နှင်းဝံပုလွေမိုအောင်က သခင့်ကိုတွေ့ဆုံပါတယ်
Vol. 74 Ch. 1467
စဉ်းစားစရာမလိုတော့အောင်ပင်။ အခြေအနေကြောင့်ပင် နှင်းဝံပုလွေ သည် ရွေးချယ်စရာမရှိ သဘောတူရတော့မည် “ဒီဘုရင်က အညံ့ခံဖို့ရွေးချယ်ပါ တယ်”
အက်ကွဲသောအသံသည် အားနည်းစွာဖြင့် ချောက်ကိုဖြတ်ပျံ့နှံ့သွားကာ သားရဲများအားလုံး၏နားထဲသို့ စိမ့်ဝင်သွားလေသည်။ ထိုအသံသည် သားရဲများ အားလုံးကို တုန်ယင်သွားစေသည်။ နှင်းဝံပုလွေဘုရင်သည် သူရဲဘောကြောင် လိမ့်မည်ဟု မည်သည့်သားရဲမှထင်မထားပေ။ ထို့အပြင် တွင်းကြီးသည် သူတို့ ရှေ့တွင်ရှိနေဆဲဖြစ်ကာ နှင်းဝံပုလွေဘုရင်ပေါ်မှ ကိုးရောင်နိဗ္ဗာန်မီးသည် အရိုး ထဲမှကြောက်ရွံ့မှုကို လှုံ့ဆော်လိုက်သလိုပင်။ ထိုအကြောက်တရားသည် ဝိညာဉ်ထဲမှ ဆက်ခံလာခြင်းဖြစ်သည်။
နောက်ပိုင်းထိန်းကျောင်းခြင်းနှင့် စာချုပ်တည်ထောင်ရသည်မှာ အလွန် ရိုးရှင်းသည်။ ပေထင်းဟွမ်သည် တွင်းကြီးထဲသို့ခုန်ဆင်းပြီး နှင်းဝံပုလွေ၏ ဦးခေါင်းကိုလက်တင်လိုက်သည်။ ကိုးရောင်နိဗ္ဗာန်မီးသည် နှင်းဝံပုလွေ၏ ခန္ဓာ ကိုယ်မှ လုံးလုံးလျားလျားငြိမ်းသွားပြီဖြစ်ကာ ပေထင်းဟွမ်၏ လက်ဖဝါးထဲသို့ စိမ့်ဝင်လာသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် ရောနှောထားသာ် ကြီးမားသောဝိညာဉ်စွမ်းအားသည် နတ်စွမ်းအားဖြင့်ရစ်ပတ်ကာ နှင်းဝံပုလွေ ၏ အသိစိတ်ပင်လယ်ထဲသို့ စိမ့်ဝင်လေသည်။
နတ်စွမ်းအား၏လမ်းညွှန်မှုဖြင့် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် နှင်းဝံပုလွေ၏သွေးကြောထဲသို့ လျှောက်သွားရာ သူ၏ပျက်စီးနေသော သွေးကြောများကို ပြန်လည်ပြုပြင်ပေးရုံသာမက တစ်ဝက်ပင်ပိုကျယ်သွားစေ လေသည်။ ထိုကဲ့သို့ အကျိုးအမြတ်ကိုလက်ခံရပြီးနောက် ပေထင်းဟွမ်အား အညံ့ခံပြီးသည့် နှင်းဝံပုလွေဘုရင်သည် အစကတည်းကပင် အညံ့မခံဘဲ ဤသခင်နှင့်တိုက်ခိုက်မိခဲ့သည့်အတွက် နောင်တရလာသည်။
ထိုအချိန်တွင် ပေထင်းဟွမ်သည် သူနှင့် စာချုပ်မတည်ထောင်ပေ။
ထိန်းကျောင်းခြင်းသည် အလွန်ပင်ချောမွေ့စွာပြီးသွားကာ စာချုပ်တည် ထောင်လေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျလာသည်နှင့် ငွေရောင် စာချုပ်ပုံစံသည် လူတစ်ယောက်နှင့်သားရဲတစ်ကောင်ကို ရစ်ပတ်လေသည်။ ပေထင်းဟွမ်၏နားထဲသို့ ဆွဲဆောင်မှုရှိသော ယောက်ျားလေးအသံဝင်လာချိန် တွင် ပေထင်းဟွမ်နှင့် နှင်းဝံပုလွေဘုရင်တို့ကြားမှ စာချုပ်တည်ထောင်ပြီးလေ သည်။
“နှင်းဝံပုလွေ မိုအောင်က သခင့်ကိုတွေ့ဆုံပါတယ်”
ငွေရောင်အလင်းတန်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နှင်းဝံပုလွေဘုရင်မိုအောင်သည် အလင်းထဲမှထွက်လာကာ လှပသော အမျိုးသားတစ်ဦးအသွင်ပြောင်းကာ ပေထင်းဟွမ်ရှေ့တွင် အရိုအသေပြုလေ သည်။
မိုအောင်အားကြည့်ပြီး ကမ်းပါးအက်ကြောင်းများတွင်ပုန်းနေသည့် နှင်းဝံပုလွေများနှင့် ရွာသားများသည် မျက်လုံးပြူးကျယ်ကြကုန်လေသည်။ တောက်ပပြီးကြည်လင်သော လရောင်အောက်တွင် နှင်းဖြူငွေရောင်ဆံပင်နှင့် အမျိုးသားတစ်ယောက်သည် နှင်းဖြူရောင်ဝတ်ရုံဝတ်ဆင်ထားကာ ငွေရောင် မျက်ခုံးကိုကြည့်ရသည်မှာ ငွေရောင်လရောင်ထဲတွင် ပွင့်လန်းနေသည့် ကုမုဒြာ ကဲ့သို့ပင် မြင်ရသူအဖို့ရင်ခုန်သွားစေသည်။
“ဘုရားရေ ဒီကောင်က ကျို့ယန်ထက်တောင် ပိုကြည့်ကောင်းလုနီးပါးပဲ” မိုးကြိုးသွားသည် ဟန်ချက်ပျက်သွားကာ ပြောလေသည်။
လျှပ်စီးသည် မိုးကြိုးသွားအား စောင်းကြည့်လေသည်။ သူသည် မိုအောင် ၏ပြောင်မြောက်သောအသွင်အပြင်ကို မနာလိုဖြစ်နေတုန်းပင်။
ချင်းရှန့်ရွာသားများအကြားရှိ မိန်းမငယ်လေးများသည် မိုအောင်ကိုမြင် သောအခါ အကြည့်မလွှဲနိုင်ကြတော့ပေ။ မိန်းကလေးများမှာ ရင်ခုန်လာကြ သည်။ ကမ္ဘာပေါ်တွင် ဤမျှမှင်တက်လောက်ဖွယ်ရှိသည့်လူ ရှိနေသည်မှာ မထင်မှတ်စရာပင်။
ပေထင်းဟွမ်သည် အနည်းငယ် ငေးကြောင်နေတုန်းပင်။ သူမ၏ရင်ဘတ် ထဲမှ ရုတ်တရက်ခေါင်းပြူထွက်လာသော မွေးပွလုံးလေးမှာ သူမ၏ပခုံးကို အားပါပါရိုက်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် ပေထင်းဟွမ်သည် မည်မျှ ကြာအောင် အံ့ဩနေမည်ကိုမသိနိုင်ပေ။ သူမသည် ခန္ဓာကိုယ်မှ အပြောင်းအလဲကို ခံစားမိသဖြင့် ရှက်ရွံ့စွာဖြင့် ချောင်းဟန့်လိုက်သည်။ အစော က မိုအောင်နှင့် စာချုပ်တည်ထောင်ချိန်တွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ၏ လမ်းညွှန်မှုဖြင့် သူမ၏ခန္ဓာကိုယ်မှာ စွမ်းအင်များစွာ ရရှိလာခဲ့သည်။
မိုအောင်၏ခွန်အားသည် သူမထက်သန်မာသည်။ သားရဲတစ်ကောင် သည် လူသားနှင့်စာချုပ်တည်ထော်ငလျှင် သားရဲ၏ခွန်အားကို တိုးစေသည်။ ပေထင်းဟွမ်သည် ဤခံစားချက်ကိုမခံစားရသည်မှာ ကြာပြီဖြစ်သည်။ သူမ၏ ခွန်အားသည် နတ်ဘုရားဘုရင်ထိပ်ဆုံးတွင် တစ်နေခဲ့သည်။ ဤအချိန်တွင် သူမအား တားဆီးထားသည့် အတားအဆီးသည် အနည်းငယ်လျော့ရဲသွားပုံ ပေါ်လသည်။ သို့သော် သူမ၏ခွန်အားသည် နတ်ဘုရားဧကရာဇ်အဆင့်သို့ တက်ရန်မလုံလောက်သေးပေ။
“ဒီမှာ နောက်ဆိုရင် အနည်းဆုံးတော့ အရှင်အဆင့်သားရဲကိုရှာပြီး စာချုပ်တည်ထောင်ရမယ့်ပုံပဲ၊ မဟုတ်ရင် ခွန်အားကြီးထွားမှုကို ထိန်းကျောင်း ဖို့နည်းလမ်းမရှိဘူး” ပေထင်းဟွမ်သည် အသိစိတ်ကို ဖြန့်ကျက်ကြည့်ရာ အရှင်အဆင့် သားရဲများသည် အနီးဝန်းကျင်တွင် မတွေ့ရသလောက်နီးပါးပင်။