ဆန်းကြယ်သော ဝါးမြှောင်။
Vol. 166 Ch. 2322
“ ဟမ့် ... ဆဋ္ဌမအဆင့် သူတော်စင်သခင် တစ်ပါးက ... ဘယ်အချိန်တုန်းက စွမ်းအားရှင် ဖြစ်သွားရတာလဲ။ ”
လှည့်ကြည့်လိုက်ချိန်၌ ကျိကျစ်ရှီက ထိတ်လန့်တကြားနှင့် သူ့ထံ စိုက်ကြည့်နေ ခဲ့သည်။
“ မင်းငါ့ကို ကြောက်သွားပြီလား။ ”
“ မကြောက်ပါဘူး ... ဒါပေမယ့် နည်းနည်းတော့ တုန်လှုပ်သွားတယ်။ ”
“ မင်းပြောတာကို ငါနားလည်ပါတယ် ... သူတို့ကို ငါသတ်လိုက်တာ အရမ်း ရက်စက်လို့ မင်းလန့်နေတာ မဟုတ်လား။ ”
“ ဟုတ်တယ် ... ။ ”
လင်းယွန် ပြိုင်ဘက်မှာ ဆဋ္ဌမအဆင့် သူတော်စင်သခင် ဖြစ်သည်။ တိကျစွာ ပြောရ ပါလျှင် ကောင်းကင်ဘုံ လွင်ပြင်သို့ ရောက်ရှိ ပြီးနောက် တိုက်ပွဲတိုင်းကို လင်းယွန်က တစ်ကြိမ်တည်းဖြင့် ဖြေရှင်းခဲ့သည်။
အများဆုံး သုံးကြိမ်ထက် မပိုခဲ့ချေ။ နဂါးပယင်းကို ဝါးမျိုဆဲ ဖြစ်သော ပန်းသင်္ချိုင်း ဓားထံ ကြည့်လိုက်ပြီး၊
“ ငါက ဓားသမား တစ်ယောက်ပဲ ... မင်းအမြင်မှာ ငါက တစ်ကြိမ်တည်းနဲ့ ဖြေရှင်း နိုင်တယ် ... ဒါပေမယ့် လက်တွေ့မှာ အဲဒီ တစ်ကြိမ်က အသက်နဲ့ သေခြင်းပဲ။ ”
အနီရောင် ပင့်ကူ လီလီ သို့မဟုတ် နိဗ္ဗာန်တာအို အသုံးမပြုဘဲ ဤဆဋ္ဌမအဆင့် သူတော်စင် သခင်ကို သတ်ရန် မလွယ်ကြောင်း အမှန်အတိုင်း ဝန်ခံ လိုက်သည်။
“ ကျင့်ကြံမှု ကွာခြားချက်က ငါ့အပေါ် ဖိနှိပ်မှုနိုင်တယ် ... ငါတစ်ယောက်တည်း ဆိုရင် သူတို့နဲ့ သဘာဝအတိုင်း ပျော်ရွှင်စွာ ကစားပြီး တိုက်ပွဲဝင်စွမ်းအားကို သွေးယူမိမယ်။ ”
“ ငါ နားလည်ပြီ ... အစ်ကိုကြီး လင်းက ကျိရှီကို ကာကွယ်ပေးချင် နေတာ။ ”
ကျိကျစ်ရှီ ခေါင်းညိတ်သည်။ သို့သော် လင်းယွန်မှ ပြုံးပြီး၊
“ ငါမင်းကို အကာအကွယ် မပေးပါဘူး သင်ပေးနေတာ ... မင်းရဲ့ ခွန်အားက ထူးထူး ခြားခြား ဖြစ်ပြီး ... အလားအလာလည်း မြင့်မားပါတယ် ... ဒါဆို ဘာလို့ ...
... ကာကွယ် ပေးရဦးမှာလဲ ... မင်း လိုအပ်နေတာက လူကိုဘယ်လို သတ်ရမလဲ ဆိုတာပဲ ... မင်းက နတ်ဖီးနစ်တောင်ရဲ့ သမိုင်းမှာ အသန်မာဆုံး ပါရမီရှင် ... ကောင်းကင် ဖီးနစ် သမီးတော်ပါ။ ”
-ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။
ကျိကျစ်ရှီက အံ့အားသင့်သွား၏။ သူမသည် လှောင်အိမ်ထဲ၌ ကြီးပြင်းလာခဲ့ပြီး စစ်မှန်သော တိုက်ပွဲများ မကြုံဖူးသေးချေ။
နတ်ဖီးနစ် တောင်မှ လူတိုင်းက သူမကို ကာကွယ်ရန် မလိုအပ်ဟု မည်သူမျှ မပြောခဲ့ဖူး သဖြင့် လေးနက်စွာ တွေးတောနေမိသည်။
“ ကောင်းပြီ ... ။ ”
နဂါးပယင်းကို စုပ်ယူခြင်း ပြီးသွားသည့် ပန်းသင်္ချိုင်းထံ လက်လှမ်းလိုက်မိ၏။ မျှော်လင့် ထားသည့် အတိုင်းပင် ဘုန်းဝိညာဉ် ငါးပါး အဖြစ် အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
“ သူ့ကို ကောင်းကင်ဘုံ လွင်ပြင်မှာ ဘုန်းဝိညာဉ် ခုနစ်ပါးအထိ ... အဆင့်မြှင့်တင် နိုင်မလားလို့ တွေးမိတယ်။ ”
ထိုအဆင့်သည် အုပ်စိုးရှင် လက်ရာ အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့၏။
“ ဖြစ်နိုင်ပါတယ်။ ”
ကျိကျစ်ရှီက ပြောသည်။ သူမ မျက်လုံးများတွင် ယုံကြည်ချက်များ ပေါ်လွင် နေပြီး အသွင်သစ်ဖြင့် ပြန်လည် မွေးဖွား လာချေပြီ။
“ ဟား ဟား ဟား ... သွားကြရအောင်။ ”
လင်းယွန်က သတိထား မိကာ ရယ်မောလိုက်သည်။ ဤအတောအတွင်း သွေးမြူစိမ့်တော တစ်ခုလုံး အလောင်းများ ထပ်နေခဲ့သည်။
အချို့မှာ နတ်ဆိုး သားရဲများကြား ပိတ်မိသွားကာ သေဆုံးကြခြင်း ဖြစ်ပြီး အချို့က ပြိုင်ဘက်များ လက်၌ ဖြစ်ချေ၏။
သွေးမြူများဖြင့် ဖုံးအုပ်ထားသော ချိုင့်ဝှမ်းတစ်ခု၏ မြေပြင်ပေါ်၌ အလောင်းများ၊ သူတော်စင် မူလများ ပြန့်ကျဲနေသည်။
ဖြောင့်မှန်သော ကျင့်ကြံသူများ၊ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများ စသည်တို့၏ အလောင်းများဖြစ်ချေ၏။
သူတော်စင် သခင် ဆယ်ပါးက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တုန်လှုပ်လျက် ကြောက်ရွံ့နေသည်။
လေထုအလယ်တွင် ရွှေကျောက်စိမ်း ခန်းမ၏ မျိုးဆက်သစ်ပါရမီရှင် မုရှို့ဟန် ပျံဝဲ နေသည်။ သူ့ဓားသည် လျင်မြန်လွန်း သောကြောင့် နာမည်ကြီး၏။
လူတိုင်းက သူတော်စင် အသီးအနှံများ အတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး ထိုလူငယ် ရောက်လာချိန်၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ လိုက်ရသည်။
“ သခင်လေးမု ... ကျေးဇူးပြုပြီး ငါတို့ကို ချမ်းသာပေးပါ။ ”
“ ရေခဲကြာပန်းက သခင်လေးရဲ့ အာရုံကို ဖမ်းစားနိုင်တယ် ဆိုတာ ... ငါတို့ တကယ် မသိခဲ့လို့ပါ။ ”
ကျန်ရစ်သူတိုင်းက ငိုယိုပြီး ကရုဏာကို တောင်းခံနေကြသည်။
“ ဒီလောကမှာ အရာရာကို ကုသိုလ်ကံက စီမံပေးတယ် ... ငါက မင်းတို့ရဲ့ ကံကြမ္မာ ဖြစ်တဲ့ အတွက် မင်းတို့ ကံမကောင်းဘူးလို့ ပြောရင် ဘာဖြစ်နိုင်မလဲ။ ”
မုရှို့ဟန်က မျက်ဝန်းများ မှေးစင်းလျက် ပြုံးကာပြောလိုက်သည်။
“ ကောင်းပြီ ... ဘာပဲ ဖြစ်ဖြစ် ငါတို့ သေရမယ်ဆိုတော့ ... ဒီအတိုင်းတော့ အသေ မခံဘူး ... သတ် ... ။ ”
လူတိုင်း မုရှို့ဟန်၏ စရိုက်ကို သိထားကြ သဖြင့် ချက်ချင်း ထရပ်ကာ တိုက်ခိုက်မှုများ အသီးသီး ထုတ်ဖော်လိုက်ကြသည်။
“ ဒါက ပိုစိတ်ဝင်စားဖို့ ကောင်းတယ် ... မဟုတ်ရင် ပျင်းစရာပဲ။ ”
မုရှို့ဟန်က ပြုံးလိုက်စဉ် သူ့နောက်၌ ကျောက်စိမ်းခန်းမ တစ်ခု ပေါ်ထွက် လာသည်။ သူ့ထံ အားယူနေသော သူတော်စင် သခင် ဆယ်ပါးမှာ မြေပြင်ပေါ် ပြန်ကျပြီး ဒူးထောက်သွားပြန်၏။
“ မိုးကြိုးမီးတောက် ဒိုမိန်း။ ”
မိုးခြိမ်းသံနှင့် သွေးရနံ့ ရောင်ဝါတို့ကို ပေါင်းစပ်နိုင်ခဲ့သည့် အတွက် လူတိုင်း အပေါ် ကောင်းစွာ ဖိနှိမ်ထားနိုင်၏။
ကြောက်စရာ ကောင်းသော လျှပ်စီးကြောင်းများက သူ့ခန္ဓာကိုယ် ပေါ်တွင် တဖျပ်ဖျပ် ခတ်နေသည်။
“ ဝှစ် ... ။ ”
လက်ကို လှုပ်ခါလိုက်ရုံဖြင့် ရွှေရောင် အလင်းတန်းများ ရောယှက်လျက် လူတိုင်းကို အပိုင်းပိုင်း ဖြတ်တောက်သွားသည်။
“ ဘယ်လောက် ပျင်းစရာ ကောင်းလဲ … ။ ”
မုရှို့ဟန်က ညည်းတွား လိုက်သည်။
“ တာအို သုံးထောင်မှာ ဓားက ဘုရင်ပဲ ... မိုးတိမ်ဒေသကြီး တစ်ခုလုံး လင်းကျန်းရှန့်သာ ငါ့ကိုဖိအား နည်းနည်း ပေးနိုင်မယ် ...
... လင်းကျန်းရှန့် ... အုပ်စိုးရှင် ကျောက်တိုင်ရှေ့မှာ စိတ်မပျက်စေဖို့ မျှော်လင့် မိပါတယ်။ ”
တစ်ချိန်တည်းမှာပင် အခြားအရပ် တစ်နေရာ၌ ခန်းခြောက်နေသော မြစ်တစ်စင်း ရှိနေသည်။
မြစ်ကြမ်းပြင်ပေါ်တွင် ကောင်းကင်ဓား ခန်းမ တပည့်များ လျဲလျောင်းနေ၏။ ချန်ကျွင့်၊ ဝူယုဟွာနှင့် ရှလောတို့ သုံးဦးက အနက်ဝတ် လူငယ်တစ်ဦးကို ရင်ဆိုင်နေသည်။
အချို့သော ကောင်းကင်ဓားခန်းမ၏ တပည့်များက ဒဏ်ရာ အပြင်းအထန်ရကာ သေဆုံး ကုန်၏။
သူတို့ ရင်ဆိုင်နေရသော အနက်ဝတ် လူငယ်မှာ သဏ္ဍာန်မဲ့ နန်းတော်၏ တပည့်ကြီး အောင်းကြွယ် ဖြစ်သည်။
သူ့နောက်ကျောတွင် ဓားတစ်လက် ပိုးလွယ်ထားပြီး ၎င်းတို့ သုံးယောက်ကို လုံးလုံး လျားလျား နှိမ်နင်းထား၏။
“ အောင်းကြွယ် ... မင်းက တပည့်ကြီးပဲ ငါတို့နဲ့ ဒီလောက်အထိ လိုလို့လား။ ”
“ အိုး ... မင်းမှားနေပြီ ... ငါက နတ်ဆိုးဂိုဏ်းရဲ့ တပည့်ကြီးပါ ... ဒါဆို မင်းက ငါနဲ့ ဖြောင့်မှန်ခြင်း အကြောင်း ပြောချင် နေတာလား၊ ...
... နတ်ဆိုးတစ်ပါးက လူသတ်တာ ဘာဆန်းလို့လဲ မကျေေနပ်ရင် လင်းကျန်းရှန့်က ငါ့ဂိုဏ်းရဲ့ တပည့်ငယ်တွေကို ပြန်သတ်နိုင် ပါတယ်။ ”
“ မင်း ... ။ ”
အောင်းကြွယ် လေသံ၌ လှောင်ပြောင်သော အရိပ်အမြွက်များ ပါရှိနေ၏။
“ ငါတို့ လွယ်လွယ်နဲ့ အလျော့မပေးနဲ့။ ”
ဝူယုဟွာက မထိန်းနိုင်တော့ဘဲ ကောင်းကင်ဘုရင်ဓားကို ခင်းကျင်းလိုက်သည်။ ခရမ်းရောင် ဓားရောင်ဝါက သူ့ထံမှ ပေါက်ကွဲ လာ၏။
သူသည် ကောင်းကင်တန်ခိုးကို ချေးငှားချင်သော်လည်း လင်းယွန် ပြောသည့် စကားကို ရုတ်တရက် တွေးမိပြီး လုံးလုံး လွှတ်ထုတ်ပေး လိုက်သည်။
ဓားကို ကိုင်လိုက်သော အချိန်၌ နဂါးအော်သံနှင့် နဂါးရောင်ဝါများ ပေါ်လာ၏။ ရွေ့လျားပြီးနောက် နဂါးအစစ် တစ်ကောင် ပေါ်လာသည်။
နဂါးရောင်ဝါနှင့် ဓားရည်ရွယ်ချက် ပေါင်းစည်းသွားကာ သူ့အသွင်အပြင်သည် ဘုရင်တစ်ပါးနှင့် တူလာ၏။
“ ပထမဓား— နဝမမြောက် ကောင်းကင်က နဂါးဟောက်သံ။ ”
လျှပ်စီးများ လက်လာပြီး ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားစေသည့် နဂါးဟောက်သံ ထွက်ပေါ်လာသည်။
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
ဓားချက် ခြောက်ချက်ကို ဆက်တိုက် ထုတ်လွှတ်ကာ အောင်းကြွယ်အပေါ် အငိုက် ဖမ်းနိုင်ခဲ့၏။
နောက်ဆုံးဓားသည် ကြောက်မက်ဖွယ် ကောင်းသော ဒဏ်ရာကိုပင် ပေးနိုင်ခဲ့သည်။ ချန်ကျွင့်နှင့် ရှလောက ပြောင်းလဲနေသော ဝူယုဟွာ၏ ဓားရေးကြောင့် အံ့သြသွား၏။
“ သေပေတော့ ... ။ ”
တစ်ဆက်တည်းမှာပင် ချန်ကျွင့်ကလည်း ကောင်းကင်ဘုရင်ဓားကို ထပ်မံ ထုတ်ဖော်ပြီး ပြေးဝင်လိုက်သည်။
“ လင်းယွန် မှန်တယ် ... ။ ”
ဝူယုဟွာက စိတ်လှုပ်ရှားစွာ မှင်တက်နေချိန်၌ အားယူနေသော ချန်ကျွင့်ကို မြင်သောအခါ မျက်နှာ ပြောင်းလဲသွား၏။
အစောပိုင်း ဒဏ်ရာသည် အောင်းကြွယ် အတွက် ပြောပလောက်ခြင်း မရှိကြောင်း သူ အသိဆုံး ပေပင်။
“ မင်း သေချင်နေတာပဲ။ ”
အောင်းကြွယ် မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက် လာ၏။ ထို့နောက် ချန်ကျွင့်ဓားထံ စွမ်းအင် အလင်းဖြင့် တောက်ထုတ် လိုက်သည်။
“ ထန် ... ။ ”
“ ခရစ် ... ။ ”
ဓားကိုယ်ထည်ခမျာ ကွဲကြေလျက် အပိုင်းအစများ ပျံဝဲကုန်စဉ် ချန်ကျွင့်ရင်ဘတ်၌ ဒဏ်ရာတစ်ခု ထွက်ပေါ် လာခဲ့၏။
“ သေ လိုက်တော့ ... ။ ”
အောင်းကြွယ်က ဓားကျိုး အပိုင်းအစ တစ်ခုကိုဖမ်းကာ ချန်ကျွင့်လည်ပင်းထံ ဦးတည် ပစ်ထုတ်လိုက်သည်။ သနား ကြင်နာခြင်း မရှိချေ။
“ ဝှစ် ... ။ ”
“ ရွှပ် ... ။ ”
ဤအခိုက်တွင် ပုံရိပ်တစ်ခု ချန်ကျွယ်ရှေ့ ဆင်းသက်လာပြီး ဓားအပိုင်းအစကို ပြန်လည် တွန်းထုတ်လိုက်သည်။
“ ခေါင်းဆောင် ... ။ ”
လင်းကျန်းရှန့်ကို မြင်လိုက်ရ သဖြင့် တပည့်ငယ်တိုင်း မျက်လုံးများ တောက်ပလာ တော့၏။
“ ငါမင်းကို စောင့်နေတာ လင်းကျန်းရှန့် ... ။ ”
အောင်းကြွယ်က ပြုံးလျက် လက်ဖဝါး တစ်ချက် တွန်းထုတ်၏။ လင်းကျန်းရှန်က သူမ ဓားကို ဆွဲထုတ်ကာ ပြန်တိုက်တော့သည်။
မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှု ဆယ်ကြိမ် ဖလှယ် လိုက်မိ၏။ ထို့နောက်တွင် ခြေလှမ်းဆယ်လှမ်း နောက်ပြန်ဆုတ်ကာ အောင်းကြွယ်က ပြုံးသည်။
“ လင်းကျန်းရှန် ... မင်း တိုးတက် လာပုံရတယ်။ ”
“ သိချင်ရင် အုပ်စိုးရှင် ကျောက်တိုင် ပေါ်လာတဲ့အခါ လာခဲ့ပါ။ ”
“ ဟား ဟား ဟား ... ကောင်းပြီ ငါတို့တွေ့ကြမယ် ... ဟား ... ဟား ... ဟား ... ။ ”
အောင်းကြွယ်က ရယ်မောလျက် ထွက်ခွာ သွားတော့သည် ။ ချန်ကျွင့် တစ်ယောက် ဖြူဖပ် ဖြူရော် အသွင်ဖြင့် တံတွေးမြိုချကာ ပြောကြားလိုက်သည်။
“ သွေးမြူစိမ့်တောက ... တကယ် ကြောက်စရာ ကောင်းတယ် ... ဒါကို သိရဲ့နဲ့ ငါတို့ကို မထားခဲ့သင့်ဘူး။ ”
ရှလောက မကျေနပ်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။ သို့သော် လင်းကျန်းရှန့်က လှည့်ကြည့်ရုံမျှသာ တုန့်ပြန်၏။
လူတိုင်း ဘေးကင်းသော် ရရှိနိုင်မည့် အရင်းအမြစ်များ လျော့နည်းသွားမည် ဖြစ်၏။ အခွင့်အလမ်းများနှင့် အန္တရာယ်များသည် အတူတကွ ယှဉ်တွဲနေထိုင်ချေပြီ။
အုပ်စုလိုက် ခရီးထွက်ခြင်းသည် အန္တရာယ်ကို ကာကွယ်ပေးနိုင်သော်လည်း ရနိုင်ချေ နည်းပါး၏။ ယင်းကို လူပိန်းပင် သိလေသည်။
“ အခု လင်းယွန်တို့ နှစ်ယောက် ဘယ်လိုနေလဲ သိချင်မိပါတယ် ... ဒီတစ်ကြိမ် သွေးမြူစိမ့်တောက အရင်ထက် ပိုပြီး ရက်စက် ကြမ်းကြုတ်တယ်၊ ...
... သူတို့နှစ်ယောက် အတူတကွ သွားလာခဲ့ရင်တောင် အန္တရာယ်များ နေတုန်းပဲ မဟုတ်လား။ ”
ဝူယုဟွာက အဝေးကို မျှော်ကြည့်ကာ ရေရွတ်လိုက်သည်။
“ သူ အဆင်ပြေပါလိမ့်မယ်။ ”
လင်းကျန်းရှန့်က ယုံကြည်မှု အပြည့်နှင့် မှတ်ချက် ပြန်ပေးသည်။ ချန်ကျွင့်နှင့် ရှလောမှာ စိတ်မသက်မသာ ဖြစ်လာ၏။
“ ခေါင်းဆောင် ... နင် ... အဲဒီလူကို အထင်ကြီးပုံရတယ် ... ငါ့အမြင်မှာတော့ နတ်ဆိုးသားရဲတွေ လက်မှာ သူ သေနေ လောက်ပြီ။ ”
ရှလောက အနည်းငယ် မကျေမနပ်ဖြင့် ပြောကြားလိုက်၏။ ထိုအချိန်၌ လင်းယွန်တို့မှာ ကောင်းစွာ ရိတ်သိမ်းနိုင်ခဲ့သည်။
ခွန်လွန်တွင် ရှားပါးသော အနှစ် နှစ်သောင်းကျော် သက်တမ်းရှိသည့် သူတော်စင် သစ်သီးများကို ရရှိထား၏။
“ ဒီအရင်းအမြစ်တွေနဲ့ ပဉ္စမအဆင့် သူတော်စင် သခင် ဖြစ်ဖို့ ... အစ်ကိုကြီးလင်း အတွက် လုံလောက်သင့်ပါပြီ။ ”
ကျိကျစ်ရှီက မှတ်ချက်ပေးသည်။
“ တကယ်ပဲ ... ကောင်းကင်လွင်ပြင်မှာ ရတနာတွေ ပြည့်နေတယ်။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိမ့်၏။ လမ်းခရီး၌ မထင်မှတ်ထားသော ပဏာမအထိ စုဆောင်း လာနိုင်ချေပြီ။
လေးရက်ကုန်လွန်ပြီးနောက် မြေအောက် နန်းတော် ဝင်ပေါက် တစ်ခုကို တွေ့ရှိ လာသည်။ နန်းတော်အတွင်း၌ လူအချို့ ဦးစွာ ဝင်ရောက် နေချေပြီ။
နန်းတော် လှမ်းဝင်လိုက်သည့် ပျက်စီးနေသော ပုလင်းများနှင့် ပရိဘောဂများ ပြည့်နှက်နေသည်။
အဝေးတွင် သူတော်စင် စွမ်းအင်များ တဟုန်ထိုး တက်နေခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် နိမိတ် လက္ခဏာကို ညွှန်ပြလာ၏။
ပတ်ပတ်လည်တွင် အနည်းငယ် စိတ်ပျက်စရာ ကောင်းသည့် ပန်းချီကားများ မှတပါး အခြား ရှာမတွေ့ချေ။
“ အစ်ကိုကြီးလင်း၊ ဒါက ဘာလဲ။ ”
လေးလံပြီး သတ္တုကဲ့သို့ ရွှေရောင် တောက်ပနေသော သစ်မြှောင် တစ်ချောင်းကို မြင်တွေ့ လိုက်ရသည်။
လင်းယွန်က နှိုက်ယူကာ နဖူးပေါ် တင်လိုက်သည်။ သူ့စိတ်ထဲ စကားလုံးများနှင့် ပုံရိပ်အချို့ ပေါ်လာ၏။
ရှေးကျသော ကိုယ်ခံပညာရပ် တစ်ရပ် ဖြစ်သော်လည်း အဓိပ္ပါယ်များစွာ မဖော်နိုင်သည့် အတွက် နှမျောစရာ ပေပင်။
“ ဒီသိုင်းပညာရဲ့ အဆင့်က ... မြင့်မားပါတယ် ... ဒါပေမယ့် ပြီးပြည့်စုံမှုတော့ မရှိဘူး ...။ ”
လင်းယွန်က လက်ထဲမှ သစ်သားချောင်းကို ပွတ်သပ်လျက် ပြန်ဖြေသည်။ ပန်းသင်္ချိုင်း ကဲ့သို့ နတ်သစ်သား ဖြစ်ပေ၏။
“ လောလောဆယ် သိမ်းထားရအောင်။ ”
လင်းယွန်က ပြုံးပြီး ဝါမြှောင်ကို သိမ်းဆည်းလိုက်သည်။ သူ့ရင်ဘတ် အနားမှ အဖြတ်တွင် ဝါးမြှောင်က မီးရောင် လင်းလက် သွားသည်ကို သတိ မထားမိ လိုက်ချေ။
နှစ်ဦးသား ပဋိပက္ခအချို့ကို ရှောင်ရှားရန် ထိုအရပ်၌ ရည်ရွယ်ချက်ရှိရှိ အချိန်အကြာကြီး ဆက်လက် စူးစမ်းနေခဲ့မိသည်။
ယခုအချိန်၌ သူတော်စင် သစ်သီးများ ပြည့်နှက်နေပြီ ဖြစ်ရာ ရှေးဟောင်း ရတနာ လက်ရာများကို စိတ်ဝင်စားချေ၏။
အဆုံးတွင် ရှေ့သို့သာ လျှောက်လှမ်း လာရသည်။ နန်းတော်အတွင်း၌ ရှုပ်ထွေးသော ဝင်္ကပါတစ်ခု ဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲနှင့် နီးကပ်နေသော်လည်း မည်သူ့ကိုမျှ မမြင်ရ သေးချေ။
“ လူတွေ အများကြီး ရှိမယ့်ပုံပဲ။ ”
လူတစ်ရာခန့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည့် လက္ခဏာ ပေပင်။ ကျိကျစ်ရှီ မျက်ဝန်းများ တောက်ပလာပြီး၊
“ ဒါက ရတနာတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ရှိနေတာ ဖြစ်ရမယ်။ ”
ဟု ပြောကြားလိုက်သည်။
“ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ငါတို့ချည်ပဲ မှောင်ရိပ်ထဲမှာ ပုန်းနေတာတော့ မဟုတ်ဘူး ဆိုတာ သတိရပါ။ ”
***