သူငယ်ချင်းနှစ်ယောက်အကြားမှာ
Vol. 1 Ch. 9
ကျွန်တော် ဒဏ်ရာတွေရနေတော့ အမေက ကျောင်းမှာ ခွင့်တိုင်ပေးထားတယ်။
မနက်စာ စားပြီး အဖေနဲ့ အမေ အလုပ်သွားပြီဆိုတာနဲ့ ကျွန်တော် တစ်ယောက်တည်းအိပ်ယာထဲမှာ ပက်လက်။ ဘုရားရှင် ဖန်တီးပေးထားတဲ့ ပန်းကျောက်တုံးတွေလိုပဲ။ ဟီ.ဟိ။
"ကျန်းကုန်း... ကျန်းကုန်း.. မင်းအိမ်မှာရှိလား။ တံခါးမြန်မြန်လာဖွင့်ပေးအုံး ..."
"အစောကြီးရှိသေးတယ်.. ဘယ်သူလဲဟ .."
"ငါပါ.. အောင်းသဲပါ။ ငါ့အသံတောင် မမှတ်မိဘူးလား..."
ကျွန်တော် တံခါးဖွင့်ပေးရင်းနဲ့
"အောင်းသဲ.. မင်းဘာလာလုပ်တာလဲ .."
"ကျန်းကုန်း.. မင်းဒဏ်ရာရသွားတယ်ကြားလို့လေ။ အခု တော်တော်သက်သာနေပြီလား.."
"ငါတော်တော်ကောင်းနေပါပြီ။ မနေ့တုန်းကတော့ မယုံနိုင်စရာကြီးပါကွာ.. ဒီလောက်သေးတဲ့ ရွာလေးနားမှာ နတ်ဆိုးမှော်သားရဲကြီး တစ်ကောင်က ဘာလို့ရှိနေရတယ်ထင်လဲ။"
"ဘယ်သူသိမှာလဲဟ။ ဒါ နှင်းဝိညာဉ်မှုံ့ လေးတွေပဲ။ ငါ့အဖေ နေ့ဝက်လောက် အချိန်ယူပြီး ကြိတ်ဆုံနဲ့ ကြိတ်ထားတာ။"
"အာ ... ငါ့အတွက် မင်းအဖေရဲ့ရတနာတွေ ခိုးလာတာလား။ "
နှင်းဝိညာဉ်မှုံ့လေးတွေက ဒီရွာမှာရဖို့မလွယ်ဘူး။ ဒါတွေက အောင်းသဲ အဘိုးနှစ်ပေါင်းများစွာ ကြိုးစားရှာဖွေထားရတဲ့ ရတနာတွေဆိုတာ အသေအချာပဲ။
"အောင်းသဲ... ဒါတွေမလိုဘူး။ အခုဆို ငါအပြည့်အဝကို ပြန်ကောင်းနေပြီ... နှင်းဝိညာဉ်မှုံ့ တွေဖြုန်းတီးပြစ်ဖို့ မလိုဘူး.."
"ကောင်းပြီ.. ကောင်းပြီ.. ဒီလောက်ယဉ်ကျေးနေဖို့မလိုဘူး။ မြန်မြန်သာ စားလိုက်။ မင်းပိုပြီးနေကောင်းလာမှ မင်းဆီက မှော်မန္တန်တွေနဲ့ လဲမယ်လေ။"
"ဒါဆိုလဲ ကျေးဇူးတင်တယ် အောင်းသဲ..."
ကျွန်တောင် မျက်လုံးတွေတောင် ရဲလာပြီး နှင်းဝိညာဉ်မှုံ့တွေ စားလိုက်တယ်။ ကျွန်တော့ ခန္ဓာကိုယ်တစ်ခုလုံး အေးသွားသလို ခံစားလိုက်ရတယ်။ ဒါအရမ်းကို သက်သောင့်သက်သာ ဖြစ်တာအရမ်းပဲ။
"ဘာအတွက် ကျေးဇူးတင်တာလဲ ... နောက်ဆိုရင် ငါ့အဖေကိုမပြောပဲ မင်းကိုပြုစုပေးခဲ့တာကို မင်းမေ့မသွားဘူးလို့ ငါယုံတယ်"
"ကောင်းတယ်။ ခုချိန်ကစပြီး ငါတို့က ညီအစ်ကိုတွေပဲ။ ဒုက္ခတွေ အတူတကွရင်ဆိုင်မယ်။ အတူတကွ ဖြတ်ကျော်မယ်။ ဟား.. ဟား.. ဟား... "
ကျွန်တော်က အောင်းသဲထက် အသက်နှစ်လကြီးတယ်။ ကလေးဘဝထဲက အတူတူကြီးပြင်းလာတာကြောင့် ကျွန်တော့ကို သူဌေးလို့ခေါနေကျ။ အောင်းသဲ ကျွန်တော့အပေါ် ဒီလောက်ကောင်းလိမ့်မယ်လို့ အထင်မိဘူး။
ကလေးတွေကြားထဲက စစ်မှန်တဲ့ စိတ်ရင်းအမှန်တွေဟာ အရမ်းတန်ဖိုးထားစရာတွေပါ။
"အောင်းသဲ.. မင်း ဒီနေ့ ဘာကြောင့် အတန်းမတက်တာလဲ .."
"ငါတို့ အတန်းပိုင်ဆရာက မကြာခင်ကပဲ အတန်းတက်ဖို့အစား အိမ်မှာပဲ မှော်စွမ်းအားတိုးဖို့ ဆင်ခြင်သုံးသပ်ခွင့်ပေးထားတယ်ကွ။ နောက် လေး ငါးလလောက်ဆို ငါတို့ ကျောင်းဆင်းစာမေးပွဲဖြေကြရမယ်နော်။ ဒါကြောင့် ငါတို့ကို ပထဆုံးအဖြစ် ခွင့်တစ်လ ပေးထားတယ်လေ။ အလယ်တန်းရောက်ရင်တော့ တွေတူသင်ကြရမှာ မဟုတ်တော့ဘူး.. "
"အိုး .. မင်းမှာ ယောက်ျားကောင်း တစ်ယောက်ရဲ့ လက္ခဏာတွေရှိတယ်။ မင်းနဲ့ ယှဉ်ရင် ငါက.... ဟင်း..."
အောင်းသဲ ကိုကြည့်ရင်း သူနဲ့အတူတူ ရေမှော်စွမ်းအင်ကို မရွေးမိတာ ကျွန်တော် နောင်တရမိတယ်။
"ကျန်းကုန်း.. ပြီးခဲ့တဲ့ နှစ်နှစ်လောက် ငါတို့ဒီလောက် အလုပ်တွေများခဲ့သလိုပဲ တွေ့ဖို့အချိန်ကို မရှိခဲ့ဘူးလေ။ မင်းအလင်းမှော်စွမ်းအင်သင်တာ အခြေအနေဘယ်လိုရှိလဲ။ မင်းဆရာကရော ဘယ်လိုလဲ။ ငါမင်းနဲ့တွေ့လိုက်တိုင်းလဲ ဘယ်တော့မှ နားမထောင်ရဘူး "
နတ်ဆိုးအိုကြီးဆီမှာ သင်ရပြီဆိုကတည်းက ကျွန်တော် အောင်းသဲနဲ့ တွေ့ဖို့အရမ်းခက်တာက မနက်ကနေ ညနေထိအောင် နေ့တိုင်းပဲ။ ကျွန်တော် ညနေပိုင်းအိမ်ပြန်လာပြီး သူကိုတွေ့မယ်ကြံရင် နတ်ဆိုးအိုကြီး နှိပ်စက်ခံထားရတာတွေကြောင့် အရမ်းပင်ပမ်းနေပြီလေ။ ဒါကြောင့် သူနဲ့ကျွန်တော် အဆက်အသွယ်ပြတ်နေတာ။ အောင်းသဲ ကျွန်တော့အကြောင်း စဉ်းစားနေလိမ့်မယ် ထင်မထားမိဘူး။ ဒီကောင် ကျွန်တော့အတွက် မရှိမဖြစ် သူငယ်ချင်းကောင်း တစ်ယောက်ပဲ။
"သူက လူကောင်းတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဆိုးအိုကြီးတစ်ယောက် သက်သက်ပဲ။ စုန်းမအိုကြီး ကြောက်ဖို့ကောင်းတယ်ဆိုတာ သူ့ရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး..."
"အာ.. စုန်းမအိုကြီးထက်ပိုဆိုးတယ်... ဒါဆိုရင်တော့ တော်တော်စိတ်ဆင်းရဲစရာပဲ။ "
အောင်းသဲ အံ့အားသင့်လွန်းလို့ ပါးစပ်တောင်းမပိတ်နိုင်တော့ဘူး။
"အောင်းသဲ .. မင်းရော ဘယ်လိုမန္တန်ကောင်းကောင်းလေးတွေ သင်ထားလဲ.."
"ရေစွမ်းအင် တိုက်ခိုက်ရေးမန္တန် နည်းနည်းတော့ သင်ထားတယ်ကွ။ အကူအနေနဲ့တော့ လေစွမ်းအင် မန္တန်တွေ သေချာသင်ထားတယ်။ အခုဆို မုန်တိုင်းမန္တန်ဆိုရင် ငါ့အခန်းထဲမှာ နံပါတ်(၁)ပဲ။ ဟား... ဟား... "
အောင်သဲရဲ့ ဂုဏ်ယူဝံ့ကြွားနေပုံကိုကြည့်ရတာ သံသယဝင်စရာမရှိပါဘူး။ စပ်စုတဲ့အနေနဲ့ ကျွန်တော်က
"မင်းအခန်းထဲက မိန်းကလေးတွေ ထွက်ပြေးအောင် အားရပါးရ လုပ်နိုင်လို့ မို့လား... "
အောင်းသဲ ရဲ့ ရယ်သံကြားရမယ့်အစား သူက အံ့အားသင့်စွာနဲ့..
"မင်းဘယ်လိုလုပ် သိနေတာလဲ ..."
" ဟား.. ဟား..ဟား..ဟား..ဟား.. "
ကျွန်တော်တို့ နှစ်ယောက်စလုံး အတူတူရယ်လိုက်မိကြပါတယ်။
"ကျန်းကုန်း .. မင်းအိမ်မှာ ဘယ်နှစ်ရက်လောက် နားမှာလဲ.."
"လေး..ငါ.ရက်လောက်ပေါ့ .."
"ဒါဆိုရင် နေ့တိုင်း မင်းနဲ့ကစားဖို့ ငါလာခဲ့မယ်။ မင်းကျန်းမာရေးပိုကောင်းလာတာနဲ့ အပြန်အလှန် ဖလှယ်ကြတာပေါ့.."
"ကောင်းပြီလေ...။ ငါ့မှာ တိုက်ခိုက်ရေး မှော်အစွမ်း မရှိလို့ ကလေးတွေလာအနိုင်ကျင့်မှာကို ငါစောင့်နေမယ်.."
အောင်သဲက ကောင်းကောင်းလေ့ကျင့်ထားတာပဲ။ ဒါပေမယ့် ကျွန်တော်ထက်ပိုပြီး မှော်စွမ်းအားရှိမယ့်သူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမောတဲ့အထိ ကျွန်တော်စောင့်နေယုံပဲလေ။ ဟီ..ဟိ။
နောက်ဆုံးတော့ ကျွန်တော်တို့က ကလေးအရွယ်မှာ ရှိနေတုန်းပဲလေ။ ကျွန်တော်တို့မှာ ရည်မှန်းချက်တွေ ခိုင်ခိုင်မာမာရှိနေကြတာပေါ့။
***************
အချိန်ကုန်မြန်စွာနဲ့ပဲ နှစ်ရက်ကြာပြီး ကျွန်တော့ ဒဏ်ရာတွေ ပျောက်သွားပြီဗျ။ အောင်းသဲ ကျွန်တော့ကို နေ့တိုင်းလာကြည့်တယ်။ ဒီနေ့တော့ ကျွန်တော်တို့ ပြိုင်မလို့။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့ရဲ့ ကျွမ်းကျင်မှု ဘယ်အတိုင်းအတာထိရောက်နေပြီလဲဆိုတာ သိနိုင်ဖို့အတွက် တော်တော်ကို စိတ်အားထက်သန်နေမိတယ်။
"သူဌေး ငါကဒီမှာဟ..။ မြန်မြန်လုပ်လိုက်ကြရအောင် ..."
"လာစမ်းပါ။ လာစမ်းပါ။ မင်း နာကို နာရမှာပဲ။ သိပ်စိုးရိမ်မနေနဲ့။ ဟာ..ဟ.."
" ဟမ်... အနိုင်ရမှာ ဘယ်သူဆိုတာ မသေချာသေးဘူးလေ။ မင်းမှာ ဘာတိုက်ခိုက်ရေး မှော်မန္တန်မှမရှိပဲ ငါ့ကို ဘယ်လိုများ ရိုက်နှက်မှာပါလိမ့်။ "
" ဒါဆိုရင် စမ်းကြည့်လိုက်လေ .. "
အောင်းသဲ တိုက်ပွဲဝင်စစ်သားကြီး ဟန်ဖြစ်ပေါ်လာသည်။ ပထမဆုံး သူ့ရဲ့ မုန်တိုင်းမန္တန်ကို အသက်သွင်းလိုက်ပါတယ်။ အဲဒီနောက် ရေဒိုင်းကာတစ်ခုတစ်ခုဖန်တီးပြီး မှော်မန္တန်တွေနဲ့ စတိုက်ပါတော့တယ်။
ကျွန်တော် တည်ငြိမ်အေးဆေးစွာနဲ့ပဲ သူ့ကိုစောင့်ကြည့်နေလိုက်ပါတယ်။ ကျွန်တော်နဲ့အဆင့်တူတဲ့ ဘယ်သူမဆို ဘယ်လိုမျိုး မှော်မန္တန်တွေနဲ့ တိုက်ခိုက်တိုက်ခိုက် ကျွန်တော့ကို ထိခိုက်မှာမှမဟုတ်တာ။ စိတ်ပူစရာလား။ ဟီ ဟိ။ ကျွန်တော့ တည်နေရာရွှေ့ပြောင်းရေးမှော်အစွမ်းနဲ့ သေချာပေါက်ရှောင်နိုင်တယ်လေ။
မျှော်လင့်ထားတဲ့အတိုင်းပဲ ရေဆူးချွန်ကြီးတစ်ခု ကျွန်တော့ဆီ ပျံသန်းလာပါတယ်။ ကျွန်တော် ဘယ်ဘက်ကို (၁)မီတာလောက် တည်နေရာရွှေ့ပြောင်း လိုက်ပါတယ်။ ရေဆူးချွန်ကြီး ကျွန်တော့ဘေးနားကနေ ဖြတ်သွားပါလေရော။ အောင်းသဲ သူ့မျက်စိသူ မယုံကြည်နိုင်အောင်ဖြစ်ပြီး မျက်စိတွေဘာတွေ ပွတ်လိုက်သေးတယ်။ ပြီးတော့မှ အခြေခံ ရေစွမ်းအင် မှော်မန္တန်တွေနဲ့ ကျွန်တော့ကို အဆက်မပြတ် တိုက်တော့တာပါပဲ။ ဒီအဆင့်လောက်လေးက ကျွန်တော့ကို ထိခိုက်စေနိုင်မှာတဲ့လား။ ဆုတောင်းလေ... ဟီ..ဟိ။
" သူဌေး ... ငါ့ရဲ့ မုန်တိုင်းမန္တန်က ဘယ်မှော်အမျိုးအစားထဲမှာပါလဲ သိလား.. "
" ဒါက သေချာပေါက်ကို လေဟာနယ်စွမ်းအင် မှော်ပညာပဲ ... "
" သူဌေး .. မင်းမရှက်ဘူးလားဟ။ မင်းအမြဲရှောင်နေရင် ပြိုင်ပွဲလို့ ဘယ်လိုလုပ် သတ်မှတ်ရတော့မလဲ .. "
" ကောင်းပြီလေ...။ ဒါဆိုရင် ငါမရှောင်တော့ဘူး။ အခု လာခဲ့စမ်းပါ .. "
ပြောနေရင်းနဲ့ပဲ ကျွန်တော့ရဲ့ အပြိုင်အလင်းတံတိုင်း ကို ဖန်တီးထားလိုက်ပါတယ်။
ကျွန်တော် မရှောင်တော့ဘူးဆိုတာ သိလိုက်ရတာနဲ့ အောင်းသဲ ကျွန်တော့ကို ရေဆူးချွန်တွေနဲ့ ချက်ချင်းပစ်တော့တာပဲ။ ကျွန်တော် ပေါ်တင်ပဲ ပြုံးပြလိုက်ပါတယ်။ အောင်းသဲ ရဲ့ တိုက်ခိုက်မှုမှန်သမျှကို အပြိုင်အလင်းတံတိုင်း နဲ့ပဲ ရင်ဆိုင်ခဲ့ပါတယ်။ ရေဆူးချွန်တွေထိပြီး ပြန်ထွက်သွားကုန်ကြရောလေ။ အောင်းသဲဆီကို ပြန်သွားနေတဲ့အချိန်ထိ ကျွန်တော့ရဲ့ ခေါင်းအစ ခြေအဆုံး ဘာထိခိုက်မှုတစ်ခုမှ မဖြစ်လိုက်ဘူး။ အကျိုးဆက်အနေနဲ့တော့ သူလဲကျသွားပါလေရော။
" ထပ်မလုပ်နဲ့တော့.. ထပ်မလုပ်နဲ့တော့။ အဲဒါဘာကြီးလဲဟ။ ငါရှုံးတာ ဝန်ခံပြီ။ "
အောင်းသဲ လဲနေရာက ပြန်ထလာပါတယ်။
" မင်း ဝန်ခံပြီးသွားပြီနော်။ ဒါက ဘယ်လို တိုက်ခိုက်ရေးမန္တန် ပဲဖြစ်ဖြစ် ငါ့အပေါ် ထိရောက်မှုရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ကာကွယ်ရေးမန္တန်အစွမ်းက အကယ်ကို အလယ်တန်းမန္တန်အဆင့်ကို ရောက်နေပြီဟ။ "
" မင်းကို အကိုကြီးလို့ခေါ်ရတာ အရမ်းထိုက်တန်တယ်။ မင်းရဲ့ မှော်မန္တန်တိုက်ခိုက်ရေးစွမ်းအားတွေ ထိလောက်ထိ အစွမ်းထက်လိမ့်မယ်ထင်မထားဘူး။ အခုချိန်ကစပြီး အမြဲတမ်း မင်းနောက်လိုက်တော့မယ်... "
အောင်းသဲရဲ့ အရမ်းကြည်နူးနေတဲ့ မျက်လုံးတွေတွေ့လိုက်ရတော့ ကျွန်တော် အရမ်းပျော်သွားတယ်။
" မနက်ဖြန် ငါတို့ ကျောင်းကို အတူတူသွားကြတာပေါ့။ အရှောင်အတိမ်းတွေကို သင်ယူဖို့ အကောင်းဆုံးနေရာကို ငါခေါ်သွားမယ်။ မင်းက ငါ့လိုတည်နေရာရွှေ့ပြောင်းနိုင်စွမ်းမရှိပေမယ့် မင်းရဲ့ မုန်တိုင်မန္တန်ကတော့ အစွမ်းပိုထက်လာမှာ အသေအချာပဲ.. "
" ကောင်းလိုက်တာ ... အကိုကြီး ကျေးဇူးအရမ်းတင်တယ် .. "
ဟီ..ဟိ။ ကျေးဇူးတင်တယ်တဲ့လား။ မနက်ဖြန်ကျရင် ကျွန်တော်အဲဒီကလေးကို သဲအိတ်စည်းဝိုင်းကြီးရဲ့ အစွမ်းကို ကောင်းကောင်းကြီး မြည်းကြည့်ခွင်ပေးမှာပါလေ။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား