← Chapters

မင်းပေါ်မှာမူမတည်ဘူး

Vol. 74 Ch. 1466

မင်းပေါ်မှာမူမတည်ဘူး

Vol. 74 Ch. 1466

နှင်းဝံပုလွေဘုရင်သည် လှပသောခန္ဓာကိုယ်ရှိသည်။ ညလေထဲတွင် နှင်းဖြူရောင်အမွေးများသည် လှိုင်းဂယက်များကဲ့သို့ ယိမ်းနေသည်။ ထိုအချိန် တွင် သူသည် ကိုးရောင်နိဗ္ဗာန်မီးတောက်ဖြင့် လောင်ကျွမ်းကာ တစ်ကိုယ်လုံး မှာ မည်းနက်နေသည်။ တိတ်ဆိတ်သောချောက်ထဲတွင် သားရဲများအားလုံး သည် အသားကိုလောင်ကျွမ်းသံကိုသာ ကြားနေရသည်။ လောင်ကျွမ်းမှုအပြီး တွင် ညည်းသံထွက်လာသည်။

သားရဲများအားလုံး၏မျက်လုံးများသည် တွင်းကြီးမှခွာကာ နှင်းဝံပုလွေ ဘုရင်ဆီသို့ တစ်လှမ်းချင်းလျှောက်လာသော လူငယ်ဆီသို့ လှည့်လိုက်ကြ သည်။ လူငယ်သည် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ ညလေတွင် သူမ၏ ဆံပင်ရှည်သည်လွင့်နေကာ ခက်ထန်သောလူသတ်မည့်ရောင်ဝါသည် နှင်းဝံပုလွေ အကောင် ၆၀ ကျော်၏ခြေထောက်များကို တုန်ယင်စေသည်။ ရင်တုန်နေသဖြင့် တွန့်ဆုတ်စွာနှင့်ပင် လမ်းဖယ်ပေးကြလေသည်။

အစိမ်းရောင်ဝံပုလွေ အစုံ ၆၀ ကျောကိုကြည့်ပြီး ကြောက်စရာကောင်း လှသော ညတောနက်ထဲတွင် ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးကာ နီရဲသော နှုတ်ခမ်းများကို ပင့်မ,လိုက်သည်။ ထိုအပြုအမူသည် သွေးများဆူပွက်လာစေ ကာ သူမ၏တစ်ကိုယ်လုံးကို ရှူရာနှင့်တူစေသည် “မင်းတို့က ငါ့ကိုတားချင်လို့ လား”

ပေထင်းဟွမ်၏လက်ထဲမှဓားပျော့သည် ကြာပွတ်ရှည်ကဲ့သို့ လေထဲတွင် လှုပ်ရှားနေပြီး ဓားထပ်တွင် ကြီးမားသောနဂါးတစ်ကောင်ရှိနေသည်။ ထိုအရာ ကိုကြည့်ပြီး ဝံပုလွေများသည် မလှုပ်ရဲတော့ဘဲ ဘေးနှစ်ဖက်သို့ တဖြည်းဖြည်း ဖယ်ပေးကာ အနောက်မှ တွင်းထဲရှိ ဝံပုလွေဘုရင်ဆီသို့ လမ်းဖယ်ပေးကြလေ သည်။

ပေထင်းဟွမ်သည် စီးပိုးလွန်းသည်။ သူမ၏စူးရှသောမျက်လုံးများသည် ကိုးရောင်မီးတောက်ဖြင့်ရစ်ပတ်နေသော ဝံပုလွေဘုရင်ဆီသို့ရောက်သွား၏။ သူ၏အသက်ကြောသည် မီးတောက်လောင်ကျွမ်းမှုအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမ၏ကြည်လင်သောအသံသည် အေးစက်လှသည် “အညံ့ခံမလား အသေခံမလား”

အညံ့ခံရမယ်ဟုတ်လား

ဝံပုလွေဘုရင်၏တစ်ကိုယ်လုံးမှာ တုန်ယင်သွားသည်။ သူ၏ ယိုယွင်းနေ သောမျက်လုံးထဲတွင် အလင်းတန်းရှိနေသည်။ သူသ်ည ပေထင်းဟွမ်အား ယုံရခက်သောမျက်လုံးများဖြင့် ကြည့်လေသည်။ ဒီလူငယ်က ရှေးဟောင်း သားရဲထိန်းများဖြစ်နေမလား။

“မင်း ရှင်းရှင်းသိထားရမယ် ဒီဘုရင်က နတ်ဘုရားအဆင့်သားရဲပဲ” ဝံပုလွေဘုရင်၏အသံထဲတွင် အနည်းငယ်တုန်ယင်မှုရှိနေသည်။ သူသည် ဤကဲ့သို့ အသေမခံနိုင်သည်မှာ ထင်ရှားလွန်းသည်။ သို့သော် နတ်ဘုရား အဆင့်သားရဲကိုထိန်းကျောင်းရန် ရှေးဟောင်းသားရဲထိန်းဖြစ်ရန်လိုသည်။

နတ်မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်ရန် သားရဲစိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်သည်။ သို့သော် သားရဲစိတ်ဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းအရ တာဝန်ခွဲထားခြင်းဖြစ်သည်။ ထို့အပြင် နတ်မိစ္ဆာကျင့်ကြံသူ ပို သန်မာလေ ဆင့်ခေါ်ခံရသည့် သားရဲစိတ်ဝိညာဉ်မှာ သန်မာလေဖြစ်သည်။ သားရဲစိတ်ဝိညာဉ်ပိုင်ဆိုင်သည့် သားရဲသည် နတ်မိစ္ဆာကျင့်ကြံသူနှင့် စာချုပ် ဆက်ဆံရေးမရှိရပေ။ မဟုတ်လျှင် ထိန်းကျောင်းရေးစာချုပ်မရှိနိုင်ပေ။

စိတ်ဝိညာဉ်ခုခံခြင်းသည် နတ်မိစ္ဆာနတ်ဘုရားမှ ပတ္တမြားကမ္ဘာတစ်ခုလုံး ကို ချန်ထားသည့်နောက်ဆုံး ကောင်းချီးဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံတွင် နတ်မိစ္ဆာကျင့်ကြံသူများလည်း ထိုနည်းတူစွာပင်။

ဤလူငယ်သည် ဝိညာဉ်ကျင့်ကြံသူသာဖြစ်သည်။ ယခုအခါ ဤလူငယ် သည် သူ၏ စာချုပ်သခင်ဖြစ်ချင်နေသည်လား။

“သေချာပေါက် ငါသိတာပေါ့” ပေထင်းဟွမ် ပြုံးလိုက်သည် “မင်း ဖြည်းဖြည်းချင်းသေချင်ရင် ငါ ဂရုမစိုက်ဘူး၊ ချောက်ထဲမှာ သားရဲတွေ အများ ကြီးရှိတယ် အဲဒါကြောင့် မင်းအတွက် လုပ်ပေးဖို့မလိုဘူး”

ပေထင်းဟွမ် လှည့်ပတ်ကြည့်လိုက်သည်။ ဘေးနှစ်ဖက်ရှိ ချောက် ကမ်းပါးအကြားတွင်ပေါနေသော သားရဲများ၏မျက်လုံးများသည် ပျောက်ကွယ် သွားလေသည်။ သားရဲများအားလုံး ပုန်းနေကြသည်။ ထိုနှင်းဝံပုလွေဘုရင် သဘောတူရန် သူတို့အားလုံး စိတ်ထဲမှ ဆုတောင်းနေကြသည်။

သဘောတူလိုက်လျှင် ထိုခက်ထန်သောလူသားသည် သူတို့ကို အရယူ မည်မဟုတ်ပေ။

စီ စီ

အသားများကို လောင်ကျွမ်းနေတုန်းပင်။ အသက်ကြောသည် တဖြည်း ဖြည်း ကုန်နေပြီဖြစ်သည်။ ကိုးရောင်နိဗ္ဗာန်မီးသည် ကောင်းကင်နှင့် မြေကြီး၏ မီးဖြစ်သည်ကို ဆက်ခံသည့်သွေးသားရှိသည့် နှင်းဝံပုလွေ ကောင်းစွာသိသည်။ ၎င်းသည် သူယှဉ်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။ ကောင်လေး၏ဆိုလိုရင်းမှာ ရှင်းလင်းသည်။ သူသာ အညံ့ခံရန်သဘောတူလိုက်ပါက ကောင်လေးသည် ကိုးရောင်နိဗ္ဗာန်မီးကို ပြန်ယူမည်ဖြစ်ကာ သဘောမတူပါက သေလမ်းတစ်ခု သာရှိသည်။

ကိုးရောင်နိဗ္ဗာန်မီးကြောင့် အသားများလောင်ကျွမ်းပြီးနောက် မိုးကြိုးနှင့် လျှပ်စီးစွမ်းအားသည် သူ၏သွေးကြောများထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။ ငွေရောင်လျှပ်စီးသည် သွေးကြောထဲတွင်လက်နေကာ နာကျင်မှုကိုဖြစ်စေရာ နှင်းဝံပုလွေဘုရင်သည် တွန့်လိမ်နေရတော့သည်။

All Chapters