← Chapters

အိမ်အပြန်လမ်းပေါ်၌ အန္တရာယ်နှင့်နဖူးတွေ့ဒူးတွေ့

Vol. 1 Ch. 8

အိမ်အပြန်လမ်းပေါ်၌ အန္တရာယ်နှင့်နဖူးတွေ့ဒူးတွေ့

Vol. 1 Ch. 8

အခုအချိန်မှာတော့ ကျောင်းသွားရတာ အရမ်းပျော်ဖို့ကောင်းတယ်။ နေ့တိုင်း အိမ်မှာအိပ်လိုက် ကျောင်းသွားတက်လိုက်နဲ့ ဟုတ်နေတာပဲ။ ဟီ..ဟိ။ ကျွန်တော် လွတ်လပ်ရေးရနေပြီ။

ကျွန်တော် အိပ်တာပေါ့။

မြေပြင်ပေါ်မှာ သက်သောင့်သက်သာ နေရင်းနဲ့ လေထဲမှာရှိတဲ့ အလင်းစွမ်းအင်အစိတ်အပိုင်းတွေကိုသိရအောင် ကျွန်တော့စိတ်ဝိညာဉ်နဲ့ သေချာအာရုံစိုက်ကြည့်နေလိုက်တယ်။ သူတို့စောင့်ရှောက်မှုနဲ့ ကျွန်တော်တဖြည်ဖြည်း အိပ်ပျော်သွားပါလေရော။ ကျွန်တော့ စိတ်ဝညာဉ်နယ်ပယ်ထဲမှာဆိုရင် အလင်းစွမ်းအားတွေက သုံနှစ်ပုံလောက်ထိအောင် မိန့်မိန်ကြီး နေရာယူထားတာဗျို့။ ဆရာရှို့ပြောဖူးခဲ့သလိုပဲ အဆင့်(၅)မန္တန်တွေသုံးနိုင်လောက်အောင်ကို ကျွန်တော့မှာ စွမ်းအင်လုံလုံလောက်လောက်ရှိနေပြီ။ ကျွန်တော်က ငယ်လွန်းနေတော့ ဝါးနိုင်တာထက်ပိုဝါးရင် သွားနာမှာကြောက်သေးတယ်လေ။ အဲဒါတွေကြောင့်ပဲ ကျွန်တော့ကို အလယ်တန်းအဆင့်မှော်မန္တန်တွေသင်မပေးပဲနဲ့ အလယ်တန်းကျောင်းရောက်တဲ့အထိ စောင့်ခိုင်းထားတာ။ (ကြီးမြတ်မှော်သခင်များသည် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် လွန်စွာကိုက်ညီကြသည်။ ယေဘုယျအားဖြင့် အဆင့်(၁)မန္တန်အသုံးပြုနိုင်စွမ်းရှိသူများကို အလုပ်သင်မှော်သခင်များဟု သတ်မှတ်သည်။ အဆင့်(၂)နှင့် အဆင့်(၃)မန္တန်များ သုံးနိုင်သူများကိုမူ အခြေခံမှော်သခင်များအဖြစ် သတ်မှတ်သည်။ အလယ်တန်းမှော်သခင်များမှာမူ အဆင့်(၄)နှင့် အဆင့်(၅)မန္တန်များကို သုံးနိုင်ကြသည်။ အဆင့်(၆)မန္တန်များကို အဆင့်မြင့်မှော်သခင်များသုံးနိုင်ပေသည်။ အဆင့်(၇) မန္တန်များကိုကား ကြီးမြတ်မှော်သခင်များသုံးနိုင်ပြီး အဆင့်(၈)မန္တန်သုံးနိုင်သူများမှာမူ မှော်ပညာရှိများဖြစ်၏။)

ဘာ... ဘယ်အချိန်တောင်ရောက်သွားပြီလဲဟ...။ ကျွန်တော် ပျင်းကြောဆန့်ရင် အပြင်ဘက်ကိုကြည့်လိုက်မိတယ်။ မိုးတောင်ချုပ်နေပြီပဲ။ အိမ်ပြန်ပြီး ညစာစားသင့်နေပြီ။ စိတ်သက်တောင့် သက်သာနဲ့ပဲ ကျောင်းထဲကထွက်လာပြီး အိမ်ကိုပြန်လာပါတော့တယ်။

စန်းခက်မြို့ကြီးကနေထွက်လာပြီး နေ့တိုင်းကျောင်းသွား ကျောင်းပြန် သုံးနေကျလမ်းအတိုင်းပဲ ကျွန်တော်ပြန်လာတယ်။ မှောင်မိုက်နေတော့ ကျွန်တော်ကြောက်ပြီး ဘယ်ဘက်လက်ထဲမှာ မီးထွန်းမန္တန်ကိုသုံးထားတော့ ကျွန်တော်နဲ့ မီတာ(၃၀)ပတ်လည်အတွင်းမှာတော့ နေ့ခင်းဘက်ကြီးလို တောက်ပနေတာပေါ့။ ဒီနေ့တော့ ကျွန်တော်စားဖို့ အမေဘာတွေပြင်ထားမလဲ မသိဘူး။ အကောင်းဆုံးနဲ့ ကျွန်တော်အကြိုက်ဆုံးက အရိုးဟင်းချိုဗျ။ ဇိမ်ခံပြီး ညစာစားဖို့ စဉ်းစားမိလိုက်တာနဲ့ ကျွန်တော်နှုတ်ခမ်းကို သပ်လိုက်မိတဲ့အထိ ဗိုက်ထဲက ဆာလာပါလေရော။

ရုတ်တရက် ကျွန်တော့ပတ်ဝန်းကျင်မှာ အပူချိန်အရမ်းတိုးလာတာ ခံစားမိလိုက်တယ်။ ဘာဖြစ်တာလဲဟ။ ဒီနေရာမှာ ဘယ်သူကများ မီးမှော်မန္တန်သုံးနေပါလိမ့်။ ကောင်းကင်ကြီးကိုတောင် လှုပ်ခါနိုင်လောက်တဲ့ ဟန်းဟောက်သံကြီး ကျွန်တော့နားထဲဝင်လာပါလေရော။ အာ..အာ.. မီးခြင်္သေ့ကြီးဗျ။ ဒါကြီးက အဆင့်(၆) နတ်ဆိုးမှော်သားရဲကြီးဗျ... အီး..ယား။ အာ နေအုံး.. မဟုတ်သေးဘူး၊ အဆင့်(၆)မရောက်သေးဘူး။ (သားရဲတစ်ကောင်သည် မှော်သခင်တစ်ယောက်နှင့် စိတ်ဝိညာဉ်စာချုပ် မချုပ်ဆိုခင်အချိန်ထိ နတ်ဆိုမှော်သားရဲ ဟုသာခေါ်ဝေါ် သမုဒ်သည်။) အခုအချိန်ကျမှ ကျွန်တော့ခြေထောက်တွေ ကျွန်တော့အမိန့်တွေ ဘာလို့ မနာခံပါလိမ့်။

ကျွန်တော့ကို သွေးတွေလိုနီရဲနေတဲ့ မျက်လုံးကြီးနဲ့ကြည့်နေတာ။ အရင်တုန်းကတော့ အဲဒီလိုအကြည့်မျိုး တွေးဘူးခဲ့မိသေးတယ်ထင်တယ်။

"အာ.. အကိုကြီးမီးခြင်္သေ့။ ကျွန်တော်က ကလေးလေးပဲရှိသေးတယ်လေ။ ကျွန်တော့ကို မစားပါနဲ့ဗျာ။ ကျွန်တော့ တစ်ကိုယ်လုံးက ပန်းတွေလိုပဲ။ အဲဒါက အသားတွေလို စားလို့မကောင်းဘူးလေ။ ကျွန်တော် အိမ်ပြန်ပြီး စားစရာတစ်ခုခု ယူလာပေးမယ်လေဗျာ။ အာ.. အာ.. မဟုတ်ဘူး.."

မီးခြင်္သေ့ကြီးက ကျွန်တော် ဘယ်လောက်ပြောပြောနားမထောင်ဘဲ ကျွန်တော့ကို တိုက်ခိုက်တော့တာ။

ခြင်္သေ့ကြီးတိုက်ခိုက်ချက်တွေ ကျွန်တော့ကိုမထိခင် တည်နေရာရွှေ့ပြောင်းလိုက်ရတယ်။ ဒီလိုနည်းနဲ့ သူ့တိုက်ကွက်တွေကို ရှောင်ရတာပေါ့။ မီးခြင်္သေ့ကြီးရဲ့ တိုက်ကွက်တွေကို ရှောင်ရင်း ကောင်းကင်းကင်ကြီးတောင် တုန်လောက်တဲ့ အလင်းမန္တန်တွေနဲ့ ကျွန်တော်ပြန်ပစ်တယ်။ (မှတ်ချက်။ မီးထွန်းမန္တန်သုံး၍ အလင်းအား မြှားတစ်စင်းပမာ ကောင်းကင်ပေါ်သို့ ပစ်တင်ခြင်းဖြစ်သည်။ ထိုအလင်းမြှားသည် ကောင်းကင်အမြင့်သို့ရောက်ချိန်တွင် ပေါက်ကွဲကာ ကြီးမားသောအလင်းစက်ဝန်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ ဤသည်က အချက်ပြခြင်းတစ်မျိုးပင်ဖြစ်သည်။)

"မီးခြင်္သေ့ဆိုးကြီး။ ခင်ဗျားက ဟိန်းဟောက်ဖို့ပဲတတ်တာ။ ကျွန်တော့ကို မဖမ်းနိုင်ပါဘူးဗျာ ... ဗလွတ်... ဗလွတ်...ဗလွတ်..."

ကျွန်တော့မှာ တည်နေရာရွှေ့ပြောင်းနိုင်တဲ့ မှော်အစွမ်းရှိနေတာသတိရသွားတော့ ကျွန်တော့စိတ်တွေ တော်တော်လေး ပြန်ငြိမ်သွားတယ်။ နတ်ဆိုးမှော်သားရဲကြီးနဲ့ပတ်သက်ပြီး ကျွန်တော့မှာ ယုံကြည့်ရှိနေတုန်းပဲ။ မီးခြင်္သေ့ကြီးက အစွမ်းထက်ပေမယ့် အလင်းကျားနဲ့ နတ်ဆိုးအိုကြီး နှစ်ယောက်ပေါင်းလောက် အစွမ်းထက်နိုင်အုံးမတဲ့လား။ နည်းနည်းမှ မဖြစ်နိုင်ဘူးလေ။ အနည်းဆုံးတော့ ကျွန်တော့ မှော်စွမ်းအားကုန်တဲ့အထိတော့ အသက်ရှင်နိုင်သေးတယ်လေ။ ပြီးရင်တော့ ကျွန်တော်အကူအညီမဲ့သွားမှာ။ ကျွန်တော်မှော်စွမ်းအားမကုန်ခင် တည်နေရာရွှေ့ပြောင်းခြင်းနဲ့ ထွက်ပြေးမှာပေါ့။ မီတာ(၅၀၀)လောက်ကို တည်နေရာရွှေ့ပစ်နိုင်တယ်လေ။ ဒီလိုမျိုး အကြိမ်အများကြီး လုပ်နိုင်ရင်။ ဟီ..ဟိ။

အဲဒါ သေချာဆုံးနည်းလမ်းလေဗျာ။ ကျွန်တော့ရဲ့ 'လုံခြုံရေးသည် ပထမ' ဆောင်ပုဒ်အတိုင်း ကျွန်တော်သိသမျှ ခုခံကာကွယ်ရေး မန္တန်တွေသုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘုရားမတာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့ရဲ့ အံ့ဖွယ်အကာအကွယ် အလင်းမှော်မန္တန်က မီးခြင်္သေ့ကြီး ထုတ်လွှတ်နေသမျှ အပူစွမ်းအင်တွေကို သီးသန့်ခွဲထုတ်ပစ်နိုင်တယ်လေ။ ပြီးတော့ အလင်းတံတိုင်း ကိုဆင့်ခေါ်လိုက်တာပေါ့။

ခွန်အားအရမ်းကြီးတဲ့ မီးခြင်္သေ့ကြီး အမှားလုပ်လိုက်တာနဲ့ ကျွန်တော် စွမ်းအားပြင်းမန္တန်တွေ ရွတ်ပြီးအလင်းမြှားပုံစံတွေနဲ့ ပြန်ပစ်လိုက်တယ်။ အလင်းမြှားတွေက စွမ်းအား နည်းပေမယ့် ထိအောင်တိုက်နိုင်နေတယ်လေ။

ဒေါသထွက်နေတဲ့ မီးခြင်္သေ့ကြီးက ကျွန်တော့ကို အလယ်တန်းအဆင့် မှော်မီးတောက်တစ်ခုနဲ့ပစ်တယ် ။ ကျွန်တော်က နေ့တိုင်လုပ်နေကျဖြစ်တဲ့ သဲအိတ်စည်းဝိုင်းကြီးထဲမှာ ရှောင်နေသလိုမျိုး ရှောင်နေတာလေ။ ဒီနတ်ဆိုးမှော်သားရဲကြီးကို သက်တောင့်သက်တာနဲ့ပဲ လည်ပတ်ဆို့ထားလိုက်တယ်။ ကျွန်တော့ကို လက်ကြည့်ရင်း သူ့မျက်စိတွေနောက်ပြီး တလွဲတွေဖြစ်လာတာပေါ့။ ဟီ..ဟိ။

မီးခြင်္သေ့ကြီးရဲ့ ခန္ဓာကိုယ်မှာ မီးတောက်တွေတဖြည်းဖြည်းအားနည်းလာတယ်ဗျ။ဒါ ကျွန်တော့မှော်စွမ်းအားတွေ ကုန်ခန်းလာသလိုမျိုးပဲဗျ။ တစ်ဖက်သတ်ခံနေရတဲ့ ပုံစံမျိုးနဲ့ ကျွန်တော့ကို အမောတကော ကြည့်လာတယ်။ ဟီ..ဟိ။ ဒီထက် ကောင်းတာဘာရှိသေးလိုလဲ။ ကျွန်တော့မှာ ကိုင်တွယ်ဖို့ နည်းလမ်းရှိတယ်လေ။ ကျွန်တော် အလင်းတံတိုင်း အကာအကွယ်ကို ဖယ်လိုက်တယ်။ မဟုတ်ရင် အဲဒါအတွက် ကျွန်တော့မှော်စွမ်းအင်တွေ မြန်မြန်ကုန်သွားမှာပေါ့။ အလင်းတံတိုင်းမရှိရင်တောင် ကျွန်တော့ကို မထိခိုက်နိုင်ဘူးလေ။ ရွာကလဲ အရမ်းဝေးတာဆိုတော့ လာကယ်တဲ့အထိ စောင့်မနေနိုင်ပါဘူး။ ရွာမှာ အစောင့်အရှောက်တွေ အရန်သင့် ရှိနေသင့်ပြီဗျ။

မီးခြင်္သေ့ကြီးက ရုတ်တရက် မော့ပြီး ကောင်းကင်ကိုမျက်နှာမူလိုက်တယ်။ အေးနေတဲ့ လေတွေတောင် ရုတ်တရက်အပူချိန်တိုးလာတယ်။ အာ.. ဘယ်လိုဖြစ်တာလဲ.. မကောင်းဘူးနော်။ ဒါက အဆင့်(၆)မီးမှော်မန္တန် သားရဲမီးလျှံတွေပဲ။ ဒါပတ်ဝန်ကျင်တစ်ခုလုံးကို တိုက်ခိုက်နိုင်တဲ့ မှော်ပညာပဲ။ အခုကျွန်တော် မပြေးနိုင်တော့ဘူး။

"ကျွန်တော့နာမည်က ကျန်းကုန်း။ အို.. အလင်းစွမ်းအင် ကျွန်ုပ်ဆန္ဒအတိုင်းနေပေးပါ။ ခုချက်ချင်း စုဝေးပြီး အရာအားလုံးကနေ ကာကွယ်ပေးပါ။"

ကျွန်တော် အလင်းတံတိုင်းကိုမနည်း ဖော်ထုတ်လိုက်ရတယ်။ အဲဒီအချိန် ကောင်ကင်နဲ့ မြေပြင်ကိုတောင် ဖုံးလွှမ်းနိုင်လောက်တဲ့ ကြောက်စရာမီးတောက်တွေ ကျွန်တော့ဆီရေက်လာတယ်။ မီတာ(၃၀၀)အကျယ် ပတ်ဝန်းကျင်တစ်ခုလုံးကို သားရမီးလျှံ မန္တန်က ဖုံးထားတယ်။ ရလဒ်က ကျွန်တော့ရဲ့ မန္တန်တွေထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်ကို သတိမရနိုင်လောက်တဲ့အထိပဲဗျ။ အလင်းတံတိုင်းထဲကို မန္တန်တွေရွတ်ရင်း မှော်စွမ်းအင်တွေ အဆက်မပြတ်ထည့်ပေးနေရတယ်လေ။ ဒါပေမယ် သားရဲမီးလျှံကြီးက အရမ်းစွမ်းအားကြီးလွန်တယ်။ ကျွန်တော် ကြာကြာခံနိုင်မှာမဟုတ်ဘူး။ ကျန်းကုန်း ဆိုတဲ့ကျွန်တော် အသားကင်ဖြစ်တော့မယ်ထင်ပါတယ်ဗျာ။

"လေထဲက ရေစွမ်းအင်တွေ ကျွန်ုပ်အမိန့်နာခံစမ်း။ ကြီးကျယ်သောမိုးသီးမိုးပေါက်များပမာ ဤဘေးအန္တရာယ်ကို ကာကွယ်ပေးပါ "

အာ.. ကျွန်တော် လုံခြုံပြီ။ အမည်မသိ လူတစ်ယောက်ကြောင့် ကျွန်တော့အပေါ်က ဖိအားတွေ မရှိတော့ဘူး။ အဲဒီ မိုးသီးမိုပေါက်တွေက မီးခြင်္သေ့ကြီးရဲ့ သားရဲမီးလျှံတွေကို ငြိမ်းပစ်လိုက်တယ်။ မီးခြင်္သေ့ကြီးလဲ မှော်စွမ်းအားတွေ ကုန်သလောက်နီးနီးသုံးထားတော့ ကျွန်တော့လိုပဲ စွမ်းအားတွေကုန်ခမ်းးနေပြီ။ ဒါသူ့ရဲ့ နောက်ဆုံးတိုက်ခိုက်နိုင်တဲ့ စွမ်းအားပဲလေ။ ဒီလောက်ပါပဲ။

"အာ .. ကျန်းကုန်း။ မြန်မြန်လာ.. ကျန်းကုန်းအမေ ဒီမှာနင့်သားဟ ..."

