ခွန်အားအပေါ် သုံးသပ်ချက်။
Vol. 166 Ch. 2318
“ အစ်ကိုလင်း ... ဘယ်လိုသဘောရလဲ။ ”
ဝူယုဟွာက ဖိတ်ခေါ်၏။ လင်းယွန်က အနည်းငယ် စဉ်းစားပြီးနောက် ပြုံးလေသည်။
“ အကြောင်းရှိလို့လား။ ”
ဝူယုယွီက ခေါင်းညိတ်လိုက်ကာ၊
“ ရှိတယ် ... ကောင်းကင်ဘုံ လွင်ပြင်က ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး နှစ်တွေ ကြာလာတာနဲ့အမျှ ... ဝင်ရောက်လာကြတဲ့ နယ်ပယ် အသီးသီးရဲ့ အင်အားစုတွေက ...
... လွင်ပြင်ကို ဒေသကြီးတွေ ပိုင်းခြားလိုက်ကြတယ် ... အခု ငါတို့ဒေသကို မိုးတိမ်ဒေသလို့ သတ်မှတ်ထားတယ်၊ မိုးတိမ် နယ်မြေက အုပ်စိုးတယ် ...
... အခုချိန်က ပထမလဖြစ်တော့ လူတိုင်း နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖို့ အလုပ်များ နေကြတယ် ... ဒါကြောင့် မင်းတို့ အဆင်ပြေ နေသေးတယ် ...
... နောက်ဆုံးတော့ ဒီဒေသမှာ များပြားလှတဲ့ နတ်ဆိုးသားရဲ အရေအတွက်က လူတိုင်းအတွက် အမဲလိုက်ဖို့ လုံလောက်တယ် မဟုတ်လား ...
... ဒါပေမယ့် ... အချိန် ကြာလာတာနဲ့ အလွန်အကျွံ အမဲလိုက်ခြင်းက နတ်ဆိုးတွေ ရှားပါးလာလိမ့်မယ် ... ပြီးတော့ လူတိုင်း အတွက် ကန့်သတ်ချက်ကို ...
... ရောက်လာမယ် အဲဒီအချိန် အားလုံးက အပျက်အစီး နယ်မြေတွေဆီ ဦးတည်တော့မှာ ဖြစ်တဲ့အတွက် တိုက်ပွဲတွေ ရှိလာလိမ့်မယ်။ ”
ကျိကျစ်ရှီက မျက်နှာပြောင်း သွားပြီး၊
“ လူသတ်ခြင်းက ကြွယ်ဝမှုကို တိုးစေတယ်။ ”
-ဟု ရေရွတ်လိုက်သည်။
ဝူယုယွီက ပြုံးပြသည်။ မှတ်ချက် ဝင်မပေးချေ။ လင်းယွန်က မျှော်လင့်ထားပြီး ဖြစ်သောကြောင့် ငြိမ်သက်သွား၏။
“ ဒီဒေသကို မိုးပြာနယ်မြေရဲ့ အဓိက ဂိုဏ်းကြီးလေးဂိုဏ်းက ထိန်းချုပ်ထားတယ် ... ဒါကြောင့် မင်းမှာ ဂိုဏ်းမရှိရင် ခက်ခဲသွားမှာ သေချာတယ်။ ”
“ နင်က ငါ့အစ်ကိုကြီး လင်းကို ကောင်းကင်ဓား ခန်းမဆီ ဘာလို့ ဖိတ်ကြားချင် နေရတာလဲ။ ”
“ ဟား ဟား ဟား ... မင်းအစ်ကိုကြီး လင်းက အသားကင် ကျွမ်းသလို ထူးခြားတဲ့ ဓားသမားလည်း ဖြစ်တယ်။ ”
လင်းယွန်၏ အစောပိုင်း တိုက်ပွဲဝင်မှု ပုံစံကြောင့် ဝူယုဟွာက စိတ်ဝင်စား သွားခြင်း ဖြစ်သည်။
ထို့ကြောင့် ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်သောကြောင့် အစပိုင်းတွင် ချဉ်းကပ်ရန် မဝံ့ခဲ့ချေ။
သို့သော် စကားပြောပြီး နောက်တွင် လင်းယွန်သည် ထိုသို့သော လူ မဟုတ်သည်ကို နားလည်လိုက်၏။
“ ဒီကျေးဇူးကို ငါ မှတ်မိနေမှာပါ ဒါပေမယ့် အခုအချိန်မှာတော့ နတ်ဆိုးတွေကို အမဲလိုက်ဖို့ အာရုံစိုက်ချင်သေးတယ်။ ”
လင်းယွန်က ဝင်ပြောသည်။
“ မှန်တယ် ... ငါတို့ရဲ့ သူတော်စင် တာအိုတွေ တိုးတက်ဖို့လိုတယ် ... (၁၅)နေရင် ပြန်ဆုံရအောင် ငါလည်း အမဲလိုက်ရဦးမယ်။ ”
“ ကောင်းပြီ ... ဒါက အဆင်ပြေတယ်။ ”
လင်းယွန်က သဘောတူသည်။
“ ဒါဆို ကတိတစ်ခုပဲ ။ ”
ဝူယုဟွာက ပျော်ရွှင်သော အသွင်ဖြင့် ပြန်ပြောသည်။ တစ်ညတာ အနားယူပြီးနောက် လမ်းခွဲလိုက်ကြ၏။
“ အစ်ကိုဝူ ... တိမ်မိုးဝံပုလွေကို ဘယ်မှာ ရှာရမလဲ အသားက အရမ်းစားကောင်းတယ် နောက်ထပ် နည်းနည်းတော့ အမဲလိုက်ဖို့ စဉ်စားထားတယ်။ ”
“ မိုးပြာဝံပုလွေ အသိုက်က ... အရှေ့ မြောက်ဘက် မိုးပြာ ဝံပုလွေတောင်ကြားမှာ ရှိတယ် ... သူတို့ အသားက အမဲလိုက်ဖို့ ... မထိုက်တန်တဲ့ အတွက် ...
... ဘယ်သူမှ မသွားဘူး ... မိုးပြာဝံပုလွေတွေက မင်းကို အုပ်စုဖွဲ့ပြီး အယ်ဖာရဲ့ အာရုံစိုက် ခံရရင် ... အဆုံးမရှိ ဒုက္ခတွေ ဖြစ်လိမ့်မယ်။ ”
လင်းယွန်က ခေါင်းညိတ်ပြပြီး ထွက်ခွာသွားသော ဝူယုဟွာ ကျောပြင်ကို ငေးကြည့်နေမိသည်။
“ အစ်ကိုကြီးလင်း ... ငါတို့ သွားမှာလား။ ”
“ အင်း ... သွားမယ် အရင်က ကောင်းကင်လွင်ပြင် ဒေသအပေါ် ငါ နားမလည် ခဲ့ဘူး ... အခုတော့ ...
... စိုးရိမ်နေစရာ မလိုတော့ပါဘူး ... အဲဒီမိုးပြာဝံပုလွေတွေမှာ လေနဲ့ မိုးကြိုးတာအို ပါရှိတယ်။ ”
နှစ်ယောက်သား ခရီးဆက်ကြစဉ် လူပေါင်းများစွာဖြင့် ကြုံဆုံရသည်။ လူတိုင်းက အမဲလိုက်ရန်သာ အာရုံစိုက်ကြသဖြင့် ငြိမ်းချမ်းနေခဲ့သည်။
လေးနာရီအကြာတွင် မိုးပြာဝံပုလေွ တောင်ကြားသို့ ရောက်ရှိ လာခဲ့သည်။ ဝူယုယွီ ပြောသလိုပင် ဤနေရာ၌ မည်သူမျှ မရှိချေ။
တောင်ကြား အနှံ့ ထူးထူးခြားခြား ပန်းပင်များစွာ ပေါက်ရောက်နေသည်။ မိုးပြာ ဝံပုလွေ (၃၀၀)ခန့်က သူတို့ကို ဝိုင်းလာ၏။
ဆွတ်ဆွတ် ဖြူနေသော ဝံပုလွေ တစ်ကောင်က တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ကာ ကြည့်နေခဲ့သည်။ ၎င်းရောင်ဝါသည် ကောင်းကင်ကို နီညိုရောင် ဖြစ်စေ၏။
“ နတ်ခန္ဓာ နှစ်ကောင် ... မင်းတို့ကို ငါရနံ့ရပြီးသားပါ မင်းတို့ မလာရင် လိုက်ရှာဖို့ ဆုံးဖြတ်ထားတယ်။ ”
အယ်လ်ဖာ ဝံပုလွေက လင်းယွန်နှင့် ကျိကျစ်ရှီထံ ကြည့်ကာ လောဘမျက်ဝန်းဖြင့် ပြောကြားလာသည်။
မိုးပြာဝံပုလွေသည် ဝူယုဟွာအပေါ် တိုက်ခိုက်နေရာမှ အဘယ်ကြောင့် သူတို့ထံ လှည့်ပြေးလာ ခဲ့သည်ကို လင်းယွန်က နားလည်လိုက်သည်။
နတ်ခန္ဓာသည် သူတို့ကို ဆွဲဆောင်၏။ ဤမျှများပြားသော အခင်းအကျင်းကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် ကျိကျစ်ရှီက အနည်းငယ် ထိတ်လန့်နေသည်။
လင်းယွန်က ပြုံးပြီး၊
“ သားကောင်က ဘယ်သူလဲ ဆိုတာ မသေချာသေးပါဘူး။ ”
-ဟု ပြန်ပြောလိုက်၏။
“ ဟမ့် ... ဘယ်လိုတောင် မိုက်မဲလိုက်တဲ့ လူသားလဲ .... မင်းတို့ နှစ်ကောင်က ငါ့ပြိုင်ဘက် အဆင့် မဟုတ်သေးပါဘူး။ ”
ဤလူနှစ်ဦးသည် နတ်ခန္ဓာကို ပိုင်ဆိုင်ထားသော်မှ သူ့မျက်လုံးထဲ၌ အားနည်း နေသေး၏။
“ သူတို့ကို သတ် ... ။ ”
“ အု ... ဝူး ... ။ ”
မိုးပြာ ဝံပုလွေများသည် သူတော်စင် နယ်ပယ်တွင် ရှိကြပြီး ဉာဏ်ရည် မြင့်မားသူများ ဖြစ်သည်။ အမိန့်ကို ရရှိသည်နှင့် အော်ဟစ်ကာ သူတော်စင် တာအိုများ ထုတ်လိုက်ကြ၏။
“ စိတ်ဝင်စားစရာပဲ။ ”
လင်းယွန်က ပြုံးလိုက်သည်။ သူ့ကျင့်ကြံမှုသာ နိမ့်ပါးနေပါက ထိုတာအိုများ ဖြင့်ပင် ဆုပ်ဖြဲခံလိုက်ရမည် ဖြစ်သည်။
ထို့နောက် ဓားသုတ္တန် နှစ်ပါးကို ဖြန့်ကျက်ကာ ဓားရည်ရွယ်ချက်နှင့် ရောင်ဝါ ပေါင်းစပ်ပြီး ကွဲလွဲနေသော အာကာပြင်အပေါ် ပိတ်ဆို့ တည်ငြိမ်စေမိ၏။
“ မင်းနဲ့ အရင် စလိုက်ရအောင် ... ။ ”
လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက် အနီးဆုံးသော မိုးပြာဝံပုလွေထံ လှည့်ကြည့် လိုက်လေသည်။
ကြောက်မက်ဖွယ်ရာ အအေးဓာတ်က အကြည့်ခံရသည့် မိုးပြာဝံပုလွေကို ကြောက်ရွံ့ တုန်လှုပ် သွားစေသည်။
“ ဝှစ် ... ။ ”
ထိုဝံပုလွေက ပြန်လည် ဆုတ်ခွာလို သော်လည်း ရွှေရောင် လက်သီးတစ်လုံးက သူ့ဦးခေါင်းပေါ် ကျရောက်လာပြီ ဖြစ်သည်။
မိုးပြာဝံပုလွေ ဦးခေါင်းသည် ဘုန်းဝိညာဉ် သူတော်စင် လက်ရာနှင့် ညီမျှသော မာကျောမှု အရှိဆုံး အစိတ်အပိုင်း ပေပင်။
“ ဘောင်း ... ။ ”
သို့သော် ဓားရည်ရွယ်ချက်က ထိုးဖောက် ချေမွပစ်၏။ သည့်နောက် နီးစပ်ရာ ဝံပုလွေ သုံးကောင်ထံ ရွေ့လျား လိုက်သည်။
အသက်တရှိုက်စာအတွင်း ဝံပုလွေ အလောင်း လေးလောင်း မြေပြင်ပေါ် ပြုတ်ကျ လာ၏။
ကျိကျစ်ရှီက ထိတ်လန့် သွားသည်။ ဖီးနစ်သွေး နိုးကြားလာ ပြီးနောက် လင်းယွန်၏ ခွန်အားကို မြင်နိုင်မည်ဟု သူမ ထင်ခဲ့မိ၏။
သို့သော် သူမ၌ တိုးတက်ရန် လိုနေသေးပုံ ရသည်။ ဤကာလအတွင်း အစ်ကိုကြီးလင်းမှာ အဖေနှင့် မည်မျှ လေ့ကျင့်ခဲ့သည် မသိချေ။
“ အု ... ဝူး ... ။ ”
အတွေးများကို အနှောင့်အယှက် ဖြစ်စေသော ဟောက်သံတစ်သံ ပဲ့တင်ထပ် လာပြီး ဝံပုလွေတစ်ကောင်က အားအပြည့်နဲ့ ရူးကြောင်ကြောင် ပြေးဝင်လာသည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က နတ်အလင်းဓား ရည်ရွယ်ချက်ကို ထုတ်လွှတ်လျက် ရယ်မော နေခဲ့သည်။ ထို့နောက် မိုးပြာဝံပုလွေ အလောင်းများ ထပ်ကုန်၏။
“ ဒါက ဒုက္ခပဲ ။ ”
အဆုံးမဲ့ အကောင်ရေ များကြောင့် ရန်ပွဲအပေါ် ငြီးငွေ့လာကာ နဂါးနေမင်းနှင့် လတံဆိပ်ကို ပုံဖော်မိ၏။
ကြယ်ဓားနှစ်လက်က ကြက်သွေးရောင် ဖဲကြိုးသုံးထောင် အဖြစ် ဖြာထွက်သွားသည်။
“ အနန္တ ဓားများ ပေါင်းစည်းခြင်း ... ။ ”
လက်ကို ဝှေ့ယမ်းလိုက်စဉ်၊ ဖဲကြိုး သုံးထောင်က ကောင်းကင်ပေါ် ထိုးတက်သွား နေရာမှ သက်တံအလား ပြန်လည် ဆင်းသက်လာတော့သည်။
ကောင်းကင် နိဗ္ဗာန် နယ်မြေတွင် ဤတိုက်ပွဲဝင်ပုံစံကို အသုံးပြုပြီး ကတည်းက ဓားကျမ်းနှင့် ပေါင်းစပ်ကာ ကျွမ်းကျင်စေ ခဲ့မိသည်။
ယခု ကျင့်ကြံမှုသည် ပိုမို မြင့်မားလာ ပြီးနောက် ဖဲကြိုးတစ်သောင်းကို ခေါ်ယူနိုင်ပြီ ဖြစ်၏။
ထို့အပြင် ဖဲကြိုးများကို အတွေး တစ်ချက်တည်းဖြင့် ထုတ်လွှတ်နိုင်ပြီး အရမ်း မြန်နိုင်ပေ၏။
“ စွပ် ... ။ ”
ရှေ့ဆုံးမှ မိုးပြာဝံပုလွေ တစ်ကောင်က အန္တရာယ်ကို သတိပြုမိသောအခါ လှည့်ပြေးရန် ပြင်လိုက်သော်လည်း မြေပြင်ပေါ်တွင် သံမှိုစွဲ သကဲ့သို့ ဖဲကြိုးတစ်စက ဖောက်ဝင်လာသည်။
“ အု ... ဝူး ... ။ ”
များမကြာမီ မြေပြင်၌ မိုးပြာဝံပုလွေ အလောင်းများဖြင့် ပြည့်ကျပ်ကာ အော်ဟစ် မြည်ကျွေးသံများ ဆူညံနေ၏။
“ အယ်လ်ဖာ ... ငါလာပြီ ... ။ ”
လင်းယွန်က ရင်ဘတ်ထဲမှ ပန်းသင်္ချိုင်းဓားကို ဆွဲထုတ်ကာ အယ်လ်ဖာ ဝံပုလွေထံ ပျံသန်းလိုက်သည်။
အယ်လ်ဖာ ဝံပုလွေသည် ဆဋ္ဌမအဆင့် သူတော်စင် သခင် ဖြစ်၏။ အရေးအကြီးဆုံးမှာ သောင်းနှင့်ချီသော သူတော်စင် တာအိုများ ဆုပ်ကိုင်ထားခြင်း ပေပင်။
၎င်းနှင့် နှိုင်းယှဉ်ပါက လင်းယွန်၏ ဓားတာအိုသည် ပံ့ပိုးမှုတာအို နှစ်ရာခန့်သာ ရရှိထားသေးသည်။
“ မင်း သေချင်နေတာပဲ။ ”
ယင်းကို သတိထားမိသည့် အယ်လ်ဖာ ဝံပုလွေက လှောင်ပြောင်လျက် လေထဲခုန်တက် လာတော့သည်။
သည်မျှ သေးငယ်သော လူသားသည် ဤဘုရင်ကို စိန်ခေါ်ရန် ခွန်အားများ မည်သည့် အရပ်မှ ရနေသနည်း။
“ နိဗ္ဗာန် ... ။ ”
တစ်ဖက်တွင် လင်းယွန်က အယ်လ်ဖာ ဝံပုလွေနှင့် စကားပြောရန် စိတ်မ၀င်စားနိုင်ဘဲ ပန်းသင်္ချိုင်းကို လွှဲလိုက်ရသည်။
ပန်းသင်္ချိုင်းက အယ်ဖာဝံပုလွေ၏ လည်ပင်းကို ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာ တစ်ခု ကျန်ရစ်စေခဲ့သည်။
မျက်နှာချင်းဆိုင် ပြေးဝင်နေလျက်မှ အယ်လ်ဖာလည်ပင်းတွင် သွေးများ စိမ့်ထွက် လာပြီး အတိတ်နှင့် ပစ္စုပ္ပန် ထပ်နေကာ လင်းယွန်ပုံရိပ် ပြန်ဆုတ်သွား၏။
“ ဗြိ ... ။ ”
ပြင်းထန်သော လက်သည်း ကုပ်ချက်က လင်းယွန်၏ ရင်ခွင်ကို ဆုတ်ဖြဲလျက် ဆံပင်များ ဖြတ်တောက် သွားသည်။
နဖူး၌ ချွေးသီးများ သီးလာပြီး လင်းယွန်တစ်ယောက် နွမ်းလျယိမ်းထိုးသွား တော့၏။
အကယ်၍သာ အယ်လ်ဖာ ဝံပုလွေသည် ဆက်လက် တိုက်ခိုက် နိုင်ခဲ့ပါက ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
သို့သော် အယ်လ်ဖာဝံပုလွေမှာ ခေါင်းပြတ်နေပြီ ဖြစ်သည်။ ဤအခွင့်အရေးကို မယူနိုင်တော့ချေ။
“ ရွှပ် ... ။ ”
ပန်းသင်္ချိုင်းကို လေထဲလွှတ်ခါလျက် မြေပြင်ပေါ် ဖြည်းညှင်းစွာ ဆင်းသက်လိုက် လေသည်။
“ ဝှီး ... ။ ”
ပန်းသင်္ချိုင်းက အလင်းတန်း အဖြစ် ပြောင်းလဲသွားကာ သူ့ရင်ဘတ်ထဲ ပြန်ဝင်သွား တော့၏။
လှည့်ကြည့်လိုက်ချိန်၌ ဝံပုလွေများ အားလုံးအသတ်ခံရပြီး မြေပြင်၌ သေဆုံးကုန်ပြီ ဖြစ်သည်။ တောင်ကြား တစ်ခုလုံး တိတ်ဆိတ် သွား၏။
နတ်ဆိုး ကံကြမ္မာများ လေထဲ လွင့်မျောလျက် လင်းယွန် တစ်ယောက် အတွေးထဲ နစ်မျောသွားသည်။
ဓားတာအို သို့မဟုတ် နတ်အလင်းဓား ကိုသာ အားကိုးပါက အယ်လ်ဖာ ဝံပုလွေနှင့် အကြိမ်ပေါင်း ထောင်ချီသော လှုပ်ရှားမှုများ လဲလှယ်ရန် လိုအပ်ပေမည်။ သို့တိုင် နိုင်ရန် မသေချာချေ။
အဘယ်ကြောင့် ဆိုသော် အယ်လ်ဖာဝံပုလွေတွင် မြောက်များစွာသော သူတော်စင် တာအိုနှင့် ခွန်အားများ ရှိချေ၏။
နိဗ္ဗာန်တာအို ကြောင့်သာ ဤအမှုကို ဓားတစ်ချက်တည်းဖြင့် ပြီးမြောက်ခြင်း ဖြစ်လေ သည်။ သို့သော် နိဗ္ဗာန်တာအို အသုံးပြုခြင်းမှာ အန္တရာယ်များချေ၏။
အနည်းငယ် လွဲချော်ရုံဖြင့် အယ်လ်ဖာ ဝံပုလွေ လက်သည်း ကုတ်ခြစ်မိကာ နတ်ခန္ဓာ ကွဲသွားပေလိမ့်မည်။ ဆိုလိုသည်မှာ မသတ် နိုင်သော် သေနိုင်၏။
“ ငါ ... ပိုသန်မာဖို့ လိုနေပြီ။ ”
“ အစ်ကိုကြီး လင်း ... နတ်ဆိုး ကံကြမ္မာတွေ အများကြီးပဲ ... ။ ”
ကျိကျစ်ရှီက စိတ်လှုပ်ရှားစွာ အော်ပြောလာ၏။ လင်းယွန် တစ်ယောက် အသိ ပြန်ကပ်လာပြီး ခေါင်ညိမ့်ပြလိုက်တော့သည်။
“ သိမ်းယူရအောင် ... ဝူယုဟွာ အဆိုအရ ... သူတို့က အသုံးဝင်လိမ့်မယ် ဒါပေမယ့် ဝံပုလွေ အသားကိုတော့ အများကြီး မယူနဲ့ ... ငါတို့ မစားနိုင်ဘူး။ ”
***