← Chapters

ပြောမပြတတ်သည့် ယုံကြည်မှု

Vol. 90 Ch. 1336

ပြောမပြတတ်သည့် ယုံကြည်မှု

Vol. 90 Ch. 1336

ကျွင်းဟောက် ဟိုတယ်။

လျန်ရူရွှယ်က မွန်းလွဲပိုင်း ရောက်လာခဲ့မည် ပြောသဖြင့် တစ်မနက်ခင်းလုံး လင်းရီ ဘာတစ်ခုမျှ လုပ်ဖို့ မစီစဉ်ထားချေ။

ရှောင်ပင်း၏ ဦးဆောင်မှုအောက်တွင်ပဲ သူတို့ ဟိုတယ်၏ ရေပူစမ်းသို့ ရောက်လာခဲ့ပြီး နေ့ခင်းကြီး၌ အနှိပ်ခံလိုက်ကြသည်။

ရေပူစမ်း၏ အပြင်အဆင် ဒီဇိုင်းက ဂျပန်ပုံစံ ဖြစ်ပြီး သီးသန့် ပါတစ်ရှင်း အခန်းများနှင့် အတော်လေးကို ဆိတ်ငြိမ်မှု ရှိလှ၏။

သစ်သား ပါတစ်ရှင်း အခန်းတံခါး ပွင့်လာခဲ့ပြီး အသီးပန်ကန်တစ်ခု ကိုင်လျက် သားဖြင့် ရှောင်ပင်း အခန်းထဲသို့ ဝင်လာသည်။ သူမကတော့ အနီရောင် ဘီကီနီကို ဝတ်ဆင်ထားလျက်ပင်။

ခြေတစ်လှမ်းချင်းစီတိုင်းတွင် ခုန်ပေါက်ချင်နေသည့် ယုန်ကြီးတို့အား ချုပ်ထိန်းရန်က သိပ်ကို ခဲယဉ်းလှသည်။

“ အစ်ကိုရီ ဒီမှာ သုံးလေးရက်လောက် ထပ်မနေတော့ဘူးလား… ယွီဟန်မြို့အနှံ့ လိုက်ပြပေးမယ်လေ…” အသီးပန်းကန်ကို ချပြီးနောက် ရှောင်ပင်း အသာအယာလေး မေးလိုက်သည်။

“ ငါသိပ် အကြာကြီး နေလို့မရဘူး… မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါဆို တုံးစန်းကောင်တီ ပြန်သွားရတော့မှာ…”

“ အား… မှတ်မိပြီ… ရှင်က အဲ့မှာ နွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ ဖြစ်နေတာမလား…” ရှောင်ပင်း ပြောလိုက်ပြီး “ ကျွန်မတို့ မိသားစုကနေပြီး ပိုက်ဆံ တစ်ချို့ ရင်းနှီးမြုပ်နှံပေးဖို့ လိုသေးလား…”

“ မလိုဘူး… ငါ့ကြောင့်နဲ့ မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲစရာ မလိုဘူး… တကယ်လို့ ပေးလိုက်တာထက် ပိုရမယ် ထင်ရင်တော့ ရင်းနှီးလှည့်ပေါ့… မရနိုင်ဘူးထင်ရင် မရင်းနှီးနဲ့…”

“ သိပြီ… အဲ့တာဆို လင်းယွင် အုပ်စုရဲ့ အခြေအနေကို အရင် စောင့်ကြည့်လိုက်ဦးမယ်.. တကယ်လို့ ကုမ္ပဏီက လုပ်မယ်ဆို ကျွန်မတို့လည်း ရင်းနှီးမယ်လေ…” ရှောင်ပင်း ပြောလိုက်ပြီး “ အသင်းခေါင်းဆောင်နင် ပြောတာ ရှင်က ရှုံးမယ့် စီးပွားရေးကို ဘယ်တော့မှ မလုပ်ဘူးတဲ့… “

“ မင်းကတော့ တကယ့်ကို…….”

လင်းရီ ပြုံးလိုက်ပြီး ရှောင်ပင်းက ပြဿနာ၏ သော့ချက်ကို ရှာတွေ့သွားခဲ့ပြီဟု ခံစားလိုက်ရသည်။

ဒေါက် ဒေါက် ဒေါက်…

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ပါတစ်ရှင်း အခန်းတံခါးသို့ တစ်စုံတစ်ယောက်မှ တံခါးလာခေါက်သည်။

“ မမလေးရှင့် … မစ္စတာလင်းကို အပြင်မှာ လာရှာနေတဲ့လူ ရှိပါတယ်…”

“ အဲ့လူက ဘယ်လိုပုံစံမျိုးလဲ…” ရှောင်ပင်း မေးလိုက်သည်။

“ ဒီမနက်ခင်းတုန်းက လာသွားတဲ့လူနဲ့ အတူတူပဲ… ဒါပေမယ့် ဒေါင် အကောင်းဆုံး တစ်ယောက်ကတော့ ပါမလာခဲ့ဘူး… တခြား အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်တည်းရယ်…”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။

လင်းရီ အနည်းငယ် ဟားတိုက်ချင်မိသွားခဲ့၏။

“ အဓိက ဇာတ်ကောင်ကတောင် ဒီရောက်မလာသေးတာကို အဲ့ ပြာတာ(တောက်တိုမယ်ရသမား) နှစ်ယောက်က ဒီဘာလာလုပ်တာလဲတဲ့…”

“ သူက ခေါင်းဆောင်ကို လက်စားချေချင်လို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့…” ရှောင်ပင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ရောက်လာပြီဆိုမှတော့ ဆက်မစိမ်ကြစို့… သွားပြီး တစ်ချက်ကြည့်ကြရအောင်..”

“ အွန်း.. အိုး ခဏလေး… အဝတ်အစားတွေ ယူလာခဲ့ခိုင်းလိုက်ဦးမယ်…”

မိနစ် နှစ်ဆယ်ကြာပြီးနောက် နှစ်ယောက်လည်း အဝတ်အစား လဲပြု၍ ရေပူစမ်းထဲမှ ထွက်လာခဲ့ကြသည်။

********

ဟိုတယ် ခန်းမထဲရှိ ဆိုဖာထက်၌ ဝေ့ကျယ်နှင့် ဝေ့ယွီတို့ ဘေးချင်းကပ် ထိုင်နေကြပြီး ထပ်တူညီမျှ သက်တောင့်သက်သာ ဖြစ်နေသည့် အမူအရာများဖြင့် ရှိနေကြသည်။

“ အစ်ကို… ဒီမှာ လူတစ်ဒါဇင်လောက်ပဲ ရှိတာ ဘာပြဿနာမှတော့ မရှိလောက်ဘူးမလား..” ဝေ့ယွီ ညင်သာစွာ မေးမြန်းလိုက်သည်။

“ သေချာပေါက် ပြဿနာ ဘယ်ရှိမှာ.. “ ဝေ့ကျယ် ခြေတင်ချိတ်လျက် “ ငါ ညီကို ဝက်ဝံကို မေးပြီးသွားပြီ… သူ့ လက်အောက်ငယ်သား အသစ်လေးက စိတ္တဇ လူသတ်တဲ့ ကောင်ဆိုနေ… ပြီးတော့ ကိုယ်ခံပညာလည်း လေ့ကျင့်ထားသေးတယ်… သူ့ မိန်းမကနေပြီး သူ့အပေါ် ဖောက်ပြန်သွားလို့သာ ကားနဲ့ လိုက်တိုက်ပစ်တာ … နောက်ဆုံးကျတော့ ငွေပုံပေးပြီး ပြန်လွတ်သွားခဲ့တယ်လေ… ငါကြားတာတော့ အဲ့ကောင်က ဆင်ဆင်ခြင်ခြင် မရှိတဲ့ကောင်ဆိုပဲ…”

“ နောက်ထပ် ကောင်တစ်ယောက်လည်း ရှိသေးတယ်… သူက ဝင်ထားတာ သိပ်မကြာသေးဘူး.. မွေ့ထိုင်းကျွမ်းပြီး လက်သီးတစ်ချက်နဲ့ လူတစ်ယောက်ရဲ့ အရိုးတွေ မွနေအောင် ထိုးနိုင်တယ်…. သူတို့နှစ်ယောက်နဲ့မှတော့ အစ်ကိုလုံလို လူစားမျိုးကလွဲလို့ ဘယ်ကောင့်ကို မယှဉ်နိုင်စရာ ရှိသေးလဲ… “

“ အစ်ကိုလုံက အဲ့လောက်တောင် တော်တယ်ပေါ့…”

“ မင်းက ဘယ်လိုထင်လို့… သူ့မှာသာ အရည်အချင်းတစ်ချို့ မရှိရင် အစ်ကိုဝက်ဝံက ယွီဟန်ရဲ့ ဘော့စ် ဖြစ်လာမယ် ထင်လား…”

“ အဲ့လိုဆိုမှတော့ ညီမလေး စိတ်မပူတော့ပါဘူး…” ဝေ့ယွီ ပြောလိုက်ပြီး “ သူ အခု ထွက်လာရဲလား ဆိုတာပဲ ကြည့်ကြစို့…”

“ မင်း အဲ့ကိစ္စ ပူနေစရာ မလိုပါဘူး… ဒီကောင်က ဒီခုလေးတင် သောက်ရမ်းတွေ မောက်မာပြထားတာ… တော်တော် သတ္တိကောင်းလို့ ဖြစ်မယ်… ဖြည်းဖြည်းစောင့်ကြတာပေါ့…”

နှစ်ယောက်သား မိနစ် အနည်းငယ်ကြာအောင် ဆက်လက်စောင့်ဆိုင်းပြီးနောက် ဝေ့ယွီမှ အာမေဋိတ်သံဖြင့် ထအော်‌လေသည်။

“ အစ်ကို … သူတို့ ထွက်လာခဲ့ပြီ…!!”

ဝေ့ကျယ် မော့ကြည့်လိုက်တော့ လင်းရီနှင့် ရှောင်ပင်းတို့ ဟိုတယ်ထဲမှ ထွက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

“ သွားစို့… အလုပ်စရမယ့် အချိန်ရောက်ပြီ…”

ဝေ့ကျယ် မတ်တပ်ရပ်ပြီး ရှောင်ပင်းနှင့်အတူ လင်းရီထံ လျှောက်လှမ်းသွားသည်။

“ မစ္စတာလင်း…. မင်း ငါ ဘယ်သူလဲဆိုတာတော့ မင်း မမေ့လောက်သေးဘူးမလား…”

“ ဒါပေါ့ ဘယ်မေ့မှာ…” လင်းရီ ပြောလိုက်သည်။

“ ဒါနဲ့ မင်းတို့က ငါ့ကို ဘာလို့ လာရှာနေကြတာ… တစ်ချက် ကန်ပေးတာ မလုံလောက်သေးလို့ ထပ်လာပြီး တောင်းဆိုချင်တာလား…”

“ ခုနတုန်းက မပြင်ဆင်လိုက်ရလို့ … မင်း အဲ့လောက်ထိ မမောက်မာနဲ့…” ဝေ့ကျယ် မည်းမှောင်စွာ ပြောလိုက်ပြီး “ မင်းမှာ သတ္တိရှိတယ်ဆိုရင် အပြင်ထွက်ခဲ့… ဒီကိစ္စ ဖြေရှင်းကြမယ်… မင်း လုပ်ရဲလား…”

“ အား…. နင်…နင်တို့ အရမ်းကြောက်ဖို့ ကောင်းတာပဲ…” ရှောင်ပင်းမှ ကြောက်လန့်နေသည့် သယောင် ဆောင်လိုက်သည်။

“ ခုမှ ကြောက်နေလို့ အလကားပဲ… မင်း ငါ့ညီကိုဝမ်းကွဲကို မလွှတ်ပေးဘူးဆိုရင် မင်း တန်ရာတန်ကြေး ပြန်ပေးဖို့ ပြင်ထားလိုက်….”

“ ငါက သူ့ကို အထဲပို့လိုက်တယ်… အဲ့တာကို ငါကပဲ ပြန်လွှတ်ပေးရမယ်ဆိုတော့ ငါ့ မျက်နှာ ပျက်စရာ မဖြစ်ဘူးလား…”

ဝေ့ကျယ် အကြောက်အလန့် မရှိ ပခုံးတွန့်ပြလိုက်သည်။

“ ငါတို့ ကောင်းကောင်းမွန်မွန် ပြောနေတုန်းက မင်းမှ လက်မခံချင်တာ… ဒီတော့ အားသုံးရုံပဲ တတ်နိုင်တယ်လေ….”

လင်းရီ ပြုံးလိုက်မိသည်။

“ ဆိုတော့… မင်းတို့က ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ..”

ဝေ့ကျယ် ဘေးဘက်သို့ လှည့်သွားပြီး ဖိတ်ခေါ်သည့် လက်ဟန်ကို ပြုလိုက်သည်။

“ ဒီနေရာက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာဆိုတော့ …. ပိုပြီး သီးသန့် ဆန်တဲ့နေရာမှာ စကားပြောကြတာပေါ့…”

“ လမ်းပြ…”

ဝေ့ကျယ်နှင့် ဝေ့ယွီတို့ နောက်လှည့်ပြီး တံခါးပေါက်ထံ ဦးတည်လိုက်ကြသည်။ လင်းရီနှင့် ရှောင်ပင်းတို့ကတော့ နောက်မှ လိုက်လာခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့ ဟိုတယ်နောက်ဘက်ရှိ လမ်းကြားလေးထဲ ရောက်လို့လာပြီး တစ်ချိန်တည်းတွင် ဗန်ကားနှစ်စင်း မောင်းဝင်လာသည်။ လူဆယ်ယောက်ကျော် ထွက်လို့လာပြီး ဝေ့ကျယ်ဘေး၌ ရပ်တန့်လိုက်ကြ၏။

ဦးဆောင်လာသူက နှစ်ယောက်ရှိသည်။ နှစ်ယောက်အနက် တစ်ယောက်က စွပ်ကျယ် ဂျိုင်းပြတ်နှင့် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အမည်းရောင် ခေါင်းစွပ် အင်္ကျီနှင့် ဖြစ်လေသည်။

နှစ်ယောက်လုံးက အရပ်မရှည်ကြပေ။ သူတို့ရဲ့ အသားအရေက အနည်းငယ် မဲပြာပြီး မျက်နှာတွင် အမူအရာကင်းမဲ့နေသည်။ လူကြည့်လိုက်သည်နှင့် ဆေးသမား ၊ ဘိန်းသမား ရုပ်ပေါက်နေပြီး မချိုမချဉ်နှင့် တခြားလူကို အကြွေးရှင်ကြီးများကဲ့သို့ ဆိုဒ်ဖမ်းနေကြသည်။

အနက်ရောင် စွပ်ကြယ်နှင့် အမျိုးသားက ကျန်းပြောင် ဖြစ်ပြီး သူသည်က ဝေ့ကျယ် ပထမဆုံး ပြောပြသွားခဲ့သည့်လူပင်။

ကျန် ဟူဒီအင်္ကျီနှင့် တစ်ယောက်ကိုတော့ ပေါင်ဝန်ကျွင်းဟု ခေါ်တွင်ပြီး ယခင်က မွေ့ထိုင်း ကိုယ်ခံပညာကို လေ့လာဖူးကာ ထိုင်းနိုင်ငံရှိ စိန်ခေါ်ပွဲတစ်ခု၌ တတိယဆု ရခဲ့ဖူး၏။

နှစ်ယောက်လုံးက ဝေ့ကျယ်၏ ဘေးသို့ မည်းပါသည် ဆိုသည်ထက် ပိုမည်းသည့် မျက်နှာ အမူအရာတို့ဖြင့် လျှောက်လှမ်းလာခဲ့ကြသည်။ ပေါင်ဝန်ကျွင်း ဝေ့ကျယ်ကို တစ်ချက်လှည့်ကြည့်၍ ပြော၏။

“ ငါတို့ တွယ်ပေးရမယ်ဆိုတဲ့ ကောင်က သူလား… ကြည့်ရတာတော့ ငါးမြောက်ငါးခြောက်လေးပါပဲ… ဘာအထင်ကြီးစရာမှလည်း မရှိဘူး…”

“ ညီကိုကျွင်း… မင်း မျက်လုံးထဲမှာသာ သူက သာမန်ဆန်ရင် ဆန်မယ်… ဒါပေမယ့် သူက သာမန်လူတွေထက် စကေးပိုကြွယ်တယ်… ဒီမနက်တင် ငါ့ကို ကန်ထည့်လိုက်တာ ငါ့ဗိုက်ဆို အခုထိ နာနေသေးတုန်းပဲ…”

ပြောပြီးနောက် ဝေ့ကျယ် အိတ်ကပ်ထဲမှ ယွမ်နှစ်သောင်း အထပ်လိုက်ကြီး ထုပ်လိုက်ကာ ပေါင်းဝန်ကျွင်း လက်ထဲ ထည့်ပေးလိုက်သည်။

“ ဒီနေ့ ကိစ္စ ကူညီပေးဖို့ မင်းတို့ကို ဒုက္ခပေးရတော့မယ်… ဒီပိုက်ဆံ ယူသွားပြီး ခဏကျရင် ဆေးလိပ်လေး ဘာလေး ဝယ်သောက်ပေါ့…”

“ ဒီလို လုပ်လို့ မရဘူး… မင်းက အစ်ကိုဝက်ဝံရဲ့ သူငယ်ချင်းဆိုတော့ လာပြီး ကူညီပေးသင့်တာ သဘာဝပဲလေ… မင်း ပိုက်ဆံကို ယူလို့ ဘယ်ဖြစ်မှာ…”

“ မလိုဘူး မပြောနဲ့… မင်းက ငါတို့ကို အကြီးကြီး ကူညီပေးနေတာ.. ဒီတော့ အလကား ကူညီခိုင်းလို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား… “ ဝေ့ကျယ် အပြုံးလေးဖြင့် ပြောလိုက်၏။ ထို့နောက် လင်းရီကို ကြည့်လိုက်သည်။

“ လက်ဆ အရမ်းပြင်းစရာ မလိုဘူး… ခြေတွေ လက်တွေ ချိုးပေးစရာလည်း မလိုဘူး… ဒီတိုင်း သူ့ကို နောင်ကြဉ်သွားအောင်ပဲ လုပ်ပေးလိုက်…”

လင်းရီက သာမန်လူ မဟုတ်သည်ကို ဝေ့ကျယ် သိထားသည်။ ထို့ကြောင့် သူ တရားလွန်ကြီးတော့ မလုပ်ဝံ့ချေ။

လင်းရီကို ရိုက်နှက် ဆုံးမပြီး သူ့ ဝမ်းကွဲကို လွှတ်ပေးစေချင်ရုံလောက်သာ ဖြစ်၏။

“ မင်းပြောချင်တာကို ငါနားလည်တယ်…” ပေါင်ဝန်ကျွင်း ပြောပြီးနောက် ကျန်းပြောင်ကို အကြည့်တစ်ချက် ပေးလိုက်ကာ “ အားပြောင်… သူက တစ်ကောင်တည်း…. မင်းသွားပြီး ဖြေရှင်းလိုက်… လူအုပ်ကြီးနဲ့ဆို ငါတို့ကောင်တွေက အနိုင်ကျင့်တဲ့ ပုံစံ ပေါက်နေလိမ့်မယ်…”

“ ရတယ်လေ… ဘာပြဿနာ ရှိတာမှတ်လို့…”

ကျန်းပြောင် လင်းရီ အနားသို့ လျှောက်လှမ်းသွားပြီး သကောင့်သားအား အကဲခတ်ကြည့်လိုက်သည်။

“ ဘရို… ငါတို့က အစ်ကိုဝက်ဝံရဲ့ လူတွေ… အစ်ကိုဝက်ဝံက ဘယ်သူဆိုတာကို ငါ အသေးစိတ် မရှင်းပြတော့ဘူး… ဒါပေမယ့် မင်း ရုန်းကန်မနေဖို့တော့ ပြောလိုက်မယ်.. လက်သီးနဲ့ ခြေထောက်တွေမှာ မျက်စိပါတာ မဟုတ်ဘူးလေ… ပြီးတော့ မင်း ဒဏ်ရာရသွားခဲ့ရင်လည်း ကောင်းမှာ မဟုတ်ဘူး…”

All Chapters