အမေရောက်လာတော့ အကုန်အဆင်ပြေသွားပြီလေ။ ကျွန်တော်လဲ မေ့လဲသွားရော။

**********

ဘယ်လောက်ကြာသွားသလဲတော့မသိဘူး။ ကျွန်တော့စိတ်ဝိညာဉ်ပြန်နိုးထလာတဲ့အချိန် အနားမှာ ရဲတွတ်နေတဲ့ မျက်လုံးတွေနဲ့ အမေကြည့်နေတာဗျ။

"ကျန်းကုန်း နိုးလာပြီ။ သားတို့အဖေ လာအုံး။ ကျန်းကုန်း ဘယ်လိုနေသေးလဲ။ အခုကောင်းသွားပြီလား။"

မနေ့က ကျွန်တော့ရဲ့ မှော်စွမ်းအားတွေကို အကန့်အသတ်ထိအောင်သုံးလိုက်မိတယ်လေ။ ကျွန်တော့ ခန္ဓာကိုယ်နေရာအနှံ့မှာ မီးခြင်္သေ့ကြီးရဲ့ သားရဲမီးလျှံတွေလောင်ထားတာ အကွက်လိုက် အကွက်လိုက်ပဲ။ ဒါ့အပြင် ကျွန်တော့ရဲ့ စိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေ နည်းလာတော့ စိတ်ပျက်သွားမိတယ်။ အမေ့ရဲ့ ရေစွမ်းအင်မှော်ပညာနဲ့ ဆေးကုပေးလို့ အခြေအနေတွေအားလုံး လုံးဝပြန်ကောင်းလာတယ်။

"အမေ... ကျွန်တော်အဆင်ပြေပါတယ်။"

"သား .. နေကောင်းရဲ့လား။ ဘယ်လိုနေသေးလဲ.."

အဖေလဲ အခန်းထဲကို အပြေးရောက်လာတယ်။

"ကျွန်တော်သက်သာနေပါပြီ အဖေ..."

"မင်းအသက်ကြီးတဲ့အထိ မကြီးပျင်းနိုင်တော့ဘူးလို့တောင် အမေထင်နေမိတဲ့အထိပဲ ..."

အဲလိုပြောပြီး အမေကျွန်တော့ကို ဖက်ငိုတော့တာပဲ။

"ကျန်းကုန်း။ ဘယ်လိုဖြစ်တာလဲ.."

ဖေက မေးလာတယ်။

ကျွန်တော်လဲ ဖြစ်ပျက်ခဲ့သမျှ အခြေအနေတွေကို ပြန်ရှင်းပြရတာပေါ့။

ဒီတော့ အဖေက အလေးအနက်နဲ့ ...

"မင်း လူမိုက်လေးပဲ... ရန်သူကို ဘယ်တော့မှ အထင်မသေးရဘူးဆိုတာ အမြဲတမ်းသတိရစမ်း။ လက်ရှိ မင်းရဲ့မှော်ပညာနဲ့ဆိုရင် အလယ်တန်းမှော်သခင်တစ်ယောက်နဲ့ တွေ့ရင်တောင် တမ်းထွက်ပြေးရမယ်နော်။ အဲဒီလိုထွက်ပြေးမှ ရန်သူက မင်းကိုဒုက္ခပေးဖို့ နည်းလမ်းမရှိမှာ။ ဒါ့အပြင် ရန်သူနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဘာဖြစ်လို့ အာရုံစိုက်မထားတာလဲ။ မင်းရဲ့ အလင်းတံတိုင်းအကာအကွယ်ကို သေသေချာချာသုံးခဲ့မယ်ဆိုရင် ဒီလောက်အထိ နာကျင်ရမှာမဟုတ်ဘူးလေ"

ကျွန်တော် အဖေ့ရဲ့အမှာစကားတွေကို နားမထောင်မိခဲ့ဘူး။ ဒါပေမယ့် ရန်သူနဲ့တွေ့တဲ့အချိန်မှာ ထွက်ပြေးဖို့တော့ သေသေချာချာကို သတိရမိပါတယ်။ အဲဒီအချိန်ကစပြီး ဘယ်လိုရန်သူနဲ့ ရင်ဆိုင်ရပါစေ အကာအကွယ်ကို အမြဲအလေးထားတတ်လာတယ်။

အလင်း၏သားတော်လေးအတွက် သူ့ဘဝ ပထမဆုံးသော စမ်းသပ်ချက်ကို အောင်မြင်ခဲ့တယ်ပြောရမှာပေါ့ဗျာ။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters