အလင်းစွမ်းအင်ရွေးချယ်ခြင်း
Vol. 1 Ch. 1
"ရှလွှတ်၊ ရှလွှတ်.."
မနက်စာအနေနဲ့ (၂)ပန်းကန်ကို ချက်ချင်းစားပြီး ကျောင်းကိုအမြန်ပြေးတော့တာပဲ။
"လမ်းကို မြန်မြန်လျှောက်၊ နောက်ကျတာမလိုချင်ဘူး၊ မဟုတ်ရင် ဆရာမက သားကိုအကောင်းမြင်မှာမဟုတ်ဘူးနော်၊ မှော်ပညာကို သေသေချာချာသင်ခဲ့၊ ကျောင်းဆင်ရင် လမ်းကိုသေချာဂရုစိုက်၊ အိမ်ကိုတမ်းပြန်လာခဲ့"
အမေက အရမ်းအံ့ဩဖို့ကောင်းတယ်ဗျ။ ဒီစကားတွေကို သူပဲ နေ့တိုင်းပြောနိုင်တယ်။ ကျွန်တော့အကြောင်း သူမသိပဲနေမတဲ့လား။ ဒါပေမယ့် အမေကျွန်တော့ကို ဂရုစိုက်တာ နှလုံးထဲကို နွေးနေသလိုခံစားရတယ်ဗျ။
ကျွန်တော်ဆိုတဲ့ ကျန်းကုန်းက အသက်က(၇)နှစ်၊ ကျွန်တော်တို့ရွာနားက စန်းခက်မြို့ကြီးဆိုတာ အိုက်ရှားနိုင်ငံတော်မှာ ဒုတိယအကြီးဆုံး ကုန်းတွင်းပိတ် မြို့တော်ပေါ့။ ကျွန်တော့ မိသားစုက တော်တော်လေး ချမ်းသာတော့ အဖေနဲ့ အမေက မျှော်လင့်ချက်တွေ တစ်ပွေ့ကြီးနဲ့ ကျွန်တော့ကို စန်းခက်မြို့တော်က အခြေခံမှော်ပညာကျောင်းမှာ မှော်ပညာသင်ဖို့ ခေါ်သွားတယ်။ အခုဆို ကျွန်တော်က တတိယ တန်းရောက်နေပြီလေ။ ကျွန်တော်ငယ်ငယ်လေးကတည်းက မှော်ပညာနဲ့ပတ်သက်ပြီး ရင်းနှီးခဲ့ပေမယ့် ကျွန်တော်က ငပျင်းဗျ။ ပြီးခဲ့တဲ့ ၂နှစ်မှာ အခြေခံ မှော်ပညာနဲ့ အခြေခံ မှော်အယူအဆတွေပဲ ကျွန်တော်သင်နိုင်ခဲ့တယ်။
ဒီနေ့တော့ ကျွန်သင်ချင်တဲ့ အဓိကမှော်စွမ်းအင်တစ်ခု ဆရာ့ကိုပြောရမှာ။ ကျွန်တော် ဘယ်အဆင့်ထိ လျှောက်နိုင်မယ်ဆိုတာ အဲဒီဆုံးဖြတ်ချက်က အဖြေပေးလိမ်မယ်။ မှော်ပညာရှင်တွေမှာ အဓိကစွမ်းအင်အပြင် အသေးစားစွမ်းအင်တွေလဲရှိသေးတယ်လေ။ အဓိကစွမ်းအင်ဆိုတာကတော့ မဖြစ်မနေအလေးထားရမယ့် ပင်မစွမ်းအင်ဆိုတာ ပြောစရာကို မလိုလောက်ပါဘူး။ ဒါပေမယ့် ဖြည့်စွက် အသေးစားစွမ်းအင်တွေ ဆိုရင်တော့ သုံးမျိုးလောက်ထိ ရှိနိုင်တယ်ဗျ။ ကျွန်တော် ဘာကိုရွေးချယ်ရင်ကောင်းမလဲ။ မီးစွမ်းအင်ကို ကြိုက်ပေမယ့် ခပ်ပါးပါးပဲကြိုက်တာ။ အော်.. ကျွန်တော့မှာ ဆောင်ပုဒ် တစ်ခုရှိတယ်ဗျ။ "လုံခြုံရေးသည်သာ ပထမ" လေ။ ဒါဆိုရင် ဘာကိုရွေးရပါ့မလဲ။ ဘယ် မှော်စွမ်းအင်က လုံခြုံမှု ပေးနိုင်ဆုံးလဲ။
"စဉ်းစားစမ်း ... စဉ်းစားစမ်း ..."
ရပြီ။ အလင်းမှော်စွမ်းအင်က လုံခြုံဆုံးဖြစ်မယ့်ပုံပဲ။ အရင်တုန်းက ဆရာပြောဖူးတယ်။ ယေဘုယျအနေနဲ့ အဆင့်မြင့်တန်းမတိုင်မှီမှာ အလင်းစွမ်းအင်က ထိခိုက်မဖြစ်နိုင်ဘူးတဲ့။ ဒါဆိုရင် ပုံမှန်အနေအထားမှာ သူများတွေနဲ့ တိုက်ခိုက်ရတဲ့အလုပ်ကနေ ကာကွယ်ပြီးသားဖြစ်သွားလိမ့်မယ်။ ဟုတ်တယ်။ ကျွန်တော် အဲဒါကိုပဲ ရွေးမယ်။ အိုက်ရှားနိုင်ငံမှာ မှော်ပညာတိုးတက်မြှင့်တင်ရေးအတွက် မှော်ပညာကျောင်းက ကျောင်းသားတွေ လက်တွေ့ အတွေ့အကြုံမြင့်မားဖို့ သူတို့မှော်အဆင့်သတ်မှတ်ချက်အတည်ပြုဖို့ မကြာခဏ စမ်းသပ်လေ့ရှိတယ်လေ။ ပုံမှန်ဆိုရင်တော့ ၅ တန်း၊ ဒါမှမဟုတ် အလယ်တန်းမှော်ပညာကျောင်းတွေမှာ စမ်းသပ်ကြမှာ။
အဟား.. ကျွန်တော် တော်တော်လေး စမတ်ကျတာပဲ။ အသေးစား စွမ်းအင်အတွက် ဘယ်မှော်စွမ်းအားကို ရွေးရမလဲ။ လေစွမ်းအင်ကြီးထဲက လေစွမ်းအင်လေးတစ်ခုနဲ့ လေပေါက်ကွဲခြင်းနည်းစနစ်လား၊ ဒါမှမဟုတ် တစ်ခုခုတော့ သင်ရမှာပဲ။ ဒီနည်းနဲ့ အန္ဒရာယ်တစ်ခုခုနဲ့ တိုးရင် လွတ်မြောက်နိုင်တယ်လေ။ နေအုံး... မဟုတ်သေးဘူး... လေစွမ်းအင်က မြန်ပေမယ့် ချက်ချင်း လှုပ်ရှားနိုင်စွမ်းမရှိဘူး။ ၁၀ ကီလိုမီတာလောက် ဝေးဝေးကို လျှပ်တပျက် ရွှေ့ပြောင်းနိုင်တဲ့ လေဟာနယ် မှော်ပညာရှင် ရှိတယ်လို့ အမေပြောဖူးတယ်။ တကယ်လဲရှိနေတုန်းပဲ။ လေဟာနယ်စွမ်းအင်ပဲ မိုက်တယ်။ ဒီတော့ ကျွန်တော ဒါကိုပဲရွေးမယ်။
ဒီလောက်ထိ နက်နက်နဲနဲ တွေးပြီးတဲ့အခါ အသက်ပြင်ပြင်းရှူလို့မရပြန်ဘူး။
နောက်ပိုင်း မျိုးဆက်သစ်တွေထဲက အလင်းစွမ်းအင်မှော်ဆရာ ကျန်းကုန်းဝေ့ ဆိုရင် အလင်း၏သားတော်လို့ ချီးမွမ်းကြတာ။ ကျန်းကုန်းဝေ့ကလဲ နောက်ဆိုရင် အရမ်းကျော်ကြားတဲ့ထပ်ဆုံးလူတွေထဲမှာ နံပါတ်တစ်ခုခု ချိန်လာမှာပဲ။ သူရွေးထားတဲ့ အလင်းမှော်စွမ်းအင်နဲ့ တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားဖို့ထိ ရည်မှန်းထားတာ။
ကျွန်တော် မြို့ကိုပျော်ပျော်ကြီးလမ်းလျှောက်ရင် လှလွန်းတဲ့ ဘဝကို ပြန်တောင်စဉ်းစားမိလိုက်သေး။ ကျွန်တော် ကိုယ့်ကိုကိုယ် မချုပ်တီးနိုင်အောင်ကို ပျော်ပျော်ကြီးရယ်ပစ်လိုက်တယ်။
"ဟေ့ .. ကျန်းကုန်း"
"အောင်းသဲ ... မင်းတော်တော်နှောက်ယှက်တာပဲ.. မင်းငါ့ကို လှန့်တာလား.."
သူက ကျွန်တော်ရဲ့ အရင်းနှီးဆုံး အတန်းဖော် သူငယ်ချင်းပေါ့။
"မင်း ဘယ်စွမ်းအင်ရွေးထားလဲ .."
"ငါက ပင်မစွမ်းအင်ရော၊ အကူစွမ်းအင်တွေရောမှာ အလင်းစွမ်းအင်ကိုပဲ ရွေးထားတယ်.."
"ငါထင်တဲ့အတိုင်းပဲ ... ဟား.. ဟား.. ဟား.."
"မင်းဘာတွေသိထားလဲ... အဲဒီနှစ်မျိုးကို ဘာကြောင့်ရွေးတာလဲ၊ ငါ့ကို ဘာလို့ မပြောတာလဲ.."
ကျွန်တော် အောင်းသဲကို အံ့အာသင့်မိလိုက်တယ်။
"အမှန်ပဲလေ၊ မင်းရဲ့ ဆောင်ပုဒ်ကိုက လုံခြုံမှုသည် မထမ မဟုတ်ဘူးလား"
"ဒါနည်းနည်းတော့ စိတ်ရှုတ်စရာပဲ... မင်းမှန်ပါတယ်.. ဒီတော့ မင်းဘာရွေးခဲ့လဲ .."
အောင်းသဲ သူ့ရင်ဘတ်ကိုကော့ရင်း ဂုဏ်ယူစွာဖြင့်..
"ငါက ရေစွမ်းအင်အဓိကနဲ့ အထောက်အကူစွမ်းအင်က လေဟာနယ်စွမ်အင် ရွေးထားတယ်"
"မင်းဘာကြောင့် လေဟာနယ်စွမ်းအင်ငယ်ကို ရွေးလိုက်တာလဲဆိုတာ ငါသိတယ်၊ သူလဲ ငါတို့နဲ့ အတူတူရွေးလိမ့်မယ်.. ဒါပေမယ့်မင်းက ရေစွမ်းအင်ကို ဘာကြောင့်ရွေးတာလဲ .."
အောင်းသဲ လူကြီးဂိုက်ဖမ်းရင်း
"မင်းနားမလည်ပါဘူး..."
"မင်းဘာလို့ မြန်မြန် မပြောသေးတာလဲဟ..."
ရေစွမ်းအင်ကျွမ်းကျင်သူ မိန်းကလေးတွေ အများကြီးကွ.. ယောက်ျားလေးမရှိဘူး... သူတို့ကိုအနိုင်ကျင့်ပြီး ရေခဲမုန့်တွေ လုစားလို့ရသေးတယ်လေ.. ဟား..ဟား"
"ဒီအရွယ်လေးနဲ့ မင်းက တော်တော်ပျက်စီးနေတာပဲ.. အေးပါ.. အေးပါ.. မင်းအဖေကို ငါသွားတိုင်ပြောမှာ ..."
ကျွန်တော် ခေါင်းမော့လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တွေးမိတယ်ဗျ။ ရေစွမ်းအင်ကျင့်ကြံတဲ့ မိန်းကလေးတွေများပေမယ့် ဟိုကောင်က မိန်းကလေးတွေကို အနိုင်ကျင့်မယ်ဆိုရင် မှော်ပညာအလယ်တန်းကျောင်း ဝင်ပြီးတဲ့အချိန်ကျရင်၊ သေချာတယ် ဒီကောင် ဝမ်းနည်းစရာ အကျိုးဆက်တွေပဲ ရှိလာလိမ့်မယ်။ တစ်ချို့ကောင်တွေ ကျောင်းရဲ့ အလှလေးတွေကို အနိုင်ကျင့်တဲ့အခါ ရွာကအကိုကြီးတွေက ဆိုးဆိုးရွားရွားကို ရိုက်နှက်ပစ်တတ်ကြတာလေ။ ဒီလိုသာ ကြီးပြင်လာမယ်ဆိုရင် အောင်းသဲ တကယ်ကို စိတ်ဆင်းရဲစရာကြုံရလိမ့်မယ်။ ဒီအတွေးနဲ့တင် ကျွန်တော် အောင်းသဲကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်မိတယ်။
"ငါနဲ့အတူ ရေးစွမ်းအင်မှော်ပညာကိုသာ လာသင်စမ်းပါကွာ.."
ဒီကောင် ကျွန်တော့နဲ့ မတွေ့ချင်လို့ တမင်ဆွဲဆောင်ချင်ယောင်ဆောင်နေတာ။
"မလိုပါဘူး .... အနာဂါတ်မှာ ငါ့အတွက် အစားကောင်းကောင်းလေးတွေပဲ ယူလာပေးလှည့်။ ဒါဆိုရင် မင်းအဖေကို ငါတိုင်မပြောဘူး ..."
"အဆင်ပြေတယ်... ပြဿနာမရှိဘူး .."
"ငါတို့ကျောင်းရောက်ပြီ ... မြန်မြန်ဟ.. တော်ကြာနောက်ကျနေလိမ့်မယ် .."
စန်းခက်မြို့ရဲ့ အခြေခံမှော်ပညာကျောင်းက ဒီမြို့မှာ အကြီးဆုံးမှောပညာကျောင်းပဲလေ။ အကျယ်အဝန်းက ၂၀၀၀၀ စတုရန်းမီတာကျော်တယ်။ လေ့ကျင့်ရေးကွင်းတွေနဲ့ ဆရာတွေနေတဲ့ အဆောက်အဦးတွေ အများကြီးပဲ။ အောင်းသဲနဲ့ ကျွန်တော်က အတန်း ၃-၄ မှာတက်ရတာ။
"ငါတို့ နောက်မကျပါဘူးကွ ... မဟုတ်ရင် စုန်းမအိုကြီးက ငါတို့ကို အပြစ်ပေးမှာပဲလေ .."
"တိတ်တိတ်နေ... စုန်းမအိုကြီးလာနေပြီ ..."
မှန်တယ်ဗျ။ စုန်းမအိုကြီးဆိုတာ ကျွန်တော်တို့ရဲ့ အတန်းပိုင်ဆရာ။ အသက်က ၅၀ လောက်ရှိတယ်။ မီးစွမ်းအင်မှော်ပညာရှင်ပေါ့။ ဆရာမက အရမ်းစည်းကမ်းကြီးတာဗျ။ အတွေ့အကြုံရင့်နေတဲ့ ပုံကြီးက ကောင်မလေးတွေလို ဆွဲဆောင်မှုမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်နဲ့ အတန်းဖော်သူငယ်ချင်းတွေအားလုံးက သူ့ကို စုန်းမအိုကြီး လို့ခေါ်ကြတာ။
"မင်္ဂလာ နံနက်ခင်းပါ သားတို့၊ သမီးတို့ရေ...."
"မင်္ဂလာပါ ဆရာမ.."
တစ်တန်းလုံ အသံတွေ တိတ်သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးတောင်ဟောင်းကြီးလို ဆရာမရဲ့ ပေါက်ကွဲမှုတွေကို မကြုံချင်ကြဘူးလေ။
"သားတို့/သမီးတို့အနေနဲ့ ဘယ်လိုမှော်စွမ်းအင်ကို ရွေးချယ်ရမလဲဆိုတာ ကောင်းကောင်းစဉ်းစားဖူးကြလား .."
"စဉ်းစားဘူးပါတယ် .."
"ကောင်းတယ် ... စာရင်းသွင်းဖို့ တန်းစီလာခဲ့ကြ ..."
ကျွန်တော်စာရင်းပေးတော့ စုန်းမအိုကြီးက ကျွန်တော့ကိုကြည့်ပြီး..
"မင်းက အလင်းရောင်စွမ်းအင်ကို အဓိကအဖြစ်ရွေးလိုက်တာလား .."
"ဟုတ်ပါတယ်ဆရာမ .."
"တစ်နိုင်ငံလုံးမှာရှိတဲ့မှော်ပညာရှင်တွေထဲကမှ အလင်းစွမ်းအင်ကို အဓိကအဖြစ်ရွေးခဲ့တဲ့သူတွေက ကျွမ်းကျင်အဆင့်ရောက်မှ ပြန်လည်ကုသခြင်းစွမ်းရည်ရတယ်ဆိုတာ မင်းသိရဲ့လား "
"ဗျာ ... ကျွန်တော်မသိဘူး... အဲဒါ ဘာကြောင့်လဲ ဆရာမ .."
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ လောက်က တိုက်ကြီးနှစ်ခု တိုက်မိတဲ့အချိန်မှာ အလင်းမှော်စွမ်းအင်းကို လေ့ကျင့်သူယူသူတွေ အများကြီးရှိတယ်။ အလင်းမှော်က နတ်ဆိုးတွေနဲ့ တိုက်ပွဲမှာ ဖိနှိပ်နိုင်တာကြောင့်ပါ။ စစ်ပွဲအတွင်းမှာ အလင်းစွမ်းအင် အလယ်တန်းမှော်ပညာရှင်တွေရဲ့ အဓိက တာဝန်နှစ်ခုရှိတယ်။ အလင်းမှော်ပညာရှင်တွေက ဒဏ်ရာရသူတွေကို ပုံမှန်အားဖြင့် ကုသပေးနိုင်တဲ့အပြင် တိုက်ပွဲရဲ့ ညီမျှမှုတွေကို ဖျက်စီးနိုင်လို့ပါ။ အလင်းနဲ့ အမှောင် စွမ်းအင်တွေမှာ နောက်ထပ်အသုံးဝင်ပုံ နှစ်ခုရှိသေးတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀၀ ကြာပြီး ဒီနေ့ခေတ်အထိ စစ်ပွဲတွေမရှိပဲ လူသားတွေဟာ ငြိမ်းချမ်းစွာနေနိုင်ခဲ့ကြတယ်လေ။ ဒါကြောင့် အလင်းစွမ်းအင် မှော်ပညာဟာ အသုံးမဝင်ဖြစ်လာတယ်။ လက်တွေ့ကျတဲ့ ရေ၊ မီး၊ မြေကြီးနဲ့ လေစွမ်းအင်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အလင်းစွမ်းအင် မှော်ပညာရပ်က အရမ်းအခြေခံကျသွားပြီ။ ဒါတင်မကသေးဘူး အလင်းမှော်ပညာရှင် အားလုံးနီးပါးက ခုခံကာကွယ်ဖို့နဲ့ ကုသဖို့ ဆိုတဲ့ ရည်ရွယ်ချက်အတွက်ပဲ အသုံးများကြတာ။ ဒါကြောင့် လူအများစုက တိုက်ခိုက်လိုစိတ်ပြင်းပြတဲ့ ရေ၊ မီး၊ မြေ၊ ဒါမှမဟုတ် လေ စွမ်းအင်တွေကိုပဲ အဓိကစွမ်းအင်အဖြစ် ရွေးကြတာ။ လူတော်တော်များများကို အလင်းစွမ်းအင်ထက် နဲနဲ နိမ့်ပေမယ့် ရေစွမ်းအင်ကလဲ ကုသနိုင်သေတယ်လေ။ ဒါပေမယ့် ရေစွမ်းအင်မှာက တိုက်ခိုက်ခြင်းနဲ့ ခုခံခြင်း အချိုးကျနေတာကြောင့် ကုသခြင်းအတွက် လေ့ကျင့်ချင်တဲ့ မိန်းကလေးတွေတောင် ရေစွမ်းအင်လေ့ကျင့်ဖို့ အလင်းစွမ်းအင်ကို လက်လွှတ်လေ့ရှိကြတယ်။ အလင်းစွမ်းအင်ဆိုတာ ငြိမ်းချမ်းရေးကို မြတ်နိုးတတ်တဲ့ဘုန်းတော်ကြီးတွေ လေ့ကျင့်ဖို့ သီးသန့်ချန်ထားသလိုတောင် ဖြစ်နေပြီ။
ကျွန်တော်အသက် ခုနှစ်နှစ်အတွင်း ဒီစွမ်းအင်လမ်းကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်မသေးဘူး။ ဆရာတွေရဲ့ သင်ကြားမှုကို လိုက်နာရင်း "လုံခြုံရေးသည် ပထမ" ဆိုတဲ့ ကျွန်တော့ ဆောင်ပုဒ်ကြောင့်သာ အလင်းစွမ်းအင်ကိုရွေးဖို့ ဆုံးဖြတ်ခဲ့တာ။
"ကောင်းပြီလေ .... သက်ဆိုင်ရာ စွမ်းအင်တွေရွေးချယ်ထားတဲ့ ကျောင်းသားတွေအားလုံး ဒီနေ့အတွက်ပြီးပြီ... မနက်ဖြန် မင်းတို့ရွေးချယ်ထားတဲ့ သက်ဆိုင်ရာစွမ်းအင်အလိုက် အတန်းတွေ ခွဲပေးလိမ့်မယ်.."
ဟုတ်ကဲ့.။ ဒီလိုနဲ့ တစ်ရက်တာ သင်တန်းချိန်ပြီးသွားပြန်ပြီဗျ။
ဒါကြောင့် အလင်းစွမ်းအင်ကျင့်ကြံမှု ပထမခြေလှမ်းကို ကျွန်တော်စလိုက်မိပြီ။ မနက်ဖြန် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြအုံးဗျာ။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား