← Chapters

လူတွေကြားက ကွာဟမှု

Vol. 90 Ch. 1345

လူတွေကြားက ကွာဟမှု

Vol. 90 Ch. 1345

သည်းကြီးမည်းကြီး ရှာဖွေပါသော်လည်း လျန်ရူရွှယ်သည် ဘာတစ်ခုမျှ မတွေ့ဘဲ ဖြစ်နေသည်။

“ ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ ပထမ တစ်ခုက ငါတို့ လေးလွှာက သဲလွန်စတွေ ပျောက်နေတယ်ဆိုတာ ငါတို့က အလွှာချင်း မတူလို့ပဲ… ဒါကြောင့်မို့ ဒီမှာ ဘာမှ ရှာမတွေ့တာ… ဒုတိယ တစ်ချက်က ဖန့်ရုံဆိုတဲ့သူ ပြောသွားသလိုမျိုး ဒီမှာ သဲလွန်စ မရှိတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်… အင်အားသုံးပြီးမှပဲ တံခါးဖွင့်လို့ရမယ်… ဘာပဲဆိုဆို ငါတို့ရဲ့ ကိုယ်ပိုင် ခွန်အားကလည်း အရေးပါတယ်လေ… ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ဆိုရင်တောင်မှ ငါတို့ကို ပံ့ပိုးပေးနိုင်ဖို့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို လိုအပ်သေးတာပဲ…”

“ ခုတော့ ကောင်းရော… ဘာသဲလွန်စမှလည်း မရှိဘူး… ငါတို့ ဒီကနေ ဘယ်လိုထွက်ကြတော့မှာ…” ကျောက်ကျန်း ပြောလိုက်၏။

“ ငါ့ အမြင်အရဆိုရင်တော့ ဒီ အဆင့်မှာ ဘာ နည်းစနစ်မှ ရှိမှာမဟုတ်ဘူး… တံခါးကို ဖွင့်ဖို့အတွက် ငါတို့ရဲ့ အစိမ်းသပ်သပ် ခွန်အားကို သုံးရမယ်…” ဖန့်ရုံ ပြောလိုက်သည်။

“ ဒါဆိုလည်း ကြိုးစားကြည့်တာပေါ့…” တင်တင်ဝေလည်း စိတ်မပါ့တပါဖြင့် ပြောလိုက်ရ၏။

ယခုလို နည်းလမ်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု သူမ စိတ်ထဲ ယုံကြည်နေသည်။ သို့သော် သူမကိုယ်၌ကလည်း နည်းလမ်းတွေ ရှာမတွေ့နိုင်ပဲ ဖြစ်နေခဲ့၏။

“ ကိုဖန့်… အားကိုးမယ်နော်…” ကျောက်ကျန်း ရယ်မောပြီး ပြောလိုက်သည်။

“ မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဒီရဲ့ ရှတ္တာတံခါးကို လက်တစ်ဖက်နဲ့တောင် မလို့ရတယ်… မြန်မြန် ငါတို့ကို နိုင်ငံရဲ့ ဒုတိယအဆင့် ဝိတ်ကစားသမားရဲ့ ခွန်အားကို ပြလိုက်စမ်းပါ….”

“ ပြဿနာ မရှိဘူး… မင်းတို့ ဘေးဖယ်နေကြ..” ဖန့်ရုံ ဘေးသို့ ရွေ့သွားခဲ့ပြီး “ ဒီကောင့်ကို ငါ ဂရုစိုက်ပေးလိုက်မယ်…”

“ ကိုဖန့်… မင်း အကူအညီ မလိုဘူးဆိုတာ သေချာရဲ့လား..” အခြား ကောင်လေးတစ်ယောက်က မေးလိုက်သည်။

“ ဒီ အသေးမွှားလေးကို မင်းတို့ အကူအညီ မလိုပါဘူး.. ငါတစ်ယောက်တည်းနဲ့တင် ပြီးတယ်…” ဖန့်ရုံ ရယ်မောလိုက်ကာ “ ဒီ အခွင့်အရေးကို အသုံးချပြီး ငါ့စကေးတွေ ပြပေးမယ်….”

ဖန့်ရုံက တံခါးမ,တော့မည်ကို မြင်တော့ ကျန်လူရှစ်ယောက်မှ နောက်သို့ ဆုတ်သွားကြသည်။

ဖန့်ရုံဆိုတာ ပြည်တွင်း ဒုတိယအဆင့် ဝိတ်ကစား သမား။ ကီလိုဂရမ် ရာချီလေးတဲ့ ဝိတ်တုံးကြီးတွေတောင် မ,နိုင်သေးတာ ဒီလို ရှတ္တာတံခါးလောက်လေးကတော့ ဘယ်လောက် အားစိုက်ရမှာမှတ်လို့။ သူတို့ ကူညီပေးတာကို မလိုဘူး။

ဖန့်ရုံ လက်နှစ်ဖက်ကို ဖီးဖပ် လုပ်ပြီး ပွတ်သပ်လိုက်ကာ ရှတ္တာကို လက်တစ်ဖက်တည်းဖြင့် မလိုက်၏။ ထို့နောက် သူ့အားအကုန်လုံး ဖျစ်ညစ်လိုက်တော့သည်။

သို့‌ပေမယ့် ရှတ္တာတံခါးမှာ နည်းနည်းလေးမျှ ရွေ့မလာ။

“ ဟင်…”

ဖန့်ရုံ ကြက်သေသေသွားခဲ့၏။ ဤသည်က သူမျှော်လင့်ထားသည်နှင့် တလွဲတချော် ဖြစ်နေလေသည်။

ဒီတိုင်း ရှတ္တာ တံခါးလေးကို သူ့ဗလကြီးနဲ့ဆို အသာအယာလေး ဖွင့်လို့ရသင့်တာ မဟုတ်ဘူးလား… အများကြီး ရုန်းကန် အားထုတ်နေစရာမလိုဘူးလေ…

နောက်ပြီး သူတို့မိသားစုကလည်း ကားရေဆေးဆီလိုက်လုပ်တော့ ယခုလို တံခါးများကို ဖွင့်လေ့ဖွင့်ထရှိသည်။ ၎င်းတို့ကိုလည်း သူ့လက်တစ်ဖက်တည်းဖြင့်သာ မ,ခဲ့လျက်ချည်းပင်။ ထိုသို့ ဆိုလျှင် ယခုတံခါးက အဘယ်ကြောင့် လှုပ်ရှားမှု မရှိရသနည်း။

ဖန့်ရုံ ဟန်ပြပြီးကာမှ ဤအတိုင်းတော့ အရှက်ကွဲမခံနိုင်။ သူ၏ ကိုယ်နေဟန်ထားကို ချိန်ညှိလိုက်၏။ ယခုလို ပုံစံက သူ့အားဖျစ်ညှစ်ရန်အတွက် ပိုပြီး လွယ်ကူစေသည်။

ထို့နောက် အားကုန်စိုက်ထုတ်၍ တံခါးကို မ,ပြီးဆွဲတင်လိုက်သည်။

သို့သော် ယခင်ကနည်းတူ မည်သည့် လှုပ်ရှားမှုကမျှ ပေါ်ပေါက်မလာချေ။

မြင်ကွင်းမှာ ပိုပြီး တိတ်ဆိတ်လာခဲ့၏။

ဖန့်ရုံ ဗျာများနေတော့သည်။

ဘာတုန်းဟာ… ဒီလိုလုပ်ရင် ပွင့်လာရမှာလေ…

“ အဟမ်း… ဒီခုဟာက….”

ဖန့်ရုံ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး အားတင်းပြုံး၍ “ အထဲက နည်းနည်းလေး သံချေးကိုက်နေလို့ ဖြစ်မယ်… အဲ့လိုဆို လက်တစ်ဖက်တည်းနဲ့ ဆွဲတင်လို့ နည်းနည်း ခက်တယ်လေ.. ငါ လက်နှစ်ဖက်နဲ့ ဆွဲမ,လိုက်မယ်… ပြဿနာ မရှိစေရဘူး…”

ဤတစ်ကြိမ်တွင်တော့ ဖန့်ရုံသည် လေးလေးနက်နက် ဖြစ်လာခဲ့သည်။ သူ အောက်ကိုယ်ထည်ကို လက်နှစ်ဖက်ဖြင့် မ,ထား၏။

အင့်…

တံခါးက အသံအနည်းငယ် မြည်သွားသော်လည်းပဲ ပွင့်မည့်ဟန်တော့ မပြသေးပေ။

“ အားးး…..”

ဖန့်ရုံ ဟိန်းဟောက်မြည်တမ်းလိုက်၏။ မျက်နှာတစ်ခုလုံးလည်း ရဲရဲနီနေပြီး အားကုန် ညစ်ထုတ်ထားမှန်း သိသာလှသည်။ သို့သော် ရှတ္တာတံခါးက လုံးလုံး ပွင့်မလာချေ။

သူ နောက်ထပ် သုံးလေးကြိမ်ခန့် ကြိုးစားကြည့်၏။ နောက်ဆုံးတွင် ဖန့်ရုံသည်သာ မောဟိုက်သွားခဲ့ပြီး တံခါးကို လုံးဝ မဖွင့်နိုင်ခဲ့ချေ။ သူ ကူကယ်ရာမဲ့စွာဖြင့် ယခုလို ပြောရုံသာ တတ်နိုင်တော့၏။

“ ငါ ထင်သလို မဟုတ်ဘူးထင်တယ်.. အထဲက သော့ခတ်ထားတယ်… အားသုံးပြီး အကြမ်းနည်းနဲ့ ဖွင့်လို့မရဘူး…”

“ ငါသိသားပဲ.. ဒီအထပ်မှာ သော့ရှိရမှာပါဆိုနေမှ…” တင်တင်ဝေ ပြောလိုက်၏။

“ သရဲအိမ်ဆိုတာ လူတွေ ဆော့ကစားဖို့ ဖွင့်ထားပေးတာလေ… ဒီလာပြီး စူးစမ်းလေ့လာမှာမှ မဟုတ်တာ… ဘာလို့ အဲ့လို စက်ယန္တရားတွေ တပ်ထားရမှာလဲ…”

ဖန့်ရုံ ကိုးရို့ကားယား ပြုံးလိုက်ရတော့သည်။

“ ဝေဝေ ပြောတာ မှန်တယ်… သဲလွန်စပဲ ဆက်ရှာကြစို့…”

ရှတ္တာ တံခါးက မပွင့်လာသဖြင့် လူတိုင်းလည်း လေးလွှာအတွက် သဲလွန်စများ ရှာဖွေရုံသာ တတ်နိုင်တော့သည်။

သို့သော် လင်းရီနှင့် လျန်ရူရွှယ်တို့ကတော့ ရွေ့လျားခြင်း မရှိကြပေ။ ဤသည်က ပြဿနာမဟုတ်ဟု သူတို့ နှစ်ယောက်လုံး ခံစားရနေသည်။ ယခင် အောက်သုံးလွှာထဲတွင် သူတို့ သဲလွန်စ တစ်ခုခုကို ချန်ထားရစ်ခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။ လေးလွှာအတွက် ဖြေရှင်းနည်းကို ရှာဖွေရန်က လွယ်ကူလိမ့်မည် မဟုတ်ချေ။

“ ခေါင်းမပါတဲ့ ကြက်လိုမျိုး ရှာဖွေနေတာကြီးက ဖြေရှင်းနည်း မဟုတ်သေးဘူး… အောက်ထပ်ကိုသွားပြီး တစ်ချက်ကြည့်ကြတာပေါ့.. ငါတို့လည်း ဒီမှာ ဘာလုပ်စရာ ရှိတာမှ မဟုတ်တာ…” လင်းရီ ပြောလိုက်သည်။

“ ငါ အောက်က အားလုံး ကြည့်ပြီးသွားပြီ.. သော့နဲ့တူတာ ဘာမှ မမြင်မိပါဘူး..”

လျန်ရူရွှယ် ပါးဖောင်းလျက် ပြောလိုက်၏။ သူမ၏ အမူအရာလေးသည် အနည်းငယ် ချစ်ဖို့ကောင်းနေလေသည်။

“ ဒါဆို ဘယ်လိုလုပ်ကြမှာ.. ဒီလိုပဲ အချိန်ဆက်ဖြုန်းနေတော့မှာလား.. ခဏလေးနဲ့တော့ သော့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးနော…”

“ နင် အဲ့တံခါးကို သွားဖွင့်ကြည့်ကြည့်.. သူများတွေ ဖွင့်လို့ မရဘူးဆိုပေမယ့် နင်လုပ်လို့ ရရင်လည်း ရနိုင်တာပဲလေ…”

“ မှန်းစမ်း… မင်း ဆက်မဆော့ချင်တော့လို့ ဖြတ်လမ်းနည်း သုံးချင်နေပြီ… ဟုတ်တယ်ဟုတ်…”

လျန်ရူရွှယ် ရွှင်မြူးစွာ ပြုံးလိုက်ရင်း “ ဒီတိုင်း နှမ်းကိတ်စားထားတာ ကြာပြီဆိုတော့ ဗိုက်ချောင်လာပြီလေ…”

“ ကောင်းပြီ… ငါ သွားစမ်းကြည့်မယ်…”

ပြောပြီးနောက် လင်းရီသည် ရှတ္တာ တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။ အောက်ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် မ,၍ အပေါ်သို့ ဆွဲတင်လိုက်၏။

ဝုန်း ၀ ရုန်း…

ရှတ္တာတံခါးမှာ ပွင့်ဟလာခဲ့ပြီး လင်းရီလည်း အဆုံးထိ ပင့်တင်လိုက်တော့၏။

အသံဗလံများကို ကြားတော့ သဲလွန်စ ရှာဖွေနေကြသည့် အခြားသူများလည်း ချက်ချင်း လက်ငင်း ရပ်တန့်သွားခဲ့ကာ လင်းရီကို ကြည့်လာကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင်တော့ မယုံကြည်နိုင်မှုတို့က အထင်းသားပင်။

“ အစ်ကိုလေး… နင် သော့ကို ဘယ်နားကနေ ရှာတွေ့ခဲ့တာလဲတဲ့….”

တင်တင်ဝေ သော့သော့လေး ပြေးလာပြီး မေး၏။

သူမ သိသလောက် ဆိုပါက ဤတံခါးကို သော့မပါဘဲ ဖွင့်လှစ်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဖန့်ရုံလည်း ကြိုးစားကြည့်ပြီးပြီး မဟုတ်ပါလား။

ကျန်သူများလည်း ထိုနည်းတူ တွေးတောနေကြ၏။ သို့သော် လင်းရီ ဘယ်နေရာကနေ သော့တွေ့လာခဲ့လဲဆိုတာကို စဉ်းစားရ ကြပ်နေလေသည်။

“ ငါ သော့နဲ့ ဖွင့်ခဲ့တာ မဟုတ်ဘူး… ဒီတိုင်း မ,ဖွင့်လိုက်တာ…”

“ ဟင်… မဖြစ်နိုင်တာ…” ဖန့်ရုံ ချက်ချင်းထပြီး ချေပတော့၏။

“ တကယ်လို့ တံခါးကသာ သော့မခတ်ထားဘူးဆိုရင် အနည်းဆုံး ပေါင် ၅၀၀ ရှိလို့ပဲ ဖြစ်ရမယ်.. ငါ့လိုမျိုး ဝိတ်ကစားသမားတောင် မ,မနိုင်တာ မင်းလိုလူက လက်တစ်ဖက်တည်းနဲ့ ဖွင့်လိုက်နိုင်တယ်ဆို ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“ လူတွေကြားထဲ ခြားနားမှု ဆိုတာ ရှိသေးတယ်လေ… မင်း အဲ့တာကို မမေ့လိုက်နဲ့…”

“ ငါနဲ့ ပေါက်တတ်ကရတွေ လာပြောမနေနဲ့…” ဖန့်ရုံ မယဉ်ကျေးစွာ ပြောလိုက်၏။

သူ လင်းရီနှင့် ကတောက်ကဆ ဖြစ်ထားခြင်း မရှိသော်လည်း တင်တင်ဝေကြောင့်သာ သူ့ကို သဘောမကျ ဖြစ်နေခြင်းပင်။

သို့သော် ယခု သူက လူရှေ့သူရှေ့တွင် တံခါးကို မ,ဖွင့်ပြသွားလေသည်။ ဤသည်က သူ့မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်သလိုပင်။ ဖန့်ရုံ သည်းခံနိုင်ရန် ခက်ခဲလှ၏။

“ ကွာဟချက် ရှိတယ်ဆိုရင်တောင် ငါ့ အဆင့်က မင်းထက် သာလို့ပဲ ဖြစ်မယ်… မင်း တံခါးဖွင့်ဖို့ သော့ တွေ့ကို တွေ့ခဲ့ရမယ်…”

“ အဟုတ်ပဲ…”

ကျောက်ကျန်း၏ အသံက ထွက်ပေါ်လာသည်။

“ ငါ့အစ်ကိုဖန့်က ပြည်တွင်း ဒုတိယအဆင့် ဝိတ်ကစားသမား တစ်ယောက်… ဆုတံဆိပ်တွေလည်း ရထားတဲ့သူ… သူက မင်းထက် အသာကြီးဆိုတာ ရှင်းတယ်…”

ဝုန်း…

လင်းရီ ရှတ္တာ တံခါးကို ပြန်လွှတ်ချလိုက်၏။

“ ဒါဆိုလည်း မင်းကိုယ်တိုင် လာဖွင့် လာ….”

“ ငါ မယုံဘူး….”

ဖန့်ရုံသည် အကြောက်အလန့် ကင်းနေသည်။ သူများကတောင် တစ်ခေါက်ဖွင့်သွားပြီးပြီကို သူက နောက်တစ်ခေါက် ဖွင့်ပြဖို့ ဘာကြောက်နေရမှာ….

“ နောက်ဆုတ်နေ…”

လင်းရီ နောက်သို့ ဆုတ်လိုက်၏။ ဖန့်ရုံသည် ရှတ္တာ တံခါးရှေ့တွင် ရပ်တန့်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ပိတ်ထားသည့် တံခါးကို လက်တစ်ဖက်ဖြင့် မ,ရန် ဟန်ပြင်လိုက်သည်။

သူ့လို လေတိုက်ရင် လွင့်မယ့် ဘော်ဒီနဲ့ ကောင်တောင် တစ်ဖက်တည်းရမှတော့ ငါဆိုရင် ပိုပြီးတော့တောင်မှ ရသင့်တယ် မဟုတ်ဘူးလား…

ထိုအချက်ကို နှလုံးမူလျက် ဖန့်ရုံသည် ယုံကြည်ချက်တို့ ပြည့်လျှံသွားခဲ့သည်။ ထို့နောက် အောက်ကိုယ်ထည်ကို လက်တစ်ဖက်ဖြင့် ကိုင်မ,လိုက်ပြီး သူ၏ ညာလက်အတွင်းသို့ အားအကုန် တွန်းပို့လိုက်သည်။

အသာအယာလေး မ,တင်ဖို့ကို သူစိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။

သို့သော်လည်းပဲ အမှန်တရားက ခါးသီးလွန်းလှသည်။

အားသွန်ခွန်စိုက်၍ သူ တံခါးကို ပင့်မသည်။

သို့သော်…

တံခါးက လုံးဝ ရွေ့လျားခြင်း မရှိခဲ့ပေ…..။

All Chapters