← Chapters

အခန်း (၁၄၇၀)

Vol. 74 Ch. 1470

အခန်း (၁၄၇၀)

Vol. 74 Ch. 1470

ပေမင်းနှင့်တခြားသူများသည် သူတို့၏တာဝန်ကိုလျစ်လျူရှုကာ မလှုပ်ရှားသဖြင့် ချင်းရှန့်ရွာသားများသည် လင်းယွိ၏လက်ထဲရောက်သွားသည် ဟုတွေးကာ ပေထင်းဟွမ်သည် ပေမင်းတို့ကို စိတ်တိုနေပြီဖြစ်ကြောင်းကို အဂူးသိသည်။ ထို့ကြောင့် အလျင်အမြန်ရှင်းပြလေသည်။ “သခင် မင်းရဲ့ ပထမ အဆင့်က ထူးခြားတဲ့အချိန်အပိုင်းအခြားပဲ၊ အဲအချိန်မှာ ပြိုင်ဘက်ကို တစ်ခါ တည်းနဲ့သတ်မှပဲ မဟုတ်လို့ကတော့ ဘယ်သူမှလှုပ်ရဲတော့မှာမဟုတ်ဘူး”

မဟုတ်လျှင် စွမ်းအင်အတက်အကျမ်ျားသည်နှင့် ပေထင်းဟွမ်၏ချီနှင့် သွေးသည် ပြောင်းပြန်စီးပြီး စိတ်ရူးပေါက်ကာ သေသည်အထိပြင်းထန်နိုင် သည်။

ထိုတန်ရာတန်ကြေးကို မည်သူမှ မတတ်နိုင်ကြပေ။

“ပြိုင်ဘက်မှာက အရှင်အဆင့်ကျွမ်းကျင်သူရှိတယ်၊ အရှင်ပေထင်းမှာက အရှင်ကြီးအဆင့်ခွန်အားရှိပေမဲ့ အမှောင်နတ်မိစ္ဆာဘုံက အရမ်းကိုဖိနှိပ်လွန်း တယ်၊ သူက အရှင်အဆင့်ခွန်အားကိုသုံးပြီး ရန်သူကိုခုခံနိုင်တယ်၊ အဲဒါက အားသာချက်သိပ်မရဘူး” အဂူးပြောလေသည်။

သူမသည် သားရဲများကို မှားယွင်းစွာ အပြစ်တင်မိသည်ကို ပေထင်းဟွမ် သိသည်။ သခင်အစေခံစာချုပ်အောက်တွင် သူမ၏သားရဲများသည် ပေထင်းဟွမ်၏ဘေးကင်းမှုကို ဦးစားပေးရမည်ဖြစ်သည်။ ရွာသားများ၏ လုံခြုံရေးကို စောင့်ရှောက်ရန်ထပ်ခါထပ်ခါပြောစေကာမူ သူမ၏သားရဲများ သည် သူမ၏အသက်ကိုတော့ ဟာသတစ်ခုလိုသဘောထားမည်မဟုတ်ပေ။

ထိုအချိန်တွင် ချင်းရှန့်ရွာမှရွာသားများ၏အခြေအနေသည် အလွန်ပင် ဆိုးရွားနေသည်။ ဝိညာဉ်ဘုံ၏ အရှင်အဆင့်ခွန်အား၏ဖိနှိပ်မှုအောက်တွင် နှင်းဝံပုလွေဘုရင်သည် ဝံပုလွေများကိုဦးဆောင်ကာ အစိမ်းရောင်တောင်များ ထဲတွင် ပုန်းအောင်းလေသည်။ ကံကောင်းစွာပင် ပေမင်းကဲ့သို့ အားကောင်းသောသားရဲ၏ ဖိအားကြောင့် ဝံပုလွေများသည် မြင်းအဖြစ် အသုံးပြုခံသည်ဟု လင်းယွိမှလူများတွေးထားပြီး စာချုပ်သားရဲများဖြစ်လိမ့် မည်ဟုထင်မထားကြပေ။

ထို့အပြင် ဖန်ဆင်းရေးနတ်ဘုရားမှလွဲပြီး ဤကဲ့သို့သားရဲအုပ်ကို စာချုပ် တည်ထောင်နိုင်သည့် အားကောင်းသောဝိညာဉ်စွမ်းအားမျိုး မည်သူ့တွင်မှ မရှိ ပေ။

လျှပ်စီးနှင့်မိုးကြိုးသွားတို့သည် အရှင်အဆင့်ကျွမ်းကျင်သူများကို ခုခံရန် ခွန်အားမရှိပေ။ သားရဲနှစ်ကောင်သည် မည်သူမှ အာရုံမစိုက်သည့်အချိန်တွင် တောင်အနက်ထဲတွင်ပုန်းအောင်းနေသည်။ သူတို့သည် သူတို့အသက်ကိုအရင် ကယ်ကာ ပြိုင်ဘက်များ မပြင်ဆင်ထားသည့်အချိန်တွင် ထိုလူများကို ကယ်တင်မည်ဟုဆုံးဖြတ်ထားသည်။

ပေမင်းသည် လက်လွတ်စပယ်မလှုပ်ရှားရဲပေ။ သူသည် အရှင်အဆင့် ခွန်အားရှိသော သားရဲဖြစ်သော်လည်း ပေထင်းဟွမ်သည် အဆင့်တက်သည့် အရေးကြီးအဆင့်သို့ရောက်နေသည်။ စိတ်အတက်အကျအနည်းငယ်ကပင် ပေထင်းဟွမ်အား အဆင့်တက်မှုကျရှုံးစေသည်။

ကျရှုံးသည်နှင့် အနာဂတ်တွင် ဒုတိယအကြိမ် အဆင့်တက်ရန် ခက်ခဲသွား နိုင်သည်။ အဂူးပြောသလိုပင် အရေးအကြီးဆုံးအရာမှာ အနိမ့်ဆုံးရူးသွပ်သွား နိုင်ပြီး အများဆုံးမှာ သေသွားနိုင်သည်။

ထို့အပြင် ပေထင်းဟွမ်သည် ဤကမ္ဘာ၏စည်းမျဉ်းများကို ဗဟုသုတနည်း လွန်းသည်။

ချင်းရှန့်နယ်နိမိတ်သို့ လူသားတစ်ဦးနှင့်သားရဲတစ်ကောင်တို့ သွားသည့် လမ်းတွင် ဤကမ္ဘာ၏စည်းမျဉ်းကို ကောင်းစွာနားလည်အောင်ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် အဂူးအားမေးလိုက်သည် “အရှင်အကြောင်း ပြောပြဦး၊ အရှင်နဲ့နတ်ဘုရားအဆင့်ကြားမှာ ကွာခြားချက်က ဘယ်လောက် ကြီးလဲ”

ဤတိုက်ကြီး၏ ယေဘုယျအာရုံများကို သူ့အတွက်ရော သခင့်အတွက် ရောပါ သွတ်သွင်းသင့်သည်ဟု အဂူးခံစားမိသည်။ တစ်ခါတရံတွင် သခင်သည် တခြားဂြိုဟ်မှလာသည့်ခံစားချက်မျိုးရသဖြင့် မမောနိုင်မပန်းနိုင်သင်ကြားပေး လေသည် “သခင် နတ်ဘုရားအဆင့်ကျင့်ကြံမှုက ဝိညာဉ်စွမ်းအားပဲ၊ ကောင်းကင်နဲ့မြေကြီးကြားက နေရာကိုဝင်ပြီးသွားရင် ကောင်းကင်နဲ့မြေကြီး စွမ်းအားကို ရွှေ့ပြောင်းပြီး တိုက်ခိုက်နိုင်တယ်၊ နတ်ဘုရားအဆင့်နဲ့ ကောင်းကင်အဆင့်ကြားမှာ ကြီးမားတဲ့ကွာခြားချက်ရှိရတဲ့အကြောင်းအရင်း လည်းရှိသေးတယ်”

“ဒါပေမဲ့ အရှင်ကတော့ မတူဘူး၊ အရှင်က စိတ်ဝိညာဉ်အဆင့်ပိုင်ဆိုင် တယ်၊ သူက စိတ်ဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်တယ်လို့လည်း အဓိပ္ပာယ် သက်ရောက်တယ်၊ ဝိညာဉ်စွမ်းအားက စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲ အောင် သန်မာတဲ့အချိန်မှာ ဒုတိယကိုယ်ပွားက လူသားရွှေအူတိုင်ထဲမှာ ကျင့်ကြံနိုင်တယ်လို့ဆိုလိုတာပဲ၊ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကနေ ဖောက်ပြီး ကောင်းကင်နဲ့ မြေကြီးအဖြစ် ပေါင်းတဲ့အချိန်မှာ နတ်ဘုရားအဆင့်က စိတ်ဝိညာဉ်အဆင့်ကို ကူးပြောင်းတာပြီးမြောက်တယ်”

“အဲအချိန်ကျရင် ကောင်းကင်နဲ့မြေကြီးစွမ်းအားက ထိန်းချုပ်မှုအောက် ရောက်သွားပြီ၊ သခင်က ဒီအတိုင်းခေါ်ရင်တောင် ကောင်းကင်နဲ့မြေကြီး စွမ်းအားကို တိုက်ခိုက်ဖို့အတွက် လေနဂါးအဖြစ်စုစည်းနိုင်တယ်၊ ကျင့်ကြံသူ တော်တော်များများက ဒုတိယကိုယ်ပွားကို ကျင့်ကြံနိုင်တယ်၊ ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို မထိန်းချုပ်နိုင်ဘူး၊ နတ်ဘုရားအဆင့်ကနေ စိတ်ဝိညာဉ်အဆင့်ကို အပြည့်အဝအသွင်မပြောင်းနိုင်ဘူး၊ သခင်ကမတူဘူး၊ သခင့်ရဲ့ရွှေအူတိုင်က ဝိညာဉ်အူတိုင်အဖြစ် အသွင်မပြောင်းပေမဲ့၊ မုန်တိုင်းနဂါး ကို ဖိနှိပ်တာ ပြီးမြောက်ပြီးသွားတာက သခင်က ခြေလှမ်းတစ်လှမ်းတည်းနဲ့ စိတ်ဝိညာဉ်အဆင့်ကို ရောက်နေပြီလို့ဆိုလိုတာပဲ”

All Chapters