ယူခြင်း
Vol. 74 Ch. 1475
တားမြစ်လှောင်အိမ်ပေါ်မှ သစ်ထွင်းစာအလင်းသည် မှော်အရင်းအမြစ် ကျောက်တုံးကို လွှမ်းမိုးကာ တဖြည်းဖြည်းအားနည်းလာသည့် ဝိညာဉ် အသိစိတ်ငွေ့ငွေ့ကို သယ်ဆောင်လေသည်။ အကြီးအကဲချန်းနှင့်တခြားသူများ ၏ စွမ်းအားကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။ အားလုံးသည် စိတ်သက်သာစွာ ဖြင့် သက်ပြင်းချလိုက်သည်။ ထိုအဆင့်ရောက်လျှင် အခြေခံအားဖြင့် ပြီးဆုံး ပြီဟုဆိုနိုင်သည်။
တားမြစ်လှောင်အိမ်များကို အထူးတလည်ပြုလုပ်ထားသည်။ တားမြစ် လှောင်အိမ်ထဲသို့ မှော်အရင်းအမြစ်ကျောက်တုံးဝင်သွားသည်နှင့် ဝိညာဉ်ဘုံ လူ၏ အမှတ်အသားမပါဘဲနှင့် အထဲမှမှော်အရင်းအမြစ်ကျောက်တုံးကို မည်သူ မှထုတ်မရနိုင်ပေ။
ကောင်းကင်မှ လက်ဗလာ ထွက်လာပုံရကာ အားလုံးဆီသို့ စွမ်းအင် ပစ် လွှတ်လိုက်သည်။ နှင်းနှင့်တူသော ဓားပျော့သည် အဆုံးမရှိဆန့်ထွက်လာသလို ထင်ရကာ မှော်အရင်းအမြစ်ကျောက်တုံးကို တစ်ခါတည်းလွှမ်းမိုးလေသည်။ ဓားပျော့သည် မှော်အရင်းအမြစ်ကျောက်တုံးကို ဆွဲထုတ်တော့မည့်အချိန်တွင် အကြီးအကဲချန်းသည် လျင်မြန်စွာတုံ့ပြန်လေသည်။ မှော်စွမ်းအားသည် ပေထင်းဟွမ်ဆီသို့ရောက်လာသည်။
အရှင်အဆင့်ခွန်အားနှင့်အတူ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာဝတ်မထား သော ပေထင်းဟွမ်သည် မခုခံရဲပေ။ ထိုအချိန်တွင် တခြားနတ်ဘုရားအဆင့် ငါးဦးသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကာ ဝိုင်းလေသည်။ ဓားပျော့သည် မှော်အရင်းအမြစ်ကျောက်တုံးပေါ်တွင် လူးလှိမ့်နေသည်။ ကံကောင်းစွာပင် ထိုအချိန်တွင် မှော်အရင်းအမြစ်ကျောက်တုံးမှ ကျန်နေသော အသိစိတ်အလင်းတန်းကြောင့် ရှေးဟောင်းမှော်တိမ်တိုက်ကျားသစ်၏အရိုးစု ထွက်မလာပေ။ ထို့ကြောင့် ပေထင်းဟွမ်တို့ တည်ငြိမ်စွာတိုက်ခိုက်နိုင်လေ၏။
ခန္ဓာကိုယ်မှ နတ်စွမ်းအားထွက်လာပြီး ပေထင်းဟွမ်သည် ခန္ဓာကိုယ်ရှေ့ တွင် လက်ကိုယမ်းလိုက်သည်နှင့် ရှေ့တွင် ကိုးရောင်နိဗ္ဗာန်မီးနံရံပေါ်လာလေ သည်။ အကြီးအကဲချန်းထုတ်လွှတ်သော မှော်စွမ်းအားသည် မီးတံတိုင်းကို ပြင်းထန်စွာတိုက်ခိုက်လေသည်။ မီးတောက်များသည် လေထဲတွင် လှုပ်ခါနေပုံ ရကာ ပေထင်းဟွမ်သည် ရုတ်တရက် စွမ်းအင်နှင့်သွေးသား ဆူပွက်မှုတို့ကို ခံစားမိလေသည်။
ကံကောင်းစွာပင် ထိုအချိန်တွင် အကြီးအကဲချန်းသည် ခန္ဓာကိုယ်မှ ရှေ့ သို့ထွက်လာသည့် မှော်စွမ်းအားကိုခံစားမိလေသည်။ ၎င်းကို မိုင်ပေါင်းထောင် ချီထုတ်လိုက်သည်နှင့် သူ့ကို ချက်ချင်းပင် ရပ်သွားစေသည်။ မီးတောက်များ သည် အလွန်ထူးဆန်းသည်ဟုသာ ခံစားမိလေသည်။
ပေထင်းဟွမ်သည် လက်နှစ်ဖက်ဖြင့် မီးတောက်လုံးကိုကိုင်ကာ အသာ ဆွဲယူလိုက်သည်နှင့် လက်ထဲတွင် ဖန်းထျန်းလှံတံရောက်လာသည်။ ကောင်းကင်အဆင့်အထက်လူများ၏ တိုက်ပွဲများသည် လေထဲတွင်သာဖြစ် သည်။ ထိုအချိန်တွင် နှစ်ဖက်လုံးမှ တပ်စုများသည် လေထဲသို့ မြောက်လာကြ သည်။ မြေပြင်တွင် မှော်အရင်းအမြစ်ကျောက်တုံးနှင့် ကျောက်တူးသမားများ သာကျန်ခဲ့သည်။ မှော်အရင်းအမြစ်ကျောက်တုံးမှာ မြူခိုးမည်းဖြင့် ရစ်ပတ် ထားသဖြင့် လုံခြုံသည်။ နှင်းဖြူရောင်ဓားပျော့သည် မြင်းတစ်ကောင်အလား ခုန်အုပ်လေသည်။
“ကောင်စုတ်လေး မင်းက ဘယ်သူလဲ၊ ဒါက ဝိညာဉ်ဘုံရဲ့ နယ်နိမိတ် ဆို တာသိရဲ့လား” အကြီးအကဲချန်းသည် တစ်စုံတစ်ခုကိုကြောက်နေကာ အလွန် ဒေါသထွက်နေသည်။ ထိုအချိန်တွင် ရောက်လာသည်မှာ အမှောင်နတ်မိစ္ဆာဘုံ မှမဟုတ်သလို နတ်ဆိုးဘုံမှမဟုတ်သည့်လူသည် လူမသိသောကလေးတစ်ဦး သာဖြစ်သည်။
“သိလည်းဘာလုပ်မှာလဲ၊ ကောင်းကင်နဲ့မြေကြီးရတနာကို အစွမ်းအစရှိ တဲ့သူရသင့်တယ်၊ ပြီးတော့ ဒီမြေက ဝိညာဉ်နယ်မြေတဲ့လား၊ ဒီအမှောင်နတ် မိစ္ဆာဘုံက ကျုပ်ဟာလို့တောင်ပြောရသေးတယ်”
ပေထင်းဟွမ်၏စကားများထွက်လာသည်နှင့် ဒေါသကြောင့် တုန်ယင် သွားသည်မှာ အကြီးအကဲချန်းတင်သာမကဘဲ တခြားငါးယောက်လည်း ဒေါကန်ကြလေသည်။
သူတို့ထဲမှတစ်ယောက်သည် ရုတ်တရက် ဒေါသဖြင့် ပြောလေသည် “အစွမ်းအစရှိတဲ့သူက ရမယ်ဟုတ်လား၊ မင်း ဘယ်လောက်အစွမ်းအစရှိလဲ ကြည့်တာပေါ့”
ပြောပြီးနောက်တွင် ထိုလူသည် လက်ထဲမှဓားကြီးကိုကိုင်ကာ ပေထင်းဟွမ်ဆီသို့လျှောက်လာသည်။ ထိုလူသည် နတ်ဘုရားအဆင့် နတ်မိစ္ဆာ ကျင့်ကြံသူသာဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ခွန်အားကို ထိုးဖောက်မမြင် ရသော်လည်း ပေထင်းဟွမ်သည် အသက်မကြီးသေးသည်ကိုကြည့်ပြီး ပေထင်းဟွမ်ကိုမသန်မာနိုင်ဟုတွေးကာ ဓားကိုနတ်စွမ်းအားထူထူရစ်ပတ်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာသွားလေသည်။ အားကောင်းသောအဟုန်နှင့်အတူ သူသည် ပေထင်းဟွမ်ဆီသို့ အားပါပါခုတ်ချလေသည်။
ဓားကြီးမာန်ဟိန်းပြီး သာမန်လူများသည် နတ်ဘုရားအဆင့်ကျွမ်းကျင်သူ ၏ ခုတ်ချက်ကို အထင်မသေးရဲကြပေ။ ပေထင်းဟွမ်သည် အေးစက်စွာပြုံးပြီး လက်ထဲမှ ဖန်ထျန်းလှံကိုမြှေဦက်ပြီး ခြေဖျားကိုထောက်ကာ ထိုလူ၏ဓားနှင့် နှုတ်ဆက်လေသည်။
ဘုန်း...
ရွှေနှင့်ကျောက်စိမ်းတို့ သတ္တုချင်းထိပ်တိုက်တွေ့သည့်အသံသည် အားလုံး၏နားစည်များကို ကွဲသွားစေလောက်အောင် လှုပ်ခါစေသည်။ မီးတောက်နှင့်တူသော မီးပွားများထွက်လာပြီး 'ချွင်း' ဆိုသည့်အသံနောက်တွင် ထိုလူ၏လက်ထဲမှဓားကြီးသည် ဖန်ထျန်းလှံ၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရ သည်။ ဖန်ထျန်းလှံကို မကျော်လွှားနိုင်သဖြင့် ထိုလူ၏ခန္ဓာကိုယ်မှာ ဖြတ်ခုတ် ခြင်းခံလိုက်ရလေတော့သည်။