← Chapters

ဓားပြတိုက်ရန် စိတ်ကူး

Vol. 90 Ch. 1346

ဓားပြတိုက်ရန် စိတ်ကူး

Vol. 90 Ch. 1346

“ ကိုဖန့်.. ဘယ်လိုဖြစ်တာလဲ..” ကျောက်ကျန်း ရှေ့သို့ တက်လာပြီး မေးသည်။

“ အဆင်ပြေတယ်… အဲ့မှာပဲ ရပ်နေပြီး မလာခဲ့နဲ့…” ဖန့်ရုံ ပြောလိုက်ပြီး “ ဒီတိုင်း တံခါးလေးပါကွာ.. ငါ အေးဆေး ရပါတယ်…”

ဖန့်ရုံသည် အနည်းငယ် ကိုးရို့ကားယား ဖြစ်နေပြီး ချွေးအေးများလည်း နဖူးထက် စို့နေသည်။

သူ တိတ်တိတ်လေး နောက်တစ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်သော်လည်း မဖွင့်နိုင်ပဲ ရှိနေသေးကြောင်းကို သတိပြုမိလိုက်သည်။

စိတ်ထဲ တစ်ခုခုတော့ မှားယွင်းနေပြီဟု ခံစားနေရ၏။ ဖန့်ရုံလည်း ရွေးချယ်စရာ မရှိတော့ပေ။ အခြား လက်တစ်ဖက်ကိုပါ အဖော်ခေါ်ရတော့၏။

ယခုအချိန်တွင်တော့ သူ၏ မာနကိုလည်း ဂရုမစိုက်နိုင်တော့ချေ။ တံခါးပွင့်လာရေးသည်သာလျှင် သူ၏ နံပါတ်တစ် ဦးစားပေးဖြစ်၏။

မဟုတ်ပါက ယခုထက်ပိုပြီး မျက်နှာဆုံးရှုံးရပေမည်။

သို့သော် ဖန့်ရုံသည် နောက်တစ်ကြိမ် မှားယွင်းတွက်ချက် မိသွားခဲ့ပြန်သည်။ လက်နှစ်ဖက်လုံး အသုံးပြုသည့်တိုင် ရှတ္တာတံခါးသည် မလှုပ်မယှက်ဘဲ ရှိနေသေးဆဲပင်။

သူ လုံးဝ လုံးဝကို မယုံကြည်နိုင်ချေ။ ဤသည်က သူ့ယုံကြည်မှုကို အကြီးကြီး စော်ကားလိုက်ခြင်းဖြစ်၏။ ထို့နောက် ဟန်ပင် မဆောင်နိုင်တော့ပဲ ဒေါသတကြီးနှင့် တံခါးကို မရမက ဖွင့်သည်။ ကျောပိုးပြီးလည်း ဖွင့်သည်။ နောက်ဆုံးတွင်တော့ သူ့ဘက်က မောဟိုက်သွားသည်သာ အဖတ်တင်လေသည်။

“ ဒါ… ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“ လူတိုင်းပဲ… ရပ်ကြည့်မနေကြနဲ့… ကိုဖန့်ကို မြန်မြန် ကူညီပေးလိုက်ကြ….”

ကျောက်ကျန်း ရှေ့သို့ တက်လာပြီး ကျန်သည့် ယောက်ျားလေးများထံ အကူအညီ လှမ်းတောင်းသည်။

အားလုံးလည်း ထွက်လာပြီး ပြိုင်တူ ပင့်မ,ကြ၏။ သို့ဖြစ်သည့်တိုင် တံခါးမှာ မပွင့်ဘဲ ရှိနေသည်။

“ မင်း သော့ပြန်ဖြုတ်သွားခဲ့တာလား…”

ဖန့်ရုံ လက်လွှတ်လိုက်ပြီး လင်းရီကို မေးခွန်းထုတ်လိုက်၏။

“ မင်း ရူးနေတာလား… ငါ ဘာမှမလုပ်တာ ဘယ်နားက သော့ထွက်လာမှာ…”

“ ဒါဆိုလည်း မင်း ဒီတံခါး ဘယ်လိုဖွင့်မလဲ ပြောကြည့်…”

“ မင်း ကန်းနေတာလား… တံခါးကို ငါ့လက်နဲ့ ဆွဲတင်လိုက်တာ မင်းမမြင်ဘူးလား…”

“ မင်း အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာပဲ… ငါတောင် မရတာကို မင်းက ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ…”

လင်းရီ တစ်စုံတစ်ရာကို ဆက်ပြောချင်ပါသော်လည်း ထိုအချိန်၌ လျန်ရူရွှယ်သည် သူ့လက်မောင်းကို လာတွဲသည်။ ယခုလို ကိစ္စအပေါ် ငြင်းခုံ မနေသင့်ဟု အချက်ပြနေခြင်းပင်။

“ မင်းတို့ ငကြောင်တွေကိုတော့ ငါတကယ် လေးစားသွားပြီ သိလား..”

လင်းရီ တံခါးအနားသို့ လျှောက်လှမ်းလာပြီး ရှတ္တာကို လက်တစ်ဖက်ဖြင့် ပင့်မ,လိုက်ပြီး အပေါ်ဆုံးသို့ ဆွဲတင်လိုက်လေသည်။

ဖန့်ရုံ၊ ကျောက်ကျန်းနှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

ဟင်… ဒီတိုင်းလေး မ,ဖွင့်လိုက်တာနဲ့ သောက်တံခါးကလည်း ပွင့်လာရောတဲ့လားဟ….

သူက အဲ့လောက်တောင် သန်မာနေတာလားဟ… ၊ မဖြစ်နိုင်လိုက်တာ…

ရှတ္တာ တံခါး ပွင့်လာခဲ့ပြီး လင်းရီနှင့် လျန်ရူရွှယ်တို့ လှေကားထစ်မှတစ်ဆင့် လေးလွှာသို့ တက်လာခဲ့ကြသည်။ လွယ်လွယ်ကူကူနှင့်ပဲ ထွက်ပေါက်ကို ရှာတွေ့သွားခဲ့ကြလေသည်။

လက်ရှိ အခြေအနေက ဖန့်ရုံနှင့် ကျန်သူများကို အငြင်းအခုန် ပြုရန်အလို့ငှာ အခွင့်အရေး မပေးချေ။ သူတို့ အသာတကြည်နှင့် လမ်းအတိုင်း လိုက်ပါလာခဲ့ရန်သာ တတ်နိုင်လေသည်။

ထိုအချိန်၌ အပြင်ဘက်တွင် မှောင်ရီပျိုးနေပြီး ဖြစ်၏။

လမ်းဘေးမီးတိုင်များလည်း ထွန်းလင်းနေပြီး အပြင်ဘက်တစ်ခုလုံး လင်းထိန်နေသည်။

ကောင်းကင်ရှိ နေဝင်ဆည်းဆာက ဝူထာရေကန်၏ အလှကို တစ်မျိုးတစ်ဖုံ တိုးသွားစေပြီး ကမ္ဘာမြေကို ဖြည်းညှင်းစွာဖြင့် နှုတ်ဆက်ထွက်ခွာသွားခဲ့၏။

လူတိုင်း ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းကြည့်လိုက်ရာ ခေါင်မိုး၏ ညာဘက်တွင် လှေကားတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ လူတိုင်း ထိုနေရာမှတဆင့် အောက်သို့ ဆင်း၍ရလေသည်။

“ ရေး... နောက်ဆုံးတော့ အပြင်ထွက်လာနိုင်ပြီကွ….”

အပြင်ဘက်ရှိ အေးမြလတ်ဆတ်သည့်လေကို အားပါးတရ ရှူရှိုက်ရင်း တင်တင်ဝေသည် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေတော့၏။

“ အဲ့ဒီ အစ်ကိုလေးကို ကျေးဇူးတင်ရမှာပဲ… မဟုတ်ရင် ငါတို့တော့ ဘယ်လိုထွက်လာရမှန်းတောင် သိမှာမဟုတ်ဘူး….” ဆံပင်အတိုနှင့် ကောင်မလေးက ပြောသည်။

“ အဟုတ်ပဲ… သူ့ဘေးက မိန်းကလေးကြောင့်သာ မဟုတ်ရင် ငါသွားပြီး ကျေးဇူးတင်တယ်သိလား…”

“ ခုတော့ ရင်ထဲမှာပဲ သိမ်းဆည်းထားဖို့ တတ်နိုင်ပါတယ်လေ… သူ့ကောင်မလေးကို သွားဆွမိရင် ချောင်မှာ မဟုတ်ဘူး…”

“ နင်မှန်တယ်… ခု သွားစို့ဟာ.. ဗိုက်လည်းဆာလှပြီ.. အတူသွားစားကြစို့…”

“ အွန်း…”

သရဲအိမ်ထဲမှ ထွက်ခွာလာပြီးနောက် အုပ်စုငယ်လေးများသည် တစ်စုပြီးတစ်စု ဦးတည်ချက် ကိုယ်စီသို့ ခွဲခွာသွားဖို့ရန် ဟန်ပြင်သည်။

တွေ့ဆုံဖြစ်တိုင်း တစ်ချိန် ခွဲခွာရမည်မှာ လောကဓမ္မတာပင် ဖြစ်သည်။

တစ်ချိန်တည်းတွင် သရဲအိမ်အပြင်ဘက်၌ တိုရိုတာ တစ်စင်း ထိုးရပ်ထား၏။ ဒရိုင်ဘာ အပြင် ခရီးသည်ထိုင်ခုံ၌ အခြားလူတစ်ယောက်လည်း ရှိနေသည်။ သို့သော် သူ့မျက်နှာတစ်ခုလုံးက ဖူးယောင်ကိုင်းနေပြီး လူရုပ်ပင် မပေါက်တော့ချေ။

ဤလူပုဂ္ဂိုလ်ကတော့ စောနကတင် ဖန့်ရုံနှင့် ကျန်သူများ၏ ဆွမ်းကြီးဝိုင်းလောင်းခံထားရသည့် မာချန်းပင် ဖြစ်လေသည်။

မာချန်း၏ ခိုးယူမှုက လက်ပူးလက်ကြပ် မိသွားခဲ့သော်လည်း ရဲစခန်းသို့ အပို့မခံလိုက်ရချေ။ အဘယ်ကြောင့်ဆိုသော် သရဲအိမ်၏ သူဌေး၊ ကျိန်းရှင်းဂန်းသည် သူတို့ တောင်ကိုးလုံး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ထားပြီး မာချန်း ဒုက္ခရောက်နေသည်ဟု အသံကြားတော့ ရောက်လာ ကူညီပေးသွားခဲ့ခြင်းပင်။

“ အဆင်ပြေလား…. မင်းမျက်နှာကြည့်ပြီး ငါ ဝက်သားတောင် မစားချင်တော့ဘူး..” ကျိန်းရှင်း စီးကရက် တစ်လိပ် လှမ်းပေးရင်း ရယ်ကျဲကျဲ ပြောလိုက်သည်။

“ ဒီ အသေးမွှား ဒဏ်ရာလောက်လေးက ငါ့အတွက် အေးဆေး… မင်း ပူမနေနဲ့…” မာချန်း ပါးစပ်ထဲတွင် စီးကရက် ကိုက်ပြီး ပြောလိုက်သည်။

ကျန်းရှင်းဂန်းသည် တစ်ဖက်သို့ လှည့်သွားပြီး အနည်းငယ် စိတ်ပျက်နေသည့် လေသံဖြင့် “ သူငယ်ချင်း … မင်းနဲ့ ငါနဲ့ အပြင်လောကကို အတူထွက်ပြီး လမ်းကြောင်းကိုယ်စီ လျှောက်ခဲ့ကြတယ်.. မင်းရဲ့ အတွေ့အကြုံတွေ ၊ စကေးတွေနဲ့ဆိုရင် မင်းရှေ့ဆက်တိုးချင်ရင် ရပါသေးတယ်.. ဘာလို့ ဒီလိုနေရာမျိုးမှာပဲ ကျေနပ်နေရတာ…”

“ လူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလေ… မင်းက ငါ့ထက် ဉာဏ်ပိုကောင်းပြီး ငါ့ထက်လည်း တော်တယ်.. ဒီလိုနေရာမျိုးက မင်းနဲ့ပဲ သင့်တော်တယ်…” မာချန်း စီးကရက်ကိုပြင်းပြင်း ရှိုက်ပြီး ပြောသည်။

“ ဒါပေမယ့် ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို ငါ နေသားကျနေပြီ… အဲ့ဒီ ပုတ်ပွနေတဲ့ အရာတွေကို အရေးမစိုက်တော့ဘူး… ပြီးတော့ ဒီလောက်နှစ်တွေကြာလာတော့ အကျင့်တစ်ခုလိုကို ဖြစ်လာပြီ… ဆေးလိပ်သောက်သလိုမျိုးပဲပေါ့.. အချိန်တိုင်း တစ်လိပ် မဟုတ်ရင် နှစ်လိပ်လောက်တော့ ကိုက်လိုက်ရမှ… မဟုတ်ရင် လက်တွေ တုန်ယင်လာပြီး ထိန်းချုပ်လို့ မရတော့ဘူး…”

“ ငါ မင်းကို အရင်ကလည်း သတိပေးခဲ့တယ်… ဖိနပ်မစိုပဲ ရေချောင်း ကူးမရပါဘူးလို့… ခုတော့ ကြည့်… မင်း ဒီနေ့ အဖမ်းခံရလု နီးနီးပဲမလား…” ကျိန်းရှင်းဂန်း ပြောလိုက်သည်။

“ သတိပေးခဲ့ရဲ့သားနဲ့ နားမှမထောင်ချင်တာ….”

“ ပြောမနေစမ်းနဲ့… ချီးတဲ့မှ…” မာချန်း ကျိန်ဆဲ လိုက်ပြီး “ ဘယ်သူကရော အဲ့မိန်းကလေးက လေ့ကျင့်ထားမယ်လို့ ထင်ထားမှာလဲ.. ငါ အောင်မြင်တော့မလို့ လက်တစ်ကမ်းလောက် လိုတော့တာကို တန်းပြီး ကိုင်ပေါက်ပစ်တယ်…”

“ ဒါကြောင့်မို့ ငါမင်းကို ဒီလိုမျိုး ဖြစ်လက်စနဲ့ ရပ်လိုက်တော့လို့ ပြောတာပေါ့… ဒီလိုအရာမျိုးတွေကို မင်း အောက်လက်ငယ်သားတွေလက်ထဲ ထည့်ပေးထားလိုက်… ငါ ခုတလော အစ်ကိုကျွင်းနဲ့ သုံးလေးကြိမ်လောက် ထမင်းအတူစားဖြစ်တယ်.. ငါတို့ရဲ့ ဆက်ဆံရေးက မဆိုးဘူး.. ငါသူ့ကို ပြောပြီး အစ်ကိုဝက်ဝံရှေ့မှာ မင်းဖို့ စကားကောင်း ပြောပေးဖို့ ပြောလိုက်မယ်… မင်းရဲ့ အရည်အချင်းတွေနဲ့ဆို ပြဿနာ ရှိမှာ မဟုတ်ဘူး…”

“ မေ့ထားလိုက်… မင်း အခုလို စိတ်ရှိတာကိုတော့ ကျေးဇူးတင်တယ်… ငါ အဲ့လို အရာမျိုးတွေ လုပ်ဖို့ စိတ်ကူးမရှိသေးဘူး…”

“ မင်းက မလုပ်ချင်ဘူးဆိုမှတော့ ငါမင်းကို မတိုက်တွန်းတော့ဘူး…” ကျိန်းရှင်းဂန်း ကားစက်နှိုးလိုက်ပြီးနောက် “ ကံဆိုးမှုတွေ ဖြေလျော့ရအောင် မင်းကို ထမင်းကောင်းကောင်း လိုက်ကျွေးပေးမယ်…”

“ မလိုဘူး…” မာချန်း ပြောလိုက်ပြီး “ ဒီကို လူနည်းနည်း ထပ်ခေါ်လိုက်… ဒီနေ့ ငါးအကြီးကြီး ရှိတယ်.. လွတ်သွားလို့ မရဘူး..”

“ ဟင်.. ဘယ်လောက်ကြီးတာမို့လို့…”

“ ငါ သရဲအိမ်ထဲ ရောက်တုန်းက အနီးကပ် တစ်ချက် ကြည့်လိုက်တာ အဲ့လူ ဝတ်ထားတဲ့ နာရီက ရစ်ချက်မီလီ… ငါ့ တွေ့ဖူးတဲ့ နာရီတွေနဲ့ ဆင်တူတဲ့ အလုံးတွေ ဦးနှောက်ထဲ ပြန်ရှာကြည့်တော့ တစ်လုံးက ယွမ် ၁၃ သန်း ၊ နောက်တစ်လုံးက ယွမ် ၈ သန်း၊ ပြီးတော့ သူ့ကောင်မလေး ဝတ်ထားတဲ့ အပြာရောင် နားတောင်းကလည်း ယွမ် တစ်သန်း အနည်းဆုံးပဲ… ဒီ နှစ်ခုသာ ရလိုက်လို့ကတော့ မင်းရဲ့ နှစ်ဝက်စာ ဝင်ငွေနဲ့ အတူတူလောက် ရှိတယ်…”

ထိုစကားများ ကြားပြီးသည့်နောက် ကျိန်းရှင်းဂန်း၏ မျက်လုံးတို့ အရောင်တောက်ပလာသည်။

“ မင်း အကြည့်မမှားဘူးဆိုတာတော့ သေချာတယ်မလား… အစစ်ဆိုတာရော သေချာပါတယ်နော်…”

“ မင်း ငါ့အရည်အချင်းကို မယုံဘူးလား…”

ကျိန်းရှင်းဂန်း ခေါင်းညိမ့်လိုက်သည်။ “ဒါပေမယ့် အဲ့လို အသုံးအဆောင်တွေ ဝတ်နိုင်တဲ့လူဆိုတာ ပုံမှန်ဆို ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပဲနော်… သူတို့က သွားရှုပ်လို့ ကောင်းတဲ့ လူစားမျိုးတွေ မဟုတ်ဘူးကွ… ဖြစ်ပါ့မလား…”

“ ဒါကြောင့်မို့ ဒီအတွက် စီစဉ်မှုတွေ ပြုဖို့ လိုတာပေါ့… မျက်နှာသစ်တစ်ချို့ ရှာပြီး ပစ္စည်းလုယက်ခိုင်းလိုက်… ပြီးရင် ထွက်ပြေးလာခဲ့ခိုင်းလိုက်… ဒါပြီးရင် မင်း တစ်နှစ်လောက်ကတော့ အေးဆေး အငြိမ်း ဖြစ်ပြီ…”

“ သူတို့ ဘယ်ကလဲရော မင်းသိလား…”

မာချန်း ခေတ္တမျှ အတွေးနက်နေပြီးနောက် “ သူ့ကြည့်ရတာတော့ ကမ်းရိုးတန်းဘက်ခြမ်းကပဲကွ… ကျိုးဟိုင် လေသံတောင် ရှိသေး… ငါတို့ ပိုင်နက်အတွင်းကတော့ မဟုတ်လောက်ဘူး..”

“ အဲ့လိုဆို စိတ်ချရပြီ…” ကျိန်းရှင်းဂန်း ပြောလိုက်ပြီး “ သူတို့နောက်ကနေ တိတ်တိတ်လေး လိုက်ပြီး ပစ္စည်းလုဖို့ လူစီစဉ်လိုက်မယ်.. “

“ သူတို့ အုပ်စုထဲက တခြားကောင်တွေကိုရော မမေ့နေနဲ့.. ငါ့ကို ရိုက်ပုတ်သွားတဲ့ကောင်တွေရောပဲ.. ဒီကောင်တွေနဲ့ စာရင်းတန်းရှင်းရမယ်…”

ကျိန်းရှင်းဂန်း မာချန်း၏ ပခုံးကို လေးလေးနက်နက် တစ်ချက်ပုတ်လိုက်၏။

“ မပူနဲ့.. ငါတို့ချင်း သိလာတာ ဘယ်နှမိုး ရှိနေပြီမို့လို့… မင်းကိုယ်စားဂရုစိုက်ပေးမယ်လို့ ငါကတိပေးတယ်…”

All Chapters