ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အရိုးစုလား
Vol. 74 Ch. 1472
ထိုလူများသည် အချိန်တစ်ခုကြာသည်အထိ အဆင်ပြေဦးမည်ဟု ကြား သည်နှင့် ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုလူများသည် သူမကြောင့်နှင့် ယခုအခြေအနေထိရောက်လာခြင်းဖြစ်သည်။ တစ်စုံတစ်ခုဖြစ်သွားပါက လက်ရှိသူမသည် အဆင့်တက်နိုင်ဦးမည်မဟုတ်ပေ။
“မင်စူးနဲ့အဲလူတွေလည်းရှိနေတာလား” ပေထင်းဟွမ် မေးလိုက်သည်။
“မဟုတ်ဘူး” ပေမင်းသည် ခေါင်းခါလိုက်သည်။ ဤလိပ်အိုကြီးသည် ယုံကြည်ရသည်။ အခြေအနေကို သူ ရှင်းရှင်းလင်းလင်းသိနိုင်သည် “လင်းယွိမှာ အရမ်းအရေးကြီးတဲ့အရင်းအမြစ်သတ္တုရှိတယ်၊ အခု တစ်ခုခုဖြစ်ပြီး တစ်ဖက် ပြိုကျတာနဲ့ ဖြတ်သွားတဲ့ ကျောက်တူးသမားတွေ အများကြီးသေသွားနိုင်တယ်၊ အဲဒါကြောင့် သူက ရွာသားတွေကို ထိန်းသိမ်းထားတာ”
“လင်းဖုန်းနဲ့ တခြားသူတွေရော အဖမ်းခံထားရလား” ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
“ဟုတ်တယ်” ပေမင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည် “သူတို့ တိုက်ခိုက်ခံရတုန်းက သခင်က အတားအဆီးကို ဖြတ်နေတဲ့အချိန်ဖြစ်နေတာ၊ ဒီလက်အောက်ငယ်သားလည်း အလောတကြီးမလုပ်ရဲဘူးလေ”
ထိုသို့ပြောပြီးနောက် ပေမင်းသည် လျင်မြန်စွာပင် ခေါင်းမော့လိုက်သည် “သခင် အရင်းအမြစ်သတ္တုတွင်းက ဒီတစ်ခေါက် ပြိုကျသွားတာက အဲထဲက ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အရိုးစုကို တူးဖော်ရလို့တဲ့၊ အရိုးစုက မှော် အရင်းအမြစ်ကျောက်တုံးတစ်ခုထဲမှာ လုံးဝကြီးမြုပ်နေတာ၊ မှော်အရင်းအမြစ် ကျောက်တုံးပျက်စီးတာနဲ့ မှော်အရင်းအမြစ်ကျောက်တုံးထဲမှာ ချိတ်ပိတ်ထား တဲ့ ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်ရဲ့စွမ်းအင်က ထွက်ပြီးပေါက်ကွဲနိုင် တယ်၊ အဲလိုဆို ပြိုကျသွားနိုင်တယ်”
“ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အရိုးစုဟုတ်လား” ပေထင်းဟွမ်၏ မျက်လုံးမှာ အရောင်လက်လာသည်။ သူမသည် ကစဥ့်ကလျားနတ်ကျမ်းထဲမှ နတ်သွေးကူးပြောင်းပညာကို သွားအမှတ်ရမိတော့သည်။ သူမသာ ရှေးဟောင်း မှော်တိမ်တိုက်ကျားသစ်၏အရိုးစုကိုရပါက နတ်သွေးကို အသုံးပြုကာ ကူးပြောင်းနည်းပညာဖြင့် လျှပ်စီး၏သွေးသားကို ပိုကောင်းအောင်လုပ်နိုင်မည် လား။
ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်အရိုးစု ချိတ်ပိတ်ထားသည့် မှော် အရင်းအမြစ်ကျောက်တုံးတစ်ခုလုံးတွင် သူမလက်ရှိလိုအပ်နေသည့် မှော်အရင်းအမြစ်များစွာပါဝင်နေသည်။
ပေထင်းဟွမ်သည် ပြတ်သားစွာဖြင့် ရှောင်ထန်း(မွေးပွလုံးလေး) ကို ဆင့်ခေါ်လိုက်သည်။ ငွေရောင်မျက်နှာဖုံးဖြင့်မျက်နှာကိုအုပ်ထားကာ အဖြူရောင်မွေးပွဖက်ထုပ်လေးကို ရှောင်ထန်းထုတ်လာသည်။ ရှောင်ထန်း သည် အထွတ်အထိပ်နတ်သားရဲအဖြစ် အဆင့်တက်ပြီးနောက် အဖြူရောင် မွေးပွလုံး အရေအတွက် မည်မျှထုတ်သည်ကိုပင် ပေထင်းဟွမ် မရေတွက်နိုင် တော့ပေ။ အရင်းအမြစ်သတ္တုကွင်းတစ်ခုလုံးသည် သူမ မျက်စိရှေ့တွင်ရောက် နေပြီဖြစ်သည်။
အရင်းအမြစ်သတ္တုတွင်းသည် ကျန်းရှန့်တောင်နှင့် ချင်းရှန့်တောင် အကြားတွင်တည်ရှိသည်။ သို့သော် အရင်းအမြစ်သတ္တုတွင်းဟုခေါ်သည့်အရာ မှာ ချင်းရှန့်တောင်အောက်တွင်ရှိသည်။ ကျောက်တူးသမားများသည် ချင်းရှန့် တောင်အောက်မှ သတ္တုတွင်းကိုတူးကြသည်။ ရှောင်ထန်း၏ အမြင်မှတစ်ဆင့် ပေထင်းဟွမ်သည် ကြီးမားသောသတ္တုတွင်းတစ်ခုလုံးကို ရှင်းလင်းစွာမြင်နိုင် ကာ လုံထျန်းနှင့်တခြားသူများသည် ပြိုကျတော့မည်နေရာကို တူးနေရသည်။
သတ္တုတွင်းတစ်ဘက်တွင် ကောင်းမွန်စွာဝတ်စားထားသော အားကောင်း သည့် လူ ၅ ယောက် ၆ ယောက်ရပ်နေကြသည်။ ခေါင်းဆောင်သည် လက်ထဲ တွင် လျှပ်စီးလှံတစ်ခုကို ကိုင်ထားသည်။ သူ့အနောက်မှလူများသည် ပြိုကျနေ သည့် နေရာကို စိတ်လှုပ်ရှားသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သိပ် မလင်းသည့်အလင်းရောင်အောက်တွင် ကျောက်ူးသမားသည် ကျောက်စရစ်ခဲ နှင့်မြေကြီးများကို သယ်ထုတ်နေသည်။ မြူခိုးမည်းတိမ်တိုက်သည် ပြိုကျသော နေရာမှ စီးဆင်းလာသည်။
၎င်းသည် မှော်အရင်းအမြစ်ကျောက်တုံး၏ ထိပ်ဖျားပိုင်းမျှသာဖြစ်သည်။
သို့သော် ထိုအပိုင်းအစအသေးလေးကပင် လျှပ်စီးလှံကိုင်ထားသောလူ နှင့် သူ့အနောက်မှလက်အောက်ငယ်သားများကို လွန်စွာစိတ်လှုပ်ရှားစေသည်။ မျက်လုံးထဲမှ စိတ်အားထက်သန်မှုများကိုပြသကာ လက်များပင် တုန်ယင်နေ သည်။
“အကြီးအကဲချန်း မကြာခင်ထွက်လာတော့မယ်” စိတ်မရှည်သောလူ များထဲမှတစ်ယောက်သည် အဆက်မပြတ်စီးဆင်းနေသော မြူခိုးမည်းတိမ် တိုက်ကိုညွှန်ပြကာ စိတ်လှုပ်ရှားစွာပြောလေသည်။
“အင်း” လျှပ်စီးလှံတံကိုင်ဆောင်ထားသော အသက် ၄၀ ခန့်ရှိသော လူသည် ထိုအရာကိုမြင်သောအခါ ခေါင်းညိတ်လိုက်သည်။ ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ကျောက်တုံးထိပ်ဖျားပိုင်းကို ရှင်းလင်းစွာမြင်လိုသဖြင့် ရှေ့တိုးသည် “အကုန်လုံးတူးပြီးရင် သတင်းပို့ပါ၊ ဒီတစ်ခါ နယ်မြေပိုင်ရှင်က အားလုံးကို ကောင်းကောင်းဆုချမှာပါ၊ မှော်မူလကျောက်တုံး ၂၀ ကတ်တီ လောက်ကတော့ ပြဿနာမရှိဘူး”