← Chapters

အခြေခံဗဟုသုတ

Vol. 1 Ch. 3

အခြေခံဗဟုသုတ

Vol. 1 Ch. 3

"ကျန်းကုန်းဝေ့ ... အခုဘယ်အချိန်ရှိပြီထင်လဲ"

ဆရာရှို့မျက်လုံးမှာ ဒေါသအရောင်တွေ အပြည့်နဲ့ဗျ။

"အာ ... ဘာဖြစ်လို့လဲဟင်.. အ. အာ.. ကျွန်တော် အိပ်ယာထ နောက်ကျသွားလို့... တောင်းပန်ပါတယ်.."

တကယ်တော့ ဒီကြောက်ဖို့ကောင်းတဲ့ဆရာနဲ့တွေ့ဖို့ကို ကျွန်တော်ကြောက်နေလို့၊ ကျောင်းမတက်ရဲလို့ ကျောင်းရှေ့က ကွင်းတွေထဲ ပတ်လျှောက်နေတာလေ။ ကျွန်တော်တော့ သွားပါပြီဗျာ။

ထင်တားတဲ့အတိုင်းပဲ။

"မင်းအိပ်ယာထ နောက်နေလို့ပေါ့လေ ဟုတ်လား.. မင်းမှာ စိတ်စွမ်းအားမရှိသေးဘူး။ မှော်ပညာရှင် တစ်ယောက်ဖြစ်ဖို့ ဆိုရင် စိတ်စွမ်းအား လေ့ကျင့်ဖို့က အရေးကြီးဆုံးပဲ။ ဒီတော့ ပထမဆုံးက မင်းရဲ့ စိတ်စွမ်းအားကို အရင်နှိုးဆွခံဖို့ လိုမယ်။ ဒီတော့ နိုးနိုးကြားကြားလေး ဖြစ်သွားအောင် ကျောင်းဝင်းကြီးကိုပတ်ပြီး (၅) ပတ်လောက် ပြေးလိုက်စမ်အုံး..."

ကျွန်တော် ရွေးချယ်စရာမရှိတော့ဘဲ ကျောင်းဝင်းကြီးကို ဖြည်းဖြည်းချင်း ပတ်ပြေးနေရပြီ။

"ငါ့နာမည်က ရှိုးယွီရှို့ ... ငါ့အမိန့်နာခံစမ်း.. အလင်းကျား "

ဒါကြီးက အဆင့်(၅) မှော်သားရဲလေ။ (မှော်ပညာ သင်ယူသူတိုင်းတွင် ကိုယ်ပိုင် မှော်သတ္တဝါ သားရဲများရှိသည်။ အချို့တွင် အကောင်မျာများရှိတတ်သည်။ သို့ရာတွင် တစ်ကြိမ်ဆင့်ခေါ်မှုတိုင်း၌ စိတ်စွမ်းအား အလွန်ကုန်ခမ်းစေသည်။)

"ကျန်းကုန်း ... မင်းမြန်မြန်ပြေးမှရလိမ့်မယ်နော... သူသာ မင်းကို ဖမ်းမိသွားရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ မင်းကိုယ်တိုင်သိလိမ့်မယ်.."

ကျွန်တော့ ခန္ဓာကိုယ်ထက် လေးငါးဆကြီးတဲ့ ကျားရုပ်ကြီးကို မြင်နေရတာ ကျွန်တော့ကို တော်တော်လေး အကျိုးသက်ရောက်တယ်ဗျ။ ကျားစာအဖြစ်မခံချင်စိတ်ကနေ ကျွန်တော့ကိုယ်ထဲမှာ ရုတ်တရက်အားတွေတိုးလာတာ ကြောက်ဖို့တောင်ကောင်းတယ်။ ဆရာ့ အလင်းကျားကြီးက ခပ်လေးလေးနဲ့ ကျွန်တော့ မလှမ်းမကမ်းကနေ လိုက်လာတယ်ဗျ။ ကျွန်တော်သာ နဲနဲလေး နှေးသွားပြီဆိုရင် အလင်းမြှားတွေနဲ့ ပစ်တာဗျ။ ကျွန်တော် တော်တော်ကိုကြောက်မိတာ။ ဒါကြောင့်လဲ မတတ်သာပဲ ချက်ချင်းကို မြန်မြန်ပြေး ပစ်လိုက်တယ်။ (အခြေခံနှင့် အလယ်တန်းအဆင့် အလင်းမှော်စွမ်းအင်တွင် အဆင့်(၂)၌ တိုက်ကွက်တစ်ခုသာရှိသည်။)

အာ.. ကျွန်တော် တော်တော်စိတ်ဆင်းရဲလိုက်တာဗျာ။

နောက်ဆုံးတော့ ခရီးရှည်ကြီးတစ်ခုကို ဖြတ်ပြေးရသလိုမျိုးနဲ့ ပြီးသွားတယ်။ ဆရာရှို့ က ကျွန်တော့ကို (၁၅)မိနစ်လောက် နားချိန်ပေးတယ်။

အား .... ဒါက ဘယ်လို ဆင်းရဲဒုက္ခတွေလဲကွာ။

"ကဲ.. နားချိန်ပြည့်ပြီ.. အခု မင်းဘာတွေသင်ထားလဲဆိုတာ ကြည့်ရတော့မယ်.. ကဲ.. ကျန်းကုန်း ... မင်းမှာဘာအစွမ်းအစရှိလဲ ..."

"တောက်ပသောအလင်းရောင် စွမ်းအားကို ကျွန်တော်သိတယ် .."

"နောက်ပြီးတော့ ဘာသိသေးလဲ .."

"ကျန်တာတော့ ဘာမှမသိပါဘူး .."

"ဆိုတော့ (၂)နှစ်တာကာလအတွင်းမှာ တောက်ပသောအလင်းစွမ်းအား ကိုပဲ သင်ထားတယ်ပေါ့ ..."

ဆရာရှို့က ကျွန်တော့ရဲ့ အခြေခံမှော်ပညာ၊ မှော်အယူအဆတွေနဲ့ပတ်သက်ပြီး အထွေထွေဗဟုသုတတွေ၊ ပြဿနာတွေကို မေးခွန်းတွေ ဆက်ကာဆက်ကာ မေးတော့တာပဲ။ ကျွန်တော့ အတန်းချိန်တော်တော်များများက အိပ်နေတာလေ။ အခြေခံမှော်အယူအဆတွေဆိုတာတွေက ကျွန်တော့အတွက် ကြောက်ဖို့ကောင်းတဲ့ အရာတွေလိုပဲ။ ဒါပေမယ့် ဒီပြဿနာမေးခွန်းတွေအတွက်တော့ ကျွန်တော့အဖြေတွေက အရမ်းကောင်းပါတယ်။

ဆရာရှို့ ကျွန်တော့ကို (၂)မိနစ်လောက် စိုက်ကြည့်နေပြီးမှ သက်ပြင်ချလိုက်တယ်။

"ဒီလောက် အပျင်းထူအရည်ထွက်နေတဲ့ကျောင်းသားကို ဘယ်လိုများတွေ့လာတာလဲကွာ။ ဆရာမလင်းက မင်းကိုသင်ပေးခိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး။ မင်းရမှတ်တွေက ဟိုးအောက်ဆုံးနားမှာရှိနေပေမယ့် ဒီလောက်ထိ အခြေအနေဆိုးလိမ့်မယ်လို့ ငါထင်မထားဘူး။ ဒီနေ့အတွက်တော့ ဒီမှာပဲနားလိုက်ရအောင်။ မနက်ဖြန် နောက်မကျစေနဲ့။ ဒီလောက်အပျင်းထူအရည်ထွက်တဲ့ ကျောင်းသားနဲ့ တွေ့နေရတာ သူလဲ ကူကယ်ရာမဲ့ပေမပေါ့ ..."

ဘယ်လို။ ဒီလိုပဲ အတန်းပြီးသွားလာလား။ မနက်ပိုင်းပဲ ရှိသေးတယ်လေ။ ဒီဆရာကြီး အရမ်းကောင်းတာပဲ။

"ကောင်းပြီ။ ငါမင်းကို အိမ်စာနည်းနည်းပေးလိုက်မယ်.."

သူက ကျွန်တော့ကို စာအုပ် (၂)အုပ်ထုတ်ပေးတယ်။

စာအုပ်တွေ လက်ထဲရောက်တော့ ကျွန်တော်ကြည့်လိုက်မိတယ်။ တစ်အုပ်က အခြေခံမှော်ပညာအယူအဆများ၊ နောက်တစ်အုပ်က အရန်အလင်းစွမ်းအင်စွမ်းအားနှင့် ရှင်းလင်းချက်များ တဲ့။ဒါတွေကျွန်တော့ကိုပေးပြီး ဘာတွေလုပ်ဖို့ကြံနေတာပါလိမ့်။ သူ့ရည်ရွယ်ချက်တွေကို ကျွန်တော်စဉ်းစားကြည့်လို့ကိုမရဘူး။

"မနက်ဖြန်မှာ မှော်ပညာရဲ့ အခြေအယူအဆတွေကို တစ်လုံးမကျန် မင်းရနေရမယ်။ ငါက ငါ့ကျောင်းသားကို တခြားကြောင်းသားတွေနဲ့ယှဉ်ရင် နိမ့်ကျတာ မလိုချင်ဘူး။ နောက်သင်ရိုးစာအုပ်က နောက်မှပဲပေါ့။ မင်းကြည့်ချင်ရင်တော့ ကြည့်ထားလို့ရပါတယ်လေ ... ကောင်းပြီ... အခုတော့ မင်းအိမ်ပြန်နိုင်ပြီ ..."

"ဆရာ .. ဒီမှော်အခြေခံအယူအဆစာအုပ်တစ်အုပ်လုံးကို အလွတ်ကျက်ရမှာလား။"

ကျွန်တော် မျှော်လင့်ချက် သေးသေးလေး ထားနေမိတုန်းပဲ။

"ဒါပေါ့ .. မနက်ဖြန်မှာ မင်းမှာ ဗဟုသုတ တိုးတက်မှုရှိ/မရှိ ငါစစ်မယ်။ မင်း အလင်းကျားနဲ့ ကစားချင်ရင်တော့ မကျက်ဘဲ နေနိုင်ပါတယ်လေ..."

ကျွန်တော် အံ့အားသင့်နေတုန်းမှာပဲ ဒီစကားတွေပြောပြီး ဆရာရှို့က သူ့ရုံးခန်းကို ပြန်နေပြီ။

ဒါဘယ်လိုဆရာလဲကွာ။ သူက နတ်ဆိုးအိုကြီးပဲ။ စာမျက်နှာ (၃၀၀)ကနေ(၄၀၀)လောက်ရှိတဲ့ စာအုပ်ကြီးတစ်အုပ်လုံးကိုကျက်ဖို့ အချိန်တစ်ရက်ပဲ ပေးတယ်တဲ့။

ဒီနေ့ ရာသီဥတုက အရမ်းကောင်းတဲ့အပြင် နေကသာနေသေးတယ်။ လေလဲမတိုက်ဘူး။ ဒါပေမယ့် ကျွန်တော့ စိတ်ထဲမှာတော့ ဆန့်ကျင်ဘက်ပဲဗျ။

အိမ်ပြန်တော့ အဖေနဲ့ အမေ နှစ်ယောက်စလုံး လုပ်သွားနေတော့ အိမ်မှာမရှိဘူး။ ကျွန်တော့အဖေက ပန်းပဲဆရာ၊ အမေက ရွာထဲမှာဆေးကုပေးတယ်လေ။

ကျွန်တော် မှော်အခြေခံအယူအဆများ စာအုပ်ကို ထုတ်လိုက်တယ်။ ပျင်းနေပေမယ့် နတ်ဆိုးအိုကြီးလို အပြစ်ဒဏ်ပေးသူကြီးကြောင့် စာအုပ်ကို စလှန်လိုက်မိတယ်။ ကျွန်တော်လက်သီးကို ကျစ်နေအောင် ဆုပ်မိလိုက်တဲ့အထိပဲ။ ကျွန်တော့မှာ တခြားဘာရွေးစရာရှိသေးလို့လဲ။

နေက တဖြည်းဖြည်း အနောက်ဖက်ကို မှေးဆင်းသွားပြီ။ ကျွန်တော့ရဲ့ မဟာ့ မဟာကြိုးပမ်းချက်ကြီးကြောင့် စာ(၁၀)မျက်နှာ အလွတ်ရသွားတယ်။ စာမျက်နှာ(၁၀)မျက်နှာ။ ကျွန်တော့ဘဝတော့ သွားပါပြီဗျာ။

"အို့..အို .. ဘယ်သူများ အိမ်ကိုစောစောရောက်နေပါလိမ့်..."

အများအားဖြင့်တော့ နေ့တိုင်းနေ့တိုင်း အိမ်ကိုပထမဆုံးရောက်တဲ့သူက အမေတစ်ယောက်တည်းလေ။

"ကျွန်တော်ပါ ..."

ကျွန်တော့ အသံတိုးတိုးလေးကြားတော့ အမေချက်ချင်းရောက်လာတယ်။

"အမေ့သားလေး ... ဒီနေ့ ဘယ်လိုဖြစ်ပြီး အိမ်ကိုအစောကြီးရောက်နေတာလဲ။ ပြောစကားနားမထာင်ဘူးလား။ အပြစ်ခုခုလုပ်မိလို့ အဆူခံထိလာတာလား ..."

"မဟုတ်ဘူးအမေ"

မဖြစ်နိုင်တဲ့ အလုပ်ကြီးကိုစဉ်းစာမိတော့ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီးငိုပစ်လိုက်တော့တယ်ဗျာ။ နောက်ဆုံးတော့ ကျွန်တော်က (၇)နှစ်ပဲရှိသေးတယ်လေ။ အမေက ကျွန်တော့ကို ဖက်ထားရင်းမေးလာတယ်။

"ဘာဖြစ်တာလဲ။ အမေ့ကို မြန်မြန်ပြောစမ်း။ သားကိုအနိုင်ကျင့်တဲ့သူရှိနေတာလား ..."

"ဟုတ်တယ်.. ဟုတ်တယ်.. ကျွန်တော့ဆရာအသစ်က အရမ်းကြောက်ဖို့ကောင်းတယ်။ သူကျွန်တော့ကို မဖြစ်နိုင်တာကြီးကို ခိုင်းလိုက်တယ်။"

"အာ ... ဘာဖြစ်လို့လဲ။ အဲဒီဆရာက သာကို ဘယ်လိုအပြစ်ပေးတာလဲ ..."

ဝမ်းနည်းကြီးစွာနဲ့ပဲ ကျောင်းမှဖြစ်ပျက်ခဲ့သမျှ အမေ့ကိုရှင်းပြလိုက်တယ်။

"ကျန်းကုန်း... သားလေးမှားနေတယ်၊ အရင်တုန်းကဆိုရင် အမေ့ရဲ့ လေ့လာမှုမကောင်းတာကိုသိတယ်။ ဒါပေမယ့် အမေ့သားလေး နည်းနည်းညံ့တာလဲ အမေသိတော့သိတယ် ဒီအတိုင်းအတာလောက်ကြီးထိ ညံ့ဖျင်းနေလိမ့်မယ်လို့မထင်မိဘူး။ မမျှော်လင့်ဘဲ (၂)နှစ်ကြာခဲ့တာတောင် သားလေးက အခြေခံမှော်အယူအဆတွေကို မလေ့လာရသေးဘူး။ သားဆရာ လုပ်ရပ်က အမှန်ပဲ။ သားလို လူပျင်းလေးအတွက် သားဆရာလိုရက်စက်တတ်သူပဲ သင်ပေးတာ အသင့်တော်ဆုံးပဲ။ အဖေနဲ့ အမေ စိတ်ပျက်အောင် မင်းလုပ်ခဲ့တာပဲ..."

"မင်းအမေ ပြောတာအမှန်ပဲ။ သားဆီက မဖြစ်နိုင်တဲ့အလုပ်ဆိုတာ ပြစမ်းပါအုံး၊ အဖေကြည့်ရအောင်။"

အဖေလဲ အိမ်ပြန်လာပြီ။

ကျွန်တော့အိမ်စာကိုကြည့်ပြီးတော့ အဖေပြုံးနေတယ်။

"ငါ့ ချစ်တုံးလေးကလဲကွာ။ မင်းက ပုံမှန်ဆိုရင် အရမ်းထူးချွန် ထက်မြက်တဲ့ ကလေးမဟုတ်ဘူးလား။ ခုမှ ဘယ်လိုလုပ်ပြီး တုံးအသွားရတာတဲ့လဲ။ ဒီစာအုပ်က အရမ်းထူတာတော့ဟုတ်တယ်။ အကုန်လုံးကို ကျက်ဖို့မလိုဘူးလေ။ မင်းအမေ ထမင်းဟင်း သွားချက်ပါစေလေ. အဖေကိုယ်တိုင် မင်းကို လေ့ကျင့်ပေးမှာပေါ့။"

အဲဒီတော့မှ အဖေက ဒီလိုမဖြစ်နိုင်တဲ့အလုပ်ကြီးကို ဘယ်လိုပြီးမြောက်အောင်လုပ်ရတယ်ဆိုတာ သင်ပေးပါတယ်။"

"ကျန်းကုန်း ကြည့်လိုက်စမ်း။ အဖေတို့နေတဲ့ကမ္ဘာမှာ မှော်စွမ်းအင်အယူအဆတွေ အများကြီးရှိတယ်။ အဲဒီအယူအဆတွေထဲကနေမှ အဓိကအရင်းအမြစ် မှော်စွမ်းအင်(ဒြပ်စင်)က (၆)မျိုး။ မှော်ပညာကို သုံးနိုင်ဖို့ မင်းလိုချင်တဲ့မှော်စွမ်းအင်ကို သေသေချာချာ စနစ်တကျ ရင်းနှီးကျွမ်းဝင်တဲ့ဆက်နွယ်မှုမျိုးလုပ်ရမယ်။ ဒါမှ မင်းရဲ့ ပတ်ဝန်းကျင်မှာ မင်းကိုအသိအမှတ်ပြု စုစည်းလာတဲ့အခါ သင့်တော်ရာမန္တန်နဲ့ တွဲအသုံးချရတယ်။ အဲလို လိုသလောက်စုစည်းနိင်ပြီဆိုရင် ကျစ်လစ်လာပြီးတော့ မှော်အနှစ်သာရ တစ်ခုလိုမျိုး ပြောင်းလာလိမ့်မယ်။ သားလေး... အဲဒါကို မှော်ပညာလို့ခေါ်တာ။ "

"ကျွန်ုပ်နာမည်က လီအောင်းဝေ့။ လေအနှစ်သာရတွေ ကျွန်ုပ်အမိန့်နာခံစမ်း။ လေတံတိုင်း "

အဖေ ကျွန်တော့ကိုရှင်းပြရင်းနဲ့ လှုံ့ဆော်ပုံကို လက်တွေ့ဥပမာ ပေးသွားတယ်။ သူက စာအုပ်တစ်အုပ်လုံးကို အပိုင်းလိုက် အပိုင်းလိုက် သတ်မှတ်လိုက်တယ်။ ပြီးမှ တစ်ခုချင်းစီရဲ့ အသေးစိတ် အယူအဆတွေကို ရှင်းပြတယ်။ အဖေ့ရဲ့ လမ်းပြမှုတွေက အရမ်းလိမ္မာပါးနပ်လွန်းတဲ့ ကျွန်တော့အတွက် အလှည့်အပြောင်းတစ်ခုလိုမျိုးဖြစ်လာပြီး ကျွန်တော့ရဲ့ မှော်စွမ်းအား နိုးထလာပါတော့တယ်။

…… …… ……

"ကောင်းပြီ။ အခု တော်တော်မှောင်နေပြီပဲ။ နည်းနည်းပဲကျန်တော့တယ်။ ဒီတော့ မနက်ဖြန်မျက် စောစောထ အပြီးသတ်လိုက်ကြတာပေါ့။"

"ဟုတ်ကဲ့အဖေ... ကျွန်တော်က မှော်ပညာက ဒီလိုမျိုးလို့ အထင်မိဘူး။ "

မှော်ပညာရပ်ဆိုင်ရာ အယူအဆတွေ၊ ဗဟုသုတတွေ တော်တော်လေးရလိုက်တယ်ဆိုပေမယ့် ဘယ်လောက်ထိ နက်ရှိုင်းတယ်ဆိုတာ သိလောက်အောင်ထိတော့ အထောက်အကူ မဖြစ်သေးပါဘူး။ ဒီတစ်ညတည်းရဲ့ အကျိုးရလဒ်ဟာ အရင်က (၂)နှစ်တာအတွင်း တဖြည်းဖြည်း လေ့လာခဲ့တာတွေထက် ပိုပြီးအကျိုးရှိခဲ့ပါတယ်။

"ကျန်းကုန်းသားလေး။ အဖေနဲ့ မင်းအမေ သားရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ပစ်ထားမိသလိုဖြစ်နေတာ တော်တော်ကြာပြီပဲ။ ဒီတော့ ခုအချိန်ကစပြီး သားကို မကြာခဏဆိုသလို ဆုံးမသွန်းသင်တာတွေ လုပ်သွားမှ ရတော့မယ်။ ငါတို့သားလေး ကျန်းကုန်းက အရမ်းထူးခြားတဲ့ မှော်ပညာရှိကြီး တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ.."

ကျွန်တော် ဇက်ချိုးနေတုန်းမှာ အဖေက ကျွန်တော့ကို အရမ်းဂရုစိုက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတယ်ဗျ။

"အဖေ. သားမှော်ပညာကို သေသေချာချာသင်ယူပါတော့မယ်"

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters