← Chapters

ဓားပညာ သုံးရပ်။

Vol. 166 Ch. 2319

ဓားပညာ သုံးရပ်။

Vol. 166 Ch. 2319

အဖြူရောင် ကံကြမ္မာ အမြူတေသည် သုံးရာကျော်ခန့် ရှိသည်။ အယ်လ်ဖာဝံပုလွေ အတွက်မူ ခရမ်းရောင် ဖြစ်ပြီး အဆင့်အတန်း မြင့်မားချေ၏။

၎င်းတွင် လင်းယွန်ဖြင့် လိုက်ဖက်သော လေနှင့် မိုးကြိုးတာအို၏ ဂုဏ်သတ္တိများ ပါရှိ လေသည်။

နောက်ရက်များအတွင်း ကံကြမ္မာ အမြုတေကိုစုပ်ယူကာ ညဘက်၌ အသားကင် စားနေမိ၏။

မျက်စိတစ်မှိတ်အတွင်း လင်းယွန် ကျင့်ကြံမှုသည် စတုတ္ထအဆင့် အထွတ်အထိပ် ရောက်ရှိသွားကာ ဆယ်ရက် ကုန်သွားသည်။

လေနှင့်မိုးကြိုး တာအို အရေအတွက် သည်လည်း သုံးထောင်အထိ ရရှိလာခဲ့၏။ ဤသည်မှာ ခွန်လွန်တွင် နှစ်တစ်ရာ ကျင့်ကြံခြင်းဖြင့် ညီမျှသည်။

ထိတ်လန့်စရာ ကောင်းသော တိုးတက်မှုမျိုးပေပင်။ နောက်ထပ် ငါးရက် ကုန်လွန် ပြီးနောက် အယ်လ်ဖာ ဝံပုလွေ၏ ကံကြမ္မာကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့၏။

လေနှင့်မိုးကြိုးတာအို အရေအတွက်မှာ ငါးထောင်အထိ တိုးလာခဲ့သည်။ အဆုံးတွင် တိုးတက်မှု ရပ်တန့်သွား၏။ အမဲလိုက်သည့် အချိန်များ ကုန်လွန် သွားပုံရချေပြီ။

“ ဝူယုယွီ ပြောတာ မှန်တယ်။ ”

ထိုစဉ် မငြိမ်မသက် ဖြစ်စဉ် တစ်ခုက သူ့အတွေး လမ်းကြောင်းကို နှောင့်ယှက်လာ၏။ လှည့်ကြည့်လိုက်ရာ ရွှေရောင်အဆင်း သဏ္ဍာန် ထုတ်လွှတ်နေသော ကျိကျစ်ရှီကို မြင်သည်။

သူမ၏ ပြိုင်ဘက်ကင်းသော အလှနှင့် စိတ်နေစိတ်ထားတို့က နတ်ဘုရားမ တစ်ပါးလို ထင်မှားစေ၏။

“ ဒါက ကောင်းကင်ဘုံ ဖီးနစ် သမီးတော်လား။ ”

လင်းယွန်က ရေရွတ်လိုက်သည်။ ကျိကျစ်ရှီသည် ဤကာလတွင် သူ့ထက် ပိုမို တိုးတက်နေခဲ့သည်ကို သတိပြုမိ၏။

သူမ၏ အသက်ရှူ သံများသည် ဖီးနစ် အော်သံကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြား မြည်ဟည်းနေသည်။

“ ဖီးနစ် တောင်ပံတွေ မပါရင်တောင် တော်တော် အစွမ်းထက်နေပြီ။ ”

ကျိကျစ်ရှီက မျက်လုံး ဖွင့်လိုက်စဉ် သူမထံ စိုက်ကြည့်နေသော လင်းယွန်ကြောင့်၊

“ အစ်ကိုကြီးလင်း ... ဘာကြည့်နေတာလဲ။ ”

-ဟု မေးမြန်းမိ၏။

“ ရိုးရိုးသားသား ပြောရရင် ... မင်းရဲ့ သူတော်စင် တာအို ... ဘယ်လောက် အထိ တိုးတက်နေပြီလဲ ... သိချင်နေတာ။ ”

လင်းယွန်က အမှန်အတိုင်း ပြန်ဖြေသည်။

“ ဟား ... ဟား ... ဟား ... အဲဒါ လျှို့ဝှက်ချက်ပဲ အစ်ကိုကြီးလင်းက ကျစ်ရှီကို ကာကွယ်ဖို့ ဒီမှာရှိနေတာမို့ ... မင်းနောက်မှာပဲ ငါနေမှာပါ။ ”

ကျိကျစ်ရှီက ရွှင်မြူးစွာ ရယ်မော လိုက်လေသည်။ လင်းယွန်မှ ပြုံးပြီး ဆက်မမေး တော့ချေ။

“ ဝူယုယွီနဲ့ ပူးပေါင်းဖို့ အချိန်တန်ပြီ ... ။ ”

ကျိကျစ်ရှီက ပြောကြားလာသည်။

“ ဟုတ်တယ် ... ဒါပေမယ့် မင်းရဲ့ ရုပ်ရည်က ဒုက္ခဖြစ်စေလိမ့်မယ်။ ”

လင်းယွန်က လေးနက်စွာ သတိပေး၏။ ဤအခြေ၌ မလိုလားအပ်သော ပြဿနာများ မကြုံလိုချေ။ ကျိကျစ်ရှီက မျက်နှာဖုံး တပ်ကာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ ... ။ ”

လေးနာရီ ကြာပြီးနောက် နှစ်ယောက်သား ချိန်းဆိုထားသော အရပ်သို့ ရောက်ရှိ လာခဲ့၏။ ဝူယုယွီက သားရဲ တစ်ကောင်ကို ထမ်းလျက် နောက်ကျမှ ရောက်ရှိလာသည်။

“ ဒီဝက်ဝံကို ဖမ်းဖို့ တော်တော် ကြိုးစားခဲ့ရတယ် ... အစ်ကိုလင်း အတွက် ဒုက္ခပေးရမှာကို ကြောက်မိတယ်။ ”

“ အဆင်ပြေပါတယ် ... ။ ”

လင်းယွန်က အမွေးများ ဖယ်ရှားပြီး မီးကင်တော့၏။ အားလပ်နေသော ဝူယုယွီက ကျိကျစ်ရှီနဲ့ စကားစမြည် ပြောနေခဲ့သည်။

“ မိန်းကလေးကျစ်ရှီ ... အခြေအနေ ဘယ်လိုလဲ အဆင်ပြေသွားလား ဝံပုလွေအုပ်က ကိုင်တွယ်ရ ခက်ခဲတယ် မဟုတ်လား အထူးသဖြင့် ...

... အချိန်မရွေး အောင်မြင်မှု ရနိုင်တဲ့ ဆဋ္ဌမအဆင့် သူတော်စင် သခင် အယ်လ်ဖာ ဝံပုလွေပဲ။ ”

ကျိကျစ်ရှီက ပြုံးသည်။ စကားဖြင့် ပြန်မဖြေဘဲ လင်းယွန်ထံ လှည့်ကြည့်လိုက်တော့၏။ မည်သို့ တုံ့ပြန်ရမည်ကို မသိချေ။

“ ငါ နားလည်ပြီ။ ”

ဝူယုယွီက အထင်မှားသွားသည်။ တစ်ဖက်သား အတွက် ခက်ခဲသော အရာများ သူ မလုပ်သင့်ဟု သူ့ကိုသူ သတိပေး၏။

သူ့အတွေးကို သိလိုက်သော ကျိကျစ်ရှီက ကူကယ်ရာမဲ့ သွားလေသည်။ အစ်ကိုကြီးလင်းမှ ဓားတစ်ချက်တည်းဖြင့် ထိုအယ်လ်ဖာ ဝံပုလွေ အပေါ် ခေါင်းဖြတ်ခဲ့သည်ဟု ပြေပါက ယုံမည်မဟုတ်ချေ။

များမကြာခင် ရနံ့တစ်ခု ပျံ့နှံ့လာပြီး ဝိုင်းဖွဲ့စားသောက်ရန် ပြင်လိုက်တော့သည်။ ဝူယုယွီက အသားကို ကိုက်လိုက်ကာ သက်ပြင်းချလျက်၊

“ အခု ငါတို့ သာယာတဲ့ အချိန်တွေက ကုန်သွားပြီ ... တိုက်ပွဲတွေ ဆင်နွှဲရတော့မယ့် အချိန်ပဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ မိုးတိမ်နယ်မြေမှာ ကောင်းကင်ဓား ခန်းမအပြင် အခြား ဘယ်သူတွေ အစွမ်းထက် သေးလဲ။ ”

လင်းယွန်က စူးစမ်းသည်။

“ ကောင်းကင် ဓားခန်းမ အပြင် ... သွေးအရိုးဂိုဏ်း၊ ရွှေကျောက်စိမ်း ခန်းမနဲ့ သဏ္ဍာန်မဲ့ နန်းတော်တို့ ရှိတယ် ... ကျန်တာ ကတော့ နတ်ဆိုးကျင့်ကြံသူ အချို့ပါပဲ ...

... မိုးတိမ်နယ်မြေမှာ အဖြူ-အမည် ယှဉ်တွဲပြီးနေနိုင်တယ် ... အဲဒီ ချိန်ခွင်လျှာကို ကောင်းကင်ဓားခန်းမက ထိန်းထားရတယ်။ ”

ဝူယုယွီ စကားကြောင့် လင်းယွန်က လေါင်းညိတ်လိုက်သည်။

“ ဒါဆို အင်အားစုတွေကြား အခိုင်အမာ ရပ်တည်နိုင်တဲ့အတွက် ကောင်းကင်ဓားခန်းမ ခွန်အားက ထူးထူးခြားခြား ပဲပေါ့။ ”

“ မှန်တယ် ... ။ ”

ဝူယုယွီက လင်းယွန် စကားကို ပြုံးပြီး၊

“ ... မိုးတိမ်ဂိုဏ်းက ... အကိုင်းအခက် တစ်ခုပဲ ... စစ်မှန်တဲ့ ကောင်းကင်ဓား ခန်းမမှာ စကြာဝဠာကြီးကို စိုးမိုးနိုင်တဲ့ ဓားပညာ သုံးရပ်ရှိတယ်။ ”

“ ဟမ့် ... ။ ”

လင်းယွန်က အံ့အားသင့်သွားသည် ။

“ သူတို့က ကောင်းကင်ဘုရင်ဓား၊ ကောင်းကင်ဧကရာဇ်ဓား၊ ကောင်းကင်နတ်ဓား တွေပဲ။ ”

ဝူယုယွီက ဂုဏ်ယူ ဝံ့ကြွားစွာ ပြောသည်။

“ ကောင်းကင်ဓားက အာကာသကို ဖြိုခွဲနိုင်ပြီး ကြယ်ပါတ်လမ်းကို ဖြတ်တောက်နိုင် ပါတယ်၊ ဗုဒ္ဓဘာသာရဲ့ နည်းပညာရပ် အမျိုးမျိုးကို ဒီဓားထဲ ...

... ပေါင်းစပ်လိုက်ရင် ... နိဗ္ဗာန်ကို ဖန်တီးနိုင်တဲ့အတွက် ဒါက ကြောက်စရာ အကောင်းဆုံးပဲ။ ”

လင်းယွန်မျက်လုံးများ တောက်ပလာပြီး၊

“ အစ်ကိုဝူ ... အဲဒီဓားပညာတွေကို မင်းသိလား။ ”

-ဟု မေးလိုက်သည်။

ဝူယုယွီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊

“ မိုးတိမ်နယ်မြေမှာ ဒါကို ဘယ်သူမှ မလေ့ကျင့်နိုင်သေးဘူး နတ်သားတော်တွေသာ ကျွမ်းကျင်ကြတယ် ... နယ်မြေ ...

... ခေါင်းဆောင်တွေ ကတော့ ... ကောင်းကင် ဧကရာဇ်ဓားကို လေ့ကျင့်ထား ကြတယ် ... အစ်ကိုလင်းက စိတ်ဝင်စားလား ငါနည်းနည်း လေ့ကျင့်ထားတာ ရှိတယ်။ ”

“ အင်း ... ။ ”

ဝူယုယွီက ဘုန်းဝိညာဉ် ဓားတစ်လက် ထုတ်ယူလိုက်ရာ တုန်ခါလျက် နဂါးအော်သံများ ထုတ်လွှတ်တော့သည်။

ရောင်ဝါများ ပေါက်ကွဲလာပြီး နဂါး တစ်ကောင် ပေါ်လာ၏။ နဂါးနှင့် ဓားတို့ ပေါင်းစည်းသွားသောအခါ ဝူယုယွီသည် ဘုရင်တစ်ပါး ဖြစ်သွားသည်။

“ ပထမဓား—နဝမမြောက် ကောင်းကင်ဘုံ၏ နဂါးဟောက်သံ။ ”

ကောင်းကင်၌ လျှပ်ပြက်သွားသည်။ ကြီးကျယ်ခမ်းနားသော နဂါးတစ်ကောင် ဒေါသ ထွက်နေသကဲ့သို့ အသံထွက်လာ၏။

လင်းယွန်၏ သွေးများ ဆူပွက်လာခဲ့သည်။ ဤသည်မှာ အဆင့်မြင့် နဂါးဝိညာဉ် ပညာရပ် တစ်ခု ဖြစ်သည်။

“ ဒုတိယဓား— သက်ရှိ နဂါး ရောင်ဝါ ... ။ ”

“ တတိယဓား— ကုန်မြေကြီး ရှစ်ပါးကို အုပ်စိုးခြင်း နဂါး။ ”

“ စတုတ္ထဓား— ကောင်းကင်ကို ဖျက်ဆီးမဲ့ နဂါး။ ”

“ ပဉ္စမဓား— ပင်လယ်လေးခုသို့ လှည့်လည်ခြင်း။ ”

“ ဆဋ္ဌမဓား—နေကို ဝါးမျိုခြင်း။ ”

“ သတ္တမဓား— ကြယ်ကြွေကောက်ပြီး လမင်းထံ ဦးလှည့်ခြင်း။ ”

“ အဌမဓား — အနန္တ နဂါးများ ဟစ်ကြွေးခြင်း ... ။ ”

“ နဝမဓား— အကြွင်းမဲ့ စိုးမိုးမှု။ ”

ဤသည်မှာ ရိုးရှင်းသော သရုပ်ပြမှုသာ ဖြစ်သည်။ ထို့ကြောင့် စွမ်းအားကို ထိန်းကာ ဝူယုယွီက နောက်ပြန်ဆုတ်သွား၏။

သို့တိုင် ဓားလှိုင်းသည် ကြောက်စရာ ကောင်းနေသေးသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွန်က ငြိမ်သက်သွား၏။

ဤဓားပညာရပ်သည် အစွမ်းထက် သော်လည်း တာအို မျက်နှာပြင်နှင့် ထိတွေ့မှု မရှိနိုင်ချေ။ ပိုးစုန်းကြူး နတ်ဓား၏ အထွတ် အထိပ် ကျွမ်းကျင်မှုက နိုင်နှိမ်းနိုင်မည်။

“ ဘယ်လိုလဲ ... ။ ”

ဝူယုယွီက မေးသည်။ ကျိကျစ်ရှီသည်လည်း လင်းယွန်တစ်ယောက် မည်သို့အကဲဖြတ်မည်ကို သိလိုခဲ့၏။

“ ကောင်းကင်ဘုရင် ဆိုတာ နဂါးတွေကို ရည်ညွှန်းတယ် ... အစ်ကိုဝူ ... မင်းဒီဓားရေးမှာ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုကို ရောက်ရင် နဂါး ထွက်ပေါ်လာလိမ့်မယ် ...

... အဲဒီအချိန်မှာ ... မင်းရဲ့ဓားဟာ ကောင်းကင် နိယာမနဲ့ ချိတ်ဆက်သွားပြီး စွမ်းအား နောက်တစ်ဆင့် တက်သွားမယ်။ ”

“ ဟမ့် ... ဒါဟာ သရုပ်ပြရုံလေးကို မြင်နိုင်လား အစ်ကိုလင်းက ဓားတာအို အပေါ် တကယ် ရူးသွပ်တာပဲ။ ”

ဝူယုဟွာက ချီးကျူးစကားဆိုသည်။

“ ဒါပေမယ့် ကောင်းကင် ဘုရင် ထွက်လာရင်တောင်မှ အားနည်းချက်တွေ ရှိပါတယ် ... ဒီဓားပညာက နဂါးအစစ်ဖြစ်စေ၊ နတ်နဂါး ဖြစ်စေ ...

... နဂါးတစ်ကောင်ကို ထင်ရှားစေဖို့ ကောင်းကင်ရဲ့ တန်ခိုး ချေးငှားထားရတယ် အမြင်မှာ ထက်ရှပေမယ့် စွမ်းအားက အစစ်အမှန် မဟုတ်ဘူး ...

... ငါသာဆိုရင် ဒီလို ကြီးကျယ် ခမ်းနားစေဖို့အတွက် ကောင်းကင် စွမ်းအားကို ချေးငှားမှာ မဟုတ်ဘူး ... ငါ့ဓားက ဘာလို့ ကောင်းကင်ကို ကြောက်ရမှာလဲ။ ”

ဝူယုယွီက တုန်လှုပ်လျက် လင်းယွန် ပြောသည်ကို နားမလည် နိုင်သောကြောင့် တိတ်ဆိတ်သွားသည်။

“ ကောင်းပြီ ... အဲဒါက ပြီးပြည့်စုံဖို့ ပိုလွယ်တယ် လူအများစုက ကောင်းကင်တန်ခိုး ချေးငှားပြီး ကောင်းကင်ရဲ့ ချယ်လှယ်မှု အပေါ် ခွင့်ပြုခဲ့တယ် ... မင်း တတ်စွမ်းရင် အဆုံးထိ သွားလို့ရတယ် အနည်းဆုံးတော့ ...

... ဒီဓားရေးက ဧကရာဇ် နယ်ပယ် အထိ လုံလောက်ပါတယ် ပြီးပြည့်စုံစွာ ကျွမ်းကျင်မှု ပြီးနောက် သရုပ်ဖော်ခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ရှိတာ မင်းသိတယ် မဟုတ်လား။ ”

လင်းယွန်ကဆက်ပြီး ပြောလိုက်မှှသာ ဝူယုယွီတစ်ယောက် အနည်းငယ် နားလည်လာ လေသည်။

“ ကောင်းကင်ဘုရင်ဓားက အဆုံးမှာ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်နိုင်လိမ့်မယ် ဒါပေမယ့် ဒါက ငါ့အမြင်ပဲမို့ မင်းစိတ်ထဲ မထားပါနဲ့။ ”

လင်းယွန်က ပြုံးကာ ဖြေလျော့လိုက်သည်။

“ မင်းပြောတာ အဓိပ္ပာယ် ရှိတယ် ... ဒါပေမယ့် လူတိုင်း မင်းလို ရည်မှန်းချက်မရှိဘူး၊ အိမ်မက်နောက်ကို လိုက်ရှာဖို့ထက် ကောင်းကင် ပေါ်မှာ ကျင်လည် ကျက်စား နေတာက ပိုကောင်းပါတယ်။ ”

“ ငါ နားလည်ပါတယ်။ ”

လင်းယွန် ခေါင်းညိတ်သည်။

“ အစ်ကိုဝူက စိတ်၀င်စားရင် ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုဆီ ရောက်အောင် ကူညီပေးပါ့မယ ဒါပေမယ့် မင်းဒီအကြောင်းကို ဘယ်သူ့မှ ပြောပြလို့မရဘူး။ ”

“ ဟမ့် ... ဒါက ဝမ်းသာစရာပဲ။ ”

ဝူယုယွီက ကျေးဇူးတင်ကြောင်း ပြောကြားလာ၏။ ဘေးမှ စောင့်ကြည့်နေသော ကျိကျစ်ရှီက တဖြည်းဖြည်း လင်းယွန်ကို ပို၍ မြတ်နိုးသွားတော့သည်။

“ ကောင်းပြီ ... ငါတို့ လမ်းမှာ ဆက်ပြောကြမယ် ကောင်းကင်ဓား ခန်းမ အဖွဲ့ဆီ မင်းတို့ကို ခေါ်သွားပေးမယ်။ ”

ဝူယုယွီက စိတ်လှုပ်ရှားစွာ ပြောကြားလာ၏။ ညရောက်သော အခါ စခန်း တစ်ခုသို့ ရောက်ရှိလာသည်။

ဤသည်မှာ မိုးတိမ် နယ်မြေ၏ တပ်ဖွဲ့များစုရုံးရာ ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်သည်။ စခန်းအတွင်း သက်ဝင် စည်ကား နေချေ၏။

ရွက်ဖျင်တဲများကို စက်ဝိုင်းပုံ ထိုးထား ကြပြီးနောက် အလယ်ဗဟို၌ ကြီးမားသော တဲများ ရှိလေသည်။

“ ဂျူနီယာဝူ ... ။ ”

စခန်းအတွင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်လာ၏။ သူတို့အမည်ကို ဝူယုယွီက မိတ်ဆက်ပေးထားသဖြင့် လင်းယွန်က သိသည်။

အမျိုးသားမှာ ချန်ကျွင့် ဖြစ်ပြီး အမျိုးသမီးသည် ရှလော ဖြစ်၏။ နှစ်ယောက စလုံးတွင် ထူးထူးခြားခြား အသွင်အပြင်များ ရှိချေသည်။

“ သူတို့က ဘယ်သူတွေလဲ ... ။ ”

ချန်ကျွင့်က လင်းယွန်တို့ကို ကြည့်ကာ မေးလိုက်သည်။

“ ငါ့သူငယ်ချင်းတွေပါ ... သူတို့ကို ငါတို့နဲ့အတူ ခေါ်သွားချင်လို့ ဖိတ်ကြားလာတာ။ ”

“ ဘယ်က လာတာမို့လဲ။ ”

ချန်ကျွင့်က မျက်မှောင်ကြုတ် လိုက်သည်။

“ နဂါးပြာဘိုးဘေး ဖန်တီးထားတဲ့ ခွန်လွန် နယ်မြေက။ ”

“ ခွန်လွန်လား ... ဒါ အတိတ်က နယ်မြေဟောင်းကြီးပဲ ... ငါတို့ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။

ရှလော ဟူသော အမျိုးသမီးက လှောင်ပြုံးဖြင့် ဝင်ပြောသည်။ လင်းယွန်နှင့် ကျိကျစ်ရှီက အကြည့်ချင်း ဖလှယ်မိကြ၏။

“ အစ်မရှ မင်းစကားပြောတာ နည်းနည်းကြမ်းတယ် ... ညီအစ်ကိုလင်းက သာမန် မဟုတ်ဘူး ... လမ်းတလျှောက်မှာ ဓားပညာတွေ ငါ့ကို လမ်းညွှန် ပေးခဲ့တယ်။”

“ သူကလား ... ။ ”

ရှလော လှောင်ပြုံးပြုံးသည်။

“ ခွန်လွန် နယ်မြေက အရိုင်းအစိုင်း တစ်ယောက်က ကောင်းကင်ဓား ခန်းမရဲ့ တပည့်ကို လမ်းညွှန်ချက် ပေးတယ်လား၊ ...

... ငါတို့ ကောင်းကင်ဓားခန်းမက ကောင်းကင်ဘုရင်ဓားနဲ့တင် ခွန်လွန်နယ်မြေ တစ်ခုလုံးကို အုပ်စိုးလို့ရတယ် ... သူတို့က အခေျာင် လိုက်ချင်နေတာပဲ။ ”

“ ဒါက ဘယ်လို လေသံကြီးလဲ ... ငါ့ခွန်လွန်က ကောင်းကင်လမ်းကို ဖြတ်ချထား ပေမယ့် မင်းစော်ကားဖို့ မဟုတ်ဘူး။ ”

ကျိကျစ်ရှီက အေးစက်သော အသံဖြင့် ရှလောကို စိုက်ကြည့်သည်။ ဒေါသထွက်နေ သော်မှ ဆည်းလည်းသံ ကဲ့သို့ ကြည်လင်နေ သဖြင့် ချောမောလှပသူ ဖြစ်ကြောင်း ခံစားမိစေသည်။

“ အစ်ကိုကြီး ... ။ ”

ရှလောက ချန်ကျွင့်ကို လှည့်ကြည့် လိုက်သည်။

“ သူငယ်ချင်း ... မင်းမိန်းကလေးကို ကောင်းကောင်းထိန်းပါ ... နောက်ထပ် စကား တစ်ခွန်း ထပ်ပြောဝံ့ရင် ငါ့ကို အပြစ်မဆိုနဲ့ ... ။ ”

ချန်ကျွင့် အမည်ရှိ လူငယ်က ရှေ့တစ်လှမ်းတိုးကာ ခြိမ်းခြောက် လာခဲ့သည်။

“ ငါမလုပ်ရင် ဘာဖြစ်လဲ။ ”

လင်းယွန်မှ ပြုံးပြုံးလေး တုံ့ပြန်၏။ ရပ်ကြည့်နေသော ဝူယုဟွာခမျာ မကျေမနပ် ဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက်

“ စီနီယာ အစ်ကို ချန်ကျွင့် ... သူတို့က ငါ့သူငယ်ချင်းလို့ ငါပြောထားတယ် မဟုတ်လား ဒါကြောင့် လေးလေးစားစား ဆက်ဆံပါ။ ”

“ ဘာဖြစ်နေတာလဲ ... ။ ”

ရွက်ဗျင်တဲတစ်လုံး၏ ကန့်လန့်ကာ ပွင့်လာပြီး အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမ နောက်တွင် ကောင်းကင်ဓားခန်းမ၏ တပည့်များစွာ လိုက်ပါလာ၏။

သူမ ထွက်ပေါ်လာသောအခါ ဝူယုဟွာ၊ ချန်ကျွင့်နှင့် ရှလောတို့ မျက်နှာများ ပြောင်းလဲ သွားပြီး ရန်လိုမှုများ ပျောက်ကွယ်ကုန်သည်။

အမျိုးသမီး၏ ဆံပင်ရှည်ရှည်များက လေထဲလွင့်ဝဲလျက် အဝတ်အစားများ နှင့်အတူ ကခုန်နေ၏။

မျက်ဝန်းတစ်စုံမှာ ပြင်းထန်သော ရောင်ဝါများ ပေးဆောင်သည့် နေနှင့်လ ကဲ့သို့ တောက်ပသည်။ ကောင်းကင်ဓားခန်းမ၏ တပည့်ကြီး လင်းကျန်းရှန့် ဖြစ်၏။

“ ခေါင်းဆောင် ... ။ ”

ဝူယုဟွာ၊ ချန်ကျွင့်နှင့် ရှလောတို့က လေးစားစွာ နှုတ်ဆက် လိုက်ကြလေသည်။ ဝူယုဟွာက အခြေအနေကို အသေးစိတ် ရှင်းပြလိုက်၏။

လင်းကျန်းရှန့်က လင်းယွန်ကို လှည့်ကြည့်ကာ၊

" ငါ့ဂိုဏ်းရဲ့ တပည့်တွေက ရိုင်းပျတဲ့ အတွက် စိတ်မကောင်းပါဘူး တောင်းပန်တာကို ခံယူပါ ... မင်းတို့နာမည်တွေ မေးလို့ရမလား။ ”

“ လင်းယွန် ... ။ ”

“ ကျိကျစ်ရှီ ... ။ ”

“ အရင်တုန်းက နဂါးပြာဘိုးဘေးက ကောင်းကင်ဓား ခန်းမကို ကူညီခဲ့ဖူးတယ် ... ကောင်းကင်လမ်းကို မဖြတ်မီ နဂါးတံခါးနဲ့ ကောင်းကင်ဓား ခန်းမက ...

... ဆက်ဆံရေးကောင်းတွေ ရှိတယ် ... ဒါ့ကြောင့် မင်းတို့က နတ်ဆိုး ကျင့်ကြံသူတွေ မဟုတ်သရွေ့ ယှဉ်တွဲ နေထိုင်လို့ရပါတယ်။ ”

လင်းကျန်းရှန့်က ချန်ကျွင့်နှင့် ရှလောထံ လှည့်ကြည့်ကာ၊

“ တောင်းပန်လိုက် ... ။ ”

-ဟု အမိန့်ပေးလိုက်သည်။

နှစ်ယောက်သား မကျေမနပ် ဖြစ်ကြသော်လည်း လင်းကျန်းရှန့်၏ အကြည့် အောက်တွင် တောင်းပန်လိုက်ရ၏။

ဤအမျိုးသမီး ပြသသော ကြီးစိုးမှုသည် လင်းယွန်အတွက် လေးစားဖွယ် ကောင်းချေပြီ။

***

All Chapters