← Chapters

ယွီဟန်သူတွေထက် ပိုလှတယ်

Vol. 90 Ch. 1348

ယွီဟန်သူတွေထက် ပိုလှတယ်

Vol. 90 Ch. 1348

“ Lexus ကားတစ်စင်းရောလား…”

ထိုစကားကြားတော့ ဟူဒီနှင့် အမျိုးသားမှ မျက်လုံးအရောင် လက်သွားခဲ့သည်။

ကားရဲ့ မူလ တန်ဖိုးကတောင် ယွမ်တစ်သန်း အနည်းဆုံးဆိုတော့ ပြန်ရောင်းရင် ယွမ် သိန်းဂဏန်းလောက်တော့ အသာလေးပဲ.. ကိုက်တယ်…

ဖန့်ရုံနှင့် ကျန်သူများလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ ဤ စုံတွဲနှစ်ယောက်က ထိုမျှ ကားအကောင်းစားကြီး မောင်းကြလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

“ မင်း ပြောစရာ မလိုဘူး… အကုန် ရှေ့ထုတ်လာခဲ့…”

ဟူဒီနှင့် အမျိုးသားမှ လင်းရီထံ ဓားရွယ်ရင်း တောင်းလိုက်သည်။

“ မင်းလိုချင်တာ သေချာလား…”

“ မလိုချင်ရင် တောင်းပါ့မလားကွ…” ဟူဒီနှင့် အမျိုးသားမှ ဖန်ရုံနှင့် ကျန်သူများဘက်သို့ ညွှန်ပြကာ “ အသာတကြည် မပေးရင် သူတို့လို ဖြစ်သွားမယ်မှတ်… ငါ မလုပ်ရဲတာ ဘာမှ မရှိဘူး…”

လင်းရီ လျန်ရူရွှယ်ကို ဘေးသို့ အသာအယာ တွန်းပို့လိုက်၏။ ထို့နောက် နာရီကို ချွတ်၍ ဟူဒီနှင့် အမျိုးသား ရှေ့ ချထားပေးလိုက်သည်။

“ ရော့… ဒါ မင်းဟာပဲ…”

ဟူဒီနှင့် အမျိုးသားလည်း ရင်တဒိန်းဒိန်းခုန်နေသည်။ နာရီက လုံးဝ ဈေးမပေါကြောင်းကို သူမြင်သည်နှင့် တန်းသိလိုက်သည်။

ဤအလုပ်ပြီးသည်နှင့် သူလည်း အကျိုးအမြတ် အများကြီး ရရှိမှာ မလွဲဧကန်ပင်။

“ အနည်းဆုံး မင်းကတောင် ကိုယ့်အတွက် ဘာကောင်းလဲ သိသေးတယ်… မဟုတ်ရင် နေရာမှာတင် ဒီတုတ်နဲ့ အမှောက်ရိုက်တော့မလို့ပဲ…”

ဟူဒီနှင့် အမျိုးသားမှာ ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ နာရီကို သူကိုယ်တိုင် ကုန်းကောက်ရန် ဟန်ပြင်သည်။

ထိုအချိန်တွင်ပဲ သူ့လက်ကောက်ဝတ်ထံမှ တင်းကြပ်မှုကို ခံစားလိုက်ရပြီး တုံ့ပြန်နိုင်ချိန် မရသေးခင်မှာပဲ လင်းရီသည် ဟူဒီနှင့် အမျိုးသား၏ လက်ကို ၉၀ ဒီဂရီ အဖြောင့်ချိုးပေးလိုက်၏။

ဘေးမှ နားထောင်ကြည့်မည် ဆိုပါက အရိုးအက်ကွဲသံများကိုပင် ရှင်းရှင်းကြားနေရသည်။

နာကျင်မှုနှင့် လင်းရီ၏ ဆုပ်ကိုင်ထားမှုကြောင့် ဟူဒီနှင့် အမျိုးသားသည် ချက်ချင်းဆိုသလို မြေပြင်တွင် ဒူးထောက်လျက်သားဖြစ်သွားခဲ့သည်။

ဘန်း…

လင်းရီ ကြင်နာမနေဘဲ သူ့မျက်နှာတည့်တည့် ကန်ကျောက်လိုက်၏။

“ အား….”

အခြားသော အော်မြည်သံနှင့်အတူ ဟူဒီနှင့် အမျိုးသားသည် နောက်သို့ ချက်ချင်း လွင့်ထွက်သွားလေသည်။ သူ့မျက်နှာထက်တွင် ဖိနပ်ရာကြီး ထင်းနေပြီး နှာခေါင်းလည်း ပုံစံပျက်သွားခဲ့၏။

“ အစ်ကိုလေ့…”

ဟူဒီနှင့် အမျိုးသားမှ လွင့်ထွက်သွားသည်ကို မြင်တော့ ကျန်သူများ ပြေးထွက်လာခဲ့ကြသည်။

ဖန့်ရုံ၊ ကျောက်ကျန်းနှင့် ကျန်ကောင်လေးတို့သည် လင်းရီအား မယုံကြည်နိုင်သည့် မျက်ဝန်းတို့ဖြင့် ငေးကြောင်နေမိကြ၏။

ဤလူက လူမိုက်များအား ရိုက်နှက်ဝံ့လိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ဒီလူက သေတဲ့ထိ ရိုက်ခံရမှာကို မကြောက်ဘူးလားဟ…..

“ ငါ အဆင်ပြေတယ်..” ဟူဒီနှင့် အမျိုးသားမှ နာကျင်စွာ အော်ပြောရင်း “ မြန်မြန် အဲ့ကောင်ကို ရိုက်ကြ… ငါတို့ ဒီနေ့ အဲ့ကောင် ခြေထောက်တစ်ချောင်းကို ချိုးပစ်ရမယ်…”

အမိန့်လက်ခံရရှိသည်နှင့် ကျန်သူများအားလုံး သူတို့လက်ထဲတွင် လက်နက်ကိုယ်စီနှင့် ပြေးဝင်လာကြ၏။

လျန်ရူရွှယ်ကတော့ ဘေးတွင် အေးဆေးရပ်နေရင်း ပြပွဲကောင်း တစ်ခုကို ကြည့်ရှုနေသည်။ သူမ လင်းရီအပေါ် ယုံကြည်ချက် အပြည့်အဝထားရှိသည်။

ဘန်း….

ခပ်အုပ်အုပ် အသံတစ်ချက်နှင့်အတူ ရှေ့ဆုံးရှိလူသည် သူ့လက်ထဲရှိ သံတုတ်နှင့် လင်းရီကို အားအကုန် ရိုက်ချလိုက်သည်။

သို့သော် လင်းရီသည် တိမ်းရှောင်ခြင်း မပြုပါပဲ ထိုအစား သံတုတ်ကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ဖမ်းထားလိုက်၏။

“ ဟင်…”

လူတိုင်း တစ်ဖန် ကြက်သေသေသွားကြသည်။ သူ တကယ်ကြီး သံတုတ်ကို လက်နဲ့ ဆုပ်ဖမ်းလိုက်တယ်….

လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သံတုတ်ဖြင့် အခြားသူ၏ ဦးခေါင်းကို ရိုက်နှက်လိုက်၏။ တစ်ဖက်သူလည်း သူ့ခေါင်းကို လက်ဖြင့်အုပ်ကာ မြေပြင်သို့ လဲကျသွားခဲ့လေသည်။

“ သေစမ်း… အတူတူ တိုက်ကြ…”

ကျန်သူများအားလုံး လင်းရီကို ဝိုင်းရံထားကြပြီး သူတို့လက်ထဲရှိ ဓားမြောင်များအား ဝှေ့ရမ်းရင်း လင်းရီကို စက်ဝိုင်း သဏ္ဌာန် လည်ပတ်နေကြသည်။

လင်းရီ ပြုံးလျက် ရှေ့သို့ ပြေးဝင်လာသည်။

လျန်ရူရွှယ်ကတော့ သွေးများ စွန်းထင်းလာမည်ကို ကြောက်ရွံ့သည့်နှယ် ခပ်ဝေးဝေးသို့ ထပ်သွားလိုက်သည်။

လင်းရီ လက်ထဲတွင် လက်နက်တစ်ခု ရှိနေသည်ကို မဆိုထားနှင့်။ လက်ဗလာဖြင့် ဆိုလျှင်ပင် ဤလူများအားလုံးကို စိုးရိမ်ပူပန်စရာ မလိုဘဲ အနိုင်ယူနိုင်လေသည်။

လျန်ရူရွှယ် ထင်ထားသည့်အတိုင်း သုံးမိနစ်အတွင်းမှာပဲ ဒါဇင်ကျော်သော လူများအားလုံး အမှောက်သိပ်ခံလိုက်ရသည်။ တစ်ဖက်ရှိ ဟူဒီနှင့် လူကတော့ အရင်ဦးဆုံး အမှောက်သိပ်ခံလိုက်ရသည့် လူဖြစ်ကာ ထိခိုက်ဒဏ်ရာ အနည်းဆုံးဆိုလည်း မမှားပေ။

“သူ တကယ်ကြီး…..”

ဖန့်ရုံနှင့် ကျန်သူများ၏ မျက်လုံးသူငယ်အိမ်မှာ ပြုတ်ထွက်လုနီးပါးပင်။ လင်းရီသည် ဤမျှ သောက်ကြမ်းကြီး ဖြစ်လိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။

“ နင့် မြင်လား… နင်ပြောတာ နင် သူတို့ကို မကူညီဘူးလို့ ပြောတယ်နော်… သူက နင့်ရဲ့ အကူအညီကိုလည်း လိုအပ်မနေဘူး…” တင်တင်ဝေ ဒေါမာန်တကြီးဖြင့် ပြောဆိုလိုက်သည်။

ဖန့်ရုံနှင့် ကျန်ယောက်ျားလေးများမှာ မျက်နှာ ပူစပ်ပူလောင် ဖြစ်သွားခဲ့ကြ၏။

ဒီရိုက်ချက်ကြီးက ပြင်းလွန်းပါတယ်…

“ ငါ ပြောတာ မမှားဘူးဆိုရင် မင်းတို့ကို လွှတ်လိုက်တဲ့လူက နေ့ခင်းက သူခိုးပဲ ဖြစ်ရမယ် ဟုတ်လား…” လင်းရီ ဟူဒီနှင့် အမျိုးသားအား ကြည့်၍ ပြောလိုက်သည်။

“ ဒါ … ဒါက သူနဲ့ ဘာမှမဆိုင်ဘူး…”

ဟူဒီနှင့် အမျိုးသားသည် တုန်လှုပ်လေသံစွက်၍ ပြန်ပြောလိုက်၏။

ဂိုဏ်းစည်းမျဉ်းများအရ အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်လာပြီဆိုလျှင် ကိုယ့်ဘာကိုယ် ခေါင်းခံရသည်။ မဟုတ်ပါက ရလဒ်မှာ ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

ယခုတော့ သူ့ရှေ့ရှိလူသည် သူ့ကို ထောင်ထဲ မြန်မြန်ပို့ရန်သာ ဆုတောင်းနေမိတော့၏။

သို့မှသာ တောင်ကိုးလုံး အဖွဲ့အစည်းကြီး၏ အင်အားဖြင့် သူ့အား ထောင်ထဲမှ ပြန်ထုတ်ပေးနိုင်ပေမည်။

“ ဒီခုက သစ္စာ ရှိနေရမယ့် အချိန်မဟုတ်ဘူးနော်… မင်း ကိုယ့်အသက်ကိုယ် ထည့်မစဉ်းစားတော့ဘူးလား…” လင်းရီ သူ အမြဲဆောင်ထားသည့် စကေဘာကို ထုတ်၍ ပြောုလိကသ်ည်။ “ ငါက ခွဲစိတ်ဆရာဝန်… မင်းကိုယ်မင်း မြန်မြန်သေချင်စိတ် ပေါက်တဲ့အထိ လုပ်နိုင်တယ်ဆိုတာ ယုံလား…”

ငွေရောင် တောက်ပနေသည့် စကေဘာကိုမြင်တော့ ဟူဒီနှင့် အမျိုးသားသည် ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်သွားခဲ့တော့သည်။

သူ့လက်နှစ်ဖက်ထောက်၍ တရစပ် နောက်ဆုတ်သွားကာ လင်းရီနှင့် ခပ်ဝေးဝေးသို့ သွားလိုက်သည်။ သူ့ စိတ်တစ်ခုလုံးလည်း ကြောက်ရွံ့မှုတို့ဖြင့်သာ ပြည့်နှက်နေသည်။

“ ပြီးတော့ ငါ ရဲခေါ်လိမ့်မယ်လို့လည်း စိတ်ကူးယဉ်မနေနဲ့…” လင်းရီ ပြောလိုက်ပြီး “ ပတ်ဝန်းကျင်က ကန့်သတ်ပြီးသားဆိုတော့ စပြီး ခွဲစိတ်လို့ နေရာကောင်းပဲ.. မင်းတို့တစ်ယောက်မှ မလွတ်စေရဘူး…”

“ မင်း…. မင်း လုပ်နေတာတွေက ဥပဒေနဲ့ မညီဘူး…”

ဝှစ်…

လင်းရီ ခြေထောက်မြောက်၍ ထိုငနဲ၏ ခေါင်းကို ဖြတ်ကန်လေသည်။

“ မင်းတို့ကောင်တွေက ငါ့ဆီ ဓားပြလာတိုက်တယ်.. ခုကျ ငါလုပ်နေတာက ဥပဒေနဲ့ မညီညွှတ်ဘူးတွေ လာပြောနေတယ်.. မင်းကိုယ်မင်း အရမ်း ရယ်ရတယ် မထင်ဘူးလား…”

အကန်ခံလိုက်ရပြီးနောက် ဟူဒီနှင့်လူသည် အနောက်သို့ သုံးလေးမီတာခန့် လွင့်ထွက်သွားခဲ့သည်။ ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ပြီး ကြယ်တွေ လတွေ မြင်နေရလေသည်။ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

ကျန်သည့် သူ့အပေါင်းအသင်းများလည်း ကြောက်ရွံ့မှုဖြင့် တုန်ခါသွားခဲ့ကြ၏။

မာမီရေ… ဒီလူကြီးက ဘယ်သူကြီးလဲ….

သူက အရမ်း မဆင်မခြင် နိုင်လွန်းတယ်…

သူတို့ကို လူလို့တောင် မဆက်ဆံဘူး..

တစ်လှမ်းချင်း တစ်လှမ်းဖြင့် လင်းရီသည် ဟူဒီနှင့် အမျိုးသားထံ ရောက်ရှိလာခဲ့သည်။

သူ အောက်သို့ ငုံကြည့်၍ “ ငါ့အချိန်က အကန့်အသတ်နဲ့… မနာချင်ဘူးဆို မြန်မြန်ပြော…”

“ ဟုတ်.. ဟုတ်ပါတယ်ဗျာ.. အစ်ကိုချန်းက ခိုင်းလို့ပါ…”

“ သူခိုးလား….”

“ ဟုတ်တယ် … သူ သူ… ခါးပိုက်နှိုက်…”

“ သူ ဘယ်မှာလဲ…”

“ အပြင်မှာ စောင့်နေတယ်…”

“ ငါ့ကို အဲ့နေရာ ခေါ်သွားပေး…”

“ မ….”

“ မင်း မပြောခင် စဉ်းစားနော်…”

“ ဟုတ်ကဲ့ ဟုတ်ကဲ့.. အခု ခေါ်သွားပေးပါ့မယ်ဗျာ….”

ဟူဒီနှင့် လူသည် လက်နှစ်ဖက်ဖြင့် ကုန်းရုန်းထလိုက်၏။

လင်းရီ လျန်ရူရွှယ်ထံ အကြည့်တစ်ချက်ပေးကာ သုံးယောက်အတူ အပြင်သို့ ထွက်လာသည်။

ကားထဲတွင်တော့ ကျိန်းရှင်းဂန်းနှင့် မာချန်းတို့သည် ဆေးလိပ်သောက်လိုက် တဟားဟား ရယ်လိုက်နှင့် သာယာစိုပြေနေကြ၏။

“ ဒီ အလုပ်ပြီးရင် အပိုနည်းနည်း ယူပြီး မင်းရဲ့ အိမ်နဲ့ ကားကို ပြင်လိုက်…”

“ ငါ ဒါတွေ ဂရုမစိုက်ပါဘူးကွာ.. ငါ့ရဲ့ ဗော့ဒ်ဆွာဂန်လေးလည်း မောင်းရတာ သက်တောင့်သက်သာ ရှိပါတယ်.. “ မာချန်း ပြာများကို တောက်ချလျက် ပြောလိုက်ပြီး “ အဲ့ဒီအစား ငါ လောင်းကစား နည်းနည်းလုပ်မယ်… ပွားမယ်… စော်အလန်းလေးတွေနဲ့ အချိန်ဖြုန်းမယ်… အကုန်လုပ်ပစ်မယ်ကွာ…”

“ မင်းကတော့ တကယ့်စရိုက်ပဲ… မင်းကိုတော့ ထိန်းလို့ မနိုင်ဘူး… မင်းပျော်တာသာ လုပ်တော့….”

မာချန်း ပြုံးလိုက်ပြီး ခွန်းတုံ့ ပြန်မနေချေ။ ထိုအစား အပြင်သို့ လှမ်းကြည့်လိုက်၏။

“ ဒီကောင်တွေ ဘာတွေများ လုပ်နေကြတာပါလိမ့်… လူဒီလောက် အများကြီး ခေါ်သွားတာတောင် ဒီလောက် ကြာနေပြီ ပြန်မလာကြသေးဘူး…”

“ သာမန်ပါပဲ… တစ်ဖက်လူကလည်း အသာတကြည် ပေးပါ့မလားဟ… အဲ့လောက် တန်ဖိုးကြီးတာတွေကို…..”

ကျိန်းရှင်းဂန်း ပြောလိုက်ပြီး “ ပြီးတော့ အဲ့ အမျိုးသမီးကလည်း လေ့ကျင့်ထားတယ်ဆို… နည်းနည်းတော့ ခက်မယ်…”

မာချန်း ထူးမခြားသည့် အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် မိန်းမောသွားသည့်ဟန်ဖြင့် “ မင်း မသိလို့… အဲ့ ကောင်မကလည်း ရှယ်လှတာ… ငါ ယွီဟန်မှာ နေလာတာ နှစ်တွေမနည်းတော့ဘူး… ဒါပေမယ့် အဲ့ ကောင်မလောက်လှတဲ့ အလှမျိုး မမြင်ဖူးဘူးကွာ… ပြောရင်းဆိုရင်း အသည်းတောင် ယားကျိကျိ ဖြစ်လာပြီ…”

“ ချဲ့ကားမနေစမ်းပါနဲ့.. ငါတို့ ယွီဟန်သူတွေကလည်း အချောအလှတွေ အများကြီးပါ… ဘယ်သူကများ တို့ ယွီဟန်သူတွေကို မှီနိုင်မှာမို့လို့…”

“ မင်း သူ့ကို မြင်ရင် သိပါလိမ့်မယ်…” မာချန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မင်း စိတ်ထိန်းနိုင်မှာ မဟုတ်ဘူးဆိုတာ ငါ ပြောရဲတယ်…”

“ ဟားဟား… ဒါဆိုလည်း လောင်းမယ်ကွာ…”

“ လုပ်လေ… မောင့်ထိုင် သုံးပုလင်း… အိုကေလား…”

“ ပြဿနာမရှိဘူး…”

ဒေါက် ဒေါက် ဒေါက်…..

နှစ်ယောက်သား လျန်ရူရွှယ်အကြောင်း စိတ်ကူးတွေ ယဉ်နေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ကားပြတင်းပေါက်မှန်အား တံခါးလာခေါက်သည့် အသံကို ကြားလိုက်ရလေသည်။ မသိစိတ်အလျောက် ခေါင်းလှည့်ပြီး ကြည့်မိလိုက်တော့ …

အပြင်တွင် မတ်တပ်ရပ်နေသူက လင်းရီဖြစ်ကြောင်းကို သတိထားမိလိုက်သည်။

All Chapters