← Chapters

လက်တိုလက်တောင်းများ ပြေးလုပ်ပေးခြင်း

Vol. 74 Ch. 1464

လက်တိုလက်တောင်းများ ပြေးလုပ်ပေးခြင်း

Vol. 74 Ch. 1464

ထိုနှင်းဝံပုလွေများကိုကြည့်ပြီး ပေထင်းဟွမ်၏မျက်လုံးများသည် လက် လာသည်။ သူမသည် သွားလာရေးကိုစိတ်ပူသဖြင့် လျိုဟွမ်အား ထိုရွာသားများ ကို သယ်ဆောင်ခိုင်းခဲ့သည်။ သူသည် ဖိအားများကြောင့် သွေးထွက်နေပြီဖြစ် လေသည်။ ထိုနှင်းဝံပုလွေများပေါ်လာသည်နှင့် နတ်မိစ္ဆာနတ်ဘုရားသည် သူမ ၏အခက်အခဲကိုတွေ့သွားသဖြင့် နတ်သားများကို စေလွှတ်လိုက်သလားဟု ပေထင်းဟွမ်ခံစားမိလေသည်။

ဟုတ်သည်.. သည်တစ်ကြိမ်တွင် ပေထင်းဟွမ်အတွက် ထိုနှင်းဝံပုလွေ များသည် နတ်ဆိုးဝံပုလွေများမဟုတ်ဘဲ နတ်သားများဖြစ်လေသည်။

“နောက်ဆိုရင် သားရဲတချို့နဲ့ အဆက်အဆံလုပ်ထားတာ ပိုကောင်းတဲ့ပုံ ပဲ၊ ငါ့လက်ရှိသားရဲတွေက အရမ်းအားကောင်းပေမဲ့ ငါနဲ့အကြာကြီးအတူရှိခဲ့တဲ့ လက်တွဲဖော်တွေပဲ၊ တာဝန်ပေးတာတော့ သဘာဝကျပေမဲ့ ပင်ပန်းတဲ့အလုပ် တွေခိုင်းဖို့ မသင့်တော်ဘူး” ပေထင်းဟွမ်သည် စိတ်ထဲမှ တွေးလိုက်သည်။ သူမသည် ပေမင်းကို ဆင့်ခေါ်ပြီး အနောက်မှအဖွဲ့ကို နောက်ပြန်ဆုတ်ရန် တိတ်တဆိတ်ပြောခိုင်းလိုက်ကာ သူမသည် ရှေ့တိုးသွားလေသည်။

“ဘာတွေများရယ်နေတာလဲ၊ ဘာများဟာသပါလို့လဲ၊ မင်းတို့လည်း ဒီလို လက်တိုလက်တောင်းအလုပ်တွေလုပ်ချင်လို့လား” ပေထင်းဟွမ်သည် နှာမှုတ် ကာ လက်မြှောက်ကာ ခါးကိုပုတ်လိုက်သည်နှင့် ဓားပျော့သည် လက်ထဲတွင် ပေါ်လာလေသည်။

ဝူး

ဝံပုလွေများ၏ရယ်သံများ ရပ်သွားကာ ဝံပုလွေခေါင်းဆောင်သည် ပေထင်းဟွမ်အား မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ဤလူငယ် သည် အလွန်ချောမွေ့သောအသွင်အပြင်ရှိသည်။ သို့သော် သူသည် ပေထင်းဟွမ်၏ခွန်အားကိုမမြင်နိုင်ပေ။ ၁၅ နှစ်၊ ၁၆ နှစ်သာရှိသေးသည့် ကောင်လေးအတွက် မိခင်၏သန္ဓေထဲကတည်းကပင် ကျင့်ကြံမည်ဆိုပါက မြေကြီးအဆင့်ကိုဖြတ်ကာ ကောင်းကင်အဆင့်ကိုဝင်သည့်အရွယ်သာရှိသေး သည်။

“ကောင်လေး မင်းက ဒီမှာစကားပြောခွင့်မရှိဘူး၊ မင်းရဲ့အလှကြောင့် မင်းအသားကို ဗိုက်ထဲထည့်လိုက်လို့ရတယ်” နှင်းဝံပုလွေသည် ပြုံးပြီး အမြီးကို ယမ်းလေသည်။

ဟင်း

လျှပ်စီးနှင့်မိုးကြိုးသွားတို့သည် မှင်တက်စွာနှင့် တပ်မက်သောမျက်လုံး များရှိသည့် နှင်းဝံပုလွေဘုရင်ကိုကြည့်လိုက်ကြသည်။ ဒီကောင်က ရူးနေတာ လား။ သူတို့သခင်ကို ဘယ်လိုလုပ် ဒီလိုစကားမျိုးပြောရဲရတာလဲ။ မျက်စိတစ် မှိတ်အတွင်းမှာပင် သားရဲနှစ်ကောင်၏မျက်လုံးများသည် တဖြည်းဖြည်းပြောင်း လဲသွားကာ သနားစွာဖြင့်ခေါင်းခါယမ်းလိုက်သည်။ ဤလူမည်သို့ဖြစ်မည်ကို သူတို့ကြိုမြင်နေသလိုပင်။

လူတန်း၏အဆုံးတွင်ထိုင်နေသော ပေမင်းသည် ခေါင်းခါမိလေသည်။ ထိုနှင်းဝံပုလွေအားကြည့်ရာ ငယ်ရွယ်ပုံပေါက်လေသည်။ သေချာပေါက်ပင် သားရဲတစ်ကောင်သည် အသက်အရွယ်မကြီးပါက ကမ္ဘာကြီးကိုမမြင်နိုင်ဘဲ လေးနက်မှုကိုလည်းမသိနိုင်ပေ။

“အိုး ဒီကောင် ဝမ်းနည်းစရာပဲ”

ပေထင်းဟွမ်သည် နှာမှုတ်ပြီး လျှပ်စီးနှင့်မိုးကြိုးသွားတို့ရှေ့သို့ တဖြည်းဖြည်းလျှောက်သွားရင်းနှင့် လက်မြှောက်ကာ လျှပ်စီးနှင့်မိုးကြိုးသွား တို့ကို နောက်ဆုတ်ရန်နှင့်ရွာသားများကိုစုစည်းထားရန် အချက်ပြလိုက်သည်။ ထိုအချိန်တွင် လုံထျန်းသည် မြင်ကွင်းကောင်းသည့် ကျောက်တုံးကြီးနောက်သို့ အဖွဲ့ကိုခေါ်သွားပြီဖြစ်ကာ သူကိုယ်တိုင်မှာ ကျောက်တုံးပေါ်တွင်လှဲလျောင်း နေလေသည်။ ဤလူငယ်သည် မည်မျှအားကောင်းသည်ကို သူကိုယ်တိုင်မြင် ချင်သည်။

ဝူး

ဝံပုလွေတစ်ကောင် မာန်ဟိန်းလိုက်သည်နှင့် မျက်စိနှင့်အတိုင်းသား မြင် နိုင်သည့် အသံလှိုင်းသည် ကန်ပေါ်မှရေလှိုင်းကဲ့သို့ အဘက်ဘက်သို့ပျံ့သွားကာ ဘေးနှစ်ဖက်ရှိ တောင်ကမ်းပါးပေါ်မှ ကျောက်စရစ်ခဲများလှုပ်ခါသွားလေသည်။ နတ်ဘုရားအဆင့်သားရဲများသည် လူသားအဆင့်မြင့်နတ်ဘုရားဘုရင်၏ ခွန်အားနှင့်ညီမျှသည်။ ထို့နောက် ကောင်းကင်ကိုခုခံနိုင်သည့် ကာကွယ်မှုမျိုးရှိ ကာ အဆင့်မြင့်ဓားဘုရင် လူသားတိုက်ခိုက်ရေးသမားပင်မယှဉ်နိုင်ပေ။

ပေထင်းဟွမ်၏ခန္ဓာကိုယ်ပေါ်မှရောင်ဝါသည် ရုတ်တရက်ပြောင်းလဲသွား ကာ လူသတ်မည့်ရောင်ဝါသည် ပြင်းထန်သောရေစီးကဲ့သို့ လိမ့်သွားပြီး ထို ဝံပုလွေဟိန်းသံကြောင့်ဖြစ်လာသည့် တိုက်ခိုက်မှုအားလုံးကို ခုခံလေသည်။ ဝံပုလွေဘုရင်၏နောက်မှ သားရဲအုပ်ကြီးသည် နောက်သို့ဆက်တိုက်ဆုတ်နေ ကြသည်။ သူတို့၏မျက်လုံးများမှ မောက်မာသောအကြည့်များသည် တဖြည်း ဖြည်းပြောင်းလဲသွားပြီး အကြောက်တရားများမြင့်တက်လာသည်။

ဤလူသားသည် သူတို့မြင်နေရသကဲ့သို့ အားနည်းသူမဟုတ်ပေ။ ထို့ကြောင့်ပင် ဤအားနည်းသောလူသားတစ်ုသည် ညလယ်ကြီးတွင် တောင် စိမ်းအနက်ထဲသို့ ဝင်လာခြင်းပင်။

ပထမဆုံးအချီတွင်ပင် ဝံပုလွေဘုရင်သည် လက်ဦးမှုမရနိုင်ပေ။

သူ လဆီသို့ဟိန်းလိုက်ပြီးနောက်တွင် လသည် ခေါင်းပေါ်သို့ရောက်လာ ကာ ကောင်းကင်ပေါ်မှလသည် သူ၏ခေါင်းပေါ်သို့ကျလာတော့မည့်အတိုင်း ဖြစ်နေသည်။ လကွေးသည် တောက်ပပြီးလှပသော်လည်း ပျက်စီးစေမည့် စွမ်းအင်ပါဝင်ရာ လူများကို တစ်ချက်တည်းနှင့် လူစုခွဲသွားစေသည်။

All Chapters