← Chapters

အစွမ်းထက် စိန်ခေါ်ဘက်

Vol. 1 Ch. 15

အစွမ်းထက် စိန်ခေါ်ဘက်

Vol. 1 Ch. 15

နောက်ဆုံးစစ်ဆေးပွဲက အတိအကျကို တိုက်ပွဲတစ်ခုဗျ။ ကျွန်တော့ နောက်ဆုံးပြိုင်ဖက်က ဘယ်သူလဲဆိုတာ ကျွန်တော်မသိသေးဘူး။ ဒါပေမယ့်အလယ်တန်းအဆင့် အစွမ်းအထက်ဆုံး မှော်သခင်တစ်ယောက်ဖြစ်မယ်ဆိုရင် အကောင်ဆုံးပဲ။ ဒီလိုမှပဲ ကျွန်တော် ပြိုင်ဘက်ထက် အားနည်းလို့ ရှုံးတဲ့ပုံစံ ဖြစ်မှာလေ။

ဖြေဆိုသူတွေအားလုံးကို မဲစနစ်နဲ့ ခွဲပြီးပါပြီ။ တိုက်ပွဲစာရင်းကို ကြေငြာပါတော့တယ်....

အဆင့်(၁၂)မာခယ်စိုက် နဲ့ အဆင့် (၁) ကျန်းကုန်း။

အဆင့်(၂) လီကျာလွင် နဲ့ အဆင့်(၇၉) လိုင်စူချန်လန်။

XXX-X--XX-X-XX-

ဘယ်လိုမျိုး တိုက်ဆိုင်မှုမျိုးကြီးလဲ။ အံဩဖို့ကောင်းလောက်အောင် သူငယ်ချင်း မာခယ်နဲ့ တိုက်ရမယ်တဲ့။ ကျွန်တော်သာ သေသေချာချာ ဂရုမစိုက်ရင် အဆင့်(၁)နေရာရသွားနိုင်တယ်။ ဒီနေ့ပထမဆုံးပွဲမှာ မနေ့ကမကျေနပ်မှုတွေကို ဖွင့်ထုတ်မှာအသေအချာပဲ။ ကျွန်တော့စိတ်ထဲမှာ တိတ်တိတ်လေး သတိပေးနေမိတယ်။ အမတ်ကြီးတွေ၊ မြို့စားတွေ ကျွန်တော့ကို လာပြီးလက်စားချနိုင်တယ်။ ဟီ..ဟိ။ မာခယ်ရေ ငါမင်းကို ဘယ်လိုဆက်ဆံမလဲဆိုတာ မင်းစောင့်ကြည့်နေ။

ပွဲစဉ်တိုင်းမှာ အအောက်ဆုံးကနေ ထိပ်ဆုံးအထိ အဆင့်သတ်မှတ်ချက်တွေနဲ့ တော်တော်လေးဘက်ညီကြတယ်။ ဟိုးအောက်ခြေက လူတွေကတော့ ဟန်ပြပဲ တိုက်ဖို့များပါတယ်။ ဒါကြောင့် ကျွန်တော်လဲ ဟန်ပြပဲတိုက်မှာပေါ့။

အဲဒီ ရွံစရာ မာခယ် ဘယ်ကိုများထွက်ပြေးသွားပါလိမ့်။ ကျွန်တော် လူအုပ်ကြီးထဲ လိုက်ရှာကြည့်တော့ မယုံနိုင်လောက်အောင်ကို ရှာမတွေ့ဘူး။ သူထွက်ပြေးတာပဲဖြစ်နိုင်တယ်။ မနေ့က တွေ့လိုက်ရတဲ့ အခြေခအနေအရတော့ သူကျွန်တော့ကို ကြောက်လန့်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲလိုမဟုတ်ရင် သူ့ဆရာက သူ့ကို တန်ဖိုးထားမှာမဟုတ်ဘူးလေ။ ဟမ် ... ကျွန်တော်သူ့ကို လိုက်ရှာနေစရာမလိုပါဘူးလေ။ ပြိုင်ပွဲစရင် တွေ့ရမှာပဲကို။

ပြိုင်ပွဲက အဆင့်(၁၀)ဆင့် ခွဲထားပါတယ်။

တကယ်ဆိုရင် မာခယ်က လူအုပ်သေးသေးလေး တစ်ခုထဲမှာဗျ။ သူ့ပြိုင်ဖက်က ကျွန်တော်ဆိုတာသိတော့ သူစိတ်ပျက်သွားတဘ်။ မနေ့က စကားလုံးတွေကြောင့် သူချက်ချင်း နောင်တရနေပြီလေ။ သူ့အတွေးတွေထဲမှာတောင် 'မနက်ဖြန် အကိုကြီး ကျန်းကုန်း ခွင့်မလွှတ်နိုင်တဲ့အထိ ငါဘယ်လို မိုက်မဲနိုင်မှာလဲ.. ငါတော့မှားပြီထင်တယ်.. ဘုရားသခင်.. မနက်ဖြန်အထိ ဒီအခြေအနေလေးအတိုင်း ရှိခွင့်ပေးပါ ' လို့တွေးနေလောက်ပြီ။

တော်ဝင်အလယ်တန်းမှော်ပညာကျောင်း ဝင်ခွင့်အတွက် ဖြေဆိုသူတွေက သက်ဆိုင်တဲ့ စင်မြင့်ပေါ်တွေမှာ တိုက်ပွဲဝင်နေကြပြီ။ အခုအချိန်မှာ ဘယ်သူက အဆင့်ဘယ်လောက်ရောက်နေပြီလဲဆိုတာ ကျွန်တော်မသိနိုင်ဘူး။ မြင်နေရတဲ့ တိုက်ပွဲတစ်ခုမှာတော့ ရေမှော်သခင် တစ်ယောက်နဲ့ လေမှော်သခင် တစ်ယောက် တွေ့တယ်။ သူတို့ နှစ်ယောက်စလုံး ကာကွယ်ရေး မန္တန်တွေ တစ်ခုမှာမသုံးပဲ သူတို့ရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးမန္တန်တွေသုံးနေတော့ မှော်စွမ်းအားတွေ အကုန်ထုတ်သုံးနေကြပါလေရော။ သူတို့က စင်ပေါ်မှာ လေတွေ မိုးတွေ ဆင့်ခေါ်နေတာနဲ့ အရမ်းတူတယ်။ တစ်ယောက်က မိုးသီးမန္တန်သုံးပြီး နောက်တစ်ယောက်က လေဆင်နှာမောင်းမန္တန်သုံးနေကြတယ်။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဒီလိုပွဲမှာအနိုင်ရဖို့ ဘယ်လိုနည်းစနစ် သုံးရမလဲတောင် မစဉ်းစားနိုင်ကြဘူးလား။ နေ့တစ်ဝက်လောက် ဟိုတွေးဒီတွေလုပ်လိုက်တာ ပြိုင်ဖက်ကို အနိုင်ရဖို့ဆိုရင် သူ့မှော်စွမ်းအား ကုန်ခမ်းသွားအောင် ကာကွယ်ရေးနဲ့ လှုပ်ရှားရေး နည်းလမ်းတွေ သုံးလိုက်ယုံပဲလေ။ နောက်ထပ် ကံကောင်းတာတစ်ခုက ကျွန်တော့ မှော်စွမ်းအားတွေက သူ့တို့ထက် ပိုမြင့်နေတာလေ။ နောက်ဆုံးတော့ ရေမှော်သခင်က လေမှော်သခင်ရဲ့ လေဓါးသွားတွေကြောင့် ရှုံးသွားပါတယ်။

ဒီလိုပွဲစဉ်တွေကြောင့် မတော်တဆမှုတွေဖြစ်ရင်ချက်ချင်းကုသနိုင်အောင် ကျောင်းတော်က ရေစွမ်းအင် ကြီးမြတ်မှော်သခင်(၁၀)ယောက်နဲ့ ရေစွမ်းအင် မှော်ပညာရှင်(၂)ယောက် လွှတ်လိုက်ပါတယ်။ ပွဲစဉ်တွေက အရမ်းပြင်းထန်ပေမယ့် သူတို့တွေရှိနေတော့ ဘယ်လို မတော်တဆမှုမှ မဖြစ်လိုက်ပါဘူး။

(၃)နာရီလောက်ကြာတော့ ကျွန်တော့အလှည့်ရောက်လာတယ်။ ကျွန်တော် အကြောဆန့်ပြီး စင်ပေါ်ကို ဖြည်းဖြည်းလျှောက်သွားပါတယ်။

" ဒါ ပထမပိုင်း စစ်ဆေးမှုမှာ ပထမရထားတဲ့ ကျန်းကုန်းဝေ့ ပဲ "

" သူ့ပုံစံကတော့ ဘာမှထူးထူးခြားခြားမရှိပုံပဲ။ မမျှော်လင့်ဘဲ အလင်းမှော်စွမ်းအင်ကို လေ့ကျင့်ထားပြီးတော့ ဘာတိုက်ခိုက်မှုမန္တန်မှ မသိတဲ့ကောင်က ထိပ်ဆုံးနေရာရောက်နေတယ်။ ဒါ.. သေချာပေါက် လာဘ်ထိုးထားတာ အသိသာကြီး .. "

" သူ့ပြိုင်ဘက်က ခုထိမလာသေးပါလား. "

ကျွန်တော် စင်ပါ်ကနေ လှည့်ပတ်ကြည့်လိုက်မိပါတယ်။ မာခယ် ရဲ့ပုံစံနဲ့ တူတာကို မတွေ့မိဘူး။ သူတိုက်ပွဲမတိုင်ခင် ထွက်ပြေးသွားတာတော့ မဟုတ်လောက်ပါဘူးနော်။ ကျွန်တော်က အစောကြီးကတည်းက ကြိုစဉ်းစားပြီးသား။ အဲဒီ မာခယ်ကို ကြောက်စရာကောင်းလောက်တဲ့ တိုက်ပွဲတစ်ခုတော့ လုပ်ပေးအုံးမှာပါ။ ပရိတ်သတ်တွေက သေချာ စစ်ဆေးနေတယ်ဆိုတာ မသိစိတ်က သတိပေးနှိုးဆော် နေတယ်လေ။ နောက်ပိုင်း ပြဿနာကင်းအောင်တော့ လုပ်ရမှာပေါ့။

" ပထမအကျော့ ပွဲစဉ်အမှတ်(၁၂)၊ မာခယ် မလာသေးဘူးလား၊ စက္ကန့် (၃၀)အတွင်း ရောက်မလာဘူးဆိုရင် ဝင်ခွင့်ဆုံးရှုံးပြီလို့ ငါတို့သတ်မှတ်ရလိမ့်မယ်.. "

" ကျွန်တော် ဒီမှာ.. ကျွန်တော် ဒီမှာ။ "

နောက်ဆုံးတော့ မာခယ် ကူကယ်ရာမဲ့စွာနဲ့ စဉ်မြင့်ပေါ်ကို လေမုန်တိုင်းတိုက်သလို ရောက်လာပါတယ်။ ပထမဆုံး ကိုယ်စားလှယ်ကြီးတွေကို ဂါရဝပြုပြီး ကျွန်တော့ကို တိတ်လေးပြောပါတယ်။

" မနေ့က ငါတမင်ပြောခဲ့တာမဟုတ်ပါဘူး... ကျေးဇူးပြုပြီး ငါ့ကို ကြင်နာတရားမပြပါနဲ့ .. "

သူကလဲ သူပြောခဲ့တာတွေ ကျွန်တော်မမေ့ဘူးဆိုတာ သိနေပါတယ်။ သူတော်တော်လေး သတိထားနေတာ တွေ့ရတယ်။

" ဟမ် .. လုံလောက်ပြီ။ မဟုတ်မှလွဲရော စားပြီးသားအစာ ပြန်အံထုတ်ခိုင်ဖို့ ကြိုးစားနေတာလား။ မင်းကို ဒီအကြိမ်အနိုင်ယူပြီးရင် ငါခွင့်လွှတ်လိုက်မယ် "

" အကိုကြီး အဲလိုမလုပ်ပါနဲ့ .. ငါနာမှာတော့ အရမ်းကြောက်တယ်... ငါ့ကိုကယ်ပါအုံး .. "

" မင်း ..။ မင်းရဲ့ စွမ်းအားအကုန်ကို ငါကြည့်ချင်တယ်။ ငါဂရုဏာထားလိမ့်မယ်လို့ မျှော်လင့်မနေနဲ့ .. "

" ကောင်းပြီ အကိုကြီး။ မင်းလဲသတိထားပါ "

ပြောပြီးတာနဲ့ သူ့ရဲ့ မီးတံတိုင်း အကာအကွယ်ကို ထုတ်လိုက်ပါတယ်။

ကျွန်တော်ကလဲ ချက်ချင်းကို အပြိုင်အလင်းတံတိုင်းကို ဖန်တီးလိုက်တာပေါ့။ ကျွန်တော် သတိလွတ်လို့တော့ မဖြစ်ဘူး။ ဒီသူငယ်ချင်းရဲ့ စွမ်းရည်က တော်တော်လေးကို အားကောင်းတာ။ သူ့အနေနဲ့ ပထမရဖို့တောင့် သိပ်ခဲယဉ်းမှာမဟုတ်ဘူး။

" အကိုကြီး .. လာခဲ့စမ်းပါ "

သူ့ကို သနားလို့မရနိုင်ဘူးဆိုတာ မာခယ်သဘောပေါက်တယ်။ လက်ရှိအခြေအနေအတွက် တခြားရွေးစရာနည်းလမ်းမှမရှိတာ သူ့မှော်စွမ်းရည်တွေကို အပြည့်အဝအသုံးချဖို့ လိုနေပြီလေ။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်အားသာချက်ကို တစ်ယောက် ဘာမှမသိသေးပေမယ့် ကြောက်စရာကောင်းတဲ့ ပြိုင်ဖက်တွေဆိုတာတော့ သတိထားမိကြတယ်လေ။ ကျွန်တော်တို့သာ မှော်စွမ်းရည်ကို အပြည့်အဝ ထုတ်မသုံးဘူးဆိုရင် သေချာပေါက် အရိုက်ခံရမှာပဲ။

အခြေခံ မှော်မန္တန်တစ်ခုဖြစ်တဲ့ မီးဘောလုံးက ကျွန်တော့ဆီ ပျံလာနေပြီ။ ကျွန်တော် ဘယ်ဘက်လက်ကိုမြှောက်ပြီး မီးတံတိုင်းကို ရင်ဆိုင်ဖို့ ပုံစံတူအလင်း မန္တန်ကိုသုံးလိုက်တယ်။ မှော်ထိန်းချုပ်မှု ထိပ်တန်းအဆင့်ဖြစ်နေတာ တကယ်ကို ထိုက်တန်တာပဲ။ မျော်လင့်ထားတဲ့အတိုင်းပဲ သူနဲ့ ရင်ဆိုင်ဖို့ တော်တော်လေး ခက်တာ။ ကျွန်တော်သူ့ မီးမြှားတွေကိုရိုက်ချနေရင်း ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း သုံးလိုက်တယ်။ မီးမြှားတွေက မီးတံတိုင်းကို ထိပြီး ထိခိုက်မှု လုံးဝမရှိလိုက်ဘူး။ အဲဒီအချိန်မှာ သူ့မီးဘောလုံးက ကျွန်တော့နောက်ကို ထပ်လိုက်နေပြန်ရော။

" မင်း မီးဘောလုံးက မပေါက်ကွဲတော့ဘူးလား .. "

" ဟီး..ဟီး .. အကိုကြီးရေ... ဒါ ရိုးရိုး မီးဘောလုံး မဟုတ်ဘူးဗျ။ ဒါ ကျစ်လစ်နေအောင် သိပ်သည်းထားတဲ့ မီးဘောလုံးလေ။ အခုဆိုရင် ငါက အဲဒီလို မီးဘောလုံး (၄)လုံးအထိ ထိန်းချုပ်နိုင်တယ်။ မင်း အကုန်လုံးကို ရှောင်နိုင်မလား ကြည့်ရအောင်.. "

ပြောရင်းဆိုရင်း ဒင်းက နောက်ထပ် မီးဘောလုံး (၃)လုံး ထပ်ဖန်တီးလိုက်တယ်။ မတူတဲ့ လမ်းကြောင်းတွေကနေ မီးဘောလုံး (၄)လုံး ကျွန်တော့ဆီ လာနေကြပြီ။ ဒီလိုဆိုလဲ လာဖြစ်လဲ ကျွန်တော် ကိုင်တွယ်နိုင်ပါသေးတယ်။ ပြေးမှာပေါ့ ... ဟီ..ဟိ။

ပရိတ်သတ်ကတော့ ရုတ်ရုတ် ရုတ်ရုတ် စဖြစ်လာပါပြီ။

" ထိပ်ဆုံးအဆင့်ရထားတဲ့ကောင်က သူ့နောက်လိုက်နေတဲ့ မီးဘောလုံးတွေကို ပတ်ပြေးနေတယ်တဲ့လား။ ဘယ်လိုဖြစ်တာလဲဟ .. "

ကျွန်တော့အတွက်တော့ မီးဘောလုံးတွေကို ကြောက်တာက မကြောက်အောင်လုပ်တာထက် ပိုလွယ်တယ်လေ။

ခဏလောက် တည်နေရာရွှေ့ပြောင်းရေးနဲ့ ပတ်ပြေးနေလိုက်တယ်။ ဒါပေမယ့် ရုတ်တရက် ဒီလိုလုပ်တာ အလုပ်မဖြစ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ကျွန်တော်တို့နှစ်ယောက် မှော်စွမ်းအင်က သိပ်မကွာတော့ အခုဆို ကျွန်တော့မှော်စွမ်းအင်သုံးတဲ့ ပမာဏက သူ့ထက် ပိုများနေတယ်။ ဒီအတိုင်းဆိုရင် ကျွန်တော် ရှုံးမှာပဲ။ ဒီတော့ မရှောင်တော့ဘူး။ ကျွန်တော် ရွေးချယ်စရာမရှိအောင်ကိုပဲ နည်းနည်းမှ အမှားလုပ်လို့မဖြစ်တော့ဘူး။

ဒါကိုစဉ်းစားမိတော့ မာခယ်ရဲ့ ဘယ်ဘက်ကို တည်နေရာ ချက်ချင်းရွှေ့လိုက်တယ်။ ပြီးတော့ ကျွန်တော့ ဘယ်ဘက်လက်နဲ့ အပြိုင်အလင်းတံတိုင်းကိုသုံးပြီး သူ့ခန္ဓာကိုယ်ကို လှမ်းရိုက်လိုက်တယ်။ မာခယ်ရဲ့ မီးတံတိုင်းကလဲ တော်တော်စွမ်းအားကောင်းတာပဲ။ ဒါတင်မကဘူး မာခယ်က သူ့မီးဘောလုံးတွေ ကျွန်တော့ကိုဝိုင်းထားတာကြည့်ပြီး သူဂုဏ်ယူနေတယ်။ ကျွန်တော့ အပြိုင်အလင်းတံတိုင်း ရိုက်ချက်ကြောင့် သူလဲသွားရော။ အာရုံစိုက်မှု ပျက်သွားတာကြောင့် သူ့မီးဘောလုံးတွေ ထောင့်တစ်ထောင့်မှာ ပေါက်ကွဲကုန်တယ်။

" ဝိုး ... အကိုကြီး မင်းတော်တော်စွမ်းတာပဲ .. "

ကျွန်တော် ပြန်မဖြေပေမယ့် သူ့ဘက်လှည့်ပြီး ဘယ်ဘက်လက်နဲ့ ဆွဲထူပေးလိုက်ပါတယ်။ ပြီးမှ မာခယ် အလယ်တန်းအဆင့်မှော်မန္တန်တစ်ခုဖြစ်တဲ့ ရက်စက်မီးလျှံ ကိုသုံးလိုက်တဲ့အချိန် ကျွန်တော်သူ့ကိုတစ်ချက်ကြည့်ပြီး နောက်ကို မြန်မြန်ပြန်ရွှေ့လိုက်တယ်။

" အကိုကြီး.... ငါဒါကို သုံးရတဲ့အထိ မင်းဖိအားပေးခဲ့တာ။ ငါ့ရဲ့ ဒီမန္တန်ကို မင်းဂရုစိုက်ဖို့ လိုလိမ့်မယ်။ အကန့်အသတ်မဲ့ ဥက္ကာခဲတွေဖွဲ့စည်းပြီး ရန်သူကို ဖျက်ဆီးပစ်လိုက်စမ်း.."

ပေါက်ကရ။ ဒီကောင့်ကို တော်တော်လေးဆဲချင်လာပါတယ်။်အဆင့်မြင့် မီးမန္တန်ဖြစ်တဲ့ အမျက်ပြင်းထန် ဥက္ကာပျံ ။ ဒီကောင့်မှာ စိတ်စွမ်းအား အရမ်းကောင်းတယ်ဆိုတာတော့ ကျွန်တော်အသိအမှတ်ပြုလိုက်ပါတယ်။ စင်မြင့်ကလဲ အရမ်းကျဉ်းလွန်းတယ်။ တကယ်လို့သာ နေရာကျယ်ကျယ်မှာသုံးမယ်ဆိုရင် စတုရန်းမီတာ(၂၀၀)လောက်ထိကို ဖုံးလွှမ်းနိုင်မှာဗျ။ ဒီလိုဆိုရင် ကျွန်တော့ကို မထိခိုက်နိုင်တော့ဘူး။ ဒါပေမယ့် ဒီစင်မြင့်က (၁၅)စတုရန်းမီတာ သာသာလေးပဲရှိတယ်။

စိတ်အလင်းတံတိုင်း အကာအကွယ်နဲ့တောင် ဒါကို ခုခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်။ ဒါကြောင့် ကျွန်တော် အသက်စွန့်ပြီး...

"ကျွန်တော့နာမည်က ကျန်းကုန်း။ အို.. အလင်းစွမ်းအင် ကျွန်ုပ်ဆန္ဒအတိုင်းနေပေးပါ။ ပိုင်းပြတ်ခြင်းအလင်းဓါးများအဖြစ် အရာအားလုံးကို ရှင်းပစ်ဖို့ တောင်းဆိုပါတယ်.. "

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters