← Chapters

ကျွန်တော့ဆရာ

Vol. 1 Ch. 2

ကျွန်တော့ဆရာ

Vol. 1 Ch. 2

ကျောင်းဆင်းလို့ အိမ်ပြန်လာတဲ့အချိန်မှာ အမေက ညစာတောင် အသင့်ပြင်ထားပြီးသား ဖြစ်နေပြီ။

"သားပြန်လာပြီလား.. ဒီနေ့ စာရောကောင်းကောင်းသင်ခဲ့ရဲ့လား.."

"သားသေချာသင်ခဲ့ပါတယ်.. အမေ ဒီနေ့သားတို့ ပင်မစွမ်းအင်မှော်ပညာ ရွေးခဲ့ရတယ် ...."

"အာ ... ကလေးအဖေ.. လာ..လာ.. မြန်မြန်လာ... ကျွန်မတို့သားက ပင်မနဲ့ အကူ မှော်ပညာအမျိုးအစားတွေ ရွေးခဲ့ပြီပေါ့လေ ..."

"တကယ်ပဲလား ... သားလေး လေစွမ်းအင်ကို ရွေးခဲ့တာမို့လား .."

ကျွန်တော့ သတင်းကြောင့် အဖေပါ ချက်ချင်းရောက်လာတာလေ။

"ကျွန်မတို့သားက ရေစွမ်းအင်ကိုပဲ အဓိကထားရွေးခဲ့မှာ ... ဟုတ်တယ်မို့လား .. သားလေး"

အမေက ကျွန်တော့ကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတာဗျ။

တကယ်ဆိုရင် ကျွန်တော့အမေက အလယ်တန်းရေစွမ်းအင်မှော်သခင်ဗျ။ အဖေကတော့ အလယ်တန်းလေစွမ်းအင် မှော်သခင်တစ်ယောက်လေ။ ကျွန်တော့ကို မွေးပြီးကတည်းက ကျွန်တော့အတွက် ပင်မသတ်မှတ်မယ့် မှော်စွမ်းအင်အမျိုးအစားနဲ့ ပတ်သက်လို့ ငြင်းခုံနေကျ။

သူတို့မျက်ဝန်းတွေမှာ မျှော်လင့်ချက်တွေအပြည့်နဲ့ ကြည့်နေတာဗျာ။ ကျွန်တော်ဘာလုပ်ရမလဲ။ သူတို့နှစ်ယောက်စလုံးကို ခဏမေ့ထားပြီးတော့ ဘယ်လိုဖြေရှင်လိုက်ရမလဲဆိုတာ အသည်းအသန် စဉ်းစားလိုက်ရတယ်။

"မဟုတ်သေးဘူး... မဟုတ်သေးဘူး ... ကျွန်တော်ရွေးလိုက်တဲ့ ပင်မမှော်စွမ်းအင်က ရေစွမ်းအင်ရော၊ လေစွမ်းအင်ပါ မဟုတ်ဘူး.."

"ဘာ ...."

သူတို့နှစ်ယောက်လုံးက အံအားသင့်နေတဲ့မျက်လုံးတွေနဲ့ ကျွန်တော့ကိုကြည့်နေကြတယ်။

"ဒီတော့ .. သားဘာကိုရွေးလိုက်လဲ... သားက မြေစွမ်းအင်ကိုလား မီးစွမ်းအင်ကိုလား.. အဲဒါတွေဆိုရင် တစ်ခုမှ သားနဲ့မသင့်တော်ဘူးနော် .. သားရဲ့ပင်မမှော်စွမ်းအင်ရွေးဖို့အတွက် အဖေ့နဲ့ဖြစ်ဖြစ်၊ မင်းအမေနဲ့ဖြစ်ဖြစ် ဆွေးနွေးတာတောင်မလုပ်ဘူး.. ဒီလမှာ မင်း ထောက်ပံ့ကြေး မရတော့ဘူး .. မင်းက ဖင်ကောင်းလို့ ကြိမ်တောင်းနေတာပဲ .."

အဖေက မျက်ပြူးကြီးနဲ့ ကျွန်တော့ကို ကြည့်နေပြီ။

"မဟုတ်ပါဘူး.. မဟုတ်ပါဘူး ... အဲလိုမဟုတ်ဘူး ... မီးစွမ်းအင်ရော၊ မြေစွမ်းအင်ရော မရွေးလိုက်ဘူး.. သားရွေးခဲ့တာက အလင်းစွမ်းအင်ပါ... အဖေတို့၊ အမေတို့ အတွက် သားရွေးခဲ့တာ.."

"ဘာ .. ငါတို့ကြောင့် ..."

"ဟုတ်တယ်လေ... အဖေတို့၊ အမေတို့ အိမ်ထဲမှာ သင့်သင့်မြတ်မြတ်ဖြစ်ဖို့ပါဗျာ .. အဲဒါကို စဉ်းစားကြည့်စမ်းပါ .. ကျွန်တော်သာ ရေစွမ်းအင်ကို ရွေးမယ်ဆိုရင် အဖေက စိတ်ဆိုးအုံးမယ်.. လေစွမ်းအင် ရွေးလိုက်ရင်ရော.. အမေကရိုက်အုံးမှာ.. မီးစွမ်းအင်နဲ့ ရေစွမ်းအင် ဆိုတာ အပြန်အလှန် ဆန့်ကျင်ကြတယ်... သားက သားလိမ္မာလေးလေ... အရမ်းလှတဲ့ အမေ့ကြောင့် မီးစွမ်းအင်ကိုရွေးစရာလား... တခါ.. မြေစွမ်းအင်နဲ့ အဖေ့လေစွမ်းအင်က ရန်ဖက်တွေ.. ဒီတော့ ဆွဲဆောင်အားကောင်းသလောက် ခန့်ချောကြီး အဖေ့အတွက် မြေစွမ်းအင်ကို ရွေးစရာလား.. သားလေးက အဲလိုတော့ မလုပ်နိုင်ပါဘူး ... အဲဒါကြောင့်လေ မိသားစုထဲက ဘယ်သူ့မှော်စွမ်းအင်ကိုမှ မဆန့်ကျင်မယ့် အလင်းမှော်စွမ်းအင်ကို ရွေးလိုက်တာ... သားတို့ မိသားစုတစ်ခုလုံး ပျော်ရွှင်ရမယ်အရေး ဦးစားပေးတွေးပြီး ရွေးလိုက်တာပါဗျာ.. "

ကျွန်တော် ပြောရင်းပြောရင်း မျက်ရည်တွေနဲ့ အဖေ၊ အမေတို့ကို ကြည့်နေလိုက်တယ်။

ကျွန်တော့ မျက်ရည်တွေကိုမြင်တော့ အမေက မနေနိုင်တော့ပဲ လာချော့တယ်ဗျ။

"သားလေး.. ကျန်းကုန်းက မိဘ နှစ်ပါးအတွက် ဒီလိုလုပ်ခဲ့ရတာပဲ ..."

အဖေလဲ မနေနိုင်တော့ဘူးလေ။ ကျွန်တော်က အချစ်တွေနဲ့ပြည့်နေတဲ့ ဒီလိုပုံစံကိုပဲ သဘောကျတာ။ ကျွန်တော် နည်းနည်းများ အတ္တကြီးသွားလားဗျာ။ ဟီ..ဟိ။

"ကျန်းကုန်း ... သားအနာဂတ်မှာ ကောင်းကောင်း လေ့လာသင်ယူရမယ်နော် ... အနည်းဆုံးတော့ သားက အဆင့်မြင့်မှော်ပညာရှင် တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်..."

"ဟုတ်ကဲ့ အဖေ.. အဖေတို့ နှစ်ယောက်စလုံးကို စိတ်ပျက်အောင်မလုပ်ပါဘူး ..."

အမေ တစ်ခုခုကို သတိရသွားပြီး ..

"ကျန်းကုန်း .. သားက အလင်းမှော်စွမ်းအင်ကို ရွေးထားတာဆိုတော့ အခြေခံအဆင့်နဲ့ အလယ်တန်းအဆင့်မှာ အလင်းစွမ်းအင်က တိုက်ခိုက်ခြင်း မပါဘူး .."

"ပြဿနာမရှိပါဘူး အဖေနဲ့ အမေ၊ သားက အဆင့်မြင့် မှော်ပညာရှင် ဖြစ်လာမှာ အသေအချာပဲ .."

ကျွန်တော်က လူလည်လေးလေ။ ကျွန်တော်သာ အရမ်းကြိုးစားချင်စိတ်ရှိရင် အလင်းစွမ်းအင်လိုဟာမျိုးကို ရွေးမတဲ့လား။ ဟီ..ဟိ .. သူတို့ကို နည်းနည်းတော့ ဂျင်းထည့်ရမှာပဲ။

"ကောင်းပြီလေ ... ငါတို့က သားလေး ရွေးခဲ့တာအတွက် ဂုဏ်ပြုညစာစားပွဲ လုပ်လိုက်ကြစို့ ..."

ဒီလိုနဲ့ အသံတိတ်ညတစ်ည ဖြတ်ကူးခဲ့တယ်ပေါ့ဗျာ။

********************

မနက်မိုးလင်းတော့ နေအလင်းရောင်နဲ့ အမေ့နှိုးချက်တွေအောက်မှာ နိုးလာပြီး မနက်စာ စားနေရပြီ။

"ကျန်းကုန်း.. ကျောင်းသွားဖို့အချိန်ရောက်ပြီ... ဒီနေ့ သင်ခန်းစာတွေက အရင်နဲ့မတူတော့ဘူးနော် ..."

"ဟုတ်ကဲ့ ... ကျွန်တော် သွားတော့မယ်.."

မနေ့ကလိုပဲပေါ့ဗျာ။ စာသင်ခန်းထဲ ကျွန်တော်ရောက်နေပြီ။

စုန်းအိုမကြီးလဲ ဝင်လာပြီ။

"ကျောင်းသားတွေအားလုံး အသံတွေတိတ်စမ်း ... ဒီနေ့ စာသင်ခန်းတွေ စခွဲမယ်.. ကျောင်းသားတိုင်း ပင်မနဲ့ အကူ စွမ်းအင် ရွေးထားကြတာမှာ အုပ်စု(၅)ခုရှိတယ်.. အဲဒီ အုပ်စုကြီး (၅)ခုအတွက်် စာသင်ခန်းတွေ ထပ်ခွဲမယ်... မီးစွမ်းအင်အတွက် (၃)ခန်း၊ ရေစွမ်းအင်အတွက်(၂)ခန်း၊ လေစွမ်းအင်အတွက်(၂)ခန်း၊ မြေစွမ်းအင်အတွက်(၁)ခန်းဖြစ်မယ်။ အခု တစ်ယောက်ချင်းစီအတွက် အခန်းတွေ ကြေငြာပေးမယ်... စာသင်ခန်းတွေ သိပြီးရင် သတ်မှတ်ထားတဲ့ အခန်းတွေကိုသွားရမယ်.."

မဖြစ်နိုင်ဘူးလေ။ ဘာလို့ အလင်းစွမ်းအင်အခန်းပါမလာတာလဲ။ အဲဒီမေးခွန်းက ကျွန်တော့စိတ်ထဲမှာ ထင်းထင်းကြီးဖြစ်နေပြီ။

"ထန်တိ ၊ လီချာ , မီးစွမ်းအင် အခန်း(၁)၊ အောင်းသဲ ရေစွမ်းအင် အခန်း(၂)၊ .........xxxxx......xxxxx..........."

ကျွန်တော်ကလွဲလို့ အတန်းဖော်တွေအားလုံး သူတို့အမျိုးအစားအလိုက် အခန်းတွေသတ်မှတ်ပြီးသွားပြီ။ နောက်ဆုံးကျောင်းသားတောင် အခန်းထဲက ထွက်သွားတော့မယ်။

"ကျန်းကုန်း မင်းဆရာနဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ ... ဒီကမ္ဘာကြီးပေါ်မှာ အလင်းမှော်စွမ်းအင်လေ့ကျင့်တဲ့သူတွေရှိသေးပေမယ့် မင်းကိုသင်ပေးနိုင်လောက်အောင် အစွမ်းထက်တဲ့ ကြီးမြတ်မှော်သခင်အဆင့်က (၁၀)ယောက်ပဲ ရှိတာဆိုတော့ မင်းကိုသင်ပေးမယ့်ဆရာတစ်ယောက် ကျောင်းကအထူးစီစဉ်ပေးထားတယ်"

အာ... မဟုတ်သေးပါဘူး။ အထူးဆရာတစ်ယောက်ထင်တယ်။ ကျွန်တော်တော့ သေပါပြီဗျာ။ ဒီစုန်းမအိုကြီးကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒါတွေကိုစဉ်းစားရင်း စုန်းမအိုကြီးနောက်က လိုက်ခဲ့ရတယ်။

တတိယအထပ်က ဆရာရုံးခန်းထိရောက်လာတယ်။ ဒါ.. ဒါ.. ကျောင်းအုပ်ကြီးရုံးခန်း မဟုတ်ဘူးလား။

"ကျန်းကုန်း.. လာငါနဲ့လိုက်ခဲ့"

ကျွန်တော် ချီတုံချတုံ ဖြစ်နေလို့ စုန်းမအိုကြီးက အတင်းဆွဲခေါ်သွားတာလေ။

"ဟုတ်ကဲ့ပါ ဆရာ"

ကျောင်းအုပ်ကြီးရုံးခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးက ကျွန်တော့ကို ပြုံပြတယ်။

"ဆရာမလင်း ... ဒါ မင်းအခန်းထဲက အလင်းစွမ်းအင်ကို ရွေးလိုက်တယ်ဆိုတဲ့ ကျန်းကုန်းလား... ငါ့ကိုယ်ငါပဲ မိတ်ဆက်ပေးလိုက်မယ်... ငါက ကြီးမြတ်မှော်သခင်တစ်ယောက်ပေါ့ ... ငါ့နာမည်က ရှိုးယွီရှို့ ... ဒါပေမယ့်ငါ့ကို ရှို့လို့ပဲခေါ်..."

ကျွန်တော့မျက်စိက ကျောင်းအုပ်ကြီးရဲ့ လက်ကို လိုက်ကြည့်နေမိတယ်။ ဒါက ကျွန်တော့ဆရာလား။ အသက် ၅၀ လောက်ရှိတဲ့ အမျိုးသားကြီးတစ်ယောက်။ သူ့ခေါင်းကနေ ခြေအဆုံးကြည့်လိုက်မိတော့ စွမ်းအင်တွေဖြာထွက်နေပြီး အစွန်းအထင်းမရှိတဲ့ ခမ်းရောင်ဝတ်ဆုံဝတ်ထားတယ်။ သူ့ရင်ဘတ်ပေါ်မှာ ကြယ်(၄)လုံးပါတဲ့ မှော်ပညာရှင် တံဆိပ်တစ်ခု။ (ထိုတံဆိပ်ပေါ်ရှိ ကြယ်အရေအတွက်ကို ကြည့်ခြင်းဖြင့် မှော်ပညာရှင်၏ အဆင့်အတန်းကိုသိတိုင်သည်။ ကြယ်တစ်ပွင့်စီသည် ရာထူးအဆင့်ဆင့် တိုးမြင့်မှုကို ဖော်ပြသည်။ အလုပ်သင်ဆရာများတွင်မူ ကြယ်ပါဝင်မည်မဟုတ်ချေ။) မျက်နှာပေါ်တွင်မှာတော့ အရာရာကို အလေးအနက်ထားတဲ့ နိမိတ်လက္ခဏာတွေ မြင်နေရတယ်ဗျ။

" ဆရာသခင်ရှို့ .. ကျန်းကုန်းကို ကြည့်ပါအုံး..."

"ဆရာမလင်း.. ဒီလောက် ယဉ်ကျေးနေလို့မလိုပါဘူး .."

"ဒါဆိုရင် မင်းက ကျန်းကုန်ပေါ့ ... မင်းငါ့ဆီမှာ ကောင်းကောင်း ပညာယူနိုင်တယ်.. ငါဘယ်လောက်ထိ စည်းကမ်းတင်းကြပ်တယ်ဆိုတာ ငါကိုယ်တိုင်ပဲသိတယ်.. မင်းကြိုးစားမှုတွေက မင်းအတွက် မှော်ပညာအစွမ်းထက်အောင် လုပ်နိုင်မယ်တော့ မျှော်လင့်ရတာပဲ ..."

ကျွန်တော်ဘာပြောရမလဲ။ ကျွန်တော့ မျှော်လင့်ချက်လေးတော့ သွားပါပြီဗျာ။ မိုနတ်မင်းကြီး ကျွန်တော့ကို ပစ်ပယ်ထားတာလားဗျာ။ ကျွန်တော်တော့ အမြှောက်စာဖြစ်ပြီ။ ကျွန်တော် စိတ်ဆင်းရဲလိုက်တာ။ မိုးနတ်မင်းကြီး ကျွန်တော့ကို မတရားဆက်ဆံတယ်... ဗြဲ ....။

"ကျေးဇူးတင်ပါတယ်ဆရာ... ကျွန်တော် ကြိုးစားပါ့မယ် ..."

အခုဆိုရင် ကျွန်တော့အတွက် ခယောင်းလမ်းပေါ်ရောက်နေချိန်လိုပဲ။

အိမ်ပြန်လမ်းပေါ်မှာ အောင်းသဲက ကျွန်တော့ဆရာဘယ်သူလဲမေးလာတယ်။ မျက်နှာမပျက်အောင်တော့ အရမ်းကောင်း၊ အရမ်းတော်တဲ့ ဆရာရှိနေတာသိအောင် ကြွားပေးလိုက်တယ်လေ။ အောင်သဲ မနာလိုပုံနဲ့ပဲ သူ့အတန်းဆရာက အရမ်းကြမ်းကြောင်း ပြောလာတယ်ဗျ။ အဲဒီဆရာက ဆရာရှို့ ထက်ပဲ ပိုကြမ်းနိုင်ပါ့မလား။ ဆရာရှို့ ခုညပဲ နှလုံးရောဂါရပြီး ကျွန်တော့ကို သင်မပေးနိုင်ပါစေနဲ့လို့ ဆုတောင်းရတာပဲ။

ဆရာရှို့ တော့ ညစာစားရင်းနှာတွေချေ။ ငါ့ကို ဘယ်သူ ကျိန်ဆဲနေလဲဆိုပြီး တွေးနေလောက်ပြီဗျ။

နောက်အပိုင်းမှာ ရှိုးယွီရှို့ (ဆရာရှို့) ရဲ့ သမိုင်းကြောင်းကို ပြောပေးမယ်နော်။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters