ဘာမှမဖြစ်ဘူး မင်းသခင်အပေါ်ခုန်မအုပ်နဲ့
Vol. 74 Ch. 1461
“သခင် အဆင်ပြေရဲ့လား”
ပေထင်းဟွမ် ရောက်လာသည်နှင့် မိုးကြိုးသွားသည် ပေထင်းဟွမ်ဆီသို့ အမြန်ပြေးလာသည်။ လျှပ်စီးသည် လက်ဆန့်ထုတ်ကာ မိုးကြိုးသွားအား ဆွဲကာ သူ့အနောက်သို့ပို့လိုက်သည် “အဆင်ပြေတယ် သခင့်ကို သွားခုန်မအုပ် နဲ့”
မင်းက သေးသေးလေးလို့ထင်နေတာလား။
လျှပ်စီးသည် နောက်တစ်ကြောင်းကိုတော့ မပြောပေ။ သည်လိုနှင့် မိုးကြိုးသွားသည် လျှပ်စီးအား ဒေါသဖြစ်ဖြစ်နှင့် ရိုက်တော့မည်အပြုတွင် ပေထင်းဟွမ်၏ဖြူဖျော့သောမျက်နှာကိုမြင်လိုက်ရသောအခါ အလျင်အမြန်ပင် လက်ကိုပြန်ရုတ်လိုက်သည်။ လျှပ်စီးသည် ဘယ်ဘက်မှ ပေထင်းဟွမ်၏ညာ ဘက်သို့ပြောင်းလေသည်။ ပေထင်းဟွမ်အားတွဲကာ ဂူထဲသို့ပို့ပေးလေသည်။
“အဆင်ပြေတယ် စိတ်မပူနဲ့”
ပေထင်းဟွမ် ဒဏ်ရာမရသည်မှာတော့ အမှန်တရားပင်။ သူမသည် မင်စူး နှင့် တစ်ချီတိုက်ခိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား ကုန်ခမ်းသွားရုံ တင်သာဖြစ်သည်။ သူမသည် နတ်ဘုရားအဆင့်ဆေးသောက်ပြီးသော်လည်း သန့်စင်ရန်အချိန်မရှိဘဲ အကြီးအကဲချီနှင့် အကြီးအကျယ်တိုက်ခိုက်ခဲ့ရသည်။ ၎င်းသည် သွေးချီကို ပြောင်းပြန်ဖြစ်စေသဖြင့် အသားအရေ မကောင်းတော့ ခြင်းသာဖြစ်သည်။
“ညီလေး အဆင်ပြေရဲ့လား”
ဂူထဲတွင် လုံဖေး၏ဦးဆောင်မှုအောက်တွင် ချင်းရှန့်ရွာမှလူများသည် နှုတ်ဆက်ကြလေသည်။ အစောကတိုက်ပွဲတွင် အကွာအဝေးမှာဝေးလွန်း သဖြင့် သန်မာသော လုံဖေးမှလွဲပြီး မည်သူမှမမြင်ရပေ။ သို့သော် လင်းယွိမှ လူများရောက်လာသည်ဟုကြားသဖြင့် လင်းယွိမှလူများနှင့်တိုက်ခိုက်သည်ဟု ထင်နေကြသည်။ ထိုရွာသားများသည် ပေထင်းဟွမ်အား အလွန်စိတ်ပူပေးကြ သည်။
ဂူထဲတွင် ပေါင်မုန့်နှင့်သေရည်အနံ့သည် ပျံ့လွင့်လျက်ရှိသည်။ ဤကဲ့သို့ အရသာရှိသည့်အစားအသောက်များကို မစားရသည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် ဂူထဲတွင်ပုန်းအောင်းပြီး အိမ်များမရှိတော့သော်လည်း ထိုရွာနှင့် ပတ်သက်၍ ခံစားချက်မရှိပေ။
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ဒီမှာကြာကြာနေလို့မရမှာတော့စိုးရ တယ် ချက်ချင်းထွက်သွားရမယ်” ပေထင်းဟွမ်သည် ရှက်ရွံ့စွာဖြင့်ပြောလိုက် သည် “တောင်းပန်ပါတယ် ချင်းရှန့်ရွာမရှိတော့ဘူး ဒါပေမဲ့ ခင်ဗျားတို့ကို အမှောင်နတ်မိစ္ဆာဘုံကို ခေါ်သွားမယ်လို့ကတိပေးပါတယ်၊ ခင်ဗျားတို့ အနပ် တိုင်းမှာ ပေါင်မုန့်နက်စားရမယ်လို့ အာမခံပါတယ်”
“ပေါင်မုန့်နက်”
ရွာသားများ၏မျက်လုံးများမှာ မျှော်လင့်ချက်အပြည့်နှင့်။ အနပ်တိုင်းတွင် ပေါင်မုန့်နက်ကိုစားရမည်ဆိုပါက မည်မျှပျော်ရွှင်ဖွယ်ရာနည်း။
“အစ်ကိုကြီး ကျွန်တော် ပေါင်မုန့်နက်မစားချင်ဘူး၊ ကျွန်တော်က နေ့တိုင်း ထောပတ်ပေါင်မုန့်စားချင်တာ” လင်းဖုန်းသည် လက်ထဲတွင် ထောပတ်ပေါင်မုန့်ကိုင်ပြီး ပြေးလာသည်။ သူသည် ပေါင်မုန့်ပေါ်မှ ထောပတ် ကို နည်းနည်းစီလျက်နေသည်။ ဆင်းဆင်းရဲရဲကြီးပြင်းလာသည့်ကလေးများ သည် အစားအသောက်ကို ခုံမင်ကြသည်။
ချင်းရှန့်ရွာသားများသည် အနည်းငယ်ရှက်ရွံ့မိကြ၏။ တချို့သော လူအို များသည် နေရခက်စွာပြုံးပြီး ခေါင်းခါယမ်းကြလေသည်။ လုံထျန်းသည် ဂူထောင့်တွင်ထိုင်နေသော အမျိုးသမီးတစ်ဦးကိုကြည့်ကာ လင်းဖုန်း၏ ခေါင်း ကိုညင်သာစွာပုတ်လေသည် “ငတုံးလေး မင်းစားချင်တာမှန်သမျှအတွက် မတိုက်ခိုက်ရတော့ဘူးလား”
လင်းဖုန်းသည် ခေါင်းကိုပွတ်လိုက်သည်။ သူသည် မျှော်လင့်ချက်အပြည့် နှင့် မျက်လုံးများဖြင့် ပေထင်းဟွမ်အား ကြည့်နေတုန်းပင်။
ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းညိတ်လိုက်သည် “ဟုတ်တယ် ယောက်ျား ဆိုတာ ကိုယ်လိုချင်တာအတွက် တိုက်ခိုက်ရမယ်၊ မင်းက အနပ်တိုင်းအတွက် ထောပတ်ပေါင်မုန့်စားချင်ရင် ကြိုးကြိုးစားစားလေ့ကျင့်ပြီး သန်မာတဲ့လူဖြစ် လာရမယ်၊ အဲအချိန်ကျရင် မင်းစားချင်တာ စားလို့ရပြီ”
ရွာသားများသည် လင်းယွိမှလူများမကြာမီရောက်လာမည်ကို စိတ်မအေး ဖြစ်မိကြသည်။ သို့သော် ယခုအချိန်မှာ မှောင်မိုက်နေပြီဖြစ်သလို သတ်ဖြတ် ဝိညာည်တောင်တန်းမှာ အလွန်အန္တရာယ်များသည်။ ယခုသာ လမ်းပေါ်ထွက် လိုက်လျှင် လင်းယွိမှလူများ ခေါင်းဖြတ်သည်ထက် ကောင်းသည့်အရာမတွေ့ နိုင်ပေ။
“စိတ်မပူပါနဲ့ မိုးကြိုးသွားနဲ့ ကျွန်တော်က လမ်းကိုဦးဆောင်ပြီး ကာကွယ်ပေးပါ့မယ်” လျှပ်စီးသည် ထပြီးရှေ့မှလျှောက်သွားလေသည်။ သူနှင့် မိုးကြိုးသွားသည် ကောင်းကင်အဆင့်သားရဲများဖြစ်ကြသော်လည်း လမ်းရှာ သည့်အရည်အချင်းရှိဆဲဖြစ်သည်။
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ ရွာသားများသည် ကြောက်ရွံ့သော် လည်း မငြင်းဆန်ဘဲ ကျေနပ်လက်ရှိသည်ကိုတွေ့ရသည်။ သူမသည် လုံထျန်း အားပြောလိုက်သည် “ကျွန်တော်က ခင်ဗျားတို့နဲ့မတော်တဆတွေ့တာကို ကံဆိုးစွာနဲ့ပဲ တိုက်ပွဲနဲ့သွားကြုံရတယ်လို့ မင်စူးက ခင်ဗျားတို့ကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်တာပဲ၊ အဲလူကို ကောင်းကောင်းမသိပေမဲ့ သူ့ရည်မှန်းချက်ပြည့်ဖို့ ဆိုအကုန်လုပ်မယ့်လူမျိုးပဲ”
“တခြားသူတွေ ခြိမ်းခြောက်တာကိုလည်း ကျွန်တော်မလိုချင်ဘူး အဲတော့ ခင်ဗျားတို့ လိုက်ချင်သည်ဖြစ်စေ မလိုက်ချင်သည်ဖြစ်စေ လုံခြုံတဲ့ နေရာရောက်တဲ့အထိ ကျွန်တော်နဲ့ထွက်သွားရမယ်”