← Chapters

သခင့်အမိန့်ကိုလိုက်နာ မဟုတ်ရင် သေမယ်

Vol. 74 Ch. 1468

သခင့်အမိန့်ကိုလိုက်နာ မဟုတ်ရင် သေမယ်

Vol. 74 Ch. 1468

ထို့အပြင် ဤနေရာသည်သတ်ဖြတ်ဝိညာဉ်တောင်၏အစွန်ပိုင်းဖြစ်ကာ အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် အရှင်အဆင့်ရောက်သော သားရဲများ အများဆုံးရှိရာနေရာဖြစ်သည်။

“မိုအောင် မင်းလူတွေထဲက ငါနဲ့စာချုပ်တည်ထောင်ချင်တဲ့သူရှိရင် ရှေ့ကို လာခိုင်းလိုက်၊ မဟုတ်ရင်...” ပေထင်းဟွမ်၏မျက်လုံးများသည် အေးစက်မှု အပြည့်နှင့်ပင် “မင်းက ငါ့စာချုပ်သားရဲဖြစ်ရင်တောင် နောက်ဆိုရင် ဒီအဖွဲ့က မင်းရဲ့အမိန့်အောက်မှာရှိနေတုန်းပဲ”

ပေထင်းဟွမ်၏စာချုပ်သားရဲဖြစ်ပြီးနောက်တွင် မိုအောင်သည် အခြေခံ အားဖြင့် ပေထင်းဟွမ်၏အခြေအနေကို နားလည်လာသည်။ သူမသည် ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးသာဖြစ်သည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိရာ ၎င်းသည် မိုအောင်အား ထိလိုက်သည်နှင့် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေသည်။ ဘိုးဘေးကျောက်တုံးဖြစ်စေ မင် ဖြစ်စေ အသက်ရှိသည့်အရာများသည် သူ့ကို သတ်နိုင်သည်။

မိုအောင်သည် အမှန်တရားကို နားလည်လာသည်။ သူ၏သခင်သည် ရှည်လျားသောသမိုင်းကြောင်းရှိသူဖြစ်သည်။

ဤကဲ့သို့လူနောက်သို့လိုက်ရသည်မှာ မိုအောင်အတွက် သားရဲဘဝ အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သလိုပင်။ ပေထင်းဟွမ်သည် သူ့အား ဤဝံပုလွေအုပ်ကို စီမံစေချင်ရုံတင်သာမကဘဲ ဝံပုလွေဘုရင်အနေနှင့် သူ၏ ရာထူးသည်လည်း တားမြစ်ခံရမည်ဆိုပါကလည်း စောဒကတက်စရာမရှိပေ။

“ငါ့သခင်အမိန့်ကိုလိုက်နာကြ မဟုတ်ရင် သေမယ်” မိုအောင်၏အသံ သည် ချိုသာပြီးပြတ်သားသည်။ သို့သော် နှင်းဝံပုလွေအကောင် ၆၀ ကျော်ကို ပေထင်းဟွမ်ရှိရာသို့ ဒူးထောက်သွားစေသည်။

မည်သူမှခုခံမှုမရှိသည်မှာ မိုအောင်သည် ဝံပုလွေဘုရင်အနေနှင့် ဝံပုလွေ များအကြားတွင် ဂုဏ်သိက္ခာကိုတည်ဆောက်ထားသည်ကို ပြသနေသည်။ သို့သော် လူသားတစ်ယောက်၏ စာချုပ်သားရဲဖြစ်လာခြင်းအတွက် အနည်း ငယ်မှ အပျက်အစီးမရှိခဲ့သည်။

ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် သက်ပြင်းချကာ နှင်းဝံပုလွေ တစ်ကောင်ပြီးတစ်ကောင် စတင်ထိန်းကျောင်းတော့သည်။ ထိုနှင်းဝံပုလွေ များ၏ခွန်အားသည် မနိမ့်လှပေ။ အဆိုးဆုံးမှာ နတ်သားရဲအဆင့်ဖြစ်ကာ အမြင့်ဆုံးမှာ နတ်အထွတ်အထိပ်သားရဲဖြစ်သည်။ ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို အသုံးပြုကာ ချောက်ထဲမှသားရဲများကို မြန်ဆန်သောအရှိန်နှုန်းဖြင့် ထိန်းကျောင်းရာ လုံထျန်းနှင့်တခြားသူများသည် ငေးကြောင်ကြည့်နေကြသည်။

၎င်းသည် မုန်လာဥနီနှုတ်သည့် အရှိန်ဖြင့်ယှဉ်နိုင်ပြီး မြင်ဖူးရန်မဆိုထား နှင့် ကြားပင်မကြားဖူးပေ။

ဤအရာသည် ရှေးဟောင်းသားရဲထိန်း၏ခွန်အားလား။

နှင်းဝံပုလွေအကောင် ၆၀ ကို ထိန်းကျောင်းပြီး စာချုပ်တည်ထောင်သည် မှာ တစ်နာရီပင်မကြာလိုက်ဘဲ ပေထင်းဟွမ် နှင်းဝံပုလွေဘုရင်အား ထိန်းကျောင်းပြီးစာချုပ်တည်ထောင်သည်နှင့် တူညီသလောက်ပင်ဖြစ်သည်။

နောက်ဆုံးနှင်းဝံပုလွေ ပေထင်းဟွမ်၏စာချုပ်သားရဲဖြစ်လာချိန်တွင် မတ်တပ်ထကာ ကမ်းပါးနှစ်ဖက်မှ သားရဲများကိုကြည့်လိုက်သည်။ အားလုံး အေးချမ်းနေသည်ကိုမြင်လိုက်ရသောအခါ စိတ်အေးသွားသည်။ ယနေ့ည ဤ ချောက်မှထွက်ရန် ပြဿနာမရှိလောက်တော့ပေ။

သူတို့သည် ထိုရွာသားများ၏စီးတော်ယဉ်ဖြစ်ရမည်ကို သိပြီးနောက် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အကျိုးအမြတ်ကိုရထားပြီးသည့် နှင်းဝံပုလွေများသည် မလိုလားခြင်းမရှိတော့ပေ။

နှင်းဝံပုလွေဘုရင်ဦးဆောင်သည့် နှင်းဝံပုလွေအုပ်ကြီးသည် ရွာသားများ ကို သယ်ဆောင်ကာ ချောက်ကိုဖြတ်ကြလေသည်။ အဖွဲ့၏အနောက်တွင် အစောပိုင်းကလွှတ်ထားသည့် လျိုဟွမ်နှင့် ခေါင်းဝပ်နေသော ပေမင်းတို့ရှိ သည်။

နှင်းဝံပုလွေဘုရင်ဦးမဆောင်ခင်တွင် အဖွဲ့ကိုဦးဆောင်သူမှာ ပေမင်းဖြစ် ခဲ့သည်။ ပေထင်းဟွမ်သည် လမ်းတစ်လျှောက်တွင် ပြဿနာဖြစ်မည်ကို စိုးရိမ် ခြင်းမရှိတော့ပေ။

သူမသည် ချက်ချင်းထွက်မသွားဘဲ တောင်ကမ်းပါးအက်ကြောင်းရှိ ဂူတစ် ဂူထဲသို့ဝင်လေသည်။ ထိုအချိန်တွင် အဂူးနှင့် ဖန်းချန်းတို့ကိုဆင့်ခေါ်ကာ သူမ သည် တင်ပျဉ်ခွေထိုင်ကာ အတွင်းပိုင်းအခြေအနေကို ဝင်ကြည့်သည်။

အကြောထဲတွင် နတ်စွမ်းအားလှိုင်းသည် အတားအဆီးကို ထိုးနှက်ပြီး ဖြတ်ကျော်လေသည်။ အစပိုင်းတွင် အတားအဆီးသည် အလွန်မာကြောခဲ့ သော်လည်း ဤအခိုက်အတန့်တွင် ပေါများသောရောင်ဝါသည် မင်ဆီမှစတင် စီးဆင်းလာပြီး တင်ပျဉ်ခွေထိုင်ထားသည့် လူငယ်လေးသည် ပေါများသော ရောင်ဝါများကို စတင်ဝါးမျိုလေသည်။ သည်လိုနှင့် ပေထင်းဟွမ်၏အကြောထဲ တွင်ပါဝင်သည့်စွမ်းအင်သည် ပို၍အားကောင်းလာသည်။

ချွတ်

ချွတ်ခနဲအသံထွက်ပေါ်လာသည်နှင့် ပေထင်းဟွမ် ချက်ချင်းကြည့်လိုက် သည်။ အတားအဆီးသည် အနည်းငယ်ပိုလျော့ရဲသွားကာ အက်ကြောင်းများ သည် တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ရုတ်တရက်ပင် ပေထင်းဟွမ်သည် ပျော်ရွှင်မိလေ၏။

All Chapters