နတ်မိစ္ဆာ
Vol. 74 Ch. 1463
ခမ်းနားသောအဖွဲ့ကြီးသည် သတ်ဖြတ်ဝိညာည်တောင်အတွင်းထဲတွင် လျှောက်လာကြသည်။ သူတို့သာ အမှောင်နတ်မိစ္ဆာဘုံကို ဝင်ချင်လျှင် ဤ စိမ်းလန်းသောတောင်ကိုကျော်ရမည်ဖြစ်သည်။ ချင်းရှန့်သည် သတ်ဖြတ် ဝိညာဉ်တောင်မှ တောင်တစ်လုံးသာဖြစ်သော်လည်း အဆင့်မြင့်သားရဲများနေ ထိုင်ကြသည်။ အားကောင်းသော ဓားပြအဖွဲ့များလည်း များစွာရှိကာ လမ်း တစ်လျှောက် အတားအဆီးများမှာ တွေးမရလောက်အောင်ပင်။
အဖွဲ့ထဲတွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့်လူငယ်နှင့် သက်လတ်ပိုင်း အရွယ်မှာမများလှပေ။ လူပျိုပေါက်အရွယ် ချန်းဟွေ့အပါအဝင် ၁၆ ယောက်ပင် မပြည့်ပေ။ လူအိုနှင့် အားနည်းသောအမျိုးသမီးနှင့်ကလေးများကို တွက်ချက် လျှင် ၄၂ ယောက်ဖြစ်သည်။ များပြားလှသောလူများကို အတူတကွရွှေ့ပြောင်း ရသည်မှာ အကြီးမားဆုံးတာဝန်သာဖြစ်သည်။ မိုးကြိုးသွားနှင့်လျှပ်စီးတို့သည် လမ်းကိုဦးဆောင်နေကြသော်လည်း သူတို့သည် အသွင်ပြောင်းသားရဲများသာ ဖြစ်ကြသည်။ လျှပ်စီးသည် ထူးခြားသော ညအမြင်ရှိသည့် ခေါင်းသုံးလုံးခွေး ဖြစ်သော်လည်း ညဉ့်နက်သန်းခေါင်တွင် အနည်းငယ်စိတ်မအေးဖြစ်နေတုန်း ပင်။
“ဒီအတိုင်းဆက်သွားရင် ဘယ်တော့ရောက်တော့မှာလဲ” မိုးကြိုးသွား သည် အနောက်မှရွာသားများကိုကြည့်ပြီး မနှစ်မြို့နိုင်တော့ပေ။ သူတို့သည် မြန်မြန်လျှောက်နေခြင်းမဟုတ်သော်လည်း ထိုလူများသည် အမှီလိုက်ရန် ကြိုးစားနေရသည်။
“သခင်က သူတို့ကို ဝေးဝေးခေါ်သွားချင်တာဖြစ်မယ်” လျှပ်စီးသည် မိုးကြိုးသွားအား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည် “ခုနက သခင့်ရဲ့ စိတ်ကိုမမြင်လိုက်ဘူးလား၊ အဲလူတွေသာ လင်းယွိလက်ထဲကိုရောက်သွားရင် လင်းယွိက သူတို့နဲ့ သခင့်ကိုခြိမ်းခြောက်လိမ့်မယ်၊ မင်းဘာသာမင်းစဉ်းစားပေါ့၊ ဖိနှိပ်မှုမရှိဘူးဆိုရင်တောင် သူတို့က သခင်နဲ့ရင်းနှီးလို့ လင်းယွိက ခေါင်းဖြတ် မယ်ဆိုရင် သခင့်ရင်ထဲကို နတ်မိစ္ဆာတစ်ကောင် ပျိုးထောင်ပေးလိုက်တာပဲ”
“ဒီအမှန်တရားကို လင်းယွိကလူတွေနားလည်သလို သခင်လည်းသိတယ်”
ထိုစကားကိုကြားပြီးနောက် မိုးကြိုးသွားသည် ချွေးအေးများပြန်လာ သည်။ ထိုအခါမှပင် သခင်သည် ဤနှေးကွေးသောရွာသားများကို ခေါ်သွားချင်သည့်အကြောင်းအရင်းကိုသိလိုက်ရသည်။ ထို့အပြင် ကျားအဖွဲ့ လက်ထဲမှ ရွာသားများကို ကယ်တင်ခဲ့သည့်အတွက် သခင့်ကိုအပြစ်မတင်နိုင် ပေ။ သခင်သာ ကယ်တင်ချင်လျှင် သူ့အား အထင်သေးမည်ကို စိုးရသည် မဟုတ်ပါလား။
တောင်စိမ်းစိမ်းများသည် ညအချိန်တွင် မအေးချမ်းလှပေ။ လမ်းတစ် လျှောက်တွင် စပါးအုံးမြွေများစွာ၏ တိုက်ခိုက်ခြင်းကိုခံရကာ ချောက်သို့ဝင်ချိန် တွင် ခက်ထန်သောဝံပုလွေအုပ်၏ နှောင့်ယှက်ခြင်းကိုခံရသည်။
ဘေးနှစ်ဖက်မှာ မတ်စောက်သောတောင်စောင်းများဖြစ်သည်။ အလယ် တွင် ကျောက်တုံးများဖြင့်ပြည့်နေကာ တောင်စိမ်းများဆီသို့ သွားသည့်လမ်းကို အဆုံးပင်မမြင်ရပေ။
တောင်ကမ်းပါးမှာ ပေပေါင်းဆယ်ချီကျယ်ဝန်းကာ လေအဝေ့တွင် သားရဲ များ၏ ဆိုးဝါးသောအနံ့အသက်များပါလာသည်။ အထဲတွင် မည်မျှများပြား သော ခက်ထန်သည့်သားရဲများ အသိုက်ဆောက်နေသည်ကိုမသိနိုင်ပေ။ ထို ဝံပုလွေအုပ်သည် အသံပင်မထွက်ဘဲ ထွက်လာခဲ့သည်။
ခေါင်းဆောင်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ငွေရောင်အမွေးများရှိသည့် နှင်းဝံပုလွေဖြစ်သည်။ ရင်ဘတ်တွင် တြိဂံပုံအမွေးနက်ရှိကာ ကြီးမားသော ဝံပုလွေမျက်လုံးများကို ပိုင်ဆိုင်ထားသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက်နောက်မှ ရွာသားများ၏အေးစက်သောအသံသည် တောင် ကမ်းပါးအကြားတွင် ပဲ့တင်ထပ်လာသည် “ခမ်းနားတဲ့နတ်သားရဲတွေက လက်ပါးစေလူသားအသွင်ပြောင်းထားတာပေါ့လေ၊ သားရဲတွေအတွက် အရှက် ရစရာပဲ ဒီလူသားတွေကိုထားခဲ့လိုက် မင်းတို့သားရဲနှစ်ကောင်တော့ မျိုးနွယ် တူ လို့အသက်ရှင်ခွင့်ပေးလိုက်မယ်”
သူတို့သည် နတ်သားရဲနှစ်ကောင်ဖြစ်ကြသည်။ ယနေ့တွင် သူတို့သည် သူတို့အတွက် လမ်းကိုဦးဆောင်ပေးခဲ့သည်။ ချင်းရှန့်ရွာသားများသည် မိုးကြိုး သွားနှင့်လျှပ်စီးတို့ကို ကျေးဇူးတင်သောအကြည့်များဖြင့် ကြည့်ကြလေသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ကံတရားကို စိတ်ပူမိကြသည်။ ထိုနှင်းဝံပုလွေ များသည် ဒေါသကြီးသည်။ သူတို့၏မျက်လုံးထဲသို့ရောက်သွားပါက ထွက်ပြေး ရန်မဖြစ်နိုင်ပေ။
လျှပ်စီးသည် အံကြိတ်လိုက်သည်။ သူ၏မျက်လုံးများသည် အောက်ခြေ မမြင်ရသည့်ရေကဲ့သို့ မှောင်မိုက်နေသည် “အထွတ်အထိပ်သားရဲတွေရဲ့ ခွန်အားကြောင့် သခင့်အတွက် တာဝန်ထမ်းဆောင်ပေးရတဲ့အလုပ်လုပ်ရတာ၊ မင်းရဲ့ ကြင်နာမှုကို သဘောတူလိုက်ရင် သခင့်ရဲ့တခြားသားရဲတွေက လှုပ်ရှား ဖို့လိုမယ်လို့ထင်လား”
“ဟားဟားဟား မောက်မာလိုက်တာ” နှင်းဝံပုလွေသည် ရယ်မောလေ သည်။ သူ့အနောက်မှ ဝံပုလွေ ၆၀ ကောင်တို့လည်း ရယ်မောလေသည်။ သို့သော် သူတို့၏အသံသည် သူတို့၏ခေါင်းဆောင် ဝံပုလွေဘုရင်ကို မကျော်ရဲ ကြပေ။