← Chapters

ဝူယုဟွာ ... ။

Vol. 166 Ch. 2317

ဝူယုဟွာ ... ။

Vol. 166 Ch. 2317

လမ်းတစ်လျှောက် သူတော်စင် နယ်ပယ် နတ်ဆိုးသားရဲ များစွာကို နေရာတိုင်း၌ မြင်တွေ့ ခဲ့ရသည်။

အစပိုင်းတွင် ၎င်းတို့ကို သိပ် စိတ်မ၀င်စားချေ။ သို့သော် နတ်ဆိုး သားရဲများ ပြေးဝင် တိုက်ခိုက်လာသောအခါ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာ၏။

သားရဲများ၏ ကျင့်ကြံမှုသည် ဒုတိယနှင့် တတိယအဆင့်တွင်သာ ရှိသည်။ အကယ်၍သာ ခွန်လွန်၌ ဆိုပါက ဓားတစ်ချက်တည်းဖြင့် သတ်နိုင်မည်။

ကောင်းကင်ဘုံ ပျက်စီးမြေ၌မူ ကွဲပြားနေချေပြီ။ ၎င်းတို့သည် ကောင်းကင်နှင့် ချိတ်ဆက်နေကာ သန်မာလှ၏။

သူတို့ကို သတ်နိုင်ခဲ့သော အခါတွင် အဖြူရောင်အလင်းများ ထုတ်လွှတ်နေသည့် အစိုင်အခဲတစ်ခု ထွက်ကျလာသည်။

“ ဟမ့် ... ဒီမှာကြည့်စမ်း .... ။ ”

လင်းယွန်က မျက်မှောင်ကြုတ်ကာ ကျိကျစ်ရှီထံ ကမ်းပေးလိုက်သည်။ ကျိကျစ်ရှီက ခေါင်းညိတ်လျက်၊

“ အင်း ... တွေ့တယ် မြူခိုးတွေလို ထင်ရပေမယ့် ... ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် ထူးဆန်းတဲ့ ရောင်ဝါတွေ ရှိနေတယ်။ ”

လက်ဝှေ့ယမ်းကာ ၎င်းကို ဖမ်းဆုပ်လိုက်သော အခါတွင် တာအိုသံများ ကြားလိုက်ရသည်။

“ ဟမ် ... ငါ့တာအို တိုးတက်နေတယ်။ ”

တစ်ဖက်တွင် လင်းယွန်က အံ့ဩသွား၏။

“ ဒါက ထူးဆန်းတယ်။ ”

ကျိကျစ်ရှီ သည်လည်း သူမ၏ မီးတာအို သိသိသာသာ တိုးလာတာကို ခံစားလာရသည်။

“ ကောင်းကင်ဘုံ ပျက်စီးမြေက မရိုးရှင်းဘူး ထင်တယ်။ ”

ကျန်အဖြူရောင် သလင်းကျောက်များကို သိမ်းယူလျက် ရေရွတ်လိုက်သည်။ သူတို့သည် နတ်ဆိုးများ ပိုများလာသော အခါတွင် နတ်ဆိုး သားရဲတိုင်း ထိုအဖြူရောင်သလင်းကေျာက်ကို မမွေးဖွားနိုင်ကြောင်း တွေ့ရှိခဲ့သည်။

အချို့သော နတ်ဆိုးများသည် လျှို့ဝှက်နယ်မြေတွင် မွေးဖွားခြင်း၊ ရတနာများ စားခြင်း၊ သူတော်စင် ပုံကြမ်းကို လိုက်နာခြင်း သို့မဟုတ် ကောင်းကင်ဘုံမှ ကောင်းချီး ပေးခြင်းတို့ကို ခံစားရသည်။

၎င်းတို့သည်သာ အဖြူရောင် သလင်းကျောက်ကို မွေးဖွားနိုင်၏။ လင်းယွန် မျက်လုံးများ ရွှေရောင် ဖြစ်လာပြီး နတ်အလင်း ဓားရည်ရွယ်ချက် ထွက်ပေါ်လာသည်။

ထို့ကြောင့် အဖြူရောင်သလင်းကျောက် ပါရှိသော် နတ်ဆိုးသားရဲများနှင့် မပါရှိသော သားရဲများကို ခွဲခြား မြင်လာရ၏။

ဤအရာက သူတို့အတွက် သိသာ ထင်ရှားသော ပစ်မှတ်များ ရရှိလာစေသည်။

“ ဒီမှာ ခဏအနားယူရအောင်။ ”

လင်းယွန်က မီးမွှေးပြီး နတ်ဆိုး သားရဲ အသားများကို စွပ်ပြုတ်လုပ်ကာ မီးကင်တော့ သည်။ ကျိကျစ်ရှီက အနည်းငယ် မြည်းစမ်း ကြည့်ပြီးနောက်၊

“ ဒီနတ်ဆိုးသားရဲတွေရဲ့ အသားက နှလုံးသားကို နည်းနည်း ညစ်နွမ်းစေတယ် ... ဒါပေမယ့် အဖြူရောင် သလင်းကျောက်လို အကျိုးသက်ရောက်မှု ရှိတယ်။ ”

“ ဟုတ်တယ် ... ဒါပေမယ့် ဒါက နည်းနည်း ခက်တယ်။ ”

အသားထဲမှ ညစ်နွမ်းမှု (အပြစ်) များကို အဖြူရောင် သလင်းကျောက် ကဲ့သို့ ချက်ချင်း မသန့်စင်နိုင်ချေ။ ဆိုလိုသည်မှာ အသားများ စားသုံးခြင်းသည် သူတော်စင်တာအိုအပေါ် သက်ရောက်မှု အားနည်းချေ၏။

ခုနစ်ရက်အကြာ၌ ဝံပုလွေတစ်ကောင်ကို အမဲလိုက်နေသော လူငယ်တစ်ဦးနှင့် ဆုံတွေ့မိ လာသည်။ ကျိကျစ်ရှီက မျက်နှာ ဖုံးကွယ်လျက် အာရုံစိုက်မှုများ မရအောင် ရှောင်ရှား၏။

ဝံပုလွေသည် နဖူးတွင် လခြမ်းပုံသဏ္ဍာန် ပါရှိပြီး အပြာရောင် အမွေးများ ပိုင်ဆိုင်ထား လေသည်။ သူ့လမ်းကြောင်း တစ်လျှောက် နှင်းမုန်တိုင်းတစ်ခု ဖြစ်ကျန်ရစ်ခဲ့၏။

ဂုဏ်ရည် နှစ်ရပ်ကို ပိုင်စိုးသော ရှားပါး နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်သဖြင့် လူငယ် ခမျာ သနားစရာ ကောင်းသော အခြေအနေ အောက်သို့ ကျရောက်နေခဲ့သည်။

“ အစ်ကိုကြီးလင်း ... ငါတို့ ကူညီမှာလား။ ”

“ မလိုပါဘူး ... အဲဒီလူဟာ ထွက်ပြေး နေပေမယ့် ကောင်းကောင်း ထိန်းထားတယ် ဝံပုလွေကသာ သူ့အကန့်အသတ်ကို ကျော်လွန်နေတာ။ ”

လင်းယွန်က ခေါင်းယမ်းပြ၏။ သို့သော် ဝံပုလွေက သူတို့ကို လှည့်ကြည့်ကာ အော်ဟစ် လိုက်လေသည်။

“ အု ဝူး ... ။ ”

“ ဘာလဲ ... ။ ”

ထို့နောက် ထွက်ပြေးနေသော လူငယ်ကို လျစ်လျူရှုလျက် သူတို့ထံ ပြေးဝင်လာခဲ့သဖြင့် လင်းယွန်က ပြန်၍ တိုက်ခိုက်လိုက်ရသည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

လက်ညိုးမှ ဓားအလင်း တစ်လက် ပြေးထွက်သွားပြီး လေထဲရှိ ဝံပုလွေ လည်ပင်း အပေါ် ဖြတ်သန်းသွားတော့သည်။

သည့်နောက် ခေါင်းမပါသော ဝံပုလွေ အလောင်းကြီး မြေပြင်ပေါ် ပြုတ်ကျလာ၏။ ၎င်းထံ မချဉ်းကပ်မီတွင် ထွက်ပြေးနေသော လူငယ်က တုန်လှုပ်သွားပြီး ချက်ချင်း အနားရောက် လာတော့သည်။

“ သူငယ်ချင်း ... ဒါက မိုးပြာဝံပုလွေပဲ ... ။ ”

“ ဒါဆို မင်းယူလိုက်ပါ။ ”

လင်းယွန်က တည်ငြိမ်စွာဖြင့် သားရဲ အလောင်းမှ အဖြူရောင် သလင်းကျောက်ကို ထုတ်ယူပြီး ပြောလိုက်၏။

လူငယ်က အဖြူရောင် သလင်းကျောက်ကို မြင်ချိန်၌ အံ့ဩသွားပြီးနောက် ထွက်ခွာသွားရန် ပြင်နေသော လင်းယွန်နှင့် ကျိကျစ်ရှီထံ ပြန်လှည့်ကြည့်ကာ၊

“ သူငယ်ချင်း ... မင်းတို့ နှစ်ယောက် ... အသားစားဖို့ ... ဘာလို့ မနေကြတာလဲ။ ”

-ဟု ဖိတ်ခေါ်လိုက်တော့သည်။

လင်းယွန်က ကျိကျစ်ရှီနှင့် အကြည့်ခြင်း ဖလှယ်လျက်၊

“ ဒါက ဝမ်းသာစရာပါပဲ။ ”

-ဟု တုန့်ပြန်လိုက်လေသည်။

“ ဟား ဟား ဟား ... ဒီနေရာမှာတော့ မသင့်လျော်ဘူး တခြားသွားရအောင်။ ”

လူငယ်က ပြောသည်။ တစ်နာရီကြာ ပြီးနောက် လင်းယွန်မှ မီးကင်ပေးထားသော အသားကို ယူငင်စားသောက်လျက်၊

“ မင်း အသားကင်တာ ... ဒီလောက် ကောင်းလိမ့်မယ်လို့ ... မမျှော်လင့်ထားမိဘူး။ ”

-ဟု ချီးကျူးလာ၏။

ထို့နောက် စားသောက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်များ ပြောနေမိကြသည်။ လူငယ်၏ အမည်မှာ ဝူယုဟွာ ဖြစ်၏။

အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ကျော် ရှိသော်လည်း ရှိရင်းစွဲ အသက်ထက် ပို၍ နုပျိုနေခဲ့သည်။

“ မင်းတို့ ဘယ်ကလာတာလဲ။ ”

ဝူယုဟွာက မေးသည်။

“ ခွန်လွန် ... ။ ”

“ ခွန်လွန်လား။ ”

အဖြေကိုကြားချိန်၌ ဝူယုဟွာက အနည်းငယ်စဉ်းစားပြီးနောက် အံ့သြသွား တော့သည်။

“ အစ်ကိုဝူ ... မင်းခွန်လွန်ကို သိလို့လား။ ”

လင်းယွန်က မေးသည်။

“ ခွန်လွန်က နာမည်ကြီးတယ် ... ကောင်းကင်ဘုံ ပျက်စီးမြေကို လာတဲ့ လူတိုင်း ကြားဖူးကြတယ် ... နောက်ဆုံးတော့ ကောင်းကင်လမ်း ကိုးသွယ်က ...

... စကြာဝဠာ တစ်ခွင်မှာ ... များစွာ ကျော်ကြားခဲ့ဖူးတယ် ဒါပေမယ့် ကောင်းကင် လမ်းကို ဖြတ်တောက်လိုက်ပြီးတည်းက ခွန်လွန်က အထီးကျန်သွားပြီ၊ ...

... အရင်တုန်းကလည်း ခွန်လွန်ရဲ့ လူငယ်တွေ ဒီကိုလာခဲ့ကြသေးတယ် ဒါပေမယ့် ထူးခြားမှု သိပ်မရှိခဲ့ကြပါဘူး။ ”

ဝူယုဟွာ ပြောသောစကားသည် လေးနက်သည်ကို မြင်ပြီးနောက် လင်းယွန်က ပြုံးလိုက်မိသည်။

“ ကောင်းကင်ဘုံ ပျက်စီးမြေရဲ့ အကြောင်းကို ငါတို့ သိပ်မသိဘူး ... မင်းသိသမျှ ပြောပြနိုင်မလား။ ”

“ ဒါက အဆင်ပြေပါတယ် တကယ်တော့ မိုးပြာ ဝံပုလွေဟာ ရှားပါးတဲ့ ဂုဏ်ရည်နှစ်မျိုးပါ သားရဲတစ်ကောင်ပဲ ... သူ့ရဲ့ ကံကြမ္မာ အမြုတေမှာ လေနဲ့ရေခဲ ပါဝင်တယ်၊ ...

... ငါက ဒါကို အတည်ပြုဖို့ ကြိုးစား နေတုန်းမှာ မင်းတို့နှစ်ယောက်က ချက်ချင်း သတ်ပစ် လိုက်တာပဲ ... မင်းတို့လည်း ဒါကို မသိဘူး မဟုတ်လား။ ”

ဝူယုဟွာက အဖြူရောင် သလင်းကျောက် အပေါ် ရည်ညွှန်းခြင်း ဖြစ်သည်။ လင်းယွန်မှ ပြုံးရုံသာ ပြုံးပြီး ငြင်းဆန်ခြင်း မပြုချေ။

“ နတ်ဆိုး ကံကြမ္မာလား ... ဒါက အဖြူရောင် သလင်းကျောက် အကြောင်း ရည်ညွှန်းနေတာလား။ ”

မျက်နှာဖုံးအောက်မှ ဆည်းလည်းသံ ထွက်လာသဖြင့် ဝူယုဟွာက မျက်နှာ မမြင်ရ သော်လည်း ခဏတာ နစ်မျောသွား၏။

“ မှန်တယ် ... အဲဒီအမြုတေက ကောင်းကင်ဘုံ ပျက်စီးမြေရဲ့ ထူးခြားသော ကံကြမ္မာ တစ်ခုပဲ၊ နတ်ဆိုးသားရဲတွေကို သတ်ခြင်း၊ အပျက်အစီးများကို စူးစမ်း လေ့လာခြင်း ...

... ဒါမှမဟုတ် ရတနာနယ်မြေများ ရှာဖွေခြင်းစတဲ့ နေရာတွေကနေသာ ရရှိနိုင် ပါတယ် ... သူတို့က သူတော်စင်တာအိုကို သန့်စင်ပေးနိုင်တယ် ဒါပေမယ့် ...

... သာမာန် နတ်ဆိုးသားရဲတွေမှာ ထူးခြားတဲ့ အသွေးအသား မရှိရင် နတ်ဆိုး ကံကြမ္မာကို မပိုင်ဆိုင်နိုင်ဘူး ... ပြီးတော့ နတ်ဆိုးကံကြမ္မာကို ပမာဏ တစ်ခုထိ ...

... သန့်စင်ပြီးရင် ထပ်ပြီး သန့်စင်လည်း မထူးတော့ဘူး ... ဒါကြောင့် ပျက်စီးမြေတွေက ရတနာတွေ ... ရှားပါး အဖိုးတန် အသီးအနှံ တွေကို ပြောင်းလဲ စားသုံးဖို့ လိုအပ်တယ်။ ”

ဝူယုဟွာက ရှင်းပြသည်။

“ ဒါနဲ့ ... ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေးနတ်ဘုရားက တပည့်တွေ ရွေးချယ်တဲ့ အခါ စံနှုန်းတွေ ထားရှိလား။ ”

“ ရှိတယ် ... စည်းမျဉ်းက ရိုးရှင်းပါတယ် ဒီဒေသကို ကောင်းကင် လွင်ပြင်လို့ ခေါ်တယ်၊ လွင်တီးခေါင်း တစ်ခုပေါ့ သူ့ကို ဒေသကြီး ဆယ်ခု ပိုင်းခြားထားတယ် ...

... တစ်နှစ်အကြာမှာ ဒေသကြီး တစ်ခုစီအပေါ် ကိုယ်စားပြုမဲ့ တောင်ထိပ်တစ်ခု ပေါ်လာမယ်၊ ...

... တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ ကိုယ်စားပြု ဆယ်ဦးက နောက်ထပ် ရွေးချယ်မှု အဆင့် ဖြစ်တဲ့ ကျောက်စိမ်းမျှော်စင်ပွဲကို ပါဝင်ခွင့်ရမယ်၊ ...

... နောက်ဆုံးမှာတော့ လူငါးဦးကို ကျောက်စိမ်း မျှော်စင်ပွဲကနေ ... ရွေးချယ်ပြီး ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေးက တပည့်အဖြစ် ခေါ်သွားလိမ့်မယ်။ ”

ထို့နောက် ဤနေရာတွင် လူတိုင်း၏ အလားအလာကို ဖော်ဆောင်ရန် ရည်ရွယ်သည့် စမ်းသပ်ချက် အမျိုးမျိုးကိုလည်း ထပ်မံ ရှင်းပြလာသည်။

“ အချိန်တစ်နှစ်လား ... ။ ”

လင်းယွန်က မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုအဓိပ္ပါယ်ကို နားလည်သော ဝူယုဟွာက ပြုံး၏။

“ ဒီမှာ တစ်နှစ်ဟာ ပြင်ပကမ္ဘာရဲ့ နှစ်လနဲ့ ညီမျှတယ် ... ။ ”

“ အိုး ... နားလည်ပြီ။ ”

လင်းယွန်က ခေါင်းညိမ့်ပြ လိုက်၏။ ဝူယုဟွာသည် မိုးတိမ်နယ်မြေ ကောင်းကင်ဓား ခန်းမမှ လာခြင်း ဖြစ်သည်။

ကောင်းကင်ဓား ခန်းမသည် နာမည်ကြီးလှပြီး တန်ခိုးကြီးသော နတ်ဘုရား များစွာကို မွေးထုတ်ပေးနိုင်၏။

ခေတ်များစွာကို ဖြတ်ကျော်ကာ ဓားတာအိုတွင် ထိပ်တန်း (၁၀)နေရာ၌ အမြဲ ရပ်တည်ထားနိုင်သည်။

ထို့ကြောင့် ခေတ်တိုင်း၏ စွမ်းအားက ၎င်းတို့အပေါ် လွှမ်းခြုံထားကြောင်း ဂုဏ်ယူစွာ ပြောကြားလာ၏။

ခေတ်၏စွမ်းအား။ ဤသည်မှာ လင်းယွန်တို့အတွက် ဝေါဟာရအသစ် ဖြစ်ချေ၏။

“ ကောင်းကင်ဓားခန်းမက ... အရမ်း အစွမ်းထက်နေတာကို ... ဘာလို့ ဒီလာတာလဲ မင်းတို့မှာ နတ်ဘုရားတွေ ရှိတယ် မဟုတ်လား။ ”

လင်းယွန်က မရှင်းသေးချေ။

“ ဟမ့် ... ငါတို့ရဲ့ နတ်ဘုရားတွေ ဘယ်လောက် တန်ခိုးကြီးကြီး ကောင်းကင်ဘုံ ဖျက်ဆီးခြင်း ဘိုးဘေး နတ်ဘုရားကို မမီဘူး ... သူက ဘိုးဘေး အဆင့် ကျွမ်းကျင်သူပဲ ...

... မင်းတို့ ခွန်လွန်ရဲ့ နဂါးပြာ ဘိုးဘေး ဆိုရင်လည်း ဘိုးဘေးနယ်ပယ်ထဲမှာ ဖြစ်ခဲ့ပြီး စကြဝဠာတခွင်မှာ ကျော်ကြားပါတယ် ... ငါတို့ အားလုံးက ဒီကိုလာပြီး အခွင့်အလမ်းတွေ ရှာဖွေကြတယ် ...

... ကံကောင်းရင် ဒီမှာ တစ်နှစ်လောက် နေခြင်းက ပြင်ပကမ္ဘာရဲ့ နှစ်တစ်ရာ အကျိုး သက်ရောက်မှုမျိုး ရရှိနိုင်လိမ့်မယ်။ ”

ဝူယုဟွာက သူ သိသမျှကို လွယ်လွယ်ပင် မျှဝေပေးလာ၏။ ၎င်းအချက်အလက်များ အရ ဘိုးဘေး နတ်ဘုရား တပည့်ဖြစ်ရန် အပြင် သန်မာသော နတ်ဘုရားများ ဖြစ်လာရန် ဤအရပ်သို့ လာကြခြင်း ဖြစ်သည်။

“ ဘုံ ... ရန်သူဂိုဏ်းတွေ ရှိလား။ ”

“ ရှိတယ် ... ရှေးဟောင်း မိစ္ဆာတွေကို ကိုးကွယ်ကြတဲ့ ဘီလူးမျိုးနွယ်တွေ ... သူတို့က ကျူးကျော်မှုတွေ အကြိမ်ကြိမ် ပြုလုပ်တယ် ... စကြဝဠာကြီးရဲ့ ဘုံရန်သူပဲ ...

... ဒါ့ပြင် အစွမ်းထက် လွန်းတော့ သူတို့ကိုတိုက်ထုတ်ဖို့ ... နတ်မဟာမိတ် အဖွဲ့ကို အားကိုးခဲ့ကြရတယ်။ ”

ဝူယုဟွာ အသံက မကျေမနပ် ဖြစ်လာခဲ့သည်။ နတ်မဟာမိတ် အဖွဲ့ ဟူသည် စကြာဝဠာတွင် အပြင်းထန်ဆုံးသော အင်အားစု တစ်ခု ဖြစ်သည်။

အဖွဲ့ဝင်တိုင်း နတ်ဘုရားများ ဖြစ်၏။ သို့သော် ဖွဲ့စည်းပုံသည် အဆင့်များစွာဖြင့် ရှုပ်ထွေးချေပြီ။

“ ဝိညာဉ်နတ်မိစ္ဆာ မိသားစုကို ဘီလူးမျိုးနွယ်စုလို့ ... သတ်မှတ်ကြတာလား။ ”

“ ဟုတ်တယ် ... သူတို့ကိုယ်သူတို့ ဝိညာဉ် မျိုးနွယ်စုလို့ ခေါ်ကြပြီး နတ်မဟာမိတ် အဖွဲ့ကို ခြိမ်းခြောက်နိုင်တဲ့ နတ်ဘီလူး မျိုးနွယ်စု ဆယ်ပါးထဲက တစ်ခုပဲ။ ”

“ နားလည်ပြီ … ။ ”

လင်းယွန်က ပြန်ဖြေသည်။ မိုးပြာ ဝံပုလွေအသား ကုန်သွားသောအခါ ဝူယုဟွာက ပြုံးပြီး၊

“ မင်းတို့ သွားစရာနေရာမရှိဘူး ဆိုတာ ငါသိတယ် ... ကောင်းကင် ဓားခန်းမကို ဘာလို့ မလာရတာလဲ။ ”

-ဟု ဖိတ်ကြားလာခဲ့သည်။

ကျိကျစ်ရှီက ပြုံးပြီး၊

“ အစ်ကိုကြီးလင်း ကင်တဲ့ အသားကို စားချင်နေသေးတာလား။ ”

-ဟု နောက်ပြောင်လိုက်၏။

“ ဟား ... ဟား ... ဟား ... မိန်းကလေး ကျစ်ရှီက ထက်မြက်ပါပေတယ်။ ”

***

All Chapters