သွေးမြူစိမ့်တော ... ။
Vol. 166 Ch. 2320
“ တောင်းပန်ပါတယ် ... ။ ”
ချန်ကျွင့်နှင့် ရှလောတို့က ဝန်လေးသောအသွင်ဖြင့် တောင်းပန်စကား ဆိုလိုက်ကြသည်။
“ ဟမ့် ... ။ ”
ကျိကျစ်ရှှီက နှာခေါင်းရှုံ့လျက် နှစ်ယောက်လုံးအပေါ် လျစ်လျူရှုကာ ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။
လင်းယွန် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး ဝူယုဟွာထံ လှည့်ကြည့်၏။ လင်းကျန်းရှန့်က လင်းယွန်တို့ထံ ကြည့်ကာ၊
“ မင်းတို့နှစ်ယောက်က ဝုယုဟွာနဲ့ သွေးမြူစိမ့်တောထဲကို လိုက်လာနိုင်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ သွေးမြူ စိမ့်တော ... ။ ”
“ စိတ်မပူပါနဲ့ ... မင်းတို့က နတ်ဆိုး ကျင့်ကြံသူတွေ မဟုတ်သရွေ့ ကောင်းကင်ဓား ခန်းမက ကူညီမှာပါ၊ လောလောဆယ် လမ်းကို စူးစမ်းရဦးမယ် ဆိုတော့ ... မင်းတို့ ဒီမှာ နေနိုင်တယ်။ ”
လင်းကျန်းရှန့်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး စခန်းတွင်းမှ ထွက်ခွာသွားတော့သည်။
“ ညီအစ်ကိုလင်း ... ငါနဲ့လိုက်ခဲ့ ... မင်းတို့နှစ်ယောက် အတွက် တဲတစ်လုံး စီစဉ် ပေးမယ် ... ။ ”
လင်းယွန်နှင့် ကျိကျစ်ရှီကို ရွက်ဖျင်တဲ အလွတ်တစ်လုံးထံသို့ ခေါ်ဆောင်လာလျက်မှ ဝူယုဟွာက ပြုံးရွှင်ကာ ပြောသည်။
ချန်ကျွင့်နှင့် ရှလော မျက်နှာမှာ ချက်ချင်း အေးစက်သွား၏။ ရှလောသည် ရုပ်ရည် အသွင် အပြင်ကြောင့် ကောင်းကင်ဓားခန်းမ၌ လူကြိုက်များသည်။
“ ဂုဏ်ယူစရာ ဘာရှိလဲ ... မျက်နှာတောင် မပြရဲတာ ရုပ်ဆိုးလို့ပေါ့။ ”
ထို့ကြောင့် ကျိကျစ်ရှီကို မနာလိုဖြစ်ကာ ကျောပြင်ထံ ကြည့်ပြီး နှာခေါင်းရှုံ့ လိုက်သည်။ တပည့်ငယ်များက သူမကို နှစ်သိမ့်ပေးရန် ရောက်ရှိလာ၏။
“ အစ်ကိုကြီး ... ငါတို့ ဒီကိစ္စကို ... လွယ်လွယ်နဲ့ ထားလို့ မရဘူး ... ။ ”
ရှလောက ချန်ကျွင့်ထံ ကြည့်လိုက်သည်။ ချန်ကျွင့်က တည်ငြိမ်စွာဖြင့်၊
“ သဘာဝအတိုင်း လွယ်လွယ်နဲ့ ... ထားလိုက်လို့ မရပါဘူး ဒါပေမယ့် ခေါင်းဆောင် လင်းက သူတို့ကို ကာကွယ် ပေးနေတာမို့ ... လောလောဆယ် သည်းခံပါ။ ”
သူ ခံစားခဲ့ရသည့် အရှက်တရားများကို ပြန်သတိရလာချိန်၌ အေးစက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။
“ သူတို့က နည်းနည်းလောက် ... စွမ်းဆောင်နိုင်ရင် ကောင်းပါတယ် ဒါပေမယ့် လူရိုင်းလေးတွေက ဘယ်လောက်များ တက်စွမ်းမှာမို့လဲ။ ”
-ဟု စကားကို အဆုံးသတ် လိုက်တော့သည်။
ထိုအချိန်တွင် ဝူယုဟွာက ပြုံးပြီး၊
“ အစ်မလင်းက တပည့်ကြီးဖြစ်ပြီး ... ငါတို့က သူ့ကို ခေါင်းဆောင်လို့ ခေါ်လေ့ရှိတယ်၊ သူမက ကောင်းကင်ဘုရင်ဓား အပေါ် ကောင်းကောင်း နားလည်ထားတယ်။ ”
-ဟု မိတ်ဆက်ပေးလာသည်။
လင်းယွန်က ခေါင်းညိတ်လျက်၊
“ သူမက တကယ့်ကို ထူးထူးခြားခြားပါပဲ။ ”
-ဟု မှတ်ချက်ပေး လိုက်သည်။
“ ခေါင်းဆောင်က ... အခုမှ အသက် (၃၅) နှစ်ပဲ ရှိသေးတယ် အမည်ခံ နတ်အလင်းဓားကို နားလည်နေပြီ ... အနှစ်တစ်သောင်းအတွင်း မိုးတိမ်နယ်မြေရဲ့ အသန်မာဆုံး ပါရမီရှင်ပဲ ...
... သူမ ဆန္ဒကြောင့်သာ မဟုတ်ရင် ဟိုးအရင်ကတည်းက ဌာနချုပ်ကို ရောက်သွား ပြီးနေပြီ။ ”
ဝူယုဟွာက လင်းကျန်းရှန့် အကြောင်း ပြောသည့်် အခိုက်တွင် ချီးမွမ်းခြင်းများဖြင့် ပြည့်နှက် နေခဲ့သည်။
အမည်ခံ နတ်အလင်း ဓားရည်ရွယ်ချက်။ ၎င်းသည် နှစ်တစ်သောင်းအတွင်း အသန်မာဆုံး ပါရမီရှင် ဖြစ်စေသည်လော။ လင်းယွန်က ပြုံးသည်။
“ ဟမ့် ... ဒါနဲ့ သွေးမြူစိမ့်တော ဆိုတာ ဘာလဲ။ ”
“ ရှေးဟောင်း အပျက်အစီးတွေ ... အများကြီးရှိတဲ့ တောအုပ်တစ်ခုပဲ အလယ်မှာ အုပ်စိုးရှင် အထိမ်းအမှတ် ကျောက်တိုင် တစ်တိုင်ရှိတယ် ...
... နားလည် သဘောပေါက်ရင် အုပ်စိုးရှင် သူတော်စင်တာအိုကို ရလိမ့်မယ် ကံကောင်းရင် ဘဝတာအို သစ်သီးကို သူ ထုတ်ပေးတယ်၊ ဒီကျောက်တိုင်က အနှစ် ငါးထောင်မှာ တစ်ကြိမ်သာ ထွက်ပေါ်တတ်ပြီး၊ ...
... ဒီတစ်ကြိမ် ပေါ်လာမယ်လို့ တွက်ဆထားတယ်၊ ဒါကြောင့် ခေါင်းဆောင်က သဘာဝအတိုင်း အလွတ် မပေးနိုင်ဘူး ... ဒါပေမယ့် ခရီးက အန္တရာယ်များတယ် ...
... မင်းတို့တွေက ကောင်းကင်ဓားခန်းမနဲ့ လိုက်ခြင်းက ဒုက္ခအများကြီးကနေ ရှောင်လွှဲနိုင် ပါလိမ့်မယ်။ ”
ဝူယုဟွာက ရှင်းပြသည်။ ထိုစကားကို ကြားပြီး လင်းယွန် တစ်ယောက် ချက်ချင်း အတွေးတစ်ခု ဝင်လာ၏။
“ အုပ်စိုးရှင် တာအို ... ဒါဆို ဓားတာအိုကို နားလည်နိုင်မလား။ ”
ကျိကျစ်ရှီက မေးသည်။
“ မှန်တယ် ဒါက မင်းတို့ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းပဲ နတ်ဆိုးသားရဲတွေရဲ့ အသား စားရုံနဲ့ အုပ်စိုးရှင်တာအိုတွေက မတိုးနိုင်ဘူး။ ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုဝူ ... ။ ”
ကျိကျစ်ရှီက ပြုံးလိုက်သည်။ ဤသည်မှာ လင်းယွန်ကိုယ်စား ပြောကြားပေးခြင်း ဖြစ်၏။
“ မင်းစကားတွေက နားဝင်ချိုတယ် ဟား ဟား ဟား ... ဒီမှာ။ ”
ဝူယုဟွာက သူတို့ရှေ့မှ တဲကို ညွှန်ပြကာ ရယ်လေသည်။ ထို့နောက် ဆုတံဆိပ် နှစ်ခုကို ပေးအပ်ပြီး၊
“ ဒါက မင်းတို့ရဲ့တဲပဲ ... ဘယ်သူမှ မနှောင့်ယှက်စေရဘူး ... တဲကို လျှော့မတွက် ပါနဲ့ ... အပြင်ဘက်ကနေ ကြည့်ရင် သေးငယ် ပေမယ့် အတွင်းမှာတော့ ကျယ်ပါတယ် ... လိုအပ်ရင် ခေါက်သိမ်းလို့ရတဲ့ ရိုးရှင်းတဲ့ လျှို့ဝှက်နယ်မြေတစ်ခုပဲ။ ”
လင်းယွန်နှင့် ကျိကျစ်ရှီက ခေါင်းငြိမ့်ကာ ရွက်ဖျင်တဲထဲသို့ ဝင်လိုက်သည်။ အတွင်းတွင် အိုင်းရစ် နယ်မြေထက် သေးငယ်သော်လည်း နှစ်ယောက် နေထိုင်ရန် လုံလောက်ပေ၏။
ဝိညာဉ်ရေး သွေးပြန်ကြော တစ်ခုနှင့် ကိုယ်ခံပညာများ လေ့ကျင့်ရန် ရည်ရွယ်သည့် နေရာတစ်ခုပင် ရှိနေသေးသည်။
“ အစ်ကိုဝူက ငါတို့အတွက် တော်တော် ကောင်းတယ်။ ”
ကျိကျစ်ရှီက ပြောသည်။
“ ဟုတ်တယ် ... သူက လူကောင်းပဲ။ ”
လင်းယွန်က ပြုံးလိုက်၏။
နှစ်နာရီကြာပြီးနောက် လင်းယွန် မျက်လုံးများ ဖွင့်လာ၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် နဝမအဆင့်သို့ ရောက်ရှိလာပြီး၊ တော်ဝင်ဓားကျမ်းသည် ဆဋ္ဌမအဆင့် ရောက်ရှိ နေပြီဖြစ်သည်။
ကျင့်ကြံမှုတွင် ရပ်တန့်သွားပြီ ဖြစ်သဖြင့် သဘာဝအတိုင်း သွေးမြူစိမ့်တောရှိ အုပ်စိုးရှင် ကျောက်တိုင်သို့ သွားရပေသည်။
ခဏအကြာတွင် နဂါးနေလ တံဆိပ် ထုတ်ဖော်လျက် ဖဲကြိုးသုံးထောင်ကို ဆင့်ခေါ် လိုက်မိသည်။
လက်ညှိုး ထိပ်ဖျားကို ကိုက်ကာ ဖဲကြိုးပေါ်တွင်သွေးဖြင့် ရူရ်များ ရေးထိုးမိ၏။ ဤသည်မှာ နဂါးသွေးများ ဖြစ်ချေပြီ။
အချိန်အတော်ကြာပြီးနောက် မောပန်း နွမ်းနယ်လာသဖြင့် ရပ်နားလိုက်ရသည်။ ဘေးမှ လှည့်ကြည့်မိသော ကျိကျစ်ရှီက ထိတ်လန့် သွားတော့၏။
“ အစ်ကိုကြီးလင်း ဘာလုပ်နေတာလဲ။ ”
“ နတ်ရူရ်ရေးနေတာ ... ။ ”
လင်းယွန်က ပြန်ဖြေသည်။
“ နတ်ရူရ် ဆွဲနေတာလား ... ။ ”
ကျိကျစ်ရှီက အံ့သြသွား၏။
“ အတိအကျ ပြောရမယ် ဆိုရင် ... မိုးပြာနဂါးဓား နတ်ရူရ်ပဲ ... မရေမတွက်နိုင်တဲ့ ရှေးခေတ် သိုင်းပညာရပ်တွေကို ငါ ဖတ်ပြီးပြီ၊ သူတို့မှာ သူတော်စင် ရူရ်တွေနဲ့ ဖြစ်စဉ်တွေပဲ ရှိတယ် ... နတ်ရူရ်တွေ မရှိသေးဘူး။ ”
သူသည် နတ်ဘုရားအဆင့် ဝိညာဉ်ရေးရာ ဆရာသခင် မဟုတ်သည့် အတွက် စစ်မှန်သော နတ်ရူရ်ကို ရေးမထိုး နိုင်သော်လည်း သူ့နတ် ခန္ဓာတွင် ဖြစ်ပေါ်နေသော မိုးပြာနဂါး နတ်ရူရ်ကို ပုံတူကူးယူနိုင်မည်။
“ နားလည်ပြီ ... ကူညီပေးပါရစေ။ ”
“ မင်း ဘယ်လိုလုပ် ကူညီနိုင်မှာလဲ ... ဘေးနားမှာပဲ စောင့်ကြည့်ပါ။ ”
လင်းယွန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ ဘာလို့ မကူညီနိုင်ရမှာလဲ ... ၊ နဂါးနေမင်းနဲ့ နဂါးလမင်း တံဆိပ်က ယင်-ယန်ကို ကိုယ်စားပြုတယ်။ ”
ကျိကျစ်ရှီက ဒေါသတကြီး ပြော၏။ လင်းယွန်တစ်ယောက် အံ့အားသင့်သွားပြီး၊
“ မင်းမှာ ဖီးနစ်နတ်ရူရ် ရှိတာလား။ ”
“ မှန်တယ် ... ။ ”
ကျိကျစ်ရှီက ခေါင်းညိမ့်သည်။
“ မင်းက တကယ့်ကို နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့တာပဲ ... ကောင်းပြီ မင်းငါ့ကို ကူညီနိုင်တယ်။ ”
လင်းယွန်က ဖဲကြိုးများ ပြန်လည် ထုတ်ဖော်ကာ နတ်ရူရ်များ ရေးထိုးရန် ပြင်ဆင် တော့၏။
မိုးပြာနဂါး နတ်ရူရ် သုံးထောင်၊ ဖီးနစ်နတ်ရူရ် သုံးထောင်နှင့် ဓားနတ်ရူရ် သုံးထောင် ရေးထွင်းရန် ပိုင်းခြားလိုက်သည်။
နတ်ရူရ်များ ရေးထိုးခြင်းသည် ပျင်းစရာ ကောင်းသောလုပ်ငန်းစဉ် ဖြစ်သဖြင့် ကျိကျစ်ရှီ ခမျာ ညည်းငွေ့သွားသည်။ သို့သော် အနားယူရန် ငြင်းဆိုကာ ဆက်တိုက် လုပ်ဆောင်ပေးနေခဲ့၏။
“ အစ်ကိုကြီးလင်း ... အုပ်စိုးရှင် ကျေက်တိုင်ကို သွားမှာ မဟုတ်လား ... မိုးပြာ ဝံပုလွေ တောင်ကြားတုန်းမှာ ကျိရှီက မကူညီ နိုင်ခဲ့ဘူး၊ အခုက ရှားရှားပါးပါး အခွင့်အရေး တစ်ခုမို့ လုပ်ခွင့်ပြုပါ။ ”
သူမ၏ အပြုအမူများက လင်းယွန်ကို ထိမိသွားစေ၏။ ဤအရာသည် ကောင်းကင်ဘုံ လွင်ပြင်၌ သူမကို ကောင်းစွာ ကာကွယ်ရ မည်ဟု စိတ်ပိုင်းဖြတ် မိစေသည်။
ငါးရက်အကြာတွင် နတ်ရူရ်များ ရေးထိုးခြင်း ပြီးဆုံးသွားကာ အနားယူနေမိ၏။ ရက်အနည်းငယ် ကုန်လွန်ပြီးနောက် လင်းကျန်းရှန့် ပြန်ရောက်လာသည်။
“ ကောင်းကင်ဘုံ လွင်ပြင်က နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ဖွင့်ပေးပြီး ဒီအချိန် အတွင်းမှာ မြေမျက်နှာသွင်ပြင်က ပြောင်းလဲ သွားလိမ့်မယ် ...
... ဒါကြောင့် တိကျတဲ့ မြေပုံတွေ မရှိဘူး၊ လူတိုင်းက ဘယ်ဒေသမဆို မသွားခင် အခုလို စူးစမ်းရမယ်။ ”
ဝူယုဟွာက ရှင်းပြလာသည်။
“ ညီအစ်ကိုလင်း ... မင်းအသားအရေက ဖြူဖပ်ဖြူလျော်နဲ့ မကောင်းဘူး ... ဒီရက်တွေမှာ မင်းဘာလုပ်နေတာလဲ။ ”
-ဟု စူးစမ်းလာ၏။ နတ်ရူရ် ရေးထိုးခြင်းသည် သွေးသားစွမ်းအင်များ လွန်စွာ ကုန်ဆုံးစေသည်။
“ အိုး ... ငါသိပြီ ... ဒါပေမယ့် တချို့ အချိန်တွေမှာ ငါတို့ ယောကျ်ားတွေက ထိန်းချုပ် ထားသင့်တယ်။ ”
လင်းယွန် ပြန်မဖြေခင် ဝူယုဟွာက သူ့အမြင်ကို ထုတ်ပြောလာသည်။ ထို့ကြောင့် ကျိကျစ်ရှီမှ ရှက်ရွံ့စွာ ခေါင်းငုံ့သွား၏။
“ ခေါင်းဆောင်ကို သွားတွေ့ရအောင် ... ငါတို့ ဒီနေ့ထွက်မယ်။ ”
လမ်းတစ်လျှောက်တွင် ကောင်းကင်ဓား ခန်းမ၏ တပည့်များက တဲများကို ထုပ်ပိုးနေ ကြသည်။
လင်းကျန်းရှန့်က ကောင်းမွန်သော နေရာတစ်ခုတွင် မတ်တပ်ရပ်ကာ ရွက်ဖျင်တဲ ထုပ်ပိုးခြင်းကို စောင့်ကြည့်ပြီးနောက်၊
“သွားကြရအောင် ... ။ ”
-ဟု ပြောကြားလိုက်သည်။
ကောင်းကင်ဓားခန်းမ၏ တပည့်များက နတ်ဆိုး သားရဲများထံ ပြေးဝင်ကြ သောကြောင့် အကြိမ်များစွာ လင်းကျန်းရှန့်က ကူညီရ၏။
သူမ ဓားတွင် သူတော်စင် တာအို နှစ်သောင်းရှိသည်။ ထိုမြင်ကွင်းကြောင့် သူမကို လျှော့တွက်ထားခဲ့မိကြောင်း လင်းယွန် သိလိုက်၏။
ခုနစ်ရက်အကြာတွင် ကြက်သွေးရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည့် ရွှံ့နွံတောကြီး သူတို့ရှေ့၌ ပေါ်လာသည်။
လင်းကျန်းရှန့်က ရပ်လိုက်ပြီး အဖွဲ့ထံ လှည့်ကြည့်ကာ၊
“ ငါတို့ ရောက်နေပြီ ... မင်းတို့ကို ဆက်ပြီးမကာကွယ်နိုင်တော့ဘူး အဲဒီအတွက် ငါတောင်းပန်ပါတယ်။ ”
-ဟု ပြောကြားလာ၏။
“ ခေါင်းဆောင်လင်း ... ငါတို့က ကျေးဇူးတင်နေပါပြီ။ ”
“ ခရီးတစ်လျှောက်လုံး မင်းရဲ့ အကာအကွယ်အတွက် ကျေးဇူးတင်ပါတယ်။ ”
“ ငါတို့က ဒီသွေးမြူစိမ့်တော အစပ်မှာ လှည့်ပါတ် သွားလာခွင့်ရတာကိုက ကံကောင်းမှု ကြီးပါ။ ”
များမကြာခင် လက်အောက်ခံ အဖွဲ့ငယ်များနှင့် ကောင်းကင် ဓားခန်းမ၏ တပည့်များက အော်ဟစ်လာ ကြသည်။
“ ကောင်းပြီ ... အုပ်စိုးရှင် ကျောက်တိုင် ပေါ်လာဖို့ တစ်လပဲ လိုတော့တယ် မင်းတို့တွေ (၇)ယောက်တစ်ဖွဲ့ ... ဖွဲ့ပြီး အချင်းချင်း ကူညီပါ၊ အုပ်စိုးရှင် ကျောက်တိုင်နားမှာ ပြန်ဆုံမယ်။ ”
“ အစ်ကိုလင်း ... ငါတို့နဲ့ လိုက်ခဲ့ပါ။ ”
လင်းယွန်နှင့် ကျိကျစ်ရှီကို ကောင်းကင်ဓား ခန်းမ၏ တပည့်များက မကြိုဆို သောကြောင့် ဝူယုဟွာက ထပ်မံဖိတ်ကြား၏။
ချန်ကျွင့်နှင့် ရှလောက အမူအရာ တင်းမာသွားသည်။ သို့သော် လင်းကျန်းရှန့် ဖြစ်တည်မှုကြောင့် အသံမထွက်ရဲချေ။
“ မလိုတော့ပါဘူး ... ငါနဲ့ ကျစ်ရှီက ဒီမှာ လိုက်ကြည့် ပါဦးမယ် အုပ်စိုးရှင် ကျောက်တိုင် ရှေ့မှာ ပြန်တွေ့ကြမယ်။ ”
လင်းကျန်းရှီက လျှောက်လှမ်းလာပြီး သင်္ကေတတစ်ခု ထုတ်ပေးသည်။
“ မင်းတို့ အန္တရာယ်ကြုံရင် ဒီတံဆိပ်ကို ပြလိုက်ပါ ... နတ်ဆိုး ကျင့်ကြံသူတေွ ကတော့ မျက်နှာသာ ပေးလိမ့်မယ် ... ပြီးတော့ မင်းတို့ အန္တရာယ်ကြုံနေတာကိုလည်း ငါသိမယ်။ ”
တခြားသော တပည့်များက ငြိမ်သက် သွားတော့သည်။ စိတ်ထဲမှလည်း ဝန်တိုစိတ်ဖြင့် လင်းယွန်တို့ထံ ကြည့်မိ၏။
“ ကျေးဇူးတင်ပါတယ် မိန်းကလေးလင်း။ ”
အနှစ်တစ်သိန်းဟူသည် လေးနက်သော ကျေးဇူးတရားကိုပင် ပျက်ပြယ်နိုင် ချေမည်။ ထို့ကြောင့် သူမ၏ လုပ်ရပ်သည် မည်မျှ စေသနာရှိကြောင်း မြင်နိုင်၏။
“ ခွန်လွန်နယ်မြေမှာ သူတော်စင်တာအို နားလည်ဖို့ ခက်ခဲတယ် ... ဒီသွေးမြူစိမ့်တောရဲ့ နယ်စပ်မှာ ရတနာတချို့ ရှာဖွေပါ ... အန္တရာယ် မခံယူချင်ပါနဲ့၊ ဒါပေမယ့် ကျောက်တိုင်ကိုတော့ ရောက်အောင်လာရမယ်။ ”
***