← Chapters

မီးတောက်နယ်ပယ်

Vol. 74 Ch. 1476

မီးတောက်နယ်ပယ်

Vol. 74 Ch. 1476

ကောင်းကင်တွင် လှံတံမှဖြစ်ပေါ်လာသော ကိုးရောင်မီးတောက်စုစည်း လာသည်။ ၎င်းတွင်လောင်ကျွမ်းနေသော စွမ်းအင်သည် ရိုးရှင်းစွာပင် ဖျက်ဆီး နိုင်စွမ်းရှိသည်။ ထိုလူ၏မျက်လုံးထဲတွင် ဖန်ထျန်းလှံတံသည် ကြည်လင်ပြီး ခမ်းနားကာရိုးရှင်းသည်။ ၎င်းတွင်တောက်ပနေသောသစ်ထွင်းစာများသည် အလွန်ပင်လျှို့ဝှက်ဆန်းကြယ်ပြီး မရှင်းလင်းပေ။ ကြောက်စရာကောင်းသော အကြည့်သည် ထိုလူ၏မျက်လုံးတွင်ဖြစ်ပေါ်ကာ ကြောက်လန့်မှုသည် ကောင်းကင်ကိုလွှမ်းမိုးကာ ထိုလူ၏လက်သည် တုန်ယင်လာကာ ဖန်ထျန်းလှံ ကိုမခုတ်ရဲတော့ဘဲ ဓားကိုရပ်လိုက်ချင်တော့သည်။

“ကောင်စုတ်လေး အတင့်ရဲလိုက်တာ”

အကြီးအကဲချန်းနှင့်တခြားသူများသည် ခေတ္တမျှမှင်တက်သွားသည်။ ဤမျှငယ်ရွယ်သောကောင်လေးသည် သူတို့ထက်ပင် ပိုသန်မာကာ သူ၏ လက်ထဲတွင် အသက်မရှင်နိုင်ဘဲနေမည်ဟု မည်သူမှထင်မထားကြပေ။

အကြီးအကဲချန်း၏လက်ထဲမှ ကြီးမားသောစပါးအုံးမြွေသည် ပေထင်းဟွမ်ဆီသို့ လိမ့်လာသည်။ 'ဝေ့ကိုဝိုင်းပြီး ကျောက်ကိုကယ်' သည့် အကွက်သည် ထက်သည်။ သို့သော် မည်မျှပင်မြန်ဆန်စေကာမူ ပေထင်းဟွမ် ထက်တော့ မမြန်နိုင်ပေ။ ဖန်ထျန်းလှံတံသည် ထိုလူ၏ဦးခေါင်းကို ခုတ်ပြီးဖြစ် ကာ ပခုံးမှစပြီး နှစ်ပိုင်းပြတ်သွားလေသည်။

ချက်ချင်းပင် ပေထင်းဟွမ်၏ပုံရိပ်သည် လေထဲတွင်ကခုန်ပြီး ဖန်ယင်း၏ ပေါ့ပါးမှုအောက်တွင် ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လေထဲတွင် ဖျတ်ခနဲ လက်သွားသည်။ သူမသည် ဖန်ထျန်းလှံကိုလက်နှစ်ဖက်ဖြင့်ကိုင်ပြီး သူမဆီ သို့ချဉ်းကပ်လာသည့် ကြီးမားသောစပါးအုံမြွေအား လှည့်ကာ အားပါပါ ခုတ်ထစ်လိုက်သည်။

မှော်စွမ်းအားဖြင့် စုစည်းထားသည့် ကြီးမားသောစပါးအုံးမြွေသည် တောင်တစ်လုံးကို လှုပ်ခါစေသည်။ ၎င်းတွင်ပါဝင်သည့်စွမ်းအင်သည် ကမ္ဘာကြီးပင် ကြောက်သွားစေလောက်အောင် ကြီးမားသည်။

ဘုန်း...

ရွှေနှင့်ကျောက်စိမ်းကျိုးပဲ့သံသည် အားလုံး၏ နားစည်အား စူးဝင်သွား စေသည်။ မြေကြီးအထက်တွင် အားမနည်းသည့် ကြီးကြပ်သူများသည် အသံ ပင်မထွက်ရဲကြပေ။ သူတို့သည် သွေးထွက်နေသော နားကိုအုပ်ကာ အားတက် သရော်ထွက်ပြေးကြလေသည်။

ဖန်ထျန်းလှံသည် ကျောက်စိမ်းကိုဖြတ်လိုက်သကဲ့သို့ ကြီးမားသောစပါး အုံးမြွေကို တိုက်ရိုက်ပင်ခုတ်ကာ အလယ်မှပိုင်းလေသည်။ ဖန်ထျန်းလှံရောက် သည့်နေရာတိုင်းတွင် 'ကျီ ကျီ ကျီ' ဆိုသည့်အသံကိုသာကြားရကာ ကြီးမား သောစပါးအုံးမြွေ၏ခန္ဓာကိုယ်မှ မြူခိုးမည်းထွက်လာပြီး အနက်ရောင်စွမ်းအင် သည် ကိုးရောင်နိဗ္ဗာန်မီး၏တောက်လောင်မှုအောက်တွင် မီးခိုးသည် အငွေ့ပျံ သါားလေသည်။

အရှင်အဆင့်ဦးပိုင်းနှင့် တိုက်ခိုက်ရေးဝိညာဉ်စုစည်းမှုကြောင့် ကြီးမား သောစပါးအုံးမြွေသည် ရုန်းကန်ရန်ခွန်အားပင်မရှိတော့ပေ။ ဖန်ထျန်း ခုတ် လိုက်သည့်နေရာတွင် မီးတောက်များသည် ကြီးမားသောစပါးအုံးမြွေ၏ ကိုယ်ထည်ကိုလောင်ကျွမ်းစေကာ ကြီးမားသောစပါးအုံးမြွေအား အလယ်မှ ပြတ်သွားစေလေသည်။

လေထဲတွင် အမည်းရောင်စွမ်းအင်သည် စတင်ပျောက်ကွယ်လေသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ဖန်ထျန်းလှံကိုမြှောက်လိုက်သည်။ တောက်လောင်နေသော ကိုးရောင်နိဗ္ဗဦန်မီးသည် စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့ သွားလေသည်။ မီးတောက်ပင်လယ်ထဲတွင် အကြီးအကဲချန်းနှင့်တခြား နတ်ဘုရားလေးဦးတို့သည် ကြောက်လန့်မှုအပြည့်နှင့်ပင်။

“မီးတောက်လွင်ပြင်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

နတ်ဘုရားအဆင့်ပြီးနောက် နယ်ပယ်တွင် ကိုယ်ပိုင်နယ်ပယ်ကို တည်ဆောက်နိုင်သည်။ အရှင်အဆင့်ခွန်အားရှိသူသည် ကမ္ဘာတစ်ခြမ်းကို ထိန်းချုပ်နိုင်ပြီး သူ၏နယ်ပယ်ထဲတွင် သူသည်သာ သခင်ဖြစ်သည်။

သို့သော် နယ်ပယ်သည် ၎င်း၏ကိုယ်ပိုင်စွမ်းအားကို အသုံးပြုသည်။ ဤ မီးတောက်သည် အားကောင်းသော်လည်း ပေထင်းဟွမ်၏သားရဲ ပိုင်ဆိုင်ခြင်း မဟုတ်ပါလား။ ထိုအချိန်တွင် သူမ၏သားရဲသည် နည်းနည်းမှမလှုပ်ရဲပေ။ မီးတောက်လွင်ပြင်သည် မည်သည့်နေရာမှ ဖြစ်ပေါ်လာသနည်း။ ထိုလွင်ပြင် သည် နတ်ဘုရားတစ်ယောက် ပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။

မယှဉ်နိုင်သောဘုံဖြစ်ရာ အပြင်မှမှောင်မိုက်သောကောင်းကင်ကို မည်သူ မှမမြင်နိုင်ပေ။ ကမ္ဘာမြေကြီးသည် ခြေထောက်တစ်စုံအောက်တွင် အညံ့ခံနေ သည်ကို ခံစားမိသည်။ သို့သော် ဤဘုံတွင် မီးတောက်များသည် တောင်များကို ဖန်ဆင်းကာ ဖြစ်ပေါ်လာသည့် သမုဒ္ဒရာများသည် တူညီစွာပင်စစ်မှန်သည်။

အကြီးအကဲချန်းသည် နှစ်ပေါင်းများစွာ အရှင်အဆင့်တွင် တန့်နေခဲ့ သည်။ သူသည် ဝိညာဉ်ဘုံတွင် အရည်အချင်းရှိသူဖြစ်သည်။ သို့သော် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ ကနဦးကိုမထိနိုင်ပေ။ သို့သော် ဤ ၁၅ နှစ် ၁၆ နှစ်လူငယ်သည် မည်သို့များ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကို နားလည် သွားသနည်း။

အကြီးအကဲချန်းသည် မသိတော့ပေ။ တချို့လူများသည် နှိုင်းယှဉ်ချက် ကြောင့်နားလည်ကြသည်။ ပေထင်းဟွမ်အတွက် သူမ နတ်ဘုရားအဆင့် ရောက်စဉ်က ရှီရှောင်မိုကို အတုယူကာ ဆရာမရှိဘဲနှင့် တိုက်ခိုက်ရန် မုန်တိုင်းနဂါးကို စုစည်းနိုင်ခဲ့သည်။ ယခုအခါ နတ်ဘုရားဧကရာဇ်သို့ဝင်သည် နှင့် သူမ၏ခွန်အားသည် ပိုသန်မာလာခဲ့သည်။ သူမ၏ ကြီးမားသောဝိညာဉ် စွမ်းအားသည် ဤကဲ့သို့မီးတောက်လွင်ပြင်ကို ဖန်တီးနိုင်နေပြီဖြစ်သည်။

All Chapters