← Chapters

ဆင်ခြင်သုံးသပ်ခြင်း

Vol. 1 Ch. 4

ဆင်ခြင်သုံးသပ်ခြင်း

Vol. 1 Ch. 4

အဖေအနီးကပ်သင်ပေးတဲ့ နောက်ဆုံရလဒ်က အခြေခံမှော်ပညာအယူအဆ တွေကို ကျွန်တော် ကျွမ်းကျင်ပိုင်နိုင်လာပြီ။

"ကောင်းတယ် ... ကြည့်ရတာ မနေ့က မင်းတော်တော်ကို ကြိုးစားလာပုံပဲ။ ငါ့နောက်လိုက်ခဲ့ .."

မနက်ရောက်မှ ဆရာရှို့က ကျွန်တော့ကို ပြန်စစ်တာ။ ကျွန်တော် ချက်ချင်းမဖြေနိုင်ပေမယ့် အချိန်ကြာအောင်တော့ မစဉ်းစားလိုက်ရပါဘူး။ ဟီ...ဟိ... ကျွန်တော်ကြိုးစားခဲ့တာတွေ အလကားဖြစ်စရာလား။ ဘာဖြစ်ဖြစ်ပါ ဆရာရှို့ စစ်ဆေးပွဲကနေ ဒီနေ့တော့ ပတ်ပြေးစရာမလိုတော့ဘူးလေ။

ဆရာရှို့နဲ့အတူ ရုံးနောက်က အိမ်သေးသေးလေးကို လိုက်သွားရတယ်။ ဒါက ကျွန်တော့ကို မှော်သင်ပညာသင်ပေးမှာနဲ့ ဘာဆိုင်လို့လဲ။

"ကျန်းကုန်း ... အခုဆို မင်းက အခြေခံမှော်ပညာကို နားလည်နေပြီ။ ဒါပေမယ့် မင်းကိုယ်ပိုင်အသိ သိဖို့လိုသေးတယ်။ မှော်စွမ်းအားဆိုတာ ဘယ်အပေါ်မှာအားထားနေရလဲဆိုတာ မင်းသိလား။ "

"မှော်အဆင့် ..."

"ဒါဆိုရင် အဆင့်မြင့်မှော်ပညာကို ငါတို့ဘယ်လို သုံးနိုင်မလဲ .."

"မန္တန် ရွတ်မယ်"

"ပေါက်ကရတွေ"

ကျွန်တော် ရုတ်တရက် လန့်သွားတာပဲ။

"အဆင့်မြင့် မှော်ပညာကို သုံးတော့မယ်ဆိုရင် မင်းမှာ စိတ်စွမ်းအား ကောင်းနေရမယ်။ မင်းရဲ့ အခြေခံ ဗဟုသုတက သာမာန်ပဲရှိသေးတယ်။ မင်းစိတ်ဝိညာဉ်စွမ်းအားမြှင့်တင်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်သုံးသပ်ခြင်းပဲ။ ဒီနေ့ကစပြီး နောက် သုံးလလုံးလုံး နေ့တိုင်း ဆင်ခြင်သုံးသပ်ရမယ်။ မနက်ဖြန် ငါမြို့တော်ကြီးကိုသွားရမယ်။ နောက်သုံးလနေရင် ပြန်လာမယ်။ "

နောက်ဆုံးတော့ ကျွန်တော် လွတ်လပ်တော့မယ်။ ပျော်လိုက်တာဗျာ။ ဒါပေမယ့် ဆရာရှို့ရဲ့ ဆက်ပြောလိုက်တဲ့စကားက တော်တော်ကို စိတ်ဓါတ်ကျစရာဗျ။

"ကျန်းကုန်း... ဆရာရဲ့ ပင်မမှော်စွမ်းအင်က လေဟာနယ်စွမ်းအင်ကွ။ ငါက ကြီးမြတ်မှော်သခင်ဆိုတော့ ဒီနေရာကို ပြန်လာနိုင်တယ်။ တကယ်လို့သာ (၅)ရက်တစ်ခါပြန်လာစစ်တဲ့အချိန် မင်းအချောင်ခိုနေတာတွေ့ရင် အပြေးပြိုင်ပွဲကြီး ပြန်ကျင်းပပေးရမှာပေါ့။ "

ဆရာရှို့က မျက်နှာထားတင်းတင်းနဲ့ ကျွန်တော့ကိုခြိမ်းခြောက်တာ။

"ဆင်ခြင်သုံးသပ်နေချိန်မှာ မင်းရဲ့စိတ်ဝိညာဉ်ကို အာရုံစိုက်ထားရမယ်။ တင်းတတ်နိုင်သလောက် စုဆောင်းထိန်းသိမ်းနိုင်အောင် ကြိုးစားပါ။ ဒီနည်းနဲ့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအား တဖြည်းဖြည်းတိုးတက်လာလိမ့်မယ်။ ငါသွားနေတုန်း တစ်နေ့ကို (၈)နာရီအနည်းဆုံး ဆင်ခြင်သုံးသပ်ရမယ်။ ငါပြောတာကြားလား။ ငါပြန်လာလို့ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ငါကျေနပ်လောက်တဲ့အဆင့်မဟုတ်ရင်တော့ ... "

ဒီနတ်ဆိုးကြီးစကားတွေကို ကျွန်တော် တော်တော်စိတ်ပျက်လာမိတယ်။ နေ့တိုင် (၈)နာရီကြီးတောင် ထိုင်ဆင်ခြင်သုံးသပ် နေရမယ်ဆိုရင် ကျွန်တော်တော့ သေမှာပဲ။

"အာနာပါနထိုင်နည်း အခြေခံနည်းလမ်းတွေတော့ မင်းသိပြီးလောက်ပါပြီလေ။ ဆင်ခြင်သုံးသပ်ခြင်းမှာ နည်းလမ်းတွေရှိတယ်။ ဒါကြောင့် စာကြည့်တိုက်မှာ စာအုပ်တွေသွားရှာနိုင်တယ်။ မင်းကြိုက်တဲ့ အာနာပါနအားထုတ်နည်းကိုရှာ။ ငါပြန်လာရင် မှော်အတတ်ပညာနဲ့ဆိုင်တာတွေ သင်ပေးမယ်။

ကောင်းပြီ။ မင်းအခုစ ဆင်ခြင်သုံးသပ်ပေတော့ .. "

ဆရာ့စူးစမ်းအကြည့်တွေအောက်မှာပဲ ထိုင်ဖုံပေါ်ထိုင်ပြီး ကျွန်တော်မျက်လုံးတွေပိတ်လို့ ဆင်ခြင်သုံးသပ်ရပါတော့တယ်။

**************

နတ်ဆိုးကြီးကတော့သွားပြီ။ (၄၉)နှစ်ကျော် အတွေ့အကြုံရဲ့ အရှိန်အဝါတွေကိုတော့ ကျွန်တော်မခံစားနိုင်ဘူး။

ကျောင်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ စာကြည့်တိုက်ရှိတယ်။ အာနာပါန ရှုမှတ်ခြင်းစာအုပ်တွေ လိုက်ဖွပြီးမှ ကျွန်တော်လိုချင်တာ တွေ့ရပါတယ်။ ဟီ..ဟိ။ နောက်ဆုံးတော့ ကျွန်တော် ထွက်ပေါက်ရပြီ။ ထောင့်မှာရှိတဲ့ စာအုပ်တွေလိုက်ဖတ်နေတုန်း အဝါရောင်စာအုပ်တစ်အုပ် တွေ့လိုက်မိတယ်။ တော်တော်လေး ဟောင်းနေပြီဗျ။ ဒါပေမယ့် နှစ်ပေါင်း (၁၅၀)ကျော်လောက်တုန်းက အလင်းမှော်ဆရာ တစ်ရောက်မှတ်တမ်းတင်ထားတာ။ အဲဒီစာအုပ်ထဲမှာတော့ မှော်စွမ်းအင်စုစည်းဖို့ဆိုရင် မှော်စွမ်းအင်ကိုသိဖို့လိုတယ်တဲ့။ အဆင်ပြေပါတယ်လေ။ စာအုပ်ထဲမှာ ဥပမာနည်းနည်းတောင် ပါသေး။ ဒီလို တရားမှတ်ချင်ယောင် ဆောင်ရသလိုပဲလား။

ကျွန်တော် အိပ်ပြီးအာနာပန မှတ်လို့ရနိုင်တာပဲ။ ကျွန်တော့ကို ငပျင်းတစ်ယောက်အတွက် တရားမှတ်ချင်ယောင်ဆောင်ဖို့ရာ နေရာနဲ့ အနေအထား နှစ်ခုလုံးက မတူညီနိုင်တဲ့ သဘောတရားနှစ်ခုပဲလေ။ ဟီ.... ဟိ။

ကျွန်တော် အိမ်လေးထဲကို ပြန်ရောက်တော့ အထဲမှာ ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော် စာအုပ်ထဲက လမ်းညွှန်ချက်အတိုင်း အိပ်ပြီး စိတ်ဝိညာဉ်စုစည်းခြင်းနဲ့ လေထုထဲက အလင်းစွမ်းအင်တွေကို ခံစားရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့ပတ်ဝန်းကျင်မှာ အလင်ရောင်တွေ အရမ်းများလာတာ ခံစားမိလာတယ်။ ဒီအလင်းတွေက အဖေနဲ့အမေ ကျွန်တော့ကို ချစ်ချစ်ခင်ခင်နဲ့ ဖက်ထားခံရတဲ့ စိတ်ခံစားချက်နဲ့ အရမ်းတူတာပဲ။ အဆင်ပြေတယ်ဟ။

"ခင်ဗျားက အလင်းစွမ်းအင်လား"

ကျွန်တော် စိတ်ဝိညာဉ်ကမ္ဘာကြီးကို မေးလိုက်တယ်။

ဒီပတ်ဝန်းကျင်က ကျွန်တော့အတွက်တော့ အရမ်းကို နွေးထွေးတာပဲ။

"အန်တီအလင်းစွမ်းအင်၊ ဦးလေးအလင်းစွမ်းအင်၊ ဘယ်သူရှိလဲ။ ကျွန်တော်က ကျန်းကုန်းပါ။ ကျွန်တော်နဲ့အတူ ကစားကြမလား"

နောက်တစ်ခါ နွေးထွေးလာတယ်ဗျ။

"ဒါဆို ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်သွားပြီပေါ့ ..."

ချည်မျှင်တွေလို အလွှာပါးလေးတွေပေါ်လာပြီး ကျွန်တော့ အပေါ်ပိုင်းဒန်တျန်ထဲမှာ ပုံဖော်နေသလိုခံစားရတယ်။(လူတစ်ယောက်တွင် ဒန်တျန်တည်နေရာ သုံးနေရာရှိသည်။ အောက်ပိုင်း ဒန်တျန်- ချက်အောက် လက်လေးသစ်၊ အလယ်ပိုင်း ဒန်တျန်- ရင်ညွှန့်၊ အထက်ပိုင်း ဒန်တျန်- ဦးကင်း) စွမ်းအင် ခပ်နွေးနွေးတွေကလဲ ကျွန်တော့ကို ဝိုင်းရံထားတယ်။ တစ်ယောက်ယောက်သာ ရှိနေမယ်ဆိုရင် ကျွန်တော့ကို အဖြူရောင်းအလင်းတန်းတစ်ခု ဝန်းရံနေတာ တွေ့မှာပါ။ ဒီလိုပုံစံနဲ့ အချိန်တော်တော်ကြာသွားတယ်။ အချိန်ဘယ်လောက်ကြာသွားလဲတော့ ကျွန်တော်လဲမသိဘူး။ တဖြည်းဖြည်းနဲ့ အလင်းစွမ်းအင်တွေကို ဒန်တျန်နဲ့ ဆက်သွယ်ခံစားလာရတယ်။ ကျွန်တော့ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်တာနဲ့ အရမ်းနွေးနေတာကြောင့် အိပ်ပျော်သွားပါလေရော။

ကျွန်တော်မသိလိုက်တာက မမျှော်လင့်ဘဲ အလင်းစွမ်းအင်တွေရဲ့ အသိအမှတ်ပြုခံရတာပဲ။ တိုက်ကြီးထဲမှာဆိုရင် မှော်ပညာရှိတိုင်းက မှော်စွမ်းအင်တွေရဲ့ အမူအကျင့်တွေကို သိပြီးမှ ကိုယ်ပိုင်မှော်စွမ်းအားတွေ တဖြည်းဖြည်းတိုးတက်လာအောင် ထိန်းချုပ်ကြရတာ။ မှော်စွမ်းအားတွေ တိုးလာတာနဲ့အမျှ စိတ်ဝိညာဉ်စွမ်းအားလဲ တိုးလာမှာပဲ။ အဲဒီလိုတိုးအောင် မဖြစ်မနေ လေ့ကျင့်ကြရပါတယ်။ ကျွန်တော်ကတော့ မလေ့ကျင့်ချင်ပါဘူး။ ပျင်းလွန်းလို့မှ လေ့ကျင့်စရာမလိုပဲ မှော်စွမ်းအင် တိုးမြှင့်လို့ရနိုင်တဲ့ နည်းလမ်းတစ်ခုရှာထားတာလေ။ သဘာဝကျကျပါပဲ။ အလင်းဒြပ်စွမ်းအင်တွေကို ကျွန်တော့ဘေးမှာ ဝန်းရံနေဖို့ အတင်အကြပ်မလုပ်ခဲ့ပါဘူး။ အဲလို လုပ်မယ့်အစား အလင်းစွမ်းအင်တွေကို အပြစ်ကင်းကင်းနဲ့ပဲ ဆက်သွယ်စကားပြောခဲ့တာပေါ့။ အံ့ဩဖို့ကောင်းတာက အလင်းစွမ်းအင်တွေက ကျွန်တော့ကို အသိအမှတ်ပြုလိုက်တယ်ဗျ။ အဲဒီအချိန်ကစပြီး ကျွန်တော့ မှော်စွမ်းအင်နဲ့ မှော်စွမ်းအား တိုးတက်မှုအမြန်နှုန်းက သာမာန်လူတစ်ယောက်နဲ့ယှဉ်ရင် သုံးဆလောက် ပိုမြန်နေတာ။ ကျွန်တော်တကယ်ကြီးကို အလင်းစွမ်းအင်နဲ့ မိတ်ဆွေဖြစ်သွားတာဗျ။

အချိန်တွေ ဘယ်လောက်ကုန်သွားမှန်းမသိလိုက်ပါဘူး။ တစ်ယောက်ယောက်က ကျွန်တော့ကို တွန်ချလိုက်သလို ခံစားလိုက်ရတယ်။ အံ့ဩပြီး ကျွန်တော်မျက်စိဖွင့်လို့ အမေ့ကိုကြည့်လိုက်တယ်။

"အမေ... ဒီကိုဘာလာလုပ်တာလဲ .."

"အမေ သေလောက်အောင်စိုးရိမ်နေရတယ်။ အရမ်းနောက်ကျတဲ့အထိ မင်းကအိမ်ပြန်မလာတော့ ကျောင်းအထိလာရှာမှ သူက ဒီစာသင်ခန်းထဲမှာမင်းအိပ်ပျော်နေတယ် လိုပြောတာ ..."

အာ ...။ ကျွန်တော် ကောင်းကင်ကိုကြည့်လိုက်တော့ တကယ်ကိုနေစောင်းနေပြီ။ ဒါ.. ကျွန်တော့ကို ချောက်ချဖို့တမင်ထားခဲ့ကြတာလို့ ခံစားနေရတယ်။ ဒီအာနာပါနမှတ်တဲ့နည်းက တကယ်ကို ကောင်းတာပဲ။ ကျွန်တော် ကျွန်တော့မှော်စွမ်းအားကို တိတ်တိတ်လေးစစ်ကြည့်လိုက်တယ်။ မမျှော်လင့်ဘဲ ကျွန်တော့မှာ အရင်ကရှိပြီးသားမှော်စွမ်းအားတွေ ထက်အများကြီးတိုးလာတာပဲ။ အစစ်အမှန် အလင်းဘောလုံးလေးတစ်လုံးလိုပဲ။ ဝိုး .... အရမ်းအကျိုးရှိတယ်။ အရမ်းမိုက်တယ်။ ဟီ..ဟိ။

"မင်းဆာနေပြီမို့လား။ အိမ်မြန်မြန်ပြန်ရအောင်။ မင်းဒီလို အလုပ်ကြိုးစားတာတွေ့ရတော့ အမေအရမ်းပျော်တာပဲ.."

ဆရာ ဒီမှာမရှိလို့ ကျွန်တော်တစ်နေကုန်အိပ်နေတယ်ဆိုတာ အမေဘယ်လိုလုပ်သိနိုင်မှာတဲ့လဲ။ ဟီ..ဟိ။ အရမ်းကောင်းတယ်။ ကျွန်တော် နေ့တိုင်း အိပ်ရင်းလေ့ကျင့်လို့ရနိုင်တယ်လေ။

အိမ်ရောက်လို့ ညစာစားပြီးတာနဲ့ ကျွန်တော့အခန်းထဲကို တမ်းဝင်သွားတာ။

ကျွန်တော်က စိတ်ကူးဉာဏ်တွေ အရမ်းကောင်းတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ယောက်လေ။ ဟီ..ဟိ။ တိရစ္ဆာန်တစ်ကောင်ဖြစ်အောင်တော့ ကျွန်တော်မလုပ်ပါဘူး။ ကောင်းတယ်၊ ကျွန်တော့ မှော်စွမ်းအင်တွေ တိုးလာတယ်။ ဒါဆိုရင် ကျွန်တော့မှော်ခွန်အားလဲ တိုးလာသင့်တာပေါ့။ ကျွန်တော်စမ်းသပ်ကြည့်ရမယ်။ လက်ကိုဆန့်ထုတ်လိုက်တယ်။

"ကျွန်တော်က ကျန်းကုန်းဝေ့ ပါ။ အလင်းစွမ်းအင်ရေ ကျွန်တော်တို့က မိတ်ဆွေတွေဆိုတော့ အရာရာကို လွန်းလင်းတောက်ပပစ်လိုက်စမ်းပါ။"

ကျွန်တော်သိထားတဲ့ တစ်ခုတည်းသော မီးထွန်းမန္တန်ကိုပဲ သုံးလိုက်ပါတယ်။

ကျွန်တော့ မန္တန်နဲ့အတူ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အထက်ပိုင်းဒန်တျန်ကစပြီး နွေးထွေးသောစွမ်းအင်စီးကြောင်းတစ်ခုက ဆန့်ထားတဲ့လက်တစ်လျှောက်ကို ဖြတ်သွားပါတယ်။ ကျွန်တော့လက်ထဲကနေ ဘောလုံးလို အဖြူရောင်အလုံးတစ်လုံးထွက်လာပြီး အလင်းရောင် နူးနူးညံ့ညံ့လေးလင်းနေပါတယ်။ အရမ်းကြီးတော့ တောက်ပမနေဘူးပေါ့ဗျာ။

ဝိုး ...။ သက်ရောက်မှုအရမ်းကောင်းတာပဲ။ ကျွန်တော့လက်ကနေ အလင်းရောင်းနဲနဲပဲ ထုတ်လွှတ်နိုင်ပါတယ်။ ဟုတ်တယ်လေ၊ ဒါကိုက အရမ်းကြီးကျယ်နေပြီ။ ကျွန်တော့ မီးထွန်းမန္တန်ကနေ အလင်းစွမ်းအင်အသက်ဝင်အောင်လုပ်လို့ရပြီလေ။ ကျွန်တော် အလင်းလုံးရဲ့ တောက်ပမှုကို ထိန်းတဲ့အချိန်မှာ ကျွန်တော့လက်ထဲကို စီးဆင်းနေတယ်လို့ခံစားရတယ်။ ကျွန်တော့ ဒန်တျန်ထဲက အလင်းတန်းတွေ အဆက်မပြတ် စီးဆင်းသွားတယ်။ အဲဒီအတွက် ကျွန်တော့ကိုယ်တွင်းက မှော်စွမ်းအင်တွေ ကုန်ခမ်းမယ်ဆိုတဲ့ နိမိတ်လက္ခဏာမျိုးမရှိဘူးဗျ။

အရမ်းကောင်းတာပဲ။ ဒါကျွန်တော်လေ့ကျင့်ရမယ့်နည်းလမ်းအမှန်ပဲ။ နောက်ဆိုရင် ကျွန်တော့ရဲ့ အလင်းမှော်စွမ်းအင်တိုးတက်ဖို့ဆိုပြီး ပင်ပင်ပန်းပန်းဆင်ခြင်သုံးသပ်ရတာတွေ လုပ်စရာမလိုတော့ဘူး။ ဟီ..ဟိ။

ကဲ... အိပ်ဖို့အချိန်ရောက်ပြီ။

ကျွန်တော်ကတော့ အိမ်နေရင်းနဲ့တောင် ဒီအယောင်ဆောင်တရားကျင့်နည်းကို သုံးမယ်ဆိုတာ ပြောစရာတောင်မလိုတော့ဘူးနော့။ ဟီ..ဟိ။ ဒီလိုအိပ်ရတာ အရမ်းဆင်ပြေတယ်ဗျို့။

ဒါကြောင့် နိစ္စဓူဝလုပ်နေကျအတိုင်း ပျင်းပျင်းနဲ့အိပ်ယာထ၊ မနက်စာစား၊ ကျောင်းသွား၊ စားသင်ခန်း(အိမ်ငယ်လေး)ထဲသွား ဆင်ခြင်သုံးသပ်ခြင်း(အိပ်)လုပ်နေ၊ ဟန်ကိုကျလို့။

(၃)လကြာတော့ ကျွန်တော့ရဲ့ ပုံမှန်အားထုတ်မှုကြီးကြောင့် မှော်စွမ်းအားတွေ တော်တော်တိုးလာတယ်။ ကျွန်တော့ရဲ့ အလင်းလုံးက ငါးဆပိုကြီးလာပြီလေ။

ကျွန်တော် ဆင်ခြင်သုံးသပ်တိုင်း အလင်းစွမ်းအင်တွေနဲ့ ပိုပိုရင်းနှီးလာတယ်။ သူတို့တွေက ကျွန်တော့အပေါ် အရမ်းဂရုစိုက်တဲ့ အကြီးအကဲတွေလိုပဲ။ ကျွန်တော်က သူတို့ရဲ့ အပျင်းထူအရေတွက် ကလေးငယ်လေးတစ်ယောက်ပေါ့။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters