← Chapters

ဒီအခွင့်အရေးကိုယူပြီး မှော်အရင်းအမြစ်ကျောက်တုံး ယူနိုင်မလား ကြည့်တာပေါ့

Vol. 74 Ch. 1471

ဒီအခွင့်အရေးကိုယူပြီး မှော်အရင်းအမြစ်ကျောက်တုံး ယူနိုင်မလား ကြည့်တာပေါ့

Vol. 74 Ch. 1471

“အရှင်အဆင့်တစ်ဝက်လား” ပေထင်းဟွမ်သည် ထိတ်လန့်သွားမိသည်။ သူမသည် ရှီရှောင်မို၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုထိန်းချုပ်ကာ အသွင်ပြောင်းတိုက်ခိုက်နည်းကို လိုက်တုရုံသာဖြစ်သည်။ ထို့ကြောင့် 'မုန်တိုင်း နဂါး' တိုက်ခိုက်မှုပြုလုပ်နိုင်ခြင်းပင်။ ၎င်းသည် ထူးခြားသောအရည်အချင်း တစ်ခုဖြစ်မည်ဟု တွေးထားသည်။ ၎င်းသည် အရှင်အဆင့်၏ ထင်ရှားမှုဖြစ်လိမ့် မည်ဟု မည်သူထင်ထားမည်နည်း။

အဂူးနှင့်ပေထင်းဟွမ်တို့သည် စာချုပ်ဆက်ဆံရေးဖြစ်ကာ တစ်ယောက် နှင့်တစ်ယောက် ဆက်သွယ်မှုရှိကြသည်။ ပေထင်းဟွမ်၏စိတ်ထဲမှ အတွေးများ ကိုခံစားမိပြီး အဂူးသည် ရုတ်တရက် သွေးအန်မိတော့မည်။ သခင်က နတ်ဘုရားအဆင့်နဲ့ စိတ်ဝိညာဉ်အဆင့်မတူဘူးဆိုတာ သိရဲ့လား။ ကောင်းကင် အဆင့်နှင့်မြေကြီးအဆင့်တို့သည် လူသားများ၏ ကောင်းကင်နှင့်မြေကြီး စွမ်းအား စုပ်ယူသည့်ပေါ်တွင် မှီခိုနေရသည်။ အစွမ်းအစမှာ အလွန်နည်းပါးနေ တုန်းပင်။ သို့သော် နတ်ဘုရားအဆင့်သို့ရောက်ပြီးချိန်တွင် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်း၏ နားလည်မှုတို့သည် အလွန်အရေးကြီးသည်။ ထို့ကြောင့် ကျင့်ကြံသူတို့၏ အရည်အချင်းသည် အလွန်အရေးကြီးပုံပင်။

“သခင် တချို့လူတွေက နတ်ဘုရားအဆင့်တစ်ဝက်မှာပဲ သူတို့ဘဝကို တွယ်တာနေတတ်ကြတယ်၊ အဲဒါက သူတို့စွမ်းအင်က အသွင်ပြောင်းမှုကို ပြီးမြောက်ပေမဲ့ ကောင်းကင်နဲ့မြေကြီးစွမ်းအားကို လုံလုံလောက်လောက် နားမလည်သေးလို့ပဲ၊ မဟုတ်ရင် သခင်က ဘာလို့ ရွှံနွံချောက်နက်ထဲက နတ်ဘုရားအဆင့်သားရဲသုံးကောင်ကို တစ်ခါတည်းအနိုင်ရမှာလဲ”

“အင်း” ပေထင်းဟွမ်သည် နှာခေါင်းကိုထိလိုက်သည် “အဲဒါက သူတို့ရဲ့ဘုံက မတည်ငြိမ်လို့မဟုတ်ဘူးလား”

အဂူးသည် ငိုချင်လာသည်။ သူသည် ဤကတ်သီးကတ်သတ်နိုင်သည့် သခင်ကို မည်သို့ပြောရတော့မည်ကိုမသိတော့ပေ “သခင့်ရဲ့ လေနဂါးလှုပ်ရှားမှု ကို အရှင်ဘုံမှာရောက်နေတဲ့ သန်မာတဲ့လူကပဲသုံးနိုင်တယ်၊ အဲဒါက အခုချိန်မှာ ရှေ့ပြေးပုံစံဖြစ်ပေမဲ့ အရှင်အဆင့်ကို တကယ်ဝင်သွားတဲ့သူတွေနဲ့ယှဉ်ရင် ထိုးထွင်းဘုံအရှင်က ပိုပြီးသန်မာတယ်”

“ထိုးထွင်းဘုံ” ပေထင်းဟွမ်သည် ထိုအမည်နှင့် မရင်းနှီးလှပေ။

အဂူးသည် ရွေးချယ်စရာမရှိတော့ဘဲ ပြောရတော့သည် “စိတ်ဝိညာဉ်ကို ဝင်ပြီးတဲ့နောက် အထွတ်အထိပ်အဆင့်အောက်က အဆင့်တိုင်းက နတ်ဘုရား အဆင့်လောက်မသန်မာတော့ဘူး၊ အဆင့် ၁ ကနေ ၉ ထိခွဲခြားထားတယ်၊ အဆင့်တစ်ခုချင်းစီကို ဘုံသုံးဘုံခွဲထားတယ်၊ အဲအထိမှာ အရှင်အဆင့်က အားနည်းရာကနေ သန်မာသွားတယ်၊ ကစဥ့်ကလျားဘုံကို ထိုးထွင်းဘုံနဲ့ အသိစိတ်ဘုံဆိုပြီးခွဲထားတယ်၊ အဲဒါက ကျင့်ကြံသူရဲ့ ကောင်းကင်နဲ့မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ပမာဏအရ ခွဲထားတာ၊ အရှင်အဆင့်သန်မာတဲ့သူ က ကောင်းကင်နဲ့မြေကြီးစွမ်းအားကို စုစည်းရုံပဲလုပ်နိုင်တာ၊ နဂါးကြီးကို ပိုင်ဆိုင်သွားပြီဆိုရင် သခင်က အားကောင်းတဲ့အရှင်ဖြစ်လာပြီလို့ဆိုလိုတာပဲ”

“အရှင်ကြီးအဆင့်က ပြောစရာရှိသွားပြီ၊ အရင်ဆုံး အရှင်အဆင့်ရောက် အောင်လုပ်တာပေါ့” ပေထင်းဟွမ်သည် ချင်းရှန့်နယ်နိမိတ်ကိုမျှော်ကြည့်လိုက် သည် “ငါ အရှင်အဆင့်ရောက်ရင် ဝိညာဉ်ဘုံကလူတွေက ငါ့ပြိုင်ဘက်မဟုတ် တော့ဘူး”

အဂူး၏စကားများကိုနားထောင်ပြီးနောက် ပေထင်းဟွမ်သည် အနည်းငယ်ကြေကွဲမိသည်။ သူမသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို အခုမှနားလည်ကာ ထိုးထွင်းဘုံ၏အရှင်အဆင့်ကိုသာရောက်သေးသည်။ သို့သော် သူမပိုင်ဆိုင်သည့်စွမ်းအားမှာ ဓားဧကရာဇ်သာရှိသေးသည်။ သူမသာ မှော်အရင်းအမြစ်ကျောက်တုံး အများအပြားရနိုင်လျှင့် ကျင့်ကြံရာတွင် ပိုမြန်ဆန်နိုင်သည်မဟုတ်ပါလား။

သူမ၏ခန္ဓာကိုယ်တွင် မင်လင်းကျို့ရှိသော်လည်း ပေထင်းဟွမ်သည် သူ့ အားလိုက်ပြီး ဘိုးဘေးကျောက်တုံးအား ရှုံးနိမ့်စေခဲ့သည်။ ထိုအရာသည် ပေထင်းဟွမ်၏အကြောထဲတွင် ပုန်းအောင်းကာ နိုးနိုးကြားကြားရှိနေသည်။ ပေထင်းဟွမ်၏ဝိညာဉ်အာရုံသာ သူရောက်လာချိန်တွင် သတိပြုမိပါက သူသည် တုန်ယင်စွာဖြင့် အချိန်မရွေးထွက်ပြေးနိုင်သည်။

မင်လင်းကျို့ပိုင်ဆိုင်သည့်စွမ်းအားသည် ပေထင်းဟွမ် အလောတကြီး မတိုက်တွန်းရဲလောက်အောင် အားကောင်းလွန်းသည်။ သည်လိုနှင့် ပေထင်းဟွမ်သည် သူ့အတွက် မျှော်လင့်ချက်မရှိတော့ပေ။

“ဒီအခွင့်အရေးကိုယူပြီး မှော်အရင်းအမြစ်ကျောက်တုံးကို ရနိုင်မလားဆို တာကြည့်ရမယ်” ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ကာ ရပ်လိုက်သည်။

“အခုကတော့ ချင်းရှန့်ရွာကလူတွေကို သူတို့ဖမ်းထားပေမဲ့ အချိန်တစ်ခု လောက်တော့ အန္တရာယ်မရှိနိုင်သေးဘူး၊ လျှပ်စီးနဲ့မိုးကြိုးသွားတို့ ခိုးဝင်ပြီးလောက်ပြီ၊ သူတို့ပြောတဲ့သတင်းအရ အသက် ၁၂ နှစ်ကျော်တဲ့ ယောက်ျားမိန်းမတွေအကုန် ထွက်သွားရတယ်လို့ကြားတယ်၊ ငါ အရင်းအမြစ် သတ္တုတွင်းကို သားကောင်အဖြစ်သွားမယ်၊ တခြားလူတွေအကုန်လုံးက အဖမ်း ခံရပြီး ခေါ်သွားခံနေရပြီ”

All Chapters