သူတို့အတွက် မှော်အရင်းအမြစ်ကျောက်တုံး တစ်တုံးမှတောင် ချန်မထားဘူး
Vol. 74 Ch. 1474
ဤကဲ့သို့ မှော်အရင်းအမြစ်ကျောက်တုံးတွင် လုံးလုံးလျားလျား ချိတ်စည်းပိတ်ထားသည့် သန့်စင်သော သွေးသားရှိသည့် သားရဲအရိုးစု ပေါ်ပေါ် သည်မှာ အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် နှစ်ပေါင်းထောင်ချီအတွင်း ပထမ ဆုံးအကြိမ်ဖြစ်သည်။
သာမန်ကျောက်တူးသမားများသည် သတ္တုတွင်းမှအရာအားလုံးကို တူးထုတ်ရာတွင် ပါဝင်ကြသည်။ လုံခြုံသည့်ဘေးနေရာတွင် အကြီးအကဲချန်း သည် သတ္တုတွင်းကိုကြီးကြပ်သည့် ကြီးကြပ်ရေးမှူးရာထူးယူထားသည်။ တူးဆွနေသူ အများစုသည် ခွန်အားမြင့်ကာ အားလုံးနီးပါးသည် လုံထျန်းကဲ့သို့ ပင်ဖြစ်သည်။ ထိုလူများကို လင်းယွိမှလေ့ကျင့်ပေးထားကာ လက်လှုပ်လိုက် သည်နှင့် သာမန်ကျောက်တုံးသမားများထက်ပင် ပိုမြန်ဆန်လေသည်။
၎င်းသည် ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်ဖြစ်သည်။ ၎င်း၏ သွေးသားပါဝင်မှုသည် မင်မှလွဲ၍ ပေထင်းဟွမ် လက်ရှိတွင်ပိုင်ဆိုင်သည့် သားရဲများထက် ပိုမြင့်သည်။ ထိုရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၏ ကိုယ်ထည်တစ်ခုလုံးကို ပေထင်းဟွမ်မြင်လိုက်ချိန်တွင် မျက်လုံးထဲမှ အလင်း တန်းများထွက်လာတော့မည့်အတိုင်းပင်။
“ငါတို့ ဒီမှော်အရင်းအမြစ်ကျောက်တုံးကိုလိုချင်တယ်” ပေထင်းဟွမ် သည် ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချကာ ထရပ်လေသည်။ “အခု ရှောင်ထန်း က ဒီသတ္တုတွင်းက မှော်အရင်းမြစ်ကျောက်တုံးတွေ သိုလှောင်တဲ့ ဂိုဒေါင်ရှိတဲ့ နေရာကိုရှာတွေ့ပြီ၊ လျှပ်စီးနဲ့မိုးကြိုးတို့ကချင်းရှန့်ရွာသားတွေ အကုန်လုံးကို စုပြီးသွားပြီ၊ အခုလုပ်ဖို့က မှော်အရင်းအမြစ်ကျောက်တုံးအကုန်လုံးကို သိမ်းပြီး ချင်းရှန့်ရွာသားအကုန်လုံးကို ခေါ်ထုတ်ဖို့ပဲ”
“သူတို့ ဂိုဒေါင်ကို အပြောင်ရှင်းမှာလား” အဂူးသည် မသေချာစွာဖြင့် မေး လေသည်။
“မဆိုးဘူး” ပေထင်းဟွမ်သည် ဂိုဒေါင်ရှိရာဘက်သို့ ကြည့်လိုက်သည်။ သတ္တုတွင်းတစ်ခုလုံး၏ အဘက်ဘက်နီးပါးကို အလွတ်ကျက်ပြီးသားဖြစ်သည်။ “ဂိုဒေါင်ကိုအပြောင်ရှင်းမယ်၊ သူတို့အတွက် မှော်အရင်းအမြစ်ကျောက်တုံးတစ် ခုမှချန်မထားဘူး”
နှစ်ပေါင်းသန်းချီ တွင်းတူးပြီးနောက် ဤနေရာတွင် သတ္တုကြော အရင်းအမြစ်သိပ်မကျန်တော့ပေ။ ဤသတ္တုကြောသည် လင်းယွိအတွက် ဝင်ငွေ ၅၀ ရာခိုင်နှုန်းသာရှိမည်။ ဂိုဒေါင်ထဲမှ မှော်အရင်းအမြစ်ကျောက်တုံး အားလုံးကို အပြောင်ရှင်းလိုက်လျှင် ဝိညာဉ်ဘုံအတွက် မည်သို့သော ထိတ်လန့် မှုမျိုးဖြစ်စေနိုင်မလဲဆိုသည်ကို မသိနိုင်ပေ။
ပေထင်းဟွမ်သည် မင်စူး၏အမျက်ဒေါသကိုကြည့်ပြီး သဲ့သဲ့ပြုံးလိုက်၏။ သူ၏အမှားမဟုတ်ပေ။ မင်စူးသာ သူမကို ဤနေရာသို့အတင်းခေါ်လာခြင်းပင် ဖြစ်သည်။
တပ်စုကို သုံးဖွဲ့ခွဲထားသည်။ အဂူးသည် ဂိုဒေါင်ရှိရာဘက်သို့ သွားနေပြီ ဖြစ်ကာ ပေမင်းသည် လျှပ်စီးနှင့်ဆက်သွယ်ရန်တာဝန်ယူထားပြီး ဝံပုလွေ ဘုရင်သည် ရွာသားများကို ခေါ်ထုတ်ရန်တာဝန်ယူထားသည်။ ပေထင်းဟွမ် သည် သိမ်းငှက်တစ်ကောင်အလား ညကောင်းကင်တွင် ရောဝင်ကာ အကြီးအကဲချန်းတို့ရှိသည့် သတ္တုတွင်းဆီသို့ ပျံသွားလေသည်။
ထိုမှော်အရင်းအမြစ်ကျောက်တုံးကြောင့် သတ္တုတွင်းတစ်ခုလုံးကို အစောင့်အကြပ်ထူထဲစွာ ထားရှိထားသည်။ ထိုမှော်အရင်းအမြစ်ကျောက်တုံး သည် ရှားပါးကာ အလွန်အရေးကြီးသည်။ သတင်းထွက်သွားသည်နှင့် အမှောင် နတ်မိစ္ဆာဘုံနှင့် ပြင်ပနတ်မိစ္ဆာဘုံတို့မှ လာလုယူနိုင်သည်။
ကံကောင်းစွာပင် အစောင့်အကြပ်များသည် ညီညွှတ်သဖြင့် ဤနေရာသို့ ဖြတ်သွားသည့် လူသို့မဟုတ် သားကောင်များကို စောင့်ကြည့်နေသည်။ သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက် ခိုးဝင်လာသည်ကို မသိလိုက်ကြ ပေ။
ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်သည် အသိစိတ်ငွေ့ငွေ့ကျန်နေသေး သည်။ ၎င်း၏ခွန်အားသည် အလွန်သန်မာသည်။မှော်အရင်းအမြစ် ကျောက်တုံး မှ ထွက်လာသည်ကိုမြင်သည်နှင့် အကြီးအကဲချန်းတို့သည် ဖြူဖျော့ကုန်သည်။ ထင်ရှားစွာပင် ထိုနတ်အသိစိတ်ငွေ့ငွေ့ကို ထိန်းသိမ်းရန် သူတို့ များစွာ အားစိုက်ထုတ်ရမည်။
“မြန်မြန် မြန်မြန် တားမြစ်လှောင်အိမ်ကိုယူလာခဲ့”
အခင်းနေရာတွင် အတွေ့အကြုံရင့်သော တူးဆွရေးတာဝန်ခံသည် ညွှန်ကြားလေသည်။ ထိုအချိန်တွင် အကြီးအကဲချန်းနှင့်တခြားသူများသည် သတိမလွတ်ရဲပေ။ သူတို့လွတ်သွားသည်နှင့် ရှိနေသည့်လူများကို ထိုအသိစိတ် အလင်းတန်းသည် မည်သို့သောတိုက်ခိုက်မှုမျိုးလုပ်မည်ကိုမသိနိုင်ပေ။ တခြား ဘုံနှစ်ခုမှ လူများကို ဆွဲဆောင်မိသည်နှင့် အခြေအနေကို ထိန်းချုပ်ရန်မဖြစ်နိုင် တော့ပေ။
“ဒီလိုဟာမျိုးရှိသေးတာလား”
တစ်စုံတစ်ယောက်သည် တားမြစ်လှောင်အိမ်ထဲသို့ ရှေးဟောင်းမှော် တိမ်တိုက်ကျားသစ်အရိုးချိတ်ပိတ်ထားသည့် မှော်အရင်းအမြစ်ကျောက်တုံးကို ပစ်ထည့်လိုက်သည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် တားမြစ်လှောင်အိမ်ကို စိုက်ကြည့်နေသည်။ အသက်လှောင်အိမ်သည် သားရဲများကို ဖမ်းဆီးရာတွင် အသုံးပြုသည်။ ထိုလူများသည် အလွန်အတွေ့အကြုံများပုံပင်။ သူတို့သည် ချိတ်စည်းပိတ်ထားသည့် မှော်အရင်းအမြစ်ကျောက်တုံးများစွာကို အရင်က တူးဖော်ဖူးလိမ့်မည်။