← Chapters

ရွှေကံကြမ္မာ။

Vol. 166 Ch. 2323

ရွှေကံကြမ္မာ။

Vol. 166 Ch. 2323

နှစ်ယောက်သား ရောင်ဝါကို ဖုံးကွယ်ကာ လမ်းကြောင်း အဆုံးဆီသို့ တရွေ့ရွေ့ ဦးတည် နေခဲ့သည်။

လမ်းအဆုံးတွင် ခမ်းနား ထည်ဝါသော ခန်းမတစ်ခု ရှိ၏။ ကြယ်ရောင်များ တောက်ပ နေသည့် ပုလဲများဖြင့် မျက်နှာကြတ်ကို အလှဆင်ထားသည်။

ခန်းမအလယ်တွင် ရေများ ဝန်းရံနေသော ကျွန်းတစ်ခု ပါရှိ၏။ နေရာအနှံ့ တိုက်ပွဲဝင်နေသူ တစ်ရာကျော်သည်။

ကျွန်းအလယ်ဗဟိုတွင် သံချေးတက် ရှေးဟောင်း ဓားတစ်လက်ဖြင့် ထိုးထားသည့် ကျောက်ခေါင်းတလား တစ်လုံး ရှိ၏။

ဤဓား၏ သမိုင်းကြောင်းကို မည်သူမျှ မသိသော်လည်း ကြောက်မက်ဖွယ် ကောင်းမှန်း မြင်ရုံဖြင့် သိသည်။

“ ထွက်သွား ... ဒီဓားကို ငါပိုင်တယ်၊ ဘယ်သူမှ လာမလုနဲ့။ ”

“ မင်း ... အိပ်မက် မမက်နဲ့။ ”

“ သေလိုက်စမ်း ... ။ ”

သူတော်စင် သခင် အုပ်စုတစ်စုက နက္ခတ်များခေါ်ကာ သူတော်စင် စွမ်းအင်များ မြှင့်တင်လိုက်ကြ၏။

လင်းယွန်က ထိုရှေးဟောင်းဓားကို ကြည့်ကာ အမှောင်ထဲ၌ ရပ်နေဆဲ ဖြစ်သည်။ ဤဓားသည် အုပ်စိုးရှင် သူတော်စင် လက်ရာ စင်စစ် ဖြစ်သည်။

သံချေးများ တတ်နေသော်လည်း ခိုင်မာသော သမိုင်းကြောင်း ရှိနိုင်ပေမည်။ ထို့ကြောင့် ကံကြမ္မာ ထည့်သွင်းထားရန် အခွင့်အလမ်း မြင့်မား၏။

ဝူယုဟွာ အဆိုအရ အချို့သော ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများတွင် နတ်ဆိုးကံကြမ္မာ ကဲ့သို့သော အမြုတေ တစ်ခုပါဝင်တတ်သည်။

ရုတ်တရက် ခရမ်းရောင် လေပွေတစ်ခု ခန်းမထဲ တိုက်ခတ်လာပြီး လူတိုင်း လဲကျသွား တော့၏။

လေပွေထဲတွင် လူတစ်ယောက် လိုက်ပါလာကာ ခေါင်းတလားထံ ဦးတည်လျက် ဓားကို ဆွဲယူလေသည်။

“ မင်း ... ။ ”

“ ရပ်လိုက် ... ။ ”

“ ဓားကို လွှတ်စမ်း ... ။ ”

“ သူ့ကို သတ် ... ။ ”

လူတိုင်း ဒေါသတကြီးဖြင့် ဓားသေတ္တာတစ်လုံးကို ထမ်းပိုးထားသော အပြာဝတ် လူငယ်၏ နောက်ကျောထံ ကြည့်ကာ ကျိန်ဆဲလိုက်ကြသည်။

ဓားကို စစ်ဆေးနေသော လင်းယွန် မျက်လုံးများ၌ အေးစက်စက် အလင်းရောင်များ လင်းလက်လာ၏။

ဓားကို လေလွှဲလိုက်ရာ လေညင်းများ ဖြတ်သန်းသွားသည်။ အော်သံများနှင့်အတူ ပြေးဝင်လာသော လူဆယ်ဦး၏ လည်ချောင်းကို ဖြတ်ဝင်သွား၏။

တိုက်ခိုက်မှု အကြွင်းအကျန် လှိုင်းများက ကျန်လူများကို သွေးအန်လျက် လွင့်ထွက်သွား စေတော့သည်။

“ ဘယ်လောက်တောင် ... အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”

“ သူက ကောင်းကင်ဓား ခန်းမရဲ့ တပည့်ဖြစ်မယ်။ ”

ကျန်လူများက လင်းယွန်ကို ကြောက်လန့်တကြား ကြည့်ပြီး ချက်ချင်း ထွက်ပြေးတော့သည်။

ဤသည်မှာ ကောင်းကင် လွင်ပြင်၏ အလုပ်လုပ်ပုံ ဖြစ်၏။ အားလုံး ထွက်ပြေးသွား ပြီးနောက် ကျိကျစ်ရှီက အနား ရောက်လာသည်။

“ ဂုဏ်ယူပါတယ် အစ်ကိုကြီးလင်း။ ”

“ ဝုန်း ... ။ ”

လင်းယွန်က စကားဖြင့် တုန့်ပြန်တော့မည့် အချိန်တွင် လူဆယ်ယောက် အခန်းမအတွင်း အရှိန်ဖြင့် ပြုတ်ကျလာသည်။

၎င်းနောက်တွင် သားရဲကြီး တစ်ကောင် ကဲ့သို့ သန်မာထွားကြိုင်းပြီး လက်တစ်ဖက်၌ အိုးတစ်လုံး ကိုင်ထားသည့် လူငယ်တစ်ယောက် လှမ်းဝင်လာ၏။

“ ဝှစ် ... ။ ”

ခန်းမအတွင်း ရောက်သည်နှင့် ထိုလူဆယ်ယောက်ကို အိုးကြီးဖြင့် ခေါက်ချပစ် လိုက်သည်။ လူဆယ်ယောက်ခမျာ အသားပုံ အဖြစ် ပြောင်းလဲသွား၏။

“ အမှိုက်တွေ ... ။ ”

ပြုံးလျက် ရေရွတ်လိုက်သည်။

“ မင်းရဲ့ ဓားရေးက တော်တော် ကောင်းတယ် ... ကောင်းကင် ဓားခန်းမရဲ့ တပည့် တစ်ယောက် မဟုတ်လား ... ။ ”

လူငယ်က အိုးကြီးကို မြှောက်လိုက်ကာ လင်းယွန်ထံ ကြည့်လျက်မေးသည်။ လင်းယွန်မှ ပြန်မဖြေသဖြင့်၊

“ ဓားသမား ဟန်ဆောင်ဖို့ ကြိုးစား နေတာလား ... မင်းတို့ရဲ့ တပည့်ကြီးတောင် ငါရှန်းတန်းနန် ရှေ့မှာ ဒီလိုမလုပ်ရဲဘူး ... ဒါဆို မင်းက ဘယ်သူလို့ထင်နေလဲ ... ဟမ့်။ ”

စကားဆုံးသည်နှင့် ရှန့်ထျန်းနန်က သူ့လက်ထဲက အိုးကြီးဖြင့် ပစ်ပေါက်လိုက် တော့သည်။ သူသည် ထွားကြိုင်းသန်မာ သော်လည်း လိမ္မာပါးနပ်သူဖြစ်၏။

“ ဝှီး ... ။ ”

အိုးကြီးကို လင်းယွန်အစား ကျိကျစ်ရှီထံ ဦးတည်သည်။ သောချာပေါက် ဓားသမားသည် သူ့အမျိုးသမီးကို ကယ်တင်မည် ဖြစ်၏။

“ ဟိတ် ... ။ ”

သို့သော် ကျိကျစ်ရှီ၏ အင်အားကို သူ လျှော့တွက်မိခဲ့သည်။ ကျိကျစ်ရှီက အိုးကြီးကို တစ်ပါတ်လှည့်ကာ ခရုပတ် လမ်းကြောင်း အတိုင်း ပြန်လည် တွန်းထုတ်ပစ်၏။

“ ဝုန်း ... ။ ”

ရွေ့လျားရာ လမ်းတစ်လျှောက် မိုးကြိုးမုန်တိုင်းများ လိုက်ပါသွားပြီး စွမ်းအား တိုးလာကာ ရူရ်များ ဖြည်းဖြည်းချင်း လင်းလာ၏။

အဆုံးတွင် ရေကန်ထဲ ပြုတ်ကျသွားပြီး လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

“ အထင်ကြီး စရာပဲ ... ။ ”

ရှန်းထျန်းနန်က ပြုံးပြီး မျက်လုံးများ တောက်ပလာကာ၊

“ ဒါပေမယ့် မလုံလောက်ဘူး ... အဲဒီ ရှေးဟောင်းဓားကို လွှဲပေးပါ ... လင်းကျန်းရှန့် မျက်နှာကြောင့် မင်းတို့ကို လွှတ်ပေးမယ်။ ”

“ ငါ ငြင်းတယ် ... ။ ”

“ ဒါဆို မင်းသေနိုင်ပြီ။ ”

လင်းယွန်က ကျိကျစ်ရှှီရှေ့ လှမ်းတက် လိုက်၏။ ရှန်းထျန်းနန်က အချိန်မဖြုန်းတော့ဘဲ ခွန်အားကို နောက်တစ်ဆင့် မြှင့်လိုက်သည်။ ပွက်ပွက်ဆူနေသော ဆေးကြိုအိုးကြီး တစ်လုံးကဲ့သို့ ဖြစ်လာ၏။

“ ဝှစ် ... ။ ”

နောက်တစ်စက္ကန့်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမြိုလိုသော လက်သီးချက် နှင့်အတူ လင်းယွန်ရှေ့ ပေါ်လာသည်။

လင်းယွန်က ဦးခေါင်းစောင့်ငဲ့ကာ လက်သီးကို ရှောင်၏။ ပါးပြင်ဘေးမှ ဖြတ်သန်း သွားသော လက်သီးကို မြင်လိုက်ရသည်။

“ ဝှစ် ... ။ ”

ရှန်းထျန်းနန်က ပြုံးလျက် လက်သီးကို ဖွင့်ကာ လက်ဝါးစောင်းအဖြစ် ပြောင်းလဲပြီး ခုတ်ပိုင်း လိုက်တော့၏။

လျင်မြန်လွန်းသောကြောင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ ကျိကျစ်ရှီက စိုးရိမ်သွားလေ သည်။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်က မျှော်လင့်ထားပြီး ဖြစ်ရာ ရှန်းထျန်းနန် ရင်ဘတ်ကို လက်ဓားနှင့် ဦးစွာ ထိုးလိုက်သည်။

ရှန်းထျန်းနန်က မရှောင်တိမ်းဘဲ ဤလက်ဓားကို သူ့ဘယ်ဘက် လက်ဖြင့် ကာလိုက်၏။

“ ဖပ် ... ။ ”

တစ်ချိန်တည်းမှာပင် ညာဘက် လက်ဝါးစောင်းက လင်းယွန်၏ ဘယ်လက် လက်မောင်းပေါ် ကျရောက်သွားသည်။

“ ဝုန်း ... ။ ”

ကြီးမားသော စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး နှစ်ဦးသား ခြေလှမ်းဆယ်လှမ်း နောက်ပြန် ဆုတ်သွားခဲ့သည်။

ရှန်းထျန်းနန် တစ်ယောက် အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ပြန်ငုံ့ကြည့် လိုက်မိသည်။

သူ့လက်ဖဝါးမှာ အနည်းငယ် နော်ကကျသွား သဖြင့် ရင်ဘတ်၌ ဒဏ်ရာတစ်ခု ပေါ်လာ၏။

“ ကောင်းကင်ဘုံ လွင်ပြင်ကို ရောက်လာ ကတည်းက ငါ့ကို ဒဏ်ရာရစေနိုင်တာ... မင်းက ပထမဆုံး လူပဲ။ ”

တစ်ဖက်တွင် လင်းယွန်သည်လည်း ညာဘက်လက်မောင်းရိုး ကြေသွားရာ နဂါးပြာ အရိုးနှင့် ပြန်လည် ကုစားနေရ၏။ ထို့ကြောင့် စကား ပြန်မပြောနိုင်သေးချေ။

“ ဒါဆို ဒီလိုလုပ်ရအောင် ... အဲဒီရှေးဟောင်းဓား အစား ဒီခေါင်းတလားကို ငါယူလိုက်မယ်။ ”

လင်းယွန်က ခေါင်းတလားကို တစ်ချက် ပြန်ကြည့်သည်။ သည့်နောက်၊

“ ဒီခေါင်းတလားကို ဘာအတွက် လိုအပ်တာလဲ။ ”

-ဟု ပြန်မေးမိ၏။

“ ဒါက ငါ့ကိစ္စပါ ... မင်းဆန္ဒမရှိရင် ဆက်တိုက်ရအောင် ... ငါ့ရွှေဆေးပြားကို မသုံးရသေးဘူး။ ”

“ ကောင်းပြီ သဘောတူတယ်။ ”

လင်းယွန်က ခေါင်းညိတ်လိုက်၏။ ခေါင်းတလား အကြောင်း မသိသော်လည်း ဓား အကြောင်း သူ သိသည်။ ဤခွဲဝေမှုသည် အရှုံးမရှိချေ။

“ ဟား ဟား ဟား ... မင်း ဆုံးရှုံးမှုကြီး ကြုံရပြီ။ ”

ရှန်းထျန်းနန်က ရယ်မောတော့သည်။

“ အဲဒီဓားဟာ အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်ပေမယ့် ... အသုံးမဝင်တဲ့ သံတုံး တစ်တုံး ဖြစ်နေပြီ ... ခေါင်းတလားကတော့ မတူပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒါက လျှို့ဝှက်ဆန်းကြယ်တယ် ...

... အထဲမှာ အံ့သြစရာတွေ ဘယ်လောက် ရှိမှန်း ဘယ်သူ သိမှာလဲ အုပ်စိုးရှင် ဓားနဲ့တောင် ချုပ်နှောင်ခံထားရတာ သေချာပေါက် ရတာနာပဲ။ ”

ရှန်းထျန်းနန်က သူ့အိုးကြီးကို ရေထဲမှ ပြန်ခေါ်ယူကာ ခေါင်းတလားအပေါ် ကြိုးတစ်ချောင်းနှင့် ချည်နှောင်လျက် သူ့နောက်ကျော၌ ပိုးလွယ်လိုက်သည်။

မြင့်မား ကြံ့ခိုင်သော ရုပ်ခန္ဓာထက်ပင် ခေါင်းတလားက မြင့်မားလေးလံနေသဖြင့် လမ်းလျှောက်ရာတွင် အနည်းငယ် ခက်ခဲသွားသည်။

ကျိကျစ်ရှီက လင်းယွန် လှောင်ပြောင် ခံရသည်ကို စိတ်မချမ်းသာ ဖြစ်လာပြီး၊

“ အံ့အားသင့်စရာ ဘာများ ရှိလို့လဲ ... ကြည့်ရတာ အခေါင်းပိုးလွယ်ထားတဲ့ သင်္ချိုင်း ဖောက်ထွင်းသူထက် မပိုပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

“ ဟား ဟား ဟား ... ဒီအတွက် စိတ်မပူနဲ့ ဘယ်လောက်ပဲ လေးလံနေပါစေ ကျောပိုးထား နိုင်တယ်၊ ငါ့နာမည် မသိရင် သေချာမှတ်ထား သင်္ချိုင်းဖောက် ရှန်းထျန်းနန်။ ”

အမှန်ပင် သင်္ချိုင်းဖောက်သူ တစ်ယောက် ဖြစ်နေသဖြင့် ကျိကျစ်ရှီက ပါစပ်အဟောင်းသား ဖြစ်သွားသည်။

ရှန်းထျန်းနန်က လင်းယွန်ကို ပြန်ကြည့်ကာ၊

“ မင်းက ကောင်းကင်ဓားခန်းမက မဟုတ်ဘူး။ ”

-ဟု ပြောလာ၏။

“ မင်းဘယ်လို သိလဲ။ ”

“ ဟီးဟီး ... ”

ရှန်းထျန်းနန်က လှောင်ပြုံး ပြုံးသည်။

“ ငါက နဂါးသတ် အဆင့်မှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ၊ ကောင်းကင်ဓား ခန်းမက လူတိုင်း ငါ့နာမည်ကို သိကြတယ် ... မိုးတိမ် နယ်မြေရဲ့ ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ တပည့်ကြီး လေးယောက်လည်း ငါ့လိုပဲ နဂါးသတ်အဆင့် ကျွမ်းကျင်သူတွေ။ ”

လင်းယွန်က နားလည် သွား၏။ နဂါးသတ်အဆင့် ဟူသည် ခွန်လွန် နယ်မြေရှိ အဆင့် သတ်မှတ်ချက်များနှင့် တူသည်။

“ မင်း အုပ်စိုးရှင် ကျောက်တိုင်ကို သွားမှာလား ... ဒါက လူအများက မျက်စိကျ စရာ ဖြစ်လို့ မင်း သတိထားရမယ်။ ”

“ ဝုန်း ... ။ ”

ရှန်းထျန်းနန်က သတိပေးစကား ပြောကြားပြီးနောက် နံရံကို အိုးကြီးဖြင့် ရိုက်ခွဲကာ လမ်းဖောက် ထွက်ခွာသွား တော့သည်။

မြင့်မားသော ခေါင်းတလားက ထိုးထိုး ထောင်ထောင်ဖြင့် သူ့ခေါင်းအထက် ကျော်လွန် နေချေပြီ။

တစ်ဖက်တွင်လည်း အိုးကြီးကို ပိုက်ထားသည်။ လောဘကြီးသော ပုရွတ်ဆိတ် တစ်ကောင် အစာချီ သွားပုံနှင့် တူ၏။

“ အစ်ကိုကြီးလင်း ... အဲဒီ ခေါင်းတလားထဲမှာ ... တကယ်ပဲ ရတနာတွေ ရှိနိုင်လား။ ”

“ မသိဘူး ... ဘာပဲ ဖြစ်ဖြစ် ဒီဓားဟာ သံအပိုင်းအစတော့ မဟုတ်ဘူး... လုံခြုံအောင် ထားပါ။ ”

လင်းယွန်က ပြုံးပြီး ဓားကို ကမ်းပေးသည်။

“ ကောင်းပြီ။ ”

ရှန်ထျန်းနန် ထွက်ခွာသွား ပြီးနောက် လင်းယွန်နှင့် ကျိကျစ်ရှီက နန်းတော်အတွင်း ဆက်လက် ရှာဖွေနေခဲ့သည်။

အတားအဆီးများစွာကို ကြုံတွေ့ ရသော်လည်း ရိတ်သိမ်းနိုင်မှု များမှာ တကယ် ထိုက်တန်၏။

နှစ်ရက်အကြာတွင် အလင်းရောင် မှိန်ဖျော့ဖျော့ကို မြင်လိုက်ရသည်။ မြေအောက် နန်းတော်မှ ထွက်ခွာရာ တံခါးပေါက်ဖြစ်၏။

အပြင် လှမ်းထွက်လာ ပြီးနောက် ဆိတ်ငြိမ်သော တောင်ကြားတစ်ခုထံ ဦးတည် မိသည်။

ဤခရီးတွင် သစ်သီးဝလံများ၊ ပျက်စီးနေသော ပန်းချီကားများနှင့် ထူးထူး ဆန်းဆန်း ကျောက်ပြားများ ရရှိထားသည်။

“ ငါတို့ အသီးအနှံတွေကို သန့်စင်ရအောင် ... ။ ”

လူသူ ကင်းရှင်းရာ အရပ်ကို ရောက်ချိန်၌ လင်းယွန်က ရတနာများ ထုတ်ယူ ပုံချလိုက်၏။ အုပ်စိုးရှင် ကျောက်တိုင်ထံ မသွားမီ ပဉ္စမ အဆင့်သို့ တက်ရောက်လိုသည်။

“ အစ်ကိုကြီး လင်း၊ ဒါကိုကြည့် … ။ ”

လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် သစ်သားကို ကိုင်လျက် ကျိကျစ်ရှီ မျက်ဝန်းများ တောက်ပလာသည်။

“ ဒီမှာ ဘာလို့ ပုံစံတွေ ရှိနေရတာလဲ... အရင်တုန်းက မရှိပါဘူး။ ”

လင်းယွန်က ဝါးမြှောင်ကို ယူကာ စစ်ဆေးကြည့်သောအခါ အမူအရာ ပြောင်းလဲ သွားသည်။

နဖူးပေါ် ပြန်တင် လိုက်သည်နှင့် မပြည့်စုံသော စာသားများ ပြည့်စုံလာသည်ကို မြင်လိုက်ရ၏။

ဓားတာအိုကို မြင့်တင်နိုင်သော သတ္တုနတ်ရူရ် ဖြစ်သည်။ ၎င်သည် မာကျောပြီး ထက်မြက်သည့် ဂုဏ်သတ္တိကြောင့် ကျော်ကြား လှလေသည်။

“ ဒီဝါးမြှောင်ထဲမှာ ... သတ္တုနတ်ရူရ် တစ်လုံးရှိတယ် ... ဓားနတ်ရူရ်လို့ ခေါ်ရင်လည်း မမှားဘူး ... နတ်နေ-လ အင်္ကျီကို ငါအပြီး သတ်နိုင်ပြီ။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာ ပြောကြား လာခဲ့သည်။ မိုးပြာနဂါး နတ်ရူရ် သုံးထောင်၊ ဖီးနစ်နတ်ရူရ် သုံးထောင်နှင့် ယခု သတ္တုနတ်ရူရ် သုံးထောင် ရရှိနိုင်မည် ဖြစ်သည်။

ဤအရာက ဖဲကြိုး ကိုးထောင် နတ်ချပ်ဝတ်ကို ပြီးမြောက်စေမည် ဖြစ်သည်။ သည့်နောက် အသီးအနှံများကို သန့်စင်ကာ ပဉ္စမအဆင့် သူတော်စင်သခင် အဆင့် တက်ရောက်ရန် ပြင်ဆင်မိသည်။

ပိတ်ဆို့မှုများ ပြေလျော့သွားပြီး အဆုံးတွင် သူတော်စင် သစ်သီးကို သန့်စင်သော အခါမှသာ ပဉ္စမအဆင့် ရောက်ရှိသွားသည်။

ကြီးကျယ် ခမ်းနားသော သူတော်စင် စွမ်းအင်များ ဖြာထွက်ကာ ကြယ်တစ်လုံးကဲ့သို့ လင်းလက် တောက်ပလာသည်။

ဤအောင်မြင်မှု အရှိန်သည် စကားလုံး များဖြင့် ဖော်ပြ၍ မရပေ။ ကောင်းကင်လွင်ပြင် နယ်မြေသည် ဆွဲဆောင် နိုင်လွန်းသည်။

“ အစ်ကိုကြီးလင်း ... မင်းအောင်မြင်မှု ရသွားပြီ။ ”

ကျိကျစ်ရှိက ဝမ်းသာအားရ ပြောသည်။ လင်းယွန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကာ၊

“ ရှေးဟောင်းဓား ဘယ်မှာလဲ ... ။ ”

-ဟု မေးသည်။

“ ဒီမှာ ... ။ ”

ကျိကျစ်ရှီက ဓားရှည်ကို ထုတ်ပေးသည်။ သူမ အမြင်တွင် ရှန်းထျန်းနန် သယ်သွားသော ခေါင်းတလားတွင် အဖိုးတန်အရာများ ပါဝင် နေပြီး ဤဓားသည် သံတုံးသာ ဖြစ်၏။

“ ဒါက အခွင့်အရေးပဲ ... ။ ”

လင်းယွန်က ဓားကို ကိုင်လိုက်သောအခါ ခဏအကြာတွင် ကိုယ်ထည် ကွဲထွက် သွားပြီး ရွှေရောင်သလင်းကျောက် ပေါ်လာသည်။

“ ရွှေကံကြမ္မာ ... ။ ”

ဤမြင်ကွင်းကြောင်း ကျိကျစ်ရှီ တစ်ယောက် ထိတ်လန့်သွားတော့၏။

***

All Chapters