← Chapters

တစ်စုံတစ်ခုဖြစ်နေပြီ

Vol. 74 Ch. 1469

တစ်စုံတစ်ခုဖြစ်နေပြီ

Vol. 74 Ch. 1469

ကစဥ့်ကလျားနတ်အရင်းအမြစ်သည် စုပ်ခွက်ကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးအကြားမှစွမ်းအင်ကို ဆွဲယူပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ် ချွေးပေါက် တိုင်းထဲသို့သွင်းထည့်သည်။ သွေးကြောများတစ်လျှောက်လှည့်ပတ်ပြီး နောက်ဆုံးတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်၏ နောက်ဆုံးမွမ်းမံမှုကို ဖြတ် လေသည်။ ၎င်းသည် ပေထင်းဟွမ်၏အကြောထဲသို့ ခုန်ဝင်ကာ အထဲမှ ရွှေရောင်ဆေးလုံးသည် စုပ်ယူလေသည်။

အမှောင်မှော်စွမ်းအင်နှင့် အဖြူ‌ဝိညာဉ်စွမ်းအင်တို့သည် အဖြူနှင့်အနက် အဖြစ်ရောယှက်ကာ ပေထင်းဟွမ်ထဲတွင် ကြီးထွားလာသည်။ သူမ၏ ကျင့်ကြံမှုသည် မှော်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့၏ တင်းကြပ်မှုကို မခံရ လိမ့်မည်ဟု ပေထင်းဟွမ်ကိုယ်တိုင်ပင် ထင်မထားပေ။ ကောင်းကင်နှင့် မြေကြီးအကြားမှ စွမ်းအင်ဖြစ်နေသရွေ့ ၎င်းကိုသန့်စင်ပြီး သူ၏ စွမ်းအင် တစ် စိတ်တစ်ပိုင်းဖြစ်အောင်ပြုလုပ်နိုင်သည်။

ဘုန်း..

အကြောထဲတွင် ကျွတ်ဆပ်သောအသံထွက်ပေါ်လာပြီး နံရံသည် နောက်ဆုံးတွင် ကျိုးပျက်သွားလေသည်။ ကြီးမားသောစွမ်းအင်ဝင်လာပြီး အကြောတစ်ခုလုံးတွင် ကြီးမားသောဝဲဂယက်သည် ရွှေအူတိုင်ရှိရာတွင် ဖြစ်ပေါ်လာလေသည်။ ကြီးမားသောစွမ်းအင်သည် ရွှေအူတိုင်ကိုလှည့်ပတ်ပြီး မူလကရွှေအူတိုင်သည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာသည်။ ရွှေရောင်သည် ပေထင်းဟွမ်၏ခွန်အားမှာ နတ်ဘုရားဧကရာဇ်အဆင့်သို့ဝင်လာပြီဟု ဆိုလို ခြင်းဖြစ်သည်။

“ဟေး ဒီလိုမျိုးအဆင့်တက်ဖို့ လုံးဝမဖြစ်နိုင်ဘူး နှေးလွန်းတယ်” ပေထင်းဟွမ်သည် အကြောကိုစိုက်ကြည့်ကာ မင်လင်းကျို့အား စိတ်ထဲမှပြောလိုက် သည် “ငါ မင်လင်းကျို့ကို နည်းနည်းသန့်စင်နိုင်ရင် ခွန်အားအများကြီးတိုးရင်တိုးလာနိုင်တယ်”

ဘိုးဘေးကျောက်တုံးမှစွမ်းအားသည် ပေထင်းဟွမ်အား သွားရည်ပိုကျ စေသည်။ သို့သော် သူမသည် အချိန်တစ်ခုလောက် စိတ်ကိုမလှုပ်ရှားပေ။ ဘိုးဘေးကျောက်တုံးသည် ယန်ယဲ့ စီဖုန်းနတ်ဘုရားအကျဉ်းထောင်မှထွက်ရ ရေးနှင့်ဆက်စပ်ကာ နောက်အဆင့်သို့ အဆင့်တက်နိုင်လျှင်တောင် ဘိုးဘေး ကျောက်တုံးအား ကစားမည်မဟုတ်ပေ။

“မင်းက ငါ့ခန္ဓာကိုယ်ထဲကိုဝင်လာမှတော့ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိမှာပဲ” ပေထင်းဟွမ်သည် မင်လင်းကျို့အား ကစဥ့်ကလျားနတ်အရင်းအမြစ် နှင့် ရစ်ပတ်ရန်ကြိုးစားလေသည်။ ပေထင်းဟွမ်ထင်ထားသည့်အတိုင်းပင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် အကြောထဲတွင် ပြေးလွှားကာ ထွက်ပြေး တော့မည်ကို မင်လင်းကျို့ မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် မင်လင်းကျို့သည် ဘိုးဘေးကျောက်တုံးအား မတော်တဆတိုက်မိရာ မင်လင်းကျို့ဆီမှ ပေါက်ထွက်လာသည့် အဖြူရောင် ရောင်ဝါပျစ်ပျစ်သည် ပျောက်ဆုံးနေသည့် ပုတီးစေ့အလား အနည်းငယ် ကြီးမားလာသည်။ အဖြူရောင်အမှုန်များသည် ပေထင်းဟွမ်၏အကြောထဲတွင် ပေါလောပေါ်နေသည်။

ထိုအမှုန်များကိုကြည့်ပြီး ပေထင်းဟွမ် မျက်လုံးအရောင်လက်လာသည်။ သူမသည် ၎င်းကိုစုပ်ယူရန် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို တိုက်တွန်းရန် ကြိုးစားလေသည်။ ထိုကောင်လေးသည် ပါးစပ်ဟပြီး ဝါးမျိုလေသည်။

“ဟင်”

ပေထင်းဟွမ်သည် မြေပြင်မှထလိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် ကြီးမားသောစွမ်းအင်ဖြင့်ပြည့်နှက်နေသည်။ ထိုခံစားချက်သည် သူမအား ခံစား ရကောင်းစေသည်။ တစ်ရက်ကုန်သွားသည်နှင့် သူမသည် ဓား ၉ လက် နတ်ဘုရားဘုရင်မှ ဓား ၁ လက်နတ်ဘုရားဧကရာဇ်ဖြစ်သွားလေပြီ။ အဆင့် တစ်ဆင့်သာတက်သည်ဆိုသော်လည်း နတ်ဘုရားဘုရင်နှင့် နတ်ဘုရား ဧကရာဇ်တို့ပိုင်ဆိုင်သည့် စွမ်းအားမှာ များစွာကွာခြားချက်ရှိတုန်းပင်ဖြစ်သည်။

ကောင်းကင်အဆင့်နှင့် နတ်ဘုရားအဆင့်ကြားတွင် ကွာခြားမှုမရှိသော် လည်း စွမ်းအင်ကို လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်သည့်စွမ်းအားမှာ ဓား ၁ လက် နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားဘုရင်အဆင့်၏ စွမ်းအား အားလုံး ပေါင်းနှင့်တူညီလေသည်။

“အဲဒီကောင်မင်စူးကို ထပ်တွေ့လို့ကတော့ ဘာမှအတားအဆီးမရှိ သတ် ပစ်နိုင်လောက်ပြီ” ပေထင်းဟွမ်သည် ယုံကြည်မှုအပြည်နှင့် လက်ထဲမှဓားပျော့ ကို ဝေ့ယမ်းလိုက်သည်။

ထိုအချိန်တွင် အဂူးသည် အပြင်မှဝင်လာသည်။ သူသည်လည်း ပေထင်းဟွမ် အဆင့်တက်သွားသည်ကို ပျော်နေသည်။ နတ်ဘုရားအဆင့်ပြီး သည့်နောက် အရှင်အဆင့်သို့မတက်သရွေ့ အဆင့်တက်ချိန်တိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားရှိရမည်ဖြစ်ကာ သားရဲများ၏အဆင့်တက်မှု လည်းလိုအပ်သည်။

သေချာပေါက်ပင် စွမ်းအားတိုးလာသည်။

“သခင် အဖွဲ့က လင်းယွိဝိုင်းတာခံနေရပြီလို့ မိုးကြိုးသွားတို့ပြောတယ်၊ လင်းယွိကလူတွေက ချင်းရှန့်ရွာသားတွေကို ပစ်မှတ်ထားပြီး ချုပ်ထားတယ်တဲ့”

“ပေမင်းနဲ့တခြားသူတွေကရော” ပေထင်းဟွမ်၏မျက်ခုံးနှင့်မျက်လုံးများ နစ်ဝင်သွားကာ သူမ၏အသံသည် အနည်းငယ်အေးစက်နေသည်။

All Chapters