← Chapters

စွမ်းအားရှင် တစ်ယောက် ... ။

Vol. 166 Ch. 2321

စွမ်းအားရှင် တစ်ယောက် ... ။

Vol. 166 Ch. 2321

သွေးမြူစိမ့်တောတွင် ရတနာများစွာ ရှိသော်လည်း အထိမ်းအမှတ် ကျောက်တိုင်နှင့် မယှဉ်နိုင်ချေ။

ထို့ကြောင့် အရေးမပါသော အရာများ အတွက် အရေးကြီးသော အရာကို လက်လွှတ် ခဲ့ခြင်း မဖြစ်စေရန် သတိပေးခြင်း ဖြစ်သည်။

“ အုပ်စိုးရှင် အထိမ်းအမှတ် ကျောက်တိုင်က မှော်ဆန်သလား ။ ”

လင်းယွန်က စိတ်ဝင်တစား မေးသည်။

“ သေချာတယ် ... ငါ မင်းတို့ကို အုပ်စိုးရှင် ကျောက်တိုင်မှာ စောင့်နေမယ်။ ”

လင်းကျန်းရှန့်က ရိုးရိုးသားသား ပြန်ဖြေသည်။ သူမသည် အလွန်အမင်း နွေးထွေးမှု မပြသော်လည်း လုံလောက်စွာ အာရုံစိုက်မှု ပေးခဲ့သည်။

“ ကောင်းပြီ ... ငါတို့ တွေ့မယ် ... ။ ”

လင်းယွန်က ခေါင်းညိတ်ပြကာ ကျိကျစ်ရှီနှင့်အတူ ထွက်လာခဲ့သည်။ သူတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ရှလောက နှာခေါင်းရှုံ့သည်။

“ အနည်းဆုံးတော့ ငါတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး။ ”

“ ဟား ... ဟား ... ဟား ... ဒီလူက သွေးမြူစိမ့်တော့ကို ဘာထင်နေလဲ မသိဘူး ... ။ ”

ချန်ကျွင့်ကလည်း ရှလောစကားကို ထောက်ခံသည်။ သို့သော် လင်းကျန်းရှန့်က လှည့်ကြည့် လာပြီး၊

“ သူတို့က သာမန် မဟုတ်ဘူး။ ”

-ဟု မှတ်ချက်ပေးလာ သဖြင့် အားလုံး တိတ်ဆိတ်သွားသည်။

တစ်ဖက်တွင် လင်းယွန်နှင့် ကျိကျစ်ရှီမှာ မိုင်တစ်ရာခန့် ခရီးပေါက်နေစဉ် စူးရှလွန်းသော မီးလျှံတစ်စကို သတိပြုမိလိုက်၏။

အနား ရောက်လာသော အခါတွင် မီးတောက်များ သိုင်းခြုံထားသည့် သစ်သီး တစ်လုံး ဖြစ်နေခဲ့သည်။

“ အလွန် ကောင်းမွန်သော သူတော်စင်သစ်သီး။ ”

ဤအမည်ကို ရှေးဟောင်း စာအုပ်များတွင် မှတ်တမ်းတင်ထားပြီး ခမ်းနားသော ကျောက်စိမ်း သစ်သီး ဟုလည်း လူသိများ၏။

အချိန်ကြာလာသည်နှင့် အမျှ ပြင်ပတွင် မျိုးတုံး ပျောက်ကွယ် သွားကုန်သည်။ ၎င်းတို့ကို စားသုံးပါက သွေးသားသန့်စင်ကာ အတွင်း အင်္ဂါများ အားကောင်းပေ၏။

ဤသည်မှာ နတ်ခန္ဓာကို ပိုင်ဆိုင်ထားသူ အတွက် ရတနာတစ်ပါးဖြစ်ပြီး အနှစ်တစ်ရာ ကျင့်ကြံခြင်းသည်ပင် ထိုအာနိသင်ဖြင့် ယှဉ်နိုင်မည် မဟုတ်ချေ။

အဝေးမှ မြင်ရသော မီးလျှံသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို စုပ်ယူ နေသဖြင့် အလင်းရောင်များ တောက်ပခြင်း ဖြစ်သည်။

“ ရွှပ် ... ။ ”

လင်းယွန်က ခူးယူ လိုက်သည်။ သို့သော် သူ့ထံ အရိပ်တစ်ရိပ် ပြေးဝင်သဖြင့် ချက်ချင်း နောက်ပြန် ဆုတ်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အနီရောင် အငွေ့များက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာ၏။ အဆိပ်များ ဖြစ်ချေပြီ။

“ ရွှပ် ... ။ ”

တိုက်ခိုက်သူကို အနီးကပ် ကြည့်လိုက်သောအခါ အနီရောင် လျှာကြီးက ထပ်မံ ထွက်လာပြီး သူ့ကို ရစ်ပတ် ဆွဲယူတော့၏။

ကြီးမားသော ပုတ်သင်ညို တစ်ကောင် ဖြစ်သည်။ ၎င်းလျှာသည် သူတော်စင်များထက် ပိုမြန်နေ၏။

“ ဘောင်း ... ။ ”

လင်းယွန်က ဓားရည်ရွယ်ချက်ဖြင့် ချက်ချင်း ဖြတ်တောက် လိုက်ရသည်။ ပုတ်သင်ညို ခမျာ ဦးခေါင်း ပေါက်ကွဲသွား၏။

“ အစ်ကိုကြီးလင်း အဆင်ပြေရဲ့လား။ ”

“ သူ့လျှာက အဆိပ်ပြင်းတယ် ... ဆဋ္ဌမအဆင့် သူတော်စင်သခင် တောင်မှ ခံနိုင်မယ် မထင်ဘူး ... ဒါပေမယ့် ငါ့မှာ နဂါးပြာအရိုးရှိလို့ ကောင်းပါတယ်။ ”

စကားဆုံးသည်နှင့် သစ်သီးကို လှမ်းဆွဲ လိုက်သည်။ နဂါးလက်သည်းကြီး တစ်ဖက်က သစ်သီးကို ခူးယူတော့၏။

“ နောက်ဆုံးတော့ မင်းကို ရပြီ ... ။ ”

မိုးပြာနဂါး နတ်ရူရ်ကို နဂါးထွက်သက်တွင် ပေါင်းစပ်ထားသဖြင့် စွမ်းအားမှာ အမြင့်ဆုံးသို့ ရောက်ရှိ သွားခဲ့သည်။

ထို့နောက်သစ်သီးကို သိမ်းယူကာ ဆက်လက် ထွက်ခွာလာခဲ့သည်။ နာရီဝက် အကြာတွင် ဒုက္ခရောက် ပြန်၏။

“ ဝှီး ... ဝှီ ... ဝှီ ... ။ ”

ကြောက်စရာ ကောင်းလောက်အောင် ရှည်လျားသော ပိုးကောင်များက မြှားများကဲ့သို့ ပြေးဝင်လာခြင်း ဖြစ်သည်။

“ ဓား ... ။ ”

သူတို့တွင် ထက်ရှသော သွားများ ရှိပြီး အန္တရာယ်ပေးနိုင်ချေ၏။ လင်းယွန်က လက်ကို ဝှေ့ယမ်းကာ ပန်းသင်္ချိုင်း ထုတ်ယူလိုက်ရသည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

ပိုးကောင်များ အနားမကပ်နိုင်ခင် အကုန်ပေါက်ကွဲသွားတော့၏။ အကျိုးဆက်က စိမ့်တောထဲရှိ အခြားသော နတ်ဆိုးသားရဲများ ကိုပါ ခြိမ်းခြောက်နိုင်ခဲ့လေသည်။

ခရီးဆက်လာကြစဉ် မြေပြင်၌ အလောင်းများ ပုံနေသည်ကို တွေ့လိုက်ရသည်။

“ သွေးမြူစိမ့်တောက ... ငါတို့ ထင်ထားတာထက် ပိုအန္တရာယ်များတယ် ... သွေးအခိုးအငွေ့တွေမှာ အဆိပ်ပါတဲ့ အတွက် နတ်ဆိုးသားရဲတွေက ကိုင်တွယ်ရခက်မယ်။ ”

လင်းယွန်က လေးနက်သော အမူအရာဖြင့် ပြောကြားလာခဲ့သည်။ သူ့တွင် နဂါးပြာအရိုးနှင့် နတ်အလင်းဓား ရှိသောကြောင့် ကံကောင်း၏။

ထပ်မံ ခရီးဆက်လာစဉ် ထူးဆန်းသော နတ်ဆိုး သားရဲများနှင့် ထပ်မံ ကြုံဆုံရသည်။ ခမ်းနားသော ကျောက်စိမ်း သစ်သီးကဲ့သို့သော အသီးအနှံများစွာကိုလည်း ရရှိခဲ့၏။

ရုတ်တရက် ပန်းသင်္ချိုင်းသည် တစ်စုံ တစ်ခုကို ခံစားလိုက်ရဟန်ဖြင့် ရင်ဘတ်ထဲမှ တုန်ခါ အချက်ပြလာသည်။

“ ထူးခြားတဲ့ ပန်းတစ်ပွင့် ရှိနေတယ်။ ”

ပန်းသင်္ချိုင်းဓား၏ တုံ့ပြန်မှုကို အခြေခံ၍ သိရှိလာခြင်းဖြစ်၏။ ၎င်း၏ လမ်းညွှန်မှုအတိုင်း ပျံသန်းလာရာ မြို့ရိုးတစ်ခုကဲ့သို့ စုပုံနေသော အရိုးစုကြီးကို မြင်လိုက်ရသည်။

ဤသည်မှာ သွေးသန့်ရှင်းသော နတ်ဆိုးသားရဲ၏ အလောင်း ဖြစ်သည်။ သို့သော် သူတို့အတွေ့အကြုံအရ ၎င်းသားရဲကို အမျိုးအမည်ကို မခွဲခြားနိုင်ချေ။

“ အစ်ကိုကြီးလင်း၊ ကြည့်စမ်း ... ။ ”

ကျိကျစ်ရှီက အရိုးစုအတွင်းမှ ခုန်နေသော ပုံမှန်မဟုတ်သည့် ကျောက်တုံးကို ညွှန်ပြသည်။ အနီးကပ် စစ်ဆေးကြည့်သောအခါ ကျောက်တုံး မဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါ ဖြစ်ကြောင်း သိလိုက်ရ၏။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

မဆိုင်းမတွဘဲ ‘ကျောက်တုံး’ကို လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော် ကျောက်တုံးသည် အက်ကြောင်းပင် မပေါ်ခဲ့ချေ။

“ ဒါက ထူးဆန်းတယ် ... ။ ”

လင်းယွန်က မျက်ခုံးပင့် လိုက်မိ၏။ ထိုအချိန်တွင် ကျိကျစ်ရှီက ဖီးနစ် မီးလျှံကို အသုံးပြု လိုက်သည်။

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းသည် ကြမ်းတမ်းသော်လည်း ဖီးနစ်မီးအောက်တွင် ပျော်ကျသွားတော့၏။ ကျိကျစ်ရှီက ပြုံးပြီး မျက်စိမှိတ်ပြလာသည်။

“ အထင်ကြီးစရာပဲ ... ။ ”

လင်းယွန်က ချီးကျူးစကား ပြောဆိုလိုက်သည်။ နတ်အလင်းဓားသည် အစွမ်းထက်သော်လည်း ဤအစိတ်အပိုင်းကို မဖြတ်တောက်နိုင်ခဲ့ချေ။

ဖီးနစ်မီးတောက်ကြောင့် အရည် ပျော်ကျလာပြီး မွှေးရနံ့များ ထွက်ပေါ်လာ တော့သည်။

အနီးကပ် ကြည့်လိုက်သော အခါတွင် ရူရ်များပါဝင်သည့် မီးခိုးရောင် သလင်းကျောက် တစ်ခုဖြစ်နေသည်။

“ အိုး ... ဒါက ဘုန်းမီးဝိညာဉ် ပါရှိတဲ့ နဂါးပယင်းပဲ။ ”

ပန်းသင်္ချိုင်းဓားကို ဆင့်ခေါ်လျက် လင်းယွန်တစ်ယောက် ရွှင်မြူးသွားလေသည်။ ဤအရာသည် ထူးခြားချေ၏။ နဂါးရုပ်ကြွင်း အဖြစ်လည်း ယူဆနိုင်သည်။ တန်ဖိုးကြီး၏။

ပန်းသင်္ချိုင်းဓားသည် ယခုချိန်၌ ဘုန်းဝိညာဉ်လေးပါး ဖြစ်သည်။ ဤနဂါးပယင်း ဝါးမြိုပြီးနောက် ဘုန်းမီးဝိညာဉ်ကို ရရှိနိုင်မည်။

မွှေးရနံ့များ ပန်းသင်္ချိုင်းထဲသို့ ဝင်လာသောအခါ ပတ်ဝန်းကျင် အပူချိန်မြင့်မား လာလေသည်။

“ တစ်ယောက်ယောက် လာနေတယ်။ ”

ပန်းသင်္ချိုင်းကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်သည် အနီးနားရှိ ကျင့်ကြံသူများအပေါ် ဆွဲဆောင်ခဲ့ချေပြီ။

လူလေးယောက် ရောင်ဝါများ ထုတ်ဖော်လျက် အဝေးမှ ချဉ်းကပ်လာ နေသည်ကို မြင်တွေ့နိုင်၏။

၎င်းတို့သည် နတ်ဆိုး ကျင့်ကြံသူများ အဖြစ် သတ်မှတ်နိုင်သည့် ပြင်းထန်သော သတ်လိုခြင်း ရည်ရွယ်ချက်ကို ပြသလာသည်။

“ ဝှစ် ... ။ ”

လေးယောက်သား မြေပြင်ပေါ် ဆင်းသက်လာ ပြီးနောက် ရွှင်မြူးစွာဖြင့် မျက်နှာများ တောက်ပကုန်သည်။

“ ဒါ ... ကောင်းမွန်တဲ့ ဓားတစ်လက်ပဲ ... ပြီးတော့ ဘုန်းမီးဝိညာဉ် နဂါးပယင်း ဖြစ်မယ်လို့ မမျှော်လင့်ထားမိဘူး။ ”

“ ဒီကောင် တကယ် ကံကောင်းတယ် ... ဒါပေမယ့် ပိုင်ရှင်က ဘယ်သူဖြစ်မလဲ မသေချာ သေးပါဘူး။ ”

“ ဟား ဟား ဟား ... မှန်တယ် ကံကောင်းသူက ငါတို့လည်း ဖြစ်နိုင်တာပဲ။ ”

ဤလေးယောက်သည် ပဉ္စမအဆင့် သူတော်စင် သခင်များ ဖြစ်ချေ၏။ ထို့ကြောင့် သဘာဝ အားဖြင့် လင်းယွန်နှင့် ကျိကျစ်ရှီကို မျက်လုံးထဲ မထားချေ။

သို့သော် လင်းယွန်မှ သတ်ဖြတ်လိုသော ရည်ရွယ်ချက် ပြသလာသဖြင့် အံ့အားသင့်သွား တော့သည်။

မတုံ့ပြန်နိုင်မီတွင် ကောင်းကင်မှ နဂါးလက်သည်း တစ်ဖက် ဆင်းသက်လာပြီး မိုးကြိုးမုန်တိုင်းများ ပွင့်ထွက်လာ၏။

စုပ်ယူမှု စွမ်းအား တစ်ခု ထွက်ပေါ် လာသောကြောင့် နတ်ဆိုး ကျင့်ကြံသူ လေးဦး ခမျာ ဆွဲငင်ခံလိုက်ရသည်။

“ ခရစ် ... ။ ”

သူတော်စင် မူလ၊ သူတော်စင် ဝိညာဉ်နှင့် သူတော်စင် ခန္ဓာကိုယ်များ ကြေမွသွားကုန်၏။ အရမ်းရက်စက်သော လက်သည်း ကုပ်ချက် ပေပင်။ အမှောင်ထဲမှ လူတိုင်း ရပ်တန့် ကုန်တော့၏။

ဤဓားသမားသည် သူတို့ကဲ့သို့ နတ်ဆိုး ကျင့်ကြံသူများ ထက်ပင် ပို၍ ရက်စက်နေခဲ့ ချေပြီ။

“ အိုး ... ကာလရှည် ပျောက်ဆုံးနေတဲ့ နဂါးမိသားစုရဲ့ နဂါးထွက်သက်ပဲ ချီးကျူးစရာ ကောင်းတယ် ... နဂါးတံခါးရဲ့ ဂိုဏ်းချုပ် တစ်ယောက် တည်းသာ ဒီပညာရပ်ကို သိမယ်ထင်တယ် ဟား ဟား ဟား ... ။ ”

အေးစက်သော ရယ်မောသံ တစ်သံ ထွက်ပေါ်လာပြီး ဖြူဖျော့သော အသွင်ဖြင့် လူငယ်တစ်ယောက် လှမ်းထွက်လာ၏။ ဆဋ္ဌမအဆင့် သူတော်စင် သခင် ပေပင်။

“ ကောင်လေး ... မင်းက ရက်စက်ပေမယ့် ... အားနည်းချက် ရှိနေတယ် ... မင်းရဲ့ သူတော်စင် တာအိုက အများကြီး နုနယ်နေတဲ့အတွက် ငါတို့ တိုက်ရင် တစ်နာရီအတွင်း ညံ့ဖျင်းတဲ့ အနေအထား ရောက်သွားမယ်။ ”

ကျိကျစ်ရှီက နဂါးပယင်းကို စုပ်ယူနေသော ပန်းသင်္ချိုင်းဓားထံ ကြည့်ပြီး လင်းယွန် အနားသို့ တိုးကပ်လိုက်သည်။ ကူညီရန် ဖြစ်သည်။

“ ဒါဆို မင်းဘာလို့ မတိုက်ရတာလဲ။ ”

လင်းယွန်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

“ ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့ ... သူတွေမို့ ဘာလို့ ဝေ့ဝိုက်နေမှာလဲ ငါ မင်းကို ကြောက်တာ သဘာဝပါပဲ ... မင်းမှာ နောက်ထပ် နဂါးမိသားစု ...

... ကိုယ်ခံပညာတွေ ရှိခဲ့ရင် ... ခက်ခဲလာနိုင်တယ် ... ဒါဆို ငါတို့ ခွဲယူရအောင် နဂါးပယင်းတစ်ဝက် ငါ့ကိုပေးပါ ... ငါ့လို စွမ်အားရှင် ဆဋ္ဌမအဆင့် သူတော်စင် သခင်က ခြေတစ်လှမ်း ပြန်ဆုတ် ပေးတာကို မင်းကျေနပ်သင့်တယ်။ ”

ဆဋ္ဌမအဆင့် သူတော်စင် သခင်သည် မည်သည့်အချိန်မှ စကာ စွမ်းအားရှင် အဆင့် ဖြစ်သွားမှန်း မသိသဖြင့် လင်းယွန်က မျက်လုံးပြူးသွား၏။

“ မိုးတိမ်နယ်မြေမှာ ... နတ်ဆိုးဂိုဏ်း သုံးဂိုဏ်း၊ သဏ္ဍန်မဲ့ နန်းတော်၊ သွေးရိုးတံခါးနှင့် ရွှေကျောက်စိမ်းခန်းမ ဆိုပြီး ရှိတယ် ... မင်း ဘယ်က လာတဲ့ စွမ်းအားရှင်လဲ။ ”

“ ရွှေကျောက်စိမ်း ခန်းမ ... ။ ”

လူငယ်က ဂုဏ်ယူစွာ ပြန်ဖြေ၏။

“ အိုး ... ။”

လင်းယွန်က စကားဆက်မပြော တော့ဘဲ နတ်အလင်းဓား ရည်ရွယ်ချက် ထုတ်ဖော်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။

“ ငါထင်တယ် … ။ ”

လူငယ်က အံ့သြသွားသည်။ လင်းယွန်တွင် ဝှက်ဖဲများ ရှိနေသည်ကို သူ မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် နတ်အလင်းဓား ဖြစ်နေ လိမ့်မည်ဟု မထင်မိချေ။

ထိုအချိန်တွင် လင်းယွန်ပခုံးပေါ်၌ ပန်းတစ်ပွင့် ပေါ်လာပြီး မီးတောက်များလို လောင်ကျွမ်းသွားသည်။

“ ဘာလဲ ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး ပုံရိပ်ယောင် နယ်မြေအဖြစ် ပြောင်းလဲသွားကာ လူငယ်ကို နစ်မြုပ်သွားစေ၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် သတိဝင်လာပြီး ဆုတ်ခွာရန် ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်မှာ သစ်ရွက်တစ်ရွက် ကဲ့သို့ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရ၏။

ဤနည်းဖြင့် ခေါင်းပြတ်နေသော သူ့ခန္ဓာကိုယ်ကြီးခမျာ မြေပြင်ပေါ် ပြိုကျသွား တော့သည်။

လင်းယွန်က ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လျက် အနီရောင် ပင့်ကူ လီလီပန်းကို လက်ဖဝါးပေါ် ဆင်းစေလိုက်သည်။

ပန်းဝတ်ဆံနေရာတွင် တောက်လောင်နေသော နတ်ရူရ် တစ်လုံးက တဖျပ်ဖျပ် တောက်ပနေ၏။

ဦးခေါင်းကြီး အလောင်းဘေးသို့ ပြန်ကျလာချိန်၌ မြေပြင်မှ ပိုးကောင်ငယ်များ ထွက်လာပြီး အကျိုးကျအောင် ကိုက်စား သွားတော့သည်။

***

All Chapters