← Chapters

ရှုံးနိမ့်ခြင်း

Vol. 74 Ch. 1465

ရှုံးနိမ့်ခြင်း

Vol. 74 Ch. 1465

ထိုလပြည့်ဝန်း၏အသွင်အပြင်ကိုကြည့်ပြီး ဝံပုလွေဘုရင်နောက်မှ ဝံပုလွေများသည် တညီတည်းနောက်ဆုတ်ကြပြန်သည်။ ထိုအချိန်တွင် ကမ်းပါးအက်ကြောင်းများတွင်ပုန်းအောင်းနေသည့် တခြားခက်ထန်သော သားရဲများသည် သူတို့၏ကိုယ်ထည်ကို လုံအောင်ပုန်းကြတော့သည်။ ထင်ရှား စွာပင် ထိုသားရဲများသည် ဝံပုလွေဘုရင်၏ခေါင်းပေါ်မှ လပြည့်ဝန်းကိုကြောက် သဖြင့် ခေါင်းပင်မလှုပ်ရဲကြပေ။

ပေထင်းဟွမ်သည် ထိုလပြည့်ဝန်းထဲတွင် ခမ်းနားသောစွမ်းအင်နှင့် ကြောက်မက်ဖွယ်ကောင်း သောထိုးနှက်မှုပါဝင်သည်ကို ခံစားမိသည်။ နတ်ဘုရားအဆင့်သားရဲ၏ခွန်အားသည် နတ်မိစ္ဆာစွမ်းအင်နှင့် ရောင်ဝါတို့ ပူးတွဲတည်ရှိသည့် အမှောင်နတ်မိစ္ဆာဘုံကဲ့သို့ကမ္ဘာတွင် ပတ္တမြားကမ္ဘာရှိ နတ်ဘုရားအဆင့်သားရဲများထက်ပင် ပိုသန်မာကြသည်။

ထိုသားရဲပြသလိုက်သော သန်မာသောခွန်အားကြောင့် ပေထင်းဟွမ် သည် သူ့ကို ပိုစိတ်ဝင်စားလာသည်။ ပေထင်းဟွမ်သည်လည်း ဝံပုလွေဘုရင်၏ မျက်လုံးထဲမှ မစစ်မှန်သောအကြည့်ကိုလေးစားမိသည်။ ဆိုလိုသည်မှာ ဤ ဝံပုလွေဘုရင်သည် ပေထင်းဟွမ်၏လက်ထဲတွင် မချမ်းမြေ့စွာအဆုံးသတ်တော့ မည်ဖြစ်သည်။

တောက်ပသောလသည် တဖြည်းဖြည်းမြင့်တက်လာပြီး ဘေးနှစ်ဖက်ရှိ တောင်ကမ်းပါးအကြားတွင် ရပ်တန့်နေသည်မှာ ကမ္ဘာပေါ်သို့ဆင်းသက်လာ သည့် လတစ်စင်းသည် မည်မျှလှပသည်၊ မည်မျှသန်မာသည်ကို ဖော်ပြနေ သလိုပင်။ ၎င်းသည် ရှေးဟောင်းသွေးသား သားရဲမှ ဆက်ခံသည့် သွေးသား အရည်အချင်းပင်ဖြစ်သည်။

ပေထင်းဟွမ်၏ဓားပျော့မှ ကိုးရောင်နိဗ္ဗာန်မီးသည် ပြင်းထန်စွာ တောက်လောင်ကာ အရင်ကထက်ပင် ပို၍အားကောင်းစွာလောင်ကျွမ်းလေ သည်။ ၎င်းပေါ်မှ ငွေရောင်လျှပ်စီးလက်နေသည်မှာ ငွေရောင်မြွေများ ပြေးလွှား နေသလိုပင်။ ဓားထိပ်ဖျားတွင် အရင်ကထက် ပုံသဏ္ဍာန်ပိုပေါ်လွင်သော မုန်တိုင်းနဂါးသည် ပုံပေါ်လာသည်။

နဂါး၏ကြွေးကြော်သံသည် တောင်ကြားကိုလှုပ်ခါသွားစေနိုင်ပြီး ကမ်းပါး နှစ်ဖက်မှ ပဲ့တင်သံများသည် လူများ၏နားစည်ကိုပင် ကွဲသွားစေလောက်၏။ ကမ်းပါးပေါ်တွင် ကျောက်တုံးများသည် နဂါးကြွေးကြော်သံကြောင့် လှုပ်ခါသွား ကာလိမ့်ကျရာ ဘေးနှစ်ဖက်မှကမ်းပါးများသည် ပြိုကျတော့မည့်အတိုင်းပင်။

နဂါးကြွေးကြော်သံနှင့် တောက်ပသောလ၏အလင်းအကြားရှိ ပထမဆုံး အကြိမ်ပြိုင်ဆိုင်မှုအပြီးတွင် တောက်ပသောလသည် ဓားမောက်ရှည်ကဲ့သို့ပင် နဂါးကြီးကို ပြင်းထန်စွာခုတ်ရာ ကြီးမားသောနဂါးသည် နဂါးပျံ၏ရောင်ဝါနှင့် အတူ နဂါးဦးချိုနှင့် တောက်ပသောလကို ညှာတာမှုကင်းစွာ ဝင်တိုက်လေ သည်။

ဘုန်း..

နဂါးဦးချိုသည် တောက်ပသောလအား ခွဲလိုက်ရာ ရေကဲ့သို့ အလင်း စီးကြောင်းထွက်လာပြီး ကျောက်စိမ်းစည်နှင့် ငွေရောင်ပုလင်းတို့ ကျကွဲသည့် အသံမျိုးထွက်လာသည်။ ထိုအသံသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပါဝင်ရာ ထိုနေရာရှိသားရဲများအားလုံးကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေသည်။ တောက်ပသောလသည် နဂါး၏ဦးချိုကြောင့် နှစ်ပိုင်း ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးထဲတွင် ပျောက်ကွယ်သွားလေသည်။

ဝံပုလွေဘုရင်၏ခြေလှမ်းများသည် တဖြည်းဖြည်းနောက်ဆုတ်သွားကြ သည်။ သူ၏အစိမ်းရောင်ဖျော့ဖျော့မျက်လုံးများထဲတွင် လေနဂါးကြောင့် ဖြစ် လာသော ကြောက်ရွံ့မှုရှိနေသည်။ တောက်ပသောလကြောင့်သာမဟုတ်လျှင် ဝံပုလွေဘုရင်သည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုအချိန်တွင် ထူထဲသောကိုးရောင်မီးတောက်များသည် မုန်တိုင်းနဂါး ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေကာ တောက်ပသောလကို ခွဲလိုက်ပြီးနောက် သူ့ဆီသို့ လျှပ်စီးကဲ့သို့မြန်ဆန်သောအရှိန်နှင့် ဒုန်းစိုင်းပြေးရာ ဝံပုလွေဘုရင် သည် ရှောင်ရှားနိုင်ခြင်းမရှိတော့ပေ။

ဘုန်း..

ကြမ်းတမ်းသောလှုပ်ခါသံသည် ချောက်နက်အတွင်းတွင် ပဲ့တင်ထပ် သွားသည်။ ငွေဖြူရောင်ခန္ဓာကိုယ်တစ်ခုသည် ကိုးရောင်မီးတောက်ထဲတွင် ရစ်ပတ်ကာ မြေကြီးမှကောင်းကင်ပေါ်သို့ပျံသွားကာ လေထဲတွင်မရပ်ဘဲ မြေကြီးပေါ်သို့ ပစ်ချလေသည်။

ချောက်ထဲတွင် လှပသော သက်တန့်တစ်စင်းပေါ်လာသည်။

မြေကြီးအထက်တွင် ဖုန်မှုန့်နှင့်မီးခိုးများထွက်ပေါ်လာပြီး ကြီးမားသော သက်ရောက်မှုအောက်တွင် မရေတွက်နိုင်သော ကျောက်တုံးများသည် အဘက်ဘက်သို့လွင့်ပျံကြလေသည်။ မြေကြီးပေါ်တွင် ကြီးမားသောတွင်းကြီး ပေါ်လာပြီး ပင့်ကူကဲ့သို့အက်ကြောင်းများသည် တွင်းပတ်ပတ်လည်တွင် ပျံ့နှံ့ သွားကာ ကမ္ဘာမြေကြီးသည် ပါးစပ်ဟကာ မြေကြီးပေါ်မှ အရာအားလုံးကို ဝါးမျိုတော့မည့်အတိုင်းပင်။

ထိုအချိန်တွင် အရောင်မတူညီသောမျက်လုံးများသည် တွင်းအလယ်အား ကြည့်ကြသည်။ နှင်းဝံပုလွေအုပ်မှာလည်း ဝိုင်းလာသည်။ သူတို့၏ အစိမ်းရောင် မျက်လုံးများသည် တွင်းကြီးထဲမှ ဝံပုလွေဘုရင်အား စိုက်ကြည့်နေကြသည်။ တစ်ချက်တည်းနှင့်ပင် နတ်ဘုရားဧကရာဇ်အဆင့်သားရဲ နှင်းဝံပုလွေဘုရင် သည် ထရန်ခွန်အားပင်မကျန်တော့ပေ။

All Chapters