဆံပင်များ ရှည်လာပြီး ကလေးမလေး တစ်ယောက်လို မဟုတ်တော့ချေ။
“ ဟမ့် ... အလိမ်အညာတွေ။ ”
ခရမ်းငယ်က ပြုံးသည်။
“ တကယ်ပြောတာ ... ။ ”
“ ထားတော့ ... ဒီတစ်ခါတော့ ဓားသေတ္တာကို ငါယူထားလိုက်မယ်။ ”
ခရမ်းငယ်က လက်ဝှေ့ယမ်းကာ လှမ်းယူ လိုက်၏။ ဤသည်မှာ လင်းယွန် တစ်ယောက် နောက်ဆံမတင်းစေရန် ဆရာသခင် ကိစ္စကို သူမ ကိုင်တွယ်မည်ဟု အဓိပ္ပါယ်ရသည်။
ခရမ်းငယ်ကို အမြင်ကျဉ်းသူ အဖြစ် ထင်မြင်ခဲ့၏။ သို့သော် ဤနှစ်များ တစ်လျှောက် သူ့ဆုံးဖြတ်ချက်အပေါ် မည်သည့်အခါမှ သူမ ငြင်းဆန်းခြင်း မပြုသည်ကို တွေးမိ လာစေသည်။
“ မြန်မြန် လာ ... မြင့်မြတ်သော သခင် စောင့်နေတယ်။ ”
“ တကယ်လို့ ငါအသက်ရှင်လျက် ပြန်လာနိုင်ရင် မင်းတောင်းဆိုသမျှ ဖြည့်ဆည်း ပေးမယ်။ ”
လင်းယွန်က ချက်ချင်း ထွက်ခွာခြင်း မပြုသေးဘဲ သူ့ဘက်မှ လိုအပ်ချက်များစွာ ရှိခဲ့ သည်ကို သတိရကာ ကတိပေးလိုက်၏။
“ တကယ်လား ... ။ ”
ခရမ်းငယ်က ပြုံးသည်။
“ အင်း ... ။ ”
“ ကောင်းပြီ ... သေချာမှတ်ထားပါ ... နင်ပြန်လာလို့ မရရင်တောင် ကောင်းကောင်း ရှင်သန်ပါ ... ငါနင့်ကို စောင့်နေမယ်။ ”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွား တော့၏။
“ ငါ ကတိပေးတယ်။ ”
ထို့နောက် မြင့်မြတ်သော သခင်ထံ ဦးတည်လာခဲ့ကြသည်။
“ ဒီကာလမှာ မင်း ကျင့်ကြံနေတာ ငါကြားပါတယ် ... အခု ဘယ်လိုလဲ။ ”
မြင့်မြတ်သော သခင်က အပြုံးဖြင့် ခရီးဦးကြို မေးမြန်းလာသည်။
“ မဆိုးပါဘူး။ ”
လင်းယွန်က အကြမ်းဖျင်း ရှင်းပြလိုက်၏။
“ မင်းဟာ ဧကရာဇ် မျိုးနွယ်စု ရှစ်ခုက ဉာဏ်ကြီးရှင်တွေနဲ့သာ မတွေ့ရင် မျိုးဆက်သစ် အတွင်းမှာ ပြိုင်ဘက်ကင်းပဲ။ ”
မြင့်မြတ်သော သခင်က ခေတ္တ ရပ်လိုက်ပြီး၊
“ ဒါပေမယ့် ... ကောင်းကင်ဘုံ ပျက်စီး နယ်မြေမှာ မင်းအတွက် အန္တရာယ် ရှိနေမှာကို ငါကြောက်မိတယ်။ ”
-ဟု ပြောကြားလာ၏။
“ စိတ်မပူပါနဲ့ ... ဘာလုပ်ရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ် နှိမ့်ချပြီး နေတတ်တာ ငါ့ပုံစံပဲ မဟုတ်လား။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန်လိုက်သည်။
“ မင်းကို ယုံမယ်လို့ထင်လား ... ဒါနဲ့ နတ်အလင်းဓား ဘယ်အဆင့် ရောက်နေပြီလဲ။ ”
“ ပြီးပြည့်စုံသော ကျွမ်းကျင်မှု အထွတ်အထိပ်။ ”
နတ်ဘုရား သင်္ချိုင်း တောင်တန်း အပြင်ဘက်တွင် နိဗ္ဗာန်တာအိုနှင့် ဤဓားက တိုးတက်လာခြင်း ဖြစ်သည်။
“ ပြီးပြည့်စုံသော ကျွမ်းကျင်မှု ... အထွတ်အထိပ်တောင် ရောက်ရှိသွားပြီလား။ ”
မြင့်မြတ်သော သခင် တစ်ယောက် တုန်လှုပ် ခြောက်ခြားသွားသည်။
“ တောက်ပသော ရောင်ခြည်တော်ဓား ရည်ရွယ်ချက်ကို ရောက်ရှိဖို့ ... ဘယ်လောက် လိုသေးလဲ။ ”
“ လောလောဆယ် ... ဘာမှ မခံစား ရသေးဘူး။ ”
လင်းယွန်က ခေါင်းခါသည်။ ဓားရည်ရွယ်ချက်တွင် အဆင့် ကိုးဆင့် ရှိသည်။ ရှန်ရှင်းဓား၊ ဝိညာဉ်ရေးရာဓား၊ ကောင်းကင်ဓား၊ အရိယာဓား၊ ကောင်းကင်အမိုးဓား၊ ကြယ်ဓား၊ နတ်အလင်းဓားနှင့် ယခု တောက်ပသော ရောင်ခြည်တော်ဓား ဖြစ်၏။
(နဝမတန်း ဓားကိုမူ မဖော်ပြသေးချေ။ )
“ အလျင်လိုနေစရာ မလိုပါဘူး ... နတ်အလင်းဓားနဲ့တင် စကြာဝဠာ တစ်ခုလုံးကို တိုက်ဖို့ လုံလောက်နေပါပြီ။ ”
မြင့်မြတ်သော သခင်က နှစ်သိမ့်လိုက်၏။
“ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ”
လင်းယွန်က အရိုအသေ ပြန်ပေးသည်။
“ မင်းမှာ တောင်းဆိုစရာ ရှိသေးလား။ ”
လင်းယွန်သည် ထိုအရာကို စောင့်ဆိုင်းနေခြင်း ဖြစ်သဖြင့် မျက်လုံးများ တောက်ပ လာခဲ့သည်။
“ နတ်နဂါး သူတော်စင် သွေးရည်ကြည် နည်းနည်း လိုချင်ပါတယ် နတ်သွေးပါ ထပ်ရရင် အကောင်းဆုံးပေါ့။ ”
“ ကောင်းပြီ ... ဖီးနစ်ခန်းမကို သွားပြီး လိုအပ်တာတွေ သွားယူပါ။ ”
“ ကျေးဇူးတင်ပါတယ် မြင့်မြတ်သော သခင်။ ”
မြင့်မြတ်သော သခင်က တွန့်တိုခြင်း မရှိဘဲ ခေါင်းညိမ့်ပြသည်။ ကျိကျစ်ရှီ၏ ဘေးကင်းမှုနှင့် ယှဉ်ပါက ဤအရာသည် တန်ဖိုးမရှိချေ။
ထို့ပြင် ခရမ်းငယ်နှင့် သူတို့၏ ဆက်ဆံရေးအပေါ် အခြေခံ၍ တောင်းဆိုမှု အပေါ် လိုက်လျောမည်မှာ သဘာဝပေပင်။
သုံးရက်အကြာတွင် သူတော်စင် များစွာသည် ကျိကျစ်ရှီနှင့် သူ့ကို ခေါ်ဆောင်ပြီး အစီရင် အသက်သွင်းလိုက်သည်။
“ သတိထားပါ။ ”
ခရမ်းငယ်က နောက်ဆုံး အကြိမ် မှာကြားလာ၏။
“ စိတ်မပူပါနဲ့။ ”
“ ကျိကျစ်ရှီကို ဂရုစိုက်ပါ ... သူက အခု ကောင်းကင်ဘုံ ဖီးနစ်သမီးတော် ဆိုတော့ နင် ကောင်းကောင်း ကာကွယ်ရမယ်။ ”
လင်းယွန်က ခေါင်းညိမ့်လိုက်သည်။ ကျိကျစ်ရှီ ပတ်ဝန်းကျင်တွင် မီးတောက်များ လောင်ကျွမ်းကာ သူ့ကို စောင့်ဆိုင်းနေ၏။
“ မင်းကို ဒုက္ခပေးရတော့မယ် ပန်းသင်္ချိုင်း။ ”
မြင့်မြတ်သော သခင်က ပြုံးသည်။
ထို့နောက် ယဇ်ပလ္လင်ကို ကြီးမားသော အစီရင်တစ်ခု ဖုံးအုပ်သွားကာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့၏။
မီးတောက်အတွင်း တံခါးပေါက်တစ်ခု ပေါ်လာ၏။ ကောင်းကင်ဘုံ ပျက်စီးခြင်းမြေသို့ ပို့ဆောင်မည့် အစီရင် ဖြစ်သည်။
လင်းယွန်က ကျိကျစ်ရှီလက်ကို ကိုင်ကာ တံခါးရှေ့တွင် အကြည့်ချင်း ဖလှယ်လိုက်သည်။ သည့်နောက် တံခါးအတွင်း လှမ်းဝင်လိုက် သည်နှင့် ချက်ချင်း သတိလစ်သွား၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရနံ့ သင်းသင်း နတ်တောင်ပေါ်၌ နတ်မီးတောက် လောင်ကျွမ်းနေခဲ့သည်။
ယွဲ့ဝေဝေက တည်နေရာ ရွေ့ပြောင်း အစီရင်အတွင်း မဝင်ခင် မုရွယ်လင်ထံ တစ်ချက် ပြန်ကြည့်လိုက်သည်။
ထို့နောက် လင်းယွန်တို့နှင့်အတူ ခွန်လွန်မှ တပြိုင်နက်တည်း ပျောက်ကွယ် သွားတော့၏။ လင်းယွန် တစ်ယောက် သတိပြန်ဝင်လာသော အခါ ပတ်ပတ်လည်ကို ကြည့်သည်။
သူ့ဘယ်ဘက် အရပ်တွင် ကျိကျစ်ရှီကို မူးမိုက်နေသော အသွင်မျိုးဖြင့် မြင်လိုက်ရ၏။ သို့မှသာ သက်ပြင်းချ မိစေသည်။
ကောင်းကင်ပေါ် မော့ကြည့်လိုက်ချိန်၌ အလင်းများ ပြုတ်ကျနေသည်ကို နေရာအနှံ့တွင် မြင်နေရသည်။
“ ကျစ်ရှီ အဆင်ပြေလား ... ။ ”
ဤနေရာသည် ယခုအချိန်တွင် လုံခြုံသော်လည်း အကြာကြီး ဆက်မနေသင့်ဘဲ ချက်ချင်း ထွက်ခွာသွားရမည် ဖြစ်သည်။
“ အစ်ကိုကြီးလင်း ... ခေါင်းနည်းနည်း မူးနေရုံက လွဲလို့ အဆင်ပြေပါတယ်။ ”
“ တစ်စုံတစ်ယောက်က တည်နေရာ တစ်ခုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ သွားတဲ့အခါ နည်းနည်းမူးဝေတာ သာမာန်ပါပဲ။ ”
လင်းယွန်က ပြုံးပြီး ခေါင်းညိတ်ပြ လိုက်သည်။
“ ကဲ ... ဒါဆို သွားရအောင်။ ”
လင်းယွန်က အနီးဝန်းကျင်သို့ ကျဆင်းလာသော အလင်းတန်း များစွာကို ကြည့်ပြီး ပြောကြား လိုက်မိ၏။
သည့်နောက် ကျိကျစ်ရှီ လက်ကို ဖမ်းကိုင်ကာ လျင်မြန်စွာ ရွေ့လျားလိုက်တော့ သည်။
“ ဒီနေရာမှာ သူတော်စင် တာအိုတွေနဲ့ ပြည့်နှက်နေတယ်။ ”
ကျန်လက်တစ်ဖက်က ပန်းသင်္ချိုင်း ဆွဲထုတ်ကာ လေထဲ နှစ်ကြိမ်တိတိ လွှဲလျက် မမြင်ရသော ကန့်သတ်ခြင်း အလွှာ မရှိတော့မှန်း ခံစားလိုက်ရသည်။
“ ဒီနေရာက တော်တော် ကောင်းတယ် ... ဖီးနစ်နတ်ခန္ဓာတောင် ... ပြောင်းလဲနေတယ်လို့ ခံစားနေရပြီ ... တစ်နှစ်အတွင်း သူတော်စင် ဘုရင် ဖြစ်လာနိုင်မယ်။ ”
ကျိကျစ်ရှီက တာအိုကို မျက်စိမှိတ် ခံစားလျက်မှ ပြောကြား၏။ ကောင်းကင်လမ်း ဖြတ်တောက်ခံရချိန်မှစကာ ခွန်လွန် နယ်မြေ၏ လေထုသည် မမြင်ရသော အတားအဆီး တစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။
ထို့ကြောင့် ကောင်းကင်ဘုံ ပျက်စီးခြင်း နယ်မြေသည် လှောင်အိမ်ကို ဖယ်ခွာလိုက်သော လေထုနှင့်တူ၏။ အတောင်ဖြန့် ထားသည့် ငှက်များကဲ့သို့ ခံစားလာရသည်။
“ တစ်နှစ်အတွင်း သူတော်စင် ဘုရင် အဆင့်လား ... ကျစ်ရှီ ငါ့လို နိမ့်ကျတဲ့ ပုံစံမျိုး ယူထားပါ။ ”
လင်းယွန်က ပြုံးကာ သတိပေး လိုက်လေသည်။ ကျိကျစ်ရှီက ခေါင်းညိတ်ပြ၏။ သို့သော် ဆက်ပြောလာသော လင်းယွန် စကားကြောင့် မှင်တက်သွားသည်။
“ တစ်နှစ်အတွင်း ဆိုရင် ... အရမ်း နှေးလွန်းတယ် ... အများဆုံး (၆)လအတွင်း ရောက်အောင်လုပ်ရမယ်။ ”
